ကမ္ဘာကျော် Fashion အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Dior Men အနေနဲ့ နာမည်ကြီးတောင်ကိုရီးယား Boy Band "EXO" ရဲ့အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Sehun ကို မကြာသေးခင်ကပဲ သူတို့ရဲ့ Global Ambassador တစ်ဦး အဖြစ်ခန့်အပ်ခံခဲ့တယ်လို့သိရပါတယ်။ အခြား Luxury Label များစွာနဲ့လည်း လက်တွဲလုပ်ကိုင်နေသူတစ်ဦးဖြစ်တဲ့ Sehun ဟာ Dior Men ရဲ့ Ambassador တစ်ဦးအနေနဲ့ နာမည်ကျော်ဖက်ရှင်မဂ္ဂဇင်း Esquires အတွက် အမိုက်စား ဖက်ရှင်ဓာတ်ပုံတွေကိုရိုက်ကူးပေးခဲ့ပြီး ဒီဓာတ်ပုံတွေထဲမှာတော့ British Designer Judy Blame ရဲ့ Winter 2020-21 Collection ဝတ်စုံတွေကို ဆွဲဆောင်မှုအပြည့်နဲ့ ခန့်ညားစွာ ဝတ်ဆင်ထားခဲ့ပါတယ်။

ဒီ Photoshoot ရဲ့ mini interview session မှာတော့ Sehun က “ ကျွန်တော့်အနေနဲ့ လိုက်ဖက်တဲ့ အရောင်ကွဲလေးတွေကိုတွဲစပ်ပြီး ဝတ်ရတာမျိုးကို အရမ်းသဘောကျတယ်” ဆိုပြီး သူ့ရဲ့ ဖက်ရှင်နဲ့ပတ်သက်တဲ့အမြင်ကိုဝေမျှခဲ့သလို များသောအားဖြင့် ဘယ်လိုအဝတ်အစားမျိုး ဝတ်ရတာသဘောကျလည်းဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီးတော့လည်း “ဖျော်ဖြေရေးအတွက် စင်ပေါ်မှာဝတ်နေရတဲ့ပုံစံမျိုးတွေထက် သက်တောင့်သက်သာနဲ့ပေါ့ပေါ့ပါးပါးဖြစ်စေတဲ့ အဝတ်အစားတွေကိုပိုကြိုက်တယ်” လို့ဖြေကြားခဲ့ပါတယ်။
Sehun ဟာ ပြီးခဲ့တဲ့နှစ်ကလည်း Christian Dior နဲ့ အခြား ကမ္ဘာကျော် Brand တွေဖြစ်ကြတဲ့ Louis Vuitton , Ermenegildo Zagna တို့ရဲ့ fashion event တွေကိုတက်ရောက်ခဲ့ပြီး 2017,2018 ခုနှစ် Paris Fashion Week ရဲ့ Best Dressed Man ဆုကို ရရှိခဲ့ဖူးသူတစ်ယောက်လည်း ဖြစ်ပါတယ်။ 2018 ခုနစ် August လမှာ Vogue Korea ရဲ့ 22 နှစ်ပြည့် Anniversary အတွက် Louis Vuitton နဲ့အတူ ရိုက်ကူးရေးတစ်ခုပြုလုပ်ခဲ့ပြီး G Dragon ပြီးရင် Vogue Korea ရဲ့ ဒုတိယမြောက် Male Solo Cover Star ဖြစ်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။2016 စက်တင်ဘာလမှာတော့ အီတလီ High-end Fashion Brand တစ်ခုဖြစ်တဲ့ Ermenegildo Zegna ရဲ့ Global Brand Ambassador တစ်ဦးအဖြစ်ခန့်အပ်ခံခြင်းခဲ့ရပါတယ်။

အသက် 26 နှစ်အရွယ်သာရှိသေးပေမယ့် အောင်မြင်မှူများစွာကိုပိုင်ဆိုင်ထားတဲ့ Oh Sehun ဟာ အခြားကမ္ဘာကျော် Brand တွေဖြစ်ကြတဲ့ Cartier , Dr.Jart , Some By Mi အစရှိတဲ့ အမှတ်တံဆိပ်များစွာနဲ့လည်း Ambassador , Spoke Person , Muse တစ်ဦးအဖြစ် လက်တွဲလုပ်ကိုင်ခဲ့ဖူးသလို အခုနောက်ဆုံး ကမ္ဘာကျော် Luxury Brand တစ်ခုဖြစ်တဲ့ Dior Men ရဲ့ Global Ambassador ဖြစ်လာတာနဲ့ပတ်သက်ပြီးတော့လည်း Sehun ရဲ့ ပရိသတ်တွေဟာ တော်တော်လေးကို ကျေနပ်ပျော်ရွှင်နေကြတာတွေ့ရပြီး တချို့ဆိုရင် သူတို့သဘောကျရတဲ့ K Pop Idol တစ်ယောက်ရဲ့ ခုလို ကမ္ဘာကိုထိုးဖော်နိုင်တဲ့အောင်မြင်မှူတွေအတွက် အရမ်းဂုဏ်ယူမိတဲ့အကြောင်းတွေကို Social Media ပေါ်မှာ ပိုစ့်တင်ရေးသားခဲ့ကြပါတယ်။ Music Industry မှာသာမက သရုပ်ဆောင်ပိုင်းနဲ့ ဖက်ရှင်ပိုင်းတွေအထိပါ ထိုးဖောက်အောင်မြင်လာတဲ့ Sehun က လတ်တလောအနုပညာလှုပ်ရှားမှုအနေနဲ့ Pirates 2 ရုပ်ရှင်ဇာတ်ကားမှာလည်း ပါဝင်သရုပ်ဆောင်သွားဦးမှာဖြစ်ပြီး အခုဆိုရင် အဆိုပါဇာတ်ကားရဲ့ ရိုက်ကူးမှူအချို့စတင်ပြုလုပ်နေပြီလို့သိရပါတယ်။
Photo Credit To The Rightful Owners