ဒီဘက်နှစ်ပိုင်းတွေမှာ နိုင်ငံတကာကနေ Beauty Blogger တွေ Vlogger တွေ အများကြီးပေါ်ထွက်လာတဲ့အထဲမှာ တကယ့်ကို ထူးချွန်တဲ့ ကျွန်မတို့အာရှတိုက်သား Beauty Blogger တွေကိုလည်း မေ့ထားလို့မရပါဘူး။ Instagram နဲ့ Youtube မှာ ပရိတ်သတ်အခိုင်အမာရှိတဲ့ ကျွန်မတို့ရဲ့ သမ္ဘာရင့် မူလလက်ဟောင်း Michelle Phan ကနေ မျက်နှာသစ် စတားတွေထိအများကြီး ရှာဖွေဖော်ထုတ်ထားပါတယ်။ Western Look တွေထက် ကိုယ့်အာရှသားအချင်းချင်း ဝေမျှပေးတဲ့ နည်းလမ်းတွေ၊ အကြောင်းအရာတွေက ပိုပြီး ထိရောက်၊ အကျိူးရှိသလို အချင်းချင်း Support ရာလည်းရောက်တာမို့ Follow မလုပ်ထားတဲ့ Blogger ရှိလား? ရှိရင်တော့ အမြန်ဆုံး Follow လုပ်ပြီး လှသထက်လှအောင် ပြင်လိုက်တော့နော်။ Team Yellow တွေ Ready လား။
Michelle Phan
One & Only Michelle Pham ကတော့ တကယ့်ကို မူလလက်ဟောင်း စွန့်ဦးတီထွင်သူမို့ ဒီစာရင်းထဲ ထည့်ကိုထည့်ရမှာပါ။ ၂၀၀၈ က ဒီလို Beauty Vlogger တွေ ခေတ်မစားခင်ကတည်းက Lady Gaga Makeup Tutorial လေးနဲ့ စပြီးထိုးဖောက်ခဲ့သူပါ။ သူစလိုက်တဲ့ဒီလမ်းကြောင်းက အခုအနေအထားနဲ့ဆိုရင် တော်တော်ကြီး အောင်မြင်ခရီးရောက်ခဲ့တယ်လို့ဆိုရမှာပါ။ ဒီလုပ်ငန်းနဲ့ ဘယ်လို အသက်မွေးကြောင်းရမလဲ ဆိုတာကအစ သူမက အစပြုပုံဖော်ခဲ့တာပါ။
Patrick Starr
အလှအပစိတ်ဝင်စားသူမှန်ရင်တော့ သူကိုလည်း မသိတဲ့သူမရှိလောက်ဘူးနော်။ Filipino - American ဖြစ်တဲ့ Patrick က ၂၀၁၃ လောက်တည်းက လှုပ်ရှားနေခဲ့ပြီး YouTube ရဲ့ ပထမဦးဆုံး မိတ်ကပ်ပြင်တဲ့ ယောင်္ကျားလေးဖြစ်ခဲ့ပါတယ်။ Celebrity Look alike တွေပြင်ရင် သိပ်ကိုတူလွန်းလို့ Follower တွေအများကြီးပိုင်ဆိုင်ခဲ့တာပါ။ သီချင်းဆို၊ Producer လုပ်၊ Influener Mangement တွေလုပ်၊ Youtube မှာလည်း အမြဲ Update တွေတင်နေတဲ့ Patrick တစ်ယောက် ဘယ်လို Super Power တွေနဲ့ အလုပ်တွေ ဒီလောက်လုပ်နိုင်နေတာလဲနော်။
Nikita Dragun
Vietnames Blogger တစ်ယောက်ဖြစ်တဲ့ Nikita က သူမရဲ့ Heavy Makeup Look တွေကြောင့် လူသိများလာတာဖြစ်ပြီး သိပ်ကို လှပတဲ့ Transgender တစ်ယောက်လည်းဖြစ်ပါတယ်။ အလှအပရေးရာနယ်ပယ်မှာ LGBTQ နဲ့ ပတ်သတ်ပြီး လှုပ်ရှားနေသူဖြစ်ပြီး ကိုယ်ပိုင် Beauty Brand လည်းရှိပါတယ်။ Trans Woman တွေနဲ့ ပတ်သတ်ပြီး ဝေဖန်ခဲ့တဲ့ Victoria Secret ကို ပြန်လည်ခုံခံပြောဆိုခဲ့တဲ့အတွက်ကြောင့်လည်း လူတွေရဲ့ အားပေးမှုကို ရရှိခဲ့ပါတယ်။
Bretman Rock
Former Viner တစ်ယောက်လည်းဖြစ်သလို Beauty Blogger လည်းဖြစ်တဲ့ Filipino Bretman Rock ကိုလည်း သိကြမှာပါ။ သူ့ရဲ့ ဟာသဉာဏ်နဲ့ ပွင့်ပွင့်လင်းလင်းပြောဆိုလေ့ရှိတဲ့ Video တွေက ကြည့်ရှုသူတိုင်းကို ရယ်မောစေလို့ Follower တွေရဲ့ ချစ်ခြင်းကိုခံရသူပါ။ သူနဲ့ သူ့ညီမ Princess တို့ Collaborate လုပ်ထားတဲ့ Video တွေဆို ပါးစပ်တောင် မပိတ်ရအောင် ရယ်ရလို့ လူကြိုက်များပါတယ်။
Heart Defensor Telagaarta
Philippine မှာ မွေးဖွားကြီးပြင်းခဲ့တဲ့ Telegaarta က သူမရဲ့ Hair Video တွေနဲ့ လူသိများပါတယ်။ Shopping Haul တွေ၊ Makeup Review နဲ့ Lifestyle တွေကိုလည်း ပြသလေ့ရှိပါတယ်။ အဲ့ဒီနောက်မှာတော့ ဒီအလုပ်ကို ဆက်လက်လုပ်ကိုင်ဖို့အတွက် L.A ကို ပြောင်းရွေ့နေထိုင်ခဲ့ပြီး E.I.F နဲ့ BH Comestics စတဲ့ နာမည်ကြီး Beauty Brand တွေနဲ့ အလုပ်လုပ်ကိုင်ခွင့်ရခဲ့ပါတယ်။
Jenn Im
Korean - American ဖြစ်တဲ့ Jenn က Beauty နဲ့ Style Blogger တစ်ယောက်ပါ။ သူမရဲ့ Blog တွေက အလှအပရေးရာအပြင် ခရီးသွားတာတွေ၊ Fashion Tip တွေနဲ့ သူမရဲ့ အကြိုက်ဆုံး Product တွေအကြောင်းကို မျှဝေလေ့ရှိပါတယ်။ Skincare နဲ့ ပတ်သတ်ရင် ကျွမ်းကျင်သူလို့ လူသိများလို့ အသားအရေပိုင်းနဲ့ ပတ်သတ်ရင် သူမ Video တွေကို လက်မလွတ်ပဲ ကြည့်ရမှာပါ။
Amata Chittasenee
US နိုင်ငံဖွား Thai Blogger မလေးက Makeup Artist တစ်ယောက်လည်းဖြစ်ပြီး Too Faced Shiseido စတဲ့ ကမ္ဘာကျော် Brand တွေနဲ့ လက်တွဲလုပ်ကိုင်နေသူပါ။ သူမရဲ့ Instagram က ခရီးသွားဓာတ်ပုံတွေက အရောင်စုံစုံလင်လင်နဲ့ အမြဲလှပနေတတ်ပြီး Myanmar နိုင်ငံကိုလည်း အလည်လာခဲ့ဖူးသူလေးပါ။ Magazine တွေ Fashion Week တွေမှာ Makeup Artist အဖြစ် ကူညီပေးဖို့ အမြဲကမ်းလှမ်းခံရသူပါ။
Nabela
American Bangladeshi Vlogger ဖြစ်တဲ့ Nabela က Body Positive Activist တစ်ယောက်ဖြစ်သလို Beauty Industry က Muslim မိန်းကလေးတွေ၊ Brown Skin တွေရဲ့ စံပြဆိုလည်း မမှားပါဘူး။ သူမရဲ့ Video တွေမှာ မိသားစုဝင်တွေနဲ့ အမြဲနွေးနွေးထွေးထွေးရှိတာကို ချပတတ်လို့ ကြည့်နေတဲ့သူကို ကြည်နူးစေတာအမှန်ပါ။ ပွင့်ပွင့်လင်းလင်းနဲ့ အမြဲယုံကြည်မှုရှိသူမို့ အကိတ်မမတွေ သူမရဲ့ Instagram ကို Follow ပြီး Motivation တွေယူသင့်တယ်နော်။
Stephanie Villa
Spanish, Chinese ကပြားမလေး Stephanie က Fashion ပိုင်းမှာ အခြား Vlogger တွေနဲ့ ခွဲထွက်ပြီး ခပ်ဂေါ်ဂေါ်နဲ့မို့ ထူးခြားပါတယ်။ ခနာကိုယ်မှာ Piercing တွေနဲ့ Tattoo ဗလပွနဲ့မို့ တော်တော်လေး အထာကျမိမိုက်တဲ့သူပါ။ သူမရဲ့ Tutorial တွေက အများအားဖြင့် Colorful နဲ့ Editorial ဘက်သွားပေမယ့် မိန်းကလေးတိုင်း အပြင်မှာ လိုက်ပြီး လိမ်းခြယ်ဖို့အတွက်လည်း အဆင်ပြေနေတာတွေ့ရပါတယ်။
Promise Tamang
Makeup Transformation တွေ၊ Body Art ကို စိတ်ဝင်စားပြီး လေ့လာနေတဲ့သူတွေအတွက် Follow ထားဖို့ အရှုံးမရှိတဲ့ Vlogger တစ်ယောက်ပါ။ ကိုယ်တွေရဲ့ အိမ်နီးချင်း နီပေါနိုင်ငံက Vlogger ဖြစ်ပြီး သူမရဲ့ Tutorial တွေက အံ့သြစရာကောင်းလောက်အောင်ဖန်တီးနိုင်တာတွေ့ရပါတယ်။ Ariana Grande, Jeffree Star ကနေ Cartoon Character Nemo, Bratz Doll တွေအထိ Transform လုပ်နိုင်လို့ တော်တော်လေး Talented ဖြစ်တဲ့ သူလို့ပြောရမှာပါ။
Deepica
Beauty Industry မှာ ကျင်လည်ခဲ့တာ နှစ်တော်တော်ကြာနေပြီဖြစ်တဲ့သူပါ။ Beauty Entrepreneur, Businesswoman တစ်ဖြစ်လည်း Youtuber တစ်ယောက်လည်းအနေနဲ့လည်း ရပ်တည်နေပါတယ်။ သူမရဲ့ Tutoiral တွေက Brown Skin တွေအတွက် Highlight လုပ်ပြီး မျှဝေလေ့ရှိပြီး Positive Reaction တွေ အများအပြားရခဲ့တဲ့အတွက် ကိုယ်ပိုင် Digital Community နဲ့ Beauty Line ဖြစ်တဲ့ Tinted ကို စတင်ဖို့ဖြစ်လာခဲ့ပါတယ်။
Kim Nguyen
Vietnamese Blogger Kim ကတော့ သူမရဲ့ Bright Color Makeup Look တွေကြောင့် နာမည်ကြီးပါတယ်။ Beauty Blooger Niki ရဲ့ အခင်ဆုံးသူငယ်ချင်းထဲက တစ်ယောက်ဖြစ်ပြီး ကျောင်းတက်နေရင်းနဲ့ပဲ သူမရဲ့ Youtube Channel ကို Manage လုပ်နေခဲ့တာပါ။ သူမရဲ့ Video တွေက ကြည့်ဖူးတဲ့သူတွေသိမှာပါ။ Informative ဖြစ်ပြီး ပေါ့ပေါ့ပါးပါးနဲ့ Relax ဖြစ်တာမို့ တစ်နေကုန်ကြည့်လည်း စိတ်အပန်းဖြေစေတဲ့ ခံစားချက်ကို ရရှိစေပါတယ်။