မျက်မှန်တပ်တဲ့ကောင်မလေးတွေအတွက် မိတ်ကပ်ပြင်တာက တစ်ခါတစ်လေ အခက်တွေ့နိုင်မယ့် ကိစ္စတစ်ခုပါ။ ဒါပေမယ့် မိတ်ကပ်အလွယ်တကူပြင်နိုင်ဖို့ Editor က အမြန်ဆုံးနဲ့ အလွယ်ဆုံးဖြစ်မယ့် ပြင်ဆင်နည်းလေးတွေကို မျှဝေပေးသွားမှာပါ။ မိတ်ကပ်အထူကြီးတွေ၊ ဆန်းဆန်းပြားပြားတွေ မဟုတ်သလို မျက်မှန်တပ်ထားတဲ့မိန်းကလေးတွေနဲ့ အလိုက်ဖက်ဆုံးဖြစ်မယ့် သဘာဝကျကျပုံစံလေးတွေဖြစ်ဖို့ သဘောတွေ့မှာပါနော်။ မျက်မှန်တပ်ထားရတာမို့ မျက်လုံးလေးတွေကို ပိုပြီးအသက်ဝင်သွားစေဖို့ ဒီအချက်လေးတွေက အကူအညီဖြစ်မှာပါ။ ဒီပုံစံလေးတွေပြင်ပြီး တွေ့တဲ့သူတိုင်းက မျက်မှန်နဲ့ ကောင်မလေးချစ်စရာလေး၊ သူက မျက်မှန်လေးနဲ့မှ ပိုချောတယ်လို့ ပြောခံရတတ်တယ်ဆိုတာကိုလည်း ကြိုပြီး သတိပေးချင်ပါတယ်နော်။
Eye Concealer
မျက်ကွင်းညိုနေတဲ့ မျက်ဝန်းတွေက မျက်မှန်တပ်ထားရင် အရိပ်ပိုကျပြီး မဲမဲထင်းထင်းနဲ့ ကွင်းကွင်းကွက်ကွက် မြင်နေရစေပါတယ်။ ဒါကြောင့် လန်းလန်းဆန်းဆန်းနဲ့ အိပ်ငိုက်နေတဲ့ပုံစံမပေါက်ရအောင် Concealer လေးတွေက မရှိမဖြစ်ပါ။
Curl Your Lashes
မျက်တောင်မွှေးရှည်တဲ့ ကောင်မလေးတွေဆို ပိုသတိထားမိမှာပါ။ မျက်တောင်ရှည်တွေက မျက်မှန်နဲ့ ထိနေတာက ခူးလုခူးလုနဲ့ သက်တောင့်သက်သာမဖြစ်စေတာ အမှန်ပါ။ ဒါကြောင့် မျက်တောင်လေးတွေကို ကော့ြ့ပီး တစ်ချက်ခုတ်နှစ်ချက်ဖြတ်အနေနဲ့ အလှပါပိုနိုင်တယ်နော်။ မျက်လုံးလေးကို ပိုပြီးဝင်းလက်ဝိုင်းစက်သွားစေသလို မျက်မှန်လေးနဲ့ ပိုပြီးဆွဲဆောင်မှုပိုနေစေမှာပါ။
Light Eyeshadow
Eyeshadow ရင့်ရင့်တွေက ရှိရင်းစွဲအသက်ထက် ပိုရင့်စေသလို ပင်ပန်းနေတဲ့ပုံကိုဖြစ်စေပါတယ်။ Eyeshadow ခပ်ဖျော့ဖျော့နဲ့ Shimmery Color တွေက ပိုပြီး နုနယ်စေသလို ချစ်စရာလည်းကောင်းစေတာမို့ ဒီလိုအရောင်လေးတွေကို ဝယ်စုထားပါ။
Makeup Look
မျက်မှန်ဘောင်တွေ၊ ကိုင်းတွေ ပိုထူရင် Eye Makeup ကို Idea ရှိရင်ရှိသလောက် ခြယ်သနိုင်ပါတယ်။ ကိုယ်က ရိုးရိုးရှင်းရှင်း ကိုင်းပါးပါးလေးနဲ့ မျက်မှန်မျိုးတပ်တယ်ဆိုရင်တော့ သဘာဝကျကျ မိတ်ကပ် Look တွေက ပိုပြီးလိုက်ဖက်မှာပါ။ Eyeliner ဆိုးမယ်ဆိုလည်း ကိုင်းထူထူမျက်မှန်တပ်ရင် ခပ်ကြီးကြီး၊ ခပ်ထူထူ ဆိုးလို့ရသလို Liner ပါးပါးလေးကတော့ Simple Frame လေးနဲ့ အဆင်အပြေဆုံးမို့ Makeup Style ကိုလည်း ပြောင်းလဲဖို့ လိုမယ်နော်။
Thick Brow
မျက်ခုံးတွေကိုလည်း ပုံသွင်းဖို့ မမေ့ပါနဲ့။ မျက်ခုံးမွှေးဆွဲတဲ့အခါမှာလည်း နည်းနည်းလေး ထူလိုက်တာက မျက်မှန်တပ်တဲ့ကောင်မလေးတွေနဲ့ ပိုပြီး လိုက်ဖက်မှုရှိနေမှာပါ။
Makeup Base
အကယ်လို့ မျက်မှန်က အရောင်နဲ့ ဒါမှမဟုတ် အရောင်ပြေးပုံစံ Shiny ဖြစ်တဲ့ Material နဲ့ လုပ်ထားတယ်ဆိုရင် ကိုယ်လိမ်းမယ့် ပါးနီ ဒါမှမဟုတ် Foundation ကို Matte Type ကိုရွေးချယ်ပါ။ အနက်ရောင်ဒါမှမဟုတ် အရောင်ပိတ်ပိတ်အသားမျိူး မျက်မှန်ဆိုရင် ပါးနီကို အလက်အလက်လေးတွေ ပါတာမျိူးသုံးကြည့်ပါနော်။
Lip Color
နှုတ်ခမ်းနီလေးတွေကိုလည်း အရောင်အမျိူးမျိူး ဝယ်ထားပါလို့ Recommend ချင်ပါတယ် အဓိက အရောင်ရင့်ရင့်လေးတွေပေါ့။ အရောင်ရင့်ရင့်တွေက ဆွဲဆောင်မှုပိုစေသလို အသားဘက်ဆောင်တဲ့အရောင်တွေက တည်တည်ငြိမ်ငြိမ်နဲ့ လှစေတာမို့ Mood အလိုက် ပြောင်းလဲပြီးဆိုးကြည့်ပါ။ ကောင်လေးတွေရဲ့ အမြင်မှာ နီနီရဲရဲနှုတ်ခမ်းတွေနဲ့ မှန်ကြောင်လေးတွေက ပိုပြီး Sexy ကျပါတယ်တဲ့နော်။