နေ့ရက်ကောင်းလေးတစ်ရက်ကိုစတင်နိုင်ဖို့ဆိုတာ မနက်ခင်းမှာ အာဟာရပြည့်ဝတဲ့ Breakfast တစ်နပ်ကို ဂရုတစိုက်စားဖို့လိုအပ်ပါတယ်။ ဒါမှလည်း တစ်နေ့တာလုံး အားအင်အပြည့်ဝတော့ လန်းဆန်းပြီးအလုပ်တွေကို တက်တက်ကြွကြွလုပ်နိုင်မှာမလား။ တစ်ချို့တွေကတော့ Reason အမျိုးမျိုးနဲ့ Breakfast မစားတတ်ကြဘူး။ တကယ်တော့ မနက်စာဆိုတာ ကျန်တဲ့ နေ့လည်စာ၊ညစာတို့ထက်ပိုအရေးကြီးပါတယ်။ မိန်းကလေးတွေကျတော့လည်း ဘယ်ဟာကိုစားစား ဝိတ်တက်မှာကိုစိုးရိမ်တတ်ကြတယ်။ စားလိုက်လို့ Energy လည်းအပြည့်လိုချင်တယ်၊ ဝိတ်လည်းမတက်ချင်ဘူးဆိုသူတွေအတွက် အောက်မှာဖော်ပြထားတဲ့ Breakfast တွေက အကောင်းဆုံးဖြစ်စေမှာပါ။
Apple
ပန်းသီးမှာ Vitamin C, Vitamins A,E, B1, B2, B6 အပြင် Fibres နဲ့ Potassium တွေအများကြီးပါဝင်တာကြောင့် တစ်နေ့တာအတွက် လိုအပ်တဲ့ဓာတ်တွေပြည့်စုံစေသလို Vitamin C ကကိုယ်ခံအားကောင်းစေပါတယ်။ Caloires အားဖြစ်လည်း ပန်းသီးတစ်လုံးမှာ Carbs 25 Grams ပဲပါဝင်တာမို့ အဆီမတက်မှာကတော့ ၁၀၀% သေချာပါတယ်။ ပန်းသီးချည်းပဲစားရတာမကြိုက်ရင် Apple Pie တို့ Apple and Oat Cereal တို့ပြုလုပ်ပြီးစားလို့လည်းရပါတယ်။
Oat
Oats လို့ခေါ်တဲ့ အုတ်ဂျုံကို ကမ္ဘာပေါ်မှာ Healthy အဖြစ်ဆုံး Grains လို့တောင်တင်စားကြပါတယ်။ တစ်နေ့တာအတွက်လုံလောက်တဲ့ Vitamins တွေ၊ Fibers၊ Minerals တွေနဲ့ Antioxidants တွေပါဝင်ပါတယ်။ Oats ကိုပုံမှန်မနက်စားအဖြစ်စားသုံးပေးရင် ဝိတ်ကျစေတယ်၊ သွေးတွင်း Sugar Level ကိုလျှော့ချပေးပြီး နှလုံးကိုလည်းကျန်းမာစေပါတယ်။ တစ်ချို့ဆိုရင် Oat Meal ကို Diet Food တစ်ခုလိုတောင်စားသုံးကြပါတယ်။
Eggs
သင့်မနက်ခင်းမှာ ကြက်ဥကတော့မရှိမဖြစ်ပါဝင်သင့်တဲ့မနက်စာတစ်ခုပါ။ ပြုတ်ပြီးတော့ပဲစားစား၊ Scramble Egg ပဲလုပ်လုပ်၊ တခြား Recipe တွေနဲ့တွဲဖက်ပြီးပဲဖြစ်ဖြစ် ကြိုက်နှစ်သက်သလို ချက်ပြုတ်စားလို့ရတာမို့အရမ်းအဆင်ပြေပါတယ်။ ကြက်ဥမှာ Protein နဲ့ Omega-3 ကြွယ်ဝပြီး အာဟာရဓာတ်တွေအရမ်းပြည့်ဝတဲ့အစားအစာပါ။ အဲ့အပြင်ကြက်ဥကိုပုံမှန်စားခင်းဖြင့် အလေးချိန်ကျစေသလို မနက်ပိုင်းစားထားရင် တစ်နေကုန်အစာခံတော့ ဗိုက်လည်းခဏခဏမဆာတော့ဘူးပေါ့။ သွေးတွင်း Suger Level အရမ်းများတဲ့ Diabetes သမားတွေနဲ့လည်း သင့်တော်ပါတယ်။
Yoghurt
Yoghurt ကို ရှေးခတ်တည်းကအခုချိန်ထိ Premium အစားအသောက်တစ်ခုလိုရော၊ Breakfast လိုရောနှစ်နှစ်ခြိုက်ခြိုက်စားသုံးခဲ့ကြပါတယ်။ Calcium ကြွယ်ဝပြီးတာကြောင့် အရိုးတွေကိုသန်မာစေပြီး Latic Acid နဲ့ Protein တွေရဲ့အဓိက Source တွေဖြစ်တယ်။ ဒိန်ချဉ်က ဝိတ်ကျစေတယ်၊ အဆီကျစေတဲ့အပြင်၊ ဝမ်းမှန်ပြီး အသားအရေကိုကြည်လင်စေတယ်။ သူ့မှာပါဝင်တဲ့ Probiotics က Immune System ကောင်းစေတာမို့ ကျန်းမာစေပါတယ်။
Peanut Butter
Nuts တွေဆိုတာ Weight Loss အတွက်စားသုံးသင့်တဲ့အစားအစာဆိုတာ လူတိုင်းသိကြပါတယ်။ အဲ့လိုပဲ Peanut Butter က ဝိတ်ကျချင်တဲ့သူတို့အတွက် ရွေးချယ်သင့်တဲ့ မနက်စာတွေထဲမှာပါပါတယ်။ တစ်ချို့က Peanut Butter ကို Calories နဲ့ Fats များလို့ဆိုပြီး ရှောင်ကြတယ်။ တကယ်တော့ Peanut Butter ရဲ့ Magnesium၊ Potassium နဲ့ Zinc ဓာတ်တွေက မနက်စာအတွက် အရသာအရှိဆုံးနဲ့ ကောင်းကျိုးများတဲ့ Breakfast ပါ။
Berries
ဘယ်ရီသီးလေးတွေကိုတော့ လူတိုင်းကြိုက်နှစ်သက်ကြပါတယ်။ ဘယ်ရီသီးတွေက ဒီတိုင်း Snack လိုလည်းစားလို့ရပြီး မနက်စာအနေနဲ့ဆိုရင် Pancakes တို့၊ Cereal တို့၊ Yoghurt တို့နဲ့လည်းတွဲစားလို့လိုက်ပါတယ်။ ဘယ်ရီသီးထဲက Nutrients တွေနဲ့ Antioxidants တွေက အရွယ်တင်နုပျိုပြီး သွေးတွင်းက Cholesterol ကိုလျော့ကျစေတာကြောင့်ဝိတ်ကျစေပါတယ်။ VitaminC ကတစ်နေ့တာလုံးလန်းဆန်းနေစေမှာပါ။
Smoothies
Breakfast ကို Coffee၊ Tea တို့သောက်တာထက် အသီးဖျော်ရည်နဲ့ Smoothies လေးတွေကိုသောက်ပေးတာက ပို Healthy ဖြစ်ပါတယ်။ ဒါပေမယ့် Sugar ကိုတော့တတ်နိုင်သလောက်လျော့ဖျော်ဖို့လိုမယ်နော်။ ရေသောက်နည်းတဲ့သူတွေဆိုရင်လည်း Smoothies က လိုအပ်တဲ့ Hydration ကိုဖြည့်တင်းပေးပါတယ်။ ပြီးတော့ Smoothies တွေက Nutrients နဲ့ Flavor တွေလည်းပါတာမို့ မနက်ပိုင်းသောက်ထားရင် ဗိုက်ပြည့်သွားစေတာမို့ အစားစားချင်စိတ်ကို Control လုပ်ပေးပါတယ်။