×
Makeup

REVLON SPECIAL PROMOTION အစီအစဉ်

သတင်းကောင်းလေးပါနော်။

by JN Ja Seng Pan

January 11, 2019

REVLON Boldly Girls တို့အတွက် REVLON ကနေ ဇန်နဝါရီ 11 ရက်နေ့မှ ဇန်နဝါရီ 13 ရက်နေ့အထိ ဂမုန်းပွင့် (ဘိုကလေးဈေး)မှာ special promotion လေးရှိပါတယ်။

မိတ်ကပ်လိမ်းခြယ်တဲ့အခါ အပြစ်အနာအဆာ ကင်းတဲ့ အလှတရားကို ရရှိစေတဲ့ Colorstay Full Cover Foundation, Phorotoready Insta- Filter Foundation, Colorstay Makeup စတဲ့ foundation မိတ်ကပ်တွေ အရောင်အသွေးစုံလင် ချောမွေ့နူးညံစေပြီး ဆွဲဆောင်မှု့ အားကောင်းသော နှုတ်ခမ်းအလှအတွက် Superlustous matte lipstick, Ultra HD Matte Lipstick, Kiss Plumping lip Crème စတဲ့ REVLON Lipsticks တွေ

တာရှည်ခံစွဲမြဲပြီး ခြယ်သရလွယ်ကူတဲ့ ထင်ရှားပေါ်လွင်တဲက မျက်ဝန်းအလှအတွက် Colorstay Creme Eye Shadow, Colorstay Eyeliner, Colorstay Exactify Liquid Eye liner စတဲ့ REVLON eye products တွေနဲ့ REVLON ပစ္စည်းများကို 30% off ဈေးလျော့ရရှိမှာဖြစ်ပါတယ်။

အရမ်းတန်တဲ့ ပရိုမိုးရှင်းတွေဖို့ Boldly Girls တွေ သွားရောက် အားပေးဖို့ လက်တို့လိုက်ပါရစေ။

Makeup

ရာသီခွင်အလိုက် မရှိမဖြစ် စွဲလန်းနေရတဲ့ အလှအပစ္စည်းတွေက ဘာတွေလဲ။

သင့်ရဲ့ ရာသီခွင်က ဘာပြောလဲ။

by JN Ja Seng Pan

May 21, 2020

မိန်းကလေးတွေအနေနဲ့ မိတ်ကပ်ပစ္စည်းဖြစ်ဖြစ်၊ Skincare တွေပဲဖြစ်ဖြစ် မဝယ်ခင် စဉ်းစားချိချိန်ပြီးမှ ဝယ်လေ့ရှိကြတယ်ဟုတ်။ အချိူ့က ဈေးနှုန်းကြည့်ပြီး စဉ်းစားနေတာရှိသလို အချိူ့ကလည်း သူငယ်ချင်းတွေ ညွှန်းတာကိုမှ ရှာသုံးတာတွေလည်းရှိပါတယ်။
ရာသီခွင်အလိုက် ကိုယ်နဲ့ လိုက်ဖက်မယ့် အလှအပစ္စည်းတွေကို ဘာဖြစ်မလဲဆိုတာ ရွေးချယ် မကြည့်ချင်ဘူးလား။ Astrology Expert တစ်ယောက်ဖြစ်တဲ့ Katie Huang ပြောပြချက်အရ ရာသီခွင်အလိုက် မရှိရင်မနေနိုင်တဲ့ ပစ္စည်းလေးတွေကို ဝေမျှပေးချင်ပါတယ်။ မျက်ခုံးဆွဲတံကနေ နှုတ်ခမ်းနီအထိ သင့်ရဲ့ ရာသီခွင်က ဘာတွေပြောပြနေမလဲဆိုတာ ကြည့်လိုက်ရအောင်နော်။

Aries (March 21 - April 19)

Aries လေးတွေက မျက်ခုံးမွှေးမဆွဲရရင် မနေနိုင်သူလေးတွေပါ။ သဘာဝကျကျ မျက်ခုံးတွေကို သဘောကျတဲ့အတွက် မျက်ခုံးမွှေးဆွဲခံတံ ဒါမှမဟုတ် Pomades လိုမျိူးတွေက သူတို့ရဲ့ အကြိုက်ဆုံး Beauty Product တစ်ခုဖြစ်ပါတယ်။


Taurus (April 20 - May 20)



Taurus တွေကတော့ Face Mask တွေ Crazy ဖြစ်တဲ့သူလို့ သူငယ်ချင်းတွေကြားမှာ နာမည်ကြီးပါတယ်။ သောကြာဂြိုလ်စိုးမိုးတဲ့ ရာသီခွင်ပိုင်ရှင်တွေမို့ အလှအပနဲ့ ပတ်သတ်ပြီး ချွေတာရမယ့် ကိစ္စတွေကို သိပ်စိတ်မဝင်စားပါဘူးတဲ့။ ဘယ်လောက်ပဲကုန်ကုန်၊ အချိန်ဘယ်လောက်ပဲ ပေးရပေးရ ကျေကျေနပ်နပ်ကြီး ပြုလုပ်တတ်သူတွေပါ။


Gemini (May 21 - June 20)



Gemini မမတွေကတော့ လက်သည်း၊ ခြေသည်းပြင်ရတာ ဝါသနာပါသူတွေပါ။ လေဓာတ်စိုးမိုးတဲ့ ရာသီခွင်မို့ လက်သည်းနီတွေက သူတို့ကို စိတ်ကျေနပ်စေတဲ့ အလှအပပြင်ဆင်မှုဖြစ်ပါတယ်။


Cancer (June 21 - July 22)



ပေါ့ပါးလွတ်လပ်တဲ့ ခံစားချက်ကို ကြိုက်တဲ့ Cancer တွေက အလှအပပစ္စည်းဆိုလည်း အာဟာရဖြည့်ပေးတဲ့ Product တွေကိုသာ အသုံးပြုလေ့ရှိပါတယ်။ SPF Protection ကနေ အစိုဓာတ်ဖြည့်ပေးတဲ့အထိ ပြုလုပ်ပေးတဲ့ Lip Balm တွေက ဒီရာသီခွင်အတွက် မရှိမဖြစ်ပါ။

Leo (July 23 - August 22)



နေမင်းစိုးမိုးတဲ့ ရာသီခွင်တွေမို့ မီး Element ရှိနေသူတွေပါ။ ဒါကြောင့် နေရောင်မှာ တဖြတ်ဖြတ်ဖြစ်နေတဲ့ခံစားချက်ကို သဘောကျလေ့ရှိပါတယ်။ ဒီလိုဖြစ်ဖို့အတွက်ဆို Highlighter တွေက Leo လေးတွေအတွက် Must Have Item လေးပါ။ Hightlighter တွေက တစ်နှစ်ပတ်လုံး Glow ပြီး နွေးထွေးတဲ့ ခံစားချက်ကိုပေးမှာပါ။


Virgo (August 23 - September 22)



Virgo တွေက Pratical သမားတွေဆိုတော့ အသားအရေသန့်စင်ဖို့အတွက် ပထမအဆင့်လိုအပ်တဲ့ Facial Foam တွေကို ဦးစားပေးပြီး ရွေးချယ်လေ့ရှိပါတယ်။ ပိုက်ဆံအများကြီးမသုံးချင်၊ အချိန်မကုန်ချင်တဲ့ Virgo တွေအတွက် တစ်မျိူးတည်းနဲ့ အထိရောက်ဆုံးသန့်စင်ပေးတဲ့ Micellar Water တွေက အကောင်းဆုံးရွေးချယ်မှုပါ။


Libra (September 23 - October 22)


လေ Element ပိုင်ရှင်ဖြစ်တဲ့ Libra တွေက ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ပြီး လူတွေနဲ့ ထိတွေ့ဆက်ဆံရတာကြိုက်သူတွေပါ။ အများနဲ့ ပြောဆိုဆက်ဆံရမယ့်အချိန်တွေမှာ အရင်ဆုံးကြည့်မိတဲ့ နှုတ်ခမ်းသားတွေ ရွှန်းစိုနေဖို့ Lip Scrub ပြုလုပ်ပေးသင့်ပါတယ်။


Scorpio (October 23 - November 21)

အမျိူးအမည်မသိတဲ့ ဆွဲဆောင်မှုတစ်မျိူး ပိုင်ဆိုင်ထားတဲ့ Scorpio တွေအတွက် Mascara တွေက အဓိကပါ။ ညှိ့ဓာတ်ပြင်းတဲ့ မျက်လုံးတစ်စုံအတွက် ထူထူထဲထဲ မျက်တောင်တွေက Scorpio တွေရဲ့ အမှတ်အသားတစ်ခုပေါ့။


Sagittarius (November 22 - December 21)

စွန့်စားရတာကြိုက်တဲ့ ရာသီခွင်ပါ။ တစ်ရက်၊ တစ်ရက် အချိန်ဇယားတွေနဲ့ မအားလပ်နိုင်တဲ့ Sagittarius တွေအနေနဲ့ မိတ်ကပ်လိမ်းထားတိုင်း တစ်နေကုန်ခံမယ့် Setting Spray တွေက မရှိမဖြစ်ပါ။

Capricon (December 22 -January 19)




Capricon တွေ ပကာသနတွေသိပ်မကြိုက်သလို လက်တွေ့ကျကျပဲ ဘဝကို ဖြတ်သန်းတဲ့အတွက် Lipstick တွေ သူတို့အတွက် အကောင်းဆုံး အလှအပပစ္စည်းဖြစ်မှာပါ။ ခေတ်ရေစီးကြောင်းအလိုက် ပြောင်းလဲနေတဲ့ Beauty Trend တွေထက် မပြောင်းလဲပဲ အမြဲအသုံးပြုနိုင်တဲ့ အလှအပပစ္စည်းတွေကသာ Capricon တွေအတွက်ပါ။


Aquarius (January 19 - March 20)



အများနဲ့မတူတဲ့ ပုံစံနဲ့ ကွဲကွဲပြားပြားပြင်ဆင်တတ်သူလေးတွေပါ။ အခြားလူတွေကို အံ့သြသင့်သွားစေမယ့် ပြင်ဆင်မှုတွေနဲ့ အများကြားမှာထင်ပေါ်နေတာကို သဘောကျကျပါတယ်။ Eyeshadow တွေစုရတာကြိုက်တဲ့ Aquarius တွေအတွက် နှစ်ခါပြန်လှည့်ကြည့်ရမယ့် Neon Eyeshadow တွေက စိတ်လှုပ်ရှားမှုကိုပေးစွမ်းမှာပါ။


Pisces (February 19 - March 20)



Pisces တွေက စိတ်ခံစားလွယ်ပြီး အနုပညာဆန်တဲ့သူတွေပါ။ အသစ်ထွက်တဲ့ အလှကုန်ပစ္စည်းတွေ ဝယ်ရတာ၊ Trend တွေကို လေ့လာပြီး လိုက်လုပ်ရတာကို ဝါသနာပါတဲ့သူတွေပါ။ ဒီလိုအချက်တွေနဲ့ လိုက်ဖက်တဲ့ ပြင်ဆင်မှုက အနုပညာဆန်တဲ့ Eyeliner တွေပါ။ နှစ်အလိုက်ပြောင်းလဲနေတဲ့ Eyeliner ပုံစံတွေကို ခြယ်သရင်း အမိုက်စားဖြစ်နေမယ့် Pisces မမလေးပါ။

, ,

Makeup

Instagram မှာ ခေတ်စားနေတဲ့ Makeup Look နဲ့ Selfie အမိုက်စားရိုက်ကြမယ်

အလှတွေပြင်ပြီး ဓာတ်ပုံရိုက်ကြမယ်။

by JN Ja Seng Pan

May 13, 2020

Instagram မှာ ကောင်မလေးတွေ အလှပြင်ပြီး ဓာတ်ပုံလှလှလေးတွေ တင်ကြတာ အမြဲတွေ့နေကြဟုတ်။ သူတို့ ပြင်တဲ့ပုံစံလေးတွေက ချစ်စရာကောင်းပြီး သိပ်ကိုကြည့်ကောင်းနေကြတာ အားတောင်ကျရတဲ့အထိပဲနော်။ ဒီ Selfie တွေရဲ့ အဓိက Point က မိတ်ကပ်ပြင်ဆင်မှုဆိုတော့ အပြင်လည်း ထွက်လို့မရသေးတဲ့ ဒီအချိန်မှာ အိမ်မှာပဲ တစ်ရက်တမျိူး မရိုးရအောင် ပြင်ကြည့်ရအောင်။ ဒီ Look လေးတွေက Instagram မှာ ခေတ်စားနေတဲ့ Look လေးတွေဆိုတော့ ပြင်ပြီး ပုံလှလှလေးတွေပါတင်လို့ရအောင် အမိုက်စား Selfie ရိုက်နိုင်မယ့် Tip လေးတွေ ပေးသွားမှာဆိုတော့ အဆုံးထိ ဖတ်ဖို့လိုမယ်နော်။

Colorful Highlighter



နှာခေါင်းကို Highlight လုပ်တဲ့နေရာမှာ ခါတိုင်းလို အဖြူရောင်မသုံးပဲ ထူးထူးခြားခြားအရောင်တွေ သုံးကြည့်ပါ။ ပုံထဲကလို မျက်လုံးခြယ်သမှုကိုလည်း အရောင်မကွဲတာမျိူး ခြယ်သကြည့်ပါ။ အမိုက်စား Insta Star အသွင်ကို ရမှာပါ။

Monochromatic Look



မြင်နေကျ Monochromatic Makeup ကို တစ်မျိူးဆန်းသစ်ထားတယ်လို့ ပြောရမှာပါ။ Eye Liner Lip Gloss နဲ့ နှာခေါင်းမှာ ခြယ်သထားတဲ့အရောင်ကို တစ်မျိူးတည်းသုံးထားတာပါ။ နှာခေါင်းထိပ်ဖျားအောက်လေးကိုပဲ ခြယ်သထားတာက မိတ်ကပ် Look အသစ်တစ်မျိးကို ခံစားရမှာပါ။

Blushing Baby



ဒီ Look လေးက ကောင်မလေးတော်တော်များများ ခြယ်သလေ့ရှိတဲ့ Look ပါ။ ဒီပြင်ဆင်မှုအတွက် အရောင်ပါတဲ့ Lip Balm၊ ပါးနီနီနီရဲရဲနဲ့ Eyeshadow ကို Glitter Eyeshadow လေးအသုံးပြရုံပါပဲနော်။

Strong Brow



ဒီ Look လေးကလည်း Instagram ကကောင်မလေးတွေ ပြင်ဆင်လေ့ရှိတဲ့ Look ပါ။။ ဒီမှာလည်း အလုပ်များလာတဲ့ Eyelash Extension ရယ်၊ မလုပ်ထားရင်တော့ မျက်တောင်တုခပ်ရှည်ရှည်တပ်ဖို့ လိုပါမယ်။ ပြောင်ပြောင်လက်လက် Lip Gloss အကြည်ရယ်၊ ကျကျနနဆွဲထားတဲ့ Eyebrow ရယ်က ဒီ Look ရဲ့ အသက်ပါ။

Glow Skin



ဒါကတော့ ယူတို့တွေသိမှာပါ။ Glow Skin Look အတွက် Highlighter ကို Brand ကောင်းကောင်းထဲက သုံးသင့်ပြီး ပါးရိုးတစ်လျှောက်၊ နှာခေါင်းထိပ်ဖျားနဲ့ နှုတ်ခမ်းအပေါ်မှာ ခပ်များများလေး လိမ်းခြယ်ပေးရမှာပါ။ ပြီးရင်တော့ နေရောင်ခြည်ထဲမှာ Selfie ရိုက်ကြည့်ပါ။ အရမ်းတွေ Glow ပြီးလှနေတဲ့ ပုံကို သဘောကျမဆုံးဖြစ်နေမှာပါ။

Insta Model



Instagram က Beauty Blogger တွေ၊ Model လေးတွေရဲ့ Selfie တွေ လှနေတဲ့တရားခံပါ။ မပြင်ထားပဲနဲ့ သဘာဝအတိုင်း နေလောင်ထားတဲ့ Mexican သူလေးလို ဖြစ်နေစေမယ့် Look ပါ။ မျက်ခုံးတွေကို ထူထူထဲထဲ ခြယ်သဖို့ လိုအပ်ပြီး၊ မျက်တောင်တွေကို တစ်မျှင်ချင်းဖြာကျစေမယ့် Mascara မျိူးအသုံးပြုပါ။ ပြီးရင်တော့ နေလောင်ထားတဲ့အသွင်ဖြစ်ဖို့ ပါးနီကို နှာခေါင်းအထိပါ ဆွဲယူပြီး မနည်းမများခြယ်သပါ။ နေလောင်တဲ့ပုံ ပိုပေါ်ချင်ရင်တော့ အညှိရောင် Eyeliner နဲ့ Freckle အတုလေးတွေ လိုက်ထည့်လိုက်ရုံပါပဲ။

ဒီ Makeup Look တွေနဲ့ Selfie ရိုက်မယ်ဆိုရင်တော့ ဒီအချက်လေးတွေကို မမေ့ဖို့လိုတယ်နော်။
- ကိုယ်က ဘယ်ဘက်ကြည့်ကောင်းလား၊ ညာဘက်ကြည့်ကောင်းလား သိထားဖို့လိုပါမယ်။
- Camera ချိန်ရင်လည်း ပုံထဲမှာ လှနေမယ့် အနေအထားကနေသိဖို့လိုပါမယ်။ ဖုန်းနဲ့ မျက်နှာတစ်တန်းတည်းထားပြီး ရိုက်မယ့်အစား ဖုန်းကို နည်းနည်းမြင့်မြင့်ထောင်ပြီး ရိုက်ကြည့်ပါ။ မျက်နှာသွယ်သယောင်ဖြစ်စေပြီး မျက်နှာထောင့်ကျိူးတွေကို ပေါ်လွင်စေပါတယ်။
- ဓာတ်ပုံတွေလှဖို့အတွက် အဓိကလိုတာက အလင်းရောင်ပါ။ အလင်းရောင်ဖြာဝင်တဲ့ ပြတင်းပေါက်နားတွေမှာ ရိုက်ကြည့်ပါ။ မိတ်ကပ်လိမ်းထားတဲ့မျက်နှာလေးလည်း ဝင်းဝင်းလေးနဲ့ လှနေမှာပါ။
- နောက်ဆုံးအချက်လေးကတော့ ပုံကောင်းတစ်ပုံရဖို့အတွက် စိတ်ရှည်ရှည်နဲ့ အများကြီးရိုက်ဖို့ပါ။ ဓာတ်ပုံတိုင်းမှာ ကြည့်ကောင်းနေတတ်တဲ့ Kim Kardishian တို့တောင် တစ်ပုံရဖို့အတွက် ပုံပေါင်းရာချီပြီး ရိုက်လေ့ရှိပါတယ်။ ဆိုတော့ လှဖို့အတွက်ဆို အပေါ်ကအချက်တွေနဲ့ ပုံကို စိမ်ပြေနပြေရိုက်ဖို့လိုပါမယ်။ 

, , , ,

Makeup

အလုပ်နဲ့ ပတ်သတ်တဲ့ Video Call နဲ့ Zoom Meeting အတွက် Makeup ကို အမြန်ဆုံး ဘယ်လိုလိမ်းခြယ်ကြမလဲ

Meeting က နောက်ထပ် ငါးမိနစ်၊ ဆယ်မိနစ်ဆိုစတော့မယ်..ဘာမှမပြင်ဆင်ရသေးဘူး။

by JN Ja Seng Pan

April 23, 2020

ဒီတစ်လောကတော့ ဝန်ထမ်းတွေတော်တော်များများ Work From Home အနေနဲ့ပဲ အိမ်ကနေ အလုပ်လုပ်တွေလုပ်နေကြရမှာပါ။ အိမ်ကနေအလုပ်လုပ်နေတယ်ဆိုပေမယ့်လည်း Meeting ထိုင်ရမယ့်နေ့တွေမှာ အိပ်မှုံစုံမွှားနဲ့ Co worker တွေနဲ့ Video call ပြောဆိုတာမျိုးက အဆင်ပြေမနေပါဘူးနော်။ တစ်ဖက်လူရဲ့ Impression down တာကိုခံရနိုင်သလို၊ ကိုယ်ကိုယ်တိုင်အတွက်လည်း Confident လျော့နည်းစေပါတယ်။ ဒီလိုပြောလိုက်လို့ Makeup တွေ အကျအနလိမ်းပြီး အဝတ်အစားတွေ ထုတ်ဝတ်စရာမလိုဘူးနော်။
ရုံးမှာ Meeting ထိုင်ခံနီး နှုတ်ခမ်းနီထုတ်ဆိုးလိုက်သလို၊ ဆံပင်တွေ ပုံကျအောင်ပြင်လိုက်သလိုပဲ ကောက်ကာငင်ကာ Meeting လုပ်ရမယ့်အချိန်မျိုးတွေမှာ ငါးမိနစ်လောက်နဲ့ အလှဆုံးဖြစ်သွားမယ့်ပြင်ဆင်မှုပါ။ သပ်သပ်ရပ်ရပ်လည်းဖြစ်နေမယ်၊ ကိုယ်တိုင်လည်း ပေါ့ပါးလွတ်လပ်တဲ့ခံစားမှုရဖို့ အမြန်ဆုံး၊ အလွယ်ဆုံး မိတ်ကပ်ခြယ်သနည်းကို မျှဝေချင်ပါတယ်။

Apply Moisturizer



Makeup တွေ မျက်နှာပေါ်မလိမ်းခင် Skincare လုပ်ပေးဖို့က အရေးအကြီးဆုံးအချက်ပါ။ အသားအရေ ကြည်ကြည်တောက်တောက်လေးဖြစ်စေဖို့ မျက်နှာသစ်ပြီးတာနဲ့ Moisturizer ကို မဖြစ်မနေလိမ်းပါ။

Mascara



နာမည်ကျော် Makeup Artist Oquendo ပြောပြတာက Vdo Call ပြောမယ့် ဖုန်း ဒါမှမဟုတ် Laptop ရဲ့ Camera ကို မှန်အနေနဲ အသုံးပြုကြည့်ပါတဲ့။ Vdo ထဲမှာ အလင်းရောင်ဘယ်လိုရှိမလဲ၊ ကိုယ့်မျက်နှာက Vdo ထဲမှာ ဘယ်လိုဖြစ်နေတာလဲဆိုတာသိဖို့အတွက်ပါ။ လန်းလန်းဆန်းဆန်းဖြစ်နေစေဖို့ မျက်တောင်ကော့တံနဲ့ မျက်တောင်တွေကော့လိုက်ပြီး Mascara အသုံးပြုပါ။ မျက်လုံးကို ထင်ရှားသွားအောင်ပြုလုပ်ပေးလိုက်တာမို့ Camera ထဲမှာ ကြည့်ကောင်းနေစေမှာပါ။

Blush



Facetime လုပ်တဲ့အခါ မိတ်ကပ်မလိမ်းထားရင် မျက်နှာ ပြောင်ပြောင်နဲ့ အရောင်မွဲနေသလို ဖြစ်တတ်ပါတယ်။ မျက်နှာလေး သွေးရောင်သန်းစေဖို့အတွက် ပါးနီတွေက မရှိမဖြစ်ပါပဲ။ Facetime လုပ်တဲ့အခါ မျက်နှာလေးလင်းနေစေဖို့ ပုံမှန်ခြယ်သနေကြထက် ခပ်များများခြယ်သလိုက်ပါ။ ပါးမို့ပေါ်မခြယ်သခင် Brush ကို Tap လုပ်ဖို့လည်း မမေ့နဲ့နော်။ ပိုပြီး Natural ဖြစ်သွားအောင် Beauty Blender လေးနဲ့ ပြန်ပြီး Blend ပေးပါ။

Eyebrow

မျက်ခုံးကလည်း လူတစ်ယောက်ရဲ့ မျက်နှာသွင်ပြင်ကို ပြောင်းလဲစေတဲ့အထိ အရေးပါပါတယ်။ မယုံလို့ရှိရင် မျက်ခုံးဆွဲထားတဲ့ပုံနဲ့ မျက်ခုံးမဆွဲထားတဲ့ပုံနှစ်ပုံကို ယှဉ်ကြည့်ကြည့်နော်၊ ကိုယ့်မျက်နှာက ဘယ်ပုံမှ အဆင်ပြေနေမလဲဆိုတာ ချက်ခြင်း သိနိုင်မှာပါ။ Editor ကတော့ Facetime တော့မယ်ဆိုတိုင်း Eyebrow ကို ခပ်မြန်မြန်လေးဆွဲလိုက်ပြီး Brush လေးနဲ့ ပြန်ညှိလိုက်ပါတယ်။ Camera ထဲမှာ မျက်နှာအချိုးကိုပေါ်လွင်စေဖို့အတွက် မျက်ခုံးကိုလည်း အရောင်လေးတောက်သွားအောင် ဆွဲဖို့လိုပါမယ်။

Lipstick



အရောင်မရှိတဲ့နှုတ်ခမ်းက ဘယ်လိုပဲဖြစ်ဖြစ် နေမကောင်းတဲ့သူနဲ့တူနေစေမှာပါ။ ကိုယ်ဆိုးနေကျ Lip Balm ပဲဖြစ်ဖြစ် Lip stick အနည်းငယ်ကို လက်ကလေးနဲ့ တို့ပြီးဆိုးပေးပါ။ Lip Gloss တွေက Camera ထဲမှာဆို ပြောင်ချောချောနဲ့ ထူထူပိန်းပိန်းဖြစ်စေတတ်တာမို့ Lipstick ကိုတောင် Matte Type သာရွေးချယ်ဖို့ Recommend ပေးချင်ပါတယ်။

, , ,

Makeup

ဧပြီလကုန်ထိ ဆိုင်တွေ ခေတ္တပိတ်ထားမယ့် “Clover” Cosmetics & Skincare Store

စိတ်မပူပါနဲ့ Online ကနေမှာလို့ရပါသေးတယ်။

by JN Ja Seng Pan

April 3, 2020

Covid 19 ကြောင့် ကမ္ဘာတစ်ဝှမ်းလုံး စိုးရိမ်ပူပန်နေရသလို နောက်ဆုံးတွဲအနေနဲ့ ကမ္ဘာစီးပွားရေးအခြေအနေကလည်း ကမောက်ကမဖြစ်နေတဲ့အချိန်ပါ။ ကူးစက်လွယ်တဲ့ရောဂါမို့ အိမ်ထဲမှာသာ လုံလုံခြုံခြုံနေဖို့ ကျန်းမာရေးအဖွဲ့အစည်းက တိုက်တွန်းနေတာဖြစ်ပြီး လူတွေနဲ့ ထိတွေ့ဆက်ဆံမှုကိုလည်း တတ်နိုင်သမျှနည်းအောင် လျော့ချခိုင်းနေပါတယ်။



လူသွား၊ လူလာများတဲ့ Shopping Mall တွေ စားသောက်ဆိုင်တို့လို Public Area တွေကစ Fashion Shop တွေ၊ အလှကုန်ပစ္စည်းဆိုင်တွေမှာပါ လူဝင်ရောက်မှုနည်းပါးပြီး Covid 19 ရန်ကြောင့် မဖြစ်မနေဆိုင်ခန်းတွေပါ ပိတ်ရတဲ့အခြေအနေ ဖြစ်နေပါတယ်။ မြန်မာနိုင်ငံမှာလည်း စိုးရိမ်ရတဲ့အခြေအနေဖြစ်တာကြောင့် လူတိုင်းက ကာကွယ်စောင့်ရှောက်မှုတွေကို တင်းတင်းကြပ်ကြပ်လုပ်လာတာတွေ့ရမှာပါ။



အလှအပအတွက် အားထားရတဲ့ နေရာတစ်ခုဖြစ်တဲ့ Clover ကလည်း Customer တွေကော ဝန်ထမ်းတွေအတွက်ပါ အဆင်ပြေအောင် Clover ရဲ့ ဆိုင်ခန်းတွေကို ပိတ်ထားမှာဖြစ်ပါတယ်။ လှည်းတန်းစင်တာ၊ City Mall၊ Ocean Tamwe၊ Times City နဲ့ Juction City က ဆိုင်တွေကို ဧပြီ ၁ရက်နေ့က နေ ၃၀ရက်နေ့အထိ ခေတ္တပိတ်ထားမှာပါ။ ဆိုင်တွေပြန်ဖွင့်မယ့် အချိန်ကို Clover Page ကနေ အကြောင်းကြားသွားမယ်လို့ သိရပြီး Customer တွေ အဆင်ပြေပြေနဲ့ ဆက်လက်အားပေးနိုင်ဖို့ Online ကနေ မှာယူနိုင်မှာဖြစ်ပါတယ်။ အိမ်မှာပဲ Skincare တွေ Care ပြီး Deliver ရောက်မယ့်အချိန်ကို ထိုင်စောင့်ကြတာပေါ့နော်။ ကျန်းမာရေးအသိနဲ့ အားလုံးအဆင်ပြေအောင် စီစဉ်ပေးတာတွေ့ရတာမို့ ဝမ်းသာစရာပါ။

, , , , ,

Makeup

ရောင်းအားတွေတက်ဖို့ Online Market တစ်ခုဖွင့်လိုက်တဲ့ ဥရောပရဲ့ အကြီးဆုံး Beauty Retailer Douglas

စီးပွားရေးလုပ်ငန်တွေ လည်ပြတ်နိုင်ဖို့အတွက် ရည်ရွယ်ထားတာပါ။

by JN Ja Seng Pan

April 2, 2020

ဥရောပရဲ့ အကြီးဆုံး Beauty Retailer Brand တစ်ခု ဖြစ်တဲ့ Douglas က အခုလို ကမ္ဘာအနှံ့အပြားမှာ ဖြစ်ပေါ်နေတဲ့ Covid 19 ဒဏ်ကြောင့် စီးပွားရေးအဆင်မပြေဖြစ်တာကို ဖြေရှင်းနိုင်ဖို့ နည်းလမ်းတစ်ခု ဖန်တီးခဲ့ပါတယ်။ ဆိုင်ခန်းတွေနဲ့ ရောင်းချရတဲ့ Fashion၊ Beauty Brand တွေနဲ့ လက်လီရောင်းချသူတွေပါ အဆင်ပြေအောင် Online Marketplace တစ်ခုကို ပြုလုပ်ခဲ့တာပါ။ ရည်ရွယ်ချက်ကတော့ Retailer သမားတွေအတွက် သူတို့ Product တွေကို မြန်မြန်ဆန်ဆန် ရောင်းချပေးနိုင်ဖို့နဲ့ ဆိုင်တွေ ပိတ်ထားတဲ့အချိန်အတွင်း စီးပွားရေးကိုလည်း အဆင်ပြေပြေနဲ့ လည်ပတ်နိုင်စေဖို့အတွက်ဖြစ်ပါတယ်။



စီးပွားရေးအခြအနေတွေ မတည်မငြိမ်ဖြစ်နေတဲ့ အချိန်ဆိုပေမယ့် လက်တွဲလုပ်ကိုင်လိုတဲ့ Partner တွေကို နောက်သုံးလအထိ Douglas ရဲ့ Online Market မှာ စီးပွားရေးကိစ္စတွေ ဆက်လက်လုပ်ကိုင်နိုင်ဖို့ စီစဉ်ဆောင်ရွက်ပေးသွားမှာပါ။ ဒီလိုခက်ခဲနေတဲ့အချိန်မှာ Retail Industry အတွက် အထောက်အပံ့တစ်ခုဖြစ်ချင်ရုံပါလို့ Douglas က တာဝန်ရှိသူက ပြောသွားခဲ့ပါတယ်။



ဒီ Online Market မှာ Douglas အနေနဲ့လည်း အလှအပအပြင် Accessorie, လက်ဝတ်ရတနာနဲ့ Home Décor, Lifestyle နဲ့ သက်ဆိုင်တဲ့ ပစ္စည်းတွေကိုလည်း တိုးချဲ့ရောင်းချသွားမှာဖြစ်ပါတယ်။
Douglas က ဂျာမနီအခြေဆိုက် Beauty Retailer ဖြစ်ပြီး ဥရောပ ၁၉နိုင်ငံမှာ ဆိုင်ပေါင်း ၁၇၀၀ကျော်ဖွင့်ထားဖြစ်ပါတယ်။ အဓိကအနေနဲ့ နာမည်ကြီးရေမွှေးတွေကို ရောင်းချတာဖြစ်ပြီး Cosmetics နဲ့ အခြား Accessories တွေကိုလည်း ဝယ်ယူနိုင်ပါတယ်။ မြန်မာနိုင်ငံက Beauty Diary တို့၊ Clover တို့လို ဆိုင်မျိုးလို့ ပြောလို့ရပါတယ်။ Douglas ကတော့ ပိုပြီးကြီးတာပေါ့နော်။ ၂၀၀၀ ခုနှစ်လောက်စပြီး Online ကနေ ဝယ်ယူလို့ရတဲ့စနစ်ကို စတင်အသုံးပြုခဲ့တာဖြစ်ပြီး ဥရောပတိုက်သားတွေအတွက် မရှိမဖြစ် အလှအပရေးရာနေရာလေးတစ်ခုဖြစ်ပါတယ်။ ဒီလိုအချိန်မှာ အကျိုးအမြတ် မကြည့်ပဲ ကိုယ့်လောကသားအချင်းချင်းလည်းအဆင်ပြေအောင် အားထုတ်ပေးနေတဲ့ဖြစ်တဲ့အတွက် ကျေနပ်ဝမ်းသာစရာပါ။

, , , ,

Makeup

Covid- 19 က မိတ်ကပ်ပစ္စည်းတွေမှာ ကပ်ငြိနေနိုင်လား

သန့်ရှင်းရေးကိုတော့ မဖြစ်မနေလုပ်ဖို့လိုပါတယ်။

by JN Ja Seng Pan

March 21, 2020

တစ်ကမ္ဘာလုံးမှာ ဖြစ်ပွားပျံ့နှံ့နေတဲ့ Covid-19 က မျက်နှာပြင်ပေါ်မှာ တွယ်ညှိနိုင်လို့ နေရာတိုင်းကို သန့်ရှင်းသန့်စင်နေအောင်ထားသင့်ပါတယ်။ ဆိုတော့ ကျွန်မတို့ ပုံမှန်အသုံးပြုနေတဲ့ မိတ်ကပ်ပစ္စည်းတွေ၊ Skincare တွေကကော အန္တာရယ်ကင်းပါ့မလား..စဉ်းစားစရာပါ။ အမျိုးသမီးတော်တော်များများ မိတ်ကပ်ပြင်ဆင်ဖို့ Product အမြောက်အမြားအသုံးပြုတဲ့အတွက် ဒီပစ္စည်းတွေကို ဆက်လက်အသုံးပြုဖို့ စိတ်ချရရဲ့လားဆိုတာ သံသယဖြစ်စရာပဲနော်။

ဒီပြဿနာကို အမြန်ဆုံးသိရှိနိုင်ဖို့အတွက် ခုဆက်ပြီးပြောပြသွားမယ့် အကြောင်းအရာက သိပ်ကိုအရေးကြီးပါတယ်။ Columbia University က Dr. Angela Rasmussen ရဲ့ ပြောပြချက်အရ  Covid- 19 က မိတ်ကပ်ပစ္စည်းတွေပေါ်မှာ ကပ်ညှိနိုင်လားဆိုတာကို သေချာရှာဖွေသိရှိခြင်း မရှိသေးပါဘူးလို့ဆိုပါတယ်။

အလှအပ Industry မှာလည်း ဒီ Effect က တော်တော့်ကို ထိခိုက်မှုရှိတာအားလုံးအသိပါ။ Glossier ရဲ့ ဆိုင်တွေ ယာယီပိတ်ထားပြီး Sephora ကလည်း အလှကုန်ဆိုင်တော်တော်များများကို ပိတ်ချလိုက်တာဖြစ်ပါတယ်။ Morphe ကလည်း သူတို့ဆိုင်မှာ ရှိတဲ့ Tester တွေကို Customer တွေနဲ့ ဝန်ထမ်းတွေအားလုံးကို မထိ၊ မကိုင်ဖို့ ထုတ်ပြန်ထားပါတယ်။

Cornoavirus က လူခန္ဓာကိုယ်ပေါ်မှာမဟုတ်ပဲ အခြားအရာတွေပေါ်မှာ အချိန်ဘယ်လောက်ကြာကြာ အသက်ရှင်နိုင်လည်း သေချာမသိနိုင်သေးပါဘူး။ ကျန်းမာရေးထုတ်ပြန်ချက်တွေအရ နှစ်နာရီကနေ ကိုးရက်ကြာ မျက်နှာပြင်ပေါ်တွေမှာ နေထိုင်နိုင်တာမို့ စိတ်မချရတာတော့အမှန်ပါ။ မိတ်ကပ်ပစ္စည်းပေါ်တွေမှာ ရောဂါပိုးကိုရှာမတွေ့သေးပေမယ့် Coronavirus နဲ့ပတ်သတ်ပြီး သံသယဖြစ်စရာတစ်စုံတစ်ရာကို ထိတွေ့မိရင်တော့ ဘာပစ္စည်းကိုမှ အသုံးမပြုတာအကောင်းဆုံးဖြစ်ပြီး အခြားလူတွေကိုလည်း ပြန်လည်ဝေမျှတာ မလုပ်သင့်ပါဘူးလို့ဆိုပါတယ်။ Coronavirus ကို မြန်မာနိုင်ငံမှာ မတွေ့ရှိသေးပေမယ့် ကာကွယ်တာက ပိုတယ်ဆိုတာမရှိပါဘူး။ ဒါ့အပြင် အပျင်းကြီးပြီး မရှင်းလင်းရသေးတဲ့ မှန်တင်ခုံကိုလည်း အချိန်ပေးပြီး ပြန်လည် သန့်ရှင်းမွန်းမံရာလည်းရောက်တာပေါ့။


အိမ်မှာရှိတဲ့ မိတ်ကပ်ပစ္စည်းတွေရဲ့ ဘူးခွံတွေ၊ အဖုံးတွေနဲ့ မျက်နှာပြင်တွေကို ဗီနီကာ၊ Dettol နဲ့ အခြားပိုးသတ်ဆေးတွေနဲ့ သန့်စင်နိုင်ပါတယ်။ ဒါမှမဟုတ်ရေနွေးလေးနဲ့  စနစ်တကျသန့်စင်ပြီး အသုံးပြုသင့်ပါတယ်။ ကိုယ်အမြဲသုံးနေကျ၊ ကိုင်တွယ်ထိတွေ့နေကျ မိတ်ကပ်ပစ္စည်းတွေကို ပုံမှန်သန့်စင်ပေးသင့်ပါတယ်။ Alcohol ပါဝင်တဲ့ Product တွေမှာတော့ Virus ဖြစ်ပွားနိုင်ခြေနည်းပြီး Cream Type Product တွေကိုတော့ အထူးသတိပြုသင့်ပါတယ်။ ဒါကြောင့် Public နေရာတွေသွားလေ့ရှိပြီး မိတ်ကပ်ပစ္စည်းတွေနဲ့ ထိတွေ့မှုရှိရင်တော့ သုံးစွဲပြီး အမြဲစနစ်တကျဆေးကြောသန့်စင်တာက အကောင်းဆုံးအဖြေတစ်ခုဖြစ်မှာပါ။

Ref: yahoo.com

instyle.com


MODA TV 


Makeup

COVID-19 ကြောင့် အလှကုန်ဆိုင်တွေအားလုံးကို ပိတ်သွားမယ့် Sephora

တကယ့်ကို ကောင်းမွန်တဲ့ နည်းလမ်းတစ်ခုပါ။

by JN Ja Seng Pan

March 17, 2020

မြောက်အမေရိကားနဲ့ ကနေဒါမှာရှိတဲ့ Sephora ဆိုင်တွေအားလုံးကို ယနေ့ မတ်လ ၁၇ ရက်နေ့ကစပြီး ပိတ်သွားမှာဖြစ်တဲ့အတွက် အလှကုန်ပစ္စည်းတွေ ဝယ်ယူလို့ရတော့မှာ မဟုတ်ပါဘူး။ဝန်ထမ်းတွေအားလုံးကိုလည်း ညနေငါးနာရီ နောက်ဆုံးထားပြီး အလုပ်ဆင်းခိုင်းသွားမှာဖြစ်ပါတယ်။

Sephora က တာဝန်ရှိသူတွေက Sephora စပြီးတည်ထောင်ကတည်းက အလှအပချစ်သူတွေအတွက် လွယ်ကူအဆင်ပြေစေမယ့် နေရာလေးအဖြစ် ရည်ရွယ်ပြီး စတင်ခဲ့တာဖြစ်ပါတယ်။ တာဝန်ယူမှုအပြည့်ရှိပြီး အားလုံး အဆင်ပြေဖို့အတွက်ကိုပဲ အမြဲဦးစားပေးခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း ဒီဆုံးဖြတ်ချက်ကို ချခဲ့ကြတာလို့ customer တွေကို Email နဲ့ ပေးပို့ပြီး အသိပေးခဲ့တာဖြစ်ပါတယ်။



ကျန်းမာရေးညွှန်ကြားချက်တွေအရ COVID 10 ကို ကာကွယ်ဖို့ သူတို့မှာလည်း တာဝန်အပြည့်အဝရှိတာမို့ လူအစုအဝေးများတာ၊ လူတွေကို ထိတွေ့တာ နည်းနိုင်သမျှနည်းအောင် ဒီနည်းလမ်းကို သုံးဖို့ပဲရှိတော့တာပါလို့ ဆိုပါတယ်။



ယာယီပိတ်ထားတဲ့အချိန်အတွင်း Digital Platform တွေဖြစ်တဲ့ Sephora.com, Sephora.ca ဆိုတဲ့ website တွေနဲ့ Mobile App တွေကိုတော့ သုံးစွဲလို့ရဦးမှာဖြစ်ပါတယ်။ Online ကနေ မှာယူထားတဲ့ပစ္စည်းတွေကိုလည်း Shipping လုပ်ဖို့ ဧပြီ သုံးရက်နေ့အထိ ရပ်ဆိုင်းထားမှာဖြစ်ပါတယ်။
Social Media ကနေ အလှအပချစ်သူတွေအတွက် ရှိနေမှာဖြစ်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာတွေကို တင်ပေးသွားမယ်လို့ သိရပါတယ်။ အလှအပချစ်သူတွေအတွက် စိတ်မကောင်းစရာသတင်းဖြစ်ပေမယ့် တစ်ကမ္ဘာလုံးအတိုင်းအတာဖြစ်ပွားနေတဲ့ ရောဂါမို့ မဖြစ်ခင် ကာကွယ်တာက ပိုပြီးလုံခြုံစိတ်ချရတဲ့အတွက် မှန်ကန်တဲ့လုပ်ရပ်ပါလို့ ထင်မြင်မိပါတယ်နော်။

 

, , , ,

Makeup

Selena Gomez ကိုချစ်တဲ့ Fan တိုင်း လိုချင်နေတဲ့ အိပ်မက်တစ်ခု

လူလည်းလှသလို စိတ်လေးလည်းလှလွန်းတဲ့ Selena

by JN Ja Seng Pan

March 3, 2020

Selena ကို ချစ်တဲ့သူတွေအတွက် Selena Gomez ရဲ့ ကိုယ်ပိုင် Brand တစ်ခု Launch လုပ်တော့မယ်ဆိုတာ သိထားကြမှာပါ။ သူမရဲ့ Brand ကိုသုံးစွဲတာတင်မက သူမရဲ့ရင်ခုန်စရာကောင်းတဲ့ အစီအစဉ်တွေကိုပါ ပါဝင်လို့ရမယ့် အခွင့်အရေးကလည်း ရှိနေပါသေးတယ်။ ဖေဖော်ဝါရီ်လ ၂၇ ရက်နေ့က Social Network တစ်ခုဖြစ်တဲ့ Instagram မှာ လူတိုင်းပါဝင်နိုင်မယ့် Campaign တစ်ခုကို ကြော်ငြာခဲ့တာဖြစ်ပါတယ်။ ဒါကဘာလဲဆိုတော့ သင့်အတွက် Rare ဖြစ်စေတဲ့အရာက ဘာလဲဆိုပြီး မေးခွန်းလေးနဲ့ဖြစ်ပြီး အမေရိကားမှာ နေထိုင်တဲ့သူမှန်သမျှ ဒီ Campaign ကို Apply လုပ်ခွင့်ရှိတာဖြစ်ပါတယ်။ အခြားနိုင်ငံတွေ မပါတာကတော့ ဝမ်းနည်းစရာပါနော်။


March ၁ရက်နေ့ထိ rarebeauty.com ဆိုတဲ့ဆိုဒ်မှာ ပေးပို့လျှောက်ထားနိုင်တာပဲဖြစ်ပါတယ်။ Rare Beauty ရဲ့ ရည်ရွယ်ချက်ကတော့ ပတ်ဝန်းကျင်လူ့အဖွဲ့အစည်းက မပြည့်စုံဘူးလို့ သတ်မှတ်တဲ့အရာမှန်သမျှကို လှပတယ်ဆိုတာကို Community တစ်ခုတည်ထောင်ပြီး ပြန်လည်ဖော်ထုတ်သွားမှာဖြစ်ပါတယ်။ ဒီဖြစ်စဉ်အတွက် အားလုံးကို ပါဝင်အားဖြည့်ပေးဖို့လည်း အသိပေးထားတာတွေ့ရပါတယ်။

Selena ကလည်း “ရုပ်ရည်သွင်ပြင် ဘယ်လိုပဲဖြစ်နေပါစေ၊ ဘယ်သူကိုပဲချစ်ချစ် အားလုံးကို ကြိုဆိုပါတယ်၊ ဘယ်သူမဆို ဒီ Campaign လေးကို ပါဝင်ကြပါ”လို့ ပြောထားပါတယ်။ ရွေးချယ်ခံရတဲ့သူကို March 9 မှာ ကြေငြာပေးသွားမှာဖြစ်ပြီး LA မှာ ဒီ Campaign ကို စတင်ရိုက်ကူးမှာဖြစ်ပါတယ်။ ရွေးချယ်ခံရတဲ့သူက Rare Beauty ရဲ့ Member တစ်ယောက်အနေနဲ ဖော်ပြခြင်းခံရမှာတင်မဟုတ်ပဲ နောက်ထပ်ပြုလုပ်သွားမယ့် Campaign တွေမှာလည်း ပါဝင်ခွင့်ရရှိမှာဖြစ်ပါတယ်။ ဒါ့အပြင် Product Test ကိုလည်း အခြားသူတွေမစမ်းသပ်ရသေးခင် အရင်ဆုံး အသုံးပြုခွင့်ရရှိမှာဖြစ်ပါတယ်။ Selena Fan တွေအတွက်တော့ တကယ့်ကိုလိုချင်စရာကောင်းတဲ့ အိပ်မက်တစ်ခုပါနော်။

Rare Beauty က Makeup Line တစ်ခုဖြစ်ပြီး Product ပိုင်းနဲ့ ပတ်သတ်ပြီး ဘယ်လိုမျိုးတွေလာမလဲဆိုတာကိုတော့ အခုထိမသိရသေးပါဘူး။ ဒီနှစ်ပိုင်းမှာတော့ ထွက်ရှိလာဖို့ရှိပြီး Sephora ဆိုင်တွေမှာသာ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ ဒီ Campaign ရဲ့ Winner က ဘယ်သူဖြစ်မလဲ၊ ဘာတွေလှုပ်ရှားသွားမလဲဆိုတာကတော့ ရင်ခုန်စရာကောင်းနေပါပြီနော်။

 

, , ,

Makeup

အနာဂတ်သစ်ဆီကို ခေါ်ဆောင်သွားမယ့် Milan Fashion Week 2020 မှ ဆန်းဆန်းပြားပြား Beauty Look များ

Extra..Extra..Extra ပါပဲ

by JN Ja Seng Pan

February 26, 2020

2020 Fall Season အတွက် Fashion Week တွေကတော့ ပြန်လည်ရောက်ရှိလို့လာပါပြီ။ ဒီတစ်ခေါက် Season မှာ ထူးခြားဆန်းပြားတဲ့ Beauty Look တွေပါဝင်တဲ့ Milan Fashion Week ကို အားလုံး စိတ်ဝင်စားနေမှာသေချာပါတယ်။ Futuristic နဲ့ တောက်တောက်ပပ Glitter Look တွေကို နာမည်ကြီး Brand တွေရဲ့ Runway စင်မြင့်ထက်မှာ အများအပြားတွေ့ရတာ သတိထားမိရသလောက်ပါပဲ။ ပုံမှန် Makeup Look တွေကို ခဏထားပြီး ခေတ်သစ်ကို ခေါ်ဆောင်သွားမယ့် Milan Fashin Week က Runway Look တွေကို ခံစားကြည့်လိုက်ရအောင်လား။


Moschino

Moschino ရဲ့ Runway မှာ အားလုံးကို ဖမ်းစားလိုက်တဲ့ အရာကတော့ Marie Antoinette စတိုင် ဆံပင်ထိုးဖွဲ့မှုကြောင့်ပါ။ အရောင်မျိုးစုံနဲ့ မိုးအထိမြှင့်တက်နေတဲ့ ဆံပင်တွေက Moschino ရဲ့ Outfit တွေနဲ့ လိုက်ဖက်လွန်းတာတွေ့ရပါတယ်။ Exaggerate ဖြစ်တဲ့ Cat Eye နဲ့ ပါးမို့နီနီရဲရဲနဲ့အတူ ၁၈ရာစုစတိုင် ပြင်ဆင်ချယ်သမှုကို ခံစားရမှာပါ။

Gucci



အရင်နှစ်က Extra ဖြစ်တဲ့ Waxy Tear တွေက ပြောစမှတ်ဖြစ်ခဲ့သလို ဒီနှစ်မှာလည်း ပျံ့လွင့်ပေကျန်နေတဲ့ Runny Mascara Look က လူကြိုက်များမှာ အသေအချာပါ။ အလွယ်တကူပြင်ဆင်လို့ရတဲ့ ဒီ Look ကို Gucci က မကြာခင် Launch လုပ်တော့မယ့် Mascara L'Obscur နဲ့ ပြင်ဆင်ပေးထားတာဖြစ်ပါတယ်။ Glitter Headband, Printed Scarves တွေနဲ့ လိုက်ဖက်ညီနေတဲ့ အမိုက်စား Look ကိုတွေ့ရမှာပါ။

Marni



အားလုံးထက် တမူထူးသွားတာကတော့ Marni ရဲ့ Glitter Look ပါ။ Raver တွေ၊ Russian Oil Painting နဲ့ Alice in Wonderland ကို အခြေခံ Inspiration ယူထားတဲ့ Makeup Look တစ်ခုလို့ သိရပါတယ်။ ကြည့်လိုက်တာနဲ့ Galaxy တွေထဲ ရောက်သွားသလို မခံစားရဘူးလား?

Vivetta



Glitter အများကြီးသုံးဖို့မရဲရင်တော့ Vivetta ရဲ့ Look လေးက အသုံးတည့်မှာ သေချာပါတယ်။ Eye Lash နဲ့ မျက်ဝန်းကို မပြင်ဆင်ပဲ ပြောင်ပဲထားပြီး မျက်ခန်းတလျှောက် တောက်ပဝင်းလက်နေမယ့် Festive Look ကို တွေ့ရမှာပါ။

Prada



Cyber Look ပုံစံနဲ့ မြင်တွေ့ရမယ့် Prada ရဲ့ Makeup Look ကလည်း နှစ်လိုဖွယ်ကောင်းပါတယ်။ နာမည်ကျော် Makeup Artist တစ်ယောက်ဖြစ်တဲ့ Pat Mcgrath က ဒီ Look တွေကို ပြင်ဆင်ပေးခဲ့တာဖြစ်ပါတယ်။ မျက်ဝန်းကို ဦးစားပေးခြယ်သထားတာဖြစ်ပြီး အရောင်တွေနဲ့ Geometric Block Style Eye Makeup Look က အနာဂတ်အသစ်ဆီကို ခေါ်ဆောင်လို့နေပါတယ်။

Fendi



'Abstract Asymmetrical Sculptures and elegant twist and turns' ဆိုပြီး Hairstylist Sam McKnight က ဒီ Hair Look ကို ဖော်ပြထားတာဖြစ်ပါတယ်။ ပေါင်မုန့်အခွေအလိပ်လေးတွေလို မြင်တွေ့ရမယ့် ဒီ Hair Look က Bakery တစ်ခုထဲရောက်သွားသလို ခံစားရမယ်လို့ ဆိုပါတယ်။ ဒီ Look ကို Bold ဖြစ်စေတဲ့ Ombre စတိုင် Cherry ရောင် Lip Color က ကျွန်မအတွက် သိပ်ကို ဆွဲဆောင်မှုရှိလွန်းနေပါတယ်။

Missoni



ကဲ ဒီ Look ကတော့ အပြင်က မိန်းကလေးတွေပါ လိုက်ပြီး ပြင်ဆင်ကြမယ့် Makeup Look လို့ထင်မိပါတယ်။ Orange Brown Monotone Makeup Look က Missoni ရဲ့ Runway မှာ တခမ်းတနားကြီး အလှသွေးကြွယ်နေတာအမှန်ပါ။ 90 စတိုင် ခြယ်သထားတဲ့ ဒီ Look က ထသွားထလာ အမိုက်စား မိန်းမပျိုအသွင်ကို ပုံဖော်နေတာအမှန်ပါ။ နှုတ်ခမ်းနီအတွက် MAC Powder Kiss Lipstick က Devoted to Chili ကို အသုံးပြုထားတယ်လို့ သိရပါတယ်။ ကဲ ဆိုတော့ ကိုယ်ကိုယ်တိုင် Runway Look ကို ပုံဖော်နိုင်အောင် ဒီက Editor ကတော့ ပြောပြလိုက်ပြီနော်။

Antonio Marras



အပ်ချည်လေးတစ်မျှင်ကလည်း ပြောင်မြောက်လှတဲ့ Beauty Look တစ်ခုကို ပုံဖော်နိုင်တယ်ဆိုတာ စဉ်းစားမိကြလား။ ရိုးရှင်းပေမယ့် Unique ဖြစ်နေတဲ့ ဒီ Look မှာ Bare Skin၊ ခပ်ရင့်ရင် Berry Stain Lips နဲ့ မျက်လုံးကို ထင်းလင်းနေစေဖို့ အပ်ချည်မျှင်တွေနဲ့ ပြင်ဆင်ပုံဖော်ထားပါတယ်။ ကဲ ဒီ Look က သိပ်ကို ဆန်းသစ်မနေဘူးလား။

GCDS



ကျွန်မအတွက် အဖမ်းစားနိုင်ဆုံးဖြစ်ခဲ့တဲ့ Look တွေကတော့ GCDS က Makeup Look တွေလို့ ပြောရမှာပါ။ ပြောင်လက်လက် နှုတ်ခမ်းနဲ့ Bare Skin Look က Runway လမ်းမထက်မှာ ရွှန်းရွှန်းတောက်လှနေတာ သေချာပါတယ်။ GCDS က နောက်ထပ် Look တစ်ခုဖြစ်တဲ့ Glitter Tip Eye Look ကလည်း ပုံမှန် Smoky Eyeshadow တွေကနေ ကွဲထွက်ပြီး တစ်မျိုးဆန်းသစ်နေတဲ့ Look လေးတစ်ခုပါ။ ခြယ်သနေကြ Smoky Eyeshadow အပေါ်ကနေ Neon Glitter Eyeshadow အနည်းငယ်ကို တစ်ချက်ထိတို့လိုက်ရုံနဲ့ ပုံမှန်ထက် ကွဲထွက်နေတဲ့ အမိုက်စား Look ကိုရရှိမှာပါ။

, , , ,


Loading More post