×
Food & Travel

ROOM IN VINCENT

အနုပညာဆန်ဆန်အခန်းလေးကို ဖန်တီးနိုင်ဖို့ Vincent ပေးတဲ့ Idea တွေကို ကြည့်ရအောင် .............

by Moethae Say

June 11, 2018

တကယ်တော့ ဘ၀တစ်ခုရှင်သန်လိုက်ပြီဆိုတာနဲ့ အရာရာဟာ အနုပညာတွေနဲ့ ပြည့်နှက်နေတယ်ဆိုတာကို သင်တို့လက်ခံပါသလား။ အင်္ကီျ၀တ်တာကလည်း အနုပညာတစ်ခုပါပဲ။ ဒီလိုပဲ သင်တို့ လျှောက်လှမ်းနေတဲ့ခြေလှမ်းတွေ၊ အစားအသောက်စားတာတွေ၊ နေထိုင်မှုပုံစံတွေကစလို့ နောက်ဆုံး သင့်ရဲ့ အိမ်လေး၊ သင့်ရဲ့ အခန်းလေး ပြင်ဆင်ထားရှိပုံတွေကအစ အနုပညာဆန်တာလို့ပဲ ကျွန်မကတော့ မြင်မိတာပါပဲ။ ဒီ့ထက် စိတ်ကူးယဉ်ဆန်ချင်သေးလား။ အနုပညာဆန်ချင်သေးလားရပါသေးတယ်။ ကျွန်မ သင်တို့ကို အနုပညာဆန်ဆန် အခန်းပြင်ဆင်ဖွဲ့စည်းပုံလေးတစ်ခု ပြောပြပေးချင်ပါတယ်။

Vincent Van Gogh လို့ ပြောလိုက်ရင်တော့ ဒါဟာ အနုပညာချစ်မြတ်နိုးသူတွေအားလုံးနီးပါး သိရှိထားပြီး ဖြစ်မှာပါ။ သူရဲ့ ပန်းချီကားတွေကလည်း အမြင်အာရုံ၊ အတွေးအာရုံတွေကိုသာမကပဲ တခြားအတုယူအသွင်ယူစရာတွေ ရှိနေပါသေးတယ်။ ဒါတွေကို မမြင်ပဲ ပစ်ထားလို့တော့ မရနိုင်တဲ့အတွက် မတ်လမှာတော့ စိတ်အပြောင်းအလဲလေးလုပ်ပြီး အခန်းဖွဲ့စည်းပြင်ဆင်မှု ပြောင်းလဲချင်တဲ့သူတို့အတွက် Vincent Van Gogh ရဲ့ ပန်းချီကားတွေထဲက ဘယ်လိုများ အသွင်ယူလို့ရမလဲဆိုတာကို မိတ်ဆက်ပေးပါရစေ။

 

Food & Travel

ရင်အေးစေမယ့် Home Made ဖျော်ရည်လုပ်နည်းများ

ကိုယ်တိုင်လက်စွမ်းပြလိုက်ကြရအောင်နော်။

by Lin Lin

May 19, 2020

နွေရာသီမှာ အပြင်လည်းမထွက်ချင်ဘူး။ Online ကမှာသောက်ရင်လည်း ဈေးကြီးကြီးပေးပြီး စောင့်ရဦးမယ်။ ဒီတော့ မိမိတို့ အိမ်မှာရှိတဲ့ အသီးလေးတွေနဲ့ပဲ ရင်အေးစေမယ့် ဖျော်ရည်လေးတွေကို ကိုယ်တိုင်ဖျော်သောက်လိုက်ကြရအောင်နော်။

ပန်းသီးနဲ့ ငှက်ပျောသီဖျော်ရည်


ပါဝင်ပစ္စည်းများ
-ပန်းသီးတစ်လုံး
-ဌက်ပျောသီးနှစ်လုံး
-ပျားရည်တစ်ဇွန်း
-နွားနို့တစ်ခွက်

ပြုလုပ်နည်း
ပန်းသီးနှင့်ဌက်ပျောသီးကို အခွံနွှာလှီးပြီး ဖျော်စက်ထဲသို့ ထည့်ပါ။ ပျားရည်နှင့်နွားနို့တို့ကိုပါ လောင်းထည့်ပြီး ဖျော်စက်ဖြင့်မွှေပါ။ပြီးရင်တော့ အရသာရှိပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ ပန်းသီးနဲ့ ငှက်ပျောသီးဖျော်ရည်လေး ရရှိပါပြီနော်။ ရေခဲမထည့်ဘဲ အေးအေးလေးသောက်ချင်တယ်ဆိုရင်တော့ ရေခဲသေတ္တာထဲမှာ တစ်နာရီလောက်ထည့်ထားပြီး သုံးဆောင်နိုင်ပါပြီနော်။

ဖရဲသီးဖျော်ရည်


ပါဝင်ပစ္စည်းများ
-ဖရဲသီး ၂ ခွက်
-အုန်းရည် ၁ ခွက်
-သံပုရာသီး ၁ လုံး

ပြုလုပ်နည်း
ဖရဲသီး ၊ အုန်းရည် နဲ့သံပုရာသီး တွေကို အပေါ်ကအချိုးအစားအတိုင်း ဖျော်ရည်ဖျော်စက်ထဲမှာ ထည့်ပြီး ရောမွှေပေးပါ။ ဖျော်တဲ့ အထဲမှာ ရေခဲလေးတွေကိုပါ ထည့်ဖျော်မယ်ဆိုရင်တော့ ရေခဲမှုန်လေးတွေနဲ့ အရသာရှိပြီး ရင်အေးစေမယ့် ဖရဲသီးဖျော်ရည်အေးအေးလေးကို သုံးဆောင်နိုင်မှာပါနော်။

သရက်သီးဖျော်ရည်


ပါဝင်ပစ္စည်းများ
-သရက်သီးမှည့် ၁လုံး
-ငှက်ပျောသီးမှည့် ၁လုံး
-နို့ဆီ အနည်းငယ်

ပြုလုပ်ပုံ
ပါဝင်ပစ္စည်းများအားလုံးကို ဖျော်စက်ထဲ ထည့်၍ ကြေညက်သည်အထိ ဖျော်ပါ။ သရက်သီးနဲ့ ငှက်ပျောသီး ကို အကြေညက်သေးချိန်မှာ ရေခဲအနည်းငယ်ထည့်ပြီး ရောစပ်ဖျော်ပေးပါ။ ပြီးရင်တော့ အရသာရှိတဲ့ သရက်သီးဖျော်ရည်လေးကို ရရှိပါပြီနော်။

လိမ္မော်ဒိန်ချဉ်ဖျော်ရည်


ပါဝင်ပစ္စည်းများ
လိမ္မော်သီး ၁ လုံး (အသားသီးသန့်ရအောင်အခွံနွှာထားပါ)
အဆီလွတ်ဒိန်ချဉ် အနည်းငယ်
ဗနီလာအရသာရည် - စားပွဲတင်ဇွန်း ၁/၄

ပြုလုပ်ပုံ
ပါဝင်ပစ္စည်းများအားလုံးကိုဖျော်စက်ထဲထည့်ပြီး ကြေညက်သည်အထိဖျော်၍ အရသာနှင့် ပြည့်စုံတဲ့ လိမ္မော် Smoothie ဖျော်ရည်တစ်ခွက် ရရှိပါပြီနော်။

နာနတ်သီးဖျော်ရည်

ပါဝင်ပစ္စည်းများ
နာနတ်သီး
သကြား
နွားနို့
ရေခဲ

ပြုလုပ်ပုံ
နာနတ်သီးကို အစိတ်ကလေးတွေစိတ်ပြီး ဖျော်ရည်စက်ထဲသို့ထည့်ပါ။ နာနတ်သီး မကြေသေးခင်အချိန်မှာ သကြား၊ နွားနို့နဲ့ ရေခဲတို့ကို လိုအပ်သလိုထည့်ဖျော်ပေးပါ။ ပြီးရင်တော့ ရင်အေးစေမယ့် နာနတ်သီးဖျော်ရည်မွှေးမွှေးလေးရပါပြီနော်။

, , , ,

Food & Travel

Stay Home ကာလမှာ အစားတလိုင်းလေးတွေအတွက် Food Service ပေးနေတဲ့ အနုပညာရှင်များ

ဘယ်အနုပညာရှင်က ဘယ်လိုအစားအစာတွေရောင်းပေးနေလဲဆိုတာ ကြည့်လိုက်ကြရအောင်နော်။

by Lin Lin

May 14, 2020

အစားတလိုင်းလေးတွေအတွက် Home Stay ကာလမှာ အစားကောင်းကောင်းမှာစားနိုင်ဖို့အတွက် အနုပညာရှင်တွေ ရောင်းချပေးနေတဲ့ အစားကောင်းလေးတွေအကြောင်းကို ဖော်ပြပေးမယ်နော်။ ပရိသတ်တွေအတွက် အနုပညာရှင်တွေက သူတို့ရဲ့ အနုပညာတွေနဲ့ ဖျော်ဖြေပေးရုံတင်မက ဒီလိုကာလလေးမှာလည်း သူတို့ ကျွမ်းကျင်တဲ့ ချက်ပြုတ်နည်းလေးတွေနဲ့ ပရိသတ်တွေအတွက် အသင့်ရှိနေပြန်ပါတယ်။ ဘယ်အနုပညာရှင်က ဘယ်လိုအစားအစာတွေရောင်းပေးနေလဲဆိုတာ ကြည့်လိုက်ကြရအောင်နော်။

ထူးခြားနဲ့ ပွင့်နဒီမောင်တို့ရဲ့ "Bae Gyi"

ဝက်သားကို ရှယ်ချက်ထားတာမို့ ဝက်သားအသဲစွဲလေးတွေအတွက်ကတော့ သတင်းကောင်းပါပဲနော်။ ဝက်နံရိုးမီးတောက်၊ ဝက်လက်ပေါင်း၊ ဝက်နံရိုးအချိုပေါင်း တစ်ပွဲ 15000 ကျပ်နဲ့ အပတ်စဉ် သောကြာ၊ စနေ နဲ့ တနင်္ဂနွေနေ့တို့မှာ မှာယူနိုင်ပါတယ်နော်။ Delivery ကိုလည်း သူတို့ကိုယ်တိုင်ပို့ဆောင်ပေးမှာဆိုတော့ သူတို့ကို ချစ်တဲ့ ပရိသတ်တွေအတွက်ရော ၊ ဝက်သားတလိုင်းချစ်သူတွေအတွက်ရော ရှယ်ပဲပေါ့။ မှာချင်တယ်ဆိုရင်တော့ https://www.facebook.com/Bae-Gyi-111948227067553/  Link ကနေ မှာယူနိုင်ပါတယ်နော်။

မိုးမိုးရဲ့ " D – Mar Home Made Hot pot "

အဆိုတော် မိုးမိုးရဲ့ Home Made စစ်စစ် ဟော့ပေါ့ကတော့ ဟော့ပေါ့သရဲလေးတွေအတွက် တန်လဲတန် ကောင်းလဲကောင်းတယ်ဆိုတာ စားဖူးသူတိုင်း သိကြမယ်ထင်ပါတယ်နော်။ နှစ်ယောက်စာ menu set ဈေး "၂၀၀၀၀" ကျပ် ဖြစ်ပါတယ်။ အသား ၈ မျိုး(ကြက် ဝက် ပုစွန် ) အသီးအရွက် ၇ မျိုး ပါဝင်ပါတယ်။ ဝက်မစားသူတွေ အတွက် အခြားအသား လဲလှယ်ပေးတယ်ဆိုတော့လည်း ရှယ်ပဲပေါ့နော်။ Delivery ရက်တွေကတော့ သောကြာ စနေ တနင်္ဂနွေ ဖြစ်ပြီး ၃ ရက်အတွက် စုစုပေါင်း ပွဲ ၃၀ ပဲ လက်ခံမှာ ဆိုတော့ အမြန်ဆုံးမှာထားလိုက်တော့နော်။ မှာယူနိုင်မယ့် Link လေးကတော့https://www.facebook.com/%E1%80%92%E1%80%AE%E1%80%99%E1%80%BE%E1%80%AC-D-Mar-Home-Made-Hot-Pot-101317574913357 ပဲ ဖြစ်ပါတယ်။

ညီနန္ဒရဲ့ ထောပတ်ထမင်း

ညီနန္ဒကိုယ်တိုင်ချက်တဲ့ ကြက်သားထောပတ်ထမင်းလေးကိုတော့ တစ်ပွဲကို ၃၅၀၀ နဲ့ မှယူစားသောက်နိုင်မှာပဲ ဖြစ်ပါတယ်။ လူမျိုးဘာသာမရွေးစားသုံးနိုင်အောင် ချက်ထားတာဆိုတော့ အီအီစိမ့်စိမ့်လေးကိုမှ ကြိုက်ကြသူတွေအတွက် ကွက်တိပါပဲနော်။ မှာယူချင်တယ်ဆိုရင်တော့ https://www.facebook.com/unyi.nanda.5?epa=SEARCH_BOX ကနေတဆင့် မှာယူလို့ရပါတယ်နော်။

L Bauk Nu ရဲ့ NU's Kitchen

ကချင်စာကို ကြိုက်နှစ်သက်သူတွေအတွက်ကတော့ L Bauk Nu ရဲ့ NU's Kitchen လေး ရှိနေပါတယ်။ ကချင်လက်ရာစစ်စစ်ကို စားသုံးနိုင်မှာဖြစ်လို့ မှာယူလိုသူတွေအနေနဲ့ တစ်ရက်တော့ ကြိုမှာပေးရပါမယ်နော်။ ထူးထူးခြားခြားအနေနဲ့ ကတော့ ကချင်ဒံပေါက်စစ်စစ်ကိုလည်း မှာယူသုံးဆောင်နိုင်တဲ့အပြင် ကချင်ဟင်းလျာများစွာလည်း ရရှိနိုင်မှာမို့ အမြန်ဆုံးပဲ မှာယူလိုက်ကြရအောင်နော်။ မှာယူနိုင်မယ့် Link လေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

https://www.facebook.com/RecipesByNu 

 

 

,

Food & Travel

မေမေတွေ သက်သက်သာသာချက်ပြုတ်နိုင်အောင် အမှတ်တရပေးနိုင်မယ့် မီးဖိုချောင်သုံးပစ္စည်းများ

မေမေ့အတွက် အမှတ်တရဖြစ်အောင် ရွေးချယ်လိုက်ကြမယ်နော်။

by Lin Lin

May 6, 2020

အမေဟာ သားသမီးတိုင်းအတွက် အရေးကြီးဆုံးအမျိုးသမီးတစ်ဦးပါ။ နေ့စဉ်ဖြတ်သန်းနေကြရတဲ့ တစ်နေ့တာအတွက် အရေးကြီးဆုံး မရှိမဖြစ်ပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်ပါတယ်။ အမေရှိနေလို့သာ ကျောင်းတက်ခြင်း၊ လုပ်ငန်းခွင်ဝင်ခြင်းအလုပ်တွေကို နောက်ပြန်လှည့်မကြည့်ရဘဲ အေးအေးဆေးဆေးလုပ်နိုင်တာမဟုတ်ပါလား။ ဒါတင်မကသေးပါဘူး။ ညဘက်အိမ်ပြန်ချိန်တွေမှာလည်း အလုပ်က၊ ကျောင်းက ပြန်လာတဲ့ သားသမီးအတွက် မမောနိုင် မပန်းနိုင် ထမင်းဝိုင်းအဆင်သင့်ပြင်ဆင်ပေးသူကလည်း အမေပါ။ ကိုယ်ပိုင်အချိန်မရှိသလောက်ကို သားသမီးတွေအတွက် ပေးဆပ်ထားတဲ့ ကမ္ဘာပေါ်က အမေတွေကို ဂုဏ်ပြုတဲ့ အမေများနေ့ဟာ မေလ ၁၀ ရက်နေ့မှာ ရောက်ရှိလာပါတော့မယ်။ တစ်နှစ်ပတ်လုံး သားသမီးတွေအတွက် ပေးဆပ်ထားရတဲ့ အမေတွေအတွက် ဂုဏ်ပြုပေးတဲ့ အမေများနေ့မှာ အမေအတွက် အမှတ်တရလက်ဆောင်လေးတွေ ဖန်တီးပေးကြဖို့ သားသမီးတိုင်းမှာ စိတ်ကူးရှိကြမှာပါ။ အမေ့အကြိုက်လက်ဆောင်လေးတွေ၊ အမေစားချင်တဲ့ အစားအစာလေးတွေ၊ အမေနှစ်သက်တဲ့ အသုံးအဆောင်လေးတွေကို ပေးဖို့ စိတ်ကူးထားကြတဲ့သူတွေအတွက် အကြံလေးတစ်ခုပေးချင်တာကတော့ အမေနဲ့ နေ့စဉ်ထိတွေ့နေတဲ့ မီးဖိုချောင်ကိစ္စတွေမှာ အချိန်ကုန်၊ လူပင်ပန်းသက်သာစေဖို့အတွက် အမေ့အတွက် အသုံးဝင်မယ့် မီးဖိုချောင်သုံးပစ္စည်းလေးတချို့ကို မိတ်ဆက်ပေးချင်ပါတယ်။ ဒီပစ္စည်းလေးတွေကို Shop.com.mm ကနေ မှာယူနိုင်မှာဆိုတော့ အခုပဲ ဝင်ကြည့်ပြီး ရွေးချယ်လိုက်ကြရအောင်နော်။

Philips Hands Mixer - https://bit.ly/2YGTvIl

Philips Blender - https://bit.ly/2YGTvIl

Panasonic Juicer - https://bit.ly/2T0hQFF

 

Mizu BBQ & Hot Pot - https://bit.ly/3dmxPFF

Zebra Stainless Steel Fry Pan - https://bit.ly/2LaWFfr

Khind Coffee Maker - https://bit.ly/3cdcA95

Delonghi Fryer - https://bit.ly/2SHSVWU

,

Food & Travel

ကိုယ်သင်းနံ့ကောင်းစေမယ့် အစားအစာများ

 ကိုယ်သင်းနံ့အတွက် ရေမွှေးတွေကိုချည်းပဲအားကိုးနေလို့မရဘူးနော်

by Randy Win

April 14, 2020

               မိမိရဲ့တစ်နေ့တာ စားသောက်မှူ‌ပုံစံဟာ မိမိခန္ဓာကိုယ်ရဲ့ဇီ၀ကမ္မဖြစ်စဉ်ကို လာရောက်ထင်ဟပ်စေပါတယ်။ အရှင်းဆုံးပြောရရင်တော့ ကိုယ်စားတဲ့အ‌စားအသောက်ပေါ်မူတည်ပြီး ကိုယ့်ရဲ့ကိုယ်နံ့ကိုပြောင်းလဲစေတာပါ။ ဒီလိုပြောလို့ လာဗန်ဒါပန်းပွင့်တွေစားရင် လာဗန်ဒါနံ့ရမှာလားလို့တော့မမေးပါနဲ့။ ကိုယ်ရေရှည်စားသောက်ခဲ့တဲ့စားသောက်မှူပုံစံနဲ့ မှန်ကန်တဲ့ အစားအသောက် ရွေးချယ်မှူကသာ ကိုယ့်ရဲ့ အရေပြား ၊ အမွှေးအမျှင်နဲ့ ကိုယ်ခန္ဓာရဲ့ အနံ့တွေကို ပြောင်းလဲစေတာမျိုးပါ။ အဓိကအားဖြင့် ခန္ဓာကိုယ်မှာ ဆိုးရွားတဲ့ကိုယ်နံ့ကိုထွက်စေတဲ့အစိတ်အပိုင်းတွေရှိပါတယ်။ အဲဒါတွေကတော့ ချိုင်းကြား ၊ လိင်အင်္ဂါတစ်ဝိုက်၊ ခြေထောက် ၊ ဆံပင် ၊ နား ၊ အာခံတွင်းနဲ့ (မိန်းကလေးဆိုရင်) ရင်သားနေရာတွေပါ ပါ၀င်ပါတယ်။ လူတိုင်းမှာ ကိုယ့်ရဲ့ စားသောက်မှူ ၊ကျန်းမာရေးနဲ့ အသက်အရွယ်လိင်စိတ်တိမ်းညွတ်မှူပေါ်မူတည်ပြီး မတူကွဲပြားတဲ့အနံ့ကိုယ်စီရှိကြပါတယ်။ ဒါကြောင့်မို့လည်း ခွေး‌၊ကြောင်လို တိရိစ္ဆာန်လေးတွေက သခင်နဲ့ လူစိမ်းကို ကိုယ်နံ့နဲ့ခွဲခြားပြီးသိနိုင်ကြတာပါ။ အလွယ်တကူ ကိုယ်နံ့ကိုဖျောက်ဖို့အတွက် ရေမွှေးတွေ Body Spray တွေ အမျိုးမျိုးရှိတယ်ဆိုပေမယ့်လည်း ဒါတွေဟာ သင့်ရဲ့ကိုယ်နံ့ကိုအချိန်ပြည့်တော့ ဖုံးအုပ်ထားပေးနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့်မို့ ဒီလို ကိုယ်သင်းနံ့ဟာ သင်ရွေးချယ်တဲ့ အစားအသောက်ပေါ်မှာလည်းမူတည်နေတယ်ဆိုရင် ဘယ်လို အစားအစာတွေကများ ကိုယ့်ရဲ့ ကိုယ်နံ့ကို ပိုပြီးကောင်းမွန်စေမလဲဆိုတာ ဆက်ပြီးလေ့လာကြည့်လိုက်ရအောင်နော်။

1.ရှောက်သီး နဲ့ အခြားအချဉ်ဓာတ်ပါသောအသီးများ

ရှောက်သီးမှာပါ၀င်တဲ့ အက်စစ်ဓာတ်ရဲ့ ကိုယ်တွင်း အယ်လ်ကာလိုင်းဓာတ်ပြုမှူကြောင့် ဆီးအတွင်း PH level ကို မြှင့်တင်ပေးနိုင်တာမို့ ခန္ဓာကိုယ်ရဲ့အဆိပ်အတောက်တွေကို အလွယ်တကူဖယ်ရှားပေးနိုင်ပါတယ်။ ဆီးကျောက်တည်ခြင်းနဲ့ ကျောက်ကပ်ရောဂါကိုကာကွယ်ပေးနိုင်တဲ့အပြင် ကိုယ်ခံအားကိုလည်းမြှင့်တင်ပေးနိုင်ပါသေးတယ်။ ရှောက်သီးနဲ့ အချဉ်ဓာတ်ပါတဲ့အသီးတွေကိုဖျော်ရည်အနေနဲ့ သောက်သုံးပေးခြင်းက ကိုယ်တွင်းအဆိပ်အတောက်တွေကိုသန့်စင်စေတာကြောင့် ကိုယ့်နံ့ဆိုးတွေကိုဖယ်ရှားပေးရုံမက အဲလိုအနံ့ဆိုးထွက်တဲ့ ချိုင်းကြား ၊ ခြေဖဝါးလိုနေရာတွေကို ရှောက်သီး၊သံပုရာသီး‌ကို ထက်ခြမ်းခြမ်းပြီးပွတ်တိုက်ပေးခြင်းဖြင့်လည်း အနံ့ဆိုးထွက်ခြင်းကိုသက်သာစေဦးမှာပါ။

2.ပန်းသီး

ပန်းသီးကတော့ စားလို့လည်းကောင်းသလို အကျိုးလည်းများတဲ့အသီးအနှံတစ်မျိုးပါ။ “An apple a day can keep the dentist away” ဆိုတဲ့ဆိုရိုးလိုပဲ သွားနဲ့ခံတွင်းကိုအကျိုးပြုတဲ့အသီးဆိုရင်လည်းမမှားပါဘူး ။ တောင်ကိုရီးယားသိပ္ပံပညာရှင်တွေရဲ့တွေ့ရှိချက်အရ ပန်းသီးတစ်နေ့အနည်းဆုံးတစ်လုံးစားသုံးပေးခြင်းဖြင့် ခံတွင်းနံ့ကို ကောင်းမွန်စေမယ်လို့သိရပါတယ်။ ပန်းသီးမှာ အညစ်အကြေးတွေကိုစင်ကြယ်စေတဲ့ပင်ကိုယ်ဓာတ်သတ္တိတွေပါ၀င်တာကြောင့် ခံတွင်းထဲမှာကျန်ရှိနေတဲ့ ဘက်တီးရီးယားတွေကို ရှင်းထုတ်ပေးမှာဖြစ်တဲ့အပြင် ပန်းသီးကိုကိုက်လိုက်တဲ့အခါမှာလည်း သူ့ရဲ့ ပွတ်တိုက်အားကြောင့် ဘက်တီးရီးယားကိုဖြစ်ပေါ်စေမယ့် သွားထဲမှာကျန်ရှိတဲ့ အစားအစာအကြွင်းအကျန်တွေကိုဖယ်ရှားလိုက်သလိုဖြစ်စေဦးမှာမို့ ပန်းသီးဟာ ခံတွင်းနံ့ကောင်းဖို့အတွက်တော့ ဆရာတစ်ဆူပါပဲ။

3.Green Tea

လက်ဖက်ရည်ကြမ်းမှာ ခံတွင်းနံ့ဆိုး၊ကိုယ်နံ့ဆိုးနဲ့ ‌ခြေဆီနံ့ထွက်ခြင်းတွေကို သက်သာစေမယ့် Antioxident အာနိသင်တွေအများကြီးပါ၀င်ပါတယ်။ Green Tea ပူပူလေးကို တစ်နေ့ သုံးခွက်ကနေ လေးခွက်အထိ ပျားရည်လေးရောပြီးသောက်သုံးပေးမယ်ဆိုရင် ရက်အနည်းငယ်အတွင်း သိသာတဲ့ရလာဒ်ကောင်းရရှိကို တွေ့လာပါလိမ့်မယ်။

4.အုန်းဆီ

အုန်းဆီဟာ အစာချေစနစ်ကိုအထောက်အကူပြုပေးတာကြောင့် ခံတွင်းနံ့ဆိုးနဲ့ ကိုယ်နံ့ဆိုးတွေကိုသိသိသာသာ ပျောက်ကင်းသက်သာစေပါတယ်။ဒါတင်မက အုန်းဆီစစ်စစ်နဲ့သွားတိုက်ပေးမယ်ဆိုရင်လည်း ခံတွင်းနံ့ဆိုးထွက်ခြင်းနဲ့ပတ်သက်ပြီး သိသာထင်ရှားတဲ့ အကျိုးကျေးဇူးတွေကိုရရှိလာဦးမှာပါ။

5.တရုတ်နံနံပင်

တရုတ်နံနံဟာ ရိုးရာဆေးဖက်၀င်အပင်လည်းဖြစ်သလို Antioxident , အကျိုးပြုအင်ဇိုင်းတွေနဲ့ ဗီတာမင်ကေ ၊ဗီတာမင် စီ ၊ ပိုတက်စီယမ် နဲ့ ဗီတာမင် B6 လို အကျိုးပြုဓာတ်တွေအထိ ကြွယ်၀စွာပါ၀င်ပါတယ် ။ဒါ့အပြင် တရုတ်နံနံမှာ ရေနဲ့ အမျှင်ဓာတ်လည်းများစွာပါ၀င်တာမို့ အစာချေစနစ်အတွက်ကိုလည်းကောင်းကောင်းအထောက်အကူပြုနိုင်တဲ့အပြင် ခန္ဓာကိုယ်ရဲ့အဆိပ်အတောက်တွေကိုဖယ်ရှားပေးရာမှာလည်း အကောင်းဆုံးလုပ်ဆောင်ချက်တွေပေးနိုင်တာမို့ ကိုယ်သင်းနံ့ကောင်းဖို့အတွက်တော့ အသင့်တော်ဆုံးအစားအစာတစ်မျိုးလို့ဆိုရမှာပါ။ ယုတ်စွအဆုံး ဟင်းချက်စားဖို့ပျင်းတယ်ဆိုရင်တောင် တရုတ်နံနံကို Blender ထဲထည့်ပြီး ဖျော်ရည်လုပ်သောက်လို့ရပါသေးတယ်

, , , , , , ,

Food & Travel

သင်္ကြန်ကို လွမ်းရင်းလုပ်စားနိုင်မယ့် သင်္ကြန်မုန့်များ

သင်္ကြန်မုန့်တွေကို လုပ်စားရင်းသင်္ကြန်အငွေ့အသက်ကို ခံစားကြရအောင်

by Lin Lin

April 13, 2020

ခုချိန်မှာ သင်္ကြန်ကာလလည်း ရောက်ရှိနေပြီဖြစ်တာကြောင့် သင်္ကြန်ရက်တွေမှာ အပြင်မထွက်ရလည်း သင်္ကြန်စာလေးတွေ လုပ်စားပြီး သင်္ကြန်အငွေ့အသက်တွေကို ခံစားလို့ရပါသေးတယ်နော်။ ဒါကြောင့် ပရိသတ်ကြီးအတွက်ကိုလည်း သင်္ကြန်မုန့်လုပ်နည်းလေးတွေကို ဖော်ပြပေးသွားပါမယ်။ ကြည့်လိုက်ကြရအောင်နော်။

မုန့်လုံးရေပေါ်


သင်္ကြန်နဲ့ မုန့်လုံးရေပေါ်ဟာ ခွဲလို့မရတဲ့ အရာတစ်ခုလို့ ပြောရင်လည်း မမှားပါဘူး။ သင်္ကြန်မှာ မုန့်လုံးရေပေါ်ကို အိမ်တိုင်းလိုလို လုပ်စားလေ့ရှိတဲ့ မုန့်တစ်မျိုးပါ။ စတုဒိသာမဏ္ဍပ်တွေမှာလည်း သင်္ကြန်စာအဖြစ် လုပ်တတ်ကြတဲ့ ရိုးရာမုန့်တစ်မျိုးလည်း ဖြစ်ပါတယ်။ ကဲ ဒီတော့ သင်္ကြန်စာ တစ်မျိုးဖြစ်တဲ့ မုန့်လုံးရေပေါ်လုပ်နည်းလေးကို ကြည့်လိုက်ကြရအောင်နော်။

ပါဝင်သောပစ္စည်း
ကောက်ညှင်းမှုန့် - နို့ဆီဘူး ၈လုံး
ဆန်မှုန့် - နို့ဆီဘူး ၂လုံး
ထန်းညက်
အုန်းသီး - တစ်ခြမ်း

မုန့်လုပ်နည်း
ကောက်ညှင်းမှုန့် နှင့် ဆန်မှုန့်ကို ခွက်တစ်ခုထဲထည့်၍ ရောမွှေလိုက်ပြီး ရေတစ်ခွက်ခန့်ကို နည်းနည်းခြင်းဆီ ထည့်ပေးပြီး မပျော့မမာ အနေထားထိ ရောက်အောင် သမအောင် နုယ်ပေးပါ။ ပြီးလျှင် ထန်းညက်များကို အတုံးသေးများတုံးပေးပါ။ ပြီးလျှင် အုန်းသီးကို အုန်းခြစ်ဖြင့် အရှည်လိုက် ခြစ်ပေးပါ။ ပြီးမှ ထန်းညက်ခဲ များကို မုန့်ထဲ အစားသွပ်ပြီး မုန့်လုံးများကို လုံးပေးပါ။ ဒယ်အိုးကြီးကြီး တစ်ခု ရေတစ်ဝက်ကျော်ကျော်ထည့်ပြီး မီးမီးပြင်းပြင်းဖြင့် အဖုံးအုပ်ပြီး တည်ထားပေးပါ။ ဒယ်အိုးထဲမှ ရေပွက်ပွက်ဆူလာလျှင် လုံးထားသော မုန့်လုံးများကို ဖြည်းဖြည်းခြင်းထည့်ပေးပါ။ မုန့်လုံးများ သူအလိုလို ရေပေါ်ပေါ်လာမှ ဇကာလေးဖြင့် ဆယ်ပေးပြီး ရေထည့်ထားသော ခွက်ထဲ မုန့်လုံးရေပေါ်များကို ထည့်လိုက်ပါ။ ပြီးမှ ရေစစ်ရန်အတွက် ဇကာထဲ ပြန်ဆယ်ထည့်ထားပါ။ရေစစ်ပြီးလျှင် ဌက်ပျောရွက်ခင်းထားသော ပန်းကန်ထဲသို့ မုန့်လုံးရေပေါ်များထည့်လိုက်ပါ။ အပေါ်မှ ခြစ်ထားသော အုန်းသီးများ ဖြူးပေးလိုက်ပြီးရင်တော့ သုံးဆောင်နိုင်ပါပြီနော်။

မုန့်လက်ဆောင်း


မုန့်လက်ဆောင်းလို့ ဆိုလိုက်တာနဲ့ သင်္ကြန်မဏ္ဍပ်တွေမှာ တိုက်တဲ့ မုန့်လက်ဆောင်အေးအေးလေးတွေကို တန်းမြင်နေကြပြီမဟုတ်လား။ မုန့်လက်ဆောင်းကို ထန်းညက်ရေနဲ့သာမက အုန်းနို့နဲ့လည်း လုပ်တတ်ကြပါတယ်။ ရေစိုစိုနဲ့ ထန်းညက်ရည်မုန့်လက်ဆောင်းသောက်ရတဲ့ အရသာဟာ သင်္ကြန်ကာလမှာပဲ ရနိုင်တဲ့အရသာလေးပါ။ ဒီနှစ်သင်္ကြန်မှာတော့ ရေမစိုရလည်း မုန့်လက်ဆောင်းတော့ အိမ်မှာလုပ်သောက်လို့ရပါသေးတယ်နော်။ ရင်အေးစေမယ့် မုန့်လက်ဆောင်းလုပ်နည်းလေးကို ပြောပြပေးမယ်နော်။

ထန်းလျက် မုန့်လက်ဆောင်း ပါဝင်သောပစ္စည်းများ
မုန့်လက်ဆောင်းဖက် - ၁ပြည်
ထန်းညက် - ၄၀၀ ဂရမ်
ဆား - လက်ဖက်ရည်ဇွန်း တဝက်

အုန်းနို့ မုန့်လက်ဆောင်း ပါဝင်ပစ္စည်းများ
အုန်းသီး - ၁လုံး (အရည်ညှစ်ထားပြီသား)
သကြား - ၂၀ကျပ်သား
ဆား - လက်ဖက်ရည်ဇွန်း တဝက်

ပြုလုပ်နည်း
လုပ်ပြီးသား မုန့်လက်ဆောင်းဖတ် များကို ဒယ်အိုး အကြီးတစ်ခုထည့်ပြီး ရေစိမ်ထားပေးပါ။ အရင်ဆုံး အုန်းနို့ မုန့်လက်ဆောင်းအတွက် ဒယ်ထဲသို့ အုန်းနို့ရည်များ ထည့်ကာ သကြား(၂၀ကျပ်သား) ထည့်ပြီ သကြားများ အရည်ပျော်အောင် အပူအနည်းငယ်ပေးလိုက်ပါ။ ပြီးလျှင် ဆားအနည်းငယ်ထည့်ပြီ အုန်းနို့ရည်များကို ပြန်အအေးခံထားပေးပါ။ အအေးခံပြီမှ ခွက်တစ်ခုထဲ မုန့်လက်ဆောင်း တဝက်ခန့်ထည့်ကာ အုန်းနို့ရည်ထည့်ပေးပါ။ ပြီးမှ မုန့်လက်ဆောင်း ပိုစိမ့်သွားအောင် နို့စိမ်း စားပွဲတင်ဇွန်းခန့် ထည့်လိုက်သေးတယ်။ ရေခဲတုံးအနည်းငယ်ထည့်ပြီ အုန်းနို့ မုန့်လက်ဆောင်းလေးကို သုံးဆောင်နိုင်ပါပြီ။
ထန်းလျက်ရည်နဲ့ကြိုက်သူတွေအတွက်ကတော့ ထန်းလျက်များကို ဒယ်ထဲ ရေ အနည်းငယ်ထည့်ပြီး မီးပြင်းပြင်းဖြင့် ကျိုထားပေးပြီး မပျစ်မကျဲ အနေထားရောက်လျှင် ဆားအနည်းငယ်ထည့်ပြီ ထန်းညက်ရည် ခွက်တစ်ခုထဲ ပြန်ထည့်ထားကာ အအေးခံထားပေးပါ။ ပြီးမှ ခွက်ထဲ မုန့်လက်ဆောင်ဖက် တဝက်ထည့်ပြီ ထန်းလျက်ရည်များကိုထည့်ကာ ရေခဲတုံးလေးများထည့်ပေးပါ။

မုန့်ကြာစိ


သင်္ကြန်မှာ လုပ်စားကြတဲ့ မုန့်တွေထဲမှာတော့ မုန့်ကြာစိလည်း အပါအဝင်ဖြစ်ပါတယ်။ လွယ်လွယ်ကူကူနဲ့ လုပ်စားလို့ရနိုင်တဲ့ မုန့်လည်းဖြစ်တာကြောင့် သင်္ကြန်ကာလမှာ လုပ်စားဖြစ်ကြတဲ့ မုန့်တစ်မျိုးလည်း ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ
ကောက်ညှင်းမှုန့် - နို့ဆီဗူး ၄လုံး
ဆန်မှုန့် - နို့ဆီဗူး ၁လုံး
(ကောက်ညှင်းမုှန့်နဲ့ ဆန့်မှုန့်သည် လေးချိုး ၁ချိုးဖြစ်သည်။)
ထန်းလျက်ခဲ - ၃၀၀ ဂရမ်
အုန်းသီး - တခြမ်း (ခြစ်ထားပေးပါ)
ဆား - လက်ဖက်ရည်ဇွန်း သုံးပုံ၁ပုံ

ပြုလုပ်နည်း
အရင်ဆုံး ဇလုံတစ်ခုထဲတွင် (ကောက်ညှင်းမှုန့်၊ ဆန့်မှုန့်)ကို ရောမွှေလိုက်ပါ။ ပြီးလျှင် ရ(၅၀၀ ml) ကို နည်းနည်းထည့်ကာ မုန့်သားများကို မပျော့မမာ အနေထားရောက်သည်အထိ နုယ်ပေးပါ။ ထို့နောက် မုန့်ကြာစေ့အတွက် ပုံတွင် ပါသည့်အတိုင်း မုန့်လုံး သေးသေးလေးတွေ လုံးပေးပါ။ ဒယ်အိုးကြီး တစ်ခုထဲသို့ ရေများများထည့်ကာ အဖုံးအုပ်က ရေပွက်ပွက်ဆူသည်အထိ တည်ထားပေးပါ။ ရေနွေးဆူလာလျှင် လုံးထားသည့် မုန့်လုံးများကို လောင်းထည့်ပေးပါ။ မုန့်လုံးများ ရေပေါ်ပေါ်လာလျှင် ဇကာဖြင့် ပြန်ဆယ်ပေးထားပါ။ မုန့်လုံးများ ရပြီဆိုလျှင် ထန်းလျှက်ခဲများကို ရေဖြင့် မပျစ်မကျဲအနေထား ကျိုထားပေးပါ။ ပြီးနောက် မုန့်လုံးများ၊ ဆားကို ထည့်ကာ ခဏကျိုပေးပြီ အုန်းသီးခြစ်လေးများ ဖြူးပြီ မုန့်ကြာစေ့ပူပူလေးကို စားသုံးနိုင်ပါပြီနော်။

Photo Credit - Original Uploader 

, , ,

Food & Travel

အိမ်မှာအလွယ်တကူလုပ်စားနိုင်မယ့် မုန့်များ

အစားတလိုင်းလေးတွေ ကြည့်ထားလိုက်တော့နော်။

by Lin Lin

April 10, 2020

အစားတလိုင်းပရိသတ်ကြီးတို့အတွက် နားတဲ့အချိန်လေးတွေမှာ ကိုယ်တိုင်လုပ်စားလို့ရနိုင်မယ့် မြန်မာမုန့်လုပ်နည်းလေးတွေ ဖော်ပြပေးမယ်နော်။ သင်္ကြန်မှာ အပြင်မထွက်ရဘူးဆိုပေမယ့်လည်း သင်္ကြန်အငွေ့အသက်လေးတွေရအောင် သင်္ကြန်မုန့်လေးတွေ လုပ်စားရင်း ဒီနှစ်ရဲ့ မြန်မာ့ရိုးရာသင်္ကြန်ကို ခံစားလိုက်ကြရအောင်နော်။ လွယ်လွယ်ကူကူနဲ့ လုပ်စားလို့ရမှာဆိုတော့ လိုအပ်တဲ့ ပစ္စည်းလေးတွေကိုလည်း အမြန်ဆုံးပြေးဝယ်ထားလိုက်တော့နော်။

အုန့်နို့ကျောက်ကျော


ပါဝင်ပစ္စည်းများ
တယ်လီဖုန်းကျောက်ကျော 25g 1ထုပ်
အုန်းသီး 1 လုံး
(အုန်းနို့ရည်ညှစ်ထားပါ)
သကြား ၂၀ကျပ်သား
ဆား အနည်းငယ်

ပြုလုပ်နည်း
အိုးတခု ထဲတွင် ဆား+သကြား+အုန်းနို့ရည် 1လီတာကျော်ခန့် ထည့်ပါ။ သကြားများအရည်ပျော်အောင်မွှေပြီး ဇကာဖြင့်စစ်ထားပါ။ ဇကာစစ်ထားသော အရည်ထဲသို့ တယ်လီဖုန်းကျောက်ကျောမှုန့် ထည့်ကာ ပျော်ဝင်အောင်မွှေပါ။ အမှုန့်များပျော်ဝင်ပီးလျင် မီးဖိုပေါ်တင်၍ မီးအေးအေးဖြင့်မွှေပါ။ ၁၀/၁၂မိနစ်ခန့်မွှေပီးလျှင် အသင့်လောင်းရန်ပြင်ထားသောဗန်းထဲသို့ လောင်းထည့်ပါ အေး၍ခဲလျင် အရသာရှိသော အုန်းနို့ကျောက်ကျောလေးကို သုံးဆောင်နိုင်ပါပြီနော်။

ကြက်ဥပူတင်း


ပါဝင်သော ပစ္စည်းများ...
နွားနို့ ( ၂၅ ) ကျပ်သား
ဂျုံ မှုန့် (၁၀)သား
ကြက်ဥ (၂) လုံး
နို့မှုန့် (၂)ထုတ်
သကြား (၁၅) ကျပ်သား
ကိတ်မုန့် အနု အနည်းငယ်၊ ဆားအနည်းငယ်၊ ဆီ အနည်းငယ်။

ပြုလုပ်နည်း
ပထမဆုံး ကြက်ဥ ခလောက်ထားပါ၊ ဇလုံးကြီးကြီး တစ်ခုထဲသို့ ဂျုံမှုန့် ထည့်ပါ။ ဆားအနည်းငယ် ထည့်ပါ။
သကြား ထည့်ပါ ရေနွေး အနည်းငယ်ထည့်၍ ကြက်ဥ ခလောက်တံ နှင့် နာနာ ခလောက်ပါ။ ပီးလျှင် ကြက်ဥ ခလောက်ထားတာ ထည့်ပါ။ ကိတ်မုန့် အနည်းငယ် ချေထည့်ပါ၊ နို့မှုန့် ထည့်ပါ။ နွားနို့ ထည့်ပီး ခလောက်ပါ။ အားလုံး နှံ့စပ် အောင် နာနာ မွှေပေးပါ၊ပီးလျှင် ကျိုမဲ့ အိုးထဲသို့ ပြောင်းထည့်၍ မီးအရှိန် အနေအသင့် နှင့် ကျိုပေးပါ၊ အဆက်မပြတ် မွှေပေးပါ။ ကပ်မှာဆိုးလို့ပါ အရည်ကျပီး မုန့်နှစ် ပျစ်လာရင် ချလို့ရပါပီ။ အေးအေးလေးစားချင်ရင်တော့ ရေခဲသေတ္တာထဲထည့်ထားပြီး စားလို့ရပါတယ်နော်။

ရွှေကြည်ဆနွင်းမကင်း


ပါဝင်ပစ္စည်းများ
ရွှေကြည် တစ်ပိသာ
အုန်းသီးရင့်ရင့် ၆ လုံး
နို့စိမ်း ၅ လုံး
ကြက်ဥ အလုံး ၂၀
သကြား ၅၀သား ( အစိမ့်)
ထောပတ် ၂၀သား
ဆီ ၂၅ ကျပ်သား
စပျစ်သီးခြောက် အချို ၁၅ ကျပ်သား
ဆားအနည်းငယ်
ဘိန်းစေ့ နဲနဲ

ပြုလုပ်နည်း

ရှေးဦးစွာ ရွှေခြည်နဲ့သကြားကို မွှေးလာအောင် လှော်ထားပါ။ ကြက်ဥကို ကြေအောင်ခေါက်ထားပေးပါ။ ထို့နောက် လှော်ပြီးသား ရွှေခြည် ထဲကို အုန်းနို့ နို့ဆီဗူးနဲ့ ၁၂ ခွက်ထဲ့ပါ။ ကြက်ဥခေါက်ထားတာကိုပါ ထည့်ပါ။ ထောပါတ်ထဲ့ပါ ဆီထဲ့ပါ ဆားထဲ့ပါ။နို့စိမ်း ၅ ဗူးထဲ့ပါ။ အားလုံးသမအောင်ရောမွှေပါ။
မုန့်လုပ်ရန် အဆင်သင့်ဖြစ်ပါပြီ။
ရောထားသည်များကို အိုးထဲမှာ ဆီပြန်လာအောင် ကျိုပါ။ ဆီပြန်ပြီး မုန့်သား လည်လာလျှင်စပျစ်သီးခြောက်ထည့်ပါ။ ထို့နောက် ဖုတ်မည့်ဗန်းထဲ လောင်းထည့်ပါ။ အုန်းနို့ဦးရည် နဲနဲချန်ထားပြီး ဖြန်းပေးပါ။ ဘိန်းစေ့ဖြူးပြီး အပေါ်မီးများများ အောက်မီးနဲနဲနှင့် မိနစ် ၃၀ မှ ၄၅ မိနစ်ကြာအောင် မီးအနဲအများအလိုက် ဖုတ်ပါ တစ်ရက် အနဲဆုံး ၈ နာရီ အအေးခံပါ။ စားသုံးရန်အဆင်သင့် ရွှေခြည်ဆနွင်းမကင်းရပါပြီ။
Credit - သုတစုံလင်အိမ်ရှင်မ ESM

 

,

MODA TV 


Food & Travel

ဘားမှာ ထိုင်ရသလို ခံစားမှုမျိုးပေးမယ့် အမိုက်စား အိမ်လုပ် Cocktail

Bartender ကြီးတစ်ယောက်လို လက်စွမ်းပြလိုက်ပါ။

by JN Ja Seng Pan

April 5, 2020

ပုံမှန် သူငယ်ချင်းတွေ စုံနေကျနေရာလေးက ပိတ်ကုန်ပြီ၊ ဆိုင်မှာ ဈေးကြီးပေးသောက်ရတဲ့ Cocktail ကိုလည်း သတိရ၊ အိမ်က ရေခဲသေတ္တာထဲက ဘီယာတွေပဲ ထုတ်သောက်ရတာပျင်းလာပြီဆိုရင်တော့ (Editor ကိုယ်တိုင်လည်း ဖြစ်နေတဲ့ တောင့်တမှုတစ်ခုပါ) အယ်လယ်။ ဆိုတော့ အဖြေက တစ်ခုထဲရှိပါတယ်။ ဟုတ်ပါတယ် အိမ်မှာ ကိုယ်တိုင်လုပ်သောက်ရုံပေါ့ ဘာခက်တာမှတ်လို့။ ကိုယ်အကြိုက် အရက်အမျိုးအစားနဲ့ ကိုယ်တိုင် Cocktail လုပ်လို့ရမယ့် Recipe ကို အခုပြောပြသွားမှာပါ။ တစ်ခုလိုအပ်မှာက City Mart သွား၊ ဒါမှမဟုတ် လမ်းထိပ်က Liquor Shop တော့ တစ်ချက်ပြေးရမှာပါ။ သောက်ချင်တော့လည်း ဘယ်တတ်နိုင်မလဲနော်။ Hand Gel လေးဆောင်၊ Mask တပ်ပြီးမှ ထွက်ပါလို့ တိုက်တွန်းချင်ပါတယ်။

Vodka Cranberry
ကြာချိန် ငါးမိနစ်



ပူကပူနဲ့ ဆိုတော့ Vodka ချစ်သူတွေအတွက် Vodka Cranberry လေးကို ရေခဲများများနဲ့ လုပ်သောက်ရအောင်။ လိုအပ်မှာက Vodka တစ်ပုလင်း၊ Cranberry Juice တစ်ဘူး၊ အသီးအနှံ့အချို့နဲ့ ရေခဲတစ်ခွက်ပါ။
Blender ထဲကို ရေခဲ၊ Vodka၊ Cranberry Juice နဲ့ သံပရာသီး နှစ်စိတ်ကို ထည့်ပြီး ကြိတ်ပါ။ သုံးစက္ကန့်၊ ငါးစက္ကန့်ကြာ Blend ပါ။ သောက်မယ့်ခွက်လေးထဲကိုထည့်ပြီး သုံးဆောင်ရုံပါပဲ။


Apple Margarita
ကြာချိန် ငါးမိနစ်



သောက်လို့ကောင်းတဲ့ Apple Margarita ကိုလည်း ကိုယ်တိုင်လုပ်လို့ရပါတယ်။ အသီးအရသာလေးနဲ့ ချိူချိူအီအီလေးကြိုက်တဲ့သူတွေအတွက် အဆင်ပြေပါတယ်။ လိုအပ်မှာက Tequila၊၊ Apple Liqueur၊ Apple Juice ရယ် Lemonn Juice န့ ပန်းသီး၊ သကြား ရေခဲတွေလိုပါမယ်။
Tequila တစ်အောင်စ၊ Apple Liqueur တစ်အောင်စန့ Apple Juice တစ်အောင်စကို ရေခတစ်ခွက်စာန့ Lemo Juice အနည်းငယ် ကို Blender ထဲမှာ ကြေညက်ပြီး ချောမွေ့တဲ့ပုံစံဖြစ်တဲ့အထိ မွှေပါ။
သောက်မယ့်ခွက်ထဲကို လောင်းထည့်ပြီး ပန်းသီးစိတ်လေးကို ခွက်ထိပ်မှာ အလှဆင်ရုံပါ။
ဆိုင်ကအတိုင်း Serve လုပ်ချင်တယ်ဆိုရင် သောက်မယ့်ခွက်ရဲ့ ထိပ်တွေကို Apple Liqueur လေးသုတ်ပြီး အပေါ်ကို သကြားလေးနဲ့ ထပ်အုပ်ရုံပါ။


Black Russian
ကြာချိန် သုံးမိနစ်



ပြင်းပြင်းရှရှလေးကို ဇိမ်ပြေနပြေသောက်ချင်ရင်တော့ Black Russain က အဆင်ပြေမှာပါ။ ရိုးရိုးရှင်းရှင်းနဲ့ အလွယ်တကူလုပ်လို့ရလို့ နိုင်ငံတကာမှာလည်း အကြိုက်တွေ့နေတဲ့ Cocktail တစ်ခွက်ပါ။ လိုအပ်မယ့်ပစ္စည်းတွေကတော့ Vodka ရယ်၊ Coffee Liqueur ပါပဲ။ Duhh! ဘာအပိုပစ္စည်းမှ မလိုပါဘူး။ နည်းနည်းပါးပါးပြင်ဆင်ချင်တယ်ဆိုရင်တော့ Cherry သီးလေးတွေလိုပါမယ်။
1 ½ အောင်စ Vodka ကို ရေခဲထည့်ထားတဲ့ ခွက်လေးထဲ လောင်းထည့်ပါ။ ပြီးနောက် ¾ အောင်စ Coffee Liqueur ကို လောင်းထည့်ပါ။ ပြီးရင် နှံ့အောင် မွှေပြီး သုံးဆောင်ရုံပါပဲ။ Cherry သီး နှစ်လုံးလောက်ကို ထပ်ထည့်ချင်ထပ်ထည့်နိုင်ပါတယ်။


Whiskey Highball
ကြာချိန် သုံးမိနစ်


Whiskey မှ Whiskey ပဲဆိုတဲ့ ဘီးကြဲတွေအတွက်လာပါပြီ။ Classic ဖြစ်ပြီး အားလုံးကြိုက်တဲ့ Highball ကိုလုပ်ကြရအောင်။ အခြား Whiskey နဲ့ ပတ်သတ်ပြီး Cocktail Receipe တွေရှိပေမယ့် ဒီတစ်ခုက အလွယ်ဆုံးနဲ့ လူကြိုက်အများဆုံးမို့ ပြောပြပေးချင်ပါတယ်။ လိုအပ်မယ့် ပစ္စည်းတွေကတော့ Whiskey တစ်တောင့်ရယ်၊ Ginger Ale လေးရယ်ပါ။ Soda အသုံးပြုလို့ရပေမယ့် ဆိုင်ဖျော်လို့သောက်မှာဆိုတော့ Ginger Ale ပဲပေါ့။
ဖန်ခွက်အရှည်ထဲကို ရေခဲတွေအရင်ဖြည့်ပါ။ Whiskey 2 အောင်စ (Grand ပဲဖြစ်ဖြစ် JD ပဲဖြစ်ဖြစ် ကိုယ်စိတ်ကြိုက်ရွေးပါနော်) ကိုလောင်းထည့်ပြီး Ginger Ale ၆အောင်စကို ထပ်ထည့်ပြီး အဆင်သင့်သောက်ရုံပါ။


Mojito
ကြာချိန် ငါးမိနစ်



အားလုံးစောင့်နေတဲ့ Mojito လေးကို လုပ်ရမယ့်အချိန်ပါ။ ခံတွင်းရှင်းပြီး ကြည်ကြည်လင်လင်လေးဖြစ်စေလို့ ဒီနွေနဲ့လည်းလိုက်ပါတယ်။ Mojito လုပ်ဖို့ မီးဖိုချောင်ကပစ္စည်းလေးတော့လိုပါတယ်။ ဘာတွေလဲဆိုတော့ Rum အကြည်တစ်တောင့်၊ သကြား၊ ပူစီနံနဲ့ Soda Water နဲ့ရေခဲပါ။
သကြားနှစ်ဇွန်းနဲ့ လတ်လတ်ဆတ်ဆတ်ပူစီနံရွက် ခြောက်ပင်၊ ခုနှစ်ပင်ကို Soda ကိုအရင်ကြိတ်ချေပါ။ ပြီးသွားရင်တော့ သံပုရာသီးနှစ်စိပ်ကို ညှစ်ထည့်ပါ။ ပြီးရင်တော့ Rum နှစ်အောင်စကိုထည့်ပါ။ သမအောင်မွှေပြီးရင်တော့ ခွက်ထဲကို ရေခဲအပြည့်ထည့်ပါ။ ပြီးနောက် Soda အနည်းငယ်ကို ခွက်ပြည့်အောင်ထိ ထည့်ပြီး သောက်လို့ရပါပြီ။ အပေါ်ကနေ ပူစီနံအနည်းငယ်အလှဆင်ရုံပါ။


Gin Tonic
ကြာချိန် ၃မိနစ်



Gin Lover တွေအတွက် Gin Tonic လေးကို ကိုယ်တိုင်လုပ်သောက်နိုင်တယ်နော်။ ညစာလေးစားပြီး TV လေးဘာလေးကြည့်ရင်းလည်း သောက်နိုင်သလို နေ့လည် ပေါ့ပေါ့ပါးပါးလည်း သောက်နိုင်ပါတယ်။ လိုအပ်မှာတွေကတော့ Gin ရယ် Tonic Water ရယ်ပါ။
ဖန်ခွက်အရှည်ထဲကို ရေခဲတွေအရင်ထည့်လိုက်ပါ။ Gin နှစ်အောင်စလောင်းထည့်ပြီး Tonic Water လေး၊ ငါးအောင်စကို ထည့်လောင်းထည့်ပါ။ မွှေပြီးသွားရင်တော့ အလွယ်တကူသောက်သုံးနိုင်တဲ့ Gin Tonic ကိုရရှိမှာပါ။

 

, , , ,

Food & Travel

COVID 19 ကိုရှောင်ပြီး Online ကနေ ဈေးဝယ်ကြမယ်

Online ကနေ ဈေးဝယ်နိုင်ဖို့ အလွယ်တကူအသုံးပြုနိုင်မယ့် Application တွေကို ဖော်ပြပေးသွားပါမယ်။

by Lin Lin

March 31, 2020

အခုချိန်မှာ COVID 19 ကြောင့် အိမ်ထဲမှာပဲ နေပြီး အိမ်အတွက် လိုအပ်တဲ့ပစ္စည်းတွေကို Supermarket ၊ ဈေးစတဲ့ လူအများနဲ့ ထိတွေ့ရတဲ့ နေရာတွေကို သွားဖို့မလိုဘဲ Online ကနေ ဈေးဝယ်နိုင်ဖို့ အလွယ်တကူအသုံးပြုနိုင်မယ့် Application တွေကို ဖော်ပြပေးသွားပါမယ်။ အိမ်အတွက် လိုအပ်တဲ့ ပစ္စည်းတွေကို အပြင်သွားဖို့မလိုဘဲ အိမ်ထဲကနေ အလွယ်တကူဝယ်ယူနိုင်ဖို့ ကြည့်လိုက်ကြရအောင်နော်။

Zay Chin Mart


အိမ်ရှင်မတွေ ဈေးထဲမှာ ဈေးဝယ်ရသလို ခံစားချက်မျိုးရစေမှာပါ။ အိမ်အတွက် လိုအပ်တဲ့ပစ္စည်း ဘုရားပန်းကနေစပြီး အသား၊ ငါး အထိ မီးဖိုချောင်သုံး ပစ္စည်းအစုံကို မှာယူနိုင်ပါတယ်။ Delivery ကလည်း Free ဆိုတော့ အိမ်ကနေ မိမိလိုတဲ့ပစ္စည်းတွေကို အချိန်မကုန်၊ လူမပင်ပန်းဘဲ မှာယူနိုင်မှာပါ။ ဒီလိုအချိန်မှာ အော်ဒါတွေများတတ်တာကြောင့် စောစောကြိုမှာထားဖို့တော့ လိုပါတယ်နော်။

City Mall Online


City Mall ဆိုရင် အိမ်ရှင်မတွေနဲ့ ရင်းနှီးပြီးသားဖြစ်မှာပါနော်။ City Mall မှာကတော့ အိမ်အတွက် လိုအပ်တဲ့ပစ္စည်းတွေအပြင် တစ်ကိုယ်ရေသုံးပစ္စည်းတွေ၊ စာအုပ်၊ အခွေ စတဲ့ လိုအပ်တာတွေကို Online ကနေ မှာယူနိုင်တာမို့ အိမ်ထဲနေ Shopping ထွက်နိုင်ပါပြီနော်။ Delivery အနေနဲ့ ကတော့ ငွေကျပ် ၂၀၀၀၀ အောက်ဆိုရင်တော့ Delivery ခ ပေးရပြီး ကျပ် ၂၀၀၀၀ နဲ့ အထက်ဆိုရင်တော့ Delivery Free နဲ့ အိမ်အရောက်ပို့ဆောင်ပေးပါတယ်။

BNF Mart


အိမ်ရှင်မတို့အတွက် အသင့်စား စားသောက်ကုန်ပစ္စည်းတွေကို မှာယူနိုင်မယ့် နောက်ထပ်တစ်နေရာကတော့ BNF Mart ပါ။ အိမ်ရှင်မတွေအတွက် အလွယ်တကူဝယ်ယူနိုင်တာကြောင့် သက်သောင့်သက်သာနဲ့ အချိန်မကုန်တော့ဘူးပေါ့နော်။

Shop.com.mm


Shop.com ဆိုရင်တော့ Online အသုံးပြုသူတွေအတွက်တော့ မသိသူမရှိသလောက်ပါပဲ။ စားသောက်ကုန်တွေသာမက တစ်ကိုယ်ရေသုံးပစ္စည်း၊ ကျန်းမာရေးအထောက်အကူပြု ဆေးဝါးတွေပါ ရရှိနိုင်မယ့် Online Shop တစ်ခုပါ။ လတ်တလောမှာလည်း ဧပြီလ ၅ ရက်နေ့အထိ Thingyan Sale ပြုလုပ်နေတာကြောင့် လိုအပ်တာလေးတွေကို အမြန်ဆုံးဝယ်ထားလိုက်တော့နော်။

, , , ,

Food & Travel

အပြင်ထွက်စရာမလိုပဲ အိမ်ထဲမှာနေရင်း မှာစားနိုင်မယ့် စားသောက်ဆိုင်ကောင်းကောင်းများ

အစားတစ်လိုင်းလေးတွေအတွက်

by Lin Lin

March 19, 2020

နေပူလို့ အပြင်လည်းမထွက်ချင်ဘူး။ COVID - 19 ကြောင့် လူများမယ့်နေရာကိုလည်း ရှောင်ချင်တယ်။ အစားကောင်းကောင်းလေးတွေလည်း အဆင်သင့် စားချင်သူတယ်ဆိုရင်တဲ့ အစားတလိုင်းလေးတွေအတွက် ရန်ကုန်မြို့တွင်းက အိမ်ကနေ ဒါမှမဟုတ် ရုံးကနေ မှာစားလို့ရမယ့် ဆိုင်လေးတွေကို ပြောပြပေးမယ်နော်။ ဘယ်ဆိုင်တွေက Delivery နဲ့ အလွယ်တကူမှာစားလို့ရမလဲဆိုတာ ကြည့်လိုက်ကြရအောင်။

Mybanhmi Myanmar
အသားညှပ်ပေါင်မုန့်ကောင်းကောင်းကိုမှ ကြိုက်နှစ်သက်သူတွေအတွက် ဗီယက်နမ်အသားညှပ်ပေါင်မုန့်လေးဆိုင်လေးကို အကြောင်းပြောပြချင်ပါတယ်။ ဝက်ပေါင်သား၊ ဝက်သားကင်၊ ကြက်သားမွ ၊ ငါးဖယ်ကြော်၊ ကြက်ဥကြော် တို့ကို ငရုတ်သီး၊ မုန်လာဥ၊ သခွားသီး၊ mayonnaise ၊ နံနံပင်တို့ပါဝင်တဲ့ Mybanhmi ပေါင်မုန့်ကို Delivery Service တွေကနေတစ်ဆင့် မှာစားနိုင်ပါတယ်။ Mybanhmi Myanmar ရဲ့ ဆိုင်တွေကနေတစ်ဆင့် နီးစပ်ရာနေရာတွေကို ပို့ပေးသလို Food Panda Delivery ကနေမှာယူမယ်ဆိုရင်တော့ ၂၀ % Discount အပြင် Delivery Free ရရှိမှာပါ။

Photo - Google

Steak on the Street
BBQ ကောင်းကောင်းကို ကြိုက်နှစ်သက်သူတွေအတွက်တော့ Steak on the Street ကို မသိတဲ့သူမရှိဘူးလို့ ထင်မိပါတယ်။ Steak မှာက ဝက်သား၊ အမဲသား၊ ကြက်သား၊ ပုစွန် BBQ တို့ကို ရရှိနိုင်ပါတယ်။ အမဲသားကို ကြိုက်နှစ်သက်သူတွေအတွက်ကတော့ ရွေးချယ်စရာတွေများသလို ဆိုင်မှာရရှိတဲ့ အသားတွေနူးညံ့နေခြင်းဟာလည်း Steak ရဲ့ အားသာချက်တွေထဲက တစ်ခုပါပဲ။ အပြင်လည်းမထွက်ချင်ဘူး Steak က BBQ တွေကိုမှ စားချင်တယ်ဆိုသူတွေအတွက်ကတော့ Food 2U Delivery Service ကနေတစ်ဆင့် မှာယူနိုင်ပါတယ်။

Photo - Steak on the Street Facebook Page

Pizza Hut Myanmar
Pizza Hut Myanmar ရဲ့ သတင်းကောင်းလေးတစ်ခုကတော့ Food 2U Delivery Service ကနေ မှာယူမယ်ဆိုရင် Delivery Free နဲ့ ခံစားခွင့်ရနိုင်မယ့်အခွင့်အရေးပါပဲ။ ဒါ့အပြင် Pizza Hut Myanmar Page မှာလည်း အပတ်စဉ် Pizza ချစ်သူလေးတွေအတွက် Promotion အစီအစဉ်လေးတွေ ရှိတာမို့ လက်မလွတ်ရအောင် မှာယူခါနီးတိုင်း Pizza Hut Myanmar ရဲ့ Page ကို ဝင်ကြည့်ဖို့မမေ့ပါနဲ့နော်။

Photo - Google

Ocha Bubble Tea
နေ့ခင်း Tea Time မှာ ၊ Lunch အပြီးမှာ အချိုတည်းဖို့ Bubble Tea ချစ်သူတွေအတွက်ကိုတော့ Ocha Bubble Tea က Food Panda ၊ Food Mall ၊ Hi-So Mall ၊ Yangon Door to Door ၊ Grab Food တို့နဲ့ ချိတ်ဆက်ထားမို့ နှစ်သက်ရာ Delivery Service နဲ့ မှာယူနိုင်ပါတယ်နော်။ ရုံးကနေ၊ အိမ်ကနေ အပြင်မထွက်ဘဲ Ocha Bubble Tea အေးအေးလေးနဲ့ ကိုယ့်အချိန်လေးတွေကို အသုံးချလိုက်ကြရအောင်နော်။

Photo - Ocha Bubble Tea Facebook Page

Tha Nge Jynn - Thai Cuisine
ချဉ်ချဉ်စပ်စပ် ယိုးဒယားအထောင်းတွေကို ကြိုက်နှစ်သက်သူတွေအတွက်ကတော့ Tha Nge Jynn - Thai Cuisine ဆိုင်လေးရှိနေပါတယ်။ ချဉ်ချဉ်စပ်စပ်အထောင်းတွေအပြင် ပင်လယ်စာမျိုးစုံကိုလည်း ထိုင်းအရသာနဲ့ စားသုံးနိုင်မှာဖြစ်လို့ ချဉ်စပ်သရဲလေးတွေအတွက် အကြိုက်တွေ့စေမယ့် ဆိုင်လေးပါ။ လူစုလူဝေးကို ရှောင်ချင်သူတွေအတွက်ကိုတော့ Tha Nge Jynn - Thai Cuisine က Food2U ၊ Jozrin Food Delivery တို့နဲ့ မှာစားချင်တာမို့ အဆင်ပြေမယ့် Delivery Service ကိုရွေးချယ်မှာယူလိုက်ကြရအောင်။

Photo - Tha Nge Jynn - Thai Cuisine Facebook Page

Seoul Chicken  (Sanchaung)
ဆိုင်မှာ ကြက်ကြော်စားရတာ အားမရဘူးဆိုသူတွေအတွက် Seoul Chicken (Sanchaung) က ရန်ကုန်မြို့တွင်းမှာရှိတဲ့ Delivery Service တွေနဲ့ ချိတ်ဆက်ပြီး အိမ်အရာက်၊ ရုံးအရောက်ပို့ဆောင်ပေးနေပါတယ်နော်။ Food Mall ၊ Hi-so mall ၊ O2O ၊ Yangon Door2Door ၊ Food2U ၊ Deliverink တို့နဲ့ ချိတ်ဆက်ထားတာကြောင့် Seoul Chicken ရဲ့ ကိုရီးယားကြက်ကြော်အရသာအပြင် တခြားမိမိတို့ ကြိုက်နှစ်သက်တဲ့ Menu တွေကို အဆင်ပြေမယ့် Delivery Service နဲ့ မှာယူနိုင်ပါတယ်။

Photo - Seoul Chicken FaceBook Page

ကဲ အစားတစ်လိုင်းလေးတို့ရေ အိမ်ကနေ၊ ရုံးကနေ အေးအေးဆေးဆေးနဲ့ မိမိတို့ ကြိုက်နှစ်သက်ရာကို မှာယူစားနိုင်တာကြောင့် လူစုလူဝေးကိုရှောင်ရင်း အလုပ်မပျက်ဘဲ အေးဆေးလေး စားနိုင်ဖို့ ဖော်ပြပေးလိုက်တယ်နော်။

 

, , ,


Loading More post