×
Skin

ဈေးကြီး Product တွေသုံးစရာမလိုပဲ နှာခေါင်းပေါ်က ဆားဝက်ခြံတွေ သိသိသာသာသက်သာစေမယ့် နည်းလမ်း

အချိန်လည်းအများကြီးယူစရာမလိုဘူး။

by JN Ja Seng Pan

August 19, 2020

နှာခေါင်းပေါ်က ဆားဝက်ခြံမဲမဲတွေက ကြည့်ရအရမ်းရုပ်ဆိုးပါတယ်။ ဘယ်လောက်ပဲ Skincare လုပ်လုပ်၊ ထွက်ချင်တဲ့အချိန်ထွက်လာတတ်ပါတယ်။ ချွေးပေါက်တွေ ပိတ်ဆို့ပြီး ဖြစ်ပေါ်တာက Whitehead တွေဖြစ်ပြီး ချွေးပေါက်ကျယ်တဲ့သူတွေဆီမှာ ဖြစ်တတ်တာကတော့ ဆားဝက်ခြံတွေပါ။

ဆားဝက်ခြံတွေကို အထဲမှာရှိနေတဲ့အညစ်အကြေးကြောင့် မဲနေတယ်လို့ ထင်ကြပေမယ့် တကယ်တမ်းကတော့ ဆဲလ်အသေနဲ့ အဆီတွေက ချွေးပေါက်မှာ ပိတ်သွားပြီး လေနဲ့ထိတွေ့တဲ့အခါမှာ အရောင်ပြောင်းလဲသွားကြတာဖြစ်ပါတယ်။
ဆားဝက်ခြံတွေအတွက် တကယ့်ကို ထိရောက်တဲ့ Homemade နည်းလမ်းတွေရှိလို့ အိမ်မှာပဲ အလွယ်တကူ လုပ်လို့ရအောင် ဝေမျှပေးလိုက်ပါတယ်။ ပြီးတော့ ထပ်ပြီး မထွက်လာအောင်လည်း ဂရုစိုက်ရမယ့်အချက်လေးတွေကိုလည်း ပြောပြပေးလိုက်ပါတယ်နော်။

ဆားဝက်ခြံကို ဘယ်လိုဖယ်ရှားမလဲ။

Facial Cleansing

အလွယ်ကူဆုံး Mask လေးကို လုပ်ကြည့်ရအောင်။ Baking Soda နဲ့ ရေပဲလိုတဲ့ Mask လေးပါ။ Baking Soda က အသားအရေကို PH Balance ညီအောင် ပြုလုပ်ပေးပြီး ဆဲလ်သေနဲ့ အဆီတွေကို ဖယ်ရှားပေးတာမို့ ဆားဝက်ခြံတွေကို ဖယ်ရှားဖို့ အကောင်းဆုံးပါ။ Baking Soda လက်ဖက်ရည်နှစ်ဇွန်းကို ရေလက်ဖက်ရည်ဇွန်း နှစ်ဇွန်းနဲ့ မွှေပါ။

ဒီအရောအနှောကို မျက်နှာပေါ်မှာ Massage လုပ်ပြီး ရေနွေးနွေးလေးနဲ့ ပြန်သစ်လိုက်ပါ။ အစိုဓာတ်ဖြည့်ဖို့ ဒီ Mask ကပ်ပြီး Moisturizer တစ်မျိူးမျိူးလိမ်းပါ။ အသားအရေကို ခြောက်စေလို့ တစ်ပတ်ကို တစ်ခါလောက်သာ ပြုလုပ်ဖို့ အကြံပေးချင်ပါတယ်။


Exfoliation

သကြားအညို၊ ပျားရည်နဲ့ သံပုရည်အရောအနှောက ဆားဝက်ခြံတွေရှိတဲ့ နှာခေါင်းနဲ့ မေးစေ့တွေကို Exfoliate လုပ်ဖို့ အကောင်းဆုံးပါ။ သကြားညို လက်ဖက်ရည်တစ်ဇွန်းနဲ့ သံပုရာရည်လက်ဖက်ရည်ဇွန်း နှစ်ဇွန်းနဲ့ ပျားရည် လက်ဖက်ရည်ဇွန်း၁ဇွန်းကို ရောမွှေပါ။ သမအောင် မွှေပြီးရင်တော့ အသားအရေပေါ်မှာ စက်ဝိုင်းပုံ သဏ္ဍန် ငါးမိနစ်လောက် နှိပ်နှယ်ပါ။


Pore Strips

အလွယ်ကူဆုံးနဲ့ အားလုံးသိမယ့်နည်းလမ်းကတော့ ကြက်ဥအကာ ကိုအသုံးပြုတာပါ။ ကြည်ဥအကာကို ကိုယ်ပြုလုပ်ချင်တဲ့နေရာကို သုတ်လိမ်းထားပါ။ ပြီးတော့ တစ်ရှုးစကို အပေါ်ကနေ ကပ်လိုက်ပါ။ ကြက်ဥအကာနောက်တစ်ထပ်ကို ပြန်သုတ်ပါ။ မိနစ် ၂၀ လောက်ထားပြီး Peeling Mask လို ခွာချလိုက်ရုံပါပဲ။ ဆားဝက်ခြံတွေ သိသိသာသာထွက်သွားတာတွေ့ရမှာပါ။


Face Mask

ဆားဝက်ခြံလည်း ဖယ်ရှားပြီး အသားအရေကြည်လင်ဖို့အတွက် နနွင်းမှုန့်ကို အသုံးပြုနိုင်ပါတယ်။ နနွင်းက ဘက်တီးရီးယားနဲ့ ရောင်ရမ်းတာကို သက်သာပျောက်ကင်းစေလို့ ဆားဝက်ခြံတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါပေမယ့် ပုံမှန် နနွင်းမှုန့်က အရောင်စွန်းထင်းတက်လို့ Kasturi Turmeric ကို အသုံးပြုစေချင်ပါတယ်။ Kasturi Turmeric လက်ဖက်ရည်ဇွန်း၁ဇွန်းကို အုန်းဆီ ဒါမှမဟုတ် ရေလက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ ရောမွှေပြီး မျက်နှာပေါ်မှာ ၁၀ မိနစ်၊ ၁၅ မိနစ်လောက်ထားပါ။ ပြီးရင်တော့ ရေဆေးချလိုက်ပါ။


ဆားဝက်ခြံကို ဘယ်လိုကာကွယ်မလဲ။
ဆားဝက်ခြံပြန်ထွက်တာကို သက်သာစေဖို့ မဖြစ်မနေပြုလုပ်ရမယ့် အရာတွေရှိပါတယ်။

အလွန်အကွံျသုံးစွဲတာ
ဝက်ခြံကို ကာကွယ်ပေးတဲ့ Product ပဲဖြစ်ဖြစ်၊ ဘယ်လို Skincare Product ပဲဖြစ်ဖြစ် အများကြီး မျက်နှာပေါ် မတင်သင့်ပါဘူး။ အသားအရေကို Overwhelm ဖြစ်စေပြီး ဆားဝက်ခြံတွေကို ပိုပြီး ထွက်စေနိုင်ပါတယ်။ ပုံမှန် Basic Skincare အဆင့်ကိုသာ ပြုလုပ်သင့်ပြီး Moisturizer ကို မဖြစ်မနေလိမ်းသင့်ပါတယ်။

ညှစ်ထုတ်တာ
ဆားဝက်ခြံတွေကို တော်တော်များများက ကိုယ်တိုင်ပဲ မှန်ကြည့်ပြီးတော့ဖြစ်ဖြစ်ညှစ်ထုတ်လေ့ရှိပါတယ်။ လျော့ပါးသွားသယောင်ဖြစ်ပေမယ့် လက်နဲ့ကိုင်တွေ့တာ၊ ညှစ်တာတွေက အမာရွက်နဲ့ နီမြန်းမှုတွေဖြစ်ပြီး ပိုးဝင်နိုင်လို့ Dermatologist တွေနဲ့ သေချာပြပြီးမှသာ ဖယ်ရှားမှုကို ပြုလုပ်သင့်ပါတယ်။

, , ,
Skin

ပိုလှပဖို့ပံ့ပိုးပေးမယ့် မီးဖိုချောင်ထဲကအဖိုးတန်ရတနာများ

တချို့နည်းလမ်းလေးတွေက ကိုယ်နဲ့ကွက်တိ

by Randy Win

October 10, 2020

              အလှအပနဲ့ပတ်သက်လို့ မကင်းနိုင်ကြသူတွေအနေနဲ့ ဒီဘက်ခေတ်မှာ အလှကုန်ပစ္စည်းအမှတ်တံဆိပ်တွေကလည်း ရွေးချယ်စရာတွေပိုမိုများပြားလာသလို ကိုယ်သုံးနိုင်ရင်သုံးနိုင်တဲ့ ငွေကြေးပမာဏအလျောက် အရည်အသွေးအမျိုးမျိုးနဲ့အလှကုန်တွေဟာလည်း ဈေးကွက်ထဲမှာ အစုံအလင်ပါပဲ။သို့ပေမယ့် ဘယ်လောက်ပဲဈေးကြီးတဲ့ product တစ်ခုဖြစ်ပါစေ ကိုယ့်အရေပြားနဲ့ဓာတ်မတည့်ရင်အဆင်မပြေနိုင်သလို ဘယ်လောက်ပဲဈေးနည်းပါစေ ကိုယ့်အရေပြားကလက်ခံပေးလို့ ကိုယ်နဲ့ဓာတ်တည့်တဲ့ပစ္စည်းဆိုတာမျိုးတွေလည်းရှိတတ်တာမို့ အသားအရည်နဲ့အလှအပပစ္စည်းတွေကိုရွေးချယ်ရာမှာတကယ်ကို ဂရုတစိုက်နဲ့သတိထားကြရပါတယ်။ကိုယ့်အရေပြားတစ်ထောက်စာဟာ ကိုယ့်အတွက်တော့ အရမ်းကိုအဖိုးတန်တာမို့ ကိုယ်နဲ့ဓာတ်မတည့်တဲ့ပစ္စည်းတစ်ခုကိုအသုံးပြုမိရင် ငွေကုန်အချိန်ကုန်အလှပျက်ပြီး ဒုက္ခရောက်ကြရတတ်ပါတယ်။ ဒါကြောင့်လည်းပဲ သဘာ၀နဲ့နီးနိုင်သမျှအနီးစပ်ဆုံးအလှအပပစ္စည်းတွေကသာ လူကြိုက်အများဆုံးရွေးချယ်မှူတစ်ခုဖြစ်လာခဲ့တာပါ။ ဒါတောင်တချို့သဘာ၀ပစ္စည်းတွေနဲ့ဓာတ်မတည့်သူဆိုတာချွင်းချက်အနေနဲ့ရှိပါသေးတယ်။ ဒါပေမဲ့ဘာပဲပြောပြော သဘာ၀ပစ္စည်းတွေဟာ အများအားဖြင့် ဘေးအန္တရာယ်အကင်းဆုံးနဲ့စိတ်အချရဆုံးအရာ‌တွေထဲမှာ ပါ၀င်တာမို့ Stay At Home ကာလမှာ ငွေကုန်ကြေးကျလည်းနည်းစေမယ့်အပြင် အပြင်ကနေ Skincare မှာလို့ လာပို့တဲ့သူဆီကများရောဂါပိုးကပ်ငြိပါလာနိုင်သလားဆိုတဲ့စိုးရိမ်စိတ်မျိုးမဖြစ်ရလေအောင် ကိုယ့်အိမ်မီးဖိုချောင်မှာရှိတဲ့ ပစ္စည်းတချို့နဲ့ပဲ လှပစိုပြည် မြင်သူငေးတဲ့အသားအရည်တစ်ခုရအောင် ဖန်တီးကြည့်လိုက်ကြရအောင်။
 
နနွင်း
မီးဖိုချောင်ထဲမှာ မရှိမဖြစ်ရှိနေနိုင်မယ့် သဘာ၀အလှအပဆေးစွမ်းကောင်းတစ်လက်ကိုပြပါဆိုရင် နနွင်းကိုအရင်ဆုံးပြရမှာပါပဲ။ နနွင်းစစ်စစ်ဟာ ပိုးမွှားကိုသေစေနိုင်ပြီး၊ ရောင်ရမ်းမှူကိုသက်သာစေရုံမက အရေပြားကိုနုပျိုတင်းရင်းစေတဲ့ဓာတ်သတ္တိတွေပါ၀င်တယ်ဆိုတာ အတော်များများသိထားကြမှာပါ။ ၀က်ခြံသမားတွေအနေနဲ့ နနွင်းအနည်းငယ်ကို သံပုရာရည်နဲ့ရောပြီး မျက်နှာကို တစ်ပတ်နှစ်ကြိမ်ခန့် exfoliate လုပ်ခြင်းဖြင့် acne breakouts ဖြစ်ခြင်းမှ သက်သာစေနိုင်သလို နနွင်းအနည်းငယ်ကိုထောပတ်နဲ့ရောပြီး လိမ်းပေးခြင်းဖြင့်လည်း မျက်ကွင်းညိုတာကိုသက်သာစေနိုင်ပါတယ်။
 
ပျားရည်
အဘိုးအဘွားတွေလက်ထက်ကတည်းက ပျားရည်ကိုအိမ်တွင်းဆေးဝါးတစ်ခုအနေနဲ့ရော အသားအရည်လှပဖို့အတွက်ပါ အသုံးပြုကြတာကိုသတိထားမိမှာပါ။ ပျားရည်ဟာ ကျန်းမာရေးအတွက်အထောက်အကူပြုရုံသာမက အရွယ်မတိုင်ခင်အိုမင်းမှူကို လျော့ကျစေနိုင်တဲ့အစွမ်းသတ္တိတွေလည်းပိုင်ဆိုင်ထားပါသေးတယ်။ အသားအရည်ခြောက်သွေ့တဲ့သူတွေအနေနဲ့ ပျားရည်ကို moisturizer တစ်ခုလို ပုံမှန်သုံးစွဲခြင်းဖြင့် အရေပြားကိုစိုပြည်စေရုံမက ၀င်းမွတ်ချောမွေ့မှူကိုပါပေးစွမ်းနိုင်တဲ့အပြင် အရေပြားပြသနာတော်တော်များများကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ နှုတ်ခမ်းကွဲတာ ၊‌ခြေဖနောင့်ကွဲတာ ၊အသား‌ပပ်တာတွေအတွက်လည်း ပျားရည်ကိုလိမ်းကျံပေးနိုင်သလို အရေးအကြောင်းနဲ့ ပိုး၀င်တာမျိုးတွေမဖြစ်အောင်လည်းကာကွယ်ပေးနိုင်ပါသေးတယ်။
 
အုန်းဆီ
အုန်းဆီကိုတော့ ဆံပင်လိမ်းရင်အရမ်းကောင်းတယ်ဆိုတာ လူတိုင်းနီးပါးသိထားကြပြီးသားအချက်ပါ။ ‌ငယ်ငယ်ကဆိုတွေကအုန်းဆီတွေရွှဲနေအောင်ထည့်ပေးနေကျမဟုတ်လား။ တကယ်ကအုန်းဆီဟာ ဆံပင်အတွက်သာမကပဲ အရေပြားအတွက်ပါ ကောင်းကျိုးအများကြီးပေးစွမ်းနိုင်ပါတယ်။ Baking Sodaအနည်းငယ်နဲ့ အုန်းဆီကိုရောပြီး မျက်နှာ Scrub အပျော့စားအနေနဲ့ အသုံးပြုလို့ရသလို အသားခြောက်ပြီးအရေပြားယားယံမှူတွေဖြစ်တဲ့အခါမှာလည်း ရေကြက်သီးနွေးထဲကို အုန်းဆီလက်ဖက်ရည်ဇွန်းနှစ်ဇွန်းခန့်ထည့်ပြီး ရေချိုးခြင်း ၊ရေစိမ်ခြင်းဖြင့် သက်သာစေနိုင်ပါတယ်။ဒါ့အပြင် stay home ကာလမှာ ဂိမ်းဆော့ ၊ဇာတ်ကားကြည့်ရင်း နေ့ညမှားလို့ မျက်ကွင်းညိုနေသူတွေအတွက်လည်း အုန်းဆီအနည်းငယ်နဲ့မျက်ကွင်းတစ်ဝိုက်နှိပ်နယ်ပေးခြင်းဖြင့် မျက်ကွင်းညိုခြင်းကိုသက်သာစေနိုင်တယ်လို့ဆိုပါတယ်။နောက်ပြီး Makeup remover အနေနဲ့လည်းအသုံးပြုနိုင်ပါသေးတယ်တဲ့။
 
ဂျင်း
ဂျင်းဆိုတာ အစားအသောက်တွေကိုအနံ့အရသာနဲ့ပြည့်စုံစေတဲ့ ဟင်းခတ်ပစ္စည်းတစ်ခုဖြစ်သလို အရေပြားကိုလည်းကောင်းကောင်းအထောက်အကူပြုနိုင်တဲ့ သဘာ၀ဆေးစွမ်းကောင်းတစ်လက်ဖြစ်တယ်ဆိုတာ သိထားသင့်ပါတယ်။ ဂျင်းကိုအရည်ညှစ်ယူပြီး ပုံမှန်လိမ်းပေးခြင်းဖြင့် တင်းတိတ်တွေကိုသက်သာလျော့ပါးစေနိုင်ပါတယ်။ ဂျင်းကို နို့စစ်စစ်နဲ့ရောပြီး‌ တစ်ပတ်တစ်ကြိမ်ခန့် မျက်နှာပေါင်းတင်ကပ်ခွာလို အသုံးပြုပေးခြင်းဖြင့်လည်း ၀က်ခြံနဲ့အဆီဖုတွေကို သက်သာလျော့ပါးစေမှာပါ။ 15မိနစ်ခန့်ကပ်ထားပြီး မျက်နှာသစ်၊ moisturizer တစ်ခုခုပြန်လိမ်းပေးဖို့တော့မမေ့ပါနဲ့။ နောက်တစ်နည်းအနေနဲ့ ဂျင်းကိုအခြောက်လှမ်း အမှုန့်ကြိတ်ပြီး ရရှိလာတဲ့ဂျင်းမှုန့်(၂) ဇွန်းခန့်ကို ရေ (၄) ဖန်ခွက်နဲ့ရောပြုတ်ပြီး Rosemary oil ငါးစက်၊ခြောက်စက်ခန့်ထည့်ကာ ပုလင်းသန့်သန့်တစ်ခုထဲထည့်သိမ်းထားပါ။ ဒီအရည်ကို မျက်နှာပေါ်ပုံမှန် လိမ်းပေးခြင်းဖြင့်လည်း အားလုံးငေးမောရတဲ့ Glow Skin effect ကို ရရှိစေနိုင်မှာပါတဲ့ ။
 
ရေခဲတုံး
ရေခဲတုံးကတော့ တော်တော်များများကအအေးဖျော်သောက်ဖို့လောက်ပဲ သိထားကြမှာဖြစ်ပေမယ့် ရေခဲတုံးကပေးစွမ်းနိုင်တဲ့ အလှအပဆိုင်ရာအစွမ်းတွေကိုတော့သိတဲ့သူ တော်တော်ရှားပါလိမ့်မယ်။ ရေခဲတုံးနဲ့ မျက်နှာကို နေ့စဉ်ပုံမှန်ပွတ်လိမ်းပေးခြင်းအားဖြင့် မျက်နှာအရေပြားရဲ့သွေးလည်ပတ်မှူကောင်းစေသလို တင်းရင်းကြည်လင်တဲ့အသားအရည်ကို ရရှိစေနိုင်ပါတယ်။ ညအိပ်ရာ၀င်ခါနီး အခြားကိုယ်သုံးနေကျ Skincare တစ်ခုခုကိုလိမ်းပြီး ရေခဲတုံးနဲ့မျက်နှာတစ်ဝိုက်ပွတ်သပ်နှိပ်နယ်ပေးခြင်းဖြင့် Skincare တွေရဲ့ effect ကိုလည်း သိသိသာသာမြှင့်တင်ပေးနိုင်သလို အဆီပြန်ခြင်းကိုသက်သာစေပြီး ၀က်ခြံကိုလည်းလျော့ပါးစေပါတယ်။ နောက်ပြီး Rose Water နဲ့ သခွားသီးကိုရောကြိတ်၊ ရရှိလာတဲ့အရည်ကို ရေခဲတုံးဖြစ်အောင်အအေးခံ ၊အဲဒီရလာတဲ့ရေခဲတုံးကို မျက်လုံးတစ်ဝိုက်ပွတ်သပ်နှိပ်နယ်ပေးခြင်းဖြင့်လည်း မျက်ကွင်းညိုတာ မျက်တွင်းကျတာတွေကိုလည်း ထိထိရောက်ရောက် သက်သာစေမယ်လို့ဆိုပါတယ်။
 
Photo Credit to the Rightful Owners
, , , ,

Skin

ကြည့်ရဆိုးတဲ့ ကျောက ဝက်ခြံတွေ ပျောက်ကင်းအောင် ဘယ်လိုကုသမလဲ

ပိုက်ဆံအများကြီးသုံးစရာမလိုသလို၊ နေထိုင်မှုပုံစံလေး ပြောင်းလဲလိုက်တာနဲ သိသာမှ

by JN Ja Seng Pan

October 1, 2020

မျက်နှာမှာ ဝက်ခြံပေါက်ရင် စိတ်ညစ်ရသလို နောက်ကျောက ဝက်ခြံကြောင့်လည်း တော်တော်လေး စိတ်ရှုပ်ရတတ်ပါတယ်။ Off Shoulder လေးတွေ၊ Crop လေးတွေခေတ်စားနေတဲ့အချိန် ကိုယ့်မှာ လိုက်ဝတ်မရပဲ ဖုံးအုပ်နေရတာက ခပ်များများပါ။ ကျောက ဝက်ခြံတွေက ဘာကြောင့်ဖြစ်တာလဲ၊ ဘယ် လိုကာကွယ်မလဲဆိုတာကို ဒီအချက်လေးတွေနဲ့ အဖြေရှာလိုက်ရအောင်နော်။ ပိုက်ဆံအများကြီးသုံးစရာမလိုသလို၊ နေထိုင်မှုပုံစံလေး ပြောင်းလဲလိုက်တာနဲ သိသာမှာမို့ လက်မလျော့လိုက်ပါနဲ့လို့ ပြောချင်ပါတယ်။

ဘာကြောင့်ဖြစ်တာလဲ
မျိူးရိုးလိုက်တာ - ကိုယ့်မိသားစု မျိူးရိုးမှာ ဝက်ခြံပြဿနာရှိခဲ့ဖူးရင် ကိုယ်လည်း ဝက်ခြံထွက်တတ်ပါတယ်။
ဆေးဝါး - ဆေးဝါးတွေတချိူ့က ဝက်ခြံဖြစ်တာကို တွန်းအားပေးပါတယ်။ Antidepressants နဲ့ Lithium ပါတဲ့ဆေးဝါးတွေက သောက်သုံးပြီး ဝက်ခြံတွေပိုဆိုးလာတာကြုံဖူးမှာပါ။ ဆရာဝန်နဲ့ သေချာဆွေးနွေးသင့်ပါတယ်။
ဟိုမုန်း - ဆယ်ကျော်သက်အရွယ်မှာ ဟိုမုန်းအပြောင်းအလဲကြောင့် ဝက်ခြံတွေထွက်ကြတာ အားလုံးကြုံဖူးမှာပါ။ အမျိုးသမီးတွေ လူလတ်ပိုင်းအရွယ်မှာ ဖြစ်တဲ့ဝက်ခြံတွေကတော့ ရာသီစက်ဝန်းနဲ့လည်း သက်ဆိုင်နေတတ်ပါတယ်။
ချွေး - အထူးသဖြင့် အဝတ်အစားကျပ်ကျပ်အောက်မှာ ချွေးတွေစိုပြီး ပိတ်မိနေရင်လည်း ဝက်ခြံကိုဖြစ်စေပါတယ်။
စိတ်ဖိစီးမှု - စိတ်ဖိစီးမှုက ဝက်ခြံကို ဖြစ်ပေါ်စေတာမဟုတ်ပေမယ့် ဝက်ခြံထွက်ဖို့ကို အကူအညီပေးပါတယ်။
Oil Based Skincare Product - အဆီကို အခြေခံထားတဲ့ Skincare Product တွေကို ဝက်ခြံသမားတွေ မဖြစ်မနေရှောင်သင့်ပါတယ်။ ချွေးပေါက်ပိတ်စေပြီး ဝက်ခြံပိုထွက်ဖို့ အားပေးပါတယ်။



အိုခေ ဘာကြောင့်ဖြစ်တာလဲ သိပြီးပြီဆိုတော့..ဘယ်လိုကာကွယ်ကုသမလဲဆိုတာကို ကြည့်လိုက်ရအောင်။

အစားအသောက်
အစားအသောက်ပုံစံကြောင့်လည်း ဝက်ခြံကိုပိုပြီး ဆိုးရွားစေတတ်ပါတယ်။ ဝက်ခြံတစ်လုံး၊ နှစ်လုံးက မသိသာပေမယ့် များလာရင် ပျောက်ကင်းဖို့ ခက်တာမို့ သတိထားရမှာပါ။ ကျွန်မတို့ မြန်မာတွေအကြိုက် ငပိအငံ့တွေ၊ အကြော်အလှော်တွေနဲ့ အရောင်ချွတ်ထားတဲ့ ပေါင်မုန့်ဖြူတွေက ဝက်ခြံတွေအတွက် ပျော်စရာကမ္ဘာကြီးပါ။ ဒီအစား အသီးအနှံ့တွေ၊ ဟင်းသီးဟင်းရွက်တွေ များများစားသုံးပါ။

Shower
လေ့ကျင့်ခန်း လုပ်ပြီးရင်ပဲဖြစ်ဖြစ်၊ ချွေးထွက်စရာ Physical Activity တွေလုပ်ပြီးသွားတိုင်း ချွေး တိတ်သွားလိမ့်မယ်ဆိုပြီး ဒီတိုင်းမနေပါနဲ့။ ဖုန်မှုန့်နဲ့ ချွေးတွေက အသားအရေကို ဝက်ခြံထွက်ဖို့ တွန်းအားပေးပါတယ်။ ရေလုံးဝမချိူးချင်ရင်တောင်မှ ချွေးစိုနေတဲ့အဝတ်အစား လဲလိုက်တာမျိူးတော့ ပြုလုပ်ပေးပါ။

Exfoliate
Salicylic Acid ပါတဲ့ အပျော့စား Exfoliating Scrub တွေကို အသုံးပြုပြီး အဆီတွေ၊ Dead Skin တွေကို ဖယ်ရှားနိုင်ပါတယ်။ ချွေးပေါက်ပိတ်တာနဲ့ Dead Skin တွေကို ဖယ်ရှားလျော့နည်းစေပါတယ်။

နေရောင်ခြည်
နေရောင်ခြည်က ဝက်ခြံတွေကို ရောင်ကိုင်း၊ ဆိုးရွားစေတဲ့အတွက် သတိပြုရမှာပါ။ မျက်နှာအသားအရေထက် ခန္ဒာကိုယ်အသားအရေက အနာကျက်တာပိုပြီးနှေးကွေးပါတယ်။ ဒါကြောင့် Sunscreen ကို ပုံမှန်သေချာလိမ်းတာက ဝက်ခြံကို သက်သာစေတဲ့အပြင် အသားအရေပျက်စီးတာလည်း ကာကွယ်ပြီးသားဖြစ်စေတာပေါ့။



အိပ်ရာခင်း
သင်က ပက်လက်အိပ်တတ်တဲ့သူတစ်ယောက်ဆိုရင် အိပ်ရာခင်းကို နှစ်ပတ်တစ်ခါ လဲဖြစ်အောင် ကြိုးစားပါ။ ဖုန်မှုန့်တွေ၊ အညစ်အကြေးတွေ အသားအရေကို ထိတွေ့မှု လျော့နည်းစေပြီး ကျောမှာ ဝက်ခြံဖြစ်ပွားတာကို ကာကွယ်ပေးပါတယ်။

Tea Tree Oil
Tea Tree Oil တွေက ဝက်ခြံကုသတဲ့နေရာမှာ နာမည်ကြီးပါတယ်။ Tea Tree Oil ကို Australia နိုင်ငံက အပင်တစ်မျိူးကနေ ထွက်ရှိတာဖြစ်ပြီး Austrailia လူမျိူးတွေက ဟိုးအရင်ချိန်တွေထဲက အရေပြားပြဿနာအမျိူးမျိူးအတွက် အသုံးပြုလာကြတာပါ။ ခုနောက်ပိုင်းမှာတော့ အလှအပပစ္စည်းတော်တော်များများမှာ ထည့်သွင်းအသုံးပြုလာကြပြီနော်။ ဝက်ခြံကိုဖြစ်ပေါ်စေတဲ့ Bacteria တွေကို ကာကွယ်ကုသနိုင်စွမ်းရှိလို့ Tea Tree Oil က ဝက်ခြံသမားတွေအတွက် လက်စွဲပါ။

ဆံပင်
ဆံပင်တွေကလည်း ဝက်ခြံကိုဖြစ်စေတဲ့ တရားခံထဲမှာပါပါတယ်။ အဆီနဲ့ အညစ်အကြေးကို ပိုပြီးတိုးပွားစေတဲ့အတွက် ခေါင်း ပုံမှန်လျှော်ပါ၊ ချွေးထွက်နေတဲ့အချိန် ဆံပင်တွေကို ကျောဘက်ကို မချပဲ စည်းနှောင်ထားပါ။
ပြီးတော့ Shampoo တွေ၊ Conditioner တွေကလည်း ချွေးပေါက်ပိတ်စေလို့ ဒီ Product တွေ ကျောဖက်ခြမ်းကို မရောက်အောင် တတ်နိုင်သလောက် ဂရုစိုက်ပါ။

, , ,

Skin

စိတ်ကျခြင်းကြောင့် ထိခိုက်နိုင်တဲ့အလှတရားများ

အလှမပျက်ချင်ရင် စိတ်ဓာတ်မကျဖို့လိုပါတယ်

by Randy Win

September 15, 2020


                ရုပ်ပိုင်းဆိုင်ရာဟာ စိတ်ပိုင်းဆိုင်ရာနဲ့ဆက်စပ်မှူရှိနေတယ်ဆိုမမှားပါဘူး အချိန်အတိုင်းအတာတစ်ခုထိ စိတ်ဖိစီးမှူများနေတဲ့လူတစ်ယောက်ဟာ သိသိသာသာ ရုပ်ကျသွားတာမျိုး ၊ အရေပြားနဲ့ပတ်သက်တဲ့ ရောဂါတွေဖြစ်တာမျိုးအထိ ရင်ဆိုင်ရနိုင်ပါတယ်။ အထူးသဖြင့် စိတ်ဖိစီးမှူနဲ့ စိတ်ကျခြင်းတွေမဖြစ်ဖို့အတွက် အတတ်နိုင်ဆုံး စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှူတွေ ၊ ကုစားမှူတွေနဲ့ ဘယ်လို ပြသနာအခက်အခဲပဲကြုံလာလာ ကောင်းကောင်းရင်ဆိုင်နိုင်မယ့် ကာကွယ်မှူမျိုးတွေကို အလေ့အကျင့်ကောင်းတစ်ခုအနေနဲ့ ကြိုတင်မွေးမြူထားသင့်ပါတယ်။ အကယ်၍များ စိတ်ကျလို့ ရုပ်မလှတော့ဘူးဆိုရင် အဘက်ဘက်ကဆုံးရှူံးနစ်နာရမှာက ကိုယ်တိုင်ပဲမို့ စိတ်ဓာတ်မကျပဲ ရုပ်လှစေဖို့အတွက် စိတ်ကျခြင်းက ဒုက္ခပေးနိုင်တဲ့ အလှအပဆိုင်ရာဆိုးကျိုးလေးတွေကို သတိပြုမိအောင် ဖော်ပြပေးလိုက်ပါတယ် ။

ဆံပင်ကျွတ်ခြင်း


စိတ်ညစ်ခြင်း၊ စိတ်ဓာတ်ကျခြင်းတွေရဲ့ ခန္ဓာကိုယ်အပေါ် အသိသာဆုံးထိခိုက်နိုင်တဲ့အချက်ကတော့ အရေပြားလို့ယေဘုယျအားဖြင့်သိထားကြပါတယ်။ တကယ်တမ်းမှာတော့ ဦးခေါင်းပေါ်မှာရှိတဲ့ ဦးရေပြားဟာလည်း စိတ်ကျခြင်းတွေရဲ့ဒဏ်ကို သိသိသာသာခံရတဲ့နေရာတစ်ခုပါပဲ။ ဆံပင်တွေပုံမှန်ထက်ပိုပြီး ကျွတ်လာပြီဆိုရင် ကိုယ်ဘယ်လောက်စိတ်ပိုင်းဆိုင်ရာထိခိုက်မှူတွေရှိနေပြီလဲဆိုတာသိနိုင်ပါတယ်။ ဥပမာအားဖြင့် ကိုယ်ဝန်ဆောင်ချိန် ၊ ခွဲစိတ်မှူတစ်ခုခံယူပြီးချိန် ၊ စိတ်ညစ်စရာတွေကြုံရတဲ့အချိန် နဲ့ စိတ်ဖိစီးမှူတွေများတဲ့အချိန်မျိုးတွေမှာ ဆံပင်တွေသိသိသာသာကျွတ်လာတာကိုကြုံတွေ့ရနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးနဲ့ရင်ဆိုင်နေရပြီဆိုရင်တော့ ကိုယ့်စိတ်ကို ဖြေလျော့နိုင်မယ့် နည်းလမ်းတွေကိုရှာဖွေခြင်းဖြင့် ကိုယ့်စိတ်ကို ပြန်လည်ကုစားသင့်ပါတယ်။

ဦးရေပြားခြောက်သွေ့ခြင်း


တစ်စုံတစ်ခုကြောင့် စိတ်ပိုင်းဆိုင်ရာဖိစီးမှူကြုံနေပြီဆိုရင် ဆံပင်ကျွတ်ရုံတစ်ခုတည်းမဟုတ်ပဲ ဦးရေပြားယားယံတာကစလို့ ဘောက်ထတာမျိုးတွေအထိကြုံတွေ့ရနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးတွေနဲ့ကြုံတွေ့လာရပြီဆိုရင် စိတ်ကိုပြန်လည်ကုစားတာမျိုးအပြင် ကျွမ်းကျင်တဲ့အရေပြားအလှအပဆရာဝန်တွေညွှန်းတဲ့ ဦးရေပြားအားဖြည့် Cream ‌တွေ Shampoo လိုမျိုးတွေကိုလည်း အသုံးပြုပေးဖို့လိုအပ်ပါတယ်။

အရေပြားယားယံခြင်း

အရမ်းစိတ်ဖိစီးတဲ့အခါမျိုးမှာ အရေပြားယားယံတာမျိုး အင်ပြင်ထတာမျိုးတွေကို အများစုကြုံတွေ့ရတတ်ပါတယ်။ ပုံမှန်ဖြစ်နေကျထက်ထက်ပိုပြီး အရေပြားယားယံတာမျိုးပါ။စိတ်ဖိစီးလွန်းတဲ့အခါမျိုးတွေမှာ ကိုယ့်ရဲ့ အရေပြားအောက်မှာရှိတဲ့ သွေးပြန်ကြောတွေဟာ ပုံမှန်ထက်ပိုပြီး Sensitive ဖြစ်လွန်းတာကြောင့် ဒီလို နဂိုထက်ပိုတဲ့ အရေပြားယားယံမှူတွေဖြစ်ပေါ်လာရတာဖြစ်တယ်လို့ အရေပြားကျွမ်းကျင်ဆရာဝန်တွေကဆိုကြပါတယ်။ အဲဒီလိုအခြေအနေမျိုးတွေကြုံလာရပြီဆိုရင် ရေနိုင်နိုင်ချိုးတာမျိုး ၊ အရေပြားလိမ်းဆေးတွေလိမ်းတာမျိုးမဖြစ်မနေပြုလုပ်ရပါမယ်။ ဒီလိုလုပ်လို့မှမသက်သာပဲပိုဆိုးလာရင်တော့ အရေပြားဆရာဝန်နဲ့ စိတ်ကျန်းမာရေးဆရာဝန်တွေဆီမှာ အကြံဉာဏ်တောင်း ကုစားဖို့လိုပြီလို့ဆိုပါတယ်။

ဝက်ခြံ

စိတ်ဖိစီးလွန်းတဲ့အခါ သနားစရာကောင်းတဲ့ မျက်နှာအရေပြားလေးက အဲဒီဒဏ်တွေကို တော်တော်လေးဒဏ်ခံရပါတယ်။ ဝက်ခြံတွေထွက်တာမျိုး Breakouts ဖြစ်တာမျိုးတွေနဲ့ရင်ဆိုင်ရပြီး အမြန်ဆုံး ပြန်လည်ကုသနိုင်မှ တော်ကာကျမယ့်အခြေအနေပါ။ ဒီလိုအခြေအနေမျိုးတွေမှာ ကိုယ့်အတွက်စိတ်ကိုသက်သာရာရစေမယ့် ခရီးထွက်တာမျိုး ၊ တရားထိုင်တာမျိုး၊ ပျော်ရွှင်စေမယ့်အရာမျိုးတွေကို အတတ်နိုင်ဆုံးပြုလုပ်ပြီး စိတ်ကိုပြန်လည်ကုစားဖို့ိလိုပါတယ်။

အရေးအကြောင်း

စိတ်ဖိစီးမှူကြောင့် အရေပြားခြောက်သွေ့လွယ်တာနဲ့ဆက်စပ်ပြီး အစိုဓာတ်နည်းသွားတဲ့အရေပြားဟာ အရေးအကြောင်းထလွယ်တာမျိုး အရွယ်မတိုင်ခင်အိုမင်းတာမျိုးတွေအထိဖြစ်တတ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာထိခိုက်လွယ်တဲ့သူတွေမှာ ရေဓာတ်ကို တခြားသူတွေထက်ပိုပြီးလိုအပ်တာကြောင့် ရေများများသောက်တာမျိုး အရည်ရွှမ်းတဲ့အစားအသောက်တွေစားတာမျိုးနဲ့ အစိုဓာတ်လိမ်းဆေးတွေကိုပုံမှန်အသုံးပြုပေးတာမျိုးတွေကို ပုံမှန်ပြုလုပ်ပေးသင့်ပါတယ်။

 

Photo Credit To The Rightful Owners

 

, , , ,

Skin

Glass Skin အသားအရေပိုင်ဆိုင်စေမယ့် ကိုးရီးယားနာမည်ကြီး Facial Mask များ

Glass Skin ပိုင်ဆိုင်စေမယ့် Mask လေးတွေ

by JN Ja Seng Pan

August 25, 2020

အခြား Skincare Product တွေထက် Korea Face Mask တွေက မြန်မာအသားအရေနဲ့လည်း လိုက်ဖက်သလို ထိရောက်မှုလည်း တော်တော်ရှိတာတွေ့ရပါတယ်။ ပုံစံမျိူးစုံနဲ့ ရွေးချယ်စရာများတဲ့ ကိုးရီးယား Face Mask တွေက နိုင်ငံတကာမှာ လူကြိုက်များတာလည်း သိကြမှာပါ။ ကိုးရီးယား Skincare Product တွေကောင်းမှကောင်း ကိုးရီယားအမျိုးသမီးတွေကိုကြည့်တာနဲ့ သိမှာပါ။ အသားအရေကို စနစ်တကျထိန်းသိမ်းကြပြီး သူတို့ရဲ့ K Product တွေကိုသာ စွဲစွဲမြဲမြဲသုံးစွဲကြတာပါ။

Glass Skin ဆိုတာကလည်း ကိုးရီးယားနိုင်ငံက နာမည်ကြီး Beauty Trend တစ်ခုဖြစ်သလို အမျိူးသမီးတိုင်းလိုချင်တဲ့ အသားအရေအမျိူးအစားဖြစ်ပါတယ်။ ဒီ Skin ကိုရဖို့ ကိုးရီးယားအမျိူးသမီးတွေက Skincare Step 10 ဆင့်လောက်ကို ပြုလုပ်ကြပေမယ့်လည်း လိုက်လုပ်ဖို့က ထင်သလောက်မလွယ်ကူတော့ ဒီနည်းလမ်းက အသုံးဝင်မှာပါ။ Face Mask တွေဆိုတာက အသားအရေကို သိသိသာသာပြုပြင်ပေးပြီး ပုံမှန် အသုံးပြုသင့်တဲ့ Skincare Product တစ်ခုဆိုလည်းမမှားပါဘူး။

ကိုးရီးယား Face Mask တွေ အများကြီးထဲကမှ ခုပြောပြပေးမယ့်ဟာလေးတွေက Glass Skin ပိုင်ဆိုင်ဖို့အတွက် အကောင်းဆုံး Mask လေးတွေပါ။ အချိန်အများကြီးပေးစရာမလိုပဲ ကိုယ့်လုပ်နေကျ အလုပ်တွေ လုပ်ရင်းလည်း အသားအရေ ထိန်းသိမ်းနိုင်တာမို့ လူကြိုက်များတာလည်း မပြောနဲ့လေ။

1. Glow Recipe Watermelon Glow Sleeping Mask

 


2. JayJun Intensive Shining Mask

 

3. Dr Jart + Dermask Brightening Mask

 

4. Dr Jart + Bright Lover Rubber Mask

 

5. Tonymoly I'm 7 Days Sheet Mask Set

 

6. Sulwhasoo First Care Activating Mask

 

7. Laneige Lavender Water Sleeping Mask

 

8. Dear, Klairs Freshly Juiced Vitamin E Mask

 

9. Innisfree Brightening Pore Sleeping Mask

 


10. Peach & Lily Original Glow Sheet Mask Set

, , ,

Skin

မိုးရာသီမှာ လုံးဝမပြုလုပ်သင့်တဲ့ အလှအပထိန်းသိမ်းနည်းများ

အမှတ်မထင်ပဲ လုပ်နေမိတဲ့အရာတွေ။

by JN Ja Seng Pan

July 9, 2020

Lady Gaga ရဲ့ သီချင်းသစ် Rain on Me ကလို လက်တွေ့မှာ မိုးရေထဲ ပြေးလွှားရင်း လှနေဖို့က ခက်ခဲပါတယ်။ မသန့်စင်တဲ့ လေထုပတ်ဝန်းကျင်ကိုဖြစ်စေတဲ့ မိုးရာသီက ကိုယ်သတိမထားမိခင်မှာပဲ အသားအရေကို ပုံမှန်ထက် ပျက်စီးသွားစေနိုင်ပါတယ်။ ရာသီဥတုပြောင်းလဲတာနဲ့ ကိုယ့်လုပ်နေကျ Skincare Step တွေ၊ Routine တွေကိုလည်း ပြောင်းလဲသင့်တယ်ဆိုတာ သတိထားမိရဲ့လား။ ပျိုမေတို့ မသိလိုက်ပဲ ပြုလုပ်နေလိုက်တဲ့အချက်တွေရှိနေမလားဆိုတာကို အောက်မှာ ဖော်ပြထားတဲ့အချက်လေးတွေမှာ ကြည့်လိုက်ရအောင်နော်။

Hot Shower
မိုးမိလို့ ချမ်းတယ်ဆိုပြီး Hot Shower ကို မလုပ်မိဖို့ အရေးကြီးပါတယ်။ ရေနွေးနဲ့ ရေချိူးတာက အသားအရေကို ခြောက်သွေ့ပျက်စီးစေပါတယ်။ ပိုပြီးဆိုးတာက Breakout ဖြစ်စေပြီး ကျောမှာ ဝက်ခြံတွေ ထွက်ဖို့အားပေးတာမို့ ရှောင်ရမှာပါ။ တော်တော်လေးအေးနေတယ်ဆိုမှ ရေကြက်သီးနွေးလေးနဲ့ ချိူးပေးတာက အကောင်းဆုံးဖြစ်မှာပါ။

Bikini Waxing
Waxing အထူးသဖြင့် Private Area ကို ဒီလိုစိုစွတ်တဲ့ရာသီမှာ ပြုလုပ်တာက တော်တော်လေးကို နာကျင်စေမှာပါ။ ဘာလို့လဲဆိုတော့ မွေးညင်းပေါက်တွေမှာ ရောဂါပိုးဝင်လွယ်စေပြီး ပြည်တည်တာ၊ မှိုရောဂါစတာတွေကို ဖြစ်ပွားစေနိုင်လို့ ဒီလိုရာသီမှာ ပြင်းထန်တဲ့ Waxing ပြုလုပ်တာကို ရှောင်ရမှာပါ။

Skipping Moisturiser
ရာသီဥတုကိုက စိုစွတ်နေတာဖြစ်လို့ ဒီအစိုဓာတ်ကြောင့် အသားအရေကို ရေဓာတ်ဖြည့်ဖို့ မလိုဘူးဆိုပြီး စိတ်ထဲက ဖြစ်နေမှာပါ။ အသားအရေကလည်း စိုထိုင်းထိုင်းဖြစ်နေတာကြောင့် ဒီအဆင့်ကို မလုပ်ပဲ ကျော်တတ်ကြပါတယ်။ အပြင်ဘက်မှာ ဘယ်လောက်ပဲ စိုထိုင်းနေပါစေ၊ အသားအရေက အာဟာရဓာတ်က လိုအပ်နေတာမို့ ဒီအဆင့်ကို မဖြစ်မနေပြုလုပ်ရမှာပါ။ ဒီရာသီမှာတော့ Lightweigh ဖြစ်တဲ့ Moisturiser၊ Oily မဖြစ်တဲ့ Water Based Product တွေကို အဓိကထားပြီး အသုံးပြုနိုင်ပါတယ်။

Skipping Sunscreen
နေမပြင်းပဲ မိုးအုပ်နေတာမို့ Sunscreen မသုံးပြုရဘူးဆိုတာ လုံးဝမှားတယ်နော်။ နေရောင်ခြည်က လာတဲ့ UV Ray က အပြင်ထွက်တာနဲ့ ထိတွေ့ရတာမို့ Sunscreen ကို မမေ့မလျော့လိမ်းပါ။ ကပ်စီးစီးဖြစ်တာ မကြိုက်တဲ့သူတွေ အတွက် Mattifying, Non Sticky Sunscreen တွေကို ဈေးကွက်ထဲမှာ ရှာဖွေဝယ်ယူလို့ရတယ်နော်။

Exfoliation
မိုးရာသီမှာ အမြဲထိတွေ့ရတဲ့ ဗွက်အိုင်တွေ၊ မိုးရေတွေ၊ ကားဘေးက ဖြတ်သွားရင် စင်လာတဲ့ရေတွေစတဲ့ ပတ်ဝန်းကျင်က အရာတွေက ချွေးပေါက်ပိတ်စေပြီး အသားအရေကို ညစ်ညမ်းစေပါတယ်။ ဆိုတော့ အသားအရေကို Exfoliate လုပ်ပေးသင့်ပြီး လုပ်ရင်လည်း Gentle Exfoliate သာလုပ်ဖို့ အကြံပေးချင်ပါတယ်။ စိုပြေကြည်လင်တဲ့အသားအရေပိုင်ဆိုင်ဖို့ တစ်ပတ်ကို နှစ်ခေါက်ပြုလုပ်ပေးသင့်ပါတယ်။

Using Heavy Product
ကဲ ဒီရာသီမှာ အပြင်ထွက်တာနဲ့ ဂွမ်းစေမယ့်အရာတစ်ခုပါ။ စိုစွတ်ပြီး လေထုသိပ်သည်းစများတဲ့ ပတ်ဝန်းကျင်က အသားအရေကို အမှန်တကယ်ကိုညစ်ညမ်းစေပါတယ်။ မိတ်ကပ်ခပ်ထူထူလိမ်းတာက အသားအရေကို ပိုဆိုးစေပြီး စိုစွတ်နေတဲ့လေထုနဲ့ ထိတွေ့တာနဲ့ မိတ်ကပ်တွေကွက်ပြီး ရုပ်ဆိုးစေမှာပါ။ ဆံပင်အတွက်ဆိုလည်း Hair Spray တွေကို ရှောင်သင့်ပြီး ပေါ့ပေါ့ပါးပါးတာပြင်ဆင်သင့်ပါတယ်။ အဆီပါဝင်မှုများတဲ့ Product တွေအစား Water Based တွေ၊ Waterproof တွေကို အဓိကထားပြီး အသုံးပြုဖို့လိုပါတယ်။

 

, ,

Skin

Skincare Lover တွေကြားမှာ အပြောများနေတဲ့ Chemical Peel ကို သင်ကိုယ်တိုင်ကော လုပ်သင့်လား။

ဒါတွေကိုတော့ မဖြစ်မနေသိထားရမှာပါ။

by JN Ja Seng Pan

June 21, 2020

Chemical Peeling လုပ်ဖို့အတွက် Appointment ယူပြီးပြီလား။ ဒါမှမဟုတ် အိမ်မှာပဲ ကိုယ်တိုင် Try ကြည့်ဖို့ လုပ်နေလား။ ဒါတွေမလုပ်ခင် Chemical Peeling ကဘာလဲဆိုတာကို သိထားဖို့လိုမယ်နော်။ စစချင်းလုပ်မယ့် သူတွေအတွက်ကတော့ ကြောက်နေတတ်တာတွေရှိပါတယ်။ ဒါပေမယ့် Chemical Peeling ဆိုတာက အသားအရေကို အသစ်ပြန်ဖြစ်အောင်ပြုလုပ်ပေးတဲ့နည်းလမ်းတစ်ခုပါပဲ။ ပုံမှန် Peeling နဲ့မတူတဲ့အချက်က သူက အနည်းငယ်ပြင်းတဲ့ Chemical သုံးပြီး ဆဲလ်အသေတွေကို ခွာချတာဖြစ်တဲ့အတွက် နည်းနည်းလန့်စရာကောင်းနေတာပါ။ ဝက်ခြံသမားတွေ၊ အမာရွက်၊ အမဲစက်ရှိတဲ့သူတွေနဲ့ အသားအရောင်မညီတဲ့သူတွေအတွက် သိပ်ကိုထိရောက်တဲ့ Solution တစ်ခုဆိုလည်း မမှားပါဘူး။ ဈေးကွက်ထဲမှာကော၊ Aesthetics Clinic တွေမှာပါ ခေတ်စားနေတဲ့ ဒီ Peeling ရဲ့ ပတ်သတ်ပြီး သိထားသင့်တဲ့အချက်တွေကဘာလဲဆိုတာကို အားလုံးသိရအောင် မျှဝေလိုက်ရပါတယ်။

Chemical Peeling မှာ အမျိူးအစားသုံးမျိုးရှိပါတယ်။ ကိုယ့်ရဲ့ အသားအရေပြဿနာနဲ့ လိုက်ပြီး ဒီသုံးမျိုးက ကွာသွားတာပါ။ ဆရာဝန်တွေက ဘယ်အမျိုးအစားသင့်တော်တယ်ဆိုတာ အသားအရေကိုကြည့်ပြီး ဆွေးနွေးပေးမှာပါ။ အဲ့ဒီသုံးမျိုးက ဘာတွေလဲဆိုတော့
Light - အရေပြားရဲ့အပြင်ဘက်ဆုံးမှာရှိတဲ့ အပေါ်ယံအလွှာကို ဖယ်ရှားပေးတာဖြစ်ပါတယ်။ တစ်ပတ်တစ်ကြိမ်ပြုလုပ်နိုင်ပြီး အပျော့ဆုံးအဆင့်ဖြစ်ပါတယ်။
Medium - အရေပြားရဲ့ အတွင်းလွှာထဲက ဆဲလ်တွေကို ဖယ်ရှားပေးတာဖြစ်ပြီး နှစ်ပတ်တစ်ကြျွိ ဒါမှမစုတ် သုံးပတ်တစ်ကြိမ်ပြုလုပ်နိုင်ပါတယ်။
Deep - ဒါကတော့ အပေါ်ယံအလွှာ၊ အလယ်နဲ့ အဆုံးထဲက ဆဲလ်သေတွေကို ဖယ်ရှားတာပဲဖြစ်ပါတယ်။ ဒီအဆင့်ကတော့ ကျွမ်းကျင်တဲ့ အရေပြားဆရာဝန်နဲ့ သေချာဆွေးနွေးပြသပြီးမှ ပြုလုပ်သင့်တဲ့အဆင့်ပါ။ အရေပြားကို အတွင်းပိုင်းကနေ လဲလှယ်လိုက်တာကြောင့် ပြန်လည်ကောင်းမွန်ဖို့အတွက် အချိန်ယူပြီး သတိပြုရှောင်ကျဉ်ရမယ့်အရာတွေပိုများပါတယ်။

ကိုယ့်ပုံမှန်အသားအရေ ကြည်လင်သန့်ရှင်းဖို့အတွက်ဆိုရင် Light နဲ့ Medium ကိုသုံးတာနဲ့ အဆင်ပြေပါတယ်။
Chemical Peeling လုပ်ပြီးရင် ဘာတွေကောင်းသွားလဲ?
- အသားအရေသိသိသာသာကောင်းမွန်လာတယ်။
- အရေးအကြောင်းနဲ့ လိုင်းတွေကို လျော့ပါးစေတယ်။
- Collagen ထုတ်လွှတ်မှုကို တိုးစေတဲ့အတွက် အသားအရေ နုပျိူတင်းရင်းလာတယ်။
- ဝက်ခြံ၊ ဆားဝက်ခြံနဲ့ တင်းတိပ်၊ အမာရွက်တွေ လျော့ပါးသက်သာလာတယ်။
- အဆီပြန်တာလျော့နည်းလာတယ်။
- မျက်နှာသာမကပဲ ခြေလက်တွေ အသားအရောင်မညီတာတွေကိုလည်း ပျောက်ကင်းစေပါတယ်။

Side Effect တွေကကော?
အိမ်မှာ ပြုလုပ်တဲ့ အပျော့စား Peeling တွေကတော့ သိပ်ပြီးစိုးရိပ်စရာမရှိပါဘူး။ ဆေးခန်းမှာ လုပ်တဲ့ Peeling တွေကတော့ လုပ်ပြီး အသားအရေနီမြန်းတာ၊ ဝက်ခြံတွေပိုထွက်လာတာ၊ အဆီပြန်တာတွေ ဒါမှမဟုတ် အသားအရေခြောက်ပြီး အဖတ်လေးတွေကွာချလာတာဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒါကစိုးရိမ်ရတဲ့ လက္ခဏာမဟုတ်ပါဘူး။

အရေပြားက အတွင်းပိုင်းကနေ သူ့ဟာသူအလုပ်လုပ်နေတာမို့ ကိုယ်ဘက်က နေရောင်ခြည် တိုက်ရိုက်ထိတွေ့တာရှောင်မယ်၊ Moisturizer များများလိမ်းမယ်၊ Alcohol ပါတဲ့ Toner ကိုရှောင်မယ်။ Sunscreen ကိုအပြင်ထွက်တိုင်းလိမ်းမယ်၊ မျက်နှာကို ခဏခဏ ထိတွေ့ကိုင်တွယ်တာ ရှောင်မယ်ဆို အိုခေပါပြီ။ တစ်ခုသတိထားရမှာက Peeling ကို ကိုယ် သတ်မှတ်ထားတဲ့ Schedule လေးနဲ့ လုပ်သွားဖို့ပါ။ တစ်ခေါက်တည်းနဲ့ လိုချင်တဲ့ Result တော့ရမှာမဟုတ်လို့ ပုံမှန်ပြုလုပ်ပေးတာက အကောင်းမွန်ဆုံးရလဒ်ကို ရရှိစေမှာမို့ပါ။

, , ,

MODA TV 


Skin

မေမေတို့ အသားအရေနုပျိူလှပစေဖို့ အသုံးသင့်ဆုံး Skincare Product များ

အမေများနေ့မှာ အမေ့အတွက် အကောင်းဆုံးလက်ဆောင်လေး

by JN Ja Seng Pan

May 9, 2020

Coronavirus ရဲ့အကျိူးသက်ရောက်မှုကြောင့် မိသားစုတော်တော်များများလည်း အိမ်ထဲမှာသာ အချိန်ကုန်ဆုံးနေရပြီး အမေများနေ့ကို အတူတူဖြတ်သန်းရမှာမို့ အဆိုးထဲက အကောင်းလို့ပဲ ပြောရမလားပဲနော်။ ဒီတော့ အမေ့ကို အံ့သြသင့်သွားစေမယ့်လက်ဆောင်လေးတွေ ပြင်ဆင်ပြီး ပေးဖို့လိုမယ်နော်။ အမေကို ပျော်ရွှင်ရအောင် လုပ်ပေးဖို့က ဘာမှ အပန်းမကြီးပါဘူးနော်။ ပန်းတွေဝယ်ပေးတာက တစ်ပတ်ကြာရင်ညှိုးသွားနိုင်တယ်၊ ချောကလတ်တွေဝယ်ပေးတာက စားလိုက်တာနဲ့ ဘာမှမကျန်ခဲ့ဘူးဖြစ်သွားနိုင်တယ်။ ဟင်းချက်ကျွေးဖို့ စဉ်းစားနေလား..နိုးနိုး အမေကပြန်ပြီးကူနေရပါလိမ့်မယ်။

ဆိုတော့ အမေရဲ့ အသားအရေ ပိုပြီးနုပျိူကျန်းမာအောင် Skincare ကောင်းကောင်းတစ်ခုပေးတာက သားသမီးတွေအတွက်ပဲ ဦးစားပေးနေတဲ့မေမေ့အတွက် ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ရလည်းရောက်သလို အသားအရေကို ထိန်းသိမ်းရာလည်း ရောက်တာပေါ့။ ခုဖော်ပြပေးမယ့် Product လေးတွေက အရေးအကြောင်းတွေကို ဖယ်ရှားပေးပြီး အသားအရေအတွက် အားဖြည့်ပေးမယ့် Skincare ကောင်းကောင်းတွေဆိုတော့ အတွေးမများပဲ ရွေးချယ်လိုက်ရအောင်။ Shop.com.mm မှာ အမေများနေ့ အထူးအစီအစဉ်တွေနဲ့လည်း ရောင်းချပေးနေတာမို့ link လေးတွေ Click လုပ်ပြီး ဝယ်ယူနိုင်ပြီနော်။ 

Skinfood Black Pomegranate Wrinkle Line Cream
ဝယ်ယူနိုင်ရန် လင့်ခ် - https://bit.ly/2SJpnrX

Skinfood ရဲ့ နာမည်ကြီးတဲ့ Eye Cream လေးပါ။ Black Pomegranate ကထုတ်လုပ်ထားတာဖြစ်တဲ့အတွက် Ellagic Acid နှင့် Antioxidant တို့ ကြွယ်ဝစွာပါဝင်ပြီး Wrinkle & Line Care တွေအတွက် ကောင်းတဲ့ Product လေးပါ။ အသားအရေကို နူးညံ့တင်းရင်းခြင်း၊ မျက်လုံးဘေးအရေးအကြောင်းများနဲ့ VC Zone အရေးအကြောင်းလျော့ပါးသက်သာစေခြင်းနဲ အစိုဓါတ်ကိုထိန်းပေးနိုင်ပြီး အရွယ်တင်နုပျိုစေပါတယ်။

Bioderma Sensibio Eye Contour Gel
ဝယ်ယူနိုင်ရန် လင့်ခ် - https://bit.ly/2yzjlTW

Bioderma ရဲ့ Eyecream လေးက Editor ကိုယ်တိုင်လည်း သုံးနေတဲ့ Product လေးမို့ Recommend ပေးချင်ပါတယ်။ ကိုယ်တိုင်ပဲ သုံးသုံး၊ အမေအတွက်ပဲဖြစ်ဖြစ် ဝယ်ထားပြီး သုံးနိုင်တယ်နော်။ မျက်လုံးနားတစ်ဝိုက်က အသားအရေကို စိုပြေနူးညံ့စေပြီး သုံးပြီး သုံး၊ လေးရက်ဆိုတာနဲ့ သိသာတဲ့ Product ကောင်းလေးပါ။

 

Loreal Revital Lift Anti Aging Micronized Centella Essence Water
ဝယ်ယူနိုင်ရန် လင့်ခ် - https://bit.ly/2WBRF8V 

All in one Prouduct လေးလို့ ပြောလို့ရပါတယ်။ Skincare အဆင့်အများကြီးမလုပ်ချင်တဲ့ မေမေအတွက် အသုံးဝင်မယ့် Product လေးပါ။ ချွေးပေါက်များကိုကျဉ်း၍ ချောမွေ့စေပြီး အရေးအကြောင်းများ လျော့ကာ တင်းရင်းနုပျိုစေကာ အသားအရေ အသစ်ဖြစ်ရန် နှိုးဆွပေးပါတယ်။

 

Skinfood Gold Caviar Serum
ဝယ်ယူနိုင်ရန် လင့်ခ် -https://bit.ly/2Lb1Xrv

Gold Caviar Serum က ရုရှားမှ ထွက်ရှိတဲ့ ငါးဥတွေကိုရွှေစင်နှင့်ပေါင်းစပ်ပြီး အသားအရေအတွက်လိုအပ်တဲ့ အာဟာရ၊ Anti-aging ပါဝင်တဲ့ Adenosine က အိုမင်းရင့်ရော်ခြင်းနဲ့ အရေးအကြောင်းတွေကို လျော့ပါးစေနိုင်တဲ့ Serum လေးပါ။

Bioderma Photoderm Aquafluide
ဝယ်ယူနိုင်ရန် လင့်ခ် -https://bit.ly/2L9PXXm

Bioderma ရဲ့ အကောင်းဆုံး Product တွေထဲက တစ်ခုဖြစ်ပါတယ်။ အိုမင်းရင့်ရော်မှုကို ကာကွယ်ဖို့ Sunscreen တွေကို မဖြစ်မနေလိမ်းပေးရမှာပါ။ ဒီ Photoderm မှာ အရောင်အနေနဲ့လည်း သုံးမျိူးရှိတာမို့ စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။ မိတ်ကပ်လိမ်းတာမကြိုက်တဲ့ မမေအတွက် အသားရောင်ဘူးလေးက မျက်နှာမှာ ဖုံဖုံသိပ်သိပ်လေးနဲ့ ကြည့်ကောင်းနေစေမှာပါ။

Garnier Ageless White Anti Aging Day & Night Bundle
ဝယ်ယူနိုင်ရန် လင့်ခ် - https://bit.ly/3djjslk

အသားအရေကောင်းမွန်ဖို့အတွက် Day Cream တစ်ခုထဲနဲ့ မလိုလောက်သလို Night Cream ပဲလိမ်းလို့လည်း ထိထိရောက်ရောက်မရှိပါဘူး။ Garnier က Day Cream ကော Night Cream ပါပါတဲ့ Set လေးကို Shop.com.mm မှာ ဝယ်ယူရင် Facial Foam တစ်ခုပါ Free ရမှာမို့တော့ အရမ်းကိုတန်နေပါပြီ။ ညစ်ညမ်းနေတဲ့ အသားအရေကို သန့်စင်ပေးပြီး နူးနူးအိအိနဲ့ တင်းရင်းတဲ့ အသားအရေကို ပြောင်းလဲပေးမှာပါ။




Pond's Age Miracle Cell Regen Facial Foam
ဝယ်ယူနိုင်ရန် လင့်ခ် - https://bit.ly/3cdb6f1

ဒီ Product လေးက အသက်နှစ်ဆယ်ကျော်ကနေ စပြီး ပေါ့ပေါ့ပါးပါးသုံးနိုင်တဲ့ Facial Foam ပါ။ သက်လတ်ပိုင်းနဲ့ သက်ကြီးပိုင်းတွေကြားတွေကြားမှာလည်း အရမ်းကို ရောင်းရပြီး လူကြိုက်များတဲ့ Product လေးပါ။

 

, , ,

Skin

မေမေ့ရဲ့ ချစ်ခြင်းမေတ္တာတွေကို ပြန်လည်ထုတ်ဖော်ပြသနိုင်မယ့် အကောင်းဆုံး Facial Mask များ

ကျန်းမာလှပတဲ့မေမေ့အသားအရေကို ကြည့်ပြီး ပျော်ရွှင်မှုကို အတူခံစားဖို့

by JN Ja Seng Pan

May 8, 2020

ပန်းစည်းလေးတစ်စည်း၊ Wish Card လေးတစ်ကဒ်နဲ့ ဂုဏ်ပြုရင်တောင်မှ ဝမ်းသာလို့မဆုံးဖြစ်နေမှာ အမေတွေပါ။ ဒါပေမယ့် မေမေတို့အတွက် ဒီထက်ပိုပြီး စဉ်းစားမပေးသင့်ဘူးလား။ သူငယ်ချင်း၊ ချစ်သူရည်းစားအတွက် လက်ဆောင်ပေးဖို့တောင် ခေါင်းရှုပ်ခံစဉ်းစားသေးကြတာပဲလေနော်။ မလှချင်ဘူးဆိုတဲ့ အမေဆိုတာရှိမှာ မဟုတ်လို့ သူ့အတွက် အသုံးဝင်မယ့် အလှအပလက်ဆောင်လေးကို စီစဉ်တာမကောင်းဘူးလား။ ပုံမှန်အချိန်တွေမှာ ဆိုရင်တော့ အမေနဲ့ အတူ Spa လေးသွားပြီး Facial Treatment လေးယူ၊ ညနေစာလေးစားပြီး အချိန်ကုန်ဆုံးလို့ရမှာပါ။ ဒီနှစ်ကတော့ Covid 19 ကြောင့် အပြင်ထွက်လို့မရတဲ့အခြေအနေဆိုတော့ အိမ်မှာပဲ အမေ့ကို Facial Mask လေးကပ်ပေးပြီး ရင်းနှီးမှု ပိုပြီးယူကြတာပေါ့ (Online Shop က မှာထားတဲ့ ပစ္စည်းတွေကိုလည်း ငွေချေခိုင်းရင်ပေါ့)။

Arbutin Glow Boosting Mask



Mask ကို မပြောခင် မသိသေးတဲ့သူတွေအတွက် My Beauty Diary ဆိုတာက Hong Kong က နာမည်ကြီး Face Mask Brand တစ်ခုဖြစ်ပါတယ်။ ကိုယ်ပိုင်ဓာတ်ခွဲခန်းနဲ့ အသားအရေအမျိူးအစားတိုင်းအတွက်လိုအပ်တဲ့ Face Mask တွေကို စနစ်တကျထုတ်လုပ်နေတဲ့ Beauty Brand လို့ ပြောလို့ရပါတယ်။
Arbutin Glow Mask က မယ်လနင်ထွက်ရှိမှုကို အထိရောက်ဆုံးဟန့်ထားနိုင်တဲ့ Arbutin နဲ့ ပတ်ဝန်းကျင်ထိခိုက်မှုကြောင့် ဖြစ်တဲ့ အသားအရေပျက်စီးခြင်းကို ကာကွယ်ပေးနိုင်တဲ့ သစ်ဥသစ်ဖုတွေပါဝင်ပါတယ်။ အပြင်မှာ အလုပ်လုပ်နေရတဲ့ မေမေတွေအတွက် စိတ်ဖိစီးလျော့ချဖို့နဲ့ အသားအရေ Firming ဖြစ်ဖို့အတွက် ဒီ Mask က မဖြစ်မနေလိုအပ်မှာပါ။

Imperial Bird's Nest Nourishing Mask



Bird's Nest ဆိုတဲ့အတိုင်း အသားအရေအတွက် လိုအပ်တဲ့အာဟာရ အပြည့်အဝဖြည့်တင်းပေးမယ့် Mask ပါ။ ဒီ Mask က @Cosme ရဲ့ 2017 Best Facial Mask ထဲမှာ တတိယအဆင့်ရရှိထားတဲ့ Mask လေးလည်းဖြစ်ပါတယ်။ ငှက်သိုက်မှာ အာဟာရဓာတ်အမြင့်မားဆုံးဖြစ်တဲ့ အမိုင်နိုအက်စစ်၊ ကော်လဂျင်နဲ့ ကာဗွန်ဟိုက်ဒြိတ်ဓာတ်များစွာပါဝင်လို့ ဆေးအဖြစ်တောင်မှီဝဲကြတာ အားလုံးအသိနော်။ မွဲခြောက်ကြမ်းတမ်းမှုနဲ့ အသားအရေလျော့တွဲမှုကို သိသိသာသာကောင်းမွန်စေလို့ မေမေအတွက် Must Buy လေးပါ။


၀ယ်ယူနိုင်မယ့်လင့်ခ် - https://bit.ly/2WznLlZ

Damask Rose Mask



ဘူဂေးရီးယားနိုင်ငံက ထွက်တဲ့ ပြင်သစ်နှင်းဆီနဲ့ ဖော်စပ်ထုတ်လုပ်ထားတာဖြစ်ပြီး အသားအရေမည်းညစ်မှု၊ နီမြန်းမှုကို ဖယ်ရှားပေးပြီး အသားအရေကို ကြည်လင်သန့်စင်စေပါတယ်။ တစ်နေကုန် မီးဖိုချောင်ထဲမှာပဲ ဆီတွေ၊ မီးခိုးငွေ့တွေနဲ့ ထိတွေ့နေရတဲ့ မေမေရဲ့ အသားအရေအတွက် ဒီ Mask လေးက အသင့်တော်ဆုံးပါပဲ။ နောက်ထပ် အကျိူကျေးဇူးတွေအနေနဲ့ တင်းတိပ်ဖြစ်ခြင်းမှ ကာကွယ်ပေးပြီး ဆဲလ်သေတွေကို ဖယ်ရှားပေးပါတယ်။

Black Pearl Brightening Mask



My Beauty Diary ရဲ့ အရောင်းရဆုံး Mask လေးပါ။ ထိုင်ဝမ်ရဲ့ Whitening Facial Mask တွေထဲမှာ ရောင်းအားအကောင်းဆုံး Mask အဖြစ် ရပ်တည်နေခဲ့တာဖြစ်ပြီး အာရှတိုက်တော်တော်များများမှာလည်း ဆုတံဆိပ်တွေရရှိထားတဲ့ Mask လေးပါ။ Tahiti ပုလဲနက်က ဗီတာမင်၊ သတ္တုဓာတ်နဲ့ အမိုင်နိုအက်ဆစ်ဓာတ်တွေ ပါဝင်တဲ့အတွက် ခြောက်သွေ့နွမ်းလျနေတဲ့ အရေပြားအတွက် လိုအပ်တဲ့ ရေဓာတ်နဲ့ အာဟာရဓာတ်ကို အနှိုင်းရှိုင်းဆုံးထိဖြည့်တင်းပေးနိုင်ပါတယ်။ မိတ်ကပ်လိမ်းတာမကြိုက်တဲ့မေမေအတွက် ဒီ Mask လေးက ကပ်ပြီးသွားချိန်မှာတောင် စိုစိုပြောင်ပြောင်လေးဖြစ်စေတာမို့ အကြိုက်တွေ့စေမှာပါ။

ခုပြောပြသွားတဲ့ Mask လေးတွေက မေမေတို့အသားအရေနဲ့ ကိုက်ညီပြီး သိသာတဲ့ရလဒ်ကို ရဖို့အတွက် အမြဲပုံမှန်ကပ်ပေးဖို့ သတိပေးဖို့တော့လိုမယ်နော်။ သတင်းကောင်းအနေနဲ့ တစ်ခုချင်းဝယ်တာထက် ပိုတန်တဲ့ ၁၂ခုပါ Package ကို Shop.com.mm မှာ အထူးဈေးနှုန်းနဲ့ ရောင်းချပေးနေပြီမို့ အမေများနေ့အမှီ မှာယူဖို့ အခုပဲလုပ်လိုက်တော့နော်။ ၀ယ်ယူနိုင်မယ့်လင့်ခ် - https://bit.ly/2WznLlZ

, ,