×
Celebrity News

LGBT အဖြစ် ပွင့်ပွင့်လင်းလင်း၀န်ခံထားကြတဲ့ ကမ္ဘာကျော်သရုပ်ဆောင်များ

ကိုယ်ချစ်ရတဲ့ ဆယ်လီတွေထဲမှာလည်း LGBT တွေအများကြီးရှိနေတယ်နော်

by Randy Win

June 16, 2020

                  ခေတ်ကာလရဲ့ ပြောင်းလဲလာမှူနဲ့ ပညာရေးအမြင်ကျယ်လာမှူအရ နိုင်ငံတကာမှာသာမက မြန်မာနိုင်ငံလို နိုင်ငံမျိုးတွေမှာတောင် LGBT ဆိုတဲ့ လိင်တူ လိင်ကွဲချစ်ခြင်းမေတ္တာအပေါ် တန်းတူညီမျှလက်ခံပေးနိုင်မှူတွေဟာ တစ်စထက်တစ်စပိုလို့ တိုးလာနေပြီပဲဖြစ်ပါတယ်။ လူသားအချင်းချင်းကြားက အသားအရောင်၊လိင်စိတ်ခွဲခြားမှူထက် ချစ်ခြင်းမေတ္တာသာပဓာနရယ်လို့ သတ်မှတ်ထားကြတဲ့အချိန်မှာ ကမ္ဘာကျော်ပုဂ္ဂိုလ်အများစုကလည်း လူသားတစ်ဦးနဲ့တစ်ဦးအပေါ် ခွဲခြားမှူတွေကိုတွန်းလှန်ရင်း သူတို့ကိုယ်တိုင်ရဲ့ လိင်စိတ်တိမ်းညွတ်မှူတွေကို ပွင့်ပွင့်လင်းလင်း ၀န်ခံခဲ့ကြတာတွေ့ရမှာပါ။ အဲဒီလို၀န်ခံခဲ့ကြတဲ့ ကမ္ဘာကျော်တွေအများကြီးထဲကမှ အများစုသိပြီးသားလည်းဖြစ်တဲ့ ပရိသတ်ချစ်အနုပညာရှင်အချို့ကိုရွေးထုတ်ပြီးဖော်ပြပေးလိုက်တာမို့ ကိုယ်ချစ်ရတဲ့အနုပညာရှင်တွေများပါနေမလားဆိုတာ ကြည့်လိုက်ရအောင်နော်။

ဒရူးဘယ်ရီမိုး ( Drew Barrymore )

Santa Clarita Diet , Charles Angels , E.T စတဲ့ နာမည်ကျော်ဇာတ်ကားတွေနဲ့ လူသိများတဲ့ ကမ္ဘာကျော်သရုပ် ဒရူးဘယ်ရီမိုးကတော့ သူမဟာ Bisexual တစ်ယောက်ဖြစ်ကြောင်းကို ၂၀၀၃ ခုနှစ်မှာ၀န်ခံခဲ့ပါတယ်။ အိမ်ထောင်သုံးခါကျပြီး သားသမီး နှစ်ဦး ထွန်းကားခဲ့ဖူးတဲ့သူမဟာ တကယ်တမ်းမှာတော့ အမျိုးသမီးချင်းချင်းလည်းစိတ်၀င်စားသူတစ်ဦးဖြစ်ပြီး တော်၀င်မင်းသမီးတစ်ဦးဖြစ်တဲ့ Kate Middleton ကိုသဘောကျနေတဲ့အကြောင်းကို ၀န်ခံခဲ့ဖူးတာဖြစ်ပါတယ်။

ကာရာ ဒယ်လာဗင်း ( Cara Delevingne )

Suicide Squad, Valerian , Paper Towns စတဲ့ ဇာတ်ကားတွေရဲ့ သရုပ်ဆောင်လည်းဖြစ် စူပါမော်ဒယ်လ်တစ်ဦးလည်းဖြစ်တဲ့ ကာရာ့ကိုတော့ တော်တော်များများသိကြပါလိမ့်မယ်။ ဒါ့အပြင်ကိုမှ သူမဟာ မိန်းကလေးချင်းစိတ်၀င်စားတဲ့သူတစ်ဦးဆိုတာကိုလည်း သူမရဲ့အမာခံပရိသတ်တွေကသိပြီးသားပါ။ ကာရာဟာ သူမရဲ့ လိင်တိမ်းညွတ်မှူနဲ့ပတ်သက်ပြီး စိတ်ဓာတ်ကျစရာတွေကြုံခဲ့ရတဲ့အကြောင်းကိုလည်း ပြောပြခဲ့ဖူးပါတယ်။ အထူးသဖြင့် သူမရဲ့ ရုပ်ရှင်ပရိုဂျူဆာတစ်ဦးက သူမရဲ့ Sexuality နဲ့ relationship တွေကိုလူသိခံမယ်ဆိုရင် ဟောလိဝုဒ်မှာ သူမအနာဂတ် ဆက်ပြီးတောက်ပလာဖို့မရှိဘူးလို့ပြောတာကိုခံခဲ့ရဖူးတဲ့အကြောင်းလည်း ရင်ဖွင့်ခဲ့ပါတယ်။

၀မ့်န်ဝေါ့သ် မေလာ (Wentworth Miller)

Prison Break မင်းသားချော Wentworth Miller ကတော့ သူဟာ ဂေးတစ်ယောက်ဖြစ်ကြောင်းကို 2013 ခုနှစ်က စတင်၀န်ခံခဲ့ပါတယ်။ Prison Break ဇာတ်လမ်းတွဲနဲ့ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တဲ့ Miller ဟာ ဇာတ်လမ်းတွဲအပြီး 2009 ခုနှစ်၀န်းကျင်မှာပဲ သူရဲ့ Sexuality နဲ့ပတ်သက်တဲ့ တိုက်ခိုက်မှူတွေကြောင့် စိတ်ဓာတ်ပိုင်းဆိုင်ရာထိခိုက်မှူတွေရှိခဲ့ပြီး ‌နှစ်နဲ့ချီပြီး အနုပညာလောက ကနေရှောင်နေခဲ့ပါတယ်။ ဒါပေမယ့် 2013မှာတော့ သူဟာ Gay တစ်ယောက်ဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း၀န်ခံခဲ့ပြီး အနုပညာလောကထဲပြန်လည်၀င်ရောက်လာခဲ့ပါတယ်။

အင်ဂျလီနာဂျိုလီ (Angelina Jolie)

ပရိသတ်အချစ်တော် ရွှေမင်းသမီးကြီး ဂျိုလီကတော့ သူမဟာ Bisexual ဖြစ်ကြောင်း၀န်ခံထားခဲ့တာ တော်တော်ကြာပါပြီ။ မင်းသားချောဘရက်ပစ်ရဲ့ ဇနီးအဖြစ်အားလုံးသိထားခဲ့ကြတဲ့ ဂျိုလီဟာ LGBT ကိုထောက်ခံသူတစ်ဦးလည်းဖြစ်တဲ့အပြင် သူမတို့ရဲ့သမီးလေးဖြစ်တဲ့ John Jolie Pitt လေး ယောက်ျားတစ်ယောက်လို နေထိုင်လိုတာကိုလည်း ကောင်းကောင်းနားလည်လက်ခံပေးခဲ့ပါသေးတယ်။

မိုင်လေဆိုင်းရပ်စ် ( Miley Cyrus )

ပရိသတ်အခိုင်အမာရရှိထားတဲ့ Hannah Montana လေးကနေ တွဲလောင်းခို အဆိုတော်လေးတစ်ဖြစ်လဲ Miley ကတော့ သူမကိုယ်သူမ Pansexual အဖြစ်၀န်ခံထားပါတယ်။ Pansexual ဆိုတာကတော့ ကျားလို့လည်းမသတ်မှတ် မလို့လည်းမသတ်မှတ်ပဲ သူ့ကိုယ်သူ ဘယ်လိင်ကွဲထဲမှာမှမပါ၀င်ဘူးရယ်လို့သတ်မှတ်ထားတာလို့ဆိုရမှာပါ။ စိတ်ရှိတဲ့အတိုင်း နေဖို့စဉ်းစားထားပုံရတဲ့Miley ဟာ သူ့ရဲ့ ချစ်သူကောင်လေးကိုလည်း ယောက်ျားလေးဖြစ်ရတာသဘောကျရဲ့လားလို့ ခဏခဏမေးခဲ့ဖူးပါတယ်တဲ့။

ဆမ်စမစ် (Sam Smith)

အဆိုတော်ကြီး Sam Smith ကတော့ သူ့ကိုယ်သူ ဂေးတစ်ယောက်ဖြစ်ကြောင်းကို 2014 ခုနှစ်မှာ ပွင့်ပွင့်လင်းလင်း ၀န်ခံသွားခဲ့ပါတယ်။ 57 ကြိမ်မြောက် Grammy Award ဆုပေးပွဲကြီးမှာ Stay With Me သီချင်းနဲ့ Record of the Year ဆိုကိုရရှိသွားခဲ့တဲ့ Sam ဟာ ဒီသီချင်းကိုဖြစ်ပေါ်လာစေခဲ့တဲ့ သူ့ရဲ့ချစ်သူ မော်ဒယ်လ် သရုပ်ဆောင် Johnathan Ziezel ကို ကျေးဇူးတင်ကြောင်း စင်ပေါ်ကနေ လူသိရှင်ကြား ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။ အခုတော့လည်းပြတ်သွားကြပါပြီ ။

 

Photo Credit to the Rightful Owners

, , , ,
Celebrity News

Jisoo ကို BlackPink က အခြား Member တွေ အရက်မသောက်ခိုင်းရတဲ့ အကြောင်းအရင်း

မူးလာရင် မကြီးစိုးလို ဖြစ်သွားတတ်တဲ့သူတွေရှိလား။

by JN Ja Seng Pan

January 8, 2021

ကမ္ဘာကျော် KPop Group ဖြစ်တဲ့ BlackPink အဖွဲ့က ၂၀၂၁ အတွက် နှစ်သစ် Season Greeting ကို Online မှာ Fan တွေနဲ့ပြုလုပ်ခဲ့ကြပါတယ်။ Blink တွေ တော်တော်များများက Jisoo ကို Christmas ဘယ်လိုဖြတ်သန်းခဲ့လို့ မေးခဲ့ကြပါတယ်။ Jisoo ကလည်း အားတတ်သရောနဲ့ Harry Potter ကြည့်နေခဲ့တယ်လို့ ဖြေခဲ့တာပါ။

Fan တွေက Wine လေးသောက်ပြီး မပျော်ခဲ့ဘူးလားလို့ မေးခွန်းထုတ်ခဲ့ကြပါတယ်။ Jisoo ပြန်လည်တုံ့ပြန်ခဲ့တဲ့ အဖြေကြောင့် အားလုံးက အံ့သြသင့်ခဲ့ရပါတယ်။ အရက်နည်းနည်းလေးဝင်တာနဲ့ အိပ်ပျော်သွားတတ်တဲ့အကျင့်ရှိလို့ပါတဲ့။ “မသောက်နိုင်ဘူး။ ငါသောက်လိုက်ရင် အိပ်ပျော်သွားကော” ဆိုပြီး ပြောခဲ့တာပါ။ Member တွေကလည်း Jisoo အရက်သောက်မယ်ဆို တားလေ့ရှိပြီး “သူတို့ တစ်ခွက်တစ်လေသောက်တဲ့ အချိန်မျိူးမှာတောင်မှ ငါ့ကို လုံးဝမသောက်ခိုင်းဘူး..အိပ်ပျော်ပျော်သွားတတ်လို့တဲ့” ဆိုပြီး ရယ်ရင်း ပြောခဲ့ပါတယ်။

ထင်မထားတဲ့ အဖြေကြောင့် အားလုံးက ပွဲကျခဲ့ရပါတယ်။ သူမရဲ့ ထူးခြားတဲ့ အကျင့်ကို သိသွားတဲ့ Fan တွေကလည်း သဘောကျမဆုံးဖြစ်ခဲ့ရပါတယ်။ ယူတို့ကော မူးလို့ရှိရင် ဘယ်လိုမျိူး ဖြစ်သွားတတ်လဲ။ အိုင်ကတော့ စကားအရမ်းများလာတယ်။

, , ,

Celebrity News

2NE1 အဖွဲ့ဝင်ဟောင်း Park Bom နဲ့အတူ သီချင်းသစ်တစ်ပုဒ်ထွက်ရှိလာမယ့် စိုင်းစိုင်းခမ်းလှိုင်

ရင်တွေခုန်နေကြပြီမလား

by Randy Win

December 14, 2020

မြန်မာပရိသတ်တွေကြားမှာ ကြီးမားတဲ့အောင်မြင်မှူအရှိန်အဝါကို အချိန်အတော်ကြာထိန်းထားနိုင်တဲ့ အနုပညာရှင်တစ်ဦးလို့ဆိုရမယ့် စိုင်းစိုင်းခမ်းလှိုင်ကတော့ 2020 နှစ်ကုန်ခါနီးမှာ သူ့ရဲ့ပရိသတ်တွေကို ထူးထူးခြားခြားသတင်းတစ်ပုဒ်နဲ့ အံ့သြစေခဲ့ပြန်ပါပြီ။အဲဒါကတော့ တောင်ကိုရီးယား ထိပ်တန်း K-pop Girl Band အဖြစ် အချိန်အတိုင်းအတာတစ်ခုထိ ရပ်တည်ခဲ့တဲ့ 2NE1 ရဲ့ အဖွဲ့ဝင်ဟောင်း Park Bom နဲ့ တွဲဖက်ပြီး သီချင်းသစ်တစ်ပုဒ်ထွက်ရှိသွားမယ့်သတင်းပဲဖြစ်ပါတယ်။

စိုင်းစိုင်းဟာ ဂီတဘက်မှာရော သရုပ်ဆောင်ဘက်မှာပါ ပရိသတ်အင်အားကြီးကြီးမားမားရရှိထားသလို Social Media ပေါ်မှာလည်း Followers (၉) သန်းကျော်ပိုင်ဆိုင်ထားပြီး မကြာသေးခင်ကပဲ Forbes မဂ္ဂဇင်းကရွေးချယ်တဲ့ အာရှ-ပစိဖိတ်ဒေသတွင်း Social Media ပေါ် အလွှမ်းမိုးနိုင်ဆုံး အယောက် ၁၀၀ စာရင်းမှာလည်း ပါဝင်ခဲ့သူတစ်ယောက်ပါ။ ခုလတ်တလော စိုင်းစိုင်းရဲ့ Facebook Page ကနေ အသစ်ထွက်ရှိလာမယ့်သီချင်းတစ်ပုဒ်အကြောင်းကို teaser အနေနဲ့တင်ခဲ့သလို သူ့အနေနဲ့ သီချင်းတွေကို English title ပေးလေ့မရှိပေမယ့် ဒီသီချင်းကတော့ နာမည်နဲ့လိုက်ဖက်လှကြောင်းကိုလည်း Hint တစ်ခု အနေနဲ့ ပရိသတ်တွေကို စိတ်ဝင်စားအောင်ပြုလုပ်ခဲ့ပါတယ် ။

တချိန်က ကြီးမားတဲ့အောင်မြင်မှူတွေပိုင်ဆိုင်ခဲ့သလို ခုချိန်ထိလည်း ပရိသတ်အခိုင်အမာကျန်ရှိနေဆဲဖြစ်တဲ့ 2NE1 အဖွဲ့ဝင် Parkbom အနေနဲ့ ဒီသီချင်းဟာ ပရိသတ်ရှေ့ကအချိန်အတော်ကြာပျောက်သွားပြီးမှ ပြန်ပေါ်လာတဲ့ Comeback တစ်ခုဖြစ်သလို ပထမဆုံးပြည်ပနဲ့ Collaboration ပြုလုပ်တဲ့သီချင်းတစ်ပုဒ်လည်းဖြစ်တာကြောင့် မြန်မာပရိသတ်တွေသာမက international ပရိသတ်တွေကြားမှာပါ စိတ်ဝင်တစားစောင့်ကြည့်ခံရဖို့ရှိလာနိုင်ပါတယ်။

စိုင်းစိုင်းနဲ့ Bomတို့ရဲ့ Collaboration သီချင်းနာမည်ကတော့ Red Light ဖြစ်ပြီး ဘယ်နေ့ဘယ်အချိန်မှာ ထွက်ရှိလာမယ်ဆိုတာကတော့ စိုင်းစိုင်းရဲ့ထုံးစံအတိုင်း ပရိသတ်တွေအသည်းတယားယားဖြစ်အောင် ခေါင်းစားခိုင်းထားတုန်းပါပဲ။

 

Photo & Video Credit to the Rightful Owners

, , , ,

Celebrity News

စွန့်ပစ်ခံထားရတဲ့ ခွေးလေးတစ်ကောင်ကို မွေးစားလိုက်တဲ့ BlackPink အဖွဲ့ဝင် Rose

Rosie လေးရယ် ကြင်နာတတ်လိုက်တာ

by JN Ja Seng Pan

December 11, 2020

Internet စာမျက်နှာမှာလည်း တစ်ရက်တစ်ရက် ဝေဖန်တိုက်ခိုက်မှုတွေ၊ ပြဿနာပေါင်းသောင်းခြောက်ထောင်နဲ့ စိတ်မချမ်းသာရတာ ဒီသတင်းလေးက Internet အသုံးပြုသူတွေကို စိတ်ပျော်ရွှင်ချမ်းမြေ့စေခဲ့ပါတယ်။


Online အဖွဲ့အစည်းတော်တော်များများကလည်း Rose လေး ဒီခွေးလေးကို မွေးစားလိုက်တာကို များများပြားပြား ပြောနေကြတာတွေ့ရပါတယ်။ ဒီခွေးလေးက Rose နဲ့အတူ ဘဝအသစ်မှာ ပျော်ပျော်ရွှင်ရွှင်နေရတော့မှာဖြစ်ပြီး နာမည်ကိုလည်း Hank လို့ပေးထားပါတယ်တဲ့။
ကိုးရီးယားမှာရှိတဲ့ Gangeung Shelter က ခွေးလေးဖြစ်ပြီး Rose ရဲ့ မိသားစုဝင်အသစ်ဖြစ်နေပါပြီ။ ကမ္ဘာကျော် K Pop Star ရဲ့ ခွေးလေးဆိုတဲ့အတိုင်း Instagram Account လည်းရှိပါတယ်။ @hank_says_hank ဆိုတဲ့ နာမည်နဲ့ဖြစ်ပြီး Follower ပေါင်း ၃ သိန်းကျော်ရှိပြီဖြစ်ပါတယ်။
Hank ရဲ့ စောင့်ရှောက်မှုဂေဟာရဲ့ Social Media Account မှာလည်း “သားသားလေးပျော်ပျော်ရွှင်ရွှင်၊ ကျန်းကျန်းမာမာနဲ့ ထာဝရ မိသားစုမှာ ပျော်ရွှင်ပါစေ”လို့ ဆုတောင်းပေးထားပါတယ်။


အင်တာနက်အသုံးပြုသူတွေက ခွေးတစ်ကောင် သက်သက် ဝယ်မနေပဲ ဂေဟာကနေ မွေးစားလိုက်တဲ့ Rose ရဲ့ ကြင်နာနွေးထွေးတဲ့လုပ်ရပ်ကို ချီးကျူးမဆုံးဖြစ်နေကြပါတယ်။ Rose က ပုံမှန် Hank ရဲ့ Account မှာ Update တွေတင်ပေးနေတာမို့ တိချစ်သူမှန်ရင်၊ Rose ရဲ့ Fan မှန်ရင် Follow လုပ်ထားဖို့ လိုနေပြီနော်။

, ,

Celebrity News

G နဂါးရဲ့ အသစ်ထွက်ထားတဲ့ Paranoise 2 Sneaker က ဘယ်သူတွေအတွက် ရည်ရွယ်ပြီး ထုတ်ထားတာလဲ

ပေါက်ပေါက်ရှာရှာ စဉ်းစားတတ်တယ်..

by JN Ja Seng Pan

December 5, 2020

G Dragon ဆိုတာနဲ့ Artist တစ်ယောက်၊ အဆိုတော်တစ်ယောက်၊ တေးရေးတစ်ယောက်၊ Producer တစ်ယောက်လည်းဖြစ်သလို Fashion ပိုင်းနဲ့ ပတ်သတ်ပြီးတော့လည်း Fashion Designer တစ်ယောက်အဖြစ်လည်း သိကြမှာပါ။ သူရဲ့ ကိုယ်ပိုင် Brand ဖြစ်တဲ့ PEACEMINUSONE က လူကြိုက်များသလို သောက်သောက်လဲ ရောင်းရတာပြောမနေနဲ့တော့နော်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့ Nike နဲ့ Collaboration လုပ်ထားတဲ့ Paranoise 2 လေးလည်း ထွက်ရှိလာခဲ့ပါပြီနော်။


Fashion Lover တွေ၊ G Dragon ရဲ့ Fan တွေက ထွက်ပြီဆိုတာနဲ့ကို အားပေးကြမှာဖြစ်ပေမယ့် သူ ရည်ရွယ်ထားတဲ့ Audience က သက်သက်ရှိပါတယ်တဲ့။ သိပြီးသွားရင် နည်းနည်းတောင် ကြောင်သွားပါလိမ့်မယ်။ ဒါကဘာလဲဆိုတော့ သူ့နဲ့ရွယ်တူတွေ၊ ဆယ်ကျော်သက်လူငယ်တွေထက် အသက်ကြီးတဲ့သူတွေအတွက်ကို ရည်ရွယ်ပြီးထုတ်ထားတာပါတဲ့။ သူ့ဖိနပ်တွေကို သက်တောင့်သက်သာနဲ့ ပေါ့ပေါ့ပါးပါး ဝတ်နိုင်ဖို့အတွက်ပါတဲ့။ ဒီဖိနပ်တွေကို အမေနဲ့ အဘွားတွေ၊ အဖိုးတွေအရွယ်တွေအတွက် ဆိုပြီး ထုတ်ခဲ့တာပါတဲ့။ ဒီမှာ သူများက သူ့ Fan မို့ ဝယ်စီးချင်လွန်းလို့ ပိုက်ဆံတောင်စုနေပါပြီဆိုမှ။

ဒီလိုရည်ရွယ်ထားတဲ့သူတွေ သူ့ဖိနပ်ကို စီးတာမြင်တာနဲ့ ဓာတ်ပုံတွေ အမိအရရိုက်ထားမှာပါတဲ့။ ကားပေါ်မှာ ရှိနေရင်တောင် ဆင်းပြီးတော့ကို ရိုက်မှာပါလို့ ဆိုပါတယ်။ ဓာတ်ပုံတအားတွေ အရိုက်ခံချင်လို့ အသက်ဘယ်လိုကြီးလို့ရမလဲ ပြောကြပါဦး။

, ,

Celebrity News

Umbrella Academy ထဲက Vanya လေးတဖြစ်လဲ Elliot Page က Trans ဖြစ်ကြောင်း ဖွင့်ဟ

She မဟုတ်တော့ပါဘူး He ဖြစ်သွားပါပြီ။

by JN Ja Seng Pan

December 2, 2020

လူသိများတဲ့ Juno, Inception နဲ့ Flatliners ကားတွေမှာ ပါဝင်ခဲ့သလို Netflix ရဲ့ အောင်မြင်တဲ့ Series တစ်ခုဖြစ်တဲ့ Umbrella Academy မှာ ပါဝင်သရုပ်ဆောင်ထားတဲ့ Elliot Page (ယခင် Ellen Page) က Trans တစ်ယောက်ဖြစ်ကြောင်း Social Media မှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ Emma Portner ဆိုတဲ့ Cannadian Dancer နဲ့လည်း လက်ထပ်ထားတာကြောင့် Queer တစ်ယောက်လည်းဖြစ်ပါတယ်။

“Hi ပါ သူငယ်ချင်းတို့ရေ။ ကျွန်တော်က Trans တစ်ယောက်ဖြစ်တယ်ဆိုတာ အားလုံးကို မျှဝေချင်လို့ပါ။ ကျွန်တော့်ကို နာမ်စားအနေနဲ့ He/ They လို့သာ အသုံးပြုပေးပါ..ကျွန်တော့်နာမည်က Elliot ပါ” လို့ ရေးသားထားခဲ့တာပါ။ “ဒီလိုနေရာ၊ ဒီလိုအချိန်မှာ ဒီစာကို ရေးရတာ ကျွန်တော်အတွက် သိပ်ကိုကံကောင်းပါတယ်။ ဒီခရီးစဉ်အရှည်ကြီးမှာ ကျွန်တော့်ကို နှစ်သိမ့်အားပေးတဲ့သူ တစ်ယောက်ချင်းဆီကို အထူးကျေးဇူးတင်ပါတယ်။ ဒီခံစားချက်ကို ဘယ်လိုဖော်ပြရမှန်းမသိပါဘူး” လို့ဆိုပါတယ်။ ဒီလို ထုတ်ဖော်ဖို့အတွက် အချိန်အတော်ကြာ စိုးရိမ်ကြောက်ရွံ့နေခဲ့ရတယ်လို့ သူက ပြောထားပါတယ်။

 


“နေ့စဉ်နဲ့အမျှ ထိခိုက်နစ်နာမှုတွေ၊ ဖိနှပ်မှုတွေကြုံတွေ့ခံစားနေရတဲ့ Trans တွေအားလုံးကို ပြောချင်တာက ကျွန်တော် ဒါတွေအားလုံးကို မြင်နေပါတယ်။ ပိုမိုကောင်းမွန်တဲ့ ကမ္ဘာကြီး ဖြစ်လာဖို့အတွက် ကျွန်တော် တတ်နိုင်သမျှ၊ လုပ်နိုင်သမျှကို အကောင်းဆုံးလုပ်သွားမှာပါ အားလုံးကိုချစ်ပါတယ်”လို့ ရေးသားထားပါတယ်။


အမျိူးသားတစ်သိုက် အမြတ်တနိုး ချစ်နေရတဲ့ ဒီကောင်မလေးကို ကောင်လေးအဖြစ်မြင်တွေ့ရတော့မှာပါ။ Insta Account ကိုလည်း Elliot Page လို့ပြောင်းလဲလိုက်သလို Wiki မှာ ရှာရင်လည်း He ဖြစ်သွားပြီမို့ စိတ်ဖြောင့်ဖြောင့်နဲ့ပဲ Ellen လေးကို နှုတ်ဆက်လိုက်ပါတော့။ စိတ်သစ်၊ လူသစ်နဲ့ Elliot လေးကို ကြိုဆိုလိုက်ရအောင်နော်။

, , , ,

Celebrity News

Fantastic Beasts ဇာတ်ကားကနေနှုတ်ထွက်ရတော့မယ့် Johnny Depp

နောက်ထွက်မယ့် Fantastic Beasts 3 ကိုမျှော်နေတာလေကွာ…အခုတော့သွားပြီး

by May Shoon

November 6, 2020

  မင်းသားကြီး Johnny Depp က Harry Potter Prequel Series ဖြစ်တဲ့ Fantastic Beasts ရဲ့ အသစ်ထွက်ရှိမယ့် ရုပ်ရှင်ရိုက်ကူးမှုကို ရပ်တန့်ရတော့မှာပါ။ Depp က နောက်ပိုင်းထွက်ရှိမယ့် Fantastic Beasts ဇာတ်လမ်းတွေမှာ သူ့ရဲ့ Main Role ဖြစ်တဲ့ Grindelwald အဖြစ်ကနေဆက်လက်သရုပ်မဆောင်တော့မှာမဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးရဲ့အားပေးမှုတွေရရှိခဲ့တဲ့ Harry Potter Series နဲ့ Fantastic Beasts Series ရဲ့ Production ကြီးဖြစ်တဲ့ Warner Bros. က Depp ကို နှုတ်ထွက်ပေးဖို့ ဖိအားတွေပေးခဲ့တယ်လို့လည်းဆိုပါတယ်။

သူကိုယ်တိုင်လည်း ဒီ “Resignation ကိုလက်ခံဖို့ဆုံးဖြတ်ခဲ့ကြောင်း၊ U.K တရားရုံးရဲ့ဆုံးဖြတ်ချက်က သူရဲ့ အမှန်တရားကိုတင်ပြဖို့ ရပ်တန့်နိုင်မှာမဟုတ်ကြောင်း၊သူ့ဘဝကိုပြောင်းလဲသွားမှာမဟုတ်ကြောင်း၊ သူ့ကိုအခုချိန်ထိအနားမှာရှိပေးနေတဲ့ ပရိသတ်တွေအားလုံးကိုကျေးဇူးတင်ကြောင်း” Instagram statement ကတစ်ဆင့်အသိပေးခဲ့ပါတယ်။ တကယ်တော့ Depp က The Sun သတင်းစာကိုတရားဆွဲဆိုမှုမှာ ရှုံးနိမ့်ခဲ့သလို သူ့ဇနီးဟောင်း Amber Heard ကိုအိမ်တွင်းအကြမ်းဖက်ခဲ့တယ်ဆိုတာလည်း တရားရုံးကအတည်ပြုလိုက်ပါတယ်။ Wonder Bros. ကလည်း အသစ်ထွက်ရှိမယ့် တတိယမြောက် Fantastic Beasts ရုပ်ရှင်မှာသူ့ရဲ့ ဗီလိန်ဇာတ်ကောင် Grindelwald နေရာမှာတခြားသရုပ်ဆောင်တစ်ဦးကို အစားထိုးရိုက်ကူးသွားမယ်လို့ကြေညာခဲ့ပါတယ်။
Johnny Depp က ၂၀၁၆ နဲ့ ၂၀၁၈ မှာထွက်ရှိထားတဲ့ Fantastic Beasts ဇာတ်ကားနှစ်ကားလုံးမှာ Super Villan ကြီး Grindelwald အဖြစ်ပါဝင်ခဲ့ပြီး ဇာတ်ကောင်နဲ့လိုက်ဖက်လွန်းတဲ့ သရုပ်ဆောင်ချက်တွေကြောင့်လည်း အရမ်းလူကြိုက်များခဲ့ပါတယ်။ အခုအသစ်ထွက်မယ့် Fantastic Beasts 3 ကို မတ်လလောက်တည်းကစရိုက်နေတာဖြစ်ပေမယ့် Covid19 Pandemic အခြေအနေကြောင့် ရိုက်ကူးရေးတွေကိုလည်းနောက်ဆုတ်ထားရပါတယ်။
အကုန်လုံးက Grindelwald လို့ပြောလိုက်တာနဲ့ ဆံပင်အဖြူကြီးနဲ့ Johnny Depp ကိုပဲအရိုးစွဲနေတဲ့အချိန်မှာ အခုလိုဖြစ်သွားတာတော့ တကယ်နှမျောစရာကောင်းပါတယ်။
စာဖတ်သူရော Grindelwald သရုပ်ဆောင်အသစ်ကိုမြင်ချင်လား… Johnny Depp ကိုပဲပြန်လိုချင်လား….

 

, , ,

MODA TV 


Celebrity News

ထိပ်တန်းကိုရီးယားမင်းသားချော Park Seo Joon နဲ့အတူ ကြော်ငြာရိုက်ကူးခဲ့တဲ့ မေမြတ်နိုး

သူမရဲ့ ပရိသတ်တွေကတော့ အပျော်ကြီးပျော်နေကြမှာပါပဲ

by Randy Win

October 30, 2020

                တောင်ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်းမင်းသားတစ်လက်ဖြစ်တဲ့ Park Seo Joon ဟာဆိုရင် မြန်မာနိုင်ငံက မိန်းကလေးပရိသတ်တွေရဲ့ အသည်းစွဲမင်းသားတစ်ဦးပါ။ လက်ရှိ အသက် ၃၁ နှစ်ဝန်းကျင်ရှိပြီဖြစ်တဲ့ Park Seo Joon ဟာ The Devine Fury , Itaewon Class အစရှိတဲ့ ဇာတ်ကားတွေနဲ့ လတ်တလောမှာ အောင်မြင်မှူတွေပိုမိုမြင့်တက်ခဲ့ပြီး အော်စကာဆုရဇာတ်ကားကောင်း တစ်ကားဖြစ်တဲ့ Parasite မှာလည်း ဧည့်သည်သရုပ်ဆောင်အနေနဲ့ပါဝင်ခဲ့ပါသေးတယ်။ ဒီလိုနာမည်ကျော် ထိပ်တန်းမင်းသား Park Seo Joon နဲ့ မြန်မာနိုင်ငံက Model လှလှလေးတစ်ယောက် ကြော်ငြာတွဲဖက်ရိုက်ကူးထားတဲ့ သတင်းကတော့ လတ်တလော မြန်မာပရိသတ်တွေကြားမှာ အရမ်းကို ရေပန်းစားနေခဲ့တဲ့ သတင်းတစ်ပုဒ်လို့ဆိုရမှာပါပဲ။ အဲဒီမော်ဒယ်မလေးကတော့ အားလုံးသိကြတဲ့ ပရိသတ်အချစ်တော် မေမြတ်နိုးပါပဲ။

             မေမြတ်နိုးဟာဆိုရင် အဆိုတော်တစ်ယောက်လည်းဖြစ်သလို သရုပ်ဆောင်တစ်ဦးလည်းဖြစ်ပြီး 2014 ခုနှစ်ရဲ့ Miss Asia Pacific World သရဖူုကို ရရှိပိုင်ဆိုင်ခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ ဒါ့အပြင် Aisa’s Next Top Model ရဲ့ Season 4 ပြိုင်ပွဲမှာ ပထမဆုံးဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့တဲ့ မြန်မာပြိုင်ပွဲဝင်တစ်ဦးဖြစ်ပြီး Top 7 အထိ တက်လှမ်းနိုင်ခဲ့သူတစ်ဦးပါ။ အခု လက်ရှိမှာ Modelling လုပ်ငန်းတချို့အတွက် တောင်ကိုရီးယားကိုရောက်ရှိနေတယ်လို့လည်းသိရပါတယ်။ မကြာသေးခင်ကပဲ မေတစ်ယောက် သူမရဲ့ မွေးလဖြစ်တဲ့ အောက်တိုဘာလမှာပဲ သူမရဲ့ ပရိသတ်တွေကို Surprise ကြီးကြီးတိုက်ချလိုက်တယ်လို့ဆိုရမလားပါပဲ။ ကမ္ဘာကျော် တောင်ကိုရီးယားမင်းသားချော Park Seo Joon နဲ့အတူ Smart Ako Commercial Video လေးကို အတူတွဲဖက်ရိုက်ကူးခဲ့ပြီး သူမရဲ့ Social Media ပေါ်ကနေ Surprise ဆိုတဲ့ Caption လေးနဲ့ ပြန်လည် မျှဝေခဲ့ပါတယ်။ Park Seo Joon ကလည်း မေရဲ့ Instagrm မှာတင်ထားတဲ့ သူတို့နှစ်ယောက်တွဲဖက်ရိုက်ကူးထားတဲ့ဓာတ်ပုံလေးကို Facebook Page ကတဆင့် ပြန်လည်မျှဝေခဲ့ပြန်ပါသေးတယ်။

             မေကတော့ အောက်တိုဘာလ ၁၃ ရက်နေ့မှာ အသက် (၂၂) နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ မွေးနေ့မှာ တခြားနိုင်ငံရောက်နေတာကြောင့် ကိုယ်တိုင်မွေးနေ့အလှူမပြုလုပ်နိုင်ခဲ့ပေမယ့် မိခင်ဖြစ်သူက သူမကိုယ်စားပြုလုပ်ပေးခဲ့တယ်လို့သိရပါတယ်။အမြဲတမ်း သူမကို Support လုပ်ပေးခဲ့တဲ့သူမရဲ့ မိခင်ကို ကျေးဇူးတင်ကြောင်းနဲ့ သူမသူငယ်ချင်းတွေ ၊အနုပညာလောကက မိတ်ဆွေတွေနဲ့ ပရိသတ်တွေအားလုံးကို ကျေးဇူးတင်ကြောင်းတွေကို ပြောကြားခဲ့ပြီး သူမအနေနဲ့ မြန်မာနိုင်ငံအတွက်ရော Modelling လောကကသူတွေအားလုံးအတွက်ပါ ကြိုးစားနေကြောင်းတွေကို Facebook Live ကတဆင့် ပြောကြားသွားခဲ့ပါတယ်။ မြန်မာနိုင်ငံက အနုပညာရှင်တစ်ဦးအနေနဲ့ တောင်ကိုရီးယားထိပ်တန်းသရုပ်ဆောင်တစ်ဦးနဲ့ တွဲဖက်ပြီး အနုပညာအလုပ်လုပ်ဆောင်နိုင်ခဲ့တဲ့အတွက်လည်း သူမရဲ့ပရိသတ်တွေက ဂုဏ်ယူမဆုံးရှိနေကြပါတယ်။

Photo Credit To The Rightful Owners

, , , , , , , ,

Celebrity News

ကမ္ဘာကျော်အမှတ်တံဆိပ် Dior Men ရဲ့ Ambassador တစ်ဦးဖြစ်လာတဲ့ Oh Sehun

ပုံတွေအားလုံးကတော့ ဆွဲဆောင်မှူအပြည့်ပဲ

by Randy Win

October 21, 2020

           ကမ္ဘာကျော် Fashion အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Dior Men အနေနဲ့ နာမည်ကြီးတောင်ကိုရီးယား Boy Band "EXO" ရဲ့အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Sehun ကို မကြာသေးခင်ကပဲ သူတို့ရဲ့ Global Ambassador တစ်ဦး အဖြစ်ခန့်အပ်ခံခဲ့တယ်လို့သိရပါတယ်။ အခြား Luxury Label များစွာနဲ့လည်း လက်တွဲလုပ်ကိုင်နေသူတစ်ဦးဖြစ်တဲ့ Sehun ဟာ Dior Men ရဲ့ Ambassador တစ်ဦးအနေနဲ့ နာမည်ကျော်ဖက်ရှင်မဂ္ဂဇင်း Esquires အတွက် အမိုက်စား ဖက်ရှင်ဓာတ်ပုံတွေကိုရိုက်ကူးပေးခဲ့ပြီး ဒီဓာတ်ပုံတွေထဲမှာတော့ British Designer Judy Blame ရဲ့ Winter 2020-21 Collection ဝတ်စုံတွေကို ဆွဲဆောင်မှုအပြည့်နဲ့ ခန့်ညားစွာ ဝတ်ဆင်ထားခဲ့ပါတယ်။

 

          ဒီ Photoshoot ရဲ့ mini interview session မှာတော့ Sehun က “ ကျွန်တော့်အနေနဲ့ လိုက်ဖက်တဲ့ အရောင်ကွဲလေးတွေကိုတွဲစပ်ပြီး ဝတ်ရတာမျိုးကို အရမ်းသဘောကျတယ်” ဆိုပြီး သူ့ရဲ့ ဖက်ရှင်နဲ့ပတ်သက်တဲ့အမြင်ကိုဝေမျှခဲ့သလို များသောအားဖြင့် ဘယ်လိုအဝတ်အစားမျိုး ဝတ်ရတာသဘောကျလည်းဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီးတော့လည်း “ဖျော်ဖြေရေးအတွက် စင်ပေါ်မှာဝတ်နေရတဲ့ပုံစံမျိုးတွေထက် သက်တောင့်သက်သာနဲ့ပေါ့ပေါ့ပါးပါးဖြစ်စေတဲ့ အဝတ်အစားတွေကိုပိုကြိုက်တယ်” လို့ဖြေကြားခဲ့ပါတယ်။

 

             Sehun ဟာ ပြီးခဲ့တဲ့နှစ်ကလည်း Christian Dior နဲ့ အခြား ကမ္ဘာကျော် Brand တွေဖြစ်ကြတဲ့ Louis Vuitton , Ermenegildo Zagna တို့ရဲ့ fashion event တွေကိုတက်ရောက်ခဲ့ပြီး 2017,2018 ခုနှစ် Paris Fashion Week ရဲ့ Best Dressed Man ဆုကို ရရှိခဲ့ဖူးသူတစ်ယောက်လည်း ဖြစ်ပါတယ်။ 2018 ခုနစ် August လမှာ Vogue Korea ရဲ့ 22 နှစ်ပြည့် Anniversary အတွက် Louis Vuitton နဲ့အတူ ရိုက်ကူးရေးတစ်ခုပြုလုပ်ခဲ့ပြီး G Dragon ပြီးရင် Vogue Korea ရဲ့ ဒုတိယမြောက် Male Solo Cover Star ဖြစ်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။2016 စက်တင်ဘာလမှာတော့ အီတလီ High-end Fashion Brand တစ်ခုဖြစ်တဲ့ Ermenegildo Zegna ရဲ့ Global Brand Ambassador တစ်ဦးအဖြစ်ခန့်အပ်ခံခြင်းခဲ့ရပါတယ်။

    အသက် 26 နှစ်အရွယ်သာရှိသေးပေမယ့် အောင်မြင်မှူများစွာကိုပိုင်ဆိုင်ထားတဲ့ Oh Sehun ဟာ အခြားကမ္ဘာကျော် Brand တွေဖြစ်ကြတဲ့ Cartier , Dr.Jart , Some By Mi အစရှိတဲ့ အမှတ်တံဆိပ်များစွာနဲ့လည်း Ambassador , Spoke Person , Muse တစ်ဦးအဖြစ် လက်တွဲလုပ်ကိုင်ခဲ့ဖူးသလို အခုနောက်ဆုံး ကမ္ဘာကျော် Luxury Brand တစ်ခုဖြစ်တဲ့ Dior Men ရဲ့ Global Ambassador ဖြစ်လာတာနဲ့ပတ်သက်ပြီးတော့လည်း Sehun ရဲ့ ပရိသတ်တွေဟာ တော်တော်လေးကို ကျေနပ်ပျော်ရွှင်နေကြတာတွေ့ရပြီး တချို့ဆိုရင် သူတို့သဘောကျရတဲ့ K Pop Idol တစ်ယောက်ရဲ့ ခုလို ကမ္ဘာကိုထိုးဖော်နိုင်တဲ့အောင်မြင်မှူတွေအတွက် အရမ်းဂုဏ်ယူမိတဲ့အကြောင်းတွေကို Social Media ပေါ်မှာ ပိုစ့်တင်ရေးသားခဲ့ကြပါတယ်။ Music Industry မှာသာမက သရုပ်ဆောင်ပိုင်းနဲ့ ဖက်ရှင်ပိုင်းတွေအထိပါ ထိုးဖောက်အောင်မြင်လာတဲ့ Sehun က လတ်တလောအနုပညာလှုပ်ရှားမှုအနေနဲ့ Pirates 2 ရုပ်ရှင်ဇာတ်ကားမှာလည်း ပါဝင်သရုပ်ဆောင်သွားဦးမှာဖြစ်ပြီး အခုဆိုရင် အဆိုပါဇာတ်ကားရဲ့ ရိုက်ကူးမှူအချို့စတင်ပြုလုပ်နေပြီလို့သိရပါတယ်။

 

Photo Credit To The Rightful Owners

 

 

, , , , ,

Celebrity News

Blackpink လာတဲ့ Running Man အပိုင်းမှာ ကစားပုံကြမ်းလို့ ဝေဖန်ခံနေရတဲ့ Jeon Somin

ကစားနေတဲ့အချိန်မှာ ဖြစ်သွားတာပါ..

by JN Ja Seng Pan

October 19, 2020

ခုနောက်ဆုံး ထွက်ထားတဲ့ Running Man အပိုင်းမှာ အားလုံးချစ်ရတဲ့ BlackPink အဖွဲ့က Member လေးယောက်လုံး စုံစုံညီညီနဲ့ Guest အဖြစ် ပြန်လည်ပါဝင်ခဲ့ပါတယ်။


ဆပ်ပြာတိုက်ပွဲ Game ကစားတဲ့ အချိန်မှာ အဖွဲ့သုံးဖွဲ့က မိန်းကလေးသက်သက်၊ ယောင်္ကျားလေးသက်သက် ယှဉ်ပြိုင်ရတာပါ။ Jennie, Jeon Somin တစ်ဖွဲ့၊ Jisoo, Song Ji Hyo က တစ်ဖွဲ့ဖြစ်ပြီး အငယ်ဆုံး Rose နဲ့ Lisa က တစ်သင်းပါ။ YG ကောင်မလေးတွေနဲ့ Running Man Female Member တွေ အကြိတ်အနှယ်ကစားကြတာမို့ စိတ်ဝင်စားစရာကောင်းနေပါတယ်။ Game ရဲ့ စည်းမျဉ်းက တစ်ဖက်အသင်းက လူကို Line အပြင်ဘက် အရင်ဆုံး တွန်းထုတ်နိုင်တဲ့ Team အနိုင်ပါ။


အားကောင်းတဲ့ Rose က အခြားအသင်းရဲ့ မျက်စိကျတာကို ခံရပြီး အရင်ဆုံး ထုတ်ခံလိုက်ရပါတယ်။ ဒါပေမယ့် Rose လေး တော်တော်လေးကို ကြိုးစားပန်းစား ဆော့တာက အားလုံးကို ပွဲကျစေပါတယ်။ Lisa နဲ့ Jennie နဲ့ နှစ်ယောက်သား ဖက်လုံးနေကြတဲ့အချိန် တစ်ဖက်က Rose ကို ထုတ်ဖို့ လုပ်နေရင်း Running Man Member ဖြစ်တဲ့ Somin က ရုတ်တရက်ဝင်လာပြီး အပြင်းအထန် တိုက်ခိုက်ပါတော့တယ်။


ဒါကြောင့် အခြား အသင်းနှစ်သင်းက Plan ပြောင်းသွားပြီး Somin ကို ထုတ်ဖို့ လုပ်ကြပါတယ်။ Ji Hyo ကို ခပ်ကြမ်းကြမ်း တိုက်ခိုက်တာရော၊ Jisoo ကို ရုတ်တရက်ကန်လိုက်တဲ့ Moment တွေက ကြည့်ရှုသူတွေကို စိတ်မကောင်းဖြစ်စေပြီး ဝေဖန်မှုများစေခဲ့ပါတယ်။ Blink တွေကလည်း ဒါကို လက်မခံနိုင်ဘူးဆိုပြီး Social Media မှာ ပြောဆိုလာကြပါတယ်။ ပွဲစစချင်းမှာလည်း Jennie ရဲ့ ခြေထောက်ကို တက်နင်းလိုက်မိကတည်းက Blink တွေက သတိထားမိနေခဲ့တာပါ။ ဒါပေမယ့် ကစားပွဲ ကောင်းကောင်းမွန်မွန် အဆုံးသတ်ခဲ့ပြီး Jisoo အသင်းက အနိုင်ရရှိသွားခဲ့ပါတယ်။

, ,