မိန်းကလေးတွေအတွက် မိတ်ကပ်ပြင်တဲ့အခါမှာ Lipstick Color ကလည်း ကိုယ့်ရဲ့ Look ကိုပြောင်းလဲသွားနိုင်ပါတယ်။ ဒါ့အပြင် နှုတ်ခမ်းနီအရောင်က မျက်နှာအသွင်အပြင်ကိုလည်းပိုလင်းလက်ပြီး Polished ဖြစ်သွားစေတယ်လေ။ ဒါပေမယ့် ဆိုးတားတဲ့နှုတ်ခမ်းနီ Shades က ကိုယ့်ရဲ့ Skin Tone၊ ဝတ်ထားတဲ့ Outfit ၊ သွားမယ့် နေရာ Occasion နဲ့ လိုက်ဖက်ဖို့ကိုလည်း ထည့်စဉ်းစားသင့်တယ်နော်။ Lipstick Shades ကိုရွေးတဲ့အခါ ကြည့်လို့လှနေတယ်ဆိုတာထက် အချိန်တိုင်း ကြည့်ကောင်းနေဖို့နဲ့ ကိုယ့်ကို Cheap မဖြစ်တဲ့အရောင်မျိုးကိုလည်းသေချာရွေးချယ်ဖို့က အရေးကြီးပါတယ်။ အောက်မှာပြထားတဲ့ Lipstick ကာလာလေးတွေကတော့ သင့်ကို ပိုပြီး Expensive and Classy ဖြစ်တဲ့ Vibe ကိုပေးနိုင်ပြီး Daily Wear ကစလို့ Glamorous Look အထိပွဲတိုးတဲ့ကာလာတွေမို့ ရှိထားသင့်တဲ့ ကာလာလေးတွေပါ။ Beauty Blogger တွေ၊ Supermodel တွေနဲ့ Celebrity မမတွေရဲ့ အကြိုက်ဆုံးကာလာတွေကလည်း ဒီ Shades တွေပဲဆိုတာတွေရမှာပါ။
Pure Blood Red
အနီရောင်ထက် Classic ဖြစ်တဲ့၊ Bold ဖြစ်တဲ့အရောင်ရှိတော့မှာမဟုတ်ဘူး။ မိန်းကလေးတွေအတွက်လည်း Lipstick Color တွေထဲမှာ အနီရောင်က မရှိမဖြစ်အရောင်တစ်ရောင်ပါ။ ပွဲနေပွဲထိုင်တွေမှာလည်းတင့်တယ်သလို သင့်ကိုလည်းပိုပြီး ယုံကြည်မှုရှိသွားစေပါတယ်။ အနီရောင်ကိုမှ အရမ်းတောက်တဲ့ Vibrant Red လိုမဟုတ်ပဲ နည်းနည်း ငြိမ်တဲ့ Blood Red ကာလာက အကောင်းဆုံးပါပဲ။
Deep Reddish Brown
တည်တည်ငြိမ်ငြိမ်နဲ့ Elegant ဖြစ်တဲ့ Makeup Look ကိုလိုချင်တဲ့ မိန်းကလေးတိုင်းအတွက် အနီနည်းနည်းသမ်းတဲ့ အညိုပုပ်ရောင် Reddish Brown ကအရွေးချယ်သင့်ဆုံး အရောင်ပါ။ ရင့်ကျက်ပြီး ကျက်သရေရှိတဲ့ အသွင်ကိုလည်းရရှိစေတယ်။ ဒီလို Deep Reddish Brown ကာလာမျိုးကို ဆိုးမယ်ဆိုရင်တော့ Outfit ကို Minimalist style၊ Formal style တွေနဲ့က ပိုလိုက်ဖက်ပါတယ်။
Mauve Pink
ပန်းရောင် Lipstick Shade တွေအများကြီးရှိတဲ့ထဲကမှ ပန်းရောင်မှိန်မှိန် Mauve Pink လေးက မိန်းကလေးတိုင်းနဲ့လိုက်ဖက်သလို သင့်ကို ပိုပြီး ငယ်ရွယ်နုပျိုသွားစေပါတယ်။ အရမ်းတောက်တဲ့ Vivid Pink လိုပန်းရောင်မျိုးက သင့်ကို ကလပ်တဲ့ Look မျိုးကို ဖြစ်စေနိုင်တာမို့ ဒီလို Mauve Pink ကာလာလေးက အသားလည်းဆောင်သလို ကြည့်ရတာလည်း Classy ဖြစ်ပါတယ်။
Bare Nude
အသားရောင်လို့လည်း အများကခေါ်ကြတဲ့ Bare Nude လိုကာလာက ဘယ်လိုအသားအရေနဲ့ဖြစ်ဖြစ် ကြည့်လို့ကောင်းပြီး သင့်ရဲ့Fashion ကိုပါ Polish လုပ်ပေးနိုင်ပါတယ်။ Natural Makeup Look တွေကိုမှကြိုက်သူတွေအတွက် Nude Shade ကကြည့်ရတာလည်း မျက်စိအေးသလို ကြိုက်နှစ်သက်ရာ Outfit တိုင်းနဲ့လည်း လိုက်ဖက်နေတာပေါ့။ နာမည်ကြီး Celebrity တွေ၊ မော်ဒယ်မမတွေရဲ့ Favourite ကာလာဆိုလည်း မမှားပါဘူး။
Light Peach
ကြည့်ရတာလည်း Cheap မဖြစ်ချင်ဘူး။ ဒါပေမယ့်အများကြားမှာလည်း ထင်းနေစေချင်တယ်။ လူငယ်ဆန်ဆန်လည်းဖြစ်ရမယ်ဆိုရင်တော့ လိမ္မော်ဘက်သန်းတဲ့ Coral Peach အရောင်လေးစမ်းဆိုးကြည့်လိုက်နော်။ သူက ထသွားထလာကနေ Party တွေ၊ ပွဲတက်တွေအထိ ဆိုးလို့ အဆင်ပြေသလို အများကြားမှာလည်း မျက်နှာလေးကထင်းနေမှာပါ။