×
Celebrity Style

ယဉ်ယဉ်လေးနဲ့ အဆင့်အတန်းမြင့်တဲ့ မိုးဟေကိုရဲ့ Myanmar Traditional Fashion

မိုးဟေကိုဟာ ဖက်ရှင်ပိုင်းမှာလည်း အမြဲ smart ကျကျနဲ့ လှပသူတစ်ဦးပါ။

by Lin Lin

November 15, 2019

အခုဖော်ပြပေးသွားမှာကတော့ ဖက်ရှင်ဘုရင်မလို့တောင် တင်စားခေါ်ဝေါ်ကြတဲ့ မိုးဟေကိုရဲ့ မြန်မာဝတ်စုံဖက်ရှင်ပုံရိပ်တွေပဲ ဖြစ်ပါတယ်။ မိုးဟေကိုဟာ သရုပ်ဆောင်ပိုင်းမှာထူးချွန်ရုံ သာမက ဖက်ရှင်ပိုင်းမှာလည်း အမြဲ smart ကျကျနဲ့ လှပသူတစ်ဦးပါ။ ဒါတင်မကသေးဘဲ အနုပညာလောကထဲ စတင်ဝင်ရောက်ခဲ့တဲ့ ၂၀၀၀ ခုနှစ်ဝန်းကျင်လောက်က ဓာတ်ပုံဆရာအများစုက အလှဓာတ်ပုံရိုက်ကူးမှုမှာ မိုးဟေကိုရဲ့ အိုက်တင်ကို မှီတဲ့သူမရှိဘူးလို့တောင် မှတ်ချက်ပေးခြင်းခံခဲ့ရသူတစ်ဦးပါ။ ယနေ့ထက်ထိလည်း သူမရဲ့ Photo တွေက ပရိသတ်ကြားရေပန်းစားနှစ်သက်မှုကို ရရှိနေဆဲပဲ ဖြစ်ပါတယ်။ သူမရဲ့ လှပမှု၊ အောင်မြင်မှု၊ နုပျိုမှုနဲ့ ဖက်ရှင်ကျမှုတွေက မျိုးဆက်သစ်လူငယ်တွေအတွက် စံထားရသူတစ်ဦးပါ။
ကဲ ဒီတော့ မိုးဟေကိုရဲ့ မြန်မာဆန်ဆန်နဲ့ လှပနေတဲ့ ပုံရိပ်တွေကို ကြည့်ကြရအောင်နော်။

Photo - Moe Hay Ko's Page

Editor : Lin Lin

,
Celebrity Style

အသက်ကြီးပေမယ့် မပျက်စီးသေးတဲ့ ကိုရီးယားစတားများ

နုပျိုချက်ကတော့ အရွယ်နဲ့မလိုက်အောင်ပါပဲ

by Randy Win

July 1, 2020


               ကိုရီးယား အနုပညာရှင် တွေဟာ သူတို့ရဲ့ ပြိုင်စံရှားတဲ့ အနုပညာအရည်အသွေးတွေအပြင် သူတို့ရဲ့ အသက်အရွယ်နဲ့မလိုက်အောင် နုပျိုချောမောမှူတွေကြောင့်ပါ နာမည်ကျော်ကြားနေကြရတယ်ဆိုတာ အားလုံးသိထားပြီးသားဖြစ်မှာပါ။ အလှအပနဲ့ပတ်သက်ရင်လည်း အားလုံးရဲ့ ယုံကြည်ကိုးစား စိတ်ဝင်စားမှူတွေကို ရယူနိုင်ခဲ့တဲ့ တောင်ကိုးရီးယားနိုင်ငံဟာ သူတို့နိုင်ငံက အနုပညာရှင်တွေရဲ့ လှပနုပျိုမှူတွေကြောင့်လည်း အလှအပနဲ့ပတ်သက်ရင် ထိပ်တန်းနေရာကိုရောက်ရှိလာခဲ့တယ်လို့ဆိုရင်မမှားပါဘူး။ တောင်ကိုရီးယားရဲ့ ဂီတ ၊ရုပ်ရှင် အနုပညာအသိုင်းအဝိုင်းက ထိပ်တန်းအနုပညာရှင်တွေရဲ့ အသက်အရွယ်နဲ့မလိုက်အောင်နုပျိုနေမှူတွေကလည်း ကြားရတဲ့သူတွေကို အံ့သြဘနန်းဖြစ်စေမှာ အသေအချာပါ။ ရုပ်ပိုင်းဆိုင်ရာသာမက ၊စိတ်ပိုင်းဆိုင်ရာရော၊ ပညာပိုင်းဆိုင်ရာပါ နုပျိုဆန်းသစ်နေမှူတွေကြောင့် သူတို့အတွက် အသက်အရွယ်ဆိုတာ သတ်မှတ်ချက်တစ်ခုလားရယ်လို့တောင် မေးယူရတော့မယ့်အနေအထားပဲဖြစ်ပါတယ်။

Jay Park


2PM Boy Group ရဲ့ Member တစ်ယောက်ဖြစ်သလို ကိုယ်ပိုင် Music Label တစ်ခုဖြစ်တဲ့ AOMG ကိုတည်ထောင်ခဲ့သူတစ်ဦးဖြစ်တဲ့ Jay Park ဟာ သူရဲ့ ယောင်္ကျားပီသပြီး ဆွဲဆောင်မှူရှိတဲ့ အမိုက်စားဖက်ရှင်တွေ သီဆိုဟန်တွေနဲ့ ယခုချိန်ထိ မိန်းကလေးပရိသတ်များစွာကို ဆွဲဆောင်နိုင်နေဆဲဖြစ်ပါတယ်။ အသက်အားဖြင့် 33 နှစ်ရှိနေပြီဖြစ်ပေမယ့် သူ့ရဲ့ နုပျိုမှူတွေကတော့ အားလုံးမြင်တဲ့အတိုင်း ဆယ်ကျော်သက်အလန်းစားကောင်လေးတစ်ယောက်အလား ထင်နေရဆဲပါပဲ။

Shin Min-A


ချစ်စရာကောင်းတဲ့ Baby Face လေးကို ပိုင်ဆိုင်ထားတဲ့ Superstar မင်းသမီးတစ်ဦးဖြစ်တဲ့ Shin Min-A ကတော့ My Girlfriend is a Nine-Tailed Fox ,Oh My Venus လို ဒရမ်မာဇာတ်ကားတွေမှာ အဓိကနေရာကပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်များစွာရဲ့ အသည်းနှလုံးတွေကို ညှို့ငင်ဖမ်းစားနိုင်ခဲ့ပါတယ်။ ခုချိန်ထိ လှပပျိုမျစ်ပြီး နုပျိုနေဆဲဖြစ်တဲ့ သူမရဲ့ အသက်ကတော့ 36 နှစ်ထဲကို ရောက်နေပါပြီ။

Han Ye-Sul


အမေရိကန်ဖွား တောင်ကိုရီးယားမင်းသမီးလေး Han Ye-Sul ကတော့ ဆွဲဆောင်မှူပြည့်တဲ့အလှကို ထူးထူးခြားခြားပိုင်ဆိုင်ထားသူပါ။၂၀၀၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Miss Gold Digger နဲ့ ၂၀၁၁ မှာထွက်ရှိခဲ့တဲ့ Penny Pinchers ဆိုတဲ့ ဇာတ်ကားတွေမှာ လူသိများခဲ့ပြီး ၂၀၁၉ မှာတော့ Big Issue ဆိုတဲ့ဇာတ်ကားမှာ အတော်လေးကို လူကြိုက်များခဲ့ပါတယ်။ ဒီလောက်လှပနုပျိုပြီး ကြည့်ကောင်းနေတဲ့ သူမရဲ့အသက်က ၃၉ နှစ်ထဲမှာဆိုတာကို သိလိုက်ရရင် အရမ်းအံ့သြသွားမလားပဲနော်။

Kim Soo- Hyun


Dream High ဇာတ်ကားမှာ စတင်လူသိများခဲ့ပြီး အခုချိန်မှာ ပရိသတ်များစွာက သည်းသည်းလှုပ်ချစ်ရတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်နေပြီဖြစ်တဲ့ ကင်ဆိုးဟွန်းကတော့ အသက်အားဖြင့် ၃၂ နှစ်ရှိနေပြီဖြစ်ပေမယ့် ခုချိန်ထိ ကျောင်းသားဘ၀ ဇာတ်ဝင်ခန်းတွေကိုရိုက်လို့ရလောက်တဲ့အထိနုပျိုနေဆဲပါ။ ခုချိန်မှာတော့ It’s Ok Not To Be Ok ဆိုတဲ့ Ongoing ရုပ်သံဇာတ်လမ်းတွဲမှာ Seo Ye Ji နဲ့တွဲဖက်ပြီး ပရိသတ်တွေကြားမှာ အရမ်းကို Hit ဖြစ်နေတယ်လို့ဆိုရမှာပါ။

Gong Yoo


ထိပ်တန်း Hallyu Star တစ်ဦးလို့ဆိုရမယ့် Gong Yoo ကတော့ ဝိုင်ကောင်းကောင်းတစ်ခွက်နဲ့တောင်တင်စားရမယ့်သဘောပါပဲ။ Goblin , Train To Busan လိုဇာတ်ကားတွေနဲ့လည်း အတော်လေးကို ကျော်ကြားခဲ့ပြန်တဲ့ Gong Yoo ဟာ အသက်အားဖြင့် ၄၀ထဲကို ရောက်နေပြီဖြစ်ပေမယ့် အသက်ကြီးလာလေ နုပျိုမှူနဲ့အတူ အောင်မြင်မှူတွေကို သိမ်းပိုက်လာလေ ဖြစ်တယ်လို့ဆိုရမှာပါပဲ။

 

Photo Credit To The Rightful Owner

, , , , ,

Celebrity Style

Tattoo အမိုက်စားတွေနဲ့ K-Idol များ

Tattoo တွေကတော့ တကယ့်အလန်းတွေချည်းပဲနော်

by Randy Win

June 18, 2020

               Tattoo ဆိုတာ ခန္ဓာကိုယ်ပေါ်က အနုပညာတစ်ခုလို့လည်းဆိုလို့ရသလို ကိုယ့်ရဲ့ အမှတ်တရတွေ စိတ်ခံစားချက်တွေစုစည်းထားရာနေရာတစ်ခုလည်းဖြစ်ပါတယ်။ ဒါကြောင့်မို့ ကိုယ့်ကိုဖော်ညွှန်းတဲ့ သင်္ကေတတစ်ခုအနေနဲ့ရော ကိုယ့်ရဲ့စိတ်ဆန္ဒအရပါ ယောက်ျားလေးရော မိန်းကလေးတွေပါ Tattoo ကို စွဲစွဲလန်းလန်း ထိုးလာကြတာကိုတွေ့ရမှာပါ။ ဒီလိုtattoo ကို အနုပညာတစ်ခု ၊အလှအပတစ်ခုအနေနဲ့ စွဲစွဲလန်းလန်းထိုးကြတဲ့အထဲမှာ ပရိသတ်အချစ်တော် K Idol တွေလည်းအများကြီးပါ၀င်တာကိုတွေ့ရပါတယ်။ အဓိပ္ပါယ်ဖွင့်ဆိုချက်အမျိုးမျိုး အကြောင်းအမျိုးမျိုးနဲ့ အမိုက်စားTattoo တွေကို ရေးထိုးထားကြတဲ့ K Idol တွေထဲကမှ အလန်းစားတက်တူးတွေပိုင်ဆိုင်ထားတဲ့ Idol တချို့ကို ရွေးချယ်စုစည်းဖော်ပြထားတာမို့ ကိုယ့် Idol မှာ ကိုယ်မသိသေးတဲ့ ဘယ်လိုTattooမျိုးတွေ ရှိနေမလဲဆိုတာ ရှာကြည့်လိုက်ရအောင်နော်။

G Dragon

သူမတူဖောက်ထွက်ကွဲပြားတဲ့ဖက်ရှင်တွေနဲ့ နှုတ်ခမ်းနီမလေးတွေသည်းသည်းလှုပ်ချစ်ရတဲ့ G dragon ကလည်း အမိုက်စားတက်တူးတွေအများကြီးပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ပါ။ လည်ပင်းအနောက်မှာ Angel တောင်ပံဖြန့်ထားတဲ့ပုံနဲ့ ဘယ်ဘက် လက်ညိုးအောက် လက်ခုံပေါ်မှာ Smile ပုံလေးကတော့ သိသိသာသာမြင်ရမယ့်အမှတ်အသားလေးဖြစ်ပါတယ်။ ပြီးတော့ ပခုံးနောက်ဘက် ၊နံစောင်းနဲ့ ခြေသလုံးလိုမျိုးမှာထိုးထားတဲ့ တခြားTattooတွေလည်းအများကြီးရှိပါသေးတယ်။

J Park

အမိုက်စားဘော်ဒီကြောင့် မိန်းကလေးပရိတ်သတ်တွေအမြဲအရည်ပျော်ကျရတဲ့ J Park ကတော့ လက်ကနေ ရင်ဘတ်ထိ ဆက်နေတဲ့ တက်တူးကြီးတစ်ခုကိုပိုင်ဆိုင်ထားပါတယ်။ အဲဒီတက်တူးမှာ စာသားတွေ ၊ခြင်္သေ့ပုံတွေ၊ရာသီခွင်အမှတ်အသားတွေနဲ့ အခြားပုံတွေအများကြီးပါ၀င်တာတွေ့ရမှာပါ။အဲဒါအပြင်ကိုမှ အခြားခန္ဓာကိုယ်နေရာအနှံ့နဲ့ လက်ချောင်းလေးတွေမှာလည်း အဓိပ္ပါယ်မျိုးစုံတဲ့တက်တူးတွေရှိနေပါသေးတယ်။

B.I (IKON)

IKON အဖွဲ့၀င်တစ်ဦးဖြစ်တဲ့ B.I ကတော့ "nihilism" ဆိုတဲ့စာသားကိုရင်ဘတ်မှာထိုးထားပြီး ခါးစောင်းမှာတော့ 'like father, like son, like master, like man' ဆိုတဲ့စာပိုဒ်တစ်ခုကိုထိုးထားတာတွေ့ရမှာပါ။ညာဘက်ကျောအနောက်မှာတော့ Dreams and Hope ကိုဖော်ညွှန်းတဲ့ ရောင်စုံတက်တူးလေးတစ်ခုလည်းရှိပါသေးတယ်။

Hyuna

ခပ်ဟော့ဟော့ အဆိုတော်မလေး Hyuna ကတော့ ကျောအနောက်မှာ 'My mother is the heart that keeps me alive' ဆိုတဲ့စာတန်းလေးကိုရေးထိုးထားတာတွေ့ရပါတယ်။ပြီးတော့ ခန္ဓာကိုယ်နေရာအနှံ့မှာလည်း တက်တူးအသေးလေးတွေအများကြီးထိုးထားတာတွေ့ရမှာပါ။

Chanyeol (Exo)

ပရိသတ်အခိုင်အမာရရှိထားတဲ့ Exo အဖွဲ့၀င် Chanyeol ကတော့ လက်ဖျံမှာ ဂစ်တာပုံတက်တူးလေးတစ်ခုရှိပါတယ်။ ပြီးတော့ လက်ချောင်းပေါ်မှာ သူ့ရဲ့နာမည်ကိုရေး‌ထိုးထားပြီး လက်ကောက်၀တ်မှာတော့ Exo fan club စတင်ဖွဲ့စည်းခဲ့တဲ့နေ့စွဲကိုရေးထိုးထားတာတွေ့ရမှာပါ။

Tiffany (Girl Generation)

Girl Generation အဖွဲ့၀င် Tiffany ကတော့ သူမရဲ့ခန္ဓာကိုယ်အနှံ့မှာ စာသားတွေ ၊စာပိုဒ်တွေနဲ့ ဘာသာစကားပေါင်းစုံ တက်တူးအသေးလေးတွေ ရေးထိုးထားတာတွေ့ရမှာပါ။ ပြီးတော့ ပန်းပွင့်ပုံတက်တူးတစ်ခုလည်း သူမရဲ့လက်သူကြွယ်ပေါ်မှာ ရေးထိုးထားပါသေးတယ်။ တက်တူးသေးသေးလေးတွေကိုပဲ အများကြီးထိုးတတ်တာကြောင့် တော်ရုံရှာတွေ့ဖို့တော့မလွယ်ပါဘူး။

Photo Credit to the Rightful Owners

, , , , ,

Celebrity Style

Instagram မှာ Follow လုပ်ထားသင့်တဲ့ Fashion ကျကျ Local Celebrity မမတွေ

သူတို့ရဲ့ Post တွေတိုင်းက အထာကျနေတာနော်

by May Shoon

May 24, 2020

Celebrity တွေ၊ Social Influencer တွေအတွက် Social Media မှာ Facebook ထက်လူအကြည့်အများဆုံးနဲ့ အလှဆုံး Photos တွေကို တင်လေ့ရှိကြတာကတော့ Instagram ပါ။ တစ်ချို့ဆိုရင် Instagram မှာတောင် မိမိတို့ရဲ့ အမိုက်ဆုံး အလှဆုံး ဓာတ်ပုံတွေကို စနစ်တကျ College လုပ်ပြီး Gallery တစ်ခုလိုတောင် သိမ်းဆည်း ထားကြပါတယ်။ နိုင်ငံတကာက Cele တွေ၊ Influencer တွေလိုပဲ Local Celebrity/Influencer တွေရဲ့ Instagram Feed က Photo တွေနဲ့ Outfit ရွေးချယ်မှုတွေ၊ ပြင်ဆင်ထားတဲ့ Accessories တွေကလည်း အရမ်း Fashionable ဖြစ်တာမို့ ကြည့်မဝတဲ့ Insta Feed တွေပါပဲ။ ဖက်ရှင်ကို Crazy ဖြစ်သူတို့ Latest Trend တွေကို အဆက်မပြတ် Seek လုပ်နေသူတို့အတွက် မဖြစ်မနေ Follow လုပ်ထားသင့်တဲ့ Local Celebrity/Influencer တွေ List ကိုရွေးချယ်ပေးလိုက်ပါတယ်။
သူတို့အားလုံးကတော့ ပြည်သူချစ် Celebrity/Influencer အချောလေးများဖြစ်ပြီး သူတို့ရဲ့ Signature Style လေးတွေနဲ့မို့ အရမ်းမိုက်ပြီး အထာကျနေကြတာတော့အမှန်ပဲ။ မဖြစ်မနေ Follow လုပ်ထားသင့်တဲ့ Fashionista Celebrity တွေက ဘယ်သူတွေဖြစ်မလဲ ကြည့်လိုက်ပါဦးနော်။
ဘယ်သူရဲ့ Instagram Photo တွေက ဖက်ရှင်အကျဆုံးဖြစ်မလဲ။


Nay Chi Oo
Nay Chi Oo ရဲ့ ဖက်ရှင်ရွေးချယ်မှုတွေ၊ High-Fashion အတွဲအစပ်တွေနဲ့ Photo တွေကတော့ တကယ်ထိမိပြီးသားမို့ သူရဲ့ Instagram ကတော့ မဖြစ်မနေ Follow လုပ်ထားသင့်တယ်နော်။

 


Awn Seng
Runway မှာရော Personal Life မှာရော အမြဲ အထာကျနေတဲ့ Awn Seng ရဲ့ ဖက်ရှင်တွေကလည်း ပြောစရာမလိုအောင်လို Perfect ဖြစ်ပါတယ်။ အရမ်းလည်း Sportive ဖြစ်သူမို့ သူ့ရဲ့ Instagram ကလည်း Sportwear တွေကတော့ Essential ပါ။

 


M Seng Lu
ဆွဲဆောင်မှုရှိတဲ့ စူပါမော်ဒယ် M Seng Lu ရဲ့ Fashion တွေကလည်း Always on Top ပါ။ အရမ်းလည်း Stylish ဖြစ်သလို Polished ဖြစ်နေတဲ့ Seng Lu ရဲ့ Photography တွေကိုလည်း ဖက်ရှင်ချစ်သူတစ်ယောက်အနေနဲ့ လေ့လာသင့်တယ်လေ။

 


Beauty (Thet Thet Thin)
အရမ်း Hot တဲ့ International Model လေး Beauty (Thet Thet Thin) ရဲ့ Instagram ကတော့ ဝင်ကြည့်ပြီးရင်းကြည့်ချင်နေတော့တာပဲ။ ဘာလို့လဲဆိုတော့ Beauty ရဲ့ အသက်ရှုမှားလောက်တဲ့ Pose တွေ၊ အမိုက်စား Fashion Photography တွေနဲ့ Top ဖက်ရှင်တွေကို တစ်ခါတည်းကြည့်ရမှာလေ။


Nan Kae Mar
တိုင်းရင်းသူလေး Kae Mar ရဲ့ Minimalist Fashion လေးတွေနဲ့ အမိုက်စား Photo လေးတွေကလည်း ဘယ်အချိန်ကြည့်ကြည့်ရိုးသွားမှာမဟုတ်ပါဘူး။

 


Patricia
ရှာရှာ ကတော့ Hot တယ်ဆိုတာထက်ကို အများကြီးပိုပါတယ်။ သူ့ရဲ့ အမိုက်စား Pose တွေ၊ Edgy ဖြစ်တဲ့ ဂေါ်တဲ့ Streetstyle တွေ၊ Swimsuit Fashion တွေကိုတော့ Follow up မလုပ်ထားလို့ ဘယ်ဖြစ်မလဲ။

 


May Myat Noe
Top Model လေး May Myat Noe ရဲ့ Instagram ကလည်း အရမ်း လန်းတဲ့ ပုံလေးတွေအပြည့်ပါပဲ။ Top Model လေးမို့ ဖက်ရှင်တွေနဲ့ Pose တွေကတော့ ပြောစရာမလိုအောင် Slay ပြီးသားနော်။

 


May Grace Perry
မိန်းကလေးဆန်ဆန် Floral လေးတွေ၊ Embroidered Lace လေးတွေကို အလှပဆုံးဖြစ်အောင် ဝတ်နိုင်သူလေးကတော့ May Grace ပါပဲ။ May Grace ရဲ့ Photo လေးတွေက အရမ်း Romantic ဆန်ပြီး တကယ့်ကို Day Dreaming Fairy လေးပါပဲ။

 


Mary
ထူးခြားတဲ့ အသံလေးနဲ့ ပရိသတ်တွေရဲ့ အချစ်တော်လေး Mary ကလည်း Fashion နဲ့ ပတ်သက်လာရင် အမြဲအားကျနေရသူလေးပါ။ ရိုးရိုးရှင်းရှင်းလေးနဲ့ ချစ်စရာကောင်းပါတယ်။

 


Teresa Khine
အမြဲဖက်ရှင်ကျနေတဲ့ Khinedee ရဲ့ Founder လည်းဖြစ်တဲ့ MC လေး Teresa ကလည်း မဖြစ်မနေ Follow ထားသင့်တယ်နော်။ သူမရဲ့ Instagram မှာဆိုရင်လည်း Elegant ဖြစ်တဲ့ မြန်မာဝတ်စုံလေးတွေရော၊ Casual outfit လေးတွေနဲ့ရော မြင်တွေ့ရမှာပါ။

 


Myat Noe Aye
အခုတလော Editor သဘောကျနေသူလေးပါ။ Casual/ Minimal Outfit လေးတွေကို အမိုက်စား Photo လေးတွေဖြစ်အောင် ရိုက်နိုင်သူလေးပါ။ Aesthetic Vibe လေးတွေနဲ့ ခပ်မိုက်မိုက်ဖက်ရှင်လေးတွေက Myat Noe ရဲ့ Instagram မှာအများဆုံးပါ။

 


Nang Tracy
ဂျပန်မလေးလို ချစ်စရာကောင်းတဲ့ Nang Tracy ရဲ့ Style လေးတွေကလည်း Aesthetic Asain Girl ဖက်ရှင်လေးတွေကို အထာကျကျ ဖော်ပြထားတာပါ။ Cute ဖြစ်တယ်ဆိုတာထက်ပိုပါတယ်။

 


May Toe Khine
Casual ပဲဖြစ်ဖြစ်၊ Photoshoot တွေပဲဖြစ်ဖြစ် Bohemian Princess လေးလို အမြဲချစ်စရာကောင်းသူလေးပါ။ May Toe Khine ရဲ့ Ootd လေးတွေက အမြင်ဆန်းသလို Fashion နဲ့ပတ်သက်ရင်လည်း အရမ်းတွဲစပ်တတ်သူလေးပါ။

, , ,

Celebrity Style

IU ပြောပြတဲ့ မိန်းကလေးဆန်ဆန် Korean Fashion ဆိုတာ

IU လေးလို Korean Ulzzang ဖက်ရှင်ကို အပေါ်လွင်ဆုံးဖြစ်အောင်ဝတ်ချင်တယ်ဆိုရင်

by May Shoon

May 23, 2020


ဖက်ရှင်နဲ့ပတ်သက်ရင် IU ထက်ချစ်စရာကောင်းတဲ့သူရှိဦးမှာလဲ။ Cute လည်းဖြစ် Preppy လည်းဖြစ်တဲ့ Korean ဖက်ရှင်လေးတွေကို အထာကျအောင် ဝတ်နိုင်တဲ့ အဆိုတော်၊ မင်းသမီးလေးပါပဲ။ ဒီမေလဆန်း 6 ရက်နေ့ကပဲ BTS အဖွဲ့ဝင် SUGA Featuring ပါဝင်ထားတဲ့ Music Video အသစ် “Eight” ထွက်ရှိထားပြီး အဲ့ Music ထဲမှာလည်း IU ရဲ့ Outfit လေးတွေက Minimalist ဆန်သလို ရိုးရိုးလေးနဲ့ အရမ်းလှတာကို တွေ့ရမှာပါ။ အဖြူရောင် Puffy Dress လေးကလည်း IU ဝတ်ဆင်လိုက်တဲ့အခါ အရုပ်မလေးလိုပဲ ချစ်စရာကောင်းနေတာတော့ အမှန်ပဲ။ IU က MV တွေ၊ ရုပ်ရှင် Series တွေမှာပဲ ဖက်ရှင်ကျတာလား။ မဟုတ်ဘူးနော်။
သူမရဲ့ ထသွားထလာ Casual ဖက်ရှင်တွေ၊ Streetstyle တွေက အထာလည်းကျသလို မိန်းကလေးဆန်ဆန်နဲ့ Cute ဖြစ်တဲ့ Look လေးတွေကို တွေ့ရမှာပါ။
အခုလည်း မိုးရာသီလည်းရောက်လာပြီမို့ IU ရဲ့ Korean Ulzzang ဖက်ရှင်တွေက Unique ဖြစ်တဲ့ Korean Cute Girl Look လေးတွေကို ရရှိစေမှာပါ။ IU ကလည်း ဘယ်လို Outfit လေးပဲဖြစ်ဖြစ် ရိုးရိုးလေးနဲ့ အထာကျအောင် ဝတ်နိုင်သူလေးမို့ သူဝတ်ဆင်လေ့ရှိတဲ့ Outfit လေးတွေကို Inspire ယူလို့ရအောင် Highlight လုပ်ပေးလိုက်ပါတယ်။ အပြင်ပဲသွားသွား၊ အိမ်မှာပဲနေနေ IU ရဲ့ Korean Ulzzang Fashion လေးတွေက သင့်ကို အချိန်တိုင်းအထာကျနေစေမှာပါ။

Simply Glamorous
အရိုးဆုံးကအလှဆုံးဆိုတဲ့အတိုင်း ပွဲတက် Evening Gown လေးတွေ ဝတ်ဆင်တဲ့အခါမှာလည်း IU ကရိုးရှင်းပြီး Classic ဖြစ်တဲ့ Plain Gown လေးတွေကို ဝတ်ဆင်လေ့ရှိပါတယ်။ Accessory လည်း အများကြီး မထည့်ထားသလို Minimal ဖြစ်တဲ့ ဖိနပ်နဲ့ Hairstyle လေးကလည်း မြင်ရသူကို ရင်အေးစေသလို တကယ် Elegant ဖြစ်တဲ့ပြင်ဆင်မှုပါ။


Sweaters & Cardigans
ကိုရီယားသူလေးတွေရဲ့ ချစ်စရာကောင်းတဲ့ ဖက်ရှင်လျှို့ဝှက်ချက်က Cute and Colorful ဖြစ်တဲ့ Sweater လေးတွေ၊ အနွေးထည်လေးတွေကို ဝတ်ဆင်တာပါ။ Knitted လုပ်ထားတဲ့ Sweater လေးတွေကို Mini Dress လေးတွေ၊ Short Skirt လေးတွေနဲ့ တွဲဖက်ကြည့်လိုက်ပါ။ ဒီ Look လေးကအခုလိုမိုးရာသီနဲ့ အရမ်းလိုက်ဖက်သလို Feminine ဆန်ဆန်လေးလှပနေမှာပါ။


Sporty but Cool
မိန်းကလေးတွေက Sportwear လေးတွေဝတ်ရင် မိန်းကလေးမဆန်တာမှန်ပေမယ့် ဆွဲဆောင်မှုရှိတယ် ဆိုတာတော့ ဘယ်သူမှမငြင်းနိုင်ပါဘူး။ Sporty ဖြစ်တဲ့ ဖက်ရှင်တွေက ဝတ်ဆင်ထားတဲ့သူအတွက် Energetic ဖြစ်စေတယ်၊ တက်ကြွစေတယ်။ ဒါကြောင့် IU ရဲ့ Travel Fashion၊ Airport Fashion တွေကိုကြည့်ရင် ပေါ့ပေါ့ပါးပါး Track Jacket တွေ၊ Sweatshirt လေးတွေကို အမြဲဝတ်လေ့ရှိတာပေါ့။


Taste of Vintage
ဖက်ရှင်မှာ Vintage Look တွေကလည်း ဘယ်တော့မှ တိမ်ကောသွားမှာမဟုတ်ပါဘူး။ Flare Jeans တွေ၊ Retro Floral Print လေးတွေ၊ Plaid အဆင်လေးတွေ ကို လှလှပပလေးတွဲစပ်လိုက်တာကလည်း ပေါ့ပေါ့ပါးပါး Casual Look အတွက် ရွေးချယ်သင့်တဲ့ Pieces တွေပါ။ Shoes လေးတွေကိုလည်း Ankle Boots တွေ၊ Old School Sneakers တွေက Vintage Look ရဖို့ Perfect Sneaker တွေပါပဲ။


Go Shorts-Shorts
IU ကိုချစ်စရာကောင်းစေတာက သူမရဲ့ ခြေသလုံးအလှကိုပေါ်လွင်စေတဲ့ Jean Shorts လေးတွေ၊ Denim Skirt အတိုလေးတွေကို အရမ်းနှစ်သက်တာပါ။ Shorts တွေ၊ Skirt အတိုလေးတွေကို အပေါ်က T-Shirt တွေ၊ Oversized Shirt တွေ၊ Sweater လေးတွေနဲ့ တွဲဝတ်လိုက်ရင် College Girl လေးတစ်ယောက်လို နုပျိုပြီး ချစ်စရာကောင်းနေမှာနော်။


Maxi Oversizes
ခပ်ပွပွ Oversize လေးတွေကို အပေါ်အောက်တစ်ဆက်တည်း ဝတ်တာလေးတွေကလည်း ကပိုကရိုဆန်ပေမယ့် Fashionable ဖြစ်တဲ့ Style လေးကိုပေးနိုင်ပါတယ်။ Maxi Dress လေးတွေ၊ Oversized Top တွေကလည်း Ulzzang Fashion ကြိုက်နှစ်သက်သူတွေအတွက် မဖြစ်မနေ Try ကြည့်သင့်တဲ့ Trend တစ်ခုပါ။

Photo credit from Pinterest 

, , ,

Celebrity Style

Jentle Fashionista လေး Jennie လို ဘယ်လိုအထာကျအောင်ဝတ်ကြမလဲ

Jennie လိုချစ်စရာကောင်းတဲ့ Style လေးတွေကိုသင်လည်း လိုက်ဝတ်ကြည့်လို့ရပါတယ်

by May Shoon

May 14, 2020


ဂီတလောကမှာလည်း နာမည်ကျော်သလို နိုင်ငံတကာ Fashion Industry တွေနဲ့ ရင်းနှီးမှုရှိတဲ့ BLACKPINK အဖွဲ့ဝင် Jennie ကတော့ နာမည်ကျော် Korean Eye-wear Brand “Gentle Monster” နဲ့အတူ Collab နေနဲ့ “Jentle Home” Collection ကို ဒီ April 21st တုန်းက မိတ်ဆက်ခဲ့ပြီး အခုအချိန်အထိ Jentle Home Collection Eye-wear တွေကလည်း အခုချိန်ထိ ရောင်းအားကတစ်ဟုန်ထိုး ကောင်းနေဆဲပါပဲ။ Jennie ကသူမရဲ့ Collection Eye-wear တွေကို သူ့ရဲ့ Personality တွေ၊ သူ့ငယ်ဘဝစိတ်ကူးအိမ်မက်လေးတွေအတိုင်း Inspire လုပ်ထားတဲ့ Design တွေလို့ဆိုပါတယ်။
နာမည်ကျော် Fashion Brand ကြီးတွေဖြစ်တဲ့ Chanel ၊ Calvin Klien ၊ Adidas တို့နဲ့လည်း Brand Endorsement တွေ၊ Collaboration တွေလည်း လုပ်ထားတဲ့ Jennie ရဲ့ ဖက်ရှင်ရွေးချယ်မှုတွေကလည်း ရိုးရိုးလေးနဲ့ အရမ်း အထာကျတာမို့ Instagram မှာလည်း Follower 26 Million ရှိတာလည်း ဆန်းတော့မဆန်းပါဘူး။

ဒီနေ့တော့ Jennie ထွက်ရှိထားတဲ့ Jentle Home Collection ထဲက Eyeglasses လေးတွေနဲ့ Jennie လို ဘယ်လိုမိုက်အောင်ဝတ်လို့ရလဲဆိုတာရယ်၊ Jennie ရဲ့ Casual Streetstyle လေးတွေကို Inspire ယူပြီး တကယ် Fashionista လေးတစ်ယောက်လို ဘယ်လို Styling လုပ်လို့ရလဲဆိုတာကို ပြောပြသွားမှာနော်။

အရင်ဆုံးသူ့ရဲ့ Jentle Home Collection တွေနဲ့ ဘယ်လို Styling လုပ်ကြမလဲဆိုတာအရင်ပြောကြမယ်။
အခုမြန်မာနိုင်ငံက မိန်းကလေးတွေ၊ Fashion Influencer လေးတွေလည်းဒီ Sunglasses လေးတွေကို ဝယ်နေကြပြီမို့ အမိုက်ဆုံး Fashion Look တွေကိုဖန်တီးကြည့်လို့ရပါတယ်။ Jentle Home Colleciton ထဲက Jennie ရဲ့ Personal Taste တွေက Back to 90's Trend ဘက်ကိုပိုသွားပါတယ်။ အဲ့ထဲမှာ Popular အဖြစ်ဆုံးဒီဇိုင်းတွေက “KuKu” ၊ “1996” နဲ့ “Daisy” ပါ။
Oversized Frame ဖြစ်တဲ့ Kuku ကတော့ Occasion သိပ်မရွေးတာမို့ Sexy Satin Slip Dress လေးနဲ့ ဖြစ်ဖြစ် Formal Blazer လေးနဲ့ဖြစ်ဖြစ်လိုက်ဖက်မှုရှိပါတယ်။ 1996 ကတော့ နည်းနည်း Back to 2000 Era Vibe ဖြစ်လို့ Vintage Crop Top လေးတွေ၊ Color Blocking မိုက်တဲ့ Top လေးတွေ၊ Oversized T-Shirt တွေနဲ့ ဆို Aesthetic ဖြစ်တဲ့ Look ကိုပေးနိုင်ပါတယ်။

In The Mood နဲ့ Daisy ကတော့ နည်းနည်း တည်တည်ငြိမ်ငြိမ်နဲ့ Transparent Glasses တွေမို့ Cute and Casual ဖြစ်တဲ့ Cardigan လေးတွေ၊ Denim Jacket တွေ၊ Mesh Top လေးတွေနဲ့ဆို Jennie ဝတ်ပြထားသလို မိန်းကလေးဆန်ဆန် Cute ဖြစ်တဲ့ Style လေးကိုရစေတာမို့ Try ကြည့်သင့်တယ်နော်။

 

Jennie ရဲ့ Casual and Streetstyle ဖက်ရှင်တွေကို ဆက်ကြည့်ကြည့်ရအောင်။ Jennie ရဲ့ဖက်ရှင်တွေက သိပ်မိန်းကလေးမဆန်ပဲ Minimalist ဆန်ဆန် Outfit တွဲစပ်မှုတွေကို တွေ့ရမှာပါ။
တစ်ခါတစ်လေလည်း ပေါ့ပေါ့ပါးပါး Sport Style လေးတွေနဲ့လည်း တွေ့ရတတ်ပါတယ်။ Jennie လို Casual Style လေးတွေနဲ့ အထာကျဖို့ဆိုရင် ဒီ Signature Fashion လေးတွေကို သိထားဖို့လိုမယ်နော်။

Wide-Legged Pants
Jennie ရဲ့ Casual Style တွေမှာ အဖျားကားကားနဲ့ Wide-Legged Pants ပွပွတွေကတော်တော်နေရာယူထားပါတယ်။ လုံခြုံပြီး High-Street Fashion ကိုပေးနိုင်တဲ့ Pieces မို့ Jennie ကတော့ ပေါ်က Coat လေးတွေနဲ့ရော၊ Crop Top လေးတွေနဲ့ရော၊ Cardigan လေးတွေနဲ့ရော စုံနေအောင်ဝတ်တာပေါ့။ Wide-Legged Pants ကတော့ Must-Have ပါပဲ။

 

Black and White Obsession
Minimal Style Queen လေးဆိုတဲ့အတိုင်း Jennie ရဲ့ Outfit လေးတွေတော်တော်များများက Black and White ကာလာလေးတွေများပါတယ်။ သူ့ရဲ့ Black and White ကာလာအတွဲအစပ်ဖက်ရှင်တွေကို ဘယ်လောက်ကြိုက်လဲဆိုရင် သူမရဲ့ Instagram Photo တွေကိုကြည့်ပြီး သိနိုင်ပါတယ်။

 

Crop Top Is a Must
ဖက်ရှင်လည်းကျသလို ချစ်စရာကောင်းတဲ့ မိန်းကလေးတိုင်းမှာရှိနေသင့်တာက Crop Top ပါ။ Jennie ရဲ့ Signature Look မှာ Crop Top လေးတွေကလည်း အရေးကြီးတဲ့ တစ်စိတ်တစ်ပိုင်းမှာပါဝင်ပါတယ်။ Crop Top လေးတွေကို Jeans နဲ့ပဲဝတ်ဝတ်၊ Cargo Pants နဲ့ဝတ်ဝတ်၊ Mini Skirt လေးနဲ့ပဲတွဲဝတ်ဝတ် ချစ်စရာကောင်းနေမှာပါ။

 

Sports Never Fail
ဘယ်အချိန်ကြည့်ကြည့် အထာကျနေစေမှာကတော့ Sport Style လေးတွေပါပဲ။ ပေါ့ပေါ့ပါးပါးနဲ့ သက်တောင့်သက်သာရှိပြီး Style အတွက် ဘယ်တော့မှ Fail မဖြစ်စေပါဘူး။ Baseball Cap၊ Hoodie၊ Sweatpants၊ Jersey Top ၊ Sneakers နဲ့ Trainers တွေကို ရိုးရိုးရှင်းရှင်းတွဲဖက်ပြီး Ponytail လေးသာစုချည်လိုက်ပါ။


Fall For Tweed Jackets
Jennie က Chanel Tweed Jacket တွေကို တော်တော်နှစ်သက်ပုံရတယ်။ သူ့ရဲ့ ပွဲတက်ဖက်ရှင်လေးတွေမှာ အပေါ်က Tweed Jacket လေးတွေနဲ့ Style ကို Upgrade လုပ်ထားပါတယ်။ Tweed Jacket တွေက Well-Tailored Made တွေမို့ ဝတ်ဆင်တဲ့အခါ အရမ်း Classic ဖြစ်ပြီး သင့်ရဲ့ Fashion ကို Next Level အထိခေါ်ဆောင်သွားနိုင်ပါတယ်။

 

Cardigan Is Love
Jennie က သူ့ရဲ့ Minimal Outfit လေးတွေကို အပေါ်က Woolen Cardigan လေးတွေ နဲ့လည်း တွဲဝတ်လေ့ရှိပါတယ်။

, , , , ,

Celebrity Style

နာမည်ကြီးနေတဲ့ My Ambulance ထိုင်းဇာတ်လမ်းတွဲထဲက မင်းသမီး Kanyawee ရဲ့ ပေါ့ပေါ့ပါးပါး Fashion

အထာကျတဲ့ ဘတ်မီးလေးပါပဲ။

by JN Ja Seng Pan

May 14, 2020

မြန်မာပရိတ်သတ်တွေလည်း အားပေးကြတဲ့ My Ambulance ထိုင်း ဒရာမာ ဇာတ်လမ်းတွဲထဲက ခပ်စွာစွာကောင်မလေးဖြစ်တဲ့ ဘတ်မီး နေရာက သရုပ်ဆောင်ထားတဲ့ မင်းသမီးလေး Kanyawee Songmuang လေးရဲ့ Fashion အကြောင်းကို ပြောပြချင်ပါတယ်။ သူ့ရဲ့ Fashion အကြောင်းမပြောခင် သူမရဲ့ အကြောင်းနည်းနည်းလေးကိုလည်း မိတ်ဆက်ပေးချင်ပါတယ်။ Kanyawee က ၁၉၉၆ မှာမွေးဖွားပြီး အသက် ၂၃ နှစ်ရှိပြီဖြစ်ပါတယ်။ ထိုင်းမင်းသမီးတွေရဲ့ ပုံစံလို မျက်လုံးဝိုင်းဝိုင်းပြူးပြူးလေးမဟုတ်ပဲ မျက်လုံးမှေးမှေးလေးနဲ့ Kanyawee က ထိုင်းစစ်စစ်မဟုတ်ပဲ တရုတ်စပ်ပါတယ်တဲ့။ 

ဇာတ်ကားထဲမှာ အမြင်ကပ်စရာလေးဆိုပေမယ့် အပြင်မှာ ချစ်စရာကောင်းတဲ့သူလေးဖြစ်ပြီး Fashion ပိုင်းမှာလည်း အထာကျနေသူလေးပါ။ 5 ပေ 6 လက်မရှိတဲ့ Kanyawee က နာမည်ကြီး Fashion Brand တွေရဲ့ ပွဲတွေမှာ ဖိတ်ကြားခံရလေ့ရှိပြီး မော်ဒယ်အဖြစ်လည်း ပြုလုပ်ပေးရတာမို့ Fashion လောကနဲ့ မစိမ်းသူပါ။ ရုပ်ရှင်ထဲကလို သူများဘဲမစနှိုက်ပဲ အရမ်းချစ်ရတဲ့ ချစ်သူရှိပါတယ်။

သူ့လိုပဲ ထိုင်း - တရုတ်စပ် အဆိုတော်မင်းသားဖြစ်တဲ့ JJ Kritsanapoom နဲ့ မေတ္တာမျှနေကြတာ ၄နှစ်ခန့်ရှိပါပြီနော်။ Dress တွေ၊ Coat တွေ ဝတ်တဲ့အချိန်မှာလည်း ပဲများတဲ့ပုံစံမဖြစ်ပဲ ပေါ့ပေါ့ပါးပါးနဲ့ အထာကျအောင် ဝတ်တတ်သူလေးပါ။ Short Dress လေးတွေ၊ T Shirt လေးတွေကို Sneaker လေးနဲ့ တွဲဝတ်တာက သူမရဲ့ Style လို့ ပြောလို့ရပါတယ်။ ဒီနွေနဲ့ လိုက်ဖက်တဲ့ သူမရဲ့ Style ကို အခုပဲ Inspire ယူလိုက်ရအောင်နော်။ 























 

, , , , , , ,

MODA TV 


Celebrity Style

ပြည့်ပြည့်၀၀ Plus Size Model မမတွေဆီက လေ့လာစရာ အမိုက်စား Outfit ရွေးချယ်မှုများ

သူတို့ပေးတဲ့ အကြံပြုချက်တွေကိုလည်း လိုက်နာဖို့လိုပါမယ်။

by JN Ja Seng Pan

May 5, 2020

Instagram သုံးတိုင်း Super Model သွယ်သွယ်လျလျတွေကိုသာ တွေ့နေရင်တော့ သေချာပြီ..အမိုက်စား Plus Size Model တွေကို ခုထိ Follow မလုပ်ထားသေးပါဘူး။ အကိတ်မမတွေအတွက် Curvy Body နဲ့ လိုက်ဖက်အောင် ဘယ်လို Outfit မျိူး ရွေးချယ်သင့်လဲ။ Confident ရှိရှိ ဘယ်လိုနေထိုင်သင့်လဲ။ Fashion နဲ့ ပတ်သတ်တဲ့အကြောင်းအရာတွေကော၊ ဒီစူပါမော်ဒယ်တွေရဲ့ နေ့စဉ်ဘဝတွေကပါ လေ့လာစရာအများကြီးဖြစ်စေမှာပါ။

မိမိခန္ဓာကိုယ်နဲ့ ပတ်သတ်ပြီး Body Positive ဖြစ်ဖို့နဲ့ ဘယ်လို Body ပဲပိုင်ဆိုင်နေပါစေ..နေ့စဉ် မိမိုက်နိုင်တဲ့အကြောင်း အမြဲ အားပေးမျှဝေလေ့ရှိသူတွေပါ။ Inspiring ဖြစ်စရာ ဒီအမျိုးသမီးတွေကို ဘယ်သူက မချစ်ပဲမနေနိုင်မှာလဲနော်။ ကိုယ့်ရဲ့ Insta Feed လေးကိုလည်း Comfortable ဖြစ်တဲ့နေရာလေးအဖြစ် ပြောင်းလဲလိုက်ရအောင်။

Sonny Turner

The Body Shop ရဲ့ ထူးထူးခြားခြား Plus Size Model လေးပါ။ သူမရဲ့ ပွင့်ပွင့်လင်းလင်းရှိမှုနဲ့ ရိုးသားမှုတွေကြောင့် Fan တွေရဲ့ ချစ်ခြင်းကိုခံရသူလေးပါ။ Plus Size Body လည်း Bikini ကို Confident ရှိရှိဝတ်နိုင်တာကို သူမဆီကနေ သင်ယူရမှာပါ။ Photoshop တွေနဲ့ မလှလှအောင်ပြင်နေတဲ့ ခေတ်ကြီးမှာ သူမက အရှိကိုအရှိအတိုင်း မကွယ်ဝှက်ပဲ မျှဝေတတ်တဲ့ သဘာဝပုံတွေကြောင့် နာမည်ကြီးပါတယ်။

Saffi Karina

တစ်ရာဖိုးသုံးပုဒ်တွေထက် Saffi ရဲ့ Ig Caption တွေက ပိုပြီးစိတ်ဝင်စားစရာကောင်းနေမှာပါ။ Runway လမ်းမတွေမှာ ခန္ဓာကိုယ်အချိုးအစား အမျိုးမျိုးရှိတဲ့ Model တွေလည်း ရှိနေနိုင်တဲ့အကြောင်းကို အမြဲ Awareness လုပ်နေတဲ့သူပါ။ ရိုးရာယဉ်ကျေးမှုတွေနဲ့ လူမျိုးစုတွေကိုလည်း တန်ဖိုးထားချစ်ခင်တတ်တဲ့ သူတစ်ယောက်ပါ။

Ashley Graham

ဖတ်နေရင်းနဲ့ Ashyley ကို မတွေ့လိုက်မှာ စိုးရိမ်သွားလား။ သူမကိုတော့ ဘယ်ချန်ထားလို့ရပါ့မလဲနော်။ နာမည်ကြီး Curvy Model ဆိုတဲ့အတိုင်း Fashion Industry မှာ သူမရဲ့ Empower လုပ်ခဲ့တဲ့ လမ်းကြောင်းက တော်တော်ကြီးကို ခရီးရောက်နေပါပြီ။ Jean နဲ့ Dress တွေကို ဘယ်လိုအထာကျအောင် ဝတ်လို့ရလဲဆိုတာကို သူမရဲ့ Outfit တွေကို ကြည့်ရင်သိနိုင်ပါတယ်။


Hayley Hasslhoff

Baywatch မင်းသားကြီး David Hasslhoff ရဲ့ သမီးပါ။ Model တစ်ယောက်အဖြစ် လုပ်ကိုင်နေပြီး ပိုက်ဆံရှိ အသိုင်းအဝိုင်းကလည်းဖြစ်တာကြောင့် သူမရဲ့ Fashion တွေကတော့ အပျံစားတွေပါပဲ။

Iskra Lawrence

နာမည်ကြီး Plus Size Model ဖြစ်တဲ့ သူမကိုလည်း တော်တော်များများရင်းနှီးကြမှာပါ။ သတိထားမိကြလားတော့ မသိဘူး..သူမကိုကြည့်တိုင်း Positive Energy ကိုခံစားမိပါတယ်။ Social Media မှာ ပကာသနတွေဖယ်ပြီး အရှိအရှိအတိုင်းချပြ၊ လွတ်လွတ်လပ်လပ် နေထိုင်ပြုမှုနိုင်တာကို သူမက သက်သေပြနေပါတယ်။

Alessandra Garcia

Ashley Graham၊ Isakra Lawrence တို့လိုပဲ သူမကို ကမ္ဘာကျော် Brand တွေရဲ့ Runway ပေါ်တွေမှာ မြင်တွေ့ရမှာပါ။ Dakota Fanning ရဲ့ အရင်းနှီးဆုံးသူငယ်ချင်းတစ်ယောက်လည်းဖြစ်ပြီး Body Positivity Activist တစ်ယောက်ပါ။ ဘယ်လိုခန္ဓာကိုယ်အချိုးအစားပဲဖြစ်ဖြစ် သိမ်ငယ်စရာမလိုပဲ Imperfection က ကိုယ့်ကို ပိုပြီးပြည့်စုံစေတာကို အမြဲတမ်း Message ပေးလေ့ရှိပါတယ်။ အကိတ်မမတို့ ပေါ့ပေါ့ပါးပါး Casual Wear တွေဝတ်ဖို့ဆိုရင် သူမရဲ့ Style တွေက အသင့်တော်ဆုံးဖြစ်မှာပါ။

Felicity Hayward

UK က Dating Reality Series မှာ ပါဝင်ခဲ့ဖူးတဲ့ Plus Size Model ပါ။ စံနှုန်းတွေကြားထဲက မပြည့်စုံတဲ့Body ကြောင့် အားငယ်နေတဲ့ မိန်းကလေးတွေကို အားပေးလာခဲ့တဲ့သူတစ်ယောက်ပါ။ ၂၀၁၄ မှာ ASOS Fashion Brand ရဲ့ ပထမဦးဆုံး Plus Size Ambassador နဲ့ Stylist တစ်ယောက်ဖြစ်လာခဲ့ပါတယ်။။ ကိုယ်ပိုင် Fashion Brand လည်းရှိပြီး ခပ်မိုက်မိုက် Fashion တွေအတွက် သူမကို မဖြစ်မနေ Follow လုပ်ထားရမှာပါ။

Tess Holliday

Makeup Artist နဲ့ Blogger တဖြစ်လည်း လုပ်ကိုင်နေတဲ့ Plus Size Model ပါ။ Plus Size Model အတွက် Audition တွေအကြိမ်ကြိမ်ဝင်ခဲ့ပေမယ့်လည်း ၅ ပေ သုံးလက်မသာရှိတာကြောင့် Tess ကို ဝပြီးပုတယ်ဆိုပြီး အမြဲပယ်ချလေ့ရှိပါတယ်။ ဒါပေမယ့် Model Agency တစ်ခုက သူမကို ရှာဖွေခဲ့ပြီး ရုပ်သံလိုင်းတစ်ခုကလည်း သူမကို ပါဝင်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ၂၀၁၁ နောက်ပိုင်းမှာတော့ သူမက TV Show တွေရဲ့ ပင်တိုင်ပါဝင်သူတစ်ယောက်ဖြစ်လာပြီး ကြော်ငြာ Billboard တော်တော်များများမှာ သူမကို မြင်တွေ့လာရပါတယ်။ #effyourbeautystandards ဆိုတဲ့ Champaign နဲ့ Body Positive လှုပ်ရှားမှုတွေလုပ်နေတဲ့သူတစ်ယောက်ပါ။

Paloma Elssesser

Vogue Arabia အတွက် Ashyley Graham ပွဲဦးထွက် Cover ကိုစတင်ရိုက်ကူးခဲ့တာပါ။ နာမည်ကြီး Fashion Magazine တွေနဲ့ Brand တွေအတွက် Model အဖြစ် လုပ်ကိုင်နေပါတယ်။ Street wear တွေကိုခုံခုံမင်မင်ဝတ်တတ်တဲ့သူမက သက်တောင့်သက်သာဝတ်ထားတဲ့အချိန်ဆို High Heel ကိုစီးလေ့ရှိပါတယ်။ Accessories တွေက သူမရဲ့ မရှိမဖြစ်ပစ္စည်းတွေပါ။

, ,

Celebrity Style

ဂန္ဓဝင်ပိတောက်မင်းသမီးခင်သန်းနုရဲ့ Iconic သင်္ကြန်ဖက်ရှင်

တော်ဝင်ဆန်လွန်းရဲ့သူမရဲ့ဖက်ရှင်ကို စာဖွဲ့ရမယ်ဆိုရင်

by May Shoon

April 10, 2020


အတာကူးတဲ့တန်ခူးအချိန်အခါမှာ ဘယ်လောက်လန်းတဲ့ ဖက်ရှင်အသစ်တွေပေါ်ပေါ်၊ ဘယ်လို ဒီဇိုင်းတွေပဲ Trendy ဖြစ်နေပါစေ၊ တစ်ချိန်မြန့်မာရုပ်ရှင်လောကမှာ ထွန်းတောက်ခဲ့တဲ့ သင်္ကြန်မင်းသမီးကြီးတွေရဲ့ သင်္ကြန်ဖက်ရှင်တွေကိုတော့ လိုက်မှီနိုင်မယ်မထင်ပါဘူး။ အားလုံးက သင်္ကြန်မင်းသမီးလို့ ပြောလိုက်ရင် မင်းသမီးကြီး ခင်သန်းနု၊ မေသန်းနု၊ စံရှားတင်၊ ဒေစီကျော်လင်း တို့ကို ပြေးမြင်မိမှာ အသေချာပါပဲ။
၁၉၇၀-၁၉၈၀ ဝန်းကျင် သင်္ကြန်ကာလများရဲ့ Puffy Sleeve တွေ၊ Shoulder Pads တွေ၊ ပွင့်ရိုက်အထည်တွေ၊ ထဘီအတိုတွေ နဲ့ ပိတောက်ပန်းတွေက သင်္ကြန်ဖက်ရှင်တို့ရဲ့ပြယုဂ်ကို အလှပဆုံးဖော်ကျူးခဲ့ကြတဲ့ ဖက်ရှင်တွေပဲ မဟုတ်လား။
ဒီလိုဆို စိတ်ဝင်စားစရာကောင်းတဲ့ ပိတောက်မင်းသမီး ခင်သန်းနုရဲ့ ဖက်ရှင်တွေနဲ့ ဘယ်လို ဝတ်စားပုံတွေက သူ့ရဲ့ Signature Style တွေဖြစ်ခဲ့လဲဆိုတာကြည့်လိုက်ရအောင်။


အရမ်းလှတဲ့မင်းသမီးကြီးခင်သန်းနုရဲ့ ဖက်ရှင်တွေကတော့ အပြစ်ပြောစရာမရှိအောင်ကို ကျက်သရေရှိပါတယ်။ Floral Print ပွင့်ရိုက်ချည် ရင်ဖုံးလေးနဲ့ လက်စကလေးကို ဝတ်ဆင်ထားပါတယ်။ အဲ့ခေတ်က ထဘီနဲ့ အင်္ကျ ီနှစ်ခုလုံးကို ပွင့်ရိုက် Pattern တွေနဲ့ ဝတ်တာခေတ်စားခဲ့တာမို့ Trendy အဖြစ်ဆုံးအပြင်အဆင်တွေထဲက တစ်ခုပါ။

 


ဒါလေးကလည်း ခင်သန်းနုရဲ့ ချစ်စရာကောင်းတဲ့ Outfit လေးတစ်ခုပါ။ ရင်ခံအဖြူလေးကိုအပေါ်က လက်တို မှန်ဇာနဲ့ ချုပ်လုပ်ထားတဲ့ Top လေးပါ။ ထဘီကိုတော့ ပိုးဖဲသား အပွင့်ကြီးကြီးထဘီလေးကို ဝတ်ဆင်ထားပါတယ်။

 


မင်းသားနေအောင်နဲ့ သင်္ကြန်မိုးဇာတ်ကားမှာလည်း Graphic Print ဝမ်းဆက်လေးကလည်း အမြင်တစ်မျိုးနဲ့ ဆွဲဆောင်မှုရှိနေပါတယ်။ ဇာလည်စည်းအပြာလေးနဲ့ ခေါင်းမှာချည်ထားတဲ့ ဖဲပြားအပြာရောင်လေးကလည်း ခင်သန်းနုရဲ့အလှကို ပံံ့ပိုးပေးပါတယ်။

 


ဒါကလည်းသင်္ကြန်မိုးဇာတ်ဝင်ခန်းထဲက အပြင်အဆင်လေးတစ်ခုပါ။ လိမ္မော်ရောင် ဝမ်းဆက်အဆင်လေးကို ရိုးရိုးရှင်းရှင်းပုလဲဆွဲကြိုးလေးနဲ့ အလှဆင်ထားတာက ရိုးရိုးယဉ်ယဉ်လေးနဲ့ အမြင်အေးစေပါတယ်။

 


ကညာပျိုနဲ့ ဇရာအိုရုပ်ရှင်ပိုစတာမှာတော့ ခင်သန်းနုရဲ့ Retro ဆန်တဲ့ ဖက်ရှင်ကိုမြင်တွေ့ရမှာပါ။ Prasely Print Neck Collar နဲ့ လက်ရှည် Top လေးက ခေတ်မီပြီးလူငယ်ဆန်ပါတယ်။

 


ဒီ Outfit လေးကတော့ Editor အကြိုက်ဆုံး Outfit လို့ပြောလို့ရပါတယ်။ ထွင်းဖောက်မြင်ရတဲ့ Embroidered Lace ဇာလက်ရှည်ရင်ဖုံးလေးနဲ့ သူမရဲ့ Signature ပွင့်ရိုက် ထဘီလေးက ရိုးရိုးလေးနဲ့ ဆွဲဆောင်မှုရှိပါတယ်။ ပြီးသွားတော့ အပေါ်က ခေါင်းစည်းပဝါလေးကလည်း ထိုခေတ်အချိန်က မြန်မာ့ရုပ်ရှင်လောကတင်မကပဲ Hollywood မင်းသမီးတွေပါနှစ်သက်တဲ့ Accessory တစ်ခုပါ။

, ,

Celebrity Style

မတ်လရက်သတ္တပတ်အတွက် ယဉ်ယဉ်လေးလှနေတဲ့ အနုပညာရှင်တွေရဲ့ မြန်မာဝတ်စုံဖက်ရှင်များ

ဘာဝတ်စုံပဲဝတ်ဝတ် လိုက်ဖက်နေကြသူတွေမို့ မြန်မာဝတ်စုံနဲ့လည်းအရမ်းကိုထိမိလှပနေကြတာပါပဲ

by Randy Win

March 21, 2020

               မြန်မာဆန်ဆန် ရိုးရိုးယဉ်ယဉ်ဝတ်စားဆင်ယင်မှူဟာ မြန်မာမိန်းကလေးတွေနဲ့လည်းအရမ်းလိုက်ဖက်သလို မြင်ရသူရဲ့ရင်ကိုလည်းအေးမြစေပါတယ်။ ဘယ်နိုင်ငံပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံရဲ့ရိုးရာအငွေ့အသက်ပါဝင်တဲ့ ဝတ်စုံကိုဝတ်ဆင်ထားခြင်းက မြင်သူတိုင်းရဲ့ရင်ကို တစ်မျိုးတစ်ဖုံခံစားသက်ဝင်စေတာအမှန်ပါ။ ခုဆိုရင်လည်း မြန်မာနိုင်ငံရဲ့ အနုပညာရှင်တချို့ရဲ့ မြန်မာဝတ်စုံလေးတွေကိုဝတ်ဆင်ထားတဲ့ပုံရိပ်တွေဟာ မြင်ရသူအတွက် ဘယ်တော့မှမရိုးနိုင်တဲ့ ဖက်ရှင်တစ်ခုအဖြစ် အားလုံးလက်ခံထားကြတာပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီရက်သတ္တပတ်အတွင်းမှာလည်း မြန်မာပြည်ရဲ့ အနုပညာရှင်တချို့ မြန်မာဝတ်စုံလေးတွေဝတ်ဆင်ပြီး ဘယ်လိုလှပကျက်သရေရှိနေကြမလဲဆိုတာ ကြည့်ရှူခံစားလိုက်ကြရအောင်နော်။

အေးမြတ်သူ


မြန်မာဝတ်စုံလေးတွေနဲ့ အရမ်းလိုက်ဖက်တယ်လို့ ပရိသတ်တွေအားလုံးက သဘောကျသတ်မှတ်ထားကြတဲ့ သရုပ်ဆောင်တွေထဲမှာ မမြတ်လေးလည်းတစ်ဦးအပါအဝင်ဖြစ်ပါတယ်။ သူမရဲ့ မြန်မာဝတ်စုံဝတ်ထားတဲ့ ပုံရိပ်လေးတွေဟာဆိုရင် အမြဲတမ်းလိုလိုပရိသတ်တွေကြားထဲမှာ Hit ဖြစ်ပြီးလူကြိုက်များခဲ့ရတာပါ။ ခုလည်း Traditional Wear ကိုမှ Vintage ဆန်ဆန်လေးဝတ်ဆင်ပြီး အရမ်းလှပနေတဲ့ မင်းသမီးချောလေး အေးမြတ်သူရဲ့မြန်မာဝတ်စုံဖက်ရှင်က ထူးထူးခြားခြားလေးဆွဲဆောင်မှူရှိနေမှာပါ။

သဉ္ဇာဝင့်ကျော်


ညှို့အားပြင်းအလှတွေနဲ့အမြဲလိုလိုမြင်တွေ့ရတတ်တဲ့ မင်းသမီးချောလေးသဉ္ဇာဝင့်ကျော်ဟာ တခါတရံမှာတော့ မြန်မာဝတ်စုံလေးတွေနဲ့ ဆွဲဆောင်မှူတစ်မျိုးရှိနေတတ်ပါသေးတယ်။အခုဆိုရင်လည်း Shayi ရဲ့ မြန်မာဝတ်စုံလေးနဲ့ Shayi ပွဲကိုတက်ရောက်လာတဲ့ သူမရဲ့ လှပနေတဲ့ပုံရိပ်လေးက ပရိသတ်တွေအတွက် တစ်မျိုးလေးအမြင်ဆန်းနေစေမှာပါ။

ဆုအိမ့်စံ


အပြုံးချိုချိုလေးနဲ့ မြင်ရသူတိုင်းရဲ့ရင်ကိုအေးစေတတ်တဲ့ မျက်နှာပေါက်လေးကိုပိုင်ဆိုင်တဲ့ မင်းသမီးချောလေး ဆုအိမ့်စံဟာလည်း မြန်မာဝတ်စုံလေးတွေနဲ့ အရမ်းလိုက်ဖက်တဲ့မင်းသမီးလေးတွေထဲကတစ်ဦးပါပဲ။ အခုဆိုရင်လည်း ကြေးဥစိမ်းရောင်မြန်မာဝတ်စုံဝမ်းဆက်လေးနဲ့ ကျက်သရေရှိရှိလှနေတဲ့ သူမရဲ့ပုံရိပ်လေးက ပရိသတ်တွေရဲ့ ရင်ထဲထိရောက်စေမယ်လို့ယူဆရပါတယ်။


ပိုးမမှီသာ


လှပတဲ့အပြုံး တည်ငြိမ်တဲ့မျက်နှာလေးနဲ့ ဆွဲဆောင်မှူရှိရှိလှပတဲ့ သရုပ်ဆောင် ပိုးမမှီသာဟာဆိုရင်လည်း မြန်မာဝတ်စုံလေးတွေနဲ့ လိုက်ဖက်စွာလှပနေတတ်တဲ့ အနုပညာရှင်တွေထဲကတစ်ဦးပါ။ သူမပါဝင်သရုပ်ဆောင်ထားတဲ့ ပိတောက်ကတဲ့ဂီတ Red Carpet ပွဲကိုတက်ရောက်လာတဲ့ သူမရဲ့ တည်ငြိမ်ကျက်သရေရှိစွာလှပနေတဲ့ မြန်မာဝတ်စုံဖက်ရှင်လေးကလည်း မြင်ရသူပရိသတ်အတွက် ကျေနပ်စရာဖြစ်စေမှာပါ။

အိန်ဂျယ်လ်လမုန်


မော်ဒယ်လ်မလေးတွေထဲကမှ အသားအရည်လှပမှူနဲ့ ချစ်စရာတိုင်းရင်းသူမလေးတစ်ဦးဖြစ်တဲ့ အိန်ဂျယ်လ်လမုန်ဟာလည်း အနောက်တိုင်းဝတ်စုံတွေနဲ့သာမက မြန်မာ့ရိုးရာဝတ်စုံလေးတွေနဲ့ပါ ဘာဝတ်ဝတ် အရမ်းကိုကြည့်ကောင်းသူလေးတစ်ဦးပါ။ အခုဆိုရင်လည်း ရိုးရိုးရှင်းရှင်း မြန်မာဝတ်စုံ ဖက်ဖူးစိမ်းရောင်နုနုလေးနဲ့ ကျက်သရေရှိရှိ တည်တည်ငြိမ်ငြိမ်လှနေတဲ့ပုံရိပ်လေးက မြင်ရသူတိုင်းရင်ကိုအေးချမ်းစေမှာအမှန်ပါပဲ။

 

Photo Credit To the Rightful Owners

, , ,


Loading More post