လှချင်ရက်စက်စက်ယိုလေးတွေရှိလား။ အသားအရေနဲ့ အလှအပကို အမြဲထိန်းသိမ်းသူလေးတွေအတွက် အသားအရေထိန်းသိမ်းတဲ့ Skin Care Products တွေကမသုံးမဖြစ်သုံးရမှာပါ။ Skin Care တွေက အရေပြားမှာလိုအပ်တဲ့ အာဟာရဓာတ်တွေကိုဖြည့်တင်းပေးတယ်၊ အသားအရေကို ပြန်ပြီး Energize ဖြစ်စေတယ်၊ လိုအပ်တဲ့ PH Balance Level ကိုလည်း ထိန်းညှိပေးတယ်။ ဒါပေမယ့်တစ်ချို့ကျတော့လည်း Skin Care တွေအများကြီးသုံး၊ Skin Care Steps တွေလည်းတစ်ခုမကျန်လိုက်လုပ်ပေမယ့် အသားအရေက Improve မဖြစ်လာတာတို့၊ ကြည်ကြည်လင်လင်မရှိတာတို့လည်းဖြစ်တတ်တယ်။ တကယ်တော့ အသားအရေလှပမှုဆိုတာလည်း ကိုယ့်ရဲ့ကိုယ်တွင်း Within ကလာတာမို့ ကိုယ့်ရဲ့အနေအထိုင်အပြုအမူတွေအပေါ်လည်း အများကြီး မူတည်နေပါတယ်။ ကိုယ်အတွင်းက ရေဓာတ်မပြည့်ဝဘူး၊ မကျန်းမာဘူးဆို Skin Care တွေဘယ်လောက်သုံးသုံး အသားအရည်က လှပနိုင်မှာ မဟုတ်ဘူး။
Skin Care တွေသိပ်မလုပ်သည့်တိုင် ကိုယ့်နေထိုင်တဲ့ Lifestyle အမူအကျင့်လေးတွေက နည်းစနစ်ကျတယ်ဆိုရင် အသားအရေလေးက ကြည်လင်ချောမွေ့နေမှာပါ။ အဲ့ဒါကြောင့် Skin Care လုပ်ရမှာပျင်းလို့ပဲဖြစ်ဖြစ်၊ သဘာဝအတိုင်း Skin ကို Healthy Glow ချင်လို့ဖြစ်ဖြစ် ဒီအောက်မှာပြထားတဲ့ နည်းလမ်းကောင်းလေးတွေကို လိုက်နာဖို့တော့လိုမယ်နော်။
နေရောင်ခြည်မထိတွေ့အောင်ရှောင်ပါ
နေပူသည်ဖြစ်စေ၊ မပူသည်ဖြစ်စေ၊ အပြင်သွားတဲ့အခါ နေရောင်ခံကာကွယ်တဲ့ Sunscreen ကိုအလကားလိမ်းခိုင်းတာမဟုတ်ပါဘူး။ အကြောင်းအရင်းရှိပါတယ်။ နေရောင်ထဲမှာပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည် UVA/ UVB တွေက အသားအရေကို ပျက်စီးစေနိုင်ပါတယ်။ အရွယ်မတိုင်ခင် အသားအရေအိုမင်းရင့်ရော်ခြင်းရဲ့ ၉၀ ရာခိုင်နှုန်းက နေရောင်ခြည်ကြောင့်ဖြစ်တာပါ။ ဒီ UV Rays တွေကအခန့်မသင့်ရင် အရေပြားကင်ဆာဖြစ်တဲ့အထိအန္တရယ်ရှိတာကြောင့် အပြင်သွားတိုင်းမျက်လုံးနဲ့ အရေပြားကို သေချာ Protect လုပ်သွားသင့်တယ်နော်။

Silk/Satin သားခေါင်းအုံးစွပ်နဲ့အိပ်ပါ
ချည်သား၊ လီနင်သား ခေါင်းအုံးစွပ်တွေနဲ့ အိပ်တဲ့အခါ ပွတ်တိုက်ပါများတာကြောင့် မျက်နှာမှာ အရေးကြောင်းပေါ်တာတို့၊ ဝက်ခြံပေါက်တာတို့၊ ဆံပင်တွေရှုပ်ထွေးတာတို့ဖြစ်စေနိုင်ပါတယ်။ ပိုးသားနဲ့ ဖဲသား ခေါင်းအုံးစွပ်တွေက ချောမွေ့ပြီး မျက်နှာမှာရှိတဲ့ အစိုဓာတ်ကိုလည်း Maintain လုပ်ပေးတဲ့ အပြင်အရေးအကြောင်းတွေမဖြစ်အောင်လည်းတားဆီးပေးပါတယ်။ ပြီးတော့သူ့ရဲ့ Surface ကစိုထိုင်းမှုကို တားဆီးပေးတာကြောင့် ဘက်တီးရီးယားတွေကို မကပ်တွယ်စေတာကြောင့် ဝက်ခြံလည်းမဖြစ်စေပါဘူး။

ရေများများသောက်ပါ
ရေများများသောက်ဖို့ဆိုတာလည်း အမြဲတမ်းပြောနေရတဲ့ Reminder တစ်ခုပါ။ ကျွန်မတို့ခန္ဓာကိုယ်ရဲ့ ၉၅% ခန့်ကို ရေဓာတ်တွေနဲ့ဖွဲ့စည်းထားတာပါ။ ဒါကြောင့် ရေဓာတ်က အလိုအပ်ဆုံးအရာတစ်ခုပါ။ ကိုယ်ကရေကို လုံလုံလောက်လောက်မသောက်တဲ့အခါ Dehydrated ဖြစ်လာပြီး အသားအရေတွေခြောက်လာမယ်၊ နှုတ်ခမ်းတွေခြောက်လာမယ်၊ ဆံပင်တွေကြမ်းတမ်းလာမယ်။ အဲ့ဒါကြောင့် ရေသောက်တဲ့ အကျင့်လေးကို မွေးမြူထားရင် အသားအရေလေးက Moisturizer မလိမ်းပဲတောင် ရေဓာတ်ပြည့်ဝပြီး စိုစိုပြေပြေလေးဖြစ်နေပါလိမ့်မယ်။

မျက်နှာကို ခဏခဏလက်နဲ့မကိုင်မိပါစေနဲ့
ဒါကမိန်းကလေးအများစုလုပ်လေ့ရှိတဲ့ အမှားပါ။ ကိုယ်က မသိလို့ဖြစ်စေ၊ အကျင့်ပါနေလို့ဖြစ်စေ မျက်နှာကို လက်နဲ့ ကိုင်တာတို့၊ ပွတ်တာတို့၊ ဝက်ခြံတွေကိုလက်နဲ့ညှစ်တာတို့ ပြုလုပ်လေ့ရှိကြတယ်။ တကယ်တော့ ဘယ်လောက်သန့်ရှင်းတယ်ပြောပြော လက်မှာ မမြင်နိုင်တဲ့ Bacteria တွေကပ်ညိနေနိုင်တာမို့ မျက်နှာကို အတတ်နိုင်ဆုံး လက်နဲ့ မကိုင်တာကတော့ စိတ်အချရဆုံးပါ။

Makeup Brush တွေကိုပုံမှန်ဆေးပါ
မိန်းကလေးအများစု မျက်နှာမှာ ဝက်ခြံတွေ၊ အမဲစက်တွေပေါက်လာတာ၊ Allergy တွေဖြစ်လာတာက Expired ဖြစ်နေတဲ့ Products တွေနဲ့ မသန့်ရှင်းတဲ့ Makeup Brush တွေကြောင့်ပါ။ Makeup Brush တွေမှာ မိတ်ကပ်တွေ၊ Shadow ၊ Powder အမှုန့်တွေက ထပ်ခါထပ်ခါမျက်နှာပေါ်ပြန်တင်မိသလိုဖြစ်တဲ့ အခါ ဓာတ်မတည့်ပဲ ယားယံလာတတ်ပါတယ်။ အဲ့ဒါကြောင့် Makeup Brush ကိုမကြာခဏဆေးပေးသလို အဲ့ Brush တွေကို သူများနဲ့မ Share ပဲ တစ်ကိုယ်ရည်ပဲသုံးသင့်ပါတယ်။

စိတ်ဖိစီးမှုကင်းအောင်နေပါ
စိတ်ဖိစီးမှုများတာ၊ စိုးရိမ်ကြောင့်ကျစိတ်များတာတွေကလည်း Skin ကိုအနည်းနဲ့အများ သက်ရောက်မှုရှိပါတယ်။ သင်တစ်ခုခုကို စိုးရိမ်တဲ့အခါ၊ စိတ်ပူပန်တာတွေများတဲ့အခါ မျက်နှာက ပူထူပြီး နီမြန်းလာတာကို သတိထားမိလား။ အဲ့ဒါက ကိုယ့်မျက်နှာအရေပြားအောက်ခြေက Blood Flow တွေကအရမ်းမြန်ဆန်သွားတာကြောင့်ပါ။ ကျွန်မတို့စိတ်ဖိစီးတဲ့အခါ၊ Anxiety တွေများတဲ့အခါ ခန္ဓာကိုယ်က Cortisol လို့ခေါ်တဲ့ Hormone တစ်ခုထွက်ပါတယ်။ ဒီ Hormone ကသွေးလည်ပတ်တာကို မြန်မြန် Respond လုပ်ပေးနိုင်တာမို့ကောင်းပါတယ်။ ဒါပေမယ့် Cortisol တွေအရမ်းများလာတဲ့အခါ အသားအရေကို ရေဓာတ်လုံလောက်အောင်မထိန်းသိမ်း နိုင်တာတို့၊ မျက်နှာမှာ အဆီတွေအရမ်းပြန်တာတို့ဖြစ်စေပါတယ်။

လေ့ကျင့်ခန်းပုံမှန်လုပ်ပါ
ကိုယ်လက်လေ့ကျင့်ခန်းလုပ်လိုက်လို့ ထွက်ချွေးထွက်ပြီးပေါ့ပါးလန်းဆန်းသွားတာက ခန္ဓာကိုယ်တစ်ခုတည်းအတွက်မဟုတ်ပဲ အသားအရေအတွက်လည်း အကျိုးကျေးဇူး အများကြီးရှိပါတယ်။ လေ့ကျင့်ခန်းလုပ်တာကြောင့် Stress တွေကိုလျော့စေပြီး သွေးလည်ပတ်မှုကောင်းမွန်စေတာကြောင့် အသားအရေကို သူ့ပါသူ ပြန် Repair လုပ်နိုင်သလို ချွေးကနေတစ်ဆင့် အဆိပ်အတောက်တွေထွက်သွားတာမို့ မျက်နှာလေးကို ပန်းရောင်သန်းပြီး Glow လာစေပါတယ်။

Cigarette အငွေ့မရှုရှိက်မိပါစေနဲ့
Cigarette မှာပါတဲ့ ကျန်းမာရေး ဆိုးကျိုးတွေကို အားလုံးသိပြီးသားဖြစ်မှာပါ။ ဒါပေမယ့် တော်တော်များများမသိကြတာက Cigarette မှာပါတဲ့ Nicotine နဲ့ တခြား Chemicals တွေက Skin ကိုအားဖြည့်ပေးတဲ့ Oxygenတွေ၊ Vitamins တွေ၊ Nutrients တွေကိုသယ်ဆောင်ပေးတဲ့ သွေးကြောမျှင်တွေကို တားဆီးပစ်တာကြောင့် အသားရေက Toxic တွေများလာတယ်။ အဲ့တော့ အကျိုးဆက်အနေနဲ့က အိုမင်းလွယ်တယ်၊ မျက်ကွင်းတွေညိုလာမယ်၊ အသားအရေညစ်ပြီး ဆားဝက်ခြံတွေထွက်လာတတ်တယ်။ အဲ့ဒါကြောင့် Cigarette မသောက်သလို Cigarette အငွေ့ကိုလည်း မရှုရှိုက်မိစေနဲ့နော်။

အိပ်ရေးဝပါစေ
ဒီအချက်ကတော့ အားလုံးထဲမှာ အရေးအကြီးဆုံးနဲ့ အလိုအပ်ဆုံးအချက်ပါ။ အပေါ်က ကိုးချက်လုံးလိုက်နာပြီး အိပ်ရေးကျဝဝမအိပ်ဘူး၊ အိပ်ချိန်တွေမမှန်ဘူးဆိုရင် အသားအရေက ဒုံရင်းက ဒုံရင်းပဲ ဖြစ်နေမှာပါ။ လူ့အရေပြားလွှာကညတိုင်း ဆဲလ်အသစ်တွေ Regenerate လုပ်တာဖြစ်ပြီး အဲ့လို ဆဲလ်အသစ်တွေထုတ်လွှတ်တဲ့အချိန်က ည ၁၁ ကနေမနက် ၄ နာရီအတွင်းဖြစ်တာမို့ အဲ့အချိန်အတွင်းမှာမအိပ်ရင် New Cells တွေ မထုတ်နိုင်တော့တာမို့ အသားအရည်က ညစ်နွမ်းပြီး ကြည်လင်တော့မှာမဟုတ်ဘူး။
