ဆံပင်အရောင်ပြောင်းဖို့ စဉ်းစားနေတဲ့သူရှိလား။ အရောင်ဆိုးချင်ပေမယ့် ဟိုအရောင်ကလည်း၊ ဒီအရောင်ကလည်း ဆိုးချင်နဲ့ ဗြာများနေရပြီဆိုရင်တော့ ဒီ Article လေးကို ဆက်ပြီးဖတ်သွားဖို့ လိုပြီနော်။ ပုံစံကလည်းပြောင်းချင်တယ် မလိုက်မှာလည်း ဆိုးနေရင် ရာသီခွင်ကို လိုက်ပြီး အရောင်လေးတွေ ပြောင်းလဲမကြည့်ချင်ဘူးလား။ သင့်ရဲ့ ရာသီခွင်က ဘယ်အရောင်ဆိုးဖို့ပြောနေပြီလဲ..စိတ်ထဲက အရောင်လေးနဲ့ကော တစ်ထပ်တည်းကျလားဆိုတာ ကြည့်လိုက်ရအောင်နော်။
Aries (March 21 - April 19)
မီးဓာတ်ဖြစ်တဲ့ Aries တွေက အရောင်လင်းလင်းတောက်တောက်လေးနဲ့မှ လိုက်ဖက်မှုရှိမှာပါ။ အရောင်နည်းနည်းလေး တောက်တယ်ဆိုပေမယ့်လည်း အပြောင်းအလဲအနေနဲ့ ဆိုးကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။
Taurus (April 20 - May 20)
Taurus သမားတွေကပဲ အားစိုက်ထုတ်စရာမလိုပဲ အလိုလိုလှနေတဲ့သူပါ။ ဒါကြောင့် Rose Gold အရောင်လေးက အသင့်တော်ဆုံးဖြစ်မှာပါ။ အရောင်တောက်တောက်နေလို ထင်ပေါ်မနေပေမယ့် အခြားအရောင်တွေနဲ့ မတူပဲ ကွဲထွက်ဆန်းသစ်နတဲ့ စတိုင်လေးဖြစ်နေစေမှာပါ။
Gemino (May 21 - June 20)
Twin Sign ပိုင်ရှင်တွေဖြစ်တာကြောင့် ခုခေတ်စားနေတဲ့ အရောင်နှစ်ရောင်ကွဲ Split Dye Style လေးကို ဆိုးဖို့ အကောင်းဆုံးပါ။ စပ်ဆိုးမယ့်နှစ်ရောင်ကို ကိုယ်တိုင်ပဲ စိတ်တိုင်းကျ ရွေးချယ်ကြည့်ပါနော်။
Cancer (June 21 - July 22)
လဂြိုလ် စိုးမိုးတဲ့ ရာသီခွင်တွေဖြစ်တာကြောင့် အရောင်ဆိုးမယ်ဆို အဆိုးသင့်ဆုံးက ငွေရောင်လေးပါ။
Leo (July 23 - August 22)
ကြည့်လိုက်တိုင်း တက်တက်ကြွကြွနဲ့ Positive Energy ပေးတဲ့ Leo တွေအတွက် Hair Color လေးက နေရောင်ထိထားတဲ့ SunKiss အရောင်လေးပါ။ ဒီ Blonde Highlight စတိုင်က ဆံပင်တွေကို ပိုပြီးရွှန်းစိုစေတာကြောင့် Leo တွေနဲ့ အလိုက်ဖက်ဆုံးဖြစ်နေမှာပါ။
Virgo (August 23 - September 22)
တစ်ခုခုဆို စနစ်တကျနဲ့ အသေးစိတ်လုပ်တတ်တဲ့အကျင့်ကြောင့် အများက ချီးကျူးတာခံရသူလေးတွေပါ။ ဒီ Personality ရှိတဲ့ Virgo လေးက Blonde Ombre Hair Style ပြောင်းလဲကြည့်သင့်ပါတယ်။ ဒီ Hair Color က အနုစိတ်ပြီး ပညာသားပါလို့ Virgo တွေနဲ့ အလိုက်ဖက်ဆုံးပေါ့။
Libra (September 23 - Ocotber 22)
Libra တွေရဲ့ Sign က ချိန်ခွင်ပုံဖြစ်တာကြောင့် ဘဝမှာ ဘယ်လိုအရာပဲ ကြုံလာကြုံလာ ဟန်ချက်ချချနေထိုင်နိုင်တဲ့သူတွေပါ..ဆံပင်ပုံစံအပါအဝင်ပေါ့။ ဆိုတော့ ၂၀၂၀ နောက်ပိုင်းက နေခုချိန်ထိ ခေတ်စားနေတဲ့ Face Framing Highlight တွေက Libra တွေကို စိတ်ကျေနပ်မှုပေးမှာပါ။
Scorpio (October 23 - November 21)
ရာသီခွင်ထဲမှာ Scorpio တွေက Mysterious အဆန်ဆုံးဖြစ်ပြီး တသီးတသန့်နေထိုင်ကြတဲ့သူတွေပါ။ လျှို့ဝှက်နက်နဲမှုကို ဆောင်တဲ့ အနက်ရောင်နက်နက် Jet Black Color က Scorpio တွေအတွက်ပါ။
Sagittarius (November 22 - December 21)
အရာရာကို ပေါ့ပေါ့ပါးပါးမြင်တတ်ပြီး စွန့်စားတတ်တဲ့ စရိုက်လက္ခဏာရှိတာကြောင့် အရောင်ဆန်းဆန်းလေးတွေက Best Choice ပါ။ ဒီလို Mermaid ဆန်ဆန် Color လေးက Sagittarius တွေကို သဘောကျမဆုံးဖြစ်နေစေမယ့်အရောင်ပါ။
Capricorn (December 22 - January 19)
စည်းကမ်းရှိသလို နူးညံ့ညင်သာတဲ့ နန်းဆန်းသူလေးတွေဖြစ်တာကြောင့် ဆံပင်အရောင်ဆိုးမယ်ဆို အရောင်ငြိမ်ငြိမ်လေးတွေပဲ ရွေးသင့်ပါတယ်။ Chocolate Brown Color က မျက်နှာကို ပိုလင်းစေပြီး Classic ဆန်ဆန်လှနေစေမှာပါ။
Aquarius (January 20 - Febrauary 18)
ရေတံခေါင်းကနေ ရေတွေ သွန်ချနေတဲ့ Water Bearer Symbol ပိုင်ရှင်တွေဖြစ်တာကြောင့် နက်ပြာရောင် စိုစိုဘက်သွားတဲ့ Hair Color က အလိုက်ဖက်ဆုံးပါနော်။
Pisces (February 19 - March 20)
သူများထက် ထူးခြားတယ်၊ နှစ်လိုဖွယ်ကောင်းတဲ့ Character ရှိတဲ့ သူတွေဖြစ်တာကြောင့် Pastel Color တွေက မဖြစ်မနေဆိုးကြည့်ရမယ့်အရောင်ပါ။ Unique ဖြစ်တဲ့ Pisces တွေမို့ Pastel Purple လေးက အသင့်တော်ဆုံးပါပဲ။