×
Opinions

Instagram ဆန်ဆန် ရှုခင်းအသားပေး ခရီးသွားပုံလေးတွေ ဘယ်လိုရိုက်ကြမလဲ

အမိုက်စား Travel Photo လေးတွေရဖို့ဆိုရင်

by JN Ja Seng Pan

July 29, 2020

ခရီးသွားပြီဆိုမှတော့ အမှတ်တရ ဓာတ်ပုံလှလှလေးတွေ ရိုက်ပြီး သိမ်းထားချင်မှာပဲ။ Social Media ပေါ်မှာဆိုလည်း ခရီးထွက်တဲ့သူတိုင်း ပုံလှလှလေးတွေတင်တာ အားကျရတာလည်း အမော။ ခရီးသွားပုံလှလှလေးတွေက ကြည့်ရတာ လှသလောက် အားထုတ်ရတဲ့အပိုင်းတွေလည်း ရှိတယ်နော်။ ဓာတ်ပုံရိုက်တိုင်း လက်ကို ဘယ်နား ထားရမသိ၊ မျက်နှာ ဘယ်လို နေရမှန်းမသိ၊ ဒါမှမဟုတ် ခနာကိုယ်အနေအထား ဘယ်လိုထားရမလဲမသိဖြစ်နေရင်တော့ ဆက်ပြီး ဖတ်သွားဖို့လိုတယ်နော်။
Selfie ကြီးပဲရိုက်နေလို့လည်း အဆင်မပြေတော့ ဒီ Tip လေးတွေက အသုံးဝင်မှာအသေအချာပါ။ ပြီးတော့ အိုင်တင်ကြီးတွေ ထုတ်ပြီး လုပ်ရတဲ့ Pose တွေမဟုတ်ပဲ သဘာဝကျကျ ရှုခင်းလေးတွေကို အသားပေးတဲ့ပုံစံလေးတွေဖြစ်တာကြောင့် ဓာတ်ပုံရိုက်တာသိပ်မကြိုက်တဲ့ ကောင်မလေးတွေကော၊ Instagram ဆန်ဆန် ခရီးသွားပုံလေးတွေလိုချင်တဲ့သူတွေအတွက်ကော အဆင်ပြေတာပေါ့။


လမ်းလျှောက် 



အလွယ်ဆုံးကနေ စလုပ်ကြည့်ရအောင်..လမ်းလျှောက်နေတဲ့ပုံကို ရိုက်ယူပါ။ Background နဲ့ အဆင်ပြေမယ့်အနေအထားကဖြစ်နေပါစေ။ ဒါမှ ဓာတ်ပုံတစ်ပုံလုံးက အချိူးညီညီနဲ့ အလိုက်ဖက်ဆုံးဖြစ်နေမှာပါ။


Enjoy the view



ကိုယ်တည်းတဲ့ Hotel က အရမ်းလှတဲ့နေရာမှာရှိနေရင်တော့ မနက်ပိုင်း Hotel မှာရှိနေတဲ့အချိန် ဓာတ်ပုံလေးတွေရိုက်နိုင်သေးတယ်နော်။ မနက်အိပ်ရာထ ကော်ဖီခွက်လေးကိုင်ပြီး ရှုခင်းတွေ ငေးမောကြည့်နေတဲ့ပုံစံကို ရိုက်ယူနိုင်ပါတယ်။ ပေါ့ပေါ့ပါးပါးလဲဖြစ်ပြီး အိုင်တင်အများကြီးလုပ်စရာမလိုပဲ သဘာဝကျတဲ့ပုံလှလှလေးရမှာပါ။


Follow me



ခရီးသွားပုံတွေထဲမှာ လူအရိုက်အများဆုံး၊ နာမည်အကြီးဆုံး Pose လေးဖြစ်ပါတယ်။ လက်လေးတစ်စုံလှမ်းပေးတဲ့ ဟန်နဲ့ နောက်က Landscape တစ်ခုလုံးကို အလှဆုံး ပုံဖော်ပေးနိုင်လို့ လူကြိုက်များတယ်လို့ဆိုရမှာပါ။ ထိုင်ပြီး လက်လှမ်းတဲ့ပုံစံ၊ မတ်တပ်ရပ်ပြီး လှမ်းတဲ့ပုံစံ၊ Camera ကို မကြည့်ပဲ ခေါင်းစောင်းလိုက်တဲ့ပုံစံ စသလို အမျိူးမျိူးရိုက်လို့ရပါတယ်။ Whole Scene လုံးကို အမိအရယူမှာဖြစ်တဲ့အတွက် Wide Angle Len နဲ့ ရိုက်ဖို့လိုပါတယ်။


ပြေးနေဟန် 



အပြေးသမားတော့ မဟုတ်ပေမယ့် ဒီပုံအတွက် တော်တော်တော့ ပြေးရမယ်လို့ ကြိုပြောချင်ပါတယ်။ ဒါမှမဟုတ် ကိုယ်က Yoga တွေဘာတွေရတယ်ဆိုရင်လည်း ဒီနေရာမှာ အကွက်တွေ ထုတ်သုံးလို့ရပါတယ်။ Camera ကို မကြည့်ပဲ အဝေးကိုပြေးနေတဲ့ပုံစံကလည်း တကယ့်ကို လွတ်လပ်ပေါ့ပါးပြီး ခရီးသွားပုံကောင်းကောင်းတစ်ပုံကို ရရှိမှာပါ။


Friendship Goal



သူငယ်ချင်းတွေနဲ့ ပျော်စရာကောင်းတဲ့အမှတ်တရတွေ ဖန်တီးဖို့ လာတဲ့သူဆိုရင်တော့ သူငယ်ချင်းနဲ့လည်း ဓာတ်ပုံရိုက်ဖို့ မမေ့ပါနဲ့နော်။ ပဲတွေထုတ်ပြီး ရိုက်မနေပဲ သဘာဝကျကျ ချစ်ရာကောင်းတဲ့ Snap ပုံစံလေးတွေရိုက်ပြီး ပျော်စရာတွေမျှဝေပါ။


Twirling



တောင့်တောင့်ကြီးရပ်နေမယ့်အစား ကိုယ်နေဟန်ထား ဟိုလှုပ်၊ ဒီလှုပ်လေးက ပုံကိုပိုပြီး အသက်ဝင်စေပါတယ်။ အပိုဆောင်းအနေနဲ့ ဖားဖားလျားလျားဂါဝန်လေးနဲ့ ရိုက်ကြည့်။ ပိုပြီး ကြည့်လို့ကောင်းပြီး လှပတဲ့ ခရီးသွားပုံလေးတွေရမှာပါ။ ဒါကြောင့် Instagram က Travel Photo လေးတွေကြည့်ရင် ဂါဝန်ကားကားကြီးတွေ၊ စကပ်ရှည်ကြီးတွေနဲ့ ရိုက်ထားတဲ့ပုံတွေပဲဖြစ်နေတာပေါ့။


လှလှလေးထိုင်



ထပြီးရိုက်ရတာမောနေပြီဆိုရင်တော့ ဒီ Pose လေးကလည်း အသုံးဝင်စေမှာပါ။ ပို့စ်သိပ်ပေးစရာမလိုပဲ ထိုင်နေရပ်သားလေးကိုပဲ လှလှပပမှတ်တမ်းတင်နိုင်မယ့် ပုံလေးတွေပေါ့။ View အရမ်းလှတဲ့နေရာကို နောက်ခံထားပြီး အမိုက်စားဖြစ်နေမယ့် ခရီးသွားအထာလေးကို ပုံဖော်လိုက်တော့နော်။

, ,
Opinions

Aesthetic ဆန်ဆန် ဓာတ်ပုံရိုက်နည်းများ

ကိုယ့်ပတ်ဝန်းကျင်ကပစ္စည်းလေးတွေနဲ့ပဲ အမိုက်စားပုံတွေရိုက်လို့ရတယ်နော်

by Randy Win

August 6, 2020

 

လူကြီး လူငယ် လူလတ်ပိုင်းမရွေး ဓာတ်ပုံရိုက်တာကို ဝါသနာမပါတဲ့သူဆိုတာ တော်တော်ရှားပါလိမ့်မယ်။ အထူးသဖြင့် ခုလို Social Media ရဲ့ လွှမ်းမိုးမှူကြီးမားနေတဲ့ ခေတ်ကြီးမှာ ကိုယ့်ရဲ့ အလှပဆုံးပုံလေးတွေကို အွန်လိုင်းပေါ်မှာတင်ရင်း လူအများရဲ့ စိတ်ဝင်တစားကြည့်ရှူမှူကို ခံယူချင်ကြတာ လူငယ်ယောက်ျားလေး၊မိန်းကလေး အများစုရဲ့သဘာဝပါပဲ။ ဒီလိုအခြေအနေမျိုးမှာ အများနဲ့မတူအောင် ဘယ်လိုထူးထူးခြားခြားဓာတ်ပုံလေးတွေကို ရိုက်ကူးရမလဲဆိုတာကိုလည်း အချိန်နဲ့အမျှ ကြံဆတွေးတောနေတတ်ကြမှာပါ။ ဒါကြောင့်မို့ ခုလည်း ကိုယ့်အနီးဝန်းကျင်ကပစ္စည်းလေးတွေကိုအသုံးပြုပြီး အများနဲ့မတူ ထူးခြားတဲ့ Taste ကိုပေးနိုင်မယ့် Photo ရိုက်ကူးမှူ Idea လေးတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။


1.မှန်


ကိုယ့်အိမ်မှာရှိတဲ့ မှန်လေးတွေကိုအသုံးပြုပြီး Aesthestic ဆန်ဆန် ဓာတ်ပုံလေးတွေရိုက်ကူးနိုင်ပါတယ်။ မှန်သေးသေးလေးပဲဖြစ်ဖြစ် မှန်အကြီးနဲ့ပဲဖြစ်ဖြစ် အသုံးပြုနိုင်ပြီး မှန်ထဲမှာ ကိုယ်စိတ်ကူးရှိသလို ကိုယ်မျက်နှာ တဆင့်ခံ ပေါ်နေတဲ့ပုံလေးပဲဖြစ်ဖြစ် နောက်ခံရှူခင်းတွေပေါ်နေတဲ့ပုံစံမျိုးဖြစ်ဖြစ် ရိုက်ကူးနိုင်ပြီး ဉာဏ်ကွန့်ရင်ကွန့်သလို အမိုက်စားပုံလေးတွေရနိုင်မှာပါ။

2.ပန်း


ဒေစီပန်းလို ပန်းသေးသေးလေးတွေကို မျက်နှာပေါ်မှာကပ်ပြီး ရိုက်တဲ့ပုံစံမျိုးတွေ အတွေ့များလာသလို ပန်းလေးတွေကို မျက်နှာနားတစ်ဝိုက်ထားပြီး ပုံစံမျိုးစုံရိုက်ကူးတဲ့ စတိုင်လေးတွေကလည်း လူငယ်တွေတော်တော်များများ ကြားထဲခေတ်စားလာတာတွေ့ရမှာပါ။ ဒီလိုပဲ မျက်နှာကိုသေချာမပေါ်လွင်စေပဲ ပန်းအစုလိုက် အစည်းလိုက်လေးတွေနဲ့အုပ်ပြီးရိုက်ကူးတဲ့စတိုင်လ်လေးတွေကလည်း တမူထူးခြားတဲ့ရသကိုပေးစွမ်းနိုင်ပါတယ်။


3.ကောင်းကင်


ကောင်းကင်ပြာကြီးနဲ့ တိမ်ထူထူတွေကိုနောက်ခံထားပြီး မျက်နှာကို အရမ်းဦးစားမပေးတဲ့ပုံစံမျိုးလေးတွေကလည်း Aesthestic ဆန်ဆန်နဲ့ တမူးထူးခြားပြီး မိမိုက်နေစေမှာပါ။ ကောင်းကင်ကြီးကို နေရာများများပေးပြီး လူကိုနေရာအနည်းငယ်သာထည့်ထားတဲ့ပုံလေးတွေရဲ့ အရသာက ကြည့်ရတာလည်း တမျိုးထူးခြားနေမှာဖြစ်သလို အများနဲ့မတူတဲ့ အရသာမျိုးကိုလည်း ပေးစွမ်းနိုင်ပါလိမ့်မယ်။

4.သစ်ရွက်


ပုံစံမျိုးစုံ အရွယ်အစားမျိုးစုံရှိတဲ့ သစ်ရွက်လေးတွေကို အသုံးပြုပြီးရိုက်ကူးတဲ့ Idea ကလည်း ရိုးသလိုလိုနဲ့ ဆန်းနေစေမယ့် ပုံစံမျိုးဖြစ်ပါတယ်။ သစ်ရွက်တွေကို မျက်နှာတစ်ခြမ်းကွယ်ထားတာမျိုး သစ်ရွက်တွေနောက်မှာ ကွယ်ပြီးရိုက်တာမျိုး စသဖြင့် ကိုယ့်စိတ်ကူးရှိရင်ရှိသလို ရသမတူအောင် ဖန်တီးပုံဖော်နိုင်ပါတယ်။

5.အရိပ်


အလင်းရောင်ကိုအသုံးပြုပြီး ကိုယ့်ရဲ့မျက်နှာနဲ့ခန္ဓာကိုယ်ပေါ်မှာ အရိပ်မျိုးစုံဖန်တီးပြီး ရိုက်ကူးတဲ့ ပုံစံမျိုးလေးပါ။ နေရောင်အောက်မှာပဲဖြစ်ဖြစ် မီးအလင်းရောင်အောက်မှာပဲဖြစ်ဖြစ် ရိုက်ကူးနိုင်မှာဖြစ်ပြီး အရိပ်ကိုလည်း ပြတင်းပေါက်အရိပ်ကစလို့ သစ်ရွက်အရိပ် ပန်းအရိပ် ဇာပုဝါအရိပ် စသဖြင့် စိတ်ကူးရရင်ရသလို အရိပ်မျိုးစုံနဲ့ အမိုက်စားရိုက်လို့ရပါတယ်နော်။

Photo Credit to The Rightful Owners

, , , ,

Opinions

ကိုယ့်ကောင်လေးက ကိုယ့်ထက် ပိုပြီး အလှအပကို စိတ်ဝင်စားတတ်သူလား။

ကိုယ့်ကောင်လေးက မိန်းကလေးတွေ လုပ်လေ့လုပ်ထရှိတဲ့ ကိစ္စလေးတွေကို လုပ်နေတတ်သူလားဆိုတာ

by Lin Lin

June 28, 2020

ဒီဘက်ခေတ်မှာ အလှအပနဲ့ပတ်သက်ရင် မိန်းကလေးတွေသာမကဘဲ ယောကျားလေးတွေပါ စိတ်ဝင်စားလာကြပါပြီ။ များသောအားဖြင့် Fitness Center တွေမှာ အများစုတွေ့ရတာ အမျိုးသားတွေဖြစ်နေတတ်ပါတယ်။ အမျိုးသားတွေအနေနဲ့ ခန္ဓာကိုယ်ကျန်းမာသန်စွမ်းဖို့အတွက် GYM ကစားကြသလို Skin Care နဲ့ ပတ်သက်လို့လည်း စိတ်ဝင်စား ပြင်ဆင်လာတတ်ကြပါတယ်။

ဒီလိုသာမာန်ပြင်ဆင်ခြင်းဟာ ပြသနာမရှိပေမယ့်လည်း သာမာန်ထက်သာလွန်ပြီး အလှအပကို စိတ်ဝင်စားလာခြင်းကတော့ အမျိုးသမီးတို့အတွက် နဲနဲပြသနာရှိနိုင်ပါတယ်။ ဒီတော့ ပျိုမေတို့အနေနဲ့ မိမိရဲ့ Crush ဒါမှမဟုတ် မိမိရဲ့ Boyfriend ဟာ သာမာန်ထက်ပိုပြီး အလှအပကို စိတ်ဝင်စားနေပြီလား တစ်ချိုု့ မိန်းကလေးတွေ လုပ်လေ့လုပ်ထရှိတဲ့ ကိစ္စလေးတွေကို လုပ်နေတတ်သူလားဆိုတာ သိနိုင်မယ့် အချက်တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဒူးအထက်ဘောင်းဘီတိုကို ဝတ်ဆင်လျှင်………..
အမျိုးသားအများစုဟာ သူတို့ရဲ့ ပေါင်သားကိုဖုံးအုပ်လေ့ရှိတဲ့ ဘောင်းဘီကိုသာ ရွေးချယ်ဝတ်ဆင်လေ့ရှိကြပါတယ်။ ဒူးအထက်ဘောင်းဘီကို ဝတ်ဆင်သူအများစုကတော့ သူတို့ရဲ့ ခြေသလုံးတွေကို လှပစေရန်အတွက် ခြေသလုံးမွှေးတွေကို ရှင်းတတ်ကြပြီး ခြေထောက်အသားကို ဂရုတစိုက် ပြင်ဆင်တတ်ကြသူတွေပါ။ ယောကျားလေးတွေကတော့ သူတို့ရဲ့ ခြေသလုံးမွှေးကို ရိတ်ခဲကြပါတယ်နော်။

အဝတ်အစားပန်းရောင်တွေကို ဝတ်ဆင်မှုများလျှင်…………..
တော်ရုံတန်ရုံအမျိုုးသားတွေက ပန်းရောင်ကို ရှောင်တတ်ကြပါတယ်နော်။ တစ်ခါတစ်ရံမဟုတ်ဘဲ သူ့ရဲ့ အသုံးအဆောင်တွေ အဝတ်အစားတွေက များသောအားဖြင့် ပန်းရောင်တွေဖြစ်နေပြီဆိုရင်တော့ ပျိုမေတို့ သတိထားဂရုစိုက်ဖို့ လိုနေပါပြီနော်။

မျက်ခုံးမွှေးရိတ်တတ်လျှင်…………
ယောကျားလေးအများစုဟာ ဇင်ယော်တောင် မျက်ခုံးထူထူတွေနဲ့မှ စော်ကြည်တယ်လို့ သတ်မှတ်ကြတော့ မျက်ခုံးမွှေးရိတ်ဖို့ကို စိတ်မဝင်စားကြပါဘူး။ သင့်ရဲ့ Boyfriend ဟာ မျက်ခုံးတွေကို လှလှပပလေး ရိတ်ထားပြီဆိုရင်တော့ ဘယ်မျက်ခုံးမွှေးဆွဲတံက ကောင်းလဲဆိုတာကို နှစ်ယောက်တိုင်ပင်ဖို့ အဖော်ရပြီလို့သာ မှတ်လိုက်ပါတော့။

Sunscreen မပါဘဲ အိမ်အပြင်ကို မသွားလျှင်………….
သာမာန်အမျိုးသမီးတွေတောင်မှ တခါတလေမှာ အပြင်ထွက်ရင် Sunscreen လိမ်းဖို့ မေ့လျော့နေတတ်ပါတယ်။ ဒါပေမယ့် သင့်ကောင်လေးဟာ Sunscreen မပါဘဲ အိမ်အပြင်ကို မသွားတတ်သူဆိုရင်တော့ သူ့ကို စောင့်ကြည့်ဖို့လိုအပ်လာပါပြီနော်။

Super Skinny Jean တွေကို သာမာန်ထက်ပိုဝတ်ဆင်တတ်လျှင်……….
Skinny တွေကို အမျိုးသမီးရော အမျိုးသားရော ဝတ်ဆင်ကြတာဟာ မထူးဆန်းပေမယ့်လည်း Super Skinny Jean တွေကို သာမာန်ထက်ပိုဝတ်ဆင်နေပြီဆိုရင်တော့ ထူးဆန်းနေပါပြီနော်။

Skincare တွေကို စိတ်ဝင်တစားလုပ်တတ်လျှင်……….
အလှအပနဲ့ပတ်သက်ပြီး အဓိကကျတဲ့ Skincare Product တွေကို စိတ်ဝင်စားတာပဲ ဖြစ်ဖြစ်၊ Home Care DIY တွေနဲ့ ပုံမှန် ထိနိးသိမ်းမှုတွေ ပြုလုပ်နေတတ်တယ်ဆိုရင်တော့ သူတို့ဆီက နည်းလမ်းလေးတွေကို မျှဝေပေးဖို့ တောင်းဆိုလိုက်ပါတော့။ Skincare နဲ့ ပတ်သက်ပြီး သင်သိထားတာထက်ကို ပိုသိနေမှာအသေအချာပဲမို့ပါနော်။

သင့်မှာရှိတဲ့ အလှပြင်ပစ္စည်းထက် သူ့မှာက ပိုများနေလျှင်………..
ဒါဆိုရင်တော့ အတူတူမျှသုံးဖို့ ဆွေးနွေးလိုက်ပါတော့နော်။ သင်ကိုယ်တိုင်တောင် မစဉ်းစားမိတဲ့ Cosmetic တွေ၊ Lipstick ၊ Eyeshadow Color တွေသူ့မှာ အရောင်အသွေးစုံစုံလင်လင်ရှိနေနိုင်ပါလိမ့်မယ်။ ပွဲလမ်းသဘင်သွားတဲ့အခါ သူကတောင်မှသင့်အသားအရေနဲ့ လိုက်ဖက်တဲ့ Color ကို ရွေးချယ်အကြံဉာဏ်ပေးနိုင်ပါလိမ့်မယ်နော်။

 


Opinions

မိန်းကလေးအများစုမှာရှိတဲ့ ဆတ်ဆတ်ထိမခံတဲ့အရာတွေက ဘာတွေလဲ

မိန်းကလေးတစ်ယောက်ကိုတွေ့ရင် ဒီအချက်တွေကို သွားမပြောမိစေနဲ့နော်

by May Shoon

June 26, 2020

ယောင်္ကျားလေးနဲ့ မိန်းကလေးနဲ့ ကွဲပြားခြားနားတဲ့ အချက်တွေထဲက အသိသာအထင်ရှားဆုံးက စိတ်ပိုင်းဆိုင်ရာ ခံစားမှုအပိုင်းနဲ့ ပြန်လည်တုံ့ပြန်မှုအပိုင်းပါ။ ဆိုလိုတာက မိန်းကလေးတွေက ယောင်္ကျာလေးတွေထက်အရာရာမှာ စေ့စေ့စပ်စပ်နှိုက်နှိုက်ချွတ်ချွတ် စဉ်းစားတတ်ကြပြီး ပိုလည်း ခံစားလွယ်ပါတယ်။ Overthinking လုပ်တဲ့ ရာခိုင်နှုန်းကို ကြည့်လိုက်ရင်လည်း ရာခိုင်နှုန်းအများစုက မိန်းကလေးတွေပါ။ အဲ့တော့ ကိုယ်က မိန်းကလေးတစ်ယောက်ကို စိတ်ဝင်စားနေရင်ဖြစ်ဖြစ်၊ မိန်းကလေးသူငယ်ချင်း အသိမိတ်ဆွေတွေရှိရှိ သူတို့နဲ့ ပတ်သတ်တဲ့ အကြောင်းတွေကို ပြောတဲ့အခါ ဒီအချက်တွေကို အထူးသိထားပြောသင့်ပါတယ်။ ဒါဆို သင့်အတွက် မိန်းကလေးတွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါ ဘယ်လို Relationship မဆို အဆင်ပြေချော့မွေ့နိုင်မှာပါ။
မိန်းကလေးတွေအနေနဲ့လည်း သင်ရော အောက်က ပြောတဲ့ Insecurities တွေထဲမှာ ဘယ်အချက်တွေကို ကိုယ့်ကိုယ်ကိုယ် မကျေမနပ်ဖြစ်မလဲ။ တကယ်လို့ အဲ့ Insecurities တွေရှိရင်လည်း အတတ်နိုင်ဆုံးပယ်ဖျောက်ပြီး ယုံကြည်မှုကို မြှင့်တင်ကြမယ်နော်။
ကဲ ဒါဆို မိန်းကလေးအများဆုံး ဆတ်ဆတ်ထိမခံတဲ့ အချက်တွေကဘာတွေဖြစ်မလဲ


အသက်
ဒါကတော့ မိန်းကလေး အယောက် ၉၀% မှာရှိတဲ့ Sensitive ဖြစ်တဲ့ အချက်တစ်ချက်ပါ။ အသက်အရွယ်က အများစုက Privacy အဖြစ်သတ်မှတ်ထားတဲ့ အချက်မို့ တတ်နိုင်ရင်မမေးတာပိုကောင်းပါတယ်။ မေးရင်လည်း အသက်ကို လျှော့ပြောတာက အန္တရာယ်ကင်းပါတယ်။


ရုပ်ပိုင်းဆိုင်ရာ အပြစ်အနာအဆာ
စေတနာနဲ့ ပြောတာဖြစ်ဖြစ်၊ စပ်စုပြီးပြောမိတာဖြစ်ဖြစ် ရုပ်ပိုင်းဆိုင်ရာသွင်ပြင်နဲ့ မျက်နှာပေါ်ကအပြစ်အနာအဆာတွေအကြာင့်းကို သွားမပြောပါနဲ့။ ဟယ်မျက်နှာမှာ ဝက်ခြံပေါက်နေတယ်တို့၊ အသားညိုသွားတယ်တို့၊ နင့်ဆံပင်က ဘယ်လိုဖြစ်တာလဲတို့ သွားမပြောပါနဲ့။ မိန်းကလေးတွေက အဲ့လိုမပြောခင်ထဲက သူတို့ကိုယ်တိုင် အဲ့ အပြစ်အနာအဆာတွေအတွက် စိတ်တိုင်းမကျဖြစ်နေတတ်လို့ပါ။


Body Shape
သင့်ရဲ့ ဝလာတယ်တို့ ၊ ပိန်သွားတယ်တို့၊ ပေါင်တုတ်လာတယ်တို့က မိန်းကလေးတွေရဲ့ Psycho အရိုက်ဆုံး Judgement တွေထဲမှာပါပါတယ်။ ပြီးရင် ခန္ဓာကိုယ်အချိုးအစားကို နှိုင်းယှဉ်ပြောတာကလည်း မိန်းကလေးတိုင်း စိတ်အညစ်ဆုံး Topic ပါ။

ကိုယ်အလေးချိန်
Body Weight ကလည်း Body Shape နဲ့ အလားတူပါပဲ။ ကိုယ်အလေးချိန်တက်တာကျတာက ယောင်္ကျားလေးတွေအတွက်တော့ ဘာမှမဟုတ်ပေမယ့် မိန်းကလေးတွေအတွက်ကတော့ အရမ်း Sensitive ဖြစ်တဲ့ အချက်ပါ။ သင့်က နင်နည်းနည်း ဝိတ်တက်လာတယ်လို့သာပြောကြည့်လိုက် တစ်ပတ်လောက် ဝိတ်တွေချ၊ ညစာမစားတွေလုပ်မိရော။


အရပ်
မိန်းကလေးတစ်ယောက်ကို အရပ်နဲ့ ပတ်သက်ရင်လည်း အရပ်ရှည်တယ် အရပ်ပုတယ်ဆိုတဲ့ Comment တွေက အပြင်ပန်းသိပ်မသိသာပေမယ့် မိန်းကလေးတွေအတွက် သိမ်ငယ်စိတ်ဝင်စေတဲ့ အကြောင်းအရာဖြစ်တယ်ဆိုတာ မမေ့သင့်ပါဘူး။


ဖက်ရှင်ပြင်ဆင်မှု
မိန်းကလေးတစ်ယောက်က သူမဝတ်ဆင်တဲ့ ဖက်ရှင်၊ အပြင်အဆင်တွေကို လှတယ် Style ကျတယ်ပဲ အမြဲကြားချင်တဲ့သူပါ။ ချီးကျူးတဲ့ Comment ကအကြောင်းမဟုတ်ပေမယ့် Negative ဘက်ရောက်တဲ့ Judgement ဆန်ဆန် Comment တွေကတော့ Shock အကြီးကြီးရှိပါတယ်။ တကယ်လို့ သူဝတ်ထားတာက ဘယ်လိုမှအဆင်မပြေဘူးဆိုရင်တောင် “ဒီလိုဝတ်တာမလှဘူး” ဆိုတာမျိုးထက် “ အဲ့အစားဒီလိုလေး ဝတ်လိုက်ရင်ပို ကြည့်ကောင်းသွားမှာ” ဆိုတဲ့ စကားမျိုးကိုပဲပြောပါ။


ဝင်ငွေ
လူတစ်ဦးတစ်ယောက်ရဲ့ Income ကြောင်းကို မပြောတာကတော့ Society တိုင်းမှာ သတ်မှတ်ထားတဲ့ လူ့ကျင့်ဝတ်တစ်ခုပါ။ သိုသိုသိပ်သိပ်နဲ့ နေတတ်တဲ့သဘာဝရှိတဲ့ မိန်းကလေးတွေအဖို့ Income ကိုလည်း Personal ပဲထားချင်ကြပါတယ်။


အချစ်ရေးရာ
ဒါကတော့ တစ်ယောက်နဲ့ တစ်ယောက်မတူညီကြပါဘူး။ တစ်ချို့ကတော့ သူတို့ အချစ်ရေး ဘယ်လို သာယာကြောင်း ပျော်ရွှင်စရာကောင်းကြောင်းပြောလေ့ရှိပေမယ့် တစ်ချို့ကျတော့လည်း သူတို့ရဲ့ Love Life ကို Low Key ပဲနေကြပါတယ်။ Privacy ပဲထားသင့်တဲ့ Topic မို့လို့ ဒီအချက်ကို ပြောရင်လည်း ဂရုစိုက်ပြီးပြောဖို့ မမေ့နဲ့နော်။

, ,

Opinions

အမြင်ဆန်းပြီး Stress လျော့စေနိုင်မယ့် အလုပ်စားပွဲမှာအလှဆင်ဖို့ အပင်လေးများ

အစိမ်းရောင်အပင်တွေကြောင့် အားရုံစူးစိုက်မှုကို တိုးမြှင့်ပေးစေပါတယ်။

by Lin Lin

June 25, 2020

နေ့စဉ်ထိတွေ့နေရတဲ့ လုပ်ငန်းခွင်မှာ အလုပ်ရဲ့ Stress တွေကြောင့်ဖြစ်စေ၊ အများအားဖြင့် ကွန်ပျူတာအကြည့်များလို့ ဖြစ်စေ ခေါင်းတွေကိုက်ပြီး စိတ်မကြည်မသာဖြစ်မှုတွေ အနည်းနဲ့အများတော့ ကြုံတွေ့နေရမှာပဲနော်။ ဒီလို Stress တွေ ကို လျော့ကျစေပြီး အာရုံလွှဲစေဖို့အတွက် ကိုယ်ရဲ့ အလုပ်စားပွဲလေးပေါ်မှာ စိတ်လန်းဆန်းပြီး မျက်စိအေးစေဖို့အတွက် ဘယ်လိုအပင်လေးတွေနဲ့ အလှဆင်လို့ ရနိုင်မလဲ ကြည့်လိုက်ကြရအောင်နော်။ စားပွဲပေါ်မှာ အပင်တွေထားခြင်းအားဖြင့် လေထုအရည်အသွေးကို တိုးတက်စေပြီး အစိမ်းရောင်အပင်တွေကြောင့် အားရုံစူးစိုက်မှုကို တိုးမြှင့်ပေးစေပါတယ်။


အလုပ်စားပွဲမှာ ထားရှိသင့်တဲ့ အပင်တွေဟာ အလင်းရောင်နည်းတဲ့ အပင်တွေဖြစ်သင့်ပါတယ်။ ဥပမာအားဖြင့် Rubber ပင်သေးလေးတွေဟာ အလုပ်စားပွဲမှာ ထားဖို့သင့်တော်တဲ့ Indoor အပင်အမျိုးအစားထဲမှာ ပါဝင်ပါတယ်။ ရုံးဝန်ထမ်းတော်တော်များများကတော့ သူတို့ရဲ့ အလုပ်စားပွဲမှာ Bonsai ကဲ့သို့အပင်ငယ်လေးတွေ ထားရတာကို နှစ်သက်ကြပါတယ်။

Indoor Plants ဖြစ်ရင်တော့ ပိုကောင်းပါတယ်။ Indoor အပင်တွေကို ထားရှိခြင်းဟာ ကရိကထမများဘဲ တစ်လလျှင်တစ်ကြိမ်လောက်သာ ရေလောင်းပေးရင် ရတာကြောင့် အလုပ်ရှုပ်လည်း သက်သာစေပါတယ်။

 


Opinions

ဈေးဗန်းဘယ်လိုခင်းကြမလဲ

 ဈေးဗန်းလှလှလေးခင်းဖို့ဆိုတာ လွယ်မယောင်နဲ့ခက်တဲ့အလုပ်ပါ

by Randy Win

June 25, 2020

                တစ်ယောက်တည်းနေရတာမကောင်းဘူးလားဆိုတော့ ကောင်းပါတယ်။ ဒါပေမဲ့ အမြဲတမ်းအတွက်မဟုတ်သလို လူတိုင်းအတွက်တော့လည်းမဟုတ်ဘူးပေါ့။ အထူးသဖြင့် ကိုယ်တိတ်တိတ်လေးကြိတ်ကြွေနေရတဲ့သူမျိုးရှိလာတဲ့အခါမှာ ပိုဆိုးပါတယ်။ အဆိုးဆုံးကတော့ ကိုယ် Crush ရတဲ့သူတစ်ယောက်ကို ဘယ်ကဘယ်လိုဇာတ်လမ်းစရမယ်ဆိုတာကိုပါ မေ့နေလောက်ပြီဖြစ်တဲ့ နှစ်ချို့ FA ကြီးတွေအနေနဲ့ တစ်စုံတစ်ယောက်ကိုဦးတည်ပြီး ဈေးဗန်းခင်းဖို့ဆိုတာတော်တော်လေးကို ခက်ခဲတဲ့အခြေအနေဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။ဒါကြောင့်မို့ ဒီလို အခက်အခဲတွေကို ကျော်ဖြတ်ပြီး နှစ်ချို့ FA ရာထူးကြီးကနေ ခေါင်းစဉ်ပြောင်းနိုင်ဖို့အတွက် ဘယ်လိုဈေးဗန်းလှလှလေးတွေခင်းရမလဲဆိုတာကို ဒီ post လေးကနေ အကောင်းဆုံးနည်းလမ်းလေး‌တစ်ချို့ကို စုစည်းဖော်ပြပေးလိုက်တာမို့ သေချာလေးဖတ်ကြည့်ဖို့လိုမယ်နော်။

1.သတိထားမိပါစေ

အရေးကြီးတဲ့အချက်တစ်ခုပါ။ ကိုယ် Crush နေရတဲ့သူတစ်ယောက်ရှေ့မှာ ကုပ်ချောင်းချောင်းလုပ်နေလို့ကတော့ အရမ်း ကံကောင်းလွန်းမှသာကိုယ့်ကိုသတိပြုမိပါလိမ့်မယ်။ အခန့်မသင့်ရင် ကိုယ်ရှိနေမှန်းတောင်ဟိုကသိလိုက်မှာမဟုတ်ပါဘူး။ ဒီတော့ သတိထားမိအောင်လုပ်ပါ။ စကားတွေ လိုတာထက်ပိုသွက်နေတာမျိုး၊ မသိမသာရော သိသိသာသာရော လှမ်းလှမ်းခိုးကြည့်တာမျိုး၊ စကားအသံကိုမြှင့်ပြောတာ‌မျိုးတွေပေါ့။ သတိထားမိအောင်နေဆိုလို့ သူ့ရှေ့မှာလက်လက်ထပြတာတို့ ၊စွာတေးလန်နေတာတို့ မလုပ်မိဖို့တော့အထူးသတိပြုရပါလိမ့်မယ်။

2.‌အားပေးထောက်ခံပါ

ကိုယ့် crush က ကိစ္စအကြောင်းအရာတစ်ခုကိုပြောနေပြီဆိုရင် သူပြောတာမှန်ကန်ကြောင်းကို သွယ်ဝိုက်ခြင်းအားဖြင့်ရော ၊ ဒဲ့‌အားဖြင့်ရော ထောက်ခံပါ။ သူပြောနေတဲ့အကြောင်းအ‌ရာပေါ်မှာ သူ့ကိုယ်သူယုံကြည်မှူပိုရှိလာအောင် အားပေးပါ။ သူပြောသမျှကိုကောင်းကောင်းနားထောင်ပါ။ အလိုက်သင့်ဖြည့်စွက်ပါ။ အကြံကောင်းပေးပါ ။ သူပြောတာ မှားနေတယ်ဆိုရင်တောင် ဒဲ့ကြီးသွားမငြင်းပါနဲ့။ အနည်းဆုံးတော့ သင်ဟာသူ့ရဲ့ ရင်ဖွင့်ဖော် တီးတိုးတိုင်ပင်ဖော်တစ်ယောက်ဖြစ်လာပါလိမ့်မယ်။

3.Social Media ကိုအသုံးချပါ

ဒါကတော့ အထူးပြောပြနေစရာတောင်မလိုတဲ့ ဈေးဗန်းပင်လယ်ကြီးပါ။ ဘယ်သူမှသင်စရာမလိုပဲ ကောင်းကောင်းမွန်မွန်နဲ့ကျွမ်းကျွမ်းကျင်ကျင်လည်းအသုံးချတတ်နေကြမယ်လို့ထင်ပါတယ်။ မသိသေးပါဘူးဆိုတဲ့ လူရိုးလေးတွေအတွက်ထပ်ပြောပြရမယ်ဆိုရင်တော့ (မြန်မာကလူတွေအသုံးများတဲ့ facebook ကိုပဲအဓိကထားပြောရရင်) ကိုယ်ဟာ Single တစ်ယောက်ဖြစ်ကြောင်းသိသာစေတဲ့ memes တွေ၊ postတွေ share ပါ။ Crush ရဲ့ ပုံတွေ၊ post တွေ မှာ react လေးတွေပေးပါ ။ Comment ကောင်းလေးတွေ ရေးပါ။ Messenger မှာ သွားစကားမပြောရဲရင် My day မှာ ကောမန့်သွားရေးတာမျိုးတွေလုပ်ပါ( My day ကိုကောမန့်ရေးရင် messenger ထဲတန်းရောက်တာ အားလုံးသိပြီးသားဖြစ်မှာပါ)။ ကုန်ကုန်ပြောရရင်တော့ ဉာဏ်ရှိရင်ရှိသလို ကိုယ်ကျွမ်းကျင်ရင်ကျွမ်းကျင်သလို မျက်နှာပူစရာမလိုပဲ ဇာတ်လမ်းကိုနည်းမျိုးစုံနဲ့ စနိုင်ကြမယ့်နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။

4.ရိုးသားပါ

ရိုးသားချင်ယောင်ဆောင်ခိုင်းတာမျိုးမဟုတ်ပါဘူး။ ကိုယ့်ရဲ့အရှိကိုအရှိအတိုင်း ပွင့်ပွင့်လင်းလင်းချပြတာမျိုးကိုဆိုလိုတာပါ။ တခါတလေမှာ အဲဒါဟာလည်း ကိုယ့်ရဲ့ဆွဲဆောင်မှူတစ်ခုဖြစ်နေနိုင်ပါတယ်။ အရမ်း ပြီးပြည့်စုံချင်ယောင်ဆောင်တာမျိုးကကြာကြာလည်းမခံသလို အခန့်မသင့်လို့ရိပ်မိသွားရင် စိတ်ခုစရာကိစ္စတစ်ခုဖြစ်သွားနိုင်တာမို့ အတတ်နိုင်ဆုံးရိုးသားပွင့်လင်းပါ။

5.အားကိုးပါ

ကိုယ့်ရဲ့တချို့ပြသနာတွေကိုရင်ဖွင့်တိုင်ပင်ရင်းသူ့ဆီကအကြံကောင်းလေးတွေတောင်းပါ။ သူပေးတဲ့အကြံကောင်းလေးတွေနဲ့ပတ်သက်ပြီး အမြဲကျေးဇူးတင်စကားဆိုပါ။ ဒါဟာ ကိုယ်သူ့အပေါ်အားကိုးယုံကြည်တယ်ဆိုတာလည်းပြရာရောက်သလို မကြာခဏသူနဲ့တွေ့ခွင့်ရဖို့နည်းလမ်းတစ်ခုလည်းဖြစ်ပါသေးတယ်။

6.ပြုံးပါ

မျက်နှာကြီးသုန်မှူန်နေတဲ့သူတစ်ယောက်ကို တော်တန်ရုံဘယ်သူမှစကားမပြောရဲသလို စကားလည်းမပြောချင်ကြပါဘူး။ မတော်တဆ ကိုယ့် Crush က ကိုယ့်ကိုကြိုက်နေရင်တောင် ကိုယ့်မျက်နှာကြီးကြောင့် ‌လန့်ဖျန့်ပြီး ဝေးဝေးရှောင်နေတာမျိုးမဖြစ်ရအောင် မျက်နှာမှာ အပြုံးကိုအမြဲဆောင်ထားပါ။ ဖော်ရွေချိုသာတဲ့အပြုံးနဲ့ နှစ်လိုဖွယ်ကောင်းတဲ့ဘယ်လို ယောက်ျားလေး ၊မိန်းကလေးကိုမဆို အားလုံးက ၇၀ ရာခိုင်နှုန်းမေတ္တာရှိတတ်ကြပါတယ်။

Photo Credit to the Rightful Owners

, , , ,

Opinions

မွေးဖွားခါနီးမေမေတို့အတွက် ပြင်ဆင်ထားသင့်တဲ့အရာတွေက ဘာတွေလဲ။

ဘာတွေကို လေ့လာပြင်ဆင်ထားသင့်လဲ။

by Lin Lin

June 19, 2020

မေမေတို့ရေ Baby လေးမွေးဖွားဖို့အချိန်နီးကပ်နေပြီလား။ Baby လေးကို တွေ့ရဖို့အတွက်ကိုရော ရင်ခုန်နေပြီလား။ Baby လေးမမွေးခင်မှာ မေမေတို့ ကြိုတင်ပြင်ဆင်ထားသင့်တဲ့ အရာလေးတွေလည်း ရှိနေပါတယ်နော်။ ဒီအရာလေးတွေဟာ Baby လေးရဲ့ ငယ်စဉ်ကာလမှာသာမက ကြီးပြင်းလာတဲ့အချိန်တွေအတွက်ကိုပါ အထောက်အကူပြုပေးနိုင်မယ့် အကြောင်းအရာလေးတွေပါ။

ကလေးမွေးဖွားခါနီးမှာ မေမေတို့ဟာ များသောအားဖြင့် ကလေးရဲ့တစ်ကိုယ်ရေသုံးပစ္စည်းတွေစုဆောင်းခြင်း ၊ ကလေးစောင့်ရှောက်ခြင်းနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို လေ့လာခြင်းတွေ၊ ကျန်းမာရေးအထောက်အကူပြုအကြောင်းအရာတွေကို လေ့လာထားတတ်ကြပါတယ်။ မေမေတို့အနေနဲ့ ကိုယ့်ရင်သွေးလေးအတွက် အထောက်အကူပြုနိုင်ဖို့ ဘယ်လိုအကြောင်းအရာလေးတွေကို လေ့လာပြင်ဆင်ထားသင့်လဲဆိုတာ ကြည့်လိုက်ကြရအောင်နော်။

မေမေတို့အနေနဲ့ Childbrith Education နဲ့ ပတ်သက်ပြီး လေ့လာထားဖို့လိုအပ်ပါတယ်။ Chidbrith Education ဟာ မေမေတို့အတွက် အလွန်ကောင်းမွန်တဲ့ အကြံဉာဏ်တွေကို ရရှိနိုင်မှာဖြစ်တဲ့အတွက် မွေးဖွားခြင်းနဲ့ အုပ်ထိန်းမှု အတွေ့အကြုံရှိတဲ့ မေမေတို့အတွက်ပါ အထောက်အကူများစွာရရှိနိုင်မှာပဲ ဖြစ်ပါတယ်။

Baby လေးနဲ့ပတ်သက်ပြီး Birth Plan ကို ပြင်ဆင်ထားဖို့လည်း အကြံပေးချင်ပါတယ်။ ဒီ Plan ဟာ သင့်အတွက်သာမက သင့်ကလေးအတွက်ပါ များစွာအကူအညီပေးနိုင်ပါလိမ့်မယ်။ Birth Plan မှာ ဆေးပညာနဲ့ ပတ်သက်ပြီး စောင့်ရှောက်မှု၊ ကလေးမွေးဖွားခြင်းနဲ့ ပတ်သက်တဲ့ Procedure များ၊ ကလေးကို ထမင်းစတင်ကျွေးဖို့ပြင်ဆင်ရမယ့် အချိန်နဲ့ အဟာရဖြစ်စေမယ့် အစားအသောက်များ၊ သင်ကိုယ်တိုင်ရွေးချယ်ရမယ့် မွေးဖွားသည့်ပုံစံ စသဖြင့် ပါဝင်သင့်ပါတယ်။ ဒီ Plan ကို သင့်ရဲ့ လက်တွဲဖော်နဲ့ အတူတူရေးဆွဲပြီး ပြုလုပ်ရမယ့် အစီအစဉ်တွေကို တိုင်ပင်မျှဝေပါ။

ကိုယ်ဝန်ဆောင်ချိန်မှာ ကြုံတွေ့ရတဲ့အရာတစ်ခုရှိပါတယ်။ ဒါကတော့ ကလေးက သတ်မှတ်ထားတဲ့ Due Date ရက် အတိအကျ မွေးဖွားခြင်းဟာ ၅ ရာခိုင်နှုန်းလောက်သာရှိပြီး Due Date ကျော်လွန်ခြင်း သို့မဟုတ် Due Date မတိုင်ခင်မွေးဖွားခြင်းတွေ ကြုံတွေ့ရနိုင်ပါတယ်။ ဒီဖြစ်စဉ်ဟာ စိုးရိမ်စရာတော့ မဟုတ်ပါဘူး။ အဓိကကတော့ မွေးဖွားလာမယ့် ကလေး ကျန်းမာဖို့အတွက် ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတို့ ကျန်းမာရေးနဲ့ ညီညွှတ်စွာနေထိုင်ဖို့ လိုအပ်ပါတယ်။

 

,

MODA TV 


Opinions

မိန်းကလေးတွေ Online ကနေဈေးဝယ်တဲ့အခါ ဖြစ်လေ့ရှိတဲ့ အမှားများ

အဲ့လိုနဲ့ ပိုက်ဆံတွေကုန်ပေါင်းများနေပြီမလား

by May Shoon

June 17, 2020

မိန်းကလေးတွေက ဘယ်လို အခြေအနေမျိုးပဲဖြစ်နေဖြစ်နေ လှလှပပနဲ့ ဖက်ရှင်ကျကျ နေချင်သူတွေမို့ အခုလို Pandemic ဖြစ်နေတဲ့အချိန်မှာဆို အိမ်မှာပဲအနေများတဲ့အတွက် Online Shopping တွေပိုလို့တောင်ထွက်ဖြစ်နေပါသေးတယ်။ ကိုယ် Purchase လုပ်လိုက်တဲ့ Item တွေဆိုလည်း အိမ်တိုင်ရာရောက် Delivery Service တွေလည်းရှိပြီးသားဆိုတော့ အခုလို E-Commerce တွေ၊ Online Purchasing တွေပိုပြီးကျယ်ပြန့်လာတဲ့အခါ ဈေးဝယ်ရတာလည်း ပိုပြီး အဆင်ပြေလွယ်ကူလာတာမို့ ကိုယ်ကိုယ်တိုင်တောင် သတိမထားမိလိုက်ပဲ အများကြီး ဝယ်မိတဲ့ အဖြစ်အပျက်တွေလည်း ကြုံဖူးကြမှာပါ။ လူအများစုအတွက်တော့ Online Shop၊ E-Commerce Website တွေမှတစ်ဆင့်ဈေးဝယ်ရတာကို အရမ်းနှစ်သက်ကြပေမယ့် တစ်ချို့အတွက်ကျတော့ လည်း Online ကနေဈေးဝယ်မှပဲ Expectaion နဲ့ Reality မတူညီတာတွေ၊ အလွဲလွဲ အချော်ချော် ဖြစ်တာတွေလည်း ရှိပါတယ်။ ဒီတော့ ကိုယ်လိုချင်တာလည်း ဝယ်လို့ရအောင်၊ မလိုအပ်ပဲလည်း ငွေအများကြီးမကုန်အောင်ဆိုရင် Online Shopping မလုပ်ခင် ဒီအချက်လေးတွေကိုတော့ သတိပြုပြီး ထည့်သွင်းစဉ်းစားဖို့ အကြံပြုလိုက်ပါတယ်။

၁။ Sales/Discount ဆိုတိုင်း ဝယ်မိနေတာ
ဒါကတော့ မိန်းကလေးတော်တော်များများ ဖြစ်လေ့ရှိတဲ့ အလေ့အကျင့်တစ်ခုပါ။ အဝတ်အစား၊ Cosmetic တွေဈေးချနေပြီ၊ Discount တွေ ပေးနေပြီဆို ဘယ်မိန်းကလေးမှ မဝယ်ပဲ မနေနိုင်ပါဘူး။ ဒါပေမယ့် ဝယ်တဲ့နေရာမှာ သတိမထားမိတာက ဈေးလျော့လို့သာ ဝယ်လိုက်ပေမယ့် ကိုယ်တကယ် အကြိုက်ကြီးမဟုတ်တာ၊ အသုံးမလိုပေမယ့် တန်လို့ဆိုပြီး ဝယ်ထားလိုက်တာမျိုးတွေဖြစ်တတ်ပါတယ်။ အဲ့ဒါကြောင့် Discount တွေရှိလည်း ကိုယ်ကိုယ်တိုင်ရော အဲ့ ပစ္စည်းကို တကယ်ကြိုက်ရဲ့လား၊ ကိုယ့်အတွက် အသုံးဝင်လားဆိုတာကို သေချာဆန်းစစ်ပြီးမှ ဝယ်ပါ။

၂။ Product Description ကိုသေချာမဖတ်ကြည့်မိတာ
ဒါကတော့ ကိုယ်ကြိုက်တဲ့ အဝတ်အစား၊ ဖိနပ် Order လိုက်တာတော့ ဟုတ်ပါပြီ။ ရောက်လာတဲ့အခါမှာ ကိုယ်နဲ့ မတော်တာ၊ ကျပ်နေတာ၊ ချောင်နေတာ မျိုးတွေဆို တကယ်ကြေကွဲပြီပဲ။ အဲ့ဒါကြောင့် မမှာခင် အဲ့ အဝတ်အစား ၊ ဖိနပ်ရဲ့ Product Information ကိုသေချာကြည့်ပြီး ကိုယ်နဲ့လည်း အံဝင်ခွင်ကျဖြစ်တယ်ဆိုမှ ဝယ်သင့်ပါတယ်။ အင်္ကျ ီ တွေဆိုလည်း Free Size လား၊ Size ရှိရင်လည်း Size Chart ကိုသေချာတောင်းပြီး ကိုယ်နဲ့ Fit ဖြစ်မယ့် Size ကို ရွေးချယ်ပါ။ ဖိနပ်ဆိုရင်လည်း ထိုနည်း၎င်းပါပဲ။ Brand အပေါ်မူတည်ပြီး သူတို့ သတ်မှတ်ထားတဲ့ ဖိနပ် Size တွေကအနည်းငယ်ကွဲတတ်ပါတယ်။ အဲ့ဒါကြောင့် သေချာဂရုတစိုက်ရွေးချယ်ပါ။


၃။ Review/Feedback တွေကို မကြည့်ပဲ ဝယ်မိတာ
ဒီအချက်ကလည်း အရေးကြီးပါတယ်။ ဘာလို့လဲ ဆိုတော့ ကိုယ်ဝယ်ယူမယ့် Online Shop တွေ၊ Shopping Website တွေကလည်း Reputation ကောင်းပြီး ယုံကြည်ရဖို့လိုပါတယ်။ ကိုယ်ဝယ်တဲ့ Amount များသည်ဖြစ်စေ၊ နည်းသည်ဖြစ်စေ၊ Pre-Paid နဲ့ဖြစ်စေ၊ Cash On Delivery နဲ့ဖြစ်စေ ဒီဝယ်ယူတဲ့ Purchasing Procedure တိုင်းကို အဆင်ပြေချောမွေ့အောင် လုပ်ဆောင်ပေးနိုင်တဲ့ စိတ်ချရတဲ့ Site တွေကနေတစ်ဆင်သာ ဝယ်ယူပါ။ အလားတူ Product ပစ္စည်းမမှာခင်မှာလည်း အဲ့ပစ္စည်း၊ အသုံးအဆောင်ကို အရှေ့ကအသုံးပြုခဲ့တဲ့ Customer တွေရဲ့ အဆိုးအကောင်း Review တွေကို သေချာဖတ်ကြည့်ပြီးမှ ကိုယ်နဲ့ကိုက်ညီပြီဆိုရင်တော့ မှာယူလိုက်ပါ။

၄။ Card တွေဖြင့် ဝယ်ယူခြင်း
လေ့လာတွေ့ရှိချက်တွေအရ Cash နဲ့ဝယ်ယူတာထက် Bank Card တွေ၊ အကြွေးဝယ်ကတ်တွေ၊ Debit Card၊ Credit Card တွေနဲ့ ဝယ်တာက ပိုပြီးတော့ အကုန်အကျများစေပါတယ်တဲ့။ ဘာလို့လဲဆိုတော့ သူ့ရဲ့ Purchasing Transcation တွေက Digital နဲ့ပဲသွားတော့ ငွေအများကြီး မထုတ်ပေးရပဲ ကိုယ့်ရဲ့ Bank Account ထဲက ကိန်းဂဏန်းတွေပဲလျော့သွားတာဖြစ်လို့ သတိမထားမိပဲ အများကြီး ဝယ်ယူတဲ့၊ မကြာခဏ ဝယ်ယူတဲ့ အလေ့အထကိုဖြစ်စေနိုင်လို့ပါ။

, ,

Opinions

အန္တရာယ်ပြုခံနေရတဲ့ သဘာဝတောရိုင်းတိရစ္ဆာန်တွေကို ဘယ်လိုကာကွယ်ကြမလဲ။

ကမ္ဘာနဲ့ အဝှမ်းမှာ တောရိုင်းတိရစ္ဆာန်လေးတွေကို စီးပွားဖြစ်သတ်ဖြတ်ခြင်းတွေ၊ အန္တရာယ်ပြုမှုတွေ များစွာကြုံတွေ့နေရပါတယ်။

by Lin Lin

June 17, 2020

ကမ္ဘာပေါ်မှာ လူဦးရေ ၇ ဘီလီယံကျော်နေထိုင်နေကြပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ လူတွေဟာ တောရိုင်းတိရစ္ဆာန်တွေကို ကာကွယ်ဖို့အတွက် လူတိုင်းလူတိုင်းမှာ တာဝန်ရှိနေပါတယ်။ ကမ္ဘာနဲ့ အဝှမ်းမှာ တောရိုင်းတိရစ္ဆာန်လေးတွေကို စီးပွားဖြစ်သတ်ဖြတ်ခြင်းတွေ၊ အန္တရာယ်ပြုမှုတွေ များစွာကြုံတွေ့နေရပါတယ်။ သဘာဝအတိုင်းနေထိုင်နေကြတဲ့ သူတို့လေးတွေရဲ့ ဘဝကို လုံခြုံမှုပေးနိုင်ဖို့အတွက်လည်း လိုအပ်ပါတယ်။ အသေးအဖွဲလေးတွေကအစ အတူတကွကာကွယ်သွားကြမယ်ဆိုရင် ပေါင်းစည်းလိုက်တဲ့အခါ အကျိုးသက်ရောက်မှုများစွာရရှိနိုင်ပါလိမ့်မယ်။ ဒီတော့ သဘာဝတောရိုင်းတိရစ္ဆာန်လေးတွေကို ဘယ်လိုကာကွယ် စောင့်ရှောက်ပေးနိုင်မလဲ ဆိုတဲ့အချက်လေးတွေကို ပြောပြပေးမယ်နော်။

World Wildlife Fund (WWF) ကဲ့သို့သော တောရိုင်းတိရစ္ဆာန်စောင့်ရှောက်ရေးအဖွဲ့အစည်းမှ မွေးစားရန်အတွက် ဆက်သွယ်နိုင်ပါတယ်။ ဒါမှမဟုတ် တိရစ္ဆာန်စောင့်ရှောက်ရေးအတွက် ရံပုံငွေထောက်ပံ့ကူညီနိုင်ပါတယ်။ အကယ်၍ ရံပုံငွေအတွက် ကူညီဖို့အတွက် မတတ်နိုင်ဘူးဆိုရင် သင့်လုပ်အားနဲ့ ကူညီနိုင်ပါတယ်။ တောရိုင်းတိရစ္ဆာန်နဲ့ပတ်သက်တဲ့ များစွာသောအဖွဲ့အစည်းတွေနဲ့ တိရစ္ဆာန်ရုံတွေမှာ Volunteer Program တွေများစွာ ရှိနေပါတယ်။ ဒီ Program တွေမှာ သင့်ရဲ့ လုပ်အားအကူအညီနဲ့ တိရစ္ဆာန်လေးတွေကို စောင့်ရှောက်ပေးနိုင်ပါတယ်။

တိရစ္ဆာန်ဥယျာဉ်များ၊ ငါးမွေးကန်များ၊ အမျိုးသားဥယျာဉ်များနဲ့ တောရိုင်းတိရစ္ဆာန်ဒုက္ခသည်များရဲ့ သားရိုင်းတိရစ္ဆာန်များ၏နေအိမ်များဖြစ်ကြပါတယ်။ ကမ္ဘာမြေပေါ်မှာရှိတဲ့ တိရစ္ဆာန်တွေကို အနီးကပ်ကြည့်ရှု့စောင့်ရှောက်ပေးကြဖို့လည်းလိုအပ်ပါတယ်။ ဒီလိုမျိုး တိရစ္ဆာန်တွေကို ကူညီစောင့်ရှောက်ပေးနိုင်ဖို့အတွက် သင်တစ်ဦးတစ်ယောက်တည်းသာမကဘဲ သင့်မိသားစု၊ မိတ်ဆွေ သူငယ်ချင်းတွေကိုပါ ကယ်တင်ပေးနိုင်တယ်ဆိုတဲ့အကြောင်း ဝေမျှပေးနိုင်ပါတယ်။ ပတ်ဝန်းကျင်မှာ ရှိသမျှလူတွေကို တောရိုင်းတိရစ္ဆာန်တွေကို အန္တရာယ်မပြုဖို့နဲ့ တောရိုင်းတိရစ္ဆာန် ရောင်းဝယ်နေမှုတို့ကို ကာကွယ်ဖို့အတွက် တတ်နိုင်သမျှ တောင်းဆိုပေးပါ။ အန္တရာယ်ရှိသောတိရိစ္ဆာန်များမှဖြစ်စေ၊ သူတို့ရဲ့ အစိတ်အပိုင်းများမှထုတ်လုပ်တဲ့ ထုတ်ကုန်များကို မဝယ်ယူခြင်းအားဖြင့်တောရိုင်းတိရစ္ဆာန်ရောင်းဝယ်မှုကို တားဆီးနိုင်ပါလိမ့်မယ်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအပြည်ပြည်ဆိုင်ရာသမဂ္ဂရဲ့ အဆိုအရသဘာ ၀ ပတ် ၀ န်းကျင်ဖျက်ဆီးခြင်းဟာ မျိုးသုဉ်းရန်အန္တရာယ်ရှိသော မျိုးသုဉ်းရန်အန္တရာယ်ရှိသောမျိုးစိတ် ၈၅ ရာခိုင်နှုန်းကို အဓိကခြိမ်းခြောက်မှုဖြစ်တယ်လို့ ဆိုပါတယ်။ သင်ကိုယ်တိုင် သစ်ပင်များကိုစိုက်ပျိုးခြင်း၊ စိုစွတ်သောပြန်လည်ထူထောင်ခြင်း သို့မဟုတ် သင့်ဧရိယာအတွင်းရှိကမ်းခြေများ သန့်ရှင်းရေးလုပ်ခြင်းဖြင့် ကယ်တင်ပေးနိုင်ပါတယ်။

နှစ်စဉ် မတ်လ ၃ ရက်နေ့မှာ ကျင်းပတဲ့ ကမ္ဘာ့တောရိုင်းတိရစ္ဆာန်နေ့ကို သင်ကိုယ်တိုင်ပါဝင်ဆင်နွှဲနိုင်သလို တောရိုင်းတိရစ္ဆာန်တွေနဲ့ ပတ်သက်တဲ့ စကားဝိုင်းတွေကိုလည်း ပါဝင်နိုင်ရန်အတွက် Twitter ပေါ်ရှိ @WildlifeDay စကားဝိုင်းသို့ဝင်ရန် hashtag #WorldWildlifeDay ကို အသုံးပြုနိုင်ပါတယ်။