×
Celebrity Style

သူမရဲ့ အမိုက်စား Hermès Birkin လက်ကိုင်အိတ်တွေကို ထုတ်ကြွားလိုက်တဲ့ Cardi B

အိတ်တွေအကုန်လုံးပေါင်းရင် အိမ်တစ်လုံးဝယ်လို့ရနေပြီ

by Randy Win

October 19, 2020

              ပွင့်ပွင့်လင်းလင်း ဟောဟောဒိုင်းဒိုင်းပြောဆိုတတ်တဲ့ စတိုင်လ်ကြောင့် သူမပရိသတ်တွေအချစ်ကြီးချစ်နေကြရတဲ့ အမေရိကန် Rapper မလေး Cardi B တစ်ယောက် ပြီးခဲ့တဲ့ အင်္ဂါနေ့ အောက်တိုဘာ (၁၄) ရက်က သူမရဲ့ Walk-in Closet ကြီးကို Instagram ပေါ်မှာ ပုံတင်ပြီးကြွားလုံးထုတ်ခဲ့ပါတယ်။ ဒီပုံထဲမှာတော့ မိန်းကလေးအများစု အလိုချင်ဆုံး အိပ်မက်တစ်ခုလို့ပြောရမယ့် Hermès Birkin Bag အရောင်စုံကို ရင်သပ်ရှူမောဖွယ်တွေ့မြင်ရမှာပါ။


             Hermès Birkin အိတ်တွေဟာဆိုရင် တစ်အိတ်တစ်အိတ်ကို ဒေါ်လာ သောင်းချီကစလို့ သိန်းချီအထိရှိတတ်ပြီး မြန်မာငွေနဲ့တွက်ရင် သိန်းရာနဲ့ချီပေးရတဲ့ အိတ်မျိုးတွေပါ။ WAP သီချင်းနဲ့ ထိပ်တန်းအောင်မြင်မှူတွေကိုထပ်တိုးပိုင်ဆိုင်ခဲ့တဲ့ အသက်၂၈နှစ်အရွယ် Cardi B ကတော့ တန်ဖိုးကြီးကားတွေကို ဝယ်ဝယ်ပြီးစုတတ်သလို တန်ဖိုးကြီး Hermès Birkin Bag တွေကို စုရတာလည်းဝါသနာပါပုံရပါတယ်။


              Les Vegas မှာပြုလုပ်ခဲ့တဲ့ သူမရဲ့ အသက် ၂၈ နှစ်ပြည့်မွေးနေ့အပြီး တင်ခဲ့တဲ့ ဒီပုံမှာ Hermès Birkin Bag၂၃ အိတ်လောက်ထိတွေ့ရပြီး တချို့ဆို တော်တော် ရှားရှားပါးပါး Collection တွေလို့သိရပါတယ်။ Hermès ရဲ့တချို့ Birkin အိတ်တွေဟာ Litmited Edition နဲ့ထွက်ရှိတတ်သလို တစ်ချို့ဆို တစ်ကမ္ဘာလုံးမှာမှ အရေအတွက်အကန့်အသတ်နဲ့သာ ရှိတတ်တာမျိုးပါ။ Cardi က သူမရဲ့ Instagram မှာ “Pick a color”(ကြိုက်တဲ့တစ်ရောင်ရွေးလိုက်) ဆိုတဲ့ Caption နဲ့ ခပ်ကြွားကြွားလေး တင်ထားပြီး သူမရဲ့နောက်က Hermès လက်ကိုင်အိတ်တွေကိုတော့ Glitter ပါတဲ့ ဒီဇိုင်းကစလို့ Bandana-print နဲ့ Camouflage Pattern တွေအထိ ရှားရှားပါးပါး ဒီဇိုင်းတချို့ကိုတွေ့ရမှာပဲဖြစ်ပါတယ်။


             Cardi ရဲ့ ပရိသတ်တွေကတော့ ဒီထဲကလက်ကိုင်အိတ်တော်တော်များများကို မှတ်မိနေကြပြီး အားလုံးသတိထားမိတဲ့အိတ်တစ်အိတ်ကတော့ အရောင်စပ်လေးတွေပါတဲ့ အမေရိကန်ဒေါ်လာ $38,450 (မြန်မာငွေ သိန်း ၅၀၀ နီးပါး) တန် “Sunrise” Birkin Bag ပါ။ ဒီထဲကအပြာရောင်လက်ကိုင်အိတ်ကတော့ သူမမွေးနေ့အတွက် Kylie Jenner လက်ဆောင်ပေးခဲ့တာဖြစ်ပြီး ကျန်တဲ့ ၁၅ အိတ်လောက်ကိုတော့ လွန်ခဲ့တဲ့ရက်သတ္တပတ်က ကွဲမလိုဖြစ်နေတဲ့ (ခုတော့ပြန်အဆင်သွားကြပြီဖြစ်တဲ့) သူမရဲ့ ခင်ပွန်းသည် Offset ကလက်ဆောင် အဖြစ်ဝယ်ပေးထားတာတေလို့သိရပါတယ်။ ဒီထဲမှာပါဝင်တဲ့အိတ်တွေရဲ့တန်ဖိုးဟာ အမေရိကန်ဒေါ်လာ လေးသောင်းကျော်ကနေ ဒေါ်လာ တစ်သိန်းကျော်အထိ တန်တဲ့ တန်ဖိုးကြီး လက်ကိုင်အိတ်တွေချည်းပါပဲ။ ဒါဆိုရင် ဒီပုံထဲက သူမရဲ့ Hermès Birkin အိတ်တွေတင်ထားတဲ့ Wardrobe တစ်ခုတည်းကိုပဲ ဘယ်လောက်တောင် တန်ဖိုးရှိနေမလဲနော်။

Photo Credit To The Rightful Owners

, , , ,
Celebrity Style

ရိုးရိုးရှင်းရှင်းလေးတွေဝတ်တတ်တဲ့ ပျိူမေတွေနဲ့ လိုက်ဖက်တဲ့ “Start Up” မင်းသမီး Bae Suzy ရဲ့ Outfit Style

Simple & Classics ပုံစံလေးတွေ

by JN Ja Seng Pan

November 17, 2020

လတ်တလော ရေပန်းစားနေတဲ့ Start Up ဆိုတဲ့ K Drama Series လေးကြည့်ပြီးသွားကြပြီလား။ ဒီကားလေးက လူငယ်တွေအတွက် အကျိူးရှိလို့ မကြည့်ရသေးရင် ကြည့်ကြည့်ပါလို့ Editor က Recommend ပေးချင်ပါတယ်။ ဒီကားမှာ ဇာတ်ဆောင်အဖြစ် သရုပ်ဆောင်ထားတဲ့ Bae Suzy ကို သိကြမှာပါနော်။ သဘာဝကျကျ ရိုးရိုးရှင်းရှင်းလေးလှလို့ နာမည်ကြီးသူလေးပါ။ ဝတ်စားဆင်ယင်မှုအပိုင်းမှာဆိုလည်း Simple & Classics ပုံစံလေးတွေ အဝတ်များလေ့ရှိပါတယ်။ ဒါကြောင့် ရိုးရိုးရှင်းရှင်းပုံစံလေးတွေ သဘောကျတဲ့ ပျိူမေတို့အတွက် Suzy ရဲ့ Outfit Style လေးတွေကို Inspiration လည်းယူရင်း ပြန်တွဲစပ်လို့ရအောင် ဖော်ပြလိုက်ရပါတယ်။

1. T Shirt ဝတ်မယ်ဆိုရင် အရောင်လွင်လွင်လေးတွေ ရွေးချယ်ပါ။

 

2. Sneaker ကို ရိုးရိုးရှင်းရှင်းလေးပဲ ဝတ်ချင်တယ်ဆိုရင်တော့ Blazer ကုတ်လေးတွေနဲ့ တွဲဝတ်ကြည့်ပါ။

 

3. အိတ်လေးတွေ ကိုင်မယ်ဆိုလည်း Suzy ရဲ့ ဘယ်တော့မှ မရိုးသွားမယ့် အရောင်၊ ဒီဇိုင်းမျိူး အိတ်တွေက Must Have ပါ။

 

4. အရင်ခေတ်တွေကလို ဆံပင်တွေကို ဖဲကြိုးလေးနဲ့ ချည်တာက ရိုးရိုးလေးနဲ့ ဆန်းနေစေမှာပါ။

 

5. အဝတ်အစားအရောင် ငြိမ်ငြိမ်လေးတွေက Simple & Classic Look ရဲ့ အသက်ပါ။

 

6. Blouse လေးတွေကလည်း ကြည့်လိုက်တိုင်း ရိုးရှင်းအေးမြတဲ့ ခံစားချက်ကိုဖြစ်စေမှာပါ။

 

7. Jean တွေကို ဒီလို မိန်းကလေးဆန်ဆန် တွဲစပ်လို့ မရဘူးလို့ ဘယ်သူပြောလဲ။

 

8. နောက်ဆုံး အနေနဲ့ နာရီ ရိုးရိုးရှင်းရှင်းလေး တစ်ခုပတ်လိုက်တာက ဒီ Look ကို ပြီးပြည့်စုံစေမှာပါ။

 

, , ,

Celebrity Style

ချစ်စရာကောင်းတဲ့ Halloween Costume တွေနဲ့ Gigi Hadid တို့မိသားစု

ယူတို့လည်းတစ်နှစ်တစ်မျိုးမရိုးရအောင်ပဲနော်

by May Shoon

November 1, 2020

ကမ္ဘာတစ်ဝှမ်းမှာ Covid-19 တွေဖြစ်နေပေမယ့် Celebrity တို့ရဲ့ Halloween ကိုတော့မထားဆီးနိုင်ပါဘူး။ သူတို့ကအပြင်သွားသည်ဖြစ်စေ၊ အိမ်မှာနေသည်ဖြစ်စေ Halloween ကတော့လုပ်လို့ရတယ်ဆိုတာကို သက်သေပြသွားပါတယ်။ Local Celebrity တွေကစလို့ နိုင်ငံတကာ Celebrity တွေအဆုံးပေါ့။ တစ်ချို့ကျတော့လည်း Halloween ဝတ်စုံတွေအပီအပြင်ဝတ်ကြတယ်။ တစ်ချို့ကျတော့လည်း Halloween Make-up တွေကိုပဲအသားပေးပြီး ပြင်ဆင်ကြတယ်။ သူထက်ငါအမိုက်ဆုံး Costume တွေနဲ့ Halloween ဖက်ရှင်ကိုဖော်ကျူးကြတာလည်းသူတို့ပဲမလား။
ဒီနှစ်တော့ Gigi Hadid တို့ Family ရဲ့ Halloween Costume ကိုကြည့်ပြီး အရမ်းပဲ Surprise ဖြစ်သွားတယ်။ ဘာလို့လဲဆိုတော့ Gigi ရယ် Zayn ရယ်သူတို့သမီးလေးရယ်ကတူညီတဲ့ Theme နဲ့ Halloween Costume ကိုဝတ်တာမဟုတ်ပဲ ကိုယ်ကြိုက်တဲ့ Character ကိုပဲဝတ်ထားကြတာပါ။ Zayn က Harry Potter ရဲ့ Slytherin House ကျောင်းသားတစ်ယောက်ပုံစံဝတ်ပြီး Gigi ကတော့ Valorant လို့ခေါ်တဲ့ Video Game ထဲက Character ကို Inspiration ယူထားတဲ့ ဝတ်စုံလေးနဲ့ပါ။ သမီးလေးကိုကျ အစိမ်းရောင် Crochet Bennie လေးနဲ့ Hulk ပုံစံလေးဝတ်ပေးထားပါတယ်။ ဘယ်လောက်ချစ်စရာကောင်းလဲနော်။ ပိုပြီး အံ့သြသွားတာက Gigi Hadid Body Suit လို Costume ဝတ်ထားတာတောင်သူ့ Body က ကလေးမွေးထားတယ်လို့မထင်ရအောင် ချပ်ရပ်လှပနေလို့ပါ။ ဒီလို Body မျိုးရအောင်ဘယ်လို လျှို့ဝှက်ချက်တွေများရှိနေမလဲ Gigi ရယ်။


ဒီနှစ် Halloween ကတော့ အမိုက်စား ဝတ်စုံတွေနဲ့သူတွေလည်းအများကြီးပဲမို့ ဘယ်သူတွေက ဘယ် Character တွေနဲ့ ရှိုးထုတ်ခဲ့လဲဆိုတာကြည့်လိုက်ရအောင်။

လင်မယားဖြစ်တာနဲ့ Couple Halloween ဝတ်စုံဝတ်ရမယ်လို့ဘယ်သူကပြောလဲနော်။ Woody လေး Justin Bieber နဲ့ Ratched Series ထဲက Sexy Nurse Vax Latex အဖြစ်မိုက်နေသူလေးကတော့ Hailey Bieber ပါ။


အဆိုတော်မမ Lizzo ကတော့ Kamala Harris နဲ့ Debate ပြုလုပ်နေစဉ် Vice President Mike Pence ရဲ့ခေါင်းပေါ်တက်ပျံသွားတဲ့ ယင်ကောင်ပုံစံဝတ်ထားတာပါ။

 


Kim Kardashian နဲ့ကလေးတွေတစ်သိုက်ကတော့ သူငယ်ချင်း Jonathan Cheban တို့က Tiger King Joe Exotic ဆန်ဆန် ကျားလေးတွေပုံစံပြင်ဆင်လာကြပါတယ်။ ချစ်စရာလေးတွေနော်။


Lil Nas X ကတော့ Nicki Minaj ကိုကြိုက်တယ်ဆိုတာ သူ့ရဲ့ Halloween Character ကသက်သေပဲနော်။


Ciara နဲ့သူ့ခင်ပွန်း Russell Wilson တို့အလှည့်ကျ Pop ဆန်ဆန် Janet Jackson နဲ့ Busta Rhymes ပုံစံပြင်ဆင်ထားကြတာပါ။


Barb Wire ဇာတ်ကားထဲက အရမ်း Hot တဲ့ Pamela Anderson အဖြစ်နဲ့ အရမ်း Sexy ကျနေသူကတော့ Kendall Jenner ပါ။


ငယ်ငယ်က အရမ်းကြိုက်တဲ့ Iconic Hero တွေဖြစ်တဲ့ Power Ranger တွေကတော့ ဒီနှစ်မှာ Kylie Jenner တို့သူငယ်ချင်းတစ်စုဖြစ်သွားပါတယ်။


မေမေ Kris Jenner ကျ Nightmare Before Christmas ထဲကမင်းသား Jack Skellington အဖြစ်နဲ့ပါ။


ဒီအမိုက်စား Makeup Creation နဲ့ Corpse Bride လေးကတော့ Halsey ပါ။


Bella Throne ကတော့ အနီရောင်ခေါင်းစွပ်လေးနဲ့တောအုပ်ထဲကိုရောက်လာတဲ့ Red Riding Hood လေးပေါ့။


ဒီချစ်စရာကောင်းတဲ့ Spider-Man နဲ့ Swan Lake တို့စုံတွဲကတော့ John Legend နဲ့ Chrissy Teigen ပါ။

 

, , ,

Celebrity Style

Running Man မှာ အားလုံးက ငေးမောရတဲ့ အလှဆုံးအချိန်တွေ ရှိခဲ့ဖူးတဲ့ Mong Ji

Stylist များပြောင်းသွားသလားနော်။

by JN Ja Seng Pan

October 9, 2020

ပရိတ်သတ်အချစ်တော် Song Ji Hyo ကိုတော့ မသိတဲ့သူမရှိလောက်ဘူးနော်။ Running Man ရဲ့ Member တစ်ယောက်ဖြစ်ပြီး Lucky ကောင်းသူလေး၊ ဂိမ်းတွေဆော့ရင် ယောင်္ကျားလေးတွေပါ ကြောက်ရတဲ့ Ace လေးအဖြစ် နာမည်ကြီးပါတယ်။ ဒီနောက်ပိုင်း Running Man မှာ အဝတ်အစားပိုင်းနဲ့ ပတ်သတ်ပြီး Stylist က ကောင်းကောင်းမဆင်ပေးဘူးဆိုပြီး ဝေဖန်နေကြတာ တွေ့ရမှာပါ။ ဟုတ်တော့လည်း ဟုတ်တယ်နော်..အရင်ကဆို Ji Hyo လေးရဲ့ အလှကို Member တွေပါ တအံ့တသြ ချီးကျူးရတာ RM Fan တွေဆိုရင် သိမှာပါ။ Opening မှာ အမိမိုက်ဆုံးနဲ့ မြင်တဲ့သူတိုင်း ကြွေရတဲ့ Mong Ji လေးရဲ့ Running Man Best Beauty Moment လေးတွေကို အလွမ်းပြေ ဖော်ပြလိုက်ရပါတယ်နော်။


Episode 100

အပိုင်း ၁၀၀ မှာ Running Man Member တွေအားလုံး Suit အပြည့် သေချာဝတ်ပြီး Opening ဖွင့်ခဲ့တာပါ။ Mong Ji လေးက Pink Mini Dress နဲ့ အားလုံးကို ရင်ခုန်စေခဲ့တာပါ။

 

Episode 149

မြေခွေးမလေး "Gumiho" Theme လေးနဲ့ အစကို ဖွင့်ခဲ့တာပါ။ Ji Hyo လေးက နာမည်ကြီး ကိုးရီးယားမင်းသမီးကြီးတွေအတူ Couple Race လေးဆော့ရတာပါ။ Ji Hyo လေးအလှည့် ထွက်လာတဲ့အချိန် အဖြုရောင် ဂါဝန်နဲ့ Sneaker လေးစီးပြီး ပေါ့ပေါ့ပါးပါးနဲ့ ချစ်စရာကောင်းနေတာပါ။ Running Man က ယောကျာၤးလေး Member တွေတောင် သူ့အလှကို အမွှမ်းတင်ပြောဆိုလိုက်ကြပါသေးတယ်။

 

Episode 259

အပိုင်း ၁၀၀ တုန်းကလိုပါပဲ Member တွေအပါအဝင် Guest တွေပါ အမိုက်စား ဝတ်လာကြတဲ့အပိုင်းပါ။ Mong Ji တို့ကတော့ ဆွဲဆောင်မှုအားပြင်းတဲ့ Black Dress လေးနဲ့ Opening ကိုလာခဲ့တာပါ။ Lee Kwang Soo နဲ့ Gary တောင် ငေးမောကြည့်ခဲ့မိတဲ့အထိဖြစ်ခဲ့ပါတယ်။

 

Episode 304

Female Guest တွေအဖြစ် Park Shin Hye နဲ့ Lee Sung Kyung တို့ပါတဲ့ အပိုင်းပါ။ Mong Ji လေးကလည်း ရိုးရိုးလေးနဲ့ အလှပိုနေခဲ့ပါတယ်။ အဖြူရောင် Dress အရှည်နဲ့ White Heel လေးက သူမနဲ့ တော်တော့်ကို လိုက်ဖက်လှပါတယ်။ ကျက်သရေရှိလိုက်တာနော်...

 

Episode 291

ဒီအပိုင်းလေးကတော့ Gary နဲ့ Ji Hyo တို့နှစ်ယောက် Dating လုပ်တဲ့အပိုင်းလေးပါ။ Mong Ji လေးရဲ့ အလှကို ပရိတ်သတ်တွေကော Member တွေပါ မြင်တွေ့ခဲ့ရတာပါ။ Member တွေကတောင် "လှလိုက်တာ" "Ji Hyo တော်တော်လေး လှနေတယ်" ဆိုပြီး ချီးမွှမ်းကြပါတယ်။ Gary ဆို ဘယ်လောက်တောင် ရင်ခုန်နေလိုက်မလဲနော်။ 

 

 

, , ,

Celebrity Style

Emily လို အထာကျကျ French Fashion တွေကို ဘယ်လိုဝတ်ကြည့်လို့ရလဲ

Emily In Paris ကတော့ဖက်ရှင်ချစ်သူတိုင်းကြည့်သင့်တယ်နော်

by May Shoon

October 5, 2020

 အခုတလော လူငယ်တွေနဲ့ ကောင်မလေးတွေကြားမှာရေပန်းစားနေတဲ့ Netflix Series လေးဖြစ်တဲ့ Emily In Paris ကို Editor လည်းဒီပိတ်ရက်မှာကြည့်ဖြစ်ခဲ့တယ်။ ဒီ American Romantic-Comedy Series လေးကို October 2nd ကမှထွက်ရှိထားတာပါ။ Paris မှာရှိတဲ့ “Savoir” Marketing Firm တစ်ခုကို Marketing Specialist အဖြစ်အလုပ်လုပ်ဖို့ရောက်ရှိလာတဲ့ American သူလေး Emily ရဲ့အကြောင်းကိုရိုက်ကူးထားတာပါ။
ဒီဇာတ်လမ်းကိုထူးခြားစေတာကတော့ Emily အဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသမီးချောလေး Lily Collins နဲ့ ဒီ Series မှာသူမဝတ်ဆင်ထားတဲ့ Fashion တွေပါပဲ။ Chicago ကလာတဲ့ American လေးဖြစ်ပေမယ့် Emily ရဲ့ Style နဲ့ Outfit တွေကတော့ Parisian တစ်ယောက်လိုပဲ ဖက်ရှင်ကျလွန်းပါတယ်။ Editor ကိုယ်တိုင်တောင် Series ကြည့်ရင်း Emily Outfit တွေကိုလိုက်ကြည့်ပြီးသဘောကျရတာအမောပဲ။
Emily In Paris ရဲ့ Costume Style တွေက Sex and the City ရဲ့ Style Inspiration တွေနဲ့ဆက်နွယ်မှုရှိတယ်လို့ပြောလို့ရတယ်။ Emily In Paris ရဲ့ Costume Designer “Patricia Field” ကလည်းသူ့အနေနဲ့ Emily ရဲ့ Dreamy ဖြစ်တဲ့ Outfit တွေကိုပြင်ဆင်ခဲ့ပုံတွေကိုပြောပြခဲ့ပါတယ်။
“ ဒီ Series လေးက Fashion မြို့တော် Paris မှာ ရိုက်ကူးတာကြောင့်ရော Romance-Comedy ဖြစ်တာကြောင့်ရော Emily ရဲ့ Costume တွေကို ပြင်ဆင်တဲ့နေရာမှာ Eye-Pleasing ဖြစ်ဖို့ရယ်၊ Emily ကိုကြည့်လိုက်တာနဲ့ Happy ဖြစ်တဲ့ Vibe ဖြစ်အောင်ပေးနိုင်တဲ့ Oufit တွေဖြစ်အောင် Scene တိုင်းမှာသေချာဂရုစိုက်ရတယ်၊ Trendy ဖြစ်တာမဟုတ်ပဲ သရုပ်ဆောင်ရဲ့ Character ကိုတကယ်ပေါ်လွင်စေမယ့် Outfit မျိုးတွေပေါ့” လို့ Patricia ကပြောပြပါတယ်။
တကယ်လည်း Season 1 တစ်ခုလုံးမှာ Emily ရဲ့ Outfit တွေကိုကြည့်ရတာနဲ့တင်တန်နေပါပြီ။ မိန်းကလေးတွေအတွက်လည်း Try ကြည့်သင့်တဲ့ New Style Inspiration လေးတွေပါပါတယ်။ Playful ဖြစ်တဲ့ ဦးထုပ်လေးတွေ၊ ရောင်တောက်တောက် Bold Color လေးတွေ၊ Pattern/Print လေးတွေက သင့်ရဲ့ အဝတ်ဗီရိုမှာ ထပ်ထည့်သင့်တဲ့ Pieces လေးတွေဖြစ်လာမှာပါ။ Emily လို Fashionista လေးဖြစ်ဖို့ဆို သူ့လိုဈေးကြီးတဲ့ အဝတ်အစားအပြင်အဆင်တွေမပါပဲလည်း ကိုယ့်မှာရှိတဲ့ Pieces လေးတွေနဲ့လည်း Styling လုပ်ကြည့်လို့ရပါတယ်နော်။
ဒီတိုင်းပြောရင် Editor ကအရမ်းညွှန်းတယ်ဖြစ်နေမှာစိုးလို့ ကိုယ်တိုင်ပဲကြည့်လိုက်တော့နော်။


All about Pink
တကယ်လို့သင့်မှာ ပန်းရောင် အဝတ်အစားလေးတွေအများကြီးရှိတယ်ဆိုရင်တော့ အခုချိန်မှာ Styling လုပ်ကြည့်ဖို့အသင့်တော်ဆုံးအချိန်ပဲနော်။ Emily ဆိုရင်ပန်းရောင်ကိုမှ ခပ်တောက်တောက် Hot Pink လေးတွေကိုပဲ ချစ်စရာကောင်းအောင်တွဲစပ်ထားတာပါ။ Barbie ဆန်ဆန်ချစ်စရာကောင်းချင်တဲ့ ပန်းရောင်အတွဲအစပ်လေးတွေကို အထူးသဖြင့် Coat တွေ၊ Jacket တွေနဲ့ Shoes တွေကို အသားပေးစဉ်းစားသင့်ပါတယ်။


Hats are Must
ပြင်သစ်တို့ရဲ့ Signature Baret Hat လေးတွေနဲ့ Bucket Hat လေးတွေကတော့ မရှိမဖြစ် Accessoryစာရင်းထဲမှာပါတယ်နော်။သူတို့က Baret လေးတွေဆိုရင်လည်း ထင်းကနဲဖြစ်နေစေမယ့် Bold ကာလာ Beret လေးတွေကိုဝတ်ဆင်လေ့ရှိပါတယ်။ ပြီးသွားရင် ပိုးသား Neckscarf လေးတွေသာထပ်ဖြည့်လိုက်ရင် Oh-so-French ပဲ။


The Beauty of Layering
အောက်က Dress လေးတွေကို အပေါ်က Long Coat တွေ၊ Jacket တွေ၊ Cardigan လေးတွေနဲ့ အပေါ်ကနေ Layering လုပ်ဝတ်တာကလည်း Fall-Winter Season အတွက် အသင့်အတော်ဆုံး အတွဲအစပ်လေးပါ။ Emily ကတော့ အထူးသဖြင့် Dress လေးတွေ Knitted Sweater လေးတွေပေါ်ကနေထပ်ဝတ်ကြတာများပါတယ်။ Neutral လေးတွေနဲ့လိုက်တယ်ဆိုပေမယ့် ပိုပြီးထူးခြားတဲ့ Look ကိုလိုချင်ရင်တော့ Pattern တွေ၊ အရောင်တောက်တောက်တွေနဲ့ တွဲပြီး ထပ်ဝတ်ကြည့်ပါ။


Florals First
မိန်းကလေးဆန်ဆန် Floral Print Dress လေးတွေနဲ့ Off-Shoulder Top လေးတွေကိုလည်း ချန်ထားလို့မဖြစ်ဘူးနော်။ ချစ်စရာကောင်းတဲ့ ပြင်သစ်ပျိုမေလေးဖြစ်ဖို့ဆို Closet ထဲမှာ Floral Pieces လေးတွေကလည်း Must-Have နော်။


Tiffiny is Timeless
Breakfast at Tiffiny's ထဲက Adurey Hepburn ရဲ့ Iconic Little Black Dress ကတော့ အချိန်တိုင်း Elegant ဖြစ်နေတယ်ဆိုတာကို Emily ကသက်သေပြလိုက်ပါတယ်။ Little Black Dress လေးတွေက ပွဲနေပွဲထိုင်အတွက် အမြဲလိုအပ်နေတဲ့ Classic Dress အဖြစ်တည်ရှိနေဦးမှာပါ။


Chanel Bags Obssession
ဒီ 1st Season တစ်ခုလုံးမှာ Emily က Chanel Handbag လေးတွေကို Style ကျကျလွယ်ထားတာကို အားလုံးသတိပြုမိကြမယ်ထင်ပါတယ်။

 

 

, , , ,

Celebrity Style

အချိန်နှစ်နာရီအတွင်း ဆန်းဆန်းပြားပြား ဝတ်စုံ (၉)စုံ လဲပြီး ပရိတ်သတ်တွေကို ဝိုးခနဲဖြစ်စေခဲ့တဲ့ Gaga

သတ်ချ…....

by JN Ja Seng Pan

August 31, 2020

Lady Gaga ပွဲတစ်ခုတက်တော့မယ်ဆိုရင် ကမ္ဘာတစ်ဝှမ်းက ပရိတ်သတ်တွေ စောင့်ကြည့်ရတာအမောနော်။ ပွဲတိုင်းမှာ မရိုးရအောင် ဝိုးခနဲ၊ ဝါးခနဲလုပ်နိုင်တဲ့ ဆရာမကြီးပါ။ ဒီ တစ်ခေါက် 2020 VMA Award မှာလည်း Fashion ပိုင်းကော Performance ပိုင်းမှာပါ လူတွေ ပြောစရာဖြစ်အောင် လုပ်ခဲ့ပြန်ပါတယ်။ ဆု ၅ဆုပိုင်ဆိုင်ခဲ့တာဖြစ်ပြီး အဲ့ဒီထဲက ၂ဆုကတော့ Ariana Grande နဲ့ ပေါင်းပြီး Artist of the Year နဲ့ One World: Together at Home နဲ့ Best Quarantine Performance ဆုကိုရခဲ့တာဖြစ်ပါတယ်။
ဆုလက်ခံရရှိတဲ့ Speech နဲ့ သီချင်းတွေကို မတူညီတဲ့ ဝတ်စုံတွေနဲ့ ဖျော်ဖြေတင်ဆက်ခဲ့တာဖြစ်ပါတယ်။ ကဲ Lady Gaga ရဲ့ အမိုက်စား Outfit တစ်ထည်ချင်းကို လက်မလွတ်ရအောင် Article ကို ကျော်မသွားဖို့ လိုမယ်နော်။

Area


VMA ရဲ့ Signature Moon Person ကို ပြန်ပြီး Design ထွင်ထားတဲ့ Outfit ပါ။ Muscarella က အကြည်ရောင် Helmet ရယ် Pleasers က Black Platform က အားလုံးကို သတ်ချသွားတာအမှန်ပါ။


Iris van Herpen

Iris van Herpen ရဲ့ ရောင်စုံ Multi Colored Ensemble ကို ဝတ်ဆင်ပြီး ဆုတက်ယူခဲ့တာဖြစ်ပါတယ်။ ဒီ ဝတ်စုံကို ပိုပြီးထိမိုက်သွားစေတာကတော့ Cecilio Castrillo က ပန်းရောင် Face Mask ကြီးပါ။


Christoper John Rogers

ခပ်မိုက်မိုက်၊ ခပ်ဂေါ်ဂေါ် Predator လေးကြနေတာပဲ။ ဒီအစိမ်းရောင် Ball Gown ကားကားကြီးကတော့ ရက်ရက်စက်စက်ကို လှတာပါ။ Christoper John Rogers က ဝတ်စုံဖြစ်ပြီး Lance V Moore Face Mask ကို တပ်ဆင်ထားတာဖြစ်ပါတယ်။


Valentino

Valentino က စီးကွင့်အပြည့် Body Suit နဲ့ White Feather Coat ကို ဝတ်ဆင်ထားတာပါ။ သိပ်ကို လှပလွန်းမနေဘူးလား။


Candice Cuoco

Candice Cuoco က Jacket၊ Manuel Albarran က Bra နဲ့ Choker ရယ်၊ Maisonmet Mask နဲ့ Valentino Bodysuit ကို ဝတ်ဆင်ထားတာပါ။


Vex Clothing

စိမ်းပြာရောင် Latex Outfit နဲ့ အမိုက်စားဖျော်ဖြေသွားခဲ့တာဖြစ်ပါတယ်။ ဒီ Full Outfit အတွက် Brand တော်တော်များများကို အသုံးပြုထားတယ်လို့ဆိုပါတယ်။


Deadly Fetish Couture


ဆွဲဆောင်မှုပြင်းလွန်းအားကြီးတဲ့ ဒီ Outfit က Deadly Fetish Couture က အသုံးပြုထားတာပါ။


BCalla

သီချင်းဖျော်ဖြေမှုအတွက် ဝတ်ဆင်သွားခဲ့တဲ့ Outfit တွေထဲက တစ်စုံပါ။ Gaga တစ်ယောက် သူချစ်တဲ့ အနုပညာအတွက် ဘယ်လောက်တောင်ကြိုးစားထားလဲဆိုတာ ဒီဝတ်စုံတွေက သက်သေနော်။


Pleasers


ဆုတွေအများကြီး သိမ်းပိုက်သွားတဲ့ Gaga တစ်ယောက် ပွဲအပြီးမှာတော့ Graphic Tee လေးနဲ့ Platform Boot နဲ့ ပေါ့ပေါ့ပါးပါး အထာကျနေတာကို ဒီလိုတွေ့ရမှာပါ။

,

Celebrity Style

မြင်တာနဲ့ ကြွေဆင်းသွားမယ့် Flower of Evil ထဲက ဆံရှည်မင်းသား Kim Ji Hoon ရဲ့ ဓာတ်ပုံများ

တဖြုတ်ဖြုတ်ကြွေ

by JN Ja Seng Pan

September 17, 2020

ခုတစ်လော နာမည်ကြီးနေတဲ့ Korea Series တွဲလေး ကြည့်ပြီးပြီလား။ Flower of Evil ဆိုတဲ့ Series လေးက တော်တော်လေးစိတ်ဝင်စားစရာကောင်းလို့ အပိုင်းသစ်ထွက်မယ့် အချိန်ကို စောင့်ရတာအမောနော်။ မင်းသားက Lee Jun Ki ဆိုတော့ မိန်းကလေးပရိတ်သတ်တွေများမှာ ပြောစရာမလိုပေမယ့် Villian Character အနေနဲ့ သရုပ်ဆောင်တဲ့ ကိုဆံရှည် Kim Ji Hoon ကိုလည်း ချန်ထားလို့မရပါဘူး။

ဗီလိန်နေရာကနေ သရုပ်ဆောင်တာ ကြောက်စရာကောင်းသလောက် သူ့ရဲ့ ဆွဲဆောင်မှုကောင်းတဲ့ ရုပ်ရှင်သွင်ပြင်ကလည်း ပရိတ်သတ်တွေကြားမှာ ရေပန်းစားလို့နေပါတယ်။ သူ့ရဲ့ အရင်ရုပ်ရှင်တွေနဲ့မတူတဲ့ Style အသစ်နဲ့ တော်တော်လေးလိုက်ဖက်ပြီး ကြည့်ကောင်းနေတာတွေ့ရပါတယ်။ ပိုပြီးရင်ခုန်သွားစေမယ့် အမိုက်စား ပုံလေးတွေကိုလည်း ရှိလို့ ကြည့်ဖို့အတွက် ကြိုပြီးပြင်ဆင်ထားကြပါ။ စွဲလန်းသွားရင် တာဝန်မယူပါဘူးနော်။

, , ,

MODA TV 


Celebrity Style

BLACK PINK အဖွဲ့ဝင်တစ်ယောက်ချင်းစီကဘယ် Brand ရဲ့ Ambassador တွေလဲ

ဒိတ်ဒိတ်ကျဲဖြစ်နေတာလည်းမပြောနဲ့ Endorse လုပ်ထားတဲ့ Brand တွေကိုလည်း ကြည့်လိုက်ဦး

by May Shoon

August 26, 2020

အခုချိန်မှာ BLACK PINK လို့ပြောလိုက်ရင် Korean နဲ့ Asian မှာတင်မကပဲတစ်ကမ္ဘာလုံးမှာပါ ပရိသတ်တွေအခိုင်အမာရရှိထားတဲ့ Girl Band ဆိုလည်းမမှားပါဘူး။ သူတို့ရဲ့မြူးကြွတဲ့ Music အပြင်အဖွဲ့ဝင် အချောအလှလေးတွေဖြစ်တဲ့ Jennie၊ Lisa၊ Jisoo နဲ့ Rosé တို့ရဲ့ Fashionable ဖြစ်တဲ့ Style တွေကြောင့်လည်း အများကြားမှာ Iconic ဖြစ်တာပါ။
ဒီလို ငယ်ငယ်နဲ့အောင်မြင်တဲ့ Girl Band အတွက်တော့ International ကုန်ပစ္စည်းနဲ့ Service တွေက Brand Endorsement တွေပြိုင်အဆိုင်လုပ်လာကြတယ်။ BLACK PINK တစ်ဖွဲ့လုံးကလည်း Multinational Brand ကြီးတွေဖြစ်တဲ့ Adidas၊ Samsung တို့ရဲ့ Brand Ambassador တွေဖြစ်သလို သူတို့တစ်ယောက်ချင်းဆီမှာလည်း Endorse လုပ်ထားတဲ့ ကိုယ်ပိုင် Brand တွေရှိကြပါတယ်။
သူတို့ရဲ့ ကိုယ်ပိုင်အလှတရား၊ ဖက်ရှင်နဲ့ Talent တွေကိုပေါင်းစပ်လိုက်တဲ့အခါ နိုင်ငံတကာ Luxry Fashion House ကြီးတွေရဲ့ မျက်စိကျစရာဖြစ်လာတာ ဆန်းတော့မဆန်းပါဘူး။ ဒါပေမယ့် သူတို့ Ambassador အဖြစ်လက်ခံလိုက်တဲ့ Brand ကြီးတွေရဲ့ Identitiy တွေက BLACK PINK လေး တစ်ယောက်ချင်းစီရဲ့ Personal Style တွေ Traits တွေနဲ့ လိုက်ဖက်မှုရှိနေတာတော့အမှန်ပါ။
ကဲဒါဆို ဘယ်သူတွေက ဘယ်နာမည်ကျော် Brand ကြီးတွေရဲ့ Ambassador တွေဖြစ်နေလဲဆိုတာကြည့်လိုက်တော့နော်။


Jennie for Chanel
Jennie ကို သူ့ရဲ့ အဆို Talent တစ်ခုတည်းကြောင့်မဟုတ်ပဲ Unique ဖြစ်တဲ့ Fashion Taste ကြောင့်လည်း အားလုံးကကြွေနေရတာပါ။ Jennie ကိုမြင်လိုက်တာနဲ့ Chanel Brand ကတစ်ထပ်တည်း ပါလာတာပါ။ ဟုတ်ပါတယ်။ French Fashion House ကြီး Chanel ရဲ့ Brand Ambassador မဖြစ်ခင်တည်းက Jennie က Chanel ကို အရမ်းကြိုက်တဲ့ အမာခံ Fan ပါ။ Young and Trendy ဖြစ်တဲ့ Jennie က Chanel ကိုအလှပဆုံး Represent လုပ်ပေးနိုင်သူပါ။

 

Rosé for Saint Laurent
Vocalist အချောအလှလေး Rosé ကို Korean Brand Ambassador အဖြစ်ခန့်အပ်လိုက်တာကတော့ အားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ Yves Saint Laurent ပါ။ စည်းဘောင်ကန့်သတ်ချက်တွေကိုတွန်းထုတ်ပြီး Creativity ဖြစ်တဲ့ Concept ကို အသားပေးတဲ့ Saint Laurent ဖို့ Rosé ရဲ့ Edgy ဖြစ်တဲ့ အသွင်အပြင်လေးက တစ်ထပ်တည်းဖြစ်နေစေတယ်လေ။

 

Lisa for Celine
Girl Band ရဲ့ အငယ်ဆုံးလေး Lisa ကတော့ Member ထဲမှာ Instagram Follower အများဆုံးလို့လည်းပြောလို့ရပါတယ်။ Lisa ကသွက်လက်တယ်၊ Strong ဖြစ်တယ်၊ ရက်ရောတဲ့ Personality ရှိသူမို့ French Fashion House Celine ကသဘောကျသွားတာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ Celine ရဲ့ Latest Collection တွေကလည် Trendy ဖြစ်ပြီး Vibrant ဖြစ်တဲ့ အပြင်အဆင်တွေကြောင့် Lisa ရဲ့ Ambassador Position နဲ့ဆိုကွက်တိပဲပေါ့။


Jisoo for Dior
BLACK PINK အဖွဲ့ရဲ့ အသက်အကြီးဆုံး အဖွဲ့ဝင်လေး Jisoo ကတော့ ရင့်ကျက်တည်ငြိမ်ခြင်းနဲ့ Classy ဖြစ်တဲ့၊ Girly ဖြစ်တဲ့ ကောင်မလေးမို့ Elegance ကိုကိုယ်စားပြုတဲ့ Dior ရဲ့ Korean Ambassador ဖြစ်လာပါတယ်။ Dior ရဲ့ Clothing၊ Perfume နဲ့ Cosmetic Line တွေက မိန်းကလေးဆန်ဆန် Jisoo ရဲ့ Style နဲ့ တစ်ထပ်တည်းကျနေပါတယ်။ French Fashion House ကြီး Dior ကတော့ ရွေးချယ်တာမှန်ကန်တယ်ပြောရမှာပါ။

, , , , , ,

Celebrity Style

Editor အကြိုက်ဆုံး TV Show ထဲက Iconic Outfit များ

သူတို့တွေကိုကြည့်ပြီး ဝတ်ချင်သွားပြီမလား

by May Shoon

September 14, 2020


လူငယ်တွေကြားမှာ TV Show တွေ Netflix Series တွေကအရမ်း လူကြိုက်များလာပြီး ဒီ TV Show တွေရဲ့ အမိုက်စား Plot တွေနဲ့ ဇာတ်လမ်းထဲကသူတို့ရဲ့ ဝတ်စားဆင်ယင်မှုတွေက လူငယ်တွေအတွက်တင်မက လူလတ်ပိုင်း Fan တွေအတွက်ပါ Inspire ယူစရာဖြစ်လာတယ်။ တစ်ချို့ Character တွေဆို ဇာတ်လမ်းကို မသိရင်တောင်မှ သူ့ရဲ့ Outfit နဲ့ Style ကိုကြည့်ပြီး ဘယ် TV Show လဲဆိုတာသိနေကြပြီ။ မိန်းကလေးတွေအတွက်လည်း Millie Bobby Brown နဲ့ Nina Dobrev တို့ရဲ့ Style တွေကလည်း Aesthetic ဆန်တဲ့ Vibe တွေမို့ မိန်းကလေးတိုင်းအကြိုက်တွေ့နေကြတာပေါ့။ တကယ်လို့သင်လည်းသင့်ရဲ့ Style ကို Aesthetic ဆန်ဆန် Upgrade လုပ်ချင်တယ်ဆို TV Show တွေရဲ့ အမိုက်စား Outfit တွေကို Inspire ယူပြီး ပြန်လည်ဖန်တီးကြည့်လို့ရပါတယ်။ အဲ့ Netflix Series တွေထဲကမှ အရမ်းလည်း မိုက်တဲ့ Editor အကြိုက်ဆုံး Iconic Style လေးတွေကို ရွေးချယ်ပေးလိုက်ပါတယ်။
ဘယ်သူ့ဖက်ရှင်လေးတွေက အမိုက်ဆုံးလို့ထင်လဲ။


Stranger Things
1980 ဝန်းကျင် Indiana မှာ ဇာတ်အိမ်တည်ထားတဲ့ ဒီ Horror Series ကို မကြည့်ဖူးရင်တောင် မသိတဲ့သူတော့မရှိသလောက်ပါပဲ။ Series တစ်ခုလုံးက စိတ်ဝင်စားစရာကောင်းပြီး Mystery ဆန်ပါတယ်။ ပါဝင်သရုပ်ဆောင်ထားတဲ့ ဆယ်ကျော်သက်လေးတွေရဲ့ ဖက်ရှင်ကလည်း 70's-80's Retro Signature Look တွေဖြစ်တဲ့ High-Waisted Trousers တွေ၊ Baggy Jeans တွေ၊ Overall တွေနဲ့ Stripes တွေကို မြင်တွေ့ရမှာပါ။ Print တွေဆိုရင်လည်း အပွင့်ကြီးကြီးနဲ့ အရောင်တောက်တောက် Graphic Print Collar-Shirt တွေကထင်ပေါ်နေပါတယ်။ Old-School Look တွေကိုကြိုက်သူများအတွက် လက်မလွတ်သင့်တဲ့ Fashion တွေပါ။


Riverdale
Riverdale Cast တွေကတော့ Sweet ဖြစ်တဲ့ Style နဲ့ Edgy ဖြစ်တဲ့ Style ကို ရောသမမွှေထားတဲ့ School Girl Fashion Vibe တွေဖြစ်ပါတယ်။ အဲ့ထဲမှာ Editor သဘောအကျဆုံးကတော့ Betty နဲ့ Cheryl ရဲ့ Outfit လေးတွေပါပဲ။ Betty ကတော့ ကိုယ်လုံးအလှကိုပေါ်လွင်စေတဲ့ Skinny Jeans၊ Chealsea Boots နဲ့ Leather Jacket လေးတွေကိုဝတ်လေ့ရှိတယ်။ Cheryl ကတော့ Cheerleader ပီပီ Tennis Skirt၊ Sport Jersey နဲ့ Bodyfit Top လေးတွေနဲ့ တွေ့ရများပေမယ့် အထာကျနေတာတော့အမှန်ပဲ။


Friends
Friends Series ထဲကဖက်ရှင်တွေထက်မိုက်တာတော့ မရှိတော့ဘူး။ နည်းနည်းတော့ Old School ဖြစ်ကောင်းဖြစ်ပေမယ့် အခုချိန်ထိ Editor ကိုယ်တိုင်လည်း Daily Wear တွေမှာ Inspire ယူနေရဆဲ Fashion တွေလို့လည်းပြောလို့ရပါတယ်။ ဒီ Friends Series ထဲမှာဆို မိန်းကလေးသူငယ်ချင်းသုံးယောက်ရှိသလို သူတို့တွေရဲ့ ဖက်ရှင် Taste တွေကလည်းလုံးဝမတူပါဘူး။ Rachel ကတော့ Chic ဖြစ်တဲ့ Plaid Skirt၊ Turtle Neck နဲ့ Collared Shirt လေးတွေကို ကြိုက်နှစ်သက်သူပါ။ Phoebe ကတော့ Bohemian Princess လို့ပြောရအောင် Maxi Dress တွေ၊ Cardigan တွေနဲ့ Pattern Skirt လေးတွေကို ဝတ်ဆင်လေ့ရှိပြီး Monica ကတော့ Jeans တွေနဲ့ Tank Top တွေကိုသူ့ Signature Style ဖြစ်အောင်ဝတ်ပြသွားပါတယ်။

 

The Vampire Diaries
အားလုံးသိကြတဲ့အတိုင်း The Vampire Diaries ရဲ့ Style တွေကတော့ Gothic၊ Grunge နဲ့ Edgy ဖြစ်တဲ့ အငွေ့အသက်တွေ လွှမ်းခြုံနေတာပါ။ Checked Print၊ Lace Dress နဲ့ Leather Jacket တွေကို အထာကျကျတွဲစပ်ထားပါတယ်။ အရောင်ကိုလည်း Dark Tones တွေဖြစ်တဲ့ Black၊ Maroon၊ Grey ကာလာတွေကို အဓိက Highlight လုပ်ထားပါတယ်။ ဆွဲဆောင်မှုရှိတဲ့ Dress လေးတွေနဲ့အရမ်း Sexy ကျနေတဲ့ မင်းသမီးတွေရဲ့အလှကတော့ ဂေါ်ထွက်နေတာပဲနော်။

To All The Boys I Loved Before
Sweet and Cute လည်းဖြစ်ရမယ်၊ လုံလုံခြုံခြုံလည်းဖြစ်ရမယ်ဆိုရင်တော့ Lara Jeans ရဲ့ဖက်ရှင်လေးတွေကို သင်နှစ်သက်မှာပါ။ Lara Jeans ရဲ့ Outfit လေးတွေက ရိုးရိုးရှင်းရှင်းဆိုပေမယ့် ချစ်စရာကောင်းတဲ့ ကျောင်းသူလေးတစ်ယောက်ဖြစ်နေတာကိုတော့ ဘယ်သူမှမငြင်းနိုင်ပါဘူး။ အရောင်ဆိုရင်လည်း မျက်စိအေးစေမယ့် Pastel ကာလာလေးတွေ၊ Girly ကာလာလေးတွေကို အသုံးပြုထားပြီး Sweater တွေ၊ Bomber Jacket တွေနဲ့ သိုးမွေး Cardigan လေးတွေကိုလည်း တော်တော်များများ ဝတ်ဆင်ထားပါတယ်။

Photo sources from Pinterest.

, , , ,