ဝိတ်ကျချင်တယ်..ဝိတ်ကျအောင်လည်း လုပ်နေပါရက်နဲ့ သိသိသာသာထူးခြားမှု မခံစားရတဲ့သူတွေရှိလား။ ဒါက ကိုယ်နေ့တိုင်း ပုံမှန်လုပ်နေတဲ့ အရာတွေထဲက တစ်ခုခုက လွဲချော်နေလို့ပါ။ အမှုမဲ့၊ အမှတ်မဲ့ဖြစ်ပေမယ့် ဝိတ်တက်ဖို့ အကြောင်းဖန်နိုင်တာမို့ ကိုယ်မသိပဲ လုပ်မိနေတဲ့အရာတွေပါနေမလား အခုပဲကြည့်လိုက်ရအောင်နော်။
Social အကောင်းလွန်တာ

Social ကောင်းတာက နာမည်သာ ကြားလို့ကောင်းတာ ဝိတ်တက်စေမယ့် တကယ့်ရန်သူပါ။ အပေါင်းအသင်းများတာကြောင့် တစ်ရက် တစ်ရက် အပြင်မှာ Nightout တွေ၊ Lunch Date တွေလုပ်ရင်း Calories တွေ ဘယ်လောက်ဝင်မှန်းမသိ ဝင်လာလိုက်တာ အရင်က ဘောင်းဘီတွေ မတော်တော့မှ ဝမ်းနည်းနေရမယ့်အဖြစ်ပါ။
အချိန်မရှိတာ

Busy Life တွေနဲ့ လူတွေက ကိုယ့်အတွက်ကိုယ် အချိန်မပေးနိုင်ကြတာများလာပါတယ်။ ကိုယ့်အတွက် အချိန်မရှိလာနဲ့အမျှ ဝိတ်တက်ဖို့ လမ်းစကလည်း ပိုပိုများလာနိုင်ပါတယ်။ အချိန်မရှိတဲ့အတွက် လွယ်ကူမြန်ဆန်တဲ့ အသင့်သုံးအစားအသောက်တွေကို ပိုပြီးစားလာကြတာ Editor တို့ ကိုယ်တိုင်ပါပဲ။ အသင့်စား အစားအသောက်တွေက ကျန်းမာရေးအတွက် ကောင်းကျိူးလုံးဝမရှိသလို Calories ပါဝင်မှုနှုန်းလည်း ကိုယ်တိုင်ချက်ပြုတ်စားသောက်တဲ့ပမာဏထက် များနေတတ်ပါတယ်။ အသင့်စားဆိုတာနဲ့ ခေါက်ဆွဲပြုတ်တွေ၊ ပေါင်မုန့်တွေပဲ သွားမမြင်နဲ့နော်။ ထမင်းဆိုင်ကနေ ဆွဲလာတဲ့ ဟင်းထုပ်တွေကလည်း အန္တရာယ်ရှိပါတယ်။
TV ရှေ့မှာစားတာ

TV က ဇာတ်လမ်းတွဲတွေကြည့်တဲ့အချိန်မှ အစားအသောက်တွေ စားလို့ပိုကောင်းတာ ဖြစ်ဖူးမှာပါ။ ဦးနှောက်က သူ့အလုပ်ကို အာရုံစိုက်မလုပ်နိုင်တဲ့အတွက် စားသလောက်ကောင်း၊ ထပ်ထည့်တွေဖြစ်နေမှာပါ။ ဒါကြောင့် အစားစားနေတဲ့အချိန်မှာ ဖုန်းသုံးတာ၊ TV ကြည့်တာစတဲ့ အာရုံထွေပြားစေမယ့် အရာတွေ ရှောင်ပါ။
မြန်မြန်စားတာ

ဒီဘက်ခေတ်နောက်ပိုင်းမှာ လူတွေက အလုပ်ပိုများလာတာနဲ့အမျှ အစားအစာကို ဖြစ်သလို မြန်မြန်ဆန်ဆန်စားလာကြာတာများပါတယ်။ စိတ်မကောင်းစရာ အစားအသောက် မြန်မြန်စားတာက လူကို ပိုဝစေပါတယ်တဲ့။ ဘာလို့လဲဆိုတော့ ဗိုက်ပြည့်တာကို အချက်ပြဖို့ ဦးနှောက်က အချိန်ယူရတဲ့အတွက်ကြောင့်ပါ။ အချက်မပြခင်မှာပဲ မြန်မြန်စားမိလိုက်တော့ လိုတာထက် ပိုစားမိသွားတာတတ်လို့ပါ။
အသီးအရွက်အစိမ်းနဲ့ Dressing

Diet ဆိုပြီး အသီးအရွက်အစိမ်းတွေကို အရသာလေးလေးပိုင်ပိုင်ရှိတဲ့ Vegetable Dressing တွေနဲ့ စားဖို့ လုံးဝမတွေးပါနဲ့။ ဒီ Dressing တွေက Calories ပါဝင်မှုနှုန်းများပြီး အရသာလေးတာကြောင့် တို့တို့စားမိနေတာပိုများမှာပါ။ Dressing ကို ပုံမှန်ထက် လျော့စားတာဖြစ်ဖြစ် အခြား Topping တစ်ခုနဲ့ဖြစ်ဖြစ် အစားထိုး ပြောင်းလဲကြည့်ပါ။
ရေမသောက်တာ

ရေမသောက်တာက ဆာလောင်မှုကို ဖြစ်စေပါတယ်။ ဒါပေမယ့် ရေဆာနေတာနဲ့ ဗိုက်ဆာတာကို အထင်မှားသွားလေ့ရှိပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ မနက်စာ မစားခင် ရေနှစ်ခွက် သောက်တဲ့သူက မသောက်တဲ့သူထက် Calories တွေနည်းနေတာ တွေ့ရပါတယ်။ အချိူဓာတ်များတဲ့ အခြားအဖျော်ယမကာသောက်သုံးမှုကို လျော့နည်းစေပြီး အစာစားချင်စိတ်ကို လျော့နည်းစေတဲ့အတွက် ဝိတ်ကျချင်တယ်ဆိုရင် တစ်နေ့ကို အနည်းဆုံး ရေ ၈ခွက်တော့ သောက်ပါ။
အိပ်ရေးမဝတာ

ညဘက် အိပ်ရာဝင်နောက်ကျတဲ့သူလား။ ဒါဆိုရင်တော့ ဝိတ်တက်ဖို့ နီးနေပါပြီ။ အိပ်ရေးမဝတာက အလေးချိန်တိုးစေတယ်လို့ ကျန်းမာရေး စမ်းသပ်ချက်တွေကနေ သိရပါတယ်။ ဗိုက်ပိုပူစေပြီး အသည်းအဆီဖုံးတာတွေ ဖြစ်နေလို့ တစ်ရက်ကို ၇နာရီပြည့်အောင်တော့ အိပ်ဖို့ လိုပါမယ်။
Healthy Food တွေ အစားလွန်တာ

Healthy Food တွေစားမှတော့ ဘာလို့ ဝိတ်တက်စရာအကြောင်းရှိမှာလဲ မေးစရာပါ။ ဒီနေရာတစ်ခု ပြောစရာရှိတာက ဘယ်လို Healthy Food ကို စားတာလဲဆိုတာပါ။ ထောပတ်သီး၊ Coconut Oil နဲ့ Olive Oil တွေက လူ့ခန္ဒာကိုယ်အတွက် ကောင်းတာမှန်ပေမယ့် တန်ဆေးလွန်ဘေးဆိုတဲ့ စကားကလည်းရှိနေတယ်မှတ်လား။ Avocado Toast ပဲစားတာဆိုပြီး ဝိတ်မတက်ဘူးမထင်နဲ့နော်။ Healthy Food ထဲမှာလည်း Fat ဆိုတာရှိပါတယ်။ ဒီအဆီက Healthy Fat လို့ဆိုရပေမယ့် များလာရင် Calories အဖြစ်ကို ပြောင်းလဲနိုင်ပါတယ်။
09984513527
scheduleSeptember 30, 2020