×
Celebrity News

MEGAN FOX ရဲ့တတိယမြောက်ရင်သွေးလေးက ယောက်ျားလေးပါပဲတဲ့ . . .

သားလေးနာမည်ကို Journey River Green လို ့ပေးလိုက်တဲ့ Megan Fox!

by JN Ja Seng Pan

August 11, 2016

မင်းသမီး Megan Fox ဟာ တတိယမြောက်ရင်သွေးလေးဖြစ်တဲ့ Journey River Green ကို အောင်အောင်မြင်မြင် မွေးဖွားနိုင်ခဲ့ပြီဖြစ်ပါတယ်။ မင်းသမီးက အစောပိုင်းမှာ ပရိသတ်တွေကို သူမကိုယ်ဝန်ရှိနေကြောင်းကို အသိမပေးထားသေးဘဲ ၂၀၁၆ Cinema Con ကို အနက်ရောင်ဗိုက်ဖုံးအင်္ကျီအကျပ်ကို ဝတ်ဆင်လာခဲ့ပြီး ပရိတ်သတ်တွေကို surprise လုပ်လိုက်တာဖြစ်ပါတယ်။ နောက်ထပ်သတင်းကောင်းတစ်ခုကတော့ Megan ဟာ ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းပြတ်စဲမှာမဟုတ်တော့ပါဘူး။Megan နဲ့ Brian တို့ဟာ ယခင်နှစ်ထဲကကွာရှင်းပြတ်စဲဖို့ကိုစီစဉ်ထားတာဖြစ်ပါတယ်။ မိသားစုထဲမှာ တတိယမြောက် ရင်သွေးလေး ထပ်တိုးလာတာကြောင့်လည်း Megan နဲ့ သူမခင်ပွန်းတို့ဟာ ကွာရှင်းပြတ်စဲဖို့ စီစဉ်ထားတာကို ရပ်ဆိုင်းထားပါတယ်။ Brian နဲ့ Megan တို့ဟာ သူငယ်ချင်းကောင်းတွေဖြစ်ကြပြီး တစ်ယောက်အကြောင်းလည်း တစ်ယောက် အရမ်းကို သိရှိကြပါတယ်။ တစ်ယောက်အပေါ်တစ်ယောက်လည်း လေးစားကြပါတယ်။ တတိယရင်သွေးလေးအတွက်ကြောင့် ကွာရှင်းမှုကို ရပ်ဆိုင်းလိုက်တာဖြစ်ပါတယ် လို့အတွင်းသိတစ်ယောက်က ပြောပြထားပါတယ်။ အခုဆိုရင်တော့ ကလေး၃ယောက်ရဲ့ မိခင်ဖြစ်သွားပြီဖြစ်တဲ့ Megan က သူမကလေးတွေကို ဘယ်လိုထိန်းကျောင်းရမလဲဆိုတာကို စဉ်းစားနေပြီပဲဖြစ်ပါတယ်။ ကျွန်မကလေးတွေကို တီဗီတွေ၊ ရုပ်ရှင်တွေကို သိပ်ပြီးကြည့်ခိုင်းမှာမဟုတ်ဘူးရှင့်။ အိုင်ပတ်တွေ၊ အိုင်ဖုန်းတွေလည်း အရမ်းသုံးခိုင်းမှာမဟုတ်ပါဘူး။ ဘာလို့လည်းဆိုတော့ အီလက်ထရောနစ်ပစ္စည်းတွေက ကလေးတွေရဲ့ ဦးနှောက်ကို ဆိုးဆိုးဝါးဝါးထိခိုက်စေနိုင်လို့ပါ လို့ပြောပြထားပါတယ်။ အသက်၃၀ရှိပြီဖြစ်တဲ့ မင်းသမီးနဲ့ ခင်ပွန်းဖြစ်သူ Brian Austin Greenတို့ဟာ ၃နှစ်အရွယ် Noah နဲ့ ၂နှစ်အရွယ်လို့ခေါ်တဲ့ ချစ်စရာသားလေးနှစ်ယောက်ကိုလည်းပိုင်ဆိုင်ထားပါတယ်။

 

Ref: E! News

Celebrity News

လတ်တလောလူကြိုက်များနေတဲ့ 365 Days ရုပ်ရှင်ထဲက Daddy Massimo

အဆင်မှ တကယ့်အဆင်။

by JN Ja Seng Pan

July 2, 2020

365 Days ကြည့်ပြီးသွားပြီလားလို့ မမေးတော့ဘူးနော်။ Netflix က ခုတစ်လောပေါက်နေတဲ့ 365 Days က ရင်ဖိုစရာအခန်းတွေများလို့ နာမည်ကြီးနေသလို ဒီဇာတ်ကားထဲက သရုပ်ဆောင်ပီပြင်တဲ့ မင်းသားကလည်း ကောင်မလေးတွေကြားမှာ ရေပန်းစားလို့နေပါတယ်။ အချစ်ခန်းတွေမှာ ကြမ်းတဲ့ Massimo နေရာက သရုပ်ဆောင်တဲ့ ဒီခပ်ချောချောမင်းသားက ဘယ်သူလဲဆိုတာ သိချင်နေကြမှာပါ။

သူ့နာမည်ရင်းကတော့ Michele Morrone ဖြစ်ပြီး အီတလီမင်းသားဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ်မှာ မွေးဖွားလို့ အသက် ၂၉နှစ်ရှိပြီဖြစ်ပါတယ်။ သရုပ်ဆောင်အပြင် သီချင်းတွေလည်းဆိုတဲ့ မင်းသားပါ။ Dark Room ဆိုတဲ့ Debut Album နဲ့ အတူ Feel it ဆိုတဲ့ Single သီချင်းတစ်ပုဒ်ကိုလည်း ဒီနှစ်ထဲမှာ ထွက်ရှိထားတာပါ။ 365 dni မှာ ဒီသီချင်းတွေ အသုံးပြုထားပါတယ်။ Rock သီချင်းတွေပဲကြိုက်တဲ့ ဘီးကြဲကြီးပါနော်။ သရုပ်ဆောင်မလုပ်ခင်တုန်းက Model အနေနဲ့လည်း လုပ်ကိုင်ခဲ့ဖူးပါတယ်။ ပြီးတော့ ပန်းချီဆွဲတာကိုလည်း ဝါသနာပါပါတယ်။ အရမ်းများ အံ့သြသွားသလား။ Abstract Art တွေကိုရေးစွဲပြီး တကယ့်ကို အနုပညာမြောက်တာတွေ့ရပါတယ်။ (တကယ်ပြောတာပါ)။ Multi Talent ဖြစ်တဲ့ ဒီမင်းသားကို ခုမှ သိရတာတကယ့်နောက်ကျတယ်နော်။

El Juicio နဲ့ Sirene စတဲ့ အီတလီ ဒရမာဇာတ်လမ်းတွဲတွေမှာလည်း သရုပ်ဆောင်ထားပြီး 365 dni ကတော့ နိုင်ငံတကာက ပရိတ်သတ်တွေ သတိထားမိပြီး အောင်မြင်မှုကိုရရှိသွားစေတဲ့ ဇာတ်ကားလို့ ပြောရမှာပါ။

ကဲ ယူတို့တွေသဘောကျတဲ့ Massimo က ကလေးနှစ်ယောက်ဖေဖေပါတဲ့။ Marcudo Morrone နဲ့ Brado Morrone ဆိုတဲ့ ချစ်စရာသားနှစ်ယောက်ပိုင်ဆိုင်ထားတာပါ။ Fashion Designer ဖြစ်တဲ့ ဇနီးဟောင်း Rouba Saadeh နဲ့ အိမ်ထောင်သက်တမ်းလေးနှစ်မှာ ကွာရှင်းပြတ်စဲလိုက်တာဖြစ်ပါတယ်။

Media သတင်းတွေအရ လတ်တလော တွဲနေတဲ့ ကောင်မလေးမရှိသေးဘူးလို့ဆိုရမှာပါ။ ဒီဇာတ်ကားထဲမှာ အတူတွဲသရုပ်ဆောင်ထားတဲ့ မင်းသမီးနဲ့လည်း ယူတို့ထင်သလို ဇာတ်လမ်းတွေမရှိပါဘူးလို့ ဆိုပါတယ်။ အရမ်းခင်မင်ကြတဲ့ လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းတွေပါ။ ဇာတ်ကားအတွက် သတင်းစာရှင်းလင်းပွဲတစ်ခုမှ ာဖြေဆိုထားတာကတော့ “ဒီဇာတ်ကောင်နှစ်ခုက သိပ်ကိုနက်နဲတယ်၊ ကျွန်တော်တို့ တစ်ယောက်ကို တစ်ယောက် သဘောမကျနေရင်၊ အစေးမကပ်နေရင် တကယ်လိုထင်ရတဲ့ ဒီ Scene တွေက ဖြစ်လာမှာမဟုတ်ဘူး။ ကျွန်တော်တို့ အတင်းကို သူငယ်ချင်းတွေလုပ်လိုက်ကြတယ်၊ တကယ့်ပဲ သူငယ်ချင်းတွေဖြစ်သွားကြတယ်” လို့ဆိုပါတယ်။

အငြင်းပွားစရာ Scene တွေနဲ့ နာမည်သိပ်မကောင်းဘူးလို့ ပြောရမှာဖြစ်ပေမယ့် 365 Days ကတော့ နိုင်ငံတကာမှာ တဟုန်တိုးပေါက်သွားခဲ့တာပါ။ ပရိတ်သတ်တွေက နောက်ဆက်တွဲရုပ်ရှင် ထပ်ပြီးမြင်ရဖို့ မျှော်လင့်နေကြပြီး Michele Morrone ကိုယ်တိုင်ကလည်း ဒီဇာတ်ကားရဲ့ Sequel ကို မြင်ရဖို့ရှိမယ်လို့ ပြောထားပါတယ်။ Fan တွေအတွက်ကတော့ ကမ္ဘာတစ်ဝှမ်းအတိုင်းအတာအရ ပေါက်သွားတဲ့ Michele Morrone ရဲ့ အောင်မြင်မှုကြောင့် သူ့ရဲ့ အနုပညာလှုပ်ရှားမှုတွေကို မြင်တွေ့ရအုံးမှာဖြစ်ပြီး ဆက်ပြီးလည်း ရင်ခုန်ရအုံးမှာပါ။

, , , ,

Celebrity News

သခင်ရဲ့အကောင်းဆုံးအချိန်တွေကို ဖန်တီးပေးခဲ့ပြီး ထွက်ခွာသွားပြီဖြစ်တဲ့ ကြောင်လေး Bob

အကောင်းဆုံးဘ၀တစ်ခုမှာ ရှိနေပါစေ Bob လေးရေ

by Randy Win

June 17, 2020

              A Street Cat Named Bob ဆိုတဲ့ဇာတ်ကားကို တော်တော်များများကြည့်ဖူးကြပါလိမ့်မယ်။ တကယ်တော့ ဒါဟာ စာအုပ်အနေနဲ့လည်းအရမ်းကိုနာမည်ကြီးခဲ့ပြီး တကယ့်အပြင်ကအဖြစ်အပျက်တစ်ခုကို ရေးထားတာမို့ အားလုံးကစိတ်ဝင်စားခဲ့ကြတဲ့အပြင် အဓိကဇာတ်ကောင်လေးရဲ့ ထူးခြားတဲ့ဆွဲဆောင်မှုကြောင့်လည်း ပိုလို့လူကြိုက်များခဲ့တယ်လို့ဆိုရမှာပါ။ အဓိကဇာတ်ဆောင်ကတော့ အိမ်ခြေယာမဲ့ လူတစ်ယောက်နဲ့ ချစ်စရာအရမ်းကောင်းတဲ့ ကြောင်လေးတစ်ကောင်ပေါ့။ Jamie Bowen ကို အိမ်ယာမဲ့တစ်ယောက်အခြေအနေကနေ Best Seller စာရေးဆရာတစ်ယောက်ဖြစ်လာစေခဲ့တဲ့ အဓိကအကြောင်းရင်းကလည်း Bob ကြောင့်လို့ဆိုနိုင်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ဘ၀အကြောင်းရေးထားတဲ့A Street Cat Named Bob ဆိုတဲ့ စာအုပ်ဟာ အုပ်ရေပေါင်းရှစ်သန်းကျော် ထုတ်ဝေနိုင်ခဲ့တဲ့အထိရောင်းအားကောင်းခဲ့ပြီး ဘာသာစကားပေါင်း လေးဆယ်ကျော်နဲ့ပြန်လည်ထုတ်ဝေခဲ့ရတဲ့အပြင် ရုပ်ရှင်အနေနဲ့ပါ ရိုက်ကူးပုံဖော်နိုင်ခဲ့တဲ့အထိအောင်မြင်ခဲ့တာပါ။ အဲဒီဇာတ်ကားမှာဆိုရင် အဓိကဇာတ်ဆောင်ကြီး Bob ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားတာတွေ့ရမှာပါ။

 

              ခုတော့ အသက် (14)နှစ်အရွယ် Bob လေးဟာ ယခုလ ဇွန် (15) ရက်နေ့ မှာ သခင်ဖြစ်သူကို အကောင်းဆုံးအခြေအနေတစ်ခုမှာထားခဲ့ပြီး ဘ၀တစ်ခုကိုကူးပြောင်းသွားခဲ့ပါပြီ။အခက်အခဲတွေအများကြီးကို အတူတကွကျော်ဖြတ်ခဲ့ကြပြီး သစ္စာရှိရှိနဲ့ လူတစ်ယောက်ရဲ့ဘ၀ကို အမြင့်ဆုံးအခြေအနေရောက်တဲ့အထိ မခွဲအတူရှိနေပေးခဲ့တဲ့ ကြောင်လေး Bob ကိုတော့ သူ့ရဲ့သခင် Jamie သာမက အားလုံးရဲ့ရင်ထဲကနေ အမှတ်ရနေကြမှာ အသေအချာပါပဲ။

 

Photo Credit to the Rightful Owners

, , , ,

Celebrity News

LGBT အဖြစ် ပွင့်ပွင့်လင်းလင်း၀န်ခံထားကြတဲ့ ကမ္ဘာကျော်သရုပ်ဆောင်များ

ကိုယ်ချစ်ရတဲ့ ဆယ်လီတွေထဲမှာလည်း LGBT တွေအများကြီးရှိနေတယ်နော်

by Randy Win

June 16, 2020

                  ခေတ်ကာလရဲ့ ပြောင်းလဲလာမှူနဲ့ ပညာရေးအမြင်ကျယ်လာမှူအရ နိုင်ငံတကာမှာသာမက မြန်မာနိုင်ငံလို နိုင်ငံမျိုးတွေမှာတောင် LGBT ဆိုတဲ့ လိင်တူ လိင်ကွဲချစ်ခြင်းမေတ္တာအပေါ် တန်းတူညီမျှလက်ခံပေးနိုင်မှူတွေဟာ တစ်စထက်တစ်စပိုလို့ တိုးလာနေပြီပဲဖြစ်ပါတယ်။ လူသားအချင်းချင်းကြားက အသားအရောင်၊လိင်စိတ်ခွဲခြားမှူထက် ချစ်ခြင်းမေတ္တာသာပဓာနရယ်လို့ သတ်မှတ်ထားကြတဲ့အချိန်မှာ ကမ္ဘာကျော်ပုဂ္ဂိုလ်အများစုကလည်း လူသားတစ်ဦးနဲ့တစ်ဦးအပေါ် ခွဲခြားမှူတွေကိုတွန်းလှန်ရင်း သူတို့ကိုယ်တိုင်ရဲ့ လိင်စိတ်တိမ်းညွတ်မှူတွေကို ပွင့်ပွင့်လင်းလင်း ၀န်ခံခဲ့ကြတာတွေ့ရမှာပါ။ အဲဒီလို၀န်ခံခဲ့ကြတဲ့ ကမ္ဘာကျော်တွေအများကြီးထဲကမှ အများစုသိပြီးသားလည်းဖြစ်တဲ့ ပရိသတ်ချစ်အနုပညာရှင်အချို့ကိုရွေးထုတ်ပြီးဖော်ပြပေးလိုက်တာမို့ ကိုယ်ချစ်ရတဲ့အနုပညာရှင်တွေများပါနေမလားဆိုတာ ကြည့်လိုက်ရအောင်နော်။

ဒရူးဘယ်ရီမိုး ( Drew Barrymore )

Santa Clarita Diet , Charles Angels , E.T စတဲ့ နာမည်ကျော်ဇာတ်ကားတွေနဲ့ လူသိများတဲ့ ကမ္ဘာကျော်သရုပ် ဒရူးဘယ်ရီမိုးကတော့ သူမဟာ Bisexual တစ်ယောက်ဖြစ်ကြောင်းကို ၂၀၀၃ ခုနှစ်မှာ၀န်ခံခဲ့ပါတယ်။ အိမ်ထောင်သုံးခါကျပြီး သားသမီး နှစ်ဦး ထွန်းကားခဲ့ဖူးတဲ့သူမဟာ တကယ်တမ်းမှာတော့ အမျိုးသမီးချင်းချင်းလည်းစိတ်၀င်စားသူတစ်ဦးဖြစ်ပြီး တော်၀င်မင်းသမီးတစ်ဦးဖြစ်တဲ့ Kate Middleton ကိုသဘောကျနေတဲ့အကြောင်းကို ၀န်ခံခဲ့ဖူးတာဖြစ်ပါတယ်။

ကာရာ ဒယ်လာဗင်း ( Cara Delevingne )

Suicide Squad, Valerian , Paper Towns စတဲ့ ဇာတ်ကားတွေရဲ့ သရုပ်ဆောင်လည်းဖြစ် စူပါမော်ဒယ်လ်တစ်ဦးလည်းဖြစ်တဲ့ ကာရာ့ကိုတော့ တော်တော်များများသိကြပါလိမ့်မယ်။ ဒါ့အပြင်ကိုမှ သူမဟာ မိန်းကလေးချင်းစိတ်၀င်စားတဲ့သူတစ်ဦးဆိုတာကိုလည်း သူမရဲ့အမာခံပရိသတ်တွေကသိပြီးသားပါ။ ကာရာဟာ သူမရဲ့ လိင်တိမ်းညွတ်မှူနဲ့ပတ်သက်ပြီး စိတ်ဓာတ်ကျစရာတွေကြုံခဲ့ရတဲ့အကြောင်းကိုလည်း ပြောပြခဲ့ဖူးပါတယ်။ အထူးသဖြင့် သူမရဲ့ ရုပ်ရှင်ပရိုဂျူဆာတစ်ဦးက သူမရဲ့ Sexuality နဲ့ relationship တွေကိုလူသိခံမယ်ဆိုရင် ဟောလိဝုဒ်မှာ သူမအနာဂတ် ဆက်ပြီးတောက်ပလာဖို့မရှိဘူးလို့ပြောတာကိုခံခဲ့ရဖူးတဲ့အကြောင်းလည်း ရင်ဖွင့်ခဲ့ပါတယ်။

၀မ့်န်ဝေါ့သ် မေလာ (Wentworth Miller)

Prison Break မင်းသားချော Wentworth Miller ကတော့ သူဟာ ဂေးတစ်ယောက်ဖြစ်ကြောင်းကို 2013 ခုနှစ်က စတင်၀န်ခံခဲ့ပါတယ်။ Prison Break ဇာတ်လမ်းတွဲနဲ့ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တဲ့ Miller ဟာ ဇာတ်လမ်းတွဲအပြီး 2009 ခုနှစ်၀န်းကျင်မှာပဲ သူရဲ့ Sexuality နဲ့ပတ်သက်တဲ့ တိုက်ခိုက်မှူတွေကြောင့် စိတ်ဓာတ်ပိုင်းဆိုင်ရာထိခိုက်မှူတွေရှိခဲ့ပြီး ‌နှစ်နဲ့ချီပြီး အနုပညာလောက ကနေရှောင်နေခဲ့ပါတယ်။ ဒါပေမယ့် 2013မှာတော့ သူဟာ Gay တစ်ယောက်ဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း၀န်ခံခဲ့ပြီး အနုပညာလောကထဲပြန်လည်၀င်ရောက်လာခဲ့ပါတယ်။

အင်ဂျလီနာဂျိုလီ (Angelina Jolie)

ပရိသတ်အချစ်တော် ရွှေမင်းသမီးကြီး ဂျိုလီကတော့ သူမဟာ Bisexual ဖြစ်ကြောင်း၀န်ခံထားခဲ့တာ တော်တော်ကြာပါပြီ။ မင်းသားချောဘရက်ပစ်ရဲ့ ဇနီးအဖြစ်အားလုံးသိထားခဲ့ကြတဲ့ ဂျိုလီဟာ LGBT ကိုထောက်ခံသူတစ်ဦးလည်းဖြစ်တဲ့အပြင် သူမတို့ရဲ့သမီးလေးဖြစ်တဲ့ John Jolie Pitt လေး ယောက်ျားတစ်ယောက်လို နေထိုင်လိုတာကိုလည်း ကောင်းကောင်းနားလည်လက်ခံပေးခဲ့ပါသေးတယ်။

မိုင်လေဆိုင်းရပ်စ် ( Miley Cyrus )

ပရိသတ်အခိုင်အမာရရှိထားတဲ့ Hannah Montana လေးကနေ တွဲလောင်းခို အဆိုတော်လေးတစ်ဖြစ်လဲ Miley ကတော့ သူမကိုယ်သူမ Pansexual အဖြစ်၀န်ခံထားပါတယ်။ Pansexual ဆိုတာကတော့ ကျားလို့လည်းမသတ်မှတ် မလို့လည်းမသတ်မှတ်ပဲ သူ့ကိုယ်သူ ဘယ်လိင်ကွဲထဲမှာမှမပါ၀င်ဘူးရယ်လို့သတ်မှတ်ထားတာလို့ဆိုရမှာပါ။ စိတ်ရှိတဲ့အတိုင်း နေဖို့စဉ်းစားထားပုံရတဲ့Miley ဟာ သူ့ရဲ့ ချစ်သူကောင်လေးကိုလည်း ယောက်ျားလေးဖြစ်ရတာသဘောကျရဲ့လားလို့ ခဏခဏမေးခဲ့ဖူးပါတယ်တဲ့။

ဆမ်စမစ် (Sam Smith)

အဆိုတော်ကြီး Sam Smith ကတော့ သူ့ကိုယ်သူ ဂေးတစ်ယောက်ဖြစ်ကြောင်းကို 2014 ခုနှစ်မှာ ပွင့်ပွင့်လင်းလင်း ၀န်ခံသွားခဲ့ပါတယ်။ 57 ကြိမ်မြောက် Grammy Award ဆုပေးပွဲကြီးမှာ Stay With Me သီချင်းနဲ့ Record of the Year ဆိုကိုရရှိသွားခဲ့တဲ့ Sam ဟာ ဒီသီချင်းကိုဖြစ်ပေါ်လာစေခဲ့တဲ့ သူ့ရဲ့ချစ်သူ မော်ဒယ်လ် သရုပ်ဆောင် Johnathan Ziezel ကို ကျေးဇူးတင်ကြောင်း စင်ပေါ်ကနေ လူသိရှင်ကြား ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။ အခုတော့လည်းပြတ်သွားကြပါပြီ ။

 

Photo Credit to the Rightful Owners

, , , ,

Celebrity News

Running Man ကနေ အနားယူမယ့် အချိန်နဲ့ အချစ်ရေးကိစ္စကို ပြောပြခဲ့တဲ့ Song Ji Hyo

ဆယ်နှစ်တာ သံယောဇဉ်တွေနဲ့

by JN Ja Seng Pan

June 2, 2020

Running Man အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Song Ji Hyo က လတ်တလောဖြေထားတဲ့ Interview တစ်ခုမှာ အသက်လေးဆယ်နားနီးလာတဲ့ ခံစားချက်နဲ့ ပတ်သတ်ပြီး Running Man အစီအစဉ်နဲ့ လက်ထပ်မယ့် အကြောင်းတွေကို ပြောပြသွားခဲ့ပါတယ်။

သက်လတ်ပိုင်းရောက်လာပြီဖြစ်တဲ့ သူမက အသက်အရွယ်က သူမအတွက် စိတ်ရှုပ်စရာကောင်းတဲ့အရာတစ်ခုလို့ မမြင်ပါဘူးလို့ ဖြေခဲ့ပါတယ်။ သူမအနေနဲ့ ခုရှိနေတဲ့အချိန်က သူမအတွက် ပျော်ရွှင်စရာအပြည့်ပဲလို့ ဆိုပါတယ်။

“လေးဆယ်နားနီးလာတာရဲ့ အခက်ခဲဆုံးအချက်က Recover ဖြစ်ဖို့ နှေးကွေးတာတစ်ခုပါပဲ။ အရာရာတိုင်းကို လုပ်နိုင်လာတယ်လို့ ခံစားရလို့ ကျွန်မကတော့ပျော်တယ်။ အရင်က မသိ၊ နားမလည်တဲ့အရာတွေကို နားလည်သဘောပေါက်လာတယ်လို့ ခံစားရတယ်။”

ကိုးရီးယားနိုင်ငံရဲ့ ဓလေ့ထုံးထမ်းအရ လက်ထပ်ရမယ့်အရွယ်တစ်နေရာမှလည်း ရောက်နေပြီမို့ ဒီကိစ္စနဲ့ ပတ်သတ်ပြီးတော့ သူမက လက်ထပ်ဖို့အတွက် အစီအစဉ်မရှိသေးပါဘူးလို့ဆိုပါတယ်။ တစ်ယောက်တည်းနေနေတဲ့ လက်ရှိဘဝကိုလည်း နှစ်သက်ပြီး တစ်စုံတစ်ယောက်ရှိခဲ့ရင်လည်း ပျော်ပျော်ကြီးလက်ခံမှာပါလို့ ဆိုပါတယ်။



“ကျွန်မအတွက် ကိုယ့်ကိုယ်တောင် ဂရုစိုက်ရတာ ခက်နေတာ၊ အခြားလူတစ်ယောက်ကို ဂရုစိုက်ပြုစုဖို့ဆိုတာ ကျွန်မအတွက် မဖြစ်နိုင်ဘူး။ အခုလက်ရှိဘဝက အဆင်ပြေနေပါတယ်။ ကျွန်မတော့ ကြိုက်တယ်။
ကျွန်မရဲ့ အတွေးတွေကို ပြောင်းလဲပေးနိုင်မယ့် လူတစ်ယောက်ရှိခဲ့ရင်တော့လည်း တစ်မျိူးပေါ့။ အခုတော့ ကျွန်မခွေးလေးနဲ့ အချိန်ကုန်ရတာကိုပဲ ပျော်ပါတယ်။”

ထိခိုက်ဒဏ်ရာများတဲ့ ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုနဲ့ ရိုက်ကူးရတဲ့ Running Man မှာ အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ၁၀နှစ်ကြာရှိနေတဲ့ အချိန်နဲ့ ပတ်သတ်ပြီးတော့လည်း ပြောပြခဲ့ပါတယ်။

“အသက်နဲ့ ပတ်သတ်ပြီး စဉ်းစားတွေးပူတဲ့အထဲမှာ ကျွန်မမပါပါဘူး။ ဒါပေမယ့် အခု ကျွန်မရဲ့ အသက်၃၀ဆိုတဲ့ အပိုင်းအခြားကို စွန့်လွတ်ရတော့မယ်၊ အသက်၄၀နောက်ပိုင်းမှာ ဘာလုပ်နေမလဲဆိုတာ စဉ်းစားမိနေတယ်။
Running Man ကို မရိုက်ဖြစ်ခဲ့ရင်တောင် အခြားအလုပ်တွေကို အကောင်းဆုံးကြိုးစားပြီး လုပ်သွားမှာပါလို့ ဆိုပါတယ်။”

, , , ,

Celebrity News

Tik Tok Video တစ်ခုကြောင့် တရားစွဲဆိုဖို့ ပြင်ဆင်နေတဲ့ Justin Bieber နဲ့ Hailey

Tik Tok က နေစလိုက်တဲ့ဇာတ်လမ်း

by JN Ja Seng Pan

May 28, 2020

အခုချိန်မှာတော့ Hailey တကယ်ပဲ ခွဲစိတ်ပြုပြင်မှုလုပ်ထားလား၊ မလုပ်ထားလားဆိုတာကို အင်တာနက်အသုံးပြုသူတွေကြားမှာ ရေပန်းစားလို့နေပါတယ်။ ဒီသတင်းက ဘယ်ကနေ၊ ဘယ်လိုထွက်လာလဲဆိုတော့ Instagram အသုံးပြုသူတစ်ယောက်ကနေ တင်လိုက်တဲ့အချိန်ကစလိုက်တဲ့ဇာတ်လမ်းဖြစ်ပါတယ်။ Tik Tok က Video တစ်ခုကြောင့်လည်း Justin ကော Hailey ကော ဒေါသထွက်ပြီး တရားစွဲမယ်ဆိုပြီး ဖြစ်လာတာပါ။



Plastic Surgeon တစ်ယောက်ဖြစ်တဲ့ Dr. Daniel Barrett က Tik tok မှာ Followr 300k နီးပါးရှိတဲ့သူတစ်ယောက်ပါ။ သူက Celebrity တွေ ခွဲစိတ်ပြုပြင်မှု ပြုလုပ်ထားလာဆိုတဲ့ ကောလဟာလတွေကို အချက်အလက်တွေနဲ့ ထောက်ပြတဲ့ Video တွေကို တင်လေ့ရှိသူပါ။ Kylie Jenner ကအစ Cardi B အထိ ဒီလို ရှင်းလင်းထောက်ပြမှုတွေလုပ်ခဲ့တာပါ။ Hailey Bieber အကြောင်းတင်ထားတဲ့ Video မှာဆိုရင်လည်း Hailey ရဲ့ အရင်တုန်းကပုံနဲ့ အခုပုံကို ယှဉ်ပြီး Hailey ခွဲစိတ်ပြုပြင်မှုပြုလုပ်ထားကြောင်း တင်ထားခဲ့တာပါ။ နှာခေါင်းခွဲစိတ်ပြုပြင်မှု၊ Jawline Contouring၊ မေးစေ့ပုံဖော်တာတွေ လုပ်ထားပါတယ်လို့ ဆိုပါတယ်။ နှုတ်ခမ်းနဲ့ ပါးကိုလည်း Filler တွေထိုးထားပြီး အသားအရေတင်းရင်းအောင် ပြုပြင်ထားတယ်ဆိုပြီး တင်ထားခဲ့တာပါ။ ထပ်ပြီးတော့ Dr Barrett က “သူရဲ့နှာခေါင်းကို သေချာကြည့်ပါ။ ပြောင်းလဲသွားတယ်လို့ မထင်ကြဘူးလား။ ဒီတိုင်းနေရင်းနဲ့တော့ ဒီလိုပြောင်းလဲသွားဖို့ဆိုတာ ဖြစ်မှမဖြစ်နိုင်တာ အကူအညီတစ်ခုတော့ယူထားတယ်”ဆိုပြီး Video ထဲမှာ ပြောသွားခဲ့ပါတယ်။

Hailey ရဲ့ ပုံတွေကို ခွင့်ပြုချက်မရ ယူသုံးပြီး သူ့ရဲ့ အကျိူးစီးပွားအတွက် ဒီလို မဟုတ်မမှန်သတင်းလွှင့်လို့ တရားစွဲသွားမှာဖြစ်ပါတယ်။ နောက်ပြီး သူရေးထားတဲ့ Caption က Justin Bieber ရဲ့ Sorry ကို အသုံးပြုထားလို့ Copyright အမှုနဲ့ပါ တရားစွဲသွားမှာဖြစ်တယ်လို့ Justin နဲ့ Hailey ရဲ့ တရားဥပဒေပြောဆိုခွင့်ရှိသူတွေက တုံ့ပြန်ခဲ့ပါတယ်။ Video ကို ၂၄နာရီအတွင်း မဖျက်ပါက တရားဥပဒေအရ ဆောင်ရွက်သွားမှာလို့ သတိပေးခဲ့ပါတယ်။ Dr. Barrett ကလည်း ဒီဗီဒိုယိုနဲ့ ပတ်သတ်ပြီး မကျေမနပ်ဖြစ်ကြတာကို မယုံနိုင်ပါဘူး။ သူက Plastics Surgery နဲ့ ပတ်သတ်ပြီး အသိပညာပေးတာပဲဖြစ်တယ်၊ ဗီဒီယိုကိုလည်းဖျက်သွားမှာ မဟုတ်ဘူးလို့ပြောပြီး ဥပဒေဘောင်အတွင်းက ဖြေရှင်းသွားဖို့ အသင့်ပါပဲလို့ သတင်းမီဒီယာတစ်ခုကို ပြောခဲ့ပါတယ်။

, , ,

Celebrity News

NBA Star Devin Booker နဲ့ Quarantine Roadtrip သွားနေတဲ့ Kendall Jenner

Kendall တော့ ဒီလိုအချိန်မှာတောင် ဇာတ်လမ်းအသစ်တွေစနေပြီလား

by May Shoon

May 2, 2020


Kendall အတွက်ကတော့ အခုလို Quarantine တွေဝင်နေရတဲ့အချိန်မှာတောင် လေကောင်းလေသန့်ရဖို့ Road Trip သွားဖို့လိုအပ်တယ်ထင်ပါတယ်။ ထူးခြားတာက ဒီလို Roadtrip ကို သူတစ်ယောက်တည်းမဟုတ်ပဲ NBA Basketball ကစားသမား Devin Booker နဲ့အတူတူ သွားခဲ့တာပါ။ Fan တွေကတော့ သူတို့နှစ်ယောက်တွဲနေပြီလို့ တော့ထင်ကြေးပေးနေကြပါတယ်။ Kendall က Booker နဲ့ အရင်တည်းက ရင်းနှီးပြီး Kendall ရဲ့ Ex-Boyfriend Ben Simmons တို့နဲ့လည်း Double Date သွားဖူးပေမယ့် အခုလို သူတို့နှစ်ယောက်တည်း Roadtrip သွားတာကတော့ သူငယ်ချင်းအကန့်ထက်ပိုမနေဘူးလား။

Kendall ရဲ့ Ex-Boyfriend Ben Simmons ကလည်း NBA Basketball ကစားသမားတစ်ဦးဖြစ်ပြီး Booker ကလည်း တစ်ချိန်က Kylie ရဲ့ Best Friend Jordyn Woods နဲ့ တွဲခဲ့ဖူးပါတယ်။ “Kendall က သူငယ်ချင်းမိတ်ဆွေတွေ များများစားစားမရှိဘူး။ အခုလို Social Distancing တွေ Physical Distancing တွေလုပ်နေရတဲ့အချိန်ဆို ပိုဆိုးတာပေါ့။ ဒါပေမယ့် ရှိတဲ့ Small Social Network လေးထဲမှာတော့ Booker က Kendall နဲ့အတူတူရှိနေတာများတယ်။” လို့မျက်မြင်တွေ့တဲ့သူတွေတစ်ချို့ကပြောပါတယ်။
Roadtrip သွားတဲ့နေ့ကဆို Booker ရဲ့ Mercedes-Benz Maybach နဲ့အတူ Tank Top အဖြူ၊ Khaki Pant နဲ့ Baseball Cap လေးစောင်းထားတဲ့ Kendall ကို Arizona က Sedona မှာတွေ့လိုက်တယ်လို့ ဆိုပါတယ်။
မကြာခင်မှာ Kendall ရဲ့ New Couple Alert သီတင်းတွေကြားရမလားဆိုတာတော့ စောင့်ကြည့်ရမှာပါ။
Credit to original uploaders

, ,

MODA TV 


Celebrity News

ကြွေလွင့်သွားပြီဖြစ်တဲ့ Bollywood မင်းသားကြီး Irrfan Khan

၂၀၂၀ ကတော့ဆုံးရှုံမှုတွေ တစ်ခုပြီးတစ်ခုဖြစ်နေပါရောလား

by May Shoon

April 29, 2020

၂၀၂၀ ရဲ့ နှစ်ဦးပိုင်းကတော့ တစ်ကမ္ဘာလုံးကို ဝမ်းနည်းပူဆွေးမှုတွေပေးပြီး အခုလည်း ပြန်မရတော့မယ့် အနုပညာကြယ်ပွင့်တစ်ပွင့်ကို ခြွေခဲ့ပြန်ပါပြီ။ Bollywood မှာတင်မက Hollywood ရုပ်ရှင်လောကအထိပါ အောင်မြင်တဲ့ မင်းသားကြီး Irrfan Khan ကဒီနေ့ပဲ မွန်ဘိုင်းမြို့ကဆေးရုံမှာ ကင်ဆာရောဂါနဲ့ ဆုံးပါးသွားခဲ့ပါတယ်။ ထိုကင်ဆာဝေဒနာကို ၂၀၁၈ တည်းက ကုသမှုခံယူနေခဲ့တာဖြစ်ပြီး ၂၀၁၉ မှာလည်းကုသနေရင်းနဲ့ Angrezi Medium ကိုရိုက်ကူးခဲ့သူပါ။ သရုပ်ဆောင်လောကမှာ နှစ်ပေါင်း ၃၀ လောက်ကျင်လည်လာခဲ့တဲ့ Irrfan Khan ကသူသေဆုံးချိန်မှာ အသက် ၅၄ နှစ်ပဲရှိပါသေးတယ်။ Khan က သရုပ်ဆောင်တဲ့နေရာမှာ သူများထက်သာတာက သူ့ကို Leading Role ပေးမှမဟုတ်ပဲ ဇာတ်ပို့ပဲဖြစ်ဖြစ်၊ ဗီလိန်ပဲဖြစ်ဖြစ်၊ ဇာတ်ဝင်ခန်းနည်းနည်း ကျရာ Character ကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်တာမို့ အိန္ဒိယရုပ်ရှင်လောကမှာတင်မကပဲ နိုင်ငံတကာအထိပါ အောင်မြင်တဲ့ မင်းသားကြီးတစ်ဦးပါ။


Irrfan Khan ကို Hindi Medium ၊ Blackmail ၊ Lunchbox ၊ Piku Talvar ၊ Paan Singh ရုပ်ရှင်တွေနဲ့ လူသိများခံသလို နာမည်ကျော် Hollywood ရုပ်ရှင်ဇာတ်ကားတွေဖြစ်တဲ့ The Amazing Spiderman ၊ Jurassic World ၊ Inferno ၊ Slumdog Millionare ၊ Life of Pi ဇာတ်ကားတွေမှာလည်း သရုပ်ဆောင်ခဲ့ပါတယ်။
ရုပ်ရည်ကို အဓိကမထားပဲ ပီပြင်လွန်းတဲ့ သရုပ်ဆောင်စွမ်းရည်တွေနဲ့ သဘာဝမင်းသားကြီး Irrfan Khan ကတော့ အဆိုးတွေပြည့်နှက်နေတဲ့ ၂၀၂၀ ခုနှစ်မှာ အားလုံးကို ထာဝရနှုတ်ဆက်သွားပြန်ပါပြီ။ ဒါပေမယ့်သူ့ရဲ့ ရုပ်ရှင်ကားတွေမှာ ပေးခဲ့တဲ့ ဘဝသင်ခန်းစာတွေနဲ့ Memories တွေကတော့ ကျွနု်ပ်တို့နှလုံးသားထဲမှာ အမြဲရှင်သန်နေဦးမှာပါ။ သူရဲ့ Inspirational Quotes လေးတွေနဲ့အတူ စိတ်မကောင်းစွာနဲ့ပဲ Khan ကိုနှုတ်ဆက်လိုက်ရပါတယ်။

,

Celebrity News

Zayn Malik နဲ့ရတဲ့ ကိုယ်ဝန်ကိုလွယ်ထားရပြီဖြစ်တဲ့ Gigi Hadid

Quaraintine က သူတို့အတွက် ထူးခြားမှုတစ်ခုဖြစ်သွားစေခဲ့ပုံပါပဲ။

by JN Ja Seng Pan

April 29, 2020

နိုင်ငံတကာ Media သတင်းတွေအရ Gigi hadid မှာ ကိုယ်ဝန်ရှိနေပြီလို့သိရပါတယ်။ အတွင်းစကားတွေအရ ကိုယ်ဝန်က ရက်သတ္တပတ်၂၀ခန့်ရှိနေပြီး သားသားလေးလား မီးမီးလေးလားဆိုတာကိုတော့ မသိသေးပါဘူးလို့ ဆိုပါတယ်။ လတ်တလောမှာတော့ Gigi နဲ့ Zayn တို့စုံတွဲက မိသားစုခြံရှိတဲ့ Pennsylvania မှာ မိသားစုဝင်တွေနဲ့ Qurantine နေနေကြတာဖြစ်ပါတယ်။ ဒီသတင်းက Gigi ရဲ့ ၂၅ နှစ်ပြည့်မွေးနေ့အပြီးမှာ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ နှစ်ဖက်မိဘတွေနဲ့ မိသားစုဝင်တွေအားလုံးက ဒီသတင်းကိုကြားပြီးပြီးချင်း ဝမ်းသာမဆုံးဖြစ်နေကြပြီး ရင်သွေးလေးအတွက် ရင်ခုန်နေကြပါတယ်။

၂၀၁၅ ထဲက စတင်တွဲခုတ်ခဲ့ကြတာဖြစ်ပြီး ကြားထဲမှာ ပြတ်လိုက်၊ တွဲလိုက်နဲ့ ဖြစ်နေခဲ့ကြတာပါ။ ၂၀၁၉ ကုန်ခံနီးမှာ ပြန်လည်လက်တွဲခဲ့ကြတာဖြစ်ပြီး အခုအချိန်မှာတော့ ဒီသတင်းကိုကြားရတာပဲဖြစ်ပါတယ်။ Gigi က Zayn ကို အမြဲချစ်နေတဲ့သူပါ။ လမ်းခွဲတုန်းကလည်း သူတို့နှစ်ယောက်လုံးအချိန်လိုအပ်လို့ လမ်းခွဲဖို့ကို ဆုံးဖြတ်ခဲ့ကြတာပါ။ Zayn က ကြားထဲမှာ အနုပညာနဲ့ ကျန်းမာရေးကိစ္စတွေနဲ့ အဆင်မပြေဖြစ်ခဲ့ပေမယ့် သူ အခြေအနေအားလုံး ငြိမ်သက်ပြီး အေးဆေးဖြစ်သွားတဲ့အချိန်မှာ Gigi ကို သူ့ဘက်က ပြန်လည်ကြိုးစားခဲ့ပါတယ်။ Gigi ဘက်ကလည်း ပြန်လက်ခံဖို့ ငြင်းစရာအကြောင်းမရှိခဲ့ဘူးလို့ သတင်းတွေအရ သိရပါတယ်။



“ကျွန်တော်က အရာရာကို အဆိုးမြင်တတ်တဲ့သူဗျ။ သူနဲ့ တွေ့ဆုံခွင့်ရခဲ့တာ ကျွန်တော်သိပ်ကို ကျေးဇူးတင်တယ်။ ဘယ်အရာကိုမဆို အကောင်းမြင်တတ်ဖို့ ကျွန်တော်ကို အများကြီး ကူညီပေးခဲ့တယ်”လို့ GQ Magazine မှာ Gigi Hadid အကြောင်း ဖြေခဲ့ဖူးပါတယ်။

ဆွဲဆောင်မှုရှိတဲ့ Zayn Malik နဲ့ Super Model ဖြစ်တဲ့ Gigi Hadid တို့နှစ်ယောက်ရဲ့ မွေးလာမယ့်ကလေးကိုတော့ ခုထဲက အရမ်းကိုတွေ့ချင်နေပါပြီ။ ဘယ်လောက်တောင်မှ ချောမောလှပနေမလဲဆိုတာ စဉ်းစားတာကြည့်လိုက်တော့။

, , , ,

Celebrity News

သင်ချစ်ရတဲ့သူနဲ့ ပျော်စရာအမှတ်တရဖန်တီးနိုင်တဲ့ Flip the switch Challenge

ပျော်စရာကောင်းတဲ့ Challenge လေး

by JN Ja Seng Pan

April 28, 2020

အိမ်ထဲမှာ နေရာတာများလို့ ပျင်းနေကြပြီလား။ Quaraintine ကာလမှာ ပျော်စရာကောင်းစေမယ့် Challenge လေးတွေစိတ်မဝင်စားဘူးလား။ ဒီ Challenge လေးက ကိုယ်တစ်ယောက်တည်းတင်မကပဲ ကိုယ့်ကို ချစ်တဲ့ ကိုယ်ကချစ်ရတဲ့ သူနဲ့ အမှတ်တရတစ်ခု တိုးသွားစေမယ့် Challenge လေးပါ။ Flip the switch Challenge လို့ ခေါ်တဲ့ ဒီ Challenge လေးက Tiktok ကနေဖြစ်လာတဲ့ Viral Trend တစ်ခုဖြစ်ပြီး ကြည့်ရှုတဲ့သူကြားမှာလည်း ပြုံးရွှင်စရာ Video လေးတွေဖြစ်လို့နေပါတယ်။ နိုင်ငံတကာက Celebrity တော်တော်များများက ဒီ Challenge ကို လုပ်လာကြသလို ပြည်တွင်းမှာလည်း Celebrity တွေက သူတို့ရဲ့ ချစ်သူရည်းစား၊ မိသားစုဝင်တွေနဲ့ ပြုလုပ်လာတာတွေ့ရပါတယ်။ Video Link လေးတွေကို ပုံအောက်မှာ ချထားပေးမှာမို့ ဘယ် Cele တွေက အမိုက်ဆုံး သရုပ်ဆောင်ထားလဲဆိုတာ Click ကြည့်လိုက်နော်။ ကိုယ်တိုင်လည်း ပြုလုပ်နိုင်တာမို့ Tiktok အကောင့်ကို အမြန်ဆုံး Down ထားဖို့တော့လိုပါမယ်။

Jennifer Lopez

Camila Cabello

Mariah Carey

Anwar Jibawi

M Seng Lu

Nay Win & Travel Kueen

Russell


Phyo Lay & Warso Moe Oo

 

 

, , , ,