×
Opinions

Stress ကင်းမဲ့ဇုန်သို့ သွားကြရအောင်

စိတ်ဖိစီးတဲ့အခြေအနေမှာ စိတ်ကို ဘယ်လိုပြုပြင်နေထိုင်ရမလဲဆိုတဲ့ အချက်လေးတွေ

by Lin Lin

August 26, 2019

လူတိုင်းစိတ်ဖိစီးမှုကို ကြုံတွေ့ဖူးမှာပါ။ တစ်ခါတစ်လေမှာ လုပ်ငန်းခွင်မှာဖြစ်စေ၊ မိသားစုကိစ္စဖြစ်စေ၊ ချစ်သူသမီးရည်းစားကိစ္စမှာဖြစ်စေ အဆင်မပြေတဲ့အခါ စိတ်ဖိစီးလာတတ်ကြပါတယ်။ မိမိတို့နေ့စဉ်ဘဝမှာ စိတ်ဖိစီးခြင်းဟာ ဆိုးရွားတဲ့ကိစ္စတစ်ရပ်ပါ။ ဖြတ်သန်းနေရတဲ့ ပျော်ရွှင်တဲ့ဘဝကို Stress (စိတ်ဖိစီးမှု) ဝင်လာတဲ့အခါ စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒီတော့ စိတ်ဖိစီးတဲ့အခြေအနေမှာ စိတ်ကို ဘယ်လိုပြုပြင်နေထိုင်ရမလဲဆိုတဲ့ အချက်လေးတွေကို ပြောပြပေးသွားပါမယ်။



စိတ်ဖိစီးနေတဲ့အခြေအနေမျိုးမှာ အိပ်ယာထဲမှာ ခွေမနေသင့်ပါဘူး။ အိပ်ယာထဲမှာနေခြင်းက သင့်ကို stress တွေကနေ မလွတ်မြောက်စေနိုင်တဲ့အတွက် အိပ်ယာကနေ စောစောထပါ။ လန်းလန်းဆန်းဆန်းနေပါ။ အိပ်ယာထတဲ့အချိန်ကနေ ညအိပ်ယာဝင်ခါနီးအချိန်ထိ မိမိတို့ ပုံမှန်လုပ်ရမယ့်အလုပ်တွေကို ပုံမှန်အတိုင်းလုပ်ဆောင်ပါ။ ဒီလို အိပ်ယာကနေ စောစောထခြင်းက စိတ်ကို လန်းဆန်းစေမှာပါ။



သင့်တစ်နေ့တာလုပ်ရမယ့်အရာတွေကို List လုပ်ပါ။ ဒီနည်းလမ်းဟာ သင့်ကို Stress Zone ထဲကနေ ဆွဲထုတ်ပေးနိုင်ပါလိမ့်မယ်။ တစ်နေ့တာ လုပ်ရမယ့် activities, assignments တွေနဲ့ အပြီးသတ်ရမယ့် အလုပ်တွေကို List လုပ်လိုက်ခြင်းဖြင့် သင်ခံစားနေရမယ့် stress တွေကို ခဏတာမေ့ပျောက်စေမှာပါ။ ဒီနည်းလမ်းဟာ သင်စိတ်ဖိစီးနေတဲ့အရာကို မတွေးမိအောင် လုပ်ဆောင်ပေးနိုင်မယ့် နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။



နောက်ထပ်နည်းလမ်းတစ်ခုကတော့ သင့်ကိုယ်သင်ရှာဖွေပါ။ စိတ်ဖိစီးနေရတဲ့အကြောင်းအရာကို သေသေချာချာစဉ်းစားသုံးသပ်ပါ။ ဆိုးဝါးတဲ့အခြေအနေတစ်ခုဖြစ်စေ ရရှိလာတဲ့ရလဒ်ကို လက်ခံနိုင်မှသာ လွတ်မြောက်နိုင်မှာပါ။ ဒါကြောင့် ဖြစ်ပေါ်နေရတဲ့ stress ကို မိမိကိုယ်ကို မညှာမတာ ထပ်ကာထပ်ကာ ပြန်လည်သုံးသပ်ပါ။ ဒီအဆင့်ကိုဖြတ်ကျော်နိုင်ပြီဆိုရင်တော့ သင်ဟာ Stress Zone ကနေလွတ်မြောက်နိုင်ပါပြီ။



သင့်စိတ်နဲ့ ခန္ဓာကိုယ်ကို Relax လုပ်ပေးပါ။ စာဖတ်ခြင်း၊ သီချင်းနားထောင်ခြင်း အစရှိတဲ့ မိမိဝါသနာပါရာကို လုပ်ဆောင်နိုင်သလို လေ့ကျင့်ခန်းလုပ်ခြင်း၊ အားကစားလုပ်ခြင်းကလဲ အလိုလျောက် stress လျော့စေပါလိမ့်မယ်။



တရားထိုင်ပါ။ တရားထိုင်ခြင်းက စိတ်ကြည်လင်စေပြီး စိတ်ထဲမှာရှိတဲ့ မကောင်းတဲ့အတွေးအာရုံတွေ စိတ်ဖိစီးမှုတွေကို ပျောက်ကင်းစေမှာပါ။ အကောင်းဘက်ကနေတွေးနိုင်တဲ့ စိတ်ကို ရရှိစေပါလိမ့်မယ်။ ဒါကြောင့် မိနစ် ၂၀ လောက်တရားထိုင်လိုက်ခြင်းက သင့်စိတ်ကို လန်းဆန်းပေါ့ပါးစေမှာပါ။
ကဲဒီတော့ စိတ်ဖိစီးမှုတွေ ကင်းပြီး ကျန်းမာလှပတဲ့ နေ့ရက်တွေကို ဖြတ်သန်းနိုင်ဖို့အတွက် နည်းလမ်းလေးတွေကို ပြောပြပြီးပြီဆိုတော့ stress တွေကို အဝေးဆုံးပို့လိုက်ကြရအောင်နော်။

 

, ,
Opinions

နို့တိုက်မေမေတို့ ရင်သားတွဲမကျနေစေဖို့

လေ့ကျင့်ခန်းမလုပ်ချင်တဲ့ မေမေတို့အတွက်ကတော့ ရင်သားကို နှိပ်နယ်ပေးပါ။

by Lin Lin

June 2, 2020

ကလေးနို့တိုက်ချိန်မှာ မေမေတို့ရဲ့ ရင်သားတွေဟာ အများအားဖြင့် တွဲကျနေတတ်ကြပါတယ်။ ကလေးမွေးဖွားပြီးကာစအချိန်တွေမှာ မသိသာသေးပေမယ့် ကလေးနို့ဆွဲတာများလာတာနဲ့အမျှ ရင်သားတွေဟာလည်း တဖြည်းဖြည်းတွဲကျလာတတ်ကြပါတယ်။ ကလေးနို့ဖြတ်လိုက်ချိန်မှာလည်း ရင်သားတွေ ရှုံှုှု့ပြီး ကြည့်ရဆိုးစေပါတယ်။ ကလေးနို့တိုက်ချိန်ဖြစ်တာကြောင့် မေမေတို့ဟာ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေလည်း လုပ်လို့မရသလို ရင်သားတင်းရင်းစေတဲ့ လိမ်းဆေး ဒါမှမဟုတ် သောက်ဆေးတွေလည်း အသုံးပြုလို့မရပါဘူး။
ဒီတော့ မေမေတို့အတွက် အသုံးဝင်မယ့် သိပ်မပြင်းထန်ဘဲ အချိန်လည်း သိပ်မပေးရတဲ့ နည်းလမ်းလေးတွေကို ပြောပြပေးမယ်နော်။ Baby လေးတွေကိုလည်းနို့တိုက်ရင်း ပုံမပျက်တဲ့ ရင်သားလှလှလေးတွေကို ပိုင်ဆိုင်နိုင်ဖို့အတွက် ဆက်ကြည့်လိုက်ကြရအောင်နော်။


ကလေးနို့တိုက်ပြီးချိန် မေမေတို့အနားယူမယ့် အချိန်တွေထဲက မိနစ်ပိုင်းလောက်အချိန်ယူပြီး လုပ်နိုင်မယ့်အရာကတော့ ပြင်းပြင်းထန်ထန်မဟုတ်တဲ့ ပြေးခြင်း၊ ခုန်ခြင်း အစရှိတဲ့ လေ့ကျင့်ခန်းတွေကို လုပ်ပေးနိုင်ပါတယ်။ ခုန်ခြင်းဟာ ရင်သားတွေကို ပုံကျလှပစေတဲ့ အထောက်အကူပြုလေ့ကျင့်ခန်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒီလိုလေ့ကျင့်ခန်းကို ပြုလုပ်တဲ့အခါမှာ ရင်သားတင်းကျပ်မနေစေဖို့အတွက် အထောက်အကူပြုပေးမယ့် Exercise Bra ကို ဝတ်ပေးဖို့ အရေးကြီးပါတယ်နော်။ ရင်ကိုကော့ပြီးလက်နှစ်ဖက်ကို ဘေးဆန့် တဲ့လေ့ကျင့်ခန်းမျိုး၊ လက်နှစ်ဖက်ကိုအပေါ်မြှောက်ပြီး ရင်ဘတ်အားနဲ့ဆွဲချတဲ့လေ့ကျင့်ခန်းမျိုးကိုပုံမှန်လုပ်ပေးပါ။

လေ့လာမှုများအရတော့ နို့တိုက်နေချိန်လေ့ကျင့်ခန်းလုပ်ခြင်းဟာ မွေးကင်းစကလေး ဖွံံ့ဖြိုးတိုးတက်မှုနဲ့ မိခင်ရဲ့ ကျန်းမာရေးကို ဆိုးကျိုးမရှိစေနိုင်ပါဘူးနော်။ လေ့ကျင့်ခန်းလုပ်ပြီးနောက် နို့တိုက်ကျွေးတဲ့အခါမှာလည်း သင့်ရဲ့ နို့ရည်ဟာ Energy တွေကို ပိုမိုစုဆောင်းထားခြင်းကို ပြုလုပ်ထားတဲ့အတွက် ကလေးအတွက် များစွာအထောက်အကူဖြစ်စေမှာပါ။ ဒါပေမယ့် ပြင်းပြင်းထန်ထန်ကြီး မလုပ်ဖို့တော့ လိုပါတယ်။ ကလေးမွေးပြီးနောက် လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ ကလေးမွေးပြီးနောက် မိခင်တွေဖြစ်တတ်တဲ့ စိတ်ဓာတ်ကျခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

လေ့ကျင့်ခန်းမလုပ်ချင်တဲ့ မေမေတို့အတွက်ကတော့ ရင်သားကို နှိပ်နယ်ပေးပါ။ ကလေးနို့တိုက်နေချိန် ရင်သားကို နှိပ်နယ်ပေးခြင်းဟာ နို့ထွက်အားကောင်းသလို မိမိလိုသလို ပုံသွင်းနှိပ်နယ်နိုင်တာကြောင့် လှပပြီး လုံးဝန်းတဲ့ ရင်သားလေးတွေကို ပြန်လည်ရရှိစေမှာပါ။


မေမေတို့ဟာ ကိုယ်ဝန်ဆောင်ချိန်ကတည်းကစတင်ပြီး သွေးလည်ပတ်မှုကောင်းစေမယ့် Bra ကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။ ကလေးမွေးပြီးချိန်မှာလည်း ရင်သားကို သွေးလည်ပတ်မှုကောင်းစေမယ့် Bra ကို ရွေးချယ်ခြင်းဟာ မေမေရင်သားတွေ တွဲကျခြင်းကို ထိန်းသိမ်းပေးနိုင်မှာပါ။ ညအိပ်ချိန်တွေမှာတော့ Bra ကို ချွတ်အိပ်ဖို့ မမေ့ပါနဲ့နော်။
ဒါ့အပြင် မေမေတို့ ကလေးနို့တိုက်တဲ့အခါ Bra အောက်ကနေ ထုတ်ပြီး နို့တိုက်ခြင်းဟာ ရင်သားတွေကို ပိုပြီးတွဲကျစေတတ်တာကြောင့် သတိထားဖို့လိုပါတယ်နော်။ Bra အောက်ကနေ တိုက်ရင်လည်း ရင်သားတွေကို လက်နဲ့ ပင့်တင်ကိုင်ထားပြီး တိုက်ပေးဖို့ အကြံပေးချင်ပါတယ်နော်။

 

,

Opinions

မိုးတွင်းကာလမှာ မှိုနံ့ကင်းတဲ့အဝတ်အစားတွေဖြစ်အောင် ဘာတွေလုပ်ရမလဲ…….။

အဝတ်အစားတွေ မှိုနံ့စွဲတာဟာ စိတ်အနှောင့်အယှက်ဖြစ်စရာတစ်ခုပါ။

by Lin Lin

May 27, 2020

မကြာခင်မှာ မိုးရာသီရောက်လာတော့မယ်ဆိုတော့ မိုးရာသီမှာ အဝတ်အစားတွေ မှိုနံ့စွဲတာဟာ စိတ်အနှောင့်အယှက်ဖြစ်စရာတစ်ခုပါ။ လူကြားထဲ သွားတဲ့အခါ၊ အဲကွန်းခန်းထဲမှာ အလုပ်လုပ်တဲ့အခါ ကိုယ့်အဝတ်အစားက မှိုနံ့ရနေတာဟာ ရှက်စရာကောင်းသလို ဘေးမှာရှိနေတဲ့လူအတွက်လည်း မကောင်းပါဘူး။ ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပြီး အရေပြားရောဂါဖြစ်စေတဲ့အထိကို ဆိုးကျိုးသက်ရောက်စေနိုင်ပါတယ်။ ဒါကြောင့် မိုးရာသီမှာ မိမိတို့အဝတ်အစားတွေ မှိုနံ့ကင်းပြီး မွှေးမွှေးလေးဖြစ်နေအောင် ဘယ်လိုထားမလဲဖော်ပြပေးမယ်နော်။

မိုးရေထိထားတဲ့ အဝတ်အစားတွေကို ချက်ချင်းလျှော်ပါ။ မလျှော်ခင် ၁၅ မိနစ်ခန့် ဆပ်ပြာမှုန့်ဖြင့် စိမ်ပါ။ ပြီးရင်တော့ သေချာစွာ Brush နဲ့ တိုက်လျှော်ပါ။ မိုးရေထိထားတဲ့ အဝတ်အစားတွေကို ချက်ချင်းမလျှော်ဘဲ ထားလိုက်မယ်ဆိုရင် မှိုစွဲပြီး လျှော်တဲ့အခါမှာလည်း မှိုနံ့က တော်ရုံနဲ့ မပျောက်စေနိုင်ပါဘူး။

လျှော်ပြီးတဲ့အဝတ်အစားတွေကို အမွှေးဆီဖြင့် မိနစ်ပိုင်းလောက်စိမ်ထားပါ။ သာမာန်အချိန်မှာ အမွှေးဆီမသုံးတာက မသိသာပေမယ့် မိုးရာသီမှာ အမွှေးဆီသုံးပေးခြင်းက အဝတ်အစားတွေအတွက် မကောင်းတဲ့အနံ့အသက်တွေကို သက်သာစေနိုင်ပြီး မွှေးပျံ့ပျံ့လေးဖြစ်နေစေမှာပါ။ အမွှေးဆီအနံ့ကိုရွေးချယ်တဲ့အခါမှာလည်း အနံ့ပြင်းပြင်းတွေမဟုတ်ဘဲ ပျော့ပျောင်းတဲ့ အနံ့သင်းသင်းလေးတွေ ဖြစ်ဖို့အရေးကြီးပါတယ်နော်။

လျှော်ပြီးအဝတ်တွေကို လှမ်းတဲ့အခါမှာလည်း နေပူပူမှာ အချိန်ပေးပြီးလှမ်းပါ။ မိုးရာသီဖြစ်တာကြောင့် နေပူတဲ့အချိန်ကို စောင့်ဖို့တော့ လိုအပ်ပါလိမ့်မယ်။ ဒါမှမဟုတ် အခြောက်ခံစက်ကို အသုံးပြုနိုင်ပါတယ်။ အဝတ်အစားတွေ ခြောက်သွေ့နေတဲ့အချိန်မှသာ မီးပူတိုက်တာက အကောင်းဆုံးပါ။ မခြောက်တခြောက်အဝတ်အစားတွေကို မီးပူတိုက်ပြီး ခြောက်စေတာက အနံ့အသက်မကောင်းသလို ရေရှည်အတွက်လည်း မှိုစွဲစေတာကြောင့် မလုပ်သင့်ပါဘူး။ နေပူူပူမှာ ခြောက်သွေ့အောင် ဒါမှမဟုတ် အခြောက်ခံစက်ထဲမှာ ခြောက်သွေ့အောင်ထားပြီးမှသာ မီးပူတိုက်သင့်ပါတယ်။

မီးပူတိုက်ပြီး အဝတ်အစားတွေကို သိမ်းဆည်းတဲ့အခါမှာလည်း ကလေးအနှီးမှအပ ကျန်အဝတ်အစားများကို ပရုတ်လုံးထည့်ပြီး သိမ်းပါ။ မိုးတွင်းကာလမှာတော့ အဝတ်ဗီရိုထဲမှာ ပရုပ်လုံးမပြတ်ပါစေနဲ့။ အခြား အဝတ်အစားဗီရိုထဲ ထည့်တဲ့ အမွှေးခဲတွေထက် ပရုတ်လုံးက မှိုနံ့ကို ပိုမိုစုပ်ယူနိုင်တာကြောင့်ပါ။ ပရုတ်လုံးနံ့ကလည်း မပြင်းတဲ့အတွက် သင့်ကို စိတ်အနှောင့်အယှက်မဖြစ်စေပါဘူး။ ဒါကြောင့် ပရုတ်လုံးနံ့မကြိုက်ဘူးဆိုရင်တောင် မိုးရာသီအချိန်လေးတော့ အဝတ်အစားလေးတွေအတွက် ထည့်ထားပေးပါနော်။

ပရိသတ်ကြီးရေ ဖော်ပြပေးခဲ့တဲ့နည်းလမ်းလေးတွေအတိုင်း မိုးရာသီမှာ အဝတ်အစားလေးတွေကို ဂရုစိုက်ပေးမယ်ဆိုရင်တော့ မှိုနံ့ကင်းပြီး မွှေးပျံ့တဲ့ အဝတ်အစားသန့်သန့်လေးတွေကြောင့် သင့်ကို ဂုဏ်တက်စေမှာ အသေအချာပါပဲနော်။


Opinions

ကိုယ်ဝန်ဆောင်မေမေတို့ Follow လုပ်ထားသင့်တဲ့ Page များ

မေမေတို့ သိချင်တာတွေအကုန်သိနိုင်မှာပါနော်။

by Lin Lin

May 22, 2020

မေမေတို့ စတင်ကိုယ်ဝန်ဆောင်ချိန်မှာ ပူပန်တတ်ကြတဲ့အရာတွေက အများကြီးရှိနေမှာပါ။ ပထမဆုံး ကိုယ်ဝန်ဖြစ်တာကြောင့် အမှားအယွင်းဖြစ်မှာကြောက်ပြီး အစားအသောက်နဲ့ ပတ်သက်ရင်လည်း ဆင်ခြင်ရ၊ ကိုယ်ဝန်ဆောင်နဲ့ ပတ်သက်တဲ့ စာအုပ်တွေလည်း ဝယ်ဖတ်ရနဲ့ ကိုယ်ဝန်ဆောင်အစောပိုင်းကာလလေးဟာ တော်တော်ကို ဂရုစိုက်ရတဲ့ အချိန်လေးပဲ ဖြစ်ပါတယ်။ ဒီလိုစိုးရိမ်ပူပန်မှုတွေကြောင့် မေမေတို့ စိတ်မညစ်စေရဘဲ ကိုယ်ဝန်ဆောင်မေမေတို့အတွက် ဆောင်ရန်၊ ရှောင်ရန်နဲ့ အကြောင်းအရာစုံစုံလင်လင်ကို သိနိုင်ဖို့အတွက် Social Media မှာ Follow လုပ်ထားသင့်တဲ့ Page လေးတွေနဲ့ Application တွေ အကြောင်းကို ပြောပြပေးသွားမယ်နော်။

Kalay


Kalay Page ဟာဆိုရင် ကိုယ်ဝန်ဆောင်အချိန်မှာ မေမေတို့ သိချင်တဲ့ အကြောင်းအရာတွေကို စုံစုံလင်လင် ဖော်ပြပေးထားတဲ့ Page တစ်ခုပါ။ ကိုယ်ဝန်ဆောင်ကာလ ဆောင်ရန်ရှောင်ရန်နဲ့ ဗိုက်ထဲက Baby လေးအတွက် မေမေတို့ နေထိုင်ရမယ့် အနေအထားတွေအကြောင်းကို Website မှာ ဆောင်းပါးတွေအနေနဲ့ရော Video Clip တွေအနေနဲ့ရော ပြည့်ပြည့်စုံစုံဖော်ပြထားတဲ့ Page တစ်ခုပဲ ဖြစ်ပါတယ်။ မေမေတို့ သိချင်တဲ့ အကြောင်းအရာတွေကိုလည်း Page Messenger ကနေတစ်ဆင့် ဝင်ရောက်မေးမြန်းနိုင်ပါသေးတယ်နော်။ Website Address ကတော့ https://www.kalay.com.mm/ ဖြစ်ပြီး Facebook မှာတော့ Kalay ဆိုပြီး ရိုက်ရှာလို့ ရပါတယ်နော်။

May May App


May May App ဟာ ဆိုရင်တော့ မေမေတို့ ကိုယ်ဝန်စရှိချိန်ကစပြီး Calendar တစ်ခုတည်ဆောက်ထားနိုင်ပြီး ရက်သတ္တပတ်အလိုက် ရင်သွေးလေးရဲ့ ကြီးထွားမှုအကြောင်းနဲ့ မေမေတို့ လိုက်နာရမယ့်အချက်လေးတွေကို ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။ ဒါတွေအပြင် ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေလည်း စုံစုံလင်လင်ပါဝင်ပါတယ်။ ဒီ Application လေးကို ဖုန်းထဲ ထည့်ထားရုံနဲ့ ကိုယ်ဝန်ဆောင်လက်စွဲစာအုပ်တစ်အုပ်လို အသုံးဝင်နိုင်မှာပါပဲ ဖြစ်ပါတယ်။ May May App ကို Playstore ကနေ အလွယ်တကူ Download ရယူနိုင်ပြီးတော့ Facebook Page ကတော့ https://www.facebook.com/maymayapp ပဲ ဖြစ်ပါတယ်။

Putuu


ဒီ Page လေးဟာလည်း မေမေတို့ Follow လုပ်ထားသင့်တဲ့ Page လေးတစ်ခုပါ။ ကိုယ်ဝန်ဆောင်ကာလ ဆောင်ရန်၊ ရှောင်ရန်တွေအပြင် မွေးဖွားလာမယ့် Baby လေးတွေအတွက် အထောက်အကူပြုစေမယ့် အစားအသောက်အနေအထိုင်တွေအကြောင်းကိုလည်း ဖော်ပြပေးထားပါတယ်။ ဒါတွေသာမကသေးဘဲ သားသားမီးမီးလေးတွေ မွေးဖွားပြီးတဲ့နောက်ပိုင်းမှာလည်း သိရှိသင့်တဲ့ ဗဟုသုတ အကြောင်းအရာတွေကိုပါ ပြည့်ပြည့်စုံစုံသိရမှာပါ။ Putuu ရဲ့ Website Link ကတော့ http://putuu.com.mm/ ဖြစ်ပြီး Facebook Page လေးကတော့ https://www.facebook.com/putuu.com.mm ပဲ ဖြစ်ပါတယ်။

ကျားလေး Kyarlay.com


ကျားလေး Page မှာတော့ ကိုယ်ဝန်ဆောင်ကျန်းမာရေးအပြင် ကလေးငယ်လေးတွေနဲ့ ပတ်သက်တဲ့ ကျန်းမာရေးအကြောင်းအရာတွေကို အပိုင်းအလိုက် ကျွမ်းကျင်တဲ့ ဆရာကြီး၊ ဆရာမကြီးတွေက ရှင်းပြပေးထားဖြစ်တဲ့အတွက် မေမေတို့အတွက် ဗဟုသုတတွေအများကြီးရနိုင်မှာပါ။ ဒါတွေအပြင် မိမိတို့ရင်သွေးလေးအတွက် အသုံးအဆောင်တွေကိုလည်း အစုံအလင်ရောင်းချပေးနေတာမို့ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်တွေကိုကြည့်ရင် Online ကနေ Baby လေးအတွက် လိုအပ်တာတွေလည်း တစ်ခါတည်း ဝယ်ယူနိုင်မှာပါနော်။ Page Address လေးကတော့ https://www.facebook.com/kyarlay.mmr ဖြစ်ပါတယ်။

Photo Credir - Original Page's Logo

, , , ,

Opinions

အိမ်မှာရှိတဲ့ပစ္စည်းတွေနဲ့ အလန်းစားဓာတ်ပုံလေးတွေဖန်တီးကြမယ်

Social Media မှာ အများနဲ့မတူတဲ့ ဓာတ်ပုံတွေကိုမှ တင်ချင်ကြသူများအတွက်

by Randy Win

May 21, 2020

               Quarantine ကာလ အိမ်မှာနေရင်း အပျင်းပြေစေမယ့် Hobby လေးတွေထဲမှာ ဓာတ်ပုံရိုက်ခြင်းဟာလည်းတစ်ခုအပါအ၀င်ဖြစ်မှာပါ။ ဒီလို ဓာတ်ပုံလေးတွေရိုက်ပြီး Social Mediaပေါ် မျှဝေတဲ့အခါ ကိုယ့်ရဲ့ဓာတ်ပုံလေးတွေဟာ အများနဲ့မတူတမူထူးခြားနေတာမျိုးကို အများစုက လိုချင်ကြပါတယ်။ ဒီတော့ ဒီလို အိမ်မှာနေရင်း ကိုယ့်မှာရှိတဲ့ ကိုယ့်ပတ်၀န်းကျင်က ပစ္စည်းလေးတွေနဲ့ပဲ ဘယ်လို ဆွဲဆောင်မှူရှိတဲ့ ဓာတ်ပုံမျိုးတွေ ရိုက်ကူးလို့ရလဲဆိုတာ လေ့လာကြည့်လိုက်ရအောင်နော်။
 
1.အကူပစ္စည်းသုံးပါ
အလင်းရောင် ကောင်းကောင်းကျတဲ့နေရာလေးတွေကိုသေချာရွေးပါ။ ပြီးရင်အဲဒီနေရာမှာ ကိုယ့်မျက်နှာပေါ်ကို လှလှပပအရိပ်ကျစေမယ့် ပစ္စည်းတစ်ခုခုကို ကြားခံပြီးရိုက်ပါ။ ဇာပဝါ နဲ့ ရေစစ်ဇကာလိုမျိုးလေးတွေကစလို့ ကိုယ်idea ရှိရင်ရှိသလို အသုံးပြုလို့ရမယ့် Props လေးတွေကို ဖန်တီးနိုင်ပါတယ်။ အလင်းကောင်းကောင်းအောက်မှာ Props လှလှနဲ့ ကျကျနနလေးရိုက်မယ်ဆိုရင်တော့ အရမ်းကိုဆွဲဆောင်မှူရှိတဲ့ ဓာတ်ပုံလေးတစ်ပုံကိုရရှိစေမှာပါ။
 
2.နတ်သမီးပုံပြင်ဆန်ဆန်
ဆိုင်တွေမှာအလွယ်တကူရနိုင်တဲ့ မီးကြိုးလေးတွေကို အသုံးပြုပြီး ရိုက်တဲ့နည်းပါ။ အဲဒီမီးရောင်လေးတွေကို ကိုယ်နဲ့အနီးဆုံး ပတ်၀န်းကျင်မှာ ပုံစံမျိုးစုံနဲ့ထားပြီး ရိုက်ကူးမယ်ဆိုရင် ကိုယ်idea ထွက်ရင်ထွက်သလို နတ်သမီးပုံပြင်ဆန်ဆန် လှပ‌တဲ့ဓာတ်ပုံလေးတွေကိုရရှိနိုင်မှာပါ။ ဒါတင်မက မီးကြိုးရဲ့ အလင်းရောင်လေးတွေကလည်း ကိုယ့်မျက်နှာကို ပိုပြီးကြည့်ကောင်းအောင် lighting တစ်ခုအနေနဲ့ ပံ့ပိုးပေးနိုင်ပါသေးတယ်။
 
3.သက်တန့်ရောင်စုံ
သက်တန့်ရောင်လို အလင်းတန်းလေးတွေ ကိုယ်ပေါ်မှာဖြတ်သွားတဲ့ပုံစံ ဖန်တီးရိုက်ကူးတာကလည်း အမြင်တစ်မျိုးလေးဆန်းစေမှာပါ။ prism တုံးလို ဖန်တုံးလေးတွေပေါ်မှာ အလင်းကိုဖြတ်အောင်လုပ်ပြီး လိုချင်တဲ့သက်တန့်ရောင်မျိုးကို ဖန်တီးနိုက်ပါတယ်။ ဖန်တုံးရှာဖို့မလွယ်ဘူးဆိုရင်တော့ အလွယ်ဆုံးနဲ့ အကောင်းဆုံးရောင်စုံအလင်းတန်းကိုရဖို့အတွက် CD ပြားလေးတွေကိုအသုံးပြုနိုင်ပါသေးတယ်။
 
4.ကိုယ်တိုင်လုပ် Spot Light
တစ်ခန်းလုံးကိုအမှောင်ချပြီး နံရံတစ်ခုရှေ့မှာ ကိုယ့်တစ်နေရာထဲကိုပဲ spot light လေးထိုးပြီးရိုက်တဲ့ပုံမျိုးတွေကလည်း အရမ်းမိုက်တဲ့ portrait idea လေးတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီလိုပုံမျိုးရဖို့ အတွက်ကိုတော့ toilet paper ကုန်သွားရင်ကျန်ခဲ့တဲ့ ကတ်ထူစက္ကူလေးကိုပဲဖြစ်ဖြစ်၊ တိပ်ခွေအဝိုင်းကိုပဲဖြစ်ဖြစ်၊ ဖော့ခွက်လေးကိုအပေါက်ဖောက်ပြီးပဲဖြစ်ဖြစ် ဓာတ်မီးသို့မဟုတ် ဖုန်းflash lightရဲ့ရှေ့မှာ တိပ်နဲ့ကပ်ထားပြီးဖန်တီးယူနိုင်ပါတယ်။ props လေးတွေပါထပ်ပေါင်းလိုက်မယ်ဆိုရင်တော့ အရမ်းမိုက်တဲ့ portrait ဓာတ်ပုံလေးတစ်ပုံကိုရရှိမှာအမှန်ပါပဲနော်။
 
5.အလင်းယိုင်‌ခြင်း
အိမ်မှာရှိတဲ့ ဖန်ထည်ပစ္စည်းလေးတွေကလည်း self-portrait အတွက်အကောင်းဆုံး propsလေးတွေဖြစ်လာနိုင်ပါတယ်။ရေဖြည့်ထားတဲ့ ဖန်ထည် ရေခွက်၊ဝိုင်ခွက် ၊ရေကန်လေးတွေကိုကိုယ့်ရှေ့မှာထားပြီး ရိုက်တဲ့အခါ ထွက်ပေါ်လာတဲ့ အလင်းယိုင်နေတဲ့ဓာတ်ပုံလေးတွေက ထူးထူးခြားခြား‌အမြင်ကိုပေးစွမ်းနိုင်မယ့် idea လေးတွေထဲကတစ်ခုလို့တောင် ဆိုလို့ရမှာပါ။
 
Photo Credit to The Rightful Owners
, , , ,

Opinions

ဖြူချောလား..ညိုချောလား..

ဘယ်လိုအသားအရေပိုင်ရှင်တွေက တကယ့်အလှတရားပိုင်ရှင်လဲ

by May Shoon

May 13, 2020


မိန်းကလေးတွေအတွက် အလှတရားဆိုတာဘာလဲ။ အလှတရားဆိုတာကို ဘယ်လို စံချိန်စံနှုန်းတွေနဲ့သတ်မှတ်တာလဲ။ ဒီမေးခွန်းက တိကျတဲ့အဖြေရဖို့တော့ တော်တော်ခက်ပါတယ်။ ဘာလို့လဲဆိုတော့ ကမ္ဘာပေါ်မှာ နေရာဒေသအသီးမှာသတ်မှတ်ထားတဲ့ အလှအပစံနှုန်းတွေ အများကြီးရှိပြီး တစ်ခုနဲ့တစ်ခုက မတူညီကြလို့ပါ။


အနောက်တိုင်းသူတွေနဲ့ အရှေ့တိုင်းသူတွေရဲ့ Beauty Standard တွေတောင်မတူညီကြပါဘူး။
အရှေ့တိုုင်း Asian တွေတော်တော်များများကတော့ မိန်းကလေးဆိုရင် ကြီးမားလုံးဝိုင်းတဲ့မျက်လုံးတွေ၊ ဖြောင့်စင်းတဲ့နှာတံနဲ့ နှင်းလိုဖြူဖွေးနူးညံ့တဲ့ အသားအရေတွေကို လိုလားနှစ်သက်ကြပါတယ်။ အထူးသဖြင့် China ၊ Korea ၊ Thailand ၊ Japan တို့မှာ နေရောင်ခြည်ကို အထူးရှောင်ကျဉ်ကြပါတယ်။ ဘာလို့လဲဆိုတော့ နေရောင်ခြည်ကြောင့်အသားအရေညိုမဲပျက်စီးမှာကို စိုးရိမ်ကြသလို ဖြူဖွေးနေတဲ့ Pale Skin ကမှသူတို့အတွက် လှပတယ်လို့သတ်မှတ်ထားကြလို့ပါ။ တကယ်လို့သင့်အသားအရေက နေရောင်ကြောင့် Tanned ဖြစ်နေတယ်ဆိုရင်တောင်ဒါဟာပင်ပန်းကြမ်းတမ်းတဲ့ လက္ခဏာလို့ယူဆကြပြီး ဖြူဖွေးပြီး Pale ဖြစ်တဲ့ အသားအရေကမှ ချမ်းသာကြွယ်ဝမှုနဲ့ Luxury ဆန်တဲ့ Lifestyle ကိုကိုယ်စားပြုလို့ပါတဲ့။ အဲ့ဒါကြောင့်လည်း Asian Beauty Products တွေကိုကြည့်လိုက်ရင်လည်း Skin-Whitening Effect ပါတဲ့ Ingredients တွေနဲ့ပဲ ထုတ်လုပ်ထားကြတာများပြီး Korea မင်းသမီးတွေ၊ Idol တွေ၊ Thai မင်းသမီးတွေကိုကြည့်လိုက်ရင် အသားအရေက နှင်းလို ဖြူစွတ်နေကြတာမလား။


ဒါပေမယ့် ဥရောပတိုက်နဲ့ အမေရိကတို့ရဲ့ Beauty Standard ကတော့ Asian နဲ့ပြောင်းပြန်ပါ။ သူတို့ကသူတို့ရဲ့ Pale Skin ကိုမနှစ်သက်ကြပါဘူး။ ကမ်းခြေမှာ နေပူစာလှုံထားတဲ့ Tanned Skin က Europe နဲ့ American တွေအတွက်တော့ ချမ်းသာကြွယ်ဝခြင်းရဲ့ ပြယုဂ်ပါတဲ့။ အကြောင်းကတော့ ငွေကြေးတတ်နိုင်တဲ့သူတွေကသာ ခရီးတွေထွက်၊အပန်းဖြေပြီး နေပူဆာလှုံနိုင်လို့ပါတဲ့။
သူတို့နိုင်ငံတွေဘက်မှာတော့ ကော့ညွတ်တဲ့သမင်မျက်လုံးတွေ၊ ထူထဲ သန်စွမ်းတဲ့ မျက်ခုံးတွေ နဲ့ပြောင်ချောနေတဲ့ Tanned Skin ကမှစွဲဆောင်မှုရှိပါတယ်တဲ့။ ခပ်ညိုညို Tanned Skin တွေက အများကြားမှာလည်းထင်ပေါ်စေတယ်၊ Contour လုပ်ပြီး အလှပြင်ရင်လည်း အရမ်းအဆင်ပြေသလို၊ ကျန်းမာပြီး Glow ဖြစ်နေတဲ့ Look ကိုလည်း ပေးတယ်လို့ ယုံကြည်ကြပါတယ်။ နဂို White Skin ကနေTanned Skin အဖြစ်ပြောင်းလဲပြီး ပိုလှသွားတဲ့ Celebrity တွေလည်း အများကြီးရှိပါတယ်။ အမြင်သာဆုံးပြောရရင် Ariana Grande၊ Kylie Jenner ၊ Kim Kardashian နဲ့ Meghan Fox တို့ကိုကြည့်ရင် သိနိုင်ပါတယ်။ Ariana Grande နဲ့ Kylie Jenner ဆိုရင်လည်း သူတို့ရဲ့ အရင် Pale Skin ကို Tanned ပြောင်းပြီးနောက်ပိုင်းမှာ အများကြီးပိုဆွဲဆောင်မှုရှိသွားတာကို တွေ့ရမှာပါ။


တကယ်တော့ ဘယ်လို Beauty Standard တွေသတ်မှတ် သတ်မှတ်၊ ဘယ်လို Skin Tone ကပိုလှတယ်ပြောပြော မိန်းကလေးတိုင်းအတွက်လိုအပ်တာက Healthy ဖြစ်ပြီး ကျန်းမာကြည်လင်တဲ့ စိုပြေတဲ့အသားအရေရှိအောင်ထိန်းသိမ်းဖို့ပါပဲ။ အဲ့လိုပဲ အပေါ်ယံ Appearance လှပဖို့ထက် မိမိရဲ့ အတွင်းစိတ်ကလေးကို ကြည်လင်ဖြူစင်နေအောင်ထားဖို့လည်း အရေးကြီးတယ်နော်။
စိတ်လှတဲ့ မိန်းကလေးတိုင်းက ဘယ်လိုအသားအရေရှိရှိ အချိန်တိုင်းလှပနေမှာပါ။

, ,

Opinions

အမေများနေ့မှာ အိမ်မှာနေရင်း အမေ့အတွက် ဘယ်လိုအမှတ်တရလေးတွေ ဖန်တီးပေးမလဲ။

ဒီနေ့တစ်ရက်ကိုတော့ အမေ့ကို အချိန်ပေးလိုက်ကြရအောင်နော်။

by Lin Lin

May 4, 2020

မေလ ၁၀ ရက်နေ့ဟာ အမေများနေ့ပါ။ အမေတွေဟာ နေ့စဉ်အိမ်ကနေ သားသမီးတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနေတာကြောင့် ကျောင်းတက် ၊ လုပ်ငန်းခွင်ဝင်တဲ့ သားသမီးတွေ အနေနဲ့ စိတ်အေးလက်အေးနဲ့ နေ့စဉ်သွားလာနေနိုင်ကြတာမဟုတ်ပါလား။ နှစ်စဉ်အမေများနေ့မှာ အမေများနေ့နဲ့ ပတ်သက်တဲ့ပွဲတော်တွေကို အတူတကွ ဆင်နွှဲခဲ့ကြပေမယ့်လည်း ဒီနှစ်မှာတော့ COVID – 19 ကြောင့် အပြင်ကို ပွဲတော်တွေ မပြုလုပ်ရတဲ့အတွက် အိမ်မှာနေရင်းအမေနဲ့ တူတူ ဘာတွေလုပ်လို့ရမလဲ ဆိုတာတွေကို ဖော်ပြပေးမှာမို့ လိုက်လုပ်ကြည့်ပြီး ဒီနေ့တစ်ရက်ကိုတော့ အမေ့ကို အချိန်ပေးလိုက်ကြရအောင်နော်။

Surprise Gift တစ်ခုခုဖန်တီးပေးပါ။
ပန်းစည်းတစ်စည်းဖြစ်ဖြစ်၊ ကိတ်မုန့်တစ်လုံးဖြစ်ဖြစ်၊ ဒါမှမဟုတ် အမေကြိုက်နှစ်သက်မယ့် အရာတစ်ခုခုကို Surprise Gift အဖြစ်ဖန်တီးပေးပါ။ တစ်နှစ်ပတ်လုံး မိသားစုအတွက် ပင်ပန်းလာခဲ့တဲ့အမေအတွက် ဒီတစ်ရက်လေးကတော့ ပျော်ရွှင်ကြည်နူးမှုတွေနဲ့ ပြည့်နေပါစေနော်။

အဝတ်ဗီရိုတွေ တူတူရှင်းပါ။
အဝတ်ဗီရိုရှင်းတာဟာ လုပ်ရိုးလုပ်စဉ်ကိစ္စတစ်ခုဖြစ်ပေမယ့် ဒီလိုရက်မှာ မှတ်မှတ်ရရလေးဖြစ်အောင် အမေနဲ့ တူတူ လုပ်ကြည့်ပါ။ အမေတွေဟာ အမှတ်တရတွေကို သိမ်းဆည်းတတ်ကြသူတွေမဟုတ်လား။ ငယ်ငယ်ကတည်းကနေ ခုရွယ်ထိ သိမ်းဆည်းထားတဲ့ အဝတ်အစားတွေကို ရှင်းရင်း ငယ်ဘဝကို ပြန်အမှတ်ရစေမယ့် စကားတွေနဲ့ အမှတ်တရကို ဖန်တီးပါ။ သင့်ရဲ့ငယ်ငယ်ကအကြောင်းတွေကို ပြန်ပြောပြရင်း ကြည်နူးနေတဲ့ သင့်မေမေရဲ့ မျက်နှာလေးကို သင်မြင်ရမှာပါ။

ဟင်းချက်ကျွေးပါ။
အမြဲ မီးဖိုချောင်ကိစ္စတွေနဲ့ အလုပ်ရှုပ်နေတဲ့အမေ့ကို ဒီတစ်ရက်တော့ အနားယူပါစေ။ အမေစားချင်တဲ့ ဟင်းတွေကို ဖွယ်ဖွယ်ရာရာနဲ့ စိတ်ရှည်လက်ရှည်ချက်ကျွေးပါ။

Skin Care လုပ်ပါ။
တစ်နေကုန် အိမ်ထောင်မှုကိစ္စတွေနဲ့ အချိန်ကုန်နေတဲ့ အမေဟာ သူ့ကိုယ်သူအလှပြင်ဖို့ မေ့နေပါလိမ့်မယ်။အမေနဲ့တူတူ Skin Care လုပ်ပါ။ မျက်နှာပေါင်းတင်တာ၊ ခန္ဓာကိုယ် Scrub လုပ်တာတွေကို အိမ်မှာရှိတဲ့ အသီးအနှံတွေနဲ့ လုပ်ကြည့်ပါ။ အလှပြင်ဖို့ မေ့နေတတ်တဲ့ အမေ့ကို အလှအပအတွက် အမှတ်တရလေးတွေဖန်တီးပေးပါ။

ငယ်ဘဝအမှတ်တရ Photo Album တွေကို ကြည့်ရင်း စကားပြောပါ။
ငယ်ငယ်က ဓာတ်ပုံလေးတွေကို ကြည့်ရင်း အမှတ်တရလေးတွေအကြောင်းကို ပြန်သတိရပေးပါ။ သင့်ဘဝရဲ့ မှတ်တမ်းတွေကို ပြောပြပေးမယ့် ဓာတ်ပုံတွေကို အတူတူကြည့်ရင်း ကြည်နူးမှုကို ရယူလိုက်ပါ။ ဓာတ်ပုံတွေထဲက အမေ့ရဲ့ ငယ်ရွယ်နုပျိုမှုတွေအကြောင်းကို ပြောကြရင်း အတူတူအချိန်ကုန်ဆုံးပါ။

 

, ,

MODA TV 


Opinions

အိမ်မှာနေရင်း စိတ်ကျခြင်းတွေက ကင်းဝေးစေဖို့

အရင်ထက်ပိုပြီး စိတ်ရောကိုယ်ပါကြံ့ခိုင်တဲ့သူတစ်ယောက်ဖြစ်အောင်ကျင့်ကြံဖို့ အကောင်းဆုံးအချိန်ပါပဲ

by Randy Win

April 30, 2020

 
               Self Quarantine ကာလမှာ မဖြစ်မနေအိမ်မှာပဲနေ၊ အိမ်ကနေပဲအလုပ်လုပ်နေရတဲ့အခါ အပြင်လောကနဲ့ ကင်းကွာလာသလို ၊ လူမှူပတ်၀န်းကျင် နဲ့ ထိတွေ့မှူ‌နည်းလာတာတွေကြောင့် လူအတော်များများဟာ စိတ်ဓာတ်ရေးရာနဲ့ပတ်သက်လို့ အနည်းအကျဉ်းထိခိုက်မှူတွေရှိလာရပါတယ်။ ဥပမာအားဖြင့် အများစုဟာ အထီးကျန်သလိုခံစားရခြင်း ၊ အိပ်ချိန်မမှန်တော့ခြင်းနဲ့ စိတ်ကျလွယ် စိတ်တိုလွယ်ခြင်းဆိုတဲ့အခြေအနေတွေကို ရင်ဆိုင်လာကြရပါတယ်။ ဒီလိုအခြေအနေမျိုးတွေကို ကြုံတွေ့ရတဲ့အခါ ကိုယ့်ကိုကိုယ် အကောင်းဆုံးဖြစ်အောင် ဘယ်လို ပြင်ဆင်နေထိုင်ရမယ့်အချက်ကလေးတွေကို မဖြစ်မနေသိထားဖို့လိုအပ်လာပါပြီ။ဒါကြောင့်မို့ Stay at home ကာလမှာ စိတ်ကျ၊စိတ်ဖိစီးတာမျိုးတွေမကြုံရအောင် ၊ အထီးကျန်မှူတွေမခံစားရအောင် ကိုယ့်ကိုကိုယ် ဘယ်လိုကျင့်ကြံအားထုတ် နေထိုင်ရမလဲဆိုတာကို လေ့လာကြည့်လိုက်ရအောင်။
 
1.အဆက်အသွယ်မပြတ်ပါစေနဲ့
Quarantine ကြောင့် အိမ်မှာနေရင်း ကိုယ်ချစ်ခင်ရသူတွေနဲ့ ဝေးနေရတဲ့အခါ စိုးရိမ်ကြောင့်ကြ အထီးကျန်စိတ်တွေ အနည်းနဲ့အများ ၀င်လာတတ်ပါတယ်။ အထူးသဖြင့် တစ်ယောက်တည်းနေရတဲ့သူမျိုးတွေပေါ့။ ဒီလိုအခြေအနေမျိုး မှာ နည်းပညာရဲ့ အထောက်အကူကို ကောင်းကောင်းအသုံးချဖို့လိုပါတယ်။ Facebook Messenger ,Viber , Facetime ,WeChat , Twitter, Skype အစရှိသဖြင့် Social Media platform တွေကို ကောင်းကောင်းအသုံးပြုပြီး ကိုယ်ချစ်ခင်ရသူတွေနဲ့ စကားစမြည်ပြောပါ။ ပျော်စရာဂိမ်းလေးတွေဖန်တီးပါ။ Group chat လေးတွေပြုလုပ်ပါ။ ဒါဟာ အထီးကျန်မှူနဲ့ အကြောက်တရားကိုရင်ဆိုင်နိုင်မယ့် အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်သလို နည်းပညာကပေးတဲ့ အကောင်းဆုံးဆုလာဘ်တစ်ခုလို့လည်းမှတ်ယူရပါမယ်။
 
2.ကိုယ်စိတ်ပျော်ရာကိုပြုလုပ်ပါ
လူတိုင်းမှာ ကိုယ်နှစ်သက်ရာ ၊ ကိုယ်ဝါသနာပါရာလေးတွေကိုယ်စီရှိကြပါတယ်။ တချို့က ရုပ်သံဇာတ်လမ်း‌တွဲတွေကြည့်ရတာကြိုက်သလို ၊တချို့က ဂိမ်းဆော့ရတာ ၊စာအုပ်ဖတ်ရတာ နှစ်သက်ကြပါတယ်။ တချို့ကလည်း ပန်းပင်လေးတွေစိုက်ရတာဝါသနာပါသလို တချို့က ကိုယ့်ရဲ့ အိမ်မွေးတိရိစ္ဆာန်လေးတွေနဲ့ အချိန်ကုန်ဆုံးစေပါတယ်။ ဒီထဲမှာ တချို့ကတော့ အစားအသောက်ကို ပိုပြီးဝါသနာထုံကြပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်နှစ်သက်ရာတစ်ခုခုကို ပြုလုပ်နေခြင်းဟာ အကြောက်တရားနဲ့စိတ်ဖိစီးမှူကိုကျော်လွှားနိုင်မယ့် နည်းလမ်းကောင်းတစ်ခုလို့ဆိုရပါမယ်။
 
3.တီထွင်ဖန်တီးပါ
ခုလိုအချိန်ဟာ သင့်ရဲ့တီထွင်ဖန်တီးလိုစိတ်ကို လှုံ့ဆော်ဖို့အကောင်းဆုံးနဲ့ အသင့်တော်ဆုံးအချိန်ပါပဲ။ အသစ်အသစ်တွေကို သင်ယူပါ။ လေ့လာပါ။ ဖန်တီးပါ။ ဥပမာ - ချက်ပြုတ်နည်းအသစ်တွေစမ်းသပ်ခြင်း၊ စာရေးခြင်း၊ ပန်းချီဆွဲခြင်းလိုမျိုး ကိုယ်ရဲ့ Creativity ကို ပေါင်းစပ်ဖန်တီးလို့ရတဲ့ အရာမျိုးတွေ များများပြုလုပ်သင့်တဲ့အချိန်ပါပဲ။
 
4.လေ့ကျင့်ခန်းပြုလုပ်ပါ
တစ်နေ့ကိုအနည်းဆုံးတစ်ကြိမ်တော့ ကိုယ်လက်လှူပ်ရှားလေ့ကျင့်ခန်းပြုလုပ်သင့်ပါတယ်။ ဘယ်မှသွားလာရခြင်းမရှိတဲ့အခါ ကိုယ်လက်လှုပ်ရှားမှူမပြုလုပ်ဘူးဆိုရင် စိတ်ဖိစီးမှူ၊ အစားအသောက်နဲ့ အခြား‌အကြောင်းကြောင်းကြောင့် ကိုယ်အလေးချိန် နဲ့ ကယ်လိုရီတက်လာတာမျိုး ၊ကျန်းမာရေးကိုထိခိုက်လာစေတာမျိုးတွေဖြစ်နိုင်တဲ့အတွက် ကိုယ်လက်လှုပ်ရှားအားကစားတစ်ခုခုကိုမဖြစ်မနေလုပ်ဆောင်သင့်ပါတယ်။ ကိုယ်လက်လှူပ်ရှားမှူကြောင့် ကျန်းမာရေးကောင်းပြီးကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးတဲ့အပြင် စိတ်ဖိစီးမှူကိုလည်း လျှော့ချပေးနိုင်ပါတယ်။ ပုံမှန်လေ့ကျင့်ခန်းလုပ်သွားမယ်ဆိုရင် အကျိုးအမြတ်အနေနဲ့ ဒီကပ်ကြီးပြီးတဲ့အခါ ခန္ဓာကိုယ်အချိုးအစားကျနလှပသူတစ်ယောက်တောင် ဖြစ်နေနိုင်ပါသေးတယ်။
 
5.တရားထိုင်ပါ
တရားထိုင်တယ်ဆိုတဲ့ ၀င်လေထွက်လေမှတ်ခြင်းဟာ ဘယ်လူမျိုး၊ဘယ်ဘာသာ၀င်မဆိုပြုလုပ်နိုင်တဲ့အပြင် စိတ်အာရုံကို စုစည်းတည်ငြိမ်စေတဲ့ အကောင်းဆုံးသော နည်းလမ်းတစ်ခုပါပဲ။ စိတ်ကို လန်းဆန်းစေတဲ့အပြင် အလုပ်လုပ်ရာမှာလည်း အများကြီး အထောက်အကူဖြစ်စေပါတယ်။ Work from home လုပ်နေရတဲ့သူတွေအတွက်လည်း အလုပ်နဲ့ပတ်သက်တဲ့ Pressure တွေအတွက် Meditation ဟာ အရမ်းလိုအပ်သလို စိတ်ညစ်နေသူ၊စိတ်ဖိစီးမှူများနေသူတွေအတွက်လည်း စိတ်ရဲ့အကောင်းဆုံးအားဆေးတစ်ခုလိုမျိုး အကျိုးသက်ရောက်ပါတယ်။
 
Photo Credit To The Rightful Owners
, , , , , , , ,

Opinions

Quarantine ကာလမှာ ကိုယ်ဝန်ဆောင်ခြင်းရဲ့ ကောင်းမွန်တဲ့အချက်များ

သားသားမီးမီးလေးဆိုတာ ဇနီးမောင်နှံတို့အတွက် အမြဲစိတ်ချမ်းမြေ့ဖွယ်ကောင်းတဲ့ မျှော်လင့်ချက်တစ်ခုပဲ မဟုတ်လား။

by Lin Lin

April 28, 2020

ယခုလို Quarantine ကာလမှာ သားသမီးယူဖို့အတွက် ကြိုးစားနေကြတဲ့ ဖေဖေ မေမေ တို့အတွက် ဒီကာလဟာ ကိုယ်ဝန်ဆောင်ဖို့ အကောင်းဆုံးအချိန်တစ်ခုလို့လည်း ပြောနိုင်ပါတယ်။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့ မိမိအိမ်မှာ နားနားနေနေနဲ့ အဟာရပြည့်ဝစွာစားသုံးပြီး ကျန်းကျန်းမာမာနေနိုင်ဖို့အတွက် ဒီကာလက အခွင့်ကောင်းတစ်ခုပါပဲ။ တစ်နည်းအားဖြင့် COVID -19 ကြောင့် ဖြစ်ပေါ်နေတဲ့ စိုးရိမ်မှုတွေကိုလည်း လျှော့ချထားပြီး ကိုယ့်ကိုကိုယ် ဂရုတစိုက်နဲ့ ကျန်းမာစွာ နေထိုင်ဖို့ နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။


ပုံမှန်အချိန်တွေမှာ လူမှုရေးလုပ်ငန်းဆောင်တာများ၊ အလုပ်တာဝန်များကြောင့် အေးအေးဆေးဆေးအချိန်မရှိသဖြင့် သားသမီးယူချင်သော်လည်း ခက်ခဲခြင်းတွေ ကြုံတွေ့ခဲ့ရနိုင်ပါတယ်။ ယခုလိုအချိန်ကတော့ အနားယူရန်အတွက် ငြိမ်းချမ်းသော အချိန်ကာလတစ်ခုဖြစ်တာကြောင့် ကလေးယူရန်အတွက် အကောင်းဆုံးအချိန်တစ်ခုဖြစ်ပါတယ်။

စတင်ကိုယ်ဝန်ဆောင်ချိန်ကာလတွင် သင့်ခင်ပွန်းအနေနဲ့လည်း ဒီလိုအချိန်မှာ တခြားအလုပ်တာဝန်များစွာ မရှိခြင်းကြောင့် ဇနီးသည်ရဲ့ လိုအပ်ချက်တွေကို အလုံးစုံဂရုတစိုက်နဲ့ ပုံမှန်အချိန်တွေထက် ဖြည့်ဆည်းပေးနိုင်မှာပါ။


ဒါ့အပြင် မွေးဖွားလာမယ့် ကလေးလေးအတွက် ကြိုတင်စိတ်ကူးယဉ်ကာ ဇနီးမောင်နှံနှစ်ဦး Plan ရေးဆွဲခြင်းကလည်း ပြင်ပကလာတဲ့ စိုးရိမ်မှုတွေကို လျော့ကျစေပြီး အနာဂတ်အတွက် ကြည်နူးစရာလေးဖြစ်စေမှာအမှန်ပါပဲ။ ဒီကာလအတွင်းမှာ ကပ်ရောဂါကြောင့်တက်လာတဲ့ သတင်းတွေကို ဖတ်ပြီး ရရှိနေတဲ့ စိတ်ဖိစီးမှုတွေအစား မိမိတို့ရဲ့ ရလာမယ့် ကလေးလေးရဲ့ အနာဂတ်ကို ပုံဖော်နေခြင်းဟာလည်း မျှော်လင့်ချက်တွေနဲ့ သင်တို့ဇနီးမောင်နှံကို ပျော်ရွှင်စေမှာပါ။ သားသားမီးမီးလေးဆိုတာ ဇနီးမောင်နှံတို့အတွက် အမြဲစိတ်ချမ်းမြေ့ဖွယ်ကောင်းတဲ့ မျှော်လင့်ချက်တစ်ခုပဲ မဟုတ်လား။


သင်တို့နှစ်ဦးရဲ့ ပျော်ရွှင်မှုကို သင့်တို့ရဲ့ မိသားစုတွေနဲ့ သူငယ်ချင်းတွေကို မျှဝေပေးနိုင်ပါသေးတယ်။

ပုပ်ရဟန်းမင်းကြီးဖရန့်စစ်တောင်မှမကြာသေးမီကတွစ်တာတွင်“ Coronavirus ကူးစက်ခံရသည့်အချိန်တွင်မွေးဖွားသောကလေးများသည်ကြီးမားသောမျှော်လင့်ချက်၏အမှတ်လက္ခဏာဖြစ်သည်” ဟုရေးသားခဲ့ပါသေးတယ်။

ကဲ ဒီတော့ ဖေဖေ မေမေတို့ရေ ကိုယ့်ရဲ့ Baby လေးရရှိဖို့အတွက် အမြန်ဆုံး အစီအစဉ်ဆွဲပြီး ကြိုးစားလိုက်ကြတော့နော်။

 

,

Opinions

Quarantine ကာလမှာ အိမ်မှာနေတဲ့ မေမေတို့နဲ့ သားသားမီးမီးလေးတွေကြား ရင်းနှီးမှုပိုရအောင်

အိမ်မှုကိစ္စလေးတွေကို မေမေတို့နဲ့ တူတူလုပ်စေခြင်းဟာလည်း ရင်းနှီးနွေးထွေးမှုကို ပိုတိုးစေမှာ အမှန်ပါပဲ။

by Lin Lin

April 25, 2020

အခုလို Quarantine ကာလမှာ အိမ်မှာနေတဲ့ မေမေတို့နဲ့ သားသားမီးမီးလေးတွေကြားမှာ ရင်းနှီးမှုပိုရအောင် ဘယ်လိုလေးတွေ လုပ်ပေးသင့်လဲဆိုတာလေးတွေကို ဖော်ပြပေးမယ်နော်။ သားသားမီးမီးလေးတွေကိုလည်း အိမ်မှုကိစ္စတွေနဲ့ ရင်းနှီးစေသလို စီမံခန့်ခွဲမှုတွေလည်း တတ်မြောက်စေနိုင်တာကြောင့် အိမ်မှုကိစ္စလေးတွေကို မေမေတို့နဲ့ တူတူလုပ်စေခြင်းဟာလည်း ရင်းနှီးနွေးထွေးမှုကို ပိုတိုးစေမှာ အမှန်ပါပဲ။ ကဲ ဘယ်လိုအချက်လေးတွေလည်း ကြည့်ရအောင်။

ထမင်း၊ ဟင်း ချက်တဲ့အခါ ကူညီခိုင်းပါ။

ထမင်း၊ ဟင်း ချက်တာဟာ စိတ်ဝင်စားဖို့ ကောင်းတဲ့အိမ်တွင်းမှု အလုပ်တစ်ခုဖြစ်တယ်ဆိုတာကို သိအောင် ပြောပြပေးပါ။ မိခင်ကို ကူညီရင်း ချက်ပြုတ်ပေးခြင်းဖြင့် သူတို့အတွက်လည်း ကောင်းတဲ့ အလေ့အကျင့်လေးတွေ ရစေမှာပါ။ အကယ်၍ ကူညီနေရင်း အမှားပါခဲ့ရင်လည်း မဆူပါနဲ့။ နောက်မဖြစ်အောင် သေချာပြောပြပေးပါ။ အိမ်အလုပ်တွေကို စိတ်ပါဝင်စားခြင်းဟာ ကလေးတွေအတွက်လည်း အလေ့အကျင့်ကောင်းတစ်ခုရစေပါလိမ့်မယ်။

ငွေကို ချွေတာတတ်အောင်သင်ပေးပါ။

ကလေးတွေဟာ သူတို့ကြိုက်တဲ့ အရုပ်လေးတွေတွေ့ရင် လိုချင်တာ သဘာဝပါ။ ဒါကို မေမေတို့အနေနဲ့ ငယ်ရွယ်စဉ်ကတည်းက လိုချင်တိုင်းဝယ်မပေးဘဲ ငွေကို ချွေတာတတ်ပြီး ငွေစုတတ်အောင် သင်ပေးထားပါ။ မုန့်ဖိုးပေးတဲ့အခါမှာလည်း အကုန်လုံးမသုံးဘဲ လိုချင်တာလေးတွေကို ကိုယ်ပိုင်ပိုက်ဆံနဲ့ ဝယ်နိုင်ဖို့အတွက် ပိုက်ဆံစုတတ်အောင် သင်ပေးပါ။ ဒီနည်းလမ်းဟာ သင့်ကလေးရဲ့ ဘဝတစ်လျှောက်လုံးအတွက် အထောက်အကူပြုစေမှာ အသေအချာပါပဲ။

အဝတ်လျှော်၊ မီးပူတိုက်တဲ့အခါ ကူညီခိုင်းပါ။
တစ်အိမ်လုံးစာ အဝတ်တွေမဟုတ်ဘဲ သူတတ်နိုင်တဲ့ အတိုင်းအတာလောက်ကို လျှော်တတ်အောင် မီးပူတိုက်တတ်အောင် သင်ပေးပါ။ ဒီလိုသင်ပေးခြင်းဖြင့် အိမ်အလုပ်ကို စိတ်ဝင်စားလာပြီး မိခင်နဲ့ ပိုမို ရင်းနှီးမှုကိုလည်း ရနိုင်ပါလိမ့်မယ်။ သားသားလေးဖြစ်စေ၊ မီးမီးလေးဖြစ်စေ ကြီးလာတဲ့အခါမှာလည်း မိခင်က လုပ်ပေးစရာမလိုဘဲ ကိုယ့်အားကိုယ်ကိုးတတ်စေမှာပါ။

အချိန်ကို စီမံခန့်ခွဲတတ်ပါစေ။

Time Table တစ်ခု ဆွဲထားပေးပါ။ ထမင်းစားချိန်၊ အိပ်ချိန်၊ ကစားချိန်၊ မိခင်ကို ကူညီရမယ့်အချိန် အစရှိသဖြင့် အိမ်မှာနေတဲ့အခါ Time Table တစ်ခုဆွဲထားပေးပြီး တစ်နေ့တာကို Time Table အတိုင်း ဖြတ်သန်းပါစေ။ ဒီလိုအလေ့အကျင့်ကို အသုံးပြုပေးခြင်းက သင့်ကလေးရဲ့ ဘဝတစ်လျှောက်လုံးအတွက်လည်း အသုံးဝင်ပါလိမ့်မယ်။ ဘယ်လိုအခြေအနေမျိုးကို ရောက်နေပါစေ အချိန်ကို စီမံခန့်ခွဲတတ်ခြင်းက အားသာချက်တစ်ခုဖြစ်စေမှာပါ။

စကားပြောတတ်ပါစေ။

စကားပြောတတ်ပါစေလို့ ဆိုလိုက်လို့ ထူးဆန်းနေပါလား။ ပုံမှန်စကားပြောခြင်းမျိုးမဟုတ်ဘဲ သူစိတ်ဝင်စားတဲ့ အကြောင်းအရာကိစ္စတွေကို သေသေချာချာပြောပြတတ်အောင် သင်ကိုယ်တိုင် Guideline ပေးပြီး သင်ပေးနိုင်ပါတယ်။ အကြောင်းအရာတစ်ခုကို တစ်ဖက်လူနားလည်အောင် သေသေချာချာ စိတ်ဝင်စားအောင် ပြောပြတတ်တဲ့ စွမ်းရည်ဟာ ခေါင်းဆောင်တွေမှာ ရှိတတ်တဲ့ စွမ်းရည်တစ်ခုဖြစ်တာကြောင့် ဟောပြောပွဲလို နေရာမျိုးမှာ စကားပြောတဲ့အခါမှာလည်း လူမကြောက်ဘဲ ရှက်ရွံမနေအောင် သင်ကြားပေးပါ။

,


Loading More post