×
Celebrity News

ယောက်ျားလေးလိုသရုပ်ဆောင်ခြင်းနဲ့ပက်သက်လို့ ELLE မှာပြောပြခဲ့တဲ့ KIM YOO JUNG

ဒီဇာတ်လမ်းတွဲမှာလည်း သူမအကောင်းဆုံးသရုပ်ဆောင်နိုင်မယ်ဆိုတာ ကျွန်မတို့ယုံကြည်ပါတယ်

by Ki Ki January

August 22, 2016

သြဂုတ် ၂၂ ရက်မှာ Elle Magazine ကမင်းသမီး Kim Yoo Jung နဲ့ရိုက်ကူးထားတဲ့ ဓါတ်ပုံများကို ထုတ်ပြန်ခဲ့ပါတယ်။ ဓါတ်ပုံထဲမှာ မင်းသမီးက သမာရိုးကျအ၀တ်အစားများနဲ့ တည်ငြိမ်ရင့်ကျက်သော အမျိုးသမီးငယ်လေးတစ်ဦးအသွင် ရိုက်ကူးခဲ့ခြင်းဖြစ်ပါတယ်။ မကြာခင်ထုတ်လွှင့်မယ့် Moonlight Drawn by Clouds ဇာတ်လမ်းတွဲမှာ အမျိုးသမီးငယ်လေးက ယောက်ျားလေးတစ်ဦးအသွင်၀တ်ဆင်ကာ နန်းတော်ထဲကို ၀င်ဖို့ကြိုးစားတဲ့ မိန်းကလေး Hong Ra On ဇာတ်ကောင်အဖြစ်သရုပ်ဆောင်ခြင်းနဲ့ပက်သက်ပြီး အင်တာဗျူးဖြေပေးခဲ့ပါတယ်။

“သာမန်အားဖြင့် ကျွန်မကိုယ်တိုင်က မိန်းကလေးသိပ်မဆန်တဲ့အတွက်ကြောင့်မို့လို့ ယောက်ျားလေးတစ်ဦးအသွင်သရုပ်ဆောင်ရတာ သက်သောင့်သက်သာဖြစ်စေပါတယ်။ ကျွန်မက အေးအေးဆေးဆေးသမား။ ငယ်ငယ်လေးကတည်းက သရုပ်ဆောင်တိုင်း အရမ်းကောင်းမွန်တဲ့ပုံစံမျိုးသရုပ်ဆောင်ရတာ ကျွန်မအတွက် နည်းနည်းခက်ပါတယ်”လို့ပြောပါတယ်။

ခုလိုမျိုး နာမည်ကြီး ကာတွန်းဇာတ်အိမ်ကို အသက်သွင်းတဲ့ဇာတ်လမ်းတွဲမှာ ပါ၀င်ရခြင်းနဲ့ပက်သက်ပြီး Kim Yoo Jung က “တစ်ကယ်လို့ကျွန်မဟာ ကိုယ့်ကိုကိုယ်မယုံကြည်ပဲ မသေချာတဲ့နည်းလမ်းနဲ့သာ သရုပ်ဆောင်ခဲ့မယ်ဆိုရင် ဒါကျွန်မကို ယုံကြည်တဲ့ပရိသတ်တွေကို သစ္စာဖောက်နေတာနဲ့အတူတူပဲလို့ထင်ပါတယ်။ ကိုယ့်ကိုယ်ကိုဘ၀င်မမြင့်ပဲ ကိုယ်သရုပ်ဆောင်မယ့် ဇာတ်ရုပ်အပေါ်မှာ confident ရှိရှိသရုပ်ဆောင်သင့်တယ်လို့ထင်ပါတယ်” ဆိုတဲ့အကြောင်း ပြန်ဖြေပေးခဲ့ပါတယ်။

“Moonlight Drawn by Clouds” ကို သြဂုတ် ၂၂ ည ၁၀ နာရီမှာ ထုတ်လွှင့်တော့မှာဖြစ်ပါတယ်။

Celebrity News

Running Man ကနေ အနားယူမယ့် အချိန်နဲ့ အချစ်ရေးကိစ္စကို ပြောပြခဲ့တဲ့ Song Ji Hyo

ဆယ်နှစ်တာ သံယောဇဉ်တွေနဲ့

by JN Ja Seng Pan

June 2, 2020

Running Man အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Song Ji Hyo က လတ်တလောဖြေထားတဲ့ Interview တစ်ခုမှာ အသက်လေးဆယ်နားနီးလာတဲ့ ခံစားချက်နဲ့ ပတ်သတ်ပြီး Running Man အစီအစဉ်နဲ့ လက်ထပ်မယ့် အကြောင်းတွေကို ပြောပြသွားခဲ့ပါတယ်။

သက်လတ်ပိုင်းရောက်လာပြီဖြစ်တဲ့ သူမက အသက်အရွယ်က သူမအတွက် စိတ်ရှုပ်စရာကောင်းတဲ့အရာတစ်ခုလို့ မမြင်ပါဘူးလို့ ဖြေခဲ့ပါတယ်။ သူမအနေနဲ့ ခုရှိနေတဲ့အချိန်က သူမအတွက် ပျော်ရွှင်စရာအပြည့်ပဲလို့ ဆိုပါတယ်။

“လေးဆယ်နားနီးလာတာရဲ့ အခက်ခဲဆုံးအချက်က Recover ဖြစ်ဖို့ နှေးကွေးတာတစ်ခုပါပဲ။ အရာရာတိုင်းကို လုပ်နိုင်လာတယ်လို့ ခံစားရလို့ ကျွန်မကတော့ပျော်တယ်။ အရင်က မသိ၊ နားမလည်တဲ့အရာတွေကို နားလည်သဘောပေါက်လာတယ်လို့ ခံစားရတယ်။”

ကိုးရီးယားနိုင်ငံရဲ့ ဓလေ့ထုံးထမ်းအရ လက်ထပ်ရမယ့်အရွယ်တစ်နေရာမှလည်း ရောက်နေပြီမို့ ဒီကိစ္စနဲ့ ပတ်သတ်ပြီးတော့ သူမက လက်ထပ်ဖို့အတွက် အစီအစဉ်မရှိသေးပါဘူးလို့ဆိုပါတယ်။ တစ်ယောက်တည်းနေနေတဲ့ လက်ရှိဘဝကိုလည်း နှစ်သက်ပြီး တစ်စုံတစ်ယောက်ရှိခဲ့ရင်လည်း ပျော်ပျော်ကြီးလက်ခံမှာပါလို့ ဆိုပါတယ်။



“ကျွန်မအတွက် ကိုယ့်ကိုယ်တောင် ဂရုစိုက်ရတာ ခက်နေတာ၊ အခြားလူတစ်ယောက်ကို ဂရုစိုက်ပြုစုဖို့ဆိုတာ ကျွန်မအတွက် မဖြစ်နိုင်ဘူး။ အခုလက်ရှိဘဝက အဆင်ပြေနေပါတယ်။ ကျွန်မတော့ ကြိုက်တယ်။
ကျွန်မရဲ့ အတွေးတွေကို ပြောင်းလဲပေးနိုင်မယ့် လူတစ်ယောက်ရှိခဲ့ရင်တော့လည်း တစ်မျိူးပေါ့။ အခုတော့ ကျွန်မခွေးလေးနဲ့ အချိန်ကုန်ရတာကိုပဲ ပျော်ပါတယ်။”

ထိခိုက်ဒဏ်ရာများတဲ့ ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုနဲ့ ရိုက်ကူးရတဲ့ Running Man မှာ အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ၁၀နှစ်ကြာရှိနေတဲ့ အချိန်နဲ့ ပတ်သတ်ပြီးတော့လည်း ပြောပြခဲ့ပါတယ်။

“အသက်နဲ့ ပတ်သတ်ပြီး စဉ်းစားတွေးပူတဲ့အထဲမှာ ကျွန်မမပါပါဘူး။ ဒါပေမယ့် အခု ကျွန်မရဲ့ အသက်၃၀ဆိုတဲ့ အပိုင်းအခြားကို စွန့်လွတ်ရတော့မယ်၊ အသက်၄၀နောက်ပိုင်းမှာ ဘာလုပ်နေမလဲဆိုတာ စဉ်းစားမိနေတယ်။
Running Man ကို မရိုက်ဖြစ်ခဲ့ရင်တောင် အခြားအလုပ်တွေကို အကောင်းဆုံးကြိုးစားပြီး လုပ်သွားမှာပါလို့ ဆိုပါတယ်။”

, , , ,

Celebrity News

Tik Tok Video တစ်ခုကြောင့် တရားစွဲဆိုဖို့ ပြင်ဆင်နေတဲ့ Justin Bieber နဲ့ Hailey

Tik Tok က နေစလိုက်တဲ့ဇာတ်လမ်း

by JN Ja Seng Pan

May 28, 2020

အခုချိန်မှာတော့ Hailey တကယ်ပဲ ခွဲစိတ်ပြုပြင်မှုလုပ်ထားလား၊ မလုပ်ထားလားဆိုတာကို အင်တာနက်အသုံးပြုသူတွေကြားမှာ ရေပန်းစားလို့နေပါတယ်။ ဒီသတင်းက ဘယ်ကနေ၊ ဘယ်လိုထွက်လာလဲဆိုတော့ Instagram အသုံးပြုသူတစ်ယောက်ကနေ တင်လိုက်တဲ့အချိန်ကစလိုက်တဲ့ဇာတ်လမ်းဖြစ်ပါတယ်။ Tik Tok က Video တစ်ခုကြောင့်လည်း Justin ကော Hailey ကော ဒေါသထွက်ပြီး တရားစွဲမယ်ဆိုပြီး ဖြစ်လာတာပါ။



Plastic Surgeon တစ်ယောက်ဖြစ်တဲ့ Dr. Daniel Barrett က Tik tok မှာ Followr 300k နီးပါးရှိတဲ့သူတစ်ယောက်ပါ။ သူက Celebrity တွေ ခွဲစိတ်ပြုပြင်မှု ပြုလုပ်ထားလာဆိုတဲ့ ကောလဟာလတွေကို အချက်အလက်တွေနဲ့ ထောက်ပြတဲ့ Video တွေကို တင်လေ့ရှိသူပါ။ Kylie Jenner ကအစ Cardi B အထိ ဒီလို ရှင်းလင်းထောက်ပြမှုတွေလုပ်ခဲ့တာပါ။ Hailey Bieber အကြောင်းတင်ထားတဲ့ Video မှာဆိုရင်လည်း Hailey ရဲ့ အရင်တုန်းကပုံနဲ့ အခုပုံကို ယှဉ်ပြီး Hailey ခွဲစိတ်ပြုပြင်မှုပြုလုပ်ထားကြောင်း တင်ထားခဲ့တာပါ။ နှာခေါင်းခွဲစိတ်ပြုပြင်မှု၊ Jawline Contouring၊ မေးစေ့ပုံဖော်တာတွေ လုပ်ထားပါတယ်လို့ ဆိုပါတယ်။ နှုတ်ခမ်းနဲ့ ပါးကိုလည်း Filler တွေထိုးထားပြီး အသားအရေတင်းရင်းအောင် ပြုပြင်ထားတယ်ဆိုပြီး တင်ထားခဲ့တာပါ။ ထပ်ပြီးတော့ Dr Barrett က “သူရဲ့နှာခေါင်းကို သေချာကြည့်ပါ။ ပြောင်းလဲသွားတယ်လို့ မထင်ကြဘူးလား။ ဒီတိုင်းနေရင်းနဲ့တော့ ဒီလိုပြောင်းလဲသွားဖို့ဆိုတာ ဖြစ်မှမဖြစ်နိုင်တာ အကူအညီတစ်ခုတော့ယူထားတယ်”ဆိုပြီး Video ထဲမှာ ပြောသွားခဲ့ပါတယ်။

Hailey ရဲ့ ပုံတွေကို ခွင့်ပြုချက်မရ ယူသုံးပြီး သူ့ရဲ့ အကျိူးစီးပွားအတွက် ဒီလို မဟုတ်မမှန်သတင်းလွှင့်လို့ တရားစွဲသွားမှာဖြစ်ပါတယ်။ နောက်ပြီး သူရေးထားတဲ့ Caption က Justin Bieber ရဲ့ Sorry ကို အသုံးပြုထားလို့ Copyright အမှုနဲ့ပါ တရားစွဲသွားမှာဖြစ်တယ်လို့ Justin နဲ့ Hailey ရဲ့ တရားဥပဒေပြောဆိုခွင့်ရှိသူတွေက တုံ့ပြန်ခဲ့ပါတယ်။ Video ကို ၂၄နာရီအတွင်း မဖျက်ပါက တရားဥပဒေအရ ဆောင်ရွက်သွားမှာလို့ သတိပေးခဲ့ပါတယ်။ Dr. Barrett ကလည်း ဒီဗီဒိုယိုနဲ့ ပတ်သတ်ပြီး မကျေမနပ်ဖြစ်ကြတာကို မယုံနိုင်ပါဘူး။ သူက Plastics Surgery နဲ့ ပတ်သတ်ပြီး အသိပညာပေးတာပဲဖြစ်တယ်၊ ဗီဒီယိုကိုလည်းဖျက်သွားမှာ မဟုတ်ဘူးလို့ပြောပြီး ဥပဒေဘောင်အတွင်းက ဖြေရှင်းသွားဖို့ အသင့်ပါပဲလို့ သတင်းမီဒီယာတစ်ခုကို ပြောခဲ့ပါတယ်။

, , ,

Celebrity News

NBA Star Devin Booker နဲ့ Quarantine Roadtrip သွားနေတဲ့ Kendall Jenner

Kendall တော့ ဒီလိုအချိန်မှာတောင် ဇာတ်လမ်းအသစ်တွေစနေပြီလား

by May Shoon

May 2, 2020


Kendall အတွက်ကတော့ အခုလို Quarantine တွေဝင်နေရတဲ့အချိန်မှာတောင် လေကောင်းလေသန့်ရဖို့ Road Trip သွားဖို့လိုအပ်တယ်ထင်ပါတယ်။ ထူးခြားတာက ဒီလို Roadtrip ကို သူတစ်ယောက်တည်းမဟုတ်ပဲ NBA Basketball ကစားသမား Devin Booker နဲ့အတူတူ သွားခဲ့တာပါ။ Fan တွေကတော့ သူတို့နှစ်ယောက်တွဲနေပြီလို့ တော့ထင်ကြေးပေးနေကြပါတယ်။ Kendall က Booker နဲ့ အရင်တည်းက ရင်းနှီးပြီး Kendall ရဲ့ Ex-Boyfriend Ben Simmons တို့နဲ့လည်း Double Date သွားဖူးပေမယ့် အခုလို သူတို့နှစ်ယောက်တည်း Roadtrip သွားတာကတော့ သူငယ်ချင်းအကန့်ထက်ပိုမနေဘူးလား။

Kendall ရဲ့ Ex-Boyfriend Ben Simmons ကလည်း NBA Basketball ကစားသမားတစ်ဦးဖြစ်ပြီး Booker ကလည်း တစ်ချိန်က Kylie ရဲ့ Best Friend Jordyn Woods နဲ့ တွဲခဲ့ဖူးပါတယ်။ “Kendall က သူငယ်ချင်းမိတ်ဆွေတွေ များများစားစားမရှိဘူး။ အခုလို Social Distancing တွေ Physical Distancing တွေလုပ်နေရတဲ့အချိန်ဆို ပိုဆိုးတာပေါ့။ ဒါပေမယ့် ရှိတဲ့ Small Social Network လေးထဲမှာတော့ Booker က Kendall နဲ့အတူတူရှိနေတာများတယ်။” လို့မျက်မြင်တွေ့တဲ့သူတွေတစ်ချို့ကပြောပါတယ်။
Roadtrip သွားတဲ့နေ့ကဆို Booker ရဲ့ Mercedes-Benz Maybach နဲ့အတူ Tank Top အဖြူ၊ Khaki Pant နဲ့ Baseball Cap လေးစောင်းထားတဲ့ Kendall ကို Arizona က Sedona မှာတွေ့လိုက်တယ်လို့ ဆိုပါတယ်။
မကြာခင်မှာ Kendall ရဲ့ New Couple Alert သီတင်းတွေကြားရမလားဆိုတာတော့ စောင့်ကြည့်ရမှာပါ။
Credit to original uploaders

, ,

Celebrity News

ကြွေလွင့်သွားပြီဖြစ်တဲ့ Bollywood မင်းသားကြီး Irrfan Khan

၂၀၂၀ ကတော့ဆုံးရှုံမှုတွေ တစ်ခုပြီးတစ်ခုဖြစ်နေပါရောလား

by May Shoon

April 29, 2020

၂၀၂၀ ရဲ့ နှစ်ဦးပိုင်းကတော့ တစ်ကမ္ဘာလုံးကို ဝမ်းနည်းပူဆွေးမှုတွေပေးပြီး အခုလည်း ပြန်မရတော့မယ့် အနုပညာကြယ်ပွင့်တစ်ပွင့်ကို ခြွေခဲ့ပြန်ပါပြီ။ Bollywood မှာတင်မက Hollywood ရုပ်ရှင်လောကအထိပါ အောင်မြင်တဲ့ မင်းသားကြီး Irrfan Khan ကဒီနေ့ပဲ မွန်ဘိုင်းမြို့ကဆေးရုံမှာ ကင်ဆာရောဂါနဲ့ ဆုံးပါးသွားခဲ့ပါတယ်။ ထိုကင်ဆာဝေဒနာကို ၂၀၁၈ တည်းက ကုသမှုခံယူနေခဲ့တာဖြစ်ပြီး ၂၀၁၉ မှာလည်းကုသနေရင်းနဲ့ Angrezi Medium ကိုရိုက်ကူးခဲ့သူပါ။ သရုပ်ဆောင်လောကမှာ နှစ်ပေါင်း ၃၀ လောက်ကျင်လည်လာခဲ့တဲ့ Irrfan Khan ကသူသေဆုံးချိန်မှာ အသက် ၅၄ နှစ်ပဲရှိပါသေးတယ်။ Khan က သရုပ်ဆောင်တဲ့နေရာမှာ သူများထက်သာတာက သူ့ကို Leading Role ပေးမှမဟုတ်ပဲ ဇာတ်ပို့ပဲဖြစ်ဖြစ်၊ ဗီလိန်ပဲဖြစ်ဖြစ်၊ ဇာတ်ဝင်ခန်းနည်းနည်း ကျရာ Character ကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်တာမို့ အိန္ဒိယရုပ်ရှင်လောကမှာတင်မကပဲ နိုင်ငံတကာအထိပါ အောင်မြင်တဲ့ မင်းသားကြီးတစ်ဦးပါ။


Irrfan Khan ကို Hindi Medium ၊ Blackmail ၊ Lunchbox ၊ Piku Talvar ၊ Paan Singh ရုပ်ရှင်တွေနဲ့ လူသိများခံသလို နာမည်ကျော် Hollywood ရုပ်ရှင်ဇာတ်ကားတွေဖြစ်တဲ့ The Amazing Spiderman ၊ Jurassic World ၊ Inferno ၊ Slumdog Millionare ၊ Life of Pi ဇာတ်ကားတွေမှာလည်း သရုပ်ဆောင်ခဲ့ပါတယ်။
ရုပ်ရည်ကို အဓိကမထားပဲ ပီပြင်လွန်းတဲ့ သရုပ်ဆောင်စွမ်းရည်တွေနဲ့ သဘာဝမင်းသားကြီး Irrfan Khan ကတော့ အဆိုးတွေပြည့်နှက်နေတဲ့ ၂၀၂၀ ခုနှစ်မှာ အားလုံးကို ထာဝရနှုတ်ဆက်သွားပြန်ပါပြီ။ ဒါပေမယ့်သူ့ရဲ့ ရုပ်ရှင်ကားတွေမှာ ပေးခဲ့တဲ့ ဘဝသင်ခန်းစာတွေနဲ့ Memories တွေကတော့ ကျွနု်ပ်တို့နှလုံးသားထဲမှာ အမြဲရှင်သန်နေဦးမှာပါ။ သူရဲ့ Inspirational Quotes လေးတွေနဲ့အတူ စိတ်မကောင်းစွာနဲ့ပဲ Khan ကိုနှုတ်ဆက်လိုက်ရပါတယ်။

,

Celebrity News

Zayn Malik နဲ့ရတဲ့ ကိုယ်ဝန်ကိုလွယ်ထားရပြီဖြစ်တဲ့ Gigi Hadid

Quaraintine က သူတို့အတွက် ထူးခြားမှုတစ်ခုဖြစ်သွားစေခဲ့ပုံပါပဲ။

by JN Ja Seng Pan

April 29, 2020

နိုင်ငံတကာ Media သတင်းတွေအရ Gigi hadid မှာ ကိုယ်ဝန်ရှိနေပြီလို့သိရပါတယ်။ အတွင်းစကားတွေအရ ကိုယ်ဝန်က ရက်သတ္တပတ်၂၀ခန့်ရှိနေပြီး သားသားလေးလား မီးမီးလေးလားဆိုတာကိုတော့ မသိသေးပါဘူးလို့ ဆိုပါတယ်။ လတ်တလောမှာတော့ Gigi နဲ့ Zayn တို့စုံတွဲက မိသားစုခြံရှိတဲ့ Pennsylvania မှာ မိသားစုဝင်တွေနဲ့ Qurantine နေနေကြတာဖြစ်ပါတယ်။ ဒီသတင်းက Gigi ရဲ့ ၂၅ နှစ်ပြည့်မွေးနေ့အပြီးမှာ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ နှစ်ဖက်မိဘတွေနဲ့ မိသားစုဝင်တွေအားလုံးက ဒီသတင်းကိုကြားပြီးပြီးချင်း ဝမ်းသာမဆုံးဖြစ်နေကြပြီး ရင်သွေးလေးအတွက် ရင်ခုန်နေကြပါတယ်။

၂၀၁၅ ထဲက စတင်တွဲခုတ်ခဲ့ကြတာဖြစ်ပြီး ကြားထဲမှာ ပြတ်လိုက်၊ တွဲလိုက်နဲ့ ဖြစ်နေခဲ့ကြတာပါ။ ၂၀၁၉ ကုန်ခံနီးမှာ ပြန်လည်လက်တွဲခဲ့ကြတာဖြစ်ပြီး အခုအချိန်မှာတော့ ဒီသတင်းကိုကြားရတာပဲဖြစ်ပါတယ်။ Gigi က Zayn ကို အမြဲချစ်နေတဲ့သူပါ။ လမ်းခွဲတုန်းကလည်း သူတို့နှစ်ယောက်လုံးအချိန်လိုအပ်လို့ လမ်းခွဲဖို့ကို ဆုံးဖြတ်ခဲ့ကြတာပါ။ Zayn က ကြားထဲမှာ အနုပညာနဲ့ ကျန်းမာရေးကိစ္စတွေနဲ့ အဆင်မပြေဖြစ်ခဲ့ပေမယ့် သူ အခြေအနေအားလုံး ငြိမ်သက်ပြီး အေးဆေးဖြစ်သွားတဲ့အချိန်မှာ Gigi ကို သူ့ဘက်က ပြန်လည်ကြိုးစားခဲ့ပါတယ်။ Gigi ဘက်ကလည်း ပြန်လက်ခံဖို့ ငြင်းစရာအကြောင်းမရှိခဲ့ဘူးလို့ သတင်းတွေအရ သိရပါတယ်။



“ကျွန်တော်က အရာရာကို အဆိုးမြင်တတ်တဲ့သူဗျ။ သူနဲ့ တွေ့ဆုံခွင့်ရခဲ့တာ ကျွန်တော်သိပ်ကို ကျေးဇူးတင်တယ်။ ဘယ်အရာကိုမဆို အကောင်းမြင်တတ်ဖို့ ကျွန်တော်ကို အများကြီး ကူညီပေးခဲ့တယ်”လို့ GQ Magazine မှာ Gigi Hadid အကြောင်း ဖြေခဲ့ဖူးပါတယ်။

ဆွဲဆောင်မှုရှိတဲ့ Zayn Malik နဲ့ Super Model ဖြစ်တဲ့ Gigi Hadid တို့နှစ်ယောက်ရဲ့ မွေးလာမယ့်ကလေးကိုတော့ ခုထဲက အရမ်းကိုတွေ့ချင်နေပါပြီ။ ဘယ်လောက်တောင်မှ ချောမောလှပနေမလဲဆိုတာ စဉ်းစားတာကြည့်လိုက်တော့။

, , , ,

Celebrity News

သင်ချစ်ရတဲ့သူနဲ့ ပျော်စရာအမှတ်တရဖန်တီးနိုင်တဲ့ Flip the switch Challenge

ပျော်စရာကောင်းတဲ့ Challenge လေး

by JN Ja Seng Pan

April 28, 2020

အိမ်ထဲမှာ နေရာတာများလို့ ပျင်းနေကြပြီလား။ Quaraintine ကာလမှာ ပျော်စရာကောင်းစေမယ့် Challenge လေးတွေစိတ်မဝင်စားဘူးလား။ ဒီ Challenge လေးက ကိုယ်တစ်ယောက်တည်းတင်မကပဲ ကိုယ့်ကို ချစ်တဲ့ ကိုယ်ကချစ်ရတဲ့ သူနဲ့ အမှတ်တရတစ်ခု တိုးသွားစေမယ့် Challenge လေးပါ။ Flip the switch Challenge လို့ ခေါ်တဲ့ ဒီ Challenge လေးက Tiktok ကနေဖြစ်လာတဲ့ Viral Trend တစ်ခုဖြစ်ပြီး ကြည့်ရှုတဲ့သူကြားမှာလည်း ပြုံးရွှင်စရာ Video လေးတွေဖြစ်လို့နေပါတယ်။ နိုင်ငံတကာက Celebrity တော်တော်များများက ဒီ Challenge ကို လုပ်လာကြသလို ပြည်တွင်းမှာလည်း Celebrity တွေက သူတို့ရဲ့ ချစ်သူရည်းစား၊ မိသားစုဝင်တွေနဲ့ ပြုလုပ်လာတာတွေ့ရပါတယ်။ Video Link လေးတွေကို ပုံအောက်မှာ ချထားပေးမှာမို့ ဘယ် Cele တွေက အမိုက်ဆုံး သရုပ်ဆောင်ထားလဲဆိုတာ Click ကြည့်လိုက်နော်။ ကိုယ်တိုင်လည်း ပြုလုပ်နိုင်တာမို့ Tiktok အကောင့်ကို အမြန်ဆုံး Down ထားဖို့တော့လိုပါမယ်။

Jennifer Lopez

Camila Cabello

Mariah Carey

Anwar Jibawi

M Seng Lu

Nay Win & Travel Kueen

Russell


Phyo Lay & Warso Moe Oo

 

 

, , , ,

MODA TV 


Celebrity News

Covid-19 ကာလမှာ စာနာစိတ်အပြည့်နဲ့ လှူဒါန်းကူညီခဲ့ကြတဲ့ ပြည်ပအနုပညာရှင်များ

အနုပညာရှင်တွေရဲ့ ချစ်ခင်လေးစားစရာကောင်းတဲ့ စိတ်ဓာတ်လေးတွေပါ

by Randy Win

April 7, 2020

               ယခုအချိန်အခါမှာ နိုင်ငံအသီးသီး ဒေသအသီးသီးက ပြည်သူတွေဟာ ကိုရိုနာVirus ရဲ့ ကျန်းမာရေးဆိုင်ရာ ခြိမ်းခြောက်မှူတစ်ခုတည်းသာမက ဆင့်ပွားရိုက်ခတ်မှူတွေဖြစ်တဲ့ လူမှူရေး၊ စီးပွားရေးမပြေလည်မှူတွေကိုပါ ရောထွေးခံစားနေကြရတဲ့အချိန်တစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် ဒီလိုရိုက်ခတ်မှူရဲ့ဒဏ်ကို အလူးအလဲရင်ဆိုင်နေရတာကတော့ အခြေခံလူတန်းစားတွေပါပဲ။ ဒီလို ကြပ်တည်းမှူတွေရှိတဲ့ ကပ်ရောဂါအချိန်အခါမျိုးမှာ လူသားချင်းစာနာစွာနဲ့ တစ်ဦးပေါ်တစ်ဦး ဖေးမကူညီလှူဒါန်းတဲ့ အဖွဲ့အစည်းတွေ၊ တစ်ဦးတစ်ယောက်ချင်းလှူဒါန်းမှူတွေ ပေါ်ပေါက်လာတာကလည်း ၀မ်းမြောက်ကြည်နူးဖွယ်ရာဖြစ်ပါတယ်။ ဒီအထဲမှာမှ ပြည်သူချစ်အနုပညာရှင်ရပ်၀န်းက ကမ္ဘာကျော်ပုဂ္ဂိုလ်တွေကလည်း အရမ်းကို လေးစားချစ်ခင်စရာကောင်းလောက်အောင် တစ်ဖက်တစ်လမ်းက လှူဒါန်းကူညီခဲ့ကြတဲ့ ပုံရိပ်တွေကို အများအပြားမြင်တွေ့လာရတာဟာ အားတက်စရာလို့ဆိုရမှာပါ။ ဒီထဲကမှ ပြည်ပက ကမ္ဘာကျော်အနုပညာရှင်တွေရဲ့ လှူဒါန်းမှူတွေနဲ့ အရေးကြုံလာတဲ့အခါမှာ တစ်ဦးပေါ်တစ်ဦး ဥပေက္ခာပြုမထားပဲ စေတနာပါပါနဲ့ဝိုင်း၀န်းကူညီဖေးမကြတဲ့လုပ်ရပ်တွေဟာ ပြည်သူနဲ့အနုပညာရှင်တွေကြားက အပြန်အလှန်သောမေတ္တာတရားရဲ့ပြယုဂ်တွေလို့ဆိုရမှာပါပဲ။ ကပ်ရောဂါကိုလူတန်းစားအလွှာမရွေး အတူတကွရင်ဆိုင်ခံစားနေရတဲ့ ခုလိုအချိန်အခါမှာ ကိုယ်ချစ်တဲ့အနုပညာရှင်တွေက ဒုက္ခရောက်နေတဲ့ ပြည်သူတွေအတွက် ဘယ်လိုတွေများ သဒ္ဒါတရားထက်သန်စွာနဲ့ လှူဒါန်းကူညီခဲ့ကြလဲဆိုတာကို အားလုံး မျှဝေခံစားနိုင်ဖို့အတွက်  ဝေမျှပေးလိုက်ပါတယ်နော်။ခုဖော်ပြထားတဲ့အနုပညာရှင်တွေက မြန်မာပရိသတ်တွေနဲ့ရင်းနှီးတဲ့အနုပညာရှင်အချို့ကိုသာရွေးချယ်ဖော်ပြထားတာဖြစ်ပြီး အခြားအခြားသော အနုပညာရှင်တွေနဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ်တွေရဲ့လှူဒါန်းမှူတွေလည်းအများကြီးကျန်ရှိနေပါသေးတယ်။

Lady Gaga

ပေါ့ပ်ဘုရင်မကြီး Gaga ကတော့ အဆိုလည်းကောင်း ဖက်ရှင်မှာလည်းအမြဲဆန်းသစ်နေသလို အလှူအတန်းရက်ရောတဲ့နေရာမှာလည်း စံပြပါပဲ။ ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းက ကမ္ဘာ့ကျန်းမာ‌ရေးအဖွဲ့အစည်း ( WHO ) အတွက် ဒေါ်လာ 35millions လှူဒါန်းခဲ့တဲ့အပြင် သူမရဲ့ Mother Monsters Beauty Brand ရဲ့Haus Factories ကနေ နောက်ဆုံးရက်သတ္တပတ်မှာရရှိခဲ့တဲ့ အကျိုးအမြတ်ရဲ့ 20 ရာခိုင်နှူန်းကိုလည်း New York နဲ့ Los Angeles မှာရှိတဲ့ စားနပ်ရိက္ခာအဖွဲ့အစည်းတွေအတွက် လှူဒါန်းခဲ့သေးတယ်လို့သိရပါတယ်။

Pink

အသံအားကောင်းကောင်းနဲ့ အဆိုတော်တစ်ယောက်ဖြစ်တဲ့ Pink ရဲ့သတင်းကတော့ လေးလည်းလေးစားစရာကောင်းသလို စိတ်လည်းမကောင်းစရာပါ။ သူမနဲ့ သူမရဲ့သုံးနှစ်အရွယ်သားလေး Jameson တို့မှာ Corona Virusရဲ့ လက္ခဏာကိုခံစားနေကြရတယ်လို့ ၀မ်းနည်းဖွယ်ကြားသိရပါတယ်။ ဒါပေမဲ့ သူမဟာ ဒီ ကပ်ရောဂါဆိုးကြီးကို ခံစားနေကြရသူတွေအတွက် ဒေါ်လာ 1millions ကို ရန်ပုံငွေအနေနဲ့ လှူဒါန်းခဲ့ပါတယ်။ ‌ရန်ပုံငွေရဲ့တစ်၀က်ကိုတော့ သူမအမေအလုပ်လုပ်ခဲ့တဲ့ Philadelphia တက္ကသိုလ်စာသင်တိုက်ဆေးရုံရဲ့ အရေးပေါ်ရန်ပုံငွေအဖွဲ့အစည်းအတွက်လှူဒါန်းခဲ့ပြီး ကျန်တဲ့တစ်၀က်ကိုတော့ LA မြို့တော်၀န်ရဲ့ Covid-19 ကပ်ရောဂါ အရေးပေါ်ရန်ပုံငွေအဖွဲ့အစည်းအတွက်လှူဒါန်းခဲ့တာပါ။

Leonardo Dicaprio

ပရိသတ်တွေသည်းသည်းလှုပ် စွဲလန်းခဲ့ကြရတဲ့ တိုက်တန်းနစ်ဇာတ်ကားကြီးရဲ့ မင်းသားချော လီယိုနာဒိုကတော့ Laurene Powell ဆိုတဲ့ လုပ်ငန်းရှင်အမျိုးသမီးတစ်ဦးနဲ့အတူ အမေရိကန်စားနပ်ရိက္ခာအဖွဲ့အစည်းရန်ပုံငွေအတွက် ပူးပေါင်းလှူဒါန်းခဲ့ပါတယ် ။ ကပ်ရောဂါအတွင်း ထိခိုက်ဆုံးရှူံးမှူအများကြီးခံစားနေရတဲ့ ပြည်သူအချို့အတွက် တစ်ထောင့်တစ်နေရာကနေ ထောက်ပံ့ကူညီနိုင်ဖို့အတွက် အမေရိကန်ဒေါ်လာ 5 millions မြန်မာငွေကျပ်သန်းပေါင်း 7 သောင်းကျော်ခန့်ကို အတူတကွ ပူးပေါင်းလှူဒါန်းခဲ့ကြတာပါ။

Oprah Winfrey

ကမ္ဘာကျော် ရုပ်သံအစီအစဉ်တင်ဆက်သူတစ်ဦးဖြစ်တဲ့ အော်ပရာ၀င်းဖရေးကတော့ အမေရိကန်စားနပ်ရိက္ခာအဖွဲ့အစည်းအတွက် ဒေါ်လာ 1 million ကိုလှူဒါန်းခဲ့ပြီး နောက်ထပ် 10millions ကိုတော့ နိုင်ငံအတွင်းက သူမမွေးဖွားရာဇာတိတစ်လျှောက်မှာရှိတဲ့ မြို့များစွာကို ဖြန့်ကျက်လှူဒါန်းခဲ့တယ်လို့သိရပါတယ်။

Selena Gomez

ချစ်စဖွယ်မျက်နှာလေးနဲ့ ပေါ့ပ်အဆိုတော်မလေး ဆယ်လီနာကတော့ Los Angeles မှာရှိတဲ့ Cedars-Sinai ဆေးရုံအတွက် လှူဒါန်းမှူတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ ဆေးရုံမှာရှိတဲ့ ကျန်းမာရေး၀န်းထမ်းတွေရဲ့ ကိုယ့်အသက်ကိုပဓာနမထားပဲ လူနာတွေရဲ့ကျန်းမာရေးအပေါ် အလေးထားစောင့်ရှောက်‌မှူတွေကို ကျေးဇူးတင်စကားဆိုခဲ့ပြီး ဆေးရုံမှာလိုအပ်နေတဲ့ Mask တွေနဲ့ အသက်ရှူစက်များစွာကို ကူညီ‌ထောက်ပံ့ခဲ့တာပါ။

Kim Kardashian

Kim Kardashian ကတော့ သူမရဲ့ ကိုယ်လုံးလှ၀တ်စုံ Brand ဖြစ်တဲ့ SKIMS ကနေပြီး ကပ်ရောဂါဝေဒနာခံစားနေရတဲ့မိသားစု၀င်တွေအတွက် ဒေါ်လာ 1 million ကို ထောက်ပံ့လှူဒါန်းခဲ့ပါတယ်။ ဒီရန်ပုံငွေဟာ အမှန်တကယ်လိုအပ်နေတဲ့ မိခင်နဲ့ကလေးငယ်တွေဆီကို တိုက်ရိုက်ရောက်ရှိစေတယ်လို့လည်းသိရပါတယ်။

Kylie Jenner

Kim Kardashian ရဲ့ ညီမဖြစ်တဲ့ Kylie ကလည်း အခြေခံကျန်းမာရေးစောင့်ရှောက်မှူပစ္စည်းတွေဖြစ်တဲ့ Face Mask ၊ Face Gear နဲ့ တခြားအကာအကွယ်၀တ်စုံတွေကို ၀ယ်ယူနိုင်ဖို့အတွက် ဒေါ်လာ 1 million ကို အသုံးပြု လှူဒါန်းခဲ့တယ်လို့ဆိုပါတယ်။

Justin Bieber

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် Justin Bieber ကတော့ Covid-19 ကပ်ရောဂါပြန့်ပွားမှူဆိုးရွားစွာခံစားနေရတဲ့ တရုတ်ပြည်မကြီးက ကလေးငယ်တွေအတွက် ပေကျင်းက ပရဟိတအဖွဲ့အစည်းတစ်ခုကို ဒေါ်လာ 29,000 လှူဒါန်းခဲ့ပါတယ်။

Rihanna

ပရိသတ်အချစ်တော် RiRi ကတော့ သူမရဲ့ ပရဟိတအဖွဲ့အစည်းဖြစ်တဲ့ Clara Lional ဖောင်ဒေးရှင်းကနေပြီး ကမ္ဘာတစ်၀န်းက ကပ်ရောဂါဆိုင်ရာ လိုအပ်ချက်တွေအတွက် ဒေါ်လာ 5 millions လှူဒါန်းခဲ့ပါတယ်။ ဒီရန်ပုံငွေဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းတွေ၊ အမေရိကန်စားနပ်ရိက္ခာအဖွဲ့အစည်းတွေနဲ့ Covid-19 နဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေအားလုံးအတွက် တစ်ဖက်တစ်လမ်းက အထောက်အပံ့အနေနဲ့ ရရှိသွားမှာဖြစ်ပါတယ်။

Angelina Jolie

ပရဟိတနတ်သမီးလေးလို့တင်စားရမယ့် Angelina Jolie ကတော့ ကမ္ဘာ့နိုင်ငံအနှံ့အပြားက ကလေးသူငယ်တွေရဲ့ ကပ်ရောဂါအတွင်း အာဟာရလိုအပ်မှူတွေအတွက် ဒေါ်လာ 1 million လှူဒါန်းခဲ့တယ်လို့သိရပါတယ်။

Taylor Swift

ပရိသတ်အချစ်တော်အနုပညာရှင်လေး Taylor Swift ကတော့ Covid-19 ကပ်ဆိုးကြောင့် လစာအခက်အခဲနဲ့ ဒုက္ခရောက်နေကြတဲ့ Nashville က ၀န်ထမ်းတွေအတွက် လစဉ်ကျန်းမာရေးဆိုင်ရာ အထောက်အပံ့တွေပေးခဲ့တယ်လို့သိရပါတယ်။ ခုဆိုရင်ထောက်ပံ့နေတာ သုံးလခန့်ရှိပြီဖြစ်ပြီး ထောက်ပံ့နေတဲ့ငွေပမာဏကိုတော့ ဖော်ပြခိုင်းခြင်းမရှိခဲ့ပေမယ့် အတော်ကိုများပြားတဲ့ ပမာဏဖြစ်တယ်လို့တော့ တာ၀န်ရှိသူတွေကဖော်ပြထားခဲ့ပါတယ်။

 

Photo Credit to The Rightful Owners

, , , ,

Celebrity News

Covid-19 ခံစားချက်တွေကိုပေါက်ကွဲဖော်ထုတ်ဖို့အတွက် Rap Challenge တစ်ခုဖန်တီးခဲ့ကြသူများ

လူငယ်တွေကြားမှာ အရမ်းကို Hit ဖြစ်နေတဲ့ Challenge တစ်ခုလို့ဆိုရမှာပါ

by Randy Win

April 6, 2020

             ကမ္ဘာ့နိုင်ငံအသီးသီးမှာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ခြိမ်းခြောက်မှူအန္တရာယ်ကိုကာကွယ်ဖို့အတွက် ပြည်သူတွေဟာ home quarantine နဲ့ social distancing ကို အားလုံးကိုယ့်အသိစိတ်နဲ့ကိုယ် အတတ်နိုင်ဆုံး ကြိုးစား‌နေထိုင် လုပ်ဆောင်လာကြပါတယ်။ ဒီလို အိမ်မှာပဲနေရင်း ဝါသနာပါရာလေးတွေရှာဖွေလေ့လာလုပ်ကိုင်ရင်းက Stay Home ဆိုတဲ့ ကာလအပိုင်းအခြားကြီးတစ်ခုကို ခက်ခဲပင်ပန်းစွာ ဖြတ်ကျော်နေကြရတာဖြစ်ပါတယ်။ ဒီလို Stay Home ကာလရဲ့ ငြီးငွေ့စရာအချိန်တွေကို ကောင်းမွန်စွာဖြတ်ကျော်နိုင်ဖို့အတွက် အားလုံးဟာ social media ကိုအသုံးပြုပြီး တစ်ယောက်နဲ့တစ်ယောက် ပျော်စရာဂိမ်းလေးတွေ challengeလေးတွေဖန်တီးရင်း နွေးထွေးတဲ့ရင်းနှီးမှူတွေကို အပြိုင်အဆိုင်ဖော်ဆောင်လာကြပါတယ်။ အဲဒီထဲမှာမှ မြန်မာနိုင်ငံကလူကြီးလူငယ်တွေဟာလည်း ကိုယ်စိတ်အားထက်သန်ရာ Challengeလေးတွေကို သူငယ်ချင်းတွေနဲ့အတူ ဖန်တီးလာကြသလို ပြည်သူချစ်အနုပညာရှင်အသိုင်းအဝိုင်းကလည်း ပြည်သူတွေအတွက်အသိ‌ပညာပေးရာလည်းရောက် ဖျော်ဖြေရာလည်းရောက်စေမယ့် Challenge လေးတချို့ကို ဖန်တီးလာကြတာတွေ့ရပါတယ်။

              ဒီထဲကမှ နိုင်ငံကျော် Rap အဆိုတော်တစ်ဦးဖြစ်တဲ့ ကြက်ဖကနေပြီး မြန်မာနိုင်ငံက Rapper လူငယ်လေးတွေစိတ်၀င်စားစေမယ့် Rap Challengeတစ်ခုကို စတင်ခဲ့ပါတယ်။ ဒီ Challenge ကို ကြက်ဖ ကတစ်ဆင့် ဘာဘူ နဲ့ ဇွဲသက်ပိုင်တို့နှစ်ဦးကို စတင်Challenge လုပ်ခဲ့တာပါ။ အဲဒီကမှ ထပ်ဆင့်စိန်ခေါ်လာကြရင်း နိုင်း၀မ်း ၊ G fatt ၊ အနဂ္ဂ ၊ရန်ရန်ချမ်း ၊ကျော်ထွဋ်ဆွေ ၊ X Box၊ နေ၀င်း ၊လွှမ်းပိုင် ၊ Bobby Soxer ၊မိစန္ဒီ အစရှိတဲ့ နိုင်ငံကျော် Rap ဂီတအနုပညာရှင်တွေအတော်များများပါ၀င်လာကြတဲ့အပြင် Underground Rapper တွေအထိပါ ဒီ Challenge မှာ၀င်ရောက်ဆင်နွှဲလာကြပြီး အတော်လေးကို ရေပန်းစား ကျော်ကြားတဲ့ Challenge လေးတစ်ခုဖြစ်လာခဲ့တာကိုတွေ့ရပါတယ်။ ဒီ Challenge လေးမှာတော့ Covid-19 ကပ်ရောဂါဆိုးကြောင့် လူမှူရေး ၊စီးပွားရေး အဘက်ဘက်ကထိခိုက်ဆုံးရှူံးနေရတဲ့အပေါ်ခံစားချက်တွေ၊ အိမ်တွင်းအောင်းနေရတဲ့ ဒုက္ခတွေနဲ့ ရောဂါရဲ့ခြိမ်းခြောက်မှူကြောင့်ခံစားနေကြရတဲ့ မွန်းကြပ်တဲ့အခြေအနေတွေကို မတူညီတဲ့ Beat တွေ ၊ မတူညီတဲ့ကိုယ်ပိုင်ဟန်တွေ၊ မတူညီတဲ့စကားလုံးတွေနဲ့ ပေါက်ကွဲဖော်ထုတ်သီဆိုသွားခဲ့ကြတာပါ။

              ဒီလို နယ်ပယ်အသီးသီးက ပညာရှင်တွေကိုယ်တိုင်ပါ၀င်ဖန်တီးလာကြတဲ့ အမျိုးမျိုးသော Challenge တွေပေါ်ပေါက်လာတာဟာ ပြည်သူတွေရဲ့လတ်တလော ခံစားချက်တွေကို စိတ်သက်သာရာရစေသလို ပညာပေးအနေနဲ့ပဲဖြစ်ဖြစ် ၊ ဖျော်ဖြေမှူတစ်ခုအနေနဲ့ပဲကြည့်ကြည့် ကြည်နူးအားတက်စေတာမို့ လူကြီးလူငယ်တွေရဲ့ နှစ်သက်အားပေးမှူတွေအများကြီးကိုရရှိခဲ့တဲ့အပြင် အမှန်တကယ်လည်း အဘက်ဘက်က အကျိုးရလာဒ်ကောင်းတွေရှိတာကိုတွေ့ရတာမို့ Covid-19 ကာလအတွင်းမှာ ဒီလို Challengeလေးတွေ အများကြီးထပ်မံပေါ်ပေါက်လာဖို့လည်း အထူးမျှော်လင့်လိုက်ရပါတယ်။


ဒီထဲကမှ အချို့သော Rap ဂီတအနုပညာရှင်တချို့ရဲ့ Challenge မှာ ပါဝင်ထားတဲ့ ဗီဒီယိုဖိုင်လေးအချို့ကို ရွေးချယ်ပြီးဖော်ပြပေးလိုက်တာမို့ ပုံအောက်က Link လေးတွေမှာ ဝင်ရောက်ကြည့်ရှူနိုင်ပါတယ်။

Hlwan Paing

Rap Challenge Video Clip Link -   Hlwan Paing

Nine One

Rap Challenge Video Clip Link - Nine One

G Fatt

Rap Challenge Video Clip Link - G Fatt

X Box

Rap Challenge Video Clip Link - X Box

 

Mi Sandi

Rap Challenge Video Clip Link - MI Sandi


Photo and Link Credit To The Rightful Owners

, , ,

Celebrity News

Covid-19 ကြောင့်ကြွေလွင့်ခဲ့ရတဲ့ ဟာသလောကရဲ့ ကြယ်တစ်ပွင့် Shimura Ken

Shimura Ken ရဲ့ ပရိသတ်တွေအတွက်တော့ ဝမ်းနည်းတုန်လှုပ်စရာ သတင်းဆိုးကြီးတစ်ခုပါပဲ

by Randy Win

April 1, 2020

               Covid-19 ကြောင့် လူအများစိုးရိမ်ထိတ်လန့်မှူတွေနဲ့ ရင်ဆိုင်နေရသလို ပြည်သူချစ် အနုပညာရှင် အသိုင်းအဝိုင်းတွေအထိပါ ကူးစက်ခံရသူတွေရှိလာတဲ့ သတင်းတွေဟာ တစ်စထက်တစ်စ ပိုမိုပြီး များပြားလာခဲ့ပါတယ်။ ဒီအထဲကမှ ပရိသတ်အချစ်တော် ဟာသသရုပ်ဆောင်ကြီး Shimura Ken တစ်ယောက် ကိုရိုနာကြောင့် သေဆုံးသွားခဲ့ရပြီဆိုတဲ့ သတင်းဟာ သူ့ကိုချစ်ကြတဲ့ ပရိသတ်တွေအတွက် ဝမ်းနည်းထိတ်လန့်စရာ သတင်းဆိုးကြီးတစ်ခုဖြစ်ခဲ့ပါတယ်။


 

                         ၁၉၇၀ ကနေ ၁၉၈၀ ကာလတွေမှာ အရမ်းကို ရေပန်းစားကျော်ကြားခဲ့တဲ့အပြင် ဘာသာစကားနာမလည်သူတွေကအစ မရယ်ပဲမနေနိုင်လောက်အောင် ပြောင်မြောက်လှတဲ့ ဟာသတွေကြောင့် ဂျပန်လူမျိုးတွေရဲ့ ချာလီချက်ပလင်လို့တောင် ပြောစမှတ်ပြု တင်စားခဲ့ဲကြရတဲ့ ဟာသမင်းသားကြီး Shimura ကို ကလေးကစလို့ လူကြီးအထိ အထူးနှစ်သက်အားပေးခဲ့ကြရတာပါ။ သေဆုံးချိန်မှာအသက် (၇၀) ရှိပြီဖြစ်တဲ့ Shimura ဟာ Covid-19 ရောဂါဆိုးရဲ့ ဒဏ်ကို ခံနိုင်ရည်မရှိခဲ့ပုံပေါ်ပါတယ်။ Shimura ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက စတင်ကူးစက်ခဲ့တယ်လို့ဆိုကြပြီး သူကိုယ်တိုင်လည်း ဆေးလိပ်သောက်တတ်တဲ့သူတစ်ယောက်ဖြစ်တာကြောင့် သာမာန်အဆုတ်ယောင်ရောဂါတစ်ခုလို့ပဲ အထင်ရှိပြီး ဆေးရုံတက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ မတ်လ (၂၃)ရက်နေ့မှာပဲ ဆေးရုံက စစ်ဆေးပြီးတဲ့အခါမှာ Covid-19 Positive ဖြစ်ကြောင်းအတည်ပြုခဲ့တဲ့အပြင် ဒီရောဂါကြောင့်ပဲ ပြီးခဲ့တဲ့ (၂၉) ရက်နေ့ည (၁၁) နာရီ (၁၀) မိနစ်မှာ ကွယ်လွန်သွားခဲ့ပြီး သူ့ရဲ့ အေဂျင်စီကတော့ မတ်လ (၃၀)ရက်နေ့မှာ သူ့ရဲ့ သေဆုံးကြောင်းကိုအတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။


                 လူတွေရဲ့ ဘဝအမောတွေကို ပြေပျောက်စေခဲ့တဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးမို့ ပရိသတ်အတော်များများကလည်း စိတ်မကောင်းစွာနဲ့ Social Media ပေါ်မှာ ရေးသားမျှဝေခဲ့ကြပြီး ဒီရောဂါရဲ့ လူတန်းစားမရွေး အသိုင်းအဝိုင်းမရွေး လူဆိုးလူကောင်းမရွေး လောကကြီးထဲကနေ ခေါ်ဆောင်သွားမှူကို ထိတ်လန့်စိုးရိမ်စွာ ဖော်ပြခဲ့ကြပါတယ်။ ရုပ်သံအစီအစဉ်ပေါင်းများစွာနဲ့ ဟာသဇာတ်လမ်းတိုပေါင်းများစွာကို ရိုက်ကူးတင်ဆက်ခဲ့ပြီး ပရိသတ်တွေကိုရယ်မောပျော်ရွှင်စေခဲ့တဲ့ ဟာသမင်းသားကြီး Shimura Ken ရဲ့ သေဆုံးခြင်းနဲ့ပတ်သက်ပြီး ဂျပန်နုဲ့နိင်ငံအဝှမ်းကပရိသတ်တွေအပြင် မြန်မာပြည်ကပရိသတ်အတော်များများကပါ လူမှူကွန်ရက်စာမျက်နှာပေါ်မှာ ဝမ်းနည်းကြောင်းမျှဝေခဲ့ကြတဲ့အပြင် ဂျပန်နိုင်ငံပိုင်သတင်းစာခေါင်းစည်းပိုင်းတွေမှာပါ အထူးတလည်ဖော်ပြခဲ့ကြတာဖြစ်ပါတယ်။ရောဂါရဲ့ ခြိမ်းခြောက်မှူကြောင့် ပြည်သူချစ်အနုပညာရှင်ကြီးရဲ့ နောက်ဆုံးခရီးမှာတောင် သိုက်သိုက်ဝန်းဝန်း စည်စည်ကားကားကျင်းပခွင့်ရပါ့မလားဆိုတာကတော့ ဝမ်းနည်းစရာအကောင်းဆုံးအချက်ပါပဲ။

 

Photo Credits To The Rightful Owners

, , , ,


Loading More post