×
Opinions

အခုလို အခက်အခဲကာလမှာ ငွေကို ဘယ်လိုသုံးစွဲသင့်လဲ

လက်ဖွာတဲ့သင့်သူငယ်ချင်းကို သတိပေးလိုက်ပါဦး

by May Shoon

September 22, 2020

  Covid-19 ကြောင့် ပြည်သူများရဲ့ ကျန်းမာရေးနဲ့ စိတ်ပိုင်းဆိုင်ရာတွေထိခိုက်လာတာအပြင် နောက်ထပ်အများဆုံး သက်ရောက်တဲ့ Sector က စီးပွားရေးပါ။ စက်ရုံအလုပ်ရုံတွေ၊ စီးပွားရေးလုပ်ငန်းနဲ့ တခြား Travel &Tourism လုပ်ငန်းတွေမှာလည်းထခိုက်မှုတွေကြုံတွေ့လာရတယ်။ လုပ်ငန်းဖျက်သိမ်းတာတွေ၊ ဝန်ထမ်းလျှော့ချတာတွေနဲ့ အလုပ်လက်မဲ့တွေလည်း အနည်းနဲ့ အများကြုံတွေ့လာရတယ်။ အိမ်ထဲမှာပဲနေရတာကြာတော့ လူတွေလည်း ငြီးငွေ့လာကြတာတော့သဘာဝပါ။ အလုပ်တွေလည်း Work From Home တွေဖြစ်လာကြတော့ ငွေရေးကြေးရေးအတွက် Spending လုပ်တဲ့ အလေ့အထတွေလည်း ပြောင်းလဲလာတယ်။ Online ကနေမှာယူတာတွေအလွန်များပြားလာတယ်။

ဒါပေမယ့် အားလုံးသတိထားဖို့က အခုချိန်မှာ ကိုယ့်ရဲ့ ဝင်ငွေထွက်ငွေကို ချင့်ချိန်သုံးစွဲနိုင်မှာ ရေရှည်မှာ ရပ်တည်ဖို့အဆင်ပြေနိုင်မှာပါ။ Covid-19 ကြောင့်ဝင်ငွေတွေ ပုံမှန်မဟုတ်တော့တဲ့အချိန်မှာ ကိုယ့်ရဲ့ ငွေရေးကြေးရေးကို ချွေတာသုံးစွဲနိုင်ဖို့အရေးကြီးပါတယ်။ တကယ်လို့ အခုချိန်ထိ ငွေသုံးတာကို Control မလုပ်နိုင်သေးဘူးဆိုရင် အောက်ပါနည်းလေးတွေအတိုင်း Budget ကို Limit လုပ်ပြီးသုံးကြည့်ပါနော်။

Percentage နဲ့ငွေစုပါ

လူအများစုရငွေနဲ့သုံးငွေမလောက်တာက ရှိတဲ့ပိုက်ဆံကို အရင်သုံးပြီးမှ ကျန်တဲ့ ပိုက်ဆံကိုဆုကြတာကြောင့်ပါ။ ဖြစ်နိုင်ရင် Income ထဲကငွေကိုမသုံးခင် 10% ကိုအရင်စုပါ။ ပြီးမှာကျန်တဲ့ငွေကိုသုံးပါ။ ဒီ Percent ထက်ပိုစုနိုင်ရင်လည်းပိုကောင်းပါတယ်။ အရေးကြီးတာက ကိုယ့်ဝင်ငွေကို စည်းစနစ်နဲ့စုတဲ့အလေ့အကျင့်လေးကို ရစေချင်တာကြောင့်ပါ။ အချိန်တစ်ခုရောက်တဲ့အခါ စုငွေတွေက သင်ထင်ထားတာထက်တောင်သင့် Bank Account ထဲမှာရှိနေပါလိမ့်မယ်။

အိမ်မှာပဲချက်စားပါ

နာမည်ကြီး Restaurant တွေကနေ Food Delivery နဲ့မှာစားတာက တစ်ခါတစ်ရံအကြောင်းမဟုတ်ပေမယ့် ရေရှည်မှာတော ကိုယ့် Budget အရမ်းထောင်းပါတယ်။ အဲ့လိုမှာစားမယ့်အစား လတ်ဆတ်တဲ့အစားအစာတွေကို ကိုယ်တိုင်ဝယ်ပြီး အိမ်မှာ ချက်ပြုတ်စားတာက အကောင်းဆုံးဖြစ်မှာပါ။ Fast Food တွေစားမယ့်အစား အိမ်မှာပဲ Organic Snack တွေကိုစားပါ။ Starbucks ဝယ်သောက်တာထက် ကိုယ့်အိမ်မှာ Coffee Maker နဲ့ အကြိုက်ဖျော်သောက်ပါ။ ကိုယ့်ရဲ့ Budget ကိုချွေတာရာရောက်သလို ကျန်းမာရေးနဲ့လည်း ညီညွတ်စေပါတယ်။ အရမ်းလည်းမစားဖြစ်တော့ အဝလွန်တာတွေ၊ ဝိတ်တက်တာတွေလည်းမဖြစ်တော့ဘူးပေါ့။

ပစ္စည်းတစ်ခုမဝယ်ခင်တကယ်လို၊မလို ချင့်ချိန်ပါ

ဒီအချက်က မိန်းကလေးတွေ Control မလုပ်နိုင်ဆုံးအချက်ပါ။ ဘာလဲဆိုတော့ Online မှာလိုချင်တာတွေ့ပြီဆိုမစဉ်းစားပဲ ဝယ်ဝယ်မိနေတာကိုပါ။ ဒီလိုနဲ့ နည်းနည်းပဲဝယ်တာပါဆိုတဲ့ ဆင်ခြေနဲ့ လကုန်တဲ့အခါ မှာထားတဲ့ Order တွေကများသွားရော။ အဲ့လိုမဖြစ်အောင် ကြိုက်တဲ့ပစ္စည်းတစ်ခုဝယ်တော့မယ်ဆိုရင် ကိုယ့်အတွက်တကယ်လိုအပ်လား၊ မလိုအပ်လားစဉ်းစားပါ။ အဲ့ဒါဝယ်မယ့်အစား တခြားအစားထိုးလို့ရတဲ့ ပစ္စည်းကိုယ့်မှာရှိနေလားပြန်စဉ်းစားကြည့်ပါ။ ဒီလိုလေးချင့်ချိန်သွားရင် မလိုအပ်တဲ့နေရာမှာ ငွေကုန်ပေါက်တွေမများတော့ဘူးပေါ့။

Bucket List လုပ်ပါ

လိုချင်တာတွေ၊ လိုအပ်တာတွေအတွက်ဝယ်တော့မယ်ဆိုရင် ကိုယ့်ရဲ့ Bucket List လေးကိုလည်း သတိရပါ။ Bucket List ဆွဲဖို့လည်းမမေ့နဲ့နော်။ ငွေစုတဲ့အခါလည်း ဒီ Bucket List လေးနဲ့စုရင် ပိုပြီး Motivation ရပါတယ်။ ဥပမာ ဒီ Pandemic ကြီးပြီးသွားရင် ခရီးသွားဖို့တို့၊ Donation တွေလုပ်ဖို့တို့၊ သူငယ်ချင်းတွေနဲ့ Festival လုပ်ဖို့ဆိုပြီး Goals လေးနဲ့ ငွေစုကြည့်ပါ။

ကိုယ်ပိုင်စီးပွားရေးလုပ်ကြည့်ပါ

အခုချိန်မှာ အလုပ်အကိုင်တွေကျပ်တည်းနေတာမို့ Office Work အပြင် တခြားဝင်ငွေရနိုင်မယ့် Small Business လေးတွေကိုလည်း Try ကြည့်ပါ။ အခုက Online ကိုကောင်းကောင်းအသုံးချပြီး ဝင်ငွေရှာလို့ရနေပါပြီ။ တကယ်လို့ Online Shop မလုပ်ချင်ဘူးဆိုလည်း ဝါသနာပါရာကိုယ့်ရဲ့ Talent တွေကိုချပြတဲ့ Influencer ၊ Blogger တွေအနေနဲ့လည်းလုပ်ကိုင်နိုင်ပါတယ်။

, , ,
Opinions

ဘယ်ရာသီခွင်အတွဲအဖက်က အလိုက်ဖက်ဆုံး သူငယ်ချင်းကောင်းတွေလဲ

ကိုယ့်ရဲ့ BFF လေးက ဘယ်သူဖြစ်မလဲ…

by JN Ja Seng Pan

October 18, 2020

အချစ်ဗေဒင်တွေ၊ Zodiac Sign နဲ့ စိတ်နေသဘောထားတွေစတဲ့ ဟောစတမ်းတွေကို တစ်ခါမှမဖတ်ဖူးတဲ့သူ ဆိုတာမရှိလောက်ပါဘူးနော်။ လူတိုင်းက ကိုယ်နဲ့ ပတ်သတ်တဲ့အရာတွေကို စိတ်ဝင်တစားရှိတတ်ကြတာမို့ ဒါမျိူးလေးတွေ Facebook မှာ တက်လာရင် တစ်ခု မဟုတ် တစ်ခုတော့ ဖတ်မိကြမှာပါ။ ဖတ်ရင်း နဲ့ ကိုယ်က Aries မလို့ Capricorn နဲ့ အဆင်မပြေလို့ အဆက်အသွယ်ဖြတ်လိုက်တာတော့ ရှိမှာ မဟုတ်ပေမယ့် ဘာတွေ ပြောထားလဲဆိုတာကိုတော့ စပ်စုချင်ကြတာ ထုံးစံပါပဲ။

ဒီတစ်ခေါက်မှာတော့ အချစ်ရေးတွေ ခဏထားပြီး သူငယ်ချင်းတွေ အကြောင်း သွားလိုက်ရအောင်။ သင့်ရဲ့ ရာသီခွင်အရ ဘယ် ရာသီခွင်သူငယ်ချင်းမျိူးကို အပေါင်းသင်းဆုံးလဲ ဆိုတာ ပြောပြပေးသွားမှာပါ။ သူငယ်ချင်းတွေထဲမှာ ကိုယ်နဲ့ ပိုအဆင်ပြေတဲ့ သူငယ်ချင်းမျိူး၊ တစ်ခုခုဆို ညှိစရာမလိုတဲ့ သူငယ်ချင်းက ဒီရာသီခွင်တွေများဖြစ်နေမလား ဆိုတာ မပြောနိုင်ဘူးလေနော်။ ကိုယ့်ရဲ့ BFF လေးက ဘယ်သူဖြစ်မလဲ…


Aries (March 21 - April 19)

Aries သမားတွေနဲ့ အဆင်အပြေဆုံးက Gemini တွေပါ။ နှစ်ယောက်လုံးက စကားအရမ်းပြောနိုင်တဲ့သူတွေဆိုတော့ ကွက်တိမက်စိပဲနော်။ ဒီ Friendship လေးက အတင်းတွေတုပ်ရင်း၊ ဟိုအကြောင်း ဒီအကြောင်းတွေ ဆွေးနွေးရင်း ပျော်စရာကောင်းနေမှာပါ။ အကြိုက်ချင်းလည်း တူတတ်တာများပါတယ်။


Taurus (April 20 - May 20)

စိတ်သဘောထားပြည့်ဝပြီး ယုံကြည်ရတဲ့ Taurus လေးတွေက သူတို့ကို အမြဲ Support ပေးနေမယ့် Virgo လေးတွေကို လိုအပ်ပါတယ်။ နှစ်ယောက်သားအတူရှိနေရင် ရယ်နေရပြီး အမြဲတစ်ယောက်ကို တစ်ယောက် သတိတရရှိနေတတ်သူတွေပါ။

 


Gemini (May 21 - June 20)

Playful ဖြစ်တဲ့ Gemini တွေ အပေါင်းသင်းဆုံးက Virgo ပါ။ နှစ်ယောက်အတူတူ တိုင်တိုင်ပင်ပင် တွေးတွေးဆဆလုပ်တတ်ပြီး အမြင်တွေကလည်း တူနေတတ်ပါတယ်။ ဒီအတွဲလေးကို BFF အစစ်အမှန်တွေလို့ သတ်မှတ်လို့ရပါတယ်။


Cancer (June 21 - July 22)

Cancer နဲ့ ရင်းနှီးဖို့ လွယ်တာက Scorpios တွေပါ။ နှစ်ယောက်လုံးက စခွီထရတာကြိုက်ပြီး နှစ်ခေါက် မခေါ်ရတဲ့ သူငယ်ချင်းအတွဲပါ။ အကဲဆုံးနှစ်ယောက် ပေါင်းမိကြတယ်လို့ ပြောရမှာပါ။

 


Leo (July 23 - August 22)

တစ်ယောက် ကို တစ်ယောက် နားလည်နေကြတတ်တဲ့ သူငယ်ချင်းနှစ်ယောက်ကတော့ Leo နဲ့ Sagittarius ပါ။ နှစ်ယောက်လုံးက တစ်ခုခုဆို အများကြီး ပြောနေစရာမလိုပဲ သဘောပေါက်နေတတ်ကြပါတယ်။


Virgo (August 23 - September 22)

နားလည်ရခက်တဲ့ Virgo တွေအတွက် အကောင်းဆုံးသူငယ်ချင်းကတော့ Emo Scorpio ပါ။ စစတွေ့ချင်းကတည်းက သူငယ်ချင်းအရင်းတွေလို ရင်းရင်းနှီးနှီး ခံစားနေရသူတွေပေါ့။ နှစ်ယောက်လုံးက အခြားသူရဲ့ ခံစားချက်ကို ဦးစားပေးလေ့ရှိပြီး နက်နက်နဲနဲ တွေးလေ့ရှိကြပါတယ်။

 


Libra (September 23 - October 22)

လိုက်လျောညီထွေတတ်တဲ့ Libra နဲ့ သူများနဲ့နည်းနည်းထူးခြားတဲ့ Aquarius နဲ့က တကယ့်ကို လိုက်ဖက်တဲ့ သူငယ်ချင်းတွေပါ။ ရန်ခဏခဏဖြစ်ပြီး စကားများတက်ပေမယ့် မခေါ်ပဲ မနေနိုင်သလို အရမ်းချစ်ကြတဲ့သူငယ်ချင်းတွေပါ။


Scorpio (October 23 - November 21)

Scorpio က အားလုံးနဲ့ ပေါင်းသင်းတတ်ပေမယ့် Pisces လေးကိုတော့ Real Friend List ထဲမှာ ထည့်သင့်ပါတယ်။ ဘယ်နှစ်နှစ်ကြာကြာ၊ ဘယ်လိုအခြေအနေပဲရောက်ရောက် မပြောင်းလဲပဲ သူငယ်ချင်းကောင်းတွေအဖြစ် ရှိနေမယ့်သူတွေပါ။ ဘယ်အချိန်မှာ အားပေးရမလဲ၊ ဘယ်အချိန်တော့ လွှတ်ထားပေးရမလဲဆိုတဲ့ အရိပ်အခြေကို နှစ်ယောက်လုံးသိတဲ့သူတွေမို့ Healthy Friendship ကို ဖန်တီးနိုင်မယ့် သူငယ်ချင်းတွေပါ။

 

Sagittarius (November 22 - December 21)

Sagittarius သမားတွေက Aries တွေနဲ့ ပေါင်းကို ပေါင်းရမှာပါ။ တစ်ယောက် ကို တစ်ယောက် Inspire ဖြစ်နေတတ်ပြီး နှစ်ယောက်အတူရှိရှင် ပျော်ရွှင်ရလေ့ရှိပါတယ်။ သူငယ်ချင်းဆက်ဆံရေးမြဲချင်ရင် ဘယ်သူသာတယ်ဆိုတာမျိူးနဲ့တော့ မယှဉ်ပြိုင်မိအောင်တော့ ရှောင်ရမှာပါ။


Capricorn (December 22 - January 19)

ဒီအတွဲကိုတော့ တကယ့်ယုံ။ Capricorn နဲ့ Gemini တို့က တကယ့်ကို သူငယ်ချင်းကောင်းအတွဲအဖက်ပါ။ နှစ်ယောက်လုံးက Type မတူပေမယ့် ဘဝအပေါ် ထားတဲ့ရည်မှန်းချက်တွေ၊ အတူတူမျှဝေချင်တဲ့စိတ်ဓာတ်တွေကြောင့် BFF တွေဖြစ်သွားတတ်ကြပါတယ်။

 


Aquarius (January 20 - February 18)

Type မတူပေမယ့် သူငယ်ချင်းအရင်းကြီးတွေဖြစ်သွားတတ်တဲ့ နောက်ထပ်အတွဲကတော့ Aquarius နဲ့ Leo ပါ။ ညှိရခက်ပေမယ့် လိုအပ်ချိန်တိုင်း ရှိနေပေးတတ်တဲ့ သူတွေပါ။ သူငယ်ချင်းတွေကြားမှာ အလိုအပ်ဆုံးဖြစ်တဲ့ Loyalty ကို နှစ်ယောက်လုံးက တန်ဖိုးထားကြတဲ့အတွက်ပါ။


Pisces (February 19 - March 20)

အကင်းပါးတဲ့ Piscues နဲ့ အလိုက်ဖက်ဆုံး သူငယ်ချင်းလေးကတော့ စိတ်ပျော့တဲ့ Cancer တွေပါ။ ဒီနှစ်ယောက်အတူ ပေါင်းမိရင် မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူးတဲ့။ ခရီးထွက်တာ ဝါသနာပါကြပြီး အစားအသောက်ကြိုက်တာခြင်းလည်း တူနေတတ်ပါတယ်။

, ,

Opinions

Tik Tok ရိုက်ဖို့ ကိုယ်ပိုင်စတူဒီယိုတစ်ခု ဖန်တီးကြမယ်

Tik Tok အတွက် အဓိက စုဆောင်းရမယ့် အရာလေးတွေ

by Randy Win

October 18, 2020

               အခုနောက်ပိုင်းမှာ လူငယ်တော်တော်များများအနေနဲ့ Video-Sharing Social Network တစ်ခုဖြစ်တဲ့ Tik Tok ကို စွဲစွဲလန်းလန်း အသုံးပြုလာကြတာကို တွေ့ရမှာပါ။ အရင်က Facebook , Instagram လောက်ကိုသာ အဓိက အသုံးများကြပေမယ့် ကိုယ့်ရဲ့ လှုပ်ရှားမှူလေးတွေနဲ့ ပျော်စရာ Challenge လေးတွေ Trend လေးတွေကို ဆွဲဆောင်မှူရှိတဲ့ Video တွေအဖြစ် စိတ်ကူးရှိသလိုဖန်တီးနိုင်တဲ့ Tik Tok ဟာလည်း လူကြီး၊လူငယ် အရွယ်အားလုံး နောက်ထပ် ရွေးချယ်ရာ Social Platform တစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒီလို Tik Tok Video လေးတွေကို ဖန်တီးတဲ့အခါမှာ တချို့က အပျော်တမ်းသက်သက်ရိုက်ကူးကြသလို တချို့ကလည်း လူအများကို Influence လုပ်နိုင်တဲ့အခြေအနေထိရောက်အောင် ရည်ရွယ် ရိုက်ကူးလာကြတာတွေ့ရပြီး ဘယ်လိုရည်ရွယ်ချက်နဲ့ပဲရိုက်သည်ဖြစ်စေ Video ဦးစားပေး Platform တစ်ခုဖြစ်တာကြောင့် အကောင်းဆုံး အရည်အသွေးနဲ့ သေသေချာချာလေးရိုက်ကူးထားတဲ့ Video တစ်ခုကသာ လူတွေကို ပိုပြီးဆွဲဆောင်နိုင်တဲ့ အဓိကသော့ချက်ဖြစ်တယ်ဆိုတာ မေ့ထားလို့မရပါဘူး။ ဒါကြောင့်မို့ အရည်အသွေးကောင်းကောင်း Tik Tok Video တစ်ခုအတွက် ဘာတွေလိုအပ်ပြီး ဘာတွေရှိထားသင့်တယ်ဆိုတာနဲ့ ကိုယ်ပိုင် Home Studio အသေးစားလေးတစ်ခုကို ဘယ်လိုအရာတွေနဲ့ စတင်ဖန်တီးနိုင်မလဲဆိုတဲ့ အချက်လေးတွေကို သေချာသိရှိနိုင်ဖို့အတွက် စုစည်းဖော်ပြပေးလိုက်ပါတယ်နော်။

Background 


Tik Tok ရိုက်တော့မယ်ဆိုရင် အရေးထားသင့်တဲ့ အဓိကတစ်ချက်ကတော့ နောက်ခံ Background ပါ။ ညစ်ထေးထေး နံရံ ၊ ရှုပ်ပွနေတဲ့ အခန်းမြင်ကွင်းတွေ ထက်စာရင် နောက်ခံ Background လှလှလေးတွေက လူတွေရဲ့ အမြင်ကို ပိုဆွဲဆောင်နိုင်သလို ကိုယ့်ရဲ့ Impression လည်း မြင့်စေပါတယ်။ ဒါကြောင့်မို့ နောက်ခံ Background ကို အတတ်နိုင်ဆုံး သေချာပြင်ဆင်ပါ။ ပြောင်ကနေစလို့ ၊ Glitter ပါတဲ့ ဒီဇိုင်းလေးတွေအထိ အမျိုးအစားစုံလင်တဲ့ Backdrop တွေကို အွန်လိုင်းပေါ်မှာ အလွယ်တကူရှာဖွေတွေ့ရှိနိုင်ပါတယ်။ Tapestry လှလှလေးတွေဟာလည်း နောက်ခံအနေနဲ့အသုံးပြုဖို့သင့်တော်တဲ့ထဲမှာပါဝင်သလို အဲဒီ Background ကိုမှ ကိုယ့်စိတ်ကူးရှိရင်ရှိသလို Fairy Light လေးတွေ ၊ Glitter ကြိုးလေးတွေ နဲ့ ထပ်ပြီးအလှဆင်လို့ရဦးမှာပါ။ ကင်မရာပစ္စည်းအရောင်းဆိုင်တွေမှာလည်း နောက်ခံ Backdrop မျိုးစုံကို သွားရောက်ရှာဖွေဝယ်ယူနိုင်သလို အနီးအနား ပိတ်စဆိုင်တစ်ဆိုင်ဆိုင်က ရှုပ်ရှုပ်ယှက်ယှက်ဒီဇိုင်းတွေမပါတဲ့ပိတ်စပြောင် ခပ်ထူထူ (ကိုယ်နှစ်သက်ရာအရောင်) ကိုဝယ်ယူပြီး ဈေးနည်းနည်းနဲ့ အသုံးဝင်လှပတဲ့ Background လေးတွေအဖြစ်ဖန်တီးလို့ရပါသေးတယ်။

Lighting


ကမ္ဘာအနှံ့အပြားက Tik Tok ဆော့တဲ့သူတော်တော်များများ Ring Light တွေကို အသုံးပြုကြတာ အားလုံးတွေ့ဖူးကြမှာပါ။ ရိုက်ကူးရေးတစ်ခုပြုလုပ်ရာမှာ မီးရောင်ဟာ လူတစ်ယောက်ရဲ့ အသွင်အပြင်ကို ပြောင်းလဲစေနိုင်တဲ့ အစွမ်းရှိတာမို့ Tik Tok ဆော့တော့မယ်ဆိုရင် Lighting ပိုင်းကို မဖြစ်မနေ ရင်းသင့်ပါတယ်။ ခုချိန်မှာဆိုရင် အွန်လိုင်းပေါ်မှာ အရင်ကလို ဈေးကြီးပေးစရာမလိုပဲ Ring Light တွေကို ဝယ်ယူနိုင်နေပါပြီ။ မီးရောင်ကိုလည်း အဖြူရောင် အဝါရောင်နဲ့ အရော ဆိုပြီး လာတဲ့အပြင် ဈေးနှုန်းအနေနဲ့လည်း တစ်သောင်းကျော်ကနေစလို့ တစ်သိန်းကျော်အထိ ကွာလတီပေါ်မူတည်ပြီး ဈေးနှုန်းအစားစားရှိတာတွေ့ရပါတယ်။တကယ်လို့ Ring Light မဝယ်ဖြစ်သေးရင်တောင်မှ LED ဓာတ်မီးတိုင်နှစ်ခုကို တစ်ဖက်တစ်ချက်မှာ ထားပြီး ရိုက်ကူးတာမျိုးနဲ့ Lighting ကို မဖြစ်မနေအသုံးချပါ။ နောက်ခံနဲ့ ပတ်ဝန်းကျင်မှာလည်း မီးကြိုးလေးတွေ မီးတန်းလေးတွေထပ်ထည့်ပြီး အလှဆင်လို့ရပါသေးတယ်။

Mirror 


Tik Tok ဆော့တဲ့အခါ နိုင်ငံတကာမှာ Trend တစ်ခုအနေနဲ့ မှန်ထဲကတဆင့်ရိုက်ကူးကြတာမျိုးတွေတွေ့ရမှာပါ။ အထူးသဖြင့် ကိုယ်လုံးပေါ်မှန်မျိုးတွေပေါ့။ မှန်တစ်ချပ်ရှိတာဟာ တချို့ Tik Tok Challenge တွေအတွက် တော်တော်လေး အသုံးဝင်သလို ကိုယ့်ဟာကိုယ်အပျော်တမ်း ဓာတ်ပုံရိုက်ကူးတာမျိုးအတွက်လည်း တမျိုးတမည်အဆင်ပြေစေတာတွေ့ရမှာပါ။ ကိုယ်လုံးပေါ်မှန်တစ်ချပ်ကို ဈေးနုန်းတစ်သောင်းကျော်ကနေ သုံးသောင်းဝန်းကျင်အထိအစားစားရှိပါတယ်။ မှန်မရှိသေးရင်တော့ မှန်ကောင်းကောင်းရှိတဲ့တစ်နေရာမှာသွားပြီးရိုက်ကူးနိုင်ပါတယ်။ ဘယ်နေရာလဲတော့မပြောတော့ဘူးနော်။

Place


Tik Tok ရိုက်တော့မယ်ဆိုရင် ကိုယ်ပိုင် နေရာလေးတစ်ခုသတ်မှတ်ပြီး ကိုယ်ရဲ့သီးခြား Space လေးတစ်ခုဖန်တီးဖို့လည်း လိုအပ်ပါတယ်။ များသောအားဖြင့် တချို့ Tik Tok ကစားသူတွေဟာ သူတို့ရဲ့ရိုက်ကူးနေကျ နေရာတစ်ခုကို ပုံသေသတ်မှတ်ပြီး ကစားတတ်တာတွေ့ရမှာပါ။ ဒါဟာ ကိုယ့်ရဲ့ Trademark တစ်ခုကို ဖန်တီးရာလည်းရောက်သလို ကိုယ့်ကိုလည်း အလွယ်တကူမှတ်မိနေစေတဲ့ နည်းလမ်းတစ်မျိုးပါပဲ။ဒါပေမဲ့ Tik Tok Trend အားလုံးအတွက်တော့ အဆင်ပြေစေမှာမဟုတ်ဘူးပေါ့။

Phone Camera


ပုံမှန် အပျော်တမ်း Tik Tok အသုံးပြုသူတွေအတွက်တော့ အရမ်းအရေးကြီးတဲ့အချက်မဟုတ်ပေမယ့် Tik Tok ကို Professional ပိုင်းအထိ သေချာလေး အသုံးချဖို့အတွက် စိတ်ကူးရှိထားပြီဆိုရင်တော့ Camera ကောင်းကောင်းပါတဲ့ ဖုန်းတစ်လုံးကို ရင်းနှီးမြုပ်နှံဖို့ လိုအပ်ပါပြီ။ ကင်မရာပိုင်းဟာလည်း ကိုယ့်ရဲ့ ပုံရိပ်ကို အများကြီးအထောက်အကူပေးတာတွေ့ရပါတယ်။ တချို့ကမ္ဘာအရပ်ရပ်က Follower များတဲ့ Tik Tok ကစားသူတွေကိုကြည့်မယ်ဆိုရင် Lighting ပိုင်းရော ကင်မရာအရည်အသွေးပိုင်းပါ မြင်လိုက်တာနဲ့ ကြည့်ချင်စဖွယ်ဖြစ်နေတာမျိုးကိုတွေ့ရမှာပါ။ ကြည်လင်ပြတ်သားပြီး သပ်သပ်ရပ်ရပ်ဖြစ်နေတဲ့ ကိုယ့်ရဲ့Video တစ်ခုဟာ ကိုယ့်ပုံရိပ်ကိုလည်းမြှင့်တင်ရာကျသလို လူတွေကို လာပြီး Follow ကြပါလို့ ဆွဲဆောင်လိုက်တာနဲ့ အတူတူပါပဲ။

Photo Credit to The Rightful Owners

, , , , ,

Opinions

စိတ်ဖိစီးမှူကို ကောင်းကောင်းကုစားပေးနိုင်မယ့် Mobile Game (၅) ခု

အနည်းဆုံးတော့ လောင်မနေတော့ဘူးပေါ့

by Randy Win

October 18, 2020

ခုလို Pandemic ကာလအတွင်း အိမ်မှာပဲ အချိန်ကြာမြင့်စွာနေရပြီး စိတ်ဖိစီးမှု စိတ်ကျဉ်းကြပ်မှူတွေများနေတဲ့အချိန်မျိုးမှာ လူအများစုဟာ ကိုယ့်အနီးပတ်ဝန်းကျင်မှာရှိနေတဲ့ ဖျော်ဖြေရေးဆိုင်ရာ အခန်းကဏ္ဍတွေကို ပိုပြီး အားထားလာကြပါတယ်။ ဥပမာ ရုပ်ရှင်ကြည့်ခြင်း ၊ စာဖတ်ခြင်း ၊ဂိမ်းကစားခြင်းနဲ့ လက်မှူပညာတစ်ခုခုကို ပြုလုပ်ခြင်းလိုမျိုးတွေပေါ့။လူတစ်ယောက်နဲ့တစ်ယောက် အကြိုက်ချင်းမတူညီကြတာမို့ တချို့ကလည်း ရုပ်ရှင်ကြည့်ရတာဝါသနာပါသလို တချို့ကလည်း စာဖတ်ရတာ ၊ လက်မှူပညာတစ်ခုခုကိုပြုလုပ်နေရတာကိုဝါသနာပါကြပြီး တချို့ကတော့ ဂိမ်းကစားရတာကို ပိုပြီးသဘောကျကြပါတယ်။ ဒါကြောင့်မို့ ဂိမ်းကစားရတာကို ပိုဝါသနာထုံပြီး ဘာဆော့လို့ ဆော့ရမှန်းမသိပဲ လမ်းပျောက်နေကြတဲ့ လူငယ် လူလတ်ပိုင်းတချို့အတွက် Pandemic ကာလကြီးမှာ စိတ်ဖိစီးမှူကင်းကင်းနဲ့ လောင်မြိုက်နေစရာမလိုပဲဆော့လို့ရမယ့် ဂိမ်းကောင်းကောင်းလေး (၅) မျိုးကို ဝိုင်းကူရွေးချယ်ပေးလိုက်ပါတယ်နော်။

1.Let's Create Pottery


ဒီဂိမ်းကတော့ Play Store မှာ Rating 4.5 အထိရရှိထားတဲ့ Game ကောင်းလေးတစ်ခုပါ။ အေးအေးဆေးဆေးနဲ့ ကိုယ့်ရဲ့ ဖန်တီးမှူစွမ်းရည်ကို စိတ်ကြိုက်ဖော်ထုတ်လို့ရတဲ့ဂိမ်းမျိုးဖြစ်တဲ့အပြင် ကိုယ့်ရဲ့လက်ရာပေါ်မူတည်ပြီး အမှတ်ပေးတာမျိုးလေးတွေအထိပါရှိပါတယ်။ နောက်ထပ်ထွက်ရှိလာတဲ့ Let's Create Pottery 2 မှာဆိုရင်တော့ အွန်လိုင်းစနစ်နဲ့ပါချိတ်ဆက်ပေးထားတာမို့ အွန်လိုင်းကနေတဆင့်လေလံတင်ရောင်းတာမျိုးတွေ တခြားအွန်လိုင်းက ကစားသူတွေနဲ့ အတူ ကိုယ်ရဲ့ဖန်တီးမှူတွေကိုပြသနိုင်တာမျိုးတွေအထိပါရှိလာတာမို့ အေးအေးဆေးဆေးအိုးလေးဖုတ်ပြီး ငြိမ်းချမ်းမှူယူချင်တယ်ဆိုရင်တော့ ဒီဂိမ်းကိုရွေးချယ်ဖို့အကြံပြုပါရစေ။

Game Link : Let's Create Pottery

2.Pocket Pioneers


ငယ်ငယ်က ကျောင်းပြေးပြီး ဂိမ်းဆိုင်တွေမှာ နေ့မအိပ်ညမအိပ်ဆော့ခဲ့ကြရတဲ့ Harvest Moon ဆိုတဲ့ ဂိမ်းလေးကို အမှတ်ရသေးတယ်ဆိုရင်တော့ ဒီဂိမ်းကို ရွေးချယ်ဖို့အကြံပြုချင်ပါတယ်။ နာမည်ကျော် Human Fall Flat လို ဂိမ်းကောင်းတွေထွက်ရှိထားတဲ့ 505 Games Srl ကနေ ဖန်တီးထုတ်လုပ်ထားတာဖြစ်ပြီး Gameplay ပိုင်းမှာတော့ ချစ်စရာကောင်းတဲ့ ခပ်ရှင်းရှင်း Graphic လေးတွေကိုမှ Point Click နဲ့ သွားရတဲ့ လှုပ်ရှားမှုပုံစံမျိုးကို အသုံးပြုထားတာတွေ့ရပါတယ်။ အွန်လိုင်းပေါ်က တခြားသူငယ်ချင်းတွေနဲ့အတူ စိုက်ပျိုးရေးတွေလုပ် ၊ မိတ်ဆွေတွေဖွဲ့ရင်း Harvest Moon တုန်းကအငွေ့အသက်တွေကို အများကြီးခံစားချင်တယ်ဆိုရင်တော့ ဒီဂိမ်းလေးကအသင့်တော်ဆုံးပါပဲ။

Game Link : Pocket Pioneers

3.The Sims Mobile


PC Version မှာ နာမည်ကျော်လူကြိုက်များခဲ့သလို Mobile Version နဲ့ထွက်ရှိလာတဲ့အခါမှာလည်း EA ရဲ့ ထုံးစံအတိုင်း Graphic သပ်သပ်ရပ်ရပ်လေးတွေနဲ့ တမျိုးဆွဲဆောင်မှူရှိနေတဲ့ ဂိမ်းဆိုရင်မမှားပါဘူး။ The Sims ကတော့ အားလုံးသိတဲ့အတိုင်း လူတစ်ယောက်ရဲ့ တစ်နေ့တာရှင်သန်မှူတွေ လိုအပ်ချက်တွေ ရုန်းကန်လှုပ်ရှားမှူတွေကို ဖြည့်ဆည်းပေးရင်း ဘဝတစ်ခုကို အကောင်းဆုံးတည်ဆောက်ရတဲ့ Life Simulation ဂိမ်းအမျိုးအစားတစ်ခုပါ။ လောင်မြိုက်မှူတွေမပါပဲ လူမှူဘဝနဲ့ပတ်သက်တဲ့အသိပညာတွေရချင်တယ် ၊ အေးအေးဆေးဆေးဆော့ရတဲ့ဂိမ်းမျိုးကိုကြိုက်တယ် ဆိုရင်တော့ ဒီဂိမ်းက အထူးညွှန်းနေစရာမလိုတဲ့ ဂိမ်းကောင်းတစ်ခုပါပဲ။

Game Link : The Sims Mobile

4.The Trial


တစ်နေ့ကျရင်တော့ တစ်ယောက်တည်း စိတ်လွတ်ကိုယ်လွတ် ကျောပိုးအိတ်တစ်လုံးနဲ့နေရာအနှံ့ ခရီးတွေထွက်ပစ်မယ်ဆိုတဲ့ အတွေးမျိုးရှိခဲ့ကြဖူးလား။ဒါဆိုရင်တော့ ဒီဂိမ်းလေးက အဲဒီဆန္ဒကို ကောင်းကောင်း ဖြည့်ဆည်းပေးပါလိမ့်မယ်။ ခရီးသွားတစ်ဦးနေရာကနေ တောတောင်ရေမြေသဘာဝတရားတွေကို ခံစားရင်း Pandemic ကာလမှာဖြစ်ပေါ်နေတဲ့ ကိုယ့်ရဲ့မွန်းကြပ်နေတဲ့စိတ်တွေကို အကောင်းဆုံးစိတ်ထွက်ပေါက်ပေးနိုင်မယ့် Gameplay ပုံစံမျိုးလေးပါ။ ဂိမ်းက Polygon Graphic ဆိုပေမယ့် ကြည့်ရတာ အတော်လေးအဆင်ပြေပြီး အေးချမ်းတဲ့ရသကို ပေးနိုင်မယ်ဆိုတာတော့ အသေအချာပါပဲ။

Game Link : The Trail

5.Komori Life


Anime တွေကို သဘောကျတဲ့သူတွေအတွက်တော့ ဆော့ကြည့်သင့်တဲ့ Life Style ဂိမ်းကောင်းလေးတစ်ခုပါ။ ကိုယ့်ရဲ့ ဇာတိမြေကိုပြန်ရောက်လာတဲ့လူငယ်လေးတစ်ယောက်နေရာကနေဆော့ရမှာဖြစ်ပြီး Hravest Moon လို စိုက်ပျိုးရေးဂိမ်းလေးတွေနဲ့ နည်းနည်းဆင်ပါတယ်။ ကြည့်ခဲ့ဖူးတဲ့ ဂျပန် Anime ဇာတ်ကားလေးတွေထဲကလိုမျိုး ကျေးလက်အငွေ့အသက်လွှမ်းခြုံထားတဲ့ ဂိမ်းရဲ့ Environment နဲ့တင် စိတ်အေးချမ်းမှူကို ရနိုင်မှာဖြစ်ပြီး ခြံစိုက်၊ ထင်းခုတ် ၊ အသီးအနှံစုဆောင်းတာမျိုးလေးတွေနဲ့ အေးအေးဆေးဆေးဆော့လို့ရမယ့်ပုံစံမျိုးလေးမို့ စိတ်ဖိစီးမှူကင်းကင်းနဲ့ ဆော့ရမယ့် ဂိမ်းမျိုးကိုရှာနေတယ်ဆိုရင်တော့ ဒီဂိမ်းလေးကအသင့်တော်ဆုံးပါပဲ။

Game Link :Komori Life

 

 

 

, , , , ,

Opinions

သင်ကိုယ်တိုင် အကြွားသန်တဲ့သူဖြစ်နေပြီလား

ဒီအချက်တွေကြည့်ပြီး ကိုယ်ရောကြွားစိန် ဟုတ်၊ မဟုတ် ဆန်းစစ်ကြည့်လိုက်နော်

by May Shoon

October 16, 2020

   ကြုံဖူးတယ်မလား။ သင့်ပတ်ဝန်းကျင်မှာရော၊ Social Media ပေါ်မှာရောသူတို့ရဲ့ Lifestyle နဲ့ သူ့အကြောင်းကို အကျယ်ချဲ့ပြီး ကြွားတတ်တဲ့သူတွေကိုလေ။ အဲ့လိုလူတွေရဲ့ စိတ်ကတကယ်တမ်းတော့မှန်းရခက်ပါတယ်။ အကြွားသန်တဲ့သူတွေမှာ သူတို့ ဒီလိုကြွားရခြင်းရဲ့ Intension တွေအများကြီးရှိပါတယ်။ အများစုကတော့ Social Media မှာ လူအများရဲ့ Attention လိုချင်တာကြောင့်ရယ်၊ Popular ဖြစ်ပြီး အများကအားကျတဲ့သူဖြစ်ချင်တာကြောင့်ရယ်လို့တော့ အခြေခံအားဖြင့် Reason နှစ်မျိုးရှိပါတယ်။တစ်ခါတစ်လေကျတော့လည်း အဲ့လိုတွေ Extra လုပ်ပြီးတင်တာကိုက သူတို့ရဲ့ အလေ့အထဖြစ်နေတာကြောင့်လည်းဖြစ်နိုင်ပါတယ်။
ဒီနေရာမှာပြောပြချင်တာက အကြွားသန်တာ(Show-off) လုပ်တာနဲ့ ကိုယ့် Personal Branding လုပ်တာမတူကြောင်းလည်း ခွဲခြားသိမြင်စေလိုပါတယ်။
အဲ့လိုလူတွေအကြောင်းပြောနေရင်း သင်ရောအဲ့လို အကြွားသန်တဲ့သူထဲက တစ်ယောက်ဖြစ်နေပြီလားဆိုတာ အောက်က အချက်တွေကို ကြည့်ပြီး သိနိုင်ပါတယ်။ အောက်ကအချက်တွေတော်တော်များများကိုက်နေပြီဆိုရင်တော့သင်လည်း အကြွားသန်သူဖြစ်နေပြီနော်။


ကိုယ့်ရဲ့ ပိုင်ဆိုင်တဲ့အရာတွေကို Social Media ပေါ်မှာလိုတာထက်တင်တာ
ဒီလိုပြောတဲ့နေရာမှာ ကိုယ်ဝယ်ထားတဲ့ ပစ္စည်းတွေကိုတင်မိတာနဲ့ ကြွားတယ်လို့မဆိုလိုပါဘူး။ ဒါပေမယ့် ပစ္စည်းအသစ်တွေဝယ်တိုင်း၊ လက်ဆောင်ရတိုင်း အကုန်လုံး Facebook ပေါ်တင်နေစရာတော့မလိုပါဘူး။ မပြည့်တဲ့အိုးက ဘောင်ဘင်ခတ်တယ်ဆိုတဲ့အတိုင်း တကယ်ပြည့်စုံတဲ့သူက သူတို့ပိုင်ဆိုင်မှုတွေကိုဘယ်တော့မှ အများသိအောင်မထုတ်ကြွားပါဘူး။ “ကိုယ့် Newsfeed ပဲကိုယ်တင်ချင်တာတင်တယ် ဘယ်သူ့ဂရုစိုက်ရမှာလဲ”လို့ပြောကောင်းပြောနိုင်ပါတယ်။ ဒါပေမယ့် အဲ့လိုတင်ရင်တော့သင်မရင့်ကျက်တာကို ဖော်ပြနေသလိုပါပဲ။


ကိုယ့်ရဲ့ Income ကိုတင်တာ
ဒီအချက်ကလည်း Show-Off လုပ်တဲ့သူတွေလုပ်လေ့ရှိတဲ့အချက်ပါ။ အဲ့ဒါက ကိုယ့်ရဲ့ ဝင်ငွေ၊ Income တွေဘယ်လောက်တွေရတာ၊ ဝင်ငွေဘယ်လောက်ကောင်းတာဆိုတာကို Social Media မှာတင်တာပါ။ အလုပ်ငန်းခွင်မှာတောင် တစ်ဦးတစ်ယောက်ချင်းစီရဲ့ Income ကို မသိအောင် Confidential ထားတာကို၊ ကိုယ်က Impression တက်ချင်စောနဲ့ ကိုယ့်သုံးနိုင်ကြောင်း ကိုယ့် Income တွေကိုတစ်လောကလုံးသိအောင်ချပြနေတာတော့ ကလေးဆန်ပါတယ်။ အခုလို Covid တွေဖြစ်နေပြီး အားလုံးက ခက်ခဲကျပ်တည်းနေတဲ့အချိန်မှာ ပိုတောင်မချပြသင့်သေးတယ်။ ကိုယ့်ပိုက်ဆံတွေကြောင့်ကိုယ့် Safety ကိုတောင်စိတ်ပူရဦးမယ်။


ကိုယ့်အရမ်း Smart ဖြစ်ကြောင်းပြောတာ
ကိုယ့် Personal Branding အတွက် Professional Career အတွက် အလုပ်နဲ့ပတ်သက်တဲ့ Post တွေ၊ ကိုယ့်လုပ်ငန်းခွင်နဲ့ အလုပ်အကြောင်း Post တွေတင်တာက ပြဿနာမရှိပါဘူး။ ဘာကကိုယ့်ကိုအကြွားသန်စေလဲဆိုတော့ ကိုယ်ဘယ်လို အလုပ်ကြိုးစားကြောင်း၊ ဘယ်လို Smart ဖြစ်ကြောင်း ကိုယ်ရည်သွေးပြီးတင်နေတာတွေပါ။ အလုပ်ကိုတကယ်အာရုံစိုက်ပြီးလုပ်နေတဲ့သူက သူဘယ်လိုအလုပ်တွေအရမ်းလုပ်နေရကြောင်း တင်ဖို့တောင်အချိန်မရှိပါဘူး။ အဲ့လို Smart ဖြစ်ကြောင်းတင်ချင်ရင် ကိုယ့်လုပ်ငန်း Achievement တွေ၊ကိုယ့်အလုပ်ရဲ့ Progress နဲ့ Result တွေနဲ့ပဲ Impress ဖြစ်အောင်တင်ပါ။


အလှသရဖူပိုင်ရှင်များ
ဒါက အထူးသဖြင့်မိန်းကလေးအများစုမှာတွေ့ရတတ်ပါတယ်။ ကိုယ့်အလှကိုကိုယ် Proud ဖြစ်လို့ရပါတယ်။ Confident ဖြစ်လို့ရပါတယ်။ ဒါပေမယ့်တစ်ခါတစ်လေမှာအရမ်း ချေမိုးပြီး စိတ်ကြီးတွေဝင်နေလည်းအဆင်မပြေပါဘူး။ တစ်ချို့ဆိုဘယ်လောက်ထိလဲဆိုရင် တစ်ခြားရည်စားရှိတဲ့ကောင်လေးတစ်ယောက်က ကိုယ့်ကို အကြောင်းရှိလို့ အလုပ်သဘောအရစကားပြောရင်တောင် ကိုယ့်ကိုစိတ်ဝင်စားနေတာလား၊ ကြိုက်နေတာလား ဆိုပြီး စိတ်ကြီးဝင်တတ်တဲ့သူတွေရှိပါတယ်။ သူတို့ရဲ့ ကြွားလုံးတွေနဲ့ Drama တွေအကြောင်းကိုတော့ MyDay တွေ၊ Caption Post တွေနဲ့ “ထက်မြက်တဲ့မိန်းမဆိုတာ” ဆိုတဲ့ Vibe တွေလွှမ်းမိုးနေပါတယ်။

, , ,

Opinions

သင့်အိမ်ကို ကံကောင်းခြင်းတွေ သယ်ဆောင်လာပေးမယ့် Indoor Plant လှလှလေးများ

Stay Home မှာ အပင်လေးတွေ စိုက်မယ်

by JN Ja Seng Pan

October 15, 2020

ဖုန်းရွှေဆိုတဲ့ တရုတ်အယူအဆအရ အိမ်မှာ ထားသင့်တဲ့ လာဘ်ခေါ် အပင်တွေဆိုတာရှိပါတယ်။ ဒီအပင်တွေက ချမ်းသာကြွယ်ဝခြင်း၊ အခွင့်အလမ်းပေါ်ပေါက်ခြင်းနဲ့ ကံကောင်းခြင်းတွေကို သယ်ဆောင်လာပေးတယ်လို့ ယုံကြည်ကြပါတယ်။ ဒါကြောင့် အချိူ့ကံကောင်းစေတဲ့အပင်တွေကိုဆို ငွေပင်၊ ရွှေပင်ဆိုပြီး ခေါ်ကြတာ သတိထားမိကြမှာပါ။ ဒီအပင်တွေကို ရေဓာတ်ကို Balance လုပ်ပေးပြီး ပတ်ဝန်းကျင်မှာရှိတဲ့ မကောင်းတဲ့စွမ်းအင်တွေကို ဖယ်ရှားပေးတယ်လို့လည်း ဆိုပါတယ်။


အိမ်ထဲမှာ ဒီအပင်လေးတွေကို ထားမယ်ဆိုရင် အခန်းထဲက လေထုကိုလည်း သန့်စင်ပေးတာဆိုတော့ တစ်ချက်ခုတ်၊ သုံးလေးချက်လောက် ပျက်တာပေါ့။ သိပ္ပံပညာအရလည်း Indoor Plant လေးတွေက စိတ်ဖိစီးမှုကိုလည်း လျော့ချပေးတယ်လို့ စမ်းသပ်ချက်တွေအရ တွေ့ရှိပါတယ်နော်။ ဆိုတော့ ဒီတိုင်း ကောင်းတဲ့ အကြောင်းပြချက်တွေ လိုတော့မှာ မဟုတ်တော့ အိမ်မှာ ဘယ်အပင်လေးတွေ ထားသင့်လဲဆိုတာ ကြည့်လိုက်ရအောင်နော်။


Lucky Bamboo


Lucky Bamboo လေးကိုတော့ အားလုံးသိမှာပါ။ ကံကောင်းခြင်းကို သယ်ဆောင်ပေးပြီး Positive Energy ကို ထုတ်လွတ်ပေးပါတယ်။ ဒီအပင်လေးတွေကို အိမ်မှာ များများထားလေလေ ပိုကံကောင်းလာလေလေ ပဲလို့ ဆိုပါတယ်။


Money Plant (ရွှေလာငွေလာပင်)


Money Plant လေးတွေက အကြမ်းခံတဲ့အတွက် လူကြိုက်များပါတယ်။ အခန်းအတွင်းမှာ ရှိတဲ့ လေထုကို သန့်စင်ပေးပြီး စိတ်ဖိစီးမှုကို လျော့ချပေးပါတယ်။


Jade Plant


ကံကောင်းစေတဲ့ အပင်လို့နာမည်ကြီးတာကတော့ Jade Plan ပါ။ အိမ်ပေါက်ဝနား၊ ရုံးပေါက်ဝနားတွေမှာထားပါက အောင်မြင်မှုနဲ့ ကြွယ်ဝချမ်းသာခြင်းတွေ ပိုင်ဆိုင်စေတယ်လို့ ယူဆကြပါတယ်။ စီးပွားရေးလုပ်နေတဲ့ အသိမိတ်ဆွေတွေကို လက်ဆောင်ပေးလို့ လှတဲ့အပင်လေးတွေပါ။


Snake Plant (နဂါးစက်ဂမုန်း)


ဒီကံကောင်းစေတဲ့အပင်လေးက သိပ္ပံနည်းပညာအရ လေထုထဲမှာ ရှိတဲ့ မကောင်းတဲ့ အသွေ့အသက်တွေကို စုတ်ယူပေးပါတယ်တဲ့။ ဒါကြောင့် Indoor Plant အနေနဲ့ ထားဖို့လည်း သင့်တော်သလို အခန်းကိုလည်း လှပစေတာမို့ Décor ကောင်းကောင်းတစ်ခု အဖြစ်လည်း သုံးလို့ရတာပေါ့။


Peace Lily (ရှင်သလီဝလိဂမုန်း)


ပန်းနာရင်ကျပ်နဲ့ ကင်ဆာလိုမျိူး နာတာရှည်ရောဂါတွေမဖြစ်အောင် ဒီအပင်လှလှလေးက ကာကွယ်ပေးပါတယ်။ ထိန်းသိမ်းရလွယ်ပြီး လေထုကို သန့်စင်ပေးတဲ့အတွက် ကျန်းမာရေးနဲ့ သင့်တော်တဲ့အပြင် လာဘ်ရွှင်စေမယ့်အပင်လေးပါ။


ကိုယ့်အိမ်မှာ ဒီအပင်လေးတွေ စိုက်ထားချင်တဲ့သူတွေအတွက် ဝယ်လို့ရနိုင့်မယ့် ဆိုင်လိပ်စာလေးတွေကို စုစည်းပေးထားပါတယ်နော်။

, , ,

Opinions

Social Media ကပေးတဲ့ Depression နဲ့ Negative အကျိုးဆက်တွေကို ဘယ်လိုရှောင်ရှားမလဲ

တကယ်တော့ Depression ဝင်တာဒီအရာတွေကြောင့်ပါ

by May Shoon

October 14, 2020

Social Media တွေက ကျွန်မတို့ရဲ့ Daily Life မှာ မရှိမဖြစ် Communication Platform အဖြစ်နေရာယူနေတာကတော့ ငြင်းလို့မရပါဘူး။ Facebook၊ Instagram၊ Twitter၊ Google အစရှိတဲ့ Social Network တွေကြောင့် အလုပ်လုပ်ရတာ တစ်ဦးနဲ့တစ်ဦး ဆက်သွယ်ရတာ ပိုမိုလျှင်မြန်လွယ်ကူလာတယ်။ ဒါတွေကြောင့်လည်း အားလုံးက ဒီ Social Media အပေါ်မှာ အသုံးပြု(Consume) လုပ်ရာကနေ စွဲလမ်းမှု (Addiction) တွေဖြစ်ပြောင်းလဲလာခဲ့တယ်။ တစ်ချိန်လုံး Digital Platform ပေါ်မှာပဲ ရှင်သန်နေကြတယ်။ Online ပေါ်ပဲအမြဲရှိနေကြတယ်။ ဒီ Virtual ကမ္ဘာထဲမှာ ပျော်မွေ့ပြီး လက်ရှိ ပတ်ဝန်းကျင်၊ မိသားစု နဲ့ဝေးကွာလာသလို ခံစားရလိမ့်မယ်။
ကျွန်မတို့ အခုတလော လူငယ်တွေနဲ့ လူလတ်ပိုင်းတွေမှာ မကြာခဏကြားရတဲ့အရာရှိပါတယ်။ စိတ်ဓာတ်ကျတယ်တို့၊ Depression ဝင်တယ်တို့၊ အချိန်တိုင်းတက်ကြွမှုမရှိပဲ စိတ်ပဲညစ်နေတယ်တို့၊ အခုလို Covid ကာလမှာဆိုပိုဆိုးပါတယ်။ ဒါလည်း မှန်ပါတယ်။ ဒီရောဂါဆိုးကြီးကြောင့် အရာရာ စိုးရိမ်စရာတွေ၊ စိတ်မချမ်းမြေ့စရာတွေနေရာအနှံ့ဖြစ်ပွားနေတဲ့အချိန်မှာ စိတ်ကိုကျန်းမာအောင်၊ Positive ဖြစ်အောင်ထားနိုင်ဖို့ဆိုတာ ခက်ခဲပါတယ်။ ဒါပေမယ့် ဒီလိုတွေ Depressed ဖြစ်နေကြရသူတွေရဲ့ ၆၀% ကိုလေ့လာကြည့်လိုက်တဲ့အခါ ပတ်ဝန်းကျင်ရဲ့ Factor တွေကြောင့်မဟုတ်ပဲ Online Social Media တွေကိုသုံးစွဲခြင်းကြောင့်ဖြစ်ပေါ်နေတာဖြစ်ပါတယ်။
ကျွန်မတို့အားတိုင်း Phone ကိုယ်စီနဲ့ Social Media တွေကို အဆက်မပြတ်ကြည့်နေကြတယ်။ စက္ကန့်နဲ့အမျှ Facebook ပေါ်မှာတက်လာတဲ့ သတင်းတွေ၊ ဓာတ်ပုံတွေ၊ Video တွေ၊ ကြော်ငြာတွေကို Scroll ပြီးကြည့်နေကြတယ်။ အဲ့လို Facebook ကိုအချိန်တိုင်းသုံးနေကြသူတွေကလည်း ပျော်လွန်းလို့သုံးနေကြတာမဟုတ်ပါဘူး။ သုံးစွဲနေကျဖြစ်တဲ့ Habit ကြောင့်ပါ။ ဒီတော့ အကျိုးဆက်က ဘာတွေဖြစ်လာလဲဆိုတော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေလျော့နည်းလာတယ်၊ အလိုမကျတာတွေပိုဖြစ်လာတယ်၊ တခြားသူတွေနဲ့နှိုင်းယှဉ်ပြီးကိုယ်ရဲ့ Life ကိုမကျေနပ်ချက်တွေများလာမယ်၊ Newsfeed ပေါ်က Hate Speech တွေ၊ စိတ်မချမ်းမြေ့စရာတွေကို မြင်တွေ့ရတာများလာတော့ ကိုယ်တိုင်လည်း ဒေါသထွက်လွယ်လာတယ်၊ စိတ်မကြည်လင်ပဲငြီးငြူလာတယ်။ စိတ်ဓာတ်ကျတာ(Depression) ရဲ့ အဓိကအရင်းခံ Source ကလည်း ဒီ Social Media ကိုအရမ်း Consume လုပ်တာကြောင့်ပါပါတယ်။
တကယ်လို့ သင်ကိုယ်တိုင်လည်း ဒီ Facebook တို့လို Social Media တွေကြောင့်ပိုပြီး Depressed ဖြစ်နေရတယ်လို့ထင်ရင် အောက်ပါအချက်လေးတွေကိုသိထားဖို့လိုပါလိမ့်မယ်


ကိုယ့်အကြောင်းပဲကိုယ်အာရုံစိုက်ပါ
လူတိုင်းက မတူညီတဲ့ ဘဝလမ်းကြောင်းတွေအပေါ်မှာ မတူညီတဲ့ မျှော်လင့်ချက်တွေ၊ မတူညီတဲ့ ဘဝပန်းတိုင်တွေကို လျှောက်လှမ်းနေကြတာမို့ သူကကိုယ့်ထက်ရှေ့ရောက်နေလို့ အားငယ်နေစရာမလိုပါဘူး။ တစ်ယောက်နဲ့တစ်ယောက်ရဲ့ Lifetime Pathway တွေကိုယ်စီ နဲ့သွားနေကြတာမို့ ကိုယ့်ပန်းတိုင်ကိုပဲ အောင်မြင်အောင်တစိုက်မတ်မတ်လျှောက်လှမ်းပါ။ တစ်ချို့ကအသက် ၁၇-၁၈ မှာကျောင်းတက်နေတုန်းတစ်ချို့က အဲ့အချိန်မှာ ဘဝအခြေအနေတစ်ခုခုကြောင့်လုပ်ငန်းခွင်ဝင်နေတာလည်းဖြစ်ချင်ဖြစ်မယ်။ တစ်ချို့ကအသက် ၃၀ မှာ ချမ်းသာကောင်းကောင်းချမ်းသာပေမယ့် တစ်ချို့ကျတော့လည်း အသက် ၅၀ ရောက် မှလုပ်ငန်းကိုဦးစီးသူဖြစ်ကောင်းဖြစ်မယ်။ ဒါကြောင့်သူ့ထက်ငါ သာတယ်၊မသာဘူးဆိုတာတွေကြောင့် Stress ဖြစ်နေမယ့်အစား မနေ့ကထက် ဒီနေ့ကိုပိုမိုကောင်းမွန်အောင်ကြိုးစားကြည့်ပါ။


လူတွေကဟန်ဆောင်တဲ့နေရာမှာ အရမ်းတော်ပါတယ်
“ဟယ်သူကတော့ iphone 12 ထွက်တာနဲ့ ဝယ်လိုက်ပြီ။” “ကားအသစ်ကြီးဝယ်လိုက်ပြီ။” “သူငယ်ချင်းတွေနဲ့ အပြင်တွေလျှောက်လည်နေလိုက်တာ ပျော်စရာကြီး၊ ငါ့မှာတော့သူငယ်ချင်းတောင်မရှိဘူး။” “ဟယ်သူ့ချစ်သူက ချစ်တတ်လိုက်တာ။ Anniversary ကိုစိန်လက်စွပ်ကြီးလက်ဆောင်ပေးတယ်။” စသည်ဖြင့် စသည်ဖြင့် Facebook တစ်ခွင်မှာသူငယ်ချင်း၊ မိတ်ဆွေ၊ မိသားစုတွေရဲ့ Post တွေကိုမြင်ရင်ကိုယ်လည်း အပျော်တွေကူးစက်ပါတယ်။ ဒါပေမယ့်တစ်ဆက်တည်းမှာပဲ စိတ်ကမသိမသာ “ငါ့မှာတော့…” “သြော် ငါကျတော့ အဲ့လိုမရှိရကောင်းလား..အဲ့လိုမဖြစ်ရအောင်ငါတော်တော်ကံဆိုးတာပဲ” စတဲ့အတွေးတွေကလည်း လိုက်လာတတ်ပါတယ်။ ဒါကလည်း Depression ဝင်ရခြင်းတွေရဲ့ အကြောင်းတရားတွေထဲက တစ်ခုပဲမလား။ တကယ်တော့ Social Media ဆိုတာ လူတွေရဲ့ အစိတ်အပိုင်းသေးသေးလေးကိုပဲဖော်ပြထားတာပါ။ လူတိုင်းကတော့သူတို့စိတ်ညစ်တာတွေကို ဘယ်တင်ပါ့မလဲ။ ပျော်ရွှင်နေတာ အောင်မြင်နေတာ တွေပဲတင်ချင်မှာပေါ့ကြွားချင်မှာပေါ့။ ကိုယ်အားကျနေတာတွေရဲ့နောက်ကွယ်မှာ သူတို့လည်း အဆင်မပြေတာတွေ၊ စိတ်ညစ်စရာတွေရှိမှာပဲလေ။ ဒီတော့ အဲ့လို Post တွေအပေါ်မှာ Feel သိပ်မထားပဲ မုဒိတာပဲပွားလိုက်ပါ။


ကိုယ့်အသွင်အပြင်ကိုလက်ခံနိုင်အောင်ကြိုးစားပါ
ဒါကအခုအများစုကြုံတွေ့နေရတဲ့ ပြဿနာပါ။ အဲ့ဒါကဘာလဲဆိုတော့ Perfect ဖြစ်တဲ့အသွင်အပြင်ကိုလိုချင်တဲ့ရောဂါ။ Perfect ဖြစ်တဲ့ Body၊ Perfect ဖြစ်တဲ့ မျက်နှာလေး၊ Perfect ဖြစ်တဲ့ဆံပင်၊ Perfect ဖြစ်တဲ့ ဖက်ရှင်…ဒီလိုပြီးပြည့်စုံမှုတွေနောက်ကိုလိုက်ရင်းပဲ Perfect ဖြစ်မဖြစ်တော့မသိဘူး။ တော်တော်တော့ စိတ်ပင်ပန်းရတယ်။ ဒါပေမယ့်သေချာတာကတော့ လောကမှာ Perfect ဖြစ်တဲ့အရာဆိုတာမရှိပါဘူး။ ဒါပေမယ့် Social Media တွေပေါ်က အမျိုးမျိုးသော Photoshop တွေ၊ Filter တွေက ကျွန်မတို့ Social Media အသုံးပြုသူတွေကို မသိမသာ Brain Wash လုပ်နေတယ်။ ဒီတော့ ကိုယ့်ရဲ့လက်ရှိဖြစ်တည်မှု လက်ရှိအလှတရားအပေါ်မှာ မကျေနပ်မှုတွေဖြစ်လာတယ်။ ပြီးပြည့်စုံတဲ့ အလှတရားပိုင်ရှင်တွေဖြစ်ချင်လာကြတယ်။ အဲ့လိုလုပ်ဖို့ကြိုးစားရင်းမဖြစ်လာတဲ့အခါ စိတ်ညစ်ရတယ်။ မလိုလားအပ်တဲ့ Depression တွေဖြစ်လာရတယ်။ တကယ်တော့ လူတိုင်းမှာမတူညီတဲ့ Unique ဖြစ်တဲ့အလှတရားတွေကိုယ်စီရှိပါတယ်။ အဲ့အစား ကိုယ့်ရဲ့စိတ်လေးကို ရောင့်ရဲတတ်တဲ့စိတ်လေးအဖြစ်ပြောင်းလဲပြီး ကြည်လင်အောင်ထားကြည့်လိုက်တဲ့အခါ ပျော်ရွှင်လာသလို မျက်နှာလေးကလည်းအရင်ထက်ပိုကြည်လင်ပြီး လူချစ်လူခင်များလာတာ ကိုယ်တိုင်ခံစားရမှာပါ။


Social Media ကို Positive Energy တွေနဲ့လွှမ်းခြုံပါ
သင်တို့ရောကြုံဖူးလား။ မင်္ဂလာရှိတဲ့ မနက်ခင်းလေးမှာ ကိုယ့်ဘာကိုယ်ဒီတိုင်းနေတာအကောင်း၊ Facebook ကောက်သုံးလိုက်မှ အမုန်းပွားစေတဲ့ Hate Speech Post တွေ၊ စိတ်မချမ်းမြေ့ဖွယ်ရာ သတင်းတွေ၊ ကြမ်းတမ်းတဲ့ စကားလုံးတွေ ဆဲဆိုတဲ့ Comment တွေကိုမြင်လိုက်တော့ စိတ်ရှုပ်သွားရတဲ့အဖြစ်မျိုးတွေလေ။ ဒါတွေကတော့ Facebook တို့ Twitter တို့လို Social Media တွေသုံးရင်တော့ အနည်းနဲ့အများကြုံတွေ့ရမှာပဲ။ လေ့လာတွေ့ရှိချက်အရ Twitter ပေါ်မှာ Fake News တွေက သတင်းအမှန်ထက် ခြောက်ဆ ပိုမို ပျံ့နှံ့လွယ်တယ်ဆိုတာပါပဲ။ ဒါကြောင့် Newsfeed ပေါ်ကသတင်းတွေကိုမြင်ရင်လည်း ယုံကြည်ရတဲ့ သတင်း Source ကလားဆိုတာကိုလည်းချင့်ချိန်စဉ်းစားစေလိုပါတယ်။ ပြီးတော့ Newsfeed တွေကိုလည်း Negative တွေမရှိတဲ့ တစ်ယောက်နဲ့တစ်ယောက် အမုန်းပွားစေတဲ့ အကြောင်းအရာတွေမရှိတဲ့၊ မေတ္တာတရားတွေပြည့်နှက်နေတဲ့ Online Society ဖြစ်အောင်ဖန်တီးကြဖို့လိုအပ်ပါတယ်။

, , , ,

MODA TV 


Opinions

နေ့ခင်းဘက်တစ်ရေးအိပ်ခြင်းရဲ့ အကျိုးကျေးဇူးများ

ဒီစာဖတ်ပြီး ထိုင်အိပ်မနေကြနဲ့ဦး

by Randy Win

October 12, 2020

              နေ့လည်နေ့ခင်းတစ်ရေးတစ်မောအိပ်စက်တာကို တချို့တွေကလူပျင်းတွေရဲ့လုပ်ရပ်လို့ထင်တတ်ကြပါတယ်။ တကယ်တမ်းက နေ့လည်ခင်းတစ်ရေးအိပ်တာက အသက်ရလာလေလေ ပိုပြီးလိုအပ်လာလေလေပါ။ အရွယ်တစ်ခုကိုရောက်လာတာနဲ့အမျှ အသစ်အသစ်သောသင်ယူမှူတွေ၊ ဘဝအမောတွေ ၊စိတ်ဖိစီးမှူတွေနဲ့ ခံစားချက်မျိုးစုံကိုရင်ဆိုင်ကြုံတွေ့လာရတဲ့အခါ ဒါတွေကို ဖြေရှင်းဖြတ်ကျော်နိုင်ဖို့ ကိုယ့်ရဲ့ဦးနှောက်ဟာ သူ့အရွယ်အစားနဲ့မမျှအောင် အလုပ်လုပ်လာရပါတယ်။ ဒါကြောင့်မို့ သင့်ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အဓိကမောင်းနှင်ရာအင်ဂျင်တစ်ခုသဖွယ်ဖြစ်နေတဲ့ ဦးနှောက်ကို တတ်နိုင်သမျှအနားပေး အားဖြည့်နိုင်ဖို့အချက်ဟာ မဖြစ်မနေထည့်စဉ်းစားရမယ့်အချက်တစ်ခုဆိုမမှားပါဘူး။ ဦးနှောက်အင်ဂျင်ရဲ့လည်ပတ်မှူချောမွေ့မှသာ သင့်ခန္ဓာကိုယ်တစ်ခုလုံးရဲ့ စွမ်းဆောင်ရည်တွေက ပိုပြီး တိုးမြင့်သွက်လက်လာစေမှာပါ။ အထူးသဖြင့် ခုလို Work From Home, Stay At Home တွေနဲ့ ရုံးသွားစရာမလိုအပ်တဲ့အချိန်မျိုးဟာ တတ်နိုင်သလောက် ဦးနှောက်ကို အနားပေးတာမျိုး လုပ်ဖို့အကောင်းဆုံးအချိန်ပါပဲ။ နေ့လည်ခင်းတစ်ရေးလောက်မှေးစက်ခြင်းဖြင့် တစ်နေ့တာလုံးလန်းဆန်းပြီး အလုပ်ကိုပိုတွင်ကျယ်စေမယ့်အပြင် အလုပ်နဲ့ပတ်သက်တဲ့ စိတ်ကူးစိတ်သန်းကောင်းတွေပါ ရရှိလာနိုင်တယ်ဆိုတာ လက်တွေ့သိမြင်လာပါလိမ့်မယ်။နေ့လည်ခင်းတစ်ရေးအိပ်စက်ခြင်းကပေးနိုင်တဲ့ အကျိုးကျေးဇူးတွေကို အသေအချာဆက်ပြီးလေ့လာကြည့်ရမယ်ဆိုရင်တော့ …


1.မှတ်ဉာဏ်


ပညာရှင်တွေဟာ လူတစ်ဦးစီကို နေ့လည်ခင်း ၁၀မိနစ်ကနေ မိနစ် ၂၀၊ ၃၀ စသဖြင့် မတူညီတဲ့ အချိန်အတိုင်းအတာတွေနဲ့ အိပ်စက်စေပြီး မှတ်ဉာဏ်စွမ်းအားနဲ့ Performance တိုးတက်မှူကို စမ်းသပ်ကြည့်တဲ့လေ့လာချက်မျိုး ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီအခါမှာ မိနစ် ၂၀ ထက်ပိုပြီး အိပ်စက်တဲ့သူတွေဟာ စိတ်လက်မအီမသာဖြစ်ခြင်းမျိုးကိုခံစားရပြီး ၁၀မိနစ်လောက်သာအိပ်စက်ထားသူတွေကတော့ စိတ်လက်ကြည်လင်ပြီး ဦးနှောက်ကိုအသုံးချနိုင်စွမ်းပိုကောင်းလာတာကို တွေ့ရှိရပါတယ်။ဒါကြောင့် စိတ်ကိုကြည်လင်စေပြီး အလုပ်ပိုပြီးမြောက်စေဖို့အတွက် အချိန်ရရင်ရသလို နေ့လည်ခင်း ခဏတဖြုတ်မှေးတဲ့အကျင့်မျိုးကို ပြုလုပ်ပေးသင့်ပါတယ်။

2.အကြောပြေ


Berkeley ကတက္ကသိုလ်တစ်ခုရဲ့လေ့လာမှူအရ မိနစ် ၉၀ ခန့် တစ်ရေးအိပ်စက်အနားယူခြင်းက အာရုံကြောတွေကိုပြောလျော့စေပြီး စိတ်ကိုတည်ငြိမ်စေတယ်လို့ဆိုပါတယ်။ လေ့လာမှူမှာ ပါဝင်စမ်းသပ်ခံခဲ့ကြသူတွေဟာ နေ့လည်ပိုင်းမှာတစ်ကြိမ် ၊ ညနေ၆နာရီနောက်ပိုင်းမှာတစ်ကြိမ် စိတ်ဆိုး ၊ဒေါသထွက်လွယ်တာ ၊ စိတ်မကြည်လင်တာမျိုးတွေဖြစ်ခဲ့ကြပြီး ၊ မိနစ် ၉၀ ခန့်အိပ်စက်အနားယူစေတဲ့ နောက်တစ်နေ့မှာတော့ အဲဒီလိုအပြုအမူမျိုးတွေလုံးဝမရှိတော့တာကို အံ့သြဖွယ်တွေ့မြင်ခဲ့ရပါတယ်တဲ့။

3.နိုးကြားခြင်း


Nation Sleep Foundation ရဲ့ မှတ်တမ်းအရ စစ်သားတွေနဲ့ အာကာသယာဉ်မှူးတွေကို မိနစ် ၄၀ခန့် အနားယူစေတဲ့စမ်းသပ်မှူမှာ ၃၄ ရာခိုင်နှုန်း ပိုတဲ့ အလုပ်လုပ်ဆောင်နိုင်စွမ်းနဲ့ ၁၀၀ ရာခိုင်နှုန်း နိုးကြားမှူတွေရှိလာတာကို တွေ့ရတယ်လို့ဆိုပါတယ်။ပြောရရင်တော့ ပိုပြီးစိတ်ရောလူပါအားထည့်ရတဲ့အလုပ်တွေမှာ တစ်ရေးအိပ်တဲ့အချိန်ပိုများသင့်တယ်ဆိုတာပါပဲ။ သင်ဟာ အာကာသယာဉ်ကြီးကို မောင်းနေရတဲ့သူမဟုတ်ပေမယ့် လမ်းပေါ်မှာ ကားမောင်းနေတဲ့အခါမျိုးတွေမှာတော့ ခုလိုနေ့ခင်းတစ်ရေးမှေးထားခြင်းက မတော်တဆမှူတွေက ကင်းဝေးနိုင်စေဖို့ ပိုပြီးအထောက်အကူပြုပါလိမ့်မယ်။

4.စိတ်ကူးဉာဏ်


သင့်ရဲ့ဦးနှောက်ကလည်း သူ့ကိုခဏတဖြုတ်အနားပေးတာမျိုးကို အရမ်းသဘောကျပါတယ်။ နေ့ဘက်မှာဖြစ်ဖြစ် ညဘက်မှာဖြစ်ဖြစ် ကောင်းကောင်းအနားပေးခြင်းဖြင့် တီထွင်ဖန်တီးနိုင်စွမ်းကို တိုးမြင့်စေပြီး စိတ်ကူးဉာဏ်ကိုလည်း ကွန့်မြူးစေပါလိမ့်မယ်။ ဒါတင်မက မှတ်ဉာဏ်အားကောင်းခြင်းနဲ့ စိတ်ကြည်လင်စေခြင်းတို့ကို ပေးစွမ်းနိုင်မယ့်အပြင် စိတ်ကျရောဂါမျိုးတွေ မဖြစ်အောင်ပါ တားဆီးပေးနိုင်ပါသေးတယ်။

5.စိတ်ခွန်အား


စိတ်ပင်ပန်း လူပင်ပန်းဖြစ်လာတဲ့အခါမျိုးမှာ လုပ်နေကျအလုပ်တွေက ပိုပြီးခက်ခဲလာတာမျိုးကြုံရတတ်ပါတယ်။ ဥပမာ အိပ်ရေးမဝပဲနိုးလာတဲ့နေ့မျိုးဆို မိုးလင်းကတည်းကဘာလုပ်လုပ်အဆင်မပြေတတ်တာမျိုးပေါ့။ အိပ်ရေးပျက်တာ အိပ်ရေးမဝတာမျိုးတွေနဲ့ကြုံရတဲ့အခါမှာ ဦးနှောက်က မလိုလားတဲ့ ရှုပ်ထွေးမှူတွေ ၊အတွေးတွေကို တော်ရုံဖယ်ရှားရှင်းလင်းနိုင်ဖို့ အားအင်မရှိတော့ပါဘူး။ ဒါကြောင့် အိပ်ချိန်မှန်အောင်လုပ်ဖို့နဲ့ တတ်နိုင်ရင် နေ့လည်ခင်းတစ်ရေးတစ်မောရအောင် မှေးဖို့က စိတ်ဖိစီးမှူများတဲ့လူတိုင်းအတွက် အရမ်းကိုလိုအပ်တဲ့အရာတစ်ခုလို့ ဆိုရမှာပါ။ ဒီလို နေ့လည်ခင်းမှေးစက်အနားယူခြင်းက စိတ်ဖိစီးမှူကိုလျော့ပါးစေသလို စိတ်ကူးဉာဏ်ကိုထက်သန်စေပြီး အာရုံစူးစိုက်မှူအားလည်း ပိုကောင်းစေပါလိမ့်မယ်။

Photo Credit To The Rightful Owners

 

 

, , , , ,

Opinions

ညဘက်အိပ်မပျော်တတ်တဲ့သူ "ASMR" ကို စမ်းကြည့်ပြီးသွားပြီလား?

တကယ် Relax ဖြစ်တာနော်

by JN Ja Seng Pan

October 11, 2020

ASMR ဆိုတာက Internet မှာ ရှေ့နှစ်တွေကတည်းက ရေပန်းစားနေခဲ့တာပါ။ ASMR ကို ဒီမှာတော့ အကုန်လုံး သိကြသေးမှာ မဟုတ်တော့ ASMR အကြောင်းကို အရင်ဆုံး နည်းနည်းလောက် ရှင်းပြပေးချင်ပါတယ်။ ASMR ရဲ့ အရှည်ကောက်က Autonomous Sensory Meridian Response လို့ ခေါ်ပြီး သတ်မှတ်ထားတဲ့ အသံတစ်ခုနဲ့ အာရုံကြောတွေကို လှုံဆော်ပေးတဲ့အရာဖြစ်ပါတယ်။ ဒီလိုလှုံဆော်တာက လည်ပင်းနဲ့ အပေါ်ပိုင်းကျောရိုးတစ်လျှောက်က အာရုံခံစနစ်တွေကို ဖြေလျော့ပေးပြီး သက်တောင့်သက်သာဖြစ်စေပါတယ်။


Stress ကြောင့် ညဘက်အိပ်မပျော်တာတွေများလာတဲ့ ဒီဘက်ခေတ်မှာ ASMR ကုတုံးက လွယ်ကူရိုးရှင်းပြီး Tension တွေကို ဖြေလျော့ပေးတာကြောင့် လူကြိုက်များလာတယ်လို့ ဆိုရမှာပါ။ Youtube မှာ ASMR Video တွေ သန်းနဲ့ချီပြီးရှိနေပြီး Viewer တွေလည်း များတာကြောင့် လူတွေ ဘယ်လောက် စိတ်ဖိစီးလဲဆိုတာ သိသာတယ်နော်။


လတ်တလောမှာလည်း ကိုမြင့်နိုင်ကြီးကြောင့် စာဖတ်သူကော လူတော်တော်များများမှာ အိပ်မပျော်တာ၊ စိတ်ဖိစီးတာတွေကို ကြုံတွေ့ခံစားနေရမှာပါ။ Consult လုပ်ဖို့လည်း အဆင်မပြေ၊ စိတ်ကိုလည်း အနားပေးချင်ရင်တော့ ခုလိုအချိန်မှာ ASMR Video လေးတွေ နားထောင်တာက အသင့်တော်ဆုံးပါ။ အိပ်မပျော်တဲ့ညတွေ နားကြပ်လေးနဲ့ နားထောင် Relax ဖြစ်ပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေမှာ မယုံမရှိနဲ့နော်။ အရှည်ကြီး ဆက်မရေးတော့ဘူး..Covid ကြောင့် ဖြစ်နေတဲ့ စိတ်ဖိစီးမှုတွေကို လျော့ချဖို့ အကောင်းဆုံး ASMR Video ငါးခုကို ရွေးထားပါတယ်..ကိုယ်တိုင်သာ Try ကြည့်လိုက်တော့နော်။

#1 လေးလံမှုတွေကို လျော့ချစေဖို့

 

#2 Covid ကြောင့်ဖြစ်တဲ့ Anxiety တွေ သက်သာစေဖို့

 

#3 နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့

 

#4 စိတ်အပန်းဖြေစေမယ့် အသံတွေ 

 

#5 ညဘက်အိပ်ခါနီး အတွေးမများပဲ စိတ်ရှင်းလင်းစေဖို့

, ,

Opinions

Online က အ၀တ်အစား၀ယ်တိုင်း size လွဲတတ်တဲ့ပြသနာကကင်းဝေးဖို့

ပြန်လဲလို့ရရင်တော်သေးတယ်

by Randy Win

October 11, 2020

 
 
               နည်းပညာ‌ကို ပိုပြီးအသုံးချနိုင်လာကြတဲ့ လူသားတွေအနေနဲ့ အချိန်ကုန်လူပင်ပန်းတာမျိုး၊ အမှတ်တံဆိပ်စုံ ၊ ဒီဇိုင်းစုံကို တစ်နေရာတည်းမှာတော်ရုံရနိုင်ဖို့မလွယ်တာမျိုးတွေကြောင့် အပြင်မှာသွားရောက်၀ယ်ယူတာထက် Online က မှာယူရတဲ့နည်းလမ်းတွေကို ပိုပြီးရွေးချယ်လာကြပါတယ် ။အထူးသဖြင့်ခုလို Covid ကာလမှာဆိုရင် အပြင်ထွက်ဖို့အဆင်မပြေတာကြောင့် လူတွေဟာ Online Shopping ကိုပိုပြီးအားထားလာကြရတာမျက်မြင်ပါပဲ။ Online Shoppingရဲ့အားသာချက်တွေကတော့ စိတ်ကြိုက်ရွေးချယ်လို့ရခြင်း ၊ ကိုယ်လိုချင်တာကို အားမနာတမ်းရှာဖွေနိုင်ခြင်း နဲ့ တစ်နေရာတည်း (ဖုန်းထဲ) မှာပဲ အမျိုးအမည်စုံ ဒီဇိုင်းစုံကို ကြည့်ရှူနိုင်ခြင်းပါ။ အားနည်းချက်တွေအနေနဲ့ကတော့ ကိုယ်တိုင်၀တ်ကြည့်လို့မရတာ၊ပစ္စည်းအရည်‌အသွေးကိုမျက်မြင်မတွေ့နိုင်တာနဲ့ ဆိုဒ်လွဲမှားတတ်တဲ့ပြသနာအနည်းငယ်ရှိတတ်တာပါပဲ။ ဒါကြောင့် အွန်လိုင်းဈေးရောင်းသူတွေပိုပြီးများပြားလာသလို ၀ယ်ချင်စရာလေးတွေလည်းပိုစုံလင်လာတဲ့ ခုလိုအခြေအနေမှာ အွန်လိုင်းကမှာပြီးမတော်လို့ မ၀တ်ပဲပစ်လိုက်ရတယ်ဆိုတဲ့အဖြစ်မျိုးမရှိရအောင် အွန်လိုင်းကနေ အဆင်ပြေပြေ မှန်မှန်ကန်ကန် ဘယ်လိုမှာယူကြရမလဲဆိုတဲ့ နည်းလမ်းလေးတချို့ကို စုစည်းဖော်ပြပေးလိုက်ပါရစေ။
 
Weight နဲ့ Size
အများစုက online ကမှာယူတဲ့အခါ ပေါင်ဘယ်လောက်ရှိတဲ့သူ၀တ်မှာပါလို့ပြောပြီး၀ယ်တတ်ကြသလို တချို့online shop တွေကလည်း size ကိုအလွယ်တကူ ပေါင်ဘယ်လောက်အထိ၀တ်လို့ရတယ်ဆိုပြီးပြောရောင်းတတ်ကြပါတယ်။ တကယ်တော့ အ၀တ်အစားကို Weight နဲ့ပြောပြီး ရောင်း၀ယ်တာဟာ လုံး၀ကိုလွဲနေတဲ့အမှားတစ်ခုပါ။လူနှစ်ယောက်ဟာ အလေးချိန်တူရင်တောင် ခန္ဓာကိုယ်အချိုးအစားချင်းတော်ရုံမတူနိုင်ပါဘူး။ ဒါကြောင့်မို့ အ၀တ်အစားမှာယူတဲ့အခါ ကိုယ့်အတိုင်းအတာကို ပေကြိုးနဲ့သေချာတိုင်းပြီးမှာယူတာကသာ အကောင်းဆုံးနဲ့အတိကျဆုံးဖြစ်ပါလိမ့်မယ်။
 
Cutting
Onlineက အ၀တ်အစားမှာယူတဲ့အခါမှာဖြစ်တတ်တဲ့နောက်ထပ်ပြသနာတစ်ခုကတော့ cutting မတူတာပါပဲ။ Oversized cutting တွေမှာတဲ့အခါတစ်ဆိုဒ်သေးပြီးမှာမိတာက ပြသနာမရှိပေမယ့် Fit Cutting မျိုးကို တစ်ဆိုဒ်သေးမှာမိရင်တော့ ဘယ်လိုမှအဆင်ပြေစေမှာမဟုတ်ပါဘူး ။ နောက်ပြီး Brand တစ်ခုနဲ့တစ်ခု Cutting မတူတာကိုလည်း သတိပြုရပါမယ်။ ဥပမာ Zara ဆိုရင် တခြားတံဆိပ်တွေထက် Cutting ပိုကြီးပြီး Pull & Bear ဆိုရင်များသောအားဖြင့် Cutting သေးတတ်ပါတယ်။ တချို့ online shop တွေမှာ ရောင်းတဲ့ brand name သတ်သတ်မှတ်မှတ်မရှိတဲ့ အာရှဘက်ကအ၀တ်အစားတွေကတော့ များသောအားဖြင့် Cutting မမှန်ကြပါဘူး။တချို့က Cutting ကြီးနိုင်သလို တချို့ကလည်း Cutting တော်တော်သေးတတ်ပါတယ်။ ဒါကိုတော့ ရောင်းတဲ့သူကသာအသိဆုံးဖြစ်ပါလိမ့်မယ်။ ကိုယ်က Medium size ၀တ်ပေမယ့် Cutting သေးတဲ့ အ၀တ်အစားဖြစ်နေရင် ကိုယ်နဲ့ဘယ်လိုမှအဆင်မပြေနိုင်တာမို့ ရောင်းတဲ့သူကိုသေချာမေးပြီး သေချာရှင်းပြနိုင်တဲ့သူဆီကသာမှာယူသင့်ပါတယ်။ ရောင်းသူကမသိဘူးဆိုရင်တောင်သူတို့ယူတဲ့ အထည်ဒိုင်တွေက အထည်အားလုံးနီးပါးကိုမြင်ဖူးတာမို့ သူတို့ကတဆင့် ဒိုင်တွေကိုပြန်မေးပေးပါလိမ့်မယ်။
 
Size Chart
များသောအားဖြင့် အ၀တ်အစားနဲ့ ဖိနပ်ရောင်းတဲ့ အွန်လိုင်း shop တွေမှာ Size Chart လေးတွေရှိတတ်ကြပါတယ်။ ဒီလို Size Chart လေးတွေကြည့်ပြီးမှာတာက များသောအားဖြင့် ပိုတိကျပြီး ဆိုဒ်လွဲဖို့အခွင့်အရေးအနည်းဆုံးပါ။ Size Chart ထဲမှာ ကိုယ့်အတိုင်းအတာအလိုက် ဘယ်လိုဆိုဒ်ကိုယူသင့်တယ်ဆိုတာမျိုးပါ၀င်ပါတယ်။ဒါပေမယ့် brand တစ်ခုမှာ Size Chart က ဘုံအနေနဲ့ တစ်ခုပဲရှိတတ်ပါတယ်။ အဲဒီ brand ရဲ့ထွက်သမျှဒီဇိုင်းအားလုံးအတွက် Size Chart တစ်ခုပဲကြည့်မှာရမှာဆိုပေမယ့် တချို့က Design ပေါ်မူတည်ပြီး Cutting ကွဲတတ်တာမို့ ဒီတစ်ချက်ကိုတော့ သတိပြုရပါမယ်။ ဘယ်လိုပဲဖြစ်ဖြစ် Online Shop နှစ်ခုယှဉ်လာရင်တော့ Size Chart သေချာပြနိုင်တဲ့ Online Shop ကသာ မှာယူတာအကောင်းဆုံးပါပဲ။ တကယ်လို့ သူတို့ဘက်က Size Chart မပြနိုင်ဘူး ကိုယ်ကလည်းအဲဒီအ၀တ်အစားကိုအရမ်းလိုချင်တယ်ဆိုရင်တော့ အနီးစပ်ဆုံးကို Google မှာသွားရောက်ရှာဖွေကြည့်နိုင်ပါတယ်။
 
 
မှာနေကျ Shop
နောက်တစ်ချက်ကတော့ Size Chart လည်းမရှိဘူး ကြည့်လည်းမကြည့်တတ်ဘူး ။ အ၀တ်အစားကလည်း တရုတ်တို့ထိုင်းတို့ဘက်က သွင်းတဲ့ ဒီဇိုင်းလှလှလေးတွေဆိုရင်တော့ ၀ယ်လို့အဆင်‌ပြေမယ့်အနီးစပ်ဆုံးနည်းလမ်းက ပထမတစ်ခါမှာဖူးတဲ့ ဆိုင်ကပဲ ထပ်မှာယူဖို့ပါ။ ပထမတစ်ခါ၀ယ်ဖူးတဲ့အတွက် ဘယ်လိုဆိုဒ်ကိုမှာလိုက်ရင် ဘယ်လိုပုံစံနဲ့ ဘယ်လောက်ဆိုဒ်ရောက်လာမယ်ဆိုတာ အနီးစပ်ဆုံး အလွယ်ခန့်မှန်းလို့ရပါတယ်။ နောက်ပြီး အရင်တစ်ခါ၀ယ်ဖူးပြီးသားမို့ ဖောက်သည်တစ်ဦးအနေနဲ့ သေချာမေးမြန်းလို့ပိုကောင်းသလို ပထမတစ်ခါရဲ့ကွာလတီကိုသိပြီးသားမို့ မှာနေကျ Online Shop က၀ယ်ယူတာက အလွယ်ကူဆုံးဖြတ်လမ်းနည်းလို့ဆိုရမှာပါပဲ။
 
 
Photo Credit to the Rightful Owners
, , , , ,