အိပ်စက်ခြင်းဆိုတာ လူတစ်ယောက်ရဲ့ ဘဝမှာ အရေးကြီးဆုံးအခန်းကဏ္ဍတစ်ခုအဖြစ်ပါဝင်နေတယ်ဆိုရင် အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေမယ့်အရာတွေကလည်း လူတစ်ယောက်အတွက် သတိထားရှောင်ရှားသင့်တဲ့ အချက်တွေထဲကတစ်ခုပါပဲ။ ကောင်းသော အိပ်စက်အနားယူခြင်းမရတဲ့အခါမှာ ဖြစ်ပေါ်လာနိုင်တဲ့ ကျန်းမာရေးဆိုးကျိုးတွေလည်းအများကြီးရှိသလို ကိုယ့်ရဲ့ စီးပွားရေးနဲ့ လူမှူရေးတွေကိုပါ ထိခိုက်လာနိုင်တဲ့အထိ ဆုံးရှူံးမှူတွေဖြစ်စေတာကြောင့် အိပ်စက်ခြင်းနဲ့ပတ်သက်လို့ ပေါ့ပေါ့လေးမတွေးစေချင်ပါဘူး ။ဒါကြောင့် ကောင်းသောအိပ်စက်ခြင်းကိုပိုင်ဆိုင်ဖို့အတွက် ကိုယ့်အိပ်ခန်းကို အကောင်းဆုံးအနားယူချင်စရာနေရာတစ်ခုဖြစ်အောင် ပြင်ဆင်ကြတဲ့အခါမှာ ညအိပ်မီးရောင်တွေကလည်း မပါမဖြစ်ပါပဲ။ အထူးသဖြင့် ညအိပ်ရင် မီးဖွင့်ပြီးအိပ်စက်တတ်သူတွေအနေနဲ့ ဘယ်မီးရောင်တွေက အိပ်စက်ခြင်းကိုအထောက်အကူပေးပြီး ဘယ်မီးရောင်တွေအိပ်စက်ခြင်းကို အနှောင့်အယှက်ပေးနိုင်တယ်ဆိုတဲ့အချက်ကို သိထားဖို့လိုပါတယ်။ ကိုယ်ကိုယ်တိုင်လည်း ညအိပ်မီးနဲ့မှ အိပ်တတ်သူဆိုရင်တော့ ဒီအကြောင်းအရာလေးက သင့်ကိုကောင်းကောင်း အထောက်အကူပြုနိုင်မှာပါ။
အပြာရောင်
အပြာရောင်ဟာ နေရောင်ခြည်မှာ ပါဝင်မှူအများဆုံးဖြစ်တဲ့ အလင်းရောင်တစ်ခုဖြစ်ပြီး နေ့အချိန်တွေမှာ အများဆုံးတွေ့ရှိရပါတယ်။ ဒီအလင်းရောင်ဟာ လူရဲ့ခန္ဓာကိုယ်ထဲက နိုးကြားစေတဲ့ ဟော်မုန်းကို မြင့်တက်စေတဲ့အပြင် အိပ်ပျော်စေတဲ့ Melatonin ထုတ်လွှတ်မှူကို လျော့ကျစေတာကြောင့် ညဘက်ကောင်းကောင်းအိပ်ပျော်ဖို့အတွက်ဆိုရင် လုံးဝရှောင်ရှားသင့်တဲ့ထဲမှာပါတဲ့အရောင်ပါပဲ။ ညဘက်မှာဆိုရင်လည်း ဒီလို Blue Light ပါဝင်တဲ့ ဖုန်းတွေ ကွန်ပျူတာတွေနဲ့ထိတွေ့မှူကိုပါ သတိထားလျှော့ချသင့်ပါတယ်။ ထိတွေ့မှူကြာမြင့်လာတာနဲ့အမျှ အိပ်မပျော်ခြင်း၊မျက်စေ့ကြောင်ခြင်းနဲ့ အိပ်စက်ဖို့ခက်ခဲခြင်းဝေဒနာတွေကို ခံစားလာရနိုင်တာကြောင့် အတတ်နိုင်ဆုံး ဒီအရောင်ကို ညအိပ်မီးရောင်အနေနဲ့ အသုံးမပြုဖို့ အထူးအကြံပေးချင်ပါတယ်။
ခရမ်းရောင်
ခရမ်းရောင်ဟာလည်း မအိပ်ခင်အခန်းထဲမှာ ဒီအတိုင်းထွန်းထားရင်တော့လှပေမယ့် သူလည်း အပြာရောင်အုပ်စုထဲမှာပါတဲ့အရောင်မို့ အပြာရောင်မှာဖြစ်တတ်တဲ့ ရလဒ်တွေလိုပဲ အိပ်စက်ခြင်းကို အနှောင့်အယှက်ပေးနိုင်ပါတယ်။
အနီရောင်
အနီရောင်ကတော့ အိပ်စက်ခြင်းကို ကောင်းကောင်းအထောက်အကူပေးနိုင်ပေမယ့် စိတ်ကျရောဂါရှိသူတွေနဲ့ စိတ်ပိုင်းဆိုင်ရာအားနည်းတတ်သူတွေရဲ့အခန်းမှာတော့ လုံးဝမထွန်းသင့်ပါဘူး။ မကြာခဏ တရေးနိုးခြင်းနဲ့ အားငယ်စိတ်တွေကိုဖြစ်ပေါ်စေတတ်ပြီး အိပ်ရေး၀၀အိပ်ပျော်တာမျိုးမဖြစ်စေတာကြောင့်ပါ။
အစိမ်းရောင်
အစိမ်းရောင်ညအိပ်မီးကလည်း အနီရောင်ညအိပ်မီးနည်းတူပါပဲ။ အိပ်ပျော်စေတဲ့ Melatonin ကိုထုတ်ပေးတာကြောင့် အိပ်စက်ခြင်းကိုအားပေးနိုင်ပေမယ့် မတော်တဆ အိပ်မက်ဆိုးတွေမက်လို့ တရေးနိုးတဲ့အခါမှာ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာ ထိတ်လန့်မှူကို လျော့ကျမသွားစေနိုင်ပါဘူး။
အဝါရောင်
အဝါရောင်ညအိပ်မီးကတော့ အိပ်စက်ခြင်းကိုလည်း အနေအထားတစ်ခုထိ အထောက်အကူပေးနိုင်သလို ညအိပ်မီးအဖြစ်သုံးဖို့လည်း သင့်တော်တဲ့အရောင်လို့ဆိုပါတယ်။ ခပ်ဖျော့ဖျော့ အဝါရောင်ညအိပ်မီးဟာ မနက်ခင်းအထိ တောက်လျှောက် အိပ်ပျော်စေသလို တရေးနိုးအိပ်မက်ဆိုးတွေကိုလည်း Calm ဖြစ်စေတယ်လို့ဆိုပါတယ်။
Photo Credit To The Rightful Owners