×
Red Carpet

၁၉၅၀ စတိုင်များနဲ့ မီ ရုပ်ရှင် RED CARPET ပွဲက ဖက်ရှင်များ

အေးမြတ်သူနဲ့ အေးသောင်း တို့ရဲ့ ရှေးခေတ်အနောက်အတိုင်းဖက်ရှင်တွေ အပါအဝင် သက်မွန်မြင့်နဲ့ နီနီခင်ဇော်တို့ရဲ့ ရှေးမြန်မာဖက်ရှင်အဆုံး နာမည်ကျော်တွေရဲ့ ၁၉၅၀ စတိုင်ဖက်ရှင်တွေကို ဝေဝေဆာဆာ တွေ့ရမှာဖြစ်ပါတယ်။

by Min Chit Paing

November 3, 2018

နိုင်ငံတကာမှာ ခေတ်ဟောင်းကို ပြန်ရိုက်တဲ့ဇာတ်ကားတွေ၊ သီချင်းတွေ၊ ဖက်ရှင်တွေ ခေတ်စားသလို မြန်မာနိုင်ငံကလည်း နောက်ကျမကျန်ခဲ့ပဲ Retro တွေ၊ Vintage တွေကို ပြန်လည်ခံစား ဖော်ထုတ်နေကြတာ အားလုံးအသိပဲလေ။ အဲလိုအချိန်နဲ့ ကွက်တိကျစွာပဲ ဒီနေ့ရဲ့ မြန်မာရုပ်ရှင်လောကမှာ လူပြောသူပြော များလှတဲ့ မီ ရုပ်ရှင်ဟာလည်း လွန်လေပြီးသော မြန်မာ ကာလတစ်ခုကို ဆွဲခေါ်သွားမယ့် ဇာတ်ကားတစ်ကားကို ဖန်တီးခဲ့ပါတယ်။ အဲဒီဇာတ်ကားရဲ့ ဇာတ်လမ်း၊ ဇာတ်ကွက်၊ သရုပ်ဆောင်စွမ်းရည်တွေအပြင် အဲဒီခေတ်ရဲ့ အသုံးဆောင်တွေ၊ ဆက်တွေနဲ့ အဝတ်စား ဒီဇိုင်းတွေကိုပါ ဖန်တီးမှုမြင့်မားစွာနဲ့ မြင်တွေ့ရမှာပါ။ မြန်မာ ခေတ်ဟောင်း ဝတ်စားဆင်ယင်မှုဟာ တခြားနိုင်ငံတွေနဲ့ ကွဲထွက်ပြီး ကိုယ်ပိုင်ဟန်နဲ့ အနောက်တိုင်းဟန်ရောယှက်နေတဲ့ တမူထူးခြား ဒီဇိုင်းတွေကို တွေ့ရမှာဖြစ်ပါတယ်။ အဲဒီလို တမူထူးခြားပြီး လှပတဲ့ ဖက်ရှင်တွေကို အသက်သွင်းထားတဲ့ မီ ရုပ်ရှင်ဟာ သူ့ရဲ့ ဇာတ်ကားထဲမှာတင် ခေတ်ဟောင်း မြန်မာစတိုင်တွေကို ပုံဖော်ရုံနဲ့ အားမရသေးဘဲ ရုပ်ရှင်ရဲ့ Rep Carpet ပွဲအတွက် Dress Code ကို ၁၉၅၀ စတိုင်အဖြစ်သတ်မှတ်ပြီး ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်နေ့ချမ်းလေးမှာ ရန်ကုန်မြို့ရဲ့ မြို့လယ်မှာရှိတဲ့ သမ္မတရုပ်ရှင်ကို ခေတ်ဟောင်း မြန်မာအငွေ့အသက်တွေနဲ့ လွမ်းခြုံပြီး Retro Fashion တွေနဲ့ လှပစေခဲ့ပါတယ်။ Gallery ထဲမှာတော့ အေးမြတ်သူနဲ့ အေးသောင်း တို့လို ရှေးခေတ် အနောက်အတိုင်းဖက်ရှင်တွေအပါအဝင် သက်မွန်မြင့်နဲ့ နီနီခင်ဇော်တို့ရဲ့ ရှေးမြန်မာ ဖက်ရှင်အဆုံး နာမည်ကျော်တွေရဲ့ ၁၉၅၀ စတိုင်ဖက်ရှင်တွေကို ဝေဝေဆာဆာ တွေ့ရမှာဖြစ်ပါတယ်။

Red Carpet

သူမတူအောင်ဆွဲဆောင်နိုင်လွန်းတဲ့ ညှို့အားပြင်းဖက်ရှင်များနဲ့ အော်စကာ After Party

အော်စကာ Red Carpet ကြီးအပြီးမှာလည်း သူတို့ရဲ့ဖက်ရှင်တွေက မိမိုက်အထာကျနေတုန်းပါပဲ

by Randy Win

February 21, 2020

               အော်စကာ Red Carpet ပွဲကြီးအတွင်း သူ့ထက်ငါအပြိုင် လှပခမ်းနားမှူတွေနဲ့ အပြိုင်ကြဲခဲ့ကြအပြီးမှာတော့ ပေါ့ပေါ့ပါးပါးနဲ့ ညှို့ငင်ဖမ်းစားနိုင်မယ့်ဖက်ရှင်တွေရဲ့ အခန်းကဏ္ဍကိုရောက်ရှိလို့လာပြန်ပါပြီ။ ပွဲကြီးတစ်ပွဲ ပြုလုပ်ပြီးတိုင်း အရေးပါတဲ့ အခမ်းအနားတစ်ခုအနေနဲ့ ဆင်နွှဲလေ့ရှိကြတဲ့ After Party မှာလည်း ပရိသတ်ချစ်တဲ့ အနုပညာရှင်တွေရဲ့ ဖက်ရှင်အပေါ် ကြိုးစားအားထုတ်မှူတွေက လျော့မနေခဲ့ပါဘူး။
               အဲဒီ After Partyမှာ အချေမိုးဆုံးဆိုတဲ့ Luxury Brand တွေ အမိုက်စား Haute Couture တွေသာမက ကိုယ့်ရဲ့ Closet ထဲက အကောင်းတကာ့အကောင်းဆုံးတွေကို သူ့ထက်ငါအလှချင်းပြိုင် ဝတ်ဆင်လာကြတာမို့ ဘယ်လိုအပြိုင်အဆိုင်တွေ လှပနေကြမလဲဆိုတာ အရမ်းကို စိတ်ဝင်စားစရာကောင်းလွန်းလှပါတယ်။ အဲဒီလို အလန်းတကာ့အလန်းဆုံးတွေထဲကမှ Sexy ကျကျနဲ့ မိမိုက်လွန်းနေတဲ့ Celebrity တချို့ရဲ့ After Party Fashion တွေကို ရွေးချယ်တင်ပြပေးလိုက်တာမို့ ဘယ်သူ့က အထာအကျဆုံးဖြစ်နေမလဲဆိုတာ တချက်ကြည့်ကြည့်လိုက်ရအောင်နော်။

, , , , ,

Red Carpet

Colorful and Fun ဖြစ်တဲ့ ဖက်ရှင်တွေနဲ့ The Brit Awards ရဲ့ Red Carpet Look များ

Harry Style ကတော့ Mary Jane Shoe နဲ့ပွဲတက်လာတာနော်

by May Shoon

February 20, 2020


Britian ရဲ့ ထိပ်တန်း ဂီတဆုပေးပွဲကြီးဖြစ်တဲ့ The 40th Brit Awards ဆုပေးပွဲကြီးကို ဒီအင်္ဂါနေ့ က London မှာရှိတဲ့ O2 Arena မှာကျင်းပခဲ့ပါတယ်။ British နာမည်ကျော် Music Artist တွေနဲ့ Celebrity တွေတက်ရောက်ခဲ့ကြပြီး တက်ရောက်လာတဲ့သူတိုင်းရဲ့ဖက်ရှင်တွေက ချစ်စရာကောင်းပြီး Playful ဖြစ်တဲ့ ဖက်ရှင်အတွဲအစပ်တွေနဲ့ ပါ။ အားလုံးရဲ့ အချစ်တော် Billie Eilish၊ Harry Styles နဲ့ Anne-Marie တို့လည်း ပါဝင်တာမို့ ဘယ်သူ့ဖက်ရှင်တွေက အမိုက်ဆုံးဖြစ်မလဲဆိုတာ ကြည့်လိုက်ဦးနော်။

 

 

,

Red Carpet

တည်ငြိမ်ပြီး Elegant ဖြစ်တဲ့ အတွဲအစပ်တွေနဲ့ 2020 Grammy Red Carpet

Ariana Grande ကတော့ စင်ဒရဲလားလေးနဲ့တောင်ထင်မှားရလောက်ပါတယ်

by May Shoon

January 29, 2020


2020 Grammy Red Carpet ကြီးဟာဆိုရင်လည်း Oscar Red Carpet နည်းတူ ရင်သပ်ရှုမောစရာ ပွဲတက်ဖက်ရှင်တွေနဲ့ ပြည့်နှက်နေတဲ့ ပွဲကြီးလို့ ပြောလို့ရပါတယ်။ အားလုံးရဲ့ Look တွေကလန်းဆန်းပြီး Gorgeous ဖြစ်တဲ့ အသွင်ကို ဆောင်နေတာတော့ အသေချာပါပဲ။ အရင် Grammy တွေတုန်းက Nicki Minaj ၊ Rihanna နဲ့ J.Lo တို့ရဲ့ တောက်ပတဲ့ ပွဲတက်ဖက်ရှင်တွေက ခေတ်စားခဲ့တာမှန်ပေမယ့် ဒီနှစ်မှာတော့ အရောင် ငြိမ်ငြိမ်လေးတွေနဲ့ လှပနေသူတွေကို ပိုမြင်တွေ့ရမှာပါ။ Lizzo ရဲ့ Old Hollywood စတိုင် Atelier Versace ဝတ်စုံကစလို့ Ariana Grande ရဲ့ မီးခိုးရောင် Giambattista Valli Gown ကြီးအဆုံး 2020 Grammy ရဲ့အလှပဆုံး Red Carpet Look တွေကို ရွေးချယ်ပေးလိုက်ပါတယ်။ ကျော့ရှင်းနေတဲ့ သူတို့ရဲ့ Look တွေကို တစ်ချက်လောက် ကြည့်ကြည့်လိုက်နော်။

, ,

MODA TV 


Red Carpet

Glamorous ဖြစ်တဲ့ဝတ်စုံများနဲ့ တောက်ပခဲ့တဲ့ Golden Globes Awards 2020 ရဲ့ Red Carpet

ကိုယ်ပိုင်ဟန်နဲ့ ကျက်သရေရှိရှိ လှနေကြပါတယ်

by May Shoon

January 9, 2020

Hollywood ရဲ့ အထင်ကရ ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီးဖြစ်တဲ့ Golden Globes Award 2020 ဆုချီးမြှင့်ပွဲကြီးကို 77th အကြိမ်မြောက်အဖြစ် January 6 ရက်နေ့က အစဉ်အလာအတိုင်းခမ်းခမ်းနားနားကျင်းပခဲ့ပါတယ်။ ဒီနှစ်မှာတော့ Comedian Ricky Gervais က Host အဖြစ်ဆောင်ရွက်ခဲ့ ပြီး ပွဲကို တက်ရောက်လာတဲ့ Celebrity တေါရဲ့ Red Carpet Fashion ကလည်း Bold ဖြစ်ပြီး လှပလွန်းတာမို့ သူတို့ရဲ့ ပွဲတက်ဖက်ရှင်ထဲကမှ Best Look နဲ့ ဝတ်ဆင်လာတဲ့ Outfit လေးတွေကို စုစည်းပေးလိုက်ပါတယ်။

, , ,

Red Carpet

Melon Music Awards 2019 ပွဲကို အမိုက်စား အပြင်အဆင်တွေနဲ့ တက်ရောက်လာတဲ့ K pop Idol များ

ကိုယ့် Idol ကော ဘယ်လိုမျိုးပွဲတက်လာလဲဆိုတာ ကြည့်လိုက်နော်။

by JN Ja Seng Pan

December 2, 2019

Kpop ချစ်သူတွေအတွက် နှစ်စဉ်ကျင်းပတဲ့ Melon Music Award က ရင်ခုန်စရာကောင်းလှပါတယ်။ ကိုယ် သဘောကျတဲ့ Idol တွေ ဘာတွေ ဖျော်ဖြေမှတ်လဲ၊ ဘယ်လိုဆုတွေရမလဲဆိုပြီး စိတ်လှုပ်ရှားစရာ စောင့်ကြည့်ရတဲ့ပွဲပါ။ ဒီပွဲကို Korea က နာမည်ကြီး Celebrity အမြောက်အမြားလည်း တက်ရောက်ကြပြီး Fashion ပိုင်းမှာဆိုရင်လည်း သူ့ထက်ငါအပြိုင် လန်းနေကြပါတယ်။ 2019 MMA Award ရဲ့ လင်းလက်တောက်ပနေတဲ့ Red Carpet ပေါ်မှာ ဘယ်သူတွေက ဘယ်လိုတွေ မိုက်နေလဲဆိုတာကို ကြည့်လိုက်ရအောင်နော်။ MODA ချစ်သူတို့ရဲ့ အကြိုက်ဆုံး Look ကိုလည်း Comment မှာ ပြောပေးခဲ့အုံးနော်။ 

Ref; Soompi

, , , , , ,

Red Carpet

THE OSCAR ကိုလွှမ်းခြုံခဲ့တဲ့ အလှဆုံး RED CARPET ဖက်ရှင်များ

ဒီနှစ် Oscars ကတော့ ပန်းရောင်တွေလွှမ်းမိုးခဲ့တဲ့ နှစ်လို့ပြောရမှာပါ

by May Shoon

February 26, 2019

မနေ့ကကျင်းပခဲ့တဲ့ Oscar ပွဲကြီးကတော့ စည်စည်ကားကားနဲ့ကျင်းပပြီးသွားပါပြီ။ Oscar ဆုကြီးတွေကိုလည်း အားလုံးမျှော်မှန်းထားတဲ့ အနုပညာရှင်တွေက ရရှိသွားကြလို့ ကျေနပ်ကြလိမ့်မယ်ထင်ပါတယ်။ နောက်ထပ် သတိထားမိတဲ့အချက်ကတော့ Oscar ပွဲကြီးကို တက်ရောက်လာကြတဲ့ Celebrity တွေရဲ့ ပွဲတက်ဖက်ရှင်ပါပဲ။ ဒီနှစ်တော့ မင်းသမီးတော်တော်များများက မိန်းကလေးဆန်ပြီး ကျက်သရေရှိတဲ့ ပွဲတက်ဂါ၀န်တွေကို ၀တ်ဆင်လာကြတာကိုမြင်တွေ့ ရမှာပါ။ တခြားအရောင်လေးတွေနဲ့ တစ်မျိုးစီလှနေတဲ့သူတွေလည်း အများကြီးရှိပါတယ်။ Red Carpet ပေါ်က အလှပဆုံးဖက်ရှင်တွေကို စုစည်းပေးလိုက်တာမို့ ကိုယ်တိုင်ပဲ လေ့လာကြည့်လိုက်တော့နော်။



Loading More post