×
Cover Stories

ကျားပေါက်အိပ်မက် ရန်ရန်ချန်းစိတ်ဓာတ်နဲ့ Rဇာနည်လက်နက်

ဂီတဘုံလောကထဲ နှစ်၂၀ကျော်ပျော်ပါးနေတဲ့ အဆိုတော် ၃ယောက်၊ ဖခင်၃ယောက်၊ The Voice Myanmar ရဲ့ Coach ၃ယောက်

by Kyaw Ye Lynn

July 30, 2019

ဂီတဘုံသား သုံးယောက်။ ဖခင် သုံးယောက်။ The Voice Myanmar ရဲ့ Coach သုံးယောက်။ မြန်မာနိုင်ငံသား သုံးယောက်။

သူတို့ရင်ခုန်သံတွေက ဂီတသံတွေ။ သူတို့ပြောလိုက်တဲ့စကားတွေက သီချင်းစာသား တွေ။ သူတို့ရဲ့ ဂီတသွေးခုန်နှုန်းက အမြင့်စားတွေ။

ဂီတလောကထဲ နှစ် ၂၀ ကျော် အခြေချနေထိုင်ခဲ့ပြီးဖြစ်သော အဆိုတော်သုံးယောက်ထဲက တစ် ယောက်ဟာ ချာတိတ်ဘဝမှာ ကက်ဆက်ခလုတ်ကို နှိပ်လိုက်တယ်။ ကက်ဆက်ခေတ် ကုန်သွား တယ်။ Rap က ခေတ်နဲ့ ပုံမှန်ကပ်မြဲကပ်လျက် လိုက်ပါလာတယ်။ ဂန္ထဝင်ဆည်းဆာဟာ လှခဲ့တယ်၊ လှနေဆဲ၊ လှမြဲလှနေဦးမှာပဲ။ ကမ္တာွပေါ်က ဂြိုဟ်သားဟာလည်း သူ့လမ်းသူ လျှောက်မြဲဆက် လျှောက်နေဦးမှာပဲ။

MODA ခုနစ်နှစ်ပြည့်အတွက် သူတို့နဲ့ ကျွန်တော်ဆုံခဲ့တယ်။ ဖခင်ဖြစ်မှု၊ ဖခင်ဖြစ်ရတဲ့အရသာ၊ လွန်ခဲ့တဲ့ နှစ် ၂၀ ကာလ သူတို့လူငယ်ဘဝရုန်းကန်ခဲ့ရမှုတွေ၊ ဆင်ဆာကာလကို ဖြတ်သန်းခဲ့ရတဲ့ အမှတ်တရတွေ၊ ရှိုးပွဲတွေ စဆိုစကာလမှာ ကြုံခဲ့ဖူးတဲ့ ရယ်စ ရာအမှတ်တရတွေ၊ ရေးခဲ့ဆိုခဲ့မိတာကို နောင်တရမိတဲ့သီချင်းတွေ၊ လတ်တလော ဓာတ်ကျနေတဲ့ သီချင်းတွေ၊ ငြီးငွေ့ခဲ့ပြီဖြစ်တဲ့ သီချင်း တွေ၊ ကိုယ့်သားသမီး အနုပညာရှင်တစ်ယောက် ဖြစ်လာမှာကို စိုးရိမ်ထိတ်လန့်စိတ် ရှိမရှိ ဆိုတာ တွေ စသဖြင့် မေးမြန်းဖြစ်ခဲ့တယ်။

ကျားပေါက်ရဲ့ အိပ်မက်ကို ဝင်မက်ခဲ့ရတယ်။ ရန်ရန်ချမ်းရဲ့စိတ်ဓာတ်နဲ့ ရင်ဆိုင်ရင်း Rဇာနည် လက် နက်ကို ရရှိခဲ့တယ်။ ဆိုတော့ကာ သူတို့ရဲ့ ဂီတဘုံလောကသားသုံး စကားတွေကို ဝင်ရောက်နား ထောင်ကြည့်ရအောင်လား။



Kyaw Pauk

The Voice Myanmar မှာ Coach လုပ်နိုင်မလားဆိုတာက ကျွန်တော့်အတွက် Challengeတစ်ခုဖြစ်ခဲ့တယ်ဗျ။ ဘယ်သူမှန်းမသိ၊ ဘယ် Background ကမှန်း မသိဘဲနဲ့ တက်လာတဲ့သူကို ကျွန်တော်က Polish လုပ်ပေးနိုင်သလားဆိုတာပေါ့။ ဒီ Challenge ကို ကျွန်တော် လက်ခံနိုင်တဲ့အတွက် လုပ်ဖြစ်ခဲ့တယ်။ တကယ်တမ်း ကျတော့ Artist တွေ အများကြီးနဲ့ ပြိုင်တူအလုပ်လုပ်ရသလိုပါပဲ။ ဒါပေမယ့် ကျွန် တော် အားမရတာတွေလည်း ရှိတာပေါ့။ တချို့က Artist တစ်ယောက်မှာ ရှိရမယ့် စိတ်နေစိတ်ထားမျိုးကို လုံးဝပြင်ဆင်မလာတာ ရှိတယ်။ အဲဒါမျိုးကျ တော်တော် စိတ်ပျက်ရတယ်။


ဒီနေ့ခေတ် လူငယ်တွေကို လွှမ်းမိုးနိုင်နေတာက Electronic Music တွေပဲ။ EDM ပေါ့။ ခေတ်အရ Value တွေ ပြောင်းသွားကြပြီ။ ကျွန်တော်တို့တုန်းက Art Value တွေနဲ့ မတူတော့ဘူး။ ကျွန်တော်တို့တုန်းက ဆို အခွေတစ်ခွေမှာ အသံပြင်းပြင်းနဲ့ ဖမ်းထားတဲ့ ဒရမ်သံတွေ လိုချင်တာ ရှိတယ်။ အခုကလေးတွေကျ ဒီလို Art Value မျိုးကို မကြိုက်တော့ဘူး။ သူတို့က ဒရမ်သံဆိုလည်း Machine က ထွက်လာတဲ့ Gun Shot လို အသံတွေကို ကြိုက်တယ်။ ဘေ့စ်ဆိုလည်း Distort လုပ်ထားတဲ့ အထူစား ဘေ့စ်သံကြီးတွေကို သူတို့ ကြိုက်ကြတယ်။ အပြင်မှာ လက်နဲ့ ဘယ်လိုတီးတီး ထွက် မလာနိုင်တဲ့အသံမျိုးပေါ့။ Value တွေ ပြောင်းလာတာနဲ့အမျှ သူတို့ကြိုက်တဲ့ Music တွေကလည်း ပြောင်းနေမှာပဲလေ။


ငယ်ဘဝက ရယ်စရာအလွဲအချော် အမှတ်တရတစ်ခုဆိုရင် ကျွန်တော် စတက်ကာ စတုန်းက အရမ်းမူးပြီး စင်ပေါ်မှာ အန်ခဲ့ဖူးတယ်။ ကျွန်တော်ဆိုပြီးတဲ့အခါ ကျွန်တော့် နောက် ရုပ်ရှင်မင်းသမီးတစ်ယောက် တက်ဆိုတယ်။ အန်ထားတာတွေ တက်နင်းမိ ပြီး သူ စင်ပေါ်မှာ ချော်လဲကျပါရော။ အန်ဖတ်တွေ ပေကျံသွားတာပေါ့။ အခု ပြန်ပြော ပြမှ ရယ်ရတာ။ အဲဒီတုန်းက မရယ်ခဲ့ရဘူး။


အခုလတ်တလော ကျွန်တော် ဓာတ်ကျနေတဲ့သီချင်းဆိုရင် Sublime အဖွဲ့ရဲ့ Same in the End ပဲ။ တစ်ချိန်လုံး Repeat လုပ်ထားတာ။

ပြည်ပက Show ပွဲတစ်ခုမှာ Owntune သုံးပုဒ်ပဲ ဆိုရဖို့ ဖိတ်ခေါ်ခံရမယ်ဆိုရင်လား။ Starry Night, Telepunk နဲ့ Fuck my way out တို့ ရွေးဆိုမယ်။

ဒီရှုတင်မှာ ကလေးအဖေတွေချည်း ကလေးတွေလို ဆုံရတာ ပျော်တာပေါ့။ တကယ် က ပျော်တယ်ဆိုတာထက် ပိုဦးမယ်။ တစ်ယောက်အကြောင်းတစ်ယောက် နား လည် ကြတဲ့လူတွေလေ။ ဥပမာ - ဒီလူတွေနဲ့ ဆုံနေတုန်း ညဘက်ကြီး ကလေး အရမ်းငိုနေလို့ ကျွန်တော်အိမ်ပြန်သွားရတယ်ဆိုလည်း ဘယ်သူမှ စိတ်မဆိုးဘူး။ နောက်ချိန်းထားတာ ရောက်မလာနိုင်တော့တဲ့အကြောင်း ဖုန်းဆက်ရင်လည်း နား လည်ပေးကြတာပဲ။ ဖုန်းဆက်ရင်တောင် တစ်ယောက်မအားလောက်တဲ့အချိန် တစ် ယောက်က သိနေကြပြီ။ ဒီမနက်ကဆိုရင် ကျွန်တော်အိမ်က ထွက်လာတာနဲ့ ဇာနည့် ကို ဖုန်းဆက်မလို့ပဲ။ ဒါပေမယ့် ကျွန်တော် မဆက်ဖြစ်ဘူး။ သူ မအားမှာ ကျွန်တော် သိတယ်။ တစ်ယောက်နဲ့တစ်ယောက် Schedule တွေက သိပ်မကွာကြဘူး။ ကလေးတွေ ကျောင်းတက်နေကြရတာကလည်း တူတာကိုး။


အင်း . . . ဖခင်ဖြစ်ရတဲ့အရသာဆိုတာထက် သူ့မှာ တခြား Meaning ကြီးတစ်ခု ရှိ နေတယ်။ ဟုတ်တယ်။ ဖခင်ဖြစ်မှု Fatherhood ဆိုရင်လည်း တွေ့မြင်နေကျ ရုပ် ရှင်တွေထဲက Feeling တွေနဲ့ ရောနေတတ်တယ်။ ရုပ်ရှင်တွေထဲမှာ “ဟာ . . . ငါ ကလေးအဖေဖြစ်ပြီဟေ့” ဆိုပြီး ပျော်ကြတာတွေ ရှိတာကိုး။ ကျွန်တော်ကျ အဲဒီလို မဖြစ်ပါဘူး။ ကျွန်တော် လေးသွားတယ်။ စိတ်ပူမိတယ်။ ကောင်းကောင်း လုပ်ပေးနိုင်ပါ့မလားပေါ့။ ကျွန်တော်တို့ဟာ လူတစ်ယောက်ကို လောကထဲ ခေါ်လိုက်ပြီ။ ဒီလောကကြီးက သူတို့ကို ခေါ်ရလောက်တဲ့အထိ ပျော်စရာကောင်းတဲ့နေရာကြီးရော ဟုတ်ရဲ့လားဆိုတာ ကျွန်တော့်ကို အနှိပ်စက်ဆုံးမေးခွန်းပဲ။ ဒီနေ့အထိ အဲဒီမေးခွန်းအ တွက် Positve အဖြေမရှိဘူး။ ကလေးနှစ်ယောက်ကို ဒီလောကထဲ ကျွန်တော် ခေါ် လိုက်မိတယ်။ လူတစ်ယောက်အနေနဲ့ တကယ်ပဲ ပျော်စရာကောင်းတဲ့လောကကြီးလားဆိုတာ သိပ်သံသယဖြစ်စရာကောင်းတယ်။ ဒီနေ့အထိ ဖြေရခက်နေဆဲ မေးခွန်းပဲ။


ကျွန်တော့်ကလေးတွေ အနုပညာရှင် ဖြစ်လာမှာကို စိုးထိတ်တာမျိုး လုံးဝမရှိဘူး။ ဒါ ပေမယ့် Stage Performer ဖြစ်သွားမှာမျိုးတော့ စိုးရိမ်တယ်။ Stage Performer နဲ့ Artistic ဖြစ်မှုက မတူဘူး။ Stage ပိုင်းက ကျွန်တော် ထင်မထားတဲ့ စိတ်ညစ်စရာတွေ အများကြီးရှိတယ်။ ထိန်းချုပ်ရတာတွေ ရှိတယ်။ ဆိုတော့ Artist ပဲ ဖြစ်စေချင်တယ်။ Performer မဖြစ်စေချင်ဘူး။ ဆက်ပြောစရာတွေတော့ ရှိ တယ်၊ နောက်များမှပေါ့။



R Zarni

ACID အခွေ ထွက်ပြီး ကျွန်တော့်ရဲ့တစ်ကိုယ်တော်အခွေ ‘ငါ့ကို ချစ်တဲ့သူ’ ထွက် တယ်။ အဲဒီအခွေထဲက ‘မင်းအတွက်’ လို သီချင်းတွေက ကျွန်တော့်ကို ပရိသတ် တွေ ပိုသိလာစေခဲ့တဲ့သီချင်းတွေပဲ။


ငယ်ငယ်က ဒီလောကထဲ စရောက်စ Show ပွဲတွေ လိုက်ဆိုနေတဲ့အချိန် ဖြစ်ခဲ့တဲ့ ဟာသတစ်ခုက အရမ်းရယ်ရတယ်။ အဲဒီတုန်းက တောင်ကြီးမှာ သီချင်းသွားဆိုရ တယ်။ ငါ့ကိုချစ်တဲ့သူ အခွေကြောင့် ကျွန်တော့်ကို လူတွေ အထိုက်အလျောက် သိလာတဲ့အချိန်ပေါ့။ ပွဲတွေ လိုက်ဆိုနေရပြီဆိုတော့ IC က ကျွန်တော့်ကို ခေါ်သွားတယ်။ ဒီအဖွဲ့နဲ့ ဒီဘဲကြီးတွေနဲ့ ယှဉ်ဆိုရမယ်ဆိုကတည်းက ကျွန်တော်က ကျွတ်နေ ပြီ။ ဒီလူတွေနဲ့အတူ စင်ပေါ်တက်ဆိုရမှာ တကယ်ကြီး ရှိန်နေတာ။ တောင်ကြီးမှာ တန်ဆောင်တိုင်ညဆို လူတွေ အရမ်းများတာကလည်း ကြောက်ရတာကိုး။ နောက်ဆုံး ကျွန်တော်ဆိုပြီးတဲ့အချိန် ပရိသတ်ကို လှမ်းပြောလိုက်တဲ့စကားက အရမ်းရယ်ရတယ်။ အကျယ်ကြီး အော်မေးလိုက်တာဗျာ။ ဘယ်လိုလဲ၊ ကြိုက်ရဲ့လားဆိုပြီး။ အသံတွေ ညံသွားတာပဲ။ မင်းက ဘာကောင်မို့လို့လဲရော၊ သွားကွာ၊ ဆင်းကွာဆိုတာ တွေရော၊ ဆဲသံတွေရောပေါ့။ တကယ်က အဆင်ပြေရဲ့လားတို့ ဘာတို့ ကျွန်တော် ပြောသင့်တာလေ။


လွန်ခဲ့တဲ့ နှစ် ၂၀ ကျွန်တော်တို့လူငယ်ဘဝရဲ့ ရုန်းကန်ခဲ့ရမှုတွေက အများကြီးပဲ။ နား ထောင်ချင်တဲ့သီချင်းကို အလွယ်တကူ နားထောင်လို့ မရခဲ့တာတွေ ရှိတယ်။ လေ့ လာဆည်းပူးစရာတွေလည်း ရှာရခက်တဲ့အခါ၊ နည်းတဲ့အခါ ထွက်ကုန်တွေပါ နည်း သလို ရှားသလို ဖြစ်ခဲ့တယ်။ အခုခေတ်ကျ ခလုတ်တစ်ချက် နှိပ်လိုက်တာနဲ့၊ ွသသါူန မှာ သိချင်တာတွေ ရိုက်ရှာလိုက်တာနဲ့ ချက်ချင်းပဲ အကုန်ကျလာတာဆို တော့ ဂီတပိုင်းမှာလည်း ထုတ်ကုန်တွေများလာတယ်လို့ပဲ ဆိုရမယ်။ အရင်တုန်းက အတွေ့အကြုံတွေကတော့ ဘဝနဲ့ ပိုပြီး ရင်းရတယ်။ ကျွန်တော်တို့ထက် ပိုစောခဲ့ကြ သူတွေက ပိုပြီးတောင် ရင်းခဲ့ရသေးတယ်။


အဆိုပြိုင်ပွဲတွေ များလာတာက ကောင်းတဲ့ကိစ္စတစ်ခုပဲ။ ဒီခေတ်က ကျွန်တော်တို့ ခေတ်တုန်းကထက် သီချင်းတွေကို လွယ်လွယ်ကူကူနဲ့ ပိုပြီးနားထောင်လို့ ရလာ တယ်။ Studio တွေရော Player တွေပါ အများကြီး တိုးပွားလာကြပြီ။ အဆိုပြိုင်ပွဲ တွေကြောင့် အခွင့်အလမ်းတွေ ပိုပြီးများလာတာတော့ အသေအချာပဲ။


သီချင်းကောင်းတွေ ဖန်တီးနိုင်သူတွေအတွက် ဒီခေတ်မှာ တေးထုတ်လုပ်ရေး အကူ အညီကိုတောင် မလိုတော့ဘဲ Facebook အကောင့်တစ်ခု ရှိနေတာနဲ့တင် ပေါက်ဖို့ ပိုလွယ်တာကိုလည်း ကျွန်တော် သဘောကျတယ်။ ကျွန်တော်တို့တုန်းကဆို သီချင်းလေးဆိုရဖို့အတွက်နဲ့တင် သူများနောက်ကို တကောက်ကောက် လိုက်ခဲ့ရ တယ်။ ဆရာ ကေအေတီတို့လို ဆရာတွေအိမ်မှာ စားအိမ်သောက်အိမ်လို သွားနေ ပြီး လေ့လာခဲ့ရတာပေါ့ဗျာ။ အဲဒီလို ဟိုစမ်းစမ်းဒီစမ်းစမ်းနဲ့ လုပ်ခဲ့ရတာတွေ များ တယ်။ အခုခေတ်ကျ ဟော်လိုဂစ်တာနဲ့ တီးပြီး ဆိုနေတာကို ဖုန်းကင်မရာနဲ့ ထောင် ရိုက်ပြီး လိုင်းပေါ်တင်လိုက်တာနဲ့ ကောင်းရင်ကောင်းသလို ပေါက်နေပြီ။ နောက်မှ Studio မှာ သွင်းလို့ ရတယ်လေ။


ဂီတပုံစံက ယဉ်ကျေးမှုစံတွေနဲ့ ပွတ်တိုက်မိလို့ လျှော်လိုက်ရတာတွေ ဟိုးတုန်းက တော့ တော်တော်ရှိခဲ့တယ်။ ပိတ်ပင်ကြတယ်၊ တားဆီးကြတယ်။ ကျွန်တော်ကြားဖူး တာတစ်ခုဆို တချို့အနုပညာရှင်တွေကို တီဗီမှာပြဖို့ မသင့်တော်တဲ့ ရုပ်ရည်ဖြစ်နေ တာမို့ ပိတ်ပင်ပစ်တာမျိုးတောင် ရှိခဲ့တယ်တဲ့။ အဆိုတော်ကြီးတွေပေါ့ဗျာ။ ဒီဘက် ခေတ်ကျ အဲဒီလိုတွေ မရှိတော့တဲ့အတွက် သက်သာလာတယ်လို့ ထင်တယ်။


MTV ရိုက်လိုက်တဲ့အခါမှာ ကျွန်တော့်သီချင်းရဲ့ဆိုလိုမှုနဲ့ လွဲသွားတာမျိုးလား။ တစ်ပုဒ်မကဘူး၊ အများကြီး အများကြီး ရှိတာပေါ့ဗျာ။ ဖီလင် တော်တော်ကွေးစေတာတွေ။ ထားပါတော့။


အင်း . . . ပြည်ပပွဲတစ်ပွဲမှာ Owntune သုံးပုဒ်ပဲ ဆိုဖို့ ဖိတ်ခေါ်ခဲ့မယ်ဆိုရင်ဆိုတဲ့မေးခွန်းဆီ ဆက်ကြတာပေါ့။ ‘ဂန္ထဝင်ဆည်းဆာ’ ၊ ‘သီတာ သီတာ သီတာ’ ၊ ‘အသင့်သူ’ ၊ ဒီသုံးပုဒ်ကို ကျွန်တော် ဆိုမယ်။


လက်ရှိမှာ ခေတ်ကို အလွှမ်းမိုးထားနိုင်ဆုံးဂီတကတော့ EDM ပဲ။ လူငယ်တွေ အရမ်းကြိုက်နေကြတယ်။ ဒါ လူအများကြီး ကြိုက်နေကြတဲ့အပေါ် ကြည့်ပြီး ပြောတာ နော်။


The Voice Myanmar မှာ Coach လုပ်ခဲ့တာ ကျွန်တော့်အတွက် အတွေ့အကြုံ တွေ အများကြီး ရလိုက်တယ်။ ကျွန်တော်ကိုယ်တိုင်လည်း အကောင်းဆုံး လုပ် ဆောင်နိုင်ခဲ့တယ်လို့ပဲ ခံစားမိတယ်။ ကိုယ့် Team က လူတွေနဲ့လည်း တော်တော်လေး ရင်းနှီးခဲ့တယ်။ အသိအကျွမ်းတွေ အများကြီး တိုးလာတယ်။


ဒီနေ့ရှုတင်မှာ ကလေးအဖေတွေချည်း ဆုံရတာ ပျော်စရာကောင်းတာပေါ့ဗျာ။ ဘ၀ တူတွေ၊ အကြောင်းသိတွေလေ။ လူလွတ်တုန်းကလည်း လူလွတ်အလျောက်၊ ကလေးအဖေဖြစ်တော့လည်း အတူတူ ဖြစ်ကြတာပဲ။ ဒီနေ့ရှုတင်ကလည်း ပျော်စရာ ကောင်းတယ်။ ကျွန်တော်တို့တွေ The Voice Myanmar မှာ လုံးထွေးရင်းကနေ အခု ခဏနားနေတဲ့အချိန် ဒီလိုတွေ့ဖြစ်ကြတာ ပျော်စရာပါပဲ။


Rapper တွေနဲ့ အတွဲများခဲ့တဲ့ကျွန်တော်က သူတို့ထဲမှာ အချစ်ဆုံးတစ်ယောက် ရွေးရမယ်ဆိုရင် ရန်ရန်ချမ်းပဲ ရွေးမယ်။ ပြောရရင် ဇေယျာသော်တို့ အနဂ္ဂတို့ ဟိန်း ဇော်တို့ အကုန်လုံးနဲ့ ညီအစ်ကိုတွေလိုပဲ။ ပွင့်ပွင့်လင်း လင်းပြောရရင် ရန်ရန်ချမ်းက Very Smart။ သူက စကားတစ်ခွန်းပြောဖို့ကို အများကြီး ချင့်ချိန်စဉ်းစားတယ်။ သူများကိုလည်း သူ့ အပူ ဘယ်တော့မှမပေးဘူး။ ဟိန်းဇော်နဲ့ကျ အရမ်း ကောင်းတယ်။ ရန်ချမ်းကိုကျ လေးစားတာပါ ပါနေ တာ။


ဖခင်ဖြစ်ရတဲ့အရသာက . . . အင်း . . . ကျန်းမာရေး ကောင်းစေတယ်ဗျ။ သားသမီးတွေကို ချစ်တဲ့စိတ်နဲ့ ကိုယ့်ကျန်းမာရေးကို ပိုဂရုစိုက်လာဖြစ်တယ်။ သူတို့ကိုလည်း အကောင်းမွန်ဆုံးဖြစ်အောင် ပြုစုပျိုးထောင်ပေးချင်တဲ့စိတ် ရှိလာတာ လည်း ပါတာပေါ့။


ဟုတ်တယ်။ ဆေးလိပ်ကို ပြီးခဲ့တဲ့ ကျွန်တော့်မွေးနေ့မှာ ဖြတ်ပစ်ခဲ့တာ။ အိမ်ထောင်ကျပြီး ပထမ သားကို ယူတုန်းက ဆေးလိပ်၊ အရက် သောက်တာတွေကို ခြောက်လ ဖြတ်ပြီးမှ ကိုယ်ဝန်ယူခဲ့တာ။ နောက်တော့ ပြန်သောက်ဖြစ်ခဲ့တယ်။ ဖစ်ဖစ်တုန်က နောက်ပိုင်း ပြဿနာရှာလာတယ်။ ဆေးလိပ်သောက်ရင် ပြောတယ်၊ ဆိုတယ်တွေ ဖြစ်လာတယ်။ သူ သိတာတွေ၊ မြင်တာတွေကလည်း များလာပြီကိုးလေ။


ဒီကြားထဲ Emperor မှာ ဘေ့စ်တီးတဲ့ ကိုမြတ်မိုးက သူဆေးလိပ်မသောက်တော့ဘူး တဲ့။ သူက အစ်ကိုတစ်ယောက်လိုပဲ။ ဒါနဲ့ ဘာလို့မသောက်တော့တာလဲဆိုပြီး မေး ကြည့်တယ်။ သူက တော်ပြီတဲ့၊ ဆယ်ကျော်သက်အရွယ်ကတည်းက စသောက်ခဲ့ တာကို အခု အသက် ၄၀ မှာ ဖြတ်လိုက်တော့မယ်လေတဲ့။ နောက်ပိုင်းက ဘယ် လောက်ထိ နေရမယ်မှန်း မသိဘူးလေတဲ့။ ကျန်းမာရေးအတွက်ရော သားသမီးတွေ အတုယူမမှားရအောင်အတွက်ပါ ဖြတ်လိုက်တော့မယ်ဆိုပြီး ကျွန်တော်လည်း ကျွန်တော့်အသက် ၄၀ ပြည့်တဲ့နေ့မှာ ဆေးလိပ်ကို ရာသက်ပန် ဖြတ်လိုက်တော့တယ်။


ကျွန်တော်တို့မင်္ဂလာသက်တမ်းက ၁၆ နှစ် ပြည့်တော့မယ်ဆိုတာထက် တကယ်က ချစ်သူသက်တမ်းပါ ထည့်တွက်မယ်ဆိုရင် နှစ် ၂၀ ကျော်သွားပြီ။ လင်ရယ် မယား ရယ်လို့ ဖြစ်လာတော့လည်း ရန်ဖြစ်တယ် စကားများတယ်ဆိုတာတွေကတော့ ရှိကြ တာပေါ့။ ဒါပေမယ့် သူ့အတွက် ကိုယ်မရှိလို့မဖြစ်၊ ကိုယ့်အတွက် သူ မရှိလို့ မဖြစ်ဆို တာ တစ်ခုကတော့ သေချာ ခိုင်မြဲသွားပြီ။


ကျွန်တော့်ကလေးတွေ အနုပညာရှင်ဖြစ်လာမှာကို စိုးထိတ်နေတဲ့စိတ်မျိုးတော့ လုံးဝမရှိဘူး။ ကျွန်တော်က အနုပညာကို ချစ်ပြီးသားလူမို့ သူတို့တွေ သီချင်းပဲဆိုဆို၊ မင်း သားပဲလုပ်လုပ် အကြံပေးရုံလောက်ပဲ ပေးမယ်။ နည်းလမ်းပြမယ်၊ ဘယ်လိုရပ်တည် ရမယ်ဆိုတာ ပြောပြမယ်၊ ဒီလောက်ပဲ လုပ်မှာပါ။ ပြောရရင် အနုပညာထက် သူတို့ တွေ တခြားစီးပွားရေး လုပ်မှာကိုတောင် စိုးရိမ်မိသေးတယ်။ စီးပွားရေးလောကထဲမှာ အဆင်မပြေမှာတို့၊ ခက်ခဲကြမ်းတမ်းနေမှာတို့ကို ပိုပြီး စိုးရိမ်တယ်။ စီးပွားရေးအ ကြောင်း ကျွန်တော် သိပ်မသိဘူး။ အနုပညာအလုပ်အကြောင်းကျ သိသေးတယ် လေ။


လက်ရှိမှာ တခြားစီးပွားရေးအနေနဲ့ကတော့ ကျွန်တော်အမျိုးသမီးက သူ့အစ်မတွေ၊ ညီမတွေနဲ့ The Lace ဆိုတဲ့ဆိုင် ဖွင့်ထားတယ်။ ကျွန်တော်လည်း မကြာသေးခင် ကမှ ဖွင့်ထားတဲ့ Aqua Village ဆိုတဲ့ Water Park လေးတစ်ခုကို လုပ်နေ တယ်။ ရန်ချမ်းတို့နဲ့ပေါ့။ အားလုံးပေါင်း ခုနစ်ယောက် ပေါင်းလုပ်ကြတာပါ။



Yan Yan Chan

Hip Hop ဆိုတာ Culture တစ်ခုပါ။ ဒါဟာ Hip Hop ပါလားလို့ ကျွန်တော်တို့ မသိခင် ရန်ကုန်မှာ Rap ခေတ်တစ်ခေတ် ရှိခဲ့တယ်။ အဲဒီတုန်းက စကိတ်ကွင်းမှာ စကိတ်သွားစီးတဲ့အခါ ကျွန်တော်တို့ထက် စီနီယာကျတဲ့သူတွေက ကက်ဆက်ဖွင့် ပြီး အဖွဲ့လိုက် ကကြတယ်။ နောက်တော့ ကျွန်တော်တို့ပါ လိုက်ကကြတယ်။ Rap သီချင်းတွေ နားထောင်လာကြတယ်။


ရှစ်ပေ စလောင်းတွေ စဝင်လာတဲ့အချိန် MTV တွေ Channel V တွေ ကြည့်ဖြစ်ပြီး Hip Hop အကြောင်း ပိုသိလာတယ်။ ဆိုနေတဲ့လူတွေက လမ်းဘေးစတိုင်တွေနဲ့။ Gangster ပုံစံတွေလည်း တွေ့ရတယ်။ ဂရပ်ဖတီဆွဲနေတာတွေလည်း တွေ့ရတယ်။ ဟာ . . . ဒါ Culture ကြီးပါလားလို့ သဘောပေါက်သွားတယ်။


ဒီမှာက Hip Hop Generation ကို ပေါင်သင်းတဲ့အုပ်စုတွေနဲ့ ခွဲနေကြတယ်လို့ ထင်မိတာပဲ။ နောက်တစ်ခုက Music Style အနည်းငယ် ချိန်းသွားတာလည်း ပါ တာပေါ့။ တကယ်ဆို Generation တစ်ခုနဲ့တစ်ခုက ဆယ်စုနှစ်တစ်ခုလောက် ခြားသင့်တယ်။ အခု Fourth Generation လို့ တချို့ပရိသတ်တွေ ယူဆနေကြတဲ့ Mumble Rap ဆိုတာလည်း ရှိနေပြန်တယ်။ ကျွန်တော်ကတော့ အဲဒီလိုတွေ ခွဲမ မြင်စေချင်ဘူး။


ဒီဘက်ခေတ်မှာ တေးစီးရီးထုတ်လုပ်ရေးတွေအပေါ်တောင် အားကိုးစရာမလိုတော့ သလိုမျိုး ဆိုရှယ်မီဒီယာတွေ ရှိလာကြတာက ဆင့်ပွားဆင့်ပွား အကျိုးအမြတ်တွေ ကိုယ့်ဆီ ပြန်ရောက်လာရင် ကောင်းတာပေါ့ဗျာ။ ရှေ့ဆက်ဖို့လည်း အဆင်ပြေစေ တာပေါ့။ ဒီလိုမှမဟုတ်ဘဲ သီချင်းသာ ပေါက်သွားတယ်၊ ပြန့်သွားတယ်၊ သုံးတဲ့သူ တွေက သုံးသာ သုံးကြပြီး မူရင်းဖန်တီးသူကို ဘာမှမပေးဘူးဆိုရင်တော့ ဘယ် ကောင်းမလဲ။


FM တွေက ကျွန်တော်တို့ သီချင်းတွေကို သုံးရင် ပိုက်ဆံရတယ်ဆိုတာ FM တွေ ပေါ်ပြီး ၁၀ နှစ်လောက်ကြာမှ ကျွန်တော်တို့ သိကြတာ။ စစချင်း FM တစ်ခုဆိုရင် ACID အဖွဲ့ထက်တောင် တစ်နှစ်ငယ်ပါတယ်ဗျာ။ အဲဒီ FM ကလည်း ကျွန်တော်တို့ သီချင်းတွေကို ထုတ်လွှင့်ခဲ့တာပဲ။ သြော် . . . ငါတို့သီချင်းတွေ လွှင့်ပါလားပေါ့။ ငယ် ငယ်တုန်းက ရေဒီယိုမှာ အန်တီထားတို့ ဦးလွှမ်းမိုးတို့ သီချင်းတွေကို လွှင့်သလိုပဲပေါ့။ ဒါ စီးပွားရေးလည်း မဟုတ်သေးဘူးလေ။ နောက်ပိုင်းမှ ဒါက စီးပွားရေးဖြစ်လာ တယ်။ အသံတွေ ပွက်ပွက်ထလာကြတယ်။ ဂီတအစည်းအရုံးမှာ ပိုက်ဆံထုတ်လို့ရ တယ် ပြောကြတာကြောင့် သွားထုတ်တော့ ပိုက်ဆံက ထောင်ဂဏန်းပဲ ရှိတယ်။ စိတ်ပျက်စရာ အမှတ်တရတစ်ခုပေါ့။

ကျွန်တော်တို့ စမ်းလုပ်ကြည့်ခဲ့တဲ့ တေး App Stream ကို နားထားလိုက်ပြီ။ ကျွန်တော်တို့ကိုယ်တိုင်က ဒီလောကထဲမှာ နေထိုင်နေတဲ့လူတွေဆိုတော့ ဒီဂီတလောကထဲကလူတွေ စိတ်ကွက်မယ့်ကိစ္စမျိုးတွေ မလုပ်ချင်ဘူး။ သူတို့လည်း ရစေချင် တယ်။ နောက်တစ်ချက်က ကျွန်တော်တို့ ဒီအလုပ်ကို သိပ်မကျွမ်းကျင်တာလည်း ပါ လိမ့်မယ်။ တချို့က ယုံကြည်တယ်။ တချို့က မယုံကြည်ဘူး။ ကျွန်တော်တို့ကလည်း မပြောဘဲ၊ အသိမပေးဘဲ လုပ်ပစ်လိုက်လို့ ရတာမဟုတ်ဘူးလေ။


ဒီဘက်ခေတ် လူငယ် Rapper တွေနဲ့ ပွဲ အတူတူ ဆိုရရင် ကိုယ့်ရပ်တည်မှုအတွက် စိုးရိမ်တာမျိုး ကျွန်တော့်မှာ မရှိခဲ့ဖူးဘူး။ ဥပမာ - ဦးဂျေမောင်မောင်ပဲ ဆိုပါစို့။ သူက လူငယ်တွေနဲ့ တွဲလုပ်တဲ့ပွဲထဲ သီချင်းအသစ်ဆိုရင် နည်းနည်းအန္တရာယ်ရှိမယ်။ သူ့ သီချင်းအဟောင်းတစ်ပုဒ်သာ ဆိုကြည့်လိုက်။ အကုန်ပါလာရော။ ကျွန်တော်လည်း ကျွန်တော့်သီချင်းအဟောင်းတွေ ဆိုဖို့ကို ဘယ်တုန်းကမှ မစိုးရိမ်ခဲ့ပါဘူး။


အခုလတ်တလော ဓာတ်ကျနေတဲ့သီချင်းကတော့ Shine ရဲ့ The Old You ပဲ ။ နည်းနည်းကြီးသွားလို့လား မသိဘူး။ အဲဒီလိုသီချင်းမျိုးကို ကြိုက်နေတယ်။ ဆိုထား ပုံကို ကြိုက်တယ်ဗျာ။


ငြီးငွေ့နေတဲ့ ဂီတအမျိုးအစားက Big Room House လို့ ပြောရမယ် ။ ကျွန်တော်က Dance Music တွေ ကြိုက်ပေမယ့် Drop တွေ ချချပြီး EDM ပွဲတွေမှာ ခုန်ခုန်နေ ကြတာကို ကျွန်တော်ငြီးငွေ့သွားပြီ။ အကြိုက်ဆုံးဂီတ သုံးမျိုးကတော့ Rock, Hip Hop, House Music ပေါ့။


ကိုယ်ရေး၊ ကိုယ်ဆိုမိခဲ့တဲ့ သီချင်းတွေထဲ ဒီသီချင်းဆိုခဲ့မိလို့ နောင်တရမိတာမျိုး ကျွန်တော့်မှာ မရှိပါဘူး။ ကိုယ်တိုင်က မကောင်းပါလား ပြန်သိလိုက်ရတဲ့သီချင်းအတွက်ကိုတောင် ကျွန်တော် နောင်တမရပါဘူး။ နောင်တဆိုတာ နှပ်ချေးလိုပဲ။ ညှစ် ထုတ်ပစ်လိုက်တာ အကောင်းဆုံးပဲလို့ ယုန်လေးနဲ့ ရိုက်ခဲ့တာထဲတောင် ကျွန်တော် ပြောခဲ့ဖူးတယ်။


ကိုယ့်သီချင်း MTV ရိုက်ခဲ့တာတွေထဲ စိတ်တိုင်းမကျတာမျိုးရယ်လို့ မရှိဘူး။ မကြိုက်တာကတော့ ကျွန်တော်တို့ Live Show ဆိုတာကို တည်ရိုက်တာတွေပဲ။ ဒါ ပေမယ့်လည်း ခေတ်အရ ဒါတွေကို မဖြစ်မနေ ဖြတ်သန်းခဲ့ရတယ်။ သူတို့ကို ကျွန် တော်တို့က ပုံအပ်ခဲ့ရတာကိုး။


ဟုတ်တယ်ဗျ။ အိပ်မက်ဆုံရာတုန်းကလည်း ကျွန်တော် ဒိုင် လုပ်ခဲ့ဖူးတယ်။ Rap ပြိုင်တဲ့ ပေါ့။ ဟုတ်ပါတယ်။ ြအေခ့ - ၃ ပါ။ အခု The Voice Myanmar မှာ Coach လုပ်ခဲ့ရတဲ့ အတွေ့အကြုံတွေကတော့ဗျာ . . . ရင်ခုန်စရာလည်း ကောင်းသလို ကြောက်စရာလည်း ကောင်းတယ်။ ကြားထဲမှာ တခြားပြိုင်ပွဲတွေအတွက် ကျွန်တော့်ကို ကမ်းလှမ်းခဲ့ဖူးတာတွေ ရှိပေမယ့် မလုပ်နိုင်တဲ့အတွက်ကို ကျွန်တော် မလုပ်ပေးခဲ့ဘူး။ အခု The Voice မှာကျ အသုံးအနှုန်းကို Coach ဆိုတော့ ကျွန်တော် ကြိုက်တယ်။ နည်းတွေ ပြပေးရတဲ့သဘောပေါ့ဗျာ။ ပြီးတာ့ ဒီပွဲကို ကျွန် တော် ပါဝင်ပေးနိုင်တယ်ဆိုတဲ့ ယုံကြည်မှုအပြည့်ရှိတယ်။ ဒါ့အပြင် ဘေးကနေ Support လုပ်ပေးမယ့် တခြားပညာရှင်တွေလည်း ပါမယ်ဆိုတော့ ပိုပြီး လုပ်ရဲတယ်။ ဒါ ကြောင့်လည်း The Voice Myanmar ကို လက်ခံခဲ့တာ။


ဒီနေ့ခေတ် လူငယ်တွေကို လွှမ်းမိုးထားတဲ့ ဂီတဆိုရင် EDM ပဲ။ EDM က တစ်ကမ္တာွလုံးကို လွှမ်းထားတာ။ ရှင်းရှင်းပြောရရင် လူအများစုက လွှမ်းမိုးထားတဲ့အချိန် ကိုပဲ မြင်ကြတာ။ တကယ်က EDM စလာခဲ့တာ နှစ် မနည်းတော့ဘူး။ ၁၉၉၀ ခုနှစ် အလွန်ကတည်းက သူ တို့ ရှိနေကြတာ။ ကျွန်တော်တို့က ဒါတွေကို ကြိုက် တဲ့လူတွေဆိုတော့ သိတာ ထိတွေ့တာ ပိုစောခဲ့တာ ပေါ့။ ကလပ်တက်ရင် Rap နဲ့ Dance Music ကို ထိတွေ့နေရတာပဲလေ။


ပြည်ပ Show ပွဲတစ်ခုမှာ Owntune သုံးပုဒ်ပဲ ဆိုရ မယ်ဆိုရင် မကြာခင်ထွက်မယ့် အခွေထဲက အသစ် တွေပဲ ဆိုမယ်။ ‘လွဲ’၊ ‘မြို့ထဲ’ ၊ ‘နေ့တိုင်း အင်္ဂါနေ့’၊ ဒီ သုံးပုဒ်ကို ဆိုမယ်။ ဒါ ကြိုတင်ပြီး Promotion ဆင်းလိုက်တာ။ ဖြတ်သန်းလာတဲ့ နှစ် တွေများတော့ ဟိုးတုန်းက အဟောင်းတွေလည်း ပြန်ပြောချင်စိတ် မရှိတော့ဘူး။ ကျွန်တော် အကြည်ဓာတ်ပျောက်ပြီး ပြန်ရမှ ရေးခဲ့တဲ့သီချင်းတွေမို့ ကြိုပြောလိုက် တာပါ။ ညီ ကိုယ်တိုင် ကြိုက်မယ်လို့ ကျွန်တော် အာမခံတယ်။


ဟုတ်တယ်။ ငယ်ငယ်က ဖက်ရှင်ကို စိတ်ဝင်စားလွန်းတာကြောင့် စီးပွားရေးတစ်ခု လုပ်ခဲ့ဖူးတယ်။ ဖက်ရှင်ဆိုင်တစ်ဆိုင် ဖွင့်ခဲ့ဖူးတယ်။ မသိတဲ့သူ များပါတယ်။ ကျွန် တော့်မှာက စီးပွားရေး Mindset မရှိဘူးဗျာ။ ဟိုးတုန်းက မန္တလေးသွားလည်တော့ Rapper သုံးလေးယောက်ပဲ တွေ့ရတယ်။ ဒါကို ကျွန်တော်က Hip Hop Culture ဟာ ဂီတအရတော့ ငါတို့ဆီမှာ နည်းနည်းစီးဆင်းနေပြီ။ ဖက်ရှင်အရပါ ဖောက်ဖို့လို သေးတယ်၊ Society တစ်ခု ဖြစ်လာရမယ်ဆိုပြီး မန္တလေးမှာ Hip Hop Fashion Shop သွားဖွင့်ခဲ့မိတယ်ဗျာ။ ကျွန်တော့်ဖုန်းကို ၅၄ သိန်းနဲ့ ရောင်းပြီး မန္တလေးက သူငယ်ချင်းတစ်ယောက်နဲ့ စပ်တူပေါင်းဖွင့်ခဲ့တာ။ သိပ်မကြာလိုက်ဘူး။ ပိတ်လိုက်ရ တာပဲ။ ဒီဘက်ခေတ်ပိုင်းက Collaboration အနေနဲ့ပဲ လုပ်တော့တယ်။ ACID ကို ပေါင်းထုတ်တာမျိုးပေါ့။

လတ်တလောမှာ Aqua Village ကို ကိုဇာနည်တို့တွေနဲ့ အတူတူ ပေါင်းလုပ်ဖြစ် နေတယ်။ Weekend တွေဆို အဲဒီမှာ စည်တယ်။ ကျောင်းဖွင့်ရက်တွေကျ နေ့ လယ်ခင်းတွေ လူပါးတယ်။ သောကြာနေ့လောက် ရောက်ပြီဆိုရင်တော့ လူတွေ စုပြုံ နေကြပြန်ရော။


ဒီနေ့ ကလေးအဖေတွေချည်းဆုံပြီး ရိုက်ရတာကတော့ မိုက်တာပေါ့ဗျာ။ ကျွန်တော် တို့ကလည်း တောက်လျှောက်ကြီး တွဲလာခဲ့ကြတာ။ ကိုကျားနဲ့ဆို အလုပ်အတူတူ တွဲလုပ်လာတာ နှစ်နှစ်လောက် ရှိပြီ။ ဘာရေစက်လဲတော့ မသိဘူး။ သီချင်းလုပ် လည်း လာတွေ့တယ်။ ကြော်ငြာရိုက်လည်း လာတွေ့တယ်။ The Voice Myanmar မှာ Coach လုပ်တော့လည်း ဆုံကြပြန်ရော။ တကယ့်တကယ် ခင်လာကြတာကျ နှစ်ပေါင်းမနည်းတော့ဘူး။ လမ်းကြောင်းချင်း ထပ်တူကျမနေသေးလို့သာ လုံးလုံး ထွေးထွေး မဖြစ်ခဲ့ကြတာ။ အခုကျ အရမ်းကြီးကို လုံးထွေးသွားကြပြီ။ ပျော်စရာကောင်းတယ်။


ဖခင်ဖြစ်ရတဲ့အရသာကလည်း ပျော်စရာပါ။ ကျွန်တော် ငယ်ငယ်ကကျ အဖေနဲ့ မရင်းနှီးဘူး။ ကြောက်တာလားဆိုတော့လည်း မဟုတ်ပြန်ဘူး။ ဘာကြီးလဲတော့ မသိဘူး။ တစ်ခုခုပဲ။ ဒါနဲ့ ငါ ဖခင်ဖြစ်ခဲ့တဲ့အခါကျရင် အဲဒါကြီးကို ချိုးပစ်မယ်ဆိုပြီး ကြိုးစားခဲ့တာ။ ကျွန်တော့်သားနဲ့ ကျွန်တော်နဲ့ဘော်ဒါလိုပဲ နေကြတယ်။ အဖေဖြစ်ရ တာ အရမ်းပေါ့ပါးတယ်။ သားအတွက် ကျွန်တော့်မှာ တာဝန်အကြီးကြီးတစ်ခု ရှိ တယ်ဆိုတာတော့ ခေါင်းထဲ အမြဲ ရှိနေပါတယ်။


ကျွန်တော့်သား အနုပညာရှင်တစ်ယောက် ဖြစ်လာမှာ ကြောက်တဲ့စိတ်က တစ်ဝက် စီ ရှိတယ်လို့ ဆိုရမယ်။ သူ့ခေတ်ကို ကျွန်တော်တို့ ကြိုမမြင်ရသေးတာ ရှိတယ်။ သူ ဘာလုပ်ချင်ချင် ကျွန်တော်တို့ လင်မယားနှစ်ယောက်စလုံးက ပေးလုပ်မှာပဲ။ ဒါပေ မယ့် လုပ်ပြီးဖြစ်မလာခဲ့ရင်ဆိုတာအတွက် စိတ်ပူတာ ရှိတယ်။ ဒါကြောင့် ငါးဆယ်စီ လို့ ပြောတာပါ။ ပေါ့ပေါ့ပါးပါးနဲ့ ဖြေချင်တာတွေပဲ ဖြေလိုက်ရတဲ့အတွက်လည်း ကျေးဇူးဗျာ။

 

Cover Stories

ချစ်ခြင်းရနံ့တွေကြားက တွဲလက်များ Thu Rayn Kyaw Moe နဲ့ Christina Lim

တစ်ယောက်နဲ့ တစ်ယောက် ပထမဆုံးတွေ့ခဲ့တဲ့အချိန်ကတည်းက မှတ်မှတ်ထင်ထင်ဖြစ်ခဲ့တဲ့ ရနံ့လေးတွေနဲ့ ပျော်ရွှင်စရာ Memory လေးတွေအကြောင်းကို ကြည်ကြည်နူးနူးလေး ပြောပြခဲ့တဲ့ Thu Rayn Kyaw Moe နဲ့ Christina Lim တို့က သူတို့နှစ်ဦးရဲ့ ချစ်ခြင်းကို ယုံကြည်မှုပိုစေတဲ့ အချက်လေးတွေအကြောင်းကိုလည်း ဖွင့်ဟခဲ့ပါတယ်။

by Lin Lin

March 19, 2020

နားလည်မှု ပျော်ရွှင်မှုတွေနဲ့ တည်ဆောက်ထားတဲ့ သူတို့နှစ်ဦးကို MODA Team က ဒီတစ်လရဲ့ Cover Star အဖြစ် ရွေးချယ်ခဲ့ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ပထမဆုံးတွေ့ခဲ့တဲ့အချိန်ကတည်းက မှတ်မှတ်ထင်ထင်ဖြစ်ခဲ့တဲ့ ရနံ့လေးတွေနဲ့ ပျော်ရွှင်စရာ Memory လေးတွေအကြောင်းကို ကြည်ကြည်နူးနူးလေး ပြောပြခဲ့တဲ့ Thu Rayn Kyaw Moe နဲ့ Christina Lim တို့က သူတို့နှစ်ဦးရဲ့ ချစ်ခြင်းကို ယုံကြည်မှုပိုစေတဲ့ အချက်လေးတွေအကြောင်းကိုလည်း ဖွင့်ဟခဲ့ပါတယ်။

Thu Rayn Kyaw Moe

နှစ်ယောက်ရဲ့ Relationship သက်တမ်းက ၁၅နှစ်ရှိပြီလို့သိရတယ်။ ဒီလိုအချိန်အကြာကြီးမှာ ဘယ်လို နားလည်မှုတွေနဲ့တည်ဆောက်ခဲ့ကြလဲ။
တစ်ယောက်နဲ့ တစ်ယောက်နားလည်မှုနဲ့ အပြန်အလှန်လေးစားမှုပေါ့။ အဲ့ဒါတွေနဲ့ တည်ဆောက်ထားတာပါ။ မတ်လ ၂၅ ဆိုရင် ၁၅ နှစ်ပြည့်ပြီ။

ဒီကာလအရှည်ကြီးမှာတယောက်နဲ့တယောက် အမြဲ Romantic ဖြစ်နေအောင် ဘယ်လိုမျိုးလေးတွေလုပ်ပေးဖြစ်လဲ။
Romantic ဖြစ်တယ်လို့လည်း မဟုတ်ပါဘူး။ ကျွန်တော်တို့လည်း ပုံမှန်ပါပဲ။ ပုံမှန်လူတွေသွားသလိုပဲ။ ပုံမှန်ဖြတ်သန်းကြတာပါ။ အရမ်းကြီး Romantic ဖြစ်တယ်လို့လည်း မဟုတ်ပါဘူး။ အမြဲတမ်း Romantic ဖြစ်နေတာတော့ မဟုတ်ပါဘူး။ ဖြစ်သင့်တဲ့အချိန်လေးတွေဆို ဖြစ်လိုက်တယ်။ အဲ့လိုမျိုးလောက်ပါပဲ။

ကတောက်ကဆ ဖြစ်တဲ့အချိန်တွေရော ရှိလား ။ ဒီလိုအချိန်တွေကို ဘယ်လိုကျော်ဖြတ်ခဲ့လဲ။
ကတောက်ကဆဖြစ်တဲ့အချိန်တွေရှိတယ်။ အဲ့လိုအချိန်မျိုးဆို သိပ်စကားမပြောဖြစ်တာများတယ်။ အေးအေးဆေးဆေးဖြစ်တဲ့အချိန်လောက်မှ အဲ့အကြောင်းကို ပြန်ပြောတာ။ နားလည်မှုယူဖို့အတွက်ကတော့ စကားများများပြောဖြစ်တယ်။ ဒီပြသနာဘယ်ကနေစဖြစ်တယ်ဆိုတာမျိုး အစကို ပြန်သွားပြီးတော့ အေးအေးဆေးဆေးပဲ ဖြေရှင်းတယ်။

ယောကျာ်းလေးတစ်ယောက်အနေနဲ့ နှစ်ပတ်လည်နေ့တွေ ၊ အမျိုးသမီးရဲ့မွေးနေ့လိုမျိုးတွေကို မေ့တဲ့အခါမျိုးတွေရှိခဲ့လား။
ကျွန်တော်က မမေ့ဘူး။ သူပဲမေ့တာ (Christina Lim ကိုကြည့်ပြီး ရယ်လျှက်)

နှစ်ဦးသား ချစ်ခြင်းမေတ္တာကို ဘယ်လိုပုံဖော်ထားလဲ။
အဓိက ပျော်ရွှင်မှုပါပဲ။ ကျွန်တော်တို့ ခံယူထားတာ အောင်မြင်မှုတို့၊ ကျော်ကြားမှုတို့ထက်စာရင် ပျော်ပျော်ရွှင်ရွှင်လေးပဲ ဖြတ်သန်းချင်တာပေါ့။ အဓိကကတော့ ပျော်ရွှင်မှုကို အခြေခံထားပြီးတော့ ဆက်သွားနေတာပေါ့။

အစ်ကို့အနေနဲ့ လူတစ်ယောက်ရဲ့ ကိုယ်သင်းရနံ့က သူ့ရဲ့ First Impression အတွက်ဘယ်လောက်ထိ အရေးပါတယ်ထင်ပါသလဲ။
တော်တော်များများကို အရေးပါတယ်လို့ ထင်ပါတယ်။

အစ်ကိုအစ်မနဲ့ စတွေ့တုန်းက သူ့ရဲ့ကိုယ်သင်းရနံ့က အစ်ကို့အတွက် First Impression ကိုဘယ်လို ပေးဆောင်ခဲ့လဲ။ အခုထိ‌ရော စိတ်ထဲမှာ စွဲထင်နေတုန်းပဲလား။
စွဲနေတုန်းပဲ။ သူအရင်တုန်းက ဆွတ်တဲ့ ရေမွှေးလေးတစ်ခုရှိတယ်။ အရင်တုန်းက သူပစ္စည်းလေးတွေပေးရင် အဲ့ရေမွှေးလေးကို ဆွတ် ဆွတ်ပြီးပေးတာ။ အဲ့အနံ့ပျောက်မှာစိုးလို့ အရင်တုန်းက ကျွတ်ကျွတ်အိတ်လေးနဲ့ ချည်ပြီးတော့ ပစ္စည်းလေးတွေကို သိမ်းဖြစ်တယ်။

ဟိုတလောက Comfort ပွဲလေးမှာ အစ်ကိုတို့တက်ခဲ့တဲ့ဓာတ်ပုံတွေကို တွေ့ခဲ့ပါတယ်။ အဲ့ဒါ အစ်ကိုတို့လည်း Comfort သုံးဖြစ်တယ်ပေါ့။
သုံးဖြစ်တယ်။ သုံးဖြစ်တာက သူက အင်္ကျီတွေသာမကဘဲ စောင်တွေပါ မွှေးလို့ဆိုပြီးလျှော်တယ်။ စောင်တွေရော ခေါင်းအုံးတွေရောထည့်လျှော်တယ်။

ဘာကြောင့် Comfort ကိုသုံးဖြစ်ခဲ့တာလဲ။
တခြားတံဆိပ်တွေထက် မွှေးပြီးတော့ ပိုကြာကြာခံတယ်။ ပုံမှန်ဆိုလျှော်ပြီးလို့ အင်္ကျီကိုထုတ်လိုက်ရင် အနံ့တွေက ပျံ့သွားတယ်။ လျှော်ပြီး ဗီရိုထဲထည့်လိုက်တာနဲ့ ဗီရိုတစ်ခုလုံးက သူ့အနံ့ကိုထွက်နေတာ။ ခရီးသွားတဲ့အခါကျရင်လည်း တခြားနေရာရောက်တဲ့အထိ အဲ့အနံ့လေးက ပါနေတာ။

Comfort ရဲ့ ရနံ့တွေထဲမှာ‌ရော ကိုယ့်ကို Confidence ရှိစေတဲ့ ရနံ့မျိုးပါလား။
၂ခုလုံးတော့ ကြိုက်တယ်။ တစ်မျိုးစီပေါ့။ တစ်ခုရိုးသွားရင် တစ်ခုသုံး အပြောင်းအလဲလေးသုံးတာပေါ့။

ချစ်သူဘဝမှာသာမက အိမ်ထောင်သည်ဘဝမှာပါ အမြဲ Romantic ဖြစ်စေတဲ့ လျို့ဝှက်ချက်က ဘာဖြစ်မလဲ။
အဓိကကတော့ ပျော်အောင်နေမယ်ဆိုတဲ့ ပင်ကိုယ်စိတ်ကပဲ ဖြစ်ပါလိမ့်မယ်။

ခရီးတစ်ခုသွားတော့မယ်ဆိုရင် အရင်ဆုံးစဉ်းစားမိတာက ဘာဖြစ်မလဲ။
အဝတ်အစား စဉ်းစားတယ်။ သွားရင်လည်း ပျော်ပျော်ရွှင်ရွှင်သွားဖို့ပဲ စဉ်းစားတယ်။

ခရီးစဉ်တစ်ခုမှာ သက်သောင့်သက်သာနဲ့ အဆင်ပြေပြေဖြစ်စေဖို့ ဘာတွေအရင်ဆုံးပြင်ဆင်လဲ။
နှစ်ယောက်တိုင်ပင်တယ်။ ဟိုတယ်ဆိုလည်း ရွေးချယ်ထားတဲ့ ဟိုတယ်ကို စောစောစီးစီးကတည်းက Booking လုပ်တယ်။ အနားကပ်ပြီးမှဆိုရင် Rush ဖြစ်တယ်။ တည်းမယ့်ဟိုတယ်လောက်ပဲရွေးတယ်။ ကျန်တာတွေက ရောက်ရင် ရောက်တဲ့အတိုင်း Go with the flow ပဲသွားတယ်။

Relationship တစ်ခုမှာ ခရီးသွားခြင်းက ဘယ်လောက်အထိ ရင်းနှီးမှုပိုစေတယ်လို့ထင်လဲ။
လူတစ်ယောက်အကြောင်းသိချင်ရင် ခရီးအတူတူသွားကြည့်ဆိုတဲ့အတိုင်းပေါ့။ ခရီးသွားရင် တစ်ယောက်နဲ့တစ်ယောက်ပိုသိတယ်။ စကားများများပိုပြောဖြစ်တယ်။ မြို့ပြမှာထက်စာရင် ခရီးသွားတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် ရင်းရင်းနှီးနှီးနဲ့ Future Plan လေးတွေပြောဖြစ်တာပေါ့။ များများပြောသင့်တယ်။ များများသွားသင့်တယ်လို့လည်းထင်တယ်။

Christina Lim

ချစ်ခြင်းမေတ္တာအပြည့်အဝ ရရှိတဲ့ အမျိုးသမီးတွေဟာ ဘက်စုံမှာ အောင်မြင်ကြတယ်ဆိုတာနဲ့ပတ်သက်ပြီး အစ်မရဲ့ အမြင်လေးပြောပြပေးပါဦး။
အောင်မြင်တယ်ဆိုတာလည်း ကိုယ့်ဘက်ကလည်း အချစ်တွေ အပြည့်အဝပေးနိုင်ရမယ်။ ချစ်တယ်ဆိုတာလည်း အပေးအယူမျှရမယ်။ အောင်မြင်တယ်ဆိုတာလည်း ကိုယ့်ရွေးချယ်မှုပေါ့။

အစ်ကို့ကို ဘဝလက်တွဲဖော်အဖြစ်ရွေးချယ်ဖြစ်ခဲ့တဲ့ အဓိကအချက်က ဘာဖြစ်မလဲ။
အဓိကက သူက စိတ်ရှည်တယ်။ သူ့ကို စသိတည်းက ဘယ်တော့မှ အော်တာ၊ ဆဲတာတွေ မရှိဘူး။ ပြီးတော့ သူကအမြဲပျော်နေတာ။ အဓိကကတော့ အဲ့ဒါတွေပေါ့။

အများကအားကျပြီး ကိုယ်တိုင်ကလည်း သာယာတဲ့အိမ်ထောင်တစ်ခုကို တည်ဆောက်ထားတဲ့ အဓိကလျို့ဝှက်ချက်က ဘာလို့ထင်လဲ။
လျှို့ဝှက်ချက်တော့ မရှိပါဘူး။ အဓိကကတော့ ကိုယ့်ဘက်ကလည်း အကောင်းဆုံးဖြစ်အောင်နေတယ်။ ရည်းစားဘဝမှာပဲဖြစ်ဖြစ်၊ အိမ်ထောင်သည်အမျိုးသမီးဘဝမှာပဲ ဖြစ်ဖြစ် အကောင်းဆုံးဖြစ်အောင်နေတယ်။

အစ်မတို့ စုံတွဲရဲ့ အများနဲ့ မတူတဲ့ ထူးခြားနေတဲ့ Style တစ်ခုကို ပြောပါဆိုရင် ဘာလို့ထင်လဲ။
ဘာပဲရိုက်ရိုက် ဘာပဲတင်တင် ကိုယ့်ရဲ့ Reality ၊ ကိုယ်ပျော်နေတဲ့ Movement လေးတွေကို သူများကို ပေးချင်လို့ ရိုက်ပြီးတင်ဖြစ်တာများတယ်။ ကိုယ့်ရဲ့ ပျော်ရွှင်မှုလေးတွေကို Sharing လုပ်ပေးချင်လို့ ရိုက်ဖြစ်တာပေါ့။

ချစ်ခြင်းမေတ္တာတွေကိုအမြဲ လတ်ဆတ်နေစေတဲ့အကြောင်းအရင်းကရော ဘာလဲ။
ပျော်ပျော်ပါးပါး ပေါ့ပေါ့ပါးပါးပဲ နေဖြစ်တယ်။ ကိုယ့်ရဲ့ ပျော်တာကို အနှောင့်အယှက်ဖြစ်တဲ့အရာမျိုးဆို မလုပ်ဖြစ်တာများတယ်။ ကိုယ့်ပျော်ရွှင်မှုကို ထိခိုက်လာမယ်။ ကိုယ့် Relationship ကို ထိခိုက်လာမယ်ဆိုရင် ရှောင်တယ်။

ချစ်ခြင်းမေတ္တာနဲ့ ရနံ့လေးတွေနဲ့ ဆက်နွယ်မှုအကြောင်းကို ပုံဖော်ပေးပါဦး။ ဘယ်လို ရနံ့လေးတွေက အစ်မတို့ရဲ့ချစ်ခြင်းကို အမှတ်ရစေပါသလဲ။
Chris က မွှေးရနံ့တစ်ခုကို Memory တစ်ခုအနေနဲ့ မှတ်တယ်။ ခရီးသွားရင် တစ်နေရာသွားရင် ရေမွှေးတစ်မျိုးသုံးတယ်။ ရေမွှေးနံ့တစ်ခုရရင် အဲ့တစ်နေရာကို တန်းပြီးမြင်အောင်ပေါ့။ နောက်ပိုင်းကျတော့ သွားတာတွေများလာတော့ ရေမွှေးနံ့လည်း သိပ်မလုပ်နိုင်တော့ဘူး။ (ရယ်လျှက်) Chris က တစ်ချို့လူနာမည်တွေကို မမှတ်မိရင်သာနေမယ်။ အမွှေးနံ့တော့ မှတ်မိတယ်။ အမွှေးကြိုက်လို့။

ချစ်ခြင်းမေတ္တာနဲ့ ရနံ့လေးတွေရဲ့ ဆက်နွယ်မှုအကြောင်းလည်း ပြောပြပေးပါဦး။
Chris ကတော့ အမွှေးနံ့က အရမ်းအရေးကြီးတယ်လို့ထင်တယ်။ အမွှေးနံ့က Mood ပေးတယ်လို့ထင်တယ်။ ဒါကြောင့်အရေးကြီးတယ်လို့ ထင်တယ်။

ကိုယ်ရွေးချယ်လိုက်တဲ့ ရနံ့ကြောင့် ဘယ်လောက်အထိ ယုံကြည်မှုပိုစေခဲ့လဲ။
A . တစ်ယောက်နဲ့ တစ်ယောက် ကြိုက်တဲ့အနံ့ချင်းမတူဘူး။ Chris ဆိုရင် ပန်းနံ့သင်းသင်းလေးတွေကြိုက်တယ်။ ချိုချိုအီအီကြီးတွေ မကြိုက်ဘူး။ ချိုချိုသင်းသင်းလေးတွေဆို ကြိုက်တယ်။ ကိုယ်ကြိုက်တဲ့အနံ့ဆွတ်ထားရင် နေလို့ကောင်းနေတယ်။ ခေါင်းလည်းကြည်တယ်။ ကိုယ်မကြိုက်တဲ့အနံ့ကို ဆွတ်ထားမိရင် နေလို့မကောင်းဘူး။ ခေါင်းလည်းမကြည်တော့ဘူး။

အစ်ကိုနဲ့အစ်မတို့ စတွေ့တွေ့ချင်း First Impression တွေကိုပြန်အမှတ်ရစေမယ့် ရနံ့လေးတစ်ခုဆိုရင် ဘာဖြစ်မလဲ။
သူ့ဆီက အမြဲရတတ်တဲ့အနံ့က ရေမွှေးမဟုတ်ဘူး။ ဆပ်ပြာမှုန့်နံ့။ ဘယ်လိုသတိထားမိလည်းဆိုတော့ သူနဲ့ အိမ်ထောင်စကျတော့ အိမ်ပြောင်းတဲ့အချိန်မှာ သူ့အိမ်ကအနံ့က အဲ့အနံ့ဆိုတာကို မှတ်မိနေတယ်။ သူ့အခန်းထဲပြန်ဝင်သွားလိုက်ရင် အဝတ်လျှော်မှုန့်အနံ့ပေါ့နော်။

ဟိုတလောက Comfort ပွဲလေးမှာ အစ်မတို့တက်ခဲ့တဲ့ဓာတ်ပုံတွေကို တွေ့ခဲ့ပါတယ်။ အဲ့ဒါ Comfort ရဲ့ ရနံ့တွေထဲမှာ memory တွေကို ပြန်သတိရစေတဲ့ ရနံ့မျိုးလေးတွေပါလား။ ပါတယ်ဆိုရင် ဘယ်လိုမျိုးလေးတွေလဲ။
Comfort က မွှေးတယ်။ ဒါပေမယ့် Chris တို့ သုံးဖူးတဲ့ အနံ့တွေနဲ့လည်း မတူပြန်ဘူး။ တစ်မျိုးလေးမွှေးနေတယ်။ အမှတ်ရစရာဆိုတာကတော့ Comfort သုံးပြီးကတည်းက တက်တက်ကြွကြွသွားလာဖြစ်တယ်။ လန်းလန်းလေးပေါ့။ ဒီအနံ့ရှုလိုက်တိုင်း ခေါင်းကြည်တယ်။ အဝတ်အစားလေးတွေ အသုံးအဆောင်လေးတွေက မွှေးနေတဲ့အခါကျတော့ စိတ်ကြည်တယ်။

ချစ်ခြင်းမေတ္တာရဲ့ နားလည်မှုဆိုတာကို အစ်မအနေနဲ့ ဘယ်လိုအဓိပ္ပါယ်ဖွင့်ချင်လဲ။
ချစ်တဲ့အခါကျတော့ တချို့အရာနားလည်မပေးနိုင်တဲ့အရာတွေကိုတောင် နားလည်ပေးနိုင်တယ်။ ကိုယ်တကယ်ချစ်တယ်ဆိုရင်ပေါ့။ အင်္ဂလိပ်လိုပြောရရင် Unconditional Love ပေါ့။ Condition ပေါ်မူတည်ပြီး နားလည်ပေးတာမျိုးမဟုတ်ဘဲ အလိုလိုနေရင်းနားလည်ပေးနိုင်တယ်။

အိမ်ထောင်တစ်ခုတည်ဆောက်တဲ့အခါ လက်တွဲဖော်တစ်ယောက်အနေနဲ့ သိထားသင့်တဲ့ အချက်လေးတွေကို ပြောပြပေးပါလား။
Chris တို့ နှစ်ယောက်စလုံးမှာက အမျိုးသမီးမို့လို့ ဒီအလုပ်လုပ်ရမယ်။ အမျိုးသားမို့လို့ ဒီအလုပ်လုပ်ရမယ်ဆိုတာမျိုး မရှိဘူး။ နှစ်ယောက်စလုံးက အကုန်တူတူလုပ်တယ်။

အစ်မတို့ အတူတူသွားခဲ့ကြတဲ့ ခရီးတွေထဲမှာ အမှတ်တရအဖြစ်ဆုံးခရီးစဉ်က ဘာဖြစ်မလဲ။ ဘာကြောင့်လဲ။
အမှတ်ရစရာတွေကတော့ အများကြီး။ Chris က ခရီးစသွားတာဆိုရင် သူနဲ့အိမ်ထောင်ကျပြီးမှ စသွားဖြစ်တာ။ ပထမဆုံး သူနဲ့ လွတ်လွတ်လပ်လပ် စသွားဖြစ်တာဆို ဟန်းနီးမွန်းခရီးပေါ့။ ဟန်းနီးမွန်းကတော့ ဘယ်တော့မှ မမေ့ဘူး။ ဟန်နီးမွန်းသွားခဲ့တဲ့ နေရာကိုပဲ ပြီးခဲ့တဲ့နှစ် Anniversary တုန်းက Surprise လုပ်ပြီးတော့ ပြန်ပို့ပေးတယ်။ အကုန်လုံးက အမှတ်ရစရာဖြစ်ပေမယ့် အဲ့ဒါလေးကတော့ မှတ်မှတ်ရရပဲပေါ့။

အိပ်မက်ထဲက ခရီးစဉ်လေးရှိခဲ့ရင်ရော အကောင်အထည်ဖော်ခဲ့ပြီးပြီလား။ အဲ့ဒါက ဘယ်လိုခရီးစဉ်မျိုးဖြစ်မလဲ။
Chris ကတော့ Beach တွေသွားရတာကြိုက်တယ်။ တော်တော်များများလည်း ရောက်ပြီးပြီ။ သွားချင်တဲ့ Beach တွေလည်း ရှိတယ်။ သွားလည်း သွားမှာပါ။ ရာသီဥတုကောင်းပြီး အလုပ်လည်း ပါးတဲ့အချိန်ဆိုရင်တော့ သွားဖြစ်မှာပါ။

, ,

Cover Stories

ယုံကြည်မှုရှိခြင်းရဲ့ အလှတရား M Seng Lu

Update အမြဲဖြစ်နေတဲ့ အမိုက်စားဖက်ရှင်တွေအကြောင်း၊ NIVEA Floral Whitening Roll-on ကြောင့် သူမရဲ့ လျှို့ဝှက်တဲ့ အလှတရားတွေအပေါ် ယုံကြည်မှုှရှိစေခဲ့တဲ့အကြောင်းတွေနဲ့ NIVEA Whitening Roll-on က ပျက်စီးနေတဲ့ ချိုင်းကြားအသားအရေကိုလည်း ပြုပြင်ပေးတာကြောင့် မိန်းကလေးတို့အတွက်လည်း ကိုယ့်ကိုကိုယ်ယုံကြည်မှုပိုစေတဲ့အကြောင်းတွေကို ဒီလ MODA ရဲ့ Cover Star ဖြစ်တဲ့ M Seng Lu က ပြောပြခဲ့ပါတယ်။

by Lin Lin

February 19, 2020

Update အမြဲဖြစ်နေတဲ့ အမိုက်စားဖက်ရှင်တွေအကြောင်း၊ NIVEA Floral Whitening Roll-on ကြောင့် သူမရဲ့ လျှို့ဝှက်တဲ့ အလှတရားတွေအပေါ် ယုံကြည်မှုှရှိစေခဲ့တဲ့အကြောင်းတွေနဲ့ NIVEA Whitening Roll-on က ပျက်စီးနေတဲ့ ချိုင်းကြားအသားအရေကိုလည်း ပြုပြင်ပေးတာကြောင့် မိန်းကလေးတို့အတွက်လည်း ကိုယ့်ကိုကိုယ်ယုံကြည်မှုပိုစေတဲ့အကြောင်းတွေကို ဒီလ MODA ရဲ့ Cover Star ဖြစ်တဲ့ M Seng Lu က ပြောပြခဲ့ပါတယ်။ M Seng Lu က သူမရဲ့ အလှအပလျှို့ဝှက်ချက်တွေသာမကဘဲ သူမခံယူထားတဲ့ ချစ်ခြင်းမေတ္တာအကြောင်းတွေကိုပါ ဖွင့်ဟခဲ့ပါသေးတယ်။

M Seng Lu အတွက်အချစ်ဆိုတာကို ဘယ်လိုအဓိပ္ပါယ်ဖွင့်ချင်လဲ။
အချစ်လို့ ပြောလိုက်ပြီဆိုတာနဲ့ အရမ်းလည်းနက်ရှိုင်းတယ်။ ဆန်းလည်းဆန်းကြယ်တာပေါ့။ ဒါပေမယ့်အချစ်ဆိုတာက သူ့ဘက်ကချစ်သည်ဖြစ်စေ၊ မချစ်သည်ဖြစ်စေ ကိုယ့်ဘက်က အမြဲတမ်းချစ်နေဖို့ပဲ လိုတာပေါ့။


Valentine Day မှာ Boyfriend ဆီက လိုချင်တဲ့ထူးထူးခြားခြားလက်ဆောင်ဆိုရင် ဘာဖြစ်မလဲ။
အမြဲတမ်းက Valentine Day ဖြစ်နေတဲ့အတွက်ကြောင့် Valentine Day မှာ လိုချင်တဲ့ ထူးထူးခြားခြားလက်ဆောင်ကတော့ မရှိပါဘူး။

ဆယ်ကျော်သက် အရွယ် Valentine Day အတွေ့အကြုံအကြောင်း ပြောပြပါဦး။
စိတ်လှုပ်ရှားတဲ့အရွယ်ပေါ့။ အဲ့တုန်းက အချစ်ဆိုတာလည်း ဘာမှန်းမသိဘူး။ အဓိကက ရင်ခုန်ပြီးစိတ်လှုပ်ရှားတာနဲ့တင် ပျော်နေတာပေါ့။ မုန့်သွားစားမယ်။ ရုပ်ရှင်ကြည့်မယ်။ ဒါလေးကတော့ Teenager Love ပေါ့။

Valentine Day မှာ အသဲကွဲတာနဲ့ကြုံဖူးလား။
ကြုံဖူးတယ်။ အဲ့နေ့မှာ အသဲကွဲတာလောက် ဆိုးဝါးတာမရှိဘူး။ အဲ့တုန်းက အရမ်းခံစားလိုက်ရတယ်။

မိန်းကလေးတွေက ကိုယ့်ချစ်သူကိုအရာရာတိုင်းမှာ Perfect ဖြစ်စေချင်ကြတယ်။ Seng Lu အနေနဲ့ရော ကိုယ့် Boyfriend နဲ့ ပတ်သက်ပြီး စံ သတ်မှတ်ချက်ရှိလား။
Seng Lu ကတော့လေ ကိုယ့် Boyfriend နဲ့ ပတ်သက်ပြီးတော့ စံနှုန်းသတ်မှတ်ထားတာမရှိဘူး။ လူတိုင်းကတော့ အားနည်းချက်ကိုယ်စီရှိတယ်။ ကိုယ့်မှာလည်း အားနည်းချက်ရှိတယ်။ သူ့ဆီမှာလည်း အားနည်းချက်ရှိတယ်။ ဒါပေမယ့် အားနည်းချက်ကို မကြည့်ဘဲနဲ့ သူ့ရဲ့ အားသာချက်တွေကို မြင်ပြီးတော့ပဲ အကောင်းဆုံးတွေနဲ့ အတူတူလျှောက်လှမ်းတာပေါ့။ စံသတ်မှတ်ထားရင်လည်း ပြီးရင်လည်း အလကားပါပဲ။ အဲ့လောက်အထိလည်း မလိုအပ်ဘူးလို့ ထင်တာပါပဲ။


ကိုယ့်ကိုကို ဆွဲဆောင်မှုရှိတဲ့ မိန်းကလေးလို့ ထင်လား။ ဘာကြောင့်လဲ။
ဆွဲဆောင်မှုအပြည့်ရှိတဲ့ မိန်းကလေးလို့ ကိုယ့်ကိုကိုယ်ထင်တယ်။ ဘာလို့လဲ ဆိုတော့ Confidence ပေါ့။ အရင်တုန်းကတော့ ကိုယ့်ကိုကိုယ်အမြဲ ဆိုက်ကိုဖြစ်တယ်။ အဆင်ပြေပါ့မလားဆိုတဲ့ အတွေးအမြဲဝင်တယ်။ အခုနောက်ပိုင်းတော့ သိပ်မရှိတော့ဘူး။ ငါ Seng Lu ပဲ။ ဘာလို့ အဲ့လောက်အထိ အာရုံစိုက်ထားစရာလိုလဲဆိုတဲံ အတွေးဝင်တယ်။ ကိုယ့်ကိုကိုယ် Confidence ရှိတယ်။

Seng Lu က Fashion ပိုင်းမှာလည်း အမြဲ Update ဖြစ်နေတဲ့သူတစ်ယောက်ဖြစ်တယ်။ ဒီလိုမျိုး Fashion တွေအမြဲ Update ဖြစ်အောင် ဘယ်လိုပြင်ဆင်လေ့လာလဲ။
Seng Lu က International Magazine တွေအမြဲကြည့်တယ်။ Fashion Editorial ၊ Model တွေ ၊ ဒီဇိုင်နာ သူတို့တွေရဲ့ Collection တွေကို အမြဲကြည့်တယ်။ အဲ့တော့ Seng Lu ရဲ့ ဖက်ရှင်လည်း အမြဲ Update ဖြစ်အောင် လုပ်တာပေါ့။ ဒါမယ့် Seng Lu က ကိုယ်နဲ့ လိုက်ဖက်မှုရှိတဲ့ Trend နောက်ကိုပဲ လိုက်တယ်။ အမြဲတမ်းမိုက်နေမယ့်အထာမျိုးကို ရွေးချယ်ဖြစ်တယ်။

Fashion ပိုင်းမှာ Seng Lu ရဲ့ Idol က ဘယ်သူတွေဖြစ်မလဲ။
Rihanna အရမ်းကြိုက်တယ်။ Rihanna က မော်ဒယ်မဟုတ်ပေမယ့် ဖက်ရှင်တော်တော်များများကို Rihanna ကိုကြည့်ပြီးတော့ အတုယူဖြစ်တယ်။ ပြီးတော့ မော်ဒယ်ထဲမှာဆို Bella Hadid ။ သူတို့နှစ်ယောက်ကို အရမ်းကြိုက်တယ်။

အသားအရေနဲ့ ပတ်သက်ပြီးတော့ရော ဘယ်လိုထိန်းသိမ်းလဲ။
အသားအရေနဲ့ ပတ်သက်ပြီးတော့ Seng Lu အရမ်း Take Care လုပ်တယ်။ ဘာလို့လဲဆိုတော့ Seng Lu ရဲ့ မျက်နှာကဝက်ခြံထွက်တာအရမ်းလွယ်တယ်။ တစ်လမှာ ၁၅ ရက် ၂၀ ရက်လောက်ကတော့ အမြဲ ဝက်ခြံထွက်တယ်။ ထိန်းသိမ်းတာကတော့ Seng Lu ရေများများသောက်တယ်။ ပြီးရင် ခန္ဓာကိုယ်မှာ Detox များများလုပ်တယ်။

Nivea ရဲ့ ဘယ် Product တွေကို အကြိုက်ဆုံးလဲ။
Nivea Product ထဲမှာဆိုရင် Roll-on ၊ Lip balm ၊ Body Lotion အကုန်လုံးသုံးဖြစ်တယ်။ အကြိုက်ဆုံးထဲမှာဆိုရင်တော့ Deodorant ပေါ့။ Deodorant က မွှေးရနံ့နဲ့ Whitening Feature က တခြား Brand တွေနဲ့ မတူဘဲ သိသာတဲ့ပြောင်းလဲမှုရှိတယ်။ တစ်နေကုန် ချွေးဘယ်လောက်ထွက်ထွက် မွှေးရနံ့က ပျောက်မသွားဘူး။ စိတ်ကိုလန်းဆန်းစေတယ်။

အချိန်အကြာကြီး ရပ်တည်နေတဲ့ Brand တစ်ခုကို အသုံးပြုမှုအပေါ် Seng Lu ရဲ့ ယုံကြည်မှုအကြောင်းပြောပြပါဦး။
Brand တစ်ခုက အချိန်အကြာကြီး ရပ်တည်နေနိုင်ဖို့ဆိုတာ ခက်ခဲပါတယ်။ အခုအချိန်ဆိုရင် ရွေးချယ်စရာတွေကလည်း အများကြီးရှိနေပြီ။ ဒါပေမယ့် Nivea ဆိုရင် Quality ကို ထိန်းထားနိုင်တာရယ်။ သုံးတဲ့သူတွေစိတ်ကြိုက်ကို Nivea က သိတဲ့အတွက်ကြောင့် ကိုယ့်ကိုကိုယ်လည်း ပိုပြီးတော့ Confident လည်း ဖြစ်စေတယ်။ တစ်နေ့တာ ဖြတ်သန်းသွားလာရတဲ့အချိန်တွေမှာ Nivea က Seng Lu အတွက် မရှိမဖြစ်ပါပဲ။

Nivea က အသစ်မိတ်ဆက်လိုက်တဲ့ NIVEA Floral Whitening Roll-on Range ကိုရော စမ်းသုံးကြည့်ပြီးပြီလား။
Nivea က လက်ဆောင်ပို့ထားတော့ စမ်းသုံးကြည့်တာ တော်တော်ကောင်းတယ်။ ပန်းအနံ့တစ်ခုချင်းစီက ကိုယ့်အကြိုက်အနံ့သေးသေးလေးတွေနဲ့ ဆိုတော့ စိတ်ကိုလန်းဆန်းစေလို့ သုံးလို့အရမ်းကောင်းပါတယ်။


အမျိုးသမီးတွေရဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှုနဲ့ ချိုင်းကြားအသားအရေလှပမှုက ဆက်စပ်နေတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး Seng Lu ရဲ့ အမြင်ကို ပြောပေးပါဦး။
ဒီမှာက မိန်းကလေးတွေအနေနဲ့ ချိုင်းမဲတာက ရှက်စရာတစ်ခုလိုမျိုးဖြစ်နေတယ်။ မိန်းကလေးတွေအတွက် ချိုင်းကြားအသားအရေဆိုတာ အလှတရားတစ်ခုပဲ။ ပြီးတော့ Nivea ကနေလည်း Whitening အတွက် အဓိက ထုတ်ထားတဲ့ Roll-on တွေလည်း ရှိနေတော့ နောက်ဆိုရင် ဒါနဲ့ ပတ်သက်ပြီး ရှက်ရွံနေဖို့မလိုတော့ဘူး။ ကြိုက်တဲ့ အကျီၤကို ဝတ်လို့ရမှာဆိုတော့ တကယ်ကိုအကျိူးရှိပါတယ်။

ဖေဖော်ဝါရီလက အချစ်လလေးဆိုတော့ အချစ်အကြောင်းကို ပြန်သွားကြရအောင်။ အကယ်၍ အသက်ရှင်ဖို့တစ်ရက်သာ အချိန်ရှိတော့မယ်ဆိုရင် ဘယ်သူနဲ့ Date ချင်လဲ။ ဘာကြောင့်လဲ။
အသက်ရှင်ဖို့တစ်ရက်ပဲ အချိန်ရှိတော့မယ်ဆိုရင်တော့ ဘယ်သူနဲ့မှ မ Date ချင်တော့ဘူး။ တစ်ယောက်တည်းပဲ နေတော့မယ်။ ဘာကြောင့်လည်းဆိုတော့ ရွေးချယ်စရာ အရမ်းများသွားပြီ။ ( ရယ်လျှက် )

Seng Lu ရဲ့ အချစ်ဦးအကြောင်းကို ပြောပြပါဦး။
အချစ်ဦးကတော့ အခုချိန်ထိတော့ ချစ်ဆဲပါပဲ။

Seng Lu က အချစ်ရေးမှာ ကံကောင်းသူတစ်ယောက်လား။
ကိုယ့်ကိုကိုယ် ကံကောင်းတယ်လို့တော့ ထင်တယ်။

Seng Lu ကို ဆွဲဆောင်နိုင်မယ့် ကောင်လေးက ဘယ်လိုပုံစံမျိုးဖြစ်မလဲ။
ပထမဦးဆုံးဆိုရင်တော့ သူ့ရဲ့အပြင်ပုံစံ Fashion ပေါ့။ ဖက်ရှင်ဆိုတာ အရမ်း Fashion ဆန်တဲ့ ပုံစံမျိုးတော့ မဟုတ်ပါဘူး။ အဲ့လိုမျိုးအပြင်ပုံသဏ္ဍန်ကို ကြည့်တယ်။ ပြီးတော့ တခြားလူတစ်ဖက်သားတွေအပေါ်မှာ သူ Respect ဘယ်လောက်ရှိလဲ။ လူတွေပေါ်မှာ ဘယ်လိုဆက်ဆံလဲ။ ဘယ်လောက်အထိ အများအပေါ်နှိမ့်ချပြီးတော့ ဆက်ဆံလဲ။ Seng Lu အဲ့ဒါတွေကြည့်ဖြစ်တယ်။

 

, , ,

Cover Stories

လှပတဲ့ ဆံနွယ်တွေနဲ့ နေ့သစ်တွေကို လျှောက်လှမ်းတော့မယ့် Miss Palmolive အေးမြရိပ်နိုင်

သူမက ယနေ့ခေတ်မှာ တွေ့ရခဲလှတဲ့ လှပတဲ့ ဆံပင်တွေကြောင့်လည်း Miss Palmolive Myanmar 2019 ရဲ့ Winner ရရှိထားသူလည်း ဖြစ်ပါတယ်။

by Lin Lin

January 17, 2020

မိန်းကလေးတို့အတွက် ဆံပင်ဟာ ဒုတိယမျက်နှာပါ။ လှပတဲ့ ဆံပင်တွေက သင့်ကို ဆွဲဆောင်မှုရှိစေမယ့် အချက်များထဲက တစ်ချက်အပါအဝင်ပဲ ဖြစ်ပါလိမ့်မယ်။ ဒီလိုလှပတဲ့ ဆံပင်တွေ ပိုင်ဆိုင်နိုင်ဖို့အတွက် သူမပြောပြခဲ့တဲ့ ဆံပင်ထိန်းသိမ်းမှုတွေ၊ ဆံပင်အပေါ်တန်ဖိုးထားမှုတွေအကြောင်းကို ဒီလအတွက် MODA ရဲ့ Cover Star အဖြစ်ရွေးချယ်ထားတဲ့ ဆံပင်ရှည်ရှည်နဲ့ ကောင်မလေး အေးမြရိပ်နိုင်က MODA နဲ့ တွေ့ဆုံခိုက်မှာ ပြောပြခဲ့ပါတယ်။ သူမက ယနေ့ခေတ်မှာ တွေ့ရခဲလှတဲ့ လှပတဲ့ ဆံပင်တွေကြောင့်လည်း Miss Palmolive Myanmar 2019 ရဲ့ Winner ရရှိထားသူလည်း ဖြစ်ပါတယ်။


ငယ်ငယ်က ဖြစ်ချင်ခဲ့တဲ့ အိပ်မက်ကဘာလဲ။
မင်းသမီးတစ်ယောက်ဖြစ်ချင်တယ်။ ဒီဇိုင်းနာလည်းဖြစ်ချင်တယ်။ Photo Model လည်း ဖြစ်ချင်ပါတယ်။

Palmolive က ရွေးချယ်ခံရတဲ့ Miss တစ်ယောက်အနေနဲ့ အနုပညာလမ်းကြောင်းတစ်ခုပေါ်ရောက်လာခဲ့ပြီဆိုတော့  ရှေ့ဆက် အိပ်မက်တွေကို ဘယ်လိုအကောင်အထည်ဖော်သွားမလဲ။
Palmolive မှာ winner တစ်ယောက်ဖြစ်မယ်လို့မထင်ခဲ့ဘူး။ Winner ဖြစ်ခဲ့တဲ့အတွက် အရမ်းပျော်ပါတယ်။ Palmolive winner ဖြစ်တော့ Palmolive နဲ့အတူ လက်တွဲသွားချင်ပါတယ်။ ရှေ့ဆက်ပြီးတော့လည်း ညီမက သရုပ်ဆောင်မေဂျာယူထားတဲ့အတွက်ကြောင့် သရုပ်ဆောင်ပိုင်းတွေကို သွားမယ်။ Photo Model လည်း ဆက်လုပ်သွားမှာပါ။

ဆံကေသာနဲ့ ပတ်သက်ပြီး ဘယ်လိုထိန်းသိမ်းမှုတွေ ပြုလုပ်လဲ။
ညီမက မျက်နှာထက် ဆံပင်ကို ပိုပြီးထိန်းသိမ်းပါတယ်။ အလုပ်များရင် တစ်ပတ်တစ်ခါလောက်ကို ကြက်ဥနဲ့ပေါင်းဖြစ်တယ်။ ပျော့ဆေးလည်းသုံးတယ်။ အလုပ်နည်းတဲ့အချိန်တွေဆိုရင်တော့ တစ်ပတ်ကို နှစ်ခါလောက်တော့ ပေါင်းတင်ဖြစ်ပါတယ်။

ဒီဘက်ခေတ်မှာက ဆံပင်ရှည်တဲ့အမျိုးသမီးတွေ ရှားလာခဲ့ပြီဆိုတော့ ကိုယ့်ရဲ့ဆံပင်အပေါ် တန်ဖိုးထားမှုအကြောင်းပြောပြပေးပါဦး။
ဆံပင်က ဒုတိယမျက်နှာဆိုတော့ မိန်းကလေးတွေအတွက်ကတော့ အရမ်းအရေးကြီးတယ်။ မိန်းကလေးတစ်ယောက်က ဆံပင်တိုတာ ရှည်တာနဲ့ မဆိုင်ဘူး။ ဆံသားလေးကောင်းနေမယ်။ အရောင်မဆိုးထားပဲနဲ့ သဘာဝအတိုင်းပဲ ဖြောင်ဖြောင့်စင်းစင်းလေးဆိုရင် အရမ်းကြည့်လို့ကောင်းပါတယ်။ မိတ်ကပ်မလိမ်းထားရင်တောင်မှ ဆံပင်လေးကောင်းနေရင် လှတယ်လေ။
ဘယ်အရွယ်ကတည်းက ဆံပင်အရှည်စထားဖြစ်တာလဲ။
၈တန်းဖြေပြီးလောက်မှာစထားဖြစ်တာပါ။ ထားမယ်လို့လည်းမရည်ရွယ်ထားဘူး။ ဂုတ်အကျော်ကနေမှ ထားလိုက်ရင်းနဲ့ အရှည်ကို သဘောကျသွားတာပေါ့။

ဆံပင်က လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာလို့ ဆိုကြတယ်။ ဆံပင်ရှည်တဲ့ မိန်းကလေးတွေအတွက် ထိန်းသိမ်းရတာ ပိုတာဝန်ကြီးတော့ ခေါင်းလျှော်ရည်ရွေးချယ်တဲ့ အပိုင်းမှာရော ဘယ်လိုမျိုး ရွေးချယ်ဖြစ်လဲ။
အရင်တုန်းကတော့ ခေါင်းလျှော်ရည်က သိပ်မရွေးချယ်ဖြစ်ဘူး။ အိမ်က ဝယ်ထားရင် ဝယ်ထားတဲ့ ခေါင်းလျှော်ရည်နဲ့ လျှော်လိုက်တာပဲ။ နောက်ပိုင်းမှာ ဆံပင်ကို အရှည်ထားလာတာနဲ့အမျှ ခေါင်းလျှော်ရည်က ဆံပင်အတွက် အရေးအကြီးဆုံးဖြစ်လာတယ်ဆိုတာ သိလာတယ်။ ရွေးချယ်ဖြစ်တယ်။ အခု ညီမအရှည်ထားပြီး နောက်ပိုင်းမှာ သုံးဖြစ်တာက Palmolive ပေါ့။

Palmolive ခေါင်းလျှော်ရည်ကို ဘယ်အချိန်ကတည်းက စသုံးဖြစ်တာလဲ။
ဆယ်တန်းမှာ စသုံးဖြစ်တာပါ။

Palmolive မှာ ဝင်ပြိုင်တဲ့ သူတွေအများကြီးထဲကမှ ဘာကြောင့် Winner အဖြစ်ရွေးချယ်ခံခဲ့ရတယ်လို့ ကိုယ့်ကိုကိုယ်ထင်လဲ။
လာပြိုင်တဲ့ အစ်မတွေအကုန်လုံးက အရည်အချင်းလည်းရှိကြပါတယ်။ ညီမက ဒီပြိုင်ပွဲတွေမလုပ်ခင်ကတည်းကလည်း Palmolive သုံးခဲ့တယ်။ သုံးနေရင်းနဲ့မှ Palmolive ကို See first လုပ်ထားတဲ့အတွက်ကြောင့် ပြိုင်ပွဲအတွက်တက်လာတာတွေ့လို့ ပြိုင်ဖြစ်တယ်။ ကိုယ်သုံးနေတဲ့ brand လည်း ဖြစ်တယ်။ ယုံကြည်မှုလည်း ရှိတဲ့အတွက်ကြောင့် ပြိုင်ဖြစ်တယ်။ ၂နှစ်လောက်ပြိုင်ခဲ့ပြီး ဒီနှစ်မှာ ရခဲ့ပါတယ်။

Palmolive Shampoo ရဲ့ အမျိုးအစား ၆ မျိုးမှာ ဘယ်နှမျိုးသုံးဖူးလဲ။ ဘယ်အမျိုးအစားကို အကြိုက်ဆုံးလဲ။
Palmolive ကို ခရမ်းရောင်ပဲသုံးပါတယ်။ အရောင်စုံတော့ သုံးဖူးပါတယ်။ ခရမ်းရောင်က ညီမနဲ့ အဆင်ပြေလို့ ခရမ်းရောင်ကို သုံးတာပါ။


ဆံပင်ရှည်တဲ့သူတော်တော်များများက မြန်မာဆန်ဆန်ဖက်ရှင်နဲ့ လိုက်ဖက်မှုက ပိုများတယ်ဆိုတော့ ဆံပင်ကြောင့် အဝတ်အစားရွေးချယ်မှု ဖက်ရှင်ပိုင်းမှာ အခက်အခဲ ရှိခဲ့လား။
ညီမကိုယ်တိုင်လည်း မြန်မာဝတ်စုံဝတ်ဖြစ်တယ်။ ကျောင်းကလည်း မြန်မာဝတ်စုံဝတ် ဝတ်ရတဲ့အတွက်ကြောင့် မြန်မာဝတ်စုံပိုဝတ်ဖြစ်တယ်။ အပြင်သွားရင်တော့ အရမ်းဟော့ဟော့ရမ်းရမ်းကြီးတော့ မဝတ်ပါဘူး။ ဒါပေမယ့် ဆံပင်ရှည်တာနဲ့ တိုတာနဲ့တော့ ကွာတယ်။ ဘယ်လောက်ပဲအတိုဝတ်ထား ဝတ်ထား ဆံပင်ရှည်တဲ့အတွက်ကြောင့် မရိုင်းဘူးပေါ့နော်။ ဆံပင်က ထိန်းသွားတဲ့အတွက်ကြောင့် ကြည့်လို့လှတယ်။

ကိုယ်ကိုကိုယ် ယုံကြည်မှုရှိဆုံးအပိုင်းကို ပြောပါဆိုရင် ဘယ်အပိုင်းဖြစ်မလဲ။
ကိုယ့်ကိုကိုယ် ယုံကြည်မှုအရှိဆုံးကတော့ ဆံပင်ရှည်တော့ ဆံပင်လည်းပါတယ်။ ပြီးရင် နှာခေါင်းပေါ့။ နှာခေါင်းကို သဘောကျတယ်။

အိပ်မက်နဲ့ လက်တွေ့ ထပ်တူကျဖို့အတွက် ကိုယ့်ဘက်က ဘယ်လိုကြိုးစားအားထုတ်မှုတွေ လုပ်သွားမလဲ။
Palmolive ရဲ့ Winner ဖြစ်တဲ့အတွက်ကြောင့် Palmolive နဲ့ အလုပ်တွေအကုန်လုံးကို ပူးပေါင်းဆောင်ရွက်မယ်။ ရှေ့ဆက်ပြီးတော့လည်း ညီမက အနုပညာကျောင်းပြီးသွားရင် အနုပညာလည်း ဆက်လုပ်သွားမယ်။ ဒီကြားမှာ Photo Model လည်း လုပ်ဖြစ်မှာပါ။

Editor : Lin Lin

, ,

Cover Stories

အိပ်မက်တွေမိုးထားတဲ့ အိမ်ထဲက ကျွန်တော့်ကို ချစ်ပါဆိုတဲ့ Morosaki Win

သူရဲ့ အပြုံးချိုချို၊ ပွင့်လင်းတဲ့ စကားပြောဟန်တွေက ပျိုမေတို့ကို အသဲတယားယားနဲ့ ရင်ခုန်စေခဲ့ပါတယ်။ ဒီလလေးကလည်း ခရစ္စမတ်လလေးဆိုတော့ X’mas နဲ့ ပတ်သက်တဲ့ အမှတ်တယတွေနဲ့ အဝင်းရဲ့ ၂၀၂၀ Plan တွေက ဘာဖြစ်မလဲ။ သူ့မှာသာ ကောင်မလေးရှိလာခဲ့ရင် X’mas မှာ သူပေးချင်တဲ့ Surprise က ဘာဖြစ်မလဲဆိုတာကို MODA က မေးမြန်းဖြစ်ခဲ့ပါတယ်။

by Lin Lin

December 17, 2019


ချမ်းအေးတဲ့ ဒီဇင်ဘာလလေးမှာ အပြုံးချိုချိုလေးနဲ့ ပရိသတ်ကိုဖမ်းစားထားတဲ့ မိုရီဆာကီဝင်းကို MODA Cover Star အဖြစ်ရွေးချယ်ဖြစ်ခဲ့ပါတယ်။ မိုရီဆာကီဝင်းဟာ ၂၀၁၇ ခုနှစ်ကစပြီး ဇာတိမြေဇာတ်ကားမှာ အဓိကဇာတ်ဆောင်အဖြစ်ပါဝင်ရိုက်ကူးခဲ့ရာမှ မြန်မာပရိသတ်အားပေးမှုကို ရရှိခဲ့သူတစ်ဦးဖြစ်ခဲ့ပါတယ်။ သူရဲ့ အပြုံးချိုချို၊ ပွင့်လင်းတဲ့ စကားပြောဟန်တွေက ပျိုမေတို့ကို အသဲတယားယားနဲ့ ရင်ခုန်စေခဲ့ပါတယ်။ ဒီလလေးကလည်း ခရစ္စမတ်လလေးဆိုတော့ X’mas နဲ့ ပတ်သက်တဲ့ အမှတ်တယတွေနဲ့ အဝင်းရဲ့ ၂၀၂၀ Plan တွေက ဘာဖြစ်မလဲ။ သူ့မှာသာ ကောင်မလေးရှိလာခဲ့ရင် X’mas မှာ သူပေးချင်တဲ့ Surprise က ဘာဖြစ်မလဲဆိုတာကို MODA က မေးမြန်းဖြစ်ခဲ့ပါတယ်။

လာမယ့်နှစ်မှာ ဘာလုပ်ချင်လဲ။
Solo singer ဖြစ်ချင်တယ်။ တစ်ယောက်တည်း သီချင်းဆိုချင်တယ်။

အဝင်းရဲ့ Type က ဘယ်လိုမျိုးလဲ။
Funny ဖြစ်တယ်။ ပျော်ပျော်ပါးပါး နေတတ်တယ်။


Social Media မှာ အခုချိန် စကားတစ်ခုပြောရမယ်ဆိုရင် ဘာပြောချင်လဲ။
ကျွန်တော့်ကို ချစ်ပါ။


ဂျပန်နဲ့ မြန်မာရဲ့ နေထိုင်မှုပုံစံက ဘယ်လိုကွာခြားလဲ။
အစားအသောက်ပိုင်းတွေကွာတယ်။ ဂျပန်မှာက အရမ်းအချိန်ကုန်မြန်တယ်။ မိနစ်ပိုင်းတိုင်းမှာ အလုပ်လုပ်ကြတယ်။ မြန်မာပြည်မှာကျတော့ ပေါ့ပေါ့ပါးပါးလေး နေလို့ရတယ်။ လုပ်စရာရှိတာကိုလည်း အားလုံးလုပ်ကြတယ်။


မေ့လို့မရတဲ့ memory တစ်ခုရှိရင်ပြောပြပါ။
ကျွန်တော်က အဖွားနဲ့နေတယ်။ အဖွားက ကျွန်တော်ဂျပန်ပြည်ကိုထွက်လာတဲ့နေ့မှာ လုံးမငိုဘဲနဲ့ “သား ဂျပန်ကိုသွား။ ဂျပန်မှာ ပျော်စရာအများကြီးရှိတယ်။” လို့ အဲ့လိုမျိုးပြောတဲ့နေ့ကို လုံးဝမမေ့ဘူးခင်ဗျ။ ဝမ်းနည်းစရာမလိုဘူးလို့ပြောခဲ့တယ်။ အဲ့ကနေပဲ ကျွန်တော့်ဘဝစခဲ့ရတာ။

ပထမဆုံး TV မှာလာတဲ့ ကိုယ့်ကိုကိုယ်ကြည့်ပြီးဘယ်လိုခံစားရလဲ။
ပထမဆုံး ကိုယ့်ကိုကိုယ်ကြည့်ဖြစ်တာဆိုရင် ဂျပန်မှာ ဇာတ်လမ်းတွဲရိုက်တုန်းက အိုက်တင်တွေတစ်မျိုးကြီးဖြစ်နေတယ်။ ကိုယ့်ကိုကိုယ်တော့မထင်ရဘူး။


ကြည့်နေတဲ့သူတွေကို ဘယ်လို Message ပေးချင်လဲ။
နားရက်လိုချင်တယ်။ မြန်မာပြည်ကို အေးဆေးပတ်ချင်တယ်။ မြန်မာပြည်မှာ တစ်ယောက်တည်းခရီးသွားချင်တယ်။


Stage ပေါ်မှာ performance လုပ်ရတဲ့အခါ emotion ရှိလား။
ရှိခဲ့ပါတယ်။ အမှန်တကယ်က အဲ့လိုဖြစ်တာ သိပ်မကောင်းဘူး ။ ကျွန်တော့်အမြင်ပြောမယ်နော်။ အဆိုတော်ဆိုတာ ကိုယ့်အတွက်ဆိုတာလည်းပါသလို ရှေ့မှာ သူများအတွက်ဆိုတာလည်း ပါနေတော့ ကိုယ့်ကိုဆိုပြီး ကိုယ့်ကိုငိုတယ်ဆိုတော့ ကိုယ့်ကမ္ဘာကြီးထဲ ပြန်ရောက်သွားသလိုဖြစ်တယ်။ ဒါပေမယ့် ဆိုနေရင်းနဲ့ feeling က တက် တက်လာတယ်။ တခါတလေမှာ ငိုချလိုက်တာတော့ရှိတယ်။ အဲ့ဒါ ဘယ်တော့မှ ထိန်းလို့မရဘူး။ ကိုယ့်ဟာကိုယ်ရေးတဲ့ သီချင်းတို့ ဘာတို့ဆို ပိုပြီးတော့ဆိုးတာပေါ့။


ကိုယ့်ရဲ့ အားသာချက် နဲ့ အားနည်းချက်က ဘာတွေဖြစ်မလဲ။
အားသာချက်က အဆိုကောင်းတယ်။ အပြောကောင်းတယ်။ ဘာမဆို အကောင်းဘက်ကပဲ တွေးတယ်။ အားနည်းချက်ကတော့ တစ်ယောက်တည်းနေရတာကို ကြိုက်တယ်။ ဒါပေမယ့် အထီးကျန်တယ်လို့ ခံစားရတယ်။ lonely ဖြစ်တတ်တယ်။


အိပ်မက်တွေမိုးထားတဲ့အိမ် Drama Series မှာ ပါဝင်တဲ့ ကာရိုက်တာအကြောင်းကို ပြောပြပေးပါဦး။
ဘဝ ရဲ့ ရည်ရွယ်ချက်ကို ပိုင်ဆိုင်ပြီး အရမ်းကို ချစ်ဖို့ကောင်းတဲ့ ရိုးသားတဲ့ လူငယ်တစ်ယောက်အဖြစ် ပါဝင်ထားပါတယ်။


ဒီ Drama Series ကို ကြည့်တဲ့လူတွေအတွက်ကို အဓိကပေးချင်တဲ့ message က ဘာလဲ။
ဘယ်လို မိသားစု ပဲဖြစ်ဖြစ် , အနီးနား မှာ ဖြစ်ပွားပြီး အဲ့လိုကိစ္စတွေက ပြန့်ကျဲနေမယ်လို့ ထင်ပါတယ် ။ ကျွန်တော် ရဲ့ မြန်မာစကား နဲ့ သရုပ်ဆောင်မှုမှာလည်း အာရုံ စိုက်လို့ရမယ်လို့ ထင်ပါတယ် ။

မြန်မာ Dialogue တွေပြောတဲ့အခါ အခက်ခဲဆုံးအပိုင်းက ဘာဖြစ်မလဲ။
အသံထွက် နဲ့ သံစဉ်ပါ ။ ကျွန်တော်က ဂျပန်စကားသံဖြင့် လုပ်ထားတာမို့လို့ ဒါအဲ့ ကို ပြန်ကောင်းဖို့က ခက်ခဲခဲ့ ပါတယ် ။


အခုရိုက်ကူးမယ့် Series က မိသားစုကြားမှာရှိတဲ့ Relationship အကြောင်းလေးဖြစ်တယ်။ လူတိုင်းမှာလည်း မိဘနဲ့ သားသမီးကြားမှာ ပဋိပက္ခတွေ ကြုံခဲ့ ဖြစ်ခဲ့ဖူးကြတယ်။ ဒါနဲ့ ပတ်သက်ပြီး အဝင်းရဲ့ အတွေ့အကြုံကို မျှဝေပေးနိုင်မလား။
ကျွန်တော် လည်း အနုပညာ လုပ်တာကို မိဘတွေက ကန့်ကွက်ခဲ့ကြတယ် ။ နားလည်မှု ရတဲ့ အထိ အချိန်အတော်ကြာခဲ့တယ် ။ အခုတော့ မိသားစု မို့လို့ စိတ်ပူတယ်လို့ ထင်ပါတယ် ။


ဂျပန်နဲ့ မြန်မာတို့ရဲ့ ဆယ်ကျော်သက်အရွယ်ကွာခြားချက်က ဘာလဲ။
မြန်မာ ထက် ဂျပန်လူမျိုး ဆယ်ကျော်သက် အမျိုးသား အမျိုးသမီးတွေက ၁ယောက်တည်း နေထိုင်ကြတဲ့ နှုန်းပို မြင့်တယ် လို့ ထင်ပါတယ် ။


မိုရီဆာကီဝင်းရဲ့ မတူခြားနားတဲ့ကာရိုက်တာက ဘာလဲ။ အဝင်းကိုယ်တိုင်ရဲ့ ကာရိုက်တာကို ပြောပေးနိုင်မလား။
တည်ကြည်တဲ့နေရာ က သူနဲ့ တူပေမဲ့ လက်ထပ်ဖို့ မျှော်လင့်ချက်မရှိပါဘူး ။ဒါပေမဲ့ သူနေရာကနေ အကြောင်းအရာတွေကို စဉ်းစားလိုက်ရင် အရမ်းကို နားလည်နိုင်တဲ့ အတွက် သရုပ်ဆောင်တဲ့အပေါ်မှာ ကိုယ်တိုင်လည်း တွေ့နိုင်မယ်လို့ ထင်ပါတယ် ။


X’ mas နဲ့ ပတ်သက်တဲ့ အမှတ်တရအဖြစ်ဆုံးက ဘာလဲ။
အခုတလောကကျေးဇူးတင်စရာကိစ္စတွေနဲ့ အလုပ်တွေ လုပ်ရတာများလို့ အရမ်းကောင်းတဲ့ မှတ်ညာဏ် က သိပ်မရှိပါဘူး ။ မနှစ်ကတော့ ရုပ်ရှင် ဝန်ထမ်းတွေနဲ့ ထမင်းစားခဲ့ပါတယ်။ Family နဲ့ အမှတ်တယကတော့ ဂျပန်မှာလည်း X’mas က ဘာမှသိပ်မလုပ်ဖြစ်ပေမယ့် တစ်နှစ်မှာတော့ KFC ကဝယ်ပြီး အိမ်မှာ မိသားစုလိုက်တူတူစားကြတယ်။


ဒီနှစ်ရဲ့ X’ mas ကို ဘယ်လိုဖြတ်သန်းမလဲ။
ဒီနှစ် illumination အလင်းရောင် ကြည့်ဖို့ သွားချင်တယ်။ ၁ယောက် ယောက် အတူသွားပေးတဲ့ လူ မရှိဘူးလား။


အဝင်းက Santa ဖြစ်ခဲ့မယ်ဆိုရင် ကလေးတွေအတွက် လက်ဆောင်အဖြစ် ဘာပေးချင်လဲ။
စန္ဒာယား ကို လက်ဆောင်ပေးချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ငယ်ငယ်က မြန်မာပြည်မှာနေတုန်းက Music instrument တွေနဲ့ မဆော့ခဲ့ရတော့ အခုခေတ်ကလေးတွေကို ဒါတွေနဲ့ ရင်းနှီးစေချင်လို့ပါ။


၂၀၁၉ ခုနှစ်က အဝင်းအတွက် ဘယ်လိုနှစ်တစ်နှစ်ဖြစ်ခဲ့လဲ။
ဒီနှစ်က အလုပ်ကနေတဆင့် အမျိုးမျိုးကို တွေ့ခဲ့ရတဲ့ နှစ် တစ်နှစ် ဖြစ်ခဲ့ပါတယ် ။ အဲ့လို တွေ့ဆုံမှုမျိုး ကို အလေးထားပြီး သွားချင်တယ်လို့ တွေးထားပါတယ် ။


၂၀၂၀ ကိုမှာရော ဘာလုပ်ချင်လဲ။
မြန်မာ မှာ fan မီတင် လုပ်ချင်ပါတယ် ။


ငယ်ငယ်တုန်းက Santa ဆီက လက်ဆောင်တောင်းခဲ့တာက ဘာလဲ။
ဂိမ်းအသစ်လိုချင်တယ်လို့ တွေးထားပါတယ် ။ အခုတွေးကြည့်ရင် ချစ်ဖို့ ကောင်းတယ်နော် ။

အဝင်းမှာ ချစ်သူကောင်မလေးရှိရင် သူမကို ဘယ်လို X’mas surprise လုပ်မလဲ။
လေယာဉ်လက်မှတ် ဝယ်ပေးပြီး ဂျပန်ကို ခေါ်သွားမယ် ။ ဂျပန်မှာ ဆူရှီကျွေးချင်တယ်။ ပြီးရင် ဂျပန်နိုင်ငံရဲ့ Romatic ဖြစ်တဲ့နေရာဖြစ်ခုဖြစ်တဲ့ Odaiba ကို ခေါ်သွားပြီး ဂျပန်နိုင်ငံရဲ့ အလှပဆုံးနေရာတွေကို ပြချင်တယ်။ နောက်ပြီးတော့ Park သွားပြီး စကားတွေအများကြီးပြောလိုက် ကောင်းကင်ကို ကြည့်လိုက်လုပ်ချင်တယ်။


X’mas Date အတွက် ကောင်လေးတွေကို ဘယ်လိုအကြံဉာဏ်ပေးချင်လဲ။
အရင်ဆုံး ကိုယ်က ပျော်ရွင်ဖို့ ကို မမေ့ပါနဲ့။ ဒါမှသာ တဖက်လူလည်း သေချာပေါက် ပျော်စရာ ကောင်းမှာပါ။ ကိုယ်ပျော်နေမှသာ တစ်ဖက်လူကိုလည်း ပျော်အောင်ထားနိုင်မှာမို့ပါ။

Editor : Lin Lin

, ,

Cover Stories

စိတ်ကူးလေးထဲက ဒဏ္ဍာရီသတို့သမီး အိပ်မက်တွေနဲ့ Patricia

ထိခိုက်အားငယ်တတ်တဲ့စိတ်ကို မာကျောမှုတွေနဲ့ ဖုံးလွှမ်းထားတဲ့သူမ။ အမြဲ Confident ရှိရှိနဲ့ ခပ်ချေချေတွေ့ရတဲ့ သူမ။ ဂုဏ်ပကာသနတွေထက် စိတ်ချမ်းသာမှုကိုသာ ဦးစားပေးတတ်တဲ့ သူမကို ဒီတစ်လရဲ့ MODA Cover အတွက် ရွေးချယ်ဖြစ်ခဲ့ပါတယ်။

by Lin Lin

November 19, 2019

ထိခိုက်အားငယ်တတ်တဲ့စိတ်ကို မာကျောမှုတွေနဲ့ ဖုံးလွှမ်းထားတဲ့သူမ။ အမြဲ Confident ရှိရှိနဲ့ ခပ်ချေချေတွေ့ရတဲ့ သူမ။ ဂုဏ်ပကာသနတွေထက် စိတ်ချမ်းသာမှုကိုသာ ဦးစားပေးတတ်တဲ့ သူမကို ဒီတစ်လရဲ့ MODA Cover အတွက် ရွေးချယ်ဖြစ်ခဲ့ပါတယ်။ သူမကတော့ Patricia ပါ။ ပြင်သစ်ဒီဇိုင်းနာ Charlotte Barjou ရဲ့ အနောက်တိုင်းဆန်ဆန်ဖန်တီးထားတဲ့ Wedding Dress တွေနဲ့ လိုက်ဖက်လွန်းလှတဲ့ သူမရဲ့ ပုံရိပ်တွေကနေတဆင့် သူမရဲ့ စိတ်ကူးထဲကမင်္ဂလာပွဲ၊ သူမတည်ဆောက်ထားတဲ့ Relationship ၊ သူမကြုံတွေ့ခဲ့ရဖူးတဲ့ Relationship တွေအကြောင်းကို MODA Cover Shooting မှာ တွေ့ဆုံခိုက်မေးမြန်းဖြစ်ခဲ့ပါတယ်။

Dream Wedding အကြောင်းပြောပြပါဦး။
Dream Wedding က မိန်းကလေးတိုင်းကတော့ တစ်သက်မှာတစ်ခါပဲဆောင်တဲ့ မင်္ဂဆောင်မို့ Dream ရှိကြတယ်ပေါ့နော်။ ရှာရှာကတော့ အပျိုကြီးလုပ်ဖြစ်မလားမသိပါဘူး။ တကယ်လို့ အိမ်ထောင်ပြုခဲ့မယ်ဆိုရင်တော့ Wedding ကို Disney ကားတွေထဲကလိုမျိုးလေးလုပ်ချင်တယ်။ ခမ်းခမ်းနားနားကြီးထက်ကို ပုံပြင်ဆန်ဆန်လေးတွေ တခြားကမ္ဘာကို ရောက်သွားသလိုမျိုး အဲ့လိုမျိုးကြိုက်တယ်။

Honeymoon ကိုရော ဘယ်နေရာမျိုးတွေသွားချင်လဲ။
Europe သွားချင်တယ်။ ဂရိတို့ ဆွစ်ဇာလန်တို့လည်းသွားချင်တယ်။

ကိုယ့်ရဲ့ လက်တွဲဖော်ကိုရော ဘယ်လိုစံနှုန်းတွေနဲ့ သတ်မှတ်ထားလဲ။
ရှာရှာက ကျိကျိတက်ကြီးမချမ်းသာချင်ဘူး။ လူချမ်းသာတာထက် စိတ်ချမ်းသာချင်တယ်။ ကိုယ့်အပေါ်မှာ နားလည်မှုရှိတဲ့လူမျိုး။ တချို့ကျတော့ ချစ်နေတုန်းတော့ ဘာမှမဖြစ်ပေမယ့် မချစ်တော့မှ ကိုယ့်ရဲ့အပြစ်အနာအဆာတွေကို မြင်လာတာမျိုးပေါ့။ ကိုယ့်မိဘတစ်ယောက်လိုမျိုး ကိုယ့်အပေါ်မှာ ချစ်ပေးနိုင်မယ့်လူမျိုး၊ သစ္စာရှိမယ့်လူမျိုး အဲ့လိုမျိုးလူမျိုးကို လိုချင်ပါတယ်။

ဘယ်အချိန်မှာရော အိမ်ထောင်ပြုဖို့ စဉ်းစားထားလဲ။
အဲ့လိုမျိုးစဉ်းစားထားတာတော့မရှိဘူး။ ကိုယ်နဲ့အဆင်ပြေတဲ့သူတွေ့ရင် ဖူးစာဘက်ကိုတွေ့ရင်တော့ ယူဖြစ်မယ်ပေါ့နော်။ ဘယ်အရွယ်မှာ ယူမယ်ဆိုပြီးကြိုတွေးထားတာမျိုးတော့မရှိဘူး။

ကိုယ်လိုချင်တဲ့ Relationship ကရော ဘယ်လိုမျိုးဖြစ်မလဲ။
ရှာရှာခုနက ပြောသလိုမျိုးပါပဲ။ ကိုယ့်အပေါ်မှာ နားလည်ရမယ်။ ကိုယ့်အပေါ်မှာ သစ္စာရှိရမယ်။ သစ္စာရှိဖို့က အဓိကပေါ့။

ရှာရှာက Relationship နဲ့ ပတ်သက်ပြီး အရမ်းဝေဖန်တိုက်ခိုက်ခံခဲ့ရတယ်။ ဒီလိုဝေဖန်မှုတွေကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ခဲ့ရလဲ။
ငယ်ငယ်တုန်းက ရှာရှာက အရမ်းခံစားနေရတော့ မီဒီယာကလာမေးတဲ့အခါမှာ ရင်ဖွင့်လိုက်မိတာပေါ့။ အဲ့ဒါမှားတာပေါ့။ အမှန်ဆိုရင် ဒါကို Secretly ပဲထားရမှာ။ မီဒီယာမှာပြောလိုက်မိတော့ သူ့အတွက်လည်းမကောင်းဘူး။ ကိုယ့်အတွက်လည်းမကောင်းဘူးပေါ့နော်။ ဒါကတော့ First Love ဆိုတော့ လူတိုင်းဒီလိုပဲ ဖြစ်မယ်ထင်ပါတယ်။

Long Term Relationship ရှိခဲ့ဖူးလား။
ရှာရှာ့အတွက် Relationship က တစ်နှစ်ကျော်က အကြာဆုံးပဲ။ တစ်ချို့ယောကျာ်းလေးတွေက ရှာ့ကို နားလည်မှုမပေးနိုင်ဘူး။ သူဆိုး၊ ကိုယ်ဆိုးနဲ့ သွားတွေ့တဲ့အချိန်မှာ ၇လလောက်ပဲ မြဲတာတို့၊ ၈လလောက်ပဲ မြဲတာတို့ အဲ့လိုမျိုးဖြစ်သွားကြတာ။ တစ်နှစ်ကျော်ကတော့ ရှာရှာ့အတွက် အကြာဆုံးပဲ။

Long Distance Relationship နဲ့ ပတ်သက်ပြီးတော့ရော ဘယ်လိုကြုံရလဲ။
ကိုယ်နဲ့ နိုင်ငံမတူတဲ့လူ၊ လူမျိုးမတူတဲ့လူနဲ့ Relationship ရှိနေတဲ့အခါကျတော့ အနီးအနားမှာရှိနေတာထက်တော့ ပိုပြီးတော့ စိတ်ပူရတယ်ပေါ့နော်။ အရမ်းဝေးနေတဲ့အခါကျတော့ တစ်ယောက်နဲ့တစ်ယောက်တွေ့ရဖို့ကို plan ချရတာမျိုးတွေရှိတာပေါ့။ တစ်ယောက်နဲ့တစ်ယောက်မမြင်ရတော့ စိတ်ပူရတယ်။ အဲ့လိုမျိုးလေးတွေတော့ရှိတာပေါ့။

စနိုက်ကျော်ခံရဖူးလား။
ကိုယ့်ဆီကလူပါသွားအောင်နှိုက်တာတော့မခံရဖူးဘူး။ ရှာတို့ဆိုရင်ဆင်ခြင်တာပေါ့နော်။ အတွဲမြင်ရင် ကြည့်မိလိုက်ရင်တောင် သူများရည်းစားတစ်မျိုးထင်မယ်ဆိုပြီးတော့ မကြည့်ဘူး။ ဒါက ကိုယ့်ဘက်ကထားတဲ့စည်းပေါ့။ တစ်ချို့ကောင်မလေးတွေကျတော့လည်း ကိုယ့်နဲ့ထိုင်နေတဲ့ ကိုယ့်ဘေးက ဘဲကို မျက်လုံးနဲ့ကြည့်တာမပြောဘူး။ ဟိုဘက်က လျှောက်ပြလိုက်၊ ဒီဘက်ကလျှောက်ပြလိုက်၊ မျက်လုံးတွေမှိတ်ပြသွားလိုက်နဲ့ အဲ့လိုမျိုးတွေတော့ ကြုံဖူးတယ်။ ကိုယ့်ရဲ့ ဒုတိယရည်စားမှာ ဘယ်လိုကြုံဖူးလဲဆိုတော့ ကောင်မလေးက ကိုယ့်ရဲ့ Best Friend ပဲ။ ကိုယ်နဲ့ ကိုယ့်ချစ်သူအဆင်မပြေဖြစ်နေတဲ့အချိန်မှာ သူအဆင်ပြေအောင်လုပ်ပေးမယ်ဆိုပြီးတော့ ကိုယ့်ဘက်ကျတော့ တစ်မျိုးပြောတယ်။ ဟိုဘက်ကျတော့ တစ်ညလုံးမနက်မိုးလင်းတဲ့အထိ ဖုန်းတွေပြောတယ်။ ကိုယ့်ဘဲက ကိုယ်နဲ့ပြန်အဆင်ပြေတော့အကုန်ပြောပြတယ်။ အဲ့လိုမျိုးတွေပေါ့နော်။ ကိုယ့်အတွက်လုပ်ပေးသလိုလိုနဲ့ သူကသာယာသွားတယ်။ အဲ့လိုမျိုးတော့ ကြုံခဲ့ဖူးတယ်။

လတ်တလောမှာရော ရှာရှာ့အချစ်ရေးက အေးဆေးပဲလို့ ပြောလို့ရလား။
အေးဆေးပါပဲ။

Pactria က Strong ဖြစ်တဲ့မိန်းကလေးလို့ ပြောလို့ရလား။
ရှာရှာက ကိုယ်မှန်တယ်ထင်ရင်ကျတော့ ခပ်မာမာပဲ။ အရမ်းကိုယ့်ကို စိတ်ဒုက္ခပေးလာတယ်ဆိုရင်တော့ စိတ်မခိုင်ဘူး။ ရုပ်ရှင်ကြည့်ရင်တောင်မှ Drama ကားဆိုရင်အရမ်းငိုချင်တဲ့လူ။ Facebook မှာ သနားစရာကောင်းတဲ့ Video တစ်ခုတက်လာရင်တောင်အရမ်းငိုမိတယ်။ ခံစားလွယ်တယ်ပေါ့။ Strong က ဖြစ်သင့်တဲ့နေရာတော့ဖြစ်တယ်။

ဆယ်ကျော်သက်အရွယ်မှာကတည်းက အနုပညာလောကကို ရောက်လာသူတစ်ဦးဖြစ်တဲ့အတွက် ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်တွေကို ဆုံးရှုံးခဲ့ရတယ်လို့ ထင်မိလား။
ရှာရှာက အပြင်သွားရင်တောင်မှ မင်းသမီးလို့မခံယူထားဘူး။ ရှာရှာနေချင်သလိုနေတယ်။ သွားချင်သလိုသွားတယ်။ ကိုယ်ကတော့ သာမာန်လူလိုပဲ နေတာ။ တခါတလေကျရင် ဓာတ်ပုံလာရိုက်မှသာ သြော် သူတို့ကငါ့ကို ကြိုက်တာကိုး။ ငါက မင်းသမီးကိုးဆိုတဲ့ အတွေးပြန်ပြန်ဝင်လာတယ်။ ဒါပေမယ့် မသွားသင့်တဲ့နေရာတွေ၊ ရှောင်ရတဲ့နေရာမျိုးတွေတော့အများကြီးရှိတာပေါ့။ အပြင်လူတစ်ယောက်လို ပြောဆိုလို့မရဘူး။ အပြင်လူတစ်ယောက်လို စိတ်လိုက်မာန်ပါလုပ်လို့မရဘူး။ အဲ့လိုမျိုးတွေတော့ရှိတာပေါ့။ မသွားရမယ့်နေရာလို့ ထိန်းချုပ်ထားတာတော့မရှိခဲ့ဘူး။

သရုပ်ဆောင်တစ်ယောက်မဟုတ်ဘူးဆိုရင် အခုချိန်မှာ ကိုယ်ဘာလုပ်ဖြစ်နေမလဲ။
ရှာက Fashion ဝါသနာပါတယ်။ Fashion shop ဖွင့်ဖြစ်မယ်။

ရှာရှာ့ကို ကြည့်လိုက်ရင် ကိုယ်ပိုင်စတိုင်လ်တစ်ခုမြင်ရတယ်။ ကိုယ့်ရဲ့ ကိုယ်ပိုင်စတိုင်လ်လေးဖြစ်အောင် ဘယ်လိုနေထိုင်တာရှိလဲ။
ရှာရှာ့ကို အရမ်းနီးကပ်တဲ့ Fan တွေဆိုသိတယ်။ တစ်ချို့တွေဆို အရမ်းယုံကြည်မှု့ရှိတယ်။ ရှာကျတော့ အဲ့လိုမဟုတ်ဘူး။ ကိုယ့်ကိုကိုယ်အဲ့လောက်အထိ ယုံကြည်မှုမရှိဘူး။ တစ်ချို့ကကျတော့ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိတာနဲ့ မာန်တက်တာနဲ့ မခွဲခြားတတ်ဘူး။ ရှာရှာကတော့ Confident ရှိတဲ့ မိန်းကလေးဆိုတာ ပြောစရာရှိရင်ပြောမယ်။ ချေနေတဲ့ပုံ၊ မာန်တက်နေတာမျိုးနဲ့တော့ ကွာမယ်ထင်တယ်။ ရှာရှာကတော့ လူချစ်အောင်နေရတဲ့ပုံကို ပိုကြိုက်တယ်။

Editor : Lin Lin

, , ,

Cover Stories

စစ်မှန်တဲ့ ခံစားမှု၊ ကြည်လင်တဲ့ အိပ်မက်နဲ့ Han Nay Thar

ကျွန်တော် ခြေကုပ်ဖို့အတွက် အလုပ်တွေအများကြီးလုပ်ခဲ့ဖူးတယ်။ ဒါပေမယ့် ကျွန်တော်ဘာဖြစ်ချင်လဲဆိုတာ Clearly ကွဲကွဲပြားပြားသိတဲ့အတွက်ကြောင့် Music ကိုပဲ လုပ်နေတယ်။ မသိစိတ်ထဲမှာတော့ Music လမ်းကြောင်းကို လျှောက်နေတာ ဟုတ်ရော ဟုတ်ရဲ့လားဆိုတဲ့ သံသယစိတ်တော့ ရှိခဲ့တယ်။

by Lin Lin

October 17, 2019

MODA Magazine နဲ့ Vivo တို့က မိုးမခ အိပ်မက်ခရမ်းပြာသီချင်းနဲ့ ပရိသတ်အားပေးမှုများစွားရရှိနေတဲ့ ဟန်နေတာကို ဒီလအတွက် Cover Star အဖြစ် ရွေးချယ်ခဲ့ပါတယ်။ သူဖြတ်သန်းခဲ့ရတဲ့ အမှောင်တွေကို အလင်းရောက်စေနိုင်ဖို့ ကြည်လင်ပြတ်သားတဲ့ Vivo V17 Pro ရဲ့ Night mood နဲ့ ပုံဖော်ဖန်တီးပေးထားပါတယ်။ ပထမဆုံးအခွေထွက်ဖို့ ၄ရက်အလိုမှာ မိခင်ဆုံးပါးသွားခဲ့ပြီး Depression ဝင်ခဲ့တဲ့အချိန် လမ်းပျောက်ခဲ့ရတဲ့ နောက် သူတကယ်ဖြစ်ချင်ခဲ့တဲ့ အစစ်အမှန်ကို ရှင်းရှင်းလင်းလင်းသိလာတဲ့အခါ ဘယ်လို ပြန်လည်ရုန်းထနိုင်ခဲ့လဲ။ သူ့ရဲ့ အစစ်အမှန်က ဘာလဲ။ သူ့နှလုံးသားထဲမှာ ဂီတက ဘယ်လောက်အထိ စီးဆင်းနေလဲဆိုတာ MODA Magazine Cover Story မှတင်ဆက်ပေးလိုက်ပါတယ်။

MODA Magazine ကို ဖတ်ဖူးလား။ အခု MODA Magazine Cover ရိုက်ရတဲ့ ခံစားချက် ဘယ်လိုရှိလဲ။
MODA Magazine ကို ရိုက်ဖို့ မကမ်းလှမ်းခင်ကတည်းက ကြည့်ဖူးတယ်။ ကိုအာဇာနည်၊ ကိုရန်ရန်ချမ်း၊ ကိုဟန်ထူးလွင်တို့ရဲ့ Issue ကို ဖတ်ဖူးတယ်။ ဒီ Magazine က Fashion လည်း မိုက်တယ်၊ Creative လည်း ဖြစ်တယ်။ ဒီမှာရှိတဲ့ Magazine တွေထက် ပိုပြီးထူးခြားတယ်လို့ မြင်တယ်။

ဒီနောက်ပိုင်းမှာ အရင်ကနဲ့မတူပဲ ပိုပြီး အားပေးမှုကို ရလာတဲ့အပေါ် ဘယ်လိုခံစားရလဲ။
အစကတည်းက ကျွန်တော်လုပ်ခဲ့တာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်ခဲ့တာမဟုတ်ဘူး။ ကျွန်တော့် Fan နဲ့ သွားတာဆိုတော့ ဒီလိုမျိုးဖြစ်လာခဲ့မယ်လို့ ထင်မထားဘူး။ ခုတော့ အားပေးတဲ့လူဦးရေ များလာတယ်။ အဲ့အတွက် Proud ဖြစ်တာမျိုးတော့ မရှိဘူး။ ပိုပြီးတော့ ပင်ပန်းလာတယ်။ တခြားတော့မရှိပါဘူး။

ဒါဆိုရင် ကိုယ်လုပ်ချင်တာပဲ အမြဲတမ်းလုပ်ခဲ့တဲ့ အတွက်ကြောင့် ကိုယ့်ကိုကိုယ် Real ဖြစ်တယ်လို့ ခံစားရလား။
ဖြစ်တယ်။ သိပ်ဖြစ်တယ်။

FG Live Lounge ပွဲမှာတုန်းက နားထင်နှစ်ဖက်မှာ Love နဲ့ Sex လို့ ရေးထားတာတွေ့တယ်။ အဲဒါဘယ်လို အဓိပ္ပါယ်လဲ။
ကျွန်တော်က Facebook ထက် Instagram ကို ပိုသုံးဖြစ်တယ်။ Instagram မှာက ဖက်ရှင်နဲ့ ပတ်သက်လို့ အများကြီးလေ့လာလို့ရတယ်။ အဲ့မှာပဲ ကိုယ်ကြိုက်တဲ့ Artist တွေရှိတယ် ။ သူတို့လည်း Skin Art တွေလုပ်ကြတယ်။ တချို့ဆို မျက်နှာမှာ ရေးတာတွေရှိတယ်။ ကျွန်တော်ကတော့ ဒီနားမှာ လုပ်လိုက်တာပါ။

မိုးမခအိပ်မက်ခရမ်းပြာသီချင်းထဲမှာ အမေဖြစ်စေချင်တာနဲ့ဝေးပြီဆိုပြီး ရေးထားတာရှိတယ်။ အဲ့တော့ အမေက ဟန်နေတာကို ဘာဖြစ်စေချင်တာလဲ။
ကျွန်တော့်ကိုအဖေ့လိုပဲ ရေနံမှာ အစိုးရဝန်ထမ်းဖြစ်စေချင်တာ ။ ကျွန်တော်ကို ဒီအလုပ်ကို မလုပ်ချင်ဘူး။ အဲ့အတွက်ကြောင့် ကျွန်တော်ဒုက္ခခံရတာပေါ့။

Eternal Gosh လုပ်လာတာ ၆နှစ်ကျော်သွားပြီဆိုတော့ ကြားထဲမှာ ခက်ခဲတဲ့အချိန်တွေအများကြီး ရှိခဲ့ဖူးမှာပေါ့။ မြန်မာနိုင်ငံ Culture အရဆိုရင် လူတွေက မိဘတွေကို လုပ်ကျွေးရမယ်ဆိုတဲ့ တာဝန်ရှိတယ်။ ကိုယ့်လုပ်ချင်တာတွေပဲ လုပ်ခဲ့တဲ့အတွက် မိဘတွေအပေါ် တာဝန်မကျေခဲ့လို့ ကိုယ့်စိတ်ထဲမှာ အပြစ်ရှိတယ်လို့ ခံစားရလား။ 

ရှိခဲ့တယ်။ အခုတော့ အဖေ့ကိုပဲ ကြည့်စရာလိုတော့တယ်။ ကျွန်တော့်ရဲ့ပထမအခွေက အမေ့အတွက်ပဲ လုပ်ခဲ့တာ။ ဒါပေမယ့် အမေမရှိတော့ ကျွန်တော့်အတွက်အဓိပ္ပါယ်မဲ့သွားတယ်၊ဖီလင်လည်းမရှိတော့ဘူး။ ကျွန်တော်က အမေ့ကို မြင်စေချင်တာ။ ခုချိန်မှာသာ အမေရှိခဲ့ရင်အရမ်းကောင်းမှာပဲ။ အခွေမထွက်ခင် ၄ရက်အလိုမှာပဲ အမေဆုံးသွားခဲ့တယ်။ Promotion ပွဲတွေရော စီစဉ်ထားတာတွေအကုန်လုံး ကျွန်တော်ဘာမှမလုပ်နိုင်ခဲ့ဘူး။ ခွေထွက်တယ်ဆိုတာလောက်ပဲ ရှိတာ။ အခု ၁၀ လပိုင်း ၅ရက်နေ့ဆို ၂နှစ်ပြည့်ပြီ။ှ FG ကလုပ်တဲ့ပွဲမှာမှ ကျွန်တော့်သီချင်းကိုပြန်ပြီး သတိထားမိကြတာ။

ခုချိန်ထိဆို Depressed ဖြစ်တဲ့အချိန်တွေလည်း ရှိခဲ့ဖူးမှာပေါ့။ ကိုယ့်ကို Depressed ဖြစ်ဖို့ အချိန်ဘယ်လောက်ပေးလဲ။
အမေမရှိတော့ ပိုဆိုးတာပေါ့နော်။ အမေ မရှိတော့ ဘေးနားမှာ လှည့်ကြည့်လိုက်မယ်ဆိုရင်တောင် ဘယ်သူမှမရှိသလို ခံစားရတယ်။ တစ်ယောက်တည်းပဲ ဖြစ်နေတဲ့အတွက်ကြောင့် ဘယ်သူမှလည်း မရှိပါဘူး။ သူငယ်ချင်းတွေတော့ရှိတယ်။ ကျွန်တော့်ညီတွေ ကျွန်တော့် Member တွေရှိတယ်။ သူတို့ကလည်း အနွေးထွေးဆုံးတော့ မပေးနိုင်ဘူးလေ။ အမေဆုံးသွားတာက ကျွန်တော့်အတွက်တော့ Depression အကြီးကြီးပဲ။ တစ်နှစ်လောက် ကျွန်တော် Alcohol တွေ Drugs တွေနဲ့ပဲ တိုင်ပတ်နေတယ်။ ဂိမ်းဆော့တယ်။ အဲ့ထဲမှာပဲ နစ်မျောနေတာ။ တစ်နှစ်ပတ်လုံးက ဘယ်သူနဲ့မှလည်း အဆက်အသွယ်မလုပ်ဘူး။ အခန်းထဲမှာပဲနေတယ်။ ထမင်းလည်းစားချင်မှစားတယ်။ အိပ်ချင်တဲ့အချိန်မှအိပ်တယ်။

မူးယစ်ဆေးရဲ့သားကောင် ဆိုတဲ့သီချင်းက အဲ့တုန်းက ရေးတာလား။
အမေရှိကတည်းကရေးတာ။ အမေရှိတုန်းက Motivate ဖြစ်နေတာပေါ့။ အဲတုန်းက အဲ့ဒါတွေသိပ်စိတ်မဝင်စားဘူး။ ဒါမကောင်းဘူး။ ဒါကိုမလုပ်နဲ့။ လုပ်မိရင်လည်း ပြင်ရမယ်ဆိုတဲ့ အသိနဲ့ ကျွန်တော့်သီချင်းနားထောင်နေတဲ့ လူငယ်တွေကို အဓိက Message ပေးချင်တာ။ သူတို့တွေက ဘယ်လိုမြင်လဲတော့ မသိဘူး။ ဒါပေမယ့် အမေဆုံးတော့ အဲ့လိုမဟုတ်တော့ဘဲ ဒီသီချင်းက ပြန်စီးတာပေါ့နော်။ ကျွန်တော်အနေနဲ့ သီချင်းက နိမိတ်ဖတ်တယ်လို့ ပြောလို့ရတယ်။

တစ်နှစ်လောက် အချိန်အကြာကြီးမှာ ကိုယ့်ကို ပြန်ထလာစေတဲ့ ကိစ္စတစ်ခုဆို ဘာဖြစ်မလဲ။
အဖွဲ့မှာက ကျွန်တော်မှ မလုပ်ရင် ဘယ်သူမှမလုပ်တော့ဘူး။ အကုန်လုံးက အတူတူဆိုပေမယ့် ဦးဆောင်သူဆိုရင် ကျွန်တော်ပဲ ဖြစ်နေတာပေါ့။ သီချင်းရေးတာ ဆိုတာလည်း ကျွန်တော်ပဲ။ ပြီးရင် Project တစ်ခုခုတင်မယ်ဆိုရင်လည်း ကျွန်တော်ပဲ ဆိုတော့ ကျွန်တော်မှပြန်ပြီး မရုန်းထွက်ရင် မရတော့ဘူး။ အဲ့အတွက်ကြောင့် Drugs တို့ Alcohol တို့စွဲနေတာကနေ တစ်ခုချင်းစီလျော့ရတယ်။ တစ်ခုကို တဆင့် တဆင့်လျော့ပြီးမှ ဖြတ်ရတာ တန်းခနဲ လုပ်လို့တော့ မရဘူးပေါ့နော်။ Drug မရှိတော့ဘူးဆိုရင်လည်း Alcohol ပေါ့။ အခုတော့ ကျွန်တော်ဘာမှမလုပ်တော့ဘူး။ စိတ်ကူးတောင်မယဉ်တော့ဘူးပေါ့။ ဒါပေမယ့် သီချင်းတော့ရေးရခက်သွားတယ်။

ဒါဆိုရင်အဲ့ဒါတွေသုံးတုန်းက သီချင်းတွေက ပိုပြီးအများကြီးရေးနိုင်တာလား။ Inspire တွေပိုပြီးရတယ်လို့ ခံစားရလား။

တကယ်တမ်း ကျွန်တော်ထင်တာက ဒါက တစ်မျိုးနဲ့ တစ်မျိုးတော့ မတူဘူး။ တစ်ချို့တွေက လူကို Slow ဖြစ်စေတယ် တစ်ချို့ ကျတော့လည်း Motivate ဖြစ်စေတာတွေရှိတယ်။ Weed ဆိုရင် စားမယ်၊သောက်မယ်၊အိပ်မယ်။ အဲလိုမျိုးလေးတွေပေါ့။ တခြား Chemical တွေနဲ့ ဆိုရင်တော့ Motivate ဖြစ်တယ်။ ပြီးရင် ခန္ဓာကိုယ်မှာရှိတဲ့ Energy ကို ဆယ်ဆလောက်တွန်းပို့ပေးတာဆိုတော့ ဘာပဲပြောပြော သီချင်းတစ်ပုဒ်ရေးဖို့ မြန်တယ်။ ဖန်တီးဖို့ အရမ်းမြန်တယ်။ တစ်ခုတွေးပြီဆိုရင် ၁၀ ခုလောက်ထွက်လာတယ်။ အဲ့တော့ အရမ်းမြန်တယ်။ ဒါပေမယ့် ခန္ဓာကိုယ်မှာ Energy မရှိတော့ဘူးဆိုရင် လည်နေတာ အဲ့နားမှာပဲ။ ရေးတာပဲအဖတ်တင်ပြီးဘာမှထွက်မလာတော့ဘူး။ အဲ့ဆိုးကျိုးက နောက်ပိုင်းကျရင်လည်း ကုန်သွားတာပါပဲ။ ဘာမှမလုပ်ရင်တော့ အကောင်းဆုံးပဲပေါ့။

သီချင်းရေးတဲ့အခါမှာလည်း ရေးပြီးရင် ကိုယ်ပြောချင်တာကို ဖော်ပြနိုင်လား မဖော်ပြနိုင်လား ပြန်စစ်ကြည့်တာတွေရှိလား။
ရှိတယ်။ ကျွန်တော် ဒုတိယအခွေထဲမှာ (ထွက်တော့ မထွက်သေးဘူးပေါ့) ။ အဲ့အခွေထဲက သီချင်းဆိုရင် အမေနဲ့ ပတ်သက်တဲ့သီချင်းရေးတာ၂၀၁၈ ကမှပြီးတယ်။ ဒဏ်ရာရရင် ချက်ချင်းမကျက်သလိုပေါ့။ အမာရွတ်ဖြစ်သွားမှ ဒါနဲ့ ပတ်သက်တဲ့ ဆိုးကျိုးကောင်းကျိုးကို ပြန်သုံးသပ်နိုင်တာပေါ့။ အတွေ့အကြုံပိုထွက်တယ်။ အချိန်နည်းနည်းကြာတော့မှ သီချင်းကို ပြန်ပြီး သုံးသပ်ဖြစ်တယ်။

သီချင်းရေးတဲ့အခါမှာ အရင်က ရေးတဲ့ပုံစံနဲ့ အခုနောက်ပိုင်း သီချင်းရေးတဲ့ပုံစံ ဘယ်လိုတွေကွာခြားမှုရှိလာလဲ။
အမေဆုံးတဲ့အချိန်မှာရေးတဲ့ သီချင်းက ထူးခြားတယ်။ မိဘမေတ္တာဘွဲ့တွေရေးရတာ ကျွန်တော့်အတွက် ပိုခက်ခဲတယ်။ ပိုကြာတယ်။ ဘဝအကြောင်းရေးတာ အဲ့လောက်မကြာဘူး။ အချစ်အကြောင်းဆိုရင်တော့ ချက်ချင်းထွက်တယ်။ ဒါပေမယ့် အခုကျတော့ အချစ်သီချင်းဆိုရင် မထွက်တော့ဘူး။ ဘဝအကြောင်းထွက်တယ်။ မိဘနဲ့ ပတ်သက်တဲ့ မေတ္တာတရားအကြောင်းတွေထွက်တယ်။

ဟန်နေတာက ဒီအလုပ်ကိုပဲ လုပ်မယ်လို့ ဆုံးဖြတ်ထားတာထင်တယ်။ ကြားထဲမှာလည်း ဘာမှမလုပ်ခဲ့ဘူးဆိုတော့ Clear As Real ဆိုသလို ကိုယ့်ရဲ့ ရည်မှန်းချက်ကိုပဲတစိုက်မတ်မတ် သွားနေတယ်လို့ပြောလို့ရလား။
ဟုတ်တယ်။ ဒါပေမယ့် ခြေကုပ်ဖို့အတွက် တခြားအလုပ်တွေ အများကြီးလုပ်ခဲ့ဖူးတယ်။ Decoration မျက်နှာကျက်ကပ်တာတွေ၊ CCTV Camera ဆင်တာတွေ လုပ်ခဲ့ဖူးတယ်။ တောက်တိုမယ်ရလုပ်ခဲ့ဖူးတာတွေလည်း အများကြီးရှိခဲ့တယ်။ အိမ်က အဲ့ဒါလုပ်မယ်ဆို ပြန်မလာနဲ့ ဆိုတော့ ဘယ်သူမှ အားကိုးလို့မရဘူး။ ကိုယ့်ဟာကိုယ်ပဲ အားကိုးနေရတယ်။ အဲ့တုန်းက အခုနဲ့ မတူဘူးပေါ့။ ကျွန်တော့် စိတ်ကို လွှတ်ပေးတာဆိုတော့ မသိစိတ်ထဲမှာတော့ Music လမ်းကြောင်းကို လျှောက်နေတာ ဟုတ်ရော ဟုတ်ရဲ့လားဆိုတဲ့ သံသယစိတ်တော့ ရှိခဲ့တယ် ။ သူကလည်း Drug လိုပဲ အရမ်းရူးသွပ်စေတယ်။ ထွက်လို့မရဘူး။ ပြင်းထန်လေလေထွက်လို့ မရလေလေဆိုတာကြောင့် ကျွန်တော်ထွက်လို့မရတော့တာပေါ့။

ကိုယ့်ကို ဝေဖန်တဲ့သူ တိုက်ခိုက်တဲ့သူတွေကို အောင်မြင်လာတဲ့အချိန်ကျရင် ပြန်ကလဲ့စားချေမယ်ဆိုတဲ့ စိတ်ရောရှိလား။
အဲ့လိုတော့ မရှိပါဘူး။ ငယ်ငယ်တုန်းကတော့ အဲ့လိုရှိတာပေါ့။ ကျွန်တော့်ရဲ့ အရင်က Bass သမားအဟောင်းပြောဖူးတယ်။ သူ့နာမည် မိုးဝေလို့ ခေါ်ပါတယ်။ သူက ဘဲကြီး ခင်ဗျားတစ်ခုခုခံစားနေရရင် မချေနဲ့၊ ကိုယ့်အစား လောကကြီးက ချေပေးသွားလိမ့်မယ်တဲ့။ ကိုယ့်ကို မနာလိုတဲ့သူပဲ ဖြစ်နေ ဖြစ်နေ၊ တိုက်ခိုက်တဲ့ သူပဲ ဖြစ်နေဖြစ်နေ ကျွန်တော်က ဘာမှမတုံ့ပြန်ဘူး။ ကျွန်တော်မတုံ့ပြန်လည်း လောကကြီးက သူ့ဘာသာသူတုံ့ပြန်သွားတာလို့ ထင်တယ်။ ကျွန်တော်အများကြီး တွေ့လာရတယ်။ ကျွန်တော့အစား တုံ့ပြန်မယ့်သူ တစ်ယောက်ပေါ်လာတယ်။

တကယ်လို့ ဟန်နေတာက ကမ္ဘာပေါ်မှာမရှိတော့ဘူးဆိုရင် လူ့လောက က လူတွေက ဟန်နေတာကို ဘယ်လိုပုံစံမျိုးနဲ့ မှတ်မိစေချင်လဲ။
ကျွန်တော်မရှိတော့ဘူးဆိုရင် ကျန်ခဲ့မှာကတော့ ကျွန်တော်ဖန်တီးထားတဲ့ သီချင်းတွေပဲပေါ့။ သီချင်းတွေ ပုံဖော် ရူးသွပ်နေတာတွေကို ချပြမယ်။ ကျွန်တော်ပန်းချီလည်း ဝါသနာပါတယ်ဆိုတော့ ပန်းချီဘက်လည်း ရောက်ရင်ရောက်သွားမှာပေါ့။ ကျွန်တော်လုပ်နိုင်သလောက်တော့ ချန်ခဲ့ပါမယ်လို့။

, ,

MODA TV 


Cover Stories

နုနယ်ပျိုမျစ်တဲ့ ဂီတအိပ်မက် မနက်ဖြန်များ Y3llo နဲ့ Amera Hpone

၂၀၁၉ ဂီတရေစီးကြောင်းတစ်ခုကို ပုံဖော်နေတဲ့ ဂီတမျိုးဆက်သစ်လူငယ်နှစ်ယောက်

by Min Chit Paing

September 20, 2019

မိုးလေကင်းလွတ်တဲ့ စက်တင်ဘာလ ရောက်ပြီဆိုတော့ ပွဲတော်ရာသီရောက်လာပြီလို့ ဆိုရမှာပေါ့။ Festival Season ရောက်လာပြီဆိုရင် လူငယ်တွေကတော့ ဂီတပွဲတော်တွေမှာ ပါဝင်ဆင်နွှဲဖို့ ကြိုတင်ပြင်နေကြပြီလေ။ လူငယ်တွေက လာမယ့် ဂီတပွဲတော်တွေအတွက် ပြင်ဆင်ရင်ခုန်နေချိန်မှာ ၂၀၁၉ ဂီတရေစီးကြောင်းတစ်ခုကို ပုံဖော်နေတဲ့ ဂီတမျိုးဆက်သစ်လူငယ်နှစ်ယောက်ကို စက်တင်ဘာလရဲ့ MODA Cover Stars တွေအဖြစ် ကျွန်တော်တို့ ရွေးချယ်ခဲ့တယ်။ သူတို့နှစ်ယောက်ကတော့ လူငယ်ပရိသတ်တွေရဲ့ သဲသဲလှုပ် အားပေးခြင်းကိုခံနေရတဲ့ Yellow နှင့် Amara Hpone တို့ပဲဖြစ်ပါတယ်။


Y3LLO

Die-Hard fans တွေနဲ့ ပရိသတ်အသစ်တွေက နောက်ပွဲတွေမှာ ဘယ်လို Performance တွေကို တွေ့ရလိမ့်မလဲ။

ကျွန်တော်က သီချင်းသစ်တွေ အမြဲလုပ်ဖြစ်နေတာကြောင့် Remix အသစ်တွေ၊ Flip အသစ်တွေ၊ Mix up အသစ်တွေကို နားထောင်ရမှာပါ။

ဒီ ၂၀၁၉ မှာတွေ့ရတဲ့ နိုင်ငံတကာ Electronic Music ကိုဘယ်လိုထင်လဲ။

တော်တော်လေးကို Grow ဖြစ်လာတယ်လို့မြင်ပါတယ်။ Genre တွေလည်း အများကြီးကွဲပြားလာပြီး Subgenre တွေလည်း အများကြီးထွက်လာတယ်။

အခုအချိန်မှာ ဘယ်လိုပုံစံမျိုးကို ဖန်တီးရတာကြိုက်လဲ။

ကျွန်တော်က ဒီပုံစံမျိုးပဲလုပ်မယ်ဆိုပြီး ဘောင်ခတ်ထားတာတော့ မရှိဘူး။ ကိုယ်စိတ်က လုပ်ချင်လာပြီဆို ကောက်လုပ်လိုက်တာပဲ။

တခြားအနုပညာရှင်တွေနဲ့ တွဲလုပ်ခဲ့တဲ့ Collaboration တွေထဲကမှ ကိုယ့်ကို လူတွေ သတိထားမိစေတဲ့ တစ်ခုက ဘာများဖြစ်မလဲ။

အခုနောက်ဆုံးထွက်ထားတဲ့ Coffee အေး ရှိတယ်။ အဲဒီသီချင်းက ဘန်နီဖြိုးနဲ့ လုပ်ထားတဲ့ သီချင်းပါ။

အဲဒီ Collaboration တွေနဲ့ ပတ်သက်ပြီး ပရိသတ်တွေက ဘယ်လို တုန့်ပြန်ကြလဲ။

အများစုကတော့ ဒီသီချင်းကို ကြိုက်ကြတယ်။

Dream Collaboration ဆိုဘယ်သူများဖြစ်မလဲ။

International မှာဆို DJ Snake တို့လို musician တွေနဲ့တွဲလုပ်ချင်တယ်။ မြန်မာပြည်မှာဆိုရင်တော့ စိုင်းစိုင်းခမ်းလှိုင်နဲ့ လုပ်ချင်တယ်။ ကိုစိုင်းနဲ့ က လုပ်ဖို့ပြောတော့မပြောရသေးဘူး။ ဒါပေမယ့် လုပ်ချင်တယ်။

အခု Amara phone နဲ့ လုပ်ထားတဲ့ Collaboration မှာရော ဘယ်လိုပုံစံတွေနားရလိမ့်မလဲ။

သူနဲ့က Talk about us နဲ့ Sorry ဆိုတဲ့ သီချင်းနှစ်ပုဒ် လုပ်ဖူးတယ်။ နောက်ထပ် တစ်ပုဒ် အခုလုပ်နေတယ်။ သူက သီချင်းမထွက်တာလည်းကြာပြီဆိုတော့ Taste ကိုလုံးဝ အသစ်ဖြစ်အောင်ပြောင်းထားတယ်။ အခုနောက်ဆုံးထွက် Let me in ဆိုတော်တော်လေးကောင်းတယ်။ အဆင့်မီတယ်လို့ပြောရမှာပေါ့။ ကျွန်တော်လည်း အဲလိုမျိုး အဆင့်မီတဲ့ ပုံစံတွေကို လုပ်သွားဦးမှာပါ။

ကြုံခဲ့သမျှထဲမှာ အကောင်းဆုံး Music festival တစ်ခုက ဘယ်တစ်ခုဖြစ်မလဲ။

ကျွန်တော်ဖျော်ဖြေခဲ့တဲ့ အထဲက ပရိသတ်အများဆုံးဖြစ်တဲ့ Myanmar Premium Countdown ကို အကြိုက်ဆုံးပဲ။ ကိုယ်တိုင်လည်း သိပ်ပျော်ခဲ့ရသလို သောင်းနဲ့ချီပြီးလာတဲ့ လူတွေကလည်း သိပ်ပျော်ခဲ့မှာ သေချာတယ်။

ကိုယ့်ကိုယ်ကိုယ် လူကြီးတစ်ယောက်လို့ ခံယူထားပြီလား။

လူကြီးတစ်ယောက်လိုတော့ ကိုယ့်ကိုယ်ကိုယ် မမှတ်ယူထားသေးဘူး။ အသက်က ၁၉ နှစ်ပဲရှိသေးတယ်လေ။ ကိုယ့်ကိုယ်ကိုယ် လူကြီးတစ်ယောက်လို့ ခံယူလိုက်ပေမယ့် ပြန်တွေးကြည့်လိုက်ရင် ငါလူကြီးတစ်ယောက် မဟုတ်သေးပါဘူးဆိုပြီး တွေးမိတယ်။

ကိုယ့်စိတ်ကူးထဲက Relationship ပုံစံမျိုးက ဘာဖြစ်မလဲ။

Relationship ဆိုပြီး တစ်ခါမှ မစဉ်းစားကြည့်ဖူးသေးဘူး။ နောက်တော့လည်း သူအလိုလို နားလည်ပြီး အဆင်ပြေလာလိမ့်မယ်လို့ ထင်ပါတယ်။ ဒီ Relationship ဆိုတဲ့ အဓိပ္ပာယ်က ရည်းစားရယ်မှ မဟုတ်ပါဘူး။ မိဘတွေ၊ မိသားစုကြားမှာလည်း ရှိတယ်။ သူငယ်ချင်းတွေကြားမှာလည်း ဒီ Relationship ဆိုတာကြီးက ရှိနေတာပဲ။ အရေးကြီးတာက အချင်းချင်းနားလည်မှု ရှိဖို့လိုတယ်လို့ ထင်ပါတယ်။

စိတ်ကူးထဲမှာ ပုံဖော်ထားတဲ့ Girlfriend ပုံစံက။

အဲလိုမျိုး တစ်ခါမှ မတွေးမိဘူး။

စိတ်ကူးယဉ်ထားတဲ့ Romatic dating ကရော။

Travel Dating ၊ သိပ်လှတဲ့ နေရာတွေဆီ ခရီးအတူတူထွက်ချင်တယ်။

AMERA HPONE

အမရာရဲ့ Music ပုံစံကို ဘာလိုဖော်ပြချင်လဲ။

ညီမရဲ့ Music ပုံစံကတော့ Boundary မရှိဘူး။ ညီမရဲ့ Mood နဲ့လိုက်ပြီး ဖန်တီးချင်တာကို ဖန်တီးဖြစ်တယ်။ ဒါပေမယ့် R&B နဲ့ Pop ပုံစံလေးတွေကို ဆိုရတာကြိုက်တယ်။ ပြီးတော့ ဆွေးသီချင်းတွေထက် ပျော်စရာတွေကို ဖွဲ့ထားတဲ့ သီချင်းမျိုးကို ဆိုရတာ ပိုကြိုက်တယ်။ Happy ဖြစ်ပြီး Active ဖြစ်တဲ့ ပုံစံလေးတွေပေါ့။ နားထောင်ရင်တော့ Genre အစုံနားထောင်ဖြစ်ပါတယ်။

Franzo ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်ရတဲ့ အပေါ်မှာ pressure လိုမျိုး ခံစားခဲ့ရတာတွေရှိလား။

အစစချင်းမှာတော့ ရှိခဲ့ပါတယ်။ ကိုစိုင်းရဲ့ ပရိသတ်တွေကလည်း အရမ်းများသလို တခြား အဖွဲ့ဝင်တစ်ယောက်ချင်းစီမှာလည်း ပရိသတ်တွေ အများကြီးရှိတော့ စောင့်ကြည့်မယ့် ပရိသတ်တွေအများကြီးရှိပါလားဆိုပြီး Pressure လိုမျိုးခံစားခဲ့ရဖူးတယ်။ ဒါပေမယ့် Franzo Member တွေဆီကနေလာတဲ့ Pressure တော့မရှိခဲ့ဘူး။ မောင်နှမတွေလိုပဲ ခင်ခင်မင်မင်နဲ့ ဖေးမကူညီကြပါတယ်။

အမရာရဲ့ ပထမဆုံး Solo Album ကို ဘယ်တော့နားဆင်ရမလဲ။

အဲဒီမေးခွန်းနဲ့ ပတ်သက်ပြီး ဖြေရတာလည်း Psycho လိုမျိုးတောင်ဖြစ်တော့မယ်။ ဒီလထွက်မယ်၊ ဟိုလထွက်မယ်ဆိုပြီး အမြဲတမ်းဖြေခဲ့ပေမယ့် ဖြေပြီးတိုင်းမှာ တစ်ခုမဟုတ်တစ်ခု ပြင်ချင်လာတယ်။ အဲလိုပြင်လိုက်တော့ ခွေကမပြီးတော့ဘဲနဲ့ မထွက်ဖြစ်ခဲ့တာပါ။ သီချင်းတွေက အကုန်လုံးပြီးနေပြီဆိုတော့ ဒီနှစ်အတွင်းထွက်မှာကတော့ သေချာပါတယ်။ နှစ်နှစ်လောက်ကို ကြိုတင်ပြင်ဆင်ပြီး 100% အားစိုက်ထားတော့ ပရိသတ်တွေအတွက် အကောင်းဆုံးတွေဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

အမရာရဲ့ Solo က မတရားပေါက်သွားပြီး နေရာတိုင်းမှာ အမရာ့ သီချင်းပဲ ကြားနေရတော့မယ်ဆိုရင် ဘယ်လိုမျိုးခံစားရလိမ့်မလဲ။

သေချာတာကတော့ သိပ်ကို ပျော်မှာပဲ။ ပြောပြမတတ်လောက်အောင်ကို ပျော်မှာပါ။

အမရာ လုပ်ခဲ့သမျှထဲမှာ သဘောအကျဆုံး ဖန်တီးမှု တစ်ခုက ဘာများဖြစ်မလဲ။

စိတ်တိုင်းကျဆုံး ဆိုရင် အခုနောက်ဆုံး ရိုက်ထားတဲ့ “Let me in” music video လေးပါ။ အစကနေ အဆုံးအထိ ညီမကိုယ်တိုင် လုပ်ချင်တာတွေကို ညီမစိတ်ကြိုက် ကိုယ်တိုင်ပါဝင်လုပ်ခဲ့တဲ့ ဖန်တီးမှုလေးတစ်ခုပါ။ အဲဒီထဲမှာပါတဲ့ Fake Cake ၊ Luuk နဲ့ ညီမတို့ ကိုယ်တိုင် တီဗီတွေသယ်၊ ရေဆေး၊ နေရာချလုပ်ခဲ့တဲ့ အထိ အသေးစိတ် လုပ်ခဲ့တယ်ဆိုတော့ သဘောအကျဆုံး တစ်ခုလို့ ပြောလို့ရတယ်။

အဲဒီ Music video idea လေးက ဘယ်လိုရခဲ့လဲ။

အဲဒီထဲမှာ အရမ်းရီရတာ တစ်ခုရှိတယ်။ ရေချိုးကန်ထဲမှာ ပုလဲလုံးလေးတွေထည့်ပြီး ရိုက်တဲ့အခန်းက အိပ်မက်ထဲကနေရတာ။ ဘယ်လိုရိုက်ရမလဲ၊ ဘယ်လိုဆန်းသစ်ရမလဲ ဆိုပြီး စဉ်းစားရလို့ ခေါင်းထဲမှာစွဲနေပြီး အိပ်မက်ထဲအထိပါသွားတာ ထင်ပါတယ်။ မနက် နိုးနိုးချင်းပဲ အဲဒါလေးကို ထည့်ရိုက်ရမှာပဲဆိုပြီး မေ့သွားမှာစိုးလို့ ချပြီးတောင် ရေးထားလိုက်တယ်။ ပြီးတော့ သုံးယောက်လုံး တိုင်ပင်စဉ်းစားပြီး ဖန်တီးခဲ့တာပါ။

ကာဗာတွေဆိုနေတဲ့ ကောင်မလေးတစ်ယောက်ကနေ အခုလို စီနီယာတွေနဲ့ အတူဖျော်ဖြေနေရတဲ့ အနုပညာရှင်တစ်ယောက်အဖြစ် ဘယ်လိုမျိုးပြောင်းလဲခဲ့လဲ။

အများကြီးပြောင်းလဲခဲ့တယ်။ လူတွေအများကြီးနဲ့လည်း တွေ့လာရတယ်။ ပရိုဂျူဇာ လူငယ်တွေနဲ့လည်း ကြုံခဲ့ရသလို ကိုယ့်နဲ့ အရွယ်တူ သိပ်တော်တဲ့သူတွေနဲ့ တွေ့လာတော့ သူတို့ကိုကြည့်ပြီး ကိုယ်ပါ Motivate ဖြစ်ပြီး ပိုပြီးလုပ်နိုင်လာတယ်။

တစ်ချို့ပရိတ်သတ်တွေက ညီမကို Cover တွေဆိုတာထက် ကိုယ်ပိုင်သီချင်းတွေ ပိုဆိုစေချင်တယ်။ အဲဒီအပေါ်မှာရော ဘယ်လိုတုန့်ပြန်ချင်လဲ။

အရင်တုန်းကတော့ အပျော်ဆိုတော့ Cover တွေပဲတင်တာပေါ့နော်။ အခုက သီချင်းဆိုတာကို Professional လုပ်ရတာဖြစ်တဲ့ အတွက် Cover တွေသိပ်မဆိုဖြစ်တော့ဘူး။ ပရိသတ်တွေနဲ့ အဆက်သွယ်ပြတ်နေပြီး သူတို့နဲ့ Engage လုပ်ချင်တဲ့ အချိန်မျိုးမှာပဲ Cover တွေပြန်ဆိုဖြစ်တော့တယ်။ ပြီးတော့ ညီမလက်ထဲမှာ သီချင်းတွေက အများကြီးရှိတယ်။ ပရိသတ်တွေကိုလည်း သိပ်ပြချင်နေပါပြီ။ ဒါပေမယ့် ညီမက Production နဲ့ အလုပ်လုပ်တာဆိုတော့ ကိုယ့်သဘောနဲ့ ကိုယ်လုပ်လို့တော့ မရဘူးပေါ့။ ဒါပေမယ့် အခုလောလောဆယ် Cherry FM မှာ အသစ်တစ်ပုဒ်ထွက်မယ်။ ညီမတစ်ယောက်ထဲ ဆိုထားတဲ့ အဆွေးသီချင်းလေးပါ။ နောက်တစ်ပုဒ်ကတော့ G Fatt ရဲ့ သီချင်းကို ညီမ Feature ဝင်ဆိုထားတယ်။

ကိုယ့်စိတ်ကူးထဲက Relationship ပုံစံမျိုးက ဘာဖြစ်မလဲ။

ရည်းစားဆိုပေမယ့်လည်း Best Friend လိုမျိုး နားလည်မှုရှိတာကို သဘောကျတယ်။ တစ်ယောက်ကို တစ်ယောာက်လည်း Support လုပ်ပေးနိုင်ရမယ်။

စိတ်ကူးယဉ်ထားတဲ့ Romatic dating ကရော။

ရုပ်ရှင်ထဲကလို ကားလျှောက်မောင်းပြီး Road Trip လိုမျိုးအတူတူ သွားချင်တယ်။ ပြီးတော့ ညဘက်ကြီးတောင်ပေါ်ကိုတက်ပြီး တစ်မြို့လုံးကို မြင်ရတဲ့ အပေါ်စီးမြင်ကွင်းတစ်ခုကို အတူတူကြည့်ချင်တယ်။ ကြယ်လိုက်လေးတွေကြည့်လိုက်၊ ဂီတာတီး၊ သီချင်းတွေဆိုပြီး အချိန်တွေကို အတူတူကုန်ဆုံးချင်တယ်။

တကယ်ပဲ အဲလိုမျိုးဖြစ်နိုင်မယ်ထင်လား။

အခုလောလောဆယ်တော့ မဖြစ်နိုင်သေးဘူး။ ဒါပေမယ့် ဖြစ်အောင်တော့ လုပ်မယ်။

 


Cover Stories

Yun Waddy Lwin Moe ရဲ့ အကောင်းမြင်ခြင်း အနုပညာ

သူမရဲ့ အဝိုင်းအဝန်း မှာရော သူမရဲ့ ကိုယ်ပိုင် ဖြစ်တည်မှု၊ ရွေးချယ်မှု၊ ရပ်တည်မှုတွေမှာပါ အကောင်းမြင်ပြီး ခိုင်လုံတဲ့ အကြောင်းပြချက်တွေ ရှိနေတဲ့ ယွန်းဝတီလွင်မိုး

by Min Chit Paing

August 17, 2019

“ဖန်ခွက်တစ်ခွက်ကို လူ့တစ်ယောက်က ပေါက်ခွဲလိုက်တဲ့ ဖြစ်ရပ်မှာ ဖန်ခွက်ရဲ့ ထိရှကွဲအက်လွယ်တဲ့ ဖြစ်တည်မှုရှိလို့ ကွဲတာက အမှားလား။ ခွဲတဲ့လူ့ကြောင့် ကွဲတာက အမှားလား။ အဲဒီ အဖြေကိုသာ အကောင်းဆုံး ရှာဖွေနိုင်ရင် အခုမေးတဲ့ မေးခွန်းကိုလည်း အဖြေရှာနိုင်မယ်လို့ထင်တယ်။” ဒီနေ့တွေမှာ ဆူညံပွက်လောရိုက်နေ့တဲ့ မတရားမှုတွေမှာ ခံရနိုင်တဲ့သူတွေ၊ အထူးသဖြင့် မိန်းကလေးတွေကပဲ အနေအထိုင်၊ အဝတ်အစား ဆင်ခြင်ရမှာလား၊ ကျူးလွန်သူတွေ အနေနဲ့ ဘယ်တော့မှ မပြုလုပ်မိအောင် အသိပညာပေးရမှာလား ဆိုတဲ့မေးခွန်းကို အထက်ပါ စကားတွေအတိုင်း သူမ တုန့်ပြန်ခဲ့ပါတယ်။ သူမကတော့ သမီးတစ်ယောက်၊ အမေတစ်ယောက်၊ အစ်မတစ်ယောက်၊ အမျိုးသမီးတစ်ယောက်၊ ခေးလို့ ချစ်စနိုးခေါ်ပြီး ပရိသတ်တွေ သဲသဲလှုပ် ချစ်ကြတဲ့ အနုပညာရှင် ယွန်းဝတီလွင်မိုး ဖြစ်ပါတယ်။ သူမရဲ့ အဝိုင်းအဝန်း မှာရော သူမရဲ့ ကိုယ်ပိုင် ဖြစ်တည်မှု၊ ရွေးချယ်မှု၊ ရပ်တည်မှုတွေမှာပါ အကောင်းမြင်ပြီး ခိုင်လုံတဲ့ အကြောင်းပြချက်တွေ ရှိနေတဲ့ ယွန်းဝတီလွင်မိုးကို ဒီလရဲ့ MODA Cover Star အဖြစ်ရွေးချယ်ပြီး တွေ့ဆုံ မေးမြန်းဖြစ်ခဲ့တော့တယ်။

Melbourne နဲ့ Yangon ရဲ့ Lifestyle တွေမှာ ဘာတွေကွာခြားလဲ။ ဘယ်မှာနေရတာကြိုက်လဲ။

သိသိသာသာ ကွာခြားတာက ရာသီဥတု။ Melbourne မှာအရမ်းအေးပြီး ခြောက်ခြောက်ကပ်ကပ်ကြီးဖြစ်တယ်။ Yangon မှာက Humidity များပြီးတော့ပူတယ်။ ပြီးတော့ လူတွေကွာတယ်။ ဟိုမှာရှိတဲ့ လူတွေက ဘာမဆို Positive အရမ်းဖြစ်တယ်။ Professional ဆန်တယ်။ ရန်ကုန်ကျတော့ မြို့လေးက ကျဉ်းကျဉ်းလေးဆိုတော့ အားလုံးက အချင်းချင်း သိနေကြတယ်။ Small world လေးလိုဖြစ်ပြီး အကုန်လုံးက မိသားစုလိုဖြစ်တယ်။ ဘယ်မှာ နေရတာကြိုက်လဲဆိုတော့ တစ်ခုတစ်မျိုးပေါ့နော်။ ဒီမှာက မိသားစုလည်း ရှိပြီးသား၊ သူငယ်ချင်းတွေ အသိမိတ်ဆွေတွေလည်း ရှိတော့ ပိုသင့်တောင့်သက်သာ ဖြစ်တယ်။ ဟိုမှာက နေစရိတ်က ဈေးကြီးပေမယ့် နေထိုင်တဲ့သူတွေကို အစစအရာရာ အဆင်ပြေအောင်လုပ်ပေးထားတော့ Convenience ပိုဖြစ်တယ်။ ပြီးတော့ ကိုယ့်ဟာကိုယ် အစစအရာရာ အကုန်လုပ်ရတယ်ဆိုတော့ ပိုရုန်းကန် ရတာပေါ့နော်။

အခုလောလောဆယ် ခေးက သရုပ်ဆောင်၊မော်ဒယ်။ နောက်ပိုင်းမှာရော Career ပြောင်းသွားဖို့ရှိလား။

ကိုယ်ပိုင် ကုမ္ပဏီတစ်ခုထောင်ဖို့ ရည်ရွယ်ထားတယ်။ ကိုယ့်နာမည်နဲ့ ကိုယ့် Label နဲ့ လုပ်ငန်းတစ်ခုပေါ့နော်။ အဲဒါက ကိုယ်အတွေ့အကြုံရှိတဲ့ မိတ်ကပ်ပဲဖြစ်ဖြစ်၊ ဖက်ရှင်ပဲဖြစ်ဖြစ် တစ်ခုခုထုတ်ပါမယ်။

ခေးရဲ့ စတိုင် ဘယ်လိုမျိုးလဲ။

Comfortable ဖြစ်တဲ့ စတိုင်ပါ။ ရိုးရိုးရှင်းရှင်းလေးတွေ ကြိုက်တယ်။ Comfort ဖြစ်တဲ့ စတိုင်ကိုမှ Elegant ဖြစ်တဲ့ ဟန်လေးရောထားတာမျိုးပေါ့။

သဘောကျတဲ့ ဖက်ရှင်၊ အရောင် နဲ့ Accessories ဆိုရင်ရော။

ကိုယ့် Personality နဲ့လိုက်တဲ့ ပုံစံမျိုးကိုကြိုက်တယ်။ ကိုယ့်ကို Classic ဖြစ်စေတဲ့ ဝတ်စုံမျိုးပေါ့။ ခေးက Brand တွေမဟုတ်လည်း ကိုယ့်ပုံစံ၊ ကိုယ် Mood နဲ့အတူ Positive အသွင်ပြင်တစ်ခုပေါ်ပြီး ကိုယ်နဲ့ တသားတည်းကျနေတဲ့ Outfit မျိုးကို သဘောကျတယ်။ သူ့ကို ကြည့်လိုက်တာနဲ့ အရမ်းကြီးနေရခက်နေတယ်ဆိုတဲ့ အတွေးမျိုးကို မဖြစ်စေဘဲ သူ့ဝတ်စုံက သူ့ကို Confident ဖြစ်စေပြီး Comfort ဖြစ်စေတဲ့ ဝတ်စုံမျိုးကိုသဘောကျတယ်။ Rose Gold ကတော့ အကြိုက်ဆုံး အရောင်ပါ။ Accessories ထဲဆိုရင် Jewelry ကိုကြိုက်တယ်။ အခုချိန်မှာ ကိုယ်က အလုပ်လုပ်တဲ့ အရွယ်လည်း ရောက်လာပြီး Jewelry လေးတွေလည်း စစုနေပြီဆိုတော့ လက်စွပ်တို့ ၊ ဆွဲကြိုးတို့ကိုကြိုက်တယ်။ နာရီကတော့ သိပ်ဝတ်လေ့မရှိပေမယ့် လက်ကောက်လေးတွေတော့ ဝတ်ဖြစ်ပါတယ်။

မိတ်ကပ်ဆို ဘယ်လိုပုံစံမျိုးကိုသဘောကျလဲ။

မိတ်ကပ် လုံးဝ မပါသလိုမျိုး ပြင်ထားတဲ့ မိတ်ကပ်စတိုင်ကို ကြိုက်တယ်။ Very Neutral ၊ Gym ကစားပြီးရင် သွေးတွေနွေးပြီး ပါးကလေး ပန်းရောင်သန်းသွားတဲ့ ပုံစံမျိုးလေးတွေ၊ Nude အရောင်လေးတွေက ခေး ကြိုက်တဲ့ အရောင်တွေပေါ့။ Crazy Color လေးတွေကိုတော့ သိပ်မသုံးဖြစ်ဘူး။

Cosmetics Product တွေအများကြီးထဲမှာမှ မဖြစ်မနေ ရွေးရမယ်ဆို ဘာကိုရွေးမလဲ။

Mascara ကိုပဲရွေးမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ လူတွေက စကားပြောရင် နှုတ်ခမ်းတို့ တခြားမျက်နှာ အစိတ်အပိုင်းတွေကို ကြည့်ပြီး စကားပြောကြတာ မဟုတ်ဘူးလေ။ မျက်လုံး အချင်းချင်းကြည့်ပြီး စကားပြောကြတာ။ အဲဒါကြောင့် လူတစ်ယောက်ရဲ့ မျက်လုံးတွေက အရမ်းကို အရေးကြီးတယ်လို့ ထင်ပါတယ်။ Mascara မသုံးဖြစ်ရင်တောင်၊ မျက်တောင်လေးတွေတော့ ကော့တယ်။

သဘောကျတဲ့ ရုပ်ရှင်၊ စာအုပ် နဲ့ သီချင်း တွေအကြောင်းလည်း ပြောပြပါဦး။

သင်ခန်းစာ တစ်ခုခု ယူလို့ရမယ့် ရုပ်ရှင်မျိုးကို ကြိုက်တယ်။ စာအုပ်ဆိုတာ ကိုယ့် Imagination နဲ့ ဆိုင်တယ်ပေါ့နော်။ အဲဒီတော့ အခု လက်ရှိကမ္ဘာကနေ နောက်ကမ္ဘာတစ်ခုထဲကို ခဏတဖြုတ်ကူးဝင်သွားသလိုမျိုး အရမ်းကို Adventure ဖြစ်တဲ့ ဇာတ်လမ်းတွေ၊ Fantasy တွေကို ကြိုက်တယ်။ သီချင်းတွေကတော့ ကိုယ့်လက်ရှိ Mood နဲ့ ခံစားချက်တွေ အပေါ်မူတည်တယ်ဆိုတော့ အကုန်လုံးကို နားထောင်ဖြစ်တယ်။

ခေးရဲ့ Personality ကို ဘယ်လိုမျိုး ဖော်ပြချင်လဲ။

ခေးက ခေးချစ်ရတဲ့သူတွေနဲ့ ခေးကိုချစ်တဲ့သူတွေကြား နေရာတာကို လိုလားတယ်။ Positive ဖြစ်တဲ့ Personality ကိုကြိုက်တယ်။ ခေးဘေးနားမှာရှိတဲ့လူတွေကိုလည်း ခေးက ပျော်အောင်ထားချင်တယ်။

ကိုယ့်ကိုယ်ကိုယ် ဘယ်လို အနုပညာရှင်မျိုးလို သတ်မှတ်ထားလဲ။

အနုပညာရှင်တစ်ယောက်ဆိုတာထက် ခေးက အခု မိဘတစ်ယောက်ဖြစ်သွားပြီ။ သမီးတစ်ယောက်၊ အစ်မတစ်ယောက်၊ အမျိုးသမီးတစ်ယောက်လို့ သတ်မှတ်ထားတယ်။ အနုပညာလောကထဲက မောင်နှမတွေကိုလည်း မိသားစုလို သဘောထားတယ်။

သားသမီး ဖြစ်ရတာနဲ့ ၊ မိဘဖြစ်ရတာ ဘာတွေကွာလဲ။ ဘယ်ဘဝကို ပိုကြိုက်လဲ။

သားသမီးအဖြစ် ရှင်သန်ရတာက လွယ်လွန်းသလို မိဘကို ဒုက္ခပေးဖို့လည်း လွယ်တယ်။ မိဘဖြစ်ရတာက ခက်တယ်။ ဒါပေမယ့် သားသမီးကို စောင့်ရှောက်ကြည့်ရှုရတဲ့ ခံစားချက်က သိပ်ကို ကြည်နူးဖို့ကောင်းပြီး ဘယ်တော့ ပျောက်ပျက်သွားမှာ မဟုတ်တဲ့ ခံစားချက်မျိုးဖြစ်တယ်။ တစ်ဘဝလုံး ရင်ဆိုင်ရမယ့် ခံစားချက်မျိုးပေါ့။ ရွေးချယ်ခွင့်ရခဲ့မယ်ဆိုရင် မိဘဖြစ်ရတဲ့ ခံစားချက်မျိုးကိုပဲ ရွေးချယ်ချင်တယ်။ ကလေးတစ်ယောက်ရှိလာပြီဆို ကလေးကို စိတ်ပူတဲ့စိတ်၊ ချစ်ရတဲ့စိတ် ၊ ကလေး နေထိုင်မကောင်းရင် ပူပန်ပြီး ဝမ်းနည်းရတဲ့စိတ် အဲဒါတွေက တခြားလူတစ်ယောက်အမြင်မှာဆိုရင် Negative feeling နဲ့ အတွေ့အကြုံတွေဖြစ်ပေမယ့် မိဘတစ်ယောက် ဖြစ်နေတဲ့ ခေးကတော့ အဲဒီ ခံစားချက်တွေကို သဘောကျတယ်။

သားလေးကို ဘယ်လိုလူမျိုးဖြစ်စေချင်လဲ။

သားလေးကို ပညာတတ်ကြီး ဖြစ်စေချင်တယ်။ ကိုယ်ချင်းစာစိတ် ရှိတဲ့သူ၊ ကြင်နာတတ်တဲ့သူ၊ မှန်ကန်တဲ့ လမ်းကိုလည်း ရွေးချယ်တတ်တဲ့သူ ဖြစ်စေချင်ပါတယ်။

သူကြီးလာရင် ဘယ်လို Professional မျိုးရွေးချယ်ဖို့ မျော်လင့်လဲ။

အခုက အရာရာတိုင်းမှာ သူတို့နဲ့ သက်ဆိုင်ရာ အလုပ်တွေရှိတယ်လေ။ ကိုယ်စိတ်ဝင်စားရာ လိုင်းတိုင်းမှာ Profession Job တွေက ရှိတဲ့အတွက် ကိုယ်ကတော့ မင်းသားကြီး ဖြစ်စေချင်တယ်လည်း မဟုတ်ဘူး။ လုပ်ငန်းရှင်ကြီး ဖြစ်စေချင်တယ်လည်း မဟုတ်ဘူး။ လူအများစုကို အကျိုးရှိစေမယ့်အလုပ်၊ ကိုယ့်တိုင်စိတ်ချမ်းသာပြီး၊ မိဘလည်း စိတ်ချမ်းသာမယ့် အလုပ်မျိုး လုပ်တဲ့ သူဖြစ်စေချင်တယ်။

ပန်းချီဆွဲတာက ခေးအတွက် ဘယ်လောက်အထိ အရေးပါလဲ။

အနုပညာဖန်တီးမှုတစ်ခု ဖြစ်တဲ့ ပန်းချီက ကိုယ့် Feeling ၊ Emotion နဲ့ ဘယ်လိုအဆက်စပ်ရှိလဲ ဆိုတာတွေကို ဖော်ပြနိုင်တယ်။ ပန်းချီတစ်ခုကို တွေ့လိုက်ပြီဆိုရင် အဲဒီပန်းချီဆရာရဲ့ Emotion ၊ Handwriting ၊ အယူအဆ တွေကို စိတ်ဝင်စားတယ်။ ပန်းချီဆွဲဖို့ ဆိုတာက အချိန်ပေးမှရတာ ငါအားမှ ပန်းချီဆွဲမယ်ဆိုတာက လုံးဝ မဖြစ်နိုင်ဘူး။ ခေး ကြိုးစားကြည့်ဖူးတဲ့ ဘယ်တော့မှ မရဘူး။ ဒီတစ်ပတ်လုံးကို ပန်ချီဆွဲမယ် ဆိုပြီး အချိန်ပေးမှသာ ဆွဲဖြစ်မှာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ပန်ချီဆွဲနေရင် အနှောက်အယှက်ရှိလို့ မရဘူး။ တိတ်ဆိတ်နေမှ ရတာပါ။ အဓိကကတော့ ပန်းချီဆွဲဖို့ဆိုရင် အချိန်ပေးရမယ်၊ ဆိပ်ငြိမ်ပြီး အေးချမ်းတဲ့ ပတ်ဝန်းကျင်တစ်ခုဖြစ်ဖို့လိုပါတယ်။

ဘယ်လိုပုံစံမျိုးတွေကို ဆွဲရတာကြိုက်လဲ။

ခေးက လူပုံ Portrait ထက်စာရင် သဘာဝထဲက တခြားရှင်သန်နေတဲ့ အရာလေးတွေကို ဆွဲရတာကြိုက်ပါတယ်။ ပန်းပွင့်လေးတွေ၊ သစ်သီးလေးတွေ၊ အပင်တွေ၊ တိရိစ္ဆာန်လေးတွေ၊ Scenery လေးတွေဆွဲရတာကြိုက်တယ်။

ဘာဖြစ်လို့ အဲဒါတွေကို ဆွဲဖြစ်တာလဲ။

အမေကလည်း ငယ်ငယ်ကတည်းက ပန်းချီဆွဲတယ်။ အဖေကလည်း နည်းနည်းပါးဆွဲသလို ဓာတ်ပုံလည်း ရိုက်တယ်လေ။ အဲလိုဆိုတော့ ခေးလည်း သူတို့ဆီက တဆင့် စိတ်ဝင်စားပြီး ဆွဲချင်သွားတယ်။ အထက်တန်းကျောင်းတက်တော့ ပန်ချီသင်တန်းတွေ တက်ခဲ့တယ်။ နိုင်ငံခြား ကျောင်းသွားတက်တော့လည်း ပန်ချီးအတန်းကို ယူခဲ့တော့ အချိန်ပေးပြီး ဆွဲဖြစ်သွားတယ်။ ခေးက အသက်ဝင်တဲ့ အရာဆို ပိုပြီး စိတ်ဝင်တစား ဆွဲချင်တယ်။ ပန်းချီတစ်ခု ဆွဲဖို့ဆို မျက်စိက စွဲလမ်းမှရတာ။ အဲဒီလို စိမ်းစိုတဲ့အရာတွေ၊ သဘာဝထဲက ရှင်သန်မှုတွေကို ပိုစွဲလမ်းတယ်။

သဘောကျတဲ့ အမျိုးသမီး အနုပညာရှင်တွေရှိလား။

Chrissy Teigen ကိုကြိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ နာမည်ကြီးပေမယ့် အမှန်တရားကို အမြဲပွင့်ပွင့်လင်းလင်း ပြောတယ်။ မိသားစုကို ချစ်ခင်တတ်တယ်။ သူ့ပုံတွေကို ကြည့်လိုက်ရင် ပျော်စရာကောင်းတဲ့ Family Life နဲ့ Honest ဖြစ်တဲ့ Lifestyle လေးရှိလို့ ကြိုက်ပါတယ်။

အနုပညာဖန်တီးမှုနဲ့ နယ်ပယ်မှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို ဘယ်လိုမြင်လဲ။

အရင်ခေတ်ကဆို အဲလိုဖန်တီးမှု အနုပညာနယ်ပယ်မှာ အမျိုးသမီးတွေရဲ့ အနုပညာ ဆိုပြီး ခွဲထုတ်ထားလေ့ရှိတယ်။ အခုခေတ်ကတော့ အဲလို မဟုတ်တော့ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ Feminism ၊ LGBT စသဖြင့် Gender Issue အကြောင်းတွေပြောနေတဲ့ ခေတ်မှာ အဲလို ခွဲခြားပြောနေဖို့ မလိုတော့ဘူးလို့ ခေးထင်တယ်။ အခုချိန်မှာတော့ မိန်းကလေး အများစုလုပ်တဲ့ အလုပ်တွေမှာလဲ ယောက်ျားလေးတွေအတွက် နေရာရှိနေသလို ယောက်ျားလေး အများစုလုပ်ကြတဲ့ နေရာတွေမှာ မိန်းကလေးတွေလည်း ရှိလာပြီဆိုတော့ သီးသန့်ကြီး ခွဲထုတ်ပြစရာ မလိုဘူးလို့ ထင်ပါတယ်။

အနုပညာရှင် အမျိုးသမီးနဲ့ အမျိုးသားတွေရဲ့ ကွာခြားချက်က ဘာများဖြစ်မလဲ။

အခုခေတ်ကြီးမှာ အဲဒီလို ကွာခြားချက်တွေကို ပြောဖို့ဆို သိပ်ကိုခက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုခေတ်လူ့အဖွဲ့စည်းကြီးက ကွာခြားချက်ဆိုတာမျိုးတွေကို ထုတ်ဖော်ပြီး မပြောကြတော့ဘူးလေ။ အဲဒါတွေကလည်း ကိုယ်ရှင်သန်နေတဲ့ လူ့အဖွဲ့အစည်းရဲ့ စံတွေ၊ စည်းကမ်းတွေ၊ အမြင်တွေနဲ့ပဲ ဆိုင်ပါတယ်။

နောက်ဆုံး မေးခွန်းအနေနဲ့ ဒီနိုင်ငံမှာ Rape Crime တွေကို လျှော့ချဖို့ ပြောတဲ့အခါမှာ ခံရနိုင်တဲ့သူတွေ၊ အထူးသဖြင့် မိန်းကလေးတွေကိုပဲ အနေအထိုင်၊ အဝတ်အစား ဆင်ခြင်သင့်တယ်၊ အုပ်ထိန်းသူတွေအနေနဲ့ သတိထားစောင့်ရှောက် သင့်တယ်လိုပဲ ပြောကြတယ်။ မကျူးလွန်သင့်ကြောင်း၊ အဲဒီဖြစ်ရပ်မျိုးကျူးလွန်မိရင် အရှက်ရသင့်ကြောင်း၊ အပြစ်ကြီးမားပြီး လူမဆန်တဲ့အကြောင်းတွေကို အသိပညာပေးဖို့ကိုမပြောကြဘူး။ အဲဒီ အပေါ်မှာ ဘယ်လိုမြင်လဲ။

ဖန်ခွက်တစ်ခွက်ကို လူ့တစ်ယောက်က ပေါက်ခွဲလိုက်တဲ့ ဖြစ်ရပ်မှာ ဖန်ခွက်ရဲ့ ထိရှကွဲအက်လွယ်တဲ့ ဖြစ်တည်မှုရှိလို့ ကွဲတာက အမှားလား။ ခွဲတဲ့လူ့ကြောင့် ကွဲတာက အမှားလား။ အဲဒီ အဖြေကိုသာ အကောင်းဆုံး ရှာဖွေနိုင်ရင် အခုမေးတဲ့ မေးခွန်းကိုလည်း အဖြေရှာနိုင်မယ်လို့ထင်တယ်။ သေချာတာကတော့ ခေးအတွက် လုပ်တဲ့သူက အမှားပဲ။ အခုခေတ်လို တိုးတက်လာတဲ့ ခေတ်မှာ ယောက်ျားလေးတွေက လုပ်ချင်တာလုပ်ပြီး မိန်းကလေးတွေက အိမ်တွင်းပုန်း၊ တင်းကျပ်တဲ့ စည်းကမ်းနဲ့ အန္တရယ်ဆိုတာကြီးကို ရှောင်နေရမယ့် ခေတ်မဟုတ်တော့ဘူးလေ။ ခေးတို့ မိန်းကလေးတွေလည်း တခြားသူငါလို လွပ်လပ်စွာ နေထိုင်ပိုင်ခွင့်ရှိတာပဲ။ သေသေချာချာ စဉ်းစားဆင်ခြင်တတ်ပြီး ကိုယ်ချင်းစာစိတ်ရှိတဲ့သူ ဆိုရင် ဒီအဖြေမှန်ကို ဖြေနိုင်မှာ အသေချာပါပဲ။

 

 


Cover Stories

အမှောင်ညတွေကို Passion တွေနဲ့ ကျော်ဖြတ်ခဲ့ကြတဲ့ သူတို့နှစ်ဦး Zenn Kyi၊ Christina Kyi

Passion ဆိုတာက အခု ကျွန်တော်တို့ မြန်မာပြည်မှာ ပြောပြောနေတဲ့ ဝါသနာနဲ့ မတူဘူးပေါ့နော်။ ဝါသနာကကျတော့ ခဏနဲ့ ပြန်ပျောက်ရင် ပျောက်သွားနိုင်တယ်။

by Moethae Say

July 30, 2019

ဒီလအတွက် MODA Magazine ရဲ့ Theme လေးကတော့ “Passion” ပဲ ဖြစ်ပါတယ်။ စိတ်အာရုံပြင်းထန်ပြီး မဆုတ်မနစ်ကြိုးစားနိုင်အောင်လောင် မျောဝင်နိုင်တဲ့ Passion အကြောင်း ပြောကြမယ်ဆိုတဲ့အခါမှာ ပထမဆုံး ပြေးသတိရမိတာက ခီမောင်နှံပဲဖြစ်ပါတယ်။ အနုပညာကို သုံညဘဝကနေ အခုလို ၁၀၀ ရာခိုင်နှုန်းပြည့်အောင် စွမ်းဆောင်လာနိုင်ဖို့ဆိုတာ Passion မရှိဘဲ ဘယ်လိုမှဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အခုလိုပရိသတ်တွေရဲ့ အသည်းနှလုံးကို ဆွဲကိုင်လှုပ်ပြီး အနုပညာကို လှလှပပဖော်ကျူးနိုင်အောင် Passion ရဲ့ မောင်းနှင်မှုအောက်မှာ စုန်ချည်ဆန်ချည်လိုက်ပါလာခဲ့ကြတဲ့ ဇာဏ်ခီနဲ့ ခရစ်တီးနားခီတို့ကို MODA Cover Story မှာ အခုလို ဖော်ပြပေးလိုက်ပါတယ်။



Zenn Kyi
ဒီနေ့ Shooting ကို ဘယ်လိုခံစားရလဲ။
ဒီနေ့ Shooting က ပျော်ရပါတယ်။ Couple Shoot လည်းဖြစ်တော့လေ။ နေရာလေးကလည်း အရမ်းလှတယ်။ သူတို့ မဖွင့်ရသေးတဲ့ Hotel ကိုတောင် သေသေချာချာ လုပ်ထားတယ်။ စိတ်လည်း အရမ်းလှုပ်ရှားမိပါတယ်။

လက်ရှိရော အနုပညာလှုပ်ရှားမှု ဘာတွေရှိလဲ။ ပရိသတ်တွေကို ချပြဖို့ရော ဘာတွေထပ်လာဦးမလဲ။
ကျွန်တော်တို့ သၾကၤန်မတိုင်ခင်လေးကမှ “Now & Ever” ထာဝရနှောင်ကြိုး ရိုက်တာပြီးသွားတာဆိုတော့ ရုပ်ရှင်အနေနဲ့ ထပ်ရိုက်ဖို့တော့ မရှိသေးဘူး။ ဒီနှစ်ကုန်လောက်မှာတော့ တစ်ကားရိုက်ဖို့ ရှိတယ်။ October နဲ့ December အတွင်းလောက်မှာပေါ့နော်။ ဘယ်ကားလဲတော့ မသိသေးဘူး။ Action ကားဖြစ်ဖို့ များမယ်ထင်တယ်။ ဒီကြားထဲမှာတော့ ကျွန်တော် ဒီ “Now & Ever” ကို ထုံးစံအတိုင်း Music အပိုင်းတာဝန်ယူထားတော့ Music နဲ့ပတ်သက်ပြီးလုပ်ဖို့ရှိပါတယ်။ ကိုယ်တိုင်လည်း သီချင်းတွေအများကြီး စပ်ဖို့ရှိတယ်။ ပြီးတော့ တခြား Musician တွေနဲ့လည်း တွဲပြီး အလုပ်လုပ်ဖို့ရှိတယ်။ ဒီရုပ်ရှင်အတွက်ပေါ့။ နောက်ထပ်အနုပညာလှုပ်ရှားမှုတစ်ခုကတော့ ကျွန်တော့်ရဲ့ ဒုတိယအခွေ Satellite အိပ်မက်များဆိုပြီး နာမည်ပေးထားတယ်။ အဲဒါလေး သွင်းနေတယ်။ RSO Band နဲ့ပေါ့နော်။ အကုန်လုံး ကိုယ်တိုင်ရေးကိုယ်တိုင်ဆိုပါပဲ။ သီချင်းတွေကတော့ Rock တွေများတယ်။ ပထမအခွေလို Rock မျိုးတော့ မဟုတ်တော့ဘူး။ အခုကိုယ်တိုင်လည်း ပုံစံတွေပြောင်းလာတော့ အရင်တုန်းကလို Heavy တွေတော့ မဟုတ်တော့ဘူး။ Heavy တချို့လည်း ပါတော့ပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းကတော့ Melodic Rock ပဲ နည်းနည်းပိုရောက်လာတယ်။ Blues လေးတွေလည်း နည်းနည်းပါတယ်။ တပြိုင်နက်ထဲမှာပဲ ဇာတ်ညွှန်းတစ်ပုဒ်လည်း ရေးဖို့ရှိတယ်။ ဒီနှစ်ကုန် ရိုက်ဖို့ကားအတွက် အစ်မက အစ်ကို့ကို ရေးဖို့ ပြောထားတယ်။ Story ကတော့ နှစ်ယောက်စလုံး တွေးထားတဲ့ Story ပေါ့နော်။ ဒါပေမယ့် အစ်ကို့ကို ဇာတ်ညွှန်းခွဲပေးပါဆိုလို့။

ဇာတ်ညွှန်းရေးတဲ့အခါ Budget အတွက် ထိန်းရေးရတာတွေရော ရှိလား။
အဲဒီ့ကိစ္စကတော့ တဖြည်းဖြည်းနဲ့ လျော့လာတယ်။ ကျွန်တော်တို့ မုဒ္နြာခေါ်သံတုန်းကဆိုရင် အရမ်းထိန်းရတယ်။ Christ လည်း တော်တော်ကြီးထိန်းပြီး ရေးရတယ်။ ဥပါယ်တံမျဉ်ဆိုလည်း နည်းနည်းတွက်ရတယ်။ အခု Now & Ever ကတော့ အဲဒီ့ကိစ္စသိပ်တွေးစရာ မရှိတော့ဘူး။ ဒါပေမယ့်လည်း Market အနေအထားကို ကြည့်ရတာပေါ့။ ထားပါတော့။ တစ်ထောင်လောက်ပဲ ပြန်ရှာလို့ရတာကို နှစ်ထောင်စာ သွားရေးလို့မလွယ်ဘူး။ နိုင်ငံခြား Hollywood Movie တွေလို သွားမှန်းပြီး ရေးလို့တော့ မရဘူး။ ကိုယ့် Market ကို ကိုယ် သိမှရမယ်။



ကိုဇာဏ်ခီကို ဘယ်လိုအကြောင်းတရားတွေက Actor တစ်ယောက် ဖြစ်စေခဲ့တာလဲ။
ပထမဦးဆုံးအကြောင်းတရားကတော့ မ Christ ပေါ့။ New York မှာနေတုန်းက သူ့ရဲ့ Student Project တွေမှာပါဖို့ သရုပ်ဆောင်ပေးပါဆိုပြီး အဲဒီကနေစတာ။ သူလည်း တခြား Actor ရွေးစရာမရှိဘူးလေ။ အိမ်မှာရှိတဲ့လူကို ဆွဲထည့်ရင်း ပါသွားတယ်။ ဒါပေမယ့်လည်း သူ Push လုပ်လိုက်တဲ့ အရာဟာ ကိုယ့်ရဲ့ မထင်မှတ်ထားတဲ့ Hidden Passion ခေါ်မှာပေါ့နော်။ အဲဒီ့ပုန်းကွယ်နေတဲ့ ကိုယ့်ရဲ့ Passion တစ်ခု၊ အထုံဝါသနာတစ်ခုက ပြန်ထွက်လာသလိုဖြစ်သွားပြီး အဲဒီမှာ ငါ ဒါလုပ်ရတာ တော်တော်ကြိုက်တာပဲဆိုပြီးတော့ ကိုယ့် Passion တစ်ခုကို ပြန်တွေ့သွားတဲ့သဘောပေါ့။ တသက်လုံးက ရုပ်ရှင်ကားကောင်းတွေ အများကြီး ကြည့်ခဲ့ဖူးတယ်။ သရုပ်ဆောင်တာဘာညာထက် ရုပ်ရှင်ကို အရမ်းကြိုက်တယ်။ ဒီရုပ်ရှင်မင်းသား၊ မင်းသမီးတွေကိုလည်း ကြိုက်တဲ့သူမျိုးဆိုတော့ ကိုယ်တိုင်လုပ်ကြည့်တဲ့အချိန်မှာ လုပ်ရတာကြိုက်သွားတယ်။ ပထမ Passion ကတော့ Music ပေါ့။ Second Passion က Acting ဖြစ်လာပြီး အခုတော့ နှစ်ခုစလုံးကို တန်းတူညီတူ ကြိုက်ပါတယ်။

Passion ဆိုတာကိုရော ဘယ်လိုမျိုးနားလည်လက်ခံထားလဲ။
Passion ဆိုတာက အခု ကျွန်တော်တို့ မြန်မာပြည်မှာ ပြောပြောနေတဲ့ ဝါသနာနဲ့ မတူဘူးပေါ့နော်။ ဝါသနာကကျတော့ ခဏနဲ့ ပြန်ပျောက်ရင် ပျောက်သွားနိုင်တယ်။ Passion ကျတော့ တစ်သက်လုံး မပျောက်ဘူး။ နာမည်ကြီးသည်ဖြစ်စေ၊ မကြီးသည်ဖြစ်စေ၊ ပိုက်ဆံရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ဒါကို လုပ်ကိုလုပ်ချင်နေတာ။ အဲဒါလုပ်နေရင်ကို ပျော်နေတာမျိုးပေါ့။ အဲဒါကို ကျွန်တော် Passion လို့ သတ်မှတ်တယ်။

ကိုယ့်ရဲ့ Passion ကို အခက်အခဲတစ်ခုခုကြောင့် Give Up လုပ်သင့်တယ်လို့ရော ထင်လား။
အဲဒီနားလေးက နည်းနည်းတော့ ခက်တယ်။ တိုက်တွန်းတာကတော့ အားလုံးကို Passion ရှိတဲ့အလုပ်ကိုပဲ လုပ်ဖို့ တိုက်တွန်းပါတယ်ပေါ့။ ဒါပေမယ့် တစ်ခါတလေ ဘဝကအကြောင်းမပေးလာတဲ့အခါ ဘယ်လောက်ကြိုးစားကြိုးစား ကံက မလိုက်လာတာမျိုးတို့၊ စန်းကမထတဲ့အခါမျိုးကို အထူးသဖြင့် အနုပညာလောကမှာ ပိုဆိုးတယ်။ အခြေအနေတစ်ခုကိုတော့ သုံးသပ်ရမှာပေါ့နော်။ တကယ်အချိန်ကာလတစ်ခုကို ပေးပြီးပြီ။ ဘယ်လိုမှ ဖြစ်မလာဘူး။ အဲဒီအချိန်မှာ အရက်တွေ စသောက်လာမယ်။ ဆေးတွေ ဆွဲလာမယ်ဆိုရင် မဟုတ်သေးဘူးလေ။ ကိုယ့်ဘဝပျက်တဲ့အထိတော့ မလုပ်သင့်ဘူးပေါ့နော်။ အဲဒီ့အခြေအနေတစ်ခုကိုတော့ ကိုယ့်ဘာသာကိုယ် သုံးသပ်ပြီးမှ ကံ၊ ဉာဏ်၊ ဝီရိယသုံးပြီးတော့ လုပ်သင့်ပါတယ်။

ကိုဇာဏ်ခီ Inspire ဖြစ်တဲ့သူတွေက ဘယ်သူတွေဖြစ်မလဲ။
Inspiration တွေကတော့ အများကြီးပါပဲ။ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေပေါ့နော်။ အနုပညာလောကမှာဆိုရင်လည်း သရုပ်ဆောင်ပိုင်းဆို အရင်တုန်းက မင်းသားကြီးတွေကို အရမ်းသဘောကျခဲ့တယ်။ ကောလိပ်ဂျင်နေဝင်းတို့၊ ဦးကျော်ဟိန်းတို့ဆို အရမ်း Inspire ဖြစ်စေတယ်။ တကယ်တမ်း ကိုယ် သရုပ်ဆောင်ဖို့ ဖြစ်တာတော့ ကိုယ်ကြိုက်နေတဲ့ မင်းသားတွေ များသောအားဖြင့် နိုင်ငံတကာမင်းသားတွေ ပိုများတယ်။ အခုလောလောဆယ် ကိုယ့်ရဲ့ Hero ကတော့ Benecia Del Toro ရှိတယ်။ များတော့ များတယ်။ Daniel Day-Lewis တို့၊ Christian Bale တို့၊ အမျိုးသမီးတွေထဲကဆိုရင် Meryl Streep တို့၊ Cate Blanchett တို့ရှိတယ်။

အင်္ကျီတစ်ထည်ဝတ်ဖို့စဉ်းစားပြီဆိုရင် အဲဒီ့အင်္ကျီတစ်ထည်ကို ရွေးချယ်ဖြစ်ဖို့ ဘယ်အရာက တွန်းအားပေးလဲ။
ဘီဒိုဖွင့်လိုက်တာနဲ့ ကိုယ့်မျက်စိရှေ့ရောက်နေတဲ့ဟာတွေ ဆွဲဝတ်ဖြစ်တာ ပိုများတယ်။ အဲဒီ့အကျင့်ကတော့ နည်းနည်းပျောက်ဖို့ လိုနေပြီ။ အနောက်မှာ ထပ်ထားတဲ့ဟာတွေသွားလှန်မကြည့်မိဘူး။ များသောအားဖြင့် T-Shirt နဲ့ ဂျင်းဘောင်းဘီနဲ့ ဒါမှမဟုတ်လည်း ရှပ်အင်္ကျီနဲ့ ဂျင်းဘောင်းဘီနဲ့ပဲ ဝတ်တာများပါတယ်။ ပွဲတွေဘာတွေရှိရင်တော့ သေချာလုပ်တယ်ပေါ့နော်။ ပွဲအနေအထားကို ကြည့်တယ်။ Western ဝတ်မယ်ဆိုရင်လည်း ကျွန်တော်ချုပ်နေကျ New Icon ဆိုတဲ့ဆိုင်ရှိတယ်။ ချုပ်တာအရမ်းကောင်းတယ်ဆိုတော့ သူတို့ဆီက မှာဝတ်တယ်။ တိုက်ပုံတို့၊ ပုဆိုးတို့ဆို ကိုမင်းသက်စံချုပ်ပေးတယ်။ ကျန်တဲ့ဟာတွေကတော့ ကိုယ့်ဘာသာကိုယ် စီစဉ်တာများတယ်။



မ Christ လုပ်လေ့ရှိတဲ့ အူကြောင်ကြောင်နိုင်တဲ့အပြုအမူလေးတွေဆိုရင် ဘယ်လိုအပြုအမူလေးတွေ ဖြစ်မလဲ။
သူက စိတ်အရမ်းပူတယ်။ တစ်ခါတလေ ကိုယ်က လုပ်ဖို့စီစဉ်ပြီးသား။ ဒါပေမယ့် တစ်မိနစ်လေးနောက်ကျသွားရင် သူက ပြောပြီးနေပြီ။ အဲဒီလိုမျိုး သူက စိတ်အရမ်းပူတတ်တာရှိတယ်။

မ Christ က ကိုဇာဏ်ခီရဲ့ ဘဝမှာ ဘယ်လောက်ထိ အရေးပါလဲ။
ကျွန်တော့်ရဲ့ Soulmate ဆိုလည်း ဟုတ်တယ်။ ကြာပြီလေ။ သူနဲ့ ကျွန်တော်နဲ့က ကောင်းတူဆိုးဖက်ပေါ့နော်။ တကယ်ကို ကဗျာဆန်ဆန်ပြောရမယ်ဆိုရင်တော့ အမှောင်ဆုံးညတွေ တော်တော်များများကို အတူတူ ဖြတ်သန်းခဲ့ကြတာပေါ့။ အမှောင်ဆုံးညတွေဆိုတော့ တစ်မျိုးမတွေးနဲ့ဦးနော်။ အမှောင်ဆုံးညတွေဆိုတာ အဆင်မပြေတဲ့ Very Dark Moment တွေပေါ့လေ။ အဲဒီလိုဟာတွေအများကြီး ဖြတ်သန်းခဲ့ပြီးပြီ။ ကျွန်တော့်ကို နားလည်နိုင်ဆုံး၊ တစ်ခါတလေ ကျွန်တော့်ကို ကျွန်တော့်ထက်ပိုပြီး နားလည်နိုင်တဲ့သူထဲမှာလည်း သူပါတယ်။ သူထဲမှာလည်း သူပဲရှိတာပါ။ တခြားသူတွေ သူ့လောက် ကျွန်တော့်ကို နားလည်နိုင်မယ်မထင်ပါဘူး။

ကိုဇာဏ်ခီတို့ရဲ့ သားလေးကိုရော သူကြီးလာတဲ့အချိန်ကျရင် ဘယ်လိုမျိုး ကြီးပြင်းလာစေချင်လဲ။
မရှိပါဘူး။ ရှိရင်လည်း ဟိုကောင်က သူလုပ်ချင်တာ လုပ်မယ့်အထဲမှာ ပါတာဆိုတော့ အဓိကတော့ သူဘာလုပ်ချင်တယ်ဆိုတာကိုပဲ ကျွန်တော်တို့ကြည့်မယ်ပေါ့။ သူ ဘယ်အပိုင်းမှာထူးချွန်လဲ။ ဘာလုပ်ရတာပျော်မလဲ။ အဲဒါကတော့ အဓိကကျတယ်လေ။ အောင်မြင်မှုနဲ့ ပျော်ရွှင်မှုက ထပ်တူကျနေဖို့ အရေးကြီးပါတယ်။ သူပျော်ရွှင်တဲ့နေရာမှာ အောင်မြင်ဖို့ကိုပဲ ကျွန်တော်တို့ အာရုံစိုက်မယ်။

နောက်ဆုံးအနေနဲ့ ပရိသတ်တွေအတွက် စကားလက်ဆောင်လေး ပြောပြပေးပါဦး။
ကျွန်တော်အရိုးသားဆုံး ကျွန်တော်ရဲ့ အနုပညာကို ချပြဖို့ ကြိုးစားပါမယ်။ အမြဲတမ်းလည်း ကြိုးစားနေပါတယ်။



Christina Kyi
ဒီနေ့ Shooting အတွက် ခံစားချက်လေး အရင်ပြောပြပေးပါဦး။
နည်းနည်းတော့ စိုးရိမ်တာပေါ့။ အစ်မက Photoshoot တွေ သိပ်လုပ်လေ့လုပ်ထမရှိဘူး။ များသောအားဖြင့် Behind the camera မှာ နေတာဆိုတော့ အဓိက အစ်မက အစ်ကိုနဲ့တွဲပြီး လုပ်ရတာကို ကြိုက်တယ်။ ဒါပေမယ့် ကိုယ့်ကြောင့်မို့ သူ့ရဲ့အလုပ်ထိခိုက်သွားမှာကို စိုးရိမ်တယ်။ ဒါပေမယ့်လည်း ပျော်ပါတယ်။

အခုလက်ရှိ အနုပညာလှုပ်ရှားမှုတွေ ဘာတွေလုပ်ဖြစ်နေလဲ။
အခု အစ်မတို့ရဲ့ ရုပ်ရှင် “Now & Ever” ဇာတ်ကားလေးက ပြီးသွားခါစပဲ ရှိသေးတယ်။ အစ်မက Director ဆိုတော့ အကုန်လုံးကို တာဝန်ယူထားရတာပေါ့။ Editing လုပ်နေတဲ့ Editor တွေနဲ့လည်း အလုပ်လုပ်ရတယ်။ Dialogue တွေအကုန်လုံးလည်း ရုပ်ရှင်တစ်ကားလုံးစာ သွင်းရင်လည်း အစ်မက လိုက်ရတယ်။ Music သွင်းတာရော အကုန်လုံးပေါ့။ အရင်တုန်းကဆိုရင် အစ်ကိုက အကုန်လုပ်တယ်။ ဒါပေမယ့် အခုတော့ သူ သိပ်မလုပ်ချင်တော့ဘူးဆိုတော့ ဘယ်သူလုပ်မလဲတော့ မသိဘူး။ အဲဒီ့ Sound Designer ကိစ္စတွေရော အကုန်လုံးပြီးရင် Colour Correcting တွေရောပေါ့။ ပြီးတော့ အစ်မတို့ နောက်ရိုက်ရမယ့်ကားအတွက်လည်း ဇာတ်လမ်းလုပ်နေတယ်။ ပရိသတ်ကို ထပ်ပြီးချပြဖို့ကတော့ ဒီ “Now & Ever” ဇာတ်ကားတစ်ခုပဲ ရှိဦးမယ်။

မ Christ ကို ဘယ်လိုအကြောင်းတရားတွေက Director တစ်ယောက် ဖြစ်စေခဲ့တာလဲ။
အဓိကတော့ အစ်မက ရုပ်ရှင်ပညာကို အစ်ကိုနဲ့ စတွေ့ခါစတုန်းက အစ်မ သူ့ကိုပြောဖြစ်တာက ဒီအနုပညာနဲ့ ပတ်သက်ပြီးတော့ ကျောင်းသွားချင်တယ်ပေါ့။ သူကလည်း လုပ်လေ၊ သူလည်း အဲဒီလိုပဲ သွားမှာဆိုပြီး ပြောတယ်။ အစ်မက အစတုန်းက Theater တက်ဖို့ စဉ်းစားထားတာ။ Theater က Film နဲ့ မတူဘူး။ Theater ကို အစ်မက Acting ဘက်ကို သွားမယ်ဆိုပြီးလုပ်ထားရာက ဒါပေမယ့် ပြဇာတ်ကြီးတွေလုပ်ရမှာလားဆိုပြီး မလုပ်ချင်ပြန်ဘူး။ တကယ်တမ်း လုပ်ချင်တာက ရုပ်ရှင်နဲ့ပတ်သက်တဲ့ အလုပ်ကိုလုပ်ချင်တယ်ဆိုတာ သိလာတဲ့အခါ ရုပ်ရှင်ပညာသွားသင်မယ်။ အဲဒီ့အချိန်ထိကလည်း မင်းသမီးလုပ်ချင်လို့ သွားသင်ခဲ့တာ။ ငါ့ဘာသာငါ ရိုက်တတ်လို့ရှိရင် ငါကြိုက်တဲ့ဇာတ်လမ်း ငါရိုက်မယ်ပေါ့။ အဲဒီလို လွယ်တယ်ထင်တယ်။ ဒါပေမယ့် တကယ်တမ်း ကျောင်းတက်တဲ့အချိန်မှာ သူက အဖွဲ့တွေနဲ့ သရုပ်ဆောင်လည်းလုပ်ရတယ်။ Director လည်းလုပ်ရတယ်။ Assistant တွေ၊ Editor တွေလည်း အလှည့်ကျ Group နဲ့ လိုက်လုပ်ရတယ်။ လုပ်ရင်းကနေ တကယ်တမ်းမှာတော့ ဒီလို Story တစ်ခုကို ဖန်တီးဖို့ လုပ်ရတာက အများဆုံးဖြစ်နေပြီး ဆုံးဖြတ်မှုတွေ၊ ပါဝင်ပတ်သက်မှုတွေထဲမှာ Director ကပဲ လုပ်ရတာဆိုတော့ နောက်ဆုံး အစ်မ Director လမ်းကြောင်းကိုပဲ ရွေးချယ်ဖြစ်သွားတယ်။



ဒါဆို အစ်မ ဘဝရဲ့ Hero တွေက ဘယ်သူတွေများဖြစ်နေမလဲ။
အစ်မရဲ့ အနုပညာ Hero တွေကတော့ Francis Ford Coppola နဲ့ Salim Akil ပေါ့။ အစ်မရဲ့ လက်ရှိရပ်တည်နေတဲ့အရာတွေက သူတို့ဆီကပဲ လာတာ။ တစ်ယောက်ကတော့ God Father ရုပ်ရှင်ကို ရိုက်တယ်။ အဲဒီ့အချိန်တုန်းက US မှာ အရပ်ရှည်ရှည်၊ ထောင်ထောင်မောင်းမောင်းနဲ့ မင်းသားကြီးတွေ ခေတ်စားနေတဲ့အချိန် သူက အရပ်ပုပုသေးသေးလေးနဲ့ အီတာလျံမင်းသားကို ရွေးပြီး ရိုက်တယ်။ သူ့ရဲ့ အခက်အခဲက တော်တော်ကြီးတယ်။ ရုပ်ရှင်သာရိုက်နေရတာ ဘေးမှာက နောက်ထပ် Director တစ်ယောက် အဆင်သင့်ရှိနေပြီး အလုပ်ပြုတ်ဖို့ကလည်း အရမ်းလွယ်နေတယ်။ ဒါပေမယ့် သူ့ရဲ့ ရုပ်ရှင်က အမေရိကန်ရုပ်ရှင် Acting လောကကြီးတစ်ခုလုံးကို ပြောင်းပြန်လှန်လိုက်သလို ဖြစ်သွားတယ်။ အဲဒီ့အရာတွေက အစ်မကို အရမ်း Inspire ဖြစ်စေတယ်။ နောက်ပြီး Sparkle ကတော့ အစ်မ အခုရပ်တည်နေတဲ့ Independent Filmmaker ဆိုတာကို ဖြစ်အောင် လမ်းပြပေးတဲ့သူလို့တောင် ပြောလို့ရပါတယ်။ သူက သူ့ရဲ့ Credit Card တွေနဲ့ ကိုယ့်ပိုက်ဆံကိုယ်ထုတ်ပြီး ရုပ်ရှင်ရိုက်လိုက်တယ်ဆိုတဲ့သတင်းကို ဖတ်လိုက်ရပြီး သူရိုက်တဲ့ ရုပ်ရှင်ကိုကြည့်လိုက်တဲ့အချိန်မှာ ရုပ်ရှင်က Budget သေးသေးလေးနဲ့ ပေါပေါပဲပဲကားမဟုတ်ဘဲ အခုဆို Sparkle က Oscar တောင်ရသွားတယ်။

ကိုဇာဏ်ခီ လုပ်လေ့လုပ်ထရှိတဲ့ အူကြောင်ကြောင်နိုင်တဲ့ အပြုအမူတွေရှိရင် ပြောပြပါလား။
အမှန်အတိုင်းပြောရရင် သူ့ရဲ့ ရူးကြောင်ကြောင်နိုင်တာက အများကြီးပဲလို့တောင် ပြောလို့ရတယ်။ သူက ဟာသအရမ်းကြိုက်တယ်။ ပြောရရင် အိမ်မှာဆို တစ်ယောက်တည်း ထိုင်ရယ်ရင် ရယ်နေတာ။ သူ တစ်ခုခုကို ရယ်စရာတွေ့ပြီဆိုရင် အပြီးနိုင်မစီးနိုင် ပြန်တွေးပြီးတော့ကို ရယ်နေလို့။ ပြီးတော့ Actor ဆိုတော့ တစ်ခါတလေ သူတစ်ယောက်တည်း စကားတွေပြောရင် ပြောနေတယ်။ အစ်မက မြင်တယ်။ ဒါပေမယ့် မသိချင်ယောင်ဆောင်နေလိုက်တယ်ပေါ့နော်။

ကိုဇာဏ်ခီရဲ့ ဖြစ်တည်မှုက အစ်မဘဝမှာ ဘယ်လောက်ထိ အရေးပါလဲ။
အစ်မ အခုလိုမျိုး သတိတွေရှိလာတာ၊ ဒီလောက်ထိ လုပ်လာနိုင်တာ သူ့ကြောင့် အများကြီးပါတယ်။ သူ့ကြောင့်သာပဲ အစ်မ ဒီ Career လမ်းကြောင်းပေါ်မှာ ရောက်လာတယ်။ ပြီးတော့ ယနေ့အထိပဲ သူ့ရဲ့ Approval အရမ်းလိုတယ်။ သူက ကောင်းတယ်လို့သာပြောလိုက်ရင် အစ်မ Confident ပိုရှိသွားသလို ခံစားရတယ်။



မ Christ အနေနဲ့ အခွင့်အရေးရမယ်ဆိုရင် ဘယ်လိုဝတ္တုစာအုပ်မျိုးတွေကို ရုပ်ရှင်အဖြစ် ဖန်တီးချင်လဲ။
လောလောဆယ်တော့ ဝတ္တုနှစ်အုပ်ဝယ်ထားတယ်။ တောမင်းသမီးနဲ့ မောင်၊ ကိုကိုမြနန္ဒာကိုတော့ ရိုက်ချင်ပါတယ်။

နောက်ဆုံးအနေနဲ့ ပရိသတ်ကို ဘာတွေပြောချင်သေးလဲ။
“Cherish the moment while you can” တဲ့။ အဲဒါကတော့ အခု အစ်မနဲ့အစ်ကိုနဲ့ Practice လုပ်နေတဲ့အရာလေးပေါ့။ ကိုယ် လက်ရှိ အသက်ရှိနေစဉ်ကာလမှာ Enjoy ဖြစ်နိုင်သမျှ ဖြစ်အောင် ကြိုးစားသွားပါလို့။

 



Loading More post