ဆံပင်ကျွတ်ခြင်းဆိုတာက ဘယ်သူမဆိုရင်ဆိုင်ကြုံတွေ့နိုင်တဲ့ ပုံမှန်သဘာဝဖြစ်စဉ်တစ်ခုပါ။ ဒါပေမဲ့ အဲဒါထက်ပိုပြီး ဆံပင်အထွေးလိုက်ကျွတ်တာ နဲ့ မကြာခဏကျွတ်ပြီး ဆံပင်ပါးလာတာမျိုးကတော့ ဂရုစိုက်ဖို့ လိုအပ်တဲ့အခြေအနေဖြစ်လာပါပြီ။ ဆံပင်အလွန်အကျွံကျွတ်ခြင်းကိုဖြစ်ပေါ်စေနိုင်တဲ့အဓိကအချက်တွေထဲမှာ အာဟာရဓာတ်ချို့တဲ့မှုနဲ့ ဟော်မုန်းမညီမျှမှုတွေအပြင် ကိုယ့်ရဲ့နေ့စဉ်ဘဝလုပ်ဆောင်နေကျအရာတွေထဲက လွဲမှားနေတဲ့ တချို့အလေ့အကျင့်လေးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ဘယ်လိုအလေ့အကျင့်တွေက ဆံပင်ကျွတ်ခြင်းကို ဖြစ်ပေါ်စေလည်းဆိုတာသိရှိပြီး ရှောင်ရှားသင့်တဲ့အရာတွေကို အတတ်နိုင်ဆုံးရှောင်ရှားနိုင်ဖို့အတွက် ဆံပင်ကိုထိခိုက်စေတဲ့အလေ့အကျင့်ဆိုးလေးတချို့ကို စုစည်းဖော်ပြပေးလိုက်ပါတယ်။
၁.ရေစိုဆံပင်
ခေါင်းလျှော်ပြီး ဆံပင်ကိုချက်ချင်းအခြောက်မခံပဲ အစိုအတိုင်းအကြာကြီးထားတတ်တဲ့သူတချို့ရှိကြမှာပါ။အဲဒီလိုဆံပင်ကိုအစိုအတိုင်းအကြာကြီးထားထားခြင်းက ဆံပင်ရဲ့ကြံ့ခိုင်မှူကိုလျော့နည်းစေပြီး အခန့်မသင့်ရင် ရေရှည်မှာဆံပင်ကျွတ်တာ ၊ပါးတာတွေဖြစ်လာနိုင်ပါတယ်။
၂.ဆံပင်စတိုင်လ်
ဆံပင်ကိုပိုနီတေးတင်းကြပ်စွာစည်းနှောင်ခြင်းနဲ့ hair spray တွေတောင့်ခဲနေအောင်ဖြန်းခြင်းတို့ကလည်း ဆံပင်အမြစ်တွေကို pressure တစ်ခုနဲ့ဆွဲထားသလိုဖြစ်တာကြောင့် အချိန်ကြာလာတာနဲ့အမျှ နဖူးထိပ်ဆံပင်ပါးလာခြင်းနဲ့ ဆံပင်ကျွတ်ခြင်းတွေကိုဖြစ်ပေါ်လာစေပါတယ်။ နေ့တိုင်းရုံးသွား ၊အပြင်သွား ဆံပင်ကို အနေအထားတစ်မျိုးတည်း ခပ်တင်းတင်းစည်းသွားတတ်တဲ့ မိန်းကလေးတွေအနေနဲ့ အထူးသတိထားသင့်တဲ့အချက်ပါ။
၃.ဦးထုပ်
အပြင်သွားတိုင်းဦးထုပ်အမြဲလိုလိုဆောင်းတတ်တဲ့အကျင့်ရှိသူတွေအနေနဲ့ ဆံပင်ပါးလာဖို့အခွင့်အလမ်းများပါတယ်။ အကြောင်းကတော့ ဦးထုပ်တွေမှာ မမြင်နိုင်တဲ့ ပိုးမွှားတွေကပ်ငြိနေနိုင်ပြီး မလျှော်ပဲအမြဲလိုလိုဆောင်းမိနေတဲ့အခါမျိုးမှာ ဦးရေပြားကို infection ဝင်ပြီး ဆံပင်ကျွတ်ဆံပင်ပါးတာကို ပိုဖြစ်စေမှာပါ။ ဒါကြောင့် ဦးထုပ်အမြဲဆောင်းချင်တယ်ဆိုရင် တစ်ပတ်တစ်ခါလောက်သေချာလျှော်ပြီးမှဆောင်းသင့်ပါတယ်။
၄.စိတ်ဖိစီးမှု
စိတ်ဖိစီးမှုများခြင်းနဲ့ အတွေးများခြင်းတွေကလည်း ဆံပင်ကျွတ် ဆံပင်ပါးခြင်းကိုဖြစ်စေတဲ့အကြောင်းရင်းခံတွေထဲကတစ်ခုပါပဲ ။ စိတ်ဖိစီးမှူအရမ်းများတဲ့အခါမျိုးမှာ
telogen effluvium လို့ခေါ်တဲ့ ဓာတ်တစ်မျိုးထွက်ရှိလာပြီး အဲဒီအရာက ဆံပင်တွေကိုသက်တမ်းမတိုင်ခင် ကျွတ်စေနိုင်ပါတယ်။ဒါကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ထိပ်မပြောင်ချင်ရင် စိတ်ဖိစီးမှုကို တတ်နိုင်သမျှလျှော့ချဖို့လိုမှာပါ။
၅.အိပ်ချိန်မမှန်ခြင်း
အိပ်ချိန်အလုံအလောက်မရခြင်းနဲ့ အိပ်ချိန်မမှန်ခြင်းတွေကလည်း ဆံပင်ကျွတ်ခြင်းကိုဖြစ်စေတဲ့အဓိကတရားခံတွေပါ။ အိပ်ချိန်အပြည့်အဝမရတာက စိတ်ပိုင်းဆိုင်ရာကိုအနည်းနဲ့အများ affect ဖြစ်စေတဲ့အပြင် စိတ်ဖိစီးမှုများခြင်း ၊စိတ်ကျခြင်းတွေနဲ့လည်း များစွာဆက်နွယ်နေတဲ့အတွက် ကိုယ့်ဆံပင်အတွက် ဘယ်လိုမှကောင်းကျိုးမဖြစ်စေပါဘူး။
၆. ဆေးလိပ်နဲ့ Diet
ဒါကတော့ ဆေးလိပ်သောက်တတ်သူတွေနဲ့ diet လုပ်သူတွေအထူး ဂရုစိုက်ရမယ့်အချက်ပါ။ ဆေးလိပ်သောက်ခြင်းက ဆံပင်အောက်ခြေမှာရှိတဲ့ ဆဲလ်တချို့ရဲ့ DNA ကို ပျက်စီးစေနိုင်သလို အလွန်အကျွံ Diet လုပ်ခြင်းကလည်း ဆံပင်ရဲ့လိုအပ်တဲ့အာဟာရတွေကိုမရရှိအောင် ဖြတ်တောက်ထားသလိုဖြစ်စေတာကြောင့် ဆေးလိပ်သောက်ခြင်းနဲ့ Diet လုပ်ခြင်းကို အထူးဂရုပြု လျှော့ချသင့်ပါတယ်။
Photo Credit to the Rightful Owners