×
Makeup

Face Mask နဲ့လည်း လှနေအောင် ခြယ်သသင့်တဲ့ မိတ်ကပ်ပုံစံများ

Mask နဲ့လည်း ထိမိုက်နေဖို့ လိုတယ်

by JN Ja Seng Pan

September 20, 2020

မိတ်ကပ်သာ ပန်းချီပညာတစ်ခုဆိုရင် Face Mask တွေက ပန်းချီကားတစ်ဝက်ကို ဖျက်စီးပစ်တဲ့ အရာတစ်ခုဖြစ်မှာပါ။ Covid ကြောင့် အပြင်ထွက်မယ်ဆိုတာနဲ့ Mask အမြဲတပ်နေရတဲ့တော့ နှုတ်ခမ်းနီတွေ Highlighter တွေကို စိတ်မကောင်းစွာနဲ့ တာတာ့ပြနှုတ်ဆက်နေရမှာပါ။ အလှလည်း ကောင်းကောင်းမပြင်ရလို့ စိတ်ညစ်နေတဲ့ ပျိူမေလေးတွေအတွက် Mask တပ်ထားလည်း လန်းနေစေမယ့် Look လေးတွေ မျှဝေပေးချင်ပါတယ်။ Mask တပ်ထားလည်း တို့က ဂေါ်ဂေါ်ပဲလို့ ဂုဏ်ဆာလိုက်ရအောင်။

Dewy Eye Look

Dewy Look ကတော့ ခေတ်စားတာတော်တော်ကြာပြီဖြစ်ပေမယ့် ခုချိန်ထိ လူကြိုက်များနေတုန်းပါ။ Mask တပ်ထားတဲ့အချိန်ဆိုတော့ Dewy Eye Look လေးခြယ်သကြည့်ပါ။ ပိုပြီးလင်းလင်းလက်လက်နဲ့ ဆွဲဆောင်မှုပိုစေမှာပါ။


Bright Eye Look

ဒီ Look လေးက ဆယ်ကျော်သက်ကောင်မလေးတွေနဲ့ ပိုလိုက်ဖက်မှာပါ။ မုန့်သွားဝယ်ရင်ပဲဖြစ်ဖြစ် ပျင်းပျင်းရှိရင် ဒီ Look လေးခြယ်သသွားကြည့်။ ညစ်နေတဲ့စိတ်ကို နည်းနည်းတော့ လန်းဆန်းသွားစေမှာပါ။


Pink Paradise

မိတ်ကပ်ပြင်တာ ဆရာမကြီးတွေဖြစ်နေတဲ့ ကောင်မလေးတွေ ဒီ Look လေးကို Try ကြည့်သင့်တယ်နော်။ ပုံမှန်ထသွားထလာ Look ထက် ထူးခြားပြီး Fashion ကျကျ ဝတ်တတ်တဲ့ ကောင်မလေးတွေနဲ့ အလိုက်ဖက်ဆုံးဖြစ်မှာပါ။


Dramatic Eyeliner

မျက်လုံးတွေပဲ ပေါ်နေမယ့်အချိန်လေးဆိုတော့ Wing Eyeliner တစ်ကြောင်းဆွဲလိုက်တာကလည်း ထိမိနေစေမှာပါ။ ပုံမှန် Eyeliner တွေရိုးနေပြီဆိုရင်တော့ ဒီ Look လေးက တစ်မျိူးဆန်းသစ်နေမှာပါ။


90 Blues

80, 90s စတိုင်တွေ ပြန်ခေတ်စားလာတဲ့အချိန် Mask တွေတပ်ထားနေရင်တောင်မှ Retro Vibe ကို ဖန်တီးနိုင်ပါတယ်။ အပြာရောင် အရင့်ဆုံးကို Outer Crease မှာ ခြယ်သပြီး ခပ်ဖျော့ဖျော့ Shimmer Blue ကို မျက်ခွံအလည် တည့်တည့်မှာ ခြယ်သလိုက်ပါ။ Mascara ပါးပါးလေး ခြယ်သပြီးမှာတော့ အမိုက်စား Eye Look တစ်ခုကို ရရှိမှာပါ။

, ,
Makeup

ငယ်ငယ်တုန်းက ကြည့်ခဲ့တဲ့ ကာတွန်းတွေကို တစ်ပုံစံတည်းတူအောင် လိမ်းခြယ်နိုင်တဲ့ ကောင်မလေး

တော်လိုက်တာ

by JN Ja Seng Pan

September 2, 2020

မိတ်ကပ်ကျောင်းတွေ မတက်ပဲ မိတ်ကပ် Creation တွေကို ကောင်းကောင်းလိမ်းနိုင်တဲ့ Artist လေးက Annie Thomas ဖြစ်ပါတယ်။ ရှေ့နှစ်ပိုင်းကတည်းက Tik Tok မှာ လူကြိုက်များတဲ့ Cartoon Character ပုံတွေကို ပုံဖော်နေခဲ့တာပါ။

Rugrats ဆိုတဲ့ ကာတွန်းကားလေးထဲက Cynthia ဆိုတဲ့ Character ကို Cosplay လုပ်အပြီးမှာတော့ Social Media မှာတော်တော်လေး သတိထားမိလာခဲ့တာပါ။ နာမည်ကြီး Youtube Makeup Aritst တစ်ယောက်ဖြစ်တဲ့ Nikkie တောင်မှ သူမရဲ့ Page ကို Share ပြီး Support လုပ်ခဲ့တာပါ။ အဲ့ဒီအချိန်ကတည်းက Cartoon Inspried Look တွေကို ဖန်တီးနေခဲ့တာဖြစ်ပြီး Tik Tok မှာ 1.2 M Follower ရှိပါတယ်။

သူမရဲ့ မိတ်ကပ်လိမ်းခြယ်ပုံနဲ့ ပတ်သတ်ပြီးတော့လည်း Sketch လုပ်ဖို့အတွက် Eyeshadow တွေကို သာအသုံးပြုပြီး အဆင်ပြေသလို ဖြည့်စွက် ခြယ်သလိုက်တာပါတဲ့။ အဆင့်လိုက်သွားတဲ့ပုံစံမဟုတ်ပဲ စိတ်ထဲမှာ အဆင်ပြေသလို ခြယ်မှုန်းလေ့ရှိတာပါ။ ပုံတစ်ပုံလိမ်းခြယ်ဖို့အတွက် အချိန်သုံးနာရီကနေ ငါးနာရီကြား ယူရပြီး Monster Inc က Boo Character အတွက် ၁၂နာရီကြာ ပြင်ဆင်ရပါတယ်။

သင်တန်းတွေ မတက်ထားလည်း ကိုယ်တိုင်ကြိုးစားအားထုတ်ရင် ဖြစ်နိုင်တယ်ဆိုတာ Annie က သက်သေပြနေပါတယ်။

, , ,

Makeup

Cosmetic Line တွေနဲ့ အလှအပအင်ပါယာကိုနယ်ချဲ့ကြတဲ့ Celebrity မမများ

Team RiRi လား၊ Team Selena လား၊ Team Kylie လား

by May Shoon

September 2, 2020

Selena Gomez ကတော့ မနေ့ကပဲ သူရဲ့ ကိုယ်ပိုင် Beauty Product Line “Rare Beauty” ကို Sephora နဲ့ rarebeauty.com ကနေဝယ်ယူနိုင်ပြီဖြစ်ကြောင်း Announce လုပ်လိုက်ပါတယ်။ မိန်းကလေးတွေအတွက်တော့ လိုချင်စဖွယ် Product Line တစ်ခုထပ်တိုးလာပြန်ပြီပေါ့။ Selena ရဲ့ Personality နဲ့ Taste ကိုပေါ်လွင်စေတဲ့ ဒီ Rare Beauty Collection မှာ Foundation၊ Highlighter ကစလို့ Lip Balm အထိ Product Range ကတော်တော်စုံလင်တယ်လို့ပြောရမှာပါ။ Rare Beauty ရဲ့ Mission ကလည်း “မိန်းကလေးတိုင်းအနေနဲ့ စစ်မှန်တဲ့ အလှတရားဆိုတာ မိမိရဲ့ ကိုယ်ပိုင်ဖြစ်တည်မှုကို လက်ခံတာဖြစ်ပြီး ကိုယ့်ရဲ့ ထူးခြားမှုလေးတွေကို Embrace လုပ်ချင်တယ်။ ပြီးတော့ မိန်းကလေးတိုင်းက လှပတယ်ဆိုတာကို လက်ခံပြီး အပြန်အလှန်ဖေးမကူညီဖို့ ဆိုတဲ့ Mission လေးနဲ့ ပြုလုပ်ခဲ့တာပါလို့ Selena ကဆိုပါတယ်။
Selena တစ်ယောက်တည်းတင်မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်အနည်းလောက်ကစပြီး အနုပညာရှင် Celebrity တွေက သူတို့ရဲ့ Professional Career အပြင် တခြား Own Label နဲ့ Product တွေထုတ်လုပ်လာကြတယ်။ အထူးသဖြင့် Fashion နဲ့ Beauty Industry တွေမှာပေါ့။
အမျိုးသမီး Celebrity တွေအနေနဲ့ကလည်း သူတို့ရဲ့ ကိုယ်ပိုင်နာမည်နဲ့ Cosmetic Line တွေက Beauty and Drugstore Industry မှာပါ နေရာယူလာကြတာတော့ အမှန်ပဲ။
ကဲဒါဆို ဘယ်အနုပညာရှင် Celebrity မမတွေက ကိုယ်ပိုင် Cosmetic Line တွေနဲ့ Business နယ်ချဲ့နေလဲဆိုတာ ကြည့်လိုက်ရအောင်။


Kylie Cosmetics by Kylie Jenner
Kyile ကို Billionaire ဖြစ်အောင်ပြုလုပ်ပေးခဲ့တဲ့ထဲမှာ Kyile Cosmetics ကထိပ်ဆုံးကပါပါတယ်။Kylie Lip Kit ဆိုတဲ့ နာမည်နဲ့လူသိများခဲ့ပေမယ့် ၂၀၁၆ မှာတော့ Kylie Cosmetics ဆိုပြီး Brand နာမည်ကိုပြောင်းလဲခဲ့ပါတယ်။ Kyike Cosmetics ရဲ့ Hot အဖြစ်ဆုံး Product က Matte Lip Cream နဲ့ Lip Liner တွေဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ Kylie Skin ဆိုပြီး Skin Care Line ကိုပါထပ်ပြီး တိုးချဲ့ခဲ့ပါတယ်။


Fenty Beauty by Rihanna
Riri ရဲ့ Fenty Beauty ကိုတော့ မသိတဲ့ မိန်းကလေးမရှိသလောက်ပါပဲ။ စတင်ထွက်ရှိတဲ့ အချိန်ကစပြီး အခုထိ ရောင်းအားကောင်းလွန်းတဲ့ Beauty Brand ပါ။ Fenty Beauty မှာတော့ Foundation နဲ့ Concealer Line မှာ အသားအရည်တိုင်းနဲ့သင့်တော်အောင် Shades 40-50 ကျော်ထိထုတ်လုပ်ထားပြီး Fenty Gloss Bomb ကလည်း အရမ်း လူကြိုက်များပါတယ်။


Victoria Beckham Beauty
Victoria ကလည်း သူမရဲ့ Business ကို Fashion Line မှာတင်မက Beauty line အထိပါချဲ့ထွင်လာပါပြီ။ Skin Care ရော Cosmetic ပါရရှိနိုင်တဲ့ သူ့ရဲ့ Victoria Beckham Beauty မှာ Eyeshadow Palette၊ Primer၊ Moisturizer နဲ့ Serum တွေကို $28 ကနေ $200 ကျော်ထိ အစားစား ဝယ်ယူနိုင်ပါတယ်။


Florence by Mills by Millie Bobby Brown
ချစ်စရာကောင်းတဲ့ ကောင်မလေး Millie Bobby Brown ကလည်း သူ့ရဲ့ Florence by Mills ကို August 2019 တုန်းက Launched လုပ်ခဲ့ပါတယ်။ အရမ်းမိုက်တဲ့ ကာလာ Packaging လေးတွေနဲ့ထွက်ရှိထားပြီး Cosmetics အပြင် Masks ၊ Face Mist၊ Face Wash တို့လို Skin Care တွေလည်း ပါပါတယ်။


Haus Laboratories by Lady Gaga
Fashion Queen ကြီး Lady Gaga ကလည်းသူ့ရဲ့ Edgy ဖြစ်တဲ့ Make-Up Look တွေကို အားလုံးပါလိုက်ပြင်ကြည့်လို့ရအောင် Haus Laboratories ကို မိတ်ဆက်ပေးလိုက်ပါပြီ။ Dramatic Look ပြင်ရတာကြိုက်တဲ့ ပျိုမေတို့ အကြိုက်တွေ့စေမယ့် Shades တွေအများကြီးပါဝင်ပါတယ်။


KKW Beauty by Kim Kardashian West
ညီမဖြစ်သူ Kyile လိုပဲ Kim Kardashian မှာလည်း ကိုယ်ပိုင် Beauty Label KKW Beauty ရှိပါတယ်။ ဒီ KKW Beauty Product Line မှာလည်း Kylie လိုပဲ Fragrance တွေ၊ Cosmetics တွေပါဝင်သလို ညီအစ်မနှစ်ယောက်ရဲ့ Brand ကို Collab လုပ်ပြီးတော့လည်း KKW x Kylie Limited Editon ဆိုပြီးလည်း Collection ထုတ်လုပ်ထားပါတယ်။


Honest Beauty by Jessica Alba
Hollywood မင်းသမီး Jessica Alba ရဲ့ Honest Beauty က ၂၀၁၁ မှာ တည်ထောင်ခဲ့တာဖြစ်ပြီး Initial Product ကတော့ Non-Toxic Baby Wipes နဲ့ Diapers တွေကိုစတင်ထုတ်လုပ်ခဲ့တာပါ။ နောက်ပိုင်းမှ Make-Up နဲ့ Beauty Line ဘက်ကို Expand လုပ်လာတာပါ။ Honest Beauty ရဲ့ Best Seller တွေကတော့ Liquid Lipstick၊ Facial Oil၊ Liquid Eyeliner နဲ့ Mascara ပါတဲ့။


Kora Organics by Miranda Kerr
Top Model တွေထဲကတစ်ဦးဖြစ်တဲ့ Australian Model Miranda Kerr ကလည်း ၁၈ လတာ Nutrition and Health Psychology ပညာရပ်ကို သင်ယူပြီးနောက် ၂၀၀၉ မှာ Kora Organics Skin Care Brand ကို တည်ထောင်ခဲ့ပါတယ်။ ဆယ်စုနှစ်တစ်ခုတာကြာပြီးနောက်မှာတောင် Kora Organics ကအောင်မြင်နေဆဲဖြစ်ပြီး US Sephora မှာရရှိနိုင်ပါတယ်။

Flower Beauty by Drew Barrymore
၂၀၁၃ မှာစတင်ထုတ်လုပ်ခဲ့တဲ့ Drew Barrymore ရဲ့ Flower Beauty Brand ကတော့ Sustainable ဖြစ်တဲ့ Cruelty-Free Cosmetic Line လို့ပြောရမှာပါ။ ဘာလို့လဲဆိုတော့ သူရဲ့ Cosmetic တွေကို Animal Tested မလုပ်ထားတဲ့ Products တွေမို့ပါ။ စစထုတ်လုပ်တုန်းကတော့ Walmart မှာရရှိနိုင်ပြီး ၂၀၁၈ မှာတော့ Ulta နဲ့ Brand Partner ဖြစ်လာခဲ့ပါတယ်။

 

, ,

Makeup

မျက်ကပ်မှန်အရောင်နဲ့ လိုက်ပြီး ရွေးချယ်သင့်တဲ့ Eye Shadow ခြယ်သနည်းများ

ဒီလိုလေး ခြယ်မှ ပိုလိုက်ဖက်မှာပေါ့။

by JN Ja Seng Pan

September 1, 2020

ကောင်မလေးတွေကြားမှာ မျက်ကပ်မှန်လေးတွေက ရေပန်းစားတဲ့အလှအပပစ္စည်းလေးတစ်ခုပါ။ Brand မျိုးစုံ၊ အရောင်မျိူးစုံနဲ့ စိတ်ကြိုက်ရွေးပြီး တပ်လို့ရတဲ့ခေတ်ဖြစ်နေပါပြီ။ မျက်ဝန်းလေးတွေကို ပိုပြီး ဝင့်ဝင့်လေးနဲ့ လှစေတဲ့အတွက် အသည်းစွဲဖြစ်နေတာလည်း မဆန်းပါဘူးနော်။ ဒီမျက်ကပ်မှန်လေးတွေ တပ်လို့ရှိရင် ပိုပြီးထင်းလင်းနေစေဖို့ Eye Makeup လေးတွေကလည်း ခြယ်သဖို့လိုပါတယ်။ အရောင်ပါတဲ့ မျက်ကပ်မှန်တွေ တပ်လို့ရှိရင် ခြယ်သတဲ့ Eye Shadow တွေကိုလည်း လိုက်ဖက်အောင် ရွေးချယ်သင့်ပါတယ်။ ဒါမှ မျက်ဝန်းတစ်စုံနဲ့ ဆွဲဆောင်နိုင်တဲ့ အမိုက်စား ကောင်မလေးအသွင်ဖြစ်နေမှာပေါ့။

အပြာ


တပ်မယ့် မျက်ကပ်မှန်က အပြာရောင်ဆိုရင်တော့ Smokey Eye Look နဲ့ လိုက်ဖက်နေမှာပါ။ အရောင်ရင့်ရင့်နဲ့ အပြာရောင်လဲ့လဲ့ ပေါင်းစပ်မှုက မျက်လုံးကို ပိုပြီးပေါ်လွင်စေပြီး ထင်းလင်းနေမှာပါ။

 

အစိမ်း

အစိမ်းရောင် မျက်ကပ်မှန်တွေတပ်မယ်ဆိုရင် အနီရောင် Eyeshadow တွေက နေမကောင်း၊ ပင်ပန်းတဲ့ပုံပေါက်စေလို့ ရှောင်ရမှာပါ။ အဲ့ဒီအစား ခရမ်းရောင် နဲ့ ပန်းရောင်ဖျော့ဖျော့တွေက ဆွဲဆောင်မှုပိုနေစေမှာပါ။

 

အညို

အညိုရောင်ကတော့ လူတော်တော်များများရွေးချယ်တဲ့အရောင်လေးတစ်ရောင်ပါ။ ဒါပေမယ့် မိတ်ကပ်လိမ်းခြယ်ဖို့အတွက်ဆိုရင် အခြားအရောင်တွေထက် လိမ်းခြယ်ဖို့ ခက်တတ်ပါတယ်။ အညိုမှာတောင် အညိုရင့်၊ အညိုဖျော့ စသဖြင့် ရှိတာကြောင့် မိတ်ကပ်အရောင်ကိုလည်း အညိုခပ်များများခြယ်သတာက အကောင်းဆုံးဖြစ်မှာပါ။ အဝါရောင်နဲ့ အခြားခပ်လင်းလင်းအရောင်တွေက မျက်ဝန်းကို ပိုပြီး လင်းလက်စေမှာပါ။

 

မီးခိုးရောင်

မီးခိုးရောင် Contact Lens တွေနဲ့ လိုက်ဖက်မှုအရှိဆုံးအရောင်တွေကတော့ လိမ္မော်ရောင်ဘက်သွားတဲ့ ကာလာတွေပါ။ Neutral Brown၊ Salmon၊ Copper၊ Peach နဲ့ Bright Orange တွေကို ရွေးချယ်နိုင်ပါတယ်။ ခပ်ဖျော့ဖျော့ Blue Shimmer Eyeshadow ကလည်း မျက်ဝန်းတွေကို ဆွဲဆောင်မှုပိုစေမှာပါ။ Natural Look အတွက်ဆိုရင်တော့ Coral အရောင်က သင့်တော်မှာပါ။

, ,

Makeup

အသားညိုတဲ့ကောင်မလေးတွေနဲ့ အလိုက်ဖက်ဆုံးနှုတ်ခမ်းနီအရောင်များ

ဘယ်အရောင်လေးတွေဖြစ်မလဲ။

by JN Ja Seng Pan

July 28, 2020

အသားဖြုမှ လှတဲ့ခေတ်မဟုတ်တော့ဘူးနော်။ ညိုညိုလေးတွေကမှ တကယ့်ကို ကြည့်ကောင်းပြီး ဆွဲဆောင်မှုရှိတာ ကိုယ်တွေ့။ ဒါပေမယ့် ဘယ်လိုအသားအရောင်မဆို ကိုယ်နဲ့ လိုက်ဖက်နေတတ်တဲ့ အရောင်တွေကလည်းရှိနေပြန်တော့ အရောင်ရွေးချယ်မှုက အရေးကြီးသွားပြန်ရော။ မိန်းကလေးတိုင်းရဲ့ အလှကို ပံ့ပိုးပေးတဲ့ Lipstick တွေမှာ ဒီလိုရွေးချယ်မှုလေးတွေလုပ်တော့ အလှပိုစေတာပေါ့။ အသားညိုတဲ့ကောင်မလေးတွေ ကိုယ်နဲ့ လိုက်ဖက်တဲ့နှုတ်ခမ်းနီအရောင်ကို ရှာမတွေ့ဘူးဖြစ်နေလား။ ဒါမှမဟုတ်ဆိုးလိုက်တိုင်း မလိုက်ဘူးထင်နေရတဲ့ ခံစားချက်တွေပျောက်သွားစေဖို့ အခုဖော်ပြပေးမယ့်အချက်လေးတွေက အသုံးဝင်မှာအသေအချာပဲနော်။

Copper Brown



အသားညိုတဲ့ကောင်မလေးတွေအတွက် ဆွဲဆောင်မှုကောင်းနေစေမယ့် အရောင်လေးပါ။ Copper Brown အနုပဲဖြစ်ဖြစ် အရင့်ပဲဖြစ်ဖြစ် အသားရောင်နဲ့ လိုက်ဖက်လှပြီး မျက်နှာကိုလင်းစေပါတယ်။ ဘယ်လိုပွဲအခမ်းအနားဖြစ်ဖြစ်၊ အင်္ကျီပုံစံနဲ့ ဖြစ်ဖြစ် အဆင်ပြေနေစေမယ့် အရောင်ပါ။


Red



Red ကတော့ တစ်ကမ္ဘာလုံးမှာရှိတဲ့ မိန်းကလေးတိုင်းနဲ့ လိုက်ဖက်တဲ့အရောင်ပါ။ အထူးသဖြင့် အသားညိုတဲ့ကောင်မလေးတွေနဲ့ ဆို ပိုပြီးဆွဲဆောင်မှုပိုစေပါတယ်။ နှုတ်ခမ်းလေး ဖူးဖူးကြွကြွလေးဖြစ်သွားစေဖို့ နှုတ်ခမ်းအလယ်မှာ Glitter နည်းနည်း တို့လို့ရပါတယ်။ အနီရောင်ဆိုးရာမှာကို လက်မတွန့်ပဲ ယုံကြည်မှုရှိရှိနဲ့ ဆိုးလိုက်ပါ။


Rose Pink



နှင်းဆီရောင်ဆိုတာက အသားညိုတဲ့ကောင်မလေးတွေအတွက် အထူးသီးသန့်ပါ။ Coral Pink နဲ့ Rose Pink တို့လို Cream Shade, Light Shade တွေကအစ ရွေးချယ်နိုင်ပါတယ်။ Rose pink အရောင်အမျိူးမျိုးကို ထသွားထလာလား၊ မိန်းကလေးဆန်ဆန်လား Mood အလိုက် ပြောင်းလဲနိုင်ပါတယ်။


Taupe



အသားလေးညိုစိမ့်စိမ့်ဖြစ်မှ Taupe က ပိုပြီးအရောင်တက်တာပါ။ ညိုချောလေးတွေရဲ့ အိတ်ထဲမှာ မဖြစ်မနေ ဆောင်ထားသင့်တဲ့ အရောင်ဆိုလည်းမမှားပါဘူး။


Fuchsia

အသားညိုလို့ ဒီအရောင်ကို မဆိုးရဲစရာ အကြောင်းကိုမရှိဘူးနော်။ အံ့သြစရာကောင်းလောက်အောင် အညိုစင်လေးနဲ့ တော်တော်လေးကို လိုက်ဖက်တဲ့အရောင်ပါ။ မျက်နှာကို လင်းသွားစေပြီး ရဲရင့်တက်ကြွတဲ့ ကောင်မလေးအသွင်ဖြစ်စေလို့ ဒီအရောင်လေးက Must Try ပါ။


Chocolate Brown



Copper Brown နဲ့ ဆင်သလို ထင်ရပေမယ့် သပ်သပ်စီပါနော်။ Copper Brown က နည်းနည်းလင်းပြီး Choco Brown ကတော့ ခပ်ရင့်ရင့်၊ ခပ်မှောင်မှောင်ပုံစံကို သွားပါတယ်။ အညိုစင်လေးနဲ့ လိုက်ဖက်တဲ့ ခပ်မိုက်မိုက်အရောင်ပါ။ ပဲသိပ်မများချင်တဲ့နေ့တွေမှာ ဒီအရောင်လေးကိုသာ ဆိုးလိုက် သိပ်အားထုတ်စရာမလိုပဲ အလိုလိုမိုက်နေတဲ့ Look ကိုပေးမှာပါ။


Nude



အရောင်ရင့်ရင့်တွေမကြိုက်ဘူး..ရိုးရိုးရှင်းရှင်း Soft ဖြစ်တဲ့ ပုံစံပဲသွားချင်ရင်တော့ Nude ကာလာက အကောင်းဆုံးရွေးချယ်မှုပါ။ တစ်ခုသတိထားရမှာက အရမ်းဖျော့တော့တဲ့ Nude Color ကို မရွေးချယ်မိဖို့ပါ။ ဆိုးတဲ့အခါမှာလည်း Bronze Color Lip Liner နဲ့ အရင်ဆုံး Line ဖော်ပြီးမှ ဆိုးပေးပါနော်။

, , ,

Makeup

နိုင်ငံတကာက အလှကုန်တွေနဲ့ ယှဉ်လို့ရတဲ့ မြန်မာလူမျိုးတွေရဲ့ Cosmetics Brand များ

ကိုယ့်နိုင်ငံသားတွေရဲ့ Brand လေးတွေ

by JN Ja Seng Pan

July 1, 2020

Cosmetics တွေဆိုတာက မိန်းကလေးတွေအတွက် အလှအပမှာ အထောက်အကူပြုတဲ့ ပစ္စည်းလေးတွေပေါ့။ အရင်တုန်းကဆို နှုတ်ခမ်းနီ၊ Eyeshadow တွေကို နိုင်ငံခြားကနေ တကူးတကလူကြုံနဲ့ မှာဝယ်တဲ့အချိန်တွေရှိခဲ့ပါတယ်။ နောက်ပိုင်း Cosmetics Brand တွေ ဝင်လာတဲ့အချိန်မှာတော့ အလွယ်တကူအသုံးပြုလာရတဲ့ဆိုပေမယ့် ဈေးနှုန်း၊ အသားအရောင်နဲ့ ရာသီဥတုမကိုက်ညီတဲ့အချိန်မှာ ဝယ်လိုက်လည်း အရာမထင်တာတွေကြုံဖူးကြမှာပါ။ မြန်မာနိုင်ငံမှာလည်း ကိုယ်ပိုင် Brand တွေနဲ့ Beauty Product တွေထုတ်လာတာနဲ့ အမျှ မြန်မာမိန်းကလေးတွေအတွက် ရွေးချယ်စရာပိုမိုများပြားလာပြီး အကြိုက်တွေ့လာတာတွေ့ရပါတယ်။ ပြည်တွင်းက Beauty Brand တွေထဲကမှ နိုင်ငံတကာက Product တွေနဲ့ ယှဉ်နိုင်တဲ့ Product တွေကလည်း အများကြီးမို့ ကိုယ့်နိုင်ငံက ထုတ်ကုန်လေးကိုအားပေးပြီး အလှပိုနိုင်ကြပါစေနော်။

Pantra Beauty



Glass Skin လိုချင်တဲ့ သူတွေအတွက် Pantra Beauty က Bare Tone Up Cream လေးက တကယ့်ကို Effective ဖြစ်စေပါတယ်။ သူက ရှိရင်းစွဲအသားအရောင်ကို Tone Up လုပ်ပေးလိုက်တာမို့ ဒါလေးလိမ်းထားရင် ပြောင်ပြောင် ကြည်ကြည်လေးနဲ့ မျက်နှာလေးကြွနေစေမှာပါ။ SPF 30 Plus ပါဝင်လို့ နေရောင်ခြည်ကာကွယ်သလို Primer အနေနဲ့ သုံးလို့ရတာမို့ အချိန်မကုန်ပဲ All in One အဆင်ပြေစေမှာပါ။ သူ့ဆီက Li Tint လေးကလည်း ပါးနီ၊ နှုတ်ခမ်းနီနဲ့ Eyeshadow အဖြစ်အသုံးပြုလို့ရတာမို့ တစ်ချောင်းရှိရုံနဲ့ အဆင်ပြေတာပေါ့။ Lip Crayon လေးလည်း လူကြိုက်များတယ်နော်။


Hearty Heart




Hearty Heart ကတော့ အထူးတလည် မိတ်ဆက်ပေးစရာမလိုဘူးထင်ပါတယ်။ ဈေးနှုန်းသင့်တင့်ပြီး လူငယ်မိန်းကလေးတွေကြားမှာ ရေပန်းစားနေတဲ့ Brand လေးလို့ ပြောလို့ရပါတယ်။ ကျွန်မအတွက်ကတော့ Packing တွေကချစ်စရာကောင်းလွန်းလို့ သဘောမကျပဲမနေနိုင်ပါဘူး။ Eyeliner နဲ့ Eyeshadow Stick တွေကတော့ တော်တော်ကြီးကိုကောင်းလို့ Recommend ပေးချင်ပါတယ်နော်။


Body Body Myanmar




BodyBody Myanmar ကတော့ MODA Woman အဖြစ်ဖော်ပြဖူးတဲ့ မ Opal Aye ရဲ့ Brand လေးပါ။ Orangic ပစ္စည်းတွေနဲ့ ပြုလုပ်ထားတာမို့ ယုံကြည်စိတ်ချစွာအသုံးပြုနိုင်ပါတယ်။ ဒီ Brand လေးထဲက Body Oil နဲ့ Moroccan Exfoliating Soap က လူကြိုက်များတာမို့ Try ကြည့်သင့်ပါတယ်။ ရေဓာတ်ပြည့်ပြီး စိုေုပြတဲ့အသားအရေအတွက် Body Oil လေးကို ညအိပ်ခါနီးလိမ်းအိပ်လိုက်ရုံနဲ့ စိတ်ကျေနပ်မှုအပြည့်ပေး.မ့် ရလဒ်ကိုပေးမှာပါ။ Organic Vrigin Coconut Oil Organic Shea Butter နဲ့ Grape Seed Oil Sweet Almond Oil တွေပါဝင်တာမို့ အသားအရေအတွက် ဘယ်လောက်တောင်ကောင်းမလဲဆိုတာ စဉ်းစားကြည့်ရုံနဲ့ သိမှာပါ။ အပြင်ထွက်ခါနီး အသားအရေပြောင်တောက်နေမို့အတွက်လည်း ဒီတိုင်းလိမ်းသွားလို့ရတယ်နော်။ 


Bella




Bella ကိုလည်း မြန်မာနိုင်ငံက အလှအပကြိုက်တဲ့မိန်းကလေးတိုင်းနဲ့ ရင်းနှီးနေမယ့် Brand လေးပါ။ ထိပ်တန်းမင်းသမီးတွေနဲ့ တွဲတွေ့ရတတ်တဲ့ Brand မို့ အားပေးမှုများတဲ့ Brand လို့လည်းပြောလို့ရပါတယ်။ Bella က အကြိုက်ဆုံး Product ဆိုရင် Makeup Remover လို့ပြောလို့ရပါတယ်။ Bella Love Water က ဖျက်ပြီးတာနဲ့ အသားအရေတကယ့်ကို သန့်စင်သွားပြီး Skincare မသုံးပဲနဲ့ကို ကြည်ကြည်တောက်တောက်လေးဖြစ်စေတာမို့ Must Try ပါ။ ဒီတစ်လောကမှ ထွက်ထားတဲ့ Lip Pouch လေးက ပေါ့ပေါ့ပါးပါးနဲ့ သယ်ရလွယ်ကူပြီး ပေးရတဲ့ ဈေးနဲ့ ပိုတန်နေတာမို့ Lipstick ချစ်သူတွေ အကြိုက်တွေ့အုံးမှာပါ။


Burmese Dream




မြန်မာလူမျိူး၊ မြန်မာအမျိုးသမီး ထုတ်ထားတဲ့ 100% Vegan Brand လေးပါ။ Vegan Friendly ဖြစ်လို့ သားသတ်လွတ်စားတဲ့သူတွေအတွက် အသင့်တော်ဆုံးဖြစ်မှာပါ။ Cruelty Free ဖြစ်လို့ တိရစ္ဆာန်တွေအပေါ်မှာ စမ်းသပ်ထားတာမရှိတဲ့ Brand လေးမို့ ဒီလို Brand လေးတွေကို များများအားပေးဖို့ တိုက်တွန်းချင်ပါတယ်။ Burmese Dream ရဲ့ Lipstick တွေရဲ့ ထူးခြားချက်နောက်တစ်ခုကတော့ မြန်မာအငွေ့အသက်တွေနဲ့ ပေးထားတဲ့ နှုတ်ခမ်းနီအရောင် နာမည်လေးတွေပါ။ မုန့်ဟင်းခါး၊ မန္တလေး၊ ပုဂံစတဲ့ နာမည်လေးတွေသုံးထားတာမို့ နိုင်ငံခြားက ကိုယ့်သူငယ်ချင်းတွေကိုလည်း လက်ဆောင်ပေးပြီးတော့ မြန်မာနိုင်ငံကို မိတ်ဆက်ပေးလို့ရတာပေါ့။


Sai Cosmetix



ပျိူမေတွေအသည်းစွဲ အဆိုတော်၊ မင်းသား စိုင်းစိုင်းရဲ့ Brand လေးပါ။ စိုင်းစိုင်းကိုချစ်တဲ့ ကောင်မလေးတွေနဲ့တော့ စိမ်းမှာ မဟုတ်ပေမယ့် မသုံးကြည့်ရသေးတဲ့ ကောင်မလေးတွေလည်း Try ကြည့်သင့်ပါတယ်။ ဒီ Brand လေးထဲက Sai Mask ကတော့ နာမည်ကြီးပြီး တော်တော်ကောင်းတဲ့အပြင် အခြား Product လေးတွေကလည်း Quality ကောင်းကောင်းလေးနဲ့ စနစ်တကျထုတ်လုပ်ထားတာ တွေ့ရပါတယ်။ Beauty Blender လေးကလည်း Blend လို့အရမ်းကောင်းလို့ Foundation လိမ်းတိုင်း ညီညီသိပ်သိပ်လေးဖြစ်စေမှာပါ။


Moezy by Moe Set Wine



Super Model မိုးစက်ဝိုင်ရဲ့ Brand လေးပါ။ ဒီထဲမှာ ကျွန်မ Recommend အပေးချင်ဆုံး Product လေးက Thanakha Sun Gel လေးပါ။ သုံးဖူးတဲ့သူတိုင်း Satisfied ဖြစ်တဲ့ Product လေးဆိုလည်း မမှားပါဘူး။ Gel Type မို့ အသားမှာ စေးကပ်ကပ်ဖြစ်မနေပဲ သနပ်ခါးပါဝင်တာကြောင့် Cooling Effect နဲ့ အသားထဲစိမ့်ဝင်လွယ်စေပါတယ်။ အသားအရေကို အစိုဓာတ်ဖြည့်တင်းပေးပြီး ပြာသွားတာ၊ ဖြုသွားတာမဖြစ်လို့ ယောင်္ကျားလေးအတွက်ကော မိန်းကလေးအတွက်ပါ သင့်တော်ပါတယ်။


Super Red Cosmetics



အသံပါဝါအားကောင်းကောင်းနဲ့ ဆိုတတ်တဲ့ အဆိုတော်မလေး နီနီခင်ဇော် ပုံဖော်ထားတဲ့ Brand လေးပါ။ Cosmetics Brand ဆိုတဲ့အတိုင်း Product စုံစုံလင်လင်ရှိပြီး သုံးလို့တော်တော်လေးအဆင်ပြေတာတွေ့ရပါတယ်။ Super Red ရဲ့ Signature Packing ကတော့ လူတိုင်းအတွက် ဆွဲဆောင်မှုတစ်ခုဖြစ်စေမှာပါ။ မြန်မာမှုကိုမှ Vintage Style နဲ့မို့ ခေတ်ဟောင်းအသုံးအဆောင်ပစ္စည်းလေးတစ်ခုကို သုံးနေရသလို ခံစားရမှာပါ။

 

, ,

Makeup

သင်အကြိုက်ဆုံး Cosmetics အရောင်က ပြောတဲ့ သင့်အကြောင်း

ဘယ်အရောင်ကို အကြိုက်ဆုံးလဲ။

by JN Ja Seng Pan

June 25, 2020

Beauty Diary ဖြစ်ဖြစ်၊ Cosmetics Counter မှာဖြစ်ဖြစ် ကိုယ့်စိတ်ကြိုက် နှုတ်ခမ်းနီအရောင်ကို စိတ်တိုင်းကျ စိမ်ပြေနပြေရွေးကြတဲ့သူတွေကြီးပဲဟုတ်။ ဝယ်လိုက်ပြီးတော့လည်း အိမ်မှာရှိတဲ့ အရောင်တွေနဲ့ ထူးမခြားနားဖြစ်တဲ့ အချိန်တွေ မိန်းကလေးတိုင်းမှာ ရှိမှာပါ။

Eyeshadow Palette မှာ အရောင်အများကြီးရှိနေတာတောင်မှ ကိုယ်သုံးနေကျအရောင်လေးက သိသိသာသာလျော့နေတတ်တာထုံးစံပါ။ လူတိုင်းမှာ အကြိုက်ဆုံးအရောင်ဆိုတာ ရှိတတ်ကြလို့ သုံးနေကျ အသုံးအဆောင်ပစ္စည်းတစ်ခုကို ကြည့်လိုက်တာနဲ့ သူဘာအရောင်ကြိုက်လဲ သိနိုင်တယ်နော်။ ဒီအရောင်တွေက ကိုယ့်ရဲ့ စိတ်ခံစားချက်တွေ၊ Personality တွေနဲ့ သွားပြီးစပ်ဆက်နေပါတယ်တဲ့။

မိတ်ကပ်ပြင်တဲ့နေရာမှာလည်း ကိုယ်အမြဲသုံးနေကျ အရောင်လေးနဲ့မှ ပိုလှသွားတယ်လို့ခံစားရတာမျိူး အမြဲကြုံဖူးကြမှာပါ။ ဆိုတော့ ကိုယ့်အကြိုက်ဆုံး မိတ်ကပ်ပစ္စည်းအရောင်ကပြောတဲ့ ကိုယ့်အကြောင်းကကော ဘာဖြစ်မလဲ။ စိတ်ဝင်စားစရာကောင်းတာမို့ အခုပဲအဖြေရှာလိုက်ရအောင်နော်။

Red


နှုတ်ခမ်းနီ နီနီရဲရဲကြိုက်တဲ့မမတွေအကြောင်းကိုတော့ အထူးတလည် ရှင်းပြနေစရာမလိုဘူးနော်။ ယုံကြည်ချက်ရှိတယ်၊ ဆွဲဆောင်မှုအပြည့်ရှိနေတယ်တဲ့ သူတွေပေါ့။ လူအများရဲ့ အာရုံကို ဖမ်းစားရတာ နှစ်သက်တယ်။ အမြဲတက်ကြွပြီး အများကို လွှမ်းမိုးနိုင်တဲ့ စွမ်းအားတွေ ပိုင်ဆိုင်ထားတဲ့သူတွေပါ။


Black


အမဲရောင်ကတော့ Shade နဲ့ Texture ပေါ်မူတည်ပြီး ကွဲပြားပါတယ်။ Eyeshadow အမဲရောင်လက်လက်ကို သဘောကျတဲ့သူဆိုရင်တော့ သူမရဲ့ ဘဝက အမြဲ Drama တွေနဲ့ ပြည့်နေတတ်ပြီး အပြင် Ever ဒိုးတဲ့မမတွေပေါ့။ အမဲရောင်ပိတ်ပိတ်ကိုကြိုက်တဲ့ မိန်းကလေးတွေကတော့ အများနဲ့ လိုက်လျောညီထွေနေတတ်ပြီး ခန့်မှန်းရခက်တဲ့သူတွေပါတဲ့။


White or Sliver


ဒီနှစ်ရောင်ထဲက တစ်ရောင်ကို ကြိုက်တဲ့သူဆိုရင်တော့ မိန်းကလေးဆန်ပြီး အေးအေးလူလူနေတတ်ကြပါတယ်။ ခေါင်းရှုပ်ခံလေ့မရှိပဲ စွန့်စားရမယ့်အလုပ်ကို မကြိုက်တဲ့သူတွေပါ။


Deep Blue


အပြာရင့်ရင့်တွေကို ရွေးချယ်တဲ့သူတွေက ရှေးရိုးစွဲတယ်၊ သစ္စာတရားကြီးမားကြတယ်လို့ဆိုပါတယ်။ ပေးတဲ့တာဝန်ကိုလည်း ပြီးမြောက်အောင် တာဝန်ယူဖြေရှင်းလေ့ရှိပြီး အမြဲ Serious Mood On တတ်လို့ အဘွားလေးလို့ စနောက်ခံရလေ့ရှိပါတယ်။



Aqua or Light Blue


အပြာဖျော့ဖျော့သမားတွေက ခပ်ပြောင်ပြောင်၊ ခပ်နောက်နောက်ကောင်မလေးတွေပါ။ ပေါင်းရသင်းရလွယ်ပြီး ပျော်ပျော်နေလေ့ရှိပါတယ်။ 



Yellow


ဒီအရောင်လေးကို စွဲလန်းတဲ့သူတွေက လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးနေရတာကြိုက်ပြီး အရှိကိုအရှိအတိုင်းထုတ်ပြတတ်တဲ့ ကောင်မလေးတွေပါ။ ဘယ်အရာမဆို အကောင်းမြင်လေ့ရှိပါတယ်။


Gold


ရွှေရောင်ကို ကြိုက်တဲ့ မမတွေကတော့ ကောင်းပေ့ ညွှန်ပေ့ဆိုတဲ့ အရာမှ ကြိုက်တဲ့သူတွေမို့ အသုံးအဖြုန်းကြီးလေ့ရှိပါတယ်။ လူတွေကြားထဲမှာ ထင်ပေါ်နေရတာကြိုက်ပြီး ပတ်ဝန်းကျင်မှာလည်း မသိတဲ့သူမရှိအောင် နာမည်ကြီးတဲ့သူတွေပါ။


Pale Pink


ပန်းရောင်ခပ်ဖျော့ဖျော့ဆိုတဲ့အတိုင်း နူးနူးညံ့ညံ့နဲ့ အမြဲသိမ်သိမ်မွေ့မွေ့ရှိသူလေးပါ။ ချစ်စရာကောင်းသလို အချစ်လည်းကြီးကြတဲ့ မိန်းကလေးတွေပေါ့။


Purple


ခရမ်းရောင်က Royal Wedding တွေ၊ ပွဲအခမ်းအနားတွေမှာ သုံးတဲ့အရောင်ဖြစ်တာကြောင့် ခရမ်းရောင်ကြိုက်တဲ့ကောင်မလေးတွေက နန်းဆန်တဲ့သူလေးတွေပါ။ Creative ဖြစ်ပြီး သူငယ်ချင်းတွေကြားထဲကော၊ အလုပ်မှာပါ သူ မရှိရင်မဖြစ်တဲ့နေရာမှာ ရပ်တည်နေသူလေးတွေပါ။


Fuchsia


Fuchsia အရောင်နှုတ်ခမ်းနီမှ ကြိုက်တယ်ဆိုတဲ့ မမတွေက အနုပညာဆန်ပြီး အမြဲတက်ကြွနေတဲ့သူတွေပါ။ ပျော်ပျော်နေတတ်ပေမယ့် ခံစားချက်တွေကို ထုတ်ပြလေ့မရှိသူတွေပါ။


Green


သဘာပတ်ဝန်းကျင်ကို ကိုယ်စားပြုတဲ့ အစိမ်းရောင်ကို ကြိုက်တဲ့သူတွေက အေးဆေးသမားလေးတွေပါ။ သတိအမြဲကြီးလေ့ရှိတတ်တဲ့သူဖြစ်ပြီး တစ်ခုခုဆို Logic ကျကျတွေးလေ့ရှိပါတယ်။

 

, , , ,

MODA TV 


Makeup

မိန်းကလေးတိုင်းအတွက် အသုံးဝင်မယ့် Tik Tok Video ထဲက Beauty Trend များ

ခါတိုင်းဖြစ်နေကျ ပြဿနာတွေ အဆင်ပြေသွားလိမ့်မယ်။

by JN Ja Seng Pan

June 25, 2020

Tik tok က ကြောင်တောင်တောင် Challenge တွေ၊ စိတ်ရှုပ်စရာ ကကွက်တွေထက် အသုံးဝင်တဲ့ Video တွေအများကြီးရှိတယ်ဆို စိတ်ဝင်စားသွားလား။ အထူးသဖြင့် မိန်းကလေးတိုင်းလိုအပ်တဲ့ Makeup Tips တွေပေးတဲ့ Video တွေပေါ့။ လူတိုင်း Tik Tok ဆော့နေတဲ့ ခေတ်ကြီးမှာ Beauty Professional တွေ၊ Influencer တွေနဲ့ အလှအပချစ်သူတွေကလည်း ပရိတ်သတ်နဲ့ ရင်းနှီးမှုရအောင် ဒီ Platform ကို အသုံးပြုလာကြတာ တွေ့ရပါတယ်။ သူတို့ရဲ့ Video တွေက မိန်းကလေးတွေအတွက် နေ့စဉ်ဘဝမှာ တစ်နည်း မဟုတ်တစ်နည်း အကျိူးရှိစေမှာအသေအချာပါ။ လွယ်လွယ်ကူကူနဲ့ ကိုယ်မထင်မှတ်ထားတဲ့ နည်းလမ်းတွေဖြစ်လို့ Video လေးတွေကို ဗဟုသုတအနေနဲ့ ကြည့်သွားရင်း ပြန်အသုံးချလိုက်ရအောင်။

Bronzer နဲ့ Contour ဘယ်ဟာသုံးရမလဲ?
Makeup Artist @makeupbymaritsa က ဒီဗီဒီယိုလေးထဲမှာ Contour Powder နဲ့ Bronzer ဘာတွေမတူဘူးလဲဆိုတာကို ရှင်းရှင်းလင်းလင်း ပြောပြထားတာဖြစ်ပါတယ်။ ဒီနှစ်ခုကို လိမ်းပြီး ကွာခြားမှု ဘယ်လိုရှိလဲဆိုတာကိုလည်း သရုပ်ပြထားတာမို့ ဘယ်လိုအချိန်အခါမှာ ဘာလေးလိမ်းဖို့ သင့်တော်မလဲဆိုတာကို ဆုံးဖြတ်လို့ရတာပေါ့။

 


Fluffy Eyebrow ကို အလွယ်ဆုံး ဘယ်လိုဖန်တီးရမလဲ?
Magazine တွေ၊ Instagram က မော်ဒယ်တွေကို ကြည့်လိုက်ရင် ခေတ်စားလာတဲ့ Beauty Trend ဖြစ်တဲ့ မျက်ခုံးထူထူထဲထဲနဲ့ ဆွဲဆောင်မှုရှိနေတာ သတိထားမိကြမှာပါ။ ဒီဗီဒီယိုလေးထဲမှာ ၁၀မိနစ်လောက်နဲ့ ဒီလို Flaffy Brow ကိုပုံဖော်လို့ရအောင် ပြသထားတာမို့ မိန်းကလေးတိုင်းအတွက် အသုံးဝင်မှာ သေချာပေါက်ပဲပေါ့။



အညှိဆင်လေးတွေအတွက် Color Correction ကဘာဖြစ်မလဲ?

Indian သူလေး @rajyaatluri က မျက်ကွင်းညှိတာကို ဘယ်လို ဖုံးမလဲဆိုတာမှာ ဆရာကျတယ်လို့ ပြောရမှာပါ။ ယေဘုယျအားဖြင့် ပြောရမယ်ဆိုရင် အသားဖြုတဲ့သူက Color Correction လုပ်ရတာလွယ်ပေမယ့် အသားညှိတဲ့သူတွေအတွက်က အရောင်ရွေးချယ်မှု မှန်ကန်မှ Flawless Look ကိုရတာပါ။ သူမနည်းလမ်းက သိပ်ကိုမြန်ဆန်လွယ်ကူပြီး ဈေးသိပ်မကြီးတဲ့ Concealer နဲ့ အသုံးပြုသွားတာမို့ ကဲ ဘာလိုသေးလဲနော်။


မျက်တောင်ကော့စက်မလိုပဲ ထူထူထဲထဲမျက်တောင်တွေရအောင် ဘယ်လိုလုပ်ရမလဲ?
Makeup Tips တွေ ပုံမှန်တင်လေ့ရှိတဲ့ Tik Tok User @mirandaalynn က Eyelash Curler မသုံးပဲ မျက်တောင်ထူထူထဲထဲပိုင်ဆိုင်နိုင်မယ့် နည်းလမ်းကို ဝေမျှထားပါတယ်။ ဒါကတော့ Hair Dryer တွေပါ။ လေခပ်ပြင်းပြင်းက မျက်တောင်တွေကို သဘာဝအတိုင်း ကော့ညွတ်သွားအောင် ပြုလုပ်ပေးနိုင်တဲ့ အစွမ်းရှိပါတယ်။ တစ်ခုသတိထားရမှာက Cool Air Mood နဲ့ မျက်တောင်တွေကို ကော့ပေးဖို့ပါ။



မျက်တောင်တုကို အချိန်အများကြီး မပေးရပဲ ဘယ်လိုတပ်ရမလဲ?
မျက်တောင်တုတွေကတော့ အမြဲတပ်နေကျသူအတွက် ပြဿနာကြီးကြီးမားမား မဟုတ်ပေမယ့် တပ်နေကျမရှိတဲ့သူတွေအတွက်တော့ တိုင်ပတ်နေကျပြင်ဆင်မှုတစ်ခုပါ။ @bradonluxxe က အားလုံးအတွက် သိပ်ကိုအသုံးဝင်မယ့်နည်းလမ်းလေးကို ပြောပြထားပါတယ်။ စက္ကန့်ပိုင်းအတွင်း ပြီးစီးမယ့်နည်းလမ်းဖြစ်တဲ့အတွက် ခါတိုင်းဖြစ်နေကျ အခက်အခဲကနေ မရှိတော့ပဲ Pro ကျကျ မျက်တောင်တပ်နိုင်ပြီပေါ့။



Eyeshadow နဲ့ နှုတ်ခမ်းနီအရောင်တူမရှိပဲ လိုက်ဖက်တဲ့ Look ကို ဘယ်လိုဖန်တီးမလဲ?

ကိုယ့်မှာ မိတ်ကပ်ပစ္စည်းက မစုံမလင်၊ အရောင်တွေကလည်း တစ်ခုတစ်မျိူးစီနဲ့ လိုက်ဖက်အောင်ခြယ်သချင်ရင်တော့ @shivani.1917 ရဲ့ နည်းလမ်းကို တကယ့်ကို အသုံးဝင်စေတာ တွေ့ရပါတယ်။ Lip Balm လေးရှိရုံနဲ့ အားလုံးအဆင်ပြေသွားမှာ မယုံမရုံနဲ့။




Pro ကျကျ Cut Crease Shadow ကို ဘယ်လိုခြယ်သမလဲ?

Cut Crease Eyeshadow က Eyeshadow ခြယ်သမှုထဲမှာ အခက်ဆုံးလို့ ပြောလို့ရပါတယ်။ မိတ်ကပ်ဆရာမလိုပဲ ကိုယ်တိုင် ဒီ Look ကို ဖန်တီးနိုင်တယ်ဆိုရင်ကော Try မကြည့်ချင်ဘူးလား။ @faithlim က Cut Crease ကို ဘယ်လိုအလွယ်တကူ ခြယ်သနိုင်လဲဆိုတာ ပြသထားတာမို့ မဖြစ်မနေအသုံးတည့်မယ့် နည်းလမ်းလေးပါနော်။




Lip Filler မထိုးပဲ Full Lip Look ရအောင်ဘယ်လိုလုပ်မလဲ?

ဒီနည်းလမ်းနဲ့ ဆိုရင် အပြင်သွားတိုင်း ကိုယ်နဲ့ ရင်းနှီးတဲ့သူတွေက Filler ထိုးတာလားဆိုပြီး အမေးခံရမှာ သေချာပါတယ်။ နှုတ်ခမ်းအပေါ်ကို Tik tok user @Leilanii2 လို များများလေးယူပြီး ခြယ်သကြည့်ပါ။ ခွဲစိတ်ပြင်ဆင်မှုလုပ်စရာမလိုပဲ နှုတ်ခမ်းထူထူဖောင်းဖောင်းလေးးဖြစ်နေတဲ့ Look ကို သဘောအကျကြီး ကျနေမှာပါ။


 

, , ,

Makeup

ယောက်ျားလေးတွေရော အလှပြင်ဖို့လိုအပ်လား

သန့်ပြန့်လှပနေဖို့ဆိုတာ ယောက်ျား၊မိန်းမသတ်မှတ်နေဖို့မလိုပါဘူး

by Randy Win

June 21, 2020

               ယောက်ျားလေးတစ်ယောက်က အလှအပပြုပြင်ဖို့ လိုလားမလိုဘူးလားဆိုတဲ့မေးခွန်းကို တော်တန်ရုံယောက်ျားလေးတွေကတော့ ဟင့်အင်းလို့ပဲဖြေကောင်းဖြေကြပါလိမ့်မယ်။ တကယ်တော့ ခေတ်မီပြီး လူ၀င်ဆန့်တဲ့ ယောက်ျားသားတိုင်းရဲ့ နောက်ကွယ်မှာ လှပသပ်ရပ်အောင်နေထိုင်တတ်ခြင်းဆိုတဲ့ လျှို့ဝှက်ချက်အကြီးကြီးတစ်ခုရှိပါတယ်။ ဒါကြောင့်မို့လို့ ကျားမကြီးငယ် ဘယ်သူမဆို ကိုယ့်နဲ့သင့်တင့်မျှတရာ မျက်နှာနဲ့ ခန္ဓာကိုယ်လှပမှူဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်ပြုပြင်မှူတွေကို လိုကိုလိုအပ်ပါတယ်။ ဒီတော့ ယောက်ျားလေးတစ်ယောက်အနေနဲ့ လူပုံအလယ်မှာ သူများထက်မလျော့တဲ့ အရှိန်အဝါနဲ့ ကျော့မော့စမတ်ကျနေအောင်ဘယ်လိုပြုပြင်ထိန်းသိမ်းနေထိုင်မလဲ ဆိုတဲ့ နည်းလမ်းလေးတွေကို အောက်ကအချက်လေးတွေမှာ တချက်လေ့လာကြည့်လိုက်ရအောင်နော်။

1.အခြေခံကျတဲ့ထိန်းသိမ်းမှူ

 

ပုံမှန်လက်သည်းခြေသည်းညှပ်ခြင်း၊ မလိုအပ်တဲ့အမွှေးအမျှင်တွေကိုရှင်းလင်းခြင်းနဲ့ ၊ ခံတွင်းနံ့ကောင်းအောင် ထိန်းသိမ်းခြင်းကလည်း ယောက်ျားလေးတွေရဲ့ အလှအပပြုပြင်ခြင်း အဆင့်တွေထဲမှာ အရေးကြီးဆုံးနဲ့ အခြေခံအကျဆုံးနေရာက ပါ၀င်ပါတယ်။ဒါကြောင့်မို့ တစ်ပတ်တစ်ခါ ဒါမှမဟုတ် နေ့စဉ်နေ့တိုင်းမှာ သက်ဆိုင်ရာ ကိုယ်လက်သန့်ရှင်းမှုလုပ်ငန်းစဉ်တွေကို ‌အလေးထားဆောင်ရွက်ပြီး ပုံမှန်လေးပြုလုပ်သင့်ပါတယ်။

2.ချေးချွတ်ပါ

ခန္ဓာကိုယ်နဲ့ မျက်နှာအစိတ်အပိုင်းတွေမှာ အချိန်ကာလတစ်ခုပေါ်မူတည်ပြီး ဆဲလ်အသေတွေနဲ့ ပြင်ပချေးညော်တွေစုစည်းပြီး အခန့်မသင့်ရင်အရေပြားပြသနာတွေဖြစ်လာတာမျိုးအထိ ဖြစ်တတ်ပါတယ်။ ဒါကြောင့်မို့တစ်ပတ်ကို အနည်းဆုံး နှစ်ကြိမ်လောက်တော့ ချေးချွတ်ပေါင်းတင်တာမျိုးပြုလုပ်ပေးသင့်ပါတယ်။ ချေးချွတ်တဲ့ Cosmetic တွေမှာပါ၀င်တဲ့ဓာတ်ပစ္စည်းတွေကလည်း သာမာန်ဆပ်ပြာတွေမှာပါတဲ့ဓာတ်ပစ္စည်းတွေထက် အသားအရည်အတွက် ပိုကောင်းတဲ့လုပ်ဆောင်ချက်ကိုပေးစွမ်းနိုင်ပါတယ်။

3. မိတ်ကပ်ပါးပါး

ယောက်ျားလေးတွေ မိတ်ကပ်မလိုဘူးဆိုတာ အယူအဆတစ်ခုလို့သာဆိုရပါလိမ့်မယ်။ ပွဲလမ်းသဘင် နဲ့ မီးရောင်အောက်မှာအလုပ်လုပ်ရတဲ့သူ( ဥပမာ- မော်ဒယ်၊ social Influencer၊ သရုပ်ဆောင် ၊ public speaker) တွေအနေနဲ့ သာမက သာမန့်လူတောထဲသွားလာ လှုပ်ရှားလုပ်ကိုင်နေရတဲ့သူတွေမှာလည်း First impression ကောင်းစေဖို့အတွက် မိတ်ကပ်ကိုအနည်းနဲ့အများလိုအပ်ပါတယ်။ မိတ်ကပ်ထူလပျစ်ကြီးနဲ့ ပြာနှမ်းနေတာမျိုးတော့မဖြစ်စေနဲ့ပေါ့။ မိတ်ကပ်ဆိုတာ မျက်နှာပေါ်က အပြစ်အနာအဆာကိုဖုံးပေးတဲ့အရာလည်းဖြစ်တာကြောင့် ယောက်ျားလေးဖြစ်နေလို့မိတ်ကပ်မလိမ်းရဘူးဆိုတဲ့အယူဟာ လွဲမှားပါတယ်။ နေ့စဉ်သုံးအတွက်ယောက်ျားလေးတွေရွေးချယ်လို့ရတဲ့ မိတ်ကပ်အမျိုးအစားတွေအများကြီးရှိပါတယ်။ဥပမာ- လူသိများတဲ့ BB Cream လိုမျိုးကစလို့ Tinted Moisturizer လိုမျိုးတွေအထိပေါ့။

4.Workout

ယောက်ျားလေးတစ်ယောက်ရဲ့အလှအပမှာ Workout လုပ်ခြင်းဟာလည်း မဖြစ်မနေ ပါ၀င်တဲ့အရာတစ်ခုလို့ဆိုရမှာပါ။ ရုပ်မလှရင်တောင်ခန္ဓာကိုယ်လှရင် ဆွဲဆောင်မှူရှိတယ်ဆိုတဲ့အချက်ကိုငြင်းလို့မရပါဘူး။ ဒါကြောင့်မို့ Workout လုပ်ဖို့မပျင်းပါနဲ့။ ရက်၊လအနည်းငယ်လောက် လေ့ကျင့်ခန်းပုံမှန်ကြိုးစားလုပ်ဆောင်ကြည့်ပြီးတဲ့အခါ Workout ကို နေ့စဉ်မလုပ်ပဲမနေနိုင်တဲ့အထိတောင်ဖြစ်သွားနိုင်ပါတယ်။

5. Skincare

ယောက်ျားလေးတွေဟာ ပုံမှန်အားဖြင့် မိတ်ကပ်နဲ့ငါတို့ မသက်ဆိုင်ဘူးဆိုတဲ့အတွေးမျိုးရှိတတ်ကြပါတယ်။ ဒီလို မိတ်ကပ်နဲ့မပတ်သက်ပဲနေချင်တယ်ဆိုရင် ပင်ကိုယ်အသားအရည်ကောင်းနေဖို့တော့လိုပါတယ်။ ဒါကြောင့် နေ့စဉ်ပုံမှန် အသားအရည်ထိန်းသိမ်းခြင်းနည်းလမ်းတွေကို မမေ့မလျော့ လုပ်ဆောင်ပါ။ ယောက်ျားလေးတစ်ယောက်ဟာ အသားအရည်ကောင်းတဲ့အခါ လူကြားထဲမှာ အလိုလို ထင်ရှားပြီးကြည့်ကောင်းနေတတ်တာမို့ အသားဖြူဖြူညိုညို အသားအရည်ကောင်းအောင်အထူးဂရုစိုက်သင့်ပါတယ်။

Photo Credit to the Rightful Owners

, , , , ,