×
Style Note

ပုလဲတွေကို Fashion ကျကျ ဘယ်လိုဝတ်မလဲ

ရိုးရိုးလေးနဲ့ လှနေမှာ

by JN Ja Seng Pan

August 24, 2020

ပုလဲတွေဆိုတာက ဘယ်လိုအချိန်၊ ဘယ်လိုနေရာအတွက်ပဲဖြစ်ဖြစ် ဝတ်ဆင်ဖို့ အမြဲသင့်တော်တဲ့ လက်ဝတ်ရတနာပါ။ Elegant ဖြစ်ပြီး ဘယ်လိုအဝတ်အစားနဲ့မဆို လိုက်ဖက်လှပါတယ်။ ပုလဲကို ဝတ်ဆင်လိုက်တာနဲ့ သိမ်မွေ့နူးညံ့ပြီး အဆင့်အတန်းရှိတဲ့အသွင်ကို ဖော်ဆောင်စေတယ်နော်။ လက်ဝတ်ရတနာတွေထဲမှာ ရွှေတွေ စိန်တွေထက် ဟိတ်ဟန်သိပ်မများတဲ့ ပုလဲလေးတွေကို ဝတ်ဆင်ရတာ ပိုနှစ်လိုဖွယ်ကောင်းသလို သက်တောင့်သက်သာဖြစ်တဲ့ခံစားမှုကိုလည်း ပေးမှာပါ။

ပုလဲကို ဘယ်နေရာတွေမှာ ဝတ်ဆင်မလဲ။
မင်္ဂလာဆောင်တွေမှာ ပုလဲကိုဝတ်ဆင်တာက အသင့်တော်ဆုံးဖြစ်မှာပါ။ နူးညံ့ပြီး ချစ်စရာကောင်းတဲ့ သဏ္ဍန်ရှိလို့ သတို့သမီးအတွက်ကော မင်္ဂလာဆောင်သွားတဲ့ အမျိုးသမီးဧည့်သည်တွေအတွက်ပါ ပုလဲလည်ဆွဲတွေက ရေပန်းစားတာဖြစ်ပါတယ်။ ဒါ့အပြင် ယုံကြည်မှုရှိပြီး မိန်းမသားဆန်တဲ့အသွင်ကို ဆောင်စေတာမို့ ရုံးသွားတဲ့အချိန် ဝတ်ဆင်မယ်ဆိုလည်း လိုက်ဖက်နေမှာပါ။ ခုနောက်ပိုင်း ခေတ်စားတဲ့ Fancy ပုံစံလေးတွေဆိုလည်း ထသွားထလာဝတ်ဆင်ဖို့အတွက်ဆိုလည်း ချစ်စရာကောင်းနေစေမှာပါ။

အရင်ကဆို ပုလဲတွေက ပုံမှန် အမျိူးသမီးတွေထက် အင်အားကြီးမားပြီး အဆင့်အတန်းမြှင့်တဲ့ အမျိုးသမီးတွေ ဝတ်ဆင်လေ့ရှိတဲ့ ရတနာတစ်မျိူးပါ။ ကလီရိုပထရာ တောင်မှ ကမ္ဘာ့အကြီးဆုံး ပုလဲကို Vinegar ထဲဖျော်ထည့်ပြီး သောက်သုံးဖူးပါတယ်။ Royal Family တွေအတွက် တန်ဖိုးထား စုဆောင်းရတဲ့ လက်ဝတ်ရတနာဆိုလည်း မမှားပါဘူး။



ဘယ် Jewelry တွေနဲ့ ဝတ်လို့ရလဲ။
ပုလဲနဲ့ အခြား Jewelry တွေတွဲဝတ်ဖို့ဆိုရင်တော့ နည်းနည်းတော့ စဉ်းစားရမှာပါ။ ပုလဲက ထင်ရှားတဲ့အသွင်ရှိတာမို့ အခြားအရာတွေနဲ့ တွဲဝတ်ရင် သိပ်မလိုက်တတ်ပါဘူး။
ကျောက်နဲ့ ရွှေက ပုလဲနဲ့ တွဲဖက်ဝတ်ဆင်ဖို့ အလိုက်ဖက်ဆုံးဖြစ်ပြီး ရိုးရိုးရှင်းရှင်းပုံစံမျိူးသာ တွဲဖက်ဖို့ သတိပြုရမှာပါ။



ပုလဲနဲ့ဆို ဘယ်အင်္ကျ ီအရောင်တွေ ဝတ်လို့ရလဲ။

ပုလဲရဲ့ သဘာဝအရောင်ကိုက အရောင်ဖျော့တော့တဲ့အသွင်ရှိလို့ ဒီအရောင်နဲ့ ဆင်တူဖြစ်တာကို ဝတ်ဆင်မယ်ဆိုရင် နိုးပါနော်။ Pastel Color နဲ့ ပုလဲကို တွဲဖက်ဝတ်ဆင်တာက အသက်ကြီးရင့်တဲ့ ပုံစံကိုဖြစ်စေပြီး အရောင်လွင်လွင်တွေကိုလည်း တတ်နိုင်သလောက်ရှောင်ရမှာပါ။

အလိုက်ဖက်ဆုံးကတော့ အရောင်တောက်တောက်တွေနဲ့ တွဲဝတ်တာက ငယ်ရွယ်တက်ကြွတဲ့အသွင်ကိုဆောင်ပြီး အရောင်ရင့်ရင့်တွေကတော့ ခပ်မိုက်မိုက်အသွင်ကိုဆောင်စေမှာပါ။

ဘယ်လိုဒီဇိုင်းမျိူး ဝတ်မလဲ။
ပုလဲတွေကို များသောအားဖြင့် လုံးဝန်းတဲ့ပုံစံမျိူးကိုပဲ မြင်ဖူးကြမှာပါ။ တကယ်တမ်းက ပုလဲမှာ Shape အမျိုးမျိုးရှိနေနိုင်ပါတယ်။ သဘာဝပုလဲပုံစံကတော့ တစ်သမတ်တည်းမဟုတ်ပဲ ဘဲဥပုံစံ ဒါမှမဟုတ် ရှည်ရှည်ပြားပြားစတဲ့ ပုံစံမျိူးစုံရှိနိုင်ပါတယ်။ Creation ပါတဲ့ Jewelry တွေကြိုက်တဲ့သူတွေအတွက် သဘာဝပုလဲနဲ့ လက်ဝတ်ရတနာတွေက သဘောတွေ့စရာဖြစ်မှာပါ။ Simple & Elegant ကြိုက်တဲ့ အမျိုးသမီးတွေအတွက်တော့ ပုလဲလုံးတွေက လိုက်ဖက်မှုရှိမှာပါ။

ပုံမှန် Jewelry တွေနဲ့ ကွဲပြားတဲ့ ပုလဲနဲ့ Fashion မကျချင်ဘူးလား။ ဒါပေမယ့် ဘယ်မှာ ဝယ်ရမလဲမသိဖြစ်နေရင်တော့ ပုလဲအတွက်ဆို စိတ်ချယုံကြည်ရပြီး ဈေးနှုန်းသင့်တဲ့ Hein Nadi Pearl & Jewelry ဆိုင်လေးရှိတယ်နော်။ ဒီဆိုင်မှာ ပုလဲဒီဇိုင်းမျိူးစုံရှိပြီး သူများနဲ့မတူတဲ့ ကိုယ်တိုင်စိတ်တိုင်းကျ ပုံစံ (Customize) ပြုလုပ်ချင်တယ်ဆိုလည်း အိုခေအဆင်ပြေမယ့်ဆိုင်လေးပါ။ ဒီဇိုင်းလေးတွေပိုပြီး ကြည့်ရဖို့အတွက် ဒီနေရာ - (Hein Nadi) ကို နှိပ်ပြီး ဝင်ကြည့်ဖို့ မမေ့နဲ့နော်။

, , ,
Style Note

လူကို ပိုဝသွားသယောက်ဖြစ်စေလို့ ရှောင်သင့်တဲ့ ဖက်ရှင်များ

ဒါမျိူးတွေရှောင်ပါ။

by JN Ja Seng Pan

September 21, 2020

အချိူ့အဝတ်အစားတွေက ဝတ်လိုက်တာနဲ့ ဘာဖြစ်လို့ ဘာဖြစ်မှန်းမသိ ယုံကြည်မှုကို လျော့ချစေတတ်ပါတယ်။ ကိုယ်က ဒီလောက်မဝပေမယ့်လည်း မှန်ထဲမှာ ကြည့်လိုက်တာနဲ့ အချိူးအစားမကျ၊ တစ်ခုခုလိုနေတာမျိူး ကြူံဖူးကြမှာပါ။ ဒါက ပျိူမေတို့ ဝတ်ဆင်မယ့် အဝတ်အစားနဲ့လည်း သက်ဆိုင်နေတတ်တယ်ဆိုတာ သတိပြုရမှာပါ။ ဒီတော့ ခပ်ပြည့်ပြည့်ကောင်မလေးတွေကော၊ ခန္ဒာကိုယ်အလှကို မဖုံးကွယ်ချင်တဲ့ ကောင်မလေးတွေကော ရှောင်သင့်တဲ့ အဝတ်အစားပုံစံမျိူးက ဘာဖြစ်မလဲ အခုပဲကြည့်လိုက်တော့နော်။

Capri Pants



ယူတို့တော့ မသိဘူး။ ကျွန်မ တော့ တော်တော်လေး မုန်းတဲ့ဘောင်းဘီပါ။ ဒီ ဟိုမကျ ဒီမကျ ဘောင်းဘီက ခြေတောက်တွေကို တိုပြီး ကြီးသယောင်ဖြစ်စေပါတယ်။


Printed Pants



Printed Pant တွေကလည်း ခန္ဒာကိုယ်အောက်ပိုင်းကို ပိုပြီး ကြီးသွားစေလို့ ရှောင်ရမယ့် ဘောင်းဘီအမျိူးအစားပါ။


Ankle Wrap Shoes



ခြေဆစ်ဝတ်နားမှာ ပတ်ထားတဲ့ ဖိနပ်ပုံစံတွေက အရပ်ရှည်တဲ့သူတွေကိုတောင်မှ ပုသယောင်ဖြစ်စေပါတယ်။ ဒါကြောင့်ကိုယ်က ကြိုက်တယ်ဆိုရင်တောင်မှ အရပ်ပုနေရင် လုံးဝမထိသင့်ပါဘူး။


Oversized Statement



ကိုယ်က ပြည့်တဲ့သူမို့လို့ ပွပွယောင်းယောင်းတွေပဲ ဝတ်မယ်လို့ စိတ်မကူးနဲ့နော်။ ဘယ်လို Body မျိုးမဆို အချိူးကျကျနဲ့ ကျန်းမာရင် လှတာမို့ ယုံကြည်မှုတွေ ပျောက်ဆုံးမသွားပါနဲ့။ Oversize Clothing တွေက ဖရိုဖရဲနဲ့ အချိူးမကျနိုင်တာမို့ ဝတ်မယ်ဆိုလည်း ခါးပတ်လေးနဲ့ဖြစ်ဖြစ် ဒါမှမဟုတ် အရမ်းမကြီးတဲ့ Size မျိုးရွေးတာဖြစ်ဖြစ် ပြောင်းလဲကြည့်ပါ။


Bad Undergarments



Underwear တွေက အပေါ်က အင်္ကျီတွေပြန်ဖုံးမှာပဲ ဆိုပြီဖြစ်သလို မဝတ်ပါနဲ့။ ခန္ဒာကိုယ်အနေအထားကို အခြေခံအကျဆုံးထောက်ပံ့ပေးတာမို့ Bra ပဲဝယ်ဝယ်၊ Panties တွေပဲဝယ်ဝယ် ကိုယ် Size နဲ့ ထပ်တအကျဆုံး Size ကိုသာ ရွေးချယ်ဝတ်ဆင်ဖို့ လိုပါမယ်။


Too Tight



အရမ်းပွတာ မဝတ်ဆင်သင့်သလို ခပ်ကျပ်ကျပ်အဝတ်အစားတွေကိုလည်း ရှောင်သင့်ပါတယ်။ အရမ်းကျပ်လွန်းအားကြီးရင် ကိုယ့်ရဲ့ အပြစ်အနာအဆာတွေကို ပိုပြီး Highlight လုပ်သလိုဖြစ်ပြီး အချိူးအစားကို တစ်မျိူးဖြစ်စေပါတယ်။ ပိန်နေတဲ့သူဖြစ်ရင်တောင်မှ ကျပ်လွန်းတဲ့ အဝတ်အစားတွေကို ဝေးဝေးမှာ ထားသင့်ပါတယ်။

,

Style Note

Beads Accessories လေးတွေနဲ့ ဘယ်လို Styling လုပ်ကြမလဲ

ငယ်ငယ်တုန်းကပုတီးလုံးလေးတွေနဲ့ပြန်ဆော့ကြမယ်

by May Shoon

September 19, 2020

အခုတလော IG တို့ Pinterest တို့မှာ ပြန် Trending ဖြစ်နေတဲ့ Accessory လေးတစ်မျိုးကို သတိထားမိတယ်။ အထူးသဖြင့် Intagram Influencer တွေ၊ Fashion Blogger နဲ့ Aesthetic Girl လေးတွေ တော်တော်များများပြန်ပြီး ဝတ်ဆင်လာကြတယ်။ အဲ့ဒါကတော့ Editor တို့ အလယ်တန်းအရွယ်လောက်က အသည်းစွဲကြိုက်ခဲ့ရတဲ့ ရောင်စုံ Beaded Accessory လေးတွေပါ။ ငယ်ငယ်ကဆိုအဲ့လို Beads လေးတွေ Size စုံ၊ Designစုံ၊ ကာလာစုံလေးတွေကို ဗူးလိုက်ဝယ်ပြီး အိမ်မှာကြိုးလေးတွေနဲ့ ဆွဲကြိုးလေးတွေ၊ လက်ကောက်လေးတွေ လုပ်ရတာအမော။ ဒီချိန်အထိလည်း ကြိုက်တုန်း။


အခုတော့ ဒီ Beaded Accessory လေးတွေက မိန်းကလေးတွေရဲ့ဖက်ရှင်ရေစီးကြောင်းထဲကို တစ်ကျော့ပြန်ရောက်ရှိလာတယ်ပဲပြောရမှာပေါ့။ ဒီ Beaded Accessory လေးတွေကတကယ်တော့ Retro 70's မှာစတင်ခဲ့တဲ့ အဆင်တန်ဆာလေးတွေဖြစ်ပြီး Retro Indie Vibe ကိုအပြည့်အဝပေးတဲ့ Accessory လေးတွေဆိုရင်လည်းမမှားပါဘူး။ ဒီ Beaded Accessory တွေကအများသောအားဖြင့် Factory Made တွေထက် Hand Made နဲ့ Customized ပြုလုပ်ထားတာကများပါတယ်။ Customized ဖြစ်တာကြောင့် ကိုယ်လိုချင်တဲ့ ကာလာတွေ၊ ထည့်ချင်တဲ့ Charm လေးတွေ၊ ကိုယ်ထည့်သီချင်တဲ့ Alphabet လေးတွေကိုလည်း စိတ်ကြိုက်စီပြီးပြုလုပ်လို့လည်းရပါတယ်။


Retro Beaded Accessory လေးတွေကိုအရင်ကတော့ Indie၊ Hippie Style တွေနဲ့ပဲဝတ်ဆင်ကြပေမယ့် အခုချိန်မှာတော့ ဘယ်လို Style နဲ့ပဲတွဲဝတ်ဝတ် အားလုံးကြားမှာ Stand-Out ဖြစ်နေစေမှာပါ။ အခု Instagram တို့မှာဆိုရင်လည်း Indie Girl လေးတွေအပြင်အမိုက်စား E-Girl လေးတွေ၊ Aesthetic Fashionista လေးတွေရဲ့ Essential Fashion Statement လေးလိုတောင်ဖြစ်လာကြပါပြီ။ ဒီတော့ ဒီ Beaded လေးတွေကို ဝတ်တော့မယ်ဆိုရင်…

Beaded Accessory တွေနဲ့ Styling လုပ်မယ်ဆိုရင် တခြား Parts တွေကို အရမ်းရှုပ်ယှက်ခတ်အောင်မဝတ်ဆင်ပဲ Minimal ပုံစံလေးပြင်ဆင်ကြည့်လို့ရပါတယ်။
- Multicolored Cardigan လေးတွေ၊ Crop-Top လေးတွေနဲ့လည်း အရမ်းလိုက်ဖက်ပါတယ်။
- Tie-Dye Print တွေကလည်း ဒီ Indie-Casual Style ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တာမို့ မဖြစ်မနေတွဲစပ်ကြည့်ရမယ့်ထဲမှာပါပါတယ်။
- လည်တိုင်အလှပေါ်လွင်အောင်ဆိုရင် Beaded Necklace လေးတွေကို တစ်ကြောင်းတည်းထက် 2 layered/3 Layered လေးဆွဲကြည့်ပါ။
- ရိုးရှင်းတဲ့အဖြူရောင် T-Shirt လေးတွေ၊ Collered Shirt လေးတွေကလည်း Beaded လေးတွေကို ပိုပြီးထင်ပေါ်စေပါတယ်။
- တကယ်လို့ ဒီ Beaded လေးတွေကို Necklace တို့ Bracelet တို့လိုမဆွဲချင်ဘူးဆိုရင် အမြင်ဆန်းသွားအောင် Shoe ကြိုးသိုင်းလေးတွေ၊ ခါးပတ် Chain တွေအနေနဲ့လည်း Styling လုပ်ကြည့်လို့ရပါတယ်။

, ,

Style Note

Work From Home လုပ်နေရင်းဖက်ရှင်ကျနေစေမယ့်နည်းလမ်းများ

အချိန်တိုင်းမိုက်နေဖို့လိုတယ်လေ

by May Shoon

September 16, 2020

အခုလို Second Wave ကြောင့် အိမ်မှာပဲအလုပ်တွေပြန်လုပ်နေရလို့ စိတ်တွေငြီးညူနေပြီလား။ အိမ်မှာလုပ်နေရတာ Motivation မရှိပဲ ပျင်းနေပြီလား။ ဒါဆိုရင် အိမ်မှာနေလည်း ကိုယ့်ရဲ့ Atmosphere ကို Office မှာ တကယ်လုပ်နေသလိုဖြစ်အောင် Mood လေးကိုသွင်းပြီး လုပ်ကြည့်ပါနော်။ အဲ့လို Mood ဖြစ်အောင်လုပ်ဖို့ဆိုရင်လည်း ကိုယ်ဝတ်ဆင်ထားတဲ့ Outfit က အရမ်းဂေါ်ကြီးမဟုတ်ပေမယ့် သပ်သပ်ရပ်ရပ်နဲ့ Smart ဖြစ်နေဖို့လိုအပ်တယ်လေ။ အိမ်မှာ အလုပ်လုပ်လည်း ဖက်ရှင်ကျကျလေးဝတ်စားထားမှ Zoom Meeting တွေလုပ်တဲ့ အခါ၊ Own Space မှာ အလုပ်လုပ်တဲ့အခါ တက်ကြွလန်းဆန်းပြီး စိတ်လည်းကြည်လင်နေစေမှာပါ။ အလုပ်လုပ်ရင် ညောင်းလာလို့ Mirror Selfie ရိုက်မယ်ဆိုရင်လည်း Ready ပဲပေါ့။ ဒါပေမယ့် ဖက်ရှင်ကျအောင်ဆိုတိုင်း အထူးတလည်ကြီး ပြင်ဆင်နေစရာမလိုပါဘူး။ ဒီ Simple Rules လေးတွေအတိုင်းဝတ်ဆင်လိုက်တာနဲ့ Smart and Stylish ဖြစ်သွားစေမှာမို့ ကြည့်ကြည့်လိုက်နော်။


Sporty Style လေးတွေကို အသားပေးဝတ်ကြည့်ပါ
Style လည်းကျ အလုပ်လုပ်ရတာလည်း Cozy ဖြစ်စေမယ့် Outfit ကိုရှာနေတယ်ဆိုရင်တော့ Sporty Outfits တွေကအသင့်အတွက် အသင့်တော်ဆုံးဖြစ်မှာပါ။ Jersey Tops တွေ၊ Sweatpants တွေ၊ Hoodies နဲ့ Sweatshirt တွေက Casual ဆန်ပြီး ခပ်မိုက်မိုက် Vibe ကိုရရှိစေပါတယ်။ Tracksuit Set လေးဝတ်ပြီး ဆံပင်လေးခြည်ထားရင်တောင် ရိုးရိုးလေးနဲ့ အထာကျနေစေပါတယ်။

သက်တောင့်သက်သာဖြစ်မယ့် Jeans ကိုပဲဝတ်ပါ
တစ်နေကုန်ထိုင်ပြီး အလုပ်လုပ်ရမှာဖြစ်လို့ ဝတ်ဆင်ထားတဲ့ Pants နဲ့ Jeans တွေကလည်း သက်တောင့်သက်သာရှိဖို့က အရေးကြီးပါတယ်။ ခပ်ကျပ်ကျပ် Skinny Jeans တွေ၊ Leggings တွေထက် Relaxed Mom Jeans၊ Sloppy Jeans၊ Cargo Pants တွေကို အသားပေးရွေးချယ်ပြီး ဝတ်ကြည့်ပါ။ Jeans နဲ့ Oversized Shirt or Blouse တွေတွဲဝတ်လိုက်ရင် Work-From-Home ဖက်ရှင်အတွက် Perfect ပဲ။

Basic Wear တွေကို Upgrade လုပ်ကြည့်ပါ
ကိုယ် Daily ဝတ်နေကျ Basic အဝတ်အစားတွေကို ငြီးငွေ့နေပြီဆိုရင် ဒီ Basic Wear တွေကို ပုံမှန်ဝတ်နေကျမဟုတ်တဲ့ Pieces လေးတွေနဲ့တွဲဝတ်ကြည့်ပါ။ ဥပမာ Monotone ကာလာတွေကို Bold ကာလာ အရောင်တောက်တောက် Top လေးတွေ၊ Scarf လေးတွေနဲ့ Match လုပ်ပြီး ဝတ်ကြည့်တာမျိုးပေါ့။ ဒါမှမဟုတ်ရင်လည်း အပေါ်ထပ်ဝတ်တဲ့ Cardigan ၊ Crochet Top လေးတွေကိုလည်း Colorful Print လေးတွေဝတ်ကြည့်လိုက်ပါ။


ကာလာလေးတွေနဲ့ Styling လုပ်ကြည့်ပါ
အလုပ်လုပ်တဲ့ အခါ Mood ကိုလည်း အပြောင်းအလဲလေးဖြစ်အောင် Ordinary ဖက်ရှင်တွေထဲကနည်းနည်း ကွဲထွက်ကြည့်ပါ။ ဒီအချိန်မှာ ကိုယ်ဝတ်တာကို လိုက်ပြီး Judge လုပ်မယ့်သူလည်းမရှိတာမို့ ကိုယ်ဝတ်ချင်တာကို ရဲရဲကြီးသာဝတ်ပစ်လိုက်ပါ။ ပြီးရင်အိမ်မှာပဲ အမိုက်စား Photo တွေ၊ Mirror Selfie တွေရိုက်ပစ်လိုက်။ အရင်က အရောင်တောက်တောက်တွေကို သိပ်ဝတ်လေ့မရှိသူဆို စပြီး Try ဝတ်ကြည့်လိုက်ပါ။ Outfit ကို Bold မလုပ်ချင်ရင် ကိုယ့်ရဲ့ Accessories လေးတွေကိုပဲ Bold ကာလာလေးတွေဆင်ကြည့်လို့လည်းရပါတယ်။
Accessory လေးတွေကို မသိမသာဖြည့်စွက်ကြည့်ပါ။Outfit တွေကိုချည်းပြင်ဆင်နေပြီး Accessory တွေကိုလည်း မေ့မထားနဲ့နော်။ Work From Home ချိန်မှာ သင့် Style ကို အမြင်တစ်မျိုးဆန်းအောင် Accessory လေးတွေခပ်ပါးပါးပြင်ဆင်ကြည့်လိုက်ပါ။ Accessory တွေကိုအရမ်းအများကြီးရှုပ်ယှက်ခက်နေအောင်မဟုတ်ပဲ Beads Necklace လေးတွေ၊ Bracelets လေးတွေနဲ့ Hair Bands လေးတွေကိုတွဲစပ်ကြည့်လိုက်ပါ။


Hairstyle ကိုသပ်ရပ်နေပါစေ
သင့်တစ်နေတာ Mood ကောင်း၊ မကောင်း ကလည်း သင့်ဆံပင်နဲ့ အများကြီးသက်ဆိုင်နေပါတယ်။ မိန်းကလေးအများစုက သူတို့ရဲ့ Good Hair Day ဆိုရင် Mood လည်းကောင်းသလို အလုပ်လုပ်တဲ့အခါလည်း ပိုပြီး Productive ဖြစ်ပါတယ်။ ခေါင်းကို ရှုပ်ပွနေအောင်မထားပဲ သပ်သပ်ရပ်ရပ်လေးပြင်ဆင်လိုက်ပါ။ အခုနောက်ပိုင်း Trendy ဖြစ်လာတဲ့ Hair Accessory လေးတွေနဲ့လည်းအလှဆင်ကြည့်လို့ရပါတယ်။


မိတ်ကပ်ခပ်ပါးပါးပဲ လိမ်းချယ်ပါ
အိမ်မှာ Teleworking လုပ်ရတယ်ဆိုပေမယ့် မျက်နှာပြောင်ကြီးနဲ့ဆို ကြည့်မကောင်းသလို၊ မိတ်ကပ်တွေအများကြီးလိမ်းထားရင်လည်း အသားအရေကို သက်တောင့်သက်သာရှိစေမှာ မဟုတ်ပါဘူး။ Natural Look နဲ့ Peachy Look လေးပြင်ဆင်ထားရင် တစ်နေ့တာလုံးလှနေဖို့လုံလောက်ပါတယ်။

Photo sources from Pinterest.

 

, , ,

Style Note

သင်ဝတ်ဆင်တဲ့ ဖက်ရှင်ကပြောပြနေတဲ့ သင့်ရဲ့စိတ်နေစိတ်ထား

ဒီဇိုင်းကာလာအနေအထားကိုကြည့်ပြီး ဘယ်လိုလူမျိုးလဲဆိုတာ အကဲခတ်လို့ရတယ်နော်

by May Shoon

September 7, 2020

မိန်းကလေးတစ်ယောက်နဲတစ်ယောက် Personality တွေမတူညီကြသလို သူတို့ရဲ့ ဖက်ရှင်အပေါ်မှာမြင်တဲ့ ခံယူချက်တွေနဲ့ ကြိုက်နှစ်သက်တဲ့ Fashion Taste တွေလည်းမတူညီကြပါဘူး။
ဒါပေမယ့် မိန်းကလေးတိုင်းမှာ သူတို့ဝတ်ဆင်တဲ့ ဖက်ရှင်၊ ကြိုက်နှစ်သက်တဲ့ အဝတ်အစားကိုကြည့်ပြီး သင့်ရဲ့ စိတ်နေစိတ်ထားနဲ့ Personality ကို ခန့်မှန်းကြည့်လို့ရပါတယ်။
ကဲဒါဆို သင်ဝတ်ထားတဲ့ အဝတ်အစားကရော သင့်အကြောင်းဘယ်လိုပြောပြနေလဲဆိုတာ ကြည့်လိုက်ရအောင်


Sporty Style
ပေါ့ပေါ့ပါးပါး Gym ဝတ်စုံနဲ့ Legging တွေကို နှစ်သက်တယ်။ Hoodie နဲ့ Tracksuit တွေကသူမရဲ့ Bestfriend ပဲ။ Sporty Style လေးတွေကိုနှစ်သက်တဲ့ ကောင်မလေးတွေက အမြဲ အကောင်းမြင်တဲ့ စိတ်ရှိတယ်။ တက်ကြွတယ်။ သူ့ရဲ့ Energetic ဖြစ်တဲ့ စိတ်လေးကြောင့် တခြားသူတွေကိုလည်း Motivate ဖြစ်အောင်ကူညီပေးနိုင်စွမ်းရှိတယ်။ စွန့်စားရတာကို ကြိုက်တယ်။ တခါတလေ မိန်းကလေးဆန်ဆန် နူးနူးညံ့ညံ့မပြောပဲ လိုချင်တာကို ဒဲ့ပြောတတ်တဲ့ အကျင့်လေးတွေရှိတတ်တယ်။

 

Feminine Style
သင့်ရဲ့ အဝတ် Closet ထဲမှာ Floral Print လေးတွေ၊ Lace တွေ၊ အတွန့်အဖတ်လေးတွေနဲ့ Pastel ကာလာလေးတွေတော်တော်များများရှိတယ်ဆိုရင်တော့ သင်က Feminine Style ကို ကြိုက်နှစ်သက်တဲ့ ကောင်မလေးပါ။ သေချာတာတော့ Feminine Style လေးတွေက စိတ်ကူးယဉ်ဆန်ပြီး နှလုံးသားလှတဲ့သူတွေပါ။ အကောင်းမြင်စိတ်ရှိပြီး သူများကို ကူညီဖေးမတတ်တယ်။ အထူးသဖြင့် အနုပညာ၊ လက်မှုပညာတွေမှာ ထူးချွန်တတ်ကြတယ်။ တကယ်လို့ Feminine ကောင်မလေးနဲ့ချစ်သူဖြစ်ပြီဆိုရင်တော့သင်ကံကောင်းပါတယ်။ တကယ်ကို ဂရုစိုက်ခံရမှာပါ။

 

Minimalist Style
ရိုးရိုးရှင်းရှင်းနဲ့ Basic Wear တွေကိုပဲ အထာကျအောင်ဝတ်လေ့ရှိသူတွေကတော့ Minimalist လေးတွေပါ။ ရိုးရှင်းမှုက သူတို့ရဲ့ Classy ဖြစ်တဲ့ Lifestyle ကိုဖော်ပြနေတယ်။ Shirt နဲ့ Jeans လေးဝတ်ထားရင်ကို အထာကျနေသူတွေပေါ့။ ဒီလိုဖက်ရှင်တွေကို နှစ်သက်သူတွေက ကောင်းမွန်တဲ့ စိတ်နေစိတ်ထားရှိတယ်။ အမှီအခိုကင်းတယ်။ အရာရာတိုင်းကို Out-of-the-Box စဉ်းစားနိုင်စွမ်းရှိတယ်။ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်အောင်နေထိုင်တတ်တယ်။ သင့်ရဲ့ အတွေးအခေါ်နဲ့စွမ်းရည်တွေကို တွန့်ဆုတ်မနေပဲ ပြသဖို့ မတုံ့ဆိုင်းနေပါနဲ့။

 

Bohemian Style
Hippie ဆန်ဆန် Flare တွေ၊ Ethnic Print လေးတွေနဲ့ Maxi Dress လေးတွေ၊ Strappy Sandal လေးတွေကို ဝတ်ရတာသဘောကျသူဆိုရင်သင်က Bohemian Personality ရှိတဲ့သူတွေပါ။ Boots လေးတွေနဲ့ Print Dress လေးတွေကိုလည်း အမြင်ဆန်းအောင်ဝတ်ဆင်ကြည့်ပါ။ အများသောအားဖြင့် Bohemian Style ရှိသူတွေက လွတ်လပ်မှုကို အရမ်းတန်ဖိုးထားတယ်။ သူ့ဘာသူတသီးတသန့်နေရတာကို ပိုနှစ်ခြိုက်ကြတယ်။ အတွေးတွေက အရမ်း Creative ဖြစ်တယ်။ ကိုယ်ကြိုက်သလို နေတတ်ပြီး သူတို့ကို လူတွေဝေဖန်မှာကိုလည်း သိပ်ဂရုမစိုက်ကြပါဘူး။

 

Trend-Setter
သူတို့ကတော့ Fashion Expert တွေလို့ပြောရမှာပါ။ အမြဲ Up-to-Date ဖြစ်ပြီး သူတို့ရဲ့ ဖက်ရှင်တွေကိုလည်း အမြဲ Trend နဲ့ ကိုက်ညီအောင်အမြဲ Upgrade လုပ်လေ့ရှိတယ်။ Fashion တွေကို အမြဲစိတ်ဝင်တစားလေ့လာတတ်ပြီး Aesthetic ဖြစ်တဲ့သူတွေပါ။ ဒီလိုလူတွေက Intelligent ဖြစ်တယ်။ Socialize ဖြစ်ပြီး မိတ်ဆွေသူငယ်ချင်းတွေအများကြီးရှိတယ်။ ချစ်ခင်သူတွေဝိုင်းဝိုင်းလည်နေတတ်တယ်။ သူတို့ကိုယ်တိုင်ကလည်း သူငယ်ချင်းကောင်းပီသသူတွေပါတဲ့။

Photo source from pinterest.

, ,

Style Note

မိန်းကလေးတိုင်းမှာ ဘယ်လိုဖိနပ်တွေလိုအပ်လဲ

ဖက်ရှင်ကျချင်တယ်ဆိုပြီး ညှပ်ဖိနပ်ကြီးပဲစီးမနေနဲ့ဦး

by May Shoon

August 25, 2020

ကိုယ်ပိုင် Style နဲ့ ဖက်ရှင်ကိုအထူးဂရုစိုက်တတ်တဲ့ Fashion Junkie လေးတွေအတွက် ဖိနပ်ကလည်း မရှိမဖြစ် Fashion Pieces ထဲမှာပါပါတယ်။ မိမိဝတ်ဆင်ထားတဲ့ အဝတ်အစားနဲ့ လိုက်ဖက်တဲ့ ဖိနပ်ကို ရွေးချယ်စီးတတ်ဖို့ကလည်း အရေးကြီးပါတယ်။ မဟုတ်ရင် အပေါ်က Outfit တွေဘယ်လောက်မိုက်မိုက် ဖိနပ်က ဂွမ်းနေရင် ဖက်ရှင်ကလည်း ဘယ်လိုမှ အဆင်ပြေတော့မှာ မဟုတ်ဘူးနော်။ ဖိနပ်တွေကို ဝယ်ယူတဲ့အခါမှာလည်း Trendy ဖြစ်တဲ့ ကာလာတွေ၊ ဒီဇိုင်းတွေကိုဝယ်တာထက် ကိုယ့်အတွက် Timeless ဖြစ်သလို အချိန်တိုင်း အထာကျနေစေမယ့် ဖိနပ်မျိုးကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။
ကာလာဆိုရင်လည်း Flexible ဖြစ်တဲ့ Neutral ကာလာ၊ Basic ကာလာတွေကို ပိုဦးစားပေးသင့်တယ်နော်။ အဲ့လို Basic ကာလာတွေက အပေါ်ကနေ ဘယ်လို Style နဲ့ တွဲဝတ်ဝတ် သိပ်ခေါင်းစားစရာမလိုဘူး။ မိန်းကလေးတိုင်းရဲ့ Closet မှာရှိထားသင့်တဲ့ ဖိနပ်တွေက ဘယ်လိုဖိနပ်တွေဖြစ်မလဲ ကြည့်လိုက်နော်။


Pumps
မှာဆိုမိန်းကလေးတိုင်းအတွက် Little Black Dress (LBT) လိုအပ်သလို၊ ဖိနပ်မှာဆိုရင်လည်း ဒေါက်မြင့် Pumps တွေက မရှိမဖြစ် Shoes တစ်မျိုးပါ။ ထသွားထလာကနေ ပွဲနေပွဲထိုင်အထိ ကြိုက်သလို ဝတ်ဆင်နိုင်သလို စီးလိုက်တိုင်းကြွရွပြီး Smart ကျနေစေမှာပါ။ Pumps Heels တွေကို ဝယ်မယ်ဆိုရင်တော့ Black ၊White နဲ့ Nude ကာလာတွေကို အသားပေးရွေးသင့်ပါတယ်။

 

Sneakers
Casual ပဲစီးမလား။ Streetstyle ပုံစံစီးချင်လား။ High Fashion တွေအထိသွားချင်လား။ Sneaker နဲ့ဆိုအားလုံးဖြစ်စေရမယ်။ အဖြူရောင် Sneaker လေးတွေကလည်း မိန်းကလေးတိုင်းမှာ ရှိထားသင့်တဲ့ ဖိနပ်အမျိုးအစားထဲကတစ်ခုပါ။ တကယ်လို့ Sporty ဆန်ဆန်၊ Streetstyle ဆန်ဆန် ပုံစံမျိုးတွေအဝတ်များတယ်ဆိုရင်တော့ Sole ထူထူနဲ့ Chunky Sneaker တွေကိုစီးလို့ရပါတယ်။



Combat Boots
အထာကျတဲ့ မိန်းကလေးတိုင်းမှာ Dr.Martens လို Black Combat Boots ကတော့ ရှိကိုရှိပါတယ်။ Combat Boots တွေကို Edgy ဆန်တဲ့ Outfit တွေနဲ့လည်း ဂေါ်လို့ရသလို မိန်းကလေးဆန်တဲ့ Floral Dress လေးတွေနဲ့ဆိုရင်လည်း လိုက်ဖက်နေပြန်ပါတယ်။ အကယ်၍ Combat Boots တွေကလေးပြီး အရမ်းယောင်္ကျားဆန်တယ်လို့ထင်ရင် ဒေါက်ပါတဲ့ Chalsea Boots တွေနဲ့လည်း တွဲစီးကြည့်လို့ရပါတယ်။

 

Flat Sandals
ပေါ့ပေါ့ပါးပါးကမ်းခြေသွားတဲ့အခါဖြစ်ဖြစ်၊ အရမ်းကြီး စတိုင်မထုတ်ချင်တဲ့နေတွေမှာဖြစ်ဖြစ် Flat Sandals လေးတွေကိုစီးလို့ရပါတယ်။ အရမ်းလည်း သက်တောင့်သက်သာရှိပြီး စီးရတဲ့သူကိုလည်း Fashion လည်းကျ၊ ပေါ့ပါးသွက်လက်မှုကိုပေးပါတယ်။

 

Ballerina Flats
မိန်းကလေးဆန်ဆန် ချစ်စရာကောင်းသူတိုင်းအတွက် Ballerina Flats လေးတွေက မရှိမဖြစ်အဖော်မွန်ပါ။ ပါးပါးလေးတွေဆိုပေမယ့် သင့်ရဲ့ Outfit တိုင်းကို Feminine ဖြစ်တဲ့ Sophisticated Look ကိုပေးနိုင်ပါတယ်။
Ballerina တွေကို Casual Style အနေနဲ့စီးကြတာများပေမယ့် Office Wear တွေနဲ့တွဲဖက်ကြည့်ရင်လည်း အဆင်ပြေပါတယ်။

 

Loafers
သင့်ရဲ့ Formal Wear၊ Office Wear တွေကို Stylish ဖြစ်သွားစေမှာကတော့ Loafers တွေပါ။ Loafer တွေကိုတော့ အထူးသဖြင့် Minimalist ဖြစ်တဲ့ အဝတ်အစားတွေနဲ့ တွဲဖက်ကြသလို၊ ပုံမှန် ထသွားလာသွားလည်း ကောက်စီးလိုက်လို့အဆင်ပြေတဲ့ ဖိနပ်ပါ။ Loafers တွေကို အများသောအားဖြင့် Leather နဲ့ Velvet Material နဲ့ပြုလုပ်ထားပြီး လူငယ်ဆန်တဲ့ Embroidered ဒီဇိုင်းလေးတွေနဲ့လည်း ရှိပါတယ်။

 

Wedge Heels
Dress တိုင်းနဲ့လိုက်ဖက်ပြီး မိန်းကလေးများအသည်းစွဲဖြစ်တဲ့ Platform Heels ကလည်း Essential Shoes စာရင်းထဲမှာပါတယ်နော်။ Platform Heels တွေက အရမ်းမြင့်တဲ့ဖိနပ်တွေသိပ်မစီးတဲ့၊ Pencil Heels တွေမကြိုက်တဲ့ မမတို့အတွက်တော့ အသင့်တော်ဆုံးပါပဲ။ ပိုထူးခြားတဲ့ Look ရရှိစေဖို့ Sock လေးတွေနဲ့ တွဲစီးရင်လည်း အထာကျပါတယ်။

 

Transparent Heels
အခုနောက်ပိုင်း Instagram Star တွေ၊ Models တွေအစီးများနေတဲ့ Heels လေးပါ။ Trendy ဖြစ်တဲ့ ဖိနပ်ဆိုပေမယ့် မိန်းကလေးတိုင်းမှာ တစ်ရံတော့ရှိထားသင့်ပါတယ်။ သူ့ရဲ့ Strap တွေကျအကြည်ရောင်လေးမို့ ဘယ်လို Outfit နဲ့ဝတ်ဝတ်လည်း မလိုက်ဖက်မှာ မစိုးရိမ်စရာမလိုတော့ဘူးပေါ့။

Photo credits: Pinterest

 

, , ,

Style Note

ရှောင်ကောကောတွေလို အထာကျအောင် ဘယ်လိုဝတ်ကြမလဲ

ကောင်မလေးနဲ့ Date ဖို့ဆို ဒီ Tips တွေလည်း သိထားမှရမယ်လေ

by May Shoon

August 6, 2020

မိန်းကလေးတွေအတွက် သာမက ယောင်္ကျားလေးတွေအတွက်လည်း Fashion နဲ့ Styling ကအရေးပါတဲ့ အခန်းကဏ္ဍမှာပါပါတယ်။ ကိုယ့်ရဲ့ Professional Life မှာရော၊ Casual Life မှာရော ဝတ်စားဆင်ယင်မှု Smart ဖြစ်ဖို့က မရှိမဖြစ်လိုအပ်ပါတယ်။ အထူးသဖြင့် ကိုယ့်ရဲ့ Personal Relationship Life ကိုအများကြီး မြှင့်တင်ပေးနိုင်တယ်လေ။ ကိုယ်က ရုပ်ချောသည်ဖြစ်စေ၊ ရုပ်မချောသည်ဖြစ်စေ ဝတ်စားဆင်ယင်တာက သပ်ရပ်ပြီး Smart ကျနေတယ်၊ Style ကျနေတယ်ဆို စော်ကြည်မှာကသေချာပါတယ်။
အခုလက်ရှိမိန်းကလေးတွေကို ကြည့်လိုက်ရင်လည်း နောက်တိုင်းက Muscular Guy တွေကို ကြွေရတာကတစ်မျိုး၊ ကိုရီယားက အိုပါးတွေကလည်း ပါးစပ်က မချသလို၊ Chinese ရှောင်ကောကောတွေကိုလည်း လက်မလွတ်ချင်ပြန်ဘူး။ အဲ့လိုဆိုတော့ သူတို့ဘာလို ရှောင်ကောကောတွေကို ကြွေကြလဲဆိုတာ လေ့လာကြည့်လိုက်တော့ ရုပ်ရည်ဆိုတာထက် သူတို့ရဲ့ အပြင်အဆင်၊ Styling နဲ့ အနေအထားကာလာ အထာကျတာကြောင့်ဖြစ်နေတယ်။
အဲ့တော့ ရှောင်ကောကောမှ၊ အိုပါးမှ မဟုတ်ပါဘူး။ သင်လည်း စတိုင်ကျကျ အထာကျကျဝတ်နိုင်တယ်ဆိုရင် အများကြားမှာ စန်းပွင့်နေမှာ အသေချာပဲလေ။ အဲ့တော့ ကိုယ်ရဲ့ Dress Code ကိုလည်း သေချာပြန်ဆန်းစစ်ပြီး ပြင်သင့်တာပြင်တော့နော်။ အဲ့လိုပြောလို့လည်း ရုပ်ရှင်မင်းသားတွေလို၊ မော်ဒယ်တွေလိုလည်း အလွန်အကျူးကြီး ဝတ်စရာမလိုပါဘူး။ အောက်မှာ အယ်ဒီတာ ပြောပြထားတဲ့ Tips လေးတွေအတိုင်းလိုက်နာကြည့်ရင် ကောင်မလေးတွေလည်း တဖြည်းဖြည်းကြွေလာမှာအမှန်ပဲနော်။


အဝတ်အစားတွေကို သစ်လွင်နေပါစေ
အဲ့လိုပြောလို့ Shirt အင်္ကျ ီအသစ်ကြီး ဝယ်ဝတ်ရမယ်ပြောတာမဟုတ်ဘူးနော်။ Shirt လေးတွေ၊ Pants လေးတွေကို သပ်သပ်ရပ်ရပ်လျှော်ဖွပ်ပြီး မီးပူတိုက်ထားတာကိုပြောတာပါ။ တွန့်ကြေနေတဲ့ အဝတ်အစားတွေကသင့်ကို အရမ်း Impression ကျစေပါတယ်။ ဒီတော့ ကောင်မလေးတွေကြွေဖို့ဆို သန့်သန့်ရှင်းရှင်းသပ်သပ်ရပ်ရပ်လေးဖြစ်နေအောင်ပြင်ဆင်ထားနော်။


အရောင်တောက်တောက်တွေရှောင်ပါ
Bold Color/Crazy ကာလာတွေကို တတ်နိုင်သလောက်ရှောင်ပါ။ Neon ကာလာတွေနဲ့ ကြောင်ကြောင်ကြားကြား Print အဆင်တွေ၊ Graphic ရုပ်ပုံပါတဲ့ T-Shirt တွေက Party အတွက်ကလွဲရင် Date တဲ့အခါမျိုး၊ ကောင်မလေးနဲ့ အပြင်သွားတဲ့အခါမျိုးမှာ ဘယ်လိုမှ မလိုက်ဖက်တဲ့ အဝတ်အစား Design တွေပါ။ အဲ့အစား တည်တည်ငြိမ်ငြိမ် Basic/ Neutral ဖြစ်တဲ့ ကာလာတွေဖြစ်တဲ့ အဖြူ၊ အနက်၊ နက်ပြာ၊ အသားရောင်တို့ကိုသာဦးစားပေးရွေးချယ်ပါ။


Collered Shirt တွေကို လက်ခေါက်ပြီးဝတ်ကြည့်ပါ
ကောင်မလေးတွေ ဆံပင်မြင့်မြင့်လေးဆွဲချည်ထားရင် ကောင်လေးတွေကြွေသလို၊ ကောင်လေးတွေ Shirt ဝတ်တဲ့အခါ လက်လေးကိုခေါက်တင်ပြီး ဝတ်ရင်ကောင်မလေးတွေအရမ်းကြွေကြပါတယ်။ ရှောင်ကောကောတွေ Shirt ဝတ်တာကို ကြည့်လိုက်ရင်လည်း လက်လေးတွေခေါက်တင်ထားကြတာကို သတိထားမိတယ်မလား။

Accessories တွေအများကြီးမထည့်ပါနဲ့
ယောင်္ကျားလေးတစ်ယောက်အတွက် Accessories ဆိုတာ အရည်အသွေးကောင်းတဲ့ နေကာမျက်မှန် တစ်လက်နဲ့ လက်ပတ်နာရီ တစ်ခုရှိရင် Smart ကျဖို့လုံလောက်ပါတယ်။ တခြား Accessories တွေအများကြီး ထပ်ဖြည့်လိုက်တာက ပိုဖက်ရှင်ကျကောင်းကျနိုင်ပေမယ့် သင့်ကို Smart ဖြစ်တဲ့သူဖြစ်အောင်မလုပ်ပေးနိုင်ပါဘူး။ Gentleman ဆန်ဆန်နဲ့ပဲမိန်းကလေးတွေကို ကြွေအောင်လုပ်ပါ။


ဖိနပ်တွေကို ဂရုစိုက်ပါ
အပေါ်က အဝတ်အစားကို အပီအပြင်ရွှိုင်းပြီးမှ ဖိနပ်က ညစ်ပတ်ပေရေနေရင်လည်း ကြည့်ကောင်းမှာမဟုတ်ဘူးနော်။ အဝတ်အစားလိုပဲ ဖိနပ်ရဲ့ Neat and Tidy ဖြစ်မှုကလည်း အရေးပါပါတယ်။ ဈေးကြီးတဲ့ ဖိနပ်ဖြစ်စရာမလိုပါဘူး။ ရိုးရိုး Sneaker လေးပဲဖြစ်ဖြစ်၊ Leather Loafer လေးပဲဖြစ်ဖြစ် သန့်ပြန့်နေရင် ကောင်မလေးအတွက်သင်က အမှတ်ပြည့်ပါပဲ။

, ,

MODA TV 


Style Note

ဖက်ရှင်ကျဖို့ အလိုအပ်ဆုံး Jacket (5) မျိုး

Trend တွေနောက်ချည်းလိုက်မနေပဲ တကယ်လိုအပ်တဲ့ Outerwear တွေလည်းဝယ်ဦး

by May Shoon

July 31, 2020

အခုနောက်ပိုင်း Instagram၊ Pinterest နဲ့ TikTok တွေအရမ်းခေတ်စားလာပြီးနောက်ပိုင်းမှာ E-Girl ဖက်ရှင်တွေ၊ Aesthetic ဖက်ရှင်တွေ အရမ်း Trendy ဖြစ်လာတာမို့ 80's-90's Outfit နဲ့ Accessory တွေလည်း ပြန်ပြီး ရေပန်းစားလာတယ်။ Tennis Skirt တွေ၊ Graphic Crop-Top လေးတွေဝယ်တာလည်း ဝယ်ပါ။ ဒါပေမယ့်ကိုယ့်ရဲ့ Closet ထဲမှာ အချိန်တိုင်းလိုအပ်နေမယ့် Esssential Pieces တွေလည်း ရှိထားဖို့က ပိုလိုအပ်တယ်နော်။ ကိုယ့်ရဲ့ ပင်ကိုယ် Outfit ကဘယ်လောက် Boring ဖြစ်နေပါစေ အပေါ်က Jacket က မိမိုက်နေမယ်ဆို ဘာမှတောင်ထွေထွေထူးထူး ပြင်ဆင်စရာမလိုဘူးနော်။
နေရာဒေသ အချိန်အခါမရွေးလိုက်ဖက်တဲ့ Jacket/ Outerwear တွေက မိန်းကလေးတိုင်းရဲ့ Closet မှာ အမြဲအရေးပါနေဦးမှာပါ။ သူတို့က Outfit တိုင်းနဲ့ Corporate လုပ်ပေးနိုင်ပြီး သင့်ရဲ့ Outfit Style တွေကို Next Level ရောက်အောင် မြှင့်တင်ပေးနိုင်လို့ပါ။
ဒါဆို အချိန်တိုင်း Fashionable ဖြစ်နေဖို့ဆို အောက်မှာပြထားတဲ့ Jacket တွေထဲကတစ်ထည်နှစ်ထည်လောက်တော့ အနည်းဆုံးရှိထားသင့်တယ်နော်။ ဒီ Essential Jacket တွေက ဘယ် Jacket တွေဖြစ်မလဲ ကြည့်လိုက်ရအောင်။


Denim Jacket
အားလုံးသိကြတဲ့အတိုင်း Denim Jacket ကတော့ အရင်ကလည်း Essential ဖြစ်သလို အခုနဲ့ နောင်မှာလည်း Essential Wear အဖြစ် ရပ်တည်နေဦးမှာပါ။ အရင် 2000s ဝန်းကျင်ကတော့ Fitted Denim Jacket တွေကို ပိုကြိုက်နှစ်သက်ကြပေမယ့် Editor ကတော့ Outfit တိုင်းအတွက်ပိုပြီး လိုက်ဖက်တဲ့ Oversized Denim Jacket တွေကိုဝယ်ဖို့ Recommand ပေးချင်ပါတယ်။ အရောင်အားဖြင့်ဆိုရင်လည်း Crazy Color Denim တွေထက် Timeless ဖြစ်တဲ့ Dark Blue နဲ့ Black Color မျိုးကိုပဲ ရွေးချယ်စေချင်ပါတယ်။


Blazers
Blazer ကတော့ Formal Style ပဲဝတ်မလား။ Streetstyle ဘက်ပဲသွားမလား။ Casual ထသွားထလာလေးပဲ ဝတ်ချင်လား။ အားလုံး All-in-One အဆင်ပြေစေမယ့် Outerwear လို့ပြောလို့ ရပါတယ်။ မိန်းကလေးတွေအတွက် အရမ်းအဆင်ပြေသလို အောက်က ကိုယ်ဝတ်တဲ့ Outfit ကနည်းနည်းပါးပါး အဆင်မပြေဖြစ်ရင်တောင် Blazer လေးအပေါ်က ဝတ်သွားရင် Fashionable ဖြစ်သွားပြီပဲ။ Streetstyle ပုံစံ လိုချင်ရင်တော့ အောက်က Baggy Jeans တို့၊ Chunky Sneaker တို့နဲ့ဆိုရင်လုံးဝကွက်တိပဲ။


Biker Jacket
ခေတ်မှီပြီး ဖက်ရှင်ကျတဲ့ ကောင်မလေးတိုင်းမှာ Leather Biker Jacket တစ်ထည်ကတော့ ရှိကိုရှိပါတယ်။ အမိုက်စားဖက်ရှင်တွေနဲ့ရှိုးထုတ်နိုင်ဖို့ Biker Jacket ကတော့ Must-Have ပါ။ Night-out မှာ သင့်ကို အမိုက်ဆုံးဖြစ်နေဖို့လည်း ပံ့ပိုးပေးမှာပါ။ တစ်ချို့ကတော့ Biker Jacket ကို Graphic-Tees၊ Ripped Jeans တို့နဲ့ တွဲဖက်တာများပေမယ့် Fashion Week တွေမှာလို Maxi Dress တွေ၊ Ruffle Skirt တွေနဲ့တွဲဝတ်ရင်လည်း ထူးခြားတဲ့ Look ကိုရရှိစေပါတယ်။



Bomber Jacket
Biker Jacket နည်းတူ မိန်းကလေးတွေအရမ်းသဘောကျတာကတော့ Bomber Jacket ပါ။ သူကတော့ အများသောအားဖြင့် Sporty ဆန်တဲ့ အတွဲအစပ်တွေနဲ့ ပိုပြီးလိုက်ဖက်ပါတယ်။ သူ့ရဲ့ Vibe ကသိပ်မိန်းကလေးမဆန်တာမို့ အထူးသဖြင့် အဂေါ်တစ်လိုင်း မိန်းကလေးတွေအတွက် အကြိက်တွေ့စေမှာပါ။ ဒါပေမယ့် Bomber Jacket တွေကို မိန်းကလေးဆန်တဲ့ Bodycon Dress လေးတွေ၊ Sport Bra လေးတွေနဲ့ ဆိုရင်လည်း အထာကျတာမို့ မေ့ထားလို့မဖြစ်ဘူးနော်။

 

Trench
Trech Coat က ဒီမြန်မာနိုင်ငံရာသီဥတုအနေအထားနဲ့ သိပ်မသင့်တော်ပေမယ့် ခရီးသွားတဲ့ အချိန်တွေ နဲ့ ဆောင်တွင်းလို အချိန်တွေမှာ ထည့်စဉ်းစားသင့်တဲ့ Outerwear နော်။ Trench Coat တွေကို Sneaker လေးနဲ့စီးစီး၊ Chealsea Boots လေးနဲ့ တွဲတွဲ Korean Vibe လေးနဲ့ ချစ်စရာကောင်းနေစေမှာပါ။

, ,

Style Note

မိုးရာသီမှာ ဖက်ရှင်ကျစေမယ့် အရောင်အတွဲအစပ်များ

ရာသီဥတုကလည်းအုံ့ဆိုင်း လူကလည်းမှုန်မှိုင်းနေတာမျိုးမဖြစ်စေနဲ့ပေါ့

by Randy Win

July 16, 2020

                နှစ်စဉ်နှစ်တိုင်း နွေ၊မိုး၊ဆောင်း ဆိုတဲ့ မတူညီတဲ့ ရာသီဥတုသုံးမျိုးနဲ့အတူ တစ်နှစ်နဲ့တစ်နှစ် မတူညီတဲ့ ဖက်ရှင်ရေစီးကြောင်းတွေကြားမှာ ရပ်တည်နေကြရတဲ့သူတွေအနေနဲ့ ဘယ်လိုရာသီအချိန်ကာလမှာ ဘယ်လိုအဆင်ပြေအောင်ဝတ်ရမယ်ဆိုတာ တော်တော်လေးဦးနှောက်စားတဲ့ ပြသနာတစ်ခုပါ။ ဒါကြောင့်မို့ Trend ဘယ်လိုပဲပြောင်းပြောင်း အရောင်တွေရဲ့စွမ်းအားကိုသာ အဓိကအနေနဲ့ ကောင်းကောင်းအသုံးချလိုက်မယ်ဆိုရင် ဒီပြသနာတွေရဲ့တစ်ဝက်ကို အလိုလိုဖြေရှင်းပြီးသား ဖြစ်သွားပါလိမ့်မယ်။အများစုက မိုးရာသီဆိုတာနဲ့ စိမ်းစိုအုံ့မှိုင်းတဲ့ သဘာဝကိုတန်းပြီးမြင်ယောင်ကြမှာပါ။ ဒီလိုရာသီဥတုမျိုးမှာ သဘာဝရဲ့ အုံ့မှိုင်းမှူကိုတန်ပြန်နိုင်တဲ့ အရောင်မျိုးတွေဖြစ်သလို သဘာဝတရားရဲ့စိမ်းလန်းမှူနဲ့အနီးစပ်ဆုံးဖြစ်တဲ့ သစ်ရွက်တွေ ၊ ပန်းပွင့်တွေရဲ့အရောင်တွေကအများကြီး တာသွားနိုင်တယ်ဆိုတာကိုလည်း အားလုံးသဘောပေါက်ထားပြီးဖြစ်မှာပါ။ဒါကြောင့် မိုးရာသီရောက်တိုင်းရောက်တိုင်းမှာ အရောင်ရင့်ရင့်နဲ့ ခပ်မွဲမွဲအရောင်တွေကို အတတ်နိုင်ဆုံး ရှောင်ရှားဖို့နဲ့ ဘယ်လိုအရောင်တွေကများ ထူးထူးခြားခြား လင်းလက်ပေါ်လွင်ပြီးဆွဲဆောင်မှူရှိနေစေမလဲဆိုတာ သိစေဖို့အတွက် အောက်ကအချက်လေးတွေမှာ တချက်လေ့လာကြည့်လိုက်ရအောင်နော်။

1 .ကြေးဥစိမ်းရောင်


Turquoise ဆိုတဲ့ ကြေးဥစိမ်းရောင်ကတော့ မိုးရာသီနဲ့ အလိုက်ဖက်ဆုံးဖြစ်သလို နွေးထွေးမှူကိုလည်းပေးနိုင်တယ်လို့ အဆိုရှိကြပါတယ်။ ပြီးတော့ မိုးရာသီအတွက် အရမ်းကို Luxurious ဖြစ်တဲ့အရောင်တစ်ခုလို့လည်း ဆိုနိုင်ပါသေးတယ်။ ကမ္ဘာအနှံ့က လူအတော်များများကလည်း သူတို့ရဲ့အိမ်ခန်းတွေနဲ့ ဆိုင်တွေမှာ ကြေးဥစိမ်းရောင် ပရိဘောဂတွေ ၊အိမ်တွင်းအလှဆင်ပစ္စည်းတွေကို အသုံးပြုပြီး မိုးတွင်းကာလနဲ့ပသာဒဖြစ်အောင် Decorate လုပ်လေ့ရှိကြပါတယ်။ ဒါကြောင့်မို့ မိုးရာသီမှာ ဖက်ရှင်ပိုင်းအရ ဆွဲဆောင်မှူရှိရှိနဲ့ ပေါ်လွင်နေချင်တယ်ဆိုရင်တော့ ကြေးဥစိမ်းရောင် အဝတ်အစားနဲ့ Accessories တွေကို ရွေးချယ်ဖို့ အကြံပြုချင်ပါတယ်။


2.အစိမ်းရောင်


အစိမ်းရောင်ကတော့ မိုးတွင်းနဲ့လည်း အတော်လေးလိုက်ဖက်သလို လန်းဆန်းအားပြည့်တဲ့ အမြင်ကိုပေးနိုင်တဲ့စွမ်းအားတွေရှိတာကြောင့် ရွေးချယ်သင့်တဲ့အရောင်ထဲမှာ ထည့်ကိုထည့်ထားသင့်ပါတယ်။ မိုးကာလရဲ့ စိမ်းလန်းစိုပြည်တဲ့ သဘောတရားကို ဖော်ညွှန်းထားတဲ့အပြင် သဘာဝနဲ့ထပ်တူကျပြီး အေးချမ်းတဲ့ သဘောကိုဆောင်တာကြောင့် အများကြားမှာ မတူကွဲပြားတဲ့ ဆွဲဆောင်အားတစ်မျိုးကို ဖြစ်ပေါ်နေစေမှာပါ။

3.အဝါနဲ့ လိမ္မော်


Warm Tone ထဲမှာပါဝင်တဲ့ အဝါနဲ့လိမ္မော်ကလည်း သူမတူတဲ့ စွမ်းအားကိုယ်စီနဲ့ မိုးရာသီအတွက် အသင့်တော်ဆုံးအရောင်တွေထဲမှာ ပါဝင်နေပါတယ်။ ထိုင်းမှိူင်းလေးလံမှူကိုဆောင်တဲ့ မိုးရာသီလိုကာလမျိုးမှာ တောက်ပပြီး နွေးထွေးတဲ့သဘောကိုဆောင်တဲ့ ဒီအရောင်တွေက ဆန့်ကျင်ဘက်ရသကိုပေးစွမ်းပြီး တက်ကြွခြင်းသဘောကိုဆောင်စေတာမို့ အဝတ်အစားအနေနဲ့ရော Accessories တွေအနေနဲ့ပါ အသုံးပြုသင့်တဲ့ အရောင်တွေဖြစ်ပါတယ်။

4.အဖြူ


ရှင်းသန့်ခြင်းရဲ့ ပြယုဂ်တစ်ခုလို့ဆိုရမယ့် အဖြူရောင်ကတော့ ရိုးရာဝတ်စုံတွေမှာသာမက ခေတ်ပေါ်ဝတ်စုံတွေနဲ့အနေနဲ့ပါ အရမ်းကို လိုက်ဖက်လွန်းတဲ့ သဘာဝအရောင်တစ်ခုဖြစ်ပါတယ်။ အဖြူရောင်ကိုအသုံးပြုခြင်းက ပျော်ရွှင်ခြင်းနဲ့ တက်ကြွနုပျိုခြင်းဆိုတဲ့သဘောတရားကို ဆောင်စေတယ်လို့လည်း သတ်မှတ်ကြပါတယ်။ ဒါပေမဲ့ အထူးဂရုပြုရမှာကတော့ မိုးရာသီလို ပေကျံစွန်းထင်းဖို့လွယ်တဲ့ ရာသီဥတုမျိုးမှာ အဖြူရောင်ကို သတိထားပြီးဝတ်ဆင်ဖို့ပါပဲ။ အထူးသဖြင့် ဘောင်းဘီ၊ လုံချည်၊ စကတ်အနေနဲ့ဝတ်ဆင်တာမျိုးထက် အင်္ကျီ နဲ့ Accessories လိုမျိုးတွေကိုသာ အဓိကရွေးချယ်သင့်ပါတယ်။

5. ခရမ်းနဲ့ ပန်းရောင်


ခရမ်းရောင်ကို တော်ဝင်ဆန်တဲ့အရောင်ရယ်လို့ သတ်မှတ်ထားကြသလို ပန်းရောင်ကိုတော့ နူးညံ့လှပခြင်းသဘောကိုဆောင်တယ်လို့ခံယူထားကြပါတယ်။ ဒါကြောင့် ဒီနှစ်မိုးရာသီအတွက် တော်ဝင်ဆန်တဲ့ နူးညံ့ခြင်းသဘောကိုဆောင်တဲ့ ဒီအရောင်နှစ်ခုရဲ့တွဲစပ်မှူက အကောင်းဆုံးသောအရာတွေကို ယူဆောင်လာလိမ့်မယ်လို့လည်း ယူဆလို့ရပါတယ်။ အဓိကအားဖြင့်တော့ မိန်းကလေးတွေအတွက် အသင့်တော်ဆုံးလို့ထင်ရပေမဲ့ ငယ်ရွယ်တဲ့ ယောကျာ်းလေးတစ်ချို့အတွက်လည်း ဒီအရောင်အတွဲအစပ်ကအလုပ်ဖြစ်တာကို တွေ့နိုင်ပါလိမ့်မယ်။

 

, , , , ,