trend report   |   Posted on Oct 6, 2016 by kiki

ဆယ်လီများရဲ့အောက်ရင်သားဖော်ဖက်ရှင်


ဒါကခုပြောဖြစ်၊ မြင်ဖြစ်နေတဲ့ ဖက်ရှင်ဖြစ်လာပါပြီ

Share this article

ဒီဖက်ရှင်ကို ပထမဆုံး ကျွန်မတို့သတိထားမိတာ ၂၀၀၂ ခုနှစ်တုန်းက Christina Aguilera တစ်ယောက်သူမရဲ့ MTV VMAs ဆုပေးပွဲတက်ဖက်ရှင်ကနေဖြစ်ပါတယ်။ အဲ့တုန်းက သူမပြသခဲ့တဲ့ ဒီဖက်ရှင်အဆန်းက အားလုံးကို ရှော့ခ်ရသွားစေတဲ့ အမှတ်တရတစ်ခုဖြစ်သွားစေခဲ့ပါတယ်။နှစ်တွေရွှေ့ပြောင်းလာတော့ အမျိုးသမီးများရဲ့ရင်သားအလှကို နည်းမျိုးစုံနဲ့ပြသတဲ့ ဖက်ရှင်အဆန်းတွေက တစ်ဖြေးဖြေးများလာတယ်လို့ဆိုရပါမယ်။ နောက်ထပ်ကျွန်မတို့ကို သတိထားမိစေတဲ့ ဒီဖက်ရှင်ကိုပြသသူတစ်ဦးကတော့ Kanye West ရဲ့ Fade သီချင်းဗွီဒီယိုမှာပါဝင်ခဲ့တဲ့ Teyana Taylor ဖြစ်ပါတယ်။ ဒီဖြက်တောက်ဖက်ရှင်ကို နောက်တစ်ပါတ်အကြာမှာတော့ Yeezy Season 4 ရဲ့စင်မြင့်ထက်မှာ လှလှပပပြန်တွေ့ရပါတော့တယ်။ဒီဖက်ရှင်ကို ပိုပေါ်လွင်လာစေတာက Lady Gaga ကို စက်တင်ဘာလတုန်းက သူမရဲ့ ဖြတ်ညှပ်တီရှပ်မှာတွေ့လိုက်ရတော့တဲ့အချိန်ဖြစ်ပါတယ်။ နိုင်ငံခြားဖက်ရှင်ဆိုဒ်တွေမှာ သူမရဲ့ရဲတင်းလှတဲ့ တီရှပ်နဲ့ တင်ပါးကပ်ဂျင်းအတိုဖက်ရှင်က ခေါင်းကြီးသတင်းတစ်ခုဖြစ်လာခဲ့တာကြောင့် ဒီဖက်ရှင်ကို ကျွန်မတို့ လက်လွတ်စပယ်ပစ်ထားလို့မဖြစ်တော့ဘူးလေ။ တစ်ခုရှိတာက ဒီအောက်ရင်သားဖော်ဖက်ရှင်က ခုမှပေါ်လာတာမဟုတ်ပါဘူး။ လေဒီဂါဂါမတိုင်ခင်ကတည်းက နာမည်ကြီးကြယ်ပွင့်တိုင်းလိုလိုဒီဖက်ရှင်နဲ့ ပွဲထွက်ခဲ့ကြတယ်။ ဒီဖက်ရှင်ကို အထာကျအောင် ၀တ်ဆင်ခဲ့ကြတယ်ဆိုတာ ခုဖော်ပြမယ့် အောက်ကပုံတွေကနေကြည့်ရင်သိနိုင်ပါတယ်။ဖက်ရှင်ရှေ့ဆောင်မော်ဒယ်များဖြစ်ကြတဲ့ Bella Hadid, Gigi Hadid, Karlie Kloss နဲ့ Kendall Jenner တို့ကလည်း ဒီဖက်ရှင်ကို လက်မလွှတ်ခဲ့ကြပါဘူး။ Kendall ဆိုသူမရဲ့ ဖြတ်ညှပ်ဆွယ်တာကိုဝတ်ဆင်ပြီး "underboob is my thing" ဆိုတဲ့စာသားနဲ့ အွန်လိုင်းပေါ်တင်ခဲ့ပါတယ်။

ဒါဖြင့် ဒီအောက်ရင်သားဖော်ဖက်ရှင်က တစ်ကယ်ကို ပြောစရာဖက်ရှင်တစ်ခုဖြစ်လာပြီလား။ ဒါကဆယ်လီဘရစ်တီတွေအတွက်တင်သာမက streetstyle စတားတွေအတွက်ပါဖြစ်လာပြီဆိုတာကို မီလန်ဖက်ရှင်ပွဲတော်မှာတွေ့ရတဲ့ ဖက်ရှင်စတားတစ်ယောက်ရဲ့ streetstyle ပုံမှာတွေ့နိုင်ပါတယ်။ မကြာခင် သင့်ရဲ့ instagram ပေါ်က feed တွေမှာ ပလူပြန်လာလိမ့်မယ်ဆိုတာ အသေအချာပါပဲ။ဟုတ်ပါတယ်.. ဒီအောက်ရင်သားဖော်ဖက်ရှင်က သာမန်လူတွေအတွက်ဆို ကြည့်တာနဲ့ ဘာလားပေါ့ ... ရူးနေသလားလို့တွေးထင်စရာပါပဲ။ နေရာတိုင်းအတွက်လည်း အဆင်မပြေနိုင်ဘူးလေ။ ဒါပေမယ့် သင့်လိုဖက်ရှင်အဆန်းတွေစိန်ခေါ်မယ့် အမျိုးသမီးတစ်ယောက်အတွက်တော့ တစ်သက်မှာတစ်ခါလောက်တော့ သူငယ်ချင်းတွေနဲ့ အပြင်ထွက်တဲ့အခါ စမ်းသပ်ကြည့်သင့်တာပေါ့နော့ .... MODA ကဖက်ရှင်ဆန်းတွေကို စိန်ခေါ်မယ့်သင့်ဘက်မှာ ရှိနေမှာပါ။

Save



Share this article

TOP 5 ARTICLES


Film & Music   |   Posted on Sep 26, 2017

Billboard Hot 100 စာရင်းရ...


Celebrity News   |   Posted on Sep 26, 2017

mother! ရုပ်ရှင်ပြသမှုစီအစ...


Film & Music   |   Posted on Sep 26, 2017

The Voice သီချင်းဆိုပြို...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.