×
Red Carpet

Melon Music Awards 2019 ပွဲကို အမိုက်စား အပြင်အဆင်တွေနဲ့ တက်ရောက်လာတဲ့ K pop Idol များ

ကိုယ့် Idol ကော ဘယ်လိုမျိုးပွဲတက်လာလဲဆိုတာ ကြည့်လိုက်နော်။

by JN Ja Seng Pan

December 2, 2019

Kpop ချစ်သူတွေအတွက် နှစ်စဉ်ကျင်းပတဲ့ Melon Music Award က ရင်ခုန်စရာကောင်းလှပါတယ်။ ကိုယ် သဘောကျတဲ့ Idol တွေ ဘာတွေ ဖျော်ဖြေမှတ်လဲ၊ ဘယ်လိုဆုတွေရမလဲဆိုပြီး စိတ်လှုပ်ရှားစရာ စောင့်ကြည့်ရတဲ့ပွဲပါ။ ဒီပွဲကို Korea က နာမည်ကြီး Celebrity အမြောက်အမြားလည်း တက်ရောက်ကြပြီး Fashion ပိုင်းမှာဆိုရင်လည်း သူ့ထက်ငါအပြိုင် လန်းနေကြပါတယ်။ 2019 MMA Award ရဲ့ လင်းလက်တောက်ပနေတဲ့ Red Carpet ပေါ်မှာ ဘယ်သူတွေက ဘယ်လိုတွေ မိုက်နေလဲဆိုတာကို ကြည့်လိုက်ရအောင်နော်။ MODA ချစ်သူတို့ရဲ့ အကြိုက်ဆုံး Look ကိုလည်း Comment မှာ ပြောပေးခဲ့အုံးနော်။ 

Ref; Soompi

, , , , , ,
Red Carpet

Eco-friendly ဖက်ရှင်တွေနဲ့ ပွဲတက်ခဲ့ကြတဲ့ ကမ္ဘာကျော် အနုပညာရှင်များ

သဘာ၀ပတ်၀န်းကျင်အတွက် စဉ်းစားပေးကြတဲ့ စိတ်ဓာတ်လေးတွေဟာ ချစ်စရာပါ

by Randy Win

April 29, 2020

                ကမ္ဘာကြီးဟာ စိုးရိမ်ပူပန်မှူတွေနဲ့ ပတ်၀န်းကျင်ညစ်ညမ်းခြင်းရဲ့ရိုက်ခတ်မှူတွေကို ရင်ဆိုင်ခံစားနေကြရတဲ့အချိန်မှာ လူသားတွေဟာ ကိုယ်တတ်ကျွမ်းတဲ့နည်းပညာတွေနဲ့ အဘက်ဘက်ကနေ ပြန်လည်စောင့်ရှောက်ထိန်းသိမ်းဖို့ ကြိုးစားလျက်ရှိကြပါတယ်။ ဒီထဲမှာမှ ပြည်သူချစ်ကမ္ဘာ‌ကျော်အနုပညာရှင်တွေကလည်း သူတို့တတ်နိုင်တဲ့ဘက်ကနေပြီး ကမ္ဘာကြီးရဲ့ နာဖျားမှူကို ပြန်လည်ကြည့်ရှူပေးတဲ့အနေနဲ့ စွန့်ပစ်ပစ္စည်းတွေ ၊ပြန်လည်အသုံးချနည်းပညာတွေကို အသုံးပြုတဲ့ ဖက်ရှင်တွေနဲ့ ပွဲလမ်းသဘင်၊ အခမ်းအနားကြီးတွေကို တက်ရောက်ရင်း ကမ္ဘာကြီးရဲ့နာဖျားမှူကိုကုစားပေးဖို့ မီးမောင်းထိုးပြခဲ့ကြပါတယ်။Eco-friendly fashion ဆိုတဲ့အထဲမှာ တိရိစ္ဆာန်ညှင်းပန်းမှူကင်းရှင်းခြင်း၊ စွန့်ပစ်ပစ္စည်းများကို ပြန်လည်အဆင့်မြှင့်တင်အသုံးပြုခြင်းနဲ့ ထပ်ခါတလဲလဲပြန်လည်၀တ်ဆင်ခြင်းတို့ ပါ၀င်ပါတယ်။ ဒါကြောင့်မို့လို့ ကမ္ဘာမြေကြီးအတွက် သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးလုပ်ငန်းစဉ်တွေကို အထောက်အကူပြုတဲ့အနေနဲ့ နာမည်ကျော်ဖက်ရှင်ဒီဇိုင်နာတွေက အနုပညာရှင်တွေရဲ့ပွဲတက်၀တ်စုံတွေကို သဘာ၀ကိုမထိခိုက်စေတဲ့ဘောင်ထဲကနေ ဘယ်လိုအလှဆုံး၊အလန်းဆုံးဖန်တီးပေးခဲ့ကြလဲဆိုတာ ‌လေ့လာကြည့်လိုက်ရအောင်နော်။
 
Cameron Diaz -2012 Met Gala 
 
ကမ္ဘာကျော်မင်းသမီးကြီး Cameron Diaz ရဲ့ 2012 Met Gala ကိုတက်ရောက်စဉ်က ၀တ်ဆင်ခဲ့တဲ့ ဂါ၀န်ဟာ ထူးထူးခြားခြားလှပရုံမက သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းမှူဆိုင်ရာနဲ့ ပတ်သက်လို့လည်း ဘောင်၀င်ခဲ့တဲ့ ၀တ်စုံတစ်ခုဖြစ်ခဲ့ပါတယ်။ ဒီ၀တ်စုံကို နာမည်ကျော် ဒီဇိုင်နာ Stella McCartney ကဖန်တီးချုပ်လုပ်ခဲ့တာဖြစ်ပြီး ဂါ၀န်တစ်ခုလုံးကို အော်ဂဲနစ်ပိုးထည်သားနဲ့ Recycle ဖန်ပုတီးလေးတွေကိုပေါင်းစပ်ထားတာဖြစ်ပါတယ်။ အရမ်းအနုစိတ်ပြီးလှပတဲ့ဒီဂါ၀န်ကို Cameron Diaz ရဲ့အလှနဲ့ပေါင်းစပ်လိုက်တဲ့အခါ ကြည့်ရတာလည်းကျက်သရေရှိသလို Eco-friendly လည်းဖြစ်တဲ့ ပွဲတက်၀တ်စုံကောင်းတစ်ခုအဖြစ် မှတ်တမ်းတင်ခဲ့ရတယ်လို့ ဆိုရမှာပါ။
 
Lady Gaga - 2014 Jimmy Kimmel Live 
 
Lady Gaga ဟာ ထူးခြားတဲ့ဖက်ရှင်တွေနဲ့ပတ်သက်ရင် အမြဲရှေ့ကပြေးနေတတ်သူတစ်ဦးဆိုတာ အားလုံးလက်ခံထားပြီးဖြစ်ပါတယ်။ အဲဒီလို ထူးထူးခြားခြားတွေကို ၀တ်ဆင်တတ်တဲ့ Mother Monster ကြီးရဲ့ လူပြောများတဲ့ ဖက်ရှင်တွေထဲမှာ Jimmy Kimmel Live အစီအစဉ်ကိုသွားရောက်စဉ်က ၀တ်ဆင်ခဲ့တဲ့ ၀တ်စုံကြီးလည်းအပါအ၀င်ဖြစ်ပါတယ်။ ဒီ Dress ဟာ ဖက်ရှင်ဒီဇိုင်နာ Gareth Pugh ရဲ့ Fall 2014 collection ထဲကဖြစ်ပြီး ထူးခြားချက်ကတော့ အပေါ်ကခေါင်းဆောင်းဦးထုပ်အပါအ၀င် ၀တ်စုံကြီးတစ်ခုလုံးကို ကော်ဖီစစ်တဲ့စက္ကူတွေနဲ့ပဲ ချုပ်လုပ်ထားခဲ့တာပါ။ ဒီထက်ပိုပြီး Eco-friendly ဖြစ်တာမရှိတော့ဘူးထင်ပါတယ်နော်။
 
Emma Watson -2016 Met Gala 
ကလေးဘ၀ကတည်းကအားပေးခဲ့ရတဲ့ ဟယ်ရီပေါ်တာမင်းသမီးလေး Emma Watson ကတော့ 2016 Met Gala ရဲ့ Red Carpet ကို ထူးထူးခြားခြားလေးတက်ရောက်လာခဲ့ပါတယ်။ အဲဒါကတော့ ဒီအခမ်းအနားက်ု သူမ၀တ်ဆင်လာတဲ့ ဂါ၀န်တစ်ခုလုံးက recycled materials တွေနဲ့သာ ပြုလုပ်ထားတယ်ဆိုတာပါပဲ။ ဒီ၀တ်စုံကို ကမ္ဘာကျော် Designer Label ဖြစ်တဲ့
Calvin Klein နဲ့ Eco-Age တို့ပေါင်းစပ်ဖန်တီးထားတာဖြစ်ပြီး ဂါ၀န်ရဲ့ပိတ်သားကို ပလတ်စတစ်ဘူးခွံတွေကထုတ်ယူတဲ့ ချည်မျှင်နဲ့ ဖန်တီးထားတယ်လို့ဆိုပါတယ်။ ခုလို ကမ္ဘာကြီးဟာ သဘာ၀ပတ်၀န်းကျင်ညစ်ညမ်းမှူရဲ့ဆိုးကျိုးကိုခံစားနေရတဲ့ကာလမျိုးမှာ ဖန်တီးမှူစွမ်းရည် , နည်းပညာ နဲ့ fashion ပေါင်းစပ်ထားတဲ့ ဂါ၀န်မျိုးကို၀တ်ဆင်ပြီး Red Carpet ပေါ်လျှောက်လှမ်းလာခဲ့တဲ့ Emma ဟာ တကယ်ကို ချီးကျူးစရာပါပဲ။
 
Gisele Bundchen -2018 Met Gala 
 
2018 Met Gala မှာတော့ ဘရာဇီးလူမျိုး စူပါမော်ဒယ်လ်တစ်ဦးဖြစ်တဲ့ Gisele Bundchen ဟာ Versace ရဲ့ Eco-friendly ဂါ၀န်ကို၀တ်ဆင်ပြီး ပွဲတက်ရောက်လာခဲ့ပါတယ်။ ဒီဂါ၀န်ကတော့ Versace ရဲ့ ပဲ့ကိုင်ရှင်ကြီး ဒီဇိုင်နာ Donatella ရဲ့ စိတ်ကူးစိတ်သန်းဖြစ်ပြီး မိန်းမသားဆန်ဆန်လှပဆွဲဆောင်မှူရှိတဲ့အသွင်ကိုမှ သဘာ၀ပတ်၀န်းကျင်ဆိုင်ရာ ဘောင်ထဲကနေကျော်မသွားစေပဲ ဖန်တီးပြခဲ့တာဖြစ်ပါတယ်။ အော်ဂဲနစ် ပိုးသား၊ချည်သားတွေကို အသုံးပြုချုပ်လုပ်ထားပြီး ဘရာဇီးကလာတဲ့ ဖန်ပုလင်းတွေကို ပြန်သွေးပြီး ကျောက်အနေနဲ့အသုံးပြုတန်ဆာဆင်ထားတာဟာ Eco-friendly လည်းဖြစ်သလို ကြည့်လိုက်တာနဲ့ Luxurious ဖြစ်တဲ့အသွင်ကိုဆောင်နေစေတာအမှန်ပါပဲ။
 
Joaquin Phoenix - 2020 Oscar Award 
 
Joker ဇာတ်ကားထဲက မင်းသားကြီး Joaquin Phoenix ကတော့ recycle ၊ reuse ကိုအားပေးတဲ့အနေနဲ့ရော အရိုးဆုံးကအဆန်းဆုံးဆိုတာကိုပါ သက်သေပြသွားခဲ့ပါတယ်။Joker ဇာတ်ကားနဲ့ the Best Actor အကယ်ဒမီ ဆုကြီးကိုထိုက်ထိုက်တန်တန် ပိုင်ဆိုင်နိုင်ခဲ့တဲ့မင်းသားကြီး Joaquin Phoenix ဟာ သူ့ရဲ့တစ်စုံတည်းသော Stella McCartney Suit ကို သူဆုရရှိခဲ့တဲ့ အော်စကာပွဲကြီးအပါအ၀င် ပွဲအတော်များများမှာ ထပ်ခါတလဲလဲ ပြန်လည် ၀တ်ဆင်ခဲ့ပါတယ်။ ပွဲတွေတက်ဖို့အတွက် ငွေကြေးတွေ ၊ သဘာ၀ကိုထိခိုက်စေမယ့်အရာတွေကိုသွေဖယ်ပြီး ပွဲတက် Suit ကောင်းကောင်းတစ်စုံရှိရင်ရပြီဆိုတဲ့သဘောတရားကိုပါ စံနမူနာပြသွားတယ်လို့ဆိုရမှာပါ။
Photo Credit to the Rightful Owners
, , , , , ,

Red Carpet

သူမတူအောင်ဆွဲဆောင်နိုင်လွန်းတဲ့ ညှို့အားပြင်းဖက်ရှင်များနဲ့ အော်စကာ After Party

အော်စကာ Red Carpet ကြီးအပြီးမှာလည်း သူတို့ရဲ့ဖက်ရှင်တွေက မိမိုက်အထာကျနေတုန်းပါပဲ

by Randy Win

February 21, 2020

               အော်စကာ Red Carpet ပွဲကြီးအတွင်း သူ့ထက်ငါအပြိုင် လှပခမ်းနားမှူတွေနဲ့ အပြိုင်ကြဲခဲ့ကြအပြီးမှာတော့ ပေါ့ပေါ့ပါးပါးနဲ့ ညှို့ငင်ဖမ်းစားနိုင်မယ့်ဖက်ရှင်တွေရဲ့ အခန်းကဏ္ဍကိုရောက်ရှိလို့လာပြန်ပါပြီ။ ပွဲကြီးတစ်ပွဲ ပြုလုပ်ပြီးတိုင်း အရေးပါတဲ့ အခမ်းအနားတစ်ခုအနေနဲ့ ဆင်နွှဲလေ့ရှိကြတဲ့ After Party မှာလည်း ပရိသတ်ချစ်တဲ့ အနုပညာရှင်တွေရဲ့ ဖက်ရှင်အပေါ် ကြိုးစားအားထုတ်မှူတွေက လျော့မနေခဲ့ပါဘူး။
               အဲဒီ After Partyမှာ အချေမိုးဆုံးဆိုတဲ့ Luxury Brand တွေ အမိုက်စား Haute Couture တွေသာမက ကိုယ့်ရဲ့ Closet ထဲက အကောင်းတကာ့အကောင်းဆုံးတွေကို သူ့ထက်ငါအလှချင်းပြိုင် ဝတ်ဆင်လာကြတာမို့ ဘယ်လိုအပြိုင်အဆိုင်တွေ လှပနေကြမလဲဆိုတာ အရမ်းကို စိတ်ဝင်စားစရာကောင်းလွန်းလှပါတယ်။ အဲဒီလို အလန်းတကာ့အလန်းဆုံးတွေထဲကမှ Sexy ကျကျနဲ့ မိမိုက်လွန်းနေတဲ့ Celebrity တချို့ရဲ့ After Party Fashion တွေကို ရွေးချယ်တင်ပြပေးလိုက်တာမို့ ဘယ်သူ့က အထာအကျဆုံးဖြစ်နေမလဲဆိုတာ တချက်ကြည့်ကြည့်လိုက်ရအောင်နော်။

, , , , ,

Red Carpet

Colorful and Fun ဖြစ်တဲ့ ဖက်ရှင်တွေနဲ့ The Brit Awards ရဲ့ Red Carpet Look များ

Harry Style ကတော့ Mary Jane Shoe နဲ့ပွဲတက်လာတာနော်

by May Shoon

February 20, 2020


Britian ရဲ့ ထိပ်တန်း ဂီတဆုပေးပွဲကြီးဖြစ်တဲ့ The 40th Brit Awards ဆုပေးပွဲကြီးကို ဒီအင်္ဂါနေ့ က London မှာရှိတဲ့ O2 Arena မှာကျင်းပခဲ့ပါတယ်။ British နာမည်ကျော် Music Artist တွေနဲ့ Celebrity တွေတက်ရောက်ခဲ့ကြပြီး တက်ရောက်လာတဲ့သူတိုင်းရဲ့ဖက်ရှင်တွေက ချစ်စရာကောင်းပြီး Playful ဖြစ်တဲ့ ဖက်ရှင်အတွဲအစပ်တွေနဲ့ ပါ။ အားလုံးရဲ့ အချစ်တော် Billie Eilish၊ Harry Styles နဲ့ Anne-Marie တို့လည်း ပါဝင်တာမို့ ဘယ်သူ့ဖက်ရှင်တွေက အမိုက်ဆုံးဖြစ်မလဲဆိုတာ ကြည့်လိုက်ဦးနော်။

 

 

,

Red Carpet

တည်ငြိမ်ပြီး Elegant ဖြစ်တဲ့ အတွဲအစပ်တွေနဲ့ 2020 Grammy Red Carpet

Ariana Grande ကတော့ စင်ဒရဲလားလေးနဲ့တောင်ထင်မှားရလောက်ပါတယ်

by May Shoon

January 29, 2020


2020 Grammy Red Carpet ကြီးဟာဆိုရင်လည်း Oscar Red Carpet နည်းတူ ရင်သပ်ရှုမောစရာ ပွဲတက်ဖက်ရှင်တွေနဲ့ ပြည့်နှက်နေတဲ့ ပွဲကြီးလို့ ပြောလို့ရပါတယ်။ အားလုံးရဲ့ Look တွေကလန်းဆန်းပြီး Gorgeous ဖြစ်တဲ့ အသွင်ကို ဆောင်နေတာတော့ အသေချာပါပဲ။ အရင် Grammy တွေတုန်းက Nicki Minaj ၊ Rihanna နဲ့ J.Lo တို့ရဲ့ တောက်ပတဲ့ ပွဲတက်ဖက်ရှင်တွေက ခေတ်စားခဲ့တာမှန်ပေမယ့် ဒီနှစ်မှာတော့ အရောင် ငြိမ်ငြိမ်လေးတွေနဲ့ လှပနေသူတွေကို ပိုမြင်တွေ့ရမှာပါ။ Lizzo ရဲ့ Old Hollywood စတိုင် Atelier Versace ဝတ်စုံကစလို့ Ariana Grande ရဲ့ မီးခိုးရောင် Giambattista Valli Gown ကြီးအဆုံး 2020 Grammy ရဲ့အလှပဆုံး Red Carpet Look တွေကို ရွေးချယ်ပေးလိုက်ပါတယ်။ ကျော့ရှင်းနေတဲ့ သူတို့ရဲ့ Look တွေကို တစ်ချက်လောက် ကြည့်ကြည့်လိုက်နော်။

, ,

Red Carpet

Glamorous ဖြစ်တဲ့ဝတ်စုံများနဲ့ တောက်ပခဲ့တဲ့ Golden Globes Awards 2020 ရဲ့ Red Carpet

ကိုယ်ပိုင်ဟန်နဲ့ ကျက်သရေရှိရှိ လှနေကြပါတယ်

by May Shoon

January 9, 2020

Hollywood ရဲ့ အထင်ကရ ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီးဖြစ်တဲ့ Golden Globes Award 2020 ဆုချီးမြှင့်ပွဲကြီးကို 77th အကြိမ်မြောက်အဖြစ် January 6 ရက်နေ့က အစဉ်အလာအတိုင်းခမ်းခမ်းနားနားကျင်းပခဲ့ပါတယ်။ ဒီနှစ်မှာတော့ Comedian Ricky Gervais က Host အဖြစ်ဆောင်ရွက်ခဲ့ ပြီး ပွဲကို တက်ရောက်လာတဲ့ Celebrity တေါရဲ့ Red Carpet Fashion ကလည်း Bold ဖြစ်ပြီး လှပလွန်းတာမို့ သူတို့ရဲ့ ပွဲတက်ဖက်ရှင်ထဲကမှ Best Look နဲ့ ဝတ်ဆင်လာတဲ့ Outfit လေးတွေကို စုစည်းပေးလိုက်ပါတယ်။

, , ,

Red Carpet

THE OSCAR ကိုလွှမ်းခြုံခဲ့တဲ့ အလှဆုံး RED CARPET ဖက်ရှင်များ

ဒီနှစ် Oscars ကတော့ ပန်းရောင်တွေလွှမ်းမိုးခဲ့တဲ့ နှစ်လို့ပြောရမှာပါ

by May Shoon

February 26, 2019

မနေ့ကကျင်းပခဲ့တဲ့ Oscar ပွဲကြီးကတော့ စည်စည်ကားကားနဲ့ကျင်းပပြီးသွားပါပြီ။ Oscar ဆုကြီးတွေကိုလည်း အားလုံးမျှော်မှန်းထားတဲ့ အနုပညာရှင်တွေက ရရှိသွားကြလို့ ကျေနပ်ကြလိမ့်မယ်ထင်ပါတယ်။ နောက်ထပ် သတိထားမိတဲ့အချက်ကတော့ Oscar ပွဲကြီးကို တက်ရောက်လာကြတဲ့ Celebrity တွေရဲ့ ပွဲတက်ဖက်ရှင်ပါပဲ။ ဒီနှစ်တော့ မင်းသမီးတော်တော်များများက မိန်းကလေးဆန်ပြီး ကျက်သရေရှိတဲ့ ပွဲတက်ဂါ၀န်တွေကို ၀တ်ဆင်လာကြတာကိုမြင်တွေ့ ရမှာပါ။ တခြားအရောင်လေးတွေနဲ့ တစ်မျိုးစီလှနေတဲ့သူတွေလည်း အများကြီးရှိပါတယ်။ Red Carpet ပေါ်က အလှပဆုံးဖက်ရှင်တွေကို စုစည်းပေးလိုက်တာမို့ ကိုယ်တိုင်ပဲ လေ့လာကြည့်လိုက်တော့နော်။


MODA TV 


Red Carpet

THE OSCAR 2019 မှ CELEBRITY COUPLE တွေရဲ့ ပွဲတက်ဖက်ရှင်

သူတို့ရဲ့ စုံတွဲ Red Carpet Look တွေက အရမ်းကို လိုက်ဖက်နေကြပါတယ်

by May Shoon

February 25, 2019

ဒီနေ့ ကျင်းပနေတဲ့ 91 ကြိမ်မြောက် The Oscar ဆုပေးပွဲကြီးကို နာမည်ကျော် သရုပ်ဆောင်တွေထဲမှာ အနုပညာရှင်စုံတွဲတွေ၊ ဇနီးမောင်နှံတွေလည်း အတူတူတက်ရောက်ခဲ့ကြပါတယ်။ ဒီနှစ်တော့ Celebrity Couple တွေ အကုန်လုံးလိုလို Red Carpet ဖက်ရှင်ကို အပြန်အလှန်လိုက်ဖက်တဲ့အရောင်အတွဲအစပ်နဲ့ ဒီဇိုင်းတွေကို ရွေးချယ်ပြီးတက်ရောက်လာကြတာပါ။ သင်ကြိုက်တဲ့ Celebrity Couple ရဲ့ Red Carpet Look ကရော ဘယ်လိုလေးဖြစ်မလဲဆိုတာ ကြည့်လိုက်တော့နော်။


Red Carpet

2019 THE BRIT AWARDS ပွဲမှ RED CARPET LOOKS များ

Dua Lipa ကတော့ သူမရဲ့ ထုံးစံအတိုင်း အမိုက်စား Gown နဲ့ပွဲတက်လာပါတယ်။

by May Shoon

February 22, 2019

နှစ်စဉ်ကျင်းပနေကျ ဂီတဆုပေးပွဲကြီးတစ်ခုဖြစ်တဲ့ The Brit Awards 2019 ကို ဖေဖော်ဝါရီ ၂၀ ရက်နေ့က ကျင်းပခဲ့ပါတယ်။ Awards ကိုတက်ရောက် လာကြတဲ့ artsit တွေရဲ့ red carpet look တွေကို ရွေးချယ်ပေးလိုက်ပါတယ်။ သင့် favourite artist ကရောဘယ်လို ပုံစံလေးနဲ့ပွဲတက်လာတာလဲ။

 


Red Carpet

"မြို့ ပြမုဆိုးများ" ရုပ်ရှင်ဇာတ်ကား PRESS SHOW မှ RED CARPET ပုံရိပ်များ

ခပ်မိုက်မိုက် ကိုယ်ပိုင်စတိုင်တွေနဲ့ ကိုယ်စီ လှနေကြပါတယ်။

by May Shoon

February 22, 2019

Junction City မှာကျင်းပခဲ့ပြီးဖြစ်တဲ့ "မြို့ပြမုဆိုးများ" (City Haunter) Press Show ကို သရုပ်ဆောင်များ၊ ရုပ်ရှင်အဖွဲ့သားများ၊ မော်ဒယ်များ၊ အနုပညာရှင်များနဲ့ Media များတက်ရောက်ခဲ့ကြပါတယ်။ Movie Press Show ရဲ့  Red Carpet ကိုတက်ရောက်လာကြတဲ့ Celebrity တွေရဲ့  ပွဲတက်ဖက်ရှင်တွေကလည်း အရမ်းမိုက်တာမို့ ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်။

Credit : Original Uploaders



Loading More post