အရောင်တွေက ကမ္ဘာကြီးကို ပိုလှစေသလို စိတ်လှုပ်ရှားမှုတွေပေးစွမ်းပါတယ်။ ကိုယ့်မှာ အကြိုက်ဆုံး အရောင်တွေဆိုတာကလည်း သက်သက်ရှိတယ်နော်။ အရောင်တွေစုံမှ ပိုပြီးအသက်ဝင်သွားသလို ၂၀၂၁ မှာ သင့်အတွက် ကံကောင်းခြင်းတွေ ယူဆောင်လာပေးမယ့် အရောင်လေးတွေက ရှိနေပါပြီ။ ဒီအရောင်လေးတွေကို ကိုယ် သုံးမယ့် အသုံးအဆောင်၊ အဝတ်အစားတွေမှာ ရွေးချယ်ပြီးတော့ နှစ်သစ်မှာ အောင်မြင်မှုအသစ်တွေကို ရယူလိုက်ရအောင်နော်။
Aries (March 21 - April 19)

Aries တွေက မီးဓာတ်ဖြစ်တာတစ်ကြောင်း အင်္ဂါဂြိုလ်က စိုးမိုးမှာ တစ်ကြောင်းမို့ လာမယ့်နှစ်မှာ အနီရောင်က လုပ်ကိုင်သမျှကို အောင်မြင်စေမှာပါ။ အနီရောင်က စိတ်ဓာတ်အားအင်တွေအပြည့်နဲ့ အရာရာကို ပြောင်းလဲနိုင်စွမ်းရှိစေမှာပါ။ ရှောင်သင့်တဲ့အရောင်ကတော့ အပြာ၊ အမဲနဲ့ အစိမ်းရောင်တွေဖြစ်ပါတယ်။
Taurus (April 20 - May 20)

Taurus Born တွေအတွက် အဖြူရောင်နဲ့ ကြာပန်းရောင်က ၂၀၂၁ အတွက် အကောင်းဆုံးအရောင်တွေပဲဖြစ်မှာပါ။ Earth Element သမားတွေဖြစ်ပြီး Venuse ဂြိုလ်စိုးမိုးတာကြောင့် ဒီအရောင်လေးတွေက လာမယ့်နှစ်ျျွာ အကျိူးထူးစေမှာဖြစ်ပါတယ်။ အဝါနဲ့ အနီကိုတော့ ဖြစ်နိုင်ရင် ရှောင်ပါနော်။
Gemini (May 21 - June 20)

အောင်မြင်မှုနဲ့ အပေါင်းလက္ခဏာဆောင်ဖို့ Gemini တွေ ဆောင်ရမယ့်အရောင်လေးတွေက အဝါနဲ့ အစိမ်းရောင်ပါ။ Mercury ဂြိုလ်စိုးမိုးတဲ့ ရာသီခွင်မို့ ပန်းရောင်နဲ့ အဖြူကလည်း တွဲဖက်ဖို့အကောင်းဆုံးဖြစ်မှာပါ။ အနီနဲ့ အပြာကိုတော့ လာမယ့်နှစ်ထဲမှာ အသုံးမပြုသင့်ပါဘူး။
Cancer (June 21 - July 22)

အဖြူ၊ နို့နှစ်ရောင်၊ ငွေရောင်၊ အနီနဲ့ Lemon ဝါရောင်က ကံကောင်းခြင်းတွေကို သယ်ဆောင်လာပေးမှာပါ။ ဒီအရောင်တွေကနေပြီး ကောင်းမွန်တဲ့ စွမ်းအင်တွေကို ခံစားရမှာပါ။ အရမ်းတောက်တဲ့အရောင်နဲ့ မှောင်တဲ့အရောင်တွေကို ရှောင်ရမှာပါ။
Leo (July 23 - August 22)

လုပ်သမျှ အရာရာအောင်မြင်ဖို့ လိမ္မော်ရောင်၊ ရွှေရောင်နဲ့ အနီရောင်တွေကို လာမယ့်နှစ်မှာ ဆောင်ထားဖို့ လိုပါမယ်။ နေက ၂၀၂၁ မှာ စိုးမိုးမှာ ဖြစ်တဲ့အတွက် နေရောင်၊ အလင်းရောင်၊ မီး ဘက်ကလာတဲ့အရောင်တွေကို ရွေးချယ်ပါ။
Virgo (August 23 - September 22)

အပြာ၊ အစိမ်း၊ အဖြူနဲ့ အဝါဖျော့တွေက Virgo တွေအတွက် အလိုက်ဖက်ဆုံးအရောင်တွေပါ။ မြေဓာတ်ဖြစ်ပြီး Mercury စိုးမိုးတဲ့အတွက် ဒီအရောင်လေးရောင်က အကောင်းမွန်ဆုံးရွေးချယ်မှုပါ။ အနီကိုတော့ လုံးဝရှောင်သင့်ပါတယ်။
Libra (September 23 - October 22)

Libra Born တွေအတွက် ၂၀၂၁ အတွက်အရောင်က လိမ္မော်နဲ့ အဖြူပါ။ နောက်ထပ်အရောင်တွေအနေနဲ့ အဖြူနဲ့ အပြာဖျော့ကို ရွေးချယ်နိုင်ပါတယ်။ ရလဒ်ကောင်းတွေအတွက် ဒီခပ်ဖျော့ဖျော့အရောင်လေးတွေကို မဖြစ်မနေဆောင်ရမှာပါ။ အနီရောင်ကတော့ လုံးဝနိုးပါနော်။
Scorpio (October 23 - November 21)

အနီ၊ ချောကလတ်အရောင်နဲ့ လိမ္မော်ရောင်က ကံကောင်းခြင်းတွေကို သယ်ဆောင်လာပေးမှာပါ။ ဒီအရောင်တွေက သင့်လမ်းကြောင်းပေါ်မှာရှိတဲ့ အနှောင့်အယှက်အတားအဆီးတွေကို ဖယ်ရှားပေးပြီး ကြိုးစားမှုအတွက် ရလဒ်ကောင်းတွေ ခံစားရမှာပါ။ အပြာနဲ့ အစိမ်းကိုတော့ ရှောင်ပါ။
Sagittarius (November 22 - December 21)

အဝါရင့်နဲ့ လိမ္မော်ရောင်တွေက Sagittarians Born တွေအတွက်ပါ။ ကံကြမ္မာက မျက်နှာသာပေးတဲ့ အခိုက်အတန့်တွေ ကြုံတွေ့ရမှာပါ။ ကံကောင်းစေဖို့ အစိမ်းနဲ့ နို့နှစ်ရောင်ကိုလည်း ဆောင်နိုင်ပါတယ်။ အပြာကတော့ လုံးဝရှောင်ရမယ့် အရောင်ပါ။
Capricorn (December 22 - January 19)

အောင်မြင်မှုတွေ ပိုင်ဆိုင်ဖို့အတွက် အနက်ရောင်နဲ့ ခရမ်းရောင်တွေကို ဆောင်ပါ။ စနေဂြိုလ်စိုးမိုးတဲ့ ရာသီခွင်ဖြစ်တာကြောင့် အညိုရင့်နဲ့ အစိမ်းရင့်တွေကိုလည်း ရွေးချယ်နိုင်ပါတယ်။ အနှောင့်အယှက်တွေ မဝင်ဖို့ အနီနဲ့ အဝါကိုတော့ ရှောင်ရမှာပါ။
Aquarius (January 20 - February 18)

Aquarius Born တွေအတွက်ကတော့ Light Blue နဲ့ ခရမ်းရောင်က ကံကောင်းစေမယ့် အရောင်လေးတွေပါ။ အဖြူနဲ့ အခြား Light Color လေးတွေကလည်း အလားအလာကောင်းမွန်တဲ့ အရာလေးတွေကို ဆောင်ကျဉ်းပေးမှာပါ။ Dark Blue နဲ့ အစိမ်းရောင်က တော့ ကံညံ့စေတာမို့ ဝေးဝေးကရှောင်ရမှာပါ။
Pisces (February 19 - March 20)

လိမ္မော်ရောင်နဲ့ အဝါရောင်ကို ဆောင်ခြင်းဖြင့် ရလဒ်ကောင်းလေးတွေကို မျှော်လင့်လို့ရပါတယ်။ ၂၀၂၁ မှာ အောင်မြင်ဖို့ မဖြစ်မနေဆောင်ရမယ့် အရောင်လေးတွေဆိုလည်းမမှားပါဘူး။ အနက်ရောင်၊ အရောင်ရင့်နဲ့ အရောင်တောက်တောက်တွေကိုတော့ ရှောင်ပါနော်။