×
Health & Fitness

စက်ရုပ်ကိုအသုံးပြုပြီး ခွဲစိတ်ပြုပြင်မှုတွေ ပြုလုပ်ပေးတော့မယ့် BUMRUNGRAD

ဆေးဘက်ဆိုင်ရာခြေလှမ်းသစ်ဖြစ်တဲ့ စက်ရုပ်ဆရာ၀န်အကူက ဘယ်လိုမျိုးလဲဆိုတာသိပြီးပြီလား

by Kyaw Ye Lynn

August 2, 2018

ဆေးပညာလောကအတွက် စက်ရုပ်ဆရာ၀န်အကူက ဘယ်လိုနေရာတွေကနေ အထောက်အကူပြုပေးနိုင်လဲဆိုတာက တကယ်ကိုစိတ်၀င်စားစရာ အချက်တစ်ချက်ပဲဖြစ်ပါတယ်။ ဘမ်ရွန်ဂရက်မှ ဆေးဘက်ဆိုင်ရာ ခြေလှမ်းသစ်တစ်ခုအနေဖြင့် အလိုအလျောက် စက်ရုပ်သုံးကွန်ပြူတာ စနစ်များနှင့် ဆရာ၀န်တို့၏ ကျွမ်းကျင်မှုများကို ပေါင်းစပ်၍ ဆေးရုံ၏လုပ်ငန်းများတွင် အစီအစဉ်ချမှတ်ခြင်း၊ အကောင်အထည်ဖော်ခြင်းနှင့် ကျောရိုးခွဲစိတ်မှုတွင် နည်းပညာအသစ်ကိုအသုံးပြုခြင်း၊ အစရှိသည်တို့တွင် စက်ရုပ်အကူဆရာ၀န်ကို စတင်အသုံးပြုတော့မှာဖြစ်ပါတယ်။

ဘမ်ရွန်ဂရက်ဆေးရုံတွင် ၂၀၁၈ ခုနှစ်၏ ခြေလှမ်းသစ်အနေဖြင့် ကြောရိုးခွဲစိတ်ဆရာ၀န်အနေဖြင့် ခွဲစိတ်ရာတွင် ပို၍အမြင်အာရုံကောင်းစွာ တိတိကျကျနှင့် ထိန်းချုပ်ဆောင်ရွက်နိုင်ရန်၊ စက်ရုပ်လက်မောင်းကို အသုံးပြုပြီးခွဲစိတ်ခြင်းနည်းပညာကို စတင်အသုံးပြုမှာဖြစ်ပါတယ်။ စက်ရုပ်လက်မောင်း၏ ထူးခြားမှုမှာ ကြောရိုးကို၀က်အူစုပ်ရာတွင် အတိမ်းအစောင်းမရှိ အတိအကျ နေရာသတ်မှတ်ပေးရန် တိကျစွာ ပူးပေါင်းပါ၀င်ပေးလာနိုင်ခြင်းဖြစ်ပါတယ်။ သုံးဘက်မြင်မော်နီတာ ဖန်သားပြင်ပေါ်တွင် ကြည်လင်ပြတ်သားသော ပုံရိပ်များကို ခွဲစိတ်ဆရာ၀န်က မြင်တွေ့ရပြီး စက်ရုပ်လက်မောင်းဆရာ၀န်အကူကလည်း လေးဘက်၊ လေးတန် လိုသလို လှည့်ပတ်ကြည့်ရှု နိုင်ပါတယ်။

အဆိုပါစက်ရုပ်ဆရာ၀န်အကူနည်းဖြင့် ခွဲစိတ်ပြုပြင်သည့် အချိန်ကို လျော့နည်းစေသည့်အတွက် လူနာသွေးထွက်နှုန်းလည်း နည်းပါးသည့်အပြင်၊ ခွဲစိတ်အရာမှာလည်း သေးငယ်၍ ပတ်၀န်းကျင်အသားစများ ပျက်စီးမှု အနည်းငယ်သာရှိတာကြောင့် လူနာကို အချိန်တိုအတွင်း၊ နာလန်ပြန်ထ၍ ပုံမှန်အတိုင်းပြန်လည်လှုပ်ရှားသွားလာစေနိုင်မှာဖြစ်ပါတယ်။ “စက်ရုပ်များကိုအသုံးပြုခြင်းဖြင့် အနာဂတ်ဆေးလောကအတွက် ပိုမိုအကျိုးရှိစေပြီး၊ ကုသမှုအရည်အသွေးပိုမိုတိုးတက်ကာ လူနာများရဲ့ အသက်လုံခြုံစိတ်ချရမှုနှင့် ကောင်းသောကုသမှုရလဒ်များကို ရရှိစေဖို့အတွက် ရည်ရွယ်ပြီး စတင်အကောင်အထည်ဖော်အသုံးပြုခြင်းဖြစ်ပါတယ်” ဟု Dr. Somsak ကပြောကြားခဲ့ပါတယ်။

Health & Fitness

ပျိုမေတို့အတွက် Underwear နဲ့ ပတ်သက်ပြီး လိုက်နာသင့်တဲ့အချက်များ

ကျန်းမာရေးအတွက်ပဲ ဖြစ်စေ၊ တစ်ကိုယ်ရေသန့်ရှင်းရေးအတွက်ပဲ ဖြစ်စေ Underwear ဟာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေပါဝင်နေပါတယ်။

by Lin Lin

June 17, 2020

ဒီတစ်ခါမှာတော့ ပျိုမေတို့အတွက် အရေးကြီးတဲ့ အတွင်းရေးလျှို့ဝှက်ချက်လေးတွေအကြောင်းကို ပြောပြပေးမယ်နော်။ ပျိုမေတို့ တစ်ကိုယ်ရေအတွက် အရေးပါဆုံးကိစ္စတစ်ခုဖြစ်တဲ့ Underwear ကိစ္စပဲ ဖြစ်ပါတယ်။ ကျန်းမာရေးအတွက်ပဲ ဖြစ်စေ၊ တစ်ကိုယ်ရေသန့်ရှင်းရေးအတွက်ပဲ ဖြစ်စေ Underwear ဟာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေပါဝင်နေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးပျိုမေတို့ဟာ ပွင့်ပွင့်လင်းလင်းပြောဆိုကြတာ နည်းပါးတတ်ကြပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မရှက်သင့်သလို ပျိုမေတို့အချင်းချင်း ပွင့်ပွင့်လင်းလင်းဆွေးနွေးနိုင်ပြီး သန့်ှရှင်းမယ့်နည်းလမ်းတွေကိုလည်း ရှာဖွေလေ့လာဖို့လိုအပ်ပါတယ်။ ကဲ ဒီတော့ Underwear နဲ့ ပတ်သက်ပြီး ပျိုမေတို့ မဖြစ်မနေသိထားသင့်တဲ့ အကြောင်းအရာတချို့ကို ဖော်ပြပေးမယ်နော်။

သက်သောင့်သက်သာဖြစ်စေမယ့် Underwear ကိုရွေးချယ်ပါ။

အရမ်းတင်းကြပ်နေတာမျိုးမဟုတ်ဘဲ ဝတ်လိုက်တဲ့အခါ သက်သောင့်သက်သာဖြစ်စေမယ့် အမျိုးအစားကို ရွေးချယ်ပါ။ လေဝင်လေထွက်ကောင်းမွန်တဲ့ ချည်သားကဲ့သို့သော အသားကို ရွေးချယ်ဖို့လိုအပ်ပါတယ်။ အရမ်းတင်းကြပ်နေခြင်းက သင့်အတွက် နေထိုင်ရခက်ခဲစေပြီး ရေရှည်အတွက်လည်း သက်သောင့်သက်သာမဖြစ်စေနိုင်တဲ့အတွက် သတိထားဖို့လိုအပ်ပါတယ်။

မိမိအရေပြားနဲ့ ကိုက်ညီတဲ့ အဝတ်လျှော်ဆပ်ပြာရွေးချယ်ပါ။

တချို့ အရေပြားနဲ့ ပတ်သက်ပြီး Sensitive ဖြစ်တတ်တဲ့ ပျိုမေတွေသာမကဘဲ ပုံမှန်အရေပြားအမျိုးအစားရှိတဲ့ ပျိုမေတို့အတွက်ပါ အရေးကြီးတဲ့ အချက်တစ်ချက်က မိမိအသားအရေနဲ့ လိုက်ဖက်တဲ့ အဝတ်လျှော်ဆပ်ပြာကို ရွေးချယ်တတ်ဖို့ပါပဲ။ နေရောင်ကောင်းကောင်းရတဲ့နေရာမှာ ခြောက်သွေ့အောင်လှမ်းပေးခြင်းက မမြင်ရတဲ့ ပိုးတွေကို သေစေနိုင်ပါတယ်။

နေ့စဉ်လဲလှယ်ဝတ်ဆင်ပါ။

နွေရာသီလိုမျိုး ချွေးထွက်လွန်တဲ့အချိန်တွေမှာသာမက စိုစွတ်တဲ့ မိုးရာသီလိုကာလမျိုးမှာပါ Underwear ကို တစ်နေ့တစ်ကြိမ်လဲလှယ်ဝတ်ဆင်ပေးပါ။ Underwear ကို ဝတ်ဆင်တဲ့အခါ တစ်ထည်ကို နောက်တစ်ကြိမ်ပြန်လည် ဝတ်ဆင်ခြင်းက မမြင်ရတဲ့ ရောဂါပိုးမွှားတွေ ပေါက်ဖွားနိုင်သလို သန့်ရှင်းမှုမရှိခြင်းက သင့်ရဲ့မိန်းမကိုယ်အတွက် များစွာအန္တရယ်ရှိစေနိုင်ပါတယ်။ နောက်ထပ်တစ်ချက်ကတော့ ညအိပ်ချိန်တွေမှာ Underwear ကို ချွတ်အိပ်ခြင်းက သင့်အတွက် လေဝင်လေထွက်ကောင်းတဲ့အတွက် သက်သောင့်သက်သာဖြစ်စေပါလိမ့်မယ်။

သွားလာတဲ့နေရာအလိုက် Underwear ရွေးချယ်ပါ။

GYM သွားတဲ့အချိန်၊ အလုပ်သွားတဲ့အချိန်၊ ပွဲတက်ချိန် အစရှိသလို မိမိသွားမယ့် နေရာအလိုက် Underwear ရွေးချယ်ဖို့လိုအပ်ပါတယ်။ GYM သွားတဲ့အချိန်ဝတ်ဆင်မယ့် Underwear က G - String လို ပုံစံမျိုးဖြစ်နေခြင်းက သင့်အတွက် သက်သောင့်သက်သာဖြစ်စေမှာ မဟုတ်ပါဘူး။

အစွန်းအထင်းကို သတိထားပါ။

ရာသီလာပြီးနောက် စွန်းထင်းတတ်တဲ့ အစွန်းအထင်းသော်လည်းကောင်း၊ တခြားသော အကြောင်းအရာကြောင့် စွန်းထင်းနေခြင်းကြောင့်သော်လည်းကောင်း မိမိရဲ့ Underwear မှာ အစွန်းအထင်းရှိနေရင်တော့ အစွန်းချွတ်ဆေးမသုံးဘဲ နောက်ထပ်မဝတ်တော့တာတော့ အကောင်းဆုံးပါပဲ။ အစွန်းချွတ်ဆေးကို အသုံးပြုမယ်ဆိုရင် အစွန်းချွတ်ဆေးမှာပါဝင်တဲ့ ဓာတုပစ္စည်းတွေက သင့်အရေပြားအတွက် အန္တရာယ်ရှိစေနိုင်တာကြောင့် Underwear ကို လျှော်တဲ့အခါ အစွန်းချွတ်ဆေးကို ရှောင်ဖို့လိုပါတယ်။

,

Health & Fitness

လေ့ကျင့်ခန်းလုပ်စရာမလိုပဲ ဗိုက်သားပြားချပ်ချပ်ပိုင်ဆိုင်နိုင်မယ့် နည်းလမ်း

ဒါတွေတော့ ရှောင်ရမှာပါ။

by JN Ja Seng Pan

May 30, 2020

သေးငယ်တဲ့ပြောင်းလဲမှုတွေကတစ်ဆင့် ဗိုက်နားက အဆီတွေကို ခြေဖျက်ပေးနိုင်တယ်ဆိုတာ သိရဲ့လား။ စားသောက်မှုစနစ်ပြောင်းလဲလိုက်တာနဲ့ တော်တော်ကြီးကိုသိသာတာ တွေ့ရမှာပါ။ ဒီလိုပြောလိုက်လို့ အစားအသောက်က ဗိုက်အဆီတွေကို လောင်ကျွမ်းစေတယ်လို့ မဆိုလိုဘူးနော်။ ဘယ်လိုပဲဖြစ်ဖြစ် အလွယ်တကူချနိုင်မယ့် နည်းလမ်းလေးတစ်ခုကလည်း Weight ချဖို့ကို အားတက်စေတာ မဟုတ်ဘူးလားနော်။
ဒီနည်းလမ်းလေးတွေက နေ့စဉ်လုပ်နေကျပုံစံတွေကို အနည်းငယ်ပြောင်းလိုက်တာနဲ့ အကျိူးရှိစေမှာပါ။ ကျန်းမာတဲ့နေထိုင်စားသောက်မှုစနစ်ဖြစ်လို့ အဆီတွေမြန်မြန်ကျဖို့ ရောင်းနေတဲ့ ၇ရက်အဆီချဆေးတို့ ပြင်းထန်တဲ့ Diet Plan တွေထက် အများကြီး ဘေးကင်းပြီး စိတ်ချရတာပေါ့။

စောစောအိပ်ပါ။



အိပ်ရာပေါ်မှာ စောစောနေရာယူလိုက်တာက အိပ်ရေးပျက်တဲ့ညတွေကို လျော့နည်းစေတဲ့အပြင် ညသန်းခေါင် ထထစားတဲ့အကျင့်ကိုလည်း ဖျောက်ပြီးသားဖြစ်တာပေါ့။ ညဘက်မှာ အနားယူူအိပ်စက်ခြင်းမလုပ်တာက ခနာကိုယ်အတွင်းက Metabolism တွေအလုပ်လုပ်တာကို အားလျော့စေပါတယ်။ ကိုယ်က တစ်ကယ့်ကို Calorie တွေလောင်ကျွမ်းချင်ရင်တော့ အနည်းဆုံး ၇နာရီအိပ်စက်အနားယူပေးသင့်တယ်နော်။


ဆားစားတာလျော့ပါ။



ဆားက နှလုံးကျန်းမာရေးနဲ့ ဦးနှောက်အတွက် ကောင်းပေမယ့် ကိုယ်တွေမြန်မာလူမျိူးတွေရဲ့ ဆားစားသုံးမှုပုံစံက ကျန်းမာရေးကို ပိုပြီးထိခိုက်စေပါတယ်။ ရေဓာတ်ခမ်းခြောက်စေပြီး မျက်နှာဖောယောင်တာ၊ ဗိုက်ပူတာတွေကိုဖြစ်စေတာပါ။ ဆားလျော့စားတာက အပေါ်မှာ ပြောခဲ့တဲ့ မလိုလားအပ်တဲ့အရည်တွေကို လျော့နည်းစေတဲ့အတွက် Weight ကျစေဖို့ ပိုပြီး အားပေးပါတယ်။ အမေကိုဟင်းချက်တဲ့အခါမှာပဲဖြစ်ဖြစ် ကိုယ်မှာစားမယ့် အစားအသောက်မှာ ဆားလျော့ခိုင်းဖို့ မမေ့ပါနဲ့။


စားရမယ့်အချိန်ကို မကျော်ပါနဲ့။



Metabolism တွေကို အရှိန်မြှင့်ပေးမယ့် နောက်ထပ်နည်းလမ်းတစ်ခုက စားရမယ့်အချိန်ကို စနစ်တကျစားသောက်ဖို့ပါ။ လေ့လာတွေ့ရှိချက်တွေအရ မနက်စာမစားတဲ့သူတွေက ပုံမှန်မနက်စာစားတဲ့သူတွေထက် သကြားဓာတ်လွန်ကဲနေတတ်ပါတယ်။


ကိုယ်နေဟန်ထား ထိန်းညှိပါ။



ခါးမတ်မတ်လေးနဲ့ ရင်ကော့ပြီးနေတာက သင့်ရဲ့ ကိုယ်နေဟန်ထားကို လှပကောင်းမွန်စေပါတယ်။ တည့်မတ်တဲ့ ကိုယ်နေကိုယ်ထားက ဗိုက်ကြွက်သားတွေကို အလုပ်လုပ်စေပြီး ညီညာတဲ့ ဗိုက်သားကို ပုံဖော်ပေးပါတယ်။


ဂျင်းထည့်ပါ။



စမုံစပါး၊ ပင်စိမ်းနဲ့ ဂျင်းက စမ်းသပ်ချက်တွေအရ ဝမ်းဗိုကအတွက် ကောင်းတဲ့ အာနိသင်တွေပါတယ်လို့ ဆိုပါတယ်။ အစာခြေဖျက်ဖို့အတွက်လိုတဲ့ Enzymes ကို ထုတ်ပေးပြီး အစာခြေဖျက်မှုကို မြန်ဆန်စေပါတယ်။ အစာတွေ မြန်မြန်ခြေဖျက်တဲ့အတွက် ဗိုက်သားလေးကလည်း ပြားချပ်ချပ်လေးဖြစ်နေစေမှာပါ။ ဒါကြောင့် အစားအစာ ချက်ပြုတ်တဲ့အခါ ဒီဟင်းခတ်အမွှေးအကြိုင်တွေကို တတ်နိုင်သလောက် ထည့်ပါ။


ရေများများသောက်ပါ။



ခနာကိုယ်ကော အသားအရေအတွက်ကော ကောင်းတဲ့ ရေကို ဖြည့်စွက်ဖို့ မမေ့ပါနဲ့။ ခနာကိုယ်က ရေဓာတ်ဆုံးရှုံးမှုဖြစ်လာတဲ့အခါ အလိုအလျောက် အရည်တွေ ထွက်ပေါ်လာပြီး သိုလှောင်ထားပါတယ်။ ဆိုတော့ ကိုယ်က ရေမသောက်လေ ဗိုက်ကို ပိုပူစေတဲ့ မလိုအပ်တဲ့အရည်တွေက ပြည့်လာလေဖြစ်ပြီး ဗိုက်ဖောင်းကားနေမှာပါ။ ဒါကြောင့် တစ်ရက်ကို ရေရှစ်ခွက် အနည်းဆုံးသောက်ပြီး ရေဓာတ်ပြည့်အောင်နေပါ။


အစေ့အဆံတွေ စားသုံးပါ။



အစေ့အဆံတွေစားတာက သေးသွယ်သွယ်ခါးကို ပိုင်ဆိုင်စေတယ်လို့ လေ့လာတွေ့ရှိချက်တွေရှိပါတယ်။ အစေ့အဆံတွေက Monounsaturated Fat ပြည့်ဝစွာပါဝင်လို့ မုန့်အချိုတွေစားတာထက် ပိုပြီးတင်းတိမ်ကျေနပ်မှုကိုဖြစ်စေမှာပါ။ တစ်ခုသတိထားရမှာက ဆားမပါတဲ့သဘာ၀ အစေ့အဆံတွေကို လက်တစ်ဆုပ်စာအတိုင်းအတာလောက်သာ စားဖို့ပါ။


ဖြည်းဖြည်းစားပါ။



ဗိုက်နဲ့အူထဲက အစားအသောက်တွေကိုခြေဖျက်ဖို့ အခြားအစိတ်အပိုင်းတွေထက် အလုပ်ပိုလုပ်ရပါတယ်။ ဒါကြောင့် အလျင်စလို သိမ်းကြုံးပြီးစားတာကို ရှောင်ပြီး အစာစားနေတဲ့အချိန်မှာ ၁၀ကြိမ်ခန့်ဝါးပြီးမှ မြိုချပါ။ ဖြည်းဖြည်းစားတာက အများကြီးစားမိမှာကို ထိန်းချူပ်ပေးပြီး ဗိုက်ပွတာ၊ အစာမကြေဖြစ်တာကိုလည်း ကာကွယ်ပြီးသားဖြစ်တာပေါ့။

 

 

 

 

, , ,

Health & Fitness

ကိုယ်ဝန်ဆောင်ကာလမှာ မေမေတို့မလုပ်သင့်တဲ့အလုပ်များ

ဒီလိုအချိန်မျိုးမှာ မေမေတို့အထူးဂရုပြုရမှာကတော့ အိမ်မှုကိစ္စတွေကို အလွန်အကျွံမလုပ်မိဖို့ပါပဲ။

by Lin Lin

May 27, 2020

မေမေတို့ရေ ကိုယ်ဝန်ဆောင်ချိန်ဟာ မေမေတို့အတွက် အရမ်းကိုဂရုစိုက်ရတဲ့အချိန်ပါ။ စိတ်ရော လူရော ကောင်းကောင်းအနားယူမှသာလည်း ကျန်းမာတဲ့ Baby လေးကို ကောင်းကောင်းမွန်မွန်မွေးဖွားနိုင်မှာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ဖိစီးမှုတွေများနေမယ်။ အလုပ်တွေ ပင်ပင်ပန်းပန်းလုပ်နေမယ်ဆိုရင် မေမေတို့အတွက်သာမက ဗိုက်ထဲက Baby လေးအတွက်လည်း ထိခိုက်နိုင်တာကြောင့် မေမေတို့ အထူးဂရုစိုက်ဖို့လိုပါတယ်နော်။ ဒီလိုအချိန်မျိုးမှာ မေမေတို့အထူးဂရုပြုရမှာကတော့ အိမ်မှုကိစ္စတွေကို အလွန်အကျွံမလုပ်မိဖို့ပါပဲ။ အိမ်မှု ကိစ္စလုပ်တာဟာ မပင်ပန်းဘူးဆိုပေမယ့် တချို့ကိစ္စတွေဟာ Baby လေးကို ထိခိုက်စေနိုင်တာကြောင့် ရှောင်ရှားဖို့ လိုအပ်ပါတယ်နော်။ ဘယ်လိုကိစ္စတွေကို မလုပ်ရဘူးလဲဆိုတာ ပြောပြပေးမယ်နော်။

အဝတ်လျှော်ခြင်း


မေမေတို့ အဝတ်ကိုအချိန်ပေးပြီးလျှော်ခြင်းဟာ အအေးမိစေရုံသာမက အသုံးပြုတဲ့ ဆပ်ပြာမှုန့်နဲ့ အမွှေးဆီတွေဟာလည်း ဓာတုပစ္စည်းတွေ အနည်းနဲ့ အများပါဝင်တတ်တာကြောင့် မေမေတို့ကို ထိခိုက်စေနိုင်ပါတယ်။ ဒါ့အပြင် Baby လေးအတွက်လည်း ကျန်းမာရေးနဲ့ မညီညွှတ်တာကြောင့် ရှောင်ရှားဖို့ လိုအပ်ပါတယ်နော်။ လျှော်ပြီးသားအဝတ်တွေကို လှမ်းတဲ့အခါမှာလည်း အဝတ်ခြင်းကို သယ်ရခြင်း၊ အမြင့်ကို လှမ်းရခြင်းတို့ကြောင့် အကြောတွေကို ထိခိုက်စေနိုင်ပါတယ်နော်။

အလေးအပင်မခြင်း


ကိုယ်ဝန်ဆောင်ချိန်မှာ အလေးအပင် မ, မ ရဘူးဆိုတာကိုတော့ မေမေတို့ အားလုံးသိပြီးဖြစ်မှာပါ။ ကျန်းမာရေးနဲ့ ပတ်သက်ပြီးပြသနေတဲ့ဆရာဝန်ကလည်း ဒါကို အထူးပြုမှာကြားထားပြီးဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် တခါတရံမှာ သတိလက်လွတ်ဖြစ်သွားတတ်တဲ့ အချိန်တွေရှိတတ်ပါတယ်။ မေမေတို့ အထူးဂရုစိုက်ဖို့လိုအပ်ပါတယ်နော်။ အလေးအပင် မ ခြင်းဟာ မေမေတို့ရဲ့ ခါးရိုးကို နာကျင်စေရုံသာမကဘဲ လမစေ့ဘဲ ကလေးမွေးဖွားခြင်းအထိပါ ဖြစ်စေနိုင်တာမို့ အထူးဂရုပြုပေးပါနော်။

ဂက်စ်မီးဖိုဖြင့် ထမင်း၊ ဟင်းချက်ခြင်း


ဖြစ်နိုင်ရင် ဂက်စ်မီးဖိုနဲ့ ထမင်း ဟင်းချက်ခြင်းကို မပြုလုပ်တာအကောင်းဆုံးပါ။ မီးဖိုကလာတဲ့အပူသာမက ဂက်စ်က ထွက်လာတဲ့ ဓာတ်ငွေ့တွေဟာ မေမေတို့အတွက်သာမက Baby လေးအတွက်ပါ အန္တရယ်ရှိစေနိုင်တာမို့ မေမေတို့ ရှောင်ဖို့လိုပါတယ်နော်။

သန့်ရှင်းရေးလုပ်ခြင်း


စားပွဲသန့်ရှင်းရေး၊ တံမြက်စည်းလှဲခြင်းလောက်ကို လုပ်နိုင်ပေမယ့် ပြင်းထန်တဲ့ ဓာတုသန့်ရှင်းရေးအရည်တွေကို အသုံးပြုရမယ့် သန့်ရှင်းရေးမျိုးကိုတော့ မလုပ်တာအကောင်းဆုံးပါ။ သာမာန်အချိန်မျိုးမှာတောင် ဓာတုပစ္စည်းတွေဟာ ဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်တာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ပိုမိုဂရုစိုက်ဖို့လိုအပ်ပါတယ်။

အိမ်မွေးတိရစ္ဆာန်များနဲ့ ထိတွေ့ခြင်း


မေမေဟာ အိမ်မွေးတိရစ္ဆာန်ချစ်သူတစ်ယောက်ဆိုရင်တော့ ဒီချိန်မှာ အဝေးကချစ်တာ ဗိုက်ထဲက Baby လေးအတွက်အကောင်းဆုံးပါပဲ။ အိမ်မှာမွေးထားတဲ့ ခွေးကလေး၊ ကြောင်ကလေး နဲ့ ဌက်ကလေးတွေဟာ သာမာန်အချိန်တွေမှာ ပွတ်သီးပွတ်သပ်နေတာက မသိသာနိုင်ပေမယ့် ကိုယ်ဝန်ဆောင်ချိန်မှာတော့ သူတို့လေးတွေမှာ ကပ်နေတဲ့ ပိုးမွှားလေးတွေနဲ့ အမွှေးအမျှင်တွေက မေမေတို့ အသက်ရှုလမ်းကြောင်းကနေတစ်ဆင့် ဗိုက်ထဲမှာရှိတဲ့ Baby လေးဆီကို ရောက်ရှိနိုင်တာကြောင့် အဆိပ်အတောက်ဖြစ်စေနိုင်ပါတယ်။

မီးပူတိုက်ခြင်း


မီးပူတိုက်ရာမှာ ထိုင်ပြီးတိုက်ခြင်းက မေမေတို့အတွက် ဗိုက်ကို ထောက်စေနိုင်တာကြောင့် ဗိုက်ထဲမှာရှိတဲ့ Baby လေးကို အသက်ရှုကြပ်စေနိုင်ပါတယ်။ ဒါမှမဟုတ်ဘဲ မတ်တပ်ရပ်ပြီး မီးပူတိုက်မယ်ဆိုရင်လည်း အချိန်ကြာကြာရပ်နေခြင်းက ခြေထောက်တွေကို ဖောရောင်စေတာကြောင့် မေမေတို့ မလုပ်သင့်တဲ့အလုပ်တွေထဲမှာ မီးပူတိုက်တာလည်း ပါဝင်နေပါတယ်။

မေမေတို့ရေ ကျန်းမာတဲ့ Baby လေးမွေးဖွားနိုင်ဖို့အတွက် ကိုယ်ဝန်ဆောင်ချိန်မှာ အထက်က ဖော်ပြခဲ့တဲ့ အလုပ်လေးတွေကို မလုပ်ဘဲနေကြရအောင်နော်။ အိမ်မှာရှိတဲ့ Baby လေးရဲ့ ဖေဖေ ဒါမှမဟုတ် အိမ်သားတွေရဲ့ အကူအညီနဲ့ ဒီလိုအချိန်လေးမှာ သက်သောင့်သက်သာလေးနဲ့ Baby လေးကို ကျန်းကျန်းမာမာနဲ့ မွေးဖွားနိုင်ဖို့အတွက်ကိုပဲ အားမွေးထားကြရအောင်နော်။

 

, ,

Health & Fitness

ဂျပန်မလေးတွေရဲ့ သွယ်သွယ်လှလှ ခန္ဓာကိုယ်အချိုးအစားရဲ့ လျှို့ဝှက်ချက်

ထမင်းကို တူနဲ့စားတာက ကိုယ်အလေးချိန် ကျစေပါတယ်။

by JN Ja Seng Pan

May 19, 2020

ဂျပန်လူမျိုးတွေကျန်းမာပြီး နုပျိုနေတဲ့ လျှို့ဝှက်ချက်ကို သိပြီးပြီလား? ဂျပန်မှာ သက်ကြီးရွယ်အိုတွေများနေတာ ဘာကြောင့်လဲ စဉ်းစားမိကြမှာပါ။ သူတို့ စားတဲ့အစားအသောက်ကအစ ချက်ပြုတ်တဲ့ပုံစံအထိ ဂျပန်လူမျိုးတွေကို အသက်ရှည်စေတဲ့ လျှို့ဝှက်ချက်တွေ အများကြီးရှိနေလို့ပါ။ အိုမီဂါပြည့်ဝစွာပါဝင်တဲ့ငါး၊ Light Carb နဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်နဲ့ ဆေးဖက်ဝင်လက်ဖက်ရည်တွေက ဂျပန်လူမျိုးတွေ ကျန်းမာလှပခြင်းရဲ့ အဓိကအချက်တွေပဲဖြစ်ပါတယ်။ ဂျပန်မလေးတွေ သွယ်သွယ်လှလှ Body၊ ဝင်းပနေတဲ့အသားအရေနဲ့ ဆံပင်စိုစိုပြောင်ပြောင်တွေ ပိုင်ဆိုင်ထားတာက ဘာကြောင့်လဲဆိုတာ အ့သြသင့်စရာမရှိပါဘူးနော်။ ပြင်းပြင်းထန်ထန် Diet တွေထက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ Japanese Diet ကို လုပ်ကြည့်တာနဲ့ အများကြီး အကျိုးကျေးဇူးရရှိမှာပါ။ ထွေထွေထူးထူး လုပ်စရာမလိုပဲ ဒီအချက်လေးတွေလိုက်နာရုံနဲ့ လှပတဲ့ Body နဲ့ အသားအရေကို မပိုင်ဆိုင်နိုင်ဘူးလို့ ပြောနိုင်မလားနော်။

Chopsticks



ထမင်းစားချိန်က ဂျပန်လူမျိုးတွေ တန်ဖိုးထားရတဲ့အချိန်တစ်ခုပါ။ ခနကိုယ်အတွက် လိုအပ်တဲ့ အားအင်ကို ဖြည့်ပေးတဲ့အတွက် လမ်းလျှောက်နေရင်းစားတာ၊ ကဗျာကယာစားတာမျိုးကို ဂျပန်တွေက မကောင်းတဲ့အလေ့အကျင့်၊ မယဉ်ကျေးတဲ့သူလို့ သတ်မှတ်ကြပါတယ်။ ဂျပန်လူမျိုးတွေ ထမင်းစားတိုင်း တူအသုံးပြုပြီး ဖြည်းဖြည်းချင်း စားသောက်လေ့ရှိပါတယ်။ ဒီနည်းလမ်းက အများကြီးမစားမိဖို့နဲ့ ဦးနှောက်ကို ဗိုက်ပြည့်ကြောင်း အချက်ပြဖို့အတွက်ဖြစ်ပါတယ်။ နောက်တစ်ခု ထူးခြားတာက ဂျပန်လူမျိုးတွေရဲ့ ထမင်းဝိုင်းမှာ ရုပ်ရှင်ကြည့်တာ၊ အလုပ်လုပ်ပြီးစားတာတွေကို တားမြစ်ပါတယ်။ Chopstick အသုံးပြုပြီး စားတာက စားသုံးတဲ့ ပမာဏနဲ့ အမြန်နှုန်းကို အမှန်တကယ်နှောင့်နှေးစေတာကော သိရဲ့လား။

များသယောင်ပြင်ဆင်ပါ



ဂျပန်တွေရဲ့ ထမင်းစားဝိုင်းမှာ အစားအသောက်တွေက စုံစုံလင်လင်ဖွယ်ဖွယ်ရာရာပြင်ဆင်လေ့ရှိပါတယ်။ ဟင်း ပွဲအများကြီးဖြစ်နေတာကြောင့် ဟိုနှိုက်စား၊ ဒီနှိုက်စားရင်း အများကြီး စားမိတဲ့ ခံစားချက်ကိုဖြစ်စေမှာပါ။ ဆီပြန်တွေ၊ ဆီကြော်တွေ မျိုးစုံချက်ပြီးစားတာမျိုးတော့ လုံး၀ No ပါနော်။ ကယ်လိုရီနည်းပြီး ကျန်းမာရေးနဲ့ သင့်တော်တဲ့ ဟင်းအမယ်တာဖြစ်ရပါမယ်။

များများစား၊ စောစောစား



မနက်စာစားတာက ကျန်းမာရေးနဲ့ ညီညွတ်ပြီး ကိုယ်အလေးချိန်တက်တာကို ဟန့်တားပေးပါတယ်။ ဂျပန်တွေအတွက် နေ့တစ်နေ့ကို အကောင်းဆုံး စတင်ဖို့အတွက် မနက်စာကို အပြည့်အ၀ ကောင်းကောင်းမွန်မွန်စားသင့်တယ်လို့ ယူဆကြပါတယ်။ ပြီးတော့ ၄ နာရီနောက်ပိုင်း အဆာပြေစားတာကို ရှောင်လေ့ရှိပါတယ်။ ဂျပန်အစားအသောက်ကျွမ်းကျင်သူ Makiko Sano က ကျွန်မတို့ ဂျပန်လူမျိူးတွေရဲ့ အိမ်မှာ အချိူစားဖို့အတွက်ကိုလည်း ဆန္ဒမပြင်းကြပါဘူးတဲ့။ ဒါကြောင့် ဂျပန်အမျိူးသမီးတွေကို ကြည့်ရင် သွယ်လျနေကြတာပါ။ အဲ့ဒီအချိူတွေအစား အသီးအနှံတွေ၊ ကန်စွန်းဥတွေကိုသာ စားသုံးလေ့ရှိပါတယ်။

Tea Addicts



ကိုယ်တွေ မြန်မာလူမျိူးတွေလို လက်ဖက်ရည်ကြမ်းသောက်သလိုပဲ Green Tea ကို တစ်ရက်လုံး နှစ်နှစ်ခြိုက်ခြိုက်သောက်သုံးကြပါတယ်။ လက်ဖက်ရည်ကြမ်းထက် လက်ဖက်စိမ်းက မယုံကြည်နိုင်လောက်အောင်အကျိုးရှိတဲ့ သဘာဝဆေးဖြစ်ပြီး ကမ္ဘာပေါ်တွင်ကျန်းမာရေးနှင့်အညီညွတ်ဆုံးလက်ဖက်ခြောက်တစ်ခုဖြစ်သည်။

လက်ဖက်စိမ်းက Antioxidants များများစားစားပါဝင်တဲ့အပြင် free organical တွေကိုတိုက်ဖျက်နိုင်အောင်ကူညီပေးပြီး အိုမင်းခြင်းလုပ်ငန်းစဉ်ကိုနှောင့်နှေးစေပါတယ်။ လက်ဖက်စိမ်း ကို ဘယ်လောက်သောက်ကြလဲဆိုရင် လမ်းတစ်လမ်းဆီမှာရှိတဲ့ Vending Machine တွေမှာတောင် Green Tea နဲ့ ပတ်သတ်တဲ့ သောက်စရာတွေ အမျိူးအစုံကို တွေ့ရမှာပါ။ လက်ဖက်စိမ်းက အရွယ်တင်နုပျိူစေပြီး ကိုယ်အလေးချိန်ကို ကျစေပါတယ်။

ပင်လယ်စာ


ဂျပန်လူမျိုးတွေက အနီရောင်အသားအစား ပင်လယ်စာကိုစားဖို့ပဲရွေးချယ်ကြပါတယ်။ အနီရောင်အသားက အဝလွန်တာ၊ သွေးအတွင်း ကိုလက်စထရောမြင့်မားခြင်းရဲ့ ရောင်ရမ်းခြင်းတွေကို ဖြစ်စေပါတယ်။ ဂျပန်မှာ အစားအများဆုံး Meal က ဆန် ဒါမှမဟုတ် ခေါက်ဆွဲတစ်မျိူးမျိူးကို ပင်လယ်စာနဲ့ စားသုံးတာပါ။

ငါးမကြိုက်တဲ့သူတွေအတွက် စိတ်မကောင်းစရာဆိုပေမယ့် အားလုံးသိတဲ့အတိုင်း ငါးမှာ ပရိုတင်း၊ Omega 3၊ Fatty Acid တွေပါဝင်လို့ ကျန်းမာဖို့ဆို ဂျီးများလို့မရပါဘူးနော်။ ငါးစားရင် ဦးနှောက်ကောင်းတယ်ဆိုတဲ့အတိုင်း ဦးနှောက်၊ နှလုံးနဲ့ ကိုယ်တွင်းအင်္ဂါတွေကို အားကောင်းစေပါတယ်။ ပင်လယ်စာတွေက ဗိုက်ပူတဲ့သူတွေအတွက် ဝမ်းဗိုက်အဆီကို ကျစေပြီး ရောင်ရမ်းခြင်းနဲ့ အာရုံကြောအားနည်းတာကို လျော့ချစေပါတယ်။

လမ်းလျှောက်မယ်၊ စက်ဘီးစီးမယ်



လမ်းလျှောက်တာက ကိုယ်အလေးချိန်ထိန်းဖို့အတွက် အလွယ်အကူဆုံးနည်းလမ်းပါ။ ဂျပန်နိုင်ငံမှာ အမျိုးသားများရောအမျိုးသမီးပါ နေ့စဉ်လမ်းလျှောက်လေ့ရှိပါတယ်။ စက်ဘီးကိုလည်း အလုပ်သွား၊ ဈေးဝယ်၊ ကျောင်းသွား ပုံမှန်စီးလေ့ရှိကြပါတယ်။ စက်ဘီးစီးတဲ့သူများလို့ ဂျပန်ကလမ်းလေးတွေမှာဆိုရင် စက်ဘီးတွေ အစီအရီနဲ့ ဖြစ်နေတာ တွေ့ရမှာပါ။ ပုံမှန်လှုပ်ရှားမှုပြုလုပ်တာက ကိုယ်အလေးချိန်လျော့ကျစေတယ်၊ နှလုံးသွေးကြောကျဉ်းတာ ကာကွယ်ပေးတယ်၊ စွမ်းအင်နှင့်စိတ်ဓာတ်ကိုမြှင့်တင်ပေးပြီး တစ်ချိန်တည်းမှာပဲ စိတ်ဖိစီးမှုလျော့နည်းစေပါတယ်။ တစ်ရက်ကို အနည်းဆုံး မိနစ်သုံးဆယ်တော့ အချိန်ပေးပြီး လမ်းလျှောက်ပါ၊ စက်ဘီးနင်းပါနော်။

 

 

 

, , , , ,

Health & Fitness

Baby လေးတွေ မွေးဖွားရလွယ်ကူစေဖို့ ကိုယ်ဝန်ဆောင်ချိန်မှာ လုပ်သင့်တဲ့ လေ့ကျင့်ခန်းများ

ဘယ်လို လေ့ကျင့်ခန်းတွေက မေမေတို့အတွက် အထောက်အကူပြုလဲ ဆိုတာ ကြည့်လိုက်ကြရအောင်နော်။

by Lin Lin

May 14, 2020

ကိုယ်ဝန်ဆောင်မေမေတို့အတွက် အဓိက လိုအပ်တာကတော့ ကျန်းမာဖို့ပါ။ မေမေတို့ ကျန်းမာမှသာ သားသားမီးမီးလေးတွေကို မွေးဖွားရလွယ်ကူစေမှာပါ။ ဒီလို ကျန်းမာဖို့ကလည်း ဆရာဝန်ရဲ့ ညွှန်ကြားချက်တွေအပြင် မေမေတို့ကိုယ်တိုင်ရဲ့ အစားအသောက် အနေအထိုင် ဂရုစိုက်ဖို့လည်း လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာတွေကို စားသုံးပေးရသလို မွေးဖွားရလွယ်ကူစေဖို့အတွက်ကိုလည်း သိပ်မပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ လုပ်ပေးနိုင်ပါတယ်။ ဘယ်လို လေ့ကျင့်ခန်းတွေက မေမေတို့အတွက် အထောက်အကူပြုလဲ ဆိုတာ ကြည့်လိုက်ကြရအောင်နော်။

သွက်သွက်လက်လက်လမ်းလျှောက်ခြင်း
လမ်းလျှောက်ခြင်းဟာ ကိုယ်ဝန်ဆောင်ချိန်မှာသာမကဘဲ ပုံမှန်အချိန်တွေမှာပါ ကျန်းမာရေးကို အထောက်အကူပြုစေတဲ့ အမူအကျင့်တစ်ခုပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ လမ်းကို ပုံမှန်လျှောက်ပေးခြင်းက မွေးဖွားရလွယ်ကူစေရုံသာမက မိခင်ကိုလည်း ကျန်းမာစေပါတယ်။ လမ်းလျှောက်တဲ့အခါမှာလည်း ချောမွေ့တဲ့လမ်းနဲ့ သက်သောင့်သက်သာဖြစ်စေမယ့် ဖိနပ်ကို ရွေးချယ်ပေးဖို့ လိုအပ်ပါတယ်နော်။

ယောဂပြုလုပ်ပါ။
ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတို့ဟာ ပုံမှန်ထက်ပိုပြီး စိုးရိမ်မှုတွေ များနေတတ်ပါတယ်။ ဒီလိုစိုးရိမ်မှုတွေကြောင့် ရင်သွေးတွေကို မထိခိုက်ရအောင် ပုံမှန်လေး ယောဂပြုလုပ်ပေးပါ။ ယောဂပြုလုပ်ခြင်းက စိတ်ဖိစီးမှုတွေကို လျော့ကျစေပြီး စိတ်ကိုလည်း လန်းဆန်းစေတာကြောင့် မေမေတို့ မဖြစ်မနေပြုလုပ်ပေးဖို့လိုအပ်ပါတယ်နော်။

ရေကူးခြင်း
ကိုယ်ဝန်ဆောင်ချိန်မှာ ရေကူးခြင်းဟာ အန္တရာယ်မဖြစ်စေနိုင်ပါဘူး။ ရေကူးခြင်းဟာ ကိုယ်လက်ညောင်းညာမှုကို လျော့ကျစေတာကြောင့် ရေကူးပြီးချိန်မှာတော့ မေမေတို့အတွက် သက်သောင့်သက်သာဖြစ်စေမှာပါ။

အသက်ရှုလေ့ကျင့်ခန်းပုံမှန်လုပ်ပါ။
မနက်စောစော အသက်ရှုလေ့ကျင့်ခန်းကို ပုံမှန်လုပ်ပေးခြင်းက မေမေတို့အတွက် နေထိုင်ရတာ သက်သောင့်သက်သာရှိစေမှာပါ။ ကိုယ်ဝန်ဆောင်မှုကြောင့် မောပန်းနွမ်းနယ်ခြင်း ၊ အသက်ရှုမဝဖြစ်ခြင်းတွေကို ဒီလေ့ကျင့်ခန်းက အထောက်အကူပြုနိုင်ပါတယ်။ မနက်စောစောလေက လေကောင်းလေသန့်ကို ရစေနိုင်တာကြောင့်လည်း စိတ်ကိုလန်းဆန်းစေမှာပါ။

အေရိုးဗစ်ကစားခြင်း
အေရိုးဗစ်ကစားခြင်းဟာ သွေးလည်ပတ်မှုကို အားကောင်းစေပြီး ကျန်းမာခြင်းကို အထောက်အကူပြုစေနိုင်တာမို့ ကိုယ်ဝန်ဆောင်မေမေတို့ ပြုလုပ်ပေးသင့်တဲ့ လေ့ကျင့်ခန်းတွေထဲက တစ်ခုအပါအဝင်ပါပဲ။

မေမေတို့ရေ သားသားမီးမီးတို့ကို မွေးဖွားရလွယ်ကူစေဖို့အတွက် ပြုလုပ်ရမယ့် လေ့ကျင့်ခန်းတွေကို သိပြီဆိုတော့ မပြင်းထန်တဲ့ လေ့ကျင့်ခန်းလေးတွေကို ပုံမှန်လုပ်ပေးဖို့လိုအပ်ပါတယ်နော်။
တစ်ခုသတိပြုရမှာကတော့ နှလုံးရောဂါရှိခြင်း ၊ ရင်ဘတ်နာကျင်ခြင်း ၊ခြေဆစ်လက်ဆစ်များနာကျင်ခြင်း၊ အသက်ရှုရတာခက်ခဲခြင်း၊ ကြွက်သားအားနည်းခြင်း၊ ခေါင်းမူးခြင်း၊ ပန်းနာရင်ကျပ်ရောဂါရှိခြင်း၊ လိင်အင်္ဂါမှသွေးထွက်ခြင်း၊ အချင်းအောက်ရောက်နေခြင်း၊ ကိုယ်ဝန်ပျက်ကျထားဖူးခြင်းနဲ့၊ အိမ်ခေါင်းအားနည်းခြင်းစတာတွေကို ကြုံတွေ့နေရတယ်ဆိုရင်တော့ မေမေလောင်းတို့ အနေနဲ့ကတော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှသာ လေ့ကျင့်ခန်းတွေကို ပြုလုပ်သင့်ပါတယ်နော်။

,

Health & Fitness

ကိုယ်ဝန်လရင့်ချိန်တွေမှာ ဘာကြောင့် ဒေါက်မြင့်ဖိနပ်တွေ မစီးသင့်တာလဲ။

ကိုယ်ဝန်ဆောင်ချိန်မှာ သက်သောင့်သက်သာရှိစေမယ့် ဖိနပ်များကိုသာ ရွေးချယ်ဝတ်ဆင်ဖို့ လိုအပ်ပါတယ်။

by Lin Lin

April 28, 2020

ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတို့အတွက် လှဖို့ထက် သက်သောင့်သက်သာဖြစ်စေဖို့က ပိုအရေးကြီးပါတယ်။ ဒီတစ်ခေါက်မှာတော့ ကိုယ်ဝန်ဆောင်မေမေတို့အတွက် ကိုယ်ဝန်ဆောင်ချိန်ကာလအတွင်းမှာ ဘာကြောင့် ဒေါက်ဖိနပ်တွေ မစီးသင့်လဲ ဆိုတဲ့အကြောင်းလေးကို ဝေမျှပေးသွားမယ်နော်။ ကိုယ်ဝန်ဆောင် အစောပိုင်းကာလတွေမှာ ဒေါက်ဖိနပ်စီးခြင်းဟာ ကိုယ်ဝန်ကို အများကြီး ထိခိုက်မှုမရှိပေမယ့် ကိုယ်ဝန်လရင့်လာတဲ့နောက်ပိုင်းအချိန်တွေမှာတော့ သင်ကိုယ်တိုင်သာမက သင့်သန္ဓေသားကိုပါ ထိခိုက်လာစေနိုင်ပါတယ်။

ဒေါက်ဖိနပ်တွေကို အချိန်ကြာကြာစီးထားခြင်းဟာ သင့်ခြေထောက်မှာရှိတဲ့ Muscles တွေကို ချုပ်ထားသလိုဖြစ်နေတတ်ပါတယ်။ ဒီလို Muscles တွေကို ချုပ်ထားခြင်းဟာ ကိုယ်ဝန်ဆောင်ချိန်ကာလမှာ ပြင်းထန်တဲ့ ဝေဒနာကို ခံစားရစေနိုင်ပါတယ်။

ဒေါက်မြင့်ဖိနပ်ဟာ သင့် ကိုယ်ခန္ဓာအနေအထားကို ပြောင်းလဲစေနိုင်ပြီး သင်၏တင်ပါးဆုံတွင်းကြွက်သားများကရှေ့သို့ကွေးပြီးသင်၏ကျောဘက်သို့ပိုမို roundable shape ပုံစံကို ဖြစ်ပေါ်စေပါတယ်။ ဒီလိုအနေအထားဟာ ပုံမှန်အခြေအနေမျိုးမှာ မသိသာပေမယ့် ကိုယ်ဝန်ဆောင်ချိန်မှာတော့ သင့်ကို နေထိုင်ရခက်စေပါတယ်။

ကိုယ်ဝန်ဆောင်နေစဉ်အတွင်းသင်ရှေ့မျက်နှာပြင်တွင်အလေးချိန်များလာတဲ့အတွက်ကြောင့် ဒေါက်ဖိနပ်ကိုဝတ်ဆင်ခြင်းဟာ တင်ပါးဆုံတွင်းနှင့်နောက်ဖက်အဆစ်များအပေါ်အလွန်အကျွံဖိအားပေးပြီး အနိမ့်ကျောနှင့်တင်ပါးဆုံတွင်းဧရိယာရဲ့ အဆစ်များနှင့်အရွတ်ဝန်းကျင်နာကျင်မှုကို ဖြစ်ပေါ်စေပါတယ်။ ကိုယ်ဝန်ဆောင်ချိန်ကာလမှာ ဟော်မုန်းအပြောင်းအလဲနဲ့ ကိုယ်အလေးချိန်တက်လာခြင်းတို့ကြောင့် သင့်ခြေဆစ်ဟာ ခွန်အားလျော့နည်းသွားစေပါတယ်။ ဒါကြောင့် ဒေါက်ဖိနပ်များ စီးခြင်းဟာ သင့်ခန္ဓာကိုယ်ဟန်ချက်ကို ညီအောင် မထိန်းပေးနိုင်တဲ့အတွက်ကြောင့် ကလေးကိုပါ ထိခိုက်စေနိုင်ပါတယ်။

ဒေါက်ဖိနပ်စီးခြင်းဟာ ကိုယ်ဝန်မဆောင်ချိန်ကာလမှာ သင့်ကို သက်သောင့်သက်သာရှိစေခဲ့သော်လည်း ကိုယ်ဝန်ဆောင်ချိန်မှာ ပြောင်းလဲလာတဲ့ ဟော်မုန်းများကြောင့် သင့်ကို တင်းကျပ်နာကျင်စေနိုင်လာတဲ့အတွက် ကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ သက်သောင့်သက်သာရှိစေမယ့် ဖိနပ်များကိုသာ ရွေးချယ်ဝတ်ဆင်ဖို့ လိုအပ်ပါတယ်။

 

, ,

MODA TV 


Health & Fitness

မဖြစ်မနေ အလုပ်ခွင်ထဲ ပြန်ဝင်မယ့်သူမျာအနေနဲ့ ဂရုစိုက်သင့်တဲ့ အချက်များ

လုပ်ငန်းခွင် ဝင်ရမယ့်သူတွေအတွက်ကတော့ ဒီအချိန်ဟာ စိန်ခေါ်မှုတစ်ခုဖြစ်နေမှာ အသေအချာပါပဲ။

by Lin Lin

April 21, 2020

COVID - 19 ကြောင့် ကျန်းမာရေးနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေရှိနေပေမယ့်လည်း သင်္ကြန်ပြီးကာလမှာ လုပ်ငန်းခွင်ထဲ ပြန်ဝင်မယ့် သူတွေကတော့ အများအပြားရှိနေပါပြီ။ မဖြစ်မနေလုပ်ငန်းခွင် ဝင်ရမယ့်သူတွေအတွက်ကတော့ ဒီအချိန်ဟာ စိန်ခေါ်မှုတစ်ခုဖြစ်နေမှာ အသေအချာပါပဲ။ ရောဂါကူးစက်မခံရစေဖို့နဲ့ ရောဂါပြန်လည်ဖြန့်ဝေတဲ့သူမဖြစ်စေဖို့ ပတ်ဝန်းကျင်အတွက်၊ မိသားစုအတွက် မိမိကိုယ်တိုင်က ဂရုတစိုက်ကာကွယ်ဖို့အရေးကြီးပါတယ်။ ဒါကြောင့် လုပ်ငန်းခွင်ဝင်ရောက်နေတဲ့ သူတွေအတွက် မဖြစ်မနေဂရုပြုရမယ့်အရာလေးတွေကို ပြောပြပေးချင်ပါတယ်။

အဟာရပြည့်ဝအောင်စားသုံးပါ။


ကိုယ်ခံအားကောင်းတဲ့သူတွေအတွက်ကတော့ တော်ရုံရောဂါတွေဝင်မလာနိုင်တာကတော့ လက်တွေ့ပါပဲ။ ဒါကြောင့် ကိုယ်ခံအားကောင်းစေဖို့အတွက် အဟာရပြည့်ဝတဲ့အစားအစာတွေကို များများစားပေးပါ။ ဒီလို စားသုံးတဲ့အခါမှာလည်း သန့်ရှင်းလတ်ဆတ်စေဖို့အတွက် ထမင်းချိုင့်ကို မိမိအိမ်မှာ ပြင်ဆင်ဖို့လိုပါတယ်။ ဒါမှသာ စိတ်ချလက်ချနဲ့ အဟာရပြည့်ပြည့်ဝဝ စားသုံးနိုင်မှာပါ။

ရေများများသောက်ပါ။


အခုချိန်ဟာ နွေရာသီကာလလည်း ဖြစ်တာကြောင့် ချွေးထွက်များခြင်းကြောင့် ခန္ဓာကိုယ်ထဲမှာရှိတဲ့ ရေဓာတ်တွေခမ်းခြောက်နိုင်ပါတယ်။ ဒါကြောင့် ရေများများသောက်ပါ။ အားဖြည့် အချိုရည် ဒါမှမဟုတ် ဓာတ်ဆားရည်တို့ကိုလည်း သောက်သုံးပေးခြင်းဖြင့်လည်း ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ပြန်လည်ဖြည့်တင်းနိုင်ပါလိမ့်မယ်။

လေ့ကျင့်ခန်းလုပ်ပါ။


GYM သွားပြီးလေ့ကျင့်ခန်းလုပ်ရမယ်လို့ မဆိုလိုပါဘူး။ မိမိတို့အိမ်မှာ ရေချိုးခါနီးဖြစ်စေ မနက်စောစောပိုင်းဖြစ်စေ အသက်ရှုလေ့ကျင့်ခန်းကဲ့သို့သော အဆုတ်အားကောင်းစေမယ့် လေ့ကျင့်ခန်းမျိုးကို ပြုလုပ်ခြင်းက ရောဂါကို ခုခံနိုင်ဖို့အတွက် သင့်ကို တစ်ဖက်တစ်လမ်းကအထောက်အကူပြုပါလိမ့်မယ်။ လတ်တလောဖြစ်ပွားနေတဲ့ရောဂါက ခန္ဓာကိုယ်အတွင်းမှာ ဖြစ်ပေါ်တတ်တဲ့ရောဂါဖြစ်တာကြောင့် အဆုတ်အားကောင်းစေဖို့လိုပါတယ်နော်။

အပြင်ထွက်တဲ့အခါ Mask တပ်ပါ။ Hand Gel ဆောင်ပါ။


ဒီအချက်ကတော့ COVID - 19 ကို ကာကွယ်နိုင်ဖို့အတွက် အခြေခံအချက်တွေအဖြစ် သိကြမှာပါနော်။ အခုချိန်မှာတော့ ပိုမိုလိုက်နာသင့်တဲ့အချက်လေးတွေပါ။ ဘယ်လိုကြောင့်ပဲ ဖြစ်ဖြစ် အပြင်ထွက်တဲ့အခါ Mask တပ်ပါ။ Hand Gel ဆောင်ပါ။ မကြာခဏ လက်ကိုသန့်စင်ပေးပါ။ အများပြည်သူနဲ့ ထိတွေ့တဲ့နေရာ ဘတ်စ်ကားစီးပြီးတဲ့အချိန်မျိုးမှာ လက်ကို သေချာဆေးကြောပေးပါ။ လုပ်ငန်းခွင်မှာလည်း မိမိအသုံးပြုရမယ့် အလုပ်နေရာကို ပိုးသတ်ပြီး ဂရုတစိုက် သန့်ရှင်းအောင်ထားပေးခြင်းဖြင့် ရောဂါကို ကာကွယ်ပေးပါ။

ပိုးသတ်ပါ။


လုပ်ငန်းခွင်မှပြန်လာတဲ့အခါတိုင်း ရေချိုးပြီး မိမိဝတ်ထားတဲ့ အဝတ်အစားကို ပိုးသတ်ပြီး တခါတည်းလျှော်ပါ။ ဝတ်ဆင်ထားတဲ့အဝတ်အစားကို နောက်ရက်အထိမထားဘဲ တစ်ခါတည်းလျှော်ပါ။ ယူဆောင်သွားတဲ့ ပစ္စည်းတွေကိုလည်း ပိုးသတ်ပါ။ ဖြစ်နိုင်ရင် ပိုးတွယ်ကပ်နိုင်တဲ့ နာရီ၊ လက်ဝတ်လက်စားအစရှိတာတွေကို ဒီလိုအချိန်မှာ မဝတ်ပါနဲ့။

 

,

Health & Fitness

သင့်ရဲ့ Personality Type နဲ့ အညီ ရွေးချယ်သင့်တဲ့ Workout ပုံစံများ

Personality နဲ့ လိုက်ပြီး လေ့ကျင့်ခန်းတွေကို ရွေးချယ်ကြည့်မယ်။

by JN Ja Seng Pan

April 13, 2020

ကြုံဖူးလားတော့မသိဘူး။ Gym သွားပြီး နောက်ရက်တွေ ထပ်သွားဖို့ Motivation မရှိတာမျိူး။ သူများတွေ Yoga ကျင့်နေကြပေမယ့် ကိုယ်တိုင်လုပ်ကြည့်တော့အဆင်မပြေတာမျိူး။ Zumba ကဖို့ လူအများကြီးရှိလို့ မလုပ်ချင်တာမျိုးဖြစ်ဖူးကြမှာပါ။ ဒါက ကိုယ့်ရဲ့ Personality နဲ့ မကိုက်ညီတဲ့ရွေးချယ်မှုကို ပြုလုပ်မိတဲ့အခါမှ ဖြစ်ပေါ်တတ်ပါတယ်။ ကိုယ်က ဘယ်လိုလူမျိုးလဲ၊ ဘယ်လိုနေထိုင်ပြုမှုလဲဆိုတာကို အရင်ဆုံးလေ့လာဆန်းစစ်ပြီးမှ သင့်တော်မယ့်လေ့ကျင့်ခန်းကို ရွေးချယ်တာက အကောင်းဆုံးပါ။ ငွေကုန်၊အချိန်ကုန်ပြီး ထူးခြားမှုမရှိပဲမဖြစ်ရလေအောင် ကိုယ်ကိုယ်တိုင်က စိတ်ပါဝင်မှုရှိပြီး တက်ကြွနေမှရမှာပါ။ အခြားနိုင်ငံတွေမှာတော့ Personanlity နဲ့လိုက်ပြီး Workout လုပ်နည်းတွေကို အမျိူးမျိုးရွေးချယ်ကြပါတယ်။ ကဲဒီတော့ ကိုယ်တွေလည်း Workout လုပ်ရင်း Physical ကော Mental ပါ အားကောင်းကျန်းမာအောင် ကိုယ့်အကျင့်စရိုက်နဲ့ လိုက်ဖက်မယ့် Exercise လုပ်နည်းတွေကို ပြုလုပ်ကြည့်ရအောင်။ ဘာတွေလဲဆိုတာသိရအောင် ကိုယ်တိုင်ပဲ အဖြေထုတ်ကြည့်လိုက်တော့နော်။

Crossfit



စာအုပ်ဖတ်လေ့ရှိပြီး ဉာဏ်ကောင်းတဲ့သူတွေပါ။ Elon Musk တို့ Arnold Schwarxenegger တို့လို လူမျိူးတစ်ယောက်ပါ။ အကင်းပါးတယ်၊ ကိုယ့်ကိုယ် ယုံကြည်မှုအပြည့်ရှိတယ်၊ ဆုံးဖြတ်ချက်ပြတ်သားတဲ့သူတွေပဲဖြစ်ပါတယ်။ စဉ်းမျဉ်းစည်းကမ်းများတဲ့ ပတ်ဝန်းကျင်နဲ့ အဆင်ပြေလေ့မရှိတဲ့သူတွေပါ။
သူတို့တွေအတွက်က အပြောင်းအလဲ၊ လှုပ်ရှားမှုတွေများတဲ့ Crossfit လေ့ကျင့်ခန်းက သင့်တော်မှာပါ။ စိတ်နဲ့ ကိုယ်နဲ့ တသားတည်းဖြစ်အောင်လှုပ်ရှားရလို့ သဘောကျမှာပါ။ Introvert စိတ်ကြောင့် အနည်းငယ်မလုပ်ချင်သလိုဖြစ်နေပေမယ့် ဒီလေ့ကျင့်ခန်းက ပေါင်းသင်းဆက်ဆံရေးကို အကျိုးပြုမှာပါ။


Home Calisthenics



တစ်ယောက်တည်းနေရတာကြိုက်ပြီး Creative ဖြစ်တဲ့လူအတွက်ပါ။ အမြဲတွေးနေလေ့ရှိပြီး အတားဆီးတွေကို ထိုးဖောက်ရဲတဲ့ Bill Gate တို့ Albert Einstein တို့လို လူမျိုးပါ။ Open minded ဖြစ်ပြီး စိတ်ကူးစိတ်သန်းကောင်းကောင်းတွေ ထွက်လေ့ရှိပါတယ်။ မလုပ်ဘူးတဲ့အရာတွေ အသစ်အဆန်းတွေကို စမ်းကြည့်ချင်ပေမယ့် Show off လုပ်ရတာမကြိုက်တဲ့အတွက် Home Calisthenics က သင့်တော်မှာပါ။ အိမ်မှာ လုပ်လို့ရသလို လူနည်းတဲ့ Gym မှာလုပ်နိုင်လို့ အခြားလူတွေကြည့်မှာကို စိုးရိမ်စရာမလိုတော့ဘူးပေါ့။

Powerlifting



ဦးဆောင်လိုစိတ်များပြီး သူများတွေကို လွှမ်းမိုးတတ်တဲ့သူတွေအတွက်ပါ။ Steve Jobs တို့ Jim Carrey တို့လို စိန်ခေါ်မှုတွေကို ကြိုက်နှစ်သက်ပြီး ဇွဲကောင်းတဲ့သူတွေပါ။ စိတ်ဓာတ်ပြင်းပပြီး တက်ကြွနေတတ်ပေမယ့် ခေါင်းမာပြီး စိတ်မရှည်တတ်တဲ့သူတွေပါ။
ဒီလို Personality ရှိတဲ့သူတွေအတွက် Individual ဆန်ပေမယ့် Challenging ဖြစ်တဲ့ Powerlifting က သင့်တော်ပါတယ်။ ဒီ Workout ရဲ့ ပုံစံကလည်း ကိုယ့်ကိုယ်ကိုယ်ပြန် Train ရတဲ့ ပုံစံဖြစ်တဲ့အတွက် ကိုယ့်ရဲ့ စိတ်ကို ထိန်းချုပ်နိုင်သလို Muscle တွေတက်အောင်၊ Body Strong ဖြစ်အောင် လုပ်ရတဲ့အတွက်ကောင်လေးတွေအနေနဲ့မိန်းကလေးတွေဆီကအားကိုးမှုကိုရရှိမှာပါ။

HIIT (High Intensity Interval Training)



သင့်ရဲ့ ချေပမှုတိုင်းက ရိုးရှင်းပေမယ့် ပျော်စရာကောင်းနေတတ်ပါတယ်။ ရည်မှန်းချက်၊ အိမ်မက်တွေရောက်ဖို့ စည်းမျဉ်းစည်းကမ်းတွေကို သိပ်အလေးမထားတတ်တဲ့သူပါ။ ဥပမာပေးရရင် Mark Twain တို့ Captain Jack Sparrow တို့လို လူမျိူးပါ။ ဖြတ်ထိုးဉာဏ်ကောင်းပေမယ့် စကားများလွယ်ပြီး အာရုံစူးစိုက်မှုနည်းတတ်ပါတယ်။

အများနဲ့ လေ့ကျင့်ခန်းလုပ်ရင်အဆင်ပြေပေမယ့် ကိုယ်ပေးထားတဲ့ Goal နဲ့ အခြားလူတွေနဲ့ ရန်မများရမယ့် ရှင်းရှင်းလင်းလင်း Workout မျိုးလိုပါတယ်။ အဲ့ဒီအတွက် HIIT က သင့်တော်မှာပါ။ အချိန်အနည်းငယ်အတွင်းထဲမှာ Calories တွေကို မြန်မြန်ဆန်ဆန် Burn ပြစ်တဲ့ လေ့ကျင့်မှုပုံစံပါ။ တစ်ကိုယ်လုံး အားကုန်သုံးပြီး မရပ်မနား Train ရတဲ့လေ့ကျင့်ခန်းမို့ အခြားလူနဲ့ စကားပြောဖို့ မပြောနဲ့ ကိုယ်တိုင်တောင် မနည်းအသက်ရှုနေရမှာပါ။

Group Run



အနေအေးပြီး Idea ကောင်းတွေရှိနေတတ်သူပါ။ ကိုယ် Type နဲ့တူတဲ့ နာမည်ကြီးတဲ့လူတွေ မရှိဘူးလို့ မထင်ပါနဲ့။ Nelson Mandela နဲ့ Martin Luther King တို့လို Type ပါ။ အားသာချက်တွေက စိတ်ကူးဉာဏ်ကောင်းတယ်၊ ယုံကြည်ချင်စရာကောင်းပြီး သံယောဇဉ်ကြီးမားတဲ့သူတွေပါ။ အားနည်းချက်ကတော့ ထိခိုက်လွယ်၊ သီးသီးသန့်သန့်နေတတ်တဲ့သူပါ။

Perfectionist သမားတွေဖြစ်တဲ့အတွက် လုပ်သင့်တဲ့ Workout ကအများနဲ့ အတူတူပူးပေါင်းလုပ်ကိုင်ရတဲ့ လေ့ကျင့်ခန်းမျိူးပါ။ Organize လုပ်တဲ့ ပွဲတွေ၊ Activity တွေ (Group Run) တို့တွေမှာ ပါဝင်သင့်ပါတယ်။ ကိုယ်တိုင်ပဲ အောင်မြင်မှုကို ခံစားတာမဟုတ်ပဲ အဖွဲ့အစည်းတစ်ခုလုံးရဲ့ အောင်မြင်မှုကိုပါ ခံစားရမှာပါ။ လူအရမ်းများတဲ့ ပွဲတွေမှာတော့ ကျဉ်းကျပ်တာမျိုးခံစားရမှာဖြစ်တဲ့အတွက် ရန်ပုံငွေပွဲတို့ အသင်းအဖွဲ့တစ်ခုခုက လုပ်တဲ့ နေရာတွေမှာ ပွဲအသေးတွေမှာ ပါဝင်နိုင်ပါတယ်။

Vinyasa Yoga



သနားကြင်နာတတ်တဲ့ Idealist သမားတွေအတွက်ပါ။ အရာရာကို အကောင်းမြင်တတ်တဲ့သူဖြစ်ပြီး J.R.R Tolkien နဲ့ Shakespeare တို့လို ပွင့်လင်းပြီး Flexible ဖြစ်တဲ့သူတွေပါ။ တစ်ခုမကောင်းတာက စိတ်ကူးယဉ်ဆန်လွန်းပြီး လက်တွေ့ပိုင်းမှာ အားနည်းနေတတ်ပါတယ်။ Data တွေနဲ့ အလုပ်လုပ်ရတာ မုန်းတဲ့သူတွေလည်းဖြစ်ပါတယ်။

ဒီလိုပြဿနာအတွက် သင့်ကို နည်းစနစ်တွေနဲ့ တိုးတက်မှုနှုန်းမတိုင်းတာပဲ အကျိးရလဒ်မြင်တွေ့စေမယ့် လေ့ကျင့်ခန်းမျိုးလိုအပ်ပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ Carefree ဖြစ်တဲ့ Personality အတွက် Vinyasa Yoga က သင့်တော်မှာပါ။ သဘာဝကို အခြေခံပြီး စိတ်ကြည်လင်အောင်လုပ်ရတဲ့ လေ့ကျင့်ခန်းဖြစ်တာကြောင့် သဘောတွေ့မှာပါ။

Dance Class



အဖွဲ့ထဲမှာ အမြဲဦးဆောင်ပြီး မပျင်းရအောင် လုပ်တတ်တဲ့သူတွေအတွက်ပါ။ စိတ်လှုပ်ရှားစရာကောင်းမယ့်အရာတွေ အမြဲရှာဖွေနေတတ်ပြီး နေထိုင်မှုပုံစံက အမြဲအဆင့်မြင့်နေတတ်သူပါ။ Serena Willams နဲ့ Jamie Foxx တို့လို ကိုယ်ရည်ကိုယ်သွေးရှိသူပါ။ လူတွေနဲ့ ပြောဆိုဆက်ဆံတာပိုင်နိုင်ပြီး အပိုအလိုမရှိတဲ့သူတစ်ယောက်ပါ။ ဒါပေမယ့် အလွယ်တကူ ပျင်းရိလွယ်ပြီး၊ ရေရှည်စီမံကိန်းတွေနဲ့ အဆင်မပြေတတ်သူပါ။

အဆင်ပြေမယ့် အချိန်ဇယားနဲ့ ပျော်စရာကောင်းမယ့် လေ့ကျင့်ခန်းကိုရှာနေရင်တော့ Dance Class တွေက အသင့်တော်ဆုံးဖြစ်မှာပါ။ Zumba တို့ Salsa Tango တို့လို Class မျိုး မဟုတ်ပဲ သီချင်းနှစ်ပုဒ်နဲ့တင် Energy တွေလောင်ကျွမ်းပြီး မောပန်းစေမယ့် လေ့ကျင့်ခန်းမျိူး ရွေးချယ်ဖို့လိုပါတယ်။ အများကို ဖျော်ဖြေရတာကြိုက်တဲ့အတွက် ကိုယ်လုပ်မယ့် လေ့ကျင့်ခန်းက အမိုက်စား Performance တစ်ခု ဖြစ်နေတာ မကောင်းဘူးလား။

 

, , ,

Health & Fitness

COVID - 19 ရောဂါအတွက် Cobas 6800 Analyser စက်တစ်လုံး လှူဒါန်းလိုက်တဲ့ AA Medical Product

COVID - 19 ရောဂါအတွက် ၂၄ နာရီအတွင်း လူပေါင်း ၁၃၀၀ကျော် စစ်ဆေးနိုင်တဲ့ Cobas 6800 Analyser စက်တစ်လုံး (Made in Switzerland) ကို လှူဒါန်းခဲ့ပါတယ်။

by Lin Lin

April 6, 2020

AA Medical Product (Pacific AA Group ) မှ COVID – 19 ရောဂါအတွက် ၂၄ နာရီအတွင်း လူပေါင်း ၁၃၀၀ကျော် စစ်ဆေးနိုင်တဲ့ Cobas 6800 Analyser စက်တစ်လုံး (Made in Switzerland) ကို လှူဒါန်းခဲ့ပါတယ်။


Roche Diagnostic Medical Device Company မှ Covid-19 ရောဂါ ရှိမရှိ Automatic စနစ်ဖြင့် တိကျမြန်ဆန်စွာ စစ်ပေးနိုင်သော Roche Cobas 6800 Analyser စက်တစ်လုံးနှင့် တွဲဖက်သုံးစွဲရမည့် SARS-CoV-2 Reagent အသစ်ကိုတီထွင်ပြီးပြီးခြင်း US FDA တွင် မှတ်ပုံတင်ရရှိပြီးသည်နှင့်တပြိုင်နက် မြန်မာပြည်အတွက် ခွဲတမ်းရနိုင်ရန် ကြိုးစားခဲ့ရာ American နိုင်ငံမှ Frankfurt လေဆိပ်သို့ရောက်ရှိနေပြီဖြစ်ပါတယ်။


ဒါ့အပြင် Cobas 6800 analyser စက်နှင့်တွဲဖက်၍ လူအယောက် (၁၁၀၀) ကျော် စစ်ဆေးနိုင်သည့် ရောဂါရှာဖွေရေးဆေးရည် Reagent (Made in USA) ၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်း (NHL) ၏ Virology Lab အဆင့်မြှင့်တင်မှူလှူဒါန်းခြင်း (lab renovations including Air corn & lab fixtures/fittings) အပါအဝင် စုစုပေါင်း တန်ဖိုးကျပ် 835,200,000/- (ကျပ်သိန်း – ၈၃၅၂သိန်း) ကို ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ လှူဒါန်းခဲ့ပါတယ်။
AA Medical Product မှ COVID-19 အတွက် ပထမအကြိမ်နှင့် ဒုတိယအကြိမ်လှူဒါန်းမှူ စုစုပေါင်းမှာ ကျပ် သိန်း (8852)သိန်း ဖြစ်တယ်လို့လည်း သိရပါတယ်။

 

, ,