Gym တွေ၊ Yoga Class တွေ အပြင်မှာ အကုန်မဖွင့်သေးတဲ့အချိန် အိမ်မှာပဲ နေရတာများလာတော့ ကိုယ်အလေးချိန်တက်ပြီး မအီမသာဖြစ်နေမှာပါ။ Youtube က Video တွေ လိုက်လုပ်ဖို့လည်း ခက်နေရင် Editor အကြံပေးချင်တဲ့ Workout Exercise လေးတစ်ခုရှိပါတယ်။ Plank တောင့်တာက ဘယ်တော့မှ မရိုးသွားမယ့် အထိရောက်ဆုံး နည်းလမ်းတစ်ခုဆိုလည်းမမှားပါဘူး။ ဘာကြောင့်လဲဆိုတော့ အချိန်နည်းနည်းလေးပေးတာနဲ့ သိသာတဲ့ရလဒ်ကို ရစေတဲ့အပြင် ထွေထွေထူးထူးလုပ်နေစရာမလိုတဲ့အတွက်လည်း လူကြိုက်များတာဖြစ်ပါတယ်။ ကဲ ဒီတော့ Plank ထောက်ရင် ဘာဖြစ်မလဲ၊ တစ်ရက် Plank ငါးမိနစ်ထောက်ရုံနဲ့ ဒီလို အကျိုးကျေးဇူးတွေကို ရရှိမှာပါ။
ကြွက်သားတွေကို သန်မာစေတယ်
Plank ထောက်တဲ့အခါ ခန္ဒာကိုယ်တစ်ခုလုံးက အားတွေထုတ်ရတာဖြစ်တဲ့အတွက် တစ်ကိုယ်လုံးမှာရှိတဲ့ Muscle တွေ အလုပ်လုပ်ရပါတယ်။ လက်မောင်း၊ ခြေထောက်၊ ဝမ်းဗိုက်ပိုင်းက ကြွက်သားတွေကို သန်မာစေတဲ့အတွက် အဆီပိုတွေကို လျော့ချပေးနိုင်ပါတယ်။
ခန္ဒာကိုယ်အနေအထား
တစ်နေကုန် ထိုင်ပြီးအလုပ်လုပ်ရတဲ့သူတွေ ခါးနာ၊ ခါးကိုက်တာကို ခံစားရမှာပါ။ Plank ထောက်တာာက ဒီဝေဒနာတွေကို သက်သာစေနိုင်ပါတယ်။ နောက်ကျောဘက်၊ ရင်ဘက်၊ လည်ပင်း၊ ပခုံးနဲ့ ဝမ်းဗိုက်ပိုင်းကို တည့်မတ်ပေးတဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်တာကြောင့် ကိုယ်နေဟန်ထားကိုလည်း လှပစေပါတယ်။
Flexible ဖြစ်စေတယ်
လုပ်နေရင်းတော့ ကိုယ့်ကိုယ်ကိုယ် သတိထားချင်မိ သတိထားမိမှာပါ။ Plank ထောက်တာက ခန္ဒာကိုယ်အောက်ပိုင်းကို ပျော့ပြောင်းးစေဖို့အတွက် အကောင်းဆုံးနည်းလမ်းတစ်ခုပါ။ ပုံစံတစ်ခုကို ခြေထောက်ဆန့်၊ လက်ဆန့်ပြီး အချိန်ကြာကြာထိန်းထားရတာဖြစ်တာကြောင့် အကြောတွေပိုပျော့လာစေပါတယ်။
Metabolish ကို ပိုအားကောင်းစေတယ်
နေ့တိုင်း Plank ထောက်ပေးခြင်းက ကိုယ်တွင်းမှာရှိတဲ့ Calories တွေကို လောင်ကျွမ်းပေးပါတယ်။ အပေါ်မှာ ပြောခဲ့သလို ကြွက်သားတွေကို ပိုပြီးသန်မာစေတဲ့အတွက် Calories တွေကို ပိုပြီးလောက်ကျွမ်းပေးလေလေဖြစ်ပါတယ်။
စိတ်ခံစားချက်ကို ပြောင်းလဲပေးတယ်
ဟုတ်ပါ့မလား စဉ်းစားစရာဖြစ်နေမှာပါ။ ပုံမှန် အိပ်ရာထဲလဲနေတဲ့ ခံစားချက်နဲ့ လှုပ်လှုပ်ရှားရှား Run ဖြစ်တဲ့နေဆိုရင် ဘယ်နေ့က ပိုပြီး စိတ်ကြည်လင်လဲ၊ အကောင်းတွေပိုတွေးဖြစ်လဲဆိုတာ သိမှာပါနော်။ ခန္ဒာကိုယ်လေးပင်မှုကလည်း စိတ်ခံစားချက်ကို ထွေပြားစေတာမို့ Plank နေ့တိုင်းထောက်ပေးတာက Idea အသစ်တွေထွက်ဖို့၊ အားအင်အသစ်တွေ မွေးဖွားဖို့ အထောက်အပံ့ပေးမှာပါ။