×
Cover Stories

စုစုလှိုင်အဖြစ် ပရိသတ်တွေ လက်ခံနိုင်မလားဆိုတာ ရင်ခုန်နေတဲ့ မေမြင့်မိုရ်

ပရိသတ်တွေ ညီမကို ဘယ်လိုေ၀ဖန်ကြမလဲ၊ ဘယ်လိုပြောကြမလဲ၊ ကြိုက်မှကြိုက်ကြမလားပေါ့။ ဒီလို ပြိုင်ဆိုင်မှုတွေအရမ်းများတဲ့ကာရိုက်တာတစ်ခုအတွက် ညီမအကောင်းဆုံးတော့ကြိုးစားပြီးလုပ်နေပါတယ်။

by Moethae Say

July 29, 2017

ကျွန်တော် မေမြင့်မိုရ်ကို စသိတာက MRTV-4 ကထုတ်လွှင့်တဲ့ The Sign Of Love ဇာတ်လမ်းတွဲမှာ ကျောင်းဆရာမလေးတစ်ယောက်အနေနဲ့စတွေ့ခဲ့ပါတယ်။ အဲဒီနောက်မှာ MRTV-4 ဇာတ်လမ်းတွဲပဲဖြစ်တဲ့ "ပန်းနုသွေး"ဇာတ်လမ်းတွဲမှာ "ပန်းနုသွေး"အဖြစ် အဓိကဇာတ်ဆောင်နေရာမှာပါ၀င်ခဲ့ရပြီး ပရိသတ်တွေကလည်း "ပန်းနုသွေး"ကို အသိအမှတ်ပြုပေးခဲ့ကြပါတယ်။ အခုလတ်တလောမှာ မေမြင့်မိုရ်က "အရိပ်" ဇာတ်လမ်းတွဲရိုက်ကူးနေပြီး မကြာခင် MRTV-4 မှာပြသသွားမယ်လို့သိရပါတယ်။ အခုလက်ရှိမှာတော့ မေမြင့်မိုရ်ရဲ့ "ဆုံစည်းခြင်းမိုးတိမ်များ"ဇာတ်လမ်းတွဲကို MRTV-4 မှာပြသနေပါတယ်။ ကျွန်တော်တို့ MODA Magazine ရဲ့ ၅ နှစ်ပြည့်မှာ ကာဗာစတားတစ်ယောက်ပါ၀င်ဖြစ်ခဲ့တုန်းက မေမြင့်မိုရ်နဲ့တွေ့ဆုံထားတဲ့အင်တာဗျူးကို တင်ဆက်ပေးလိုက်ပါတယ်။

"ပန်းနုသွေး"ဇာတ်လမ်းတွဲနဲ့ ပွဲဦးထွက်မှာပဲ အောင်မြင်မှုရခဲ့တဲ့ညီမက ဆက်ပြီးတော့လည်း ဇာတ်လမ်းတွဲတွေပဲတောက်လျှောက်ရိုက်ဖြစ်နေတယ်နော်။
ဟုတ်ကဲ့။ ညီမက Forever Group နဲ့ လက်တွဲဖြစ်နေတဲ့အတွက်ပါ။ "ပန်းနုသွေး" ဇာတ်လမ်းတွဲနဲ့ ပရိသတ်က ညီမကို အသိအမှတ်ပြုပေးခဲ့တဲ့အတွက် နောက်ပိုင်းမှာလည်း "ဆုံစည်းခြင်းမိုးတိမ်များ"ကို ရိုက်ဖြစ်ခဲ့ပါတယ်။ အခုရိုက်နေတဲ့ "အရိပ်"ဇာတ်ကားကကျတော့ အရင်တုန်းက ရုပ်ရှင်ကားကြီးကို ညီမတို့က အပိုင်း ၃၀ အနေနဲ့ ပြန်ရိုက်ထားကြပါတယ်။ ညီမသရုပ်ဆောင်ရတဲ့ နေရာက မပန်းဖြူရဲ့ကာရိုက်တာဖြစ်တဲ့ စုစုလှိုင် နေရာပါ။  ဒီကားနဲ့ မပန်းဖြူက အကယ်ဒမီရထားတာပါ။ အဲဒီနေရာသရုပ်ဆောင်ရတဲ့အတွက် ညီမအတွက် တာ၀န်လည်း အရမ်းကြီးသလို ပျော်လည်းပျော်ရပါတယ်။

မပန်းဖြူရဲ့  စုစုလှိုင်နေရာက  အကယ်ဒမီရထားတဲ့နေရာလည်းဖြစ်တယ်ဆိုတော့ ညီမအနေနဲ့ ဘာတွေပြင်ဆင်ထားလဲ။
ညီမ "အရိပ်"ဇာတ်ကားကို ဖုန်းထဲမှာထည့်ပြီး ခဏခဏကြည့်ဖြစ်တယ်။ ပြီးတော့ ဆရာမ မစန္ဒာရဲ့ ၀တၳုကိုလည်းဖတ်ဖြစ်တယ်။ ပြီးတော့ ဇာတ်ညွှန်းကိုလည်း ကျေညက်အောင်ဖတ် ထားတယ်။ မပန်းဖြူရဲ့ သရုပ်ဆောင်တာက အကယ်ဒမီရထားတဲ့ အိုက်တင်ဖြစ်တဲ့အခါကျတော့ ညီမကသူနဲ့ ထပ်တူညီအောင်တော့ လုပ်မှာမဟုတ်ပါဘူး။ မပန်းဖြူရဲ့ အိုက်တင်တွေကို ညီမ References တော့ယူရပါတယ်။ ကိုယ့်ရဲ့လုပ်တတ်သလောက် အကောင်းဆုံးကြိုးစားထားတဲ့ အိုက်တင်တွေကိုတော့ ကိုယ့်ရဲ့ ဟန်အတိုင်း ညီမလုပ်ပါတယ်။ ဒီကားမှာ မျက်နှာ Expression လုပ်ရတာက တော်တော်လေးများတယ်။ သူက အမြဲတမ်းပျော်ရွှင်နေတဲ့သူမဟုတ်ဘူး။ သူငယ်ချင်းတွေနဲ့လည်း သဟဇာတသိပ်မဖြစ်ဘူး။ သူငယ်ချင်းတွေကတစ်ဖွဲ့ ပျော်ပျော်ရွှင်ရွှင် နေကြတယ်။ သူကတစ်ယောက်တည်းခွဲထွက်ပြီးနေတယ်။ ပြီးတော့ အိမ်မှာလည်းသူ့မှာ ပြဿနာရှိတယ်။ သူ့အဖေက မိန်းမရှုပ်တယ်။ သူ့အမေက လောင်းကစားတွေလုပ်တယ်။ သူ့ကို ဂရုမစိုက်ကြဘူး။ မချစ်ဘူးကြဘူးလို့ သူက ယူဆတယ်။ ဒါကြောင့် သူက အချစ်ခံချင်နေတယ်၊ မေတ္တာငတ်နေတဲ့ကောင်မလေးတစ်ယောက်ဖြစ်တယ်။ သူ့အိုက်တင်တွေကို ညီမ ကြိုးစားပြီးတော့ အကောင်းဆုံးတော့ လုပ်နေပါတယ်။ လုပ်ရတာတော့ ခက်ပါတယ်။

"ပန်းနုသွေး"တုန်းက ညီမကို "ပန်းနုသွေး၊ ပန်းနုသွေး" ဆိုပြီးဖြစ်ခဲ့တော့ "အရိပ်"နဲ့ကော "စုစုလှိုင်"ဆိုပြီးထပ်ဖြစ်သွားနိုင်လား။ ဘယ်လိုထင်ထားလဲ။
အဲလိုဖြစ်စေချင်တာကတော့ ညီမရဲ့ ဆန္ဒပေါ့နော်။ ဖြစ်စေဖို့ မျှော်လင့်မိတာပေါ့။ အရမ်းရင်ခုန်ရပါတယ်။ ပရိသတ်တွေ ညီမကို ဘယ်လိုေ၀ဖန်ကြမလဲ၊ ဘယ်လိုပြောကြမလဲ၊ ကြိုက်မှကြိုက်ကြမလားပေါ့။ ဒီလို ပြိုင်ဆိုင်မှုတွေအရမ်းများတဲ့ကာရိုက်တာတစ်ခုအတွက် ညီမအကောင်းဆုံးတော့ကြိုးစားပြီးလုပ်နေပါတယ်။

အခုလက်ရှိပြနေတဲ့ "ဆုံစည်းခြင်းမိုးတိမ်များ"နဲ့ပတ်သက်ပြီးတော့ရော  ရှိခဲ့တဲ့ အမှတ်တရတွေ၊ အခက်အခဲတွေကို ပရိသတ်တွေကိုပြောပြပေးပါဦး။
အခုပြနေတဲ့ "ဆုံစည်းခြင်းမိုးတိမ်များ"မှာ ညီမအများကြီးကြိုးစားထားပါတယ်။ အဲဒီမှာ ခေတ်သုံးခေတ်ကို သရုပ်ဆောင်ရပါတယ်။ ပုဂံခေတ်၊ အင်္ဂလိပ်ခေတ်၊ အခုမျက်မှောက်ခေတ်ပေါ့။ ပုဂံခေတ်မှာဆိုရင် ညီမ ကမေ္တာွဒီးယားစကားပေါ့နော်၊ ခမာစကားသင်ခဲ့ရတယ်။ အခုခေတ် မျက်မှောက်ခေတ်မှာကျတော့ ငွေလမင်းဆိုတဲ့ စကားမပြောတတ်တဲ့ကောင်မလေးတစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားရတော့ Body Sign Language ကို ၂ လလောက်သင်ခဲ့ရပါတယ်။ အဲဒီကားအတွက် အများကြီးကြိုးစား ခဲ့ရပါတယ်။ ခက်ခဲတာကတော့ ခေတ်တွေများတော့ တစ်ခေတ်နဲ့တစ်ခေတ် ဘ၀တွေမတူတော့ ကာရိုက်တာတွေကွဲအောင် လုပ်ရတယ်။ အမှတ်တရတွေအခက်အခဲတွေကတော့ အများကြီးပဲ။ ပြီးတော့ အဲဒီကားမှာ ငိုရတဲ့ ှခနညန များတယ်။ မနက်ကနေ ညအထိ ငိုရတဲ့ Scene တွေချည်းပဲ ရိုက်နေရတော့ မျက်လုံးကျိန်းတယ်၊ စပ်တယ်၊ မျက်လုံးနည်းနည်းထိခိုက်တယ်ပေါ့။ ဒီကားမှာ ပရိသတ်တွေရဲ့ အားပေးတဲ့အသံကြားရတဲ့အတွက် ညီမပျော်ပါတယ်။

နေရာတစ်နေရာရအောင်ကို ကြိုးစားနေရတဲ့ ကာလမှာ ရိုက်ဖြစ်တဲ့ဇာတ်လမ်းတွေကရော ညီမအတွက် စိတ်ကြိုက်ဖြစ်ရဲ့လား။
ညီမကိုလာကမ်းလှမ်းတဲ့ ကားတွေကလည်း ညီမနဲ့လိုက်ဖက်မယ်ထင်တဲ့ ကာရိုက်တာကို လာပြီးကမ်းလှမ်းတာများတော့ ရိုက်ဖြစ်တာများပါတယ်။ တစ်ခါတစ်လေကျရင် လာကမ်းလှမ်းတဲ့ကားနဲ့ စီးရီးနဲ့တိုက်နေလို့ရှိရင် ညီမက စီးရီးကို ဦးစားပေးနေရတော့ မရိုက်ဖြစ်တာမျိုးတွေတော့ရှိပါတယ်။ ဒါပေမဲ့ အတတ်နိုင်ဆုံး ရိုက်ရက်တွေ ညှိပြီးတော့ ညီမရိုက်ဖြစ်ပါတယ်။ ညီမအတွက် ထိုက်သင့်တဲ့နေရာအတိုင်းအတာတစ်ခုအထိရတယ်ဆိုရင်တော့ ညီမကြိုးစားပြီးလုပ်ပါတယ်။ အခုလက်ရှိ အနုပညာလောကမှာ ညီမတို့က ဂျူနီယာ Level မှာပဲရှိပါသေးတယ်။ ဒါကြောင့် ကိုယ့်ဆီလာတဲ့ ကာရိုက်တာတွေအားလုံးကိုတော့ ညီမ ကြိုးစားပြီးတော့ သရုပ်ဆောင်ကြည့်ချင်ပါတယ်။

အနုပညာနဲ့ပတ်သက်ပြီးစိတ်ဓာတ်ကျခဲ့တာမျိုးကော ရှိလား။
ညီမ ၁၇ နှစ်ကတည်းကလုပ်တာဆိုတော့ အခုအတွေ့အကြုံနည်းနည်းတော့ များလာတာပေါ့။ ဒါပေမဲ့ ဒီ ပညာက ပြည့်တယ်မရှိတော့ ခက်ခဲတဲ့အပိုင်းတွေကတော့ ရှိနေတုန်းပါပဲ။ ဒါပေမဲ့ အရင်တုန်းကထက်တော့ အခက်အခဲနည်းလာတယ်ပေါ့။ သရုပ်ဆောင်ရတာ၊ အိုက်တင်လုပ်နေရတာတွေနဲ့တော့ ညီမစိတ်ဓာတ်မကျဖူးပါဘူး။ ဒါပေမဲ့ အလုပ်သဘောအရ စကားပြောဆိုရတာ ဆက်ဆံရတာတွေက စိတ်ညစ်စရာတွေတော့ အနည်းနဲ့အများဆိုသလို ရှိခဲ့ပါတယ်။

လက်ရှိ ညီမမှာ တွဲနေတဲ့ချစ်သူရောရှိလား။
လက်ရှိညီမမှာ ချစ်သူမရှိသေးပါဘူး။ ရည်းစားထားဖို့လည်း အစီအစဉ်မရှိသေးပါဘူး။ ပြီးတော့ ရည်းစားထားရင် Stress တွေများမှာကိုလည်းကြောက်တယ်။ နောက်ပြီး ခုနောက်ပိုင်းမှာ အနုပညာအလုပ်တွေကို သိပ်ပြီးတော့ နားလည်ပေးနိုင်တဲ့သူမရှိဘူးလို့လည်းထင်တယ်။ ညီမမှာလည်း မနက်ကနေ ညအထိ ရိုက်ကူးရေးတွေရှိနေရတော့ ချစ်သူအတွက် အချိန်မပေးနိုင်သေးဘူးဖြစ်နေတယ်။

 

PHOTOGRAPHED BY WARREN PHRAKORNKHAM / STYLING BY DONG DONG / HAIR & MAKEUP: NYI NYI MAUNG (SAN CHUANG) / OUTFITS & ACCESSORIES: QUEEN COLLECTION / LOCATION: SAVOY HOTEL

Cover Stories

Fashion ခေတ်မှာ Own Fashion Sense ဖန်တီးချင်တဲ့ သန့်သူရိန်

အရည်အသွေးကောင်းမွန်ပြီး Hair Wigs တွေကို ဝန်ဆောင်မှုကောင်းကောင်းနဲ့ မှာယူရောင်းချပေးနေတဲ့ WeShop DivaWigs ရဲ့ CEO ကိုသန့်သူရိန်ကို MODA Man အဖြစ်ရွေးချယ်ဖြစ်ခဲ့ပါတယ်။

by Lin Lin

April 13, 2020

Fashion နဲ့ ပတ်သက်ရင် ယောက်ျားလေး ၊ မိန်းကလေးမခွဲခြားဘဲ အားလုံးဟာ စမတ်ကျကျနဲ့ ကိုယ်ပိုင်ပုံစံတစ်ခုကို ဖန်တီးယူပြီး Fashion ကျကျ နေထိုင်တတ်လာတတ်ကြပါတယ်။ ဒီလို ခေတ်နဲ့အညီ Fashion ကို ဦးစားပေးလာကြတာနဲ့အမျှ အဝတ်အစားပိုင်းသာမက ဆံပင်နဲ့ပတ်သက်ရင်လည်း နောက်ကျမကျန်ရလေအောင် ဆန်းသစ်လာကြပါတယ်။ ဆံပင်ဟာ လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာဖြစ်ပြီး Fashion ကို စိတ်ဝင်စားသူတွေဟာ ဆံပင်နဲ့ပတ်သတ်ပြီး အသစ်အသစ်တွေကို ဖန်တီးလာတတ်ကြပါတယ်။ အခုနောက်ပိုင်းမှာတော့ မိမိတို့ကိုယ်ပိုင် ဆံပင်ကို မကြာခဏပုံစံပြောင်းလဲပြီး ဖန်တီးကြတဲ့အစား Hair Wig တွေကို အသုံးပြုပြီး ကိုယ်လိုချင်တဲ့ အရောင်၊ဒီဇိုင်းကို ခေတ်နဲ့အညီ ဖန်တီးလာကြပါတယ်။
Hair Wig တွေ ကို အသုံးပြုတဲ့အခါမှာ မိမိတို့ရဲ့ ကိုယ်ပိုင်ဆံပင် ပျက်စီးမှုတွေကို ကာကွယ်နိုင်သလို မိမိတို့ စိတ်တိုင်းကျ ဆံပင်ပုံစံကို သွားမယ့်နေရာနဲ့ လိုက်ဖက်အောင် အလွယ်တကူ အသုံးပြုနိုင်ခြင်းကလည်း Hair Wig ရဲ့ အားသာချက်တစ်ခုပါပဲ။ ဒီလို Hair Wig တွေကို အသုံးပြုလာကြတဲ့အခါ အရည်အသွေးကာင်းတဲ့ Hair Wig ကို အသုံးပြုခြင်းက ရေရှည်အသုံးပြုနိုင်ပြီး မိမိတို့ စိတ်တိုင်းကျလည်း ပုံသွင်းနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ဒီလို အရည်အသွေးကောင်းမွန်ပြီး Hair Wigs တွေကို ဝန်ဆောင်မှုကောင်းကောင်းနဲ့ မှာယူရောင်းချပေးနေတဲ့ WeShop DivaWigs ရဲ့ CEO ကိုသန့်သူရိန်ကို MODA Man အဖြစ်ရွေးချယ်ဖြစ်ခဲ့ပါတယ်။

WeShop DivaWigs မှာ ရရှိနိုင်တဲ့ Hair Wig တွေဟာ လူဆံပင်အစစ်ကို ၁၀၀ ရာခိုင်နှုန်း အသုံးပြုပြီး ထုတ်လုပ်ထားတာဖြစ်တဲ့အတွက် အရည်အသွေးကောင်းကောင်းကိုမှ ကြိုက်နှစ်သက်သူတွေအနေနဲ့ နှစ်သက်မှာအသေအချာပါပဲ။ အမျိုးသားလုပ်ငန်းရှင်တစ်ယောက်အနေနဲ့ Hair Wig လုပ်ငန်းကို စတင်လုပ်ဖြစ်ခဲ့ပုံကို လည်း ကိုသန့်သူရိန်က အခုလို ပြောပြထားပါတယ်။

"ကျွန်တော့်အနေနဲ့ လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်တုန်းက အမျိုးသမီးအသုံးအဆောင်တွေနဲ့ပတ်သတ်တဲ့ Online Shop တစ်ခုကို စတင်ခဲ့တယ်။ အမျိုးသမီးနဲ့ပတ်သတ်တဲ့အသုံးအဆောင်တွေဆိုတော့ ပြောရမယ်ဆိုရင် Branded Item တွေပေါ့၊နောက်ပိုင်း Hair Wigs တွေက International မှာ အရမ်းခေတ်စားလာတာကို ကျွန်တော် တွေ့ခဲ့ရတယ် ဆိုတော့ ကျွန်တော် Hair Wig ကို စရောင်းကြည့်လိုက်တယ်။ အချိန်ကြာလာတာနဲ့အမျှ ဒီ Market က ဘယ်လောက်ကျယ်ပြန့်လဲဆိုတာ ကျွန်တော်သိသွားတယ်။ အဲ့ဒီ ကနေစပြီး Hair Wig ကို သေသေချာချာ စလုပ်ဖြစ်တာပေါ့။ စလုပ်တုန်းကတော့ Branded Items တွေကိုပဲဦးစားပေးဖြစ်ပေမဲ့ နောက်ပိုင်း ဒီ Hair Wigs တွေက Fashion တစ်ခုအနေနဲ့ ဈေးကွက်တစ်ခုရှိနေတာကို သိသွားတယ်တဲ့အခါမှာ စီးပွားရေးတစ်ခုအနေနဲ့ တစိုက်မတ်မတ်လုပ်ဖြစ်ခဲ့တာပါ။  ဆံပင်နဲ့ ပတ်သက်ရင် မိန်းကလေးတွေဆိုရင် ခေါင်းခဏခဏလျှော်ကြတယ်။ ခေတ်စားတဲ့ဆံပင်အရောင်လေးတွေ ဆိုးကြတယ်ပေါ့။ ကိုယ့်ဆံပင်ကို အရောင်ဆိုးတဲ့အခါမှာဖြစ်စေ Styling လုပ်တဲ့အခါမှာ ဖြစ်စေ Damage ဖြစ်နိုင်မယ့်အချိန်မျိုးမှာ Hair Wig ကို အသုံးပြုတဲ့အခါကျတော့ အားသာချက် အနေနဲ့ Look အမျိုးမျိုး Style အမျိုးမျိုးပြောင်းလို့ရမယ် Hair Wig ကို အသုံးပြုတဲ့အတွက်ကြောင့် ဆံပင်အစစ်ကို လုပ်သလိုမျိုး ထိခိုက်မှာ မစိုးရိမ်ရတော့ဘူး " လို့ ပြောပြခဲ့ပါတယ်။


Wig ကို ချုပ်လုပ်တဲ့အချိန်မှာ အသုံးပြုရတဲ့ လူဆံသားအစစ်တွေဟာ အိန္ဒိယက အဓိက ရရှိတာဖြစ်ပြီး လူတွေရဲ့ဆံပင်အစစ်ကိုတွေကို အသုံးပြုထားတာကြောင့် စိတ်ချလက်ချအသုံးပြုနိုင်တယ်လို့လည်း ဆိုပါတယ်။ Market မှာရောင်းအားကောင်းတဲ့ Wig တွေက ကျပ် ၄သိန်းကနေ ၈ သိန်းကြားမှာ ရှိတဲ့ Hair Wig တွေဖြစ်ပြီး ဆံပင်အထူ၊ အရှည်တွေပေါ်မူတည်ပြီး ဈေးနှုန်းကွဲပြားမှုလည်းရှိသလို အသုံးပြုတဲ့ Wig Brand ပေါ် မူတည်ပြီး ဈေးနှုန်းကွဲပြားမှုလည်း ရှိပါတယ်။ Hair Wigs အသုံးပြုသူတော်တော်များများက သူတို့လိုချင်တဲ့ Style ကို လိုချင်တဲ့ပုံစံပြပြီးမှာကြတာရှိသလို WeShop မှလည်း Customer စိတ်ကြိုက် တွေ ရွေးချယ်နိုင်အောင် Research လုပ်ထားတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

Wig တွေရဲ့ ကုန်ကြမ်း ရယူမှုနဲ့ ပတ်သက်ပြီးတော့လည်း ကိုသန့်သူရိန်က "အစ်ကို သိရသလောက် Wig တော်တော်များများမှာ အသုံးပြုတဲ့ဆံသားတွေက အိန္ဒိယက လာတာများတယ်။ မယ်သီလရှင်တွေရဲ့ တကယ့်ဆံပင်အစစ်တွေကို စက်ရုံတွေကို ပို့တယ်။ စက်ရုံမှာ Chemical တွေနဲ့ အသုံးပြုပြီးတော့ သန့်အောင်လုပ်ပြီးတော့ အဲ့ဒါကို ပြန်ချုပ်ပြီး Wigs တွေထုတ်တယ်။ အသင့် ချုပ်လုပ်ပြီးသား Wigs တွေကို ရောင်းချနေပေမဲ့ တခါတလေကျရင် Customer တွေက သူတို့လိုချင်တဲ့ပုံကို ပြပြီးမှာကြတယ်။ အဲ့ဒီ အတိုင်း Factory ကို ပြပြီး သူတို့ဘက်ကလိုချင်တဲ့ပုံစံအတိုင်း ပြန်ထုတ်ပေးတာပေါ့နော်။ နောက်တစ်ခုကတော့ Trend တွေနဲ့အညီ သူတို့ ဘာကို ကြိုက်တတ်လဲ ဘယ်လိုမျိုးကို ကြိုက်တတ်လဲဆိုတာမျိုး နောက်ပြီး Hollywood က မင်းသမီးတွေ ဘယ်လို Style တွေသုံးကြလဲ အာရှတလွှားမှာဆိုလည်း ဘယ်လို Style မျိုးခေတ်စားနေလဲ ဆိုတာကို Customer တွေ ရွေးချယ်လို့ရအောင် Research လုပ်ထားတာရှိတယ်။" လို့ ပြောပါတယ်။

ကုန်ကြမ်းအမျိုးအစားပေါ်မူတည်ပြီး ကွဲပြားတတ်တဲ့ ဈေးနှုန်းနဲ့ ပတ်သက်ပြီးတော့လည်း "ဈေးကြီးမှလည်းမဟုတ်ပါဘူး။ ဈေးကတော့ အမျိုးမျိုးရှိတယ်။ အဓိကကတော့ ဆံပင်အနေအထားတစ်ခုပေါ်မူတည်သွားတယ်။ ဆံပင်က ဘယ်လောက်ရှည်လဲ။ ဆံပင်အရှည်ဆိုတာက ၁၂ လက်မကနေ ၃၀ အထိရှိတယ် ဆံပင်အထူ(Volume)ဆိုရင်လည်း 100% ကနေ 200% ထိ ရှိတော့ ပိုထူလေ ပိုဈေးများလေ။ ပိုရှည်လေ ပိုဈေးများလေ။ နောက်တစ်ခုထပ်ကွဲသွားတာကအသုံးပြုတဲ့ ဆံပင်သားပေါ်မှာ မူတည်ပြီး ကွဲသွားတာရှိတယ်။ဆံပင်တုမှာသုံးတဲ့ထဲမှာ Virgin Hair ရှိမယ် နောက်ပြီး Remy Hair ဆိုတာရှိတယ်။ Remy Hair ဆိုတာကတော့ လူတွေအားလုံးဆီကသာမာန် ဆံပင်ကို Wigs ချုပ်ထားတာပေါ့။ Virgin Hair ကျတော့ တစ်ဦးတစ်ယောက်စီက အရည်အသွေးကောင်းတဲ့ဆံပင်ကိုမှ ရွေးချယ်စုဆောင်းပြီးချုပ်ထားတာမျိုးကိုပြောချင်တာ။ ဆံပင်သုံးတဲ့နေရာမှာ ဘယ်လောက်အထိ Human Hair စစ်လည်း ဆိုတာကို ကြည့်ကြတယ်။ အစ်ကိုတို့ WeShop မှာတော့ ရှေ့မှာပြောထားခဲ့တဲ့ ဆံပင်အမျိုးအစားနှစ်ခုကိုပဲသုံးထားတယ် တချို့ကျတော့ 60 % Human Hair ပေါ့ ဒါကို အကိုတို့က Synthetic Hair လို့ခေါ်တယ် လူဆံပင်နည်းနည်းနဲ့ Synthetic တွေနဲ့ရောချုပ်ထားတာမျိုး ဆိုရင် ဈေးက ၇ သောင်း၊ ၈သောင်း၊ ၁သိန်းလောက်နဲ့ရနိုင်တယ်။ ဒါပေမယ့် ကြည့်လိုက်တာနဲ့ ဆံပင်အတုမှန်းသိသာတယ် ဖွာနေတာမျိုး ဖောင်းဖောင်းကြီးဖြစ်နေတာမျိုးပေါ့နော်။ အဲ့လိုမျိုးတွေကွာတယ်။" လို့ ဆိုပါတယ်။


အရင်တုန်းက မြန်မာနိုင်ငံမှာ Hair Wig တွေကို Celebrity တွေ ၊ Beauty Blogger တွေသာ သုံးခဲ့ကြပေမယ့်လည်း နောက်ပိုင်းမှာတော့ Fashion ကို စိတ်ဝင်စားတဲ့ လူငယ်တွေလည်း အသုံးပြုလာကြပါတယ်။ ဖက်ရှင်တစ်ခုအနေနဲ့ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလာကြတဲ့ Hair Wigs ကို မြန်မာနိုင်ငံမှာ သင့်တော်တဲ့ဈေးနဲ့ရောင်းချနိုင်ဖို့အတွက် နိုင်ငံခြား စက်ရုံကို တိုက်ရိုက်သွားကာ Research လုပ်ခဲ့ပြီး ရလာတဲ့ Feedback တွေကို ပြင်ဆင်ရင်း လုပ်ငန်း စတင်ခဲ့ရပါတယ်။ ဒါ့အပြင် အမြဲ Update ဖြစ်နေအောင်လည်း နိုင်ငံတကာမှာ ခေတ်စားနေတဲ့ Hair Wigs ဒီဇိုင်းအမျိုးမျိုး တွေကို မျက်ခြေမပျက်စောင့်ကြည့်ပြီး Research လုပ်ထားခြင်းမျိုးလည်း ရှိပါတယ်။ သူရောင်းချနေတဲ့ Wig တွေနဲ့ ပတ်သက်ပြီးတော့လည်း "ကျွန်တော် Hair Wigs လောကထဲရောက်လာတဲ့အချိန်မှာ နာမည်ကြီးနေတဲ့ Beauty Blogger တွေက Wig တွေအရမ်းသုံးတယ်။တပ်နည်းတွေကိုလည်း Sharing တွေလုပ်နေကြတယ်ပေါ့ အဲ့ဒါကြောင့် Hair Wig တွေကို ကျွန်တော်စရောင်းဖို့ အကြံတစ်ခုရခဲ့တာ။ US က ထုတ်တဲ့ Wig တွေကို ရောင်းချတဲ့အခါကျတော့ ဒီဈေးကွက်နဲ့ ဆိုဈေးက နည်းနည်းကွာနေတာ ကျွန်တော်တွေ့ရတယ်၊အဲ့တော့ ကျွန်တော်က Factory ကို တိုက်ရိုက်သွားတယ်။ သွားရင်းနဲ့ Human Hair Wig တွေကို Research လုပ်ရင်းနဲ့ တဖြည်းဖြည်းနဲ့ ဝင်လာတာပေါ့။ တင်ရောင်းကြည့်တယ်။ လူတွေကို ပေးသုံးကြည့်တယ်။ အဲ့လိုလုပ်ရင်းနဲ့ Feedback ကလည်း ရလာတယ်။ ဈေးကွက်တစ်ခုလည်းခိုင်ခိုင်မာမာရလာခဲ့တယ် ရလာတဲ့Feedback တွေထဲမှာ လိုအပ်ချက်ရှိနေတာမျိုးဆိုရင် Factory ကို ပြန်ပြောတာမျိုးနဲ့ Customer Service ကို အကောင်းဆုံးပေးခဲ့တာမျိုး နဲ့ စခဲ့တာပေါ့။" လို့ ပြောပြခဲ့ပါတယ်။

လူငယ်လုပ်ငန်းရှင်ဖြစ်တဲ့ ကိုသန့်သူရိန်က Fashion ပိုင်းနဲ့ ပတ်သက်ပြီး စိတ်ဝင်စားသူတစ်ဦးဖြစ်တာကြောင့် ကိုယ်တိုင်လည်း စတိုင်လ်ကျကျ ဝတ်စားနေထိုင်တတ်သလို Fashion ပိုင်းကိုလည်း Supporting ပေးဖို့အမြဲ အားထုတ်နေတတ်သူတစ်ဦးလည်း ဖြစ်ပါတယ်။ သူရောင်းချတဲ့ Hair Wigs ကို Fashion Sense နဲ့ပါ တွဲမြင်စေဖို့အထိ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။နောက်ပိုင်းမှာ အားပေးတဲ့ Customer တွေအတွက်ကိုလည်း မိမိတို့မျက်နှာအနေအထားနဲ့ လိုက်ဖက်မယ့် ဆံပင်ပုံစံမျိုးကို WeShop DivaWigs Page ကနေတဆင့် အကြံဉာဏ်ပေးသွားဖို့အထိ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

Customer တွေ စိတ်တိုင်းကျ ဖန်တီးပေးနိုင်မယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး
" ကျွန်တော့်ရဲ့ Vision က ကျွန်တော့်ရဲ့ WeShop ကို Wig သီးသန့်ပဲ ရောင်းတာမျိုး မဟုတ်ဘဲ Fashion Platform လိုမျိုးမြင်စေချင်တယ်။ Wigs သီးသန့်ရောင်းချတာမျိုးမဟုတ်ပဲ ခေတ်စားနေတဲ့ Fashion Trend တွေနဲ့ပတ်သတ်ပြီးလည်း အကြုံပြုတာ Sharing လုပ်ပေးလေ့ရှိတယ်။ မိန်းကလေးအတွက်ရော၊ ယောက်ျားလေးအတွက်ရော ဆံပင်က အရေးကြီးဆုံးပဲ။ ဘယ်လိုပဲ အဝတ်အစားတွေဝတ်ဝတ် ဆံပင်ပုံစံပြောင်းသွားရင် Fashion က ပြောင်းသွားတယ် ဆိုတာကို သိစေချင်တယ်၊အဲ့တော့ ကျွန်တော်တို့အနေနဲ့ Customer မျက်နှာအနေအထားပေါ် မူတည်ပြီး ဘယ်လိုဆံပင်ပုံစံမျိုးနဲ့ လိုက်ဖက်မလဲဆိုတာကို Research လုပ်ပြီး လိုက်ဖက်တဲ့ Hair Wig တွေကို အကောင်အထည်ဖော် ရောင်းချသွားမယ်။ Evening မှာ Night Out ထွက်ချင်တယ်ဆိုရင် ဘယ်လိုမျက်နှာအနေအထား မျက်နှာကျနဲ့ ဘယ်လိုဆံပင်ပုံစံမျိုးနဲ့ လိုက်လဲဆိုတာကို ကျွန်တော်တို့ Page မှာ ဝင်ကြည့်လို့ရတယ်။ Styling တော့ မပါဘူး။ ဒါပေမဲ့ Advice တော့ ပေးလို့ရတယ်။ လိုချင်တဲ့ပုံစံကို ဖန်တီးပေးလို့ရတယ်။" လို့ ကိုသန့်သူရိန်က MODA ကို ပြောပြခဲ့ပါတယ်။


လူတစ်ယောက်အတွက် First Impression ဖြစ်တဲ့ Fashion နဲ့ ပတ်သက်ပြီး ဒီနေ့ခေတ်မှာ မိန်းကလေးတွေသာမက ယောကျာ်းလေးတွေပါ ဦးစားပေးပြီး ဝတ်ဆင်လာတာနဲ့ ပတ်သက်ပြီး ကိုသန့်သူရိန်က အခုလို သူ့ရဲ့ အမြင်ကို ပြောပြခဲ့ပါသေးတယ်။

"ကျွန်တော်က Fashion ကို ဦးစားပေးပါတယ်။ စီးပွားရေးလုပ်ငန်းရှင်ပဲ ဖြစ်ဖြစ်၊ သာမန်လူပဲ ဖြစ်ဖြစ် လူတစ်ယောက်ကို ကြည့်လိုက်တာနဲ့ First Impression က ပိုအရေးကြီးတယ်။
ဖြစ်သလိုဝတ်လာတယ်ဆိုရင် လုပ်ငန်းတူတူလုပ်ဖြစ်ချင်မှ လုပ်ဖြစ်မယ်။ ကိုယ်ပိုင် ဒီဇိုင်းတစ်ခုကို ဖန်တီးဖို့ဆိုရင်တော့ ကိုယ်တိုင်ကလည်း Fashion အမြင်ရှိမှဖြစ်မှာပေါ့
ဒီနေရာမှာ ဒါကိုပဲ ဝတ်ရမယ်ဆိုပြီး ပုံသေသတ်မှတ်တာမျိုးမရှိဘူးပေါ့။ ဒါပေမယ့် အခုကလည်း Fashion ခေတ်ဆိုတော့ ဘယ်ပဲ ကြည့်လိုက်ကြည့်လိုက် လူတွေက အကုန်လုံးလှချင်ကြတယ်။မြန်မာနိုင်ငံမှာက အခုနောက်ပိုင်းမှာ Fashion နဲ့ ပတ်သက်ရင် Beauty Blogger ၊ Stylist တွေအရမ်းများလာတယ်။" လို့ ဆိုပါတယ်။
လူငယ်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးအနေနဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီးတော့ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ယုံကြည်မှုရှိရှိနဲ့ ဖြတ်သန်းပြီး ကိုယ်လိုချင်တဲ့ Vision ကို ရောက်အောင် သွားနိုင်ဖို့အတွက် ကိုသန့်သူရိန်က အခုလိုပဲပြောပြခဲ့ပါတယ်။

"စီးပွားရေးတစ်ခုလုပ်မယ်ဆိုရင် အဓိကက အခက်အခဲတွေလည်း ကြုံရမယ်။ အခက်အခဲတွေကြုံတဲ့ အချိန်ကျရင် စိတ်ညစ်တာတွေလည်းရှိမယ်။ ပင်ပန်းတာတွေလည်းရှိမယ်။ အခက်အခဲကြုံတဲ့ အခါကျရင် ဘာပဲဖြစ်လာလာ စိတ်ဓာတ်မကျပဲ ကိုယ်သွားချင်တဲ့ Vision ကို ရောက်အောင်သွားဖို့ပဲ လိုအပ်တယ်။ အဲ့ဒါတွေကို ကျော်ဖြတ်ဖို့က ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိဖို့ပဲလိုအပ်တယ်" လို့ သူ့ရဲ့ ခံယူချက်ကို ပြောပြခဲ့ပါသေးတယ်။

, ,

Cover Stories

ချစ်ခြင်းရနံ့တွေကြားက တွဲလက်များ Thu Rayn Kyaw Moe နဲ့ Christina Lim

တစ်ယောက်နဲ့ တစ်ယောက် ပထမဆုံးတွေ့ခဲ့တဲ့အချိန်ကတည်းက မှတ်မှတ်ထင်ထင်ဖြစ်ခဲ့တဲ့ ရနံ့လေးတွေနဲ့ ပျော်ရွှင်စရာ Memory လေးတွေအကြောင်းကို ကြည်ကြည်နူးနူးလေး ပြောပြခဲ့တဲ့ Thu Rayn Kyaw Moe နဲ့ Christina Lim တို့က သူတို့နှစ်ဦးရဲ့ ချစ်ခြင်းကို ယုံကြည်မှုပိုစေတဲ့ အချက်လေးတွေအကြောင်းကိုလည်း ဖွင့်ဟခဲ့ပါတယ်။

by Lin Lin

March 19, 2020

နားလည်မှု ပျော်ရွှင်မှုတွေနဲ့ တည်ဆောက်ထားတဲ့ သူတို့နှစ်ဦးကို MODA Team က ဒီတစ်လရဲ့ Cover Star အဖြစ် ရွေးချယ်ခဲ့ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ပထမဆုံးတွေ့ခဲ့တဲ့အချိန်ကတည်းက မှတ်မှတ်ထင်ထင်ဖြစ်ခဲ့တဲ့ ရနံ့လေးတွေနဲ့ ပျော်ရွှင်စရာ Memory လေးတွေအကြောင်းကို ကြည်ကြည်နူးနူးလေး ပြောပြခဲ့တဲ့ Thu Rayn Kyaw Moe နဲ့ Christina Lim တို့က သူတို့နှစ်ဦးရဲ့ ချစ်ခြင်းကို ယုံကြည်မှုပိုစေတဲ့ အချက်လေးတွေအကြောင်းကိုလည်း ဖွင့်ဟခဲ့ပါတယ်။

Thu Rayn Kyaw Moe

နှစ်ယောက်ရဲ့ Relationship သက်တမ်းက ၁၅နှစ်ရှိပြီလို့သိရတယ်။ ဒီလိုအချိန်အကြာကြီးမှာ ဘယ်လို နားလည်မှုတွေနဲ့တည်ဆောက်ခဲ့ကြလဲ။
တစ်ယောက်နဲ့ တစ်ယောက်နားလည်မှုနဲ့ အပြန်အလှန်လေးစားမှုပေါ့။ အဲ့ဒါတွေနဲ့ တည်ဆောက်ထားတာပါ။ မတ်လ ၂၅ ဆိုရင် ၁၅ နှစ်ပြည့်ပြီ။

ဒီကာလအရှည်ကြီးမှာတယောက်နဲ့တယောက် အမြဲ Romantic ဖြစ်နေအောင် ဘယ်လိုမျိုးလေးတွေလုပ်ပေးဖြစ်လဲ။
Romantic ဖြစ်တယ်လို့လည်း မဟုတ်ပါဘူး။ ကျွန်တော်တို့လည်း ပုံမှန်ပါပဲ။ ပုံမှန်လူတွေသွားသလိုပဲ။ ပုံမှန်ဖြတ်သန်းကြတာပါ။ အရမ်းကြီး Romantic ဖြစ်တယ်လို့လည်း မဟုတ်ပါဘူး။ အမြဲတမ်း Romantic ဖြစ်နေတာတော့ မဟုတ်ပါဘူး။ ဖြစ်သင့်တဲ့အချိန်လေးတွေဆို ဖြစ်လိုက်တယ်။ အဲ့လိုမျိုးလောက်ပါပဲ။

ကတောက်ကဆ ဖြစ်တဲ့အချိန်တွေရော ရှိလား ။ ဒီလိုအချိန်တွေကို ဘယ်လိုကျော်ဖြတ်ခဲ့လဲ။
ကတောက်ကဆဖြစ်တဲ့အချိန်တွေရှိတယ်။ အဲ့လိုအချိန်မျိုးဆို သိပ်စကားမပြောဖြစ်တာများတယ်။ အေးအေးဆေးဆေးဖြစ်တဲ့အချိန်လောက်မှ အဲ့အကြောင်းကို ပြန်ပြောတာ။ နားလည်မှုယူဖို့အတွက်ကတော့ စကားများများပြောဖြစ်တယ်။ ဒီပြသနာဘယ်ကနေစဖြစ်တယ်ဆိုတာမျိုး အစကို ပြန်သွားပြီးတော့ အေးအေးဆေးဆေးပဲ ဖြေရှင်းတယ်။

ယောကျာ်းလေးတစ်ယောက်အနေနဲ့ နှစ်ပတ်လည်နေ့တွေ ၊ အမျိုးသမီးရဲ့မွေးနေ့လိုမျိုးတွေကို မေ့တဲ့အခါမျိုးတွေရှိခဲ့လား။
ကျွန်တော်က မမေ့ဘူး။ သူပဲမေ့တာ (Christina Lim ကိုကြည့်ပြီး ရယ်လျှက်)

နှစ်ဦးသား ချစ်ခြင်းမေတ္တာကို ဘယ်လိုပုံဖော်ထားလဲ။
အဓိက ပျော်ရွှင်မှုပါပဲ။ ကျွန်တော်တို့ ခံယူထားတာ အောင်မြင်မှုတို့၊ ကျော်ကြားမှုတို့ထက်စာရင် ပျော်ပျော်ရွှင်ရွှင်လေးပဲ ဖြတ်သန်းချင်တာပေါ့။ အဓိကကတော့ ပျော်ရွှင်မှုကို အခြေခံထားပြီးတော့ ဆက်သွားနေတာပေါ့။

အစ်ကို့အနေနဲ့ လူတစ်ယောက်ရဲ့ ကိုယ်သင်းရနံ့က သူ့ရဲ့ First Impression အတွက်ဘယ်လောက်ထိ အရေးပါတယ်ထင်ပါသလဲ။
တော်တော်များများကို အရေးပါတယ်လို့ ထင်ပါတယ်။

အစ်ကိုအစ်မနဲ့ စတွေ့တုန်းက သူ့ရဲ့ကိုယ်သင်းရနံ့က အစ်ကို့အတွက် First Impression ကိုဘယ်လို ပေးဆောင်ခဲ့လဲ။ အခုထိ‌ရော စိတ်ထဲမှာ စွဲထင်နေတုန်းပဲလား။
စွဲနေတုန်းပဲ။ သူအရင်တုန်းက ဆွတ်တဲ့ ရေမွှေးလေးတစ်ခုရှိတယ်။ အရင်တုန်းက သူပစ္စည်းလေးတွေပေးရင် အဲ့ရေမွှေးလေးကို ဆွတ် ဆွတ်ပြီးပေးတာ။ အဲ့အနံ့ပျောက်မှာစိုးလို့ အရင်တုန်းက ကျွတ်ကျွတ်အိတ်လေးနဲ့ ချည်ပြီးတော့ ပစ္စည်းလေးတွေကို သိမ်းဖြစ်တယ်။

ဟိုတလောက Comfort ပွဲလေးမှာ အစ်ကိုတို့တက်ခဲ့တဲ့ဓာတ်ပုံတွေကို တွေ့ခဲ့ပါတယ်။ အဲ့ဒါ အစ်ကိုတို့လည်း Comfort သုံးဖြစ်တယ်ပေါ့။
သုံးဖြစ်တယ်။ သုံးဖြစ်တာက သူက အင်္ကျီတွေသာမကဘဲ စောင်တွေပါ မွှေးလို့ဆိုပြီးလျှော်တယ်။ စောင်တွေရော ခေါင်းအုံးတွေရောထည့်လျှော်တယ်။

ဘာကြောင့် Comfort ကိုသုံးဖြစ်ခဲ့တာလဲ။
တခြားတံဆိပ်တွေထက် မွှေးပြီးတော့ ပိုကြာကြာခံတယ်။ ပုံမှန်ဆိုလျှော်ပြီးလို့ အင်္ကျီကိုထုတ်လိုက်ရင် အနံ့တွေက ပျံ့သွားတယ်။ လျှော်ပြီး ဗီရိုထဲထည့်လိုက်တာနဲ့ ဗီရိုတစ်ခုလုံးက သူ့အနံ့ကိုထွက်နေတာ။ ခရီးသွားတဲ့အခါကျရင်လည်း တခြားနေရာရောက်တဲ့အထိ အဲ့အနံ့လေးက ပါနေတာ။

Comfort ရဲ့ ရနံ့တွေထဲမှာ‌ရော ကိုယ့်ကို Confidence ရှိစေတဲ့ ရနံ့မျိုးပါလား။
၂ခုလုံးတော့ ကြိုက်တယ်။ တစ်မျိုးစီပေါ့။ တစ်ခုရိုးသွားရင် တစ်ခုသုံး အပြောင်းအလဲလေးသုံးတာပေါ့။

ချစ်သူဘဝမှာသာမက အိမ်ထောင်သည်ဘဝမှာပါ အမြဲ Romantic ဖြစ်စေတဲ့ လျို့ဝှက်ချက်က ဘာဖြစ်မလဲ။
အဓိကကတော့ ပျော်အောင်နေမယ်ဆိုတဲ့ ပင်ကိုယ်စိတ်ကပဲ ဖြစ်ပါလိမ့်မယ်။

ခရီးတစ်ခုသွားတော့မယ်ဆိုရင် အရင်ဆုံးစဉ်းစားမိတာက ဘာဖြစ်မလဲ။
အဝတ်အစား စဉ်းစားတယ်။ သွားရင်လည်း ပျော်ပျော်ရွှင်ရွှင်သွားဖို့ပဲ စဉ်းစားတယ်။

ခရီးစဉ်တစ်ခုမှာ သက်သောင့်သက်သာနဲ့ အဆင်ပြေပြေဖြစ်စေဖို့ ဘာတွေအရင်ဆုံးပြင်ဆင်လဲ။
နှစ်ယောက်တိုင်ပင်တယ်။ ဟိုတယ်ဆိုလည်း ရွေးချယ်ထားတဲ့ ဟိုတယ်ကို စောစောစီးစီးကတည်းက Booking လုပ်တယ်။ အနားကပ်ပြီးမှဆိုရင် Rush ဖြစ်တယ်။ တည်းမယ့်ဟိုတယ်လောက်ပဲရွေးတယ်။ ကျန်တာတွေက ရောက်ရင် ရောက်တဲ့အတိုင်း Go with the flow ပဲသွားတယ်။

Relationship တစ်ခုမှာ ခရီးသွားခြင်းက ဘယ်လောက်အထိ ရင်းနှီးမှုပိုစေတယ်လို့ထင်လဲ။
လူတစ်ယောက်အကြောင်းသိချင်ရင် ခရီးအတူတူသွားကြည့်ဆိုတဲ့အတိုင်းပေါ့။ ခရီးသွားရင် တစ်ယောက်နဲ့တစ်ယောက်ပိုသိတယ်။ စကားများများပိုပြောဖြစ်တယ်။ မြို့ပြမှာထက်စာရင် ခရီးသွားတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် ရင်းရင်းနှီးနှီးနဲ့ Future Plan လေးတွေပြောဖြစ်တာပေါ့။ များများပြောသင့်တယ်။ များများသွားသင့်တယ်လို့လည်းထင်တယ်။

Christina Lim

ချစ်ခြင်းမေတ္တာအပြည့်အဝ ရရှိတဲ့ အမျိုးသမီးတွေဟာ ဘက်စုံမှာ အောင်မြင်ကြတယ်ဆိုတာနဲ့ပတ်သက်ပြီး အစ်မရဲ့ အမြင်လေးပြောပြပေးပါဦး။
အောင်မြင်တယ်ဆိုတာလည်း ကိုယ့်ဘက်ကလည်း အချစ်တွေ အပြည့်အဝပေးနိုင်ရမယ်။ ချစ်တယ်ဆိုတာလည်း အပေးအယူမျှရမယ်။ အောင်မြင်တယ်ဆိုတာလည်း ကိုယ့်ရွေးချယ်မှုပေါ့။

အစ်ကို့ကို ဘဝလက်တွဲဖော်အဖြစ်ရွေးချယ်ဖြစ်ခဲ့တဲ့ အဓိကအချက်က ဘာဖြစ်မလဲ။
အဓိကက သူက စိတ်ရှည်တယ်။ သူ့ကို စသိတည်းက ဘယ်တော့မှ အော်တာ၊ ဆဲတာတွေ မရှိဘူး။ ပြီးတော့ သူကအမြဲပျော်နေတာ။ အဓိကကတော့ အဲ့ဒါတွေပေါ့။

အများကအားကျပြီး ကိုယ်တိုင်ကလည်း သာယာတဲ့အိမ်ထောင်တစ်ခုကို တည်ဆောက်ထားတဲ့ အဓိကလျို့ဝှက်ချက်က ဘာလို့ထင်လဲ။
လျှို့ဝှက်ချက်တော့ မရှိပါဘူး။ အဓိကကတော့ ကိုယ့်ဘက်ကလည်း အကောင်းဆုံးဖြစ်အောင်နေတယ်။ ရည်းစားဘဝမှာပဲဖြစ်ဖြစ်၊ အိမ်ထောင်သည်အမျိုးသမီးဘဝမှာပဲ ဖြစ်ဖြစ် အကောင်းဆုံးဖြစ်အောင်နေတယ်။

အစ်မတို့ စုံတွဲရဲ့ အများနဲ့ မတူတဲ့ ထူးခြားနေတဲ့ Style တစ်ခုကို ပြောပါဆိုရင် ဘာလို့ထင်လဲ။
ဘာပဲရိုက်ရိုက် ဘာပဲတင်တင် ကိုယ့်ရဲ့ Reality ၊ ကိုယ်ပျော်နေတဲ့ Movement လေးတွေကို သူများကို ပေးချင်လို့ ရိုက်ပြီးတင်ဖြစ်တာများတယ်။ ကိုယ့်ရဲ့ ပျော်ရွှင်မှုလေးတွေကို Sharing လုပ်ပေးချင်လို့ ရိုက်ဖြစ်တာပေါ့။

ချစ်ခြင်းမေတ္တာတွေကိုအမြဲ လတ်ဆတ်နေစေတဲ့အကြောင်းအရင်းကရော ဘာလဲ။
ပျော်ပျော်ပါးပါး ပေါ့ပေါ့ပါးပါးပဲ နေဖြစ်တယ်။ ကိုယ့်ရဲ့ ပျော်တာကို အနှောင့်အယှက်ဖြစ်တဲ့အရာမျိုးဆို မလုပ်ဖြစ်တာများတယ်။ ကိုယ့်ပျော်ရွှင်မှုကို ထိခိုက်လာမယ်။ ကိုယ့် Relationship ကို ထိခိုက်လာမယ်ဆိုရင် ရှောင်တယ်။

ချစ်ခြင်းမေတ္တာနဲ့ ရနံ့လေးတွေနဲ့ ဆက်နွယ်မှုအကြောင်းကို ပုံဖော်ပေးပါဦး။ ဘယ်လို ရနံ့လေးတွေက အစ်မတို့ရဲ့ချစ်ခြင်းကို အမှတ်ရစေပါသလဲ။
Chris က မွှေးရနံ့တစ်ခုကို Memory တစ်ခုအနေနဲ့ မှတ်တယ်။ ခရီးသွားရင် တစ်နေရာသွားရင် ရေမွှေးတစ်မျိုးသုံးတယ်။ ရေမွှေးနံ့တစ်ခုရရင် အဲ့တစ်နေရာကို တန်းပြီးမြင်အောင်ပေါ့။ နောက်ပိုင်းကျတော့ သွားတာတွေများလာတော့ ရေမွှေးနံ့လည်း သိပ်မလုပ်နိုင်တော့ဘူး။ (ရယ်လျှက်) Chris က တစ်ချို့လူနာမည်တွေကို မမှတ်မိရင်သာနေမယ်။ အမွှေးနံ့တော့ မှတ်မိတယ်။ အမွှေးကြိုက်လို့။

ချစ်ခြင်းမေတ္တာနဲ့ ရနံ့လေးတွေရဲ့ ဆက်နွယ်မှုအကြောင်းလည်း ပြောပြပေးပါဦး။
Chris ကတော့ အမွှေးနံ့က အရမ်းအရေးကြီးတယ်လို့ထင်တယ်။ အမွှေးနံ့က Mood ပေးတယ်လို့ထင်တယ်။ ဒါကြောင့်အရေးကြီးတယ်လို့ ထင်တယ်။

ကိုယ်ရွေးချယ်လိုက်တဲ့ ရနံ့ကြောင့် ဘယ်လောက်အထိ ယုံကြည်မှုပိုစေခဲ့လဲ။
A . တစ်ယောက်နဲ့ တစ်ယောက် ကြိုက်တဲ့အနံ့ချင်းမတူဘူး။ Chris ဆိုရင် ပန်းနံ့သင်းသင်းလေးတွေကြိုက်တယ်။ ချိုချိုအီအီကြီးတွေ မကြိုက်ဘူး။ ချိုချိုသင်းသင်းလေးတွေဆို ကြိုက်တယ်။ ကိုယ်ကြိုက်တဲ့အနံ့ဆွတ်ထားရင် နေလို့ကောင်းနေတယ်။ ခေါင်းလည်းကြည်တယ်။ ကိုယ်မကြိုက်တဲ့အနံ့ကို ဆွတ်ထားမိရင် နေလို့မကောင်းဘူး။ ခေါင်းလည်းမကြည်တော့ဘူး။

အစ်ကိုနဲ့အစ်မတို့ စတွေ့တွေ့ချင်း First Impression တွေကိုပြန်အမှတ်ရစေမယ့် ရနံ့လေးတစ်ခုဆိုရင် ဘာဖြစ်မလဲ။
သူ့ဆီက အမြဲရတတ်တဲ့အနံ့က ရေမွှေးမဟုတ်ဘူး။ ဆပ်ပြာမှုန့်နံ့။ ဘယ်လိုသတိထားမိလည်းဆိုတော့ သူနဲ့ အိမ်ထောင်စကျတော့ အိမ်ပြောင်းတဲ့အချိန်မှာ သူ့အိမ်ကအနံ့က အဲ့အနံ့ဆိုတာကို မှတ်မိနေတယ်။ သူ့အခန်းထဲပြန်ဝင်သွားလိုက်ရင် အဝတ်လျှော်မှုန့်အနံ့ပေါ့နော်။

ဟိုတလောက Comfort ပွဲလေးမှာ အစ်မတို့တက်ခဲ့တဲ့ဓာတ်ပုံတွေကို တွေ့ခဲ့ပါတယ်။ အဲ့ဒါ Comfort ရဲ့ ရနံ့တွေထဲမှာ memory တွေကို ပြန်သတိရစေတဲ့ ရနံ့မျိုးလေးတွေပါလား။ ပါတယ်ဆိုရင် ဘယ်လိုမျိုးလေးတွေလဲ။
Comfort က မွှေးတယ်။ ဒါပေမယ့် Chris တို့ သုံးဖူးတဲ့ အနံ့တွေနဲ့လည်း မတူပြန်ဘူး။ တစ်မျိုးလေးမွှေးနေတယ်။ အမှတ်ရစရာဆိုတာကတော့ Comfort သုံးပြီးကတည်းက တက်တက်ကြွကြွသွားလာဖြစ်တယ်။ လန်းလန်းလေးပေါ့။ ဒီအနံ့ရှုလိုက်တိုင်း ခေါင်းကြည်တယ်။ အဝတ်အစားလေးတွေ အသုံးအဆောင်လေးတွေက မွှေးနေတဲ့အခါကျတော့ စိတ်ကြည်တယ်။

ချစ်ခြင်းမေတ္တာရဲ့ နားလည်မှုဆိုတာကို အစ်မအနေနဲ့ ဘယ်လိုအဓိပ္ပါယ်ဖွင့်ချင်လဲ။
ချစ်တဲ့အခါကျတော့ တချို့အရာနားလည်မပေးနိုင်တဲ့အရာတွေကိုတောင် နားလည်ပေးနိုင်တယ်။ ကိုယ်တကယ်ချစ်တယ်ဆိုရင်ပေါ့။ အင်္ဂလိပ်လိုပြောရရင် Unconditional Love ပေါ့။ Condition ပေါ်မူတည်ပြီး နားလည်ပေးတာမျိုးမဟုတ်ဘဲ အလိုလိုနေရင်းနားလည်ပေးနိုင်တယ်။

အိမ်ထောင်တစ်ခုတည်ဆောက်တဲ့အခါ လက်တွဲဖော်တစ်ယောက်အနေနဲ့ သိထားသင့်တဲ့ အချက်လေးတွေကို ပြောပြပေးပါလား။
Chris တို့ နှစ်ယောက်စလုံးမှာက အမျိုးသမီးမို့လို့ ဒီအလုပ်လုပ်ရမယ်။ အမျိုးသားမို့လို့ ဒီအလုပ်လုပ်ရမယ်ဆိုတာမျိုး မရှိဘူး။ နှစ်ယောက်စလုံးက အကုန်တူတူလုပ်တယ်။

အစ်မတို့ အတူတူသွားခဲ့ကြတဲ့ ခရီးတွေထဲမှာ အမှတ်တရအဖြစ်ဆုံးခရီးစဉ်က ဘာဖြစ်မလဲ။ ဘာကြောင့်လဲ။
အမှတ်ရစရာတွေကတော့ အများကြီး။ Chris က ခရီးစသွားတာဆိုရင် သူနဲ့အိမ်ထောင်ကျပြီးမှ စသွားဖြစ်တာ။ ပထမဆုံး သူနဲ့ လွတ်လွတ်လပ်လပ် စသွားဖြစ်တာဆို ဟန်းနီးမွန်းခရီးပေါ့။ ဟန်းနီးမွန်းကတော့ ဘယ်တော့မှ မမေ့ဘူး။ ဟန်နီးမွန်းသွားခဲ့တဲ့ နေရာကိုပဲ ပြီးခဲ့တဲ့နှစ် Anniversary တုန်းက Surprise လုပ်ပြီးတော့ ပြန်ပို့ပေးတယ်။ အကုန်လုံးက အမှတ်ရစရာဖြစ်ပေမယ့် အဲ့ဒါလေးကတော့ မှတ်မှတ်ရရပဲပေါ့။

အိပ်မက်ထဲက ခရီးစဉ်လေးရှိခဲ့ရင်ရော အကောင်အထည်ဖော်ခဲ့ပြီးပြီလား။ အဲ့ဒါက ဘယ်လိုခရီးစဉ်မျိုးဖြစ်မလဲ။
Chris ကတော့ Beach တွေသွားရတာကြိုက်တယ်။ တော်တော်များများလည်း ရောက်ပြီးပြီ။ သွားချင်တဲ့ Beach တွေလည်း ရှိတယ်။ သွားလည်း သွားမှာပါ။ ရာသီဥတုကောင်းပြီး အလုပ်လည်း ပါးတဲ့အချိန်ဆိုရင်တော့ သွားဖြစ်မှာပါ။

, ,

Cover Stories

အသက်ရှင်မှုတိုင်းမှာ အကောင်းဆုံးတွေကိုသာ ဆန်းသစ်ဖန်တီးလိုသူ ရွှေသဲဝါ

အမျိုးသမီးတို့ရဲ့ စိတ်ခံစားမှုပုံရိပ်တွေကို ဖော်ပြချင်တာကြောင့် အမျိုးသမီးပုံ ပန်းချီကားတွေကိုသာ အများဆုံး ရေးဆွဲတတ်သူ၊ ကျောက်မျက်ရတနာတွေကို ချစ်မြတ်နိုးပြီး သဘာဝကျောက်တွေနဲ့ ကိုယ်ပိုင် Design ဖန်တီးပုံဖော်သူ Fairy Jewel ရဲ့ Founder မရွှေသဲဝါကို ယခုလ MODA Woman ကဏ္ဍအတွက် ရွေးချယ်ဖြစ်ခဲ့ပါတယ်။

by Lin Lin

March 13, 2020

အမျိုးသမီးတို့ရဲ့ စိတ်ခံစားမှုပုံရိပ်တွေကို ဖော်ပြချင်တာကြောင့် အမျိုးသမီးပုံ ပန်းချီကားတွေကိုသာ အများဆုံး ရေးဆွဲတတ်သူ၊ ကျောက်မျက်ရတနာတွေကို ချစ်မြတ်နိုးပြီး သဘာဝကျောက်တွေနဲ့ ကိုယ်ပိုင် Design ဖန်တီးပုံဖော်သူ Fairy Jewel ရဲ့ Founder မရွှေသဲဝါကို ယခုလ MODA Woman ကဏ္ဍအတွက် ရွေးချယ်ဖြစ်ခဲ့ပါတယ်။

သဘာဝကျောက်တွေကို ကိုယ်ပိုင် Design ဖော်ဖို့ ဘယ်လိုစိတ်ကူးရခဲ့တာလဲ။
မွေးရာပါဝါသနာကိုက ပန်းချီဆွဲတာနဲ့ အများနဲ့မတူတဲ့ အရာတွေကို ဖန်တီးချင်တဲ့ ဝါသနာလေ။ ဒါကြောင့်ပဲ သဘာဝကျောက်တွေကို ကိုယ်ပိုင် Design ဖော်ဖို့ စိတ်ကူးခဲ့တာပါ။

ဘာကြောင့် ဒီလုပ်ငန်းကို ရွေးချယ်ဖြစ်ခဲ့တာလဲ။
ဝါသနာပါတဲ့အလုပ်မှပဲ အဆိုးအကောင်းတွေကို ရင်ဆိုင်ဖြေရှင်းနိုင်မှာလေ။ ကျောက်မျက်ရတနာတွေကို ကျွန်မ မြတ်နိုးတာကြောင့်လည်း ပါတယ်။ မြတ်နိုးတဲ့အရာတွေကို ဝါသနာနဲ့ ပေါင်းစပ်တဲ့ လုပ်ငန်းကိုပဲ ကျွန်မလုပ်ချင်လို့ ရွေးချယ်ခဲ့တာပါ။

Online မှာ ဈေးကွက်ထိုးဖောက်နိုင်ဖို့ ဘယ်လိုပြင်ဆင်ခဲ့ရလဲ။
ကျွန်မ Online မှာ ၂၀၁၃ - ၂၀၁၄ ကတည်းကစလုပ်ခဲ့ပေမယ့် မှန်ကန်တဲ့လုပ်ဆောင်မှု၊ ကောင်းမွန်တဲ့နည်းပညာတွေနဲ့ တိကျပြီး ဖြစ်နိုင်မယ့် Business Model တစ်ခုကို တည်ဆောက်ခဲ့တယ်။ အထူးသဖြင့် Customer ရဲ့ တကယ့်လိုအပ်ချက်ကိုပဲ ဖြည့်ဆည်းတယ်။ သူ့အတွက်ပျော်ရွှင်မှုကို အဓိကထားပြီး ယုံကြည်မှုတစ်ခုနဲ့ ကျွန်မရပ်တည်ခဲ့တာ။

ဈေးကွက်ထဲမှာ ပြိုင်ဆိုင်မှုတွေရော ကြုံရလား။
ကျွန်မစလုပ်တုန်းက ဆိုင်ကြီးတွေကလွဲလို့ Online မှာလည်း မရှိသလောက်နည်းတယ်။ နောက်ပိုင်းကိုယ်ထိုးဖောက်လာနိုင်မှုမြင့်မားလာတာနဲ့အမျှ အများသူဌာလုပ်ချင်တဲ့ Business တစ်ခုလည်း ဖြစ်လာတယ်။ ပြိုင်ဆိုင်မှုဆိုတာကို ကျွန်မကိုယ်တိုင်မနှစ်သက်ဘူး။ ပြိုင်ဆိုင်မှုထက် ကိုယ့်ကိုကိုယ်အကောင်းဆုံးဖြစ်ဖို့အမြဲဆုံးမပြီး ပြုပြင်ပြောင်းလဲမှုတွေကို လုပ်တယ်။ ကိုယ့် Idea နဲ့ ကိုယ့်လမ်းကိုယ်လျှောက်တယ်။ ကိုယ်ဖောက်တဲ့လမ်း လျှောက်ကြရင် ကုသိုလ်ရတယ်လို့ပဲ တွေးတယ်။

ကိုယ်ပုံဖော်ဖန်တီးလိုက်တဲ့ ပစ္စည်းတွေ ရုပ်လုံးပေါ်လာတဲ့အခါ ခံစားရတဲ့ ခံစားချက်။
Design လေးတစ်ခုထွက်လာရင်လေ သိပ်လှတဲ့ ပန်းကလေးတွေ နံနက်ခင်းမှာပွင့်နေတာကို မြင်လိုက်ရတဲ့ ကြည်နူးမှုမျိုးပါပဲ။ မထိရက် မကိုင်ရက် တစိမ့်စိမ့်ကြည့်ရင်း ကျေနပ်နေတာ။

အနုစိတ်ပုံဖော်ရတဲ့ ကျောက်မျက်ရတနာ Design တစ်ခုအတွက် ပေးရတဲ့အချိန်က ဘယ်လောက်ရှိလဲ။
Design ဆိုတာ အနုစိတ်ရင် စိတ်သလိုအချိန်ပေးရတာ။ ကျွန်မကတော့ Collection အလိုက် Design ရေး၊ Production ပိုင်း အစရှိသဖြင့် တစ်လကနေ ၄၅ ရက်လောက်အချိန်ယူရတယ်။

Fairy Jewel က Design တွေက ဆန်းသစ်ပြီး ထူးခြားနေတယ်။ ဒီလို Design တွေအတွက် ဘယ်လိုလေ့လာလဲ။
Fairy လေးက ရွှေသဲဝါရဲ့ Soul ပါ။ ကျွန်မအသက်ရှင်မှုတိုင်းမှာ ဘယ်လိုအကောင်းဆုံးဆန်းသစ်တီထွင်နိုင်မလဲဆိုတာကိုပဲ တွေးနေတာလေ။ ကျွန်မဘဝကြီးကို နှစ်မြှုပ်ထားတယ်။ ရောက်ရှိတဲ့နေရာတိုင်း လေ့လာမှုတွေလုပ်တယ်။ သင်ကြားခြင်းဆိုတာ ဆုံးခန်းတိုင်မှ မရှိတာ။ အလုပ်တွေလုပ်ရင်း သင်ကြားနေရမှာပဲ။

Design တွေရဲ့ Concept ကရော ဘာကိုပြောချင်တာလဲ။
Design တွေရဲ့ Concept ကတော့ ရှေးခေတ် Design တွေကို အရမ်းသဘောကျတဲ့သူဖြစ်လို့ ရှေး Design တွေ လုပ်ဖြစ်တာများတယ်။

အရည်အသွေးပိုင်းနဲ့ ပတ်သက်ပြီးတော့ရော ဘယ်လိုအာမခံချက်ပေးထားလဲ။
Fairy Design တွေမှာ သဘာဝကျောက်တွေကိုပဲ သုံးတယ်။ တန်ဖိုးမြင့်အထည်တွေကို Gem Certificate ထုတ်ပေးတယ်။

ဆိုင်ဖွင့်ဖြစ်ဖို့ရော အစီအစဉ်ရှိလား။
သူများမတူတဲ့ Jewel Art Studio လေးဖွင့်ချင်တာ။ အကောင်အထည်ဖော်ဖို့ စိတ်ကူးထားပါတယ်။

ကျောက်မျက် Design သင်တန်းအကြောင်းလည်း ပြောပြပေးပါဦး။
အရည်အချင်း၊ Idea ၊ ကောင်းမွန်သောစိတ်နဲ့အတူ ငွေပမာဏတစ်ခုကို ရင်းနှီးပြီး ကျွန်မလိုလုပ်နိုင်စွမ်းရှိအောင် Future Generation တစ်ခုကို လက်ဆင့်ကမ်းခဲ့ချင်လို့ ကျွန်မသင်တန်းတွေဖွင့်ခဲ့တာ။ မှန်ကန်သော နည်းလမ်းနဲ့ တိုးတက်အောင်မြင်စေချင်လို့ပါ။ ကိုယ်သိတာတွေ အကုန်ပေးခဲ့ချင်တာ။

အလုပ်တွေကြားထဲကမှ အစ်မအနေနဲ့ ပရဟိတအလုပ်တွေလုပ်တာလည်းတွေ့ရတယ်။ ဒီအလုပ်တွေအတွက်ကိုရော ဘယ်လိုအချိန်ပေးဖြစ်လဲ။
ကျွန်မ သာသနာကို စောင့်ရှောက်နိုင်သောသူဖြစ်ချင်တယ်။ ကျွန်မရဲ့ လုပ်အားနဲ့ လိုအပ်တဲ့ နေရာကို ဖြည့်ဆည်းပေးရတာ ချမ်းသာခြင်းလို့ ခံစားရတယ်။ အဲ့အတွက် အလုပ်လုပ်ရင်းအချိန်ပေးဖြစ်တယ်။

အိမ်ထောင်ရှင် အမျိုးသမီးတစ်ယောက်လည်း ဖြစ်တယ်။ လုပ်ငန်းရှင်အမျိုးသမီးတစ်ယောက်လည်း ဖြစ်တယ်ဆိုတော့ အချိန် Manange လုပ်မှုအပိုင်းကိုလည်း ပြောပြပေးပါဦး။
အလုပ်စလုပ်ကတည်းက အိပ်ချိန်တွေလျော့ချခဲ့တာ။ နှစ်လ တစ်ခါတော့ ကျွန်မခရီးထွက်တယ်။

လုပ်ငန်းခွင်နဲ့ ပတ်သက်ပြီး ကိုယ့်အိမ်ထောင်ဖက်ရဲ့ ပံ့ပိုးပေးမှုကရော ဘယ်လိုရှိလဲ။
အမျိုးသားက ဆရာဝန်တစ်ဦးပါ။ သနားကြင်နာတတ်ခြင်းက ကျွန်မတို့အတွက် တူညီခြင်းပါပဲ။ တခါတလေ ကျွန်မမစဉ်းစားမိတဲ့ Risk တွေ သူက အမြဲသတိပေးလေ့ရှိတယ်။ အမြဲတိုင်ပင်ဖော်တစ်ယောက်အဖြစ် အဖော်ကောင်းတစ်ဦးပါပဲ။

အစ်မဆွဲလေ့ရှိတဲ့ ပန်းချီတွေကို ဘာကြောင့်အကျီၤတွေပေါ်မှာပဲ ဆွဲဖြစ်တာလဲ။
Fashion အနေနဲ့ ပန်းချီတွေကို ပြချင်တာ။ အကျီပြဲသွားသည့်တိုင်အောင် ဘောင်ပြန်သွင်းပြီး ပန်းချီကားလိုလည်း သုံးလို့ရတယ်။

ဆွဲတဲ့ ပန်းချီတွေ တော်တော်များများက အမျိုးသမီးပုံတွေပဲ တွေ့ရတယ်။ ဒါကရော အမျိုးသမီးတစ်ယောက်ရဲ့ ဖြစ်တည်မှုကို ဖော်ပြချင်တာလား။
အမျိုးသမီးတွေရဲ့ ခံစားချက်တွေကို ဖော်ပြတဲ့ Emotional နဲ့ ပတ်သက်တာတွေ အများဆုံးဆွဲဖြစ်တယ်။ အမျိုးသမီးတစ်ယောက်ရဲ့ ဖြစ်တည်မှုတွေပေါ့။

အစ်မဖန်တီးထားတဲ့ Design တွေကို Celebrity တော်တော်များများ ဝတ်ဆင်ကြတယ်။ ဘယ် Celebrity တွေ ဝတ်ဆင်ကြလဲ။
အဓိက ဝတ်တာကတော့ Treasa ၊ ဖွေးဖွေး ၊ မြတ်နိုးဝေ ၊ လှယဉ်ကျေး တို့ပေါ့။

 ပန်းထိမ်ကို ကိုယ်တိုင်လုပ်ဖြစ်လား။
တချို့ Silver Handcraft တွေကို ကိုယ်တိုင်လုပ်တယ်။

အမျိုးသားတွေပဲ လုပ်လေ့ရှိတဲ့ ပန်းထိမ်ကို အမျိုးသမီးတစ်ယောက်အနေနဲ့ လုပ်ဖြစ်တဲ့အပေါ်အစ်မရဲ့ ခံစားချက်။
ခံစားချက်ကတော့ ဘယ်အရာမဆို အမျိုးသားမှ လုပ်နိုင်တာမဟုတ်ဘူးလေနော်။ ပြင်းပြတဲ့စိတ်ရယ်၊ ကြိုးစားအားထုတ်မှုရယ်ရှိရင် လူတိုင်းလုပ်နိုင်တယ်ဆိုတာ ပြောပြချင်တာ။ ယုံကြည်မှုတွေပိုရှိလာပါတယ်။

 

 

 

 

 

, , ,

Cover Stories

Memory တွေနဲ့ ပုံဖော်ထားတဲ့ MADAME EM'S ရဲ့ ပဲ့ကိုင်ရှင် ပြည့်ဖြိုး

မြန်မာတွေအကြိုက် မြန်မာ့အစားအစာတွေကို ကော့တေးတစ်ခွက်ကိုကိုယ့်အိမ်မှာ သောက်နေရသလိုမျိုးခံစားချက်ကို ပေးနိုင်အောင် ဖန်တီးပေးထားတဲ့ Madame Em's မှာ ရရှိနိုင်မယ့် ကော့တေးတွေရဲ့ Story တွေအကြောင်း၊

by Lin Lin

February 21, 2020

မြန်မာတွေအကြိုက် မြန်မာ့အစားအစာတွေကို ကော့တေးတစ်ခွက်ကိုကိုယ့်အိမ်မှာ သောက်နေရသလိုမျိုးခံစားချက်ကို ပေးနိုင်အောင် ဖန်တီးပေးထားတဲ့ Madame Em's မှာ ရရှိနိုင်မယ့် ကော့တေးတွေရဲ့ Story တွေအကြောင်း၊ Madame Em's ဆိုတဲ့ အမည်ဆန်းဆန်းကို ဘာကြောင့်ပေးဖြစ်ခဲ့တာလည်း ဆိုတဲ့အကြောင်းနဲ့ Madame Em's နဲ့ သူရဲ့ ချစ်ဇနီးလေးတို့ရဲ့ ဆက်နွယ်မှုအကြောင်းတွေကို သိနိုင်ဖို့ ဒီတစ်လ MODA Man ကဏ္ဍမှာ ရွေးချယ်ထားတဲ့ ကိုပြည့်ဖြိုးနဲ့ တွေ့ဆုံမှုကို ဖော်ပြပေးလိုက်ပါတယ်နော်။

Bar Industry ကိုဘာကြောင့်စလုပ်ဖြစ်ခဲ့တာလဲ။
Bar ရယ်လို့သီးသီးသန့်သန့် စလုပ်ဖြစ်ခဲ့တာတော့မဟုတ်ဘူးပေါ့။ ငယ်ငယ်ကတည်းက သူငယ်ချင်းတွေအိမ်ကိုလာတာသဘောကျတယ်။ သူငယ်ချင်းတွေကို host လုပ်ရတာသဘောကျတယ်။ စင်ကာပူကနေပြန်လာပြီး ကတည်းက ဒီမှာ bar တစ်ခုခု ဒါမှမဟုတ် စားသောက်ဆိုင်တစ်ခုခုဖွင့်မယ်လို့ စဉ်းစားထားတယ်။ စဉ်းစားထားတာရယ် အကြောင်းအမျိုးမျိုးကြောင့်ရယ်နဲ့ ဒီ industry ထဲမှာလည်း လိုအပ်နေတဲ့အရာလေးတွေကိုလည်း တွေ့ရှိပြီးနောက် ကော့တေး bar လေးတစ်ခုလုပ်မယ်လို့ စဉ်းစားရင်းနဲ့ စပြီးလုပ်ဖြစ်သွားတာပါ။

ဆိုင်ရဲ့ အပြင်အဆင်ကလည်း မြန်မာနိုင်ငံမှာ မတွေ့ဖူးတဲ့ အပြင်အဆင်မျိုးဖြစ်နေတယ်။ ဆိုင်ရဲ့ Decoration idea အကြောင်းရှင်းပြပေးပါဦး။
 Decoration idea ကတော့ ကျွန်တော်စဖွင့်မယ်ဆိုကတည်းက ခုချိန်ထိ ဒီနေရာရောက်လာအောင် သူငယ်ချင်းတွေအများကြီးနဲ့ စကားပြောကြည့်တယ်။ အကြံဉာဏ်တွေလည်း ယူတယ်။ သူငယ်ချင်းတွေအပြင် မိတ်ဆွေတွေ အဖေအမေ အစရှိသဖြင့် အကြံဉာဏ်ယူတယ်။ ဒါကျွန်တော်တစ်ယောက်တည်းဆွဲထားတဲ့ ဒီဇိုင်းလုံးဝမဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ အသိုင်းအဝိုင်း၊ မိသားစု၊ သူငယ်ချင်းတွေအကုန်လုံးက ပေးကြတဲ့ အကြံဉာဏ်တွေနဲ့ ဖန်တီးဖြစ်သွားတာပေါ့။ နောက်တစ်ခုကလည်း ဆိုင်ရဲ့ အနေအထားကိုက ဆိုင်နေရာကကျဉ်းတော့ ကျဉ်းတာလေးနဲ့ အဆင်ပြေအောင် ဘယ်လိုလုပ်လို့ရလဲဆိုပြီး စဉ်းစားပြီးတော့ ဒီလိုလေးဖြစ်သွားတာပေါ့။ ရှိနေပြီးသားတိုင်တွေဆိုရင် ဖြတ်ချလို့လည်း မရဘူး။ မရတော့ ဒါကိုဘယ်လို Decoration လုပ်ရမလဲပေါ့။ အဲ့လိုမျိုးလေးတွေ ဘယ်လိုလုပ်ရင်ကောင်းမလဲ စဉ်းစားရင်းနဲ့ ဒီလိုမျိုးလေးတွေ လုပ်ဖြစ်တာပေါ့။

အပြင်ကနေ ဆိုင်ကို ကြည့်လိုက်တဲ့အခါ bar တစ်ခုလိုမထင်ရဘဲ အတွင်းထဲဝင်လိုက်တဲ့အခါမှသာ bar mood ကို တွေ့ရတယ်ဆိုတော့ ဒီလိုပုံစံမျိုးကို ဈေးကွက်ထဲမှာ လူသိအောင် ဘယ်လိုထိုးဖောက်သွားမလဲ။
ကျွန်တော်စလုပ်မယ်ဆိုကတည်းက ကျွန်တော်သွားချင်တဲ့ concept ကိုက Community base ပေါ့။ ကျွန်တော်ဆီလာမယ့်လူတွေကို ဘယ်လိုလူမျိုးတွေလာလဲ။ ဘယ်လိုလူမျိုးတွေသဘောကျလဲ အတိအကျကို ကျွန်တော်သိတယ်။ Service ကောင်းကောင်းပေးတာထက်စာရင် ကျွန်တော်တို့ဆီလာရင် ထူးခြားတာတစ်ခုက bar counter မှာထိုင်ပြီး bar tender နဲ့ ကိုယ်ဘာကြိုက်လဲ ပြောပြလို့ရမယ်။ ဆွေးနွေးလို့ရမယ်။ ဒီမှာ bar ဆိုတဲ့ သဘောသဘာဝအရ လူတွေက bar counter မှာ မထိုင်ချင်ကြဘူး။ bar counter မှာထိုင်ရင် မြင့်တယ်။ Bar Counter မှာ လူတွေမထိုင်ချင်ကြဘူး။ ကျွန်တော်ထိုးဖောက်သွားမယ့် ရည်ရွယ်ချက်ကတော့ ကျွန်တော့ဆိုင်ကိုလာရင် ကျွန်တော့အိမ်ကို လာလည်သလိုပဲ။ ကျွန်တော့်အိမ်ရဲ့ ပါတီလာသလိုပဲ။ အေးအေးဆေးဆေးနဲ့ စကားပြောလို့ရမယ်။ အိမ်ကိုတစ်အိမ်ကို ဧည့်သည်လာသလိုပဲ ကျွန်တော်တို့ဆက်ဆံပေးသွားမယ်။ တခြားဆိုင်တွေနဲ့ မတူတဲ့ vibes မျိုးရရှိအောင် ကျွန်တော်ကြိုးစားသွားမယ်။

Madame Em's ရဲ့ သူများနဲ့ မတူတဲ့ ထူးခြားမှုကို ပြောပါဆိုရင် ဘာဖြစ်မလဲ။
ထူးခြားမှုဆိုရင်တော့ ကျွန်တော်ပြောသလိုပဲ ကျွန်တော့်အတွက်ဆိုရင် Decoration တွေ Location တွေကအရေးကြီးတာ မှန်တယ်။ ဒါပေမယ့်လည်း ပိုအရေးကြီးတာက ကျွန်တော့်ဆိုင်လာမယ်ဆိုရင် ကျွန်တော် ကော့တေးရောင်းမယ်ဆိုရင် ကျွန်တော့်ကော့တေးက ကောင်းရမယ်။ ကောင်းရမယ်ဆိုတာက ကော့တေးတစ်ခုအတွက် recipe ရှိတယ်။ ဒါလုပ်မယ်ဆိုရင် ဒီတိုင်းပဲ လုပ်မယ်ပေါ့။ ကျွန်တော့်ဆီလာမယ်ဆိုရင် homely ဖြစ်မယ်။ ဆူဆူညံညံလည်း မဖြစ်ဘူးလို့ ကျွန်တော်အာမခံတယ်။ အာမခံတယ်ဆိုတာ ကျွန်တော့်ဆိုင်က club တော့မဟုတ်ဘူး။ ခုနောက်ပိုင်း bar တွေနဲ့ club တွေနဲ့ ရောနေတယ်။ ကျွန်တော့်ဆိုင်မှာက အေးအေးဆေးဆေးစကားပြောလို့ရမယ်။ ရောင်းတဲ့ Product ကိုလည်း မှန်မှန်ကန်ကန်နဲ့ ရောင်းချင်တယ်။ ၁၀၀၀ ပေးရရင် ၁၀၀၀ နဲ့ တန်တာကို ပြန်ပြီးပေးချင်တယ်။ နောက်တစ်ခုက music ပေါ့။ ကျွန်တော်ငယ်ငယ်ကတည်းက music ကို ဝါသနာပါတယ်။ Hip Hop ပဲ နားထောင်တယ်။ Rock ပဲ နားထောင်တယ်ဆိုတာမရှိဘူး။ ကျွန်တော်က အစုံအလင်ကို နားထောင်တယ်။ Music ကိုလည်း တစ်မူထူးပြီးတော့ Focus လေးပေးပြီးတော့ အလေးထားပြီးတော့ စီစဉ်သွားဖို့တော့ ရှိပါတယ်။

Madame Em's မှာရှိတဲ့ ကော့တေး menu တွေအကြောင်းကိုလည်း ရှင်းပြပေးပါဦး။
ဆိုင်ရဲ့ menu ရယ်လို့တော့ မဟုတ်ဘူးပေါ့။ ဒီတစ်ခုလုံးကို concept စပြီး create လုပ်တုန်းကတော့ နာမည်ကလည်း နည်းနည်းလေးတော့ ဆန်းတယ်။ တချို့လူတွေကလည်း နာမည်က ခေါ်ရခက်တယ်လို့ ပြောတယ်။ ကျွန်တော် ဒီ concept ကို လုပ်ဖြစ်သွားတာက ကျွန်တော့ အမျိုးသမီးကြောင့်ပါ။ ကျွန်တော့်အမျိုးသမီးကြောင့် ဆိုတာက ယောကျားက မိန်းမကို အရမ်းချစ်လို့ အရမ်း romantic ဖြစ်လို့ထက်စာရင် ကျွန်တော်ဒီလိုနေရာမျိုးရောက်လာတာ မိန်းမရှိလို့လည်း ရောက်လာတာပါ။ မိန်းမက တောက်လျှောက်ကို ပြန်လာကတည်းက ကျွန်တော် ဒါလုပ်ချင်တယ်လုပ်။ ပြသနာမရှိဘူး။ Day job သူလုပ်မယ်ပေါ့။ အဲ့ဒါနဲ့ပဲ လုပ်မယ်ဆိုတော့ သူ့နာမည်နဲ့ပဲ လုပ်ဖြစ်တာ။ သူ့ကိုလည်း tribute လည်း ပေးချင်တယ်။ Tribute ပေးချင်တာထက် Delicate လုပ်ချင်တာနဲ့စာရင် မိန်းမရယ်လို့မဟုတ်ဘဲပဲ တခြား woman တွေပေါ့။ အဲ့လိုလူမျိုးတွေအတွက် ကျွန်တော် celebrate လုပ်ချင်တာပေါ့။ တခြား ယောကျားတွေ ကျွန်တော့သူငယ်ချင်းတွေ သူတို့ရဲ့ life ထဲမှာရှိတဲ့ အမျိုးသမီးတွေကို Tribute လုပ်ချင်လို့ ဒီ bar လေးကို ဖွင့်ဖြစ်တာပါ။ နာမည်က Madame Em's လို့ခေါ်တယ်။ Madame ဆိုတာက မြန်မာလိုဆိုရင်တော့ “ ဒေါ်” ပေါ့လေ။ ကျွန်တော့်အမျိုးသမီးနာမည်က Emma ဆိုတော့ အတိုကောက်ဆိုရင် Em's ဆိုပြီး Madame Em's ဆိုပြီး ကျွန်တော် create လုပ်ဖြစ်သွားတာပါ။ ဒါကတော့ concept ပေါ့လေ။ ကျွန်တော်တို့က concept တစ်ခု create လုပ်ပြီဆိုရင် ညီတူညီမျှရှိနေမှပေါ့။ အဲ့ဒါလေးကတော့ ကျွန်တော့် bar မှာ thing တစ်ခုရှိမယ်။ Concept တစ်ခုရှိမယ်ဆိုရင် ထိထိမိမိ အစားအသောက်၊ music ၊ decoration အစုံအလင်ပေါ့လေ။ Menu ကို Memory လို့ အမည်ပေးထားတယ်။ Menu ကို ဖန်တီးတဲ့အခါမှာလည်း concept ရှိပြီးသား သဘောသဘာဝကြောင့် menu plan က အရမ်းလွယ်ကူတယ်။ လွယ်ကူတယ်ဆိုတာက ကျွန်တော့်အမျိုးသမီးရဲ့ ဘာကြိုက်လဲ၊ ဘာမကြိုက်ဘူးလဲ၊ စိတ်နေစိတ်ထား၊ သူ့ရဲ့အကျင့်တွေပေါ်မှာ မူတည်ပြီးတော့ ဆွဲထားတာပေါ့။ Menu ကို plan လုပ်တဲ့အခါမှာ Signature ၁၂မျိုး လုပ်ဖြစ်တယ်။ ၁၂ မျိုးကို Chapter တစ်ခုမှာ ၃ drink စီနဲ့ Chapter ၄ ခုရှိပါတယ်။ Menu ကို သေချာခွဲထားတယ်။ ကော့တေးရဲ့ သဘောသဘာဝလည်း ဒီမှာ တွင်တွင်ကျယ်ကျယ်မဖြစ်သေးဘူး။ အခုဆိုရင် ကောင်မလေးတွေ bar သွားလာတာ ပိုတွေ့လာရတယ်။ အဲ့လိုမျိုးတွေ့လာရတဲ့အချိန်မှာ စဉ်းစားမိတာ ကော့တေးစပ်တဲ့အခါ ကောင်မလေးတွေကို ပိုပြီးတော့ focus ထားချင်တယ်။ ထားချင်တဲ့သဘောကတော့ နာမည်က ကျွန်တော့်အမျိုးသမီးကို နာမည်နဲ့ လုပ်ထားတယ်။ အမျိုးသမီးတွေကို Delicate လုပ်ထားတဲ့ concept တစ်ခုဖြစ်တဲ့အတွက်ကြောင့် အမျိုးသမီးတွေကို ပိုပြီးတော့ Target ထားတယ်။ Menu မှာ တစ်ခုဆိုရင် သူကြိက်တဲ့ အစားအသောက်ဆိုရင်လည်း ဟုတ်တယ်။ တခြားမိန်းကလေးတွေလည်း ဘယ်လိုအစားအသောက်တွေကြိုက်တတ်လဲ စဉ်းစားမိတော့ မြန်မာဇီးထုပ်ပေါ့။ ဒါကတော့ ကျွန်တော်အရမ်းလည်း Highlight လုပ်ချင်တာပေါ့။ ဇီးထုပ်ကို မိန်းကလေးတော်တော်များများလည်း စားကြတယ်။ ဇီးထုပ်ကို ပေါ့ပေါ့ပါးပါးစားကြပေမယ့် တကယ်တမ်းလုပ်တဲ့အခါ ခက်ခဲတဲ့အရာတစ်ခုပါ။ ဇီးသီးကောင်းကောင်း၊ ထန်းလျှက်ရည်ကောင်းကောင်း၊ ငြုတ်သီးကောင်းကောင်းနဲ့ အဲ့ထဲမှာပါဝင်တဲ့ပစ္စည်းတွေလည်း ကောင်းကောင်းပါမှ ဇီးထုပ်တစ်ခုဖြစ်တာပေါ့။ အဲ့တော့ ဒီမှာ ပြန်ပြီးတော့ ဇီးသီး flavor နဲ့ ကော့ Create ဖန်တီးထားတာရှိတယ်။ တစ်ခုထူးခြားတာရှိတာက ကော့တေးတစ်ခုတိုင်းမှာ Story ရှိတယ်။ ဘာကြောင့်ဒီလိုလုပ်ထားတယ်ဆိုတာလေးလည်း Menu ထဲမှာ သေချာလေးရေးပေးမယ်။ ပစ္စည်းတစ်ခုရောင်းတာမဟုတ်ဘဲနဲ့ ဒီတခုဆိုရင် ဒါကြောင့်ဒီလိုလုပ်ထားပါလားဆိုတဲ့ Story လေး သိရတာပေါ့။

ဆိုင်မှာရှိတဲ့ menu တွေက အမျိုးသမီးရဲ့ အကြိုက်တွေပေါ်မှာ အခြေခံထားတယ်လို့လည်း သိရတယ်။ ဒီလိုဖန်တီးမှုတွေနဲ့ ပတ်သက်ပြီး အမျိုးသမီးနဲ့ အစ်ကို့ရဲ့ Relationship အကြောင်းလေး ပြောပြပါဦး။
ကျွန်တော်တို့ကို သိတဲ့သူငယ်ချင်းတွေတိုင်းက ပြောတယ်။ ကျွန်တော်နဲ့ သူနဲ့က မိန်းမယောကျာ်းပြောင်းပြန်တဲ့။ ကျွန်တော်က နည်းနည်းနုတယ်။ အားနာတယ်။ သူက ငယ်ငယ်လေးတည်းက ကျားကျားလျားလျားနေတတ်တာ။ ကျွန်တော်တို့ တစ်ယောက်နဲ့ တစ်ယောက် အရမ်း dependent ဖြစ်တယ်။ ကျွန်တော်သူ့ကိုလည်းအရမ်းအားကိုးတယ်။ သူလည်းကျွန်တော့်ကို အားကိုးတယ်။ ဒီအပေါ်မှာပဲ မူတည်ပြီးတော့ ကျွန်တော်တို့ရဲ့ Relationship က တည်ဆောက်ထားတာပေါ့နော်။ အခု သူကကိုယ်ဝန် ၇ လရှိနေပြီ။ ဒီအလုပ်လုပ်တဲ့အခါမှာလည်း Operation ပိုင်းအားလုံးက သူ Set up လုပ်ပေးထားတာပေါ့။ သူသာမပါရင် ဒါတွေအကုန်လုံးက ပြီးမှာမဟုတ်ဘူး။ ဘယ်လို Relationship ကို Define လုပ်ရမလဲဆိုရင်တော့ ကျွန်တော်က သူ့အပေါ်အရမ်း dependent ဖြစ်တယ်။ အလားတူပဲ သူလည်း ကျွန်တော့်အပေါ် dependent ဖြစ်တယ်လို့ ထင်တယ်။

ဘာကြောင့် အမျိုးသမီးကြိုက်နှစ်သက်တဲ့ food တွေကို inspiration ယူပြီး Menu တွေ ဖန်တီးဖြစ်ခဲ့တာလဲ။
အမျိုးသမီးအကြိုက်ရယ်လို့တော့ မဟုတ်ဘူးပေါ့။ ကျွန်တော့် Concept ကို ကျွန်တော်မှားမှာလည်း ကြောက်တယ်။ Title က ကျွန်တော့်အမျိုးသမီးနဲ့ ပတ်သက်တဲ့ memory ဆိုတော့ ဒါလေးတွေနဲ့ တခြား အမျိုးသမီးတွေကို Relate လုပ်တာပေါ့။

နောက်ပိုင်းမှာ ကော့တေး menu တွေကို ဘယ်လို update လုပ်သွားဖို့ရှိလဲ။
ကျွန်တော့် menu တွေအကုန်လုံးက ပုံမှန်ပြောင်းနေမှာပါ။ အခုလောလောဆယ်ဆိုရင် ကျွန်တော့်ရဲ့ main menu က လုံးဝ Launch မလုပ်ရသေးဘူး။ အခုဖွင့်ထားတာ တစ်ပတ်လောက်ရှိပြီ။ ဒီတစ်ပတ်အတွင်းမှာ ရမယ့် ကော့တေး ၇ မျိုးက ဒီတစ်ပတ်ထဲမှာပဲ ရမှာ။ နောက်ပိုင်းကျရင်လည်း ဒီ chapter နဲ့ memory ကို စလုပ်တဲ့အခါကျရင်လည်း ၆ လတန်သည်။ တစ်နှစ်တန်သည်။ အမြဲပြောင်းနေမှာ။ ပြောင်းလိုက်ရင်လည်း အရင်ကဟာတွေလုံးဝမရှိတော့ဘူး။ လုံးဝအသစ် အဲ့လိုမျိုးပေါ့။ အဲ့ဒါတွေအပြင်ကိုလည်း ကြားထဲမှာ title လေးတွေနဲ့ ပြောင်းပေးသွားဖို့ရှိပါတယ်။

ဆိုင်ရဲ့ Bar Tender နဲ့ Customer တွေရဲ့ Relation ကိုရော ဘယ်လိုပုံစံမျိုးနဲ့ တည်ဆောက်သွားဖို့ရှိလဲ။
Bar လာတယ်ဆိုတာ bar tender နဲ့ စကားပြောလို့ရရမယ်။ ကိုယ်ဘာကြိုက်တာလဲ ဆွေးနွေးလို့ရမယ်။ အဲ့ service က Restaurant တွေမှာတော့ ရှိတယ်။ Bar မှာဆိုရင် ပိုပြီးတော့ရှိရမှာပေါ့။ အဲ့ Relationship က ကျွန်တော်ကတော့ အတိအကျတည်ဆောက်ပေးထားမှာပါ။ ပြီးတော့ လာတဲ့ ဧည့်သည်ကိုလည်း မကြောက်တတ်အောင်၊ customer ကို စကားမပြောရဘူးဆိုတာမျိုး၊ kitchen ပိုင်းကမို့လို့ kitchen မှာပဲ နေရမယ်ဆိုတာမျိုး မရှိဘူး။ ကျွန်တော့်ဆီမှာရှိတဲ့သူတွေအကုန်လုံးကို ကွယ်ဝှက်ထားတာတွေမရှိဘဲ ကျွန်တော် Train ပေးမယ်။ Bar မှာ လုပ်တိုင်းလည်း အားမငယ်ရပါဘူးဆိုတာမျိုးဖြစ်အောင် ကျွန်တော် train ပေးမယ်။

 

လူတိုင်းကို ပျော်ရွှင်အောင်လုပ်ပေးချင်လို့ Bar Tender Life ကို ရွေးချယ်ခဲ့တဲ့ Joey Keen

ကော့တေးတစ်ခွက်ကို ဖျော်စပ်တဲ့အခါ Customer ရဲ့ Feedback ကိုနားထောင်ပြီး ဖျော်စပ်ပေးတတ်သူ၊ လူတွေနဲ့ ထိတွေ့ဆက်ဆံခွင့်ကတစ်ဆင့် သင်ယူလေ့လာတတ်သူ၊ Bar Tender ကောင်း တစ်ယောက်ဖြစ်ဖို့ဆိုတာ Drink ကောင်းကောင်းဖျော်စပ်တတ်ရုံသာ မဟုတ်ဘဲ Customer ပေါ်အခြေခံတယ်လို့ ခံယူထားသူ……..။ သူကတော့ Madame Em's ရဲ့ Bar Tender Joey Keen ပါ။ Joey Keen ပြောပြတဲ့ ကော့တေးဖျော်စပ်မှုတွေအကြောင်း၊ ဘာကြောင့် Bar Tender Life ကို ရွေးချယ်ခဲ့တယ်ဆိုတဲ့ အကြောင်းတွေကို ဒီလအတွက် MODA Man ကဏ္ဍမှာ ဖော်ပြပေးလိုက်ပါတယ်နော်။


Bar Tender အဖြစ်ရပ်တည်ဖြစ်ခဲ့တဲ့အကြောင်း အရင်ဆုံးပြောပြပေးပါဦး။
'ကျွန်တော်က လူတစ်ယောက်ကို ပျော်ရွှင်အောင် လုပ်ပေးရတာ ဝါသနာပါတယ်။ နောက်ပြီးတော့ ဒီ Bar Tender Life မှာကျတော့ လူတိုင်းနဲ့ ထိတွေ့ဆက်ဆံခွင့်ပိုများတယ်။ အများကြီးသင်ယူလို့ရတယ်။ အဲ့ဒါကြောင့် ကျွန်တော် ဒီ life ကို ရွေးချယ်ဖြစ်ခဲ့တယ်။

ဆိုင်ရဲ့ ကော့တေး menu တွေက ထူးခြားနေတယ်။ ဒီလိုမျိုး သူများနဲ့ မတူတဲ့ ထူးထူးခြားခြားကော့တေး ဖျော်စပ်မှုတွေအကြောင်းကို ပြောပြပါဦး။
ကျွန်တော်တို့ Bar ရဲ့ Concept ကိုက သူများနဲ့ မတူတဲ့ Concept ကို လုပ်တာဆိုတော့ Drink တွေကလည်း သူများနဲ့မတူတဲ့ Drink တွေကို လုပ်တာဖြစ်လို့ ကျွန်တော်တို့က မြန်မာတွေအနေနဲ့ ရင်းနှီးပြီးသားအရသာတွေကို လုပ်ထားပါတယ်။

ထူးခြားတဲ့ ကော့တေး menu တွေကို ဘယ်လို idea မျိုးနဲ့ဖန်တီးဖြစ်လဲ။
 Idea စရတာကတော့ ကျွန်တော့် Boss ရဲ့ မိန်းမက သူကြိုက်တဲ့အရသာတွေကို သူ့ယောကျာ်းကို အမြဲတမ်းပြောပြတယ်။ တစ်နေ့ကျတော့ ကျွန်တော့် Boss ကလည်း Bar ဖွင့်မယ်ဆိုတော့ သူ့မိန်းမရဲ့ အကြိုက်တွေနဲ့ ကော့တေးကို စီစဉ်ရင်ကောင်းမလားလို့ ကျွန်တော့်ကို အကြံဉာဏ်တောင်းတယ်။ အဲ့ကနေစပြီး မြန်မာ Flavor ပါတဲ့ ကော့တေးတွေကို စီစဉ်ဖြစ်တာပါ။

ကော့တေးဖျော်စပ်မှုတွေကို ဘယ်လိုလေ့လာခဲ့လဲ။
ကျွန်တော့်အတွက် ကော့တေးဖျော်စပ်မှုတွေက Customer ရဲ့ Feedback နဲ့ သွားတာများတာပေါ့။ ကော့တေးတစ်ခွက်ကိုဖျော်မယ်ဆိုရင် ကိုယ်ကြိုက်တာကို ၈၀% လောက်ထည့်တယ်။ နောက်ပြီးတော့ ၂၀ % ကတော့ Customer အတွက်ထားပေးတယ်။ Customer ကိုမေးတယ်။ ဘာကြိုက်တတ်လဲ။ ဘယ်လိုသောက်လဲ။ သူတို့ရဲ့ စိတ်ကြိုက် ၂၀ % ကို ဖျော်ပေးတယ်။ အဲ့လိုလုပ်ပေးတဲ့အတွက် Customer ကျေနပ်လောက်တဲ့ ကော့တေးတစ်ခွက်ရနိုင်မယ်လို့ ထင်ပါတယ်။

ကိုယ့်စိတ်ကြိုက်ကော့တေးဖျော်စပ်မှုဆိုရင် ဘာဖြစ်မလဲ။
ကျွန်တော်က အမြဲတမ်း Light ဖြစ်တဲ့ ကော့တေးကိုသောက်တယ်။ မိန်းကလေးစတိုင်လ်လိုမျိုး ကော့တေးတွေသောက်တယ်။

ဘန်ကောက်က bar life မှာလည်း အတွေ့အကြုံရှိခဲ့တယ်ဆိုတော့ မြန်မာနိုင်ငံနဲ့ ဘန်ကောက်ရဲ့ bar industry က ဘယ်လိုကွဲပြားမှုရှိလဲ။
ဘန်ကောက်မှာက Communication အရမ်းကောင်းတယ်။ တစ်ယောက်နဲ့ တစ်ယောက် Supporting အရမ်းကောင်းတယ်။ ဒီမှာတော့ Support လုပ်ကြတာ ၂၀ % လောက်ပဲရှိသေးတယ်။ Communication ရှိမှ ဒီ Business တစ်ခုက growing ဖြစ်မှာပေါ့။ ဟိုမှာကျတော့ bar life က မိသားစုပုံစံမျိုးပဲ run ကြတယ်။ လူမျိုးလည်းမခွဲဘူး။ နိုင်ငံလည်းမခွဲဘူး။ Bar Tender ဆို ဘယ်ဆိုင်က Bar Tender ဖြစ်ဖြစ်တူတူပဲ။ အားလုံးက အချင်းချင်း Respect ပေးကြတယ်။

Madame Em's ရဲ့ တခြား bar တွေနဲ့ မတူတဲ့ ထူးခြားတဲ့ ကော့တေးအရသာက ဘာဖြစ်မလဲ။
ထူးခြားတဲ့ကော့တေးဆိုရင် လက်ဖက် Martini ပေါ့။ လက်ဖက်ဆိုတာ မြန်မာတွေရဲ့ Traditional Food တစ်ခုပေါ့။ အဲ့ Food ကို ကော့တေးအနေနဲ့ ဖန်တီးပေးထားတယ်။

ကော့တေးတစ်ခုနဲ့ တစ်ခု ထူးခြားတဲ့အရသာနဲ့ ပြင်ဆင်မှုအတွက်ကိုရော ဘယ်လိုအားစိုက်ထုတ် ပြင်ဆင်ခဲ့လဲ။
ကျွန်တော်က အလုပ်တစ်ခုလုပ်မယ်ဆိုရင် စေတနာထည့်တယ်။ စေတနာထည့်ရင် အောင်မြင်မယ်လို့ ယုံကြည်ထားတယ်။ အဲ့ဒါကြောင့် ကိုယ့်စိတ်ကြိုက်ဖြစ်အောင် ကိုယ်လုပ်တယ်။ ကိုယ်မကြိုက်ရင်လည်း ကိုယ်မလုပ်ဘူး။ ကိုယ်တောင်သောက်လို့မရတဲ့အရသာကို Customer ကို မပေးဘူး။ အဓိက ကိုယ်ကြိုက်ပြီလား။ ကိုယ်စိတ်ကြိုက်ကျေနပ်မှ Customer ကို ပေးတယ်။ အဲ့ဒါမှ ဒီကော့တေးက ကောင်းတယ်လို့ထင်တယ်။

ဘယ်လို ထူးထူးခြားခြား menu တွေကို အသစ်ထပ်ဖန်တီးဖို့ရှိလဲ။
အများကြီးရှိပါတယ်။ မြန်မာအစားအစာကိုပဲ Inspiration ယူပြီးသွားမှာပါ။ မြန်မာပစ္စည်းထဲက တစ်ခုခု ဒါမှမဟုတ်ရင် မြန်မာတွေရဲ့ အဓိက Art Work တစ်ခုခု History ပါတဲ့ တစ်ခုခုကို Represent လုပ်ပြီး drink တွေ လုပ်သွားဖို့ ရှိပါတယ်။

Bar Tender က Bar တစ်ခုရဲ့ King ဖြစ်နေတဲ့အတွက်ကြောင့် ကိုယ်တာဝန်ယူထားတဲ့အပိုင်းကို ဘယ်လောက်အဓိ ကျေနပ်မှုရှိလဲ။
ကျွန်တော် Bar Tender တစ်ယောက်အနေနဲ့ တာဝန်ယူထားတဲ့အပိုင်းကို ကျေနပ်မှုရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီ Life ကို ရွေးချယ်လိုက်ကတည်းက Customer နဲ့ ထိတွေ့ချင်တာ စကားပြောချင်တာ သူတို့ဆီက ကိုယ်မသိတာ မတတ်တာတွေ မေးလို့ရတယ်။ အဲ့ဒါကြောင့်မို့ ကျေနပ်ပါတယ်။

Bar Tender တစ်ယောက်အနေနဲ့ အစ်ကို့ရဲ့ အားသာချက်တွေက ဘာဖြစ်မလဲ။
အားသာချက်ဆိုရင်တော့ ကျွန်တော်က Customer နဲ့ အရမ်းစကားပြောတာ Customer အလိုလိုက်တာပေါ့ဗျာ။ စိတ်ကျေနပ်အောင်ထားပေးတယ်။

Bar Tender တစ်ယောက်ရဲ့ဆိုင်ကိုလာတဲ့ Customer တွေကို ဆွဲဆောင်စည်းရုံးမှုအပိုင်းကိုလည်း ပြောပေးပါဦး။
Bar Tender ကောင်းတစ်ယောက်ဆိုတာ Drink ကောင်းကောင်းလုပ်တတ်ရုံနဲ့ Bar Tender ကောင်းတစ်ယောက်လို့ ခေါ်လို့မရဘူး။ Bar Tender ရဲ့ အောင်မြင်မှုက Customer ပေါ်အခြေခံပါတယ်။ Customer ကို ဆွဲဆောင်တယ်ဆိုတာကလည်း Customer ပြောတာကို နားထောင်မယ်။ သူတို့ကို ဘယ်လို Represent ပြန်လုပ်ပေးမလဲ။ သူတို့ဘာတွေလိုအပ်နေလဲဆိုတာကို ကြည့်ပြီးတော့ ကျွန်တော်တို့က ကော့တေးပြန်စပ်ပေးတယ်။ Customer တွေက ဒီ Bar လာရင် စိတ်ကျေနပ်မှုပိုရမယ်။ တစ်ယောက်နဲ့တစ်ယောက် ပွင့်ပွင့်လင်းလင်းပိုဖြစ်တာပေါ့ဗျာ။ ဒီ Life မှာတော့ လာတဲ့သူတွေအကုန်လုံးအတွက် warm ဖြစ်ရမယ်။ ကိုယ့်အိမ်ကိုယ်ပြန်လာသလိုဖြစ်ရမယ်။ Relax ဖြစ်တဲ့ နေရာလေးဖြစ်အောင် လုပ်ထားတယ်။ အဲ့ဒါကြောင့် Customer တွေက ဒီကိုပြန်လာမယ်လို့ ယုံကြည်တာပေါ့။

 

, ,

Cover Stories

ယုံကြည်မှုရှိခြင်းရဲ့ အလှတရား M Seng Lu

Update အမြဲဖြစ်နေတဲ့ အမိုက်စားဖက်ရှင်တွေအကြောင်း၊ NIVEA Floral Whitening Roll-on ကြောင့် သူမရဲ့ လျှို့ဝှက်တဲ့ အလှတရားတွေအပေါ် ယုံကြည်မှုှရှိစေခဲ့တဲ့အကြောင်းတွေနဲ့ NIVEA Whitening Roll-on က ပျက်စီးနေတဲ့ ချိုင်းကြားအသားအရေကိုလည်း ပြုပြင်ပေးတာကြောင့် မိန်းကလေးတို့အတွက်လည်း ကိုယ့်ကိုကိုယ်ယုံကြည်မှုပိုစေတဲ့အကြောင်းတွေကို ဒီလ MODA ရဲ့ Cover Star ဖြစ်တဲ့ M Seng Lu က ပြောပြခဲ့ပါတယ်။

by Lin Lin

February 19, 2020

Update အမြဲဖြစ်နေတဲ့ အမိုက်စားဖက်ရှင်တွေအကြောင်း၊ NIVEA Floral Whitening Roll-on ကြောင့် သူမရဲ့ လျှို့ဝှက်တဲ့ အလှတရားတွေအပေါ် ယုံကြည်မှုှရှိစေခဲ့တဲ့အကြောင်းတွေနဲ့ NIVEA Whitening Roll-on က ပျက်စီးနေတဲ့ ချိုင်းကြားအသားအရေကိုလည်း ပြုပြင်ပေးတာကြောင့် မိန်းကလေးတို့အတွက်လည်း ကိုယ့်ကိုကိုယ်ယုံကြည်မှုပိုစေတဲ့အကြောင်းတွေကို ဒီလ MODA ရဲ့ Cover Star ဖြစ်တဲ့ M Seng Lu က ပြောပြခဲ့ပါတယ်။ M Seng Lu က သူမရဲ့ အလှအပလျှို့ဝှက်ချက်တွေသာမကဘဲ သူမခံယူထားတဲ့ ချစ်ခြင်းမေတ္တာအကြောင်းတွေကိုပါ ဖွင့်ဟခဲ့ပါသေးတယ်။

M Seng Lu အတွက်အချစ်ဆိုတာကို ဘယ်လိုအဓိပ္ပါယ်ဖွင့်ချင်လဲ။
အချစ်လို့ ပြောလိုက်ပြီဆိုတာနဲ့ အရမ်းလည်းနက်ရှိုင်းတယ်။ ဆန်းလည်းဆန်းကြယ်တာပေါ့။ ဒါပေမယ့်အချစ်ဆိုတာက သူ့ဘက်ကချစ်သည်ဖြစ်စေ၊ မချစ်သည်ဖြစ်စေ ကိုယ့်ဘက်က အမြဲတမ်းချစ်နေဖို့ပဲ လိုတာပေါ့။


Valentine Day မှာ Boyfriend ဆီက လိုချင်တဲ့ထူးထူးခြားခြားလက်ဆောင်ဆိုရင် ဘာဖြစ်မလဲ။
အမြဲတမ်းက Valentine Day ဖြစ်နေတဲ့အတွက်ကြောင့် Valentine Day မှာ လိုချင်တဲ့ ထူးထူးခြားခြားလက်ဆောင်ကတော့ မရှိပါဘူး။

ဆယ်ကျော်သက် အရွယ် Valentine Day အတွေ့အကြုံအကြောင်း ပြောပြပါဦး။
စိတ်လှုပ်ရှားတဲ့အရွယ်ပေါ့။ အဲ့တုန်းက အချစ်ဆိုတာလည်း ဘာမှန်းမသိဘူး။ အဓိကက ရင်ခုန်ပြီးစိတ်လှုပ်ရှားတာနဲ့တင် ပျော်နေတာပေါ့။ မုန့်သွားစားမယ်။ ရုပ်ရှင်ကြည့်မယ်။ ဒါလေးကတော့ Teenager Love ပေါ့။

Valentine Day မှာ အသဲကွဲတာနဲ့ကြုံဖူးလား။
ကြုံဖူးတယ်။ အဲ့နေ့မှာ အသဲကွဲတာလောက် ဆိုးဝါးတာမရှိဘူး။ အဲ့တုန်းက အရမ်းခံစားလိုက်ရတယ်။

မိန်းကလေးတွေက ကိုယ့်ချစ်သူကိုအရာရာတိုင်းမှာ Perfect ဖြစ်စေချင်ကြတယ်။ Seng Lu အနေနဲ့ရော ကိုယ့် Boyfriend နဲ့ ပတ်သက်ပြီး စံ သတ်မှတ်ချက်ရှိလား။
Seng Lu ကတော့လေ ကိုယ့် Boyfriend နဲ့ ပတ်သက်ပြီးတော့ စံနှုန်းသတ်မှတ်ထားတာမရှိဘူး။ လူတိုင်းကတော့ အားနည်းချက်ကိုယ်စီရှိတယ်။ ကိုယ့်မှာလည်း အားနည်းချက်ရှိတယ်။ သူ့ဆီမှာလည်း အားနည်းချက်ရှိတယ်။ ဒါပေမယ့် အားနည်းချက်ကို မကြည့်ဘဲနဲ့ သူ့ရဲ့ အားသာချက်တွေကို မြင်ပြီးတော့ပဲ အကောင်းဆုံးတွေနဲ့ အတူတူလျှောက်လှမ်းတာပေါ့။ စံသတ်မှတ်ထားရင်လည်း ပြီးရင်လည်း အလကားပါပဲ။ အဲ့လောက်အထိလည်း မလိုအပ်ဘူးလို့ ထင်တာပါပဲ။


ကိုယ့်ကိုကို ဆွဲဆောင်မှုရှိတဲ့ မိန်းကလေးလို့ ထင်လား။ ဘာကြောင့်လဲ။
ဆွဲဆောင်မှုအပြည့်ရှိတဲ့ မိန်းကလေးလို့ ကိုယ့်ကိုကိုယ်ထင်တယ်။ ဘာလို့လဲ ဆိုတော့ Confidence ပေါ့။ အရင်တုန်းကတော့ ကိုယ့်ကိုကိုယ်အမြဲ ဆိုက်ကိုဖြစ်တယ်။ အဆင်ပြေပါ့မလားဆိုတဲ့ အတွေးအမြဲဝင်တယ်။ အခုနောက်ပိုင်းတော့ သိပ်မရှိတော့ဘူး။ ငါ Seng Lu ပဲ။ ဘာလို့ အဲ့လောက်အထိ အာရုံစိုက်ထားစရာလိုလဲဆိုတဲံ အတွေးဝင်တယ်။ ကိုယ့်ကိုကိုယ် Confidence ရှိတယ်။

Seng Lu က Fashion ပိုင်းမှာလည်း အမြဲ Update ဖြစ်နေတဲ့သူတစ်ယောက်ဖြစ်တယ်။ ဒီလိုမျိုး Fashion တွေအမြဲ Update ဖြစ်အောင် ဘယ်လိုပြင်ဆင်လေ့လာလဲ။
Seng Lu က International Magazine တွေအမြဲကြည့်တယ်။ Fashion Editorial ၊ Model တွေ ၊ ဒီဇိုင်နာ သူတို့တွေရဲ့ Collection တွေကို အမြဲကြည့်တယ်။ အဲ့တော့ Seng Lu ရဲ့ ဖက်ရှင်လည်း အမြဲ Update ဖြစ်အောင် လုပ်တာပေါ့။ ဒါမယ့် Seng Lu က ကိုယ်နဲ့ လိုက်ဖက်မှုရှိတဲ့ Trend နောက်ကိုပဲ လိုက်တယ်။ အမြဲတမ်းမိုက်နေမယ့်အထာမျိုးကို ရွေးချယ်ဖြစ်တယ်။

Fashion ပိုင်းမှာ Seng Lu ရဲ့ Idol က ဘယ်သူတွေဖြစ်မလဲ။
Rihanna အရမ်းကြိုက်တယ်။ Rihanna က မော်ဒယ်မဟုတ်ပေမယ့် ဖက်ရှင်တော်တော်များများကို Rihanna ကိုကြည့်ပြီးတော့ အတုယူဖြစ်တယ်။ ပြီးတော့ မော်ဒယ်ထဲမှာဆို Bella Hadid ။ သူတို့နှစ်ယောက်ကို အရမ်းကြိုက်တယ်။

အသားအရေနဲ့ ပတ်သက်ပြီးတော့ရော ဘယ်လိုထိန်းသိမ်းလဲ။
အသားအရေနဲ့ ပတ်သက်ပြီးတော့ Seng Lu အရမ်း Take Care လုပ်တယ်။ ဘာလို့လဲဆိုတော့ Seng Lu ရဲ့ မျက်နှာကဝက်ခြံထွက်တာအရမ်းလွယ်တယ်။ တစ်လမှာ ၁၅ ရက် ၂၀ ရက်လောက်ကတော့ အမြဲ ဝက်ခြံထွက်တယ်။ ထိန်းသိမ်းတာကတော့ Seng Lu ရေများများသောက်တယ်။ ပြီးရင် ခန္ဓာကိုယ်မှာ Detox များများလုပ်တယ်။

Nivea ရဲ့ ဘယ် Product တွေကို အကြိုက်ဆုံးလဲ။
Nivea Product ထဲမှာဆိုရင် Roll-on ၊ Lip balm ၊ Body Lotion အကုန်လုံးသုံးဖြစ်တယ်။ အကြိုက်ဆုံးထဲမှာဆိုရင်တော့ Deodorant ပေါ့။ Deodorant က မွှေးရနံ့နဲ့ Whitening Feature က တခြား Brand တွေနဲ့ မတူဘဲ သိသာတဲ့ပြောင်းလဲမှုရှိတယ်။ တစ်နေကုန် ချွေးဘယ်လောက်ထွက်ထွက် မွှေးရနံ့က ပျောက်မသွားဘူး။ စိတ်ကိုလန်းဆန်းစေတယ်။

အချိန်အကြာကြီး ရပ်တည်နေတဲ့ Brand တစ်ခုကို အသုံးပြုမှုအပေါ် Seng Lu ရဲ့ ယုံကြည်မှုအကြောင်းပြောပြပါဦး။
Brand တစ်ခုက အချိန်အကြာကြီး ရပ်တည်နေနိုင်ဖို့ဆိုတာ ခက်ခဲပါတယ်။ အခုအချိန်ဆိုရင် ရွေးချယ်စရာတွေကလည်း အများကြီးရှိနေပြီ။ ဒါပေမယ့် Nivea ဆိုရင် Quality ကို ထိန်းထားနိုင်တာရယ်။ သုံးတဲ့သူတွေစိတ်ကြိုက်ကို Nivea က သိတဲ့အတွက်ကြောင့် ကိုယ့်ကိုကိုယ်လည်း ပိုပြီးတော့ Confident လည်း ဖြစ်စေတယ်။ တစ်နေ့တာ ဖြတ်သန်းသွားလာရတဲ့အချိန်တွေမှာ Nivea က Seng Lu အတွက် မရှိမဖြစ်ပါပဲ။

Nivea က အသစ်မိတ်ဆက်လိုက်တဲ့ NIVEA Floral Whitening Roll-on Range ကိုရော စမ်းသုံးကြည့်ပြီးပြီလား။
Nivea က လက်ဆောင်ပို့ထားတော့ စမ်းသုံးကြည့်တာ တော်တော်ကောင်းတယ်။ ပန်းအနံ့တစ်ခုချင်းစီက ကိုယ့်အကြိုက်အနံ့သေးသေးလေးတွေနဲ့ ဆိုတော့ စိတ်ကိုလန်းဆန်းစေလို့ သုံးလို့အရမ်းကောင်းပါတယ်။


အမျိုးသမီးတွေရဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှုနဲ့ ချိုင်းကြားအသားအရေလှပမှုက ဆက်စပ်နေတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး Seng Lu ရဲ့ အမြင်ကို ပြောပေးပါဦး။
ဒီမှာက မိန်းကလေးတွေအနေနဲ့ ချိုင်းမဲတာက ရှက်စရာတစ်ခုလိုမျိုးဖြစ်နေတယ်။ မိန်းကလေးတွေအတွက် ချိုင်းကြားအသားအရေဆိုတာ အလှတရားတစ်ခုပဲ။ ပြီးတော့ Nivea ကနေလည်း Whitening အတွက် အဓိက ထုတ်ထားတဲ့ Roll-on တွေလည်း ရှိနေတော့ နောက်ဆိုရင် ဒါနဲ့ ပတ်သက်ပြီး ရှက်ရွံနေဖို့မလိုတော့ဘူး။ ကြိုက်တဲ့ အကျီၤကို ဝတ်လို့ရမှာဆိုတော့ တကယ်ကိုအကျိူးရှိပါတယ်။

ဖေဖော်ဝါရီလက အချစ်လလေးဆိုတော့ အချစ်အကြောင်းကို ပြန်သွားကြရအောင်။ အကယ်၍ အသက်ရှင်ဖို့တစ်ရက်သာ အချိန်ရှိတော့မယ်ဆိုရင် ဘယ်သူနဲ့ Date ချင်လဲ။ ဘာကြောင့်လဲ။
အသက်ရှင်ဖို့တစ်ရက်ပဲ အချိန်ရှိတော့မယ်ဆိုရင်တော့ ဘယ်သူနဲ့မှ မ Date ချင်တော့ဘူး။ တစ်ယောက်တည်းပဲ နေတော့မယ်။ ဘာကြောင့်လည်းဆိုတော့ ရွေးချယ်စရာ အရမ်းများသွားပြီ။ ( ရယ်လျှက် )

Seng Lu ရဲ့ အချစ်ဦးအကြောင်းကို ပြောပြပါဦး။
အချစ်ဦးကတော့ အခုချိန်ထိတော့ ချစ်ဆဲပါပဲ။

Seng Lu က အချစ်ရေးမှာ ကံကောင်းသူတစ်ယောက်လား။
ကိုယ့်ကိုကိုယ် ကံကောင်းတယ်လို့တော့ ထင်တယ်။

Seng Lu ကို ဆွဲဆောင်နိုင်မယ့် ကောင်လေးက ဘယ်လိုပုံစံမျိုးဖြစ်မလဲ။
ပထမဦးဆုံးဆိုရင်တော့ သူ့ရဲ့အပြင်ပုံစံ Fashion ပေါ့။ ဖက်ရှင်ဆိုတာ အရမ်း Fashion ဆန်တဲ့ ပုံစံမျိုးတော့ မဟုတ်ပါဘူး။ အဲ့လိုမျိုးအပြင်ပုံသဏ္ဍန်ကို ကြည့်တယ်။ ပြီးတော့ တခြားလူတစ်ဖက်သားတွေအပေါ်မှာ သူ Respect ဘယ်လောက်ရှိလဲ။ လူတွေပေါ်မှာ ဘယ်လိုဆက်ဆံလဲ။ ဘယ်လောက်အထိ အများအပေါ်နှိမ့်ချပြီးတော့ ဆက်ဆံလဲ။ Seng Lu အဲ့ဒါတွေကြည့်ဖြစ်တယ်။

 

, , ,

Cover Stories

ခံစားမှုတွေကသာ အနုပညာဆိုတဲ့ Gabriel Phway

ဂီတကြောင့် အသက်ရှင်ရတာ သက်သောင့်သက်သာ ရှိတဲ့ကောင်မလေး။ ဖန်တီးမှုတွေကိုသာ အနုပညာလို့ အဓိပ္ပါယ်ဖွင့်တတ်သူ။ ဖြစ်ပေါ်လာတဲ့ စိတ်ခံစားချက်တိုင်းကို ပြန်လည်ခံစားပြီး သီချင်းတွေကို ဖန်တီးတတ်တဲ့သူမရဲ့ ဂီတအပေါ်ခံယူချက်။

by Lin Lin

January 21, 2020

ဂီတကြောင့် အသက်ရှင်ရတာ သက်သောင့်သက်သာ ရှိတဲ့ကောင်မလေး။ ဖန်တီးမှုတွေကိုသာ အနုပညာလို့ အဓိပ္ပါယ်ဖွင့်တတ်သူ။ ဖြစ်ပေါ်လာတဲ့ စိတ်ခံစားချက်တိုင်းကို ပြန်လည်ခံစားပြီး သီချင်းတွေကို ဖန်တီးတတ်တဲ့သူမရဲ့ ဂီတအပေါ်ခံယူချက်။ Underground လောကကနေ ဂီတလောကထဲကို ကြိုးစားတက်လှမ်းလာခဲ့တဲ့ သူမဆိုတဲ့ Gabriel Phway ရဲ့ ခံယူချက်၊ ယုံကြည်ချက်နဲ့ ခံစားမှုတွေအကြောင်းကို ယခုလအတွက် MODA Art ကဏ္ဍမှာ ဖော်ပြပေးလိုက်ပါတယ်။

ဘယ်လိုသီချင်းအမျိုးအစားအသစ်တွေချပြဖို့ရှိလဲ။
ဖွေးခုနကပြောခဲ့သလိုပါပဲ။ Neo Soul တို့ jazz တို့လို music တွေကို Base လုပ်ထားတဲ့ Music တွေကိုပဲလုပ်သွားဖြစ်မှာပါ။ ဒါမယ့်အဲ့အပေါ်မှာတော့ experiment လုပ်တဲ့ဟာတွေကို လုပ်ဖြစ်မယ်။

ဘာကြောင့် ဒီ Music ပုံစံကို ရွေးချယ်ဖြစ်တာလဲ။
အဲ့ဒါလည်း ကိုယ်ရင်ခုန်လို့ပေါ့။ ဒီMusic ပုံစံကို နားထောင်ရင် အကြာကြီးနားထောင်ဆိုလည်း နားထောင်နိုင်တယ်။ ကြားလိုက်တာနဲ့ စိတ်ထဲမှာ feeling တစ်ခုရတယ်။ ကိုယ်သဘောကျတဲ့ ကိုယ့်ရဲ့ Crush ကို တွေ့သလို ကိုယ့်ချစ်သူကို တွေ့သလိုအဲ့လိုမျိုး feeling ပေါ့။ မရိုးသွားတဲ့ feeling မျိုးဖြစ်တယ်။ အဲ့ဒါကြောင့် ဒီ music ကို ရွေးဖြစ်တာပါ။


သိတတ်စအရွယ်မှာ စတင်လေ့လာခဲ့တဲ့ instrument ကဘာလဲ။ Instrument ဘယ်နှမျိုးလောက်တီးတတ်လဲ။
စလေ့လာဖြစ်တာက Piano ပါ။ Guitar လည်း နည်းနည်းပါးပါးတီးတတ်တယ်။ အဓိကကတော့ သီချင်းရေးရင် Piano နဲ့ ရေးပါတယ်။

ဖွေးအတွက်အနုပညာဆိုတာဘာလဲ။
ဖွေး အနုပညာကို define တော့ မလုပ်ချင်ဘူး။ လုပ်စရာလည်းမလိုဘူးလို့ထင်တယ်။ ဖွေးဖန်တီးစရာရှိတာကို ဖန်တီးတယ်။ ဖွေးခံစားလို့ရတယ်ဆိုရင် ဒါဖွေးအတွက် Art ပဲ။ Definition တစ်ခုအနေနဲ့တော့ ပြောလို့မရဘူး။ စိတ်ထဲမှာဖြစ်လာတဲ့ feeling ပဲပေါ့။ “Maybe this is art for me” အဲ့လိုမျိုးပေါ့။ တစ်ယောက်နဲ့တစ်ယောက်လည်း art ကို ခံစားတဲ့ပုံစံချင်းတော့ တူမှာမဟုတ်ဘူးထင်တယ်။

စောခူဆဲသမီးဖြစ်နေလို့ ဒီဂီတလမ်းကြောင်းပေါ်လျှောက်ရတာ လွယ်ကူခဲ့လား။
ပါပါးရဲ့ သမီးဖြစ်နေလို့တော့ လူတွေပိုချစ်ကြတာလည်း ကြုံရပါတယ်။ အခွင့်အရေးတွေပိုရတာလည်း ရှိပါတယ်။ ဒါပေမယ့် တကယ်တမ်းဖွေး Music စလုပ်တဲ့အချိန်မှာ ဖွေးက mainstream ကနေသွားတာမဟုတ်ဘူး။ underground ကနေသွားတာဆိုတော့ underground လောကမှာလည်း ဖွေးကို စောခူဆဲသမီးမှန်း သိကြတာမဟုတ်ဘူးဆိုတော့ ဖွေးလည်း တခြား artists တွေနဲ့ နည်းတူ struggle လုပ်ခဲ့ရတာပါပဲ။ ဒီသီချင်းတွေဖန်တီးတယ်ဆိုတာလည်း ကိုယ့်ရဲ့ ကိုယ်ပိုင်ဖန်တီးမှုတွေပါပဲ။

Music နဲ့ ပတ်သက်ပြီးအဖေ့ရဲ့ ပံ့ပိုးမှုကရော ဘယ်လိုရှိလဲ။
အဖေကတော့ အမြဲရှိနေပေးတယ်။ ဒါမယ့် ဖွေးယုံကြည်တဲ့လမ်းကိုသွား လွှမ်းမိုးမှုတွေမလုပ်ဘူး။ ဖွေးယုံကြည်ရာကိုလုပ် သူ့ကို တိုင်ပင်လို့ရတယ်။ ဆွေးနွေးလို့ရတယ်။


လူငယ်တစ်ယောက်ရဲ့ Music အပေါ်ခံယူချက်။
ဖွေးအမြဲပြောနေသလိုပဲ Music ရှိနေလို့ ဖွေးအသက်ရှင်ရတာ သက်သောင့်သက်သာရှိတာပေါ့။

ဖွေးနဲ့အတူကြီးပြင်းခဲ့တဲ့ သီချင်းတစ်ပုဒ်ကို ပြောပါဆိုရင် ဘယ်သီချင်းဖြစ်မလဲ။
ဖွေးစင်ပေါ်မှာအမြဲတမ်းဆိုဖြစ်တဲ့ သီချင်း L O V E ကို ဖွေးပြောချင်တယ်။ ဘာလို့လဲဆိုတော့ အဲ့သီချင်းက ငယ်ငယ်လေးကတည်းက အမေက သူကြည့်တဲ့ ကိုရီးယားကားထဲမှာ မင်းသမီးက အဲ့သီချင်းကို ဆိုတာ သူကြားတော့ သမီးနဲ့လိုက်မှာပဲဆိုပြီး ဆိုခိုင်းတယ်။ အဲ့ဒါနဲ့ အဖေ၊ အမေ၊ သူငယ်ချင်းတွေရဲ့ မွေးနေ့ပွဲတွေရှိရင် အဲ့သီချင်းကို အမြဲဆိုဖြစ်တယ်။ နောက်ကျတော့ မင်္ဂလာဆောင်တွေမှာလည်း ဆိုတယ်။ ကြီးလာတဲ့အခါကျတော့ တောက်လျှောက်ဆိုဖြစ်နေတာပေါ့နော်။

သီချင်းတွေကို ဘယ်လိုအချိန်မျိုးမှာ ရေးတတ်လဲ။
အဲ့ဒါလည်း ပုံသေမရှိဘူး။ ဖွေးခေါင်းထဲကို တစ်ခါတစ်လေကျရင် သံစဉ်တွေရောက်လာတယ်။ တစ်ခါတစ်လေကျရင် စာသားတွေရောက်လာတယ်။ အဲ့လိုရောက်လာတဲ့အချိန်တွေကလည်း ကားမောင်းနေတဲ့အချိန်လည်းဖြစ်နိုင်တယ်။ စာမေးပွဲခန်းထဲမှာ စာမေးပွဲဖြေပြီးထိုင်နေတဲ့အချိန်လည်း ဖြစ်နိုင်တယ်။ အဲ့လိုအချိန်တွေမှာ စိတ်ထဲကို ရောက်လာရင် စာရွက်အပိုင်းအစလေးတွေပေါ်မှာ ရေးထားတယ်။ မှတ်ထားတယ်။ သံစဉ်တွေရောက်လာရင်လည်း ဖုန်းနဲ့ ပြန်ပြီး record လုပ်ထားတယ်။ အဲ့ဒါလေးတွေကိုမှ ကိုယ်အချိန်ပေးနိုင်တဲ့အခါကျရင် Piano ရှေ့မှာ ထိုင်ပြီးတော့  Chorus တွေဘာတွေ သေချာရှာပြီးတော့ ဆက်ရေးတာပေါ့။

ဘယ်လိုစိတ်ခံစားမှုတွေကို အခြေခံပြီး အနုပညာတွေပေါက်ဖွားလာရတာလဲ။
စိတ်ခံစားမှုတွေက အမျိုးမျိုးပဲ။  ပျော်တာကနေလည်း ဖန်တီးဖြစ်တယ်။ ဝမ်းနည်းရာကနေလည်း ဖန်တီးဖြစ်တယ်။ အဲ့ဒါအပြင် ကြားလိုက်တဲ့အသံ၊ မြင်လိုက်တဲ့မြင်ကွင်း၊ တိုက်တဲ့လေတွေကအစ ပြန်ခံစားပြီးတော့ ဖန်တီးဖြစ်တယ်။ စိတ်ခံစားမှုအစုံပါပဲ။

ရေးထားတဲ့ကဗျာတွေမှာ ဘဝအကြောင်းတွေကိုတွေ့ရတယ်။ ကဗျာတွေက ဘာကိုပြောချင်တာလဲ။
ကဗျာတွေအများကြီးတော့ မရေးဖူးဘူး။ ကိုယ့်စာအုပ်တွေထဲမှာ ကိုယ်တစ်ယောက်တည်းရေးပြီး ကိုယ်တစ်ယောက်တည်းဖတ်တဲ့ ကဗျာတွေတော့ရှိတယ်။ ဒါပေမယ့် MDMfs ကဗျာရဲ့ နိဒါန်းအနေနဲ့ ထည့်ခဲ့တဲ့ကဗျာလေးကတော့ သူများနဲ့ share လုပ်ဖြစ်တယ်။  ဖွေးက ကိုယ့်ရဲ့ဖြစ်တည်မှုကို အမြဲတမ်းပြန်ပြီးတော့ မေးခွန်းထုတ်တတ်တယ်။ နောက် ဘဝဆိုတာလည်း Madanma sis လိုပဲ မဆုံးနိုင်တဲ့အသွင်ပြောင်းမှုတွေအများကြီး ဆက်ပြီးတော့ ဖြစ်နေတယ်လို့ ယုံကြည်တယ်။ အဲ့ဒါကိုအခြေခံပြီးတော့ သေခြင်းတရားနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေ ပြီးတော့ ဘယ်အရာမဆိုအရာရာတိုင်းက သိပ်ပြီးတော့ ကြီးကျယ်ခမ်းနားနေတာမဟုတ်ဘူး။ အနက်အဓိပ္ပါယ်ရယ်လို့လည်း ဘာမှ နက်နက်နဲနဲမရှိနေဘူး။ Everything is Nothing ပေါ့နော်။ ဖွေးက အဲ့လိုမျိုးခံစားရတော့ အဲ့လိုအကြောင်းအရာလေးတွေကို ရေးဖြစ်တာ။


Q : ရေးခဲ့တဲ့ သီချင်းတွေထဲမှာ ဖွေးရဲ့အကြောင်းကို ပြောပြခဲ့တာရှိလား။
A : သီချင်းတွေကတော့ များသောအားဖြင့် ဖွေးအကြောင်းတွေပဲ ဖွေးရေးတာများတယ်။ ဖွေးအကြောင်းတွေ ဆိုပေမယ့် ဖွေးမှာဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေလည်း ဖြစ်ချင်မှဖြစ်မယ်။ ဖွေးရဲ့ စိတ်ကူး၊ ဖွေးရဲ့ တစ်စိတ်တစ်ပိုင်းလေးတွေ ရေးဖြစ်တာများပါတယ်။
Q : ဘယ်အရာတွေကို လုပ်ရတာကြိုက်လဲ။ ဘာတွေကို မကြိုက်ဘူးလဲ။
A : ဖွေးလုပ်ရတာကြိုက်တာတွေက ပုံသေပြောလို့မရဘူး။ ဖွေးကအမြဲတမ်းပြောင်းလဲနေတာ ကိုယ့်ရဲ့ mood ပေါ်မှာပဲ မူတည်တယ်။ အခုလုပ်ချင်တဲ့ကိစ္စတစ်ခုကို နည်းနည်းကြာရင် မလုပ်ချင်တော့တာမျိုးလည်း ရှိရင်ရှိနိုင်တယ်။ ဟန်ဆောင်နေရတာကိုတော့ ဖွေးမကြိုက်ဘူး။
Q : ဖွေးကိုယ်ဖွေး ဘယ်လိုလူမျိုးလို့ ထင်လဲ။
A : ဖွေးကနည်းနည်းခံစားချက် extreme ဖြစ်တယ်လို့ ထင်တယ်။ စိုးရိမ်လွန်တတ်တယ်။ Concentrate မလုပ်နိုင်ဘူး။ တစ်ချို့နေရာတွေထဲမှာ ဖွေးရောက်သွားပြီးတော့ ဖွေးမနေတတ်တာတွေ ကြုံတတ်တယ်။ လူတွေနဲ့စကားမပြောတတ်တာတွေရှိတယ်။ ဖွေးက အရမ်းငြိမ်းချမ်းချင်တယ်။ အရမ်းတည်ငြိမ်ချင်တယ်။ နောက်ပိုင်းကိုတော့ ဘယ်လိုနေရင်ငြိမ်းချမ်းမလဲ။ ဘယ်လိုနေရင် ပိုပြီးတော့ တည်ငြိမ်လာမလဲဆိုတာကို ရှာပြီးတော့ နေနေတဲ့ လူတစ်ယောက်ပါ။  

,

MODA TV 


Cover Stories

လှပတဲ့ ဆံနွယ်တွေနဲ့ နေ့သစ်တွေကို လျှောက်လှမ်းတော့မယ့် Miss Palmolive အေးမြရိပ်နိုင်

သူမက ယနေ့ခေတ်မှာ တွေ့ရခဲလှတဲ့ လှပတဲ့ ဆံပင်တွေကြောင့်လည်း Miss Palmolive Myanmar 2019 ရဲ့ Winner ရရှိထားသူလည်း ဖြစ်ပါတယ်။

by Lin Lin

January 17, 2020

မိန်းကလေးတို့အတွက် ဆံပင်ဟာ ဒုတိယမျက်နှာပါ။ လှပတဲ့ ဆံပင်တွေက သင့်ကို ဆွဲဆောင်မှုရှိစေမယ့် အချက်များထဲက တစ်ချက်အပါအဝင်ပဲ ဖြစ်ပါလိမ့်မယ်။ ဒီလိုလှပတဲ့ ဆံပင်တွေ ပိုင်ဆိုင်နိုင်ဖို့အတွက် သူမပြောပြခဲ့တဲ့ ဆံပင်ထိန်းသိမ်းမှုတွေ၊ ဆံပင်အပေါ်တန်ဖိုးထားမှုတွေအကြောင်းကို ဒီလအတွက် MODA ရဲ့ Cover Star အဖြစ်ရွေးချယ်ထားတဲ့ ဆံပင်ရှည်ရှည်နဲ့ ကောင်မလေး အေးမြရိပ်နိုင်က MODA နဲ့ တွေ့ဆုံခိုက်မှာ ပြောပြခဲ့ပါတယ်။ သူမက ယနေ့ခေတ်မှာ တွေ့ရခဲလှတဲ့ လှပတဲ့ ဆံပင်တွေကြောင့်လည်း Miss Palmolive Myanmar 2019 ရဲ့ Winner ရရှိထားသူလည်း ဖြစ်ပါတယ်။


ငယ်ငယ်က ဖြစ်ချင်ခဲ့တဲ့ အိပ်မက်ကဘာလဲ။
မင်းသမီးတစ်ယောက်ဖြစ်ချင်တယ်။ ဒီဇိုင်းနာလည်းဖြစ်ချင်တယ်။ Photo Model လည်း ဖြစ်ချင်ပါတယ်။

Palmolive က ရွေးချယ်ခံရတဲ့ Miss တစ်ယောက်အနေနဲ့ အနုပညာလမ်းကြောင်းတစ်ခုပေါ်ရောက်လာခဲ့ပြီဆိုတော့  ရှေ့ဆက် အိပ်မက်တွေကို ဘယ်လိုအကောင်အထည်ဖော်သွားမလဲ။
Palmolive မှာ winner တစ်ယောက်ဖြစ်မယ်လို့မထင်ခဲ့ဘူး။ Winner ဖြစ်ခဲ့တဲ့အတွက် အရမ်းပျော်ပါတယ်။ Palmolive winner ဖြစ်တော့ Palmolive နဲ့အတူ လက်တွဲသွားချင်ပါတယ်။ ရှေ့ဆက်ပြီးတော့လည်း ညီမက သရုပ်ဆောင်မေဂျာယူထားတဲ့အတွက်ကြောင့် သရုပ်ဆောင်ပိုင်းတွေကို သွားမယ်။ Photo Model လည်း ဆက်လုပ်သွားမှာပါ။

ဆံကေသာနဲ့ ပတ်သက်ပြီး ဘယ်လိုထိန်းသိမ်းမှုတွေ ပြုလုပ်လဲ။
ညီမက မျက်နှာထက် ဆံပင်ကို ပိုပြီးထိန်းသိမ်းပါတယ်။ အလုပ်များရင် တစ်ပတ်တစ်ခါလောက်ကို ကြက်ဥနဲ့ပေါင်းဖြစ်တယ်။ ပျော့ဆေးလည်းသုံးတယ်။ အလုပ်နည်းတဲ့အချိန်တွေဆိုရင်တော့ တစ်ပတ်ကို နှစ်ခါလောက်တော့ ပေါင်းတင်ဖြစ်ပါတယ်။

ဒီဘက်ခေတ်မှာက ဆံပင်ရှည်တဲ့အမျိုးသမီးတွေ ရှားလာခဲ့ပြီဆိုတော့ ကိုယ့်ရဲ့ဆံပင်အပေါ် တန်ဖိုးထားမှုအကြောင်းပြောပြပေးပါဦး။
ဆံပင်က ဒုတိယမျက်နှာဆိုတော့ မိန်းကလေးတွေအတွက်ကတော့ အရမ်းအရေးကြီးတယ်။ မိန်းကလေးတစ်ယောက်က ဆံပင်တိုတာ ရှည်တာနဲ့ မဆိုင်ဘူး။ ဆံသားလေးကောင်းနေမယ်။ အရောင်မဆိုးထားပဲနဲ့ သဘာဝအတိုင်းပဲ ဖြောင်ဖြောင့်စင်းစင်းလေးဆိုရင် အရမ်းကြည့်လို့ကောင်းပါတယ်။ မိတ်ကပ်မလိမ်းထားရင်တောင်မှ ဆံပင်လေးကောင်းနေရင် လှတယ်လေ။
ဘယ်အရွယ်ကတည်းက ဆံပင်အရှည်စထားဖြစ်တာလဲ။
၈တန်းဖြေပြီးလောက်မှာစထားဖြစ်တာပါ။ ထားမယ်လို့လည်းမရည်ရွယ်ထားဘူး။ ဂုတ်အကျော်ကနေမှ ထားလိုက်ရင်းနဲ့ အရှည်ကို သဘောကျသွားတာပေါ့။

ဆံပင်က လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာလို့ ဆိုကြတယ်။ ဆံပင်ရှည်တဲ့ မိန်းကလေးတွေအတွက် ထိန်းသိမ်းရတာ ပိုတာဝန်ကြီးတော့ ခေါင်းလျှော်ရည်ရွေးချယ်တဲ့ အပိုင်းမှာရော ဘယ်လိုမျိုး ရွေးချယ်ဖြစ်လဲ။
အရင်တုန်းကတော့ ခေါင်းလျှော်ရည်က သိပ်မရွေးချယ်ဖြစ်ဘူး။ အိမ်က ဝယ်ထားရင် ဝယ်ထားတဲ့ ခေါင်းလျှော်ရည်နဲ့ လျှော်လိုက်တာပဲ။ နောက်ပိုင်းမှာ ဆံပင်ကို အရှည်ထားလာတာနဲ့အမျှ ခေါင်းလျှော်ရည်က ဆံပင်အတွက် အရေးအကြီးဆုံးဖြစ်လာတယ်ဆိုတာ သိလာတယ်။ ရွေးချယ်ဖြစ်တယ်။ အခု ညီမအရှည်ထားပြီး နောက်ပိုင်းမှာ သုံးဖြစ်တာက Palmolive ပေါ့။

Palmolive ခေါင်းလျှော်ရည်ကို ဘယ်အချိန်ကတည်းက စသုံးဖြစ်တာလဲ။
ဆယ်တန်းမှာ စသုံးဖြစ်တာပါ။

Palmolive မှာ ဝင်ပြိုင်တဲ့ သူတွေအများကြီးထဲကမှ ဘာကြောင့် Winner အဖြစ်ရွေးချယ်ခံခဲ့ရတယ်လို့ ကိုယ့်ကိုကိုယ်ထင်လဲ။
လာပြိုင်တဲ့ အစ်မတွေအကုန်လုံးက အရည်အချင်းလည်းရှိကြပါတယ်။ ညီမက ဒီပြိုင်ပွဲတွေမလုပ်ခင်ကတည်းကလည်း Palmolive သုံးခဲ့တယ်။ သုံးနေရင်းနဲ့မှ Palmolive ကို See first လုပ်ထားတဲ့အတွက်ကြောင့် ပြိုင်ပွဲအတွက်တက်လာတာတွေ့လို့ ပြိုင်ဖြစ်တယ်။ ကိုယ်သုံးနေတဲ့ brand လည်း ဖြစ်တယ်။ ယုံကြည်မှုလည်း ရှိတဲ့အတွက်ကြောင့် ပြိုင်ဖြစ်တယ်။ ၂နှစ်လောက်ပြိုင်ခဲ့ပြီး ဒီနှစ်မှာ ရခဲ့ပါတယ်။

Palmolive Shampoo ရဲ့ အမျိုးအစား ၆ မျိုးမှာ ဘယ်နှမျိုးသုံးဖူးလဲ။ ဘယ်အမျိုးအစားကို အကြိုက်ဆုံးလဲ။
Palmolive ကို ခရမ်းရောင်ပဲသုံးပါတယ်။ အရောင်စုံတော့ သုံးဖူးပါတယ်။ ခရမ်းရောင်က ညီမနဲ့ အဆင်ပြေလို့ ခရမ်းရောင်ကို သုံးတာပါ။


ဆံပင်ရှည်တဲ့သူတော်တော်များများက မြန်မာဆန်ဆန်ဖက်ရှင်နဲ့ လိုက်ဖက်မှုက ပိုများတယ်ဆိုတော့ ဆံပင်ကြောင့် အဝတ်အစားရွေးချယ်မှု ဖက်ရှင်ပိုင်းမှာ အခက်အခဲ ရှိခဲ့လား။
ညီမကိုယ်တိုင်လည်း မြန်မာဝတ်စုံဝတ်ဖြစ်တယ်။ ကျောင်းကလည်း မြန်မာဝတ်စုံဝတ် ဝတ်ရတဲ့အတွက်ကြောင့် မြန်မာဝတ်စုံပိုဝတ်ဖြစ်တယ်။ အပြင်သွားရင်တော့ အရမ်းဟော့ဟော့ရမ်းရမ်းကြီးတော့ မဝတ်ပါဘူး။ ဒါပေမယ့် ဆံပင်ရှည်တာနဲ့ တိုတာနဲ့တော့ ကွာတယ်။ ဘယ်လောက်ပဲအတိုဝတ်ထား ဝတ်ထား ဆံပင်ရှည်တဲ့အတွက်ကြောင့် မရိုင်းဘူးပေါ့နော်။ ဆံပင်က ထိန်းသွားတဲ့အတွက်ကြောင့် ကြည့်လို့လှတယ်။

ကိုယ်ကိုကိုယ် ယုံကြည်မှုရှိဆုံးအပိုင်းကို ပြောပါဆိုရင် ဘယ်အပိုင်းဖြစ်မလဲ။
ကိုယ့်ကိုကိုယ် ယုံကြည်မှုအရှိဆုံးကတော့ ဆံပင်ရှည်တော့ ဆံပင်လည်းပါတယ်။ ပြီးရင် နှာခေါင်းပေါ့။ နှာခေါင်းကို သဘောကျတယ်။

အိပ်မက်နဲ့ လက်တွေ့ ထပ်တူကျဖို့အတွက် ကိုယ့်ဘက်က ဘယ်လိုကြိုးစားအားထုတ်မှုတွေ လုပ်သွားမလဲ။
Palmolive ရဲ့ Winner ဖြစ်တဲ့အတွက်ကြောင့် Palmolive နဲ့ အလုပ်တွေအကုန်လုံးကို ပူးပေါင်းဆောင်ရွက်မယ်။ ရှေ့ဆက်ပြီးတော့လည်း ညီမက အနုပညာကျောင်းပြီးသွားရင် အနုပညာလည်း ဆက်လုပ်သွားမယ်။ ဒီကြားမှာ Photo Model လည်း လုပ်ဖြစ်မှာပါ။

Editor : Lin Lin

, ,

Cover Stories

အိပ်မက်တွေမိုးထားတဲ့ အိမ်ထဲက ကျွန်တော့်ကို ချစ်ပါဆိုတဲ့ Morosaki Win

သူရဲ့ အပြုံးချိုချို၊ ပွင့်လင်းတဲ့ စကားပြောဟန်တွေက ပျိုမေတို့ကို အသဲတယားယားနဲ့ ရင်ခုန်စေခဲ့ပါတယ်။ ဒီလလေးကလည်း ခရစ္စမတ်လလေးဆိုတော့ X’mas နဲ့ ပတ်သက်တဲ့ အမှတ်တယတွေနဲ့ အဝင်းရဲ့ ၂၀၂၀ Plan တွေက ဘာဖြစ်မလဲ။ သူ့မှာသာ ကောင်မလေးရှိလာခဲ့ရင် X’mas မှာ သူပေးချင်တဲ့ Surprise က ဘာဖြစ်မလဲဆိုတာကို MODA က မေးမြန်းဖြစ်ခဲ့ပါတယ်။

by Lin Lin

December 17, 2019


ချမ်းအေးတဲ့ ဒီဇင်ဘာလလေးမှာ အပြုံးချိုချိုလေးနဲ့ ပရိသတ်ကိုဖမ်းစားထားတဲ့ မိုရီဆာကီဝင်းကို MODA Cover Star အဖြစ်ရွေးချယ်ဖြစ်ခဲ့ပါတယ်။ မိုရီဆာကီဝင်းဟာ ၂၀၁၇ ခုနှစ်ကစပြီး ဇာတိမြေဇာတ်ကားမှာ အဓိကဇာတ်ဆောင်အဖြစ်ပါဝင်ရိုက်ကူးခဲ့ရာမှ မြန်မာပရိသတ်အားပေးမှုကို ရရှိခဲ့သူတစ်ဦးဖြစ်ခဲ့ပါတယ်။ သူရဲ့ အပြုံးချိုချို၊ ပွင့်လင်းတဲ့ စကားပြောဟန်တွေက ပျိုမေတို့ကို အသဲတယားယားနဲ့ ရင်ခုန်စေခဲ့ပါတယ်။ ဒီလလေးကလည်း ခရစ္စမတ်လလေးဆိုတော့ X’mas နဲ့ ပတ်သက်တဲ့ အမှတ်တယတွေနဲ့ အဝင်းရဲ့ ၂၀၂၀ Plan တွေက ဘာဖြစ်မလဲ။ သူ့မှာသာ ကောင်မလေးရှိလာခဲ့ရင် X’mas မှာ သူပေးချင်တဲ့ Surprise က ဘာဖြစ်မလဲဆိုတာကို MODA က မေးမြန်းဖြစ်ခဲ့ပါတယ်။

လာမယ့်နှစ်မှာ ဘာလုပ်ချင်လဲ။
Solo singer ဖြစ်ချင်တယ်။ တစ်ယောက်တည်း သီချင်းဆိုချင်တယ်။

အဝင်းရဲ့ Type က ဘယ်လိုမျိုးလဲ။
Funny ဖြစ်တယ်။ ပျော်ပျော်ပါးပါး နေတတ်တယ်။


Social Media မှာ အခုချိန် စကားတစ်ခုပြောရမယ်ဆိုရင် ဘာပြောချင်လဲ။
ကျွန်တော့်ကို ချစ်ပါ။


ဂျပန်နဲ့ မြန်မာရဲ့ နေထိုင်မှုပုံစံက ဘယ်လိုကွာခြားလဲ။
အစားအသောက်ပိုင်းတွေကွာတယ်။ ဂျပန်မှာက အရမ်းအချိန်ကုန်မြန်တယ်။ မိနစ်ပိုင်းတိုင်းမှာ အလုပ်လုပ်ကြတယ်။ မြန်မာပြည်မှာကျတော့ ပေါ့ပေါ့ပါးပါးလေး နေလို့ရတယ်။ လုပ်စရာရှိတာကိုလည်း အားလုံးလုပ်ကြတယ်။


မေ့လို့မရတဲ့ memory တစ်ခုရှိရင်ပြောပြပါ။
ကျွန်တော်က အဖွားနဲ့နေတယ်။ အဖွားက ကျွန်တော်ဂျပန်ပြည်ကိုထွက်လာတဲ့နေ့မှာ လုံးမငိုဘဲနဲ့ “သား ဂျပန်ကိုသွား။ ဂျပန်မှာ ပျော်စရာအများကြီးရှိတယ်။” လို့ အဲ့လိုမျိုးပြောတဲ့နေ့ကို လုံးဝမမေ့ဘူးခင်ဗျ။ ဝမ်းနည်းစရာမလိုဘူးလို့ပြောခဲ့တယ်။ အဲ့ကနေပဲ ကျွန်တော့်ဘဝစခဲ့ရတာ။

ပထမဆုံး TV မှာလာတဲ့ ကိုယ့်ကိုကိုယ်ကြည့်ပြီးဘယ်လိုခံစားရလဲ။
ပထမဆုံး ကိုယ့်ကိုကိုယ်ကြည့်ဖြစ်တာဆိုရင် ဂျပန်မှာ ဇာတ်လမ်းတွဲရိုက်တုန်းက အိုက်တင်တွေတစ်မျိုးကြီးဖြစ်နေတယ်။ ကိုယ့်ကိုကိုယ်တော့မထင်ရဘူး။


ကြည့်နေတဲ့သူတွေကို ဘယ်လို Message ပေးချင်လဲ။
နားရက်လိုချင်တယ်။ မြန်မာပြည်ကို အေးဆေးပတ်ချင်တယ်။ မြန်မာပြည်မှာ တစ်ယောက်တည်းခရီးသွားချင်တယ်။


Stage ပေါ်မှာ performance လုပ်ရတဲ့အခါ emotion ရှိလား။
ရှိခဲ့ပါတယ်။ အမှန်တကယ်က အဲ့လိုဖြစ်တာ သိပ်မကောင်းဘူး ။ ကျွန်တော့်အမြင်ပြောမယ်နော်။ အဆိုတော်ဆိုတာ ကိုယ့်အတွက်ဆိုတာလည်းပါသလို ရှေ့မှာ သူများအတွက်ဆိုတာလည်း ပါနေတော့ ကိုယ့်ကိုဆိုပြီး ကိုယ့်ကိုငိုတယ်ဆိုတော့ ကိုယ့်ကမ္ဘာကြီးထဲ ပြန်ရောက်သွားသလိုဖြစ်တယ်။ ဒါပေမယ့် ဆိုနေရင်းနဲ့ feeling က တက် တက်လာတယ်။ တခါတလေမှာ ငိုချလိုက်တာတော့ရှိတယ်။ အဲ့ဒါ ဘယ်တော့မှ ထိန်းလို့မရဘူး။ ကိုယ့်ဟာကိုယ်ရေးတဲ့ သီချင်းတို့ ဘာတို့ဆို ပိုပြီးတော့ဆိုးတာပေါ့။


ကိုယ့်ရဲ့ အားသာချက် နဲ့ အားနည်းချက်က ဘာတွေဖြစ်မလဲ။
အားသာချက်က အဆိုကောင်းတယ်။ အပြောကောင်းတယ်။ ဘာမဆို အကောင်းဘက်ကပဲ တွေးတယ်။ အားနည်းချက်ကတော့ တစ်ယောက်တည်းနေရတာကို ကြိုက်တယ်။ ဒါပေမယ့် အထီးကျန်တယ်လို့ ခံစားရတယ်။ lonely ဖြစ်တတ်တယ်။


အိပ်မက်တွေမိုးထားတဲ့အိမ် Drama Series မှာ ပါဝင်တဲ့ ကာရိုက်တာအကြောင်းကို ပြောပြပေးပါဦး။
ဘဝ ရဲ့ ရည်ရွယ်ချက်ကို ပိုင်ဆိုင်ပြီး အရမ်းကို ချစ်ဖို့ကောင်းတဲ့ ရိုးသားတဲ့ လူငယ်တစ်ယောက်အဖြစ် ပါဝင်ထားပါတယ်။


ဒီ Drama Series ကို ကြည့်တဲ့လူတွေအတွက်ကို အဓိကပေးချင်တဲ့ message က ဘာလဲ။
ဘယ်လို မိသားစု ပဲဖြစ်ဖြစ် , အနီးနား မှာ ဖြစ်ပွားပြီး အဲ့လိုကိစ္စတွေက ပြန့်ကျဲနေမယ်လို့ ထင်ပါတယ် ။ ကျွန်တော် ရဲ့ မြန်မာစကား နဲ့ သရုပ်ဆောင်မှုမှာလည်း အာရုံ စိုက်လို့ရမယ်လို့ ထင်ပါတယ် ။

မြန်မာ Dialogue တွေပြောတဲ့အခါ အခက်ခဲဆုံးအပိုင်းက ဘာဖြစ်မလဲ။
အသံထွက် နဲ့ သံစဉ်ပါ ။ ကျွန်တော်က ဂျပန်စကားသံဖြင့် လုပ်ထားတာမို့လို့ ဒါအဲ့ ကို ပြန်ကောင်းဖို့က ခက်ခဲခဲ့ ပါတယ် ။


အခုရိုက်ကူးမယ့် Series က မိသားစုကြားမှာရှိတဲ့ Relationship အကြောင်းလေးဖြစ်တယ်။ လူတိုင်းမှာလည်း မိဘနဲ့ သားသမီးကြားမှာ ပဋိပက္ခတွေ ကြုံခဲ့ ဖြစ်ခဲ့ဖူးကြတယ်။ ဒါနဲ့ ပတ်သက်ပြီး အဝင်းရဲ့ အတွေ့အကြုံကို မျှဝေပေးနိုင်မလား။
ကျွန်တော် လည်း အနုပညာ လုပ်တာကို မိဘတွေက ကန့်ကွက်ခဲ့ကြတယ် ။ နားလည်မှု ရတဲ့ အထိ အချိန်အတော်ကြာခဲ့တယ် ။ အခုတော့ မိသားစု မို့လို့ စိတ်ပူတယ်လို့ ထင်ပါတယ် ။


ဂျပန်နဲ့ မြန်မာတို့ရဲ့ ဆယ်ကျော်သက်အရွယ်ကွာခြားချက်က ဘာလဲ။
မြန်မာ ထက် ဂျပန်လူမျိုး ဆယ်ကျော်သက် အမျိုးသား အမျိုးသမီးတွေက ၁ယောက်တည်း နေထိုင်ကြတဲ့ နှုန်းပို မြင့်တယ် လို့ ထင်ပါတယ် ။


မိုရီဆာကီဝင်းရဲ့ မတူခြားနားတဲ့ကာရိုက်တာက ဘာလဲ။ အဝင်းကိုယ်တိုင်ရဲ့ ကာရိုက်တာကို ပြောပေးနိုင်မလား။
တည်ကြည်တဲ့နေရာ က သူနဲ့ တူပေမဲ့ လက်ထပ်ဖို့ မျှော်လင့်ချက်မရှိပါဘူး ။ဒါပေမဲ့ သူနေရာကနေ အကြောင်းအရာတွေကို စဉ်းစားလိုက်ရင် အရမ်းကို နားလည်နိုင်တဲ့ အတွက် သရုပ်ဆောင်တဲ့အပေါ်မှာ ကိုယ်တိုင်လည်း တွေ့နိုင်မယ်လို့ ထင်ပါတယ် ။


X’ mas နဲ့ ပတ်သက်တဲ့ အမှတ်တရအဖြစ်ဆုံးက ဘာလဲ။
အခုတလောကကျေးဇူးတင်စရာကိစ္စတွေနဲ့ အလုပ်တွေ လုပ်ရတာများလို့ အရမ်းကောင်းတဲ့ မှတ်ညာဏ် က သိပ်မရှိပါဘူး ။ မနှစ်ကတော့ ရုပ်ရှင် ဝန်ထမ်းတွေနဲ့ ထမင်းစားခဲ့ပါတယ်။ Family နဲ့ အမှတ်တယကတော့ ဂျပန်မှာလည်း X’mas က ဘာမှသိပ်မလုပ်ဖြစ်ပေမယ့် တစ်နှစ်မှာတော့ KFC ကဝယ်ပြီး အိမ်မှာ မိသားစုလိုက်တူတူစားကြတယ်။


ဒီနှစ်ရဲ့ X’ mas ကို ဘယ်လိုဖြတ်သန်းမလဲ။
ဒီနှစ် illumination အလင်းရောင် ကြည့်ဖို့ သွားချင်တယ်။ ၁ယောက် ယောက် အတူသွားပေးတဲ့ လူ မရှိဘူးလား။


အဝင်းက Santa ဖြစ်ခဲ့မယ်ဆိုရင် ကလေးတွေအတွက် လက်ဆောင်အဖြစ် ဘာပေးချင်လဲ။
စန္ဒာယား ကို လက်ဆောင်ပေးချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ငယ်ငယ်က မြန်မာပြည်မှာနေတုန်းက Music instrument တွေနဲ့ မဆော့ခဲ့ရတော့ အခုခေတ်ကလေးတွေကို ဒါတွေနဲ့ ရင်းနှီးစေချင်လို့ပါ။


၂၀၁၉ ခုနှစ်က အဝင်းအတွက် ဘယ်လိုနှစ်တစ်နှစ်ဖြစ်ခဲ့လဲ။
ဒီနှစ်က အလုပ်ကနေတဆင့် အမျိုးမျိုးကို တွေ့ခဲ့ရတဲ့ နှစ် တစ်နှစ် ဖြစ်ခဲ့ပါတယ် ။ အဲ့လို တွေ့ဆုံမှုမျိုး ကို အလေးထားပြီး သွားချင်တယ်လို့ တွေးထားပါတယ် ။


၂၀၂၀ ကိုမှာရော ဘာလုပ်ချင်လဲ။
မြန်မာ မှာ fan မီတင် လုပ်ချင်ပါတယ် ။


ငယ်ငယ်တုန်းက Santa ဆီက လက်ဆောင်တောင်းခဲ့တာက ဘာလဲ။
ဂိမ်းအသစ်လိုချင်တယ်လို့ တွေးထားပါတယ် ။ အခုတွေးကြည့်ရင် ချစ်ဖို့ ကောင်းတယ်နော် ။

အဝင်းမှာ ချစ်သူကောင်မလေးရှိရင် သူမကို ဘယ်လို X’mas surprise လုပ်မလဲ။
လေယာဉ်လက်မှတ် ဝယ်ပေးပြီး ဂျပန်ကို ခေါ်သွားမယ် ။ ဂျပန်မှာ ဆူရှီကျွေးချင်တယ်။ ပြီးရင် ဂျပန်နိုင်ငံရဲ့ Romatic ဖြစ်တဲ့နေရာဖြစ်ခုဖြစ်တဲ့ Odaiba ကို ခေါ်သွားပြီး ဂျပန်နိုင်ငံရဲ့ အလှပဆုံးနေရာတွေကို ပြချင်တယ်။ နောက်ပြီးတော့ Park သွားပြီး စကားတွေအများကြီးပြောလိုက် ကောင်းကင်ကို ကြည့်လိုက်လုပ်ချင်တယ်။


X’mas Date အတွက် ကောင်လေးတွေကို ဘယ်လိုအကြံဉာဏ်ပေးချင်လဲ။
အရင်ဆုံး ကိုယ်က ပျော်ရွင်ဖို့ ကို မမေ့ပါနဲ့။ ဒါမှသာ တဖက်လူလည်း သေချာပေါက် ပျော်စရာ ကောင်းမှာပါ။ ကိုယ်ပျော်နေမှသာ တစ်ဖက်လူကိုလည်း ပျော်အောင်ထားနိုင်မှာမို့ပါ။

Editor : Lin Lin

, ,

Cover Stories

အမျိုးသမီးတွေရဲ့ ဘဝအပြောင်းအလဲကို မြှင့်တင်ပေးချင်တဲ့ ဖြူဖြူတင်

တဆစ်ချိုးပြောင်းလဲလာတဲ့ ဘဝအချိုးအကွေ့မှာ ပြောင်းလဲပစ်နိုင်ခဲ့တဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ခံယူချက်တွေအကြောင်းကို သိရဖို့အတွက် ဒီတစ်လရဲ့ MODA Woman ကဏ္ဍမှာ ဒေါ်ဖြူဖြူတင်ကို ရွေးချယ်ဖြစ်ခဲ့ပါတယ်။

by Lin Lin

December 13, 2019

Master Chef Myanmar မှာ တစ်ဦးတည်းသော အမျိုးသမီးဒိုင်အဖြစ် တွေ့ရတဲ့သူမ။ သူမရဲ့ မာကျောမှုတွေနောက်က ပြိုင်ပွဲဝင်တွေအပေါ်ထားတဲ့ စေတနာ။ သူမကိုယ်တိုင် ဦးစီးနေတဲ့ Moonsoon Restaurant နဲ့ ဒုက္ခရောက်နေတဲ့အမျိုးသမီးတွေအတွက် လမ်းကြောင်းမှန်ပေါ်ရောက်ရှိစေမယ့် Yangon Bake House ကို ဦးဆောင်နေတဲ့ သူမရဲ့ခံယူချက်။ သမီးလေးတွေရှေ့မှာ ရပ်တည်နေတဲ့ သူမရဲရင့်တဲ့ စိတ်ဓာတ်နဲ့ ဆုံးဖြတ်ချက်။ တဆစ်ချိုးပြောင်းလဲလာတဲ့ ဘဝအချိုးအကွေ့မှာ ပြောင်းလဲပစ်နိုင်ခဲ့တဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ခံယူချက်တွေအကြောင်းကို သိရဖို့အတွက် ဒီတစ်လရဲ့ MODA Woman ကဏ္ဍမှာ ဒေါ်ဖြူဖြူတင်ကို ရွေးချယ်ဖြစ်ခဲ့ပါတယ်။

Moonsoon Restaurant ဖြစ်လာစေဖို့ အဓိကတွန်းအားက ဘာဖြစ်မလဲ။
Moonsoon Restaurant က အစ်မရဲ့ ပထမဦးဆုံးအလုပ်ဖြစ်တယ်။ အစ်မ ဒုတိယသမီးမွေးပြီးတော့ စဖွင့်တာ ၁၅ နှစ်လောက်ရှိပြီ။ အရင်တုန်းက အစ်မက အစ်မရဲ့အစ်မနဲ့ Tour ကုမ္ပဏီလုပ်တယ်။ အဲ့မှာ Finance လုပ်တော့  Guide တွေနဲ့လည်း စကားပြောတဲ့အချိန်မှာ Restaurant တွေ သိပ်အဆင်မပြေတာကို သိရတယ်။  အစ်မရဲ့ အစ်မဆီမှာလုပ်တဲ့ နိုင်ငံခြားသား GM ရဲ့ အမျိုးသမီး ထိုင်းလူမျိုးပေါ့။ သူကလည်း စား‌သောက်ဆိုင်ဖွင့်ချင်တယ်။ Tour တွေ စားဖို့ မြန်မာအစားအစာကောင်းကောင်းလေးက အဲ့တုန်းက ၂ဆိုင်လောက်ပဲရှိတယ်။ Asia Food ကို နိုင်ငံခြားသားအကြိုက် ဆိုင်အပြင်အဆင်လေးကလည်း ကိုလိုနီခေတ်ပုံစံလေးနဲ့ပေါ့။ အစ်မ သမီးမွေးပြီးခါစမှာ စလုပ်ဖြစ်သွားတယ်။ အစ်မက Account / Business နဲ့ ဟောင်ကောင်မှာ ကျောင်းပြီးထားတာဆိုတော့ အဲ့တုန်းကတော့ စားသောက်ဆိုင်နဲ့ ပတ်သက်ပြီး ဘာမှနားမလည်ဘူး။ စားသောက်ဆိုင်လည်း ဝါသနာပါတယ်တော့မဟုတ်ဘူး။ အစ်မက Beauty Salon တို့ အိမ် Interior Design တို့ကို ဝါသနာပါတာ။ အိမ်ထောင်ကျခါစက အမျိုးသားက Architect ဆိုတော့ သူအိမ်ဆောက်ရင် Interior Design တွေ လုပ်ပေးတယ်။ အိမ်မှာ Furniture ထည့်တာတွေဆို အစ်မရွေးပေးတယ်။ အဲ့လိုမျိုးဝါသနာပါတယ်။ ဒါပေမယ့်လည်း အလုပ်လည်းလုပ်ချင်တာနဲ့ အစ်မရဲ့ အစ်မကလည်း သူလည်း investment ထည့်မယ်ဆိုပေမယ့် ထိုင်းကောင်မလေးနဲ့ပဲဆို စိတ်မချတော့ သူတို့ပြန်သွားရင် ကိုယ်လဲ နားလည်အောင်ဆိုပြီး ဒုတိယသမီးမွေးပြီးတဲ့အချိန်မှာ စလုပ်ဖြစ်တယ်။ စလုပ်တုန်းကတော့ အလုပ်တစ်ခုလုပ်ချင်လို့ လုပ်ခဲ့တာဆိုပေမယ့် အခုချိန်ကျတော့လည်း ကိုယ်ပဲကျန်တယ်။ 

မြန်မာနိုင်ငံမှာ အမျိုးသမီးတွေဟာ မီးဖိုချောင်ကိစ္စနိုင်နင်းမှသာ အိမ်ထောင်ရှင်မကောင်းတစ်ယောက် ဖြစ်မယ်လို့ ခေါင်းထဲရိုက်သွင်းခံခဲ့ရတယ်။ အမျိုးသမီးတွေဟာ အိမ်ထောင်ကျသွားတဲ့အခါ ကိုယ့်ကိုကိုယ်ထက် အိမ်ထောင်ဘက်အတွက် ဦးစားပေးပြီး အနောက်ရောက်သွားတတ်ကြတဲ့အပေါ် အစ်မရဲ့အမြင်ကို ပြောပြပေးပါဦး။
ဒါကတော့ မြန်မာနိုင်ငံမှာမှမဟုတ်ဘူး။ တခြားနိုင်ငံတွေမှာလည်း ရှိတယ်။ နောက်တန်းပို့တယ်လို့ ပြောလည်းရတယ်။ ညှာတယ်လို့ ပြောလည်းရတာပေါ့။ မိန်းကလေးဆိုရင် ပင်ပင်ပန်းပန်းမခိုင်းရဘူးပေါ့ အဲ့လိုသဘောမျိုးလည်း ဖြစ်နိုင်တယ်။ လူကြီးတွေ က အိမ်မှာ ထိန်းထိန်းသိမ်းသိမ်း နေတဲ့ မိန်းကလေးက မိန်းမကောင်းလို့သတ်မှတ်ပေးလိုက်တယ်။ မြန်မာပြည်ရဲ့ Culture ဗိုင်းကောင်းကျောက်ဖိပေါ့။ အမှန်တကယ်က အဲ့အလုပ်ကလည်း မကောင်းဘူးတော့ မဟုတ်ဘူး။ ဥပမာ တိုင်းပြည်နဲ့ ချီပြီးပြောမယ်ဆိုရင် ဒီတိုင်းပြည်တိုးတက်ဖို့ အရေးကြီးဆုံးက အမေပဲ။ ဒီကလေးတွေကို စိတ်ဓာတ်ရေးရာ၊ အပြောအဆို၊ အမူအကျင့် စသဖြင့် အမေတစ်ယောက်ရဲ့ သွန်သင်မှုကပဲ အရေးအကြီးဆုံးဆိုတော့ တကယ်တမ်းတော့ အမေအလုပ်ဟာ ကမ္ဘာပေါ်မှာ တန်ဖိုးအကြီးဆုံးနဲ့ အရေးကြီးဆုံးအလုပ်ပဲ။ အမေက ပညာတတ်ဖို့လိုတယ်။ လူတောတိုးဖို့လိုတယ်ဆိုတော့ အလုပ်လုပ်သင့်တာပေါ့။ အိမ်မှာနေပြီး အိမ်ထောင်မှုလုပ်တာက မကောင်းဘူးတော့ မဟုတ်ဘူး။ အစ်မအခု စားသောက်ဆိုလုပ်နေတာလဲ Management ပေါ့။ အစ်မဟင်းလဲ ဝင်ချက်တာမဟုတ်ဘူး။ Service လည်း ဝင်ပေးတာမဟုတ်ဘူး။ ပိုက်ဆံမရှာဘူးလို့ ပြောလို့ရတယ်။ ဒါပေမယ့် ဆိုင်ကို Manage လုပ်နေတာပေါ့။ အမျိုးသမီးတွေကလည်း အိမ်ကို Manage လုပ်နေတာပေါ့။ ဒါပေမယ့် အလုပ်လုပ်ချင်တယ်ဆိုရင်တော့ ရအောင်လုပ်ရမယ်။ အလုပ်လုပ်နေတဲ့အမေနဲ့ အိမ်မှာနေတဲ့အမေကိုတောင် သားသမီးတွေက အမြင်မတူကြဘူး။ ဒါကြောင့် ကိုယ့်တန်ဖိုးလေး ရှိအောင်နေပေါ့။ လူတစ်ယောက်က ကိုယ့်တန်ဖိုးကိုယ့်မြှင့်ရမယ်လို့တော့ အစ်မက ထင်တယ်။

နောက်ထပ်တစ်ခုက မြန်မာနိုင်ငံမှာ အမျိုးသမီးတွေဆိုရင် အမြဲ တစ်ဆင့်နိမ့်ပြီး တွေးတတ်ကြတယ်။ (ဥပမာ- အဝတ်အစားနဲ့ ပတ်သက်ပြီး၊ Night out ထွက်ခြင်း၊ အိမ်ထောင်ကျတဲ့အခါ ပြောင်းလဲသွားတတ်ကြတဲ့အပေါ် ) ဒီလိုတွေးတတ်ကြတဲ့အပေါ် လုပ်ငန်းတစ်ခုကို ဦးဆောင်နေတဲ့ အမျိုးသမီး Leader တစ်ယောက်ရဲ့ အမြင်။ အမျိုးသမီးတွေကို သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေအပေါ်ကို ချိုးဖောက်ရမယ်ဆိုရင် အစ်မအနေနဲ့ ဘယ်အရာကို ချိုးဖောက်ချင်လဲ။
အဲ့ဒါလည်း ကိုယ်ပိုင်ဆုံးဖြတ်ချက်ပဲ။ ဥပမာ Night out ထွက်တယ်ဆိုတာကို ကိုယ်က မမှားဘူးလို့ ဘာလို့ထင်တာလဲ။ ကိုယ့်ကိုကိုယ် Take care လုပ်နိုင်လား။ အိမ်ကစိတ်မပူပဲနဲ့ ပြန်ရောက်လာနိုင်လား။ တစ်ခါထွက်လိုက်တာနဲ့ ဒေါင်ချာစိုင်းအောင်မူးပြီးတော့ လမ်းမှာလဲနေရင်တော့ ဘယ်လိုလုပ်မလဲ။ ဒါကတော့ ယောကျား၊ မိန်းမအတူတူပါပဲ။ ဒါပေမယ့် အဲ့လိုမျိုးတစ်ဆင့်နှိပ်ထားတယ်။ အိမ်ထောင်ကျပြီးရင် Night out မထွက်ရဘူးဆိုတာက ဗုဒ္ဓဘာသာမှာလည်းရှိတယ်။ ဘယ်ယောကျာ်းနဲ့မှမထိရဘူး။ အတူတူမထိုင်ရဘူးတို့ ရှိတယ်။ အဲ့လိုတွေပြောတာက မိန်းမတွေက ပြောတယ်။ အဖေက ပြောခဲတယ်။ အဲ့ဒါကြောင့် မိခင်တွေအရေးကြီးတယ်လို့ပြောတာ။ မိခင်က Educate ဖြစ်ဖို့အရေးကြီးတယ်။ ကောင်လေးရဲ့ မိခင် Educate မဖြစ်ရင် ကိုယ့်ကိုနှိမ်မယ်။ ကိုယ့်မိခင်က Educate မဖြစ်ရင်လည်း အနှိမ်ခံရမယ်။ ကိုယ့်ကိုကိုယ့်တဆင့်နိမ့်တယ်လို့ လက်ခံထားတဲ့အမေက မွေးတဲ့ ကလေးတွေကလည်း အဲ့လိုပဲ ဖြစ်မှာပဲ။ အဲ့တော့ မိန်းကလေးတွေက ကိုယ်ကစပြောင်းပေါ့။ ကိုယ့်ကိုကိုယ်တော့ Care လုပ်နိုင်ရမယ်။ ထိန်းသိမ်းနိုင်ရမယ်။ ယောကျားပဲ ဖြစ်ဖြစ်၊ မိန်းမပဲ ဖြစ်ဖြစ် ကိုယ့်ကိုကို ထိန်းသိမ်းနိုင်ရမယ်။ ကိုယ့်ကိုကိုယ်တန်ဖိုးထားနိုင်ရမယ်။ ကိုယ်လုပ်တဲ့အရာတစ်ခုကို စဉ်းစားပြီးမှလုပ်။ ကိုယ်စဉ်းစားပြီးလုပ်တဲ့အရာတစ်ခုအပေါ် ပတ်ဝန်းကျင်က တိုက်ခိုက်လာရင်လည်း ခံနိုင်ရည်ရှိရမယ်။ အဲ့တစ်ခုတော့ အရေးကြီးတယ်။ Revolution လုပ်ချင်တယ်ဆိုရင်တော့ ခံနိုင်ရည်ရှိရမယ်။ သက်သေပြရမယ်။ I can do it ပေါ့။ ကျွန်မအတွက်အန္တရာယ်မရှိဘူး။ ကျွန်မကိုယ့်ကိုကိုယ် Take care လုပ်နိုင်တယ်။ ဥပမာ night out ထွက်ပေမယ့် အရက်ကို တစ်ခွက်ထက်ပိုမသောက်ဘူး ဆိုတာမျိုးပေါ့။ ကိုယ့်ဘက်ကလည်း သက်သေပြနိုင်တာမျိုးပေါ့။ အဲ့လိုမျိုးဆိုရင် အစ်မကတော့ လုပ်လို့ပြောချင်တယ်။

အစ်မအနေနဲ့ သမီးလေးတွေကိုရော ဘယ်လိုမျိုးုပြုစုပျိုးထောင်လဲ။
အစ်မကတော့ Discuss လုပ်တယ်။ အစ်မကတော့ why တစ်လုံးနဲ့ လုပ်စားနေတဲ့သူဆိုတော့ (ရယ်လျှက်) သူတို့ကိုလည်း မေးတယ်။ အစ်မလည်း သူတို့လောက် open mind ဖြစ်တယ်လို့လည်း မပြောနိုင်ဘူး။ သူတို့ဆီက learn လုပ်တယ်။ သူတို့ကို international education ပေးလိုက်တာက သူတို့ကို ပြုစုပျိုးထောင်လိုက်တာပေါ့။ ကောင်းတာယူပေါ့။ international school တက်လို့ ဘိုတွေလိုနေရမယ်လည်း မဟုတ်ဘူး။ အိမ်မှာဆို သူတို့ဘာသာသူတို့ အင်္ဂလိပ်လိုပြောလည်း အစ်မ မြန်မာလိုပြောတာ။ လွတ်လွတ်လပ်လပ်တွေးခေါ်ပြီးတော့ တောင်းဆိုပိုင်ခွင့်ရှိတယ်။ ခွင့်ပြုတာနဲ့ပတ်သက်ရင် သူတို့ကို အရင်ဆုံး မေးတယ်။ “Can you takecare yourself” ။ ဟုတ်ပီ အဲ့ဒါဆို trip ကို လွှတ်လိုက်တယ်။ Take care နိုင်တယ်ဆို နောက်တစ်ခေါက်လွှတ်တယ်။ အဲ့လိုမျိုးနဲ့ သွားတယ်။ အစ်မ အလုပ်လုပ်ရင်လည်း အဲ့လိုပဲ။ အရင်ဆုံး Track ကို အရင်ပေးတယ်။ အဲ့လိုပေးတဲ့ track ကို ဘယ်လို value ထားပြီးတော့ လုပ်လဲကြည့်တယ်။ Track မရှိတော့ရင် အမက မလုပ်တော့ဘူး။ သားသမီးဆိုလည်း အဲ့တိုင်းပဲ။ ပေးမလုပ်တာထက် အစ်မက ပြောတော့မှာ မဟုတ်ဘူး။ ကြိုက်တာလုပ်တော့ အဲ့လိုမျိုးပေါ့နော်။ တွေးခေါ်တတ်အောင်ပဲ အစ်မကသင်တယ်။ “မေမေကတော့ မကောင်းဘူးထင်တယ်။ သမီးလုပ်ချင်ရင်လုပ်” အဲ့လိုမျိုးပဲ ပြောတယ်လေ။ မလုပ်နဲ့လို့မပြောဘူး။ သူတို့ကို judge မလုပ်ဘူး။ သူတို့ပြောတာနားထောင်ပြီးတော့ ဘာဖြစ်လို့လဲပဲ မေးတယ်။ သူတို့က အကုန်ပြောတယ်ဆိုတော့ အစ်မသိနေတာပေါ့။ အဲ့ဒါက ကိုယ့်သားသမီး ဘာလုပ်နေလဲ။ ဘာဖြစ်ချင်လဲ။ သူ့ရဲ့စိတ်ကို သိနေတာက ချုပ်ထားတာထက် အများကြီး Control လုပ်လို့ရတယ်။ သူ့စိတ်ကို သိရင် သူဘာလုပ်ချင်တာလဲကို သိရင် အစ်မက ဒီဘက်ကို အများကြီး ဆွဲယူသွားလို့ရတာပေါ့။ သူငယ်ချင်းပေါင်း ပေါင်းတယ်လို့ ပြောရမှာပေါ့။

Yangon Bake House စတင်တည်ထောင်ဖြစ်ခဲ့တဲ့ ရည်ရွယ်ချက်က ဘာဖြစ်မလဲ။
Moonsoon လုပ်ပြီးတော့ တော်တော်တော့ကြာတယ်ပြောရမှာပေါ့။ အစ်မကို ၂၀၁၂ မှာ အမေရိကန်အစိုးရက International Leadership Program ကို ဖိတ်တယ်။ အဲ့မှာ အစ်မအမေရိကန်စရောက်ဖူးတာပေါ့နော်။ နိုင်ငံ ၂၄ နိုင်ငံက ကိုယ်စားလှယ်တွေပါတယ်။ အဲ့မှာ အစ်မက ဘာကိုသဘောကျလာလည်းဆိုတော့ Social Business ပေါ့။ Social Business ဆိုတာ NGO မဟုတ်ဘူး။ အလှူငွေရှိရင်တော့လည်း ပိုရတယ်။ ပိုက်ဆံရှာပြီး ပြန် Donate လုပ်တာပေါ့။ ကောင်းတာချင်းတူတူဆို လူတွေက ဘယ်ဟာကိုရွေးမလဲ။ လှူဒါန်းနေတဲ့ဟာကိုရွေးမယ်။ အဲ့လိုမျိုး Business Idea ကို အစ်မသဘောကျလာတယ်။ ပြန်ရောက်တဲ့အချိန်မှာ အဲ့တုန်းက Co-founder ၃ယောက်ရှိတယ်။( အခုတော့ ၄ယောက်ပေါ့။) ကနေဒီယန်တစ်ယောက်က သူ့ယောကျာ်းက NGO လုပ်တယ်။ သူကလည်း Women Hub Consultant ပေါ့။ သူနဲ့က Moonsoon ဖွင့်ကတည်းကဆိုတော့ ၁၀နှစ်ကျော်လောက်ရှိပြီ။ အမေရိကန်တစ်ယောက်၊ ကနေဒီယန်တစ်ယောက်။ အမေရိကန်အမျိုးသမီးက အမေရိကန်စစ်သံမှူးရဲ့ မိန်းမပေါ့။ သူကလည်းရောက်နေတာ ၄နှစ်လောက်ရှိပြီ။ သူက Bakery အရမ်းကောင်းတာ Professional နီးပါးပဲ။ အစ်မတို့က international friendship group တို့ internation culture and charity group တို့ အဲ့ဒါတွေမှာ အစ်မပါတော့ သူနဲ့က ခင်နေတော့ သူ့အိမ်မှာ သွားရင်းနဲ့ အစ်မ IV ကနေပြန်လာတာလည်း သိတယ်။ Moonsoon လုပ်နေတာလည်း တွေ့တယ်ဆိုတော့ သူတို့က ဒုက္ခရောက်တဲ့အမျိုးသမီးတွေကို လုပ်ပေးချင်တယ်။ ဒါပေမယ့် သူတို့က Business ကိုကျတော့ နားမလည်ဘူး။ တကယ်တမ်းတော့ အစ်မရဲ့ အဒေါ် ဒေါ်ပိုးဖြူဆီသွားပြီးတော့ ပြောတယ်။ အဒေါ်က နာမည်ခံပေးပြီးလုပ်ပေးတယ်။ ဒါပေမယ့် အန်တီပိုးဖြူကလည်း food & bakery business ကို နားမလည်တော့ သူကလည်း ဖြူဖြူတင်ကို မေးကြည့်ပါလား ဆိုပြီ အစ်မကို recommend လုပ်တယ်။ သူတို့ကလာ Purpose လုပ်တာပေါ့။ ဒုက္ခရောက်တဲ့အမျိူးသမီးဆိုတာ ကောင်မလေးတွေကို ပြောတာမဟုတ်ဘူး။ အလုပ်မရနိုင်ဘူး။ Sociale accept မလုပ်ဘူး။ တချို့ကျတော့ ဆင်းရဲတာလည်းမဟုတ်ဘူး။ ကိုယ်လက်အင်္ဂါလည်းပြည့်စုံတယ်။ ရောဂါလည်းမရှိဘူး။ ဒါပေမယ့်လမ်းပေါ်ရောက်နေတယ်။ ထောင်ထွက်အမျိုးသမီးတွေပေါ့။ အဲ့လိုမျိုးတွေ မျိုးစုံရှိတာပေါ့နော်။ ရောဂါလည်းမရှိတော့ ဘယ် NGO အောက်မှာမှ မဝင်ဘူးပေါ့နော်။ သူတို့အလုပ်မရနိုင်ဘူး။ ပထမဆုံး မနန်းဆို သူ့သမီးလေးက ထောင်ထဲမှာမွေးတာ။ အလုပ်မရှိရင် ကလေးကို ပြန်ခေါ်လို့မရဘူး။ အလကားသင်ပေးတာက life changed မဖြစ်ဘူး။ ဥပမာ လမ်းပေါ်က မိန်းကလေးပဲ ထားပါတော့ သူတို့ကပိုက်ဆံလိုလို့ မိသားစုအတွက် ပိုက်ဆံရှာဖို့အတွက် သူလမ်းပေါ်ရောက်နေတာပေါ့။ သူ့ကို မုန့်ဖုတ်တာအလကားသင်ပေးရင် သူလာတတ်ရင်တတ်မယ်။ ဒါပေမယ့် သူဟိုအလုပ်ကို မလုပ်ရင်ဘယ်လိုစားမလဲ။ အဲ့လိုမျိုးဆိုတော့ မထိရောက်ဘူးပေါ့။ သင်တန်းတက်သွားတာပဲရှိတယ်။ သူတို့ရဲ့ ဘဝတွေက မပြောင်းဘူး။ Life changed ဖြစ်ဖို့ဆို အစ်မတို့က pay & train ၁၀လ ၊ ၇ လ နှစ်မျိုးရှိတယ်။ စတက်ကတည်းက အခြေခံလစာပေးပြီးတော့ Train တယ်။ သင်တန်းလည်းအလကားသင်ပေးတယ်။ မုန့်ဖိုးလည်းပေးတယ်။ အဲ့တော့ လမ်းပေါ်က မိန်းကလေးက ချက်ချင်းထွက်လာနိုင်ပြီလေ။ တစ်သိန်းဆို သူနေလို့တော့ ရသွားပြီ။ အလုပ်ရသွားတာဖြစ်တဲ့အတွက် ထောင်ထွက်ဆိုလည်း သမီးလေးပြန်ခေါ်လို့ရသွားပြီ။ သူတို့ကို အစ်မတို့က အဆင့်မြင့်တဲ့လူ့အသိုင်းအဝိုင်းနဲ့ လူတွေလက်မခံနိုင်တဲ့ အသိုင်းအဝိုင်း ၂ခုကို ဆက်စပ်ပေးတာပေါ့။ အစ်မတို့ ကော်ဖီဆိုင်မှာဆို ဘိုတွေပဲလာတယ်။ ဈေးလည်းမပေါဘူးဆိုတော့ သူဌေးတွေလာတယ် ။ အစားအသောက်တွေကိုလည်း သူများနဲ့ မတူဘဲ တော်တော်ကို ကောင်းကောင်းလုပ်တယ်။ အစ်မကတော့ ဒီ business ကို run တဲ့အခါ ပြသနာမရှိအောင် Manage ပိုင်းကို တာဝန်ယူထားတယ်။

Yangon Bake House မှာရှိတဲ့ အမျိုးသမီးတွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ မြှင့်တင်ပေးမှုကိုအကြောင်းကိုလည်း ပြောပြပေးပါ။
မုန့်ဖုတ်တာပါပေမယ့် Life care ကို အဓိကသင်ပေးတယ်။ ကျန်းမာရေး၊ လူမှုရေး၊ ကိုယ့်ရဲ့ ပိုက်ဆံကို စီမံခန့်ခွဲ ပြီးရင် မိန်းမတစ်ယောက်ရဲ့ right ပေါ့။ အဲ့ဒါတွေအကုန်သင်ပေးတယ်။ စိတ်သစ်လူသစ်ဖြစ်သွားတာပေါ့။ ကိုယ့်ကိုကိုယ် တန်ဖိုးထားသွားတယ်။ ကိုယ့်တန်ဖိုးကိုယ်သိသွားတယ်။ သတ္တိရှိသွားတယ်။ Confident ရှိသွားတယ်။ အခုဆိုရင် သင်တန်းသူ ၁၀၀ ကျော်လောက်ရှိပြီ။ ဒါပေမယ့်အစ်မတို့က pay & train ဆိုတော့ သင်တန်းသားတစ်ယောက်ကို ၇လနဲ့ ၁၀ ဆိုတော့ သိန်း ၃၀ လောက်ကုန်တယ်။ ကွန်ပျူတာတွေလည်း လိုက်နိုင်ရင် လိုက်နိုင်သလို free သင်ပေးတယ်။ Education ကို limite မလုပ်ထားဘူး။ ရောဂါတောင် HIV ဆိုရင် အစ်မဆို လက်ခံလို့ရတယ်။ ဒါပေမယ့် ဝယ်စားတဲ့သူတွေက educate မဖြစ်သေးတော့ ရောဂါရှိတဲ့သူတွေတော့ ခေါ်လို့မရဘူးပေါ့နော်။

သမီးလေးတွေရဲ့ မေမေ၊ Yangon Bake House က အမျိုးသမီးလေးတွေကို ဦးဆောင်နေသူတစ်ဦး အနေနဲ့ အမျိုးသမီးငယ်လေးတွေအတွက် စိတ်ခွန်အားဖြစ်စေမယ့် စကားလက်ဆောင်လေး ပြောပေးပါဦး။
အခုခေတ် ယောကျား မိန်းမ အားလုံးကံကောင်းတယ်။ စိတ်ကူးယဉ်လို့ရတယ်။ ငါ သမ္မတကြီးဖြစ်ချင်တယ်လို့ စိတ်ကူးယဉ်လို့ရတယ်။ ရုပ်ရှင်မင်းသမီးဖြစ်ချင်တယ်လို့လည်း စိတ်ကူးယဉ်လို့ရတယ်။ Master Chef မှာ winner ဖြစ်ချင်တယ်လို့လည်း စိတ်ကူးယဉ်လို့ရတယ်။ အစ်မတို့တုန်းကဆို စိတ်ကူးယဉ်လို့တောင်မရဘူး။ သူတို့မှာ ကြိုးစားရင် ကြိုးစားသလိုအခွင့်အလမ်းတွေရှိသွားပြီဖြစ်တဲ့အတွက် အဓိကကတော့ ကြိုးစားဖို့ပဲ။ အရံှူးမပေးသရွေ့ မရှူံးဖူးပေါ့နော်။ အစ်မကတော့ အဲ့လိုပဲ သတ်မှတ်ထားတော့ နည်းလမ်းရှာပေါ့။ လဲရင်ပြန်ထ။ ကိုယ့်တန်ဖိုးကိုယ်သိ။ ပေးမှမယူနဲ့ တောင်းဆိုသင့်ရင်လည်းတောင်းဆိုရမယ်။ မိန်းကလေးတွေကို အဓိကပြောချင်တာကတော့ အသက်မွေးဝမ်းကြောင်းပညာတစ်ခုတတ်သင့်တယ်။ ပညာကို တတ်နိုင်သမျှမြင့်သထက်မြင့်အောင် သင်ထားရင် မိန်းမတစ်ယောက်က တန်ဖိုးရှိမယ်လို့ အစ်မထင်တယ်။

လက်ရှိဆောင်ရွက်နေတဲ့ ရှမ်းပြည်နယ် ကယန်းမှာ လူမှုဘဝတိုးတက်ဖွံ့ဖြိုးရေးစီမံကိန်းလုပ်ဆောင်မှုအနေနဲ့ ဘိန်းစိုက်ပျိုးမှုအစား ကော်ဖီအစားထိုး စိုက်ပျိုးမှုအကြောင်း ပြောပြပေးပါဦ။ ဘာကြောင့် ဒီစီမံကိန်းကို လုပ်ဖြစ်ခဲ့တာလဲ။
အစ်မက Human Resource Development လုပ်ချင်တယ်။ Church ကနေ အခန်း ၂၅ ခန်းပါတဲ့ Building ဌားပြီးတော့ အစ်မက train hotel လုပ်ချင်တာ။ အရင်ဆုံး hotel run  ပြီးတော့မှ train လုပ်။ အဲ့လိုမျိုးပေါ့။ အဲ့ဒါဌားရင်းနဲ့ Church က ဖာသာက ကယန်းက။ အဲ့မှာ ဘိန်းစိုက်တောင်သူတွေကို ကုန်သည်တွေက အရမ်း control လုပ်တယ်။ တခြားလည်းသွားရောင်းလို့မရတော့ တခါတလေကျရင် သူတို့က မယူတာတို့ ဈေးနှိမ်တာတို့ဆိုရင်လည်း ခံရတာပဲ။ သူတို့ သေဆိုသေ၊ ရှင်ဆိုရှင် အဲ့လိုမျိုးလုပ်တယ်။ ဒီအချိန်မှာ ကုန်သည်တွေကလည်း မဝယ်ဘူးတွေ ဘာတွေလုပ်လို့ စိတ်ဓာတ်ကျနေတယ်တဲ့။ Church မှာရှိတဲ့ အီတာလျံဖာသာတွေက ကော်ဖီသောက်တယ်။ ကော်ဖီပင်တွေလည်းရှိတယ်။ ဖာသာကလည်းနားလည်တော့ အစ်မက ကော်ဖီပင် လှူပေးမယ်ဆိုပြီး ပထမအပင် ၁၀၀၀၀ ၊ အားလုံးပေါင်းမှ ၁၀ သိန်းဖိုး လှူလိုက်တယ်။ နောက်တော့ တခြားရွာက ဖာသာတွေက သဘောကျပြီး တောင်သူတွေကလည်းစိုက်ချင်တယ်ဆိုတော့ အောင်မြင်တယ်လို့ပြောရမှာပေါ့။ ကော်ဖီဆိုတာဘာမှန်းတောင် သိပ်မသိကြဘူး။ သူတို့က ဘိန်းကုန်သည်ပဲ တွေ့ဖူးတော့ ကော်ဖီကို ဘယ်သူဝယ်မှာလဲလို့ မေးကြတယ်။ ကော်ဖီဆိုတာ နွားနို့လိုပဲ နေ့တိုင်းသောက်လို့ရတယ်။ ပြောရင်းနဲ့ နောက်ဆုံးကော်ဖီကို သူတို့စိုက်ချင်သွားတယ်။ စိုက်ချင်တယ်ဆိုတော့ အားလုံးပေါင်း အပင် တစ်သန်းခွဲ အစ်မက ၅သိန်းပဲ။ ဒါပေမယ့် ကိုရီးယားက ဂရုဏာဖောင်ဒေးရှင်းက နှစ်တိုင်း ဘိန်းစိုက်တောင်သူတွေကို ကောက်ပဲသီးနှံကို သိန်း ၅၀၀ ဖိုး လှူတယ်။ ပြီးခဲ့တဲ့ ၂နှစ်ရှိပြီ တောင်သူတွေက ကော်ဖီစိုက်ချင်တယ်ဆိုပေမယ့် သူတို့ဆက်မကြည့်ပေးနိုင်ဘူး။ အစ်မကဆက်ကြည့်ပေးမှာပေါ့။ အခုက ဝယ်နေကျဆိုတော့ ရွာငံဘက်က နဲနဲသက်သာတယ်။ တစ်ပင်ကို စိုက်ပြီးမှ ၁၀၀ လောက်ပဲ။ သူတို့က ၂နှစ်ဆက်တိုက်ဆိုတော့ အပင်တစ်သန်းလှူတယ်။ အမက ငါးသိန်းလှူတယ်။ တစ်သန်းခွဲဖြစ်သွားတယ်။ Project အောင်မြင်တယ်။

Master Chef Myanmar မှာ Judge လုပ်တဲ့အခါ ဝေဖန်တိုက်ခိုက်မှုတွေကို ဘယ်လို Handle လုပ်ထားလဲ။
အစ်မက originally တော့လည်း အရမ်းခေတ်မှီတယ်လို့ မဟုတ်ဘူး။ အစ်မ life ကို ပြောမယ်ဆိုရင် အစ်မက ဒီရည်းစားတစ်ယောက်ပဲကြိုက်ပြီး ဒီရည်းစားတစ်ယောက်ပဲယူတယ်။ အစ်မအမျိုးသားက အရမ်းလည်းချစ်တယ်။ အရမ်းလည်းဂရုစိုက်တယ်။ တော်လည်းတော်တယ်။ ချမ်းလည်းချမ်းသာတယ်။ အစ်မက လူတွေအကြောင်းဘာမှမသိဘူး။ ဘာမှလည်းမလုပ်ရဘူး။ အိမ်မှာလည်း ယောက္ခမတွေနဲ့နေတယ်။ အပြင်ထွက်သွားလို့ မီးတစ်လုံးကျွမ်းနေရင် ပြန်လာရင် လဲပြီးသား။ အကုန်လုံးအဆင်သင့်ဆိုတော့ အစ်မအမျိုးသားက ဘာမှမလုပ်စေချင်ဘူး။ အစ်မကလည်း သူရှိရင် အကုန်ရှိတယ်လို့ ထင်တာပေါ့နော်။ ဒါပေမယ့် သူက သောက်တတ်တယ်။ တော်တော်လေးသောက်လာတဲ့အခါမှာ သမီးလေးမွေးလာတော့ အစ်မက စိတ်ပူလာတယ်။ အစ်မထက်တောင်မှ သူက ၁၁ လလောက်ငယ်တယ်။ အစ်မအမျိုးသားဆိုလည်း သူဌေးသားတွေဆိုတော့ Drug တွေလုပ် ဘာတွေလုပ်နဲ့ မျိုးစုံပေါ့။ သောက်စားပြီး အသဲနဲ့ အသက် ၄၀ မှာ ဆုံးသွားတယ်။ တကယ်တမ်းက ဝေဖန်မှုတွေကို လုံးဝမခံနိုင်တာ။ ဘယ်သူမှလည်း အစ်မကို မဝေဖန်ဘူး။ အိမ်မှာဆိုလည်း ဖူးဖူးမှုတ်ထားတယ်။ ယောက္ခမတွေဆိုလည်း ဖူးဖူးမှုတ်ထားတယ်။ ဝေဖန်တိုက်ခိုက်မှုလည်းမခံရဘူး။ အကုန်လုံးကလည်း အကောင်းပဲပြောတယ်။ Moonsoon လုပ်တော့လည်း အဖက်ဖက်အားလုံးအဆင်ပြေတော့ အောင်မြင်တယ်။ အဲ့တုန်းကဆိုလည်း အစ်မအမျိုးသားက အရက်တွေ တော်တော်သောက်နေပြီဆိုတော့ သိပ်မတည့်ဘူးပေါ့။ အစ်မက ပွဲဆို ဖိတ်ရင်သွားရမှ။ လူတွေမဖိတ်တော့မှာ ကြောက်တယ်။ လူတွေကို အရမ်း care လုပ်လွန်းတယ်။ လူတွေပြောရင် ဘယ်လိုလုပ်မလဲ။ ယောကျားကိုဆိုလည်း သူမူးတာ ကျန်းမာရေးအရထက် သူများပြောမှာကြောက်တာ။ လူတွေက ထင်တာကလည်း perfect life လို့ ထင်တော့ အဲ့ဒါကို မထင်တော့မှာလည်းအရမ်းကြောက်တယ်။ လူတွေကို အရမ်း careဖြစ်ခဲ့တာ။ ဒါပေမယ့် အမျိုးသားဆုံးသွားတဲ့အချိန်မှာ တရားရတယ်လို့ပြောရမလား။ တကယ်တမ်းအစ်မ အလုပ်လုပ်နေတယ်ဆိုတာလည်း သူ့ကို အရွဲ့တိုက်ပြီးလုပ်တာ။ သူကတော်ရဲ့သားနဲ့ အောင်မြင်အောင်မလုပ်တော့ နင်မလုပ်ရင် ငါလုပ်မယ်ဆိုပြီး လုပ်တယ်။ ပွဲတွေဖိတ်ခံရရင် နင်မလိုက်လည်း ငါသွားတယ်။ အဲ့လိုမျိုးဖြစ်တော့ တကယ်တမ်းသူဆုံးသွားတဲ့ အချိန်ကျမှ အဓိပ္ပါယ်မရှိဘူးလေ။ ယောကျားမရှိတော့ဘူးဆိုတော့ လူတွေက ပြောကြတာပေါ့။ အဲ့မှာလူတွေရဲ့အကြောင်းကိုလည်း သိလာပြီ။ ကလေးတွေကိုလည်း အဖေက ချီးကျူးခံစေချင်တယ်။ နောက်ကျမှ သဘောပေါက်သွားတာက လူတွေကို care နေတာထက် ကိုယ့်စိတ်ထဲမှာရှိတာက မှန်တယ်ထင်ရင် လုပ်တာက ပိုအဓိပ္ပါယ်ရှိတယ်လို့ ထင်တယ်။ အမျိူးသားဆုံးတဲ့ အခါကျတော့မှ သူရှိနေတဲ့အချိန် ရန်ဖြစ်နေတာထက်စာရင် သူပြင်ချင်မှတော့ ပြင်မယ်။ ဒါပေမယ့် သူ့ကိုနားလည်ပေးလိုက်တာက ပိုကောင်းမယ်ပေါ့။ အဲ့ဒါကြောင့် အခုဆိုရင် သမီးတွေကိုလည်း နားလည်ပေးတယ်။ Point of view လုံးဝပြောင်းသွားတယ်။ အဓိပ္ပါယ်ရှိသော လူသားဖြစ်သွားတယ်။ ပွဲတွေဆိုလည်း အစ်မသိပ်မသွားဘူး။ မဖိတ်တော့ ဘာဖြစ်လဲ။ မသွားရတော့ရော ဘာဖြစ်လဲ။ ဘာလို့သွားချင်တာလဲ။ လူအထင်ကြီးအောင် သွားချင်တယ်။ လူထင်ကြီးခံချင်ခဲ့တယ်။ အခုဆို အစ်မသိပ်မထွက်ဘူး။ အစ်မလုပ်ချင်တာဆိုရင်လည်း ဘယ်သူဘာပြောပြော ရအောင်လုပ်တယ်။ အဲ့ဒါက အဓိပ္ပါယ်ရှိတယ်။ ဝေဖန်မှုတွေကိုလည်း အစ်မဂရုမစိုက်ဘူး။ ဂရုမစိုက်ဘူးဆိုတာ စေတနာမှန်တယ်။ Master Chef ကို ဘာလုပ်လုပ်တာလဲဆိုတာ အစ်မမှာအဓိပ္ပါယ်ရှိတယ်။ Master Chef က ကိုယ့် kitchen အတွက် Chef ရှာတာ။ ညံ့တဲ့သူကို ဘယ်သူခေါ်မှာလဲ။ အမှန်တကယ်တော့ နှင်ကိုထုတ်တာ။ တစ်ခုခုကိုဖြေရှင်းမယ်ဆိုရင် အမှားကိုရှာရတယ်။ ဒါအစ်မရဲ့ ယုံကြည်ချက်ပေါ့။ Master Chef ဆိုတာ မြန်မာပြည်မှာ အတော်ဆုံး Chef ကိုရှာတာ။ စားသောက်ဆိုင် run နေတဲ့ product တွေ ထုတ်နေတဲ့ အစ်မတို့သုံးယောက်က အတော်ဆုံးလို့ ထင်တဲ့သူတွေကို ရွေးတာဖြစ်တဲ့အတွက် Voting လည်း မပါတဲ့အတွက် ထိထိရောက်ရောက်ပြောရတယ်။ သူတို့ကို တစ်ခွန်းပဲ ပြောခွင့်ရှိတာကိုး။ Reality Show ဆိုတာလည်း မြန်မာပြည်မှာလည်း မရှိတော့ လူတွေကြည့်ကြတယ်။ အဲ့လောက်ကြီးစိတ်ဝင်စားတယ်ဆိုတာ မသိဘူး။ မြန်မာပြည်အတွက်တော့ culture shop ဖြစ်တာလို့ ထင်တယ်။ ပြိုင်ပွဲတွေများသောအားဖြင့်က judge တွေက ထိုင်နေကြတာများတယ်။ အစ်မတို့ကိုက မတ်တပ်ရပ် စင်ပေါ်မှာတင်ထားတယ်။ ကင်မရာအလုံး ၂၀ နဲ့ ရိုက်နေတယ်။ Microphone ကို အားလုံးမှာ တပ်ထားတယ်။ သူတို့လည်း Drama Play ရတာဆိုတော့ ထည့်ချင်တဲ့အသံထည့်တယ်။ ဘာမှတော့မဖြစ်ပါဘူး။ ကံကောင်းတယ်လို့ပြောရမှာပေါ့။ အစ်မလူတွေကို ဂရုမစိုက်တတ်တော့တာ။ နေတတ်သွားတာပေါ့။ အောင်မြင်တယ်လို့ပဲ ပြောရမယ်။ အစ်မတို့ကို မုန်းမှ ပြိုင်ပွဲဝင်ကို ချစ်မှာလေ။

Master Chef Myanmar မှာပါဝင်တဲ့ Judge တွေဟာ အပြင်မှာတွေ့ရတဲ့ ပုံစံနဲ့ ကွာခြားနေခြင်းက ပြိုင်ပွဲရဲ့ Character တည်ဆောက်ထားမှုကြောင့်လား။
စာမေးပွဲစစ်တဲ့အချိန်မှာ စာမေးပွဲစစ်တာလိုမျိုးပေါ့။ အင်တာဗျူးရင် အသေအကြေဗျူးတာလေ။ ခန့်ပြီးရင်တော့ ဘယ်လိုက်ကြည့်နေတော့မလဲ။ ပြောရရင်တော့ အလှမ်းကွာတယ်လို့ ပြောရမှာပေါ့။ အစ်မတို့က ပိုင်ရှင်တွေ ထိပ်ဆုံးမှာနေရတဲ့သူတွေ၊ ဒါက အတွေ့အကြုံမရှိသေးတဲ့ ထမင်းချက်မယ့်သူတွေ။ Kitchen ကို အုပ်ချုပ်တဲ့ Chef တွေကို အစ်မတို့က ရှာနေ၊ ခန့်နေတာဆိုတော့ သူတို့ကိုလည်း မာအောင်လုပ်ပေးရမှာပေါ့။ တကယ်တမ်းတော့ သူတို့က အောက်ဆုံးအဆင့်ပေါ့။ အောက်ဆုံးအဆင့်ကို အစ်မတို့က Chef ဖြစ်အောင် Train တာ။ အဆူခံ အဆဲခံနဲ့ နောက်ဆုံးတော့လည်း ကျော်ဖြတ်နိုင်သွားကြအောင် ကြိုးစားကြတာပေါ့။ ပြိုင်ပွဲရဲ့ nature အရ တစ်ယောက်ပြီးတစ်ယောက်တော့ ပြုတ်တာပေါ့။ အစ်မတို့ expection နဲ့ သူတို့ရဲ့ qualification နဲ့ အရမ်းကွာတယ်။ ဒီလိုမျိုးဖြစ်အောင်လည်းလုပ်ထားတော့။ တကယ်တမ်းကျတော့ chef က chef ကောင်းကောင်းမရှာနိုင်ဘူး။ chef တွေကို အုပ်ချုပ်တဲ့ ပိုင်ရှင်တွေက ရှာရတယ်။ အစ်မတို့ လိုချင်တာက result ။ ရအောင်လုပ်၊ မရရင်သွားလေ။ ရက်စက်ရာတော့ကျတာပေါ့။

Master Chef Myanmar မှာ ပြိုင်ပွဲဝင်တွေထဲက ဝါသနာရှင်အမျိုးသမီးတွေကို အရည်အသွေးပိုင်းမြှင့်တင်ပေးတဲ့အပိုင်းကိုလည်း ပြောပြပေးပါ။
အဓိကက အစ်မတို့က ဘဝင်မြင့်အောင်လုပ်ပေးတယ်လို့ပြောရမလားပဲ။ ကိုယ်ချက်လိုက်တဲ့ ဟင်းက ဘာပဲဖြစ်ဖြစ် တန်ဖိုးအမြင့်ဆုံးဖြစ်ရမယ်လို့တွေးပြီးချက်ရင် အကောင်းဆုံးဖြစ်လာမယ်။ တစ်နေ့ထက် တစ်နေ့ လေ့လာပြီးတော့ တိုးတက်အောင် ဝါသနာရှင်ကနေ professional ဖြစ်အောင် အဆင့်အတန်းမြင့်အောင် အစ်မရဲ့ ရည်ရွယ်ချက်ကတော့ မြန်မာအစားအစာကို အဆင့်မြှင့်ချင်တာ။ International ဝင်တိုးနိုင်အောင်ပေါ့။

Master Chef Myanmar ပြိုင်ပွဲကို ပြိုင်မယ့်သူတွေနဲ့ ပတ်သက်ပြီး အကြံပြုချင်တာရှိလား။
လူငယ်တွေ လေးနက်ဖို့တယ်လို့ ပြောချင်တယ်။ စာတတ်တာ မတတ်တာထက် နောက်က thinking လေး မပါဘူး။ ခိုင်းလိုက်ရင်လည်း လုပ်လိုက်တာပဲ ဘာလို့လဲ မမေးဘူး။ Why လေး ထည့်ပြီးတော့ တွေးစေချင်တယ်။ အတွေးအခေါ်လေးနက်စေချင်တယ်။ လေ့လာတဲ့အခါမှာ ကြည့်လိုက်ရင် ဗမာစာကို မချက်ခိုင်းပဲ မနေဘူးဆိုတာ သိတယ်။ ဗမာစာကို ဒီတိုင်းကြီးချက်လာရင်တော့ မရဘူး။ International Platting နဲ့ ဗမာအစားအစာကို တစ်ဆင့်မြှင့်ပြီးတော့ ၃ set လောက် သေချာ sea food ၊ အသား၊ အသီးအရွက်ရှိမယ်။ သူများနဲ့ မတူအောင် သေချာလုပ်လာနိုင်ရင် သေချာပေါက် Top ထဲ ဝင်မှာပေါ့။ ပြိုင်တော့ ပြိုင်တတ်ဖို့လိုတာပေါ့။ Noodle food ဆိုရင် အသားကို ဦးစားပေးလို့မရဘူး။ ခေါက်ဆွဲကိုသေချာ တီထွင်ကြံဆဖို့လိုတယ်။ ဉာဏ်ရှိမယ်။ လေးနက်မယ်။ ပြိုင်ပွဲမှာ ဘာပြိုင်ခိုင်းတာလဲ။ ဒိုင်တွေဘာပြောနေလဲ။ ဒိုင်တွေပြောတာတွေကို မှတ်ထား။ Behind the Sense မှာ အစ်မတို့က အကုန်မြည်းတာ။ TV မှာ ကြည့်ရင်လည်း ဒိုင်တွေဘာကြိုက်တတ်လဲဆိုတာ လေးလေးနက်နက်ရှိတဲ့သူ Top 10 မဝင်စရာအကြောင်းကို မရှိဘူး။


Editor : Lin Lin

, ,