×
Opinions

အရွယ်နဲ့မလိုက်အောင် ရုပ်နုသူတွေရဲ့ လျှို့ဝှက်ချက် (၇) ခု

Forever Young ဆိုတာဒါမျိုးကိုပြောတာနေမှာ

by May Shoon

January 21, 2021

  ကိုယ့်ပတ်ဝန်းကျင်မှာ အသက်အရွယ်ပိုင်းတစ်ခုကိုရောက်နေပေမယ့် ဆယ်ကျော်သက်လေးလို၊ လူငယ်လေးတွေလို နုပျိုပြီး လှပနေတဲ့သူတွေကိုတွေ့ဖူးလား။ တကယ်တမ်းအသက်မေးကြည့်လိုက်တော့မှ “ဟယ်.. မထင်ရဘူးနော်၊ နုလိုက်တာ” လို့ပြောခံရတဲ့သူတွေမှာ အများကအားကျရလောက်တဲ့ အရည်အသွေးတွေရှိနေလို့လား။ မအိုဆေးတွေစားထားလို့လား။ မဟုတ်ပါဘူးနော်။
တကယ်တော့ စိတ်ပျိုကိုယ်နုဆိုတဲ့ အတိုင်း အရွယ်နဲ့မလိုက်အောင် ငယ်ရွယ်နုပျိုတဲ့သူတွေအများစုက သူတို့ရဲ့ နေထိုင်မှုပုံစံနဲ့ သူတို့ရဲ့ စိတ်နေစိတ်ထား Attitude လေးတွေကြောင့်ပါ။ တစ်ချို့ကတော့ လျှို့ဝှက်ချက်လို့ပြောပေမယ့် လက်တွေ့မှာတော့ နုပျိုချင်တယ်ဆိုရင် လိုက်နာရမယ့် အချက်လေးတွေလို့ပြောရင် ပိုမှန်ပါလိမ့်မယ်။ ဘာတွေဖြစ်မလဲကြည့်လိုက်ရအောင်။


Meditate လုပ်တယ်
တရားထိုင်တာ၊ စိတ်ငြိမ်တဲ့လေ့ကျင့်ခန်းတွေပြုလုပ်တာ၊ Yoga ကျင့်တာတွေကလည်း လူကို အတွင်းရော၊ အပြင်ပါ လန်းဆန်းပြီး စိတ်ကိုတည်ငြိမ်စေတယ်။ သွေးလည်ပတ်မှုကောင်းပြီး စိတ်ကူးသစ်တွေကိုလည်း နှိုးဆွပေးနိုင်ပါတယ်။ တက်ကြွလန်းဆန်းနေတဲ့သူတစ်ယောက်အတွက် သူ့ကိုကြည့်ရတာ လူငယ်တစ်ယောက်လိုပဲ Energetic ဖြစ်စေတယ်လေ။


ကျန်းမာရေးအလေးထားတယ်
ကျန်းမာခြင်းက လာဘ်တစ်ပါးဆိုတဲ့အတိုင်း ကျန်းမာအောင်နေထိုင်တာကလည်း ကိုယ့်ကို နုပျို လန်းဆန်းနေဖို့ အထောက်အကူဖြစ်စေပါတယ်။ ပြီးတော့ ကျန်းမာရေးဆိုတာ အခုချက်ချင်းကောက်လုပ်လို့ရတဲ့အရာမဟုတ်ပါဘူး။ ရေရှည်ကိုယ့်ရဲ့အနေအထိုင်၊ အစားသောက်ကို ဂရုစိုက်မှသာ အသက်ကြီးသွားတဲ့ အထိလူငယ်လေးတစ်ယောက်လို ဖျတ်လတ်ပြီး အရွယ်တင်နေစေမှာမလား။ ဒါကြောင့်အခုတည်းက ကျန်းမာရေးကိုထိခိုက်စေတဲ့ ဆေးလိပ်အရက်သောက်တာတွေ၊ အိပ်ချိန်မမှန်တာတွေနဲ့ Unhealthy Habits တွေကို ဖျောက်ဖို့လိုမယ်နော်။


အလှအပဂရုစိုက်တယ်
အသက်ကြီးမှ ငယ်မှမဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုအချိန်မရွေး Care လုပ်နေတယ်။ အသားအရေကို ပုံမှန်ထိန်းသိမ်းတယ်။ နေရောင်ခြည်ကိုအတတ်နိုင်ဆုံးရှောင်တယ်။ ရေများများသောက်တယ်။ သင့်တော်တဲ့ Skin Care တွေကိုပြုလုပ်ပေးမယ်ဆိုရင်ကလည်း ဒါကိုယ့်ကိုယ်ကို အချိန်တိုင်းနုပျိုလှပနေအောင် ထိန်းသိမ်းနေသလိုပါပဲ။ ပိုပြီး လှသည်ထက်လှချင်ရင်တော့ မိတ်ကပ်ပါးပါးလေးထပ်လိမ်းနိုင်ပါတယ်။


ဖက်ရှင်ကျအောင်ဝတ်တယ်
ရုပ်နုတယ် အိုတယ်ဆိုတဲ့ အသွင်အပြင်ကဝတ်တဲ့အဝတ်အစားအပေါ်မှာလည်း အများကြီးမူတည်ပါတယ်။ အသက်အရွယ်နဲ့မလိုက်အောင် နုနေတဲ့သူတွေကိုကြည့်လိုက်ရင် အမြဲဖလန်းဖလန်းပဲ။ အဲ့လိုပြောလို့ ကလေးတွေဝတ်သလို ကြောင်ကြောင်ကြားကြားတွေဝတ်တာကိုဆိုလိုတာမဟုတ်ဘူးနော်။ သူ့နေရာအချိန်အခါအပေါ်မူတည်ပြီး လိုက်ဖက်တဲ့ အဝတ်အစားကိုဖက်ရှင်ကျကျရွေးချယ်နိုင်ရင်လည်း အမြဲအရွယ်တင်ပြီး လှပနေမှာပါ။


အနုပညာကို ခံစားတယ်
အနုပညာခံစားတတ်သူတွေရဲ့စိတ်နှလုံးက သိမ်မွေ့တယ်။ နူးညံ့တယ်။ Piano ပဲတီးတီး၊ ပန်းချီလေးပဲ ဆွဲဆွဲ၊ ပန်းလေးတွေပဲ ထိုးထိုး၊ ကဗျာလေးတွေပဲရေးရေး အသေးစိတ် Detail ဂရုစိုက်တတ်ကြတယ်။ အနုပညာနဲ့ ပျော်ရွှင်မှုကိုရှာပြီး အဲ့အရာကပဲ သူတို့ရဲ့စိတ်ကိုအမြဲပျော်ရွှင် စေတယ်။


စိတ်ဖိစီးမှုကင်းအောင်နေတယ်
မယုံမရှိနဲ့နော်။ စိတ်ဖိစီးမှုကင်းတဲ့ သူတွေက ပိုပြီး ငယ်ရွယ်တဲ့ ပုံပေါက်ပါတယ်။ အဲ့လိုပြောလို့ လူတိုင်း စိတ်ဖိစီးမှုမရှိရဘူးလို့မပြောပါဘူး။ လူရယ်လို့ဖြစ်လာရင် ကိုယ့်ရဲ့နေ့စဉ်ဘဝမှာ အနည်းနဲ့အများ Stress ဆိုတာရှိမှာပါပဲ။ ဒါပေမယ့် ကိုယ်တစ်နေ့တာအတွက်အကောင်းဆုံးလုပ်ဆောင်ပြီးသွားတဲ့အချိန်တွေမှာ နောက်တစ်နေ့မဖြစ်သေးတဲ့အရာတွေအတွက် အတွေးမလွန်ဖို့နဲ့ ကိုယ့်ရဲ့စိတ်လေးကို ပျော်ရွှင်အောင် ပြေလျော့ပေးဖို့ပါပဲ။


အရာတိုင်းကို အကောင်းမြင်စိတ်နဲ့ကြည့်တယ်
ဒီအချက်ကအရေးကြီးပါတယ်။ အပေါ်ကအချက်တွေ အကုန်လိုက်လုပ်သည့်တိုင် ကိုယ့်မှာ အကောင်းမြင်စိတ်မရှိဘူးဆိုရင် အချည်းနှီးပါပဲ။ အပြင်ပန်းက အလှဆုံးပြင်ဆင်ထားပေမယ့် အရာရာမှာ အဆိုးဘက်ကိုတွေးတတ်တာတွေ၊ ဒေါသစိတ်တွေ၊ သူတစ်ပါးအပေါ် မနာလိုဝန်တိုစိတ်တွေရှိရင်က ကိုယ့်ရဲ့ရုပ်သွင်ကို အကျဉ်းတန်စေရုံတင်မကပဲ ပိုပြီးအိုစာစေပါတယ်။ ကူညီတတ်တဲ့စိတ်၊ ကိုယ်ချင်းစာစိတ်နဲ့ Open Minded ဖြစ်တဲ့ Attitude လေးတွေက သင့်ကို ပိုနုပျိုပြီး လူချစ်လူခင်ပေါများစေမှာသေချာပါတယ်။

 

 

, , ,
Opinions

သင့်ကိုယ်သင် Straight တစ်ယောက်ဆိုတာ သေချာပြီလား

သေချာပြီလား

by JN Ja Seng Pan

January 31, 2021

သင့်ရဲ့ လိင်စိတ်တိမ်းညွတ်မှုအပေါ် ဆုံးဖြတ်ရ ခက်တဲ့အချိန်တွေ ရှိနေလား။ ပတ်ဝန်းကျင်အသိုင်းအဝိုင်းက Straight တစ်ယောက်လိုနေထိုင်ဖို့၊ ဖြစ်တည်ပေးဖို့ ပုံသွင်းကြ မျှော်လင့်ကြပေမယ့် ကိုယ်တိုင်ကကော သေချာပြီလားဆိုတာ အဖြေထုတ်ရမှာပါ။ သင်ကိုယ်၌ကပဲ သင့်ဖြစ်တည်ခြင်းကို ရှာဖွေနိုင်မှာမို့ ဒီအချက်လေးတွေနဲ့ ကိုယ် Staight လား၊ မ Straight ဘူးလားဆိုတာ အဖြေထုတ်လိုက်ရအောင်။

အိပ်မက်
လူတိုင်း အိပ်မက်မက်ဖူးကြမှာပါ။ အခြေအနေအချိန်အခါကိုလိုက်ပြီး အိမ်မက်တွေကလဲ အမျိုးမျိူးပြောင်းလဲနိုင်ပါတယ်။ အိမ်မက်အမျိူးမျိူးရှိတဲ့အထဲက လိင်စိတ်နဲ့ ပတ်သတ်နဲ့ Sex Dream တွေ Sexual Thought တွေနဲ့ တစ်ဖက်လူအပေါ် စိတ်ဝင်စားမှုတွေမှာ ကိုယ်ဘယ်အရာကိုသိမ်းညွတ်လဲဆိုတာ ပြသနေတတ်ပါတယ်။ အိပ်မက်တွေဆိုတာက ထိန်းချုပ်လို့မရတဲ့ အရာဖြစ်တဲ့အတွက် ကိုယ်အတွင်းစိတ်ထဲမှာ ပိတ်လှောင်ထားတဲ့ စိတ်ဆန္ဒတစ်ခုဟာ အိမ်မက်တွေအဖြစ်အသွင်ပြောင်းနိုင်ပါတယ်။ ဒါကြောင့် အိမ်မက်ထဲမှာ လိင်တူတစ်ယောက်နဲ့ အချစ်ဇာတ်လမ်းတွေ ခင်းနေပြီဆိုရင်တော့ သေချာပါပြီ။

သင့်ရဲ့ Comment
ဒီလို စကားမျိုးမကြာခဏပြောဖူးလား။ “အဲ့ကောင်မလေးမိုက်လာတာ၊ ငါသာ ယောကျာၤးလေးဆိုရင် တွဲလိုက်မှာ” ဆိုတာမျိူးပေါ့ ဒါမှမဟုတ် “ဒီကောင်က ချောလည်းချော စိတ်ထားလည်းကောင်းတယ်၊ သူနဲ့တွေ့မယ့် မိန်းကလေးကတော့ ပျော်မှာပဲ၊ ငါသာဆိုလည်း တွဲမှာ”။ တစ်ခါတစ်လေ အားကျပြီးတော့ဖြစ်ဖြစ်ပြောနိုင်တာမျိူး ရှိနိုင်ပေမယ့် ဒီလိုစကားကို ခဏခဏ လှိုက်လှိုက်လဲလဲ ပြောနေမိပြီဆိုရင်တော့ ဆန်းစစ်ဖို့ လိုနေပါပြီ။ တကယ်တွဲကြည့်ချင်တဲ့ ဆန္ဒရှိနေနိုင်သလို တွဲဖို့ကိုလည်း စဉ်းစားကြည့်သင့်ပါပြီ။



သူငယ်ချင်းပေါင်းတာ
သူငယ်ချင်းတွေနဲ့ Club တစ်ခုမှာ ရောက်နေတယ်ဆိုပါစို့။ အဆင်လေးတစ်ယောက်ကိုကြည့်လိုက်တဲ့အချိန်မှာ Gay တဲ့ပုံစံလေးဆိုတာ ကိုယ်က ခံစားရမယ်။ သူကလည်း သူ့ကောင်လေးနဲ့ လာတာဖြစ်ပြီး သင့်တို့အဖွဲ့နဲ့ လာပြီး Join မယ်။ စိတ်ထဲမှာ သူတို့နှစ်ယောက်ကို အရမ်းခင်နေသလို ခံစားရမယ်၊ သူတို့နဲ့ စကားပြော မိတ်ဖွဲ့ချင်နေရင် သင် Straight တစ်ယောက် မဟုတ်ဘူးဆိုတာ သေချာနေပါပြီ။ ဒီနေရာမှာ တစ်ခုအသိပေးချင်တာက ခွဲခြားပြီးပေါင်းဖို့၊ ခွဲခြားဖို့ပြောတာမဟုတ်ပဲ စိတ်ထဲကနေ အလိုအလျောက်ဖြစ်တဲ့ ခံစားချက်၊ ဆွဲငင်မှုကို ဆိုလိုချင်တာဖြစ်ပါတယ်။ Straight သူငယ်ချင်းတွေမှာလည်း Gay သူငယ်ချင်းအများကြီးရှိနိုင်သလို Gay တစ်ယောက်မှာလည်း Straigt သူငယ်ချင်းရှိတာက မဆန်းပါဘူး။ ပြောချင်တဲ့သဘောက ပိုပြီးနီးစပ်တဲ့၊ သင့်အကြောင်းပိုနေတဲ့သူလို အလိုလိုခံစားနေရတာမျိူးပါ။

Gay လို့ပြောရင်မကြိုက်ဘူး
လူတွေက သင့်ကို Gay နေပြီလားပြောရင် စိတ်ဆိုးဖူးလား။ မိန်းမဆန်လို့၊ ယောကျာၤးဆန်လို့ ဆိုတာကြောင့် မဟုတ်ပဲ သူတို့အမြင်မှာ သေချာနေတဲ့အကြောင်းပြချက်ရှိနေနိုင်တဲ့အတွက်ကြောင့်ပါ။ ဒီလိုအဖြစ်အပျက်ကို ဥပမာတစ်ခုပေးချင်ပါတယ်။ သူငယ်ချင်းတစ်စု လျှောက်လည်နေကြတဲ့အချိန် ဆိုင်တစ်ဆိုင်က Waitress မလေးက အဲ့ဒီအဖွဲ့ထဲက ကောင်မလေးကို လာပြီး အီစကလီ လာကြောင်တယ်ပေါ့။ အဲ့ဒီကောင်မလေးက တော်တော်လေးရှက် စိတ်ဆိုးသွားပြီး Gay မဟုတ်ဘူးဆိုတာကို အားလုံးကို လိုက်ရှင်းပြလို့နေပါတယ်။ “ငါဆံပင်တိုနေလို့ သူအဲ့လိုလာပြောတာ၊ ဆံပင်အရှည်ပဲထားတော့မယ်”ထိကို ဖြစ်နေခဲ့တာပါ။ နောက်ပိုင်းမှာ သူမရဲ့ sexuality ကို လက်ခံသွားခဲ့ပါတယ်။ ဒါကြောင့် ကိုယ့ိကိုယ်ကိုယ် ညာဖို့ မကြိုးစားပါနဲ့။ မဖုံးကွယ်ပါနဲ့။

ဆန့်ကျင်ဘက်လိင်နဲ့ တွေ့ရင် ရင်မခုန်ဘူး
ဆန့်ကျင်ဘက်လိင်နဲ့ တွဲဖူးတယ်၊ သူနဲ့ ချိန်းတွေ့တိုင်း ရင်မခုန်ဘူး အထူးသဖြင့် ဖောင်းဒိုင်းကိစ္စတွေမှာ စိတ်မပါဘူးဆိုရင် ပြန်စဉ်းစားဖို့ လိုနေပါပြီ။ ကိုယ့်ကိုယ်ကိုယ်ရိုးသားပါ၊ မေးခွန်းထုတ်ပါ၊ သင့်ရဲ့ ဖြစ်တည်ခြင်း အစစ်အမှန်ကို လက်ခံဖို့ သင်ကိုယ်တိုင်ပြောင်းလဲမှ ရမှာပါ။

 

 

 

, , ,

Opinions

ပိုက်ဆံတစ်ပြားမှမကုန်ဘဲ စိတ်ချမ်းသာစေမယ့်နည်းလမ်းလေးတွေ

ငွေမကုန်ပဲလည်း ပျော်လို့ရပါတယ်နော်

by Randy Win

January 30, 2021

             နေ့စဉ်နဲ့အမျှ အခက်အခဲတွေ ၊ ပြင်းပြတဲ့ခံစားချက်တွေနဲ့ လှုပ်ရှားရုန်းကန်နေရတဲ့ လူ့ဘ၀မှာ လူတော်တော်များများဟာ အသက်ရလာလေလေ စိတ်ပျော်ရွှင်မှု ပျောက်ဆုံးလာလေလေဆိုတာမျိုး ကြုံရတတ်ပါတယ်။ ဒါကြောင့်လည်း စိတ်ဖိစီးမှုတွေများလာကြတာနဲ့အမျှ တစ်ဘက်က စိတ်ထွက်ပေါက်အဖြစ် ပျော်ရွှင်မှုဆိုတာကို လူသားတိုင်း မဖြစ်မနေလိုအပ်လာကြပါတယ်။ ငွေကြေးပြည့်စုံတဲ့သူတွေအနေနဲ့ ငွေကြေးကပေးတဲ့ပျော်ရွှင်မှုတချို့ကို ဖန်တီးယူဖို့လွယ်ပေမယ့် ငွေကြေးမပြည့်စုံသူတွေနဲ့ အပျော်သက်သက်အတွက် ငွေကုန်မခံလိုသူတွေအနေနဲ့တော့ ငွေအကုန်အကျမများတဲ့ ပျော်ရွှင်မှုမျိုးကို တစ်နည်းနည်းနဲ့ ရှာဖွေချင်ကြပါလိမ့်မယ်။ အခုဖော်ပြမယ့်နည်းလမ်းလေးတွေကတော့ ငွေအမြောက်အများအကုန်ကျခံစရာမလိုပဲ ကိုယ့်ရဲ့တစ်ကိုယ်ရည် စိတ်ခံစားမှုကို ပျော်ရွှင်အောင်ဖန်တီးပေးမယ့် နည်းလမ်းလေးတွေမို့ ငွေကြေးမပါတဲ့ ပျော်ရွှင်‌ကျေနပ်မှုမျိုးကို ရှာဖွေချင်တဲ့သူတွေအတွက် လေ့လာကြည့်ဖို့အသင့်တော်ဆုံးဖြစ်တယ်လို့ တိုက်တွန်းလိုက်ပါရစေ။

ငြင်းဆန်ပါ

"မဖြစ်မနေ"၊"မျက်နှာနာစရာ" ၊"အားနာစရာ" နဲ့ "သနားပါတယ်" ဆိုတဲ့စကားလုံးတွေကို တတ်နိုင်သမျှမျက်ကွယ်ပြုနိုင်အောင်ကြိုးစားပါ။ အမြဲတမ်းမဟုတ်ရင်တောင် တစ်ခါတလေ ပျော်ပျော်ကြီး တစ်ကိုယ်ကောင်းဆန်ပါ။ ကိုယ့်ရဲ့ပျော်ရွှင်မှုတွေကိုဆန့်ကျင်ပြီး ကိုယ်မလုပ်ချင်တဲ့အရာတွေကို သူများအတွက် အောင့်အည်းလက်ခံလိုက်ရတဲ့အဖြစ်မျိုးကို ရဲရဲဝံ့ဝံ့ငြင်းဆန်လိုက်ပါ။ သူတစ်ပါးရဲ့ပျော်ရွှင်မှုအတွက် ကိုယ့်ရဲ့စိတ်မချမ်းမြေ့မှုတွေနဲ့ ဘယ်တော့မှမလဲလိုက်ပါနဲ့။ ဒါဆိုရင် ပိုပြီးနေလို့ကောင်းတဲ့ခံစားမှုမျိုးကို တစ်နေ့တစ်ခြား ပိုင်ဆိုင်လာတာတွေ့ရပါလိမ့်မယ်။

လမ်းလျှောက်ထွက်ပါ

မနက်စောစောနဲ့ ကိုယ့်ရဲ့တခြားအားလပ်ချိန်တွေမှာ အိမ်နားတစ်ဝိုက် ၊ ကိုယ့်မြို့နယ်တစ်ဝိုက်မှာ လမ်းလျှောက်ထွက်ပါ။ မသွားဖူးသေးတဲ့လမ်းတွေကနေ သွားကြည့်ပါ။လမ်းလျှောက်ခြင်းက ကျန်းမာရေးကိုတစ်နည်းတစ်ဖုံအထောက်အကူပြုပေးနိုင်သလို ကိုယ့်ရဲ့ စိတ်နဲ့ပတ်သက်တဲ့ ခံစားချက်ဆိုးတွေကို အကောင်း‌ဆုံးဖြေလျှော့ပေးနိုင်တဲ့ ဆေးတစ်ခွက်လည်းဖြစ်ပါတယ်။

ဂီတနဲ့မွေ့လျော်ပါ

သီချင်းနားထောင်တာ ၊ရေချိုးရင်းသီချင်းအော်ဆိုတာ ၊ သီချင်းအကျယ်ကြီးဖွင့်ပြီး စိတ်လွတ်လက်လွတ်ကခုန်တာမျိုးလုပ်ပါ။ဂီတဟာ သံစဉ်ပေါ်မူတည်ပြီး စိတ်ခံစားမှုမျိုးစုံကို ပေးစွမ်းနိုင်တာမို့ မြူးကြွတဲ့သီချင်းတွေကိုရွေးချယ်မယ်ဆိုရင် ကိုယ့်ကိုပိုပြီးပျော်ရွှင်စေပါလိမ့်မယ်။ ဒါတင်မက (မြူးကြွတဲ့သီချင်းရယ်မှမဟုတ်ပဲ) ကိုယ့်နှစ်သက်တဲ့သီချင်းတွေကို ထပ်ခါတလဲလဲနားထောင်ခြင်းကလည်း စိတ်ကျေနပ်မှုကို ပေးနိုင်ခြင်းတစ်မျိုးပါပဲ။

ပျော်စရာတွေကိုစိတ်ကူးယဉ်ပါ

ပျော်စရာကောင်းတဲ့အမှတ်တရတွေကို ချရေးပါ။ စိတ်ကျေနပ်စရာအတွေးတွေကို ကွန့်မြူးပါ။ ခရီးစဉ်တွေကို စိတ်ကူးယဉ်ပါ။ သွားဖြစ်သည်ဖြစ်စေ မသွားဖြစ်သည်ဖြစ်စေ တစ်နေ့တော့ဘယ်နေရာတွေကို သွားမယ် ဆိုပြီးကြိုတင် plan ချပါ။ ခရီးသွား blog တွေကိုကြည့်ပြီး ကိုယ်တိုင်ရောက်နေသလိုခံစားပါ။ တခါတလေ ကိုယ်နှစ်သက်တဲ့သီချင်းလေးတစ်ပုဒ်ကိုနားကြပ်တပ်နားထောင်ပြီး တွေးချင်ရာတွေးနေရတာကလည်း ပျော်ရွှင်ခြင်းတစ်မျိုးပဲမဟုတ်လား။

အိပ်ရေး၀အောင်အိပ်ပါ

အိပ်ရေးမ၀တဲ့လူတစ်ယောက်အနေနဲ့ ပျော်ရွှင်မှုဆိုတာကို ဘယ်နည်းနဲ့မှရှာတွေ့နိုင်မှာမဟုတ်ပါဘူး။ ဦးနှောက်ကမကြည်လင်မလန်းဆန်းနေသရွေ့ သင့်တစ်နေ့တာကလည်း စိတ်အလိုမကျမှုတွေ ဒေါသတွေနဲ့ပဲပြည့်နှက်ပြီး အမြဲလိုလို ပျော်ရွှင်မှုတွေပျောက်ဆုံးနေမှာပါ။ ဒါကြောင့် အိပ်ရေး၀၀အိပ်ပါ။ ကိုယ့်အိပ်ချိန်ကိုပုံမှန်ရှိပါစေ။

ချစ်ခင်ရသူတွေနဲ့အချိန်ဖြုန်းပါ

ကိုယ်ချစ်ခင်ရတဲ့သူ ၊ကိုယ့်မိသားစု ၊မိတ်ဆွေသူငယ်ချင်းတွေနဲ့ အတူတူဂိမ်းဆော့တာ ၊ စကားထိုင်ပြောတာ ၊ဇာတ်ကားတူတူကြည့်တာ ၊ မုန့်အတူတူစားတာတွေကလည်း ငွေကုန်ကြေးကျနည်းနည်းနဲ့ ပျော်လို့ရတဲ့နည်းလမ်းတွေထဲမှာပါပါတယ် (ငွေလုံး၀မသုံးချင်ဘူးဆိုရင်တော့ မုန့်၀ယ်မစားပဲ စကားပဲထိုင်ပြောပေါ့နော်)။ ကိုယ့်မှာ အိမ်မွေးတိရိစ္ဆာန်လေးတွေရှိရင်လည်း သူတို့နဲ့ အတူတူကစားတာ ၊လမ်းလျှောက်ထွက်တာ ၊ အစာကျွေးတာ ၊ အင်္ကျီလေးတွေချုပ်ပေးတာ စသဖြင့် စိတ်ပျော်ရွှင်စေမယ့်နည်းလမ်းမျိုးစုံအသုံးပြုပြီး အချိန်ဖြုန်းလို့ရပါသေးတယ်။

Photo Credit to the Rightful Owners

, , , ,

Opinions

မိန်းမပီပီသသနေနည်း (7) နည်း

မိန်းမဆန်ဆန် ဘယ်လိုနေကြမလဲ

by Randy Win

January 27, 2021

               ကိုယ့်သူငယ်ချင်းတွေကြားထဲမှာ နင်မိန်းမအစစ်ရောဟုတ်ရဲ့လားတို့ ၊ နင့်ရယ်သံကြီးကလည်း ကြောက်စရာကောင်းလိုက်တာတို့ အပြောခံနေရပြီဆိုရင် သင့်အနေနဲ့ ဒီအချက်လေးတွေကို ဂရုစိုက်ဖို့လိုပါပြီ။ သူငယ်ချင်းအချင်းချင်းကြားမှာ ဘာမှမဖြစ်ပေမယ့် အဲဒီအကျင့်တွေက တခြားလူတွေရှေ့ရောက်တဲ့အခါမှာလည်း မတော်တဆပွင့်အံထွက်လာနိုင်တာမို့ အဲဒီကျမှ လူတကာမျက်လုံးပြူးပြီးကြည့်ကြတာမျိုးကို မခံရချင်ဘူးဆိုရင်တော့ မိန်းမပီပီသသနေနည်းတချို့ကို ကြိုပြီးလေ့လာထားဖို့လိုပါတယ်။ ဒါမှသာ လူကြားထဲမှာလည်း မိန်းကလေးဆန်ဆန်နဲ့ ချစ်စရာကောင်းနိုင်မှာဖြစ်သလို ကိုယ့် Crush ရှေ့မှာလည်း ကိုယ့်ရဲ့ ကျားကျားယားယားမိန်းမသားဖြစ်နေမှူကြီးကို အတိုင်းအတာတစ်ခုအထိ ဖုံးဖိထားနိုင်မှာပါ။


1.အသံပြဲနဲ့မရယ်ပါနဲ့

ရယ်မောခြင်းဆိုတာ တမင်သက်သက်လုပ်ယူထားတဲ့အရာမျိုးမဟုတ်လို့ ရယ်မောခြင်းနဲ့ပတ်သက်တဲ့အမူအကျင့်တွေကို ပြင်ယူဖို့ခဲယဉ်းပါလိမ့်မယ်။ အထူးသဖြင့်အရယ်သန်တဲ့မိန်းကလေးတွေမှာဆို ပိုဆိုးပါတယ်။ ရယ်တာကို အောင့်အည်းချုပ်တည်းပြီး မခို့တရို့လေးရယ်ဖို့ဆိုတာမဖြစ်နိုင်ပေမယ့် ကိုယ့်ရယ်သံကြားလိုက်တာနဲ့ ဘေးလူတွေလန့်ဖြန့်သွားတဲ့အထိမဖြစ်အောင်တော့ အတတ်နိုင်ဆုံး အထူးဂရုစိုက်ထိန်းသိမ်းရပါမယ်။

2.အလှပြင်ပါ

အလှအပမကြိုက်တဲ့မိန်းကလေးဆိုတာ တစ်ရာမှာတစ်ယောက် ရှားပါးလွန်းပါတယ်။ မိန်းကလေးဖြစ်လျက်နဲ့ အလှမပြင်လို့ နင်မိန်းကလေးအစစ်မှဟုတ်ရဲ့လားဆိုပြီး ပြောခံရတဲ့သူတွေအများကြီးမြင်ဖူးမှာပါ။ ဒါကြောင့် မိန်းကလေးပီသချင်ရင် အလှအပကိုလေ့လာပါ။ အလှပြင်ပါ။ အသားအရည်ကိုပုံမှန်ဂရုစိုက်ပါ။ အလှပြင်ပစ္စည်းတွေအတွက် ငွေသုံးပါ။

3.အစားအသောက်ကိုဖြည်းဖြည်းစားပါ

အစားအသောက်ဆိုတာ ဟန်ဆောင်ပြီးစားလို့ကောင်းတဲ့အရာမျိုးမဟုတ်ပေမယ့် မိန်းမပီသချင်ရင်တော့ စားသောက်ပုံကအစ အတတ်နိုင်ဆုံး ဂရုစိုက်ရပါမယ်။ ထမင်းကိုငပိရည်နဲ့နယ် အတို့အမြုပ်လေးထည့်ပြီး လက်သီးဆုပ်လောက်ထမင်းလုပ်ကြီးယူ ၊ အားရပါးရပလုပ်ပလောင်းစားရတာကို နှစ်သက်တဲ့မိန်းကလေးတွေအများကြီးရှိပေမဲ့ အဲဒီလိုအကျင့်မျိုးကို အိမ်မှာအသုံးပြုဖို့ပဲ ထားထားသင့်ပါတယ်။ လူကြားထဲမှာတော့ အတတ်နိုင်ဆုံး ဟန်ဆောင်ပန်ဆောင်နဲ့ ပဲများပြီးစားတတ်ဖို့ အထူးလေ့ကျင့်ထားရပါမယ်။ တကယ်လို့ ဗိုက်ဆာနေတဲ့အချိန် အဲဒီလိုလုပ်ဖို့အဆင်‌မပြေဘူးဆိုရင်တော့ အိမ်ကနေအ၀အပြဲ ကြိုပြီးစားလာခဲ့ပါ။

 

4.အနေအထိုင်ပိရိပါ

မိန်းကလေးဆိုတာ အနေအထိုင်ပိရိရတယ်လို့လူကြီးတွေပြောတာခဏခဏကြားဖူးမှာပါ။ လူကြားထဲမှာဆိုရင် ထိုင်တာကအစ ကျုံ့ကျုံ့လေးထိုင်တာမျိုး ၊ခြေထောက်ကိုလှလှလေးချိတ်ထိုင်တာမျိုး၊ ဖုံးသင့်တာဖုံး ၊ထိန်းသင့်တာထိန်းပြီး လှလှပပ ပိပိရိရိလေးထိုင်တာမျိုးကို အိမ်မှာကြိုပြီးလေ့ကျင့်သင့်ရင် လေ့ကျင့်ထားရပါမယ်။ သူများပြောတဲ့ ဟာသထဲမှာ နားရှက်စရာနည်းနည်းပါတာနဲ့ မျက်လွှာချထားလိုက်မျိုး ၊ မကြားချင်ယောင်ဆောင်တာမျိုးတွေလုပ်ပါ။


5.စကားကိုညင်သာစွာပြောပါ

တချို့မိန်းကလေးတွေမှာ စကားပြောရင်အသံကျယ်ကျယ်နဲ့ ဘွင်းဘွင်းရှင်းရှင်းပြောတတ်တဲ့သူတွေရှိပါတယ်။ ဒါကမွေးရာပါဗီဇမို့ ဖျောက်ဖို့ခဲယဉ်းတယ်ဆိုပေမယ့် လူထူထူကြားထဲမှာ၊ ဒါမှမဟုတ် ကိုယ်စိတ်၀င်စားနေတဲ့သူရဲ့ရှေ့မှာတော့ အတတ်နိုင်ဆုံးစကားကို ဖြည်းညှင်းစွာနဲ့ မိန်းမဆန်ဆန် နူးနူးညံ့ညံ့လေးပြောတတ်အောင် အကျင့်လုပ်ထားသင့်ပါတယ်။အသံကြောင့်ဖားသေဆိုတာမျိုးမဖြစ်ပါစေနဲ့။

6.ဘာမှမသိဟန်ဆောင်ပါ

 

တစ်ခုခုဆို ဗန်းစကား၊ ခေတ်ပေါ်စကားကစလို့ lgbt စကားထိ အကုန်သိနေရင်တောင်မှ သူများပြောရင် ဘာမှမသိသလိုလေး ပြူးကြောင်ကြောင်နဲ့ လိုက်ကြည့်ပါ။ ဘာလဲဟင် ၊ဘာလဲဟင်ဆိုပြီး လိုက်မေးပါ။ ကိုယ်မသိဘူးထင်ပြီး ဗန်းစကားတွေနဲ့ပြောကြတဲ့အခါ အနည်းဆုံးတော့ တခြားမှာပြန်အတင်းတုပ်ဖို့ information အသစ်တွေရကောင်းရနိုင်ပါတယ်။

7.ကြောက်ဟန်ဆောင်ပါ

အာရှနိုင်ငံတော်တော်များများအနေနဲ့ ဘယ်လောက်ပဲ Gender Equality လို့ပြောပြော မိန်းကလေးဆိုရင် အားနွဲ့တဲ့သူကိုမှ မိန်းကလေးပီသတယ်ဆိုပြီး အခွင့်အရေးပိုပေးချင် ၊ ချစ်သူအဖြစ် ၊ အိမ်ထောင်ဘက် အဖြစ်သတ်မှတ်ချင်ကြတဲ့ ပတ်၀န်းကျင်မို့ ကိုယ်က ဘယ်လောက်ပဲ အိမ်မှာငါးရိုက်ဖားရိုက်နဲ့ ဒေါင်းတိမောင်းတိ လုပ်နေပါစေ အပြင်မှာတော့ သူ့နေရာနဲ့သူ ( ဥပမာ - အင်းဆက်ပိုးမွှားလေးတွေကအစ) ကြောက်ပြဖို့လိုပါတယ်။ အမျိုးသားတော်တော်များများကလည်း အားနွဲ့သူကိုမှ ပိုပြီးကာကွယ်ပေးရတဲ့ သူရဲကောင်းလုပ်ချင်ကြတာမို့ သူတို့ကို အတိုင်းအတာတစ်ခုထိ သူရဲကောင်းလုပ်ခွင့်ပေးရမှာပါ။

Photo Credit to the Rightful Owners

, , , ,

Opinions

Online ကနေအဝတ်အစားမဝယ်ခင် ပြန်ဆန်းစစ်ရမယ့် အချက်လေးတွေ

ကြိုက်တုန်းကမှာပြီး ရောက်လာတော့မှ နောင်တမရစေဖို့

by May Shoon

January 17, 2021

 တဖြည်းဖြည်း Digitalized ဖြစ်လာတဲ့ အချိန်မို့ မိန်းကလေးတွေအတွက် Shopping Mall တွေ၊ Outlet Store တွေမှာ အဝတ်အစားဝယ်သလို E-Commerce တွေ၊ Online Shop တွေကနေဝယ်တာကိုလည်း ပိုနှစ်ခြိုက်လာကြတယ်။ အခုလို Covid ကာလမှာဆို Online Shopper တွေကအရင်ထက်တောင် ပိုကျယ်ပြန်လာသေးတယ်။ တစ်နေ့ တစ်နေ့ Onine ပေါ်မှာ Facebook ပေါ်မှာ အဝတ်အစားလှလှလေးတွေ၊ အမိုက်အစား Accessories လေးတွေ၊ နာမည်ကျော်ဒီဇိုင်နာတွေနဲ့ Collection လေးတွေကိုတွေ့ရင် လှလိုက်တာဆိုပြီး လိုချင်ကြတာ မိန်းကလေးတိုင်းလိုလိုပါပဲ။ အဲ့လို လိုချင်လို့ပဲ မနေနိုင်လို့ မှာလိုက်တယ် ။ Order တွေတင်လိုက်တယ်။ ပြီးတော့ တကယ်တမ်း မှာလိုက်လို့ ရောက်လာတဲ့အချိန်ကျ စိတ်တိုင်းကျတာထက် စိတ်တိုင်းမကျတဲ့ အခေါက်က ပိုများရတယ်မလား။ တကယ်တော့ အဲ့လိုစိတ်တိုင်းမကျရတယ်ဆိုတာကလည်း Online Shop ရဲ့ Quality သိပ်မကောင်းတဲ့ ပုံစံမကျနတဲ့ Order တွေကြောင့်ဖြစ်နိုင်သလို ကိုယ်ကိုယ်တိုင်ကလည်း သေချာမစစ်ဆေးပဲမှာမိတာတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။
ဒါကြောင့်မို့ Online ကနေဈေးမဝယ်ခင်၊ အဝတ်အစားနဲ့ ဖက်ရှင်အသုံးဆောင်တွေမမှာခင် ဒီအချက်လေးတွေကို အရင် ထည့်စဉ်းစားဖို့ မမေ့နဲ့နော်။


ကိုယ့်ရဲ့ Size/Measurement တွေကိုသိပါစေ
Online က Outfit မှာတိုင်း Size မှာဝယ်မိတာက မိန်းကလေးအများစု ကြုံတွေ့ရတဲ့ပြဿနာပါ။ ဒါကတော့ မိန်းကလေးတိုင်း Outfit ဝယ်ဝယ်၊ ဖိနပ်ပဲဝယ်ဝယ် ကိုယ့်ဝတ်ဆင်တဲ့ Size နဲ့ ခန္ဓာကိုယ်အတိုင်းအတာကို သိထားဖို့လိုပါတယ်။ ဖြစ်နိုင်ရင် EU/ UK/ US Size တွေကို သေချာမှတ်ထားနိုင်ရင်တော့ပိုကောင်းပါတယ်။ အဝတ်အစားဆိုရင်လည်း Size ကိုသေချာမသိရင်တောင် ကိုယ့်ရဲ့ Body Measurement ကိုသိရင် ကိုယ်နဲ့ Fit ဖြစ်မယ့် Size ကိုရှာရတာ ပိုလွယ်ကူစေပါတယ်။


Customer Review တွေကိုလေ့လာပါ
ဝယ်ယူဖူးတဲ့ Customer တွေရဲ့ Review တွေက ကိုယ့်ရဲ့ Buying Decision တွေကိုကောင်းကောင်းရွေးချယ်နိုင်အောင် ကူညီပေးမှာပါ။ ကိုယ်ဝယ်တဲ့ Online Shop စိတ်ချရလား၊ Quality ကောင်းလား၊ Customer တွေကို ဂရုစိုက်လားဆိုတာတွေက Page (သို့) E-Commerce Website ထဲက Customer Review တွေကတစ်ဆင့် လေ့လာကြည့်လို့ရပါတယ်။ Bad Review တွေ၊ Bad Reputation တွေရှိတယ်ဆိုရင်တော့ မဝယ်တာကအကောင်းဆုံးပါ။ ပြီးတော့သူတို့ရဲ့ Feedback တွေကနေပဲ အဲ့ Online Shop ရဲ့ အားနည်းချက်တွေ၊ သတိပြုရမယ့်အချက်တွေကိုသိနိုင်တယ်။


မော်ဒယ်ဝတ်ထားတာနဲ့ အမြဲသွားမကြည့်ပါနဲ့
Online Shop ကတင်ထားတဲ့ Lookbook တွေ၊ Photoshoot တွေနဲ့ Catalogue တွေက မိန်းကလေးတွေ Attention ကိုတော့ အပြည့်ယူနိုင်ပါတယ်။ ဒါပေမယ့် လူတိုင်းကတစ်ယောက်နဲ့တစ်ယောက် အသားအရောင်၊ ကိုယ်ခန္ဓာအချိုးအစား၊ ပင်ကိုယ်စတိုင်တွေကမတူညီနိုင်တာမို့ Mannequin လိုအရုပ်မတွေ၊ Model တွေဝတ်ပြထားတာ လိုက်ပေမယ့် ကိုယ်နဲ့က လိုက်ချင်မှလိုက်မှာပါ။ ဖြစ်နိုင်ရင် အဲ့အဝတ်အစားကို ဒီတိုင်းအငြိမ်ရိုက်ထားတဲ့ Photo တွေထက်စာရင်၊ ဝတ်ထားပြီး လှုပ်ရှားပြထားတဲ့ Short Videos လေးတွေ၊ Body Size အစုံကိုဝတ်ပြထားတဲ့ ပုံတွေရှိရင်ပိုကောင်းပါတယ်။ အဲ့ဒါမှ အဲ့အဝတ်အစားကတကယ်ကိုယ်နဲ့ အဆင်ပြေမပြေသေချာ သုံးသပ်ကြည့်လို့ရတာပေါ့။


အသုံးပြုထားတဲ့ Material အသားကို သေချာကြည့်ပါ
Online ကဝယ်တာက အပြင်က Mall မှာ Boutique ဆိုင်မှာ ဝယ်တာမဟုတ်တာမို့ ဝတ်ကြည့်လို့လည်း မရသလို၊ အဝတ်အစားရဲ့ အသား Texture ကိုလည်းမသိရတာမို့ တကယ်လက်ထဲရောက်လာတဲ့အခါ အနည်းငယ် ကွာခြားချက်လေးတွေလည်းရှိနိုင်ပါတယ်။ အဲ့ဒါကြောင့် ကိုယ်လိုချင်တဲ့ Clothes ရဲ့ Fabric နဲ့ Texture ကိုသိထားရင် ပိုအဆင်ပြေစေပါတယ်။ ဒါဆို ကိုယ်ဝယ်မယ့် အင်္ကျ ီရဲ့ အသားကိုသိပြီး Quality ကိုခန့်မှန်းကြည့်လို့ရတယ်။


မဝယ်ခင်ကိုယ်ဝယ်တဲ့ Cart ကိုပြန်စစ်ပါ
ဒါကတော့ အထူးသဖြင့် E-Commerce တွေ၊ Website တွေကဝယ်သူတွေအတွက်ပါ။ ကိုယ်ဝယ်မယ့် Item တွေကို Cart ထဲထည့်ပြီး နောက်ဆုံး ဝယ်ဖို့ Check-Out လုပ်တဲ့အခါ သေချာစစ်ဆေးလိုပါတယ်။ တစ်ခါတစ်လေ Item Price အပြင်တခြား Shipping Fees တွေပါလိုသေးလား၊ Discount တွေရှိသေးလား၊ Code Promotion တွေရှိသေးလား ဆိုတာလည်း Check လို့ရတယ်။ တစ်ခုချင်းစီ Online ကမှာတဲ့အခါ သတိမထားမိပဲ အများကြီး မှာမိသွားတာမျိုးလည်းရှိတတ်တယ်။ Cart မှာ ဝယ်မယ့်ဟာတွေကို List လုပ်ထားတော့ အရမ်းများသွားရင်လည်းပြန် Adjust လုပ်လို့ရတယ်။ ဈေးဝယ်တာလည်း ပိုပြီး စနစ်တကျဖြစ်သွားတာပေါ့။

 


Return Policy တွေကိုသေချာဖတ်ပါ
ဖက်ရှင်အဝတ်အထည်တွေကိုဝယ်ယူပြီးသွားတဲ့အခါ လည်းဒီတိုင်းပဲ တန်းမဝယ်သင့်ပါဘူး။ ပစ္စည်းနဲ့ပတ်သက်တဲ့ Instruction တွေ၊ Terms & Conditions တွေ၊ Retrun/Exchange Policy ကိုလည်း ဖတ်ကြည့်ထားဖို့မမေ့နဲ့နော်။ ဘာလို့လဲဆိုတော့ ဒီလိုသိထားမှ Customer ဖက်ကတောင်းဆိုနိုင်တဲ့ ရပိုင်ခွင့်တွေ၊ အခွင့်အရေးတွေကို သိရှိထားတော့ တကယ်လို့ ပို့လိုက်တဲ့ပစ္စည်းက တစ်ခုခု ချို့ယွင်းချက်ရှိနေတာဖြစ်ဖြစ်၊ ကိုယ်ဝယ်ယူပြီး Size အဆင်မပြေလို့ ပြန်လဲချင်တာဖြစ်ဖြစ် ဒီ Policy တွေသိထားတော့ ကိုယ်က Request လို့ရတာပေါ့။


အချိန်ယူပါ
ကိုယ်လိုချင်တဲ့ အဝတ်အစားကို ဖြစ်နိုင်ရင် တန်းပြီး မဝယ်ပါနဲ့နော်။ မိန်းကလေးအများစုမှာရှိတတ်ကြတယ်။ ဒီဟာကြိုက်တယ်ဆိုပြီး မှာလိုက်တာ တကယ်တော့ Eye-Catching ဖြစ်လို့ လိုချင်စိတ်ကဖြစ်ပေါ်လာတာဖြစ်ပြီး တကယ်တမ်းရောက်လာတဲ့အချိန်ကျ မလိုချင်တော့ဘူး။ အဲ့လိုမဖြစ်အောင် 24hours-Rule ကိုလိုက်နာကြည့်ဖို့ အကြံပြုချင်ပါတယ်။ 24hours-Rule ဆိုတာက ကိုယ်လိုချင်တဲ့ပစ္စည်းကို ချက်ချင်းမဝယ်သေးပဲ ၂၄နာရီလောက်စောင့်ကြည့်လိုက်ပါ။ ၂၄ နာရီကျော်လို့မှ အဲ့ဒီ့ပစ္စည်းကို လိုချင်နေတုန်းဆိုရင်တော့ ကိုယ်တကယ်ကြိုက်နေတာလို့သတ်မှတ်နိုင်တာမို့ မှာလိုက်လို့ရပါပြီ။

 

 

, , ,

Opinions

ခဏခဏမေ့တတ်တဲ့အကျင့်လေးကို ဘယ်လိုဖျောက်မလဲ

မေ့ရမှာတောင် မေ့နေတတ်တာမျိုး

by Randy Win

January 10, 2021

           ကိုယ့်အိမ်သော့ဘယ်နားထားမိမှန်းမသိတာတို့ ၊ဖုန်းကိုဘယ်နားထားမိမှန်းမသိလို့ ၊တခြားဖုန်းနဲ့ပြန်ခေါ်ကြည့်ရတာတို့ ပြောဖို့စဉ်းစားထားတဲ့စကား ပါးစပ်ဖျားတင်မေ့သွားတာတို့ ခဏခဏဖြစ်ဖူးလား။ အဲဒီလိုတွေ အမြဲဖြစ်နေတာနဲ့ပတ်သက်ပြီး အရမ်းကြီးစိတ်မညစ်ပါနဲ့ ။ ဒါမျိုးက သင်တစ်ယောက်တည်းကြုံတွေ့နေရတဲ့ပြသနာတစ်ခုမဟုတ်ပါဘူး။ အသက်အရွယ်ပိုင်းအရရော ကျန်းမာရေးဆိုင်ရာချို့ယွင်းမှုလေးတွေအရပါ ဘယ်သူမဆိုကြုံတွေ့လာရနိုင်တဲ့အခက်အခဲတစ်ခုပါ။ နောက်ပြီး ဒီပြသနာကို ဖြေရှင်းနိုင်တဲ့ လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းကောင်းလေးတွေလည်းအများကြီးရှိပါတယ်။ အခု အကြောင်းအရာလေးကနေ မေ့လွယ်သူတွေလိုက်နာသင့်တဲ့နည်းလမ်းကောင်းလေးတချို့ကိုဖော်ပြပေးသွားမှာမို့ ဒီနည်းလမ်းလေးတွေအတိုင်း ပုံမှန်ပြုလုပ်ပေးသွားခြင်းအားဖြင့် ငယ်ငယ်လေးနဲ့မေ့တတ်လိုက်တာလို့အပြောခံရခြင်းကနေ ကင်းဝေးနိုင်ကြပါစေ။

လေ့ကျင့်ခန်းလုပ်ပါ

ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ခြင်းနဲ့ မှတ်ဉာဏ်ကိစ္စမသက်ဆိုင်ဘူးလို့မထင်ပါနဲ့။အများကြီး ဆက်နွယ်နေပါတယ်။ ကိုယ်လက်လေ့ကျင့်ခန်းကြောင့် ဦးနှောက်အပါအ၀င် ခန္ဓာကိုယ်အနှံ့သွေးလည်ပတ်မှုကိုပိုမိုကောင်းမွန်စေမှာဖြစ်ပြီး ဦးနှောက်ရဲ့လုပ်ဆောင်ချက်တွေကို ပိုမိုသွက်လက်စေမှာပါ။ နောက်ဆုံးလေ့ကျင့်ခန်း ကြီးကြီးမားမားမလုပ်နိုင်ဘူးဆိုရင်တောင် နေ့စဉ် နာရီ၀က် ၊တစ်နာရီခန့်လမ်းလျှောက်ထွက်တာမျိုး ၊ ပြေးတာမျိုးလေးတွေပြုလုပ်ပေးနိုင်ပါတယ်။

အမြဲတက်ကြွနေပါစေ

ကိုယ်လက်လေ့ကျင့်ခန်းလုပ်သလိုပဲ စိတ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းလုပ်ပေးခြင်းကလည်း အများကြီးအထောက်အကူပေးနိုင်မှာပါ။ စိတ်ကိုအမြဲ လန်းဆန်းတက်ကြွနေစေပါ။ စိတ်တက်ကြွစေမယ့် သီချင်းမြူးမြူးလေးတွေနားထောင်ပါ။ ပဟေဠိဂိမ်းတွေ puzzle game တွေဆော့ပါ။ ဂီတနဲ့ပတ်သက်ပြီး သင်တန်းတစ်ခုခုတက်တာမျိုးပြုလုပ်ပါ။တတ်နိုင်ရင် တရားမှတ်ပါ။

အထီးမကျန်အောင်

Stress ပိတာတွေ စိတ်ဓာတ်ကျတာတွေက ကင်းဝေးစေဖို့အတွက် ကိုယ်ချစ်ခင်ရသူတွေ၊ အပေါင်းအသင်းမိတ်ဆွေသူငယ်ချင်းတွေနဲ့စုပြီး တစ်ခုခုသွားစားကြတာမျိုး၊ home party လေးတွေလုပ်တာမျိုးကို မကြာမကြာပြုလုပ်ပေးသင့်ပါတယ်။ တစ်ယောက်တည်းနေရတာထက် စာရင် စိတ်ဖိစီးမှုနဲ့ စိတ်ကျရောဂါတွေမဖြစ်အောင်ကာကွယ်ပေးတာမို့ စိတ်ကိုပိုကျန်းမာစေပြီး မှတ်ဉာဏ်အားကိုကောင်းစေမှာပါတဲ့။

အိပ်ရေး၀၀အိပ်ပါ

ညဘက်နောက်ကျမှအိပ်တာမျိုး နဲ့ အိပ်ရေးမ၀တာမျိုးတွေကလည်း မေ့လွယ်တတ်ခြင်းပြသနာရဲ့ အကြောင်းရင်းခံတွေပါပဲ။ ဒါကြောင့်အိပ်ရေး၀၀အိပ်ပါ ။ အရွယ်ရောက်ပြီးသူတွေအနေနဲ့ တစ်ရက်ကို ပုံမှန်အိပ်ချိန်အနည်းဆုံး ၇ နာရီကနေ ၉ နာရီကြားရှိသင့်ပါတယ်။

ချရေးပါ

ကိုယ်လုပ်ရမယ့်ကိစ္စတွေကို စာအုပ်မှာချရေးတာမျိုး ၊ဖုန်း notes ထဲမှာ မှတ်သားတာမျိုးလုပ်ပေးပါ။ ကိစ္စအသေးအဖွဲလေးတွေကအစ ရေးမှတ်တဲ့အကျင့်လုပ်ပေးခြင်းအားဖြင့် မေ့လွယ်လို့ဖြစ်တတ်တဲ့ဆုံးရှုံးမှူတွေကနေကင်းဝေးစေမှာဖြစ်သလို မှတ်ဉာဏ်ကိုလည်း တစ်နည်းတစ်ဖုံလေ့ကျင့်ပေးရာရောက်ပါတယ်။

Photo Credit to the Rightful Owners

, , , ,

Opinions

ခန့်မှန်းရခက်တဲ့စိတ်မျိုး ပိုင်ဆိုင်ထားတဲ့ရာသီဖွား (5) ခု

နေ့ရွှေ ညငွေလေးတွေ

by Randy Win

January 9, 2021

                သင်ဟာ အခုဖော်ပြထားတဲ့ ခန့်မှန်းရခက်တဲ့ရာသီခွင်ဖွားထဲမှာပါနေမယ်ဆိုရင် အကောင်းဘက်ကကြည့်ရင်တော့ ဘ၀ကို ငြီးငွေ့စရာအပြည့်နဲ့ ဖြတ်သန်းရမယ့်လူစားမျိုးမဟုတ်ပါဘူး။ စိတ်ရှိသလို နေထိုင်ပြုမူတတ်တဲ့အကျင့်ကြောင့် စည်းတွေဘောင်တွေကနေကွဲထွက်ပြီး သူများနဲ့မတူတဲ့ရှင်သန်ခြင်းမျိုးနဲ့ ဘ၀ကို စိတ်ရှိတိုင်းပျော်ပျော်ဖြတ်သန်းနိုင်သူတွေပါ။ ဒါပေမဲ့ အဆိုးဘက်ကကြည့်ရင်တော့ ကိုယ့်ရဲ့လူနေမှုဘ၀မှာ စိတ်အပြောင်းအလဲမြန်ပြီးထင်ရာလုပ်လွန်းလို့ သူတစ်ပါးရဲ့ ယုံကြည်အားကိုးထိုက်တဲ့သူတွေတော့ဖြစ်လာမှာမဟုတ်ပါဘူး။ ခန့်မှန်းရခက်တဲ့ရာသီဖွားအများစုဟာ သူတို့ရဲ့ပင်ကိုယ်သဘာ၀အရကိုက ဒီလိုအတွင်းစိတ်ကလေးတွေပါလာကြတာဖြစ်ပြီး တချို့ကတော့ပတ်၀န်းကျင်နဲ့ ရင့်ကျက်လာမှုတို့ကြောင့် ဒီအမူအကျင့်လေးတွေခဏတဖြုတ်ကွယ်ပျောက်နေတာမျိုးဖြစ်ပါလိမ့်မယ်။ ဒီလို ‌မနက်နဲ့ညတောင်စိတ်အခြေအနေမတူနိုင်လောက်အောင် ခန့်မှန်းရခက်တဲ့ရာသီခွင်ဖွားလေးတွေနဲ့ သူငယ်ချင်းအပေါင်းအသင်း ၊ ချစ်သူရည်းစားလုပ်ရတဲ့သူတွေကတော့ တော်တော်လေးကိုအကြပ်ရိုက်ပြီး ရင်ခုန်စိတ်လှုပ်ရှားနေရမယ့်သဘောမှာရှိပါတယ်။

1.AQUARIUS (January 20 - February 18)


Aquarius တွေဟာ ဘယ်လိုစည်းမျဉ်းဝိသေသတွေကိုမှ လိုက်နာတတ်တဲ့သူမျိုးတွေမဟုတ်ပါဘူး။ နောက်ဆုံးသူတို့ကိုယ်တိုင် ထုတ်ထားတဲ့စည်းမျဉ်းတောင် သူတို့မလိုက်နာတတ်ပါဘူး။ တခြားလူတွေက သူတို့အပေါ်လွှမ်းမိုးနိုင်မှုအနည်းဆုံးဖြစ်ရုံမက သူတို့ဖြစ်ချင်တာကိုဘယ်လိုနောင်တမှမရှိ ဘယ်သူမျက်နှာကိုမှမထောက်ပဲ ဖြစ်မြောက်အောင်လုပ်တတ်တဲ့သူတွေလည်းဖြစ်ပါတယ်။ အဲဒီလို လုပ်ချင်ရာကို တဇွတ်ထိုးလုပ်တတ်တဲ့အကျင့်ကြောင့်ပဲ သူတို့ကို ကြိုခန့်မှန်းနိုင်ဖို့တော်တော်ခဲယဉ်းတယ်ပြောရပါလိမ့်မယ်။

2. GEMINI (May 21 - June 20)

Geminiတွေကတော့ အရာရာကို အစီစဉ်တကျလုပ်ဆောင်ရတာမျိုးမကြိုက်ကြပါဘူး။ ကြိုတင် Plan ချစီစဉ်ထားတဲ့အလုပ်မျိုးတွေကို လိုက်နာရတာမျိုးထက် ကိုယ့်အတွက်အရေးတကြီးလိုအပ်လာမှသာ ကောက်လုပ်တတ်ပါတယ်။ သူတို့ရဲ့စူးစမ်းတတ်မှုအပေါ်အခြေခံပြီး စိတ်ကူးပေါ်ရင်ပေါ်သလို အလုပ်လုပ်တတ်သူမို့ ဒါပြီးရင်ဘာလုပ်ဦးမယ်ဆိုတာတောင် ကြိုခန့်မှန်းလို့မရနိုင်ပါဘူး။အဲလိုအကျင့်လေးတွေကြောင့်ပဲ တခါတရံမှာ သူတို့ကိုယ်တိုင် ဘာလုပ်ရမှန်းမသိဘဲ လမ်းပျောက်တာမျိုးလေးတွေဖြစ်တတ်ပါတယ်။

3. SAGITTARIUS (November 22 - December 21)

Sagittarius တွေကတော့ စိတ်အပြောင်းအလဲအမြန်နိုင်ဆုံးဆုကိုပေးရမယ့်သူတွေပါ။ ဘယ်သူမှသူတို့ကို ကြိုမခန့်မှန်းနိုင်သလို Plan တွေ Rules တွေကိုလည်း လိုက်နာရတာမနှစ်သက်ကြပါဘူး။သူတို့ကိုယ်တိုင်လည်း အရာအရာကို မထင်မှတ်ထားတာတွေပဲပြုလုပ်တတ်သလို သူများတွေက သူတို့ဘာလုပ်မလဲဆိုတာကို ကြိုမခန့်မှန်းနိုင်တာကိုလည်း သဘောကျကြပါတယ်တဲ့။သူတို့က ပုတ်သင်ညိုတွေလိုပဲ ပတ်၀န်းကျင်ပေါ်မူတည်ပြီး အရောင်မျိုးစုံပြောင်းလဲတတ်သူတွေလို့ဆိုရမှာပါ။

4. ARIES (March 21 - April 19)

Aeries တွေကတော့ သူတို့ရဲ့ ပင်ကိုယ်စိတ်မတည်ငြိမ်မှူကနေ သူတို့ကိုခန့်မှန်းရခက်တဲ့သူတွေဖြစ်စေပါတယ်။ တခါတလေမှာ ဘာမှမစဉ်းစားမဆင်ခြင်ပဲဟောဟောဒိုင်းဒိုင်းလုပ်ချတတ်တဲ့အကျင့်ကြောင့် အန္တရာယ်များတယ်လို့တောင်ဆိုလို့ရပါတယ်။ သူတို့ကိုကြောက်ရွံ့စေတဲ့အရာနဲ့စိန်ခေါ်မှူတွေကို ထိပ်တိုက်ရင်ဆိုင်တတ်လေ့ရှိပြီး ကိုယ့်အတွက်ဆုံးရှုံးမှုများနိုင်ခြေရှိတဲ့ အသစ်အဆန်းတွေကိုမှ စူးစမ်းဖို့ကြိုးစားတတ်တာမျိုးပါ။ စိတ်အတက်အကျအရမ်းမြန်ပြီး အဲဒီစိတ်အတက်အကျမြန်မှုကပဲ သူတို့ကိုတခြားသူတစ်ယောက်လိုဖြစ်သွားစေတဲ့အထိ ခန့်မှန်းရခက်ပါတယ်။

5. PISCES (February 19 - March 20)

Pieces တွေကတော့ သူတို့ကိုယ်သူတို့ သူများတွေလို ပုံမှန်နေထိုင်မှူပုံစံကနေကွဲထွက်နေဖို့အမြဲကြိုးစားတတ်ပါတယ်။ တခြားသူတွေဘယ်လိုစည်းမျဉ်းဘောင်တွေအတွင်းမှာနေနေ သူတို့ကတော့ ကိုယ်နေချင်သလိုပဲနေမယ်ဆိုတဲ့ လူစားမျိုးတွေပါ။ သူတို့စိတ်အားသန်ရာနဲ့ သူတို့လုပ်ချင်ရာကိုလုပ်တတ်ပြီး အဲဒီလို သူတို့ဘာလုပ်မလဲဆိုတာကိုကြိုမခန့်မှန်းနိုင်တာကိုက သူတို့ရဲ့စိတ်၀င်စားစရာကောင်းတဲ့ဆွဲဆောင်မှုတစ်ခုလိုဖြစ်နေတတ်ပါတယ်။ သူတို့ဟာ တီထွင်ဖန်တီးနိုင်စွမ်းလည်းမြင့်မားသလို အရာရာကို သူတို့ရဲ့အမြင်အတိုင်း စိတ်ရှိသလိုချပြတတ်တာကြောင့် ခန့်မှန်းရခက်ပြီး စိတ်၀င်စားဖို့ကောင်းတဲ့လူစားမျိုးတွေလို့ဆိုရမှာပါ။

Photo Credit to the Rightful Owners

, , , , ,

MODA TV 


Opinions

Facebook အလွန်အကျွံသုံးတာကို ဘယ်လိုနည်းလမ်းကောင်းလေးတွေနဲ့ ရပ်ကြမလဲ

မသုံးရမနေနိုင်တဲ့ထဲမှာ ကိုယ်လည်းပါနေပြီမလား မညာချင်ပါနဲ့

by May Shoon

January 7, 2021

Facebook အလွန်အကျွံသုံးတာကို ဘယ်လိုနည်းလမ်းကောင်းလေးတွေနဲ့ ရပ်ကြမလဲ
မသုံးရမနေနိုင်တဲ့ထဲမှာ ကိုယ်လည်းပါနေပြီမလား မညာချင်ပါနဲ့
ကျွန်မတို့ရဲ့ နေ့စဉ် အလုပ်တွေမှာ Facebook၊ Instagram တို့လို Social Media တွေက အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ်ပါဝင်နေတာကိုတော့ ငြင်းလို့မရပါဘူး။ Facebook ဆိုတာလည်း ပုံမှန်သုံးတာက ကိုယ့်အတွက် အသုံးဝင်ပေမယ့် လိုအပ်တာထက်သုံးမိနေပြီဆိုရင်တော့ ဒါပြဿနာရှိပါတယ်။ မလိုအပ်တဲ့ Information တွေ၊ Post တွေ၊ Ads တွေနဲ့ Video တွေက ကျွန်မတို့ Facebook ကိုမကြည့်ရမနေနိုင်ဖြစ်အောင်၊ Addicted ဖြစ်အောင် ဆွဲခေါ်နေပါတယ်။ အဲ့ဒါကြောင့်လည်း ဒီ Facebook စာမျက်နှာတွေပေါ်မှာပဲ အချိန်တွေအများကြီး Wasted ဖြစ်နေတယ်။ အလုပ်လုပ်ဖို့ အာရုံမရှိတော့အထိ စွဲလမ်းလာကြတယ်။ တကယ်တော့အရာအားလုံးက ပျက်အစဉ်၊ပြင်ခဏပါ။ ကိုယ့်ကိုယ်ကို ကောင်းကောင်း Control လုပ်နိုင်ပြီး တခြားအစားထိုးအလေ့အကျင့်ကောင်းလေးတွေကို မွေးမြူနိုင်တယ်ဆိုရင်တော့ အချိန်တွေကို အကျိုးရှိတဲ့နေရာတွေမှာ အသုံးချနိုင်မှာဖြစ်သလို ပိုပြီး Productive ဖြစ်တဲ့ Lifestyle ကိုရရှိနိုင်မှာပါ။ Facebook စွဲတာကိုလျော့သုံးဖို့လေ့ကျင့်တယ်ဆိုတာ လွယ်လားဆိုရင်တော့ မလွယ်ပါဘူး။ ဒါပေမယ့် အောက်က Tips လေးတွေကတော့ သင် Facebook သုံးတာကိုလျော့တဲ့နေရာမှာ Effective ဖြစ်စေမှာပါ။


Notification တွေကိုပိတ်ထားပါ
တစ်နေ့ တစ်နေ့ အလုပ်လုပ်နေတုန်း၊ အိပ်နေတုန်း Notification တွေ တဒေါင်ဒေါင်နဲ့ တက်လာတဲ့အခါ စိတ်ကို Curious ပိုဖြစ်စေသလို ဖုန်းကိုလည်း ခဏခဏယူကြည့်စေတယ်။ ဘယ်သူကိုယ့်ကို Message ပို့ထားလဲ၊ ဘယ်သူကိုယ့်ပုံကို Love ထားလဲဆိုပြီး Facebook ကို ခဏခဏဖွင့်ကြည့်ပြီး သုံးနေစေတတ်တယ်။ အဲ့တော့ Notification ကိုပိတ်ထားလိုက်တော့ အလုပ်လည်း ဖြောင့်ဖြောင့်လုပ်လို့ရတယ်၊ ဖုန်းကိုလည်း သွားသွားဖွင့်မကြည့်မိတော့ဘူးပေါ့။


သုံးပြီးတဲ့အခါ Log Out လုပ်ထားပါ
ဒါလည်း Mind Trick တစ်ခုပါ။ Facebook အသုံးပြုသူအများစုက ဖုန်းမှာဖြစ်ဖြစ်၊ Desktop မှာဖြစ်ဖြစ် Log In ပဲအမြဲထားထားကြတာပါ။ Log Out လုပ်ပြီးရင်က ပြန်ဝင်ဖို့ဆို နည်းနည်း အချိန်ကုန်ပြီး အလုပ်ရှုပ်ပါတယ်။ အဲ့ဒါကြောင့် Log Out လုပ်ထားခြင်းအားဖြင့် ခဏခဏဝင်ကြည့်ဖို့လိုလည်း အားမစိုက်ချင်တော့ အသုံးပြုတာလျော့ကျသွားလိမ့်မယ်။


Search Engine ကိုတခြား Browser ပြောင်းသုံးကြည့်ပါ
အခုက တစ်ခုခု လိုချင်၊ သိချင်ရင် တခြား Browser တွေထက်စာရင် Facebook Search မှာသွားရှာကြတယ်။ အဲ့လို Facebook မှာသွားရှာရင် မလိုအပ်တဲ့ Page တွေဝင်ကြည့်လိုက်၊ Newsfeed တွေပွတ်လိုက်နဲ့ အချိန်က ကုန်မှန်းမသိကုန်ပြီး Waste ဖြစ်ကုန်ရော။ အဲ့ဒါကြောင့် တစ်ခုခုအတွက် Search မှာရှာချင်ရင် တခြား Chrome တို့ Google တို့လို Browser ကိုပဲသုံးပါ။


ဖုန်းကို အိပ်ရာနဲ့ အတတ်နိုင်ဆုံးဝေးတဲ့နေရာမှာထားပါ
Facebook စွဲလမ်းသူတွေတိုင်းမှာရှိတဲ့အကျင့်ဆိုးကဒီဟာပါ။ ဖုန်းကို ညအိပ်ယာဝင်ခါနီးလည်းသုံးတယ်။ ပြီးရင် ကုတင်ပေါ်မှာထားပြီးအိပ်တယ်။ အိပ်ရာနိုးရင်လည်းတန်းမထသေးပဲ ဖုန်းကိုစဖွင့်ပြီး Facebook ဝင်ကြည့်တယ်။ အဲ့လိုလုပ်မှတော့ Addict မဖြစ်တော့ပဲနေမလား။ ဒီလို Auto ဖြစ်နေတဲ့ အကျင့်တစ်ခုကို ဖျောက်ဖို့ဆို ဖုန်းကို အိပ်ရာနဲ့ ခပ်ဝေးဝေးမှာထားဖို့ မမေ့နဲ့နော်။ အိပ်ယာမဝင်ခင်မိနစ်သုံးဆယ်လောက်တည်းက ဖုန်းကို ခပ်ခွာခွာထားသလို နိုးလာရင်လည်းဖုန်းကြည့်မယ့်အစား တခြား အလုပ်တွေကို အရင်လုပ်ကြည့်ပါနော်။


Daily Planner/ Journal ရေးတဲ့အကျင့်မွေးကြည့်ပါ
Facebook Newsfeed ကိုတစ်ချိန်လုံးပွတ်နေမယ့်အစား ကိုယ့်ရဲ့တစ်နေ့တာ လုပ်စရာလေးတွေ၊ Highlight/Activities လေးတွေကို Daily Planner/ Journal လေးတွေမှာ ချရေးတဲ့အကျင့်လေးလုပ်ကြည့်ပါ။ အစပိုင်း ပျင်းစရာကောင်းတယ်ထင်ရပေမယ့် အဲ့လို ပုံမှန်ရေးပါများလာရင် ကိုယ့်ရဲ့ Life ကိုလည်းပြန်လည်သုံးသပ်တတ်လာမယ်၊ Goals တွေချမှတ်တတ်လာပြီး အကျိုးမရှိတဲ့ အရာတွေအပေါ်မှာ အချိန်ကုန်ဖို့လည်း တွန့်ဆုတ်လာလိမ့်မယ်။


Meditate မှန်မှန်လုပ်ပါ
ဒီနေရာမှာ Facebook နဲမဆိုင်ပဲ ဘာလို့ Meditate လုပ်ဖို့တိုက်တွန်းလဲဆိုပြီးမေးစရာရှိပါတယ်။ ဘာလို့လဲဆိုတော့ Meditate လုပ်တာက စိတ်ကို Calm ဖြစ်စေတယ်၊ အကောင်းမြင်စိတ်ကို ပိုဖြစ်ပေါ်စေတယ်၊ ပြီးတော့ Self-Control ကိုပိုမိုကောင်းမွန်စေတာကြောင့်ပါ။ ဒါကြောင့် Meditate လုပ်တာကလည်း Facebook သုံးတာကို Limit လုပ်တဲ့နေရာမှာ ထိန်းချုပ်ဖို့ ပိုမိုလွယ်ကူစေမှာပါ။

 

 

, , ,

Opinions

အကြည့်ခံတဲ့မိန်းကလေးအများစုမှာတွေ့ရတတ်တဲ့ အလှတရားစံနှုန်းတွေ

ကိုယ့်မှာရှိတာတွေနဲ့တူနေမလား

by Randy Win

January 6, 2021

               အလှအပဆိုတာအရေပြားတစ်ထောက်စာဆိုပေမယ့် အဲဒီအရေပြား‌တစ်ထောက်စာအလှတရားကပဲ ပတ်၀န်းကျင်‌မှာအံ၀င်ခွင်ကျရှိမှူနဲ့ လူအများရဲ့ယုံကြည်ချစ်ခင်မှုတွေကိုရရှိဖို့အတွက် အထောက်အကူတစ်ခုဖြစ်စေပါတယ်။ဒါကြောင့်လည်း မိန်းကလေးတွေအနေနဲ့ အလှအပကိုပိုပြီးမြတ်နိုးလာကြသလို အလှအပဆိုင်ရာကုန်ပစ္စည်းတွေဟာလည်း နေ့စဉ်ဘ၀ရဲ့ မရှိမဖြစ်အရေးပါတဲ့ရုပ်၀တ္ထုပစ္စည်းတွေအနေနဲ့ ဖြစ်လာခဲ့ကြတာပါ။ ဒါပေမဲ့ တချို့မိန်းကလေးတွေမှာတော့ ဒီလိုအလှအပအတွက် အချိန်အများကြီးပေးစရာမလိုပဲ မပြင်မဆင်နေရင်တောင်မှ ပင်ကိုယ်အလှတရားကိုက ဆွဲဆောင်မှူတစ်ခုရှိနေတာမျိုးတွေ့ရပါလိမ့်မယ်။ ဒါကြောင့်လည်း မိန်းကလေးတွေရဲ့အလှတရားကိုကြည့်ချင်ရင် မနက်အိပ်ရာထစအချိန်မှာကြည့်ပါတို့ ရေချိုးပြီးစအလှတရားတို့ရယ်လို့ ဖော်ညွှန်းလာကြတာပါ။ နဂိုအကြည့်ခံတဲ့ ၊ရိုးအီမသွားနိုင်တဲ့အလှတရားဟာ အဘက်ဘက်ကပြီးပြည့်စုံအောင်လှပ နေတိုင်းလည်းမပိုင်ဆိုင်နိုင်ပါဘူး ။လူအများကရုတ်တရက်ကြည့်ပြီးမလှဘူးလို့သတ်မှတ်ထားကြတဲ့သူတွေမှာလည်း ထင်မှတ်မထားတဲ့အကြည့်ခံအလှတရားကိုပိုင်ဆိုင်နေတတ်ပါတယ်။ အဲဒီလိုအကြည့်ခံတဲ့ ဆွဲဆောင်အားကိုပိုင်ဆိုင်ထားတဲ့ မိန်းကလေးတွေအနေနဲ့ လူအများရုတ်တရက်သတိမထားမိနိုင်တဲ့ ဘယ်လိုအလှတရားမျိုးတွေပိုင်ဆိုင်ထားတာလဲဆိုတာကို အခုအကြောင်းအရာလေးမှာဖော်ပြသွားမှာဖြစ်ပြီး တစ်ခုမှတ်သားထားရမှာကတော့ ဒါတွေကိုမပိုင်ဆိုင်ထားရင်တောင်မှ လူတိုင်းက မတူညီတဲ့အလှတရားကိုယ်စီနဲ့လှပနေကြတယ်ဆိုတာပါပဲ။

စိုပြည်တဲ့အသား

အသားဖြူတဲ့သူဖြစ်ဖြစ် ၊ ဝါတဲ့သူဖြစ်ဖြစ် ၊အသားညိုတဲ့သူဖြစ်ဖြစ် ဘယ်လိုအသားအရောင်မျိုးကိုပဲပိုင်ဆိုင်ထားပါစေ စိုပြည်ပြီးလှပတဲ့အသားအရည်မျိုးကိုပိုင်ဆိုင်ထားတယ်ဆိုရင် အကြည့်ခံတဲ့အလှတစ်ခုကိုပိုင်ဆိုင်ထားသူလို့ဆိုနိုင်ပါတယ်။ ဒီလို စိုပြည်တဲ့အသားအရည်ကို အများစုကမွေးရာပါပိုင်ဆိုင်ထားကြပေမယ့် အစားအသောက် ၊ အနေအထိုင် သေချာဂရုစိုက်ထိန်းသိမ်းမှုမရှိရင်တော့ အချိန်မတန်ခင်အလွယ်တကူပျက်စီးဆုံးရှုံးနိုင်တဲ့အချက်ကို သတိပြုသင့်ပါတယ်။

အပြုံး

ပြုံးလို့မလှတဲ့သူဆိုတာ မရှိသလောက်ရှားပေမယ့် သူများနဲ့မတူ တမူထူးခြားတဲ့ ပြုံးအလှပိုင်ရှင်တွေဆိုတာကတော့ ဆယ်ယောက်မှာတစ်ယောက်သာရှိတယ်လို့ဆိုရမှာပါပဲ။ တခြားအချိန်တွေမှာ သူတို့ရဲ့အလှကမပေါ်လွင်ပေမယ့် သူတို့ပြုံးလိုက်ပြီဆိုတာနဲ့ ဘယ်သူမှ မချစ်ခင်မနှစ်သက်ပဲမနေနိုင်အောင် ဆွဲဆောင်မှူရှိတဲ့သူမျိုးတွေပါ။

မျက်လုံးမျက်ဖန်

ဇင်ယော်တောင်မျက်ခုံး သမင်မျက်လုံးဆိုတဲ့ အလှတရားနဲ့ပတ်သက်တဲ့ဖွဲ့နွဲ့ရေးသား မှူတွေဟာ အလကားမဟုတ်ပါဘူး။ ဒီလို မွေးရာပါ မျက်ခုံး မျက်လုံး မျက်ဖန်ကောင်းကောင်းကို ပိုင်ဆိုင်ထားကြတဲ့ မိန်းကလေးတွေ ( တချို့ယောက်ျားလေးတွေလည်းပါ) ဟာ ထူးခြားပြီး ရိုးအီမသွားနိုင်တဲ့ အလှတရားတစ်ခုကို ပိုင်ဆိုင်ထားကြသူတွေလို့ ဆိုလို့ရပါတယ်။

ဆံနွယ်

မိန်းမတို့ဘုန်းဆံထုံးဆိုပြီး ဆိုရိုးစကားရှိပါတယ်။ ဒီဘက်ခေတ်မှာတော့ ခေတ်ရေစီးအလိုက် ဆံပင်ကို အတိုအရှည် လိုသလိုပုံသွင်းနေကြတာမို့ ဆံပင်ရှည်မှတိုမှ လှတာရယ်လို့သိပ်အရေးတယူမရှိကြတော့ပေမယ့် ပိတုန်းရောင်ကေသာ နဲ့ လှပတဲ့ဆံသားကို ပိုင်ဆိုင်ထားတဲ့သူတွေကတော့ အများကြားမှာ ထူးခြားတဲ့အကြည့်ခံ ဆွဲဆောင်မှုတမျိုးကိုပိုင်ဆိုင်ထားနိုင်တုန်းလို့ဆိုရမှာပါ။ ဒီဘက်ခေတ်မှာ အလှအပဆိုင်ရာနည်းပညာတွေနဲ့ လိုသလိုပြုလုပ်လို့ရနေပြီဆိုပေမယ့် အဲဒီလိုလုပ်ယူနေစရာမလိုပဲ မွေးရာပါ ဆံနွယ်အလှကို ပိုင်ဆိုင်ထားကြတဲ့မိန်းကလေးတွေကတော့ အလှတရားနဲ့ပတ်သက်လို့ ဘုရားပေးတဲ့ ဆုလာဘ်တစ်ခုကိုပိုင်ဆိုင်ထားကြတယ်လို့တောင် ပြောလို့ရပါတယ်။

ယုံကြည်မှုပြည့်၀ခြင်း

လူတစ်ယောက်မှာ ကိုယ်ရှိန်ကိုယ်ဝါနဲ့ အများကြားထဲ လွှမ်းမိုးနိုင်မှုဟာ ထူးခြားတဲ့ ဆွဲဆောင်အားတစ်မျိုးဖြစ်ပါတယ်။ ဒီဆွဲဆောင်အားကိုတော့ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိခြင်းကနေ ရရှိနိုင်ပြီး တော်ရုံမိန်းကလေးတွေမှာ ပိုင်ဆိုင်ဖို့ခဲယဉ်းပါတယ်။ ကိုယ်ရဲ့အလှတရားနဲ့ပတ်သက်လို့ သံသယကင်းကင်းနဲ့ ကိုယ့်ရဲ့လိုအပ်ချက်တွေကိုပဲ ယုံကြည်မှူအဖြစ်ပြောင်းလဲပြီး လူအများကြားမှာ ရဲရဲဝံ့ဝံ့ မသိမ်ငယ်ပဲ နေထိုင်ရဲသူတွေပါ။ ဒီယုံကြည်မှူကို ပိုင်ဆိုင်ထားနိုင်တဲ့မိန်းကလေးတွေအနေနဲ့ ကိုယ့်ရဲ့ပတ်၀န်းကျင်ကို ရိုးမသွားနိုင်တဲ့ အလှတရားတစ်ခုနဲ့ ဖမ်းစားထားနိုင်မှာကျိန်းသေပါပဲ။

Photo Credit to the Rightful Owners

, , , , ,