×
Celebrity Beauty

2019 MTV VMA Award မှ အလှဘုရင်မများ

နာမည်ကြီး Celebrity တွေရဲ့ အမိုက်စားပြင်ဆင်မှုတွေကို တခမ်းတနား တွေ့ရမှာပါ။

by Lin Lin

August 28, 2019

2019 ခုနှစ်အတွက် MTV Video Music Award ဆုပေးပွဲကို သြဂုတ်လ ၂၆ ရက်နေ့က Newark ရှိ Prudential Center မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီပွဲမှာ ဂီတအမျိုးအစားအလိုက် အကောင်းဆုံးဆုတွေကို ပေးခဲ့တာဖြစ်ပြီး နာမည်ကျော်ပွဲတစ်ပွဲလဲ ဖြစ်ပါတယ်။ ဒီပွဲကို နာမည်ကြီး ဂီတပညာရှင်တွေများစွာတက်ရောက်ကြတာကြောင့် သူတို့ရဲ့ အမိုက်စားဖက်ရှင်တွေကိုလဲ ဖော်ပြပေးလိုက်ပါတယ်နော်။

Taylor Swift


2019 ခုနှစ်အတွက် MTV Video Music Award ဆုပေးပွဲကို တက်ရောက်လာတဲ့ Taylor Swift ကတော့ သူမရဲ့ Signature တစ်ခုဖြစ်တဲ့ လိမ္မော်ရောင်နှုတ်ခမ်းနီနဲ့ လှပလို့ နေပါတယ်။ နှုတ်ခမ်းနီရောင်နဲ့ လိုက်ဖက်တဲ့ သူမရဲ့ Jacket ကြောင့် သူမဟာ စတိုင်လ်ကျမိမိုက်နေပါတော့တယ်။

Lizzo


Retro Hairstyle နဲ့ စတိုင်လ်ကျနေသူကတော့ Lizzo ပဲ ဖြစ်ပါတယ်။ လိုက်ဖက်လှတဲ့ အနီရောင် သတ္တုနဲ့ ပြုလုပ်ထားတဲ့ဂါဝန်နဲ့ ငှက်မွှေးပုဝါကတော့ သူမကို တမူထူးလှပနေစေပါတယ်။

Sophie Turner


ပွဲတက်ရောက်လာတဲ့ Sphie Turner ကတော့ Wave Hair နဲ့ smokey eye ခြယ်သမှုကြောင့် သူမရဲ့အလှဟာ ပြီးပြည့်စုံနေပါတယ်။

Gigi Hadid


ပန်းနုရောင် eyeshadow နဲ့ ချစ်စရာကောင်းအောင်လှပနေသူလေးကတော့ Gigi Hadid ပဲ ဖြစ်ပါတယ်။ Hairstylist Danielle Priano ရဲ့ လက်ရာ ထူးကဲတဲ့ wave hair style ကလည်း သူမနဲ့ လိုက်ဖက်လို့နေပြန်ပါတယ်။

Camila Cabello


မျှော်လင့်ထားတဲ့အတိုင်း Camila ကတော့ shawn mendes နဲ့အတူ ပွဲတက်ရောက်ခဲ့ပါတယ်။ သူမရဲ့ မိတ်ကပ်ခြယ်သတဲ့ Cosmetic တွေကတော့ LOréal Paris Infallible Fresh Wear Foundation, Summer Belle Blush Please! in Blushin' in Riveria, နဲ့ Infallible 8 HR Le Gloss in Blush တွေကို အသုံးပြုထားတာပဲ ဖြစ်ပါတယ်။ သူမရဲ့ ဆံပင်ကိုတော့ LOréal Paris Elvive Extraordinary Oil Treatment နဲ့ ပုံသွင်းထားတာပဲ ဖြစ်ပါတယ်။

Bella Hadid


Gigi Hadid နဲ့ Bella Hadid တို့နှစ်ယောက်ရဲ့ ဆံပင်အရောင်တူညီတာကို မြင်တွေ့နိုင်မှာပဲ ဖြစ်ပါတယ်။ Bella ရဲ့ Hairstyle ကတော့ Biolage Complete Control Fast Drying Hairspray ကို အသုံးပြုပြီး ပိုနီတေးဆံထုံးထုံးထားတာပဲ ဖြစ်ပါတယ်။

Adrina Lima


Adrina ရဲ့ ရေစိုအလှနဲ့ ဆံပင်စတိုင်လ် ပန်းနုရောင်နှုတ်ခမ်းနီတို့ပေါင်းစပ်လိုက်တဲ့အခါ ပြီးပြည့်စုံတဲ့အလှကို မြင်တွေ့ရမှာပါ။

Halsey


Halsey ကတော့ သူမရဲ့ ဆံပင်ထိပ်ဖျား ခွဲကြောင်းနေရာမှာ Rainbow colour ကို ခြယ်သထားတာပဲ ဖြစ်ပါတယ်။ သူမရဲ့ တမူထူးတဲ့ Hair style ကို Hairstylist Florido Basallo က ဖန်တီးပေးထားတာပါ။

Hailee Stenfeld


အနီရောင်တောက်တောက်နှုတ်ခမ်းနီနဲ့ အနီရောင် ဝတ်စုံတို့ကြောင့် Hailee ရဲ့ အလှကို ပေါ်လွင်စေခဲ့ပါတယ်။

Normani


Normani ကတော့ Red Carpet နဲ့ လိုက်ဖက်စွာ ခရမ်းရောင် eyeshadow ကို ခြယ်သထားပါတယ်။

Bebe Rehxa


နောက်ထပ်အလှဘုရင်မတစ်ဦးတော့ Bebe Rehxa ပဲ ဖြစ်ပါတယ်။ Revlon products တွေကို အသုံးပြုထားတဲ့ Bebe ရဲ့ မိတ်ကပ်ပြင်ဆင်မှုမှာတော့ ထူးခြားတဲ့ အစိမ်းရောင်မျက်ဝန်းခြယ်သမှုကို ColorStay Looks Book Eye Shadow Palettes in Player #910 ကို အသုံးပြုထားတာပဲ ဖြစ်ပါတယ်။

 

, , , ,
Celebrity Beauty

Review ပေးတာကြမ်းတဲ့ Youtuber Jeffree Star တောင် မငြင်းနိုင်တဲ့ Cosmetic Product များ

သုံးနေတဲ့ မိတ်ကပ်တွေက Jeffree ပေးထားတဲ့ Approve ကိုရထားပြီးပြီလား။

by JN Ja Seng Pan

April 24, 2020

Internet ကို လေးနှစ်လောက် မသုံးရတဲ့သူမှ Jeffree Star က ဘယ်သူလဲဆိုတာကို ဇဝေဇဝါဖြစ်နေမှာပါ။ Beauty Industry မှာ ထိတ်ထိတ်ကြဲအောင်မြင်တဲ့ Jeffree Star က သူရဲ့ ပွင့်ပွင့်လင်းလင်းဝေဖန်တတ်တဲ့ Review တွေကြောင့် လူသိများပါတယ်။ Jeffree Star ညွှန်းတဲ့ Product တွေက အလှအပချစ်သူတွေကြားမှာ ရေပန်းစားပြီး Jeffree Approve ပေးတဲ့ Product မှ သုံးမယ် ဆိုတဲ့လောက်ထိကို ဖြစ်ကြပါတယ်။ ဘာလို့လဲဆိုတော့ အားမနာတမ်းတဲ့တိုးပြောတတ်တဲ့ Jeffree ရဲ့ Recommand ပေးတဲ့ Product တွေက သူပြောသလိုပဲ တကယ့်ကို ကောင်း၊ မကောင်းကို လက်တွေ့အသုံးပြုတိုင်းသိရလို့ပဲဖြစ်ပါတယ်။

အိမ်မှာ နေတဲ့အတောအတွင်း အလှအပကိုလေ့လာချင်တယ်၊ Product လေးတွေလည်း ဝယ်ချင်နေတယ်။ Jeffree Star ရဲ့ Review Video ကိုလည်း ကြည့်ချင်တယ်ဆိုရင်တော့ Article လေးကို ဆုံးအောင်ဖတ်ကြည့်ဖို့လိုမယ်နော်။ Jeffree Star ကိုယ်တိုင် Test လုပ်ပြီး Recommand ပေးတဲ့ Product တွေပဲမို့ ပျိုမေတို့အတွက် အသုံးဝင်မှာ အသေအချာပါ။

Anastasia Beverly Hills Norvina Eyeshadow Palette
Jeffree က ဒီ Palette လေးက သိပ်ကို Consistent ဖြစ်တယ်။ Matt အရောင်တွေက လှပသလို Shimmer Eyeshadow တွေကလည်း ရင်သပ် ရှုမောစရာကောင်းလှပါတယ်။ Anastasia ထုတ်တဲ့အထဲက ဒီ Palette က သူ့အတွက်တော့ အကြိုက်ဆုံး Product တစ်ခုပါလို့ဆိုထားပါတယ်။



Wet & Wild Photo Focus Foundation
ဒီနောက်ပိုင်း Drugstore Makeup တွေက ကျွန်မစိတ်ကို ပြောင်းလဲစေခဲ့တာအမှန်ပါ။ 5.99 Euro ပဲရှိပြီး တကယ့်ကို ကောင်းတဲ့ ပစ္စည်းလေးပါ။ ကျွန်မအခုပဲ ပြောပြလိုက်တော့မယ်..ဒီ Product လေးက အံ့သြစရာကောင်းလောက်အောင် ကောင်းတယ်။ ၈နာရီလောက်ထိ Flawless Look ကို ပေးစွမ်းနိုင်ပါတယ်။

Stila Heaven's Hue Highlighter
သူ့ရဲ့ Formula က အရမ်းလှတယ်။ ဆွဲလိုက်တဲ့လည်း တော်တော်ကောင်းတယ်။ မျက်နှာပေါ်မှာ ဘာမှမတင်ထားသလိုဖြစ်နေတဲ့ ပေါ့ပါးတဲ့ခံစားချက်ကို သဘောကျတယ်။ Innvation အသစ်အသစ်တွေလုပ်တဲ့ Brand တွေကို သိပ်သဘောကျတယ်။ Stila ရေ Congrat ပါ။ I love your highlighter လို့ ပြောထားပါတယ်။

 

Milani Prime Light Storbing & Pore Minimizer
"အသားအရေကို လင်းလက်တောက်ပြောင်သွားစေတာကို ကြိုက်တယ်။ Foundation လိမ်းဖို့ အရမ်းကောင်းတဲ့ Layer လေးပါ။ နည်းနည်းစေးထိုင်းထိုင်းဖြစ်ပေမယ့် ကျွန်မတော့ကြိုက်တယ် ဘာလို့လဲဆိုတော့ Foundation အသားကျအသားကျစေပြီး Flawless ဖြစ်စေတဲ့အတွက်ပဲဖြစ်ပါတယ်။"



MAC Retro Matte Liquid Lip Colour
"Liquid Lip Formula ကို Improve လုပ်ထားလို့ MAC ကိုကျေးဇူးတင်ပါတယ်။ အရောင်တွေအကုန်လုံးက ပိတ်ပိတ်လေးနဲ့ အရမ်းကောင်းတယ်။ ခံစားချက်က နှုတ်ခမ်းပေါ်မှာ ခပ်တင်းတင်းဖြစ်ပေမယ့်လည်း ဆိုးပြီးပြီးချင်း ခပ်မြန်မြန်လေးခြောက်သွားတာကိုတော့ သဘောကျတယ်" လို့ဆိုပါတယ်။

 

Sailor Moon X Colorpop Eyeshadow
"Patchy ဖြစ်ပေမယ့်လည်း အရောင်ထွက်အားလို့ ကျွန်မကြိုက်တယ်။ Blending လုပ်လို့ကောင်းပြီး Shimmier Eyeshadow ရဲ့ Touch ကလည်း နူးညံ့လွန်းလို့ Highlighter လုပ်လို့လည်းကောင်းတယ်။ Camera ထဲမှာ ကြည့်လို့အရမ်းကောင်းတယ်"လို့ဆိုပါတယ်။

 

Benefit Bad Gal Gang Mascara
"မျက်တောင်တွေကို ထူထူထဲထဲနဲ့ ကြည့်ကောင်းစေတယ်။ Dramatic ဖြစ်ပြီး မျက်တောင်တုတပ်ဖို့ကို အချိန်ကုန်မခံချင်တော့ ဒီ Mascara ကို အပြည့်အ၀ Recommend ပေးချင်ပါတယ်။"



Fenty Beauty Flyliner Longwear Liquid Eyeliner
"ဆွဲရလွယ်ကူတယ်၊ Applicator က တော်တော်လေးသုံးလို့ကောင်းတယ်။ Line တွေကို အလွယ်တကူဆွဲလို့ အဆင်ပြေစေတယ်။ သူကတော့ Approve ပါ"လို့ ပြောထားပါတယ်။

 

Everything by Jeffree Star Cosmetics
ဒါကတော့ အများကြီး ရှင်းပြနေစရာမလိုလောက်ပါဘူး။ အသိသာကြီးပဲကိုနော်။

, , ,

Celebrity Beauty

ပရိတ်သတ်အချစ်တော် IU လေးလို သဘာဝဆန်ဆန်လှနေမယ့် Minimal Makeup

အပြစ်အနာအဆာမရှိတဲ့ သူမရဲ့ Flawless Skin

by JN Ja Seng Pan

March 11, 2020

အားလုံးချစ်ရတဲ့ အဆိုတော်၊ မင်းသမီး IU က ကိုးရီးယားမှသာမက ကမ္ဘာတစ်ဝှမ်းအထိ ကျော်ကြားတဲ့ အနုပညာရှင်တစ်ယောက်ပါ။ အဆိုလည်း ပိုင်နိုင်သလို၊ သရုပ်ဆောင်ရင်လည်း အပိုအလိုမရှိအောင် သရုပ်ဆောင်နိုင်သူလေးပါ။ ရှေ့နှစ်ကထွက်ထားတဲ့ သူမရဲ့ Hotel Del Luna Series ဆိုလည်း အရမ်းကိုအောင်မြင်ပြီး လူကြိုက်များခဲ့ပါတယ်။ စာဖတ်သူတောင် ကြည့်ပြီးသားဖြစ်လောက်မှာပါ။ စိတ်ထားလေးကောင်းသလို၊ ရုပ်ရှင်သွင်ပြင်ပိုင်းမှာဆိုလည်း နှစ်လိုဖွယ်ကောင်းတဲ့ ချစ်စရာမျက်နှာသွင်ပြင်ကို ပိုင်ဆိုင်ထားတာဖြစ်လို့ ယောကျာၤးလေးပရိတ်သတ်တွေ သဲသဲလှုပ်ပါ။ ဒါ့အပြင် သူမရဲ့ Flawless Skin နဲ့ သဘာဝဆန်ဆန် Minimal Makeup Look လေးကလည်း မိန်းကလေးတွေအားကျအတုယူရတဲ့ အလှအပလျှို့ဝှက်ချက်တွေဖြစ်နေပါတယ်။ IU လေးရဲ့ အလှအပထိန်းသိမ်းနည်းကဘာလဲ၊ ကိုယ်ကိုယ်တိုင်ကော ဘယ်လိုထိန်းသိမ်းလို့ရနိုင်မလဲဆိုတာကို အခုပဲကြည့်လိုက်ရအောင်နော်။

BB Cushion or Foundation
No Makeup Look အတွက် BB Cream ဖြစ်ဖြစ် Foundation ဖြစ်ဖြစ်ကို Sheer Coverage ဖြစ်တဲ့အောင်အသုံးပြုပါ။ ကြည်ကြည်တောက်တောက်လေးဖြစ်စေဖို့ Foundation မလိမ်းခင် Colour Corrector လေးအသုံးပြုကြည့်ပါ။ ခပ်ပါးပါးလေးပဲ လိမ်းဖို့ကိုလည်း သတိရပါ။

နှုတ်ခမ်းတွေကို ရေဓာတ်ဖြည့်မယ်
နှုတ်ခမ်းနီမဆိုးခင် နှုတ်ခမ်းကို ရေဓာတ်ဖြည့်ဖို့ ဘယ်တော့မှ မမေ့ပါနဲ့။ Lipstick Type တွေအမျိုးမျိုးထဲက Matte Lipstick တွေဆိုးတော့မယ်ဆိုရင်လည်း မဖြစ်မနေ Lip Balm လေးလိမ်းပေးသင့်ပါတယ်။



Lipstick အစား Lip Gloss
IU အပြင်မှာ မိတ်ကပ်လိမ်းခြယ်တော့မယ်ဆိုရင် သူမက Lipstick တွေအစား Lip Gloss တွေကို ပိုပြီးနှစ်သက်ပါတယ်တဲ့။ သူမရဲ့ Instagram က ပုံတွေကြည့်ရင်တောင်မှ သိနိုင်မှာပါ။ ကြာကြာခံတဲ့ Long Lasting Finish ကိုလိုချင်ရင်တော့ Lip Gloss မဆိုးခင် Lip stick လေးနည်းနည်းဆိုးထားပြီးမှ အပေါ်က Lip Gloss လေးခံပါ။

Eyebrow Mascara
IU ရဲ့ မျက်ခုံးတန်းတန်း Straight Brow တွေကို မိန်းကလေးတိုင်း သဘောကျကျတာငြင်းလို့မရပါဘူး။ ကိုယ်ကိုယ်တိုင် Straight Brow Look ကို ပြင်ဆင်လို့မရရင်တောင်မှ Eyebrow Mascara ခပ်ဖျော့ဖျော့လေးနဲ့ မျက်ခုံးတွေကို အပြီးသတ်ပြင်ဆင်လိုက်ပါ။



Minimal Eye Makeup
IU ရဲ့ Minimal Eye Look အတွက်ကတော့ မျက်လုံးကို ထင်းထင်းလင်းလင်းဖြစ်အောင် Shimmery Pearl Eyeshadow ဖြစ်ဖြစ် Brightening Concealer ဖြစ်ဖြစ်ကို မျက်လုံးတစ်ဝိုက်မှာ ခြယ်သကြည့်ပါ။

Skincare Routine
ပြီးတော့ IU ရဲ့ ကြည်ကြည်တောက်တောက်အသားအရေအတွက် သူမပုံမှန်လုပ်နေကျ Routine လေးကတော့ Moisturizing Toner ကို Facial Oil ၂စက်လေးထည့်ပြီး ရောမွှေပါ။ အဲ့ဒီအရောအနှောကို Cotton Pad လေးနှစ်အောင် စိမ်ပြီး မျက်နှာပေါ် ၅မိနစ်ခန့်ကပ်ထားပါ။ ပြီးရင်တော့ ကျန်တဲ့ Step လေးတွေ ဆက်လုပ်လို့ရပါပြီ။ လွယ်ကူတဲ့နည်းလမ်းလေးမို့ ကောင်းမွန်တဲ့အသားအရေရအောင် IU ရဲ့ နည်းလမ်းလေးကို လိုက်လုပ်ကြည့်သင့်တယ်နော်။

 

, , , , ,

Celebrity Beauty

အများနဲ့ မတူတဲ့ Hair Style ဆန်းဆန်းနဲ့ ပြည်တွင်းက Celebrity များ

လိုက်ဖက်လွန်းမနေဘူးလား။

by JN Ja Seng Pan

March 4, 2020

ဆံပင်က လူတစ်ယောက်အတွက် ဒုတိယစာမျက်နှာဖြစ်သလို အနုပညာရှင်တွေအတွက်လည်း Fashion တစ်ခုအနေနဲ့ အရေးပါပါတယ်။ ဒါ့အပြင်သိပ်မကြာသေးခင်ကမှ ဆံပင်စတိုင်အသစ် ပြောင်းလဲထားကြတဲ့ အနုပညာရှင်တွေကလည်း ရှိနေပါတယ်။ ထူးထူးခြားခြား အမိုက်စား ဆံပင်စတိုင်နဲ့ လန်းနေကြတဲ့ သူတို့ရဲ့ ပုံစံတွေကို အခုပဲကြည့်လိုက်ရအောင်နော်။

May



May ရဲ့ Music Video ကိုကြည့်ပြီးတဲ့သူဆိုရင်တော့ May ရဲ့ Hair Style အခြေအနေကိုသိမှာပါ။ သီချင်းဆိုကောင်းသလို သရုပ်ဆောင်ရင်လည်း လိုလေသေးမရှိတဲ့ မေက ကတုံးတုံးထားတာ သိပ်မကြာသေးပါဘူး။ လတ်တလော သူမရဲ့ ခပ်တိုတိုဆံပင်ပုံစံကလည်း သူမနဲ့လိုက်ဖက်နေပြန်ပါတယ်။ တကူးတကပြင်ဆင်စရာမလိုပဲ ပေါ့ပေါ့ပါးပါးနဲ့ လွတ်လပ်မနေဘူးလား။

Phway Phway



ဖွေးစိန်ကတော့ အားလုံးသိတဲ့အတိုင်း တစ်ခုလုပ်ရင်လုပ်သလောက် Wow ဖြစ်ရတဲ့သူလေးပါ။ သိပ်မကြာသေးခင်ကပဲ Trendy Hair Style တစ်ခုဖြစ်တဲ့ Baby Bang တိုတိုကိုညှပ်ချလိုက်တာပါ။ ဒီလိုရှေ့ဆံပင်တိတိခပ်တိုတိုတွေက လူတိုင်းညှပ်ဖို့ မဝံ့ရဲကြသလို လိုက်မလိုက်ကလည်း ဆုံးဖြတ်ရခက်တဲ့ Hair Style ပါ။ ဒါပေမယ့် ဖွေးစိန်ကတော့ ဒီ အမိုက်စား Hair Style နဲ့ အရမ်းကို မိမိုက်နေတာ ပေါ်လွင်နေလွန်းပါတယ်နော်။

Awn Seng

Awn Seng ကို အမိုက်စားခန္ဓာကိုယ်ကောက်ကြောင်းနဲ့ စူပါမော်ဒယ်ဆိုတာ အားလုံးသိကြမှာပါ။ သူမရဲ့ Hair Style အသစ်ကလည်း သူမလိုပဲ ဆွဲဆောင်မှုတွေအပြည့်ဖြစ်နေပါတယ်။ ပုံမှန်အကောက်ထက် ထူးထူးခြားခြား ကောက်သားများတဲ့ Volumising Perm က Awn Seng နဲ့ လိုက်ဖက်နေတယ်ဆိုတာကတော့ ငြင်းလို့မရပါဘူး။

Wutt Hmone Shwe Yi



ကစ်ကိုတော့ ဆံနွယ်ရှည်ရှည် Elegance Look နဲ့ တွေ့ရတတ်ပေမယ့် သူမပြောင်းလဲထားတဲ့ Short Hair က တစ်မျိုးဆန်းသစ်နေတာတွေ့ရမှာပါ။ Short Hair လေးနဲ့မို့ ကစ်လေး ပိုပြီးနုနယ်သွားသလို ချစ်စရာကောင်းတဲ့အသွင်ကို ပိုပြီးဆောင်နေပါတယ်။ Short Hair Don’t Care ဆိုတဲ့အတိုင်း ကစ်ကတော့ ဆံတိုလေးနဲ့ လန်းနေပါရောလား။

Photo Credit to all Original Uploaders

, , ,

Celebrity Beauty

Blackpink ပြောပြတဲ့ မိန်းကလေးတိုင်း လိုက်နာသင့်တဲ့ Beauty Routine

သူတို့လို Flawless Look ရဖို့ ဒီနည်းလမ်းတွေက အကောင်းဆုံးပါတဲ့နော်။

by JN Ja Seng Pan

February 27, 2020

Coachella မှာ ပထမဆုံး Kpop Girl Group အနေနဲ့ဖျော်ဖြေခွင့်ရခဲ့ပြီး ကမ္ဘာတစ်ဝှမ်းမှာပါ ဟိုးလေးတကျော်ကျော်ပေါက်နေတဲ့ ကိုးရီးယားက Girl Group ကိုသိကြလား။ ဟုတ်ပါတယ်..အားလုံးထင်ထားတဲ့ Blackpink ပါ။ အဖွဲ့ဝင်လေးယောက်နဲ့ ဖွဲ့စည်းထားတာ ဒီ Girl Group က တစ်ယောက်ချင်းစီမှာလည်း အားပေးတဲ့ Fan တွေ ထုနဲ့ဒေးပါ။ ကိုးရီးယားမှာတင်မက နိုင်ငံတကာထိပါ ခြေဆန့်နိုင်ခဲ့တဲ့ Blackpink ရဲ့ ဝတ်စားဆင်ယင်မှုပုံစံတွေ၊ ပြင်ဆင်ခြယ်သမှုတွေကို ကမ္ဘာတစ်ဝှမ်းလုံးက စောင့်ကြည့်အားပေးကြတာဖြစ်ပါတယ်။ မိတ်ကပ်မပါတဲ့အချိန်တွေမှတောင် ကြည်ကြည်လင်လင်လှနေတတ်တဲ့ သူတို့တွေရဲ့ အလှအပထိန်းသိမ်းနည်းတွေကို အားလုံးကသိချင်နေကြတာ အမှန်ပါ။ Blackpink ရဲ့ အချို့ Interview တွေထဲမှာ သူတို့ရဲ့ လျှိူ့ဝှက်ချက်တွေကို မျှဝေပေးခဲ့ပါတယ်။ ကဲ ဒီလျှိူ့ဝှက်ချက်တွေကို အခုပဲကြည့်လိုက်ရအောင်နော်။

Skincare



Jisoo ရဲ့ မိတ်ကပ်အိတ်ထဲကြည့်လိုက်တိုင်း မိတ်ကပ်ပစ္စည်းတွေကို မတွေ့သလောက်ဖြစ်စမြဲပါ။ သူမက မိတ်ကပ်ပစ္စည်းတွေထက် Skincare တွေကို ပိုပြီးပြုလုပ်လို့ မိတ်ကပ်ပစ္စည်းသိပ်မရှိတာလို့ ပြောပြခဲ့ပါတယ်။ Jisoo တစ်ယောက် ဘယ်လိုတောင်မှ Skin တွေCare နေလဲဆိုတာ သတိထားမိမှာပါ။ Radiant Skin ရဖို့ Skincare ကို အဓိကထားပြီး လုပ်ဖို့လိုတာကို သူမရဲ့ အသားအရေကို ကြည့်ရင် သိနိုင်ပါတယ်နော်။

Cleansing



မောမောပန်းပန်းပြန်လာတဲ့နေ့တွေ့မှာ ဆင်ခြင်တွေပေးပြီး ဒီ အဆင့်ကို ကျော်လေ့ရှိပါတယ်။ Rose ပြောပြချက်အရ သူမအတွက် အရေးအကြီးဆုံး အမြဲလုပ်တတ်အကျင့်က မျက်နှာကို စင်ကြယ်အောင် သန့်စင်တာပါတဲ့။ ဘယ်လောက်ပဲပင်ပန်းနေပါစေ မိတ်ကပ်ကို မဖြစ်မနေဖျက်ပြီး မျက်နှာကို သေချာသန့်စင်ပါတယ်လို့ ဆိုပါတယ်။

Facial Mask



အဖွဲ့ရဲ့ Visual ဖြစ်တဲ့ Jisoo ကိုကြည့်လိုက်တိုင်း အမြဲ Flawless ဖြစ်နေတဲ့ အသားအရေကို သတိပြုမိကြမှာပါ။ သူမပြောပြချက်အရ သူမကလည်း အားလုံးနဲ့ နည်းတူ အသားအရေခြောက်တတ်တဲ့သူပါ။ ဒီပြဿနာအတွက် သူမက တစ်ရက်ကို နှစ်ကြိမ်၊ သုံးကြိမ် Facial Mask တွေကို အမြဲအသုံးပြုလေ့ရှိပါတယ်တဲ့။ တစ်ရက်ကို Mask နှစ်ခေါက်၊ သုံးခေါက်ကပ်တာက များတယ်လို့ထင်ရပေမယ့် ပုံမှန် Mask ကပ်တာက အသားအရေအတွက် ဘယ်လောက်ကောင်းလဲဆိုတာက သတိပြုမိစရာပါ။

Moisturizer



ပရိတ်သတ်အချစ်တော် Lisa လေးကလည်း အသားအရေမကြာခဏခြောက်သွေ့လေ့ရှိပါတယ်တဲ့။ သူမရဲ့နည်းလမ်းလေးကတော့ အားလုံးလိုက်လုပ်ဖို့လွယ်မှာပါ။ Moisturizer ကို ညမအိပ်ခင် ထူထူလေးလိမ်းတာပါ။ Skincare ခပ်ထူထူ၊ ခပ်များများမလိမ်းတတ်တဲ့သူတွေအတွက်တော့ အနည်းငယ်အသုံးပြုတာနဲ့ အဆင်ပြေပါတယ်။ ရေဓာတ်အပြည့်နဲ့ အသားအရေကြည်ကြည်ကို မနက်နိုးလာတဲ့အချိန် မြင်တွေ့ခံစားရမှာပါ။

Detox Juice & H2O


Slim Body ပိုင်ရှင် Jennie က သူမအသားအရေကောင်းဖို့အတွက် ပုံမှန်တစ်ရက်ကို Facial Mask နှစ်ခုသုံးပေမယ့် နောက်ပိုင်း မအားတဲ့အချိန်တွေမှာ ပုံမှန်အသုံးမပြုနိုင်တာတွေရှိလာပါတယ်။ ဒါကြောင့် သူမက စားသောက်မှုပုံစံကို ပြောင်းလဲလိုက်ပါတယ်။ Detox Juice ကို မနက်ပိုင်းသောက်ပြီး တစ်ရက်လုံးအတွက်တော့ ရေကိုအများကြီးသောက်ပါတယ်တဲ့။ အသားအရေကို ထိန်းသိမ်းသလို ကျန်းမာလှပဖို့အတွက် ခနာကိုယ်ကိုလည်း ဂရုတစိုက်ထိန်းသိမ်းသင့်ကြောင်း Jennie ဆီကနေ လေ့လာစရာတစ်ခုအဖြစ် ရရှိမှာပါ။

Right Products



Skincare Product တွေကို နေ့စဉ်နဲ့အမျှ အမြောက်အများထုတ်လုပ်နေကြတာဖြစ်ပြီး အသားအရေအတွက် ဘယ်လောက်ကောင်းတယ်ပဲပြောပြော၊ ကိုယ့်အသားအရေနဲ့ အတည့်ဆုံးဖြစ်နေမှသာ ရွေးချယ်မှုမှန်ကန်တာပါ။ Rose က သူမအသားအရေအတွက် တကယ့်ကို ထိရောက်ကောင်းမွန်စေတဲ့ Product ကိုသာ စွဲစွဲမြဲမြဲ သုံးစွဲတတ်သူပါ။ Skincare Product တွေကို အလွယ်တကူဝယ်ယူလို့ရတဲ့ ခေတ်မှာ ကိုယ့်နဲ့ အဆင်အပြေဆုံးဖြစ်မယ့် Product ကို စနစ်တကျရွေးချယ်ပြီး ပုံမှန်သုံးစွဲဖို့လိုပါတယ်။

Facial Massage



Lisa ရဲ့ လုပ်နေကြနည်းလမ်းလေးတစ်ခုပါပဲ။ သူမ Moisturizer လိမ်းပြီးပြီဆိုတာနဲ့ မျက်နှာတစ်ပြင်လုံးကို နှိပ်နယ်လေ့ရှိပါတယ်။ လိမ်းထားတဲ့ Skincare တွေကို စုပ်ယူမှုအားကောင်းစေပြီး ပိုမိုသိသာတဲ့ရလဒ်ကို ပိုင်ဆိုင်ရမှာပါ။ Facial Massager ကို Lisa တစ်ယောက် ဘယ်သွားသွားယူသွားလေ့ရှိပြီး မျက်နှာကို နှိပ်နယ်ပါတယ်တဲ့။

 

, , , , ,

Celebrity Beauty

ချီချီနဲ့ ခွဲထားလို့မရတဲ့ Hair Wig Fashion ဆိုတာ

ဘယ် Wig လေးနဲ့ ချီချီက အလှပိုနေတယ်လို့ထင်လဲ။

by JN Ja Seng Pan

February 24, 2020

ချီချီနဲ့ Wig ဆိုတာက ခွဲထားလို့မရအာင်ဖြစ်နေပြီဆိုတာ အားလုံးသိတယ်ဟုတ်။ တစ်နေရာနဲ့ တစ်နေရာပုံစံမတူအောင်၊ ကွဲပြားအောင် ပြင်ဆင်လေ့ရှိတဲ့ သူမအတွက် Wig ဆိုတာက သိပ်ကို အရေးကြီးတဲ့ Beauty Item လေးတစ်ခုပါ။ ကိုယ့်ရဲ့ Original ဆံပင်မပျက်စီးစေတဲ့အပြင် Hair Style မျိူးစုံနဲ့ မရိုးရအောင် Rock လို့ရတာဖြစ်လို့ ဒီနောက်ပိုင်း Influencer, Celebrity တွေ အသုံးအရမ်းများလာတာ တွေ့ရမှာပါ။ သီလရှင် ဝတ်ပြီး ကတုံးနဲ့ မနေချင်တဲ့သူတွေအတွက်လည်း Wig လေးတွေက အသုံးဝင်မှာ အသေအချာပါ။ အတုလိုမထင်ရအောင် တကယ့်ဆံသားနဲ့ ပြုလုပ်ထားတဲ့ Wig တွေက သာမာန် Wig တွေထက် တန်ဖိုးကြီးပြီး ပိုပြီးလည်းလှပါတယ်။ Fashion မျိုးစုံနဲ့ လန်းနေတတ်တဲ့ ချီချီရဲ့ တစ်နေ့တစ်မျိူးမရိုးရတဲ့ Wig Style တွေကိုလည်း ပရိတ်သတ်တွေ အမြဲလိုလိုမြင်တွေ့ရမှာပါ။ မိတ်ကပ်ပြင်ဆင်မှု၊ ဝတ်ထားတဲ့ Outfit နဲ့ Perfectly Match ဖြစ်နေတဲ့ ချီရဲ့ ပုံရိပ်အချိူ့ကို ဖော်ပြပေးချင်ပါတယ်။ ဘယ် Wig လေးနဲ့ ချီချီက အလှပိုနေတယ်လို့ထင်လဲ။

 

, , , ,

Celebrity Beauty

လူတိုင်းအားကျရတဲ့ Skin ပိုင်ရှင်လေး San Yati Moe Myint အသားအရေကို ဘယ်လိုထိန်းသိမ်းလဲ

Skin ကောင်းလွန်းလို့ သူများတွေ ဝိုင်းမေးရတဲ့အထိပါ။

by JN Ja Seng Pan

February 6, 2020

ပရိတ်သတ်တွေချစ်ကြတဲ့ မင်းသမီးလေး San Yati Moe Myint က Skincare ကို ဂရုတစိုက်လုပ်တတ်သူပါ။ ဒါကြောင့် သူမပုံတွေကြည့်လိုက်ရင် အသားအရေက အမြဲ Glow ပြီး ကြည့်ကောင်းနေတတ်သူ တစ်ယောက်ပေါ့။ သူမရဲ့ Social Media Account မှာ သူမအသုံးပြုတဲ့ Skincare Product တွေကို ဝေမျှလေ့ရှိပြီး အသားအရေနဲ့ ပတ်သတ်ပြီး ထိန်းသိမ်းတဲ့ နည်းလမ်းတွေကို ပြောပြပေးလေ့ရှိပါတယ်။ သဲသဲရဲ့ Skincare Routine က ဘယ်လိုလဲ၊ ဘာတွေ အသုံးပြုလဲဆိုတာကို Editor ကတော့ မွှေနှောက်ပြီးရှာထားပြီးပါပြီ။ အားလုံးလည်း သဲလိုလှရအောင် ဒီ Article လေးကို အဆုံးထိဖတ်ကြည့်နော်။

Skincare ပြုလုပ်ဖို့အတွက် သူမမဖြစ်မနေပြုလုပ်လေ့ရှိတာကတော့ Mask ကိုပုံမှန်ကပ်ပေးပါတယ်။ Skincare လုပ်တာကို အစက စိတ်မဝင်စားပေမယ့် နောက်ပိုင်းမှ အသားအရေကောင်းဖို့လိုတာသိပြီး နောက်ပိုင်း သေချာပြုလုပ်ခဲ့သူပါ။ အပြင်ထွက်တိုင်း Sun Screen ကိုလိမ်းလေ့ရှိပြီး Skincare Step တွေအပြီး ၃ မိနစ်၊ ၅မိနစ်ခြားပြီး လိမ်းပေးပါတယ်။ Collagen လည်းသောက်လေ့ရှိပြီး သူမလတ်တလော Diet အတွက်ကော၊ အသားအရေအတွက်ပါ သောက်နေတာကတော့ Healthy & Happy က Pink Power ပါ။  

နေ့စဉ်ပုံမှန် Skincare Routine အနေနဲ့ Bioderma ရဲ့ Cleansing Water နဲ့ မိတ်ကပ်တွေ၊ အညစ်အကြးတွေကို သန့်စင်ပါတယ်။ ပြီးရင်တော့ မျက်နှာသစ်ပြီး Toner ကိုအသုံးပြုပါတယ်။ နောက်တစ်ဆင့်အနေနဲ့ Face Lotion လေးလိမ်းပြီး Serum သုံးပါတယ်တဲ့။ Estee Lauder Advanced Night Repair သုံးပြီး Shiseido က White Lucent Spot Corrector သုံးပါတယ်။ သူမ သုံးတဲ့ Deriva-C Gel ကိုတော့ ညမှာသာလိမ်းပြီး မနက်ဘက်မလိမ်းဖို့ အကြံပြုထားပါတယ်။ ပြီးရင်တော့ La Prairie Cellular Serum Platinum Rare နဲ့ Aloe Vera Gel သုံးပါတယ်။ အဆုံးသတ်အနေနဲ့ Eye Cream လေးလိမ်းပြီး Lip Balm လေးဆိုးလိုက်ပါတယ်တဲ့။

အသားအရေကောင်းဖို့အတွက် စိတ်ရှည်ရှည်နဲ့ အချိန်ပေးဖို့လိုတာကို သဲရဲ့ Skincare Routine ကိုကြည့်ပြီး သိနိုင်တယ်နော်။ ဒါမှလည်း ကောင်းမွန်တဲ့ Skin Result ကိုရရှိမှာပါ။

Photo Credit: San Yati Moe Myint's Facebook

, , , ,

MODA TV 


Celebrity Beauty

အလှအပအတွက် Follow လုပ်ထားသင့်တဲ့ ပြည်တွင်းက နာမည်ကျော် Beauty Blogger များ

နောက်တမရစေရဘူးနော်။

by JN Ja Seng Pan

February 3, 2020

Social Media တွေ ထွန်းကားလာတဲ့ခေတ်မှာ Social Influencer, Blogger စသဖြင့် Social media နဲ့ အသက်မွေးကျောင်းပြုလုပ်လာကြတဲ့သူတွေ အမျာကြီးပါ။ ဒီဘက်ခေတ်နောက်ပိုင်း လူတော်တော်များများကလည်း Social Media မှာပဲ အချိန်တွေ ကုန်ဆုံးတာများတဲ့အတွက် ကိုယ့်အကြိုက်အားပေးတဲ့ Blogger တွေ Influencer ဆိုပြီး အများကြီးတွေ့လာရပြီဖြစ်ပါတယ်။ နေ့စဉ်ဘဝနဲ့ ကဏ္ဍတွေအလိုက် Follow လုပ်တဲ့ Blogger တွေထဲက Beauty Blogger တွေကလည်း အလှအပကိုနှစ်သက်သဘောကျတဲ့ ကောင်မလေး ကောင်လေးတွေအတွက် လေ့လာစရာတွေအများကြီးရတဲ့ မြင်ဆရာတွေဆိုလည်း မမှားပါဘူး။ ကမ္ဘာကျော် Beauty Blogger တွေရှိနေပေမယ့်လည်း ကိုယ့်မျက်နှာနဲ့ လိုက်ဖက်တဲ့၊ လက်လှမ်းမှီတဲ့ Beauty Product တွေအသုံးပြုတဲ့ ပြည်တွင်းက Beauty Blogger ရဲ့ မိတ်ကပ် Tutorial တွေကတော့ မိတ်ကပ်ခြယ်သမှုပြုလုပ်ဖို့ အလိုက်ဖက်ဆုံးဖြစ်မှာ အသေအချာပေါ့။ ကဲ ဒီတော့ ဘယ် Beauty Blogger တွေကို Follow သင့်လဲဆိုတာကို အခုပဲကြည့်လိုက်နော်။

Beauty by Nay Chi

Beauty Blogger Nay Chi Oo ကိုတော့ Beauty Lover တွေမက အားလုံးနဲ့ ရင်းနှီးနေပြီးသားဖြစ်မှာ အသေအချာပါ။ ချီချီရဲ့ Beauty Blog တွေက မိန်းကလေးတွေအတွက် လေ့လာမှတ်သားစရာများပြီး ခွန်အားရတာမို့ ပရိတ်သတ်အခိုင်အမာရှိနေတာပဲဖြစ်ပါတယ်။

Phyopapa Blogs

Beauty Blogger Phyo Pa ရဲ့ Tutorial တွေကလည်း ရိုးရိုးရှင်းရှင်းနဲ့ အလွယ်တကူလိုက်လုပ်ကြည့်လို့ရတာမို့ ပရိတ်သတ်တွေရဲ့ အားပေးမှုကို အများအပြား ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။

Carrieland



ချစ်စရာကောင်းတဲ့ အသွင်အပြင်တဲ့ Carrie ကိုလည်း ပရိတ်သတ်တွေက ချစ်မဝပါ။ လူငယ်တွေအကြိုက် Trendy မိတ်ကပ် Look တွေကို အဓိကထားပြီး ခြယ်သပြတတ်တဲ့အတွက် သူမရဲ့ လူငယ်ပရိတ်သတ်တွေကလည်း မနည်းမနှောပါ။

Nadi Shwe Yi - Kay

နာမည်ကျော်မင်းသမီလေး ဝတ်မှုံရွှေရည်ရဲ့ ညီမလေးဖြစ်တဲ့ Kay က Beauty Blogger အဖြစ် စတင်တာသိပ်မကြာသေးပေမယ့် အချိန်တိုအတွင်းမှာ အားပေးချစ်ခင်မှုရရှိခဲ့တာဖြစ်ပါတယ်။ အလှအပနဲ့ ပတ်သတ်ပြီး သိထားသင့်တဲ့ Tip တွေကိုလည်း မကြာခဏ Sharing လုပ်တတ်တာမို့ အလှအပနဲ့ စိမ်းနေတဲ့သူတွေလည်း အလွယ်တကူလေ့လာနိုင်တာပေါ့။

Kwan Kwann - the artist

Face Painting၊ Body Painting တွေလို Creation ပါတဲ့ Makeup တွေကို နှစ်သက်သဘောကျတဲ့သူတွေအတွက် Kwan Kwann ရဲ့ Makeup Tutorial တွေက လေ့လာစရာအကောင်းဆုံးပါပဲ။

Lini- Beauty Lover



Korean Look၊ Chinese Look တွေကို ပြင်ဆင်ခြယ်သချင်တဲ့သူတွေအတွက် Lini Beauty Lover ရဲ့ Makeup Tutorial တွေက ရွေးချယ်ဖို့အကောင်းဆုံးပါ။ အသစ်ထွက်တဲ့ Product တွေနဲ့လည်း Review လုပ်ပြတတ်တာမို့ အသစ်ထွက်မယ့် Cosmetics တွေကို ဝယ်မယ့် ပျိုမေတို့အတွက် လေ့လာလို့ကောင်းမယ့်နေရာပါ။

Christina Lim



Chrstina Lim နဲ့ သူ့အမျိူးသားတို့စုံတွဲကို ပရိတ်သတ်တွေ သတိထားမိကြမှာပါ။ Fashion ကျကျနဲ့ အမိုက်စား Makeup Look ပြင်တတ်တဲ့ Christina ရဲ့ Blog ကလည်း လူကြိုက်များပါတယ်။ High-End Makeup Brand တွေ စိတ်ဝင်စားတဲ့သူတွေအတွက် သူမရဲ့ Tutorial တွေက အသင့်တော်ဆုံးပါ။

, , ,

Celebrity Beauty

ပရိတ်သတ်တွေ တမေးထဲမေးနေကြတဲ့ Crash Landing on you ဇာတ်ကားထဲက မင်းသမီး Son Ye Jin ရဲ့ Makeup Look

အသက် ၃၈ နှစ်ရှိနေတာတောင် ၂၀ ကျော်လေးလိုပါပဲ။

by JN Ja Seng Pan

January 29, 2020

“Crash Landing on you” ဇာတ်ကားထဲက မင်းသမီး Son Ye Jin ရဲ့ မိတ်ကပ်လိမ်းခြယ်မှုကို အားလုံး သတိထားမိကြမှာပါ။ သဘာဝဆန်တဲ့ သူမရဲ့ မိတ်ကပ်ပြင်ဆင်မှုက မိန်းကလေးတိုင်း ပြင်ဆင်ချင်တဲ့ Look လေးတစ်ခုဆိုလည်း မမှားပါဘူး။ ကိုးရီးယားရုပ်သံလမ်းတစ်ခုရဲ့ tvN အစီအစဉ်တစ်ခုမှာ မင်းသမီးရဲ့ Makeup Artist Gu Mi Jeong က အားလုံးသိချင်နေကြတဲ့ ဒီနည်းလမ်းကို မျှဝေလိုက်ပါတယ်။

Makeup Artist က သူမရဲ့ Seoul Look နဲ့ North Korean Look အကြောင်းကို အရင်ဆုံးပြောပြခဲ့ပါတယ်။ CEO တစ်ယောက်ရဲ့ ပုံစံဖြစ်တဲ့ Charismatic နဲ့ Classy Look ကို Seoul Look မှာပြင်ဆင်ထားပြီးတော့ မြောက်ကိုးရီးယားရောက်သွားတဲ့ Scene တွေမှာတော့ မတော်တဆဖြစ်မှုကြောင့် ရောက်သွားတာဖြစ်တဲ့အတွက် သူမအနေနဲ့ မိတ်ကပ်လိမ်းခြယ်ဖို့က မဖြစ်နိုင်ပါဘူး။ ဒီအတွက် မိတ်ကပ်အများကြီး မလိမ်းပေးထားပဲ တကယ့်ကို သဘာဝပုံစံပြင်ဆင်ထားပါတယ်။

မိတ်ကပ်လိမ်းခြယ်တဲ့နေရာမှာ Powder Product တွေအစား Liquid Type base product တွေကိုပဲ မတူညီတဲ့အရောင်နှစ်မျိူးနဲ့ သုံးပေးထားတာပါ။ သဘာဝဆန်ဆန် Shading လေးဖြစ်စေပြီး မျက်နှာကိုလည်း သေးသွယ်သယောက်ဖြစ်စေပါတယ်။ မင်းသမီး Son ye jin ရဲ့ အသားအရေကောင်းကြောင်းကို Makeup Artist က ချီးမွှမ်းထားပြီး ဒီလိုအသားအရေကောင်းတာကြောင့် မိတ်ကပ်အများကြီး လိမ်းပေးစရာ မလိုကြောင်းလည်း ပြောပြထားပါတယ်။ အဓိကအနေနဲ့ကတော့ Skin ကောင်းဖို့သာလိုတာကို မင်းသမီးရဲ့ မိတ်ကပ်ပြင်ဆင်မှုကို ကြည့်တာနဲ့ သိနိုင်တယ်နော်။

မြောက်ကိုးရီးယားမှာရှိနေတဲ့ Scene တွေအတွက် မိတ်ကပ်ပါးပါး တစ်လွှာသာ လိမ်းထားတာဖြစ်ပါတယ်။ Eye Shadow, Mascara စတာတွေကိုလည်း လုံးဝမသုံးထားတာတွေ့ရပါတယ်။ အရောင်ပါတဲ့ နှုတ်ခမ်းနီတွေအစား Lip Balm ကိုသာ ဆိုးထားပေးတဲ့ Look ပဲဖြစ်ပါတယ်။

မင်းသမီး Son ye jin ကိုယ်တိုင်ကလည်း သဘာဝအတိုင်းပဲ ပြင်ဆင်တာကြိုက်နှစ်သက်သူတစ်ယောက်ပါ။ ဆံပင်တွေကိုလည်း သဘာဝအတိုင်းဖြစ်နေတာကြိုက်ပြီး မိတ်ကပ်ကိုလည်း လိမ်းလေ့လိမ်းထ မရှိတဲ့သူတစ်ယောက်ပါ။ ရေများများသောက်လေ့ရှိပြီး Facial Mask တွေက သူမရဲ့ Favourite Skincare ပဲဖြစ်ပါတယ်။ အသက် ၃၈ နှစ်ရှိနေတာတောင် နုပျိုနေတဲ့ သူမရဲ့ လျှိူ့ဝှက်ချက်က ဘာလဲဆိုတာ သိလောက်ပြီ ထင်တယ်နော်။

, , ,

Celebrity Beauty

ဝေဖန်မှုတွေများပေမယ့်လည်း မတူထူးခြားတဲ့ ပြင်ဆင်ခြယ်သမှုတွေနဲ့ လှပနေခဲ့တဲ့ 2020 Grammy Award

Billie Eilish ရဲ့ အမိုက်စား Green Beauty Look က အစွမ်းကုန်မိုက်နေပါတယ်။

by JN Ja Seng Pan

January 28, 2020

၆၂ ကြိမ်မြောက်ကျင်းပတဲ့ Grammy ဆုပေးပွဲကြီးကတော့ ပြီးဆုံးသွားခဲ့ပါပြီ။ 2020 Grammy Award က ဝေဖန်မှုများနေပြီး ဆုရသွားတဲ့ Artist အချို့ကိုလည်း ပရိတ်သတ်တွေက မနှစ်သက်ပုံရနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Grammy ဆုပေးပွဲမှာတက်ရောက်လာတဲ့ Celebrity တွေရဲ့ Fashion တွေ၊ Makeup Look တွေကိုတော့ ချန်ထားခဲ့လို့မရပါဘူး။ Oscar ဆုပေးပွဲတုန်းက အဆင့်အတန်းမြှင့်တဲ့ Elegant Look တွေကို တွေ့ရခဲ့ပြီး Met Gala မှာတော့ Dramatic Look တွေကို မြင်တွေ့ခဲ့ရတာပါ။ 2020 Grammy Award မှာလည်း အနုပညာရှင်များစွာ တက်ရောက်တဲ့ပွဲဖြစ်သလို တစ်ကမ္ဘာလုံးက စောင့်ကြည့်နေတာမို့ အစွမ်းကုန် မိုက်နေကြတာ ငြင်းလို့မရပါဘူး။ မတူညီတဲ့ ပြင်ဆင်မှုတွေနဲ့ ကွဲပြားတဲ့ ပုံစံတွေ ပြင်ဆင်ထားတဲ့ Grammy Look တွေကို ဆက်လက် ကြည့်ရှုလိုက်အောင်နော်။

, , ,


Loading More post