×
Makeup

နိုင်ငံတကာက အလှကုန်တွေနဲ့ ယှဉ်လို့ရတဲ့ မြန်မာလူမျိုးတွေရဲ့ Cosmetics Brand များ

ကိုယ့်နိုင်ငံသားတွေရဲ့ Brand လေးတွေ

by JN Ja Seng Pan

July 1, 2020

Cosmetics တွေဆိုတာက မိန်းကလေးတွေအတွက် အလှအပမှာ အထောက်အကူပြုတဲ့ ပစ္စည်းလေးတွေပေါ့။ အရင်တုန်းကဆို နှုတ်ခမ်းနီ၊ Eyeshadow တွေကို နိုင်ငံခြားကနေ တကူးတကလူကြုံနဲ့ မှာဝယ်တဲ့အချိန်တွေရှိခဲ့ပါတယ်။ နောက်ပိုင်း Cosmetics Brand တွေ ဝင်လာတဲ့အချိန်မှာတော့ အလွယ်တကူအသုံးပြုလာရတဲ့ဆိုပေမယ့် ဈေးနှုန်း၊ အသားအရောင်နဲ့ ရာသီဥတုမကိုက်ညီတဲ့အချိန်မှာ ဝယ်လိုက်လည်း အရာမထင်တာတွေကြုံဖူးကြမှာပါ။ မြန်မာနိုင်ငံမှာလည်း ကိုယ်ပိုင် Brand တွေနဲ့ Beauty Product တွေထုတ်လာတာနဲ့ အမျှ မြန်မာမိန်းကလေးတွေအတွက် ရွေးချယ်စရာပိုမိုများပြားလာပြီး အကြိုက်တွေ့လာတာတွေ့ရပါတယ်။ ပြည်တွင်းက Beauty Brand တွေထဲကမှ နိုင်ငံတကာက Product တွေနဲ့ ယှဉ်နိုင်တဲ့ Product တွေကလည်း အများကြီးမို့ ကိုယ့်နိုင်ငံက ထုတ်ကုန်လေးကိုအားပေးပြီး အလှပိုနိုင်ကြပါစေနော်။

Pantra Beauty



Glass Skin လိုချင်တဲ့ သူတွေအတွက် Pantra Beauty က Bare Tone Up Cream လေးက တကယ့်ကို Effective ဖြစ်စေပါတယ်။ သူက ရှိရင်းစွဲအသားအရောင်ကို Tone Up လုပ်ပေးလိုက်တာမို့ ဒါလေးလိမ်းထားရင် ပြောင်ပြောင် ကြည်ကြည်လေးနဲ့ မျက်နှာလေးကြွနေစေမှာပါ။ SPF 30 Plus ပါဝင်လို့ နေရောင်ခြည်ကာကွယ်သလို Primer အနေနဲ့ သုံးလို့ရတာမို့ အချိန်မကုန်ပဲ All in One အဆင်ပြေစေမှာပါ။ သူ့ဆီက Li Tint လေးကလည်း ပါးနီ၊ နှုတ်ခမ်းနီနဲ့ Eyeshadow အဖြစ်အသုံးပြုလို့ရတာမို့ တစ်ချောင်းရှိရုံနဲ့ အဆင်ပြေတာပေါ့။ Lip Crayon လေးလည်း လူကြိုက်များတယ်နော်။


Hearty Heart




Hearty Heart ကတော့ အထူးတလည် မိတ်ဆက်ပေးစရာမလိုဘူးထင်ပါတယ်။ ဈေးနှုန်းသင့်တင့်ပြီး လူငယ်မိန်းကလေးတွေကြားမှာ ရေပန်းစားနေတဲ့ Brand လေးလို့ ပြောလို့ရပါတယ်။ ကျွန်မအတွက်ကတော့ Packing တွေကချစ်စရာကောင်းလွန်းလို့ သဘောမကျပဲမနေနိုင်ပါဘူး။ Eyeliner နဲ့ Eyeshadow Stick တွေကတော့ တော်တော်ကြီးကိုကောင်းလို့ Recommend ပေးချင်ပါတယ်နော်။


Body Body Myanmar




BodyBody Myanmar ကတော့ MODA Woman အဖြစ်ဖော်ပြဖူးတဲ့ မ Opal Aye ရဲ့ Brand လေးပါ။ Orangic ပစ္စည်းတွေနဲ့ ပြုလုပ်ထားတာမို့ ယုံကြည်စိတ်ချစွာအသုံးပြုနိုင်ပါတယ်။ ဒီ Brand လေးထဲက Body Oil နဲ့ Moroccan Exfoliating Soap က လူကြိုက်များတာမို့ Try ကြည့်သင့်ပါတယ်။ ရေဓာတ်ပြည့်ပြီး စိုေုပြတဲ့အသားအရေအတွက် Body Oil လေးကို ညအိပ်ခါနီးလိမ်းအိပ်လိုက်ရုံနဲ့ စိတ်ကျေနပ်မှုအပြည့်ပေး.မ့် ရလဒ်ကိုပေးမှာပါ။ Organic Vrigin Coconut Oil Organic Shea Butter နဲ့ Grape Seed Oil Sweet Almond Oil တွေပါဝင်တာမို့ အသားအရေအတွက် ဘယ်လောက်တောင်ကောင်းမလဲဆိုတာ စဉ်းစားကြည့်ရုံနဲ့ သိမှာပါ။ အပြင်ထွက်ခါနီး အသားအရေပြောင်တောက်နေမို့အတွက်လည်း ဒီတိုင်းလိမ်းသွားလို့ရတယ်နော်။ 


Bella




Bella ကိုလည်း မြန်မာနိုင်ငံက အလှအပကြိုက်တဲ့မိန်းကလေးတိုင်းနဲ့ ရင်းနှီးနေမယ့် Brand လေးပါ။ ထိပ်တန်းမင်းသမီးတွေနဲ့ တွဲတွေ့ရတတ်တဲ့ Brand မို့ အားပေးမှုများတဲ့ Brand လို့လည်းပြောလို့ရပါတယ်။ Bella က အကြိုက်ဆုံး Product ဆိုရင် Makeup Remover လို့ပြောလို့ရပါတယ်။ Bella Love Water က ဖျက်ပြီးတာနဲ့ အသားအရေတကယ့်ကို သန့်စင်သွားပြီး Skincare မသုံးပဲနဲ့ကို ကြည်ကြည်တောက်တောက်လေးဖြစ်စေတာမို့ Must Try ပါ။ ဒီတစ်လောကမှ ထွက်ထားတဲ့ Lip Pouch လေးက ပေါ့ပေါ့ပါးပါးနဲ့ သယ်ရလွယ်ကူပြီး ပေးရတဲ့ ဈေးနဲ့ ပိုတန်နေတာမို့ Lipstick ချစ်သူတွေ အကြိုက်တွေ့အုံးမှာပါ။


Burmese Dream




မြန်မာလူမျိူး၊ မြန်မာအမျိုးသမီး ထုတ်ထားတဲ့ 100% Vegan Brand လေးပါ။ Vegan Friendly ဖြစ်လို့ သားသတ်လွတ်စားတဲ့သူတွေအတွက် အသင့်တော်ဆုံးဖြစ်မှာပါ။ Cruelty Free ဖြစ်လို့ တိရစ္ဆာန်တွေအပေါ်မှာ စမ်းသပ်ထားတာမရှိတဲ့ Brand လေးမို့ ဒီလို Brand လေးတွေကို များများအားပေးဖို့ တိုက်တွန်းချင်ပါတယ်။ Burmese Dream ရဲ့ Lipstick တွေရဲ့ ထူးခြားချက်နောက်တစ်ခုကတော့ မြန်မာအငွေ့အသက်တွေနဲ့ ပေးထားတဲ့ နှုတ်ခမ်းနီအရောင် နာမည်လေးတွေပါ။ မုန့်ဟင်းခါး၊ မန္တလေး၊ ပုဂံစတဲ့ နာမည်လေးတွေသုံးထားတာမို့ နိုင်ငံခြားက ကိုယ့်သူငယ်ချင်းတွေကိုလည်း လက်ဆောင်ပေးပြီးတော့ မြန်မာနိုင်ငံကို မိတ်ဆက်ပေးလို့ရတာပေါ့။


Sai Cosmetix



ပျိူမေတွေအသည်းစွဲ အဆိုတော်၊ မင်းသား စိုင်းစိုင်းရဲ့ Brand လေးပါ။ စိုင်းစိုင်းကိုချစ်တဲ့ ကောင်မလေးတွေနဲ့တော့ စိမ်းမှာ မဟုတ်ပေမယ့် မသုံးကြည့်ရသေးတဲ့ ကောင်မလေးတွေလည်း Try ကြည့်သင့်ပါတယ်။ ဒီ Brand လေးထဲက Sai Mask ကတော့ နာမည်ကြီးပြီး တော်တော်ကောင်းတဲ့အပြင် အခြား Product လေးတွေကလည်း Quality ကောင်းကောင်းလေးနဲ့ စနစ်တကျထုတ်လုပ်ထားတာ တွေ့ရပါတယ်။ Beauty Blender လေးကလည်း Blend လို့အရမ်းကောင်းလို့ Foundation လိမ်းတိုင်း ညီညီသိပ်သိပ်လေးဖြစ်စေမှာပါ။


Moezy by Moe Set Wine



Super Model မိုးစက်ဝိုင်ရဲ့ Brand လေးပါ။ ဒီထဲမှာ ကျွန်မ Recommend အပေးချင်ဆုံး Product လေးက Thanakha Sun Gel လေးပါ။ သုံးဖူးတဲ့သူတိုင်း Satisfied ဖြစ်တဲ့ Product လေးဆိုလည်း မမှားပါဘူး။ Gel Type မို့ အသားမှာ စေးကပ်ကပ်ဖြစ်မနေပဲ သနပ်ခါးပါဝင်တာကြောင့် Cooling Effect နဲ့ အသားထဲစိမ့်ဝင်လွယ်စေပါတယ်။ အသားအရေကို အစိုဓာတ်ဖြည့်တင်းပေးပြီး ပြာသွားတာ၊ ဖြုသွားတာမဖြစ်လို့ ယောင်္ကျားလေးအတွက်ကော မိန်းကလေးအတွက်ပါ သင့်တော်ပါတယ်။


Super Red Cosmetics



အသံပါဝါအားကောင်းကောင်းနဲ့ ဆိုတတ်တဲ့ အဆိုတော်မလေး နီနီခင်ဇော် ပုံဖော်ထားတဲ့ Brand လေးပါ။ Cosmetics Brand ဆိုတဲ့အတိုင်း Product စုံစုံလင်လင်ရှိပြီး သုံးလို့တော်တော်လေးအဆင်ပြေတာတွေ့ရပါတယ်။ Super Red ရဲ့ Signature Packing ကတော့ လူတိုင်းအတွက် ဆွဲဆောင်မှုတစ်ခုဖြစ်စေမှာပါ။ မြန်မာမှုကိုမှ Vintage Style နဲ့မို့ ခေတ်ဟောင်းအသုံးအဆောင်ပစ္စည်းလေးတစ်ခုကို သုံးနေရသလို ခံစားရမှာပါ။

 

, ,
Makeup

အသားညိုတဲ့ကောင်မလေးတွေနဲ့ အလိုက်ဖက်ဆုံးနှုတ်ခမ်းနီအရောင်များ

ဘယ်အရောင်လေးတွေဖြစ်မလဲ။

by JN Ja Seng Pan

July 27, 2020

အသားဖြုမှ လှတဲ့ခေတ်မဟုတ်တော့ဘူးနော်။ ညိုညိုလေးတွေကမှ တကယ့်ကို ကြည့်ကောင်းပြီး ဆွဲဆောင်မှုရှိတာ ကိုယ်တွေ့။ ဒါပေမယ့် ဘယ်လိုအသားအရောင်မဆို ကိုယ်နဲ့ လိုက်ဖက်နေတတ်တဲ့ အရောင်တွေကလည်းရှိနေပြန်တော့ အရောင်ရွေးချယ်မှုက အရေးကြီးသွားပြန်ရော။ မိန်းကလေးတိုင်းရဲ့ အလှကို ပံ့ပိုးပေးတဲ့ Lipstick တွေမှာ ဒီလိုရွေးချယ်မှုလေးတွေလုပ်တော့ အလှပိုစေတာပေါ့။ အသားညိုတဲ့ကောင်မလေးတွေ ကိုယ်နဲ့ လိုက်ဖက်တဲ့နှုတ်ခမ်းနီအရောင်ကို ရှာမတွေ့ဘူးဖြစ်နေလား။ ဒါမှမဟုတ်ဆိုးလိုက်တိုင်း မလိုက်ဘူးထင်နေရတဲ့ ခံစားချက်တွေပျောက်သွားစေဖို့ အခုဖော်ပြပေးမယ့်အချက်လေးတွေက အသုံးဝင်မှာအသေအချာပဲနော်။

Copper Brown



အသားညိုတဲ့ကောင်မလေးတွေအတွက် ဆွဲဆောင်မှုကောင်းနေစေမယ့် အရောင်လေးပါ။ Copper Brown အနုပဲဖြစ်ဖြစ် အရင့်ပဲဖြစ်ဖြစ် အသားရောင်နဲ့ လိုက်ဖက်လှပြီး မျက်နှာကိုလင်းစေပါတယ်။ ဘယ်လိုပွဲအခမ်းအနားဖြစ်ဖြစ်၊ အင်္ကျီပုံစံနဲ့ ဖြစ်ဖြစ် အဆင်ပြေနေစေမယ့် အရောင်ပါ။


Red



Red ကတော့ တစ်ကမ္ဘာလုံးမှာရှိတဲ့ မိန်းကလေးတိုင်းနဲ့ လိုက်ဖက်တဲ့အရောင်ပါ။ အထူးသဖြင့် အသားညိုတဲ့ကောင်မလေးတွေနဲ့ ဆို ပိုပြီးဆွဲဆောင်မှုပိုစေပါတယ်။ နှုတ်ခမ်းလေး ဖူးဖူးကြွကြွလေးဖြစ်သွားစေဖို့ နှုတ်ခမ်းအလယ်မှာ Glitter နည်းနည်း တို့လို့ရပါတယ်။ အနီရောင်ဆိုးရာမှာကို လက်မတွန့်ပဲ ယုံကြည်မှုရှိရှိနဲ့ ဆိုးလိုက်ပါ။


Rose Pink

နှင်းဆီရောင်ဆိုတာက အသားညိုတဲ့ကောင်မလေးတွေအတွက် အထူးသီးသန့်ပါ။ Coral Pink နဲ့ Rose Pink တို့လို Cream Shade, Light Shade တွေကအစ ရွေးချယ်နိုင်ပါတယ်။ Rose pink အရောင်အမျိူးမျိုးကို ထသွားထလာလား၊ မိန်းကလေးဆန်ဆန်လား Mood အလိုက် ပြောင်းလဲနိုင်ပါတယ်။


Taupe



အသားလေးညိုစိမ့်စိမ့်ဖြစ်မှ Taupe က ပိုပြီးအရောင်တက်တာပါ။ ညိုချောလေးတွေရဲ့ အိတ်ထဲမှာ မဖြစ်မနေ ဆောင်ထားသင့်တဲ့ အရောင်ဆိုလည်းမမှားပါဘူး။


Fuchsia




အသားညိုလို့ ဒီအရောင်ကို မဆိုးရဲစရာ အကြောင်းကိုမရှိဘူးနော်။ အံ့သြစရာကောင်းလောက်အောင် အညိုစင်လေးနဲ့ တော်တော်လေးကို လိုက်ဖက်တဲ့အရောင်ပါ။ မျက်နှာကို လင်းသွားစေပြီး ရဲရင့်တက်ကြွတဲ့ ကောင်မလေးအသွင်ဖြစ်စေလို့ ဒီအရောင်လေးက Must Try ပါ။


Chocolate Brown




Copper Brown နဲ့ ဆင်သလို ထင်ရပေမယ့် သပ်သပ်စီပါနော်။ Copper Brown က နည်းနည်းလင်းပြီး Choco Brown ကတော့ ခပ်ရင့်ရင့်၊ ခပ်မှောင်မှောင်ပုံစံကို သွားပါတယ်။ အညိုစင်လေးနဲ့ လိုက်ဖက်တဲ့ ခပ်မိုက်မိုက်အရောင်ပါ။ ပဲသိပ်မများချင်တဲ့နေ့တွေမှာ ဒီအရောင်လေးကိုသာ ဆိုးလိုက် သိပ်အားထုတ်စရာမလိုပဲ အလိုလိုမိုက်နေတဲ့ Look ကိုပေးမှာပါ။


Nude




အရောင်ရင့်ရင့်တွေမကြိုက်ဘူး..ရိုးရိုးရှင်းရှင်း Soft ဖြစ်တဲ့ ပုံစံပဲသွားချင်ရင်တော့ Nude ကာလာက အကောင်းဆုံးရွေးချယ်မှုပါ။ တစ်ခုသတိထားရမှာက အရမ်းဖျော့တော့တဲ့ Nude Color ကို မရွေးချယ်မိဖို့ပါ။ ဆိုးတဲ့အခါမှာလည်း Bronze Color Lip Liner နဲ့ အရင်ဆုံး Line ဖော်ပြီးမှ ဆိုးပေးပါနော်။

, , ,

Makeup

သင်အကြိုက်ဆုံး Cosmetics အရောင်က ပြောတဲ့ သင့်အကြောင်း

ဘယ်အရောင်ကို အကြိုက်ဆုံးလဲ။

by JN Ja Seng Pan

June 26, 2020

Beauty Diary ဖြစ်ဖြစ်၊ Cosmetics Counter မှာဖြစ်ဖြစ် ကိုယ့်စိတ်ကြိုက် နှုတ်ခမ်းနီအရောင်ကို စိတ်တိုင်းကျ စိမ်ပြေနပြေရွေးကြတဲ့သူတွေကြီးပဲဟုတ်။ ဝယ်လိုက်ပြီးတော့လည်း အိမ်မှာရှိတဲ့ အရောင်တွေနဲ့ ထူးမခြားနားဖြစ်တဲ့ အချိန်တွေ မိန်းကလေးတိုင်းမှာ ရှိမှာပါ။

Eyeshadow Palette မှာ အရောင်အများကြီးရှိနေတာတောင်မှ ကိုယ်သုံးနေကျအရောင်လေးက သိသိသာသာလျော့နေတတ်တာထုံးစံပါ။ လူတိုင်းမှာ အကြိုက်ဆုံးအရောင်ဆိုတာ ရှိတတ်ကြလို့ သုံးနေကျ အသုံးအဆောင်ပစ္စည်းတစ်ခုကို ကြည့်လိုက်တာနဲ့ သူဘာအရောင်ကြိုက်လဲ သိနိုင်တယ်နော်။ ဒီအရောင်တွေက ကိုယ့်ရဲ့ စိတ်ခံစားချက်တွေ၊ Personality တွေနဲ့ သွားပြီးစပ်ဆက်နေပါတယ်တဲ့။

မိတ်ကပ်ပြင်တဲ့နေရာမှာလည်း ကိုယ်အမြဲသုံးနေကျ အရောင်လေးနဲ့မှ ပိုလှသွားတယ်လို့ခံစားရတာမျိူး အမြဲကြုံဖူးကြမှာပါ။ ဆိုတော့ ကိုယ့်အကြိုက်ဆုံး မိတ်ကပ်ပစ္စည်းအရောင်ကပြောတဲ့ ကိုယ့်အကြောင်းကကော ဘာဖြစ်မလဲ။ စိတ်ဝင်စားစရာကောင်းတာမို့ အခုပဲအဖြေရှာလိုက်ရအောင်နော်။

Red


နှုတ်ခမ်းနီ နီနီရဲရဲကြိုက်တဲ့မမတွေအကြောင်းကိုတော့ အထူးတလည် ရှင်းပြနေစရာမလိုဘူးနော်။ ယုံကြည်ချက်ရှိတယ်၊ ဆွဲဆောင်မှုအပြည့်ရှိနေတယ်တဲ့ သူတွေပေါ့။ လူအများရဲ့ အာရုံကို ဖမ်းစားရတာ နှစ်သက်တယ်။ အမြဲတက်ကြွပြီး အများကို လွှမ်းမိုးနိုင်တဲ့ စွမ်းအားတွေ ပိုင်ဆိုင်ထားတဲ့သူတွေပါ။


Black


အမဲရောင်ကတော့ Shade နဲ့ Texture ပေါ်မူတည်ပြီး ကွဲပြားပါတယ်။ Eyeshadow အမဲရောင်လက်လက်ကို သဘောကျတဲ့သူဆိုရင်တော့ သူမရဲ့ ဘဝက အမြဲ Drama တွေနဲ့ ပြည့်နေတတ်ပြီး အပြင် Ever ဒိုးတဲ့မမတွေပေါ့။ အမဲရောင်ပိတ်ပိတ်ကိုကြိုက်တဲ့ မိန်းကလေးတွေကတော့ အများနဲ့ လိုက်လျောညီထွေနေတတ်ပြီး ခန့်မှန်းရခက်တဲ့သူတွေပါတဲ့။


White or Sliver


ဒီနှစ်ရောင်ထဲက တစ်ရောင်ကို ကြိုက်တဲ့သူဆိုရင်တော့ မိန်းကလေးဆန်ပြီး အေးအေးလူလူနေတတ်ကြပါတယ်။ ခေါင်းရှုပ်ခံလေ့မရှိပဲ စွန့်စားရမယ့်အလုပ်ကို မကြိုက်တဲ့သူတွေပါ။


Deep Blue


အပြာရင့်ရင့်တွေကို ရွေးချယ်တဲ့သူတွေက ရှေးရိုးစွဲတယ်၊ သစ္စာတရားကြီးမားကြတယ်လို့ဆိုပါတယ်။ ပေးတဲ့တာဝန်ကိုလည်း ပြီးမြောက်အောင် တာဝန်ယူဖြေရှင်းလေ့ရှိပြီး အမြဲ Serious Mood On တတ်လို့ အဘွားလေးလို့ စနောက်ခံရလေ့ရှိပါတယ်။



Aqua or Light Blue


အပြာဖျော့ဖျော့သမားတွေက ခပ်ပြောင်ပြောင်၊ ခပ်နောက်နောက်ကောင်မလေးတွေပါ။ ပေါင်းရသင်းရလွယ်ပြီး ပျော်ပျော်နေလေ့ရှိပါတယ်။ 



Yellow


ဒီအရောင်လေးကို စွဲလန်းတဲ့သူတွေက လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးနေရတာကြိုက်ပြီး အရှိကိုအရှိအတိုင်းထုတ်ပြတတ်တဲ့ ကောင်မလေးတွေပါ။ ဘယ်အရာမဆို အကောင်းမြင်လေ့ရှိပါတယ်။


Gold


ရွှေရောင်ကို ကြိုက်တဲ့ မမတွေကတော့ ကောင်းပေ့ ညွှန်ပေ့ဆိုတဲ့ အရာမှ ကြိုက်တဲ့သူတွေမို့ အသုံးအဖြုန်းကြီးလေ့ရှိပါတယ်။ လူတွေကြားထဲမှာ ထင်ပေါ်နေရတာကြိုက်ပြီး ပတ်ဝန်းကျင်မှာလည်း မသိတဲ့သူမရှိအောင် နာမည်ကြီးတဲ့သူတွေပါ။


Pale Pink


ပန်းရောင်ခပ်ဖျော့ဖျော့ဆိုတဲ့အတိုင်း နူးနူးညံ့ညံ့နဲ့ အမြဲသိမ်သိမ်မွေ့မွေ့ရှိသူလေးပါ။ ချစ်စရာကောင်းသလို အချစ်လည်းကြီးကြတဲ့ မိန်းကလေးတွေပေါ့။


Purple


ခရမ်းရောင်က Royal Wedding တွေ၊ ပွဲအခမ်းအနားတွေမှာ သုံးတဲ့အရောင်ဖြစ်တာကြောင့် ခရမ်းရောင်ကြိုက်တဲ့ကောင်မလေးတွေက နန်းဆန်တဲ့သူလေးတွေပါ။ Creative ဖြစ်ပြီး သူငယ်ချင်းတွေကြားထဲကော၊ အလုပ်မှာပါ သူ မရှိရင်မဖြစ်တဲ့နေရာမှာ ရပ်တည်နေသူလေးတွေပါ။


Fuchsia


Fuchsia အရောင်နှုတ်ခမ်းနီမှ ကြိုက်တယ်ဆိုတဲ့ မမတွေက အနုပညာဆန်ပြီး အမြဲတက်ကြွနေတဲ့သူတွေပါ။ ပျော်ပျော်နေတတ်ပေမယ့် ခံစားချက်တွေကို ထုတ်ပြလေ့မရှိသူတွေပါ။


Green


သဘာပတ်ဝန်းကျင်ကို ကိုယ်စားပြုတဲ့ အစိမ်းရောင်ကို ကြိုက်တဲ့သူတွေက အေးဆေးသမားလေးတွေပါ။ သတိအမြဲကြီးလေ့ရှိတတ်တဲ့သူဖြစ်ပြီး တစ်ခုခုဆို Logic ကျကျတွေးလေ့ရှိပါတယ်။

 

, , , ,

Makeup

မိန်းကလေးတိုင်းအတွက် အသုံးဝင်မယ့် Tik Tok Video ထဲက Beauty Trend များ

ခါတိုင်းဖြစ်နေကျ ပြဿနာတွေ အဆင်ပြေသွားလိမ့်မယ်။

by JN Ja Seng Pan

June 25, 2020

Tik tok က ကြောင်တောင်တောင် Challenge တွေ၊ စိတ်ရှုပ်စရာ ကကွက်တွေထက် အသုံးဝင်တဲ့ Video တွေအများကြီးရှိတယ်ဆို စိတ်ဝင်စားသွားလား။ အထူးသဖြင့် မိန်းကလေးတိုင်းလိုအပ်တဲ့ Makeup Tips တွေပေးတဲ့ Video တွေပေါ့။ လူတိုင်း Tik Tok ဆော့နေတဲ့ ခေတ်ကြီးမှာ Beauty Professional တွေ၊ Influencer တွေနဲ့ အလှအပချစ်သူတွေကလည်း ပရိတ်သတ်နဲ့ ရင်းနှီးမှုရအောင် ဒီ Platform ကို အသုံးပြုလာကြတာ တွေ့ရပါတယ်။ သူတို့ရဲ့ Video တွေက မိန်းကလေးတွေအတွက် နေ့စဉ်ဘဝမှာ တစ်နည်း မဟုတ်တစ်နည်း အကျိူးရှိစေမှာအသေအချာပါ။ လွယ်လွယ်ကူကူနဲ့ ကိုယ်မထင်မှတ်ထားတဲ့ နည်းလမ်းတွေဖြစ်လို့ Video လေးတွေကို ဗဟုသုတအနေနဲ့ ကြည့်သွားရင်း ပြန်အသုံးချလိုက်ရအောင်။

Bronzer နဲ့ Contour ဘယ်ဟာသုံးရမလဲ?
Makeup Artist @makeupbymaritsa က ဒီဗီဒီယိုလေးထဲမှာ Contour Powder နဲ့ Bronzer ဘာတွေမတူဘူးလဲဆိုတာကို ရှင်းရှင်းလင်းလင်း ပြောပြထားတာဖြစ်ပါတယ်။ ဒီနှစ်ခုကို လိမ်းပြီး ကွာခြားမှု ဘယ်လိုရှိလဲဆိုတာကိုလည်း သရုပ်ပြထားတာမို့ ဘယ်လိုအချိန်အခါမှာ ဘာလေးလိမ်းဖို့ သင့်တော်မလဲဆိုတာကို ဆုံးဖြတ်လို့ရတာပေါ့။

 


Fluffy Eyebrow ကို အလွယ်ဆုံး ဘယ်လိုဖန်တီးရမလဲ?
Magazine တွေ၊ Instagram က မော်ဒယ်တွေကို ကြည့်လိုက်ရင် ခေတ်စားလာတဲ့ Beauty Trend ဖြစ်တဲ့ မျက်ခုံးထူထူထဲထဲနဲ့ ဆွဲဆောင်မှုရှိနေတာ သတိထားမိကြမှာပါ။ ဒီဗီဒီယိုလေးထဲမှာ ၁၀မိနစ်လောက်နဲ့ ဒီလို Flaffy Brow ကိုပုံဖော်လို့ရအောင် ပြသထားတာမို့ မိန်းကလေးတိုင်းအတွက် အသုံးဝင်မှာ သေချာပေါက်ပဲပေါ့။



အညှိဆင်လေးတွေအတွက် Color Correction ကဘာဖြစ်မလဲ?

Indian သူလေး @rajyaatluri က မျက်ကွင်းညှိတာကို ဘယ်လို ဖုံးမလဲဆိုတာမှာ ဆရာကျတယ်လို့ ပြောရမှာပါ။ ယေဘုယျအားဖြင့် ပြောရမယ်ဆိုရင် အသားဖြုတဲ့သူက Color Correction လုပ်ရတာလွယ်ပေမယ့် အသားညှိတဲ့သူတွေအတွက်က အရောင်ရွေးချယ်မှု မှန်ကန်မှ Flawless Look ကိုရတာပါ။ သူမနည်းလမ်းက သိပ်ကိုမြန်ဆန်လွယ်ကူပြီး ဈေးသိပ်မကြီးတဲ့ Concealer နဲ့ အသုံးပြုသွားတာမို့ ကဲ ဘာလိုသေးလဲနော်။


မျက်တောင်ကော့စက်မလိုပဲ ထူထူထဲထဲမျက်တောင်တွေရအောင် ဘယ်လိုလုပ်ရမလဲ?
Makeup Tips တွေ ပုံမှန်တင်လေ့ရှိတဲ့ Tik Tok User @mirandaalynn က Eyelash Curler မသုံးပဲ မျက်တောင်ထူထူထဲထဲပိုင်ဆိုင်နိုင်မယ့် နည်းလမ်းကို ဝေမျှထားပါတယ်။ ဒါကတော့ Hair Dryer တွေပါ။ လေခပ်ပြင်းပြင်းက မျက်တောင်တွေကို သဘာဝအတိုင်း ကော့ညွတ်သွားအောင် ပြုလုပ်ပေးနိုင်တဲ့ အစွမ်းရှိပါတယ်။ တစ်ခုသတိထားရမှာက Cool Air Mood နဲ့ မျက်တောင်တွေကို ကော့ပေးဖို့ပါ။



မျက်တောင်တုကို အချိန်အများကြီး မပေးရပဲ ဘယ်လိုတပ်ရမလဲ?
မျက်တောင်တုတွေကတော့ အမြဲတပ်နေကျသူအတွက် ပြဿနာကြီးကြီးမားမား မဟုတ်ပေမယ့် တပ်နေကျမရှိတဲ့သူတွေအတွက်တော့ တိုင်ပတ်နေကျပြင်ဆင်မှုတစ်ခုပါ။ @bradonluxxe က အားလုံးအတွက် သိပ်ကိုအသုံးဝင်မယ့်နည်းလမ်းလေးကို ပြောပြထားပါတယ်။ စက္ကန့်ပိုင်းအတွင်း ပြီးစီးမယ့်နည်းလမ်းဖြစ်တဲ့အတွက် ခါတိုင်းဖြစ်နေကျ အခက်အခဲကနေ မရှိတော့ပဲ Pro ကျကျ မျက်တောင်တပ်နိုင်ပြီပေါ့။



Eyeshadow နဲ့ နှုတ်ခမ်းနီအရောင်တူမရှိပဲ လိုက်ဖက်တဲ့ Look ကို ဘယ်လိုဖန်တီးမလဲ?

ကိုယ့်မှာ မိတ်ကပ်ပစ္စည်းက မစုံမလင်၊ အရောင်တွေကလည်း တစ်ခုတစ်မျိူးစီနဲ့ လိုက်ဖက်အောင်ခြယ်သချင်ရင်တော့ @shivani.1917 ရဲ့ နည်းလမ်းကို တကယ့်ကို အသုံးဝင်စေတာ တွေ့ရပါတယ်။ Lip Balm လေးရှိရုံနဲ့ အားလုံးအဆင်ပြေသွားမှာ မယုံမရုံနဲ့။




Pro ကျကျ Cut Crease Shadow ကို ဘယ်လိုခြယ်သမလဲ?

Cut Crease Eyeshadow က Eyeshadow ခြယ်သမှုထဲမှာ အခက်ဆုံးလို့ ပြောလို့ရပါတယ်။ မိတ်ကပ်ဆရာမလိုပဲ ကိုယ်တိုင် ဒီ Look ကို ဖန်တီးနိုင်တယ်ဆိုရင်ကော Try မကြည့်ချင်ဘူးလား။ @faithlim က Cut Crease ကို ဘယ်လိုအလွယ်တကူ ခြယ်သနိုင်လဲဆိုတာ ပြသထားတာမို့ မဖြစ်မနေအသုံးတည့်မယ့် နည်းလမ်းလေးပါနော်။




Lip Filler မထိုးပဲ Full Lip Look ရအောင်ဘယ်လိုလုပ်မလဲ?

ဒီနည်းလမ်းနဲ့ ဆိုရင် အပြင်သွားတိုင်း ကိုယ်နဲ့ ရင်းနှီးတဲ့သူတွေက Filler ထိုးတာလားဆိုပြီး အမေးခံရမှာ သေချာပါတယ်။ နှုတ်ခမ်းအပေါ်ကို Tik tok user @Leilanii2 လို များများလေးယူပြီး ခြယ်သကြည့်ပါ။ ခွဲစိတ်ပြင်ဆင်မှုလုပ်စရာမလိုပဲ နှုတ်ခမ်းထူထူဖောင်းဖောင်းလေးးဖြစ်နေတဲ့ Look ကို သဘောအကျကြီး ကျနေမှာပါ။


 

, , ,

Makeup

ယောက်ျားလေးတွေရော အလှပြင်ဖို့လိုအပ်လား

သန့်ပြန့်လှပနေဖို့ဆိုတာ ယောက်ျား၊မိန်းမသတ်မှတ်နေဖို့မလိုပါဘူး

by Randy Win

June 22, 2020

               ယောက်ျားလေးတစ်ယောက်က အလှအပပြုပြင်ဖို့ လိုလားမလိုဘူးလားဆိုတဲ့မေးခွန်းကို တော်တန်ရုံယောက်ျားလေးတွေကတော့ ဟင့်အင်းလို့ပဲဖြေကောင်းဖြေကြပါလိမ့်မယ်။ တကယ်တော့ ခေတ်မီပြီး လူ၀င်ဆန့်တဲ့ ယောက်ျားသားတိုင်းရဲ့ နောက်ကွယ်မှာ လှပသပ်ရပ်အောင်နေထိုင်တတ်ခြင်းဆိုတဲ့ လျှို့ဝှက်ချက်အကြီးကြီးတစ်ခုရှိပါတယ်။ ဒါကြောင့်မို့လို့ ကျားမကြီးငယ် ဘယ်သူမဆို ကိုယ့်နဲ့သင့်တင့်မျှတရာ မျက်နှာနဲ့ ခန္ဓာကိုယ်လှပမှူဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်ပြုပြင်မှူတွေကို လိုကိုလိုအပ်ပါတယ်။ ဒီတော့ ယောက်ျားလေးတစ်ယောက်အနေနဲ့ လူပုံအလယ်မှာ သူများထက်မလျော့တဲ့ အရှိန်အဝါနဲ့ ကျော့မော့စမတ်ကျနေအောင်ဘယ်လိုပြုပြင်ထိန်းသိမ်းနေထိုင်မလဲ ဆိုတဲ့ နည်းလမ်းလေးတွေကို အောက်ကအချက်လေးတွေမှာ တချက်လေ့လာကြည့်လိုက်ရအောင်နော်။

1.အခြေခံကျတဲ့ထိန်းသိမ်းမှူ

 

ပုံမှန်လက်သည်းခြေသည်းညှပ်ခြင်း၊ မလိုအပ်တဲ့အမွှေးအမျှင်တွေကိုရှင်းလင်းခြင်းနဲ့ ၊ ခံတွင်းနံ့ကောင်းအောင် ထိန်းသိမ်းခြင်းကလည်း ယောက်ျားလေးတွေရဲ့ အလှအပပြုပြင်ခြင်း အဆင့်တွေထဲမှာ အရေးကြီးဆုံးနဲ့ အခြေခံအကျဆုံးနေရာက ပါ၀င်ပါတယ်။ဒါကြောင့်မို့ တစ်ပတ်တစ်ခါ ဒါမှမဟုတ် နေ့စဉ်နေ့တိုင်းမှာ သက်ဆိုင်ရာ ကိုယ်လက်သန့်ရှင်းမှုလုပ်ငန်းစဉ်တွေကို ‌အလေးထားဆောင်ရွက်ပြီး ပုံမှန်လေးပြုလုပ်သင့်ပါတယ်။

2.ချေးချွတ်ပါ

ခန္ဓာကိုယ်နဲ့ မျက်နှာအစိတ်အပိုင်းတွေမှာ အချိန်ကာလတစ်ခုပေါ်မူတည်ပြီး ဆဲလ်အသေတွေနဲ့ ပြင်ပချေးညော်တွေစုစည်းပြီး အခန့်မသင့်ရင်အရေပြားပြသနာတွေဖြစ်လာတာမျိုးအထိ ဖြစ်တတ်ပါတယ်။ ဒါကြောင့်မို့တစ်ပတ်ကို အနည်းဆုံး နှစ်ကြိမ်လောက်တော့ ချေးချွတ်ပေါင်းတင်တာမျိုးပြုလုပ်ပေးသင့်ပါတယ်။ ချေးချွတ်တဲ့ Cosmetic တွေမှာပါ၀င်တဲ့ဓာတ်ပစ္စည်းတွေကလည်း သာမာန်ဆပ်ပြာတွေမှာပါတဲ့ဓာတ်ပစ္စည်းတွေထက် အသားအရည်အတွက် ပိုကောင်းတဲ့လုပ်ဆောင်ချက်ကိုပေးစွမ်းနိုင်ပါတယ်။

3. မိတ်ကပ်ပါးပါး

ယောက်ျားလေးတွေ မိတ်ကပ်မလိုဘူးဆိုတာ အယူအဆတစ်ခုလို့သာဆိုရပါလိမ့်မယ်။ ပွဲလမ်းသဘင် နဲ့ မီးရောင်အောက်မှာအလုပ်လုပ်ရတဲ့သူ( ဥပမာ- မော်ဒယ်၊ social Influencer၊ သရုပ်ဆောင် ၊ public speaker) တွေအနေနဲ့ သာမက သာမန့်လူတောထဲသွားလာ လှုပ်ရှားလုပ်ကိုင်နေရတဲ့သူတွေမှာလည်း First impression ကောင်းစေဖို့အတွက် မိတ်ကပ်ကိုအနည်းနဲ့အများလိုအပ်ပါတယ်။ မိတ်ကပ်ထူလပျစ်ကြီးနဲ့ ပြာနှမ်းနေတာမျိုးတော့မဖြစ်စေနဲ့ပေါ့။ မိတ်ကပ်ဆိုတာ မျက်နှာပေါ်က အပြစ်အနာအဆာကိုဖုံးပေးတဲ့အရာလည်းဖြစ်တာကြောင့် ယောက်ျားလေးဖြစ်နေလို့မိတ်ကပ်မလိမ်းရဘူးဆိုတဲ့အယူဟာ လွဲမှားပါတယ်။ နေ့စဉ်သုံးအတွက်ယောက်ျားလေးတွေရွေးချယ်လို့ရတဲ့ မိတ်ကပ်အမျိုးအစားတွေအများကြီးရှိပါတယ်။ဥပမာ- လူသိများတဲ့ BB Cream လိုမျိုးကစလို့ Tinted Moisturizer လိုမျိုးတွေအထိပေါ့။

4.Workout

ယောက်ျားလေးတစ်ယောက်ရဲ့အလှအပမှာ Workout လုပ်ခြင်းဟာလည်း မဖြစ်မနေ ပါ၀င်တဲ့အရာတစ်ခုလို့ဆိုရမှာပါ။ ရုပ်မလှရင်တောင်ခန္ဓာကိုယ်လှရင် ဆွဲဆောင်မှူရှိတယ်ဆိုတဲ့အချက်ကိုငြင်းလို့မရပါဘူး။ ဒါကြောင့်မို့ Workout လုပ်ဖို့မပျင်းပါနဲ့။ ရက်၊လအနည်းငယ်လောက် လေ့ကျင့်ခန်းပုံမှန်ကြိုးစားလုပ်ဆောင်ကြည့်ပြီးတဲ့အခါ Workout ကို နေ့စဉ်မလုပ်ပဲမနေနိုင်တဲ့အထိတောင်ဖြစ်သွားနိုင်ပါတယ်။

5. Skincare

ယောက်ျားလေးတွေဟာ ပုံမှန်အားဖြင့် မိတ်ကပ်နဲ့ငါတို့ မသက်ဆိုင်ဘူးဆိုတဲ့အတွေးမျိုးရှိတတ်ကြပါတယ်။ ဒီလို မိတ်ကပ်နဲ့မပတ်သက်ပဲနေချင်တယ်ဆိုရင် ပင်ကိုယ်အသားအရည်ကောင်းနေဖို့တော့လိုပါတယ်။ ဒါကြောင့် နေ့စဉ်ပုံမှန် အသားအရည်ထိန်းသိမ်းခြင်းနည်းလမ်းတွေကို မမေ့မလျော့ လုပ်ဆောင်ပါ။ ယောက်ျားလေးတစ်ယောက်ဟာ အသားအရည်ကောင်းတဲ့အခါ လူကြားထဲမှာ အလိုလို ထင်ရှားပြီးကြည့်ကောင်းနေတတ်တာမို့ အသားဖြူဖြူညိုညို အသားအရည်ကောင်းအောင်အထူးဂရုစိုက်သင့်ပါတယ်။

Photo Credit to the Rightful Owners

, , , , ,

Makeup

ရာသီခွင်အလိုက် မရှိမဖြစ် စွဲလန်းနေရတဲ့ အလှအပစ္စည်းတွေက ဘာတွေလဲ။

သင့်ရဲ့ ရာသီခွင်က ဘာပြောလဲ။

by JN Ja Seng Pan

May 22, 2020

မိန်းကလေးတွေအနေနဲ့ မိတ်ကပ်ပစ္စည်းဖြစ်ဖြစ်၊ Skincare တွေပဲဖြစ်ဖြစ် မဝယ်ခင် စဉ်းစားချိချိန်ပြီးမှ ဝယ်လေ့ရှိကြတယ်ဟုတ်။ အချိူ့က ဈေးနှုန်းကြည့်ပြီး စဉ်းစားနေတာရှိသလို အချိူ့ကလည်း သူငယ်ချင်းတွေ ညွှန်းတာကိုမှ ရှာသုံးတာတွေလည်းရှိပါတယ်။
ရာသီခွင်အလိုက် ကိုယ်နဲ့ လိုက်ဖက်မယ့် အလှအပစ္စည်းတွေကို ဘာဖြစ်မလဲဆိုတာ ရွေးချယ် မကြည့်ချင်ဘူးလား။ Astrology Expert တစ်ယောက်ဖြစ်တဲ့ Katie Huang ပြောပြချက်အရ ရာသီခွင်အလိုက် မရှိရင်မနေနိုင်တဲ့ ပစ္စည်းလေးတွေကို ဝေမျှပေးချင်ပါတယ်။ မျက်ခုံးဆွဲတံကနေ နှုတ်ခမ်းနီအထိ သင့်ရဲ့ ရာသီခွင်က ဘာတွေပြောပြနေမလဲဆိုတာ ကြည့်လိုက်ရအောင်နော်။

Aries (March 21 - April 19)

Aries လေးတွေက မျက်ခုံးမွှေးမဆွဲရရင် မနေနိုင်သူလေးတွေပါ။ သဘာဝကျကျ မျက်ခုံးတွေကို သဘောကျတဲ့အတွက် မျက်ခုံးမွှေးဆွဲခံတံ ဒါမှမဟုတ် Pomades လိုမျိူးတွေက သူတို့ရဲ့ အကြိုက်ဆုံး Beauty Product တစ်ခုဖြစ်ပါတယ်။


Taurus (April 20 - May 20)



Taurus တွေကတော့ Face Mask တွေ Crazy ဖြစ်တဲ့သူလို့ သူငယ်ချင်းတွေကြားမှာ နာမည်ကြီးပါတယ်။ သောကြာဂြိုလ်စိုးမိုးတဲ့ ရာသီခွင်ပိုင်ရှင်တွေမို့ အလှအပနဲ့ ပတ်သတ်ပြီး ချွေတာရမယ့် ကိစ္စတွေကို သိပ်စိတ်မဝင်စားပါဘူးတဲ့။ ဘယ်လောက်ပဲကုန်ကုန်၊ အချိန်ဘယ်လောက်ပဲ ပေးရပေးရ ကျေကျေနပ်နပ်ကြီး ပြုလုပ်တတ်သူတွေပါ။


Gemini (May 21 - June 20)



Gemini မမတွေကတော့ လက်သည်း၊ ခြေသည်းပြင်ရတာ ဝါသနာပါသူတွေပါ။ လေဓာတ်စိုးမိုးတဲ့ ရာသီခွင်မို့ လက်သည်းနီတွေက သူတို့ကို စိတ်ကျေနပ်စေတဲ့ အလှအပပြင်ဆင်မှုဖြစ်ပါတယ်။


Cancer (June 21 - July 22)



ပေါ့ပါးလွတ်လပ်တဲ့ ခံစားချက်ကို ကြိုက်တဲ့ Cancer တွေက အလှအပပစ္စည်းဆိုလည်း အာဟာရဖြည့်ပေးတဲ့ Product တွေကိုသာ အသုံးပြုလေ့ရှိပါတယ်။ SPF Protection ကနေ အစိုဓာတ်ဖြည့်ပေးတဲ့အထိ ပြုလုပ်ပေးတဲ့ Lip Balm တွေက ဒီရာသီခွင်အတွက် မရှိမဖြစ်ပါ။

Leo (July 23 - August 22)



နေမင်းစိုးမိုးတဲ့ ရာသီခွင်တွေမို့ မီး Element ရှိနေသူတွေပါ။ ဒါကြောင့် နေရောင်မှာ တဖြတ်ဖြတ်ဖြစ်နေတဲ့ခံစားချက်ကို သဘောကျလေ့ရှိပါတယ်။ ဒီလိုဖြစ်ဖို့အတွက်ဆို Highlighter တွေက Leo လေးတွေအတွက် Must Have Item လေးပါ။ Hightlighter တွေက တစ်နှစ်ပတ်လုံး Glow ပြီး နွေးထွေးတဲ့ ခံစားချက်ကိုပေးမှာပါ။


Virgo (August 23 - September 22)



Virgo တွေက Pratical သမားတွေဆိုတော့ အသားအရေသန့်စင်ဖို့အတွက် ပထမအဆင့်လိုအပ်တဲ့ Facial Foam တွေကို ဦးစားပေးပြီး ရွေးချယ်လေ့ရှိပါတယ်။ ပိုက်ဆံအများကြီးမသုံးချင်၊ အချိန်မကုန်ချင်တဲ့ Virgo တွေအတွက် တစ်မျိူးတည်းနဲ့ အထိရောက်ဆုံးသန့်စင်ပေးတဲ့ Micellar Water တွေက အကောင်းဆုံးရွေးချယ်မှုပါ။


Libra (September 23 - October 22)


လေ Element ပိုင်ရှင်ဖြစ်တဲ့ Libra တွေက ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ပြီး လူတွေနဲ့ ထိတွေ့ဆက်ဆံရတာကြိုက်သူတွေပါ။ အများနဲ့ ပြောဆိုဆက်ဆံရမယ့်အချိန်တွေမှာ အရင်ဆုံးကြည့်မိတဲ့ နှုတ်ခမ်းသားတွေ ရွှန်းစိုနေဖို့ Lip Scrub ပြုလုပ်ပေးသင့်ပါတယ်။


Scorpio (October 23 - November 21)

အမျိူးအမည်မသိတဲ့ ဆွဲဆောင်မှုတစ်မျိူး ပိုင်ဆိုင်ထားတဲ့ Scorpio တွေအတွက် Mascara တွေက အဓိကပါ။ ညှိ့ဓာတ်ပြင်းတဲ့ မျက်လုံးတစ်စုံအတွက် ထူထူထဲထဲ မျက်တောင်တွေက Scorpio တွေရဲ့ အမှတ်အသားတစ်ခုပေါ့။


Sagittarius (November 22 - December 21)

စွန့်စားရတာကြိုက်တဲ့ ရာသီခွင်ပါ။ တစ်ရက်၊ တစ်ရက် အချိန်ဇယားတွေနဲ့ မအားလပ်နိုင်တဲ့ Sagittarius တွေအနေနဲ့ မိတ်ကပ်လိမ်းထားတိုင်း တစ်နေကုန်ခံမယ့် Setting Spray တွေက မရှိမဖြစ်ပါ။

Capricon (December 22 -January 19)




Capricon တွေ ပကာသနတွေသိပ်မကြိုက်သလို လက်တွေ့ကျကျပဲ ဘဝကို ဖြတ်သန်းတဲ့အတွက် Lipstick တွေ သူတို့အတွက် အကောင်းဆုံး အလှအပပစ္စည်းဖြစ်မှာပါ။ ခေတ်ရေစီးကြောင်းအလိုက် ပြောင်းလဲနေတဲ့ Beauty Trend တွေထက် မပြောင်းလဲပဲ အမြဲအသုံးပြုနိုင်တဲ့ အလှအပပစ္စည်းတွေကသာ Capricon တွေအတွက်ပါ။


Aquarius (January 19 - March 20)



အများနဲ့မတူတဲ့ ပုံစံနဲ့ ကွဲကွဲပြားပြားပြင်ဆင်တတ်သူလေးတွေပါ။ အခြားလူတွေကို အံ့သြသင့်သွားစေမယ့် ပြင်ဆင်မှုတွေနဲ့ အများကြားမှာထင်ပေါ်နေတာကို သဘောကျကျပါတယ်။ Eyeshadow တွေစုရတာကြိုက်တဲ့ Aquarius တွေအတွက် နှစ်ခါပြန်လှည့်ကြည့်ရမယ့် Neon Eyeshadow တွေက စိတ်လှုပ်ရှားမှုကိုပေးစွမ်းမှာပါ။


Pisces (February 19 - March 20)



Pisces တွေက စိတ်ခံစားလွယ်ပြီး အနုပညာဆန်တဲ့သူတွေပါ။ အသစ်ထွက်တဲ့ အလှကုန်ပစ္စည်းတွေ ဝယ်ရတာ၊ Trend တွေကို လေ့လာပြီး လိုက်လုပ်ရတာကို ဝါသနာပါတဲ့သူတွေပါ။ ဒီလိုအချက်တွေနဲ့ လိုက်ဖက်တဲ့ ပြင်ဆင်မှုက အနုပညာဆန်တဲ့ Eyeliner တွေပါ။ နှစ်အလိုက်ပြောင်းလဲနေတဲ့ Eyeliner ပုံစံတွေကို ခြယ်သရင်း အမိုက်စားဖြစ်နေမယ့် Pisces မမလေးပါ။

, ,

Makeup

Instagram မှာ ခေတ်စားနေတဲ့ Makeup Look နဲ့ Selfie အမိုက်စားရိုက်ကြမယ်

အလှတွေပြင်ပြီး ဓာတ်ပုံရိုက်ကြမယ်။

by JN Ja Seng Pan

May 14, 2020

Instagram မှာ ကောင်မလေးတွေ အလှပြင်ပြီး ဓာတ်ပုံလှလှလေးတွေ တင်ကြတာ အမြဲတွေ့နေကြဟုတ်။ သူတို့ ပြင်တဲ့ပုံစံလေးတွေက ချစ်စရာကောင်းပြီး သိပ်ကိုကြည့်ကောင်းနေကြတာ အားတောင်ကျရတဲ့အထိပဲနော်။ ဒီ Selfie တွေရဲ့ အဓိက Point က မိတ်ကပ်ပြင်ဆင်မှုဆိုတော့ အပြင်လည်း ထွက်လို့မရသေးတဲ့ ဒီအချိန်မှာ အိမ်မှာပဲ တစ်ရက်တမျိူး မရိုးရအောင် ပြင်ကြည့်ရအောင်။ ဒီ Look လေးတွေက Instagram မှာ ခေတ်စားနေတဲ့ Look လေးတွေဆိုတော့ ပြင်ပြီး ပုံလှလှလေးတွေပါတင်လို့ရအောင် အမိုက်စား Selfie ရိုက်နိုင်မယ့် Tip လေးတွေ ပေးသွားမှာဆိုတော့ အဆုံးထိ ဖတ်ဖို့လိုမယ်နော်။

Colorful Highlighter



နှာခေါင်းကို Highlight လုပ်တဲ့နေရာမှာ ခါတိုင်းလို အဖြူရောင်မသုံးပဲ ထူးထူးခြားခြားအရောင်တွေ သုံးကြည့်ပါ။ ပုံထဲကလို မျက်လုံးခြယ်သမှုကိုလည်း အရောင်မကွဲတာမျိူး ခြယ်သကြည့်ပါ။ အမိုက်စား Insta Star အသွင်ကို ရမှာပါ။

Monochromatic Look



မြင်နေကျ Monochromatic Makeup ကို တစ်မျိူးဆန်းသစ်ထားတယ်လို့ ပြောရမှာပါ။ Eye Liner Lip Gloss နဲ့ နှာခေါင်းမှာ ခြယ်သထားတဲ့အရောင်ကို တစ်မျိူးတည်းသုံးထားတာပါ။ နှာခေါင်းထိပ်ဖျားအောက်လေးကိုပဲ ခြယ်သထားတာက မိတ်ကပ် Look အသစ်တစ်မျိးကို ခံစားရမှာပါ။

Blushing Baby



ဒီ Look လေးက ကောင်မလေးတော်တော်များများ ခြယ်သလေ့ရှိတဲ့ Look ပါ။ ဒီပြင်ဆင်မှုအတွက် အရောင်ပါတဲ့ Lip Balm၊ ပါးနီနီနီရဲရဲနဲ့ Eyeshadow ကို Glitter Eyeshadow လေးအသုံးပြရုံပါပဲနော်။

Strong Brow



ဒီ Look လေးကလည်း Instagram ကကောင်မလေးတွေ ပြင်ဆင်လေ့ရှိတဲ့ Look ပါ။။ ဒီမှာလည်း အလုပ်များလာတဲ့ Eyelash Extension ရယ်၊ မလုပ်ထားရင်တော့ မျက်တောင်တုခပ်ရှည်ရှည်တပ်ဖို့ လိုပါမယ်။ ပြောင်ပြောင်လက်လက် Lip Gloss အကြည်ရယ်၊ ကျကျနနဆွဲထားတဲ့ Eyebrow ရယ်က ဒီ Look ရဲ့ အသက်ပါ။

Glow Skin



ဒါကတော့ ယူတို့တွေသိမှာပါ။ Glow Skin Look အတွက် Highlighter ကို Brand ကောင်းကောင်းထဲက သုံးသင့်ပြီး ပါးရိုးတစ်လျှောက်၊ နှာခေါင်းထိပ်ဖျားနဲ့ နှုတ်ခမ်းအပေါ်မှာ ခပ်များများလေး လိမ်းခြယ်ပေးရမှာပါ။ ပြီးရင်တော့ နေရောင်ခြည်ထဲမှာ Selfie ရိုက်ကြည့်ပါ။ အရမ်းတွေ Glow ပြီးလှနေတဲ့ ပုံကို သဘောကျမဆုံးဖြစ်နေမှာပါ။

Insta Model



Instagram က Beauty Blogger တွေ၊ Model လေးတွေရဲ့ Selfie တွေ လှနေတဲ့တရားခံပါ။ မပြင်ထားပဲနဲ့ သဘာဝအတိုင်း နေလောင်ထားတဲ့ Mexican သူလေးလို ဖြစ်နေစေမယ့် Look ပါ။ မျက်ခုံးတွေကို ထူထူထဲထဲ ခြယ်သဖို့ လိုအပ်ပြီး၊ မျက်တောင်တွေကို တစ်မျှင်ချင်းဖြာကျစေမယ့် Mascara မျိူးအသုံးပြုပါ။ ပြီးရင်တော့ နေလောင်ထားတဲ့အသွင်ဖြစ်ဖို့ ပါးနီကို နှာခေါင်းအထိပါ ဆွဲယူပြီး မနည်းမများခြယ်သပါ။ နေလောင်တဲ့ပုံ ပိုပေါ်ချင်ရင်တော့ အညှိရောင် Eyeliner နဲ့ Freckle အတုလေးတွေ လိုက်ထည့်လိုက်ရုံပါပဲ။

ဒီ Makeup Look တွေနဲ့ Selfie ရိုက်မယ်ဆိုရင်တော့ ဒီအချက်လေးတွေကို မမေ့ဖို့လိုတယ်နော်။
- ကိုယ်က ဘယ်ဘက်ကြည့်ကောင်းလား၊ ညာဘက်ကြည့်ကောင်းလား သိထားဖို့လိုပါမယ်။
- Camera ချိန်ရင်လည်း ပုံထဲမှာ လှနေမယ့် အနေအထားကနေသိဖို့လိုပါမယ်။ ဖုန်းနဲ့ မျက်နှာတစ်တန်းတည်းထားပြီး ရိုက်မယ့်အစား ဖုန်းကို နည်းနည်းမြင့်မြင့်ထောင်ပြီး ရိုက်ကြည့်ပါ။ မျက်နှာသွယ်သယောင်ဖြစ်စေပြီး မျက်နှာထောင့်ကျိူးတွေကို ပေါ်လွင်စေပါတယ်။
- ဓာတ်ပုံတွေလှဖို့အတွက် အဓိကလိုတာက အလင်းရောင်ပါ။ အလင်းရောင်ဖြာဝင်တဲ့ ပြတင်းပေါက်နားတွေမှာ ရိုက်ကြည့်ပါ။ မိတ်ကပ်လိမ်းထားတဲ့မျက်နှာလေးလည်း ဝင်းဝင်းလေးနဲ့ လှနေမှာပါ။
- နောက်ဆုံးအချက်လေးကတော့ ပုံကောင်းတစ်ပုံရဖို့အတွက် စိတ်ရှည်ရှည်နဲ့ အများကြီးရိုက်ဖို့ပါ။ ဓာတ်ပုံတိုင်းမှာ ကြည့်ကောင်းနေတတ်တဲ့ Kim Kardishian တို့တောင် တစ်ပုံရဖို့အတွက် ပုံပေါင်းရာချီပြီး ရိုက်လေ့ရှိပါတယ်။ ဆိုတော့ လှဖို့အတွက်ဆို အပေါ်ကအချက်တွေနဲ့ ပုံကို စိမ်ပြေနပြေရိုက်ဖို့လိုပါမယ်။ 

, , , ,

MODA TV 


Makeup

အလုပ်နဲ့ ပတ်သတ်တဲ့ Video Call နဲ့ Zoom Meeting အတွက် Makeup ကို အမြန်ဆုံး ဘယ်လိုလိမ်းခြယ်ကြမလဲ

Meeting က နောက်ထပ် ငါးမိနစ်၊ ဆယ်မိနစ်ဆိုစတော့မယ်..ဘာမှမပြင်ဆင်ရသေးဘူး။

by JN Ja Seng Pan

April 23, 2020

ဒီတစ်လောကတော့ ဝန်ထမ်းတွေတော်တော်များများ Work From Home အနေနဲ့ပဲ အိမ်ကနေ အလုပ်လုပ်တွေလုပ်နေကြရမှာပါ။ အိမ်ကနေအလုပ်လုပ်နေတယ်ဆိုပေမယ့်လည်း Meeting ထိုင်ရမယ့်နေ့တွေမှာ အိပ်မှုံစုံမွှားနဲ့ Co worker တွေနဲ့ Video call ပြောဆိုတာမျိုးက အဆင်ပြေမနေပါဘူးနော်။ တစ်ဖက်လူရဲ့ Impression down တာကိုခံရနိုင်သလို၊ ကိုယ်ကိုယ်တိုင်အတွက်လည်း Confident လျော့နည်းစေပါတယ်။ ဒီလိုပြောလိုက်လို့ Makeup တွေ အကျအနလိမ်းပြီး အဝတ်အစားတွေ ထုတ်ဝတ်စရာမလိုဘူးနော်။
ရုံးမှာ Meeting ထိုင်ခံနီး နှုတ်ခမ်းနီထုတ်ဆိုးလိုက်သလို၊ ဆံပင်တွေ ပုံကျအောင်ပြင်လိုက်သလိုပဲ ကောက်ကာငင်ကာ Meeting လုပ်ရမယ့်အချိန်မျိုးတွေမှာ ငါးမိနစ်လောက်နဲ့ အလှဆုံးဖြစ်သွားမယ့်ပြင်ဆင်မှုပါ။ သပ်သပ်ရပ်ရပ်လည်းဖြစ်နေမယ်၊ ကိုယ်တိုင်လည်း ပေါ့ပါးလွတ်လပ်တဲ့ခံစားမှုရဖို့ အမြန်ဆုံး၊ အလွယ်ဆုံး မိတ်ကပ်ခြယ်သနည်းကို မျှဝေချင်ပါတယ်။

Apply Moisturizer



Makeup တွေ မျက်နှာပေါ်မလိမ်းခင် Skincare လုပ်ပေးဖို့က အရေးအကြီးဆုံးအချက်ပါ။ အသားအရေ ကြည်ကြည်တောက်တောက်လေးဖြစ်စေဖို့ မျက်နှာသစ်ပြီးတာနဲ့ Moisturizer ကို မဖြစ်မနေလိမ်းပါ။

Mascara



နာမည်ကျော် Makeup Artist Oquendo ပြောပြတာက Vdo Call ပြောမယ့် ဖုန်း ဒါမှမဟုတ် Laptop ရဲ့ Camera ကို မှန်အနေနဲ အသုံးပြုကြည့်ပါတဲ့။ Vdo ထဲမှာ အလင်းရောင်ဘယ်လိုရှိမလဲ၊ ကိုယ့်မျက်နှာက Vdo ထဲမှာ ဘယ်လိုဖြစ်နေတာလဲဆိုတာသိဖို့အတွက်ပါ။ လန်းလန်းဆန်းဆန်းဖြစ်နေစေဖို့ မျက်တောင်ကော့တံနဲ့ မျက်တောင်တွေကော့လိုက်ပြီး Mascara အသုံးပြုပါ။ မျက်လုံးကို ထင်ရှားသွားအောင်ပြုလုပ်ပေးလိုက်တာမို့ Camera ထဲမှာ ကြည့်ကောင်းနေစေမှာပါ။

Blush



Facetime လုပ်တဲ့အခါ မိတ်ကပ်မလိမ်းထားရင် မျက်နှာ ပြောင်ပြောင်နဲ့ အရောင်မွဲနေသလို ဖြစ်တတ်ပါတယ်။ မျက်နှာလေး သွေးရောင်သန်းစေဖို့အတွက် ပါးနီတွေက မရှိမဖြစ်ပါပဲ။ Facetime လုပ်တဲ့အခါ မျက်နှာလေးလင်းနေစေဖို့ ပုံမှန်ခြယ်သနေကြထက် ခပ်များများခြယ်သလိုက်ပါ။ ပါးမို့ပေါ်မခြယ်သခင် Brush ကို Tap လုပ်ဖို့လည်း မမေ့နဲ့နော်။ ပိုပြီး Natural ဖြစ်သွားအောင် Beauty Blender လေးနဲ့ ပြန်ပြီး Blend ပေးပါ။

Eyebrow

မျက်ခုံးကလည်း လူတစ်ယောက်ရဲ့ မျက်နှာသွင်ပြင်ကို ပြောင်းလဲစေတဲ့အထိ အရေးပါပါတယ်။ မယုံလို့ရှိရင် မျက်ခုံးဆွဲထားတဲ့ပုံနဲ့ မျက်ခုံးမဆွဲထားတဲ့ပုံနှစ်ပုံကို ယှဉ်ကြည့်ကြည့်နော်၊ ကိုယ့်မျက်နှာက ဘယ်ပုံမှ အဆင်ပြေနေမလဲဆိုတာ ချက်ခြင်း သိနိုင်မှာပါ။ Editor ကတော့ Facetime တော့မယ်ဆိုတိုင်း Eyebrow ကို ခပ်မြန်မြန်လေးဆွဲလိုက်ပြီး Brush လေးနဲ့ ပြန်ညှိလိုက်ပါတယ်။ Camera ထဲမှာ မျက်နှာအချိုးကိုပေါ်လွင်စေဖို့အတွက် မျက်ခုံးကိုလည်း အရောင်လေးတောက်သွားအောင် ဆွဲဖို့လိုပါမယ်။

Lipstick



အရောင်မရှိတဲ့နှုတ်ခမ်းက ဘယ်လိုပဲဖြစ်ဖြစ် နေမကောင်းတဲ့သူနဲ့တူနေစေမှာပါ။ ကိုယ်ဆိုးနေကျ Lip Balm ပဲဖြစ်ဖြစ် Lip stick အနည်းငယ်ကို လက်ကလေးနဲ့ တို့ပြီးဆိုးပေးပါ။ Lip Gloss တွေက Camera ထဲမှာဆို ပြောင်ချောချောနဲ့ ထူထူပိန်းပိန်းဖြစ်စေတတ်တာမို့ Lipstick ကိုတောင် Matte Type သာရွေးချယ်ဖို့ Recommend ပေးချင်ပါတယ်။

, , ,

Makeup

ဧပြီလကုန်ထိ ဆိုင်တွေ ခေတ္တပိတ်ထားမယ့် “Clover” Cosmetics & Skincare Store

စိတ်မပူပါနဲ့ Online ကနေမှာလို့ရပါသေးတယ်။

by JN Ja Seng Pan

April 3, 2020

Covid 19 ကြောင့် ကမ္ဘာတစ်ဝှမ်းလုံး စိုးရိမ်ပူပန်နေရသလို နောက်ဆုံးတွဲအနေနဲ့ ကမ္ဘာစီးပွားရေးအခြေအနေကလည်း ကမောက်ကမဖြစ်နေတဲ့အချိန်ပါ။ ကူးစက်လွယ်တဲ့ရောဂါမို့ အိမ်ထဲမှာသာ လုံလုံခြုံခြုံနေဖို့ ကျန်းမာရေးအဖွဲ့အစည်းက တိုက်တွန်းနေတာဖြစ်ပြီး လူတွေနဲ့ ထိတွေ့ဆက်ဆံမှုကိုလည်း တတ်နိုင်သမျှနည်းအောင် လျော့ချခိုင်းနေပါတယ်။



လူသွား၊ လူလာများတဲ့ Shopping Mall တွေ စားသောက်ဆိုင်တို့လို Public Area တွေကစ Fashion Shop တွေ၊ အလှကုန်ပစ္စည်းဆိုင်တွေမှာပါ လူဝင်ရောက်မှုနည်းပါးပြီး Covid 19 ရန်ကြောင့် မဖြစ်မနေဆိုင်ခန်းတွေပါ ပိတ်ရတဲ့အခြေအနေ ဖြစ်နေပါတယ်။ မြန်မာနိုင်ငံမှာလည်း စိုးရိမ်ရတဲ့အခြေအနေဖြစ်တာကြောင့် လူတိုင်းက ကာကွယ်စောင့်ရှောက်မှုတွေကို တင်းတင်းကြပ်ကြပ်လုပ်လာတာတွေ့ရမှာပါ။



အလှအပအတွက် အားထားရတဲ့ နေရာတစ်ခုဖြစ်တဲ့ Clover ကလည်း Customer တွေကော ဝန်ထမ်းတွေအတွက်ပါ အဆင်ပြေအောင် Clover ရဲ့ ဆိုင်ခန်းတွေကို ပိတ်ထားမှာဖြစ်ပါတယ်။ လှည်းတန်းစင်တာ၊ City Mall၊ Ocean Tamwe၊ Times City နဲ့ Juction City က ဆိုင်တွေကို ဧပြီ ၁ရက်နေ့က နေ ၃၀ရက်နေ့အထိ ခေတ္တပိတ်ထားမှာပါ။ ဆိုင်တွေပြန်ဖွင့်မယ့် အချိန်ကို Clover Page ကနေ အကြောင်းကြားသွားမယ်လို့ သိရပြီး Customer တွေ အဆင်ပြေပြေနဲ့ ဆက်လက်အားပေးနိုင်ဖို့ Online ကနေ မှာယူနိုင်မှာဖြစ်ပါတယ်။ အိမ်မှာပဲ Skincare တွေ Care ပြီး Deliver ရောက်မယ့်အချိန်ကို ထိုင်စောင့်ကြတာပေါ့နော်။ ကျန်းမာရေးအသိနဲ့ အားလုံးအဆင်ပြေအောင် စီစဉ်ပေးတာတွေ့ရတာမို့ ဝမ်းသာစရာပါ။

, , , , ,