ဆောင်းဝင်ပြီဆိုတော့ ရာသီဥတုကတော့ နေလို့ထိုင်လို့ကောင်းလာပြီနော်။ ကောင်မလေးတွေ အနေနဲ့လည်း မိတ်ကပ်စတိုင်လေးတွေ ပြောင်းလဲရမယ့် အချိန်ရောက်ပါပြီ။ ဆောင်းရာသီနဲ့ လိုက်ဖက်တဲ့ မိတ်ကပ် Look တွေက Editor အရမ်းကြိုက်ရတဲ့ Makeup Look ပုံစံတွေများလို့ ဆောင်းရောက်ရောက်၊ မရောက်မရောက် ကျွန်မကတော့ ပြင်တာပါပဲ။ ဒီ Look တွေထဲကမှ Korea Style Look လေးတွေက ပိုပြီး ရက်ရက်စက်စက်ကို လှလွန်းနေပါရောလား။ ချစ်စရာကောင်းသလို ဆွဲဆောင်မှုလည်းပိုစေတဲ့ အစွမ်းတွေရှိနေပါတယ်။ Selfie ရိုက်ရင်လည်း လှတာမို့ ဒီနှစ်ဆောင်းမှာ ဒီလို Look လေးတွေ ခြယ်သကြည့်ရအောင်နော်။
Dewy Glass Skin Look
ဆောင်းမနက်ခင်းတွေမှာ ကြည်ကြည်လင်လင်နဲ့ Fresh ဖြစ်နေစေမယ့် Look လေးပါ။ မပူမအေး ခုလိုရာသီဥတုနဲ့ ဒီ Makeup Look က အလိုက်ဖက်ဆုံးပါပဲ။
Orangey Look
ဒီ Look ရဲ့ အဓိကအရောင်က လိမ္မော်ရောင်ပါ။ ကိုးရီးယားမလေးတွေကြားမှာ ခေတ်စားနေတဲ့ Look လေးဖြစ်သလို ကိုယ်တွေအသားအရောင်နဲ့လည်း ထင်းလင်းစေတာမို့ ခြယ်သကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ ဆောင်းရာသီနဲ့ လိုက်ဖက်တဲ့ Look ဆိုလည်း မမှားဘူးနော်။
Warm Caramel Look
မိတ်ကပ်ပြင်ထားတာ သိပ်မသိသာချင်တဲ့ကောင်မလေးတွေ သဘောတွေ့မယ့် Look လေးပါ။ Warm Caramel ဆိုတဲအတိုင်း လူကို နွေးနွေးထွေးထွေးနဲ့ ဆွဲဆောင်မှုပိုစေမယ့် မိတ်ကပ်ခြယ်သမှုပါ။
Brownie Look
အသားညိုတဲ့ကောင်မလေးတွေနဲ့ တော်တော်လေးလှမယ့် Look ပါနော်။ မျက်နှာတစ်ပြင်လုံးကို အညိုနဲ့ပဲ Monotone Style ခြယ်သတဲ့ပုံစံပါ။ အေးစိမ့်စိမ့်ဖြစ်လာတဲ့ ဆောင်းညနေခင်းတွေနဲ့ လိုက်မှလိုက်။ အညိုခပ်များများခြယ်ရတာ ကြိုက်တဲ့ကောင်မလေးတွေလည်း Try ကြည့်သင့်တယ်နော်။
Bold Lip
အရင်ကလို နှုတ်ခမ်းကို Gradient ဆိုးတာထက် နှုတ်ခမ်းကို အပြည့်အရောင်တစ်မျိူးတည်းဆိုးတာ ကိုးရီးယားမှာလည်း ပြန်ခေတ်စားနေပါတယ်။ 3CE တို့ဘာတို့ကြည့်ရင် သိသာတယ်နော်။ ဆွဲဆောင်မှုပိုနေတဲ့ နှုတ်ခမ်းနီနီရဲရဲရယ်၊ ဝိုင်တစ်ခွက်ရယ်က ဆောင်းညတွေနဲ့ အလိုက်ဖက်ဆုံးဖို့ အများကြီးမစဉ်းစားနဲ့ ခြယ်သကြည့်လိုက်တော့နော်။