မြန်မာပရိသတ်တွေကြားမှာ ကြီးမားတဲ့အောင်မြင်မှူအရှိန်အဝါကို အချိန်အတော်ကြာထိန်းထားနိုင်တဲ့ အနုပညာရှင်တစ်ဦးလို့ဆိုရမယ့် စိုင်းစိုင်းခမ်းလှိုင်ကတော့ 2020 နှစ်ကုန်ခါနီးမှာ သူ့ရဲ့ပရိသတ်တွေကို ထူးထူးခြားခြားသတင်းတစ်ပုဒ်နဲ့ အံ့သြစေခဲ့ပြန်ပါပြီ။အဲဒါကတော့ တောင်ကိုရီးယား ထိပ်တန်း K-pop Girl Band အဖြစ် အချိန်အတိုင်းအတာတစ်ခုထိ ရပ်တည်ခဲ့တဲ့ 2NE1 ရဲ့ အဖွဲ့ဝင်ဟောင်း Park Bom နဲ့ တွဲဖက်ပြီး သီချင်းသစ်တစ်ပုဒ်ထွက်ရှိသွားမယ့်သတင်းပဲဖြစ်ပါတယ်။
စိုင်းစိုင်းဟာ ဂီတဘက်မှာရော သရုပ်ဆောင်ဘက်မှာပါ ပရိသတ်အင်အားကြီးကြီးမားမားရရှိထားသလို Social Media ပေါ်မှာလည်း Followers (၉) သန်းကျော်ပိုင်ဆိုင်ထားပြီး မကြာသေးခင်ကပဲ Forbes မဂ္ဂဇင်းကရွေးချယ်တဲ့ အာရှ-ပစိဖိတ်ဒေသတွင်း Social Media ပေါ် အလွှမ်းမိုးနိုင်ဆုံး အယောက် ၁၀၀ စာရင်းမှာလည်း ပါဝင်ခဲ့သူတစ်ယောက်ပါ။ ခုလတ်တလော စိုင်းစိုင်းရဲ့ Facebook Page ကနေ အသစ်ထွက်ရှိလာမယ့်သီချင်းတစ်ပုဒ်အကြောင်းကို teaser အနေနဲ့တင်ခဲ့သလို သူ့အနေနဲ့ သီချင်းတွေကို English title ပေးလေ့မရှိပေမယ့် ဒီသီချင်းကတော့ နာမည်နဲ့လိုက်ဖက်လှကြောင်းကိုလည်း Hint တစ်ခု အနေနဲ့ ပရိသတ်တွေကို စိတ်ဝင်စားအောင်ပြုလုပ်ခဲ့ပါတယ် ။
တချိန်က ကြီးမားတဲ့အောင်မြင်မှူတွေပိုင်ဆိုင်ခဲ့သလို ခုချိန်ထိလည်း ပရိသတ်အခိုင်အမာကျန်ရှိနေဆဲဖြစ်တဲ့ 2NE1 အဖွဲ့ဝင် Parkbom အနေနဲ့ ဒီသီချင်းဟာ ပရိသတ်ရှေ့ကအချိန်အတော်ကြာပျောက်သွားပြီးမှ ပြန်ပေါ်လာတဲ့ Comeback တစ်ခုဖြစ်သလို ပထမဆုံးပြည်ပနဲ့ Collaboration ပြုလုပ်တဲ့သီချင်းတစ်ပုဒ်လည်းဖြစ်တာကြောင့် မြန်မာပရိသတ်တွေသာမက international ပရိသတ်တွေကြားမှာပါ စိတ်ဝင်တစားစောင့်ကြည့်ခံရဖို့ရှိလာနိုင်ပါတယ်။
စိုင်းစိုင်းနဲ့ Bomတို့ရဲ့ Collaboration သီချင်းနာမည်ကတော့ Red Light ဖြစ်ပြီး ဘယ်နေ့ဘယ်အချိန်မှာ ထွက်ရှိလာမယ်ဆိုတာကတော့ စိုင်းစိုင်းရဲ့ထုံးစံအတိုင်း ပရိသတ်တွေအသည်းတယားယားဖြစ်အောင် ခေါင်းစားခိုင်းထားတုန်းပါပဲ။
Photo & Video Credit to the Rightful Owners