×
Opinions

မိန်းကလေးအများစုမှာရှိတဲ့ ဆတ်ဆတ်ထိမခံတဲ့အရာတွေက ဘာတွေလဲ

မိန်းကလေးတစ်ယောက်ကိုတွေ့ရင် ဒီအချက်တွေကို သွားမပြောမိစေနဲ့နော်

by May Shoon

June 26, 2020

ယောင်္ကျားလေးနဲ့ မိန်းကလေးနဲ့ ကွဲပြားခြားနားတဲ့ အချက်တွေထဲက အသိသာအထင်ရှားဆုံးက စိတ်ပိုင်းဆိုင်ရာ ခံစားမှုအပိုင်းနဲ့ ပြန်လည်တုံ့ပြန်မှုအပိုင်းပါ။ ဆိုလိုတာက မိန်းကလေးတွေက ယောင်္ကျာလေးတွေထက်အရာရာမှာ စေ့စေ့စပ်စပ်နှိုက်နှိုက်ချွတ်ချွတ် စဉ်းစားတတ်ကြပြီး ပိုလည်း ခံစားလွယ်ပါတယ်။ Overthinking လုပ်တဲ့ ရာခိုင်နှုန်းကို ကြည့်လိုက်ရင်လည်း ရာခိုင်နှုန်းအများစုက မိန်းကလေးတွေပါ။ အဲ့တော့ ကိုယ်က မိန်းကလေးတစ်ယောက်ကို စိတ်ဝင်စားနေရင်ဖြစ်ဖြစ်၊ မိန်းကလေးသူငယ်ချင်း အသိမိတ်ဆွေတွေရှိရှိ သူတို့နဲ့ ပတ်သတ်တဲ့ အကြောင်းတွေကို ပြောတဲ့အခါ ဒီအချက်တွေကို အထူးသိထားပြောသင့်ပါတယ်။ ဒါဆို သင့်အတွက် မိန်းကလေးတွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါ ဘယ်လို Relationship မဆို အဆင်ပြေချော့မွေ့နိုင်မှာပါ။
မိန်းကလေးတွေအနေနဲ့လည်း သင်ရော အောက်က ပြောတဲ့ Insecurities တွေထဲမှာ ဘယ်အချက်တွေကို ကိုယ့်ကိုယ်ကိုယ် မကျေမနပ်ဖြစ်မလဲ။ တကယ်လို့ အဲ့ Insecurities တွေရှိရင်လည်း အတတ်နိုင်ဆုံးပယ်ဖျောက်ပြီး ယုံကြည်မှုကို မြှင့်တင်ကြမယ်နော်။
ကဲ ဒါဆို မိန်းကလေးအများဆုံး ဆတ်ဆတ်ထိမခံတဲ့ အချက်တွေကဘာတွေဖြစ်မလဲ


အသက်
ဒါကတော့ မိန်းကလေး အယောက် ၉၀% မှာရှိတဲ့ Sensitive ဖြစ်တဲ့ အချက်တစ်ချက်ပါ။ အသက်အရွယ်က အများစုက Privacy အဖြစ်သတ်မှတ်ထားတဲ့ အချက်မို့ တတ်နိုင်ရင်မမေးတာပိုကောင်းပါတယ်။ မေးရင်လည်း အသက်ကို လျှော့ပြောတာက အန္တရာယ်ကင်းပါတယ်။


ရုပ်ပိုင်းဆိုင်ရာ အပြစ်အနာအဆာ
စေတနာနဲ့ ပြောတာဖြစ်ဖြစ်၊ စပ်စုပြီးပြောမိတာဖြစ်ဖြစ် ရုပ်ပိုင်းဆိုင်ရာသွင်ပြင်နဲ့ မျက်နှာပေါ်ကအပြစ်အနာအဆာတွေအကြာင့်းကို သွားမပြောပါနဲ့။ ဟယ်မျက်နှာမှာ ဝက်ခြံပေါက်နေတယ်တို့၊ အသားညိုသွားတယ်တို့၊ နင့်ဆံပင်က ဘယ်လိုဖြစ်တာလဲတို့ သွားမပြောပါနဲ့။ မိန်းကလေးတွေက အဲ့လိုမပြောခင်ထဲက သူတို့ကိုယ်တိုင် အဲ့ အပြစ်အနာအဆာတွေအတွက် စိတ်တိုင်းမကျဖြစ်နေတတ်လို့ပါ။


Body Shape
သင့်ရဲ့ ဝလာတယ်တို့ ၊ ပိန်သွားတယ်တို့၊ ပေါင်တုတ်လာတယ်တို့က မိန်းကလေးတွေရဲ့ Psycho အရိုက်ဆုံး Judgement တွေထဲမှာပါပါတယ်။ ပြီးရင် ခန္ဓာကိုယ်အချိုးအစားကို နှိုင်းယှဉ်ပြောတာကလည်း မိန်းကလေးတိုင်း စိတ်အညစ်ဆုံး Topic ပါ။

ကိုယ်အလေးချိန်
Body Weight ကလည်း Body Shape နဲ့ အလားတူပါပဲ။ ကိုယ်အလေးချိန်တက်တာကျတာက ယောင်္ကျားလေးတွေအတွက်တော့ ဘာမှမဟုတ်ပေမယ့် မိန်းကလေးတွေအတွက်ကတော့ အရမ်း Sensitive ဖြစ်တဲ့ အချက်ပါ။ သင့်က နင်နည်းနည်း ဝိတ်တက်လာတယ်လို့သာပြောကြည့်လိုက် တစ်ပတ်လောက် ဝိတ်တွေချ၊ ညစာမစားတွေလုပ်မိရော။


အရပ်
မိန်းကလေးတစ်ယောက်ကို အရပ်နဲ့ ပတ်သက်ရင်လည်း အရပ်ရှည်တယ် အရပ်ပုတယ်ဆိုတဲ့ Comment တွေက အပြင်ပန်းသိပ်မသိသာပေမယ့် မိန်းကလေးတွေအတွက် သိမ်ငယ်စိတ်ဝင်စေတဲ့ အကြောင်းအရာဖြစ်တယ်ဆိုတာ မမေ့သင့်ပါဘူး။


ဖက်ရှင်ပြင်ဆင်မှု
မိန်းကလေးတစ်ယောက်က သူမဝတ်ဆင်တဲ့ ဖက်ရှင်၊ အပြင်အဆင်တွေကို လှတယ် Style ကျတယ်ပဲ အမြဲကြားချင်တဲ့သူပါ။ ချီးကျူးတဲ့ Comment ကအကြောင်းမဟုတ်ပေမယ့် Negative ဘက်ရောက်တဲ့ Judgement ဆန်ဆန် Comment တွေကတော့ Shock အကြီးကြီးရှိပါတယ်။ တကယ်လို့ သူဝတ်ထားတာက ဘယ်လိုမှအဆင်မပြေဘူးဆိုရင်တောင် “ဒီလိုဝတ်တာမလှဘူး” ဆိုတာမျိုးထက် “ အဲ့အစားဒီလိုလေး ဝတ်လိုက်ရင်ပို ကြည့်ကောင်းသွားမှာ” ဆိုတဲ့ စကားမျိုးကိုပဲပြောပါ။


ဝင်ငွေ
လူတစ်ဦးတစ်ယောက်ရဲ့ Income ကြောင်းကို မပြောတာကတော့ Society တိုင်းမှာ သတ်မှတ်ထားတဲ့ လူ့ကျင့်ဝတ်တစ်ခုပါ။ သိုသိုသိပ်သိပ်နဲ့ နေတတ်တဲ့သဘာဝရှိတဲ့ မိန်းကလေးတွေအဖို့ Income ကိုလည်း Personal ပဲထားချင်ကြပါတယ်။


အချစ်ရေးရာ
ဒါကတော့ တစ်ယောက်နဲ့ တစ်ယောက်မတူညီကြပါဘူး။ တစ်ချို့ကတော့ သူတို့ အချစ်ရေး ဘယ်လို သာယာကြောင်း ပျော်ရွှင်စရာကောင်းကြောင်းပြောလေ့ရှိပေမယ့် တစ်ချို့ကျတော့လည်း သူတို့ရဲ့ Love Life ကို Low Key ပဲနေကြပါတယ်။ Privacy ပဲထားသင့်တဲ့ Topic မို့လို့ ဒီအချက်ကို ပြောရင်လည်း ဂရုစိုက်ပြီးပြောဖို့ မမေ့နဲ့နော်။

, ,
Opinions

သူကိုယ့်ကို J ဝင်နေတာဘယ်လိုသိနိုင်မလဲ

အရှေ့မှာကျ ချစ်တွေ၊ သဲတွေလုပ်ပြီးကွယ်ရာမှာတော့…

by May Shoon

September 18, 2020

လူအမျိုးမျိုးစိတ်အထွေထွေဆိုတဲ့ အတိုင်း လူ့ Society ထဲမှာတော့ ကိုယ့်ကိုချစ်ခင်တဲ့သူတွေရှိသလို ၊ ကိုယ့်ကို မသိမသာ မနာလိုမုန်းတီးတဲ့သူတွေလည်းရှိနေကြပါတယ်။ လူတစ်ယောက်က သင့်အပေါ်မနာလိုဖြစ်တယ်ဆိုတာ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ သူတို့ကိုယ်သူတို့ သင်နဲ့ နှိုင်းယှဉ်နေတာဖြစ်ဖြစ်၊ သင်ကသူတို့ထက်တစ်နေရာရာမှာ သာလွန်နေတာဖြစ်ဖြစ်၊ သူတို့မပိုင်ဆိုင်တဲ့အရာကို သင်ကပိုင်ဆိုင်နေတာဖြစ်ဖြစ် Jealousy တွေဆိုတာရှိလာနိုင်ပါတယ်။
တစ်ခါတစ်လေ ပိုအံ့သြစရာကောင်းတာက အဲ့လို Jealousy ရှိတဲ့သူတွေက သင့်ရဲ့ သူငယ်ချင်း၊ မိတ်ဆွေလုပ်ဖော်ကိုင်ဖက်ထဲက ဖြစ်နေနိုင်တာပါပဲ။ အဲ့ဒါကြောင့်တတ်နိုင်ရင် အရမ်းအယုံမလွယ်ပဲ အသိသတိလေးနဲ့နေထိုင်တာကတော့ အကောင်းဆုံးပါပဲ။
ကိုယ့်ပတ်ဝန်းကျင်မှာ မိတ်ဆွေတုတွေ၊ မနာလိုတတ်သူတွေကဘယ်လိုလူတွေလဲ။ ကိုယ့်ကို Jealousy ရှိမရှိဆိုတာ ဒီအချက်တွေကိုကြည့်ပြီးသိနိုင်ပါတယ်။


အလွန်အကျွံ ချီးမွမ်းပြမယ်
သင့်ကို အရှေ့မှာတော့ ပုံမှန်ထက်တောင်လွန်တဲ့ ချီးမွမ်းစကားတွေ၊ ချိုသာတဲ့စကားတွေပြောပါတယ်။ Social Media မှာဆိုရင်လည်း သင့်ကို အရမ်းခင်၊ အရမ်းချစ်တဲ့ သူငယ်ချင်းပုံစံ Comment တွေပေးပါလိမ့်မယ်။ ဒါပေမယ့် ချစ်တို့၊ သဲတို့၊ အရမ်းလှတာပဲလို့ပြောနေပေမယ့် ရင်ထဲကမပါတဲ့ စကားတွေပါ။ အရှေ့မှာတော့ အဲ့လိုချီးမွမ်းစကားတွေပြောနေပေမယ့် အတွင်းစိတ်ထဲမှာတော့ သင့်ရဲ့ကောင်းကျိုးကို မလိုလားကြပါဘူး။


လိုက် Stalk နေမယ်
J ဝင်နေသူတွေကသူတို့အကြောင်းထက်တောင် သင့်အကြောင်းကို ပိုစိတ်ဝင်စားနေတတ်ပါတယ်။ Profile တွေ၊ My Day တွေကိုမကြာခဏဝင် Stalk တယ်။ တစ်နေ့တစ်နေ့သင်ဘယ်တွေသွားတယ်၊ ဘာတွေလုပ်တယ်၊ ဘယ်သူတွေနဲ့တွေ့တယ်တွေကအစအရမ်းသိချင်ကြတယ်။ သင်တစ်ခုခုအောင်မြင်နေတာတွေတွေ့ရင်လည်းစိတ်ထဲမှာ နေမထိထိုင်မသာနဲ့ မကျေမနပ်ဖြစ်နေတတ်တယ်။

ပြိုင်ဆိုင်စိတ်ပြင်းထန်မယ်
Jealousy စိတ်ရှိတဲ့သူတွေက သင်နဲ့ အရာရာမှာနှိုင်းယှဉ်ပြီး ပြိုင်ဆိုင်နေတဲ့သူတွေပါ။ သင်ဘယ်လိုဝတ်စားတယ်၊ ဘယ်လိုနေတယ်ထိုင်တယ်ဆိုတာ၊ ဘယ်လို အလုပ်တွေလုပ်နေလဲ စသည်ဖြင့် အရာရာမှာ သင့်ထက်သာအောင် ကျိတ်ပြိုင်နေလေ့ရှိပါတယ်။ သူတို့စိတ်ထဲမှာ သင်သူ့ထက်သာနေတာမြင်ရင်စိတ်ထဲမှာ နေမထိထိုင်မသာတွေဖြစ်နေတတ်ပါတယ်။


သင့်ကို Copy လုပ်မယ်
သင့်ကို မနာလိုသူတွေက သူတို့မသိစိတ်ထဲမှာ သင့်ကိုကျိတ်ပြိုင်နေသူ၊ သင့်ထက်သာချင်နေသူမို့ သင့်နေပုံထိုင်ပုံ Style တွေကိုလိုက်အတုခိုးကြတယ်။ Duplicate လိုက်လုပ်ကြတယ်။ ဒီလိုအကုန်လိုက်အတုခိုးပြီးတော့လည်း အများရဲ့ Attention ကိုရအောင်းကြိုးစားလေ့ရှိကြတယ်။


သင့်အကြောင်း သူတစ်ပါးကို Spoil လုပ်မယ်
ကိုယ်ကတော့သူကို သူငယ်ချင်းကောင်းလို ယုံကြည်လို့ကိုယ့်အကြောင်းတွေ၊ Personality တွေပြောပြပေမယ့်သူတို့ကဒီအချက်ကို အခွင့်ကောင်းယူပြီး တစ်ခြားသူတွေနဲ့တွေ့တဲ့အခါ သွားပုပ်လေလွင့်ဝေဖန်ပြောဆိုတတ်ကြတယ်။ Spoil တတ်ကြတယ်။ သင့်မကောင်းကြောင်းတွေကို တစ်စိတ်ကိုတစ်အိတ်လုပ်ပြောတတ်ကြတယ်။ အဲ့ဒါကြောင့် တတ်နိုင်သလောက်အယုံမလွယ်ဖို့ သတိထားနော်။


သင်အခက်အခဲဖြစ်တဲ့အခါ ကျိတ်ပျော်နေမယ်
Jealousy ဝင်နေတဲ့ မိတ်ဆွေတုတွေက တကယ်တမ်း သင်အခက်အခဲကြုံတဲ့အခါ မကူညီပဲ ရှောင်ပုန်းနေတတ်ကြသလို သင့်ရဲ့ ကျရှုံးချိန်တွေမှာလည်း အတွင်းစိတ်မှာ ဝမ်းသာနေတတ်ပါတယ်။ အစပိုင်းမှာတော့သူငယ်ချင်းကောင်းလိုရှိနေပေမယ့် သင်တကယ်လိုအပ်တဲ့အချိန်မှာတော့ အသံတောင်ကြားရတော့မှာမဟုတ်ပါဘူး။

, , ,

Opinions

အဆင့်အတန်းရှိရှိ ဘယ်လိုရန်ဖြစ်မလဲ။

ရန်ဖြစ်လို့ ဖြစ်နေမှန်းမသိရအောင်။

by JN Ja Seng Pan

September 15, 2020

စကားများရန်ဖြစ်ရတာက တော်တော့်ကို စိတ်ညစ်စရာကောင်းတဲ့အလုပ်ပါ။ စကားများရင် ကိုယ်က အော်ဟစ်သောင်းကျန်းတတ်တဲ့သူ တစ်ယောက်လား။ ဒီလိုဆိုရင်တော့ နောက်ဆက်တွဲအနေနဲ့ မလိုလားအပ်တဲ့ ဆိုးကျိူးတွေ ဖြစ်လာနိုင်ပါတယ်။ စကားများရန်ဖြစ်ပြီဆိုတာနဲ့ လူတိုင်းကတော့ အနိုင်လိုချင်ကြသူတွေကြီးပါပဲ။ တစ်ဖက်လူကို မှန်မှန်၊ မှားမှား ကျိူးကြောင်းဆီလျော်စွာ ရှင်းပြပြောဆိုနိုင်ဖို့တော့ လိုအပ်ပါတယ်။ ဒါမှသာ ပြဿနာတစ်ခုကို အလွယ်တကူနဲ့ ဖြေရှင်းပြီးစီးနိုင်မှာပါ။

သမီးရည်းစားဖြစ်ဖြစ်၊ သူငယ်ချင်းနဲ့ပဲဖြစ်ဖြစ် ရုံးတွင်း အငြင်းပွားစရာကိစ္စတွေဖြစ်လာရင် အော်ကြီးဟစ်ကြယ် စကားများတာ ကိုယ့်ကို Impression ကျစေပြီး ရုပ်ဆိုးအကျဉ်းထန်စေပါတယ်။ အေးအေးလူလူနဲ့ စနစ်တကျ ပြန်လည် တုံ့ပြန်ပြီး တစ်ဖက်လူကို အနိုင်ယူတာက ပိုမကောင်းဘူးလား။ ဒါကြောင့် အဆင့်အတန်းရှိရှိ ရန်ဖြစ်နိုင်ဖို့ နည်းလမ်းလေးတွေကို မျှဝေပေးလိုက်ရပါတယ်။ စတိုင်ကျကျနဲ့ ချေမိုးလိုက်ရအောင်နော်။

နားထောင်ပါ။
ကိုယ်က စပြောတာဟုတ်ပြီ။ ကိုယ်ဘက်ကကြီးပဲ တစ်ဖက်လူကို အလှည့်မပေးပဲ ပြောတာကတော့ အဆင်မပြေနိုင်ပါဘူး။ ပြဿနာဖြစ်ရခြင်းရဲ့ အကြောင်းအရာကို သူ့ဘက်၊ ကိုယ့်ဘက် နားထောင်ပြီးမှသာ ဆင်ခြင်သုံးသပ်ဖို့ လိုပါတယ်။ မဟုတ်ရင်တော့ ပိုပြီး တင်းမာတဲ့ အခြေအနေကိုသာ ဖန်တီးနေသလို ဖြစ်နေမှာပါ။


လေးစားမှုပြပါ။
ကိုယ်ကမှန်တယ်ဆိုပြီး တစ်ဖက်လူကို မလေးမစားပြုလုပ်တာရှောင်ပါ။ စကားများတဲ့အချိန် အော်ဟစ်လိုက်တာ၊ ရွဲ့ပြလိုက်တာစတဲ့ ရုပ်ဆိုးတဲ့ အပြုအမှုကို တတ်နိုင်သမျှ ထိန်းကြည့်ပါ။ “အသုံးမကျလိုက်တာ” အစား “ငါတော့ သဘောမတူဘူး..ဘာလို့လဲ” ဆိုတော့ စတဲ့ အပြုသဘောဆောင်တဲ့ အသုံးအနှုန်းကို ရွေးချယ်ပါ။

Don’t make it Personal
ပြဿနာပြီးသွားရင်လည်း ပြီးသွားတဲ့အတိုင်း စိတ်ကို ရှင်းရှင်းးထားပါ။ ကိုယ်က မှားခဲ့ရင်လည်း စိတ်ရှင်းရှင်းနဲ့ တောင်းပန်ပြီး မှန်နေရင်တောင် တစ်ဖက်လူကို လက်ခံကြောင်း ပြပါ။ တွေးမိတိုင်း စဉ်းစားပြီး တစ်ဖက်လူကို အခဲမကျေဖြစ်တာကို လျော့ပါ။ မဟုတ်ရင် မခေါ်မပြောနိုင်ဖြစ်ပြီး နောက်တစ်ချိန် ပြန်လည် ပြောဆိုဆက်ဆံတဲ့အခါမှာလည်း အရင်ကအကြောင်းတွေနဲ့ ရောထွေးပြီး ပြဿနာပိုရှုပ်စေနိုင်ပါတယ်။


တည်ငြိမ်ပါ။
ပညာရှိတဲ့သူတွေ စကားများရတဲ့အချိန်ဆို ကြည့်နေတဲ့သူတောင် ပညာရတာ ကြုံဖူးကြမှာပါ။ တည်တည်ငြိမ်ငြိမ်နဲ့ လိုအပ်တဲ့အချက်တွေကိုသာ ပြောဆိုဖို့ လိုအပ်ပါတယ်။ ဒေါသဖြစ်နေပါတယ်ဆိုမှ ဘယ်လို စိတ်ကို ငြိမ်အောင် ထားရမလဲ ဆိုပြီး ပြောစရာတော့ရှိပါတယ်။ ဒါပေမယ့် သင်ကိုယ်တိုင်က ရင့်ကျက်မှုကို ပြပြီး စကားဝိုင်းကို ဦးဆောင်ဖို့ လိုပါတယ်။ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့ စကားများရင်တောင်မှပေါ့။


အပြစ်ပုံချတာ

စကားများလို့ရှိရင် You ဆိုတဲ့ စကားနဲ့ တစ်ဖက်လူကို ထိုးနှက်တာက ပိုပြီး ပြင်းထန်ပြီး ခံရခက်စေပါတယ်။ “နင်လုပ်လို့ဖြစ်တာ”၊ “နင်ကြောင့်” လို့ ပြောမယ့်အစား “ငါလည်း မှားသွားတယ်”၊ “ငါတို့ ဒီလိုဆိုရင် မကောင်းဘူးလား” စတဲ့ ငါ ဆိုတဲ့ နာမ်စားကို ပိုသုံးပါ။
ကိုယ့်ဘက်က ဆန္ဒကို ဖော်ထုတ်ပြသရာရောက်ပြီး ဒီလို အသုံးအနှုန်း အသုံးပြုလိုက်တာက မထင်မှတ်ထားတဲ့ ကောင်းသောပြောင်းလဲမှုကို ဖြစ်စေမှာပါ။

, ,

Opinions

ဘိုင်ပြတ်နေချိန်မှာရှောင်သင့်တဲ့အရာများ

မလိုအပ်ပဲ မဖြုန်းမိဖို့အရမ်းအရေးကြီးပါတယ်

by Randy Win

September 13, 2020

လူတစ်ယောက်ဟာ အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် ရုတ်တရက်ကြီး လက်ထဲပိုက်ဆံပြတ်လုဆဲဆဲအခြေအနေမျိုးတွေကို အမှတ်မထင် ကြုံတွေ့ရတာမျိုးဖြစ်တတ်ပါတယ်။ အထူးသဖြင့် အခုလို Crisis အခြေအနေမျိုးမှာ ဘိုင်ပြတ်တဲ့အခြေအနေမျိုးတွေနဲ့ ကြုံရဖို့ပိုများတာကြောင့် အရေး‌အကြောင်းလက်ထဲမှာသုံးစရာကျန်အောင် အသုံးစရိတ်ကို အတတ်နိုင်ဆုံး ချွေတာသင့်ပါတယ်။ ဒါကြောင့်မို့ မလိုအပ်တဲ့သုံးစွဲမှူလေးတွေကိုလျှော့ချပြီး လိုအပ်တဲ့အချိန်မှာသုံးစရာချန်ထားနိုင်အောင် ကိုယ်ဂရုမထားမိပဲသုံးမိတတ်တဲ့ အသုံးစားရိတ်လေးတွေကို သတိထားနိုင်ဖို့အတွက် စုစည်းဖော်ပြပေးလိုက်ပါတယ်။
 
Online Shopping
မလိုအပ်ပဲ အွန်လိုင်းShopတွေက အများကြီးကြိုတင်ပြီး စွတ်မှာထားတာမျိုးမလုပ်မိဖို့အရမ်းအရေးကြီးပါတယ်။ ကိုယ်ပိုက်ဆံပြတ်ခါနီးမှ မှာထားသမျှပစ္စည်းတွေရောက်လာတဲ့အခါမှာ မျက်နှာပျက်စရာလည်းဖြစ်နိုင်သလို အရှက်လည်းကွဲနိုင်ပါတယ်။
 
သွားရည်စာ
ပိုက်ဆံနည်းနေပြီဆိုရင် သွားရည်စာစားတာမျိုးကိုလုံး၀လျှော့ချသင့်ပါတယ်။ ပါးစပ်အရသာခံရုံ သွားရည်စာလေးတွေအတွက်ကုန်ကျသွားမယ့်ကုန်ကျစားရိတ်ကြောင့် ဗိုက်ပြည့်မယ့်အစားအသောက်အတွက်သုံးဖို့မကျန်တော့တာမျိုးအဖြစ်မခံပါနဲ့။
 
ထီထိုးခြင်း
ပိုက်ဆံပြတ်ခါနီးဆို လူအများစုက မျှော်လင့်တကြီးနဲ့ ထီထိုးကံစမ်းတာမျိုးလုပ်တတ်ကြပါတယ်။ ဒါက မှားတော့မမှားပေမယ့် မှန်တဲ့အရာတစ်ခုတော့လုံး၀မဟုတ်ပါဘူး။ ကံစမ်းတယ်ဆိုတာဟာ 100 မှာ 5 ရာခိုင်နှုန်းလောက်သာအခွင့်အလမ်းရှိတဲ့အရာမျိုးဖြစ်ပြီး ကိုယ့်အိတ်ထဲကပါသွားဖို့သာ ရာခိုင်နှုန်းပိုများတဲ့အရာမျိုးဖြစ်နေတာပါပဲ။
 
Beauty Salon
သာမာန် ခေါင်းလျှော်တာ ၊ လက်သည်းခြေသည်းဆေး‌ဆိုးတာလောက်ကို အိမ်မှာပြုလုပ်လို့ရရဲ့သားနဲ့ Beauty Salon တွေသွားလုပ်တာမျိုးမလုပ်သင့်ပါဘူး။ ဒါဟာလည်း မလိုအပ်ပဲပိုက်ဆံဖြုန်းတီးတဲ့အထဲမှာပါနေပါတယ်။ကိုယ့်လက်ထဲ ပိုက်ဆံဖောဖောသီသီ ရှိနေတဲ့အချိန်မှာ ဇိမ်ခံတဲ့အနေနဲ့ရော ကျွမ်းကျင်သူတွေရဲ့ Serviceကိုလိုချင်တာကြောင့်ရော Beauty Salon မှာ ခေါင်းလျှော် ၊ဆေး‌ဆိုးတာမျိုးက မမှားပေမယ့် ဘိုင်ပြတ်ခါနီးအချိန်မျိုးမှာတော့ ဒီကိစ္စလေးတွေကို အတတ်နိုင်‌ဆုံး အိမ်မှာသာ ပြုလုပ်သင့်ပါတယ်နော်။
 

အပန်းဖြေ

ရုပ်ရှင်ကြည့်တာ ၊ အပြင်လျှောက်လည်တာ ၊ ဘား ၊ ကော်ဖီဆိုင်ထိုင်တာ စတဲ့ အပန်းဖြေခြင်းမျိုးတွေဟာလည်း ပိုက်ဆံပြတ်နေတဲ့အချိန်မျိုးမှာ ခဏလောက်အောင့်အည်းသည်းခံပြီး ဖြတ်ထားသင့်တဲ့အရာတွေဖြစ်ပါတယ်။ အဲဒီအစား ပိုက်ဆံမကုန်တဲ့အပန်းဖြေခြင်းမျိုးတွေဖြစ်တဲ့ သီချင်းနားထောင်တာ ၊စာဖတ်တာ ၊ အွန်လိုင်း ဒါမှမဟုတ် Free ရုပ်သံလိုင်းတွေကလာတဲ့ဖျာ်ဖြေရေးအစီအစဉ်တွေကြည့်တာနဲ့ ဂိမ်းဆော့တာလိုမျိုးတွေကိုသာ အဓိကဦးစားပေးရွေးချယ်သင့်တယ်ဆိုတာ အကြံပြုပါရစေ။

 
Photo Credit to the Rightful Owners
, , , , ,

Opinions

ဆွဲဆောင်အားကောင်းတဲ့ ကောင်လေးတွေရဲ့လျှို့ဝှက်ချက်

ဒီထဲမှာ ကိုယ်နဲ့ဘယ်နှချက်တူလဲ

by Randy Win

September 12, 2020


ယောက်ျားလေးအများစုဟာ ဆန့်ကျင်ဘက်လိင်ဖြစ်တဲ့ မိန်းမသားတွေအပေါ်မှာ ဆွဲဆောင်မှူအားကောင်းစေဖို့ နည်းလမ်းအမျိုးမျိုးနဲ့ကြိုးစားကြပါတယ်။ တချို့ကပညာထူးချွန်မှူနဲ့ တချို့ကရုပ်ရည်နဲ့ တချို့ကခန္ဓာကိုယ်အလှနဲ့ တချို့ကငွေကြေးချမ်းသာမှူနဲ့စသဖြင့်ပေါ့။ ဒါပေမဲ့ လူတစ်ကိုယ်အကြိုက်တမျိုးဆိုသလို ကိုယ်ကြိုးစားရယူထားတဲ့အရာတစ်ခုဟာ ကိုယ်နှစ်သက်တဲ့မိန်းကလေးတစ်ယောက်အပေါ် အမှန်တကယ်သက်ရောက်မှူရှိရဲ့လားဆိုတာကတော့ မေးခွန်းထုတ်စရာဖြစ်သွားပါပြီ။ တကယ်လို့ ကိုယ့်ရဲ့ကြိုးစားမှူဟာ သူတကယ်လိုအပ်နေတဲ့အရာမဟုတ်ဘူးဆိုရင် အဲဒီမိန်းကလေးနဲ့နီးစပ်နိုင်ဖို့ အရမ်းကိုအလှမ်းဝေးသွားပြီမဟုတ်လား။ ဒါကြောင့်မို့ ခုဖော်ပြမယ့်အချက်လေးတွေကတော့ မိန်းကလေးတွေအများစုနှစ်သက်နိုင်လောက်တဲ့ ဘုံဆန်တဲ့အချက်ကလေးတွေဖြစ်တာမို့ ဒီအချက်ကလေးတွေထဲကဘယ်အချက်ကိုများကိုယ်ကပိုင်ဆိုင်ထားပြီးပြီလဲဆိုတာနဲ့ ဘယ်အချက်တွေထပ်ပြီးရှိလာဦးမယ်ဆိုရင် ခုထက်ပိုပြီးဆွဲဆောင်အားကောင်းလာနိုင်သေးလဲဆိုတာကို သိရဖို့ တိမ်မြုပ်နေနိုင်သေးတဲ့ဆွဲဆောင်အားတွေကို တချက်ရှာဖွေကြည့်လိုက်ရအောင်နော်။


ဟာသဉာဏ်


တချို့ယောက်ျားလေးတွေမှာ မွေးရာပါ ပင်ကိုယ်ဗီဇကိုက ဟာဉာဏ်လေးတွေပါလာတတ်ကြပါတယ် ။ တချို့ကလည်း လူတစ်ယောက်ကို ဘယ်လို ပြုံးအောင်လုပ်နိုင်မလဲဆိုတာကို စာအုပ်စာပေတွေများများဖတ်ရှူခြင်းဖြင့်ဖန်တီးယူကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဟာသဉာဏ်ဆိုတာ တော်တော်လေးကို ထိရောက်အားကောင်းတဲ့ ဆွဲဆောင်မှူတစ်ခုပါ။ အထူးသဖြင့် ဒီလိုဟာသဉာဏ်ပိုင်ဆိုင်ထားတဲ့ယောက်ျားလေးတွေဟာ မိန်းကလေးတွေအနေနဲ့ကြည့်ရင် သူတို့ အနှစ်သက်ဆုံးလက်ဝတ်ရတနာတစ်ခုကိုမြင်နေရသလိုပါပဲတဲ့ ။ မရယ်ရတဲ့ဟာသတွေပြောပြီး ငပေါကြီးတော့မဖြစ်စေနဲ့ပေါ့။


အနံ့အသက်ကောင်းခြင်း


အနံ့ဆိုးတဲ့ပန်းတစ်ပွင့်ကို ဘယ်သူမှ မခူးချင်ကြသလို ကိုယ်နံ့ ၊ ချွေးနံ့ ၊ခံတွင်းနံ့ နံဟောင်နေတဲ့လူတစ်ယောက်အနား ဘယ်သူမှတော်ရုံတန်ရုံကပ်ချင်ကြမှာမဟုတ်ပါဘူး။ မွှေးပျံ့တဲ့ကိုယ်နံ့ရှိတာဟာလည်း ဆန့်ကျင်ဘက်လိင်ကိုဆွဲဆောင်နိုင်တဲ့ လျှို့ဝှက်ချက်တွေထဲကတစ်ခုလို့ဆိုရမှာပါ။ ဒါကြောင့်မို့ အမြင်ပိုင်းလေးသန့်ပြန့်နေရုံနဲ့မပြီးပဲ တစ်ကိုယ်ရည်သန့်ရှင်းရေးကိုပါ အထူးဂရုစိုက်သင့်တဲ့အပြင် ရေမွှေးကောင်းကောင်းတစ်လုံးဝယ်ဖို့ကိုလည်း ဘယ်တော့မှမနှမြောသင့်ပါဘူး။ဆွဲဆောင်အားပြည့်ဝတဲ့ရနံ့တစ်ခုဟာ လူတစ်ယောက်ရဲ့ စိတ်ကိုအတိုင်းအတာတစ်ခုအထိလှည့်စားနိုင်တယ်ဆိုတဲ့ အချက်ကိုသိထားသင့်ပါတယ်။

စမတ်ကျခြင်း


တောင်းမှာအကွပ်လူမှာအဝတ်ဆိုသလို အဝတ်အစားကို ကျကျနန သားသားနားနားနဲ့ ဖက်ရှင်ကျကျဝတ်တတ်တဲ့သူတစ်ယောက်ကို မိန်းကလေးတော်တော်များများသဘောကျကြပါတယ်။ ပေတိပေစုတ်နဲ့ဖြစ်သလိုဝတ်ထားတဲ့သူတစ်ယောက်ဟာ ဘယ်လောက်ပဲ ချောမော ကြည့်ကောင်းနေပါစေ စမတ်ကျကျကျော့မော့နေအောင်ဝတ်ထားတဲ့သူတစ်ယောက်နဲ့ ယှဉ်လာရင် နောက်ရောက်သွားနိုင်ပါတယ်။ ဈေးကြီးသည်ဖြစ်စေ ဈေးပေါသည်ဖြစ်စေ သပ်သပ်ရပ်ရပ် စမတ်ကျအောင်ဝတ်ဆင်ထားတဲ့ အဝတ်အစားတစ်စုံရဲ့အရှိန်အဝါဟာလည်း လူတစ်ယောက်ကို အနေအထားတစ်ခုထိတွန်းပို့ပေးနိုင်တာမို့ အဝတ်အစားကိုဖက်ရှင်ကျကျဝတ်စားဖို့ ဘယ်တော့မှမငြင်းဆန်ပါနဲ့။


ထက်မြက်ခြင်း


ထက်မြက်ပြီး ဉာဏ်ရွှင်တဲ့ကောင်လေးတွေတော်တော်များများကလည်း မိန်းကလေးတွေရဲ့ကြိုတင်မက်ထားတဲ့အိပ်မက်တွေထဲမှာ ထိပ်ဆုံးကပါတတ်ကြပါတယ်။ အကြောင်းကိစ္စ၊ ပြသနာအရပ်ရပ်တိုင်းကို ရှေ့ဆုံးကဦးဆောင်ပြီး အမှားအယွင်းနည်းနည်းနဲ့ ထက်ထက်မြက်မြက် စီစဉ်ဆောင်ရွက်နိုင်တဲ့ သူမျိုး၊ ဦးဆောင်နိုင်တဲ့သူမျိုးကို မိန်းကလေးအများစုကကြွေကြပါတယ်။ အထူးသဖြင့် သူတို့အတွက် ရှေ့ကဦးဆောင်တာမျိုးမဟုတ်ရင်တောင် သူတို့နဲ့အတူရင်ဘောင်တန်းလျှောက်နိုင်မယ့် ယောက်ျားလေးမျိုးပေါ့။ သူတို့နောက်မှာကျန်နေခဲ့မယ့်ယောက်ျားသားမျိုးကိုတော့ ဘယ်မိန်းကလေးမှ တော်ရုံမရွေးချယ်ချင်ကြပါဘူး။

နွေးထွေးမှူ

ပြသနာတစ်ခုခုကြုံလာတဲ့အခါ အကောင်းဆုံး ဖြေသိမ့်ပေးနိုင်တဲ့သူ ၊ ကူညီဖြေရှင်းပေးနိုင်မယ့်သူ ၊ နွေးထွေးမှူပေးနိုင်တဲ့သူမျိုးကိုလည်း မိန်းကလေးတွေ သဘောကျနှစ်သက်ကြပါတယ်။ မိန်းကလေးအများစုဟာ ပြသနာတစ်ခုခုကြုံလာတိုင်း ၊စိတ်ပျက်အားငယ်လာတိုင်း ရင်ဖွင့်လို့ရမယ့်သူတစ်ယောက်၊ ဒါမှမဟုတ် စိတ်သက်သာမှူကိုပေးစွမ်းနိုင်တဲ့စကားသံတွေကိုမျှော်လင့်တတ်ကြပါတယ်။ သနားကြင်နာတတ်ပြီး နွေးထွေးတဲ့ နှလုံးသားပိုင်ရှင်တွေဟာ ၇၀ ရာခိုင်နှုန်းသော မိန်းကလေးတွေရဲ့ အိပ်မက်ထဲကမင်းသားလေးတွေပါပဲတဲ့။

အရေးကြီးဆုံးအချက်


နောက်ဆုံးတစ်ချက်ကတော့ အဓိကကျပြီး အရေးအကြီးဆုံးလို့ဆိုနိုင်ပါတယ် ။ ဒီအချက်တစ်ချက်တည်းကိုပိုင်ဆိုင်ထားတာနဲ့တင် တော်တော်လေး ထိရောက်တဲ့ဆွဲဆောင်အားကို အတိအကျပိုင်ဆိုင်နိုင်မှာပါ။ မိန်းကလေးတော်တော်များများ ဘယ်လိုမှမငြင်းနိုင်လောက်တဲ့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်ဖို့ ဒီတစ်ချက်နဲ့တင်ကောင်းကောင်းလုံလောက်ပါတယ်။ အဲဒါကတော့ အပေါ်ကအချက်တွေအားလုံးပိုင်ဆိုင်ထားတဲ့ လူချောလေးတစ်ယောက်ဖြစ်နေဖို့ပါပဲတဲ့။

Photo Credit To The Rightful Owners

, , , ,

Opinions

This is our home, Not just yours

လူသားတွေမေ့နေတာတစ်ခုက ကမ္ဘာမြေကြီးဆိုတာကလည်း ကိုယ်နေထိုင်နေတဲ့ အိမ်ကြီးတစ်လုံးဖြစ်တယ် ဆိုတာပါ

by JN Ja Seng Pan

September 7, 2020

ကိုယ်နေတဲ့ ကိုယ့်အိမ်လေး သန့်ရှင်းဖို့အတွက်နဲ့ အမှိုက်တွေကို ထုတ်ပိုးပြီး အိမ်အပြင်ကို စွန့်ပစ်ကြတယ်။
လူသားတွေမေ့နေတာတစ်ခုက ကမ္ဘာမြေကြီးဆိုတာကလည်း ကိုယ်နေထိုင်နေတဲ့ အိမ်ကြီးတစ်လုံးဖြစ်တယ် ဆိုတာပါပဲ။



ကိုယ်နေထိုင်တဲ့ ကိုယ့်အိမ်ထဲက အမှိုက်ကို စနစ်တကျ စွန့်ပစ်တတ်ကြပေမယ့် ကိုယ်အမှီသဟဲပြုနေတဲ့ ကမ္ဘာကြီးပေါ်က အမှိုက်တွေကိုရော စနစ်တကျ စွန့်ပစ်နေကြရဲ့လား၊
ကိုယ့်အိမ်က ပစ်လိုက်တဲ့ အမှိုက်ထုပ်ကို သက်ဆိုင်ရာ စည်ပင်သာယာရေးအဖွဲ့တွေက လာသိမ်းထုတ်သွားကြပေမယ့် အဲ္လီ့ အမှိုက်ထုပ်တွေဟာ ကမ္ဘာကြီးရဲ့ ဘယ်အရပ်ေ္လသမှာ သွားစုမလဲဆိုတာရော တွေးမိကြရဲ့လား..



အလွယ်တကူ ပစ်လိုက်တဲ့ အမှိုက်တွေကြောင့် ကမ္ဘာကြီး အနံ့အသက်တွေထွက်နေပြီ။
တိုးတက်မှုတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့် ကမ္ဘာကြီး ကျန်းမာရေးချို့တဲ့နေပြီ။

ရန်ကုန်တစ်မြို့တည်းရဲ့ အမှိုက်ထွက်တဲ့နှုန်းဟာ တစ်ရက်ကို တန် (၂၅၀ဝ) လောက် ထွက်တယ်လို့ ဆိုပါတယ်။ ‘ါဟာ ဆင်ကောင်ရေ (၆၄၀) နီးပါးလောက်ရှိပါသတဲ့။ ‘ီလောက်များပြားလှတဲ့ အမှိုက်တွေကို စနစ်တကျမှ စွန့်ပစ်နိုင်ဖို့မလုပ်ဘူးဆိုရင် အနာဂတ်မှာ ဘာတွေဖြစ်လာနိုင်မလဲ..

အမိုးမလုံတဲ့အိမ်က ဘယ်လိုမှ မလုံခြုံနိုင်ပါဘူး။
နွေးထွေးလုံခြုံတဲ့ အသိုက်အမြုံတစ်ခုရဖို့ဆိုရင် သိပ်နောက်မကျသေးခင်မှာ အမိုးတွေကို ဖာထေးကြဖို့ လိုပါတယ်။

ကမ္ဘာကြီးရဲ့ ကျန်းမာဖို့... ရေရှည် ရပ်တည်နိုင်ဖို့.. သာယာလှပဖို့ တစ်စုံတစ်ယောက်မှာသာ တာဝန်ရှိခဲ့မယ်ဆိုရင်..
အဲ္လီ့တစ်စုံတစ်ယောက်က သင်ကိုယ်တိုင်ဖြစ်ပါလိမ့်မယ်။


Opinions

အရောင်တွေကပြောတဲ့ စိတ်နေသဘောထားများ

အရောင်တွေနဲ့ စိတ်ကိုခန့်မှန်းကြမယ်

by Randy Win

September 3, 2020

                လူတစ်ယောက်နဲ့တစ်ယောက် အကြိုက်ချင်းလည်းမတူနိုင်သလို စိတ်နေစိတ်ထား သဘောသဘာဝချင်းလည်းမတူနိုင်ပါဘူး။ ဒါပေမဲ့ လူတစ်ယောက်ချင်းစီဟာ သူတို့ရဲ့ အတွင်းစိတ်သဘောအပေါ်မူတည်ပြီး အကြိုက်တွေကွဲပြားနိုင်တယ်ဆိုတဲ့အချက်ကိုတော့ လက်ခံရပါမယ်။ ဒီလိုပဲ အတွင်းစိတ်ရဲ့ လှုံ့ဆော်မှူအပေါ်မှာမူတည်ပြီး အရောင်တွေအပေါ်နှစ်သက်မှူတွေကလည်း ကွဲပြားသွားနိုင်တာမို့ အရောင်တွေဟာ လူတစ်ဦးစီရဲ့ အတွင်းစိတ်ကို ရာခိုင်နှုန်းတစ်ခုအထိ အတော်အသင့်ဖော်ပြနေတယ်ဆိုတဲ့အချက်ကို လက်ခံရမှာပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ လူတစ်ယောက်ဟာ ဘယ်အရောင်ကိုကြိုက်နှစ်သက်တယ်ဆိုတဲ့အပေါ်မူတည်ပြီး သူ့ရဲ့စိတ်နေသဘောထားကို အကြမ်းမျဉ်းခန့်မှန်းနိုင်တာမို့ သင်ကိုယ်တိုင် ဒါမှမဟုတ် သင့်ရဲ့ချစ်ခင်သူ၊အသိမိတ်ဆွေတစ်ယောက်ယောက်ကရော ဘယ်လိုစိတ်သဘောမျိုးရှိတယ်ဆိုတာကို သိနိုင်ဖို့အတွက် ဘာအရောင်ကြိုက်လဲဆိုတဲ့မေးခွန်းလေးတွေကိုဖြေပြီး စိတ်နေစိတ်ထားလေးတွေကိုခန့်မှန်းကြည့်လိုက်ကြရအောင်။

အဖြူရောင်


အဖြူရောင်ဟာ သန့်ရှင်းစင်ကြယ်မှူသဘောကိုဆောင်တယ်လို့ အတော်များများကအကြမ်းမျဉ်းလက်ခံထားကြပါတယ်။ တကယ်တမ်းတော့ အဖြူရောင်နှစ်သက်သူတွေရဲ့သဘောသဘာဝကအဲဒီထက်ပိုပါတယ်။ အလုပ်တစ်ခုကို အစီအစဉ်တကျလုပ်ဆောင်တတ်ပြီး အချုပ်အနှောင်ကင်းမဲ့တဲ့ လွတ်လပ်ခြင်းကိုနှစ်သက်ပါတယ်။ ပြသနာအရပ်ရပ်ကို အလွယ်တကူကျော်ဖြတ်နိုင်တဲ့ အစွမ်းမျိုးကိုပိုင်ဆိုင်ထားသူတွေပါ။

အနက်ရောင်


လွှမ်းမိုးနိုင်စွမ်းနဲ့ ခွန်အားကြီးခြင်းရဲ့ သဘောကိုဆောင်တဲ့ ဒီအရောင်ကိုနှစ်သက်ကြတဲ့သူတွေဟာ တခါတရံမှာတော့ အနုပညာဆန်ပြီး ကိုယ်ချင်းစာစိတ်ပြည့်ဝတဲ့သူတွေဖြစ်ကြပါတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့စိတ်ခံစားချက်တွေကိုတော့ တစ်ခြားသူကို တော်ရုံထုတ်ဖော်မပြောတတ်ကြပါဘူး။

ခဲရောင်


အဖြူနဲ့အနက်ကို ရောစပ်လိုက်ရင်ဖြစ်ပေါ်လာမယ့်အရောင်တစ်ခုဖြစ်တဲ့ ခဲရောင်ကို နှစ်သက်ကြသူတွေဟာ အများအားဖြင့် အရမ်းကို စိတ်ထားပြည့်ဝပြီး ယုံကြည်ရတဲ့သူတွေလို့သတ်မှတ်လို့ရပါတယ်။ အတိုချုပ် ပြောရရင်တော့ ငြိမ်းချမ်းမှူကိုအထူးလိုလားတဲ့သူတွေပါ။

အနီရောင်


ဆုံးဖြတ်ချက်ပြတ်သားပြီး ကိုယ့်ကိုကိုယ်ကောင်းကောင်းထိန်းကျောင်းနိုင်စွမ်းရှိတဲ့သူတွေပါ။ အမြဲတမ်း တက်ကြွနေပြီး ဖြစ်လာသမျှပြသနာတွေကို ရင်ဆိုင်ဖြေရှင်းဖို့ အသင့်ရှိနေတတ်တဲ့သူမျိုးတွေလို့လည်း သတ်မှတ်လို့ရပါတယ်။ ရုပ်ပိုင်းဆိုင်ရာပြုပြင်မှူနဲ့ အားကစားလေ့လာလိုက်စားရတာကို အရမ်းကိုနှစ်သက်တတ်ကြသူတွေပါ။

ခရမ်းရောင်


စိတ်ခံစားချက်နဲ့ ပတ်သက်လို့ လုံခြုံစိတ်ချမှူကိုပေးစွမ်းနိုင်တဲ့အပြင် ရှာမှရှားတဲ့ နှလုံးလှပိုင်ရှင်တွေလို့ဆိုရပါမယ်။လူသားချင်းစာနာစိတ်အပြည့်ရှိပြီး ကူညီဖို့လိုအပ်နေသူတိုင်းကို အကူအညီပေးနိုင်ဖို့ အမြဲအဆင်သင့်ဖြစ်နေတတ်တဲ့လူစားမျိုးပါ။

ပန်းရောင်


အချစ်ရဲ့သင်္ကေတလို့ဆိုရမယ့် ဒီအရောင်ကိုနှစ်သက်တဲ့သူတွေဟာ အချစ်နဲ့ပတ်သက်လို့ အရမ်းကိုခံစားချက်ပြင်းထန်သူတွေပါ။ ကိုယ့်ရဲ့လက်တွဲဖော်ဆီက ကိုယ့်ရဲ့ကောင်းခြင်းဆိုးခြင်းတွေကို လက်ခံပြီး အဆုံးအစမဲ့ချစ်ပေးနိုင်မယ့် စိတ်ကူးယဉ်ဆန်ဆန်အချစ်မျိုးကို အမြဲမျှော်လင့်နေတတ်သူမျိုးတွေပေါ့။

လိမ္မော်ရောင်


ရှားရှားပါးပါး တော်ရုံလူကြိုက်နည်းတဲ့ ဒီအရောင်ကိုနှစ်သက်ကြသူတွေကတော့ လူတွေနဲ့ရောထွေးနေထိုင်ရတာကိုသဘောကျပြီး အပေါင်းအသင်းဆန့်တဲ့ လူစားမျိုးလို့ဆိုရမှာပါ။ ကိုယ့်ပတ်ဝန်းကျင်က ကိုယ်နဲ့ဆက်နွယ်နေသူတွေဆီက လေးစားမှူနဲ့ ယုံကြည်လက်ခံမှူတွေကို အမြဲလိုလားနေတတ်တဲ့သူမျိုးတွေပါပဲ။

အပြာရောင်


အပြာရောင်ရဲ့ပင်ကိုယ်သဘောတရားအတိုင်းပဲ အေးချမ်းမှူကိုအထူးလိုလားသူတွေဖြစ်ပြီး အမှန်တရားရဲ့ဘက်တော်သားတွေလို့လည်းဆိုနိုင်ပါတယ်။ အမြဲတမ်း တစ်ပါးသူအတွက်နဲ့ သူတို့ရဲ့ လိုအပ်ချက်တွေအတွက် စဉ်းစားပေးနေတတ်တဲ့လူစားမျိုးတွေပါ။

အစိမ်းရောင်


သဘာဝတရားရဲ့ အရောင်တစ်ခုလို့ဆိုလို့ရတဲ့ အစိမ်းရောင်ကို ချစ်မြတ်နိုးတဲ့သူတွေကတော့ ယုံကြည်စိတ်ချရသလို အရမ်းလည်းပွင့်လင်းတဲ့လူစားမျိုးတွေပါ။ ကိုယ့်ရဲ့ ဂုဏ်သိက္ခာတရား ကို အသက်ထက်ပိုပြီးတန်ဖိုးထားတတ်တဲ့သူမျိုးတွေလို့ဆိုရမှာပါပဲ။

အဝါရောင်


ဗဟုသုတအသစ် ၊ပညာရပ်အသစ်တွေကို အမြဲရှာဖွေလေ့လာနေတတ်ပြီး တစ်ခြားသူတွေကို ပြန်လည်မျှဝေပေးရတာကိုနှစ်သက်တတ်တဲ့လူစားမျိုးတွေဖြစ်ပါတယ်။ အများနဲ့မတူ တမူထူးခြားစွာရပ်တည်နေရတာမျိုးကိုမှ သဘောကျတဲ့ ဉာဏ်ကြီးရှင်လေးတွေလို့လည်းဆိုရမှာပါ။

အညိုရောင်


မြေဓာတ်သဘောကိုဆောင်တဲ့ဒီအရောင်ကို နှစ်သက်တဲ့သူတွေကတော့ တစ်စုံတစ်ဦးရဲ့ မိတ်ဆွေကောင်းတစ်ယောက်အဖြစ် ကောင်းကောင်းရပ်တည်နိုင်တဲ့စိတ်သဘောထားပိုင်ရှင်တွေဖြစ်ပြီး ယေဘုယျအားဖြင့် တည်ငြိမ် ရိုးရှင်းတဲ့ဘဝမျိုးကိုမှ လိုလားတဲ့သူတွေလို့ဆိုနိုင်ပါတယ်။

 

Photo Credit To The Rightful Owners

 

, , , ,

MODA TV 


Opinions

အွန်လိုင်းပေါ်မှာ ငွေရှာကြမယ်

ဘယ်တစ်ခုကကိုယ်နဲ့အသင့်တော်ဆုံးဖြစ်မလဲ

by Randy Win

September 2, 2020

               Covid -19 ရဲ့ ရိုက်ခတ်မှူတွေကြောင့် ရှိရင်းစွဲအလုပ်အပြင် တခြားကိုယ်ပိုင်လုပ်ငန်းလေးတွေကိုပါ ခြေလှမ်းစတင်ဖို့ကြိုးစားလာကြတဲ့အထဲမှာ တချို့ကလည်း တော်တော်အောင်အောင်မြင်မြင်နဲ့ ခရီးပေါက်နေပြီဖြစ်သလို တချို့ကတော့ ဘယ်ကနေစတင်ပြီးလုပ်ကိုင်ရမယ်၊ ဘယ်လို လုပ်ငန်းမျိုးကို ရွေးချယ်သင့်တယ်ဆိုတာ စဉ်းစားရခက်နေတဲ့ အခြေအနေမျိုးနဲ့ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။ ဒါကြောင့်မို့ ဘယ်လို လုပ်ငန်းမျိုးလေးတွေကတော့ အရမ်းလည်း Heavy မဖြစ်ပဲ စတင်နိုင်မလဲ ၊ ဘယ်လို လုပ်ငန်းမျိုးတွေကတော့ ဝယ်လိုအားများပြီး အောင်မြင်မှူရနိုင်ချေရှိမလဲဆိုတာကို ချင့်ချိန် ရွေးချယ်နိုင်ဖို့အတွက် အောင်မြင်နေကြတဲ့ Online Business လေးတွေထဲကတချို့ကို ရွေးချယ်စုစည်းဖော်ပြပေးလိုက်ပါတယ်။

Food


အစားအသောက်ဆိုတာ လူတော်တော်များများမငြင်းပယ်နိုင်တဲ့ အရာတစ်ခုပါ။ဒါကြောင့်မို့ ကိုယ်ကျွမ်းကျင်ရာ တစ်နိုင်တစ်ပိုင် အစားအသောက်လေးတွေပြုလုပ်ရောင်းချခြင်းဟာလည်း အွန်လိုင်းပေါ်မှာ ငွေရှာရလွယ်တဲ့ အသေးစားစီးပွားရေးလေးတစ်ခုလို့ဆိုရမှာပါပဲ။ Main Dish လေးတွေကစလို့ မုန့်ပဲသွားရည်စာလေးတွေအထိ Packaging လှလှလေးတွေနဲ့ ကိုယ့်စိတ်ကူးအလိုက်ဆွဲဆောင်မှူရှိရှိ ဖန်တီးရောင်းချနိုင်ပါတယ်။ ဒါပေမဲ့ ပုံမှန်ရောင်းကောင်းချင်တယ်ဆိုရင်တော့ စားလို့ကောင်းဖို့နဲ့ စေတနာပါဖို့တော့ လိုတာပေါ့နော်။

Blog ရေးသားခြင်း


ကိုယ်ဝါသနာပါရာအလိုက် သိထားတဲ့ အကြောင်းအရာလေးတွေကို ရေးသား မျှဝေပေးခြင်းဖြင့် Blog ရေးသားခြင်းအလုပ်ကို လုပ်ကိုင်နိုင်ပါတယ်။ Travel , Lifestyle , Beauty အစရှိသဖြင့် ကိုယ် ကျွမ်းကျင်ရာအလိုက် ကိုယ်သိထားတဲ့ ဗဟုသုတလေးတွေကို ပုံမှန်မျှဝေပေးရင်း လူသိများလာတဲ့အပေါ်မူတည်ပြီး Professional ဘက်အထိသွားနိုင်တဲ့ ဒီအလုပ်လေးကလည်း အသေးစားကိုယ်ပိုင်လုပ်ငန်းတစ်ခုအနေနဲ့ ဆောင်ရွက်နိုင်တဲ့ အိမ်တွင်းစီးပွားရေးလေးတစ်ခုပါပဲ။

Online Tutor


ကိုယ်က ပညာတစ်ခုခုကို အမှန်တကယ်ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်တယ်ဆိုရင်တော့ အွန်လိုင်းပေါ်ကနေတဆင့် သင်တန်းလေးတွေပို့ချပေးတာမျိုးပြုလုပ်နိုင်ပါတယ်။ ဘာသာစကား ၊ အိမ်တွင်းမှူ၊ စက်ချုပ် အစရှိသဖြင့် ကိုယ်ကျွမ်းကျင်ရာအလိုက် အွန်လိုင်းကနေတဆင့် သင်ပေးလို့ရပါတယ်။ ခုလို Covid Crisis ကြောင့် အပြင်မထွက်ရတဲ့အချိန်မျိုးမှာ ဒီလိုအွန်လိုင်းသင်တန်းလေးတွေ အများကြီးခေတ်စားလာတာကိုလည်းတွေ့ရမှာပါ။

Handmade


အိမ်မှာနေရင်း စီးပွားရှာနိုင်တဲ့ နောက်ထပ်နည်းလမ်းတစ်ခုကတော့ ကိုယ်ပိုင် Idea လေးတွေနဲ့ လက်မှူပစ္စည်းလေးတွေပြုလုပ်ရောင်းချခြင်းပါပဲ။ သိုးမွှေးအိတ်ကလေးတွေကစလို့၊ Handmade Jewelry လေးတွေအထိ အားလုံးအတွက် အသုံးဝင်မယ့် ပစ္စည်းလေးတွေကို စိတ်ကူးရှိသလို အမျိုးမျိုးဖန်တီးပြုလုပ်ရောင်းချနိုင်ပါတယ်။


Natural Cosmetics

အခုနောက်ပိုင်းမှာ အလှအပမြတ်နိုးသူတွေဟာ Chemical ပါဝင်တဲ့ Cosmetics တွေထက် သဘာဝပစ္စည်းတွေနဲ့ ပေါင်းစပ်ပြုလုပ်ထားတဲ့ အလှပြင်ပစ္စည်းတွေကို ပိုပြီးရွေးချယ်လာကြတာတွေ့ရမှာပါ။ ဒါကြောင့်မို့ အော်ဂဲနစ် Ingredients တွေကိုအသုံးပြုပြီး အလှအပနဲ့ အရေပြားထိန်းသိမ်းရေး ပစ္စည်းတွေကို ထုတ်လုပ်တဲ့ဈေးကွက်ဟာလည်းတွင်ကျယ်လာသလို ဝယ်လိုအားလည်း အတော်အသင့်များပြားလာတာမို့ ဒီလို Organic Skincare Product တွေကို ကိုယ်ပိုင်တံဆိပ်လှလှလေးတွေနဲ့ ဖြန်ဖြူးရောင်းချခြင်းဟာ ရွေးချယ်သင့်တဲ့ တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းတွေထဲကတစ်ခုဖြစ်လာခဲ့ပါတယ်။

Photo Credit To The Rightful Owners

, , , , ,

Opinions

အခုလို စီးပွားရေးကျပ်တည်းနေချိန်မှာ လေ့လာထားသင့်တဲ့ ပညာရပ်များ

ပညာဆိုတာ ယူတတ်ရင်အမြတ်ပဲနော်

by May Shoon

August 27, 2020


၂၀၂၀ ဇန်နဝါရီလလောက်ကနေ အခု စက်တင်ဘာလရောက်တဲ့အထိ တစ်ကမ္ဘာလုံးကို ရိုက်ခတ်လာတဲ့ Covid-19 ကပ်ရောဂါကြောင့် အလုပ်အကိုင်တွေလည်းအရင်ကထက်ပိုပြီး ခက်ခဲလာတယ်။ ရပ်ဆိုင်းလိုက်ရတဲ့ လုပ်ငန်းတွေရှိသလို၊ Work From Home နဲ့ရှေ့ဆက်နေရတဲ့ Business တွေလည်း အများကြီးပေါ်ပေါက်လာတယ်။ ဝန်ထမ်းတွေအနေနဲ့လည်း အလုပ်တွေရပ်နားထားရတာဖြစ်ဖြစ်၊ အိမ်ကနေပဲ အလုပ်လုပ်နေရတာဖြစ်ဖြစ် အနည်းနဲ့အများတော့ Motivation တွေကျတတ်သလို အလုပ်တွေကလည်း အရင်ကာလတွေလို Productive မဖြစ်တာတွေလည်း ကြုံတွေ့ရပါတယ်။
ဒီလိုဖြစ်လာမှတော့ ဖြစ်လာတဲ့ အခြေအနေကို အတတ်နိုင်ဆုံး အကောင်းဘက်ကနေပဲရှုမြင်ကြည့်ရအောင်။
အဲ့ဒါဘာလဲဆိုတော့ အိမ်မှာပဲ သင့်ရဲ့ Skill တွေ၊ Knowledge တွေကို တိုးတက်အောင်လေ့လာသင်ယူထားလို့ရပါတယ်။ အိမ်ကနေလည်း ကိုယ်ပိုင် Business တစ်ခုကိုလည်း စတင်ကြည့်လို့ရပါတယ်။ သင့်ရဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို ပိုပြီးတောက်ပြောင်အောင်လေ့ကျင့်လို့ရပါတယ်။
အခုလို အလုပ်အကိုင်တွေမသေချာတဲ့ အချိန်မှာ ဒီပညာတွေကို သင်ယူထားရင်သင့်အတွက်နောင်တရစေမှာမဟုတ်ပါဘူး။ ကပ်ကြီးပြီးသွားလို့ အလုပ်အကိုင်တွေပြန်လုပ်ကြတဲ့အခါလည်း ပိုပြီး Productive ဖြစ်တဲ့သူတစ်ယောက် ဖြစ်နေမှာသေချာပါတယ်။

ဘာသာရပ်အသစ်တွေကိုသင်ယူပါ
အခုလို Globalization ဖြစ်နေတဲ့ခေတ်ကြီးမှာ မိခင်ဘာသာစကားထက် အခြား Language တွေကို ကျွမ်းကျင်စွာတတ်မြောက်ထားသူဖို့ အလုပ်အကိုင်အခွင့်အလမ်းတွေက အများကြီးပိုရှိပါတယ်။ Language က သင်ယူရတာလည်း ပေါ့ပေါ့ပါးပါးနဲ့ပျော်ရွှင်စရာကောင်းတာမို့ တတ်မြောက်လွယ်ပါတယ်။ အခုလို အိမ်မှာနေနေရင်းနဲ့လည်း Online Language Class တွေကနေတဆင့်သင်ယူ လို့ရပါတယ်။ သူငယ်ချင်းတွေနဲ့လည်း Conversation Group တွေပြုလုပ်ပြီး Join ခြင်းအားဖြင့်သင့် Language Skill ကို အများကြီး Improve ဖြစ်စေပါတယ်။

 

E-Commerce၊ Digital Marketing အကြောင်းလေ့လာကြည့်ပါ
အပြင်မှာထွက်လုပ်ရတဲ့ အလုပ်တွေနည်းလာတာနဲ့အမျှ Digital/Online Business တွေအများကြီး ထောင်တက်လာတယ်။ Business Operation တွေ၊ Trading လုပ်တာတွေအားလုံးကို Digital Platform နဲ့သွားကြတာမို့ သင့်အနေနဲ့လည်း တစ်နိုင်တစ်ပိုင် Online Business ကို စတင်ကြည့်လို့ရပါတယ်။ E-Commerce၊ Digital Marketing အကြောင်းကို နှံ့နှံံ့စပ်စပ်လေ့လာထားခြင်းဖြင့် သင့်လုပ်ငန်းအတွက်ဘာတွေလိုအပ်လဲ၊ Customer တွေရရှိအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့ Tactics တွေကိုပါသိလာလိမ့်မယ်။

 

Blog တွေ၊ Vlog တွေစလုပ်ကြည့်ပါ
တကယ်လို့ သင့်က ဖက်ရှင်၊ အလှအပနဲ့ Lifestyle တွေကို အများသိအောင်ချပြရတာကြိုက်တယ်၊ လူတွေကို Knowledge Sharing လုပ်ရတာ နှစ်သက်တယ်ဆိုရင်တော့ အခုခေတ်စားနေတဲ့ Influencer/Vlogging Industry ကိုလည်းခြေဆန့်ကြည့်လို့ရပါတယ်။ ဒါပေမယ့် သင်လုပ်မယ့် Field မှာတော့ ကျွမ်းကျင်ပိုင်နိုင်အောင် သိရှိထားဖို့ိလိုသလို အများနဲ့မတူတဲ့ ဆန်းသစ်တည်ထွင်မှုလည်းရှိရပါလိမ့်မယ်။ သင် Talent ရှိရင်ရှိသလောက် တက်လမ်းရှိတဲ့ အလုပ်တစ်ခုပါပဲ။

 

ဝါသနာပါတဲ့ Art တစ်ခုခုကို သင်ယူပါ
Art ဆိုတာပန်းချီဆွဲတာတစ်ခုတည်းကို ပြောတာမဟုတ်ပါဘူး။ ကိုယ်ဝါသနာပါတဲ့ အနုပညာအတတ်ပညာလေးတွေ ဘယ်ပညာကို မဆိုအချိန်လေးနည်းနည်းပေးပြီး လေ့လာကြည့်ပါ။ Bakery လုပ်တာဖြစ်ဖြစ်၊ Handmade Craft ပစ္စည်းလေးတွေလုပ်တာဖြစ်ဖြစ်၊ ပန်းအလှဆင်တာလေးတွေဖြစ်ဖြစ်ပေါ့။ လေ့လာတွေ့ရှိချက်တွေအရ ဒီလို Art Work လေးတွေကိုလုပ်လေ့ရှိတဲသူက လုပ်ငန်းခွင်မှာအလုပ်လုပ်တဲ့အခါ ပိုလည်း Creative ဖြစ်တယ်။ အကောင်းမြင်တဲ့စိတ်ရှိပြီး အများနဲ့မတူအောင် Out-of-the-Box စဉ်းစားနိုင်ပါတယ်။


Technical Skills တွေကို Youtube ကနေသင်ယူပါ
သင့်ရဲ့ လက်တွေ့လုပ်ငန်းခွင်မှာ အသုံးဝင်တဲ့ Technical Skill တွေ၊ ဥပမာ. Photoshop၊ Video Editing၊ Coding စတဲ့ ပညာရပ်တွေအားလုံးကို Youtube မှာသင်ယူလို့ရပါတယ်။ Website တွေမှာလည်း Free Online Course တွေရှိသလို Youtube ကနေလည်း Tutorial Video တွေကို Episode လိုက်သင်ယူလေ့လာလို့ရပါတယ်။ ဒီလို Course တွေက သင့်ကိုလည်းအလုပ်မှာပို ကျွမ်းကျင်စေသလို ပိုလည်း Professional ဆန်နေစေမှာပါ။


စာအုပ်တွေအများကြီးဖတ်ပါ
စာအုပ်တွေထက် ပိုပြီးကောင်းတဲ့ Knowledge Source ဆိုတာရှိဦးမှာလား။ စာဖတ်တဲ့အခါ သုတရော၊ ရသကိုပါ စုံအောင်ဖတ်ပါ။ သုတစာပေတွေက သင့်ရဲ့ Intelligence Quotient ကိုတိုးတက်ပြီး အသိပညာတွေကြွယ်ဝစေသလို၊ ရသစာပေတွေကကျတော့ သင့်ရဲ့စိတ်ခံစားမှုပိုင်းဆိုင်ရာ Emotional Quotient (EQ) ကိုပိုမိုကောင်းမွန်စေပြီး သင့်ရဲ့တွေးခေါ်ပုံတွေကိုပါရင့်ကျက် တိုးတက်စေပါတယ်။ အလုပ်သွားတဲ့ကာလတုန်းက စာဖတ်ဖို့အချိန်မရှိဘူးဆိုတဲ့ သင့်ရဲ့ဆင်ခြေတွေကို ခေါင်းထဲကထုတ်လိုက်ပါတော့။

,

Opinions

ကိုယ့်ကိုကိုယ် ပြန်ချစ်နည်းများ

ဘယ်သူမှမချစ်ရင်တောင် ကိုယ့်ကိုကိုယ်ချစ်ဖို့အရေးကြီးတယ်

by Randy Win

August 27, 2020


              မိမိကိုယ်ကို အားမလိုအားမရမှူ ၊အလိုမကျမှူတွေနဲ့ စိတ်ဓာတ်တွေ အောက်ဆုံးရောက်နေရတဲ့ အခြေအနေမျိုးတွေကို အားလုံး အနည်းနဲ့အများဖြတ်ကျော်ဖူးကြမှာပါ။ ငါက အသုံးမကျဘူး ဘာလုပ်လုပ်အဆင်မပြေဘူး အရမ်းညံ့တဲ့သူတစ်ယောက် ဆိုတဲ့အတွေးမျိုးတွေနဲ့ ကိုယ့်ကိုကိုယ်အမြဲတမ်းလှောင်ပိတ်မခံပါနဲ့။ ကိုယ့်ရဲ့ ပျော်ရွှင်မှူတွေပျောက်ဆုံးလာတာနဲ့အမျှ ကိုယ့်ကိုကိုယ် ယုံကြည်မှူပါပျောက်ဆုံးလာပြီး နောက်ဆုံးကိုယ်ပါပျောက်ဆုံးသွားနိုင်ပါတယ်။ ဒါကြောင့်မို့ ကိုယ့်ကိုကိုယ် ပိုပြီးချစ်တတ်လာအောင်ကြိုးစားပါ။ ပျော်အောင်ထားပါ။ စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတစ်ယောက်ဖြစ်ဖို့ ကိုယ့်ကိုကိုယ်ချစ်ခြင်းနဲ့ အကောင်းမြင်စိတ်ဟာ တစ်နည်းတစ်ဖုံအားဖြင့်အရေးပါသလို အခက်အခဲတွေကို အလွယ်တကူကျော်ဖြတ်ရာမှာလည်းအသုံးဝင်တဲ့အရာတစ်ခုဖြစ်ပါတယ်။ ဒါကြောင့်မို့ ကိုယ့်ကိုကိုယ်ဘယ်လိုနည်းလမ်းတွေနဲ့ ချစ်ကြမလဲ ၊ ဘယ်လိုပျော်အောင်ထားကြမလဲဆိုတာကို အောက်ကအချက်လေးတွေမှာ လေ့လာကြည့်လိုက်ရအောင်။

1.အကောင်းမြင်ပါ

အကောင်းမြင်စိတ်ကို နေ့တိုင်းမွေးပါ။ နေ့စဉ်မနက်တိုင်း ကိုယ့်ပတ်ဝန်းကျင်က ကောင်းတဲ့အရာတွေကို အနည်းဆုံး ဆယ်ခုလောက်အထိ ချရေးတဲ့ အလေ့အကျင့်မျိုးလုပ်ပါ။ ကောင်းသောအကြောင်းအရာတွေနဲ့စတင်ထားတဲ့မနက်ခင်းတိုင်းဟာ ဘယ်လောက်ပဲ ဆိုးဝါးတဲ့အရာတွေကိုကြုံတွေ့နေရပါစေ ကြံ့ကြံ့ခံ အားတင်းနိုင်တဲ့ စိတ်ဓာတ်မျိုးကိုဖြစ်ပေါ်စေပါတယ်။ဥပမာ - ငါကတော်တယ်၊ ငါကသန်မာတယ်၊ ငါကအရမ်းကြည့်ကောင်းတယ်၊ ငါ့မိဘကငါ့ကိုချစ်တယ်၊ ငါ့မှာသူငယ်ချင်းကောင်းတချို့ရှိတယ်၊အိမ်နီးချင်းတွေကအရမ်းစိတ်ကောင်းရှိတယ် စသဖြင့်ပေါ့။

2.ကိုယ်ကြိုက်တာကိုယ်လုပ်ပါ

ကိုယ့်ကိုကိုယ်အမှန်တကယ်ချစ်တယ်ဆိုရင် ကိုယ်ကြိုက်တာကိုယ်လုပ်ဖို့ နောက်မတွန့်ပါနဲ့။ ဥပမာ တချို့ကခရီးတွေသွားရတာကြိုက်တယ်။တောင်တန်းတွေ သဘာဝတရားတွေဆီကို ခရီးနှင်ရတာမျိုး ၊ Hiking တွေလုပ်ရတာမျိုး ၊ လွတ်လပ်ပေါ့ပါးပြီး စွန့်စားရတဲ့ အရသာမျိုးကို သဘောကျကြတယ်။ ဒါဟာ အသက်အရွယ်တစ်ခုကိုရောက်လာလို့ ဒီအလုပ်မျိုးတွေကို မလုပ်နိုင်တော့တဲ့အချိန်မျိုးမှာ အရမ်းကို အမှတ်တရဖြစ်စရာ Memories တွေအဖြစ်ကျန်ရှိနေမှာမို့လို့ ကိုယ် သဘောကျတာကို မလုပ်ခဲ့ရလို့ ရမယ့်နောင်တတွေထက် ကိုယ်သဘောကျတာကို လုပ်ခဲ့ဖူးတဲ့အမှတ်တရတွေအဖြစ်သာကျန်ရှိစေပါ။

3.မနှိုင်းယှဉ်ပါနဲ့

လူတစ်ယောက်နဲ့တစ်ယောက် ပုံပန်းသွင်ပြင် အမူအကျင့် လည်းမတူသလို မွေးဖွားလာတဲ့ပတ်ဝန်းကျင်အခြေအနေခြင်းလည်းမတူတာမို့ ကိုယ့်ကိုကိုယ်တခြားသူတစ်ယောက်နဲ့ နှိုင်းယှဉ်ပြီး ကိုယ့်ကိုကိုယ်စိတ်ညစ်ခံတာမျိုးကိုရှောင်ပါ။သူတစ်ပါးနဲ့နှိုင်းယှဉ်တယ်ဆိုတာ ကိုယ့်ကိုကိုယ် အကြီးမားဆုံး ညှင်းပန်းမှူတစ်ခုပါပဲ။ “ငါကသူ့လိုမလှဘူး”ဆိုတဲ့ အတွေးမျိုးထက် “ငါ့ပုံစံနဲ့ငါ သူများနဲ့မတူပဲ ဘယ်လိုလှအောင်လုပ်လို့ရလဲ” ဆိုတဲ့ အဖြေကိုရှာပါ။

4.ကိုယ့်ကိုကိုယ် Date လုပ်ပါ


ကိုယ့်ကိုကိုယ် တတ်နိုင်သမျှ ဂရုစိုက်ဖို့လိုပါတယ်။ဘယ်သူမပါပဲ တစ်ယောက်တည်း အပြင်လျှောက်လည်တာမျိုး ၊တစ်ယောက်တည်း ခရီးတွေသွားတာမျိုးနဲ့ ကိုယ့်ကိုကိုယ်ပိုပြီးချစ်တတ်လာအောင်ကြိုးစားပါ။ တစ်ခါတစ်လေတော့ အထီးကျန်သလိုလို ခပ်ကြောင်ကြောင်နိုင်သလို ခံစားရနိုင်ပေမယ့် တစ်ယောက်တည်းသွားပါများလာတဲ့အခါ တစ်ယောက်တည်းနေရတဲ့အရသာကို ပိုသဘောကျနှစ်သက်လာပါလိမ့်မယ်။ ငွေကုန်ကြေးကျအနည်းဆုံး ကိုယ့်ကိုကိုယ် date လုပ်နည်းတွေကတော့ တစ်ယောက်တည်း ရုပ်ရှင်သွားကြည့်တာမျိုး၊ မုန့်သွားစားတာမျိုး၊ ကမ်းခြေတွေသွားတာမျိုး နဲ့ စက်ဘီးလျှောက်စီးတာမျိုးတွေပါပဲ။

5. ကိုယ့်ကိုကိုယ် ဆုချပါ


ခက်ခဲတဲ့အရာတစ်ခု ၊ ကိစ္စကြီးကြီးတစ်ခု အောင်အောင်မြင်မြင်ပြီးဆုံးသွားတိုင်း ကိုယ့်ကိုကိုယ်ဆုချတဲ့အလေ့အကျင့်မျိုး ပြုလုပ်ပါ။ အခက်အခဲ ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ အောင်အောင်မြင်မြင်ကျော်ဖြတ်နိုင်တဲ့အခါမျိုးမှာ ကိုယ့်ကိုကိုယ်အားပေးချီးမွမ်းတတ်ရပါမယ်။ အားပေးမယ့်သူတစ်ဦးတစ်ယောက်မှမရှိရင်တောင် ကိုယ့်ကိုကိုယ်အားပေးချီးမြှောက်ဂုဏ်ယူတတ်တဲ့စိတ်ကို မွေးမြူပါ။ ကိုယ်ကသာ ကိုယ့်ဘဝအတွက် သစ္စာအရှိဆုံး Fan တစ်ယောက်ပါပဲ။

 

Photo Credit to the Rightful Owners

 

 

, , , ,