×
Celebrity Style

အချိန်နှစ်နာရီအတွင်း ဆန်းဆန်းပြားပြား ဝတ်စုံ (၉)စုံ လဲပြီး ပရိတ်သတ်တွေကို ဝိုးခနဲဖြစ်စေခဲ့တဲ့ Gaga

သတ်ချ…....

by JN Ja Seng Pan

August 31, 2020

Lady Gaga ပွဲတစ်ခုတက်တော့မယ်ဆိုရင် ကမ္ဘာတစ်ဝှမ်းက ပရိတ်သတ်တွေ စောင့်ကြည့်ရတာအမောနော်။ ပွဲတိုင်းမှာ မရိုးရအောင် ဝိုးခနဲ၊ ဝါးခနဲလုပ်နိုင်တဲ့ ဆရာမကြီးပါ။ ဒီ တစ်ခေါက် 2020 VMA Award မှာလည်း Fashion ပိုင်းကော Performance ပိုင်းမှာပါ လူတွေ ပြောစရာဖြစ်အောင် လုပ်ခဲ့ပြန်ပါတယ်။ ဆု ၅ဆုပိုင်ဆိုင်ခဲ့တာဖြစ်ပြီး အဲ့ဒီထဲက ၂ဆုကတော့ Ariana Grande နဲ့ ပေါင်းပြီး Artist of the Year နဲ့ One World: Together at Home နဲ့ Best Quarantine Performance ဆုကိုရခဲ့တာဖြစ်ပါတယ်။
ဆုလက်ခံရရှိတဲ့ Speech နဲ့ သီချင်းတွေကို မတူညီတဲ့ ဝတ်စုံတွေနဲ့ ဖျော်ဖြေတင်ဆက်ခဲ့တာဖြစ်ပါတယ်။ ကဲ Lady Gaga ရဲ့ အမိုက်စား Outfit တစ်ထည်ချင်းကို လက်မလွတ်ရအောင် Article ကို ကျော်မသွားဖို့ လိုမယ်နော်။

Area


VMA ရဲ့ Signature Moon Person ကို ပြန်ပြီး Design ထွင်ထားတဲ့ Outfit ပါ။ Muscarella က အကြည်ရောင် Helmet ရယ် Pleasers က Black Platform က အားလုံးကို သတ်ချသွားတာအမှန်ပါ။


Iris van Herpen

Iris van Herpen ရဲ့ ရောင်စုံ Multi Colored Ensemble ကို ဝတ်ဆင်ပြီး ဆုတက်ယူခဲ့တာဖြစ်ပါတယ်။ ဒီ ဝတ်စုံကို ပိုပြီးထိမိုက်သွားစေတာကတော့ Cecilio Castrillo က ပန်းရောင် Face Mask ကြီးပါ။


Christoper John Rogers

ခပ်မိုက်မိုက်၊ ခပ်ဂေါ်ဂေါ် Predator လေးကြနေတာပဲ။ ဒီအစိမ်းရောင် Ball Gown ကားကားကြီးကတော့ ရက်ရက်စက်စက်ကို လှတာပါ။ Christoper John Rogers က ဝတ်စုံဖြစ်ပြီး Lance V Moore Face Mask ကို တပ်ဆင်ထားတာဖြစ်ပါတယ်။


Valentino

Valentino က စီးကွင့်အပြည့် Body Suit နဲ့ White Feather Coat ကို ဝတ်ဆင်ထားတာပါ။ သိပ်ကို လှပလွန်းမနေဘူးလား။


Candice Cuoco

Candice Cuoco က Jacket၊ Manuel Albarran က Bra နဲ့ Choker ရယ်၊ Maisonmet Mask နဲ့ Valentino Bodysuit ကို ဝတ်ဆင်ထားတာပါ။


Vex Clothing

စိမ်းပြာရောင် Latex Outfit နဲ့ အမိုက်စားဖျော်ဖြေသွားခဲ့တာဖြစ်ပါတယ်။ ဒီ Full Outfit အတွက် Brand တော်တော်များများကို အသုံးပြုထားတယ်လို့ဆိုပါတယ်။


Deadly Fetish Couture


ဆွဲဆောင်မှုပြင်းလွန်းအားကြီးတဲ့ ဒီ Outfit က Deadly Fetish Couture က အသုံးပြုထားတာပါ။


BCalla

သီချင်းဖျော်ဖြေမှုအတွက် ဝတ်ဆင်သွားခဲ့တဲ့ Outfit တွေထဲက တစ်စုံပါ။ Gaga တစ်ယောက် သူချစ်တဲ့ အနုပညာအတွက် ဘယ်လောက်တောင်ကြိုးစားထားလဲဆိုတာ ဒီဝတ်စုံတွေက သက်သေနော်။


Pleasers


ဆုတွေအများကြီး သိမ်းပိုက်သွားတဲ့ Gaga တစ်ယောက် ပွဲအပြီးမှာတော့ Graphic Tee လေးနဲ့ Platform Boot နဲ့ ပေါ့ပေါ့ပါးပါး အထာကျနေတာကို ဒီလိုတွေ့ရမှာပါ။

,
Celebrity Style

မြင်တာနဲ့ ကြွေဆင်းသွားမယ့် Flower of Evil ထဲက ဆံရှည်မင်းသား Kim Ji Hoon ရဲ့ ဓာတ်ပုံများ

တဖြုတ်ဖြုတ်ကြွေ

by JN Ja Seng Pan

September 17, 2020

ခုတစ်လော နာမည်ကြီးနေတဲ့ Korea Series တွဲလေး ကြည့်ပြီးပြီလား။ Flower of Evil ဆိုတဲ့ Series လေးက တော်တော်လေးစိတ်ဝင်စားစရာကောင်းလို့ အပိုင်းသစ်ထွက်မယ့် အချိန်ကို စောင့်ရတာအမောနော်။ မင်းသားက Lee Jun Ki ဆိုတော့ မိန်းကလေးပရိတ်သတ်တွေများမှာ ပြောစရာမလိုပေမယ့် Villian Character အနေနဲ့ သရုပ်ဆောင်တဲ့ ကိုဆံရှည် Kim Ji Hoon ကိုလည်း ချန်ထားလို့မရပါဘူး။

ဗီလိန်နေရာကနေ သရုပ်ဆောင်တာ ကြောက်စရာကောင်းသလောက် သူ့ရဲ့ ဆွဲဆောင်မှုကောင်းတဲ့ ရုပ်ရှင်သွင်ပြင်ကလည်း ပရိတ်သတ်တွေကြားမှာ ရေပန်းစားလို့နေပါတယ်။ သူ့ရဲ့ အရင်ရုပ်ရှင်တွေနဲ့မတူတဲ့ Style အသစ်နဲ့ တော်တော်လေးလိုက်ဖက်ပြီး ကြည့်ကောင်းနေတာတွေ့ရပါတယ်။ ပိုပြီးရင်ခုန်သွားစေမယ့် အမိုက်စား ပုံလေးတွေကိုလည်း ရှိလို့ ကြည့်ဖို့အတွက် ကြိုပြီးပြင်ဆင်ထားကြပါ။ စွဲလန်းသွားရင် တာဝန်မယူပါဘူးနော်။

, , ,

Celebrity Style

Editor အကြိုက်ဆုံး TV Show ထဲက Iconic Outfit များ

သူတို့တွေကိုကြည့်ပြီး ဝတ်ချင်သွားပြီမလား

by May Shoon

September 14, 2020


လူငယ်တွေကြားမှာ TV Show တွေ Netflix Series တွေကအရမ်း လူကြိုက်များလာပြီး ဒီ TV Show တွေရဲ့ အမိုက်စား Plot တွေနဲ့ ဇာတ်လမ်းထဲကသူတို့ရဲ့ ဝတ်စားဆင်ယင်မှုတွေက လူငယ်တွေအတွက်တင်မက လူလတ်ပိုင်း Fan တွေအတွက်ပါ Inspire ယူစရာဖြစ်လာတယ်။ တစ်ချို့ Character တွေဆို ဇာတ်လမ်းကို မသိရင်တောင်မှ သူ့ရဲ့ Outfit နဲ့ Style ကိုကြည့်ပြီး ဘယ် TV Show လဲဆိုတာသိနေကြပြီ။ မိန်းကလေးတွေအတွက်လည်း Millie Bobby Brown နဲ့ Nina Dobrev တို့ရဲ့ Style တွေကလည်း Aesthetic ဆန်တဲ့ Vibe တွေမို့ မိန်းကလေးတိုင်းအကြိုက်တွေ့နေကြတာပေါ့။ တကယ်လို့သင်လည်းသင့်ရဲ့ Style ကို Aesthetic ဆန်ဆန် Upgrade လုပ်ချင်တယ်ဆို TV Show တွေရဲ့ အမိုက်စား Outfit တွေကို Inspire ယူပြီး ပြန်လည်ဖန်တီးကြည့်လို့ရပါတယ်။ အဲ့ Netflix Series တွေထဲကမှ အရမ်းလည်း မိုက်တဲ့ Editor အကြိုက်ဆုံး Iconic Style လေးတွေကို ရွေးချယ်ပေးလိုက်ပါတယ်။
ဘယ်သူ့ဖက်ရှင်လေးတွေက အမိုက်ဆုံးလို့ထင်လဲ။


Stranger Things
1980 ဝန်းကျင် Indiana မှာ ဇာတ်အိမ်တည်ထားတဲ့ ဒီ Horror Series ကို မကြည့်ဖူးရင်တောင် မသိတဲ့သူတော့မရှိသလောက်ပါပဲ။ Series တစ်ခုလုံးက စိတ်ဝင်စားစရာကောင်းပြီး Mystery ဆန်ပါတယ်။ ပါဝင်သရုပ်ဆောင်ထားတဲ့ ဆယ်ကျော်သက်လေးတွေရဲ့ ဖက်ရှင်ကလည်း 70's-80's Retro Signature Look တွေဖြစ်တဲ့ High-Waisted Trousers တွေ၊ Baggy Jeans တွေ၊ Overall တွေနဲ့ Stripes တွေကို မြင်တွေ့ရမှာပါ။ Print တွေဆိုရင်လည်း အပွင့်ကြီးကြီးနဲ့ အရောင်တောက်တောက် Graphic Print Collar-Shirt တွေကထင်ပေါ်နေပါတယ်။ Old-School Look တွေကိုကြိုက်သူများအတွက် လက်မလွတ်သင့်တဲ့ Fashion တွေပါ။


Riverdale
Riverdale Cast တွေကတော့ Sweet ဖြစ်တဲ့ Style နဲ့ Edgy ဖြစ်တဲ့ Style ကို ရောသမမွှေထားတဲ့ School Girl Fashion Vibe တွေဖြစ်ပါတယ်။ အဲ့ထဲမှာ Editor သဘောအကျဆုံးကတော့ Betty နဲ့ Cheryl ရဲ့ Outfit လေးတွေပါပဲ။ Betty ကတော့ ကိုယ်လုံးအလှကိုပေါ်လွင်စေတဲ့ Skinny Jeans၊ Chealsea Boots နဲ့ Leather Jacket လေးတွေကိုဝတ်လေ့ရှိတယ်။ Cheryl ကတော့ Cheerleader ပီပီ Tennis Skirt၊ Sport Jersey နဲ့ Bodyfit Top လေးတွေနဲ့ တွေ့ရများပေမယ့် အထာကျနေတာတော့အမှန်ပဲ။


Friends
Friends Series ထဲကဖက်ရှင်တွေထက်မိုက်တာတော့ မရှိတော့ဘူး။ နည်းနည်းတော့ Old School ဖြစ်ကောင်းဖြစ်ပေမယ့် အခုချိန်ထိ Editor ကိုယ်တိုင်လည်း Daily Wear တွေမှာ Inspire ယူနေရဆဲ Fashion တွေလို့လည်းပြောလို့ရပါတယ်။ ဒီ Friends Series ထဲမှာဆို မိန်းကလေးသူငယ်ချင်းသုံးယောက်ရှိသလို သူတို့တွေရဲ့ ဖက်ရှင် Taste တွေကလည်းလုံးဝမတူပါဘူး။ Rachel ကတော့ Chic ဖြစ်တဲ့ Plaid Skirt၊ Turtle Neck နဲ့ Collared Shirt လေးတွေကို ကြိုက်နှစ်သက်သူပါ။ Phoebe ကတော့ Bohemian Princess လို့ပြောရအောင် Maxi Dress တွေ၊ Cardigan တွေနဲ့ Pattern Skirt လေးတွေကို ဝတ်ဆင်လေ့ရှိပြီး Monica ကတော့ Jeans တွေနဲ့ Tank Top တွေကိုသူ့ Signature Style ဖြစ်အောင်ဝတ်ပြသွားပါတယ်။

 

The Vampire Diaries
အားလုံးသိကြတဲ့အတိုင်း The Vampire Diaries ရဲ့ Style တွေကတော့ Gothic၊ Grunge နဲ့ Edgy ဖြစ်တဲ့ အငွေ့အသက်တွေ လွှမ်းခြုံနေတာပါ။ Checked Print၊ Lace Dress နဲ့ Leather Jacket တွေကို အထာကျကျတွဲစပ်ထားပါတယ်။ အရောင်ကိုလည်း Dark Tones တွေဖြစ်တဲ့ Black၊ Maroon၊ Grey ကာလာတွေကို အဓိက Highlight လုပ်ထားပါတယ်။ ဆွဲဆောင်မှုရှိတဲ့ Dress လေးတွေနဲ့အရမ်း Sexy ကျနေတဲ့ မင်းသမီးတွေရဲ့အလှကတော့ ဂေါ်ထွက်နေတာပဲနော်။

To All The Boys I Loved Before
Sweet and Cute လည်းဖြစ်ရမယ်၊ လုံလုံခြုံခြုံလည်းဖြစ်ရမယ်ဆိုရင်တော့ Lara Jeans ရဲ့ဖက်ရှင်လေးတွေကို သင်နှစ်သက်မှာပါ။ Lara Jeans ရဲ့ Outfit လေးတွေက ရိုးရိုးရှင်းရှင်းဆိုပေမယ့် ချစ်စရာကောင်းတဲ့ ကျောင်းသူလေးတစ်ယောက်ဖြစ်နေတာကိုတော့ ဘယ်သူမှမငြင်းနိုင်ပါဘူး။ အရောင်ဆိုရင်လည်း မျက်စိအေးစေမယ့် Pastel ကာလာလေးတွေ၊ Girly ကာလာလေးတွေကို အသုံးပြုထားပြီး Sweater တွေ၊ Bomber Jacket တွေနဲ့ သိုးမွေး Cardigan လေးတွေကိုလည်း တော်တော်များများ ဝတ်ဆင်ထားပါတယ်။

Photo sources from Pinterest.

, , , ,

Celebrity Style

BLACK PINK အဖွဲ့ဝင်တစ်ယောက်ချင်းစီကဘယ် Brand ရဲ့ Ambassador တွေလဲ

ဒိတ်ဒိတ်ကျဲဖြစ်နေတာလည်းမပြောနဲ့ Endorse လုပ်ထားတဲ့ Brand တွေကိုလည်း ကြည့်လိုက်ဦး

by May Shoon

August 26, 2020

အခုချိန်မှာ BLACK PINK လို့ပြောလိုက်ရင် Korean နဲ့ Asian မှာတင်မကပဲတစ်ကမ္ဘာလုံးမှာပါ ပရိသတ်တွေအခိုင်အမာရရှိထားတဲ့ Girl Band ဆိုလည်းမမှားပါဘူး။ သူတို့ရဲ့မြူးကြွတဲ့ Music အပြင်အဖွဲ့ဝင် အချောအလှလေးတွေဖြစ်တဲ့ Jennie၊ Lisa၊ Jisoo နဲ့ Rosé တို့ရဲ့ Fashionable ဖြစ်တဲ့ Style တွေကြောင့်လည်း အများကြားမှာ Iconic ဖြစ်တာပါ။
ဒီလို ငယ်ငယ်နဲ့အောင်မြင်တဲ့ Girl Band အတွက်တော့ International ကုန်ပစ္စည်းနဲ့ Service တွေက Brand Endorsement တွေပြိုင်အဆိုင်လုပ်လာကြတယ်။ BLACK PINK တစ်ဖွဲ့လုံးကလည်း Multinational Brand ကြီးတွေဖြစ်တဲ့ Adidas၊ Samsung တို့ရဲ့ Brand Ambassador တွေဖြစ်သလို သူတို့တစ်ယောက်ချင်းဆီမှာလည်း Endorse လုပ်ထားတဲ့ ကိုယ်ပိုင် Brand တွေရှိကြပါတယ်။
သူတို့ရဲ့ ကိုယ်ပိုင်အလှတရား၊ ဖက်ရှင်နဲ့ Talent တွေကိုပေါင်းစပ်လိုက်တဲ့အခါ နိုင်ငံတကာ Luxry Fashion House ကြီးတွေရဲ့ မျက်စိကျစရာဖြစ်လာတာ ဆန်းတော့မဆန်းပါဘူး။ ဒါပေမယ့် သူတို့ Ambassador အဖြစ်လက်ခံလိုက်တဲ့ Brand ကြီးတွေရဲ့ Identitiy တွေက BLACK PINK လေး တစ်ယောက်ချင်းစီရဲ့ Personal Style တွေ Traits တွေနဲ့ လိုက်ဖက်မှုရှိနေတာတော့အမှန်ပါ။
ကဲဒါဆို ဘယ်သူတွေက ဘယ်နာမည်ကျော် Brand ကြီးတွေရဲ့ Ambassador တွေဖြစ်နေလဲဆိုတာကြည့်လိုက်တော့နော်။


Jennie for Chanel
Jennie ကို သူ့ရဲ့ အဆို Talent တစ်ခုတည်းကြောင့်မဟုတ်ပဲ Unique ဖြစ်တဲ့ Fashion Taste ကြောင့်လည်း အားလုံးကကြွေနေရတာပါ။ Jennie ကိုမြင်လိုက်တာနဲ့ Chanel Brand ကတစ်ထပ်တည်း ပါလာတာပါ။ ဟုတ်ပါတယ်။ French Fashion House ကြီး Chanel ရဲ့ Brand Ambassador မဖြစ်ခင်တည်းက Jennie က Chanel ကို အရမ်းကြိုက်တဲ့ အမာခံ Fan ပါ။ Young and Trendy ဖြစ်တဲ့ Jennie က Chanel ကိုအလှပဆုံး Represent လုပ်ပေးနိုင်သူပါ။

 

Rosé for Saint Laurent
Vocalist အချောအလှလေး Rosé ကို Korean Brand Ambassador အဖြစ်ခန့်အပ်လိုက်တာကတော့ အားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ Yves Saint Laurent ပါ။ စည်းဘောင်ကန့်သတ်ချက်တွေကိုတွန်းထုတ်ပြီး Creativity ဖြစ်တဲ့ Concept ကို အသားပေးတဲ့ Saint Laurent ဖို့ Rosé ရဲ့ Edgy ဖြစ်တဲ့ အသွင်အပြင်လေးက တစ်ထပ်တည်းဖြစ်နေစေတယ်လေ။

 

Lisa for Celine
Girl Band ရဲ့ အငယ်ဆုံးလေး Lisa ကတော့ Member ထဲမှာ Instagram Follower အများဆုံးလို့လည်းပြောလို့ရပါတယ်။ Lisa ကသွက်လက်တယ်၊ Strong ဖြစ်တယ်၊ ရက်ရောတဲ့ Personality ရှိသူမို့ French Fashion House Celine ကသဘောကျသွားတာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ Celine ရဲ့ Latest Collection တွေကလည် Trendy ဖြစ်ပြီး Vibrant ဖြစ်တဲ့ အပြင်အဆင်တွေကြောင့် Lisa ရဲ့ Ambassador Position နဲ့ဆိုကွက်တိပဲပေါ့။


Jisoo for Dior
BLACK PINK အဖွဲ့ရဲ့ အသက်အကြီးဆုံး အဖွဲ့ဝင်လေး Jisoo ကတော့ ရင့်ကျက်တည်ငြိမ်ခြင်းနဲ့ Classy ဖြစ်တဲ့၊ Girly ဖြစ်တဲ့ ကောင်မလေးမို့ Elegance ကိုကိုယ်စားပြုတဲ့ Dior ရဲ့ Korean Ambassador ဖြစ်လာပါတယ်။ Dior ရဲ့ Clothing၊ Perfume နဲ့ Cosmetic Line တွေက မိန်းကလေးဆန်ဆန် Jisoo ရဲ့ Style နဲ့ တစ်ထပ်တည်းကျနေပါတယ်။ French Fashion House ကြီး Dior ကတော့ ရွေးချယ်တာမှန်ကန်တယ်ပြောရမှာပါ။

, , , , , ,

Celebrity Style

Lisa ဝတ်ဆင်ခဲ့တဲ့ စင်မြင့်ထက်က အလန်းစားဖက်ရှင်များ

Lisa ကတော့ အရုပ်မလေးတစ်ရုပ်လို အမြဲလှနေတာပါပဲ

by Randy Win

July 14, 2020


               ပရိသတ်များစွာရဲ့ချစ်ခင်မှူနဲ့အတူ အောင်မြင်မှူတွေအများကြီးပိုင်ဆိုင်ထားတဲ့ Black Pink အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Lisa ဟာ ထူးခြားလှပတဲ့မျက်နှာလေးနဲ့ သူမရဲ့Talent တွေကြောင့် လူချစ်လူခင်အရမ်းကိုပေါများတဲ့ Idol လေးတစ်ယောက်အဖြစ် အားလုံးလက်ခံထားပြီးဖြစ်ပါတယ်။ နာမည်အရင်း Lalisa Manoban ဆိုတဲ့ အသက် ၂၃နှစ်အရွယ် သူမဟာ ထိုင်းနိုင်ငံသားတစ်ဦးဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာ YG Entertainment လက်အောက်က Blackpink girl band ရဲ့ အဖွဲ့ဝင်တစ်ယောက်အဖြစ်ရွေးချယ်ခံခဲ့ရတာပါ။ လှပချောမောပြီး Talent အပြည့်နဲ့ အဆိုရောအကဘက်မှာပါ ထူးချွန်ကြတဲ့ Blackpink အဖွဲ့ဟာ အချိန်တိုတွင်းမှာပဲ အောင်မြင်ကျော်ကြားလူကြိုက်များပြီး ကမ္ဘာအနှံ့ကပရိသတ်များစွာကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ သူတို့ရဲ့ MV နဲ့ Stage Performance တွေမှာ ဝတ်ဆင်ခဲ့တဲ့ ဖက်ရှင်တွေ ဆံပင်ပုံစံတွေကလည်း သူတို့ကိုချစ်တဲ့ပရိသတ်တွေများစွာကို Trend တစ်ခုလိုဖြစ်စေတဲ့အထိဆွဲဆောင်နိုင်ခဲ့တာ အားလုံးသိပြီးဖြစ်မှာပါ။ ဒီထဲကမှ စင်မြင့်ထက်ကဖျော်ဖြေပွဲတွေမှာ Lisa ဝတ်ဆင်ခဲ့တဲ့ ဖက်ရှင်တွေကလည်း တော်တော်လေးကို သူမနဲ့လိုက်ဖက်ပြီး ဆွဲဆောင်မှူရှိလွန်းတာတွေ့ရမှာပါ။ဒါကြောင့်မို့ Lisa ဝတ်ဆင်ခဲ့သမျှထဲကမှ လှပထူးခြားပြီး Stand Out ဖြစ်နေတဲ့ စင်မြင့်ထက်က ဖက်ရှင်တချို့ကို သူမကိုချစ်တဲ့ ပရိသတ်တွေအတွက် ရွေးချယ်စုစည်းပြီးဖော်ပြပေးလိုက်ပါတယ်။

1.All White with Denim


ဇွန်လ၃၀ ရက်နေ့ ၂၀၁၈ ခုနှစ်က MBC Music Core မှာ ဝတ်ဆင်ခဲ့တဲ့ အပေါ်အောက်အဖြူဝမ်းဆက်ကိုမှ Oversize Denim ထပ်ဝတ်ထားတဲ့ Outfit လေးကလည်း သူမနဲ့အရမ်းကို လိုက်ဖက်ခဲ့တဲ့ Stage Outfit တစ်ခုဖြစ်ခဲ့ပါတယ်။ ဒီဖျော်ဖြေပွဲမှာ တစ်ဖွဲ့လုံးက အဖြူကိုအသားပေး ဝတ်ဆင်ထားကြတာဖြစ်ပြီး Lisa ကိုယ်တိုင်လည်း ဂါဝန်အဖြူ ၊ ဖိနပ်အဖြူ နဲ့ အဖြူရောင် accessories လေးတွေကိုဝတ်ဆင်ထားပြီး ဂျင်းအင်္ကျီအပေါ်ထပ်နဲ့ ပေါ့ပေါ့ပါးပါးလေးလှပနေတာကိုတွေ့ရမှာပါ။


2. Signature Pink


အဖွဲ့နာမည်နဲ့လိုက်အောင် ပန်းရောင်လေးတွေကို တခါတရံ မပါမဖြစ် ဝတ်ဆင်တတ်ကြတတ်ကြတာသတိထားမိမှာပါ။ ဒီတစ်ခေါက် Stage Outfit မှာတော့ Lisa က တကိုယ်လုံးကို ပန်းရောင်တွေနဲ့ဖုံးလွှမ်းထားခဲ့ပြီး လက်အိတ်ကအစ ပန်းရောင်လေးနဲ့ပါ။ သူမရဲ့ဝင်းမွတ်တဲ့အသားအရည်နဲ့ ပန်းရောင်ကအတော်လေးလိုက်ဖက်နေပြီး ဒီဝတ်စုံက Lisa ရဲ့ Iconic ဝတ်စုံတစ်ခုအဖြစ်အချိန်အတော်ကြာလေးရပ်တည်ခဲ့ပါသေးတယ်။


3. Red Crop Top and Diamond Accessories


နောက်ထပ် အမိုက်ဆုံး Stage Outfit တစ်ခုကိုဖော်ပြရမယ်ဆိုရင်တော့ Melon music award 2018 မှာ ဝတ်ဆင်ခဲ့တဲ့ အနီရောင် Snake Print အင်္ကျီကိုမှ Christopher Kane ရဲ့ Crystal ကြိုးလေးတွေပါတဲ့ အပေါ်ထပ် ကိုထပ်ဝတ်ထားတဲ့ ဝတ်စုံလေးပါပဲ။ အဲဒီအပေါ်က Crystal Fringe Topရဲ့ တန်ဖိုးဟာ $ 2295 (မြန်မာငွေ သိန်း၃၀ကျော်) တန်ဖိုးရှိတယ်လို့သိရပါတယ်။


4.Green Floral Dress with Corset


အစိမ်းရောင် ပန်းပွင့်လေးတွေပါတဲ့ Dress ကိုမှ ခါးနေရာမှာ Corset စည်းထားတဲ့ပုံစံလေးကတော့ Asian Artist Award 2016 မှာ ဝတ်ဆင်ခဲ့တဲ့ Stage Outfitလေးပါ ။ နဂို သွယ်လျပြီးသားခန္ဓာကိုယ်ပိုင်ရှင်လေးဖြစ်ပေမယ့် Corsetနဲ့လည်း အတော်လေးလိုက်ဖက်တာတွေ့ရပြီး သူမကို အသက်ရှိနေတဲ့ အရုပ်မလေးတစ်ရုပ်အလားလှပနေစေတာတွေ့ရမှာပါ။


5. White Croptop and Gold Accessories


SBS Gayo Daejun (2017) မှာ Lisa ဝတ်ဆင်ခဲ့တဲ့ အဖြူရောင် လက်ဖောင်း Crptop အင်္ကျီနဲ့ အနက်နဲ့ရွှေရောင်ကနုတ်လေးတွေပါတဲ့ ဘောင်းဘီတိုကိုတွဲဖက်ဝတ်ဆင်ထားတဲ့ပုံစံကလည်း သူမနဲ့ အရမ်းကိုလိုက်ဖက်ပေါ်လွင်တဲ့ Stage outfit တွေထဲမှာ ပါဝင်နေပါတယ်။ အဲဒါကိုမှ ရွှေရောင်ကြိုးလေးတွေကို Accessories အနေနဲ့ မွမ်းမံထားပြီး ရွှေရောင် နားကွင်းကြီးတပ်ဆင်ထားတဲ့ပုံစံက သူမနဲ့တော်တော်လေးကို ကြည့်လို့လှတဲ့ စင်မြင့်ထက်ကဖက်ရှင်တစ်ခုဖြစ်နေတယ်ဆိုတာ အသေအချာပါ။

Photo Credit to the Rightful Owners

 

, , , ,

Celebrity Style

It's okay to not be okay ဇာတ်လမ်းတွဲမှာ မင်းသမီး Seo Ye Ji ဝတ်ဆင်ခဲ့တဲ့ တန်ဖိုးကြီး ဝတ်စုံများ

Fashion တွေကလည်း ချေချ။

by JN Ja Seng Pan

July 8, 2020

Netflix က K Drama Series လေးဖြစ်တဲ့ It's okay to not be okay ဆိုတဲ့ကားလေးက ကမ္ဘာတစ်ဝှမ်းလုံးမှာ လူကြိုက်များလို့နေပါတယ်။ ဒီကားလေးထဲက မင်းသမီး Seo Ye Ji ရဲ့ Fashion တွေကတော့ အများနဲ့ မတူ တမူထူးခြားပြီး မိုက်နေတာ သတိထားမိကြမှာပါ။ ဒီကားထဲက Character Ko Mun Yeong က တွေ့နေကျ ဇာတ်ကောင်ပုံစံမဟုတ်သလို လိုချင်တာကို ရအောင်ယူတတ်တဲ့ ခပ်ရိုင်းရိုင်း၊ ခပ်ဆိုးဆိုး စာရေးဆရာမဆိုလည်း ဟုတ်ပါတယ်။ ဒီကားလေးထဲမှာ ပုံမှန်မြင်နေကျပုံစံနဲ့ ကွဲထွက်ပြီး ခမ်းခမ်းနားနား ဝတ်ဆင်တတ်တဲ့ style ကလည်း ပရိတ်သတ်တွေအတွက် ပြောစရာဖြစ်နေပါတယ်။ ဒီ Outfit တွေက ဘယ်ကလဲ၊ ဘယ်လောက်တောင်ဈေးကြီးလဲဆိုတာကို မျှဝေပေးသွားမှာဖြစ်ပါတယ်။ Spoiler Aleret မို့ မကြည့်ရသေးတဲ့သူတွေ ကျော်သွားရမယ်နော်။


စစခြင်း Episode One မှာ စာရေးဆရာမ Ko Mun Yeong ကို ကြည့်ရှုသူနဲ့ မိတ်ဆက်ပေးတဲ့ Scene လေးထဲက Look ပါ။ နှုတ်ခမ်းနီနီရဲနဲ့ အဖြု၊ အမဲ Blazor၊ Chiffon Maxi Skirt နဲ့ ခမ်းနားလို့နေပါတယ်။ ဒီအခန်းမှာ ကိုင်ထားတဲ့ Givenchy Purse လေးက သိန်း၃၀ကျော် တန်ဖိုးရှိပါတယ်။

 




ဇာတ်ဆောင်နှစ်ယောက်လုံးကို ပထမဆုံးတွေ့ဆုံစေတဲ့အခန်းလေးထဲက Look ပါ။ ဒီ Look လေးက Editor ရဲ့ အကြိုက်ဆုံး Look လေးပါ။ သူမတပ်ဆင်ထားတဲ့ မျက်မှန်က Projekt Produkt က SC7 ဖြစ်ပါတယ်။ တန်ဖိုးငွေကျပ် သုံးသိန်းခွဲကျော်ရှိပါတယ်။ ဖိနပ်က Gianvito Rossi ကဖြစ်ပြီး ၁၃သိန်းကျော်ရှိပါတယ်။






အနက်ရောင် Dress၊ လယ်သာ Ankle Boot နဲ့ ခပ်ဟော့ဟော့ Look ကိုတော့ သူမရဲ့ စာအုပ်လက်မှတ်ထိုးပွဲမှာ တွေ့ရမှာဖြစ်ပါတယ်။ Bottega Veneta က Ankle Boot လေး ဖြစ်ပြီး Direct မှာယူဖို့အတွက်ဆိုရင်တော့ Out of Stock ဖြစ်သွားပါပြီ။





အမဲတွေပဲမြင်တာများတော့ အရောင်တောက်တောက် Dress နဲ့လည်း တစ်မျိူးဆွဲဆောင်မှုရှိနေတာ တွေ့ရမှာပါ။ ဒီ Trani Dress လေးက Magda Butrym က ဖြစ်ပြီး USD Dollar 1,840 ခန့်ရှိပြီး မြန်မာကျပ်နဲ့ ဆိုရင်တော့ ၂၅သိန်းကျော်ရှိပါတယ်။






Episode 3 မှာ Ko Mun Yeong တစ်ယောက် ဆေးရုံမှာ Class တစ်ခုလုပ်တဲ့အချိန်မှာ ဝတ်ထားတဲ့ Dress လေးပါ။ Editor အရမ်းကြိုက်ရတဲ့ Next In Fashion က Winner Korea Designer Minjukim ရဲ့ လက်ရာလေးဖြစ်ပါတယ်။ ဒီ Dress လေးနဲ့ လိုက်ဖက်အောင်တွဲစပ်ထားတဲ့ Loewe က Obi Bel ကလည်း စွဲမက်စရာပါ။ ဈေးကတော့ ၁၃သိန်းကျော်ရှိပါတယ်။






ကဲ အားလုံးကြိုက်တဲ့ ဒီအခန်းလေး။ Moon Kang Tae ကို ဖွင့်ပြောတာလေးက အသက်နော်။ ဒီအခန်းမှာ သူမဝတ်ထားတဲ့ Ruffle Dress လေးက Magda Burtym ကဖြစ်ပြီး ၂၁သိန်းကျော်ပါတယ်။ သူမ ကိုင်ထားတဲ့ အိတ်ကလည်း နယ်နယ်ရရက မဟုတ်ပါဘူး။ ပြင်သစ်က နာမည်ကြီး အိတ် Brand တစ်ခုဖြစ်တဲ့ Moynat ကဖြစ်ပြီး မြန်မာတန်ဖိုးငွေ ၄၈သိန်းခန့်ရှိပါတယ်။







Episode 4 က ရင်ခုန်စရာကောင်းတဲ့ ဒီအခန်းက Look လေးကလည်း ဇာတ်လမ်းရဲ့ Tempo နဲ့ တော်တော်လေးလိုက်တာတွေ့ရပါတယ်။ ဒီဖြူလွှလွှ Dress လေးက Zimmermann ကဖြစ်ပြီး ၁၅ သိန်းခန့်ရှိပါတယ်။ အိတ်ကတော့ Fashion လောကမှာ ဆရာတစ်စူဖြစ်တဲ့ Alexander McQueen ကပါ။ Selena Gomez တို့ Naomi Campbell တို့လွယ်တဲ့ အိတ်လေးဖြစ်ပြီး Euro 1790 ရှိတာမို့ လတ်တလောပေါက်ဈေးနဲ့ဆို မြန်မာငွေ ၂၇သိန်းကျော်တန်ဖိုးရှိပါတယ်။





Episode 5 မှာ OK စိတ်ကျန်းမာရေးဆေးရုံမှာ Dr. O Ji Wang နဲ့ တွေ့ဆုံတဲ့အခန်းလေးက Look လေးပါ။ Monochromatic Look နဲ့ သိပ်ကိုအထာကျလို့နေပါတယ်။ Crepe အပျော့သား Dress က ဗီယက်နမ်ဖွား New York Designer Peter Do ရဲ့ လက်ရာဖြစ်ပြီး USD Dollar 1,124 ရှိပါတယ်။ စစ်စိမ်းရောင် Jacket ကတော့ USD Dollar 1,640 ရှိပြီး အိတ်ကတော့ Trend ဖြစ်နေတဲ့ Dior က Oblique Embroidered Denim လေးပါ။ USD Dollar 3,700 ခန့်ရှိပါတယ်။ ဒီ Look ကို ပြီးပြည့်စုံသွားစေတဲ့ Heel လေးကတော့ Gianvito Rossi ကဖြစ်ပြီး USD Dollar 1,395 ရှိတာမို့ တစ်စုံစာပေါင်းဆိုရင် မြန်မာကျပ်ငွေ သိန်း၁၀၀ကျော်လောက်ရှိပါတယ်။ Ko Mun Jeong Character ကတော့ ဘယ်လောက်တောင်ချေသလဲဆိုတာ အဝတ်အစားတန်ဖိုးတွေနဲ့တင် သေလို့ရတယ်နော်။

 

, , , ,

Celebrity Style

အသက်ကြီးပေမယ့် မပျက်စီးသေးတဲ့ ကိုရီးယားစတားများ

နုပျိုချက်ကတော့ အရွယ်နဲ့မလိုက်အောင်ပါပဲ

by Randy Win

July 1, 2020


               ကိုရီးယား အနုပညာရှင် တွေဟာ သူတို့ရဲ့ ပြိုင်စံရှားတဲ့ အနုပညာအရည်အသွေးတွေအပြင် သူတို့ရဲ့ အသက်အရွယ်နဲ့မလိုက်အောင် နုပျိုချောမောမှူတွေကြောင့်ပါ နာမည်ကျော်ကြားနေကြရတယ်ဆိုတာ အားလုံးသိထားပြီးသားဖြစ်မှာပါ။ အလှအပနဲ့ပတ်သက်ရင်လည်း အားလုံးရဲ့ ယုံကြည်ကိုးစား စိတ်ဝင်စားမှူတွေကို ရယူနိုင်ခဲ့တဲ့ တောင်ကိုးရီးယားနိုင်ငံဟာ သူတို့နိုင်ငံက အနုပညာရှင်တွေရဲ့ လှပနုပျိုမှူတွေကြောင့်လည်း အလှအပနဲ့ပတ်သက်ရင် ထိပ်တန်းနေရာကိုရောက်ရှိလာခဲ့တယ်လို့ဆိုရင်မမှားပါဘူး။ တောင်ကိုရီးယားရဲ့ ဂီတ ၊ရုပ်ရှင် အနုပညာအသိုင်းအဝိုင်းက ထိပ်တန်းအနုပညာရှင်တွေရဲ့ အသက်အရွယ်နဲ့မလိုက်အောင်နုပျိုနေမှူတွေကလည်း ကြားရတဲ့သူတွေကို အံ့သြဘနန်းဖြစ်စေမှာ အသေအချာပါ။ ရုပ်ပိုင်းဆိုင်ရာသာမက ၊စိတ်ပိုင်းဆိုင်ရာရော၊ ပညာပိုင်းဆိုင်ရာပါ နုပျိုဆန်းသစ်နေမှူတွေကြောင့် သူတို့အတွက် အသက်အရွယ်ဆိုတာ သတ်မှတ်ချက်တစ်ခုလားရယ်လို့တောင် မေးယူရတော့မယ့်အနေအထားပဲဖြစ်ပါတယ်။

Jay Park


2PM Boy Group ရဲ့ Member တစ်ယောက်ဖြစ်သလို ကိုယ်ပိုင် Music Label တစ်ခုဖြစ်တဲ့ AOMG ကိုတည်ထောင်ခဲ့သူတစ်ဦးဖြစ်တဲ့ Jay Park ဟာ သူရဲ့ ယောင်္ကျားပီသပြီး ဆွဲဆောင်မှူရှိတဲ့ အမိုက်စားဖက်ရှင်တွေ သီဆိုဟန်တွေနဲ့ ယခုချိန်ထိ မိန်းကလေးပရိသတ်များစွာကို ဆွဲဆောင်နိုင်နေဆဲဖြစ်ပါတယ်။ အသက်အားဖြင့် 33 နှစ်ရှိနေပြီဖြစ်ပေမယ့် သူ့ရဲ့ နုပျိုမှူတွေကတော့ အားလုံးမြင်တဲ့အတိုင်း ဆယ်ကျော်သက်အလန်းစားကောင်လေးတစ်ယောက်အလား ထင်နေရဆဲပါပဲ။

Shin Min-A


ချစ်စရာကောင်းတဲ့ Baby Face လေးကို ပိုင်ဆိုင်ထားတဲ့ Superstar မင်းသမီးတစ်ဦးဖြစ်တဲ့ Shin Min-A ကတော့ My Girlfriend is a Nine-Tailed Fox ,Oh My Venus လို ဒရမ်မာဇာတ်ကားတွေမှာ အဓိကနေရာကပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်များစွာရဲ့ အသည်းနှလုံးတွေကို ညှို့ငင်ဖမ်းစားနိုင်ခဲ့ပါတယ်။ ခုချိန်ထိ လှပပျိုမျစ်ပြီး နုပျိုနေဆဲဖြစ်တဲ့ သူမရဲ့ အသက်ကတော့ 36 နှစ်ထဲကို ရောက်နေပါပြီ။

Han Ye-Sul


အမေရိကန်ဖွား တောင်ကိုရီးယားမင်းသမီးလေး Han Ye-Sul ကတော့ ဆွဲဆောင်မှူပြည့်တဲ့အလှကို ထူးထူးခြားခြားပိုင်ဆိုင်ထားသူပါ။၂၀၀၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Miss Gold Digger နဲ့ ၂၀၁၁ မှာထွက်ရှိခဲ့တဲ့ Penny Pinchers ဆိုတဲ့ ဇာတ်ကားတွေမှာ လူသိများခဲ့ပြီး ၂၀၁၉ မှာတော့ Big Issue ဆိုတဲ့ဇာတ်ကားမှာ အတော်လေးကို လူကြိုက်များခဲ့ပါတယ်။ ဒီလောက်လှပနုပျိုပြီး ကြည့်ကောင်းနေတဲ့ သူမရဲ့အသက်က ၃၉ နှစ်ထဲမှာဆိုတာကို သိလိုက်ရရင် အရမ်းအံ့သြသွားမလားပဲနော်။

Kim Soo- Hyun


Dream High ဇာတ်ကားမှာ စတင်လူသိများခဲ့ပြီး အခုချိန်မှာ ပရိသတ်များစွာက သည်းသည်းလှုပ်ချစ်ရတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်နေပြီဖြစ်တဲ့ ကင်ဆိုးဟွန်းကတော့ အသက်အားဖြင့် ၃၂ နှစ်ရှိနေပြီဖြစ်ပေမယ့် ခုချိန်ထိ ကျောင်းသားဘ၀ ဇာတ်ဝင်ခန်းတွေကိုရိုက်လို့ရလောက်တဲ့အထိနုပျိုနေဆဲပါ။ ခုချိန်မှာတော့ It’s Ok Not To Be Ok ဆိုတဲ့ Ongoing ရုပ်သံဇာတ်လမ်းတွဲမှာ Seo Ye Ji နဲ့တွဲဖက်ပြီး ပရိသတ်တွေကြားမှာ အရမ်းကို Hit ဖြစ်နေတယ်လို့ဆိုရမှာပါ။

Gong Yoo


ထိပ်တန်း Hallyu Star တစ်ဦးလို့ဆိုရမယ့် Gong Yoo ကတော့ ဝိုင်ကောင်းကောင်းတစ်ခွက်နဲ့တောင်တင်စားရမယ့်သဘောပါပဲ။ Goblin , Train To Busan လိုဇာတ်ကားတွေနဲ့လည်း အတော်လေးကို ကျော်ကြားခဲ့ပြန်တဲ့ Gong Yoo ဟာ အသက်အားဖြင့် ၄၀ထဲကို ရောက်နေပြီဖြစ်ပေမယ့် အသက်ကြီးလာလေ နုပျိုမှူနဲ့အတူ အောင်မြင်မှူတွေကို သိမ်းပိုက်လာလေ ဖြစ်တယ်လို့ဆိုရမှာပါပဲ။

 

Photo Credit To The Rightful Owner

, , , , ,

MODA TV 


Celebrity Style

Tattoo အမိုက်စားတွေနဲ့ K-Idol များ

Tattoo တွေကတော့ တကယ့်အလန်းတွေချည်းပဲနော်

by Randy Win

June 18, 2020

               Tattoo ဆိုတာ ခန္ဓာကိုယ်ပေါ်က အနုပညာတစ်ခုလို့လည်းဆိုလို့ရသလို ကိုယ့်ရဲ့ အမှတ်တရတွေ စိတ်ခံစားချက်တွေစုစည်းထားရာနေရာတစ်ခုလည်းဖြစ်ပါတယ်။ ဒါကြောင့်မို့ ကိုယ့်ကိုဖော်ညွှန်းတဲ့ သင်္ကေတတစ်ခုအနေနဲ့ရော ကိုယ့်ရဲ့စိတ်ဆန္ဒအရပါ ယောက်ျားလေးရော မိန်းကလေးတွေပါ Tattoo ကို စွဲစွဲလန်းလန်း ထိုးလာကြတာကိုတွေ့ရမှာပါ။ ဒီလိုtattoo ကို အနုပညာတစ်ခု ၊အလှအပတစ်ခုအနေနဲ့ စွဲစွဲလန်းလန်းထိုးကြတဲ့အထဲမှာ ပရိသတ်အချစ်တော် K Idol တွေလည်းအများကြီးပါ၀င်တာကိုတွေ့ရပါတယ်။ အဓိပ္ပါယ်ဖွင့်ဆိုချက်အမျိုးမျိုး အကြောင်းအမျိုးမျိုးနဲ့ အမိုက်စားTattoo တွေကို ရေးထိုးထားကြတဲ့ K Idol တွေထဲကမှ အလန်းစားတက်တူးတွေပိုင်ဆိုင်ထားတဲ့ Idol တချို့ကို ရွေးချယ်စုစည်းဖော်ပြထားတာမို့ ကိုယ့် Idol မှာ ကိုယ်မသိသေးတဲ့ ဘယ်လိုTattooမျိုးတွေ ရှိနေမလဲဆိုတာ ရှာကြည့်လိုက်ရအောင်နော်။

G Dragon

သူမတူဖောက်ထွက်ကွဲပြားတဲ့ဖက်ရှင်တွေနဲ့ နှုတ်ခမ်းနီမလေးတွေသည်းသည်းလှုပ်ချစ်ရတဲ့ G dragon ကလည်း အမိုက်စားတက်တူးတွေအများကြီးပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ပါ။ လည်ပင်းအနောက်မှာ Angel တောင်ပံဖြန့်ထားတဲ့ပုံနဲ့ ဘယ်ဘက် လက်ညိုးအောက် လက်ခုံပေါ်မှာ Smile ပုံလေးကတော့ သိသိသာသာမြင်ရမယ့်အမှတ်အသားလေးဖြစ်ပါတယ်။ ပြီးတော့ ပခုံးနောက်ဘက် ၊နံစောင်းနဲ့ ခြေသလုံးလိုမျိုးမှာထိုးထားတဲ့ တခြားTattooတွေလည်းအများကြီးရှိပါသေးတယ်။

J Park

အမိုက်စားဘော်ဒီကြောင့် မိန်းကလေးပရိတ်သတ်တွေအမြဲအရည်ပျော်ကျရတဲ့ J Park ကတော့ လက်ကနေ ရင်ဘတ်ထိ ဆက်နေတဲ့ တက်တူးကြီးတစ်ခုကိုပိုင်ဆိုင်ထားပါတယ်။ အဲဒီတက်တူးမှာ စာသားတွေ ၊ခြင်္သေ့ပုံတွေ၊ရာသီခွင်အမှတ်အသားတွေနဲ့ အခြားပုံတွေအများကြီးပါ၀င်တာတွေ့ရမှာပါ။အဲဒါအပြင်ကိုမှ အခြားခန္ဓာကိုယ်နေရာအနှံ့နဲ့ လက်ချောင်းလေးတွေမှာလည်း အဓိပ္ပါယ်မျိုးစုံတဲ့တက်တူးတွေရှိနေပါသေးတယ်။

B.I (IKON)

IKON အဖွဲ့၀င်တစ်ဦးဖြစ်တဲ့ B.I ကတော့ "nihilism" ဆိုတဲ့စာသားကိုရင်ဘတ်မှာထိုးထားပြီး ခါးစောင်းမှာတော့ 'like father, like son, like master, like man' ဆိုတဲ့စာပိုဒ်တစ်ခုကိုထိုးထားတာတွေ့ရမှာပါ။ညာဘက်ကျောအနောက်မှာတော့ Dreams and Hope ကိုဖော်ညွှန်းတဲ့ ရောင်စုံတက်တူးလေးတစ်ခုလည်းရှိပါသေးတယ်။

Hyuna

ခပ်ဟော့ဟော့ အဆိုတော်မလေး Hyuna ကတော့ ကျောအနောက်မှာ 'My mother is the heart that keeps me alive' ဆိုတဲ့စာတန်းလေးကိုရေးထိုးထားတာတွေ့ရပါတယ်။ပြီးတော့ ခန္ဓာကိုယ်နေရာအနှံ့မှာလည်း တက်တူးအသေးလေးတွေအများကြီးထိုးထားတာတွေ့ရမှာပါ။

Chanyeol (Exo)

ပရိသတ်အခိုင်အမာရရှိထားတဲ့ Exo အဖွဲ့၀င် Chanyeol ကတော့ လက်ဖျံမှာ ဂစ်တာပုံတက်တူးလေးတစ်ခုရှိပါတယ်။ ပြီးတော့ လက်ချောင်းပေါ်မှာ သူ့ရဲ့နာမည်ကိုရေး‌ထိုးထားပြီး လက်ကောက်၀တ်မှာတော့ Exo fan club စတင်ဖွဲ့စည်းခဲ့တဲ့နေ့စွဲကိုရေးထိုးထားတာတွေ့ရမှာပါ။

Tiffany (Girl Generation)

Girl Generation အဖွဲ့၀င် Tiffany ကတော့ သူမရဲ့ခန္ဓာကိုယ်အနှံ့မှာ စာသားတွေ ၊စာပိုဒ်တွေနဲ့ ဘာသာစကားပေါင်းစုံ တက်တူးအသေးလေးတွေ ရေးထိုးထားတာတွေ့ရမှာပါ။ ပြီးတော့ ပန်းပွင့်ပုံတက်တူးတစ်ခုလည်း သူမရဲ့လက်သူကြွယ်ပေါ်မှာ ရေးထိုးထားပါသေးတယ်။ တက်တူးသေးသေးလေးတွေကိုပဲ အများကြီးထိုးတတ်တာကြောင့် တော်ရုံရှာတွေ့ဖို့တော့မလွယ်ပါဘူး။

Photo Credit to the Rightful Owners

, , , , ,

Celebrity Style

Instagram မှာ Follow လုပ်ထားသင့်တဲ့ Fashion ကျကျ Local Celebrity မမတွေ

သူတို့ရဲ့ Post တွေတိုင်းက အထာကျနေတာနော်

by May Shoon

May 24, 2020

Celebrity တွေ၊ Social Influencer တွေအတွက် Social Media မှာ Facebook ထက်လူအကြည့်အများဆုံးနဲ့ အလှဆုံး Photos တွေကို တင်လေ့ရှိကြတာကတော့ Instagram ပါ။ တစ်ချို့ဆိုရင် Instagram မှာတောင် မိမိတို့ရဲ့ အမိုက်ဆုံး အလှဆုံး ဓာတ်ပုံတွေကို စနစ်တကျ College လုပ်ပြီး Gallery တစ်ခုလိုတောင် သိမ်းဆည်း ထားကြပါတယ်။ နိုင်ငံတကာက Cele တွေ၊ Influencer တွေလိုပဲ Local Celebrity/Influencer တွေရဲ့ Instagram Feed က Photo တွေနဲ့ Outfit ရွေးချယ်မှုတွေ၊ ပြင်ဆင်ထားတဲ့ Accessories တွေကလည်း အရမ်း Fashionable ဖြစ်တာမို့ ကြည့်မဝတဲ့ Insta Feed တွေပါပဲ။ ဖက်ရှင်ကို Crazy ဖြစ်သူတို့ Latest Trend တွေကို အဆက်မပြတ် Seek လုပ်နေသူတို့အတွက် မဖြစ်မနေ Follow လုပ်ထားသင့်တဲ့ Local Celebrity/Influencer တွေ List ကိုရွေးချယ်ပေးလိုက်ပါတယ်။
သူတို့အားလုံးကတော့ ပြည်သူချစ် Celebrity/Influencer အချောလေးများဖြစ်ပြီး သူတို့ရဲ့ Signature Style လေးတွေနဲ့မို့ အရမ်းမိုက်ပြီး အထာကျနေကြတာတော့အမှန်ပဲ။ မဖြစ်မနေ Follow လုပ်ထားသင့်တဲ့ Fashionista Celebrity တွေက ဘယ်သူတွေဖြစ်မလဲ ကြည့်လိုက်ပါဦးနော်။
ဘယ်သူရဲ့ Instagram Photo တွေက ဖက်ရှင်အကျဆုံးဖြစ်မလဲ။


Nay Chi Oo
Nay Chi Oo ရဲ့ ဖက်ရှင်ရွေးချယ်မှုတွေ၊ High-Fashion အတွဲအစပ်တွေနဲ့ Photo တွေကတော့ တကယ်ထိမိပြီးသားမို့ သူရဲ့ Instagram ကတော့ မဖြစ်မနေ Follow လုပ်ထားသင့်တယ်နော်။

 


Awn Seng
Runway မှာရော Personal Life မှာရော အမြဲ အထာကျနေတဲ့ Awn Seng ရဲ့ ဖက်ရှင်တွေကလည်း ပြောစရာမလိုအောင်လို Perfect ဖြစ်ပါတယ်။ အရမ်းလည်း Sportive ဖြစ်သူမို့ သူ့ရဲ့ Instagram ကလည်း Sportwear တွေကတော့ Essential ပါ။

 


M Seng Lu
ဆွဲဆောင်မှုရှိတဲ့ စူပါမော်ဒယ် M Seng Lu ရဲ့ Fashion တွေကလည်း Always on Top ပါ။ အရမ်းလည်း Stylish ဖြစ်သလို Polished ဖြစ်နေတဲ့ Seng Lu ရဲ့ Photography တွေကိုလည်း ဖက်ရှင်ချစ်သူတစ်ယောက်အနေနဲ့ လေ့လာသင့်တယ်လေ။

 


Beauty (Thet Thet Thin)
အရမ်း Hot တဲ့ International Model လေး Beauty (Thet Thet Thin) ရဲ့ Instagram ကတော့ ဝင်ကြည့်ပြီးရင်းကြည့်ချင်နေတော့တာပဲ။ ဘာလို့လဲဆိုတော့ Beauty ရဲ့ အသက်ရှုမှားလောက်တဲ့ Pose တွေ၊ အမိုက်စား Fashion Photography တွေနဲ့ Top ဖက်ရှင်တွေကို တစ်ခါတည်းကြည့်ရမှာလေ။


Nan Kae Mar
တိုင်းရင်းသူလေး Kae Mar ရဲ့ Minimalist Fashion လေးတွေနဲ့ အမိုက်စား Photo လေးတွေကလည်း ဘယ်အချိန်ကြည့်ကြည့်ရိုးသွားမှာမဟုတ်ပါဘူး။

 


Patricia
ရှာရှာ ကတော့ Hot တယ်ဆိုတာထက်ကို အများကြီးပိုပါတယ်။ သူ့ရဲ့ အမိုက်စား Pose တွေ၊ Edgy ဖြစ်တဲ့ ဂေါ်တဲ့ Streetstyle တွေ၊ Swimsuit Fashion တွေကိုတော့ Follow up မလုပ်ထားလို့ ဘယ်ဖြစ်မလဲ။

 


May Myat Noe
Top Model လေး May Myat Noe ရဲ့ Instagram ကလည်း အရမ်း လန်းတဲ့ ပုံလေးတွေအပြည့်ပါပဲ။ Top Model လေးမို့ ဖက်ရှင်တွေနဲ့ Pose တွေကတော့ ပြောစရာမလိုအောင် Slay ပြီးသားနော်။

 


May Grace Perry
မိန်းကလေးဆန်ဆန် Floral လေးတွေ၊ Embroidered Lace လေးတွေကို အလှပဆုံးဖြစ်အောင် ဝတ်နိုင်သူလေးကတော့ May Grace ပါပဲ။ May Grace ရဲ့ Photo လေးတွေက အရမ်း Romantic ဆန်ပြီး တကယ့်ကို Day Dreaming Fairy လေးပါပဲ။

 


Mary
ထူးခြားတဲ့ အသံလေးနဲ့ ပရိသတ်တွေရဲ့ အချစ်တော်လေး Mary ကလည်း Fashion နဲ့ ပတ်သက်လာရင် အမြဲအားကျနေရသူလေးပါ။ ရိုးရိုးရှင်းရှင်းလေးနဲ့ ချစ်စရာကောင်းပါတယ်။

 


Teresa Khine
အမြဲဖက်ရှင်ကျနေတဲ့ Khinedee ရဲ့ Founder လည်းဖြစ်တဲ့ MC လေး Teresa ကလည်း မဖြစ်မနေ Follow ထားသင့်တယ်နော်။ သူမရဲ့ Instagram မှာဆိုရင်လည်း Elegant ဖြစ်တဲ့ မြန်မာဝတ်စုံလေးတွေရော၊ Casual outfit လေးတွေနဲ့ရော မြင်တွေ့ရမှာပါ။

 


Myat Noe Aye
အခုတလော Editor သဘောကျနေသူလေးပါ။ Casual/ Minimal Outfit လေးတွေကို အမိုက်စား Photo လေးတွေဖြစ်အောင် ရိုက်နိုင်သူလေးပါ။ Aesthetic Vibe လေးတွေနဲ့ ခပ်မိုက်မိုက်ဖက်ရှင်လေးတွေက Myat Noe ရဲ့ Instagram မှာအများဆုံးပါ။

 


Nang Tracy
ဂျပန်မလေးလို ချစ်စရာကောင်းတဲ့ Nang Tracy ရဲ့ Style လေးတွေကလည်း Aesthetic Asain Girl ဖက်ရှင်လေးတွေကို အထာကျကျ ဖော်ပြထားတာပါ။ Cute ဖြစ်တယ်ဆိုတာထက်ပိုပါတယ်။

 


May Toe Khine
Casual ပဲဖြစ်ဖြစ်၊ Photoshoot တွေပဲဖြစ်ဖြစ် Bohemian Princess လေးလို အမြဲချစ်စရာကောင်းသူလေးပါ။ May Toe Khine ရဲ့ Ootd လေးတွေက အမြင်ဆန်းသလို Fashion နဲ့ပတ်သက်ရင်လည်း အရမ်းတွဲစပ်တတ်သူလေးပါ။

, , ,