Christmas လာတော့မယ်။ New Year ကလည်းရောက်တော့မယ်..အိမ်ထဲမှာပဲ နေရတယ်ဆိုပေမယ့် တစ်နှစ်တစ်ခါရတဲ့ ဒီ Holiday ကို အစဉ်အလာမပြတ် ဆင်နွဲရမှာပေါ့။ မိသားစုနဲ့ Dinner လုပ်စားစား၊ သူငယ်ချင်းတွေ စုပြီး သောင်းကျန်းဖို့ စီစဉ်ထားတယ်ဆိုရင်တော့ ရှိုးကတော့ ပါးပါးလေးထုတ်ရမှာပါ။ Editor က ၂၀၂၀ တစ်နှစ်ပတ်လုံးခေတ်စားခဲ့တဲ့ Look တွေထဲကမှ ဒီအချိန်လေးနဲ့ အလိုက်ဆုံးဖြစ်မယ့် Look လေးတွေကို စုစည်းထားပါတယ်။ တော်တော်များများက မျက်လုံးအသားပေးတဲ့ Eye Makeup Look လေးတွေများပါတယ်။ (Mask တွေပဲ တပ်ရတာ ဒီမျက်လုံးပဲ ပြင်စရာရှိတာကိုးနော်)။ နှစ်လည်း ကုန်တော့မှာဆိုတော့ ပျော်စရာအငွေ့အသက်တွေနဲ့ အစပျိူးနိုင်အောင် ဒီ Look လေးတွေက အစွမ်းကုန်ပံ့ပိုးပေးမှာပါ။ Insta Look လေးတွေမို့ ဓာတ်ပုံရိုက်တင်လည်း မိမိုက်နေမှာနော်။
Classic Red Lips
အခြား ဘာမှပြင်စရာမလိုပဲ Red Lip တစ်ခုတည်းနဲ့ ပွဲထိန်းနိုင်တယ်နော်။ ဒီလိုညမျိူးမှာ ပေါ့ပေါ့ပါးပါးနဲ့ ဆွဲဆောင်မှုလည်း အပြည့်ဖြစ်နေစေမယ့် အနီရောင် Lip Stick လေးကို ဆောင်ထားဖို့လိုမှာ အသေအချာပါ။
Euphoria Eyes
Euphoria Makeup Look က တစ်နှစ်ပတ်လုံး ခေတ်စားခဲ့ပေမယ့် ဒီအချိန်နဲ့ အလိုက်ဖက်ဆုံးဖြစ်မှာပါ။ အရမ်း Bling Bling မဖြစ်ချင်တဲ့ကောင်မလေးတွေ ဒီလို ရိုးရိုးလေးနဲ့ မိုက်နေမယ့် Look ကို Try ကြည့်သင့်တယ်နော်။ အပြီးသတ်အနေနဲ့ Lip Gloss လေး On လိုက်ရုံပါပဲ။
Subtle Pastel
မျက်လုံးထောင့်လေးတွေမှာပဲ အရောင်လေးတင်တဲ့ Look ကလည်း Festive Vibe အပြည့်ပေးမှာပါ။ Eyeshadow ကောင်းကောင်းမခြယ်တတ်သေးတဲ့ Newbie လေးတွေပါ Rock လို့ရမယ့် Look လေးဆိုလည်း မမှားဘူးနော်။
Bright Green Shadow
New Year Night နဲ့ အလိုက်ဖက်ဆုံးဖြစ်မှာပါ။ ခါတိုင်းနှစ်တွေလို မပျော်ရတဲ့အချိန်မှာ ဒီအရောင်လေးနဲ့ လင်းလက်တက်ကြွမှုကို ခံစားလိုက်ပါ။
Classic Glam
မိသားစုနဲ့ Dinner စားမယ်၊ အမျိူးတွေနဲ့ Gathering လုပ်မယ်ဆို ဒီ Look လေးက ငြိမ်ငြိမ်လေးနဲ့ ချစ်စရာကောင်းနေစေမှာပါ။ ပိုပြီး Classic Look လေးဖြစ်သွားအောင် ပုလဲဆံညှပ်လေးတွေနဲ့ ဆံပင်ကိုလည်း အလှဆင်ဖို့ မမေ့နဲ့နော်။
Pink Flush
ချစ်သူနဲ့ပဲ အေးအေးဆေးဆေး ကုန်ဆုံးမယ့် ဒီပိတ်ရက်လေးတွေမှာ ချစ်စရာကောင်းနေစေဖို့ ဒီ Look လေးကို Try ကြည့်နော်။ ဆောင်းအငွေ့အသက်နဲ့ ပန်းသွေးရောင် ဒီ Look က အလိုက်ဖက်ဆုံး ပေါင်းစပ်မှုတစ်ခုဖြစ်မှာပါ။
Blue Eyeshadow
အပြာရောင်က ၂၀၂၀ ရဲ့ Trend အဖြစ်ဆုံး Color ဆိုတော့ နှစ်မကုန်ခင် ပြင်ဆင်သွားကြည့်ဖို့ လိုပါမယ်။ အသားအရောင်တိုင်းနဲ့ လိုက်ပြီး Fashion ကျတဲ့ အသွင်အပြင်ကို ဆောင်စေတာမို့ Selfie ရိုက်ဖို့ပဲဖြစ်ဖြစ် Tik Tok ရိုက်ဖို့ပဲဖြစ်ဖြစ် ခြယ်သဖို့ အကြောင်းပြချက်ကောင်းကောင်းတစ်ခုဖြစ်မှာပါ။