×
Food & Travel

သဘာ၀တရားရဲ့အလှတရားများစုစည်းရာ SON DOONG CAVE

ဗီယက်နမ်နိုင်ငံရဲ့ တောတွင်းသဘာ၀အလှအပများကိုခံစားချင်သူတွေအတွက် အထူးရည်ရွယ်တင်ဆက်ထားခြင်းဖြစ်ပါတယ်

by Lin Thu Maung

August 9, 2016

MODAပရိသတ်ကြီးကို မြို့ပြပတ်၀န်းကျင်ကနေစွန့်ခွာပြီးထူးခြားဆန်းပြားတဲ့  နေရာသစ်လေးတစ်ခုဆီ ခေါ်ဆောင်သွားချင်ပါတယ်။အဲဒီနေရာကတော့Son Doong ဂူပဲဖြစ်ပါတယ်။ Son Doong ဂူဟာ Doongကျေးရွာရဲ့မြေနိမ့်ပိုင်းမှာတည်ရှိပြီးPhoneNhaKeBangNational Parkအတွင်းမှာ တည်ရှိကာ အဆိုပါဒေသမှာအခြားဂူတွေအများအပြားကိုလည်းတွေ့နိုင်ပါတယ်။ SonDoong ဂူကိုဘာလို့ ကမ္ဘာ့အကြီးဆုံးဂူဖြစ်လို့ပါပဲ။ ဗီယက်နမ်နိုင်ငံရဲ့အလယ်ဗဟိုဒေသQuan Binh ပြည်နယ်မှာတည်ရှိပြီးအဲဒီဂူကို Ho-Khanh ဆိုသူ ဗီယက်နမ်လူမျိုးတစ်ဦးမှ ၁၉၉၁ခုနစ်မှာ အမှတ်မထင် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။ SonDoongဂူဟာ နှစ် ၁၀၀သက်တမ်းရှိပြီဖြစ်ပြီး ၂၀၀၉ခုနစ်မှာ ဗြိတိန်လိုဏ်ဂူစူးစမ်းရှာဖွေရေးအဖွဲ့ (British Cave Research Association) ကနေ ဂူကြီး၏အတိုင်းအတာနဲ့ အတွင်းဘက်ကို စတင်တွက်ချက်လေ့လာခဲ့ပါတယ်။ ဒီအဖွဲ့ကိုဦးဆောင်သူများမှာ Howard Limbert နှင့် ဇနီး Dep Limbert ဆိုသူ ပညာရှင်နှစ်ဦးပဲဖြစ်ပါတယ်။

တိုင်းတာတွက်ချက်မှုများအရ ဂူကြီးရဲ့အလျားမှာ၅ကီလိုမီတာ၊ အမြင့်၁၅၀မီတာနဲ့ ၂၀၀မီတာရှိသဖြင့် အလွန်ပင်ကြီးမားကျယ်ပြန့်လှသော လိုဏ်ဂူကြီးအဖြစ် အားလုံးက အသိအမှတ်ပြုခဲ့ကြပါတယ်။ အထဲမှာ ၀င်ရောက်ကြည့်ရှုမယ်ဆိုရင်တော့ အရမ်းကိုလှပတဲ့ လိုဏ်ဂူငယ်လေးတွေကိုလည်း တွေ့ရှိနိုင်ရမှာပါ။ အဆိုပါလိုဏ်ဂူကြီးကို တွေ့ရှိလိုက်ခြင်းကလည်း ကမ္ဘာမြေကြီးရဲ့ ပုန်းကွယ်နေသော ထူးဆန်းအံ့ဖွယ်တစ်ခုထဲမှတစ်ခု ထွက်လာသလိုပါပဲ။ ဘယ်လိုထူးဆန်းမှုတွေလျှို့ဝှက်မှုတွေ ပြည့်နေပါသလဲလို့မေးရင်တော့ ယခုထက်တိုင် လေ့လာမှုများတွေ့ရှိမှုများ မကုန်ဆုံးသေးပါဘူးလို့ ဖြေရပါလိမ့်မယ်။

အဆိုပါ လိုဏ်ဂူကိုယခင်တုန်းက ရှာဖွေတွေ့ရှိခဲ့သူ Ho-Khanh ကို အစွဲပြုပြီး Ho-Khanh လို့ ခေါ်ခဲ့ကြပါ သေးတယ်။ အဆိုပါနာမည်ကို ဗြိတိန်လိုဏ်ဂူစူးစမ်းရှာဖွေရေးအဖွဲ့ (British Cave Reserarch Association) က သဘောတူခဲ့ပြီး နောက်တစ်ကြိမ် သူတို့ပြန်လာတဲ့အခါမှာတော့ အဲဒီဂူကို Song Doon ဂူလို့ သတ်မှတ်ဖို့အတွက် Ho-Khanh ကိုကမ်းလှမ်းရာမှာ သဘောတူတဲ့အတွက် Soon Dong ဂူ လို့အမည်ပေးလိုက်ပါတယ်။ ယနေ့အချိန်မှာတော့ အဆိုပါဂူကြီးကို သွားရောက်လေ့လာနိုင်ပြီဖြစ်ပြီး ပထမဦးဆုံး ရောက်ရှိလည်ပတ်ခဲ့သူကတော့ ဆော်ဒီမှ မင်းသားတစ်ပါးဖြစ်ပြီး ၂၀၁၄ ခုနစ်ဖေဖော်ဝါရီလမှာ လာရောက်လည်ပတ်ခဲ့ခြင်းဖြစ်ပါတယ်။ မင်းသားရဲ့မှတ်ချက်ကတော့ တစ်ခွန်းပါပဲ။ ကျွန်တော်တို့ကမ္ဘာမှာ နောက်ကမ္ဘာတစ်ခုဆိုတာပါပဲတဲ့။ လျှို့ဝှက်ကမ္ဘာလို့ အမည်တွင် ကျော်ကြားလှတဲ့  Son Doong ဂူရဲ့ အတွင်းဘက်မှာရှိတဲ့လေ့လာစရာလှပမှုအနည်းငယ်ကို မိတ်ဆက်ချင်ပါသေးတယ်။ အနည်းငယ်သော အချက်အလက်တွေကို   သေချာလေ့လာဖတ်ရှုပြီးဘာကြောင့်မို့လို့ နာမည်ကျော်ကြားနေတယ်ဆိုတာကို သဘောပေါက်မှာအသေအချာပါပဲ။

ထူးခြားချက်များ
ပေပေါင်းများစွာ ကြိုးဖြင့်တွယ်ဆင်းပြီးမှသာ ရောက်ရှိနိုင်သောဂူပေါက်၀ဟာ အတွင်းလေအေးနဲ့ အပြင်လေပူများ ထိတွေ့မှုများကြောင့် မြူများဖြင့်ဖုံးလွှမ်းနေပြီး ပတ်လည်လွှမ်းနေတဲ့ သစ်တောများအကြားမှာဖုံးလွှမ်းလျက်ရှိနေပါတယ်။ လာရောက်လည်ပတ်သူတွေအနေနဲ့ကတော့ မီတာ ၈၀ အမြင့်ရှိတဲ့ကျောက်ကမ်းပါးကို ကြိုးများဖြင့် တွဲချိတ်တက်ရ၊ ဆင်းရပါတယ်။ ကြီးမားတဲ့ အပူရှိန်အပြောင်းအလဲဟာ ဂူအတွင်းမြူများကို ဖြစ်ပေါ်စေပြီး ကျောက်ပြတင်းပေါက်အသေးနှစ်ခုကသက်တမ်းရင့် ဂူရဲ့အလှကိုပေါ်လွင်စေပါတယ်။

ဂူအတွင်းတွင်ရှိနေသောအမြဲစိမ်းတော

အထူးခြားဆုံး ထူးခြားမှုအနေနဲ့ကတော့ ဂူအတွင်းမှာတည်ရှိနေတဲ့အမြဲစိမ်းတောပါပဲ။ ဂူအမိုးပေါ်မှာ သဘာ၀အလျောက် ဖြစ် ပေါ် နေတဲ့  ကျောက်လွှာပေါက်များက နေရောင်ကို ဂူအတွင်းသို့၀င်ရောက်စေပြီး ရှေးဟောင်းသစ်ပင်များကိုပေ ၁၀၀ ခန့်အထိ ကြီးထွားစေပါတယ်။ အဆိုပါအမြဲစိမ်းတောမှာအင်းဆက်များ၊ မျောက်များ၊ မြွေများ၊ လင်းနို့များ၊ လိပ်ပြာမျိုးစိတ်များနဲ့ အခြားသော အမြဲစိမ်းတောနေသတ္တဝါများကိုလည်း တွေ့ရပါတယ်။ အဆိုပါတောကို ရှာဖွေတွေ့ရှိသူများမှ Garden of Edam လို့အမည်ပေးထားပါတယ်။

အသွင်အပြင်ထူးခြားလှပသော မြေအောက်ရေတံခွန်ကြီးများ

Son Doong ဂူအတွင်းမှာ ဂူပေါင်း ၁၅၀ကို ဖြတ်သန်းစီးဆင်းနေတဲ့ မြေအောက်မြစ်များရှိပြီး အဆိုပါ မြစ်များနှင့် ကျောက်ကမ်းပါးယံများကို ဖြတ်သန်းစီးဆင်းတဲ့အခါမှာဖြစ်ပေါ်လာတဲ့ ကြီးမားတဲ့ ရေတံခွန်ကြီးများကိုမြင်တွေ့နိုင်မှာဖြစ်ပါတယ်။ ကြည်လင်တောက်ပလျက်ရှိသော မြေအောက်မြစ်များတွင်သင်ရေငုပ်၊ ရေကူးနိုင်ဦးမှာဖြစ်ပါတယ်။ ရေတံခွန်အနီးအနားမှာ တစ်ကြိမ်တစ်ခါမှ မမြင်ဖူးသေးတဲ့အပင်မျိုးစိတ်တွေကို လည်း လေ့လာနိုင်မှာဖြစ်ပါတယ်။

လေ့လာမကုန်နိုင်သော မြေမျက်နှာသွင်ပြင်သစ်များ
Son Doong ဂူအတွင်းမှာ ထူးခြားတဲ့ကျောက်ကမ်းပါးများ၊ ကျောက်တောင်များကိုလည်းထူးခြားဖွယ်ရာတွေ့ရှိရပါတယ်။ ထူးခြားပြီးခွေးလက်ချောင်းကြီးနဲ့တူတဲ့ Hand of Dog   ကျောက်တောင်ကြီးကလည်း  အသည်းယားစရာကြီးပါပဲ။ ဂူအတွင်းကို လာရောက်လေ့လာသူတွေအနေနဲ့ ပထမဦးဆုံးညကို အဆိုပါခွေးလက်ကျောက်တောင်အနီးမှာ စခန်းချပြီးနေစေပါတယ်။

ပုလဲရုပ်ကြွင်းများ

Son Doong ဂူရဲ့ထူးခြားချက်တစ်ခုအနေနဲ့ နှစ်ရာပေါင်းများစွာကခြောက်သွေ့ပြီး မြေဆီလွှာအဖြစ် ကျန်နေခဲ့တဲ့ ပုလဲမြေလွှာတွေကိုလည်းတွေ့ရပါတယ်။ ပင်လယ်ရေတွေကျသွားပြီး ကျန်ရှိနေခဲ့ရာမှခြောက်သွေ့ပြီး သဲမြေလွှာတွေမှာ ရုပ်ကြွင်းအဖြစ်ကျန်နေခဲ့တာကလည်း ထူးခြားဖွယ်ရာပါပဲ။

ဘယ်အချိန်မှာသွားလည်ဖို့အကောင်းဆုံးလဲ
Son Doong ဂူကိုသွားလည်ဖို့အကောင်းဆုံးအချိန်ကတော့ ဖေဖော်ဝါရီလကနေ သြဂုတ်လအထိဖြစ်ပါတယ်။ ကျန်တဲ့မိုးတွင်းကာလတွေမှာတော့ ခရီးသွားတွေအတွက် အထူးအန္တရာယ်ကြီးမားလှပါတယ်။ ဖေဖော်ဝါရီလမှ ဧပြီလအထိ အချိန်အတိုင်းအတာဟာ ဂူအတွက်အလွန်ပင်အေးခဲလှပါတယ်။အဲဒီအချိန်ကတော့ ဂူကိုလှည့်ပတ်ကြည့်ရှုဖို့အတွက် အသင့်လျော်ဆုံး အချိန်ပါပဲ။အဆိုပါအချိန်များမှာ ညပိုင်းမှာဆိုရင်တော့ အရမ်းကို အေးပါတယ်။ မေလမှ သြဂုတ်လအထိဟာဆိုရင် ဂူအတွင်း အပူရှိန်ပြင်းထန်ပါတယ်။ ဒါကြောင့်မို့လို့ ဂူအတွင်းကို ၀င်ရောက်ကြည့်ရှုမယ့်သူများအတွက် ကျန်းမာရေးအခြေအနေကိုသေချာဂရုစိုက်ပြီးမှ ၀င်ရောက်လေ့လာကြည့်ရှုသင့်ပါတယ်။

Son Doong ဂူသွားမယ်ဆိုရင် သတိထားစရာ
Son Doong ဂူကို၀င်ရောက်လည်ပတ်တဲ့ သူတိုင်းကို မည်သည့်အရာမှ ထိတွေ့ခွင့်မပေးသေးဘူးလို့ထင်ပါတယ်။ အခြားတားမြစ်မှုတွေကတော့ သစ်ရွက်မခုတ်ရ၊ သစ်ပင်မခုတ်ရစတဲ့ စည်းကမ်းတွေအပြင် ဂူထဲက အခြားမည်သည့်ပစ္စည်းမှမထိရဆိုတဲ့ စည်းကမ်းတွေကိုလည်း သတ်မှတ်ထားပါတယ်။ ဘာလို့လည်းဆိုတော့ ဂူအတွင်းက ဖွံ့ဖြိုးတိုးတက်မှုအခြေအနေတွေ ပျက်စီးသွားမှာ  စိုးရိမ်ရပြီး ဧည့်သည်တွေအတွက်လည်းမမျှော်လင့်တဲ့ဘေးအန္တရာယ်တွေကို ဖြစ်ပွားစေနိုင်လို့ပါပဲ။ ဂူအတွင်းက အရာတွေတော်တော်များများဟာ ဘာမှစစ်ဆေးရခြင်းမရှိသေးပါဘူး။

သဘာ၀တရားကြီးအားလေ့လာချင်သော စွန့်စားစိတ်လှုပ်ရှားဖွယ်ခရီးတစ်ခုအား ပိုင်ဆိုင်ချင်သော သင့်အတွက် Son Doong ဂူကကြိုဆိုနေမှာဖြစ်ပါတယ်။ လေ့လာလို့ မကုန်နိုင်သော ထိုထူးဆန်းလှသည့်နေရာကိုသွားရောက်ရန်အတွက် ကုန်ကျငွေမှာလည်း မသေးပါဘူး။ ၆ ညအိပ် ၇ရက်ခရီးစဉ်အတွက် သင်ကုန်ကျငွေမှာခန့်မှန်းငွေအမေရိကန်ဒေါ်လာ ၃၀၀၀ ခန့်ကုန်ကျမှာဖြစ် ပါတယ်။ ဒီကုန်ကျငွေအား သင်အသုံးပြုပြီး လည်ပတ်ချင်သည့်တိုင် ဧည့်သည်အရေအတွက်မှာ ၂၄၀ဦးသာလက်ခံတဲ့အတွက် နီးစပ်ရာခရီးသွားAgency မှာ ကြိုတင်စာရင်းသွင်းထားဖို့အတွက် တိုက်တွန်းလိုက်ပါတယ်။

 

 

Food & Travel

ပျော်ရွှင်စရာအစီအစဉ်တွေနဲ့ပြည့်နှက်နေတဲ့ Singapore Nightlife

M Seng Lu နဲ့အတူ မြူးကြွ အသက်ဝင်နေတဲ့ Singapore Nightlife ကိုသွားရောက်စီးမျောကြည့်ရအောင်

by May Shoon

June 17, 2020

Super Model M Seng Lu နဲ့ အတူ Weekend getaway အနေနဲ့ စင်ကာပူကိုသွားရင်းနောက်ထပ်ပြောပြချင်တာကတော့ အားလုံးစိတ်ဝင်စားကြမယ့် Singapore Nightlife အကြောင်းပေါ့ ။ စင်ကာပူနိုင်ငံ ဟာ စီးပွားရေးလုပ်ငန်းအချက်အ ချာနေရာ တင်မဟုတ်ဘဲ နေဝင်ပြီ ဆိုတာနဲ့ နိုက်ကလပ်တွေ ဘားတွေ က သက်ဝင်လှုပ်ရှားနေတဲ့ နိုင်ငံတစ်နိုင်ငံ ပဲ ဖြစ်ပါတယ်။

 

ကဲ စင်ကာပူရဲ့ မြူးကြွလှုပ်ရှားနေတဲ့ Nightlife ဆိုရင်တော့ Clarke Quay က နေ စပြောရမှာပါပဲ။ လူစည်ကားပြီး စားသောက်စရာ အများကြီးရှိတဲ့နေရာသွားချင်ပါတယ်ဆိုရင် တော့ကျွန်တော့်အနေနဲ့ Clarke Quay ကို ညွှန်းပေးချင်ပါတယ်။ Night out ထွက်မယ်ဆိုရင်လည်း အရမ်းမိုက်တဲ့အတွက်ကိုယ့် ရဲ့ သူငယ်ချင်းတွေနဲ့ အတူ စင်ကာပူမြစ်ကမ်းဘေးမှာထိုင်ပြီး စကားပြောလို့ ကောင်းတဲ့နေရာလေးပါ။ မိသားစုနဲ့မှ သွားချင်ပါတယ်ဆိုတဲ့ လူတွေအတွက်လည်း Clarke Quay ကသွားဖို့ သင့်တော်တဲ့နေရာဖြစ်ပါတယ်။ Clarke Quay မှာဆိုင်တွေများတယ်ဆို ပေမယ့် အစားအသောက်မကောင်းတဲ့ ဆိုင်ဆိုတာမရှိသလောက်ပါပဲ။ မျက်စိမှိတ်ပြီးတောင် ဝင်ထိုင်ရင်တောင် အရသာရှိပြီးစားကောင်းတဲ့ဆိုင်တွေ ကမလွတ်ပါဘူး။ ဆိုင်တော်တော်များ များကလည်း Live Performance ရှိတော့ သောက်စရာတွေကလည်း များတော့ သူငယ်ချင်းတွေနဲ့ Chill လို့ အရမ်းကောင်းတာပေါ့။

 

High end ဖြစ်တဲ့ Rooftop bar ကိုမှ သွားချင်ပါတယ်ဆိုတဲ့ သူတွေအတွက် Central Business District Area မှာရှိတဲ့ Empire Lounge ကို ညွှန်းချင်ပါတယ်။ Empire Lounge က ၄၅ ထပ်မှာရှိတဲ့အတွက် စင်ကာပူ ရဲ့ မကြည့်မဖြစ်တဲ့ Marina Bay Sand ရဲ့ LED Performance ကိုလည်းသူတို့ရဲ့ ကိုယ်ပိုင်အမှတ်တံဆိပ် ကော့တေးလ်တွေကို မြည်းစမ်းကြည့်ရင်း စင်ကာပူရဲ့ Nightlife ကို အပြည့်အဝ ကြည့်ရှုခံစားနိုင်ပါတယ်။

အခုလာမယ့် သြဂုတ် ၉ ရက်နေ့မှာ ကျရောက်မယ့် စင်ကာပူနိုင်ငံရဲ့ အမျိုးသားနေ့ မှာ လွှတ်တင်မယ့် မီးရှုးမီးပန်းတွေကိုလည်း တစ်မြို့လုံးရဲ့အပေါ်စီးကနေ ကြည့်လို့ရပါတယ်။

Empire Lounge က outdoor ရှိသလို indoor area မှာလည်း အရမ်းမိုက်တဲ့ အပြင်အဆင်တွေနဲ့ တကယ်ကို Chill လုပ်ဖို့သင့်တော်တဲ့ Bar တစ်ခုပါ။

Empire Lounge ကိုသွားတဲ့ လူတော်တော်များများက Central Business District Area ကဆိုတော့ professional ကျပြီး စတိုင်ကျတဲ့သူငယ်ချင်းတွေအများကြီးလည်း ရနိုင်ပါတယ်။သွားမယ်ဆိုရင်တော့ သောကြာနေ့တို့ စနေနေ့တို့ကတော့ အကောင်းဆုံးပါပဲ။

 

Clarke Quay မှာ စားသောက်ပြီးရင်တော့ Clarke Quay Cannery Block ရဲ့ တစ်ဖက်ခြမ်းမှာရှိတဲ့ RedTail by Zouk ကို သွားရောက်လည်ပတ်စေချင်ပါတယ်။ RedTail Bar က ဆိုရင် သောက်ရင်းနဲ့ဆော့ရတဲ့ကစားနည်း တွေ ထဲက တစ်ခုဖြစ်တဲ့ Beer pong တွေအပြင် တခြားကစားနည်းအများကြီးရှိတဲ့ Zouk Club ရဲ့ ကစားကွင်းအသစ် လို့ ပြောလို့ရပါတယ်။ ပေါ့ပေါ့ပါးပါး နဲ့ သူငယ်ချင်းတွေ စုပြီး ကစားလို့ရအောင် ဖန်တီးထားတဲ့ နေရာဖြစ်တဲ့အပြ င် အလုပ်ကပြီးလို့ သူငယ်ချင်းတွေ နဲ့တွေ့မယ် ဆိုရင်တော့ အကောင်းဆုံးနေရာတစ်ခုပဲ ဖြစ်ပါတယ်။

ပိတ်ရက်တွေမှာ ကလပ်တွေ ဘာတွေ မသွားရင် အရင် စားသောက်ကစားလို့ ကောင်းတဲ့ နေရာတစ်ခုပါ။ အဲဒီကိုရောက်ရင် တော့ အာရှအကြိုက် အရသာတွေကို ဖန်တီးထားတဲ့ အစားအသောက်တွေ၊ စိတ်ကြိက်ဖန်တီး ဖျော်စပ်ပေးတဲ့ ကော့တေးလ် တွေ ဘီယာ ဝိုင် နဲ့ Zouk ရဲ့ သင်္ကေတဖြစ်တဲ့ Blue Spin, Velvet Rope တွေကို မြည်းစမ်းကြည့်ဖို့ မမေ့နဲ့ဦးနော်။

ညတစ်ည ကို အကောင်းဆုံး အနားသတ်ပေးဖို့အတွက် ကတော့ ကမ္ဘာ့အသိအမှတ်ပြု DJ Top 100 Club စာရင်းဝင် ထိပ်တန်း ကလပ် ၅ ခုထဲ က တစ်ခုဖြစ်တဲ့ Zouk Club ကို ပဲ သွားလိုက်ဖို့ အကြံပေးချင်ပါတယ်။ စင်ကာပူ ရောက်ပြီး Zouk Club ကို မရောက်သေးရင်တော့ စင်ကာပူ ရဲ့Nightlife ကို ခံစားပြီးပြီလို့ တော့ ပြောလို့မရပါဘူးနော်။ Zouk ဆိုတာ ပြင်သစ်စကားဖြစ်ပြီး ပါတီ လို့ အဓိပ္ပါယ်ရပါတယ်။ Zouk Club က တစ်ပတ်နဲ့တစ်ပတ် မထပ်အောင်ကို ပွဲတွေလည်းရှိနေပြီး အမိုက်စား ဒီဂျေ တွေနဲ့ဆိုတော့ အပတ်တိုင်းသွားရင်တောင် ပျင်းဖို့အချိန်တောင် မ ရလောက်ပါဘူး။ ကျွန်တော်တို့ Zouk သွားတဲ့နေ့ကအတွေ့ အကြုံကိုပြောရမယ်ဆို ရင်နေ့လည်မှာ Shopping တွေအကြီးအကျယ်ထွက်ထားလို့ ပင်ပန်းလွန်းလို့ ကလပ် ထဲမှာမကဲနိုင်လောက်တော့ဘူးလို့တွေးထားပေမဲ့ တကယ်တမ်း Zouk ကိုရောက်တဲ့အခါ Music တွေ Beat တွေကအရမ်းကိုကောင်းနေတော့ ခန္ဓာကိုယ်က သူ့အလိုလို လိုက်ကမိတော့တာပဲ။

တကယ်အမိုက်စား Beat တွေနဲ့ Sound system တွေကြောင့် အရမ်းကိုပျော်ခဲ့ကြပါတယ်။ မနက် ၄ နာရီမှပဲ M Seng Luနဲ့ အတူ ကလပ် က ပြန်ဖြစ်ကျပါတယ်။အဲ့လောက်ထိကို ပျော်စရာကောင်းတာကြောင့် ပင်ပန်းနေပြီ Zouk ကို မသွားတော့ဘူးလို့ မနေလိုက်နဲ့နော်။ Zouk ကို ရောက်ရင် ကိုယ် ဘယ်လောက်ထိ ကနိုင်လဲဆိုတာ သိသွားလိမ့်မယ်။ တကယ်လို့ အခုလို ကမ္ဘာ့ထိပ်တန်း အမြူးကြွဆုံး သံစဉ်တွေကို ခံစားချင်တယ်ဆိုရင်တော့ စင်ကာပူ က သင့်ကို မေ့မရနိုင်တဲ့အခုလိ weekend getaway ကို ဖန်တီးပေးနိုင်တယ်လို့ လို့ ပြောချင်ပါတယ်။

 

အပေါ်ကပြောသွားတဲ့ ကလပ် တွေ high end bar တွေ လည်းမသွားချင်ဘူး။ သူငယ်ချင်းတွေနဲ့ ဘီယာလေးသောက်ပြီး အစားအသောက်ကောင်းကောင်းရနိုင်တဲ့ဆိုင်မျိုး မိတ်ဆက်ပေးပါဦး လို့ပြောရင်တော့ Esplanade မှာ ရှိတဲ့ Mischief ကိုညွှန်းပေးချင်ပါတယ်။ သူငယ်ချင်းတွေနဲ့ အတူ ပေါ့ပေါ့ပါးပါး gathering လုပ်လို့ကောင်းတဲ့ ဆိုင်တစ်ဆိုင်ပြီး လူငယ်ဆန်တဲ့ အပြင်အဆင်ကလည်း အရမ်းကို သက်တောင့်သက်သာဖြစ်စေပါတယ်။

စင်ကာပူရဲ့ “Passion Made Possible” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း Mischief ရဲ့ passion တွေနဲ့ဖန်တီးထားတဲ့ အစားအသောက်တွေကို ရရှိနိုင်ပါတယ်။ နောက်ထပ်ထူးခြားတာ တစ်ခု က သူရဲ့ menu တွေက အမေရိကန် နဲ့ အရှေ့တောင်အာရှ က ရိုးရာ အစားအသောက် တွေကို ပေါင်းစပ်ဖန်တီးထားတာပဲ ဖြစ်ပါတယ်။ M Seng Lu ရဲ့ အကြိုက်ဆုံး menu ဖြစ်တဲ့ Full Platter ကိုတော့ Mischief ရောက်ရင်စားကြည့်ဖို့မမေ့နဲ့နော်။

ကဲအခုဆိုရင် စင်ကာပူရဲ့ Weekend Getaway မှာ Super Model M Seng Lu ရဲ့ Nightlife ဖြတ်သန်းခဲ့ပုံလေးကို ပြောပြပြီးပြီ ဖြစ်တဲ့အတွက် Singapore Nightlife ကို ကိုယ်တိုင်ကြည့်ရှုခံစားလိုက်ဖို့ တိုက်တွန်းလိုက်တယ်နော်။

 

, , , ,

Food & Travel

ဝိတ်မလျော့နိုင်ဘဲ FOODIE M SENG LU ဖြစ်ခဲ့တဲ့စိတ်ဝင်စားစရာ SINGAPORE WEEKEND GETAWAY ခရီးစဉ်

Great Singapore Sale ကြောင့် Shopping အတွက်လည်းအဆင်ပြေ Food Festival လည်းရှိနေတယ်ဆိုတော့လုံးဝလက်မလွှတ်သင့်ပါဘူးနော်..

by May Shoon

June 17, 2020

ပိတ်ရက် ၃-၄ ရက်လောက် အချိန်ရတဲ့အခါတွေဆိုရင် ဘယ်ကိုသွားလို့သွားရမှန်း မသိတဲ့လူတွေရှိပါတယ်။ ကိုယ်လည်း အပါအဝင်ပေါ့။ ပြီးခဲ့တဲဲဲ့အပတ်ကပဲ Super Model M Seng Lu နဲ့ အတူ Weekend getaway အနေနဲ့ စင်ကာပူကိုသွားဖြစ်ခဲ့ပါတယ်။ စင်ကာပူ က အပတ်တိုင်းလိုလို ပွဲတွေလုပ်တတ်တော့ ကိုယ့်မိသားစုနဲ့ပဲ သွားသွား၊ သူငယ်ချင်းတွေနဲ့ဲပဲ သွားသွား ကိုယ်စိတ်ဝင်စားတဲ့ ပွဲတစ်ခုတော့ ရှိကိုရှိနေမှာလေ။ Music ကိုပဲကြိုက်သလား၊ ပြိုင်ကားတွေနဲ့ Formula 1 ပွဲသွားချင်သလား။ အားလုံးနဲ့ကိုအဆင်ပြေတဲ့ ပွဲတွေရှိနေတာပဲ။ နောက်တစ်ခုကလေး မြန်မာနိုင်ငံက ဘောလုံး ပရိတ်သတ်တွေအတွက် အရမ်းကိုစိတ်လှုပ်ရှားစရာကောင်းတဲ့ ပွဲတစ်ခုရှိတယ်နော်။ အဲ့ဒါကတော့ International Champions Cup Singapore 2019 ပေါ့။ Manchester United Fan တွေအတွက် ကိုယ်ကြိုက်တဲ့ အသင်းကို အဝေးကြီးသွားစရာမလိုပဲ အနီးအနားမှာရှိတဲ့ စင်ကာပူ မှာကြည့်ရမယ့်အခွင့်အရေးမို့ လက်မလွတ်သင့်ဘူးနော်။ အခုဆိုရင် Great Singapore Sale: Experience Singapore ရှိတယ်ဆိုတော့ Shopping ထွက်ဖို့စိတ်ကူးထားတဲ့ လူတွေအတွက်ဆို ဈေးတွေအရမ်းတန်တာပဲ။ နောက်တစ်ခုက Singapore Food Festival ရှိတယ်ဆိုတော့ အစားတစ်လိုင်းဆိုတဲ့ လူတွေအတွက် လုံးဝကို ကွက်တိပဲ။ ဒီပွဲနှစ်ခုလုံးကအခုချိန်သွားရင် မှီသေးတယ်နော်။

ပထမဆုံး သွားဖြစ်ခဲ့တဲ့နေရာလေးတော့ သမိုင်းကြောင်းတွေ အရမ်းလှတဲ့ ဗိသုကာဒီဇိုင်းတွေနဲ့ ပြည့်နေတဲ့ Keong Saik Road ပေါ့။ တစ်လမ်းလုံးမှာ စင်ကာပူရိုးရာ ဗိသုကာလက်ရာတွေနဲ့ တည်ဆောက်ထားတဲ့ နှစ်ထပ် သုံးထပ်အိမ်လေးတွေ နဲ့ပြည့်နေတော့ ဓာတ်ပုံရိုက်လို့ ကောင်းတဲ့ နေရာလေးဆို မမှားပါဘူး။ ပြီးတော့ Keong Saik Road က စင်ကာပူနိုင်ငံရဲ့ ရိုးရာဟင်းလျာတွေတင် မဟုတ်ဘဲ Pasta၊ ဂျပန်အစားအစာ၊ ဟာဝိုင်အီအစားအစာ၊ Steak၊ Roast meat၊ Bakery တွေအပြင် Crafted Beer၊ ဝိုင်နဲ့ Cocktail တွေပါရနိုင်တဲ့ Bar တွေလည်း ရှိနေတာဆိုတော့ Foodie တွေအတွက်ကတော့ တကယ့် Paradise ပေါ့။ ဓာတ်ပုံလှလှ ရိုက်ချင်နေသူတွေ အတွက်လည်း Keong Saik Road က Wall Art တွေရှိတဲ့ အပြင် နောက်ခံမြို့ပြရဲ့ တိုက်တွေနဲ့ စင်ကာပူရိုးရာ ဗိသုကာအဆောက်အဦးတွေကတော့ အရမ်းကိုလှတဲ့ နောက်ခံ ပန်းချီကား တစ်ချပ်လို ဖြစ်နေမှာပါဘဲ။

 

New Ubin Seafood

Website: https://newubinseafood.com/

Facebook: https://www.facebook.com/NewUbin

Instagram : https://www.instagram.com/explore/tags/newubinseafood/

ဒီတစ်ခါသွားတဲ့ စားသောက်ဆိုင်ထဲမှာဆိုရင် New Ubin Seafood ဆိုတဲ့စားသောက်ဆိုင်တစ်ခုကို မှတ်မှတ်ရရပဲ။ ဆိုင်က Crazy Rich Asian ရုပ်ရှင်ကားထဲက Wedding Scene ရိုက်တဲ့ Church ဝင်းထဲမှာရှိပါတယ်။ ဆိုင်ထဲမှာလူကလည်း အပြည့်ပဲ။ မိသားစုတွေလည်းရှိတယ်။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စားနေကြတဲ့ဝိုင်းလည်းရှိနေတော့ ဆိုင်တစ်ခုလုံးက လူတွေကြိတ်ကြိတ်တိုးပါပဲ။ ဆိုင်လေးက မွေးနေ့ပွဲတွေ ဘွဲရပြီး အောင်ပွဲခံတဲ့ပွဲတွေလိုမျိုး လူအများနဲ့ Celebrate လုပ်လို့လည်း ကောင်းတဲ့ ပုံလေးပါ။ ဒီဆိုင်ဘာလို့ို့အဲ့ဲ့လောက်ထိ နာမည်ကြီးနေရတာလဲလို့မေးရင် ဒီဆိုင်ဖွင့်တာအခုချိန်ထိဆိုရင် နှစ်ပေါင်း ၃၀ ကျော်တောင်ရှိခဲ့ပြီ။ ရိုးရာ Tze Char ဟင်းလျာတွေကို အသစ်ပြန် ထွင်ပြီး သူများနဲ့မတူအောင်ချက်နိုင်တယ်လေ။ Singapore ရဲ့ Tze Char အစားအစာလို့ ို့ပြောရင် အားလုံးကတော့ New Ubin Seafood ကိုပဲပြေးမြင်ကြပါတယ်။ New Ubin Seafood ကိုရောက်ရင်တော့ Chili Crab ကို Deep Fried Man Tou နဲ့ စားဖို့တော့ Recommend ပေးချင်ပါတယ်။ ဂဏန်းကအရမ်းကိုလတ်ဆတ်ပြီး သူ့ရဲ့အနှစ်ကို Man Tou လေးနဲ့ တို့စားတာအရမ်းကိုအရသာရှိတာပဲ။ စိတ်ကျေနပ်မှုကို ဒီဟင်းတစ်ခုနဲ့တင်အပြည့့််အဝရမှာသေချာပါတယ်။ Super Model ပါဆိုတဲ့ M Seng Lu တောင် ဝိတ်မလျော့နိုင်တော့ဘူး။ သူစားနေတဲ့ပုံကိုကြည့်ပြီး ပြန်တောင်ပိုက်ဆာလာသလိုပါပဲ။

 

Plain Vanilla Bakery

Website: https://plainvanilla.com.sg/

Facebook:https://www.facebook.com/pvbakery/

Instagram: https://www.instagram.com/pvbakery/

ညနေပိုင်းအချိန်လေးမှာဆိုရင် High Tea လေးသောက်ဖို့ Google မှာရှာလိုက်တော့ Tiong Bahru မှာရှိတဲ့ Plain Vanilla Bakery ဆိုတဲ့ဆိုင်လေးကိုတော့ အဲ့ဆိုင်လေးကို သွားခဲ့ဲ့ပါတယ်။

သူတို့ဆိုင်လေးက ဒုတိယကမ္ဘာစစ်လောက်ကတည်း ရှိနေတဲ့ အိမ်ယာထဲမှာဖွင့်ထားတာဆိုတော့ ဟောင်းနေပေမယ့် လှအောင်တော့အလှဆင်ထားတဲ့ neighborhood တစ်ခုလို့တော့ပြောလို့ရပါတယ်။ ဒီ neighborhood ကတော့ စင်ကာပူနိုင်ငံသား တရုတ်လူမျိုးတွေနေကြတဲ့ area လေးတစ်ခုပေါ့။ Plain Vanilla Bakery ဆိုင်လေးက အစတုန်းက Take Away ဆိုင်လေးနဲ့ပဲစခဲ့တာလို့သိရပါတယ်။ အခုဆိုရင်ဆိုင် 4 ဆိုင်အထိဖွင့်နေပြီ။ Plain Vanilla Bakery က CupCake တွေ နဲ့ တခြား Cake တွေရွေးစရာအများကြီးရှိသလို Cake နဲ့ပက်သတ်တဲ့ Workshops တွေလည်းရှိပါသေးတယ်။ သူတို့ရဲ့ Cake တွေက Artificial တွေမပါတော့လူကြီးကလေးမရွေးစိတ်ချစွာနဲ့ စားနိုင်တာပေါ့။ Decoration ကိုသစ်သားတွေ မှန်တွေနဲ့ အပင်တွေ ကိုအဓိကသုံးထားတာတွေ့ရပါတယ်။ အပြင်ကနေကြည့်လိုက်မယ်ဆိုင်ရင် ထိုင်ချင်စရာကောင်းတဲ့ ဆိုင်လေးတစ်ဆိုင်ဖြစ်နေတာတော့အသေအချာပါပဲ။ အဝင်ဝမှာတော့ မြက်ခင်းလေးလုပ်ထားတယ် ကလေးကစားစရာလေးတွေလည်းရှိတယ်။ အဖေအမေနဲ့ ကလေးတွေအတွက်လည်းနားရက်မှာ Chill လုပ်လို့ကောင်းတဲ့ ဆိုင်လေးလည်းဖြစ်နေပြန်ရော။ နောက်တစ်ခုက ဓာတ်ပုံရိုက်ရင်အရမ်းလှတယ်နော်။ စုံတွဲလေးတွေ အတွက်လည်း ဆိုင်အပြင်အဆင်လေးတွေက ချစ်စရာကောင်းနေတော့ ဓာတ်ပုံရိုက်လို့ကောင်းတဲ့ ဆိုင်လေးလို့ ပြောလို့ ရပါတယ်။ M Seng Lu ပုံလေးတွေကြည့်လိုက်တာနဲ့ ဓာတ်ပုံရိုက်ရင်လှတယ်ဆိုတာအသိအသာပါပဲ။ အစားအသောက်လည်းကောင်း၊ ဓာတ်ပုံရိုက်ရင်လည်း လှတော့ ဓာတ်ပုံရိုက်တာကြိုက်တဲ့လူတွေအတွက်တော့ ကွက်တိဖြစ်နေတာပေါ့။

Changi Airport ရောက်တော့လည်း Irvin's Salted Egg လေးကို မြည့်စမ်းခွင့် ရခဲ့ပါသေးတယ်။ အာလူးကြော် ကြွပ်ကြွပ်လေး ဒါမှမဟုတ် ငါးအရေခွံလေးကို ဆားဘဲဥလေးနဲ့ ရောထားတဲ့ အရသာက စင်ကာပူရောက်ရင် လုံးဝကို လက်မလွှတ်သင့်တဲ့ အရသာလေး တစ်ခုပါ။ လက်ဆောင်ပေးဖို့ရော ကိုယ်တိုင်စားဖို့အတွက်ပါ အများကြီး ဝယ်ဖြစ်ခဲ့ပါတယ်။

နောက်မှ Fashion နဲ့ Night Life အကြောင်းပြောပြဦးမှာမို့ စောင့်ကြည့်ကြဖို့ မမေ့နဲ့နော်။

, , , ,

Food & Travel

ရင်အေးစေမယ့် Home Made ဖျော်ရည်လုပ်နည်းများ

ကိုယ်တိုင်လက်စွမ်းပြလိုက်ကြရအောင်နော်။

by Lin Lin

May 19, 2020

နွေရာသီမှာ အပြင်လည်းမထွက်ချင်ဘူး။ Online ကမှာသောက်ရင်လည်း ဈေးကြီးကြီးပေးပြီး စောင့်ရဦးမယ်။ ဒီတော့ မိမိတို့ အိမ်မှာရှိတဲ့ အသီးလေးတွေနဲ့ပဲ ရင်အေးစေမယ့် ဖျော်ရည်လေးတွေကို ကိုယ်တိုင်ဖျော်သောက်လိုက်ကြရအောင်နော်။

ပန်းသီးနဲ့ ငှက်ပျောသီဖျော်ရည်


ပါဝင်ပစ္စည်းများ
-ပန်းသီးတစ်လုံး
-ဌက်ပျောသီးနှစ်လုံး
-ပျားရည်တစ်ဇွန်း
-နွားနို့တစ်ခွက်

ပြုလုပ်နည်း
ပန်းသီးနှင့်ဌက်ပျောသီးကို အခွံနွှာလှီးပြီး ဖျော်စက်ထဲသို့ ထည့်ပါ။ ပျားရည်နှင့်နွားနို့တို့ကိုပါ လောင်းထည့်ပြီး ဖျော်စက်ဖြင့်မွှေပါ။ပြီးရင်တော့ အရသာရှိပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ ပန်းသီးနဲ့ ငှက်ပျောသီးဖျော်ရည်လေး ရရှိပါပြီနော်။ ရေခဲမထည့်ဘဲ အေးအေးလေးသောက်ချင်တယ်ဆိုရင်တော့ ရေခဲသေတ္တာထဲမှာ တစ်နာရီလောက်ထည့်ထားပြီး သုံးဆောင်နိုင်ပါပြီနော်။

ဖရဲသီးဖျော်ရည်


ပါဝင်ပစ္စည်းများ
-ဖရဲသီး ၂ ခွက်
-အုန်းရည် ၁ ခွက်
-သံပုရာသီး ၁ လုံး

ပြုလုပ်နည်း
ဖရဲသီး ၊ အုန်းရည် နဲ့သံပုရာသီး တွေကို အပေါ်ကအချိုးအစားအတိုင်း ဖျော်ရည်ဖျော်စက်ထဲမှာ ထည့်ပြီး ရောမွှေပေးပါ။ ဖျော်တဲ့ အထဲမှာ ရေခဲလေးတွေကိုပါ ထည့်ဖျော်မယ်ဆိုရင်တော့ ရေခဲမှုန်လေးတွေနဲ့ အရသာရှိပြီး ရင်အေးစေမယ့် ဖရဲသီးဖျော်ရည်အေးအေးလေးကို သုံးဆောင်နိုင်မှာပါနော်။

သရက်သီးဖျော်ရည်


ပါဝင်ပစ္စည်းများ
-သရက်သီးမှည့် ၁လုံး
-ငှက်ပျောသီးမှည့် ၁လုံး
-နို့ဆီ အနည်းငယ်

ပြုလုပ်ပုံ
ပါဝင်ပစ္စည်းများအားလုံးကို ဖျော်စက်ထဲ ထည့်၍ ကြေညက်သည်အထိ ဖျော်ပါ။ သရက်သီးနဲ့ ငှက်ပျောသီး ကို အကြေညက်သေးချိန်မှာ ရေခဲအနည်းငယ်ထည့်ပြီး ရောစပ်ဖျော်ပေးပါ။ ပြီးရင်တော့ အရသာရှိတဲ့ သရက်သီးဖျော်ရည်လေးကို ရရှိပါပြီနော်။

လိမ္မော်ဒိန်ချဉ်ဖျော်ရည်


ပါဝင်ပစ္စည်းများ
လိမ္မော်သီး ၁ လုံး (အသားသီးသန့်ရအောင်အခွံနွှာထားပါ)
အဆီလွတ်ဒိန်ချဉ် အနည်းငယ်
ဗနီလာအရသာရည် - စားပွဲတင်ဇွန်း ၁/၄

ပြုလုပ်ပုံ
ပါဝင်ပစ္စည်းများအားလုံးကိုဖျော်စက်ထဲထည့်ပြီး ကြေညက်သည်အထိဖျော်၍ အရသာနှင့် ပြည့်စုံတဲ့ လိမ္မော် Smoothie ဖျော်ရည်တစ်ခွက် ရရှိပါပြီနော်။

နာနတ်သီးဖျော်ရည်

ပါဝင်ပစ္စည်းများ
နာနတ်သီး
သကြား
နွားနို့
ရေခဲ

ပြုလုပ်ပုံ
နာနတ်သီးကို အစိတ်ကလေးတွေစိတ်ပြီး ဖျော်ရည်စက်ထဲသို့ထည့်ပါ။ နာနတ်သီး မကြေသေးခင်အချိန်မှာ သကြား၊ နွားနို့နဲ့ ရေခဲတို့ကို လိုအပ်သလိုထည့်ဖျော်ပေးပါ။ ပြီးရင်တော့ ရင်အေးစေမယ့် နာနတ်သီးဖျော်ရည်မွှေးမွှေးလေးရပါပြီနော်။

, , , ,

Food & Travel

Stay Home ကာလမှာ အစားတလိုင်းလေးတွေအတွက် Food Service ပေးနေတဲ့ အနုပညာရှင်များ

ဘယ်အနုပညာရှင်က ဘယ်လိုအစားအစာတွေရောင်းပေးနေလဲဆိုတာ ကြည့်လိုက်ကြရအောင်နော်။

by Lin Lin

May 14, 2020

အစားတလိုင်းလေးတွေအတွက် Home Stay ကာလမှာ အစားကောင်းကောင်းမှာစားနိုင်ဖို့အတွက် အနုပညာရှင်တွေ ရောင်းချပေးနေတဲ့ အစားကောင်းလေးတွေအကြောင်းကို ဖော်ပြပေးမယ်နော်။ ပရိသတ်တွေအတွက် အနုပညာရှင်တွေက သူတို့ရဲ့ အနုပညာတွေနဲ့ ဖျော်ဖြေပေးရုံတင်မက ဒီလိုကာလလေးမှာလည်း သူတို့ ကျွမ်းကျင်တဲ့ ချက်ပြုတ်နည်းလေးတွေနဲ့ ပရိသတ်တွေအတွက် အသင့်ရှိနေပြန်ပါတယ်။ ဘယ်အနုပညာရှင်က ဘယ်လိုအစားအစာတွေရောင်းပေးနေလဲဆိုတာ ကြည့်လိုက်ကြရအောင်နော်။

ထူးခြားနဲ့ ပွင့်နဒီမောင်တို့ရဲ့ "Bae Gyi"

ဝက်သားကို ရှယ်ချက်ထားတာမို့ ဝက်သားအသဲစွဲလေးတွေအတွက်ကတော့ သတင်းကောင်းပါပဲနော်။ ဝက်နံရိုးမီးတောက်၊ ဝက်လက်ပေါင်း၊ ဝက်နံရိုးအချိုပေါင်း တစ်ပွဲ 15000 ကျပ်နဲ့ အပတ်စဉ် သောကြာ၊ စနေ နဲ့ တနင်္ဂနွေနေ့တို့မှာ မှာယူနိုင်ပါတယ်နော်။ Delivery ကိုလည်း သူတို့ကိုယ်တိုင်ပို့ဆောင်ပေးမှာဆိုတော့ သူတို့ကို ချစ်တဲ့ ပရိသတ်တွေအတွက်ရော ၊ ဝက်သားတလိုင်းချစ်သူတွေအတွက်ရော ရှယ်ပဲပေါ့။ မှာချင်တယ်ဆိုရင်တော့ https://www.facebook.com/Bae-Gyi-111948227067553/  Link ကနေ မှာယူနိုင်ပါတယ်နော်။

မိုးမိုးရဲ့ " D – Mar Home Made Hot pot "

အဆိုတော် မိုးမိုးရဲ့ Home Made စစ်စစ် ဟော့ပေါ့ကတော့ ဟော့ပေါ့သရဲလေးတွေအတွက် တန်လဲတန် ကောင်းလဲကောင်းတယ်ဆိုတာ စားဖူးသူတိုင်း သိကြမယ်ထင်ပါတယ်နော်။ နှစ်ယောက်စာ menu set ဈေး "၂၀၀၀၀" ကျပ် ဖြစ်ပါတယ်။ အသား ၈ မျိုး(ကြက် ဝက် ပုစွန် ) အသီးအရွက် ၇ မျိုး ပါဝင်ပါတယ်။ ဝက်မစားသူတွေ အတွက် အခြားအသား လဲလှယ်ပေးတယ်ဆိုတော့လည်း ရှယ်ပဲပေါ့နော်။ Delivery ရက်တွေကတော့ သောကြာ စနေ တနင်္ဂနွေ ဖြစ်ပြီး ၃ ရက်အတွက် စုစုပေါင်း ပွဲ ၃၀ ပဲ လက်ခံမှာ ဆိုတော့ အမြန်ဆုံးမှာထားလိုက်တော့နော်။ မှာယူနိုင်မယ့် Link လေးကတော့https://www.facebook.com/%E1%80%92%E1%80%AE%E1%80%99%E1%80%BE%E1%80%AC-D-Mar-Home-Made-Hot-Pot-101317574913357 ပဲ ဖြစ်ပါတယ်။

ညီနန္ဒရဲ့ ထောပတ်ထမင်း

ညီနန္ဒကိုယ်တိုင်ချက်တဲ့ ကြက်သားထောပတ်ထမင်းလေးကိုတော့ တစ်ပွဲကို ၃၅၀၀ နဲ့ မှယူစားသောက်နိုင်မှာပဲ ဖြစ်ပါတယ်။ လူမျိုးဘာသာမရွေးစားသုံးနိုင်အောင် ချက်ထားတာဆိုတော့ အီအီစိမ့်စိမ့်လေးကိုမှ ကြိုက်ကြသူတွေအတွက် ကွက်တိပါပဲနော်။ မှာယူချင်တယ်ဆိုရင်တော့ https://www.facebook.com/unyi.nanda.5?epa=SEARCH_BOX ကနေတဆင့် မှာယူလို့ရပါတယ်နော်။

L Bauk Nu ရဲ့ NU's Kitchen

ကချင်စာကို ကြိုက်နှစ်သက်သူတွေအတွက်ကတော့ L Bauk Nu ရဲ့ NU's Kitchen လေး ရှိနေပါတယ်။ ကချင်လက်ရာစစ်စစ်ကို စားသုံးနိုင်မှာဖြစ်လို့ မှာယူလိုသူတွေအနေနဲ့ တစ်ရက်တော့ ကြိုမှာပေးရပါမယ်နော်။ ထူးထူးခြားခြားအနေနဲ့ ကတော့ ကချင်ဒံပေါက်စစ်စစ်ကိုလည်း မှာယူသုံးဆောင်နိုင်တဲ့အပြင် ကချင်ဟင်းလျာများစွာလည်း ရရှိနိုင်မှာမို့ အမြန်ဆုံးပဲ မှာယူလိုက်ကြရအောင်နော်။ မှာယူနိုင်မယ့် Link လေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

https://www.facebook.com/RecipesByNu 

 

 

,

Food & Travel

မေမေတွေ သက်သက်သာသာချက်ပြုတ်နိုင်အောင် အမှတ်တရပေးနိုင်မယ့် မီးဖိုချောင်သုံးပစ္စည်းများ

မေမေ့အတွက် အမှတ်တရဖြစ်အောင် ရွေးချယ်လိုက်ကြမယ်နော်။

by Lin Lin

May 6, 2020

အမေဟာ သားသမီးတိုင်းအတွက် အရေးကြီးဆုံးအမျိုးသမီးတစ်ဦးပါ။ နေ့စဉ်ဖြတ်သန်းနေကြရတဲ့ တစ်နေ့တာအတွက် အရေးကြီးဆုံး မရှိမဖြစ်ပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်ပါတယ်။ အမေရှိနေလို့သာ ကျောင်းတက်ခြင်း၊ လုပ်ငန်းခွင်ဝင်ခြင်းအလုပ်တွေကို နောက်ပြန်လှည့်မကြည့်ရဘဲ အေးအေးဆေးဆေးလုပ်နိုင်တာမဟုတ်ပါလား။ ဒါတင်မကသေးပါဘူး။ ညဘက်အိမ်ပြန်ချိန်တွေမှာလည်း အလုပ်က၊ ကျောင်းက ပြန်လာတဲ့ သားသမီးအတွက် မမောနိုင် မပန်းနိုင် ထမင်းဝိုင်းအဆင်သင့်ပြင်ဆင်ပေးသူကလည်း အမေပါ။ ကိုယ်ပိုင်အချိန်မရှိသလောက်ကို သားသမီးတွေအတွက် ပေးဆပ်ထားတဲ့ ကမ္ဘာပေါ်က အမေတွေကို ဂုဏ်ပြုတဲ့ အမေများနေ့ဟာ မေလ ၁၀ ရက်နေ့မှာ ရောက်ရှိလာပါတော့မယ်။ တစ်နှစ်ပတ်လုံး သားသမီးတွေအတွက် ပေးဆပ်ထားရတဲ့ အမေတွေအတွက် ဂုဏ်ပြုပေးတဲ့ အမေများနေ့မှာ အမေအတွက် အမှတ်တရလက်ဆောင်လေးတွေ ဖန်တီးပေးကြဖို့ သားသမီးတိုင်းမှာ စိတ်ကူးရှိကြမှာပါ။ အမေ့အကြိုက်လက်ဆောင်လေးတွေ၊ အမေစားချင်တဲ့ အစားအစာလေးတွေ၊ အမေနှစ်သက်တဲ့ အသုံးအဆောင်လေးတွေကို ပေးဖို့ စိတ်ကူးထားကြတဲ့သူတွေအတွက် အကြံလေးတစ်ခုပေးချင်တာကတော့ အမေနဲ့ နေ့စဉ်ထိတွေ့နေတဲ့ မီးဖိုချောင်ကိစ္စတွေမှာ အချိန်ကုန်၊ လူပင်ပန်းသက်သာစေဖို့အတွက် အမေ့အတွက် အသုံးဝင်မယ့် မီးဖိုချောင်သုံးပစ္စည်းလေးတချို့ကို မိတ်ဆက်ပေးချင်ပါတယ်။ ဒီပစ္စည်းလေးတွေကို Shop.com.mm ကနေ မှာယူနိုင်မှာဆိုတော့ အခုပဲ ဝင်ကြည့်ပြီး ရွေးချယ်လိုက်ကြရအောင်နော်။

Philips Hands Mixer - https://bit.ly/2YGTvIl

Philips Blender - https://bit.ly/2YGTvIl

Panasonic Juicer - https://bit.ly/2T0hQFF

 

Mizu BBQ & Hot Pot - https://bit.ly/3dmxPFF

Zebra Stainless Steel Fry Pan - https://bit.ly/2LaWFfr

Khind Coffee Maker - https://bit.ly/3cdcA95

Delonghi Fryer - https://bit.ly/2SHSVWU

,

Food & Travel

ကိုယ်သင်းနံ့ကောင်းစေမယ့် အစားအစာများ

 ကိုယ်သင်းနံ့အတွက် ရေမွှေးတွေကိုချည်းပဲအားကိုးနေလို့မရဘူးနော်

by Randy Win

April 14, 2020

               မိမိရဲ့တစ်နေ့တာ စားသောက်မှူ‌ပုံစံဟာ မိမိခန္ဓာကိုယ်ရဲ့ဇီ၀ကမ္မဖြစ်စဉ်ကို လာရောက်ထင်ဟပ်စေပါတယ်။ အရှင်းဆုံးပြောရရင်တော့ ကိုယ်စားတဲ့အ‌စားအသောက်ပေါ်မူတည်ပြီး ကိုယ့်ရဲ့ကိုယ်နံ့ကိုပြောင်းလဲစေတာပါ။ ဒီလိုပြောလို့ လာဗန်ဒါပန်းပွင့်တွေစားရင် လာဗန်ဒါနံ့ရမှာလားလို့တော့မမေးပါနဲ့။ ကိုယ်ရေရှည်စားသောက်ခဲ့တဲ့စားသောက်မှူပုံစံနဲ့ မှန်ကန်တဲ့ အစားအသောက် ရွေးချယ်မှူကသာ ကိုယ့်ရဲ့ အရေပြား ၊ အမွှေးအမျှင်နဲ့ ကိုယ်ခန္ဓာရဲ့ အနံ့တွေကို ပြောင်းလဲစေတာမျိုးပါ။ အဓိကအားဖြင့် ခန္ဓာကိုယ်မှာ ဆိုးရွားတဲ့ကိုယ်နံ့ကိုထွက်စေတဲ့အစိတ်အပိုင်းတွေရှိပါတယ်။ အဲဒါတွေကတော့ ချိုင်းကြား ၊ လိင်အင်္ဂါတစ်ဝိုက်၊ ခြေထောက် ၊ ဆံပင် ၊ နား ၊ အာခံတွင်းနဲ့ (မိန်းကလေးဆိုရင်) ရင်သားနေရာတွေပါ ပါ၀င်ပါတယ်။ လူတိုင်းမှာ ကိုယ့်ရဲ့ စားသောက်မှူ ၊ကျန်းမာရေးနဲ့ အသက်အရွယ်လိင်စိတ်တိမ်းညွတ်မှူပေါ်မူတည်ပြီး မတူကွဲပြားတဲ့အနံ့ကိုယ်စီရှိကြပါတယ်။ ဒါကြောင့်မို့လည်း ခွေး‌၊ကြောင်လို တိရိစ္ဆာန်လေးတွေက သခင်နဲ့ လူစိမ်းကို ကိုယ်နံ့နဲ့ခွဲခြားပြီးသိနိုင်ကြတာပါ။ အလွယ်တကူ ကိုယ်နံ့ကိုဖျောက်ဖို့အတွက် ရေမွှေးတွေ Body Spray တွေ အမျိုးမျိုးရှိတယ်ဆိုပေမယ့်လည်း ဒါတွေဟာ သင့်ရဲ့ကိုယ်နံ့ကိုအချိန်ပြည့်တော့ ဖုံးအုပ်ထားပေးနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့်မို့ ဒီလို ကိုယ်သင်းနံ့ဟာ သင်ရွေးချယ်တဲ့ အစားအသောက်ပေါ်မှာလည်းမူတည်နေတယ်ဆိုရင် ဘယ်လို အစားအစာတွေကများ ကိုယ့်ရဲ့ ကိုယ်နံ့ကို ပိုပြီးကောင်းမွန်စေမလဲဆိုတာ ဆက်ပြီးလေ့လာကြည့်လိုက်ရအောင်နော်။

1.ရှောက်သီး နဲ့ အခြားအချဉ်ဓာတ်ပါသောအသီးများ

ရှောက်သီးမှာပါ၀င်တဲ့ အက်စစ်ဓာတ်ရဲ့ ကိုယ်တွင်း အယ်လ်ကာလိုင်းဓာတ်ပြုမှူကြောင့် ဆီးအတွင်း PH level ကို မြှင့်တင်ပေးနိုင်တာမို့ ခန္ဓာကိုယ်ရဲ့အဆိပ်အတောက်တွေကို အလွယ်တကူဖယ်ရှားပေးနိုင်ပါတယ်။ ဆီးကျောက်တည်ခြင်းနဲ့ ကျောက်ကပ်ရောဂါကိုကာကွယ်ပေးနိုင်တဲ့အပြင် ကိုယ်ခံအားကိုလည်းမြှင့်တင်ပေးနိုင်ပါသေးတယ်။ ရှောက်သီးနဲ့ အချဉ်ဓာတ်ပါတဲ့အသီးတွေကိုဖျော်ရည်အနေနဲ့ သောက်သုံးပေးခြင်းက ကိုယ်တွင်းအဆိပ်အတောက်တွေကိုသန့်စင်စေတာကြောင့် ကိုယ့်နံ့ဆိုးတွေကိုဖယ်ရှားပေးရုံမက အဲလိုအနံ့ဆိုးထွက်တဲ့ ချိုင်းကြား ၊ ခြေဖဝါးလိုနေရာတွေကို ရှောက်သီး၊သံပုရာသီး‌ကို ထက်ခြမ်းခြမ်းပြီးပွတ်တိုက်ပေးခြင်းဖြင့်လည်း အနံ့ဆိုးထွက်ခြင်းကိုသက်သာစေဦးမှာပါ။

2.ပန်းသီး

ပန်းသီးကတော့ စားလို့လည်းကောင်းသလို အကျိုးလည်းများတဲ့အသီးအနှံတစ်မျိုးပါ။ “An apple a day can keep the dentist away” ဆိုတဲ့ဆိုရိုးလိုပဲ သွားနဲ့ခံတွင်းကိုအကျိုးပြုတဲ့အသီးဆိုရင်လည်းမမှားပါဘူး ။ တောင်ကိုရီးယားသိပ္ပံပညာရှင်တွေရဲ့တွေ့ရှိချက်အရ ပန်းသီးတစ်နေ့အနည်းဆုံးတစ်လုံးစားသုံးပေးခြင်းဖြင့် ခံတွင်းနံ့ကို ကောင်းမွန်စေမယ်လို့သိရပါတယ်။ ပန်းသီးမှာ အညစ်အကြေးတွေကိုစင်ကြယ်စေတဲ့ပင်ကိုယ်ဓာတ်သတ္တိတွေပါ၀င်တာကြောင့် ခံတွင်းထဲမှာကျန်ရှိနေတဲ့ ဘက်တီးရီးယားတွေကို ရှင်းထုတ်ပေးမှာဖြစ်တဲ့အပြင် ပန်းသီးကိုကိုက်လိုက်တဲ့အခါမှာလည်း သူ့ရဲ့ ပွတ်တိုက်အားကြောင့် ဘက်တီးရီးယားကိုဖြစ်ပေါ်စေမယ့် သွားထဲမှာကျန်ရှိတဲ့ အစားအစာအကြွင်းအကျန်တွေကိုဖယ်ရှားလိုက်သလိုဖြစ်စေဦးမှာမို့ ပန်းသီးဟာ ခံတွင်းနံ့ကောင်းဖို့အတွက်တော့ ဆရာတစ်ဆူပါပဲ။

3.Green Tea

လက်ဖက်ရည်ကြမ်းမှာ ခံတွင်းနံ့ဆိုး၊ကိုယ်နံ့ဆိုးနဲ့ ‌ခြေဆီနံ့ထွက်ခြင်းတွေကို သက်သာစေမယ့် Antioxident အာနိသင်တွေအများကြီးပါ၀င်ပါတယ်။ Green Tea ပူပူလေးကို တစ်နေ့ သုံးခွက်ကနေ လေးခွက်အထိ ပျားရည်လေးရောပြီးသောက်သုံးပေးမယ်ဆိုရင် ရက်အနည်းငယ်အတွင်း သိသာတဲ့ရလာဒ်ကောင်းရရှိကို တွေ့လာပါလိမ့်မယ်။

4.အုန်းဆီ

အုန်းဆီဟာ အစာချေစနစ်ကိုအထောက်အကူပြုပေးတာကြောင့် ခံတွင်းနံ့ဆိုးနဲ့ ကိုယ်နံ့ဆိုးတွေကိုသိသိသာသာ ပျောက်ကင်းသက်သာစေပါတယ်။ဒါတင်မက အုန်းဆီစစ်စစ်နဲ့သွားတိုက်ပေးမယ်ဆိုရင်လည်း ခံတွင်းနံ့ဆိုးထွက်ခြင်းနဲ့ပတ်သက်ပြီး သိသာထင်ရှားတဲ့ အကျိုးကျေးဇူးတွေကိုရရှိလာဦးမှာပါ။

5.တရုတ်နံနံပင်

တရုတ်နံနံဟာ ရိုးရာဆေးဖက်၀င်အပင်လည်းဖြစ်သလို Antioxident , အကျိုးပြုအင်ဇိုင်းတွေနဲ့ ဗီတာမင်ကေ ၊ဗီတာမင် စီ ၊ ပိုတက်စီယမ် နဲ့ ဗီတာမင် B6 လို အကျိုးပြုဓာတ်တွေအထိ ကြွယ်၀စွာပါ၀င်ပါတယ် ။ဒါ့အပြင် တရုတ်နံနံမှာ ရေနဲ့ အမျှင်ဓာတ်လည်းများစွာပါ၀င်တာမို့ အစာချေစနစ်အတွက်ကိုလည်းကောင်းကောင်းအထောက်အကူပြုနိုင်တဲ့အပြင် ခန္ဓာကိုယ်ရဲ့အဆိပ်အတောက်တွေကိုဖယ်ရှားပေးရာမှာလည်း အကောင်းဆုံးလုပ်ဆောင်ချက်တွေပေးနိုင်တာမို့ ကိုယ်သင်းနံ့ကောင်းဖို့အတွက်တော့ အသင့်တော်ဆုံးအစားအစာတစ်မျိုးလို့ဆိုရမှာပါ။ ယုတ်စွအဆုံး ဟင်းချက်စားဖို့ပျင်းတယ်ဆိုရင်တောင် တရုတ်နံနံကို Blender ထဲထည့်ပြီး ဖျော်ရည်လုပ်သောက်လို့ရပါသေးတယ်

, , , , , , ,

MODA TV 


Food & Travel

သင်္ကြန်ကို လွမ်းရင်းလုပ်စားနိုင်မယ့် သင်္ကြန်မုန့်များ

သင်္ကြန်မုန့်တွေကို လုပ်စားရင်းသင်္ကြန်အငွေ့အသက်ကို ခံစားကြရအောင်

by Lin Lin

April 13, 2020

ခုချိန်မှာ သင်္ကြန်ကာလလည်း ရောက်ရှိနေပြီဖြစ်တာကြောင့် သင်္ကြန်ရက်တွေမှာ အပြင်မထွက်ရလည်း သင်္ကြန်စာလေးတွေ လုပ်စားပြီး သင်္ကြန်အငွေ့အသက်တွေကို ခံစားလို့ရပါသေးတယ်နော်။ ဒါကြောင့် ပရိသတ်ကြီးအတွက်ကိုလည်း သင်္ကြန်မုန့်လုပ်နည်းလေးတွေကို ဖော်ပြပေးသွားပါမယ်။ ကြည့်လိုက်ကြရအောင်နော်။

မုန့်လုံးရေပေါ်


သင်္ကြန်နဲ့ မုန့်လုံးရေပေါ်ဟာ ခွဲလို့မရတဲ့ အရာတစ်ခုလို့ ပြောရင်လည်း မမှားပါဘူး။ သင်္ကြန်မှာ မုန့်လုံးရေပေါ်ကို အိမ်တိုင်းလိုလို လုပ်စားလေ့ရှိတဲ့ မုန့်တစ်မျိုးပါ။ စတုဒိသာမဏ္ဍပ်တွေမှာလည်း သင်္ကြန်စာအဖြစ် လုပ်တတ်ကြတဲ့ ရိုးရာမုန့်တစ်မျိုးလည်း ဖြစ်ပါတယ်။ ကဲ ဒီတော့ သင်္ကြန်စာ တစ်မျိုးဖြစ်တဲ့ မုန့်လုံးရေပေါ်လုပ်နည်းလေးကို ကြည့်လိုက်ကြရအောင်နော်။

ပါဝင်သောပစ္စည်း
ကောက်ညှင်းမှုန့် - နို့ဆီဘူး ၈လုံး
ဆန်မှုန့် - နို့ဆီဘူး ၂လုံး
ထန်းညက်
အုန်းသီး - တစ်ခြမ်း

မုန့်လုပ်နည်း
ကောက်ညှင်းမှုန့် နှင့် ဆန်မှုန့်ကို ခွက်တစ်ခုထဲထည့်၍ ရောမွှေလိုက်ပြီး ရေတစ်ခွက်ခန့်ကို နည်းနည်းခြင်းဆီ ထည့်ပေးပြီး မပျော့မမာ အနေထားထိ ရောက်အောင် သမအောင် နုယ်ပေးပါ။ ပြီးလျှင် ထန်းညက်များကို အတုံးသေးများတုံးပေးပါ။ ပြီးလျှင် အုန်းသီးကို အုန်းခြစ်ဖြင့် အရှည်လိုက် ခြစ်ပေးပါ။ ပြီးမှ ထန်းညက်ခဲ များကို မုန့်ထဲ အစားသွပ်ပြီး မုန့်လုံးများကို လုံးပေးပါ။ ဒယ်အိုးကြီးကြီး တစ်ခု ရေတစ်ဝက်ကျော်ကျော်ထည့်ပြီး မီးမီးပြင်းပြင်းဖြင့် အဖုံးအုပ်ပြီး တည်ထားပေးပါ။ ဒယ်အိုးထဲမှ ရေပွက်ပွက်ဆူလာလျှင် လုံးထားသော မုန့်လုံးများကို ဖြည်းဖြည်းခြင်းထည့်ပေးပါ။ မုန့်လုံးများ သူအလိုလို ရေပေါ်ပေါ်လာမှ ဇကာလေးဖြင့် ဆယ်ပေးပြီး ရေထည့်ထားသော ခွက်ထဲ မုန့်လုံးရေပေါ်များကို ထည့်လိုက်ပါ။ ပြီးမှ ရေစစ်ရန်အတွက် ဇကာထဲ ပြန်ဆယ်ထည့်ထားပါ။ရေစစ်ပြီးလျှင် ဌက်ပျောရွက်ခင်းထားသော ပန်းကန်ထဲသို့ မုန့်လုံးရေပေါ်များထည့်လိုက်ပါ။ အပေါ်မှ ခြစ်ထားသော အုန်းသီးများ ဖြူးပေးလိုက်ပြီးရင်တော့ သုံးဆောင်နိုင်ပါပြီနော်။

မုန့်လက်ဆောင်း


မုန့်လက်ဆောင်းလို့ ဆိုလိုက်တာနဲ့ သင်္ကြန်မဏ္ဍပ်တွေမှာ တိုက်တဲ့ မုန့်လက်ဆောင်အေးအေးလေးတွေကို တန်းမြင်နေကြပြီမဟုတ်လား။ မုန့်လက်ဆောင်းကို ထန်းညက်ရေနဲ့သာမက အုန်းနို့နဲ့လည်း လုပ်တတ်ကြပါတယ်။ ရေစိုစိုနဲ့ ထန်းညက်ရည်မုန့်လက်ဆောင်းသောက်ရတဲ့ အရသာဟာ သင်္ကြန်ကာလမှာပဲ ရနိုင်တဲ့အရသာလေးပါ။ ဒီနှစ်သင်္ကြန်မှာတော့ ရေမစိုရလည်း မုန့်လက်ဆောင်းတော့ အိမ်မှာလုပ်သောက်လို့ရပါသေးတယ်နော်။ ရင်အေးစေမယ့် မုန့်လက်ဆောင်းလုပ်နည်းလေးကို ပြောပြပေးမယ်နော်။

ထန်းလျက် မုန့်လက်ဆောင်း ပါဝင်သောပစ္စည်းများ
မုန့်လက်ဆောင်းဖက် - ၁ပြည်
ထန်းညက် - ၄၀၀ ဂရမ်
ဆား - လက်ဖက်ရည်ဇွန်း တဝက်

အုန်းနို့ မုန့်လက်ဆောင်း ပါဝင်ပစ္စည်းများ
အုန်းသီး - ၁လုံး (အရည်ညှစ်ထားပြီသား)
သကြား - ၂၀ကျပ်သား
ဆား - လက်ဖက်ရည်ဇွန်း တဝက်

ပြုလုပ်နည်း
လုပ်ပြီးသား မုန့်လက်ဆောင်းဖတ် များကို ဒယ်အိုး အကြီးတစ်ခုထည့်ပြီး ရေစိမ်ထားပေးပါ။ အရင်ဆုံး အုန်းနို့ မုန့်လက်ဆောင်းအတွက် ဒယ်ထဲသို့ အုန်းနို့ရည်များ ထည့်ကာ သကြား(၂၀ကျပ်သား) ထည့်ပြီ သကြားများ အရည်ပျော်အောင် အပူအနည်းငယ်ပေးလိုက်ပါ။ ပြီးလျှင် ဆားအနည်းငယ်ထည့်ပြီ အုန်းနို့ရည်များကို ပြန်အအေးခံထားပေးပါ။ အအေးခံပြီမှ ခွက်တစ်ခုထဲ မုန့်လက်ဆောင်း တဝက်ခန့်ထည့်ကာ အုန်းနို့ရည်ထည့်ပေးပါ။ ပြီးမှ မုန့်လက်ဆောင်း ပိုစိမ့်သွားအောင် နို့စိမ်း စားပွဲတင်ဇွန်းခန့် ထည့်လိုက်သေးတယ်။ ရေခဲတုံးအနည်းငယ်ထည့်ပြီ အုန်းနို့ မုန့်လက်ဆောင်းလေးကို သုံးဆောင်နိုင်ပါပြီ။
ထန်းလျက်ရည်နဲ့ကြိုက်သူတွေအတွက်ကတော့ ထန်းလျက်များကို ဒယ်ထဲ ရေ အနည်းငယ်ထည့်ပြီး မီးပြင်းပြင်းဖြင့် ကျိုထားပေးပြီး မပျစ်မကျဲ အနေထားရောက်လျှင် ဆားအနည်းငယ်ထည့်ပြီ ထန်းညက်ရည် ခွက်တစ်ခုထဲ ပြန်ထည့်ထားကာ အအေးခံထားပေးပါ။ ပြီးမှ ခွက်ထဲ မုန့်လက်ဆောင်ဖက် တဝက်ထည့်ပြီ ထန်းလျက်ရည်များကိုထည့်ကာ ရေခဲတုံးလေးများထည့်ပေးပါ။

မုန့်ကြာစိ


သင်္ကြန်မှာ လုပ်စားကြတဲ့ မုန့်တွေထဲမှာတော့ မုန့်ကြာစိလည်း အပါအဝင်ဖြစ်ပါတယ်။ လွယ်လွယ်ကူကူနဲ့ လုပ်စားလို့ရနိုင်တဲ့ မုန့်လည်းဖြစ်တာကြောင့် သင်္ကြန်ကာလမှာ လုပ်စားဖြစ်ကြတဲ့ မုန့်တစ်မျိုးလည်း ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ
ကောက်ညှင်းမှုန့် - နို့ဆီဗူး ၄လုံး
ဆန်မှုန့် - နို့ဆီဗူး ၁လုံး
(ကောက်ညှင်းမုှန့်နဲ့ ဆန့်မှုန့်သည် လေးချိုး ၁ချိုးဖြစ်သည်။)
ထန်းလျက်ခဲ - ၃၀၀ ဂရမ်
အုန်းသီး - တခြမ်း (ခြစ်ထားပေးပါ)
ဆား - လက်ဖက်ရည်ဇွန်း သုံးပုံ၁ပုံ

ပြုလုပ်နည်း
အရင်ဆုံး ဇလုံတစ်ခုထဲတွင် (ကောက်ညှင်းမှုန့်၊ ဆန့်မှုန့်)ကို ရောမွှေလိုက်ပါ။ ပြီးလျှင် ရ(၅၀၀ ml) ကို နည်းနည်းထည့်ကာ မုန့်သားများကို မပျော့မမာ အနေထားရောက်သည်အထိ နုယ်ပေးပါ။ ထို့နောက် မုန့်ကြာစေ့အတွက် ပုံတွင် ပါသည့်အတိုင်း မုန့်လုံး သေးသေးလေးတွေ လုံးပေးပါ။ ဒယ်အိုးကြီး တစ်ခုထဲသို့ ရေများများထည့်ကာ အဖုံးအုပ်က ရေပွက်ပွက်ဆူသည်အထိ တည်ထားပေးပါ။ ရေနွေးဆူလာလျှင် လုံးထားသည့် မုန့်လုံးများကို လောင်းထည့်ပေးပါ။ မုန့်လုံးများ ရေပေါ်ပေါ်လာလျှင် ဇကာဖြင့် ပြန်ဆယ်ပေးထားပါ။ မုန့်လုံးများ ရပြီဆိုလျှင် ထန်းလျှက်ခဲများကို ရေဖြင့် မပျစ်မကျဲအနေထား ကျိုထားပေးပါ။ ပြီးနောက် မုန့်လုံးများ၊ ဆားကို ထည့်ကာ ခဏကျိုပေးပြီ အုန်းသီးခြစ်လေးများ ဖြူးပြီ မုန့်ကြာစေ့ပူပူလေးကို စားသုံးနိုင်ပါပြီနော်။

Photo Credit - Original Uploader 

, , ,

Food & Travel

အိမ်မှာအလွယ်တကူလုပ်စားနိုင်မယ့် မုန့်များ

အစားတလိုင်းလေးတွေ ကြည့်ထားလိုက်တော့နော်။

by Lin Lin

April 10, 2020

အစားတလိုင်းပရိသတ်ကြီးတို့အတွက် နားတဲ့အချိန်လေးတွေမှာ ကိုယ်တိုင်လုပ်စားလို့ရနိုင်မယ့် မြန်မာမုန့်လုပ်နည်းလေးတွေ ဖော်ပြပေးမယ်နော်။ သင်္ကြန်မှာ အပြင်မထွက်ရဘူးဆိုပေမယ့်လည်း သင်္ကြန်အငွေ့အသက်လေးတွေရအောင် သင်္ကြန်မုန့်လေးတွေ လုပ်စားရင်း ဒီနှစ်ရဲ့ မြန်မာ့ရိုးရာသင်္ကြန်ကို ခံစားလိုက်ကြရအောင်နော်။ လွယ်လွယ်ကူကူနဲ့ လုပ်စားလို့ရမှာဆိုတော့ လိုအပ်တဲ့ ပစ္စည်းလေးတွေကိုလည်း အမြန်ဆုံးပြေးဝယ်ထားလိုက်တော့နော်။

အုန့်နို့ကျောက်ကျော


ပါဝင်ပစ္စည်းများ
တယ်လီဖုန်းကျောက်ကျော 25g 1ထုပ်
အုန်းသီး 1 လုံး
(အုန်းနို့ရည်ညှစ်ထားပါ)
သကြား ၂၀ကျပ်သား
ဆား အနည်းငယ်

ပြုလုပ်နည်း
အိုးတခု ထဲတွင် ဆား+သကြား+အုန်းနို့ရည် 1လီတာကျော်ခန့် ထည့်ပါ။ သကြားများအရည်ပျော်အောင်မွှေပြီး ဇကာဖြင့်စစ်ထားပါ။ ဇကာစစ်ထားသော အရည်ထဲသို့ တယ်လီဖုန်းကျောက်ကျောမှုန့် ထည့်ကာ ပျော်ဝင်အောင်မွှေပါ။ အမှုန့်များပျော်ဝင်ပီးလျင် မီးဖိုပေါ်တင်၍ မီးအေးအေးဖြင့်မွှေပါ။ ၁၀/၁၂မိနစ်ခန့်မွှေပီးလျှင် အသင့်လောင်းရန်ပြင်ထားသောဗန်းထဲသို့ လောင်းထည့်ပါ အေး၍ခဲလျင် အရသာရှိသော အုန်းနို့ကျောက်ကျောလေးကို သုံးဆောင်နိုင်ပါပြီနော်။

ကြက်ဥပူတင်း


ပါဝင်သော ပစ္စည်းများ...
နွားနို့ ( ၂၅ ) ကျပ်သား
ဂျုံ မှုန့် (၁၀)သား
ကြက်ဥ (၂) လုံး
နို့မှုန့် (၂)ထုတ်
သကြား (၁၅) ကျပ်သား
ကိတ်မုန့် အနု အနည်းငယ်၊ ဆားအနည်းငယ်၊ ဆီ အနည်းငယ်။

ပြုလုပ်နည်း
ပထမဆုံး ကြက်ဥ ခလောက်ထားပါ၊ ဇလုံးကြီးကြီး တစ်ခုထဲသို့ ဂျုံမှုန့် ထည့်ပါ။ ဆားအနည်းငယ် ထည့်ပါ။
သကြား ထည့်ပါ ရေနွေး အနည်းငယ်ထည့်၍ ကြက်ဥ ခလောက်တံ နှင့် နာနာ ခလောက်ပါ။ ပီးလျှင် ကြက်ဥ ခလောက်ထားတာ ထည့်ပါ။ ကိတ်မုန့် အနည်းငယ် ချေထည့်ပါ၊ နို့မှုန့် ထည့်ပါ။ နွားနို့ ထည့်ပီး ခလောက်ပါ။ အားလုံး နှံ့စပ် အောင် နာနာ မွှေပေးပါ၊ပီးလျှင် ကျိုမဲ့ အိုးထဲသို့ ပြောင်းထည့်၍ မီးအရှိန် အနေအသင့် နှင့် ကျိုပေးပါ၊ အဆက်မပြတ် မွှေပေးပါ။ ကပ်မှာဆိုးလို့ပါ အရည်ကျပီး မုန့်နှစ် ပျစ်လာရင် ချလို့ရပါပီ။ အေးအေးလေးစားချင်ရင်တော့ ရေခဲသေတ္တာထဲထည့်ထားပြီး စားလို့ရပါတယ်နော်။

ရွှေကြည်ဆနွင်းမကင်း


ပါဝင်ပစ္စည်းများ
ရွှေကြည် တစ်ပိသာ
အုန်းသီးရင့်ရင့် ၆ လုံး
နို့စိမ်း ၅ လုံး
ကြက်ဥ အလုံး ၂၀
သကြား ၅၀သား ( အစိမ့်)
ထောပတ် ၂၀သား
ဆီ ၂၅ ကျပ်သား
စပျစ်သီးခြောက် အချို ၁၅ ကျပ်သား
ဆားအနည်းငယ်
ဘိန်းစေ့ နဲနဲ

ပြုလုပ်နည်း

ရှေးဦးစွာ ရွှေခြည်နဲ့သကြားကို မွှေးလာအောင် လှော်ထားပါ။ ကြက်ဥကို ကြေအောင်ခေါက်ထားပေးပါ။ ထို့နောက် လှော်ပြီးသား ရွှေခြည် ထဲကို အုန်းနို့ နို့ဆီဗူးနဲ့ ၁၂ ခွက်ထဲ့ပါ။ ကြက်ဥခေါက်ထားတာကိုပါ ထည့်ပါ။ ထောပါတ်ထဲ့ပါ ဆီထဲ့ပါ ဆားထဲ့ပါ။နို့စိမ်း ၅ ဗူးထဲ့ပါ။ အားလုံးသမအောင်ရောမွှေပါ။
မုန့်လုပ်ရန် အဆင်သင့်ဖြစ်ပါပြီ။
ရောထားသည်များကို အိုးထဲမှာ ဆီပြန်လာအောင် ကျိုပါ။ ဆီပြန်ပြီး မုန့်သား လည်လာလျှင်စပျစ်သီးခြောက်ထည့်ပါ။ ထို့နောက် ဖုတ်မည့်ဗန်းထဲ လောင်းထည့်ပါ။ အုန်းနို့ဦးရည် နဲနဲချန်ထားပြီး ဖြန်းပေးပါ။ ဘိန်းစေ့ဖြူးပြီး အပေါ်မီးများများ အောက်မီးနဲနဲနှင့် မိနစ် ၃၀ မှ ၄၅ မိနစ်ကြာအောင် မီးအနဲအများအလိုက် ဖုတ်ပါ တစ်ရက် အနဲဆုံး ၈ နာရီ အအေးခံပါ။ စားသုံးရန်အဆင်သင့် ရွှေခြည်ဆနွင်းမကင်းရပါပြီ။
Credit - သုတစုံလင်အိမ်ရှင်မ ESM

 

,

Food & Travel

ဘားမှာ ထိုင်ရသလို ခံစားမှုမျိုးပေးမယ့် အမိုက်စား အိမ်လုပ် Cocktail

Bartender ကြီးတစ်ယောက်လို လက်စွမ်းပြလိုက်ပါ။

by JN Ja Seng Pan

April 5, 2020

ပုံမှန် သူငယ်ချင်းတွေ စုံနေကျနေရာလေးက ပိတ်ကုန်ပြီ၊ ဆိုင်မှာ ဈေးကြီးပေးသောက်ရတဲ့ Cocktail ကိုလည်း သတိရ၊ အိမ်က ရေခဲသေတ္တာထဲက ဘီယာတွေပဲ ထုတ်သောက်ရတာပျင်းလာပြီဆိုရင်တော့ (Editor ကိုယ်တိုင်လည်း ဖြစ်နေတဲ့ တောင့်တမှုတစ်ခုပါ) အယ်လယ်။ ဆိုတော့ အဖြေက တစ်ခုထဲရှိပါတယ်။ ဟုတ်ပါတယ် အိမ်မှာ ကိုယ်တိုင်လုပ်သောက်ရုံပေါ့ ဘာခက်တာမှတ်လို့။ ကိုယ်အကြိုက် အရက်အမျိုးအစားနဲ့ ကိုယ်တိုင် Cocktail လုပ်လို့ရမယ့် Recipe ကို အခုပြောပြသွားမှာပါ။ တစ်ခုလိုအပ်မှာက City Mart သွား၊ ဒါမှမဟုတ် လမ်းထိပ်က Liquor Shop တော့ တစ်ချက်ပြေးရမှာပါ။ သောက်ချင်တော့လည်း ဘယ်တတ်နိုင်မလဲနော်။ Hand Gel လေးဆောင်၊ Mask တပ်ပြီးမှ ထွက်ပါလို့ တိုက်တွန်းချင်ပါတယ်။

Vodka Cranberry
ကြာချိန် ငါးမိနစ်



ပူကပူနဲ့ ဆိုတော့ Vodka ချစ်သူတွေအတွက် Vodka Cranberry လေးကို ရေခဲများများနဲ့ လုပ်သောက်ရအောင်။ လိုအပ်မှာက Vodka တစ်ပုလင်း၊ Cranberry Juice တစ်ဘူး၊ အသီးအနှံ့အချို့နဲ့ ရေခဲတစ်ခွက်ပါ။
Blender ထဲကို ရေခဲ၊ Vodka၊ Cranberry Juice နဲ့ သံပရာသီး နှစ်စိတ်ကို ထည့်ပြီး ကြိတ်ပါ။ သုံးစက္ကန့်၊ ငါးစက္ကန့်ကြာ Blend ပါ။ သောက်မယ့်ခွက်လေးထဲကိုထည့်ပြီး သုံးဆောင်ရုံပါပဲ။


Apple Margarita
ကြာချိန် ငါးမိနစ်



သောက်လို့ကောင်းတဲ့ Apple Margarita ကိုလည်း ကိုယ်တိုင်လုပ်လို့ရပါတယ်။ အသီးအရသာလေးနဲ့ ချိူချိူအီအီလေးကြိုက်တဲ့သူတွေအတွက် အဆင်ပြေပါတယ်။ လိုအပ်မှာက Tequila၊၊ Apple Liqueur၊ Apple Juice ရယ် Lemonn Juice န့ ပန်းသီး၊ သကြား ရေခဲတွေလိုပါမယ်။
Tequila တစ်အောင်စ၊ Apple Liqueur တစ်အောင်စန့ Apple Juice တစ်အောင်စကို ရေခတစ်ခွက်စာန့ Lemo Juice အနည်းငယ် ကို Blender ထဲမှာ ကြေညက်ပြီး ချောမွေ့တဲ့ပုံစံဖြစ်တဲ့အထိ မွှေပါ။
သောက်မယ့်ခွက်ထဲကို လောင်းထည့်ပြီး ပန်းသီးစိတ်လေးကို ခွက်ထိပ်မှာ အလှဆင်ရုံပါ။
ဆိုင်ကအတိုင်း Serve လုပ်ချင်တယ်ဆိုရင် သောက်မယ့်ခွက်ရဲ့ ထိပ်တွေကို Apple Liqueur လေးသုတ်ပြီး အပေါ်ကို သကြားလေးနဲ့ ထပ်အုပ်ရုံပါ။


Black Russian
ကြာချိန် သုံးမိနစ်



ပြင်းပြင်းရှရှလေးကို ဇိမ်ပြေနပြေသောက်ချင်ရင်တော့ Black Russain က အဆင်ပြေမှာပါ။ ရိုးရိုးရှင်းရှင်းနဲ့ အလွယ်တကူလုပ်လို့ရလို့ နိုင်ငံတကာမှာလည်း အကြိုက်တွေ့နေတဲ့ Cocktail တစ်ခွက်ပါ။ လိုအပ်မယ့်ပစ္စည်းတွေကတော့ Vodka ရယ်၊ Coffee Liqueur ပါပဲ။ Duhh! ဘာအပိုပစ္စည်းမှ မလိုပါဘူး။ နည်းနည်းပါးပါးပြင်ဆင်ချင်တယ်ဆိုရင်တော့ Cherry သီးလေးတွေလိုပါမယ်။
1 ½ အောင်စ Vodka ကို ရေခဲထည့်ထားတဲ့ ခွက်လေးထဲ လောင်းထည့်ပါ။ ပြီးနောက် ¾ အောင်စ Coffee Liqueur ကို လောင်းထည့်ပါ။ ပြီးရင် နှံ့အောင် မွှေပြီး သုံးဆောင်ရုံပါပဲ။ Cherry သီး နှစ်လုံးလောက်ကို ထပ်ထည့်ချင်ထပ်ထည့်နိုင်ပါတယ်။


Whiskey Highball
ကြာချိန် သုံးမိနစ်


Whiskey မှ Whiskey ပဲဆိုတဲ့ ဘီးကြဲတွေအတွက်လာပါပြီ။ Classic ဖြစ်ပြီး အားလုံးကြိုက်တဲ့ Highball ကိုလုပ်ကြရအောင်။ အခြား Whiskey နဲ့ ပတ်သတ်ပြီး Cocktail Receipe တွေရှိပေမယ့် ဒီတစ်ခုက အလွယ်ဆုံးနဲ့ လူကြိုက်အများဆုံးမို့ ပြောပြပေးချင်ပါတယ်။ လိုအပ်မယ့် ပစ္စည်းတွေကတော့ Whiskey တစ်တောင့်ရယ်၊ Ginger Ale လေးရယ်ပါ။ Soda အသုံးပြုလို့ရပေမယ့် ဆိုင်ဖျော်လို့သောက်မှာဆိုတော့ Ginger Ale ပဲပေါ့။
ဖန်ခွက်အရှည်ထဲကို ရေခဲတွေအရင်ဖြည့်ပါ။ Whiskey 2 အောင်စ (Grand ပဲဖြစ်ဖြစ် JD ပဲဖြစ်ဖြစ် ကိုယ်စိတ်ကြိုက်ရွေးပါနော်) ကိုလောင်းထည့်ပြီး Ginger Ale ၆အောင်စကို ထပ်ထည့်ပြီး အဆင်သင့်သောက်ရုံပါ။


Mojito
ကြာချိန် ငါးမိနစ်



အားလုံးစောင့်နေတဲ့ Mojito လေးကို လုပ်ရမယ့်အချိန်ပါ။ ခံတွင်းရှင်းပြီး ကြည်ကြည်လင်လင်လေးဖြစ်စေလို့ ဒီနွေနဲ့လည်းလိုက်ပါတယ်။ Mojito လုပ်ဖို့ မီးဖိုချောင်ကပစ္စည်းလေးတော့လိုပါတယ်။ ဘာတွေလဲဆိုတော့ Rum အကြည်တစ်တောင့်၊ သကြား၊ ပူစီနံနဲ့ Soda Water နဲ့ရေခဲပါ။
သကြားနှစ်ဇွန်းနဲ့ လတ်လတ်ဆတ်ဆတ်ပူစီနံရွက် ခြောက်ပင်၊ ခုနှစ်ပင်ကို Soda ကိုအရင်ကြိတ်ချေပါ။ ပြီးသွားရင်တော့ သံပုရာသီးနှစ်စိပ်ကို ညှစ်ထည့်ပါ။ ပြီးရင်တော့ Rum နှစ်အောင်စကိုထည့်ပါ။ သမအောင်မွှေပြီးရင်တော့ ခွက်ထဲကို ရေခဲအပြည့်ထည့်ပါ။ ပြီးနောက် Soda အနည်းငယ်ကို ခွက်ပြည့်အောင်ထိ ထည့်ပြီး သောက်လို့ရပါပြီ။ အပေါ်ကနေ ပူစီနံအနည်းငယ်အလှဆင်ရုံပါ။


Gin Tonic
ကြာချိန် ၃မိနစ်



Gin Lover တွေအတွက် Gin Tonic လေးကို ကိုယ်တိုင်လုပ်သောက်နိုင်တယ်နော်။ ညစာလေးစားပြီး TV လေးဘာလေးကြည့်ရင်းလည်း သောက်နိုင်သလို နေ့လည် ပေါ့ပေါ့ပါးပါးလည်း သောက်နိုင်ပါတယ်။ လိုအပ်မှာတွေကတော့ Gin ရယ် Tonic Water ရယ်ပါ။
ဖန်ခွက်အရှည်ထဲကို ရေခဲတွေအရင်ထည့်လိုက်ပါ။ Gin နှစ်အောင်စလောင်းထည့်ပြီး Tonic Water လေး၊ ငါးအောင်စကို ထည့်လောင်းထည့်ပါ။ မွှေပြီးသွားရင်တော့ အလွယ်တကူသောက်သုံးနိုင်တဲ့ Gin Tonic ကိုရရှိမှာပါ။

 

, , , ,


Loading More post