သင့်ရဲ့ လိင်စိတ်တိမ်းညွတ်မှုအပေါ် ဆုံးဖြတ်ရ ခက်တဲ့အချိန်တွေ ရှိနေလား။ ပတ်ဝန်းကျင်အသိုင်းအဝိုင်းက Straight တစ်ယောက်လိုနေထိုင်ဖို့၊ ဖြစ်တည်ပေးဖို့ ပုံသွင်းကြ မျှော်လင့်ကြပေမယ့် ကိုယ်တိုင်ကကော သေချာပြီလားဆိုတာ အဖြေထုတ်ရမှာပါ။ သင်ကိုယ်၌ကပဲ သင့်ဖြစ်တည်ခြင်းကို ရှာဖွေနိုင်မှာမို့ ဒီအချက်လေးတွေနဲ့ ကိုယ် Staight လား၊ မ Straight ဘူးလားဆိုတာ အဖြေထုတ်လိုက်ရအောင်။
အိပ်မက်
လူတိုင်း အိပ်မက်မက်ဖူးကြမှာပါ။ အခြေအနေအချိန်အခါကိုလိုက်ပြီး အိမ်မက်တွေကလဲ အမျိုးမျိူးပြောင်းလဲနိုင်ပါတယ်။ အိမ်မက်အမျိူးမျိူးရှိတဲ့အထဲက လိင်စိတ်နဲ့ ပတ်သတ်နဲ့ Sex Dream တွေ Sexual Thought တွေနဲ့ တစ်ဖက်လူအပေါ် စိတ်ဝင်စားမှုတွေမှာ ကိုယ်ဘယ်အရာကိုသိမ်းညွတ်လဲဆိုတာ ပြသနေတတ်ပါတယ်။ အိပ်မက်တွေဆိုတာက ထိန်းချုပ်လို့မရတဲ့ အရာဖြစ်တဲ့အတွက် ကိုယ်အတွင်းစိတ်ထဲမှာ ပိတ်လှောင်ထားတဲ့ စိတ်ဆန္ဒတစ်ခုဟာ အိမ်မက်တွေအဖြစ်အသွင်ပြောင်းနိုင်ပါတယ်။ ဒါကြောင့် အိမ်မက်ထဲမှာ လိင်တူတစ်ယောက်နဲ့ အချစ်ဇာတ်လမ်းတွေ ခင်းနေပြီဆိုရင်တော့ သေချာပါပြီ။
သင့်ရဲ့ Comment
ဒီလို စကားမျိုးမကြာခဏပြောဖူးလား။ “အဲ့ကောင်မလေးမိုက်လာတာ၊ ငါသာ ယောကျာၤးလေးဆိုရင် တွဲလိုက်မှာ” ဆိုတာမျိူးပေါ့ ဒါမှမဟုတ် “ဒီကောင်က ချောလည်းချော စိတ်ထားလည်းကောင်းတယ်၊ သူနဲ့တွေ့မယ့် မိန်းကလေးကတော့ ပျော်မှာပဲ၊ ငါသာဆိုလည်း တွဲမှာ”။ တစ်ခါတစ်လေ အားကျပြီးတော့ဖြစ်ဖြစ်ပြောနိုင်တာမျိူး ရှိနိုင်ပေမယ့် ဒီလိုစကားကို ခဏခဏ လှိုက်လှိုက်လဲလဲ ပြောနေမိပြီဆိုရင်တော့ ဆန်းစစ်ဖို့ လိုနေပါပြီ။ တကယ်တွဲကြည့်ချင်တဲ့ ဆန္ဒရှိနေနိုင်သလို တွဲဖို့ကိုလည်း စဉ်းစားကြည့်သင့်ပါပြီ။
သူငယ်ချင်းပေါင်းတာ
သူငယ်ချင်းတွေနဲ့ Club တစ်ခုမှာ ရောက်နေတယ်ဆိုပါစို့။ အဆင်လေးတစ်ယောက်ကိုကြည့်လိုက်တဲ့အချိန်မှာ Gay တဲ့ပုံစံလေးဆိုတာ ကိုယ်က ခံစားရမယ်။ သူကလည်း သူ့ကောင်လေးနဲ့ လာတာဖြစ်ပြီး သင့်တို့အဖွဲ့နဲ့ လာပြီး Join မယ်။ စိတ်ထဲမှာ သူတို့နှစ်ယောက်ကို အရမ်းခင်နေသလို ခံစားရမယ်၊ သူတို့နဲ့ စကားပြော မိတ်ဖွဲ့ချင်နေရင် သင် Straight တစ်ယောက် မဟုတ်ဘူးဆိုတာ သေချာနေပါပြီ။ ဒီနေရာမှာ တစ်ခုအသိပေးချင်တာက ခွဲခြားပြီးပေါင်းဖို့၊ ခွဲခြားဖို့ပြောတာမဟုတ်ပဲ စိတ်ထဲကနေ အလိုအလျောက်ဖြစ်တဲ့ ခံစားချက်၊ ဆွဲငင်မှုကို ဆိုလိုချင်တာဖြစ်ပါတယ်။ Straight သူငယ်ချင်းတွေမှာလည်း Gay သူငယ်ချင်းအများကြီးရှိနိုင်သလို Gay တစ်ယောက်မှာလည်း Straigt သူငယ်ချင်းရှိတာက မဆန်းပါဘူး။ ပြောချင်တဲ့သဘောက ပိုပြီးနီးစပ်တဲ့၊ သင့်အကြောင်းပိုနေတဲ့သူလို အလိုလိုခံစားနေရတာမျိူးပါ။
Gay လို့ပြောရင်မကြိုက်ဘူး
လူတွေက သင့်ကို Gay နေပြီလားပြောရင် စိတ်ဆိုးဖူးလား။ မိန်းမဆန်လို့၊ ယောကျာၤးဆန်လို့ ဆိုတာကြောင့် မဟုတ်ပဲ သူတို့အမြင်မှာ သေချာနေတဲ့အကြောင်းပြချက်ရှိနေနိုင်တဲ့အတွက်ကြောင့်ပါ။ ဒီလိုအဖြစ်အပျက်ကို ဥပမာတစ်ခုပေးချင်ပါတယ်။ သူငယ်ချင်းတစ်စု လျှောက်လည်နေကြတဲ့အချိန် ဆိုင်တစ်ဆိုင်က Waitress မလေးက အဲ့ဒီအဖွဲ့ထဲက ကောင်မလေးကို လာပြီး အီစကလီ လာကြောင်တယ်ပေါ့။ အဲ့ဒီကောင်မလေးက တော်တော်လေးရှက် စိတ်ဆိုးသွားပြီး Gay မဟုတ်ဘူးဆိုတာကို အားလုံးကို လိုက်ရှင်းပြလို့နေပါတယ်။ “ငါဆံပင်တိုနေလို့ သူအဲ့လိုလာပြောတာ၊ ဆံပင်အရှည်ပဲထားတော့မယ်”ထိကို ဖြစ်နေခဲ့တာပါ။ နောက်ပိုင်းမှာ သူမရဲ့ sexuality ကို လက်ခံသွားခဲ့ပါတယ်။ ဒါကြောင့် ကိုယ့ိကိုယ်ကိုယ် ညာဖို့ မကြိုးစားပါနဲ့။ မဖုံးကွယ်ပါနဲ့။
ဆန့်ကျင်ဘက်လိင်နဲ့ တွေ့ရင် ရင်မခုန်ဘူး
ဆန့်ကျင်ဘက်လိင်နဲ့ တွဲဖူးတယ်၊ သူနဲ့ ချိန်းတွေ့တိုင်း ရင်မခုန်ဘူး အထူးသဖြင့် ဖောင်းဒိုင်းကိစ္စတွေမှာ စိတ်မပါဘူးဆိုရင် ပြန်စဉ်းစားဖို့ လိုနေပါပြီ။ ကိုယ့်ကိုယ်ကိုယ်ရိုးသားပါ၊ မေးခွန်းထုတ်ပါ၊ သင့်ရဲ့ ဖြစ်တည်ခြင်း အစစ်အမှန်ကို လက်ခံဖို့ သင်ကိုယ်တိုင်ပြောင်းလဲမှ ရမှာပါ။