×
Celebrity Style

ဆံပင်ပုံစံသစ်နဲ့ လှပနေတဲ့ မင်းသမီး HAN YESEUL

မင်းသမီး Han Ye Seul ရဲ့ New Look ကတော့ လူတွေရဲ့ မျက်လုံးကို ဖမ်းစားနိုင်ခဲ့ပါတယ်။

by Hnin Ei Ei Hlaing

September 29, 2018

အမြဲတမ်း Fashion မှာ စတိုင်မိုက်နေတဲ့ မင်းသမီး Han Ye Seul က ဒီတစ်ခါမှာလည်း ဆံပင်ပုံစံအသစ်နဲ့ မိုက်နေပါတယ်။

သူမဟာ အီတလီမှာ ပြုလုပ်မဲ့  Milano’s fashion week အတွက် စက်တင်ဘာလ ၁၉ ရက်နေ့က အင်ချွန်းလေဆိပ်ကနေ ထွက်ခွာခဲ့ ပါတယ်။

Airport Fashion နဲ့ အတူ သူမရဲ့ဆံပင်ပုံစံအသစ်ကိုပါမြင်ရမှာပါ။

သူများတွေနဲ့မတူတဲ့ ဆံပင်အရောင်နဲ့ လေဆိပ်မှာ လှပနေပါတယ်။

အဝါရောင်ကိုမှ Neon ဘက်ရောက်တဲ့ ကာလာမျိုးနဲ့ သူမဟာ အရမ်းကို ဖက်ရှင်ကျနေပါတယ်။

ဒီအရောင်ကြောင့် သူမရဲ့ မျက်နှာလေးက ပိုပြီး တောက်တောက်လေးဖြစ်သွားပါတယ်။

အရင်ထဲကလှပပြီးသားဖြစ်တာမလို့ ဆံပင်အရောင်ပြောင်းလိုက်တော့ သူမရဲ့မျက်နှာလေးကနဂိုထက်ကိုပိုပြီးလှပနေပါတယ်။

Milano’s fashion week မှာလည်းအရမ်းကိုထင်းပြီးလှနေမှာပါ။

 

 

Image source:Twitter

 

Editor : Hnin Ei Ei Hlaing

 

Celebrity Style

မတ်လရက်သတ္တပတ်အတွက် ယဉ်ယဉ်လေးလှနေတဲ့ အနုပညာရှင်တွေရဲ့ မြန်မာဝတ်စုံဖက်ရှင်များ

ဘာဝတ်စုံပဲဝတ်ဝတ် လိုက်ဖက်နေကြသူတွေမို့ မြန်မာဝတ်စုံနဲ့လည်းအရမ်းကိုထိမိလှပနေကြတာပါပဲ

by Randy Win

March 21, 2020

               မြန်မာဆန်ဆန် ရိုးရိုးယဉ်ယဉ်ဝတ်စားဆင်ယင်မှူဟာ မြန်မာမိန်းကလေးတွေနဲ့လည်းအရမ်းလိုက်ဖက်သလို မြင်ရသူရဲ့ရင်ကိုလည်းအေးမြစေပါတယ်။ ဘယ်နိုင်ငံပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံရဲ့ရိုးရာအငွေ့အသက်ပါဝင်တဲ့ ဝတ်စုံကိုဝတ်ဆင်ထားခြင်းက မြင်သူတိုင်းရဲ့ရင်ကို တစ်မျိုးတစ်ဖုံခံစားသက်ဝင်စေတာအမှန်ပါ။ ခုဆိုရင်လည်း မြန်မာနိုင်ငံရဲ့ အနုပညာရှင်တချို့ရဲ့ မြန်မာဝတ်စုံလေးတွေကိုဝတ်ဆင်ထားတဲ့ပုံရိပ်တွေဟာ မြင်ရသူအတွက် ဘယ်တော့မှမရိုးနိုင်တဲ့ ဖက်ရှင်တစ်ခုအဖြစ် အားလုံးလက်ခံထားကြတာပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီရက်သတ္တပတ်အတွင်းမှာလည်း မြန်မာပြည်ရဲ့ အနုပညာရှင်တချို့ မြန်မာဝတ်စုံလေးတွေဝတ်ဆင်ပြီး ဘယ်လိုလှပကျက်သရေရှိနေကြမလဲဆိုတာ ကြည့်ရှူခံစားလိုက်ကြရအောင်နော်။

အေးမြတ်သူ


မြန်မာဝတ်စုံလေးတွေနဲ့ အရမ်းလိုက်ဖက်တယ်လို့ ပရိသတ်တွေအားလုံးက သဘောကျသတ်မှတ်ထားကြတဲ့ သရုပ်ဆောင်တွေထဲမှာ မမြတ်လေးလည်းတစ်ဦးအပါအဝင်ဖြစ်ပါတယ်။ သူမရဲ့ မြန်မာဝတ်စုံဝတ်ထားတဲ့ ပုံရိပ်လေးတွေဟာဆိုရင် အမြဲတမ်းလိုလိုပရိသတ်တွေကြားထဲမှာ Hit ဖြစ်ပြီးလူကြိုက်များခဲ့ရတာပါ။ ခုလည်း Traditional Wear ကိုမှ Vintage ဆန်ဆန်လေးဝတ်ဆင်ပြီး အရမ်းလှပနေတဲ့ မင်းသမီးချောလေး အေးမြတ်သူရဲ့မြန်မာဝတ်စုံဖက်ရှင်က ထူးထူးခြားခြားလေးဆွဲဆောင်မှူရှိနေမှာပါ။

သဉ္ဇာဝင့်ကျော်


ညှို့အားပြင်းအလှတွေနဲ့အမြဲလိုလိုမြင်တွေ့ရတတ်တဲ့ မင်းသမီးချောလေးသဉ္ဇာဝင့်ကျော်ဟာ တခါတရံမှာတော့ မြန်မာဝတ်စုံလေးတွေနဲ့ ဆွဲဆောင်မှူတစ်မျိုးရှိနေတတ်ပါသေးတယ်။အခုဆိုရင်လည်း Shayi ရဲ့ မြန်မာဝတ်စုံလေးနဲ့ Shayi ပွဲကိုတက်ရောက်လာတဲ့ သူမရဲ့ လှပနေတဲ့ပုံရိပ်လေးက ပရိသတ်တွေအတွက် တစ်မျိုးလေးအမြင်ဆန်းနေစေမှာပါ။

ဆုအိမ့်စံ


အပြုံးချိုချိုလေးနဲ့ မြင်ရသူတိုင်းရဲ့ရင်ကိုအေးစေတတ်တဲ့ မျက်နှာပေါက်လေးကိုပိုင်ဆိုင်တဲ့ မင်းသမီးချောလေး ဆုအိမ့်စံဟာလည်း မြန်မာဝတ်စုံလေးတွေနဲ့ အရမ်းလိုက်ဖက်တဲ့မင်းသမီးလေးတွေထဲကတစ်ဦးပါပဲ။ အခုဆိုရင်လည်း ကြေးဥစိမ်းရောင်မြန်မာဝတ်စုံဝမ်းဆက်လေးနဲ့ ကျက်သရေရှိရှိလှနေတဲ့ သူမရဲ့ပုံရိပ်လေးက ပရိသတ်တွေရဲ့ ရင်ထဲထိရောက်စေမယ်လို့ယူဆရပါတယ်။


ပိုးမမှီသာ


လှပတဲ့အပြုံး တည်ငြိမ်တဲ့မျက်နှာလေးနဲ့ ဆွဲဆောင်မှူရှိရှိလှပတဲ့ သရုပ်ဆောင် ပိုးမမှီသာဟာဆိုရင်လည်း မြန်မာဝတ်စုံလေးတွေနဲ့ လိုက်ဖက်စွာလှပနေတတ်တဲ့ အနုပညာရှင်တွေထဲကတစ်ဦးပါ။ သူမပါဝင်သရုပ်ဆောင်ထားတဲ့ ပိတောက်ကတဲ့ဂီတ Red Carpet ပွဲကိုတက်ရောက်လာတဲ့ သူမရဲ့ တည်ငြိမ်ကျက်သရေရှိစွာလှပနေတဲ့ မြန်မာဝတ်စုံဖက်ရှင်လေးကလည်း မြင်ရသူပရိသတ်အတွက် ကျေနပ်စရာဖြစ်စေမှာပါ။

အိန်ဂျယ်လ်လမုန်


မော်ဒယ်လ်မလေးတွေထဲကမှ အသားအရည်လှပမှူနဲ့ ချစ်စရာတိုင်းရင်းသူမလေးတစ်ဦးဖြစ်တဲ့ အိန်ဂျယ်လ်လမုန်ဟာလည်း အနောက်တိုင်းဝတ်စုံတွေနဲ့သာမက မြန်မာ့ရိုးရာဝတ်စုံလေးတွေနဲ့ပါ ဘာဝတ်ဝတ် အရမ်းကိုကြည့်ကောင်းသူလေးတစ်ဦးပါ။ အခုဆိုရင်လည်း ရိုးရိုးရှင်းရှင်း မြန်မာဝတ်စုံ ဖက်ဖူးစိမ်းရောင်နုနုလေးနဲ့ ကျက်သရေရှိရှိ တည်တည်ငြိမ်ငြိမ်လှနေတဲ့ပုံရိပ်လေးက မြင်ရသူတိုင်းရင်ကိုအေးချမ်းစေမှာအမှန်ပါပဲ။

 

Photo Credit To the Rightful Owners

, , ,

Celebrity Style

မြင်သူငေးလောက်တဲ့အလှတွေနဲ့ နွေဦးရဲ့နတ်သမီးလေးတစ်ပါးလို့တင်စားရမယ့် Patricia

ပက်ထရစ်ရှာကတော့ အမြဲတမ်း ကြွေရုပ်လေးလို လှနေတော့တာပါပဲ

by Randy Win

March 11, 2020

             ထိုင်းမင်းသမီးလေးလိုမျက်နှာပေါက်နဲ့ ဆွဲဆောင်မှူအပြည့်ရှိတဲ့ မျက်ဝန်းတွေကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး ပက်ထရစ်ရှာရဲ့ အမိုက်စားဖက်ရှင်တွေ pose တွေနဲ့  ခပ်ချေချေမျက်နှာပေးတွေဟာ ပရိသတ်တွေရဲ့ပါးစပ်ဖျားမှာ အမြဲလိုလိုရေပန်းစားခဲ့ရတာပါ။ ကြည့်လိုက်တိုင်းရိုးမသွားနိုင်လောက်အောင် ခေတ်မီတဲ့ဝတ်စားဆင်ယင်တတ်မှူနဲ့ လှပတဲ့ခန္ဓာကိုယ်ကောက်ကြောင်းတွေကြောင့် သူမကိုချစ်တဲ့ပရိသတ်တွေရဲ့ရင်မှာ အမြဲတမ်း အတုယူအားကျရတဲ့သူတစ်ယောက်ဖြစ်ခဲ့တဲ့အပြင် သရုပ်ဆောင်ဘက်မှာလည်း မလျော့နည်းတဲ့အားထုတ်မှူတွေကြောင့် ပရိသတ်တွေအချစ်ပိုမှူကိုမကြာခဏခံခဲ့ရပါသေးတယ်။


             

           လတ်တလောမှာလည်း သူမရဲ့ခန္ဓာကိုယ်အလှကို နွေရာသီဖက်ရှင်တစ်ခုအနေနဲ့ရော ကမ်းခြေဖက်ရှင်တစ်ခုအနေနဲ့ပါ ချပြခဲ့တဲ့အပေါ်မှာ ပရိသတ်တွေကြားမှာ အရမ်းကို Hot ဖြစ်ပြီး လူပြောများခဲ့တယ်လို့ဆိုရပါမယ်။ နွေရာသီ Vacation ကာလရဲ့ Beach Vibes ကို အပြည့်အဝဖော်ပြနေသလို ညှို့အားပြင်းတဲ့ခန္ဓာကိုယ်အလှတွေနဲ့ ဆွဲဆောင်မှူရှိရှိ လှနေတဲ့ စူးရှနိုင် (Patricia)ရဲ့ Swimsuit ပုံရိပ်လေးတွေကို သူမကိုချစ်တဲ့ပရိသတ်အတွက် ရွေးချယ်စုစည်းဖော်ပြပေးလိုက်ပါတယ်။

 

Photo Credit To Sue Sha Naing's Instagram

 

, , , , ,

Celebrity Style

ဇာတ်ရုပ်အသစ် စတိုင်လ်အသစ်နဲ့ ပရိသတ်တွေရဲ့ရင်ကိုလှုပ်ခတ်စေခဲ့တဲ့ Park Seo Joon

Park Seo Joon ကိုချစ်တဲ့ပရိသတ်တွေအတွက်တော့ အပတ်စဉ် စောင့်ကြည့်ရမယ့်ဇာတ်လမ်းကောင်းလေးပါ

by Randy Win

March 5, 2020

                 Itaewon Class ဇာတ်ကားဟာ တစ်ပတ်ထက်တစ်ပတ်ဇာတ်ရှိန်မြင့်လာသလို ကြည့်ရှူသူပရိသတ်ကလည်း အပတ်စဉ် မလွတ်တမ်းစောင့်ကြည့်လာကြရတဲ့ ဇာတ်ကားကောင်းတစ်ခုပါ။ Webtoon ကနေ Drama ဇာတ်လမ်းတွဲအနေနဲ့ပြန်လည်ရိုက်ကူးထားတဲ့ ဒီဇာတ်ကားထဲမှာဆိုရင် ပရိသတ်အချစ်တော် Park Seo Joon ကခေါင်းဆောင်မင်းသားအနေနဲ့ပါဝင်သရုပ်ဆောင်ထားပါတယ်။ နိုင်လိုမင်းထက်ပြုမူတတ်တဲ့ပတ်ဝန်းကျင်မှာ ကြီးပြင်းလာရသူ ၊ အခက်အခဲတွေကြားကကိုယ့်ယုံကြည်ချက်ကို သတ္တိရှိရှိအကောင်အထည်ဖော်သူ လူငယ်လေးတစ်ဦးနေရာကနေ အကောင်းဆုံးသရုပ်ဆောင်ထားတာဖြစ်ပြီး Webtoon ထဲကဇာတ်ကောင်အတိုင်း တစ်ထပ်တည်းတူညီဖို့ ဆံပင်ပုံစံနဲ့ ဖက်ရှင်ကိုလည်း ပြောင်းလဲထားတာတွေ့ရပါတယ်။

                 Webtoon ကာရိုက်တာဖြစ်တဲ့ Park Sae Yon ဇာတ်ကောင်နဲ့ တူညီဖို့အတွက် တစ်ကားလုံးနီးပါး ဆံပင်တိုတိုကပ်ကပ်နဲ့ Jacket တွေ Hoody တွေကိုသာ အဓိကဝတ်ဆင်ခဲ့ရပြီး အဲဒီဖက်ရှင်ကပဲ သူနဲ့အရမ်းလိုက်ဖက်နေတယ်လို့ ပရိသတ်တွေရဲ့ မှတ်ချက်ပေးခြင်းခံခဲ့ရပါတယ်။ ဂျာကင်ကြီးကြီး Hoody ပွပွတွေကိုဝတ်ဆင်ထားပေမယ့် ပခုံးကျယ်ကျယ်နဲ့ ခန္ဓာကိုယ်အချိုးအစားလှပမှူကြောင့် ကြည့်ကောင်းနေတဲ့ Park Seo Joon တစ်ယောက် ပရိသတ်တွေရဲ့ နှစ်သက်မှူကို ပိုင်ဆိုင်နိုင်ခဲ့သလို ဇာတ်ကားတစ်ကားလုံးရဲ့ သရုပ်ကိုလည်း ကောင်းကောင်းပေါ်လွင်စေခဲ့ပါတယ်။


                 ဒီဇာတ်ကားထဲမှာ Park Seo Joon ဝတ်ဆင်ခဲ့တဲ့ တချို့Outfit တွေဟာ အရမ်းကိုမိုက်သလို အဲဒီ Outfit တွေရဲ့ တန်ကြေးဟာလည်း မနည်းလှပါဘူး။ ဇာတ်ဝင်ခန်းတစ်နေရာမှာ ပတ်ဆိုးဂျွန် ဝတ်ဆင်ခဲ့တဲ့ Denim Trucker ဂျာကင် အမည်းရောင်ရဲ့ တန်ဖိုးဟာဆိုရင် US $ 700ကျော် တန်ကြေးရှိပြီး မြန်မာငွေ ဆယ်သိန်းကျော်နီးပါးတန်ဖိုးရှိပါတယ်။


                 အပိုင်း (၆)မှာ ဝတ်ဆင်ခဲ့တဲ့ JUUN.J Oversized shirt အကွက်ဟာဆိုရင်လည်း ဒေါ်လာ ၄၀၀ ကျော်တန်ဖိုးရှိပြီး မြန်မာငွေနဲ့တွက်ရင် ၆သိန်းနီးပါးကျသင့်ပါတယ်။


               

                ဒါ့အပြင် အပိုင်း (၇) နဲ့ (၈) မှာဝတ်ဆင်ခဲ့တဲ့ BEAKER Men Light Goose Down Puffer Jumper ခဲရောင်ဟာဆိုရင်လည်း Beaker 2019 fashion week မှာ ပြသခဲ့တဲ့ ဝတ်စုံတစ်ခုဖြစ်ပြီး US $ 498 တန်ဖိုးရှိပါတယ်။ ဒါဟာ မြန်မာငွေနဲ့တွက်မယ်ဆိုရင်တော့ ၇သိန်းကျော်ဝန်းကျင်မှာရှိတဲ့ Jacket တစ်ခုဖြစ်ပါတယ်။

ဒါတွေသာမက အခြားအခြားသော ဈေးကြီးကြီး Jacket နဲ့ Outfit များစွာကိုလည်း ဇာတ်ကားတစ်ခုလုံးနီးပါး ဝတ်ဆင်အသုံးပြုထားတာကိုတွေ့ရပါတယ်။


               ဒီလိုတန်ဖိုးကြီး Jacket တွေ Hoody တွေကို အထာကျကျဝတ်ဆင်ပြီး ဆံပင်အတိုအကပ်နဲ့ တစ်မျိုးတစ်ဖုံ ဆွဲဆောင်မှူရှိနေတဲ့ ပတ်ဆိုးဂျွန်ရဲ့ပုံစံဟာ နှုတ်ခမ်းနီမလေးတွေရဲ့နှလုံးသားကိုလှုပ်ကိုင်နိုင်ခဲ့သလို ယောင်္ကျားလေးပရိသတ်တွေကိုလည်း ကောင်းကောင်း Influence လုပ်နိုင်ခဲ့ပါတယ်။တစ်ပတ်ထက်တစ်ပတ် ဇာတ်ရှိန်မြင့်လာသလို အပတ်စဉ်စောင့်မျှော်ကြည့်ရှူရတဲ့ ဇာတ်ကားကောင်းလေးတစ်ခုဖြစ်လာတဲ့ Itaewon Class ထဲက မင်းသားချောလေး Park Seo Joon ကတော့ K Drama ချစ်သူတွေအတွက် နောက်ထပ်သည်းသည်းလှုပ်ချစ်ရမယ့် ဇာတ်ကောင်တစ်ယောက်ဖြစ်လာပြီလို့တောင် ဆိုရမှာပါပဲ။

Photo Credit To Rightful Owner

, , , , ,

MODA TV 


Celebrity Style

Bikini တွေနဲ့ အပြိုင်လှနေကြတဲ့ Kendall နဲ့ Kylie

ဘယ်သူတွေက Summer Bikini တွေကို မိုက်အောင်ဝတ်နိုင်ဆုံးလဲ

by May Shoon

March 4, 2020


ပြီးခဲ့တဲ့ ဒီတနင်္လာနေ့က Kylie Jenner ကသူ့သမီးလေး Stormy နဲ့ အတူ ကမ်းခြေမှာအပန်းဖြေရင်းသူမရဲ့ စွဲမက်စရာကောက်ကြောင်းတွေကို ပေါ်လွင်စေတဲ့ Bikini လေးနဲ့ရယ်၊ Swimsuit လေးရယ် ရိုက်ထားတဲ့ ပုံအလန်းစားတွေကို သူမရဲ့ Instagram မှာတင်လိုက်ပါတယ်။ Curvy ဖြစ်ပေမယ့် ဆွဲဆောင်မှုရှိတဲ့ Kylie ရဲ့ အလှက ပရိသတ်တွေကို ဖမ်းစားနိုင်တာတော့ သေချာပါတယ်။ ဒီတော့ အစ်မဖြစ်သူ Kendall ကလည်း ဒီဗုဒ္ဓဟူးနေ့ မနက်ပိုင်းမှာပဲ သူမရဲ့ Hot Body နဲ့ Bikini ပုံကို Instagram မှာတင်လိုက်ပါတယ်။ Kendall ကသူမရဲ့ Tanned ဖြစ်နေတဲ့ Skin ကို ပေါ်လွင်နေတဲ့ Abstract Print Bikini လေးနဲ့ အရမ်းကို မိုက်နေပါတယ်။ အခုနွေရာသီလည်းရောက်လာပြီဆိုတော့ Bikini/ Swimsuit လှလှလေးတွေနဲ့ စတိုင်ထုတ်ဖို့အချိန်ရောက်ပြီနော်။ Bikini Style Inspiration လည်းရသွားအောင် အားလုံးအသည်းကျော် Celebrity Model မမတွေရဲ့ အဂေါ်ဆုံး Instagram Bikini Outfits လေးတွေကို စုစည်းပေးလိုက်ပါတယ်။ ဘယ်သူ့ Style လေးက Hot အဖြစ်ဆုံးဖြစ်မလဲ။

Kylie Jenner 

Kendall Jenner

Bella Throne

Kim Kardashain

Halsey

Gigi Hadid

Bella Hadid

Hailey Bieber

Selena Gomez

Taylor Swift

Rihanna 

Kaia Gerber

Lady Gaga

Emily Rajatkowski

, , ,

Celebrity Style

ဖေဖော်ဝါရီလနောက်ဆုံးအပတ်အတွက် Local Celebrity တွေရဲ့ အမိုက်စား Best Outfit of The Week

ဘယ်သူတွေကများ ဒီတစ်ပတ်ရဲ့ Best Outfits ပိုင်ရှင်တွေဖြစ်မလဲ

by Randy Win

February 28, 2020

                 ပရိသတ်တွေ သည်းသည်းလှုပ်ချစ်ရတဲ့ အနုပညာရှင် Celebrity တွေအနေနဲ့ သူတို့ရဲ့လူနေမှူဘ၀ နေထိုင်လှုပ်ရှားမှူတွေအပြင် သူတို့ဝတ်ဆင်လေ့ရှိကြတဲ့ ဖက်ရှင်တွေကပါ ပရိသတ်တွေကိုလွှမ်းမိုးလေ့ရှိကြတာကို အားလုံးသိပြီးဖြစ်မှာပါ။ အရင့်အရင်ကာလတွေကထက်စာရင် ဖက်ရှင်နဲ့ပတ်သက်တဲ့ Trend တွေဟာပြောင်းလဲလာသလို Celebrity တွေဟာလည်း သူတို့ရဲ့ ဖက်ရှင်တွေကို ခေတ်ရေစီးကြောင်းနဲ့အညီ ခေါင်းအစခြေအဆုံး လှပထူးခြားနေအောင် အလေးထားဝတ်ဆင်လေ့ရှိကြပါတယ်။ အဲဒီလို ဖက်ရှင်နဲ့ပတ်သက်ရင် အမြဲရှေ့ပြေးနေတဲ့ Local Celebrityတွေရဲ့ အမိုက်စားဖက်ရှင်တွေထဲကမှ ယခုလရဲ့ နောက်ဆုံးရက်သတ္တပတ်အတွင်း ဝတ်ဆင်ခဲ့ကြတဲ့ အလန်းဆုံးဖက်ရှင်တချို့ကို Best Outfit Of The Week အနေနဲ့ ရွေးချယ်စုစည်းဖော်ပြပေးလိုက်ပါတယ်။

 

၀တ်မှုန်ရွှေရည်

ပရိသတ်အချစ်တော် ရွှေမင်းသမီးလေးကတော့ ဒီဇိုင်နာ Ahlatt Lumyang ရဲ့ အနက်ရောင် Dress နဲ့ M.A.C Grand Opening ပွဲကိုတက်ရောက်လာတာတွေ့ရပါတယ်။ အနက်ရောင်ပေါ်မှာ ပန်းဆီရောင်တောက်တောက် Draping ကိုယှက်ထားပြီး Hermes ရဲ့ Cinhetic Box Bagအပြာလေးကိုကိုင်ဆောင်ထားတဲ့ အကယ်ဒမီမင်းသမီးချောလေးဝတ်မှုန်ရွှေရည်ရဲ့ ဖက်ရှင်ကတော့ လုံးဝကို Stand out ဖြစ်နေတာပါ။

May Grace Perry

ဘိုဆန်တဲ့ မျက်နှာလေးနဲ့ချစ်စရာအပြုံးချိုချိုကိုပိုင်ဆိုင်ထားတဲ့ May Grace Perry ကတော့ Pastel Pink Color Midi Skirt လေးနဲ့ White Crop top ကိုတွဲဖက်ဝတ်ဆင်ထားပြီး Summer Vibes ကိုဖော်ညွှန်းတဲ့ ဖက်ရှင်နဲ့ လိုက်ဖက်စွာလှပနေတာတွေ့ရမှာပါ။ ဒါကိုမှ အလိမ်လိမ်လေးတွေကောက်ထားတဲ့ Coily Hairstyle ပါထပ်မံဖြည့်စွက်ထားတာမို့ ရိုးရိုးလေးနဲ့ဆန်းနေတာအမှန်ပါပဲ။

အေးမြတ်သူ

မြန်မာဆန်ဆန်ရိုးရိုးယဉ်ယဉ်လေးတွေဝတ်ရင်လည်း အရမ်းချစ်ဖို့ကောင်းသလို ခပ်ချေချေစတိုင်တွေနဲ့လည်း အရမ်းကိုမိမိုက်နေတတ်တဲ့ မင်းသမီးချောလေး အေးမြတ်သူကိုတော့ Shayi ရဲ့ Pattern တူ A Line Maxi Skirt နဲ့ Long Coat ကို Cat Eye Sunglasses နဲ့ တွဲဖက်ဝတ်ဆင်ထားတာကို မြင်တွေ့ရပြီး High Fashion ဆန်ဆန် နဲ့ မိမိုက်နေတာတွေ့ရမှာပါ။

Pactricia

ထိုင်းမင်းသမီးလေးတစ်ယောက်လိုမျက်နှာပေါက်နဲ့ ညှို့အားပြင်းတဲ့အကြည့်တွေကိုပိုင်ဆိုင်ထားတဲ့ Pactricia (စူးရှနိုင်) ကတော့ Not Copyrighted ရဲ့ Lime Green color ဂါဝန်လေးနဲ့ တမျိုးလေးဆွဲဆောင်မှူရှိနေပါတယ်။

 

အောန်ဆိုင်း

ဒီထဲမှာ ထူးထူးခြားခြားလေး သဘောကျမိတာကတော့ နာမည်ကျော်မော်ဒယ်လ်တစ်ဦးဖြစ်တဲ့ အော်န်ဆိုင်းရဲ့ ပွဲတက်ဖက်ရှင်ပါ။ ဒီဇိုင်နာ Htu Aung GunHtang ရဲ့ ခပ်ဖျော့ဖျော့ Turquoise Blue (Pastel Color) အချိတ်ကိုမှ အရောင်တူ Crop Top နဲ့တွဲစပ်ထားတဲ့ Outfits ကိုဝတ်ဆင်ထားတာဖြစ်ပါတယ်။ အချိတ်နဲ့ Crop Top ကိုတွဲဖက်ဝတ်ဆင်တာကလည်း အရမ်း Rare ဖြစ်တဲ့ ဖက်ရှင်တစ်ခုဖြစ်သလို အဲဒီ Crop Top မှာပါဝင်တဲ့ ကုတ်အင်္ကျီကော်လာလေးကလည်း တမျိုးဆွဲဆောင်မှူရှိနေပါသေးတယ်။

 

, , ,

Celebrity Style

အထာကျကျဖက်ရှင်တွေနဲ့ ပရိသတ်တွေရဲ့ ရင်ကို အမြဲလှုပ်ခတ်စေသူလေး Nay Chi Oo

Chi Chi ရဲ့ ဖက်ရှင်တွေကတော့ အမြဲတမ်း Wow! ပါပဲ

by Randy Win

February 28, 2020

               ဖက်ရှင်နဲ့ပတ်သက်ရင် အမြဲတမ်း Iconic ဖြစ်သလို အမြဲလည်း အတုယူရလောက်အောင် မိမိုက်အထာကျနေတတ်တဲ့ Beauty Blogger တစ်ယောက်လည်းဖြစ် မင်းသမီးချောလေးတစ်ဦးလည်းဖြစ်တဲ့ Chi Chi ဟာ ခုချိန်မှာဆိုရင် Blogger အပိုင်းမှာသာမက သရုပ်ဆောင်ဘက်ကိုပါ ခပ်စိတ်စိတ်လှုပ်ရှားနေပြီဖြစ်ပါတယ်။


              

               အသစ်တစ်ယောက်အနေနဲ့ သရုပ်ဆောင်လောကကို စတင်ဝင်ရောက်လာတဲ့အချိန်ကတည်းက ထိမိပိုင်နိုင်တဲ့သရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်တွေရဲ့ အံ့သြလေးစားချစ်ခင်ခြင်းတွေကို ပိုမိုရရှိပိုင်ဆိုင်နိုင်ခဲ့တဲ့ Chi Chi ဟာ Fashion အပိုင်းနဲ့ပတ်သက်ရင်လည်း ဘယ်တော့မှ လျော့မနေတတ်တဲ့သူတစ်ယောက်ဆိုတာ အားလုံးသိပြီးဖြစ်မှာပါ။Blogger လုပ်စဉ်ကတည်းက သူမရဲ့ Luxury Brand တွေကို အထာကျကျ ဝတ်ဆင်နိုင်မှူကြောင့် လူငယ် အတော်များများရဲ့ ချစ်ခင်အားကျမှူကိုရရှိခဲ့သလို မင်းသမီးဖြစ်လာတဲ့အချိန်မှာလည်း Fashion ကို ပိုပြီး ဂရုစိုက်အရေးထားလာတဲ့အပြင် ပိုပြီးလှပလာတဲ့ချီချီဟာ သူမကိုချစ်ခင်လေးစားတဲ့ပရိသတ်တွေရဲ့အချစ်ကို ပိုပိုပြီးအရယူနိုင်ခဲ့ပါတယ်။


               အနုပညာဘက်မှာလည်း အားသာသလို သွက်လက်ပွင့်လင်းတဲ့ ဟန်ပန်အမူအရာတွေနဲ့ ချစ်ဖို့ကောင်းတဲ့ မင်းသမီးချောလေး Chi Chi တစ်ယောက် ဒီ ၂၀၂၀ နှစ်အစပိုင်းမှာကော ဘယ်လို မိမိုက်အထာကျတဲ့ Branded Outfit တွေနဲ့ ချစ်ရတဲ့ ပရိသတ်တွေရဲ့ နှလုံးသားကို ဆွဲယူသွားသလည်းဆိုတာ စုစည်းတင်ပြပေးလိုက်ပါတယ်။

 

Photo Credit To Nay Chi Oo's Facebook and Instagram

, , , , ,


Loading More post