တစ်နေ့ တစ်နေ့ ရုံးမှာ ကျော့ကျော့မော့မော့ လှလှပပနေနိုင်ဖို့ဆိုတာ တကယ်တမ်းတော့ လွယ်တဲ့ကိစ္စတော့ မဟုတ်ဘူးနော်။ Deadline တွေ၊ Meeting တွေနဲ့ စိတ်ရှုပ်ရတဲ့အချိန်မျိုးတွေမှာပေါ့။ ဘယ်လိုအခြေအနေမျိူးမှာပဲဖြစ်ဖြစ် ကိုယ်က ရုံးတွင်းမှာ အခြား လုပ်ဖော်ကိုင်ဖက် အများကြီးနဲ့ ပြောဆိုဆက်ဆံနေရတာဆိုတော့ သပ်သပ်ရပ်ရပ်နဲ့ ကြည့်လိုက်တိုင်း တောက်ပြောင်နေဖို့က လိုပါတယ်။ ဒါကြောင့် Office Lady လေးတွေ ကိုယ့်ရဲ့ အိတ်လေးထဲမှာ အချိန်အနည်းငယ်အတွင်း Flawless Look ပိုင်ဆိုင်စေဖို့ ဒီပစ္စည်းလေးတွေ ရှိပြီလားဆိုတာ အခုပဲ စစ်ဆေးကြည့်လိုက်ရအောင်နော်။
Perfume
ကိုယ့်ရဲ့ Confidence Level ကို မြှင့်စေမယ့် ရေမွှေးလေးတွေကို အိတ်ထဲမှာ ဆောင်ထားဖို့ လိုမယ်နော်။ ကိုယ့်ကြိုက်တဲ့ Perfume လေးကို Mini Size လေး ဝယ်ပြီး လူကြီးတွေနဲ့ စကားပြောရမယ့်အချိန်မျိူးတွေမှာ လန်းဆန်းသွားအောင် တစ်ချက်၊ နှစ်ချက် ကောက်ဖြန်းလိုက်ရုံပဲပေါ့။ တစ်ခုသတိထားရမှာက အရမ်းအနံ့ပြင်းတဲ့ ရေမွှေးနဲ့ ချိူအီတဲ့အနံ့မျိူးတွေကို ရှောင်ရမှာပါ။
Pressed Powder
အဆီတဝင်းဝင်း မျက်နှာနဲ့ ရုံးစားပွဲမှာ တစ်နေကုန်ထိုင်ပြီး အလုပ်လုပ်နေရတာက ဘယ်အဆင်ပြေမှာလဲနော်။ မိတ်ကပ်တွေ ထပ်လိမ်းတာကလည်း အကျိူးထူးမှာမဟုတ်တော့ Oil Free Powder လေးဖြစ်ဖြစ်၊ Matte Finish Cream Pad လေးတွေနဲ့ ပြန် Touch Up လုပ်လိုက်ရင် အိုခေအဆင်ပြေပြီပေါ့။
Face Mist
နေပူထဲတွေထွက်ရ၊ အလုပ်အတွက် စကားတွေပြောရဖြစ်နေတဲ့ ချွေးတွေသံတွေနဲ့ Busy Day တွေမှာ မျက်နှာက ညိုးညိုးနွမ်းနွမ်းနဲ့ မိတ်ကပ်တွေကလည်း ကွက်လာတာတွေဖြစ်နေမှာပါ။ ဒီလိုအချိန်မှာ စက္ကန့်ပိုင်းအတွက် Fresh Look ကို ရစေဖို့ Face Mist လေးတွေကိုလည်း ဆောင်ထားဖို့ လိုပါမယ်။ မျက်နှာကို ကြည်ကြည်လင်လင်လေးနဲ့ စိုပြေနေအောင် လုပ်ဆောင်ပေးမှာမို့ အလုပ်မအားလည်း တို့ကတော့ လှပြီးသားဆိုပြီး ဂုဏ်ဆာလို့ရတာပေါ့။
Lipstick
ကိုယ့်ရဲ့ လေးလံနေတဲ့ စိတ်တွေကို ပြောင်းလဲပစ်မယ့် နှုတ်ခမ်းနီတစ်ချောင်းကလည်း အိတ်ထဲမှာ ထည့်ထားဖို့ မမေ့နဲ့နော်။ နေ့လည် ထမင်းစားပြီးချိန်ဖြစ်ဖြစ်၊ Coffee သောက်ပြီးချိန်ဖြစ်ဖြစ် Lipstick လေး ပြန် On လိုက်တာက မျက်နှာလေးကို ပြန်ဝင်းပသွားစေမှာပါ။ အနီရောင်က ယုံကြည်မှုတိုးစေတာမို့ Must Have ပါနော်။
Hair Tie
ခေါင်းစည်းကြိုးလေးတွေကိုလည်း Office Bag လေးထဲမှာ ရှိထားသင့်တယ်နော်။ အလုပ်တွေများ၊ စိတ်တွေက အိုက်နေတဲ့အချိန် ဆံပင်ဖားလျားက အာရုံတွေကို ပိုပြီးနောက်စေမှာပါ။ ခေါင်းမလျှော်ထားတဲ့နေ့ Meeting ကြီး ကောက်ကာငင်ကာ လုပ်ရတဲ့ အချိန်မျိူးတွေမှာ သပ်သပ်ရပ်ရပ်ဖြစ်နေအောင် အရေးပေါ်ကူညီပေးသွားမယ့် Secret Weapon လေးဖြစ်မှာပါ။
Hand Cream
တစ်နေကုန် Air Con ခန်းထဲမှာ အလုပ်လုပ်ရတာဖြစ်တဲ့အတွက် လက်တွေ လိုတာထက်ပိုမခြောက်သွားအောင်၊ ပိုပြီး မရင့်ရော်သွားအောင် Hand Cream လေးတွေကလည်းမရှိမဖြစ်ပါ။ Hand Cream အနံ့သင်းသင်းလေးတွေက စိတ်ကိုလည်း ပိုပြီးလန်းဆန်းစေတယ်နော်။