အလှအပဆိုတာ အရင်အချိန်တွေကတည်းက အမျိူးသမီးတွေကို အရှုးအမှုးစွဲလန်းစေတဲ့အရာပါ။ စံနှုန်းစံထားတွေနဲ့ အလှတရားကို ခွဲခြားတာကတော့ သဘောတွေ့စရာမကောင်းတာ အမှန်ပါ။ ဒါပေမယ့် အမျိူးသမီးထုတော်တော်များများက လှပတဲ့ မျက်နှာ၊ ကြည့်ကောင်းတဲ့ ခန္ဒာကိုယ်ပိုင်ဆိုင်ဖို့အတွက် နည်းလမ်းမျိူးစုံ အသုံးပြုကြတာလည်း ငြင်းလို့မရပြန်ပါဘူး။ ဒီဘက်ခေတ်မှာ စက်ပစ္စည်းကိရိယာအပြည့်အစုံနဲ့ စိတ်ကြိုက် ပြောင်းလဲပြုပြင်လို့ရပေမယ့် အရင်ခေတ်တွေက ဘယ်လိုမျိူးပြုပြင်ကြလဲ စိတ်ဝင်စားစရာပါ။ အဲ့ဒီခေတ်အချိန်တုန်းက လှပတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ဖို့ အားထုတ်ကြိုးပမ်းမှုတွေက အံ့သြစရာကောင်းသလို ကြောက်စရာလည်း ကောင်းတယ်ဆိုတာကို ဒီပုံတွေက သက်သေပြနေမှာပါ။
Stocking, 1926
Stocking ဝတ်ထားသယောင်ဖြစ်စေဖို့ ဆိုင်ကိုသွားပြီး ခြေထောက်တွေကို ဒီလို ဆေးသုတ်လိမ်းကြပါတယ်။
Ironing, 1964
ခုခေတ်ကတော့ ဆံပင်ကောက်စက်၊ ဖြောင့်စက်တွေနဲ့ အမျိူးမျိူးပြုပြင်လို့ရပေမယ့် အဲ့ဒီခေတ်တုန်းက ဖြောင့်စည်းတဲ့ ဆံပင်တွေရဖို့ မီးပူကို အသုံးပြုကြတာပါ။
Freckleproof Cape, 1940
Sunscreeen တွေ မပေါ်ခင်တုန်းက ခရမ်းလွန်ရောင်ခြည်ကြောင့်ဖြစ်တဲ့ အမဲစက်နဲ့ Freckle တွေ ကာကွယ်ဖို့ ဒီလို Cape တွေကို ဝတ်ဆင်ကြပါတယ်။ မသိရင် Halloween Costume ကြီးဝတ်ပြီး လျှောက်သွားနေရသလိုပဲနော်။
Rubber Mask, 1920
၁၉၂၀ ပတ်ဝန်းကျင်က အရေးအကြောင်းတွေ လျော့နည်းဖို့ Rubber နဲ့ လုပ်ထားတဲ့ Face Mask တွေကို ကပ်ကြပါတယ်။
Chinese Foot Binding, 10th Century
၁၀ ရာစု က တရုတ်ယဉ်ကျေးမှုအရ အမျိူးသမီးတွေရဲ့ လှပခြင်းဟာ ခြေထောက်သေးသေးလေးတွေပါ။ ဒီလိုခြေထောက်ရဖို့အတွက် မွေးလာကတည်းက ခြေထောက်တွေကို ပတ်စီးပြီးတော့ ထုတ်ထားရပါတယ်။
Dimple Machine, 1936
လှပခြင်းအင်္ဂါရပ်ထဲမှာ ပါးချိူင့်တွေက တစ်ခုလို့ ယုံကြည်ကြတဲ့အတွက် ပါးချိူင့်ဖော်တဲ့စက်ကို တီထွင်ခဲ့ကြပါတယ်။ ပါးချိူင့်ပုံဖော်တဲ့ အဖုလေးနှစ်ခုပါတဲ့ စပရိန် Device ပါ။ လိုချင်တဲ့ ပုံဖြစ်လာဖို့ တစ်ရက်ကို သုံးကြိမ် ဝတ်ကြရပါတယ်။
Ice Mask, 1931
ညက အကဲလွန်ပြီး မနက် Hangover ဖြစ်နေတဲ့ပွယောင်းယောင်းမျက်နှာအတွက် တီထွင်ထားတဲ့ Hangover Mask ပါတဲ့။ ရေခဲတုံးလေးတွေအပြည့်နဲ့ Plastic Mask လေးကို မျက်နှာမှာ သိုင်းပတ်လိုက်ပြီးနောက် ကြည်လင်အေးမြမှုကို ခံစားရပြီး နောက်ထပ် Party တွေနွဲဖို့ အဆင်သင့်ပါတဲ့။ မျက်နှာဖောယောင်တာကို သက်သာစေတဲ့အတွက် အကြိုက်တွေ့ကြတယ်လို့ဆိုပါတယ်။
To improve Blood Circulation,1938
သွေးလည်ပတ်မှုကောင်းဖို့ဆိုပြီး ခြေလက်အင်္ဂါတွေကို ရေထဲစိမ် လျှပ်စစ်တိုက်ကြပါတယ်တဲ့။ (ဓာတ်လိုက်ပြီး အသက်ပျောက်မယ့်အကွက်တွေပါ။)
Hair Dryer, 1920s
ကိုယ်တွေကသာ Hair Dryer တစ်ခုကို မသယ်ချင် သယ်ချင်နဲ့ ဖြစ်နေတာ။ ဒီလိုမျိူး Dryer တွေဆို ဘယ်လိုလုပ်မတုန်း။
Santized Tapeworm Diet, 1990s
သေးသွယ်ပိန်ပါးတဲ့ ခန္ဒာကိုယ်အချိူးအစားအတွက် Victorian ခေတ်တုန်းက Tapework Diet ကိုပြုလုပ်ကြပါတယ်တဲ့။ ရိုးရိုးလေးဆိုပေမယ့် တော်တော်လေး အော်ဂလီဆန်စရာကောင်းပါတယ်။ ဒီကပ်ပါးကောင်လေးက ခန္ဒာကိုယ်ထဲ ကြီးထွားပြီး ဥတွေအုချပါတယ်။ ဒီအရာတွေက လက်ခံကောင်စားတဲ့ အရာမှန်သမျှ ရှင်းလင်းရေးလုပ်ပေးတာပါ။ လေ့ကျင့်ခန်းလုပ်စရာမလို၊ အစာလျော့စရာမလိုသလို အစာစားချင်စိတ်ပျောက်လို့ လှချင်ရက် စက်စက်ယိုတွေက သဘောတွေ့ကြပါတယ်တဲ့။ အန္တရာယ်များလိုက်တာနော်။