×
People

ဖက်ရှင်လောကရဲ့ အထူးအာရုံစိုက်စရာ ဒီဇိုင်နာ GUO PEI

Riri ရဲ့ Met Gala ဂါ၀န်ရှည်နောက်ကွယ်မှ ဖန်တီးရှင်.....

by Yin Moe Shinn

May 24, 2016

Guo Pei က ၁၉၆၇မှာမွေးဖွားခဲ့တဲ့ တရုတ်လူမျိုး ဖက်ရှင်ဒီဇိုင်နာတစ်ဦးဖြစ်ပါတယ်။

သူမကို တရုတ်အနုပညာရှင်များရဲ့အဝတ်အစားများနဲ့ Rihanna ကို ၂၀၁၅ Met Galal ပွဲတော်အတွက် အဝါရောင်အင်ပါယာအသွင်ဝတ်စုံပြုလုပ်ပေးခဲ့ခြင်းကြောင့် လူသိများပါတယ်။ ၂၀၁၄ မှာပြသခဲ့တဲ့ The Monkey King ဇာတ်ကားထဲမှ သူမဖန်တီးပေးခဲ့တဲ့ အဝတ်အစားများကြောင့် ဟောင်ကောင်ရုပ်ရှင်ဆုပေးပွဲမှာ ဆန်ခါတင်စာရင်းဝင်ခဲ့ပါတယ်။ Guo Pei ရဲ့ဒီဇိုင်းကုမ္ပဏီဟာ စူပါစတားများရဲ့နှစ်သက်မှုကို အများဆုံးရရှိခဲ့တာဖြစ်ပြီး ဒါကသူမကို ဖက်ရှင်လောကရဲ့ အထူးအာရုံစိုက်စရာ ဒီဇိုင်နာတစ်ဦးအဖြစ်သို့ ရောက်ရှိစေခဲ့ပါတယ်။

Guo Pei က သူမရဲ့ပေကျင်းအခြေစိုက်ဖက်ရှင်ကုမ္ပဏီဖြစ်တဲ့ Rose Studio ကို ၁၉၉၇ မှာ ဆယ်စုနှစ်နဲ့ချီ အပြင်ပိုင်းဒီဇိုင်နာအဖြစ်လုပ်ကိုင်ခဲ့ပြီးမှ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအချိန်ကတည်းက သူမဟာတရုတ်ပြည်မှာ နာမည်အကြီးဆုံး ဒီဇိုင်နာဝတ်စုံချုပ်လုပ်သူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ၂၀၁၅ နှစ်အစောပိုင်းလောက်မှာ ဂရမ်မီဆုရှင် Rihanna က Guo ရဲ့ အဝါရောင်အင်ပါယာဂါဝန်ရှည်ကြီးကို နယူးယောက်ခ်မြို့မှာကျင်းပခဲ့တဲ့ Metropoitan Museum of Art ပွဲမှာဝတ်ဆင်ခဲ့ပါတယ်။

အဆိုပါဂါဝန်ရှည်ဟာ ပေါင် ၅၅ ပေါင်အလေးချိန်ရှိပြီး ချုပ်ရိုးချုပ်သားအသေးစိတ်ကျနစွာဖြင့် နာရီပေါင်း ၅၀ဝဝဝ နာရီ၊ အချိန်အားဖြင့် နှစ်နှစ်နီးပါး အချိန်ယူကာ ပြုလုပ်ခဲ့ရတာဖြစ်ပါတယ်။Vogue မဂ္ဂဇင်းကြီးမှလည်း ၎င်းရဲ့ Met Gala အထူးထုတ်စာအုပ်မှာ Rihanna ရဲ့ပုံကို ကာဗာတင်လိုက်ခြင်းအားဖြင့် Guo Pei ရဲ့နာမည်ကို ဖက်ရှင်လောကမှာ နိုင်ငံတကာအောင်မြင်မှုတစ်ခုဖြစ်စေခဲ့ပါတယ်။

Guo Pei ဟာ ဖောင်းကြွလက်မှုပညာရှင် အယောက် ၃၀ဝ၊ ဒီဇိုင်နာ အယောက် ၂၀ဝ၊ pattern ဒီဇိုင်းပြုလုပ်သူနဲ့ စက်ချုပ်နည်းပညာရှင်များစွာကို တရုတ်ပြည်မှာ အလုပ်ပေးခန့်အပ်ထားနိုင်ပါတယ်။ သူတို့တွေဟာ နှစ်စဉ် အထည်ပေါင်း ၃၀ဝ၀ လောက်ထုတ်လုပ်နိုင်ကြပြီး တန်ဖိုးအားဖြင့် ဒေါ်လာ ၄၀ဝ၀ ကနေစတင်ပါတယ်။ Rose Studio ဟာခုဆို တရုတ်ပြည်ရဲ့ အလယ်အထက်အဆင့် လူတန်းစားများပိုဝယ်ယူနိုင်ရေးအတွက် လက်မှုပညာအသေးစိတ်တစ်ဝက်ပါဝင်ချုပ်လုပ်ထားတဲ့ တရုတ်သတို့သမီးလို့အမည်ပေးထားတဲ့ မင်္ဂလာဆောင်ဝတ်စုံတွေကို ထုတ်လုပ်ဖို့ စီစဉ်နေပြီဖြစ်ပါတယ်။

Guo Pei

 

အသက် ၄၈ နှစ်ရှိတဲ့ Guo Pei ကလောလောဆယ်မှာ The Wall Street Journal နဲ့ ဖန်တီးမှုပိုင်းဆိုင်ရာ၊ ဒီဇိုင်းပိုင်းဆိုင်ရာနဲ့ တရုတ်ပြည်အတွင်းမှာ စီးပွားရေးတစ်ခုစတင်တဲ့အကြောင်းအရာများကို ပြောဆိုဆွေးနွေးထားခဲ့ပြီး အောက်မှာဖော်ပြထားတာကတော့ သူမရဲ့အင်တာဗျူးထဲက အကြောင်းအရာများဖြစ်ပါတယ်။

Q : တရုတ်ပြည်မှာ ဒီဇိုင်နာဝတ်စုံချုပ်လုပ်တဲ့ လိုင်းကို စတင်ရတဲ့အခါ ဘယ်လိုစိန်ခေါ်မှုမျိုးတွေနဲ့ ရင်ဆိုင်ရပါသလဲ။

A : ၁၉၉၇ မှာ သီးသန့်ဒီဇိုင်နာလိုင်းကို စတင်တုန်းက လူတော်တော်များများက ဘာကြောင့် ကျွန်မဒီဇိုင်းတွေက ဈေးကြီးတာလဲလို့မေးကြတယ်။ လူတွေဟာ ဒီဇိုင်းပြုလုပ်ခြင်းက ကုန်ကျမှု အရမ်းများတဲ့ ထုတ်ကုန်တစ်ခုရဲ့ တိုးတက်မှုတစ်ခုဆိုတာကို မမြင်ကြဘူး။ အဲ့အချိန်တုန်းက လူတွေဟာ တစ်ခါတစ်ရံမှာ ဖက်ရှင်ဒီဇိုင်နာတွေကို အပ်ချုပ်သမားများနဲ့ အထင်မှားခဲ့ကြတယ်။

Q : အပ်ချုပ်သမားတွေကဘာလုပ်တာလဲ..။

A : သူတို့တွေက အထည်စတွေကို အပိုင်းပိုင်းဖြစ်အောင် ညှပ်တယ်၊ အဲ့အပိုင်းအစတွေကို အတူတူကပ်ဖြတ်တယ်၊ ချုပ်တယ်၊ နောက်တော့ အသင့်ဝတ်ထည်များဖြစ်အောင် ပြုလုပ်လိုက်ကြတယ်။ အပ်ချုပ်သမားများက သူတို့ရဲ့ကိုယ်ပိုင်ဒီဇိုင်းကို မပြုလုပ်ကြပါဘူး။ ကျွန်မက အပ်ချုပ်သမားများထက် ပိုတဲ့အလုပ်ကို လုပ်ပါတယ်။ ကျွန်မက ဝတ်စုံအတွက် ဒီဇိုင်းတွေကို သေသေချာချာ ဒီဇိုင်းထွင်တယ်။ နောက် proto နမူနာတွေကို ပြုလုပ်တယ်။ ကျွန်မက အလုပ်အပ်တဲ့သူတွေကို အရင်ဆုံး နမူနာတွေကို စမ်းဝတ်ခိုင်းတယ်။ နောက်ပြီးမှ လိုအပ်တာတွေကို ဆက်လက်လုပ်ဆောင်ပါတယ်။ စစချင်းမှာ ကျွန်မရဲ့ဒီဇိုင်းတွေကို haute couture လို့ခေါ်မှန်း သတိမပြုမိခဲ့ဘူး။ ဘာကြောင့်လည်းဆိုတော့ ပြင်သစ်မှာရှိတဲ့ ဒီဇိုင်နာတွေကလည်း ဒီနည်းလမ်းအတိုင်း haute couture တွေကို ဖန်တီးတယ်ဆိုတာ မသိခဲ့လို့ပါ။ အဲ့တုန်းက ကျွန်မဟာ အဝတ်အစားများကို ပိုပြည့်စုံကောင်းမွန်အောင်နဲ့ ဒီဇိုင်းတွေကို ဈေးမြင့်မြင့်မှာ ရောင်းနိုင်အောင်ပဲ အာရုံစိုက်ခဲ့ပါတယ်။

Q : မင်းမိသားစုကကော ဒီစီးပွားရေးကို လုပ်ဆောင်နိုင်ဖို့ နောက်ကွယ်ကနေ ဘယ်လိုပံ့ပိုးပေးလဲ။

A : အတိုင်းအထွာ မှန်မှန်ကန်ကန်နဲ့ အဝတ်အစားများကို အတိအကျချုပ်လုပ်ရတဲ့ သဘောတရားကို ရှင်းပြရတာ ကျွန်မမောလှပါပြီ။ တစ်နေ့တော့ ကျွန်မခင်ပွန်းကို မေးလိုက်တယ် ‘ဈေးနှုန်းတွေ အရမ်းမြင့်တယ်လို့ ရှင်ထင်သလား’ လို့လေ။ သူက ‘ဈေးနှုန်းနဲ့ တန်ဖိုးကို ခွဲခွဲခြားခြားတွက်ချက်သင့်တယ်။ ဈေးနှုန်းဆိုတာ ကိန်းဂဏန်းတစ်ခုပါ။ တန်ဖိုးကတော့ အရည်အသွေးကို တိုင်းတာတာဖြစ်တယ်။ ဈေးကြီးတယ်ဆိုတဲ့အကြောင်းပြချက်တစ်ခုတည်းနဲ့တော့ customer တွေကို ဝယ်ယူခြင်းကနေ ရပ်တန့်စေမှာမဟုတ်ပါဘူး။ မင်းထုတ်ကုန်ရဲ့အရည်အသွေးက တင်ထားတဲ့ ဈေးနှုန်းထက် ပိုမြင့်နေသ၍ ဝယ်ယူသူများက မင်းအလုပ်ကို ချီးကျူးဂုဏ်ပြုနေမှာပဲ’ လို့ ပြောတယ်။ ဒီစကားကိုကြားရတာ ကျွန်မရဲ့အမောတွေကို ပြေသွားစေတယ်။ အဲ့အချိန်ကစပြီး ဈေးနှုန်းမြင့်မြင့်ထားတဲ့ ကိစ္စကို မစိုးရိမ်တော့ဘူး။

Q : မင်းနဲ့ မင်းကုမ္ပဏီအတွက် နောက်ထပ်ခြေလှမ်းအသစ်က ဘာဖြစ်မလဲ။

A : ရာစုနှစ်တစ်ခုတိုင်းကို ကျွန်မရဲ့အသက်မွေးဝမ်းကြောင်းရဲ့ အခန်းအသစ်တစ်ခုအဖြစ် သတ်မှတ်ပါတယ်။ နောက်တစ်နှစ်က ဖက်ရှင်လောကမှာ ကျွန်မရပ်တည်မှု ၃၀ နှစ်ပြည့်တဲ့ အထိမ်းအမှတ်တစ်ခုဖြစ်စေမှာပါ။ ပထမဆုံးအခန်းတစ်ခုအဖြစ် ကျွန်မသင်ကြားခဲ့တယ်၊ ဒုတိယအခန်းမှာတော့ ကျွန်မလေ့ကျင့်ခဲ့တယ်။ ဒီခု တတိယအခန်းကတော့ ကျွန်မနဲ့ထိုက်တန်တဲ့ ဆုတွေကို စတင်ရိတ်သိမ်းမှာ ဖြစ်ပါတယ်။ နောက်တစ်နှစ်စတာနဲ့ ကျွန်မကိုယ်ပိုင်အမှတ်သညာ ဖက်ရှင်တံဆိပ်တစ်ခုကို စတင်သွားမှာဖြစ်ပြီး အဲ့ဒါကို ပဲရစ်မှာ Guo Pei နာမည်နဲ့ စာရင်းသွင်းထားပါတယ်။ မနှစ်တုန်းကဆို ပေကျင်းနားမှာ ကျောင်းကြီးတစ်ကျောင်းနဲ့ စက်ရုံတစ်ခုကို စတင်တည်ဆောက်ခဲ့ပါတယ်။ အဲ့ဒါက ကျွန်မဖက်ရှင်ကုမ္ပဏီအတွက် ပါရမီရှင်တွေကို မွေးထုတ်ပေးမယ့် နေရာဖြစ်ပြီး ကျွန်မရဲ့ တရုတ်သတို့သမီး ဝတ်စုံများကို ထုတ်လုပ်ပေးမယ့် အခြေစိုက်နေရာတစ်ခုလည်းဖြစ်ပါတယ်။

Guo Pei က နောက်ထပ်အကြောင်းအရာတစ်ခုဖြစ်လာမှာလား..။ Rihanna ရဲ့ တရုတ်ရိုးရာ ပိုးထည်ဂါဝန်ကို လက်ဖြင့်သာ အချိန်နှစ်နှစ်ယူပြီး ချုပ်လုပ်ခဲ့တယ်ဆိုတဲ့ ဒီဇိုင်နာမလေးနဲ့တွေ့ ကြည့်ပါဦး (ဝတ်စုံတန်ဖိုးက ပေါင် ငါးသိန်းနီးပါးအထိ တန်ဖိုးမြင့်လျက်ရှိပါတယ် )

Rihanna ရဲ့အဝါရောင်ဂါဝန်ကြီးအကြောင်းက ပွဲနေ့ကတည်းကစလို့ ဆိုရှယ်မီဒီယာတွေဖြစ်တဲ့ Twitter နဲ့ Instagram မှာ ပရိသတ်များအဆွေးနွေးဆုံး၊ လူပြောအများဆုံးအကြောင်းအရာတစ်ခုဖြစ်လာခဲ့ပါတယ်။ ဒီဂါဝန်ကြီးက နိုင်ငံတကာဖက်ရှင်လောကမှာ couture အစိတ်အပိုင်းတစ်ခုအနေဖြင့် သတ်မှတ်ခြင်းခံခဲ့ရပြီး တစ်ခုလုံးကို လက်မှုပညာဖြင့်သာ ဖန်တီးခဲ့တာဖြစ်ပါတယ်။ သင်တို့ သူမအကြောင်းဘာဆိုတာကို မသိခင် Guo Pei ကို Rihanna က online ကနေတွေ့ရှိခဲ့တာဖြစ်ပြီး ခုဆို တရုတ်ပြည်ရဲ့ အလားအလာအကောင်းဆုံးသော ဒီဇိုင်နာထဲမှ တစ်ဦးဖြစ်နေပါပြီ။

 

Rihanna ဝတ်ဆင်ခဲ့တဲ့ ပါးစပ်အဟောင်းသားဖြစ်ရမယ့် ဖောင်းကြွ၀တ်စုံ

ဒီနှစ် Met Gala ပွဲတက်မည့်သူများကို China : Through The Looking Glass ခေါင်းစဉ်အောက်ကနေ ဝတ်စုံထွင်ဝတ်ဖို့ ကြေငြာခဲ့ပေမယ့် Rihanna ကိုတော့ အကောင်းဆုံး ဝတ်ဆင်နိုင်သူတစ်ဦးအဖြစ် သတ်မှတ်ရမှာဖြစ်ပါတယ်။

Fourfiveseconds သီချင်းအဆိုကျော်မလေးက တရုတ်ဒီဇိုင်နာGuo Pei ရဲ့ဝတ်စုံနဲ့ ကော်ဇော်နီတစ်ခုလုံးကို သူမဘက်ပါအောင် အပိုင်သိမ်းနိုင်ခဲ့ပါတယ်။ ဒီဖောင်းကြွလက်ရာ အနုစိတ်ဂါဝန်ကြီးဆီမှာ သားမွှေး၊ သိုးမွှေးစများအပြင် အခြားသော အဆင်တန်ဆာများကို ထည့်သွင်းချုပ်လုပ်ထားတာဖြစ်ပါတယ်။

 

ပေကျင်းအလှတရားကို ဖော်ပြခဲ့တဲ့ အဆိုတော်မလေးက သူမရဲ့မျက်နှာအပြင်အဆင်ကို ဝတ်စုံနဲ့လိုက်ဖက်အောင်ပြင်ဆင်ခဲ့ပြီး ခေါင်းပတ်ခေါင်းစီးများနဲ့ အပိုအလိုမရှိ ဝတ်စုံကို အကောင်းဆုံးဖော်ကျူးနိုင်ခဲ့ပါတယ်။ တစ်ခုပဲ ကျွန်မတို့သိချင်တာက သူမဒီဝတ်စုံနဲ့ ဘယ်လိုများထိုင်မလဲလို့လေ။


ကြည့်ကြည့်လိုက်ပါ။ သူတို့တွေက အပေါစားမဆန်ပါဘူး။ ပေးရလောက်တဲ့ ဈေးနှုန်းအတိုင်း ဤသည်မရွေးထိုက်တန်ပါတယ်။

People

အသက်ရှိနေတဲ့ အရုပ်မလေး LULU HASHIMOTO

ကြောက်စရာကောင်းလား၊ Kawaii လား

by JN Ja Seng Pan

June 5, 2020

ဂျပန်နိုင်ငံက အရုပ်မဆိုတာနဲ့ တစ်မျိူးတော့ မထင်လိုက်ပါနဲ့နော်။ ဒီအရုပ်မလေးကတော့ Fashion ကျပြီး လူတိုင်းရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့တယ်ဆိုလည်း မမှားပါဘူး။ လူငယ် Designer တစ်ယောက်ဖြစ်တဲ့ Hitomi Komaku က နာမည်ကျော် Lulu Hashimoto ကို ဖန်တီးခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။



ကျောင်းတွေ၊ မွေးနေ့တွေမှာသာ မြင်ရတဲ့ Cartoon Character ဝတ်စုံတွေဝတ်ပြီး ဖျော်ဖြေတဲ့ အရုပ်လေးတွေကို အားလုံးသိကြမှာပါ။ ဒီအရုပ်တွေကို Kigurumi လို ဂျပန်လို့ခေါ်ကြပြီး ဒီလို လူမျက်နှာမပြတဲ့ပုံစံကို အခြေခံပြီး ပြုလုပ်ဖန်တီးခဲ့တာဖြစ်ပါတယ်။
Harajuku ရဲ့ လမ်းမထက်မှာ သူမကို မိတ်ဆက်ပြီးနောက်ပိုင်း Fashion ချစ်သူတွေကြားမှာ အရှုးအမူးဖြစ်သွားစေခဲ့ပါတယ်။ Vintage ဆန်ဆန် ဝတ်စားဆင်ယင်မှုတွေနဲ့ အာရှတိုက်မှာ ခေတ်စားတဲ့ Superdollfie နဲ့ တစ်ပုံစံတည်းမို့ အားလုံးအတွက် အားကျစရာ ဖြစ်လာခဲ့ပါတယ်။ ဂျပန်ကနာမည်ကြီး Fashion Magazie တွေကပါ သူမကို ဖော်ပြလေ့ရှိပြီး Photo Model အဖြစ်နဲ့ကော Commercial တွေကိုပါ လက်ခံရိုက်ကူးလာရပါတယ်။



သူမက ကမ္ဘာ့ပထမဆုံး သက်ရှိအရုပ် Fashion Model လေးဖြစ်လာခဲ့ပါတယ်။ တကယ့်အရုပ်မလေးတစ်ရုပ် အသက်ဝင်နေသလို ဖြစ်နေတာမို့ Lulu ကို ဘယ်သူက စိတ်မဝင်စားပဲနေနိုင်မှာလဲ။ တစ်ကိုယ်လုံးကို အရုပ်မလေးအသွင်ဖြစ်စေဖို့ ဆံပင်တုတွေ၊ မျက်နှာဖုံးနဲ့ လက်အိတ်ခြေအိတ်တွေဝတ်ဆင်ထားခဲ့တာပါ။



အရုပ်ကလေးရဲ့ ခြေဆစ်၊ လက်ဆစ်အတိုင်း အသားကပ်တွေကို သေချာ Design လုပ်ပေးထားတာဖြစ်ပါတယ်။ ဒါကြောင့် လမ်းလျှောက်လိုက်တိုင်း သက်ရှိအရုပ်မလေးတစ်ယောက် လှုပ်ရှားနေသလို ရုပ်လုံးကြွနေတာပါ။
သူမကို ပုံဖော်သူဖြစ်တဲ့ Designer Hitomi က သူမရဲ့ အရုပ်မလေးကို လူတွေက လိင်ဖျော်ဖြေရေးအတွက် ဆိုပြီး ဝေဖန်ကြပါတယ်။ တကယ်က Fashion အတွက်သာ ရည်ရွယ်ပြီး ပြုလုပ်ခဲ့တာပါလို့ဆိုပါတယ်။ ဂျပန်နိုင်ငံက ပြုလုပ်တဲ့ Miss ID မှာတောင် Non-Human ခေါင်းစဉ်အောက်ကနေ ပါဝင်ယှဉ်ပြိုင်ခဲ့ပါသေးတယ်။



ပုံမှန်ကနေ ထူးထူးခြားခြားကွဲထွက်နေတဲ့ ဖန်တီးမှု တစ်ခုမို့ ဆန်းသစ်တာတော့အမှန်ပါ။ လူတစ်ယောက်နဲ့ အရုပ်မလေးကို ပေါင်းစပ်ထားတာမို့ သူမကိုကြည့်လိုက်တိုင်း အိပ်မက်မက်နေသလို ခံစားရစေပါတယ်။ Lulu က ဘယ်သူလဲဆိုတာကိုတော့ ခုထိဘယ်သူမှ မသိသေးပါဘူး။ အချို့ကတော့ Psychopath ဆန်ပြီး ကြောက်စရာကောင်းတယ်လို့ ပြောကြသလို တချို့ကြတော့လည်း Lulu ကို Kawaii ဖြစ်တယ်လို့ ထင်ကြပါတယ်။ စာဖတ်သူကောဘယ်လိုမြင်လဲ?

, ,

People

ကိုယ်ပိုင်လုပ်ငန်းခွင်ထဲက အောင်မြင်မှုကို ရယူထားကြသူများ

သူတို့လျှောက်လှမ်းနေတဲ့ လမ်းကြောင်းအပေါ်ဘယ်လောက်အထိ ယုံကြည်မှုရှိကြလဲ။

by Lin Lin

June 5, 2020

ဒီတစ်ခေါက်မှာလည်း MODA ပရိသတ်ကြီးအတွက် MODA မှာ ဖော်ပြပေးခဲ့တဲ့ နယ်ပယ်အသီးသီးမှာ အောင်မြင်နေကြတဲ့ အမျိုးသားလုပ်ငန်းရှင်တွေအကြောင်းကို ထုတ်နုတ်ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။ MODA ရဲ့ ပုံမှန်ပရိသတ်ကြီးတွေကတော့ သူတို့တွေနဲ့ ရင်းနှီးပြီးသားဖြစ်မှာပါ။ မသိသေးတဲ့ ပရိသတ်တွေအတွက်လည်း သူတို့အကြောင်းတွေကို လေ့လာလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်နော်။

Thant Thurane
April , 2020


Fashion နဲ့ ပတ်သက်ရင် ယောက်ျားလေး ၊ မိန်းကလေးမခွဲခြားဘဲ အားလုံးဟာ စမတ်ကျကျနဲ့ ကိုယ်ပိုင်ပုံစံတစ်ခုကို ဖန်တီးယူပြီး Fashion ကျကျ နေထိုင်တတ်လာတတ်ကြပါတယ်။ ဒီလို ခေတ်နဲ့အညီ Fashion ကို ဦးစားပေးလာကြတာနဲ့အမျှ အဝတ်အစားပိုင်းသာမက ဆံပင်နဲ့ပတ်သက်ရင်လည်း နောက်ကျမကျန်ရလေအောင် ဆန်းသစ်လာကြပါတယ်။ ဆံပင်ဟာ လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာဖြစ်ပြီး Fashion ကို စိတ်ဝင်စားသူတွေဟာ ဆံပင်နဲ့ပတ်သတ်ပြီး အသစ်အသစ်တွေကို ဖန်တီးလာတတ်ကြပါတယ်။ အခုနောက်ပိုင်းမှာတော့ မိမိတို့ကိုယ်ပိုင် ဆံပင်ကို မကြာခဏပုံစံပြောင်းလဲပြီး ဖန်တီးကြတဲ့အစား Hair Wig တွေကို အသုံးပြုပြီး ကိုယ်လိုချင်တဲ့ အရောင်၊ဒီဇိုင်းကို ခေတ်နဲ့အညီ ဖန်တီးလာကြပါတယ်။ Hair Wig တွေ ကို အသုံးပြုတဲ့အခါမှာ မိမိတို့ရဲ့ ကိုယ်ပိုင်ဆံပင် ပျက်စီးမှုတွေကို ကာကွယ်နိုင်သလို မိမိတို့ စိတ်တိုင်းကျ ဆံပင်ပုံစံကို သွားမယ့်နေရာနဲ့ လိုက်ဖက်အောင် အလွယ်တကူ အသုံးပြုနိုင်ခြင်းကလည်း Hair Wig ရဲ့ အားသာချက်တစ်ခုပါပဲ။ ဒီလို အရည်အသွေးကောင်းမွန်ပြီး Hair Wigs တွေကို ဝန်ဆောင်မှုကောင်းကောင်းနဲ့ မှာယူရောင်းချပေးနေတဲ့ WeShop DivaWigs ရဲ့ CEO ကိုသန့်သူရိန်ပြောပြခဲ့တဲ့ အကြောင်းလေးတွေကို အောက်က Link လေးမှာ ပြည့်ပြည့်စုံစုံဖော်ပြပေးထားပါတယ်နော်။ 

https://moda.com.mm/celebrity/coverstories/3675

Okkar Ngwe
November , 2019


ပျော်ရွှင်တဲ့မိသားစုဘဝလေးကို တည်ဆောက်ထားသူ။ သမီးလေးကေဘေဘေးရဲ့ ဖေဖေ။ ထက်မြက်တဲ့ အမျိုးသမီးရဲ့ ခင်ပွန်း။ အောင်မြင်တဲ့ လူငယ်လုပ်ငန်းရှင်တစ်ဦး။ သာယာတဲ့ အိမ်ထောင်တစ်ခုကို တည်ဆောက်ထားတဲ့ သူ့ရဲ့ ချစ်ခြင်းမေတ္တာတွေက ဇနီးနဲ့ သမီးလေးအပေါ် နွေးထွေးမှုအပြည့်………..။ သူပြောပြတဲ့ ချစ်ခြင်းမေတ္တာအကြောင်း၊ မိသားစုအကြောင်း၊ အောင်မြင်နေတဲ့ လုပ်ငန်းခွင်အကြောင်းတွေက ဘာတွေဖြစ်မလဲဆိုတာကိုတော့ ဖော်ပြထားတဲ့ Link ကနေတစ်ဆင့် ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်နော်။ လူငယ်မိန်းကလေးတွေကြားမှာ ရေပန်းစားလာခဲ့တဲ့ MDS အကြောင်းနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံရဲ့ ဈေးကွက်မှာ ထိုးဖောက်ဖြစ်ခဲ့တဲ့အကြောင်းတွေကိုလည်း ပြောပြထားပါသေးတယ်။

https://moda.com.mm/celebrity/coverstories/3474

Henry Yee
July , 2019


Henry Yee ကThe Hive by CFTG ကုမ္ပဏီရဲ့ Managing Director တစ်ယောက်ဖြစ်ပါတယ်။ ငယ်ငယ်ကတည်းက ပုံဆွဲရတာဝါသနာပါပြီး ဒီဇိုင်းပိုင်းတွေကို စိတ်ဝင်စားသူလည်းဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက တောက်လျှောက်မြန်မာနိုင်ငံမှာပဲ Private School တက်ခဲ့ပြီး High School ပြီးတဲ့အချိန်မှာ စင်ကာပူမှာ ကျောင်းဆက်တက်ဖို့ အခွင့်အရေးရခဲ့ပါတယ်။ အဲဒီမှာ Marketing နဲ့ပတ်သက်ပြီး Bachelor Degree ကို သုံးနှစ် တက်ရောက်ခဲ့ပါတယ်။ ကျွန်တော်က ဒီဇိုင်းပိုင်းတက်ချင်တာ ဒါပေမယ့် အဲဒီကိုရောက်တော့ Business Management ကိုပဲ တက်ဖြစ်ခဲ့ပါတယ်။ အဖေကလည်း Business Management ပဲ တက်စေချင်ပြီး အလုပ်အတွက်လည်း ပိုကောင်းအောင် အကြံပေးတဲ့အတွက် တက်ဖြစ်ခဲ့ခြင်းဖြစ်တယ်။ ကျောင်းပြီးခါနီး Internship ဆင်းတဲ့အခါမှာ ပထမဦးဆုံးစလုပ်ဖြစ်တဲ့ ကုမ္ပဏီက Fabric နဲ့ပတ်သက်တဲ့ကုမ္ပဏီဖြစ်ပြီး ထိုကုမ္ပဏီမှာ ခြောက်နှစ်လုပ်ခဲ့ပါတယ်။ အလုပ်လုပ်ရင်း အလုပ်အတွေ့အကြုံတွေနဲ့ ယခုအလုပ်ကို လုပ်ဖြစ်ခဲ့ခြင်းဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ အလုပ်က Sales & Marketing ကို အခြေခံပြီး လုပ်တဲ့အလုပ်ဖြစ်ပါတယ်လို့ သူ့ရဲ့ပညာရေး ဖြတ်သန်းမှုအကြောင်းနဲ့ အလုပ်အတွေ့အကြုံတွေအကြောင်းတွေနဲ့ ပတ်သက်ပြီး ပြောပြခဲ့တဲ့အကြောင်းအရာတွေ ပြည့်ပြည့်စုံစုံဖတ်ရှုနိုင်ဖို့အတွက် Link လေးကို ဖော်ပြပေးလိုက်တယ်နော်။

https://moda.com.mm/culture/people/3275

Na Gyi
November , 2018


ဒါရိုက်တာ ဏကြီး။
မှတ်မိဖို့လွယ်တဲ့ အနုပညာအမည်နဲ့ ဏကြီး။
မီရုပ်ရှင်ကားကြီးနဲ့ တွဲပြောနေကြတဲ့ ဏကြီး။
သူနဲ့ တွေ့ဖို့ ချိန်းပြီးတော့ သူ့ကို ဘယ်လောက်သိထားသလဲလို့ ကျွန်တော် ပြန်စဉ်းစားမိတယ်။
သူ့ကို ပထမဆုံး ကောင်းကောင်း မှတ်မိသွားတဲ့ကားကတော့ ရဲတိုက်၊ ဂျေမီနဲ့ ဖွေးဖွေးတို့ သရုပ်ဆောင်ထားတဲ့ ' ဘယ်က လာလဲ၊ ဘာလုပ်နေလဲ၊ ဘယ်ကို သွားမှာလဲ ' ဆိုတဲ့ကား။ သူကိုယ်တိုင် ဇာတ်ညွှန်းရေးပြီး သူကိုယ်တိုင် ရိုက်တဲ့ကား။ ဇာတ်ညွှန်းလည်း ကောင်းသလို ကြည့်ဖူးတဲ့ မြန်မာကားတွေနဲ့လည်း စိုးစဉ်းမျှ မတူ။ ၂၀၁၁ မှာ ကိုမင်းထင်ကိုကိုကြီးကို ဗျူးခွင့်ရတုန်းက ကြားခဲ့ရဖူးသလို ၁၉၆၀ ကတည်းကနေ ခုထိ ထပ်ပြန်တလဲလဲ သရုပ်ဆောင်ပြနေတယ်ဆိုတဲ့ သရုပ်ဆောင်ကွက်တွေ မပါဘူး။ စကားကို မလိုအပ်ဘဲ ကျယ်ကျယ်လောင်လောင် ဝူးဝူးဝါးဝါး အော်ပြောနေတာတွေ မပါဘူး။ ပေါတောတော ဟာသဖောက်ကွက်တွေ မပါဘူး။ ပြဇာတ်ဟန်တွေကို မဖျောက်နိုင်တဲ့ သရုပ်ဆောင်မှုတွေ မပါဘူး။ လူသုံးယောက် ကားတစ်စီးနဲ့ လိမ့်ချင်ရာ လိမ့်နေပုံက ကြည့်ရသူတွေပါ လိုက်လွင့်ချင်စရာ။
နောက်တစ်ကားကတော့ ရဲတိုက်နဲ့ ဖွေးဖွေးတို့ သရုပ်ဆောင်ထားတဲ့ ' ဘိုမ ' ဆိုတဲ့ကား။ ဒီကားထဲမှာ ဖွေးဖွေးဟာ Emotional Coma ဖြစ်နေပြီး ငိုမရ ရယ်မရ၊ ချစ်မရ မုန်းမရနဲ့ ခံစားစိတ်ပျောက်ဆုံးနေသူ။ ရဲတိုက်ကျတော့ ဆေးကျောင်းကနေ ထုတ်ခံလိုက်ရတဲ့ ဆေးကျောင်းသား၊ စိတ်နှစ်ခွရောဂါဖြစ်နေသူ။ သူတို့နှစ်ယောက် ဆုံကြတဲ့အခါ ဖြစ်ပျက်တာတွေကို ကိုဏကြီးက ရိုက်ပြထားတယ်။ ကြည့်ဖူးတဲ့မြန်မာကားတွေထဲကနေ ကွဲထွက်နေတာ သိသာတယ်။
နောက် Rock Band တစ်ခုဖြစ်တဲ့ Wanted ရဲ့Music Video တွေကို သူရိုက်ပေးထားတာတွေ။ ဝေလရဲ့ ခင်လေးစိမ်းတယ်၊ စိုင်းစိုင်းရဲ့ တစ်ကိုယ်တော် Valentine နဲ့ သီရိဆွေရဲ့ဆိုလာကိုစတာတို့ကို သူ ရိုက်ပေးထားတာတွေ။ မကြာခင်မှာ ရုံတင်တော့မယ့် မီကလည်း ကိုဏကြီးအတွက် စိန်ခေါ်မှုတွေက အများကြီး ရှိနေတာ သတိထားမိတယ်။ မေးစရာ အများကြီးကို စဉ်းစားမိလာတယ်။ ဒီလိုနဲ့ . . . ။
ပရိသတ်ကြီးရော ဒါရိုက်တာ ဏကြီးအကြောင်း ဘယ်လောက်သိထားပါလဲ။ ပရိသတ်သိထားတာထက် ပိုသိချင်တဲ့ အကြောင်းအရာတွေရှိရင်လည်း အောက်က Link လေးကို နှိပ်ကြည့်လိုက်နော်။

https://moda.com.mm/culture/people/2951

U Aung Chit Khin
December , 2018


တစ်ချိန်က တေးသံသွင်းလောကမှာ အောင်မြင်မှုများစွာ သိမ်းပိုက်ရယူနိုင်ခဲ့တဲ့ ယင်းမာတေးသံသွင်းကို မိဘတွေဆီကနေ ဆက်ခံခွင့် ရရှိကာ ဦးစီးလုပ်ကိုင်ခဲ့သူ။ အသက် ၂၆ နှစ်မှာ ပုတက်ဂျာနယ်ကို စတင်ထုတ်ဝေခဲ့ကာ ဂျာနယ်သက်တမ်း ၁၂ နှစ် ကျော်လာတဲ့အထိ ဆက်လက်စီမံလုပ်ကိုင်နေသူ။ မိဘတွေက စင်ကာပူမှာ အလုပ်သွားလုပ်ဖို့ တိုက်တွန်းတာကို လက်မခံဘဲ မလေးရှားကနေ မြန်မာနိုင်ငံ ပြန်လာပြီး Strategy First Institute ကို စတင်တည်ထောင်နိုင်ခဲ့သူ။ သူ့ကျောင်းမှာ အရက်၊ ဘီယာ၊ ဆေးလိပ်ကုမ္ပဏီတွေနဲ့ တချို့ MLM ကုမ္ပဏီတွေရဲ့ဝန်ထမ်းတွေကို ဝန်ဆောင်မှုမပေးပါလို့ ကြေညာထားသူ။ တစ်ပါတ်မှာ ခုနစ်ရက်စလုံး အလုပ်လုပ်နေတတ်သူ။ စိတ်ဖိစီးမှုတွေ ပြေလျော့ဖို့နဲ့ ဆိတ်ငြိမ်အေးချမ်းဖို့အတွက် ရွှေတိဂုံဘုရားကို နေ့တိုင်း သွားသူ။ အဲဒီလိုဖြတ်သန်းမှုတွေ ရှိခဲ့သူရဲ့နာမည်က ဆရာ ဦးအောင်ချစ်ခင်နဲ့ ပတ်သက်တဲ့အကြောင်းအရာအပြည့်အစုံကိုလည်း ဖော်ပြပေးလိုက်ပါတယ်နော်။

https://moda.com.mm/culture/people/3046

 

, , , , ,

People

Celebrity/Model တွေမဟုတ်ပဲ Cover Star အဖြစ်မြင်တွေ့ရမယ့် London မှ Keyworkers များ

တကယ် လေးစားထိုက်တဲ့ သူရဲ့ကောင်း တွေပါ

by May Shoon

June 5, 2020

၂၀၂၀ က ကျွန်မတို့ တစ်ကမ္ဘာလုံးအတွက် မမေ့နိုင်တဲ့ နှစ်တစ်နှစ်လို့ပြောရမလိုပါပဲ။ ရာသီဥတုဖောက်ပြန်မှုတွေဖြစ်တယ်။ ကပ်ရောဂါတွေဖြစ်ပွားတယ်။ Tragic ဖြစ်ဖွယ်အဖြစ်အပျက်တွေအများကြီးဖြစ်ပေါ်ခဲ့တယ်။
ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတို့ အားလုံး အတတ်နိုင်ဆုံး ဆက်ပြီး ရှင်သန်အောင်ကြိုးစားကြရမယ်။ ကမ္ဘာမြေကြီး ကိုလည်း ပြန်လည် ဂရုစိုက်ကြရမယ်။ ဒီထက်ဆိုးရွားတာတွေမဖြစ်လာအောင်လည်း လူသားအားလုံးက စည်းစည်းလုံးလုံးနဲ့ တစ်သားတည်း ကာကွယ်စောင့်ရှောက်ကြရမယ်။
နာမည်ကျော် Vogue Magazine ရဲ့ July Issue ထွက်ရှိလာတဲ့ အခါအရမ်း ကို မင်သက်သွားမိတယ်။ ယခုလ July Cover Star တွေကတော့ တကယ် လေးစားစရာကောင်းတဲ့သူတွေပါ။ သူတို့သုံးယောက်ကတော့ အရင် Cover Star တွေလို ဒိတ်ဒိတ်ကျဲ Celebrity လည်း မဟုတ်ပါဘူး။ အရမ်း အထာကျပြီး လှပနေတဲ့ Supermodel တွေလည်း မဟုတ်ပါဘူး။ လူတွေကို လွှမ်းမိုးနိုင်တဲ့ Influencer တွေလည်း မဟုတ်ပါဘူး။
ဒါပေမယ့် သူတို့ရဲ့ သတ္တိတွေ၊ သူတို့ရဲ့ မေတ္တာစေတနာတွေနဲ့ အများအကျိုးကို သယ်ပိုးပေးနိုင်တဲ့ စွမ်းရည်တွေကတော့ အရာအားလုံးထက်သာလွန်ပါတယ်။
သူတို့သုံးယောက်ကတော့ အခုလို ကပ်ရောဂါ Pandemic တွေဖြစ်ပေါ်နေတဲ့အချိန်မှာ United Kingdom ကအများပြည်သူရဲ့ ကျန်းမာရေး၊ လူမှုရေးနဲ့ သယ်ယူပို့ဆောင်ရေးအတွက် Frontline ကနေ တာဝန်ယူပေးနေတဲ့ Frontliner တွေပါ။


Anisa Omar က King's Cross, London မှာရှိတဲ့ Supermarket တစ်ခုမှာ Supermarket Assistant အဖြစ်လုပ်ကိုင်နေသလို တစ်ဖက်ကလည်း တက္က္ကသိုလ်မှာ Business Management ပညာရပ်ကို သင်ကြားနေသူပါ။ “ကျွန်မရဲ့အလုပ်က ဒီ Pandemic ကြီး မဖြစ်ခင်ကတော့ ဘာမှအဲ့လောက်အရေးမကြီးသလိုပါပဲ။ ဒါပေမယ့် အခုလိုဖြစ်လာတဲ့အချိန်မှာ ကျွန်မတို့ အလုပ်ကို အခုထက်ပိုပြီး ဂရုစိုက်ရမယ်။ အပြင်မှာ ဘာတွေဖြစ်နေဖြစ်နေ လူတွေ အဆင်ပြေချောမွေ့စွာ ဈေးဝယ်နိုင်ဖို့ ကျွန်မတို့ အလုပ်လုပ်ရမယ်။” လို့ အသက် ၂၁ နှစ်အရွယ် Anisa ကဆိုပါတယ်။

 

Frontliner တွေထဲမှာ အရေးအပါဆုံး Health Professional တစ်ဦးဖြစ်တဲ့ Rachel Miller ကတော့ Covid-19 Outbreak တွေမဖြစ်ခင်တည်းထဲ Homerton Hospital မှာ သားဖွားဆရာဝန်အဖြစ်လုပ်ကိုင်နေတာပါ။ Rachel ကိုလည်း သူမရဲ့ Work Shif တွေရှိတဲ့ကြားကနေ အတတ်နိုင်ဆုံး Photo အတွက်ရိုက်ကူးခဲ့ကြပါတယ်။ “ ပြည်သူတွေအားလုံးရဲ့ အားပေမှုနဲ့ မေတ္တာတွေကြောင့် ကျွန်မတို့ National Health Service ဖြစ်တဲ့ ကျန်းမာရေး ဝန်ထမ်းတွေအရမ်း ပီတိဖြစ်ရပါတယ်။ ပင်ပန်းတာတွေလည်း အလိုလိုပျောက်ကုန်ရော။” လို့ Rachel က Interview မှာပြောပြပါတယ်။

 

နောက်ထပ် Key Worker တစ်ယောက်ကတော့ Overground Train Driver တစ်ယောက်ဖြစ်တဲ့ Narguis Horsford ပါ။ Narguis က အများပြည်သူရဲ့ Public Transport အတွက် London Overground ရထားမောင်းသူအဖြစ်လုပ်ကိုင်လာတာ 10 နှစ်လောက်ရှိနေပြီဖြစ်ပြီး သူမကို Feature လုပ်မယ်လို့ကမ်းလှမ်းလာတဲ့အခါမှာ အံ့အားသင့်သွားသူပါ။ “အိမ်ကမိသားစုတွေက စိတ်ပူကြပေမယ့် ကျွန်မဒီလို Key Worker အဖြစ်အများပြည်သူရဲ့လိုအပ်ချက်ကို တစ်ထောင့်တစ်နေရာကနေ ကူညီပေးနိုင်တဲ့ အတွက် Train Driver အလုပ်ကိုလည်း ဂုဏ်ယူပါတယ်။ အခုလိုအချိန်မှာ အားလုံးအချင်းချင်းရိုင်းပင်းကူညီကြဖို့က အရမ်းအရေးကြီးပါတယ်။” လို့လည်း ပြောပြသွားပါတယ်။

အခုလို ကပ်ဘေးတွေကြုံတွေ့နေရတဲ့အချိန်မှာ ပြည်သူတွေဘေးကင်းလုံခြုံရေးအတွက် Frontline ကနေလုပ်ကိုင်နေကြတဲ့ Key Worker တွေအားလုံးကို MODA Team မှ အထူးလေးစား ကျေးဇူးတင်မိပါတယ်။

Photo credit from British Vogue.

, , , , ,

People

Tik Tok ကအချောအလှလေးတွေက ဘယ်သူတွေလဲ

အရမ်းမိုက်တဲ့ ကောင်မလေးတွေရဲ့ နာမည်နဲ့ IG ကို သိချင်နေကြပြီမလား

by May Shoon

June 1, 2020

အခုလို Stay-Home တွေနေလာရတဲ့နောက်ပိုင်း မှာ လူတွေအသုံးပြုတာများလာတာကတော့ Social Media တွေပါ။ အဲ့ Social Media တွေထဲကမှ Tik Tok ကို တော့ လူငယ်တော်တော်များများ အထူးသဖြင့် မိန်းကလေး တွေနဲ့ ဆယ်ကျော်သက်တွေ အသုံးပြုလာကြတာကိုတွေ့ရမှာပါ။ Short Video Clip လေးတွေနဲ့ Upload လုပ်ရတဲ့ Application ပေမယ့် အဲ့ဒီ စက္က္ကန့်ပိုင်းအနည်းငယ်စာ Video လေးတွေကလည်း ကြည့်ရှုသူအတွက်ကို Entertaining ဖြစ်စေပါတယ်။ Lip Syning တွေ၊ Dance Video တွေ၊ Challenge Video တွေကြောင့် Tik Tok ကလည်း အရင်ကထက်စိတ်ဝင်စားစရာကောင်းလာတာတော့ အမှန်ပဲ။
နောက်ပြီး ဒီ့ထက်ပိုစိတ်ဝင်စရာကောင်းတာကတော့ Tik Tok Star အချောအလှလေးတွေ ပါပဲ။ သူတို့ရဲ့ အနုပညာ Talent လေးတွေကို Tik Tok မှာတင်ရင် နာမည်ကျော်သွားတဲ့သူတွေလည်း အများကြီးထွက်ပေါ်လာတယ်။
Tik Tok Star ကောင်မလေးတွေရဲ့ ချစ်စရာကောင်းတဲ့ အပြုအမူလေးတွေ၊ အမိုက်စား Dance Video Clip လေးတွေကို ပြန် Save ပြီး Instagram တို့၊ Facebook တို့မှာပြန် Share ကြတာတောင် အများကြီး ရှိလာပြီလေ။ တစ်ချို့ဆို သူတို့ရဲ့ Video တွေကို Selection လုပ်ပြီး ပြန်တင်တဲ့ Fan Base တွေတောင်ရှိနေကြပြီ။ အဲ့ဒီအချောအလှလေးတွေက ဘယ်သူတွေလည်း ဆိုတာတော့ ကိုယ်တိုင် ကြည့်ကြည့်လိုက်ပါနော်။


Addison Rae

 


Charli D'Amelio

 


Dixie D'Amelio

 


Avani Gregg

 


Loren Gray

 


Riley Hubatka

 


Kristen Hancher

 


Baby Ariel

 


Kiyara Fay

 


Lauren Godwin

 


Havana Winter

Credit to Instagram.

, ,

People

K Industry ရဲ့ စံနှုန်းတွေအရ အရပ်ပုနေပေမယ့် လျော့တွက်လို့မရတဲ့ Idol များ

အရပ်အကြောင်း မပြောကြေး။

by JN Ja Seng Pan

May 27, 2020

တောင်ကိုးရီးယားရဲ့ အလှအပစံနှုန်းတွေအကြောင်းကို ပရိတ်သတ်တွေ တော်တော်များများသိကြမှာပါ။ ရုပ်ရှင်သွင်ပြင်ဦးစားပေးလို့ Platics Surgery ခွဲစိတ်မှုတွေကို့ ရေပန်းစားပြီး လှသထက်လှအောင် ပြင်ဆင်ကြတဲ့နိုင်ငံတစ်နိုင်ငံပါ။ ဒီလိုပဲ အရပ်အတိုင်းအတာကလည်း ကိုးရီးယားတွေအတွက် အလေးထားပြီး ကြည့်တဲ့အရာတစ်ခုဖြစ်နေပါတယ်။ အရပ်ပုတာကို အားနည်းချက်တစ်ခုလို့ သတ်မှတ်ပြီး အကောင်းမမြင်ကြတာများပါတယ်။ Kpop Idol တွေရွေးချယ်တဲ့နေရာမှာလည်း မျက်နျာအသွင်အပြင်ပြည့်စုံရုံတင်မကပဲ အရပ်အမောင်းကိုပါ ထည့်သွင်းစဉ်းစားကြတာပါ။ ဒီလို စံနှုန်းတွေများတဲ့ Industry မှာ စည်းမျဉ်းတွေကို ဖောက်ဖျက်ပြီး အရည်အချင်းက အဓိကဆိုတာကို ပြသသွားတဲ့ K Artist တွေရှိနေပါတယ်။ အကောင်သေးပေမယ့် အဆိပ်ပြင်းတဲ့သူတို့က ဘယ်သူတွေလဲ၊ အပြင်ပန်းပုံစံထက် တကယ့်အရည်အချင်းရှိမှ အောင်မြင်တယ်ဆိုတာကို သူတို့ကိုကြည့်ပြီး သိနိုင်မှာပါ။

Woozi (SEVENTEEN)

Woozi က စွယ်စုံရတဲ့ Idol တစ်ယောက်လို့ ပြောလို့ရပါတယ်။ အဆို၊ အက ကောင်းကောင်းပိုင်နိုင်ပြီး တေးရေးမှာလည်း ထူးချွန်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဒီလိုအရည်အချင်းတွေကြောင့် ပရိတ်သတ်အတွက် ဆွဲဆောင်မှုအပြည့်ဖြစ်စေပြီး သူရဲ့အရပ်ကလည်း ချစ်စရာအသွင်ဖြစ်နေပါတယ်။

Height: 5 ft 3.8 in

 

Taeyang (Bigbang)

Kpop လောကမှာ Taeyang ကို မသိတဲ့သူမရှိသလောက်ပါပဲ။ R&B ကို ပိုင်ပိုင်နိုင်နိုင်ဆိုတတ်ပြီး အကလည်း ကျွမ်းကျင်တာကြောင့် Korea Chris Brown ဆိုပြီးတောင် ခိုင်းနှိုင်းကြတာပါ။ အနုပညာသက်တမ်းတစ်လျှောက် ဆုများစွာရရှိခဲ့ပြီး K Idol တွေရဲ့ အတုယူစရာ အနုပညာရှင်တစ်ယောက်အဖြစ် ရပ်တည်နေပါတယ်။

Height: 5 ft 6.7 in

 

Chaeyoung (Twice)

Twice အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Chaeyoung ကလည်း ခေသူမဟုတ်ပါဘူး။ အရည်အချင်းရှိတဲ့ Chaeyoung က Rap ဆိုတာ ကျွမ်းကျင်ပြီး Melody ဆိုရင်လည်း ပြောစရာမရှိတဲ့သူတစ်ယောက်ပါ။

Height: 5 ft 2 in

 

Taeyeon (Girls' Generation)



Leader ကောင်းတစ်ယောက်လို့ အသိများတဲ့ Taeyeon က အဖွဲ့ထဲမှာ အကောင်သေးသေးနဲ့မို့ Fan တွေရဲ့ အချစ်ဆုံးဖြစ်ခဲ့ပါတယ်။ ထူးခြားကောင်းမွန်တဲ့ အသံစွမ်းရည်ကြောင့် ပရိတ်သတ်အားပေးမှုကို တခဲနက်ပိုင်ဆိုင်ထားပြီး K Pop လောကရဲ့ အကောင်းဆုံးအဆိုတော်ထဲက တစ်ယောက်လို့ သတ်မှတ်ကြပါတယ်။ တစ်ကိုယ်တော် လှုပ်ရှားမှုတွေမှာလည်း ပရိတ်သတ်အားပေးမှုက မလျော့သွားလို့ တကယ့်ကို ပါရမီရှိတဲ့ Idol တစ်ယောက်လို့ ပြောရမှာပါ။

Height: 5 ft 2.5 in

 

Jimin (BTS)

Jimin ရဲ့ အဆိုစွမ်းရည်နဲ့ အကထူးချွန်မှုတွေက အားလုံးကို အံ့သြသင့်စေမှာပါ။ အဖွဲ့ထဲမှာ အရပ်အပုဆုံးမို့ အခြား Member တွေရဲ့ စနောက်ခြင်းကို ခံရလေ့ရှိသူပါ။ သူထက် ပုတဲ့သူတွေ့ရင်လည်း ဝမ်းသာမဆုံးဖြစ်တတ်ပါတယ်တဲ့။ ပရိတ်သတ်အခိုင်အမာနဲ့ အရည်အချင်းပြည့်မှီသူမို့ အရပ်ပုတာက အားနည်းချက်တစ်ခုမဖြစ်စေခဲ့ပါဘူး။

Height: 5 ft 7 in

Irene (Red Velvet)

Irene ကို တချိူ့တွေကတော့ ဘာအရည်အချင်းမှ မရှိဘူးလို့ ဝေဖန်ကြပါတယ်။ ဒါပေမယ့် အဖွဲ့ရဲ့ ခေါင်းဆောင်၊ Lead Dancer နဲ့ Main Rapper ဖြစ်နေတာက အရည်အချင်းဘာမှမရှိပဲနဲ့ မဖြစ်နိုင်ဘူးဆိုတာ သက်သေပြနေပါတယ်။ အကပိုင်းမှာ စနစ်တကျနဲ့ မှန်မှန်ကန်ကန် ကတတ်လို့ ပရိတ်သတ်ရဲ့ အားပေးမှုကိုပိုင်ဆိုင်ထားပြီး Rap ဆိုတဲ့ပိုင်းမှာလည်း အဖွဲ့ထဲမှာ အကောင်းဆုံးလို့ ပြောလို့ရပါတယ်။

Height: 5 ft 2 in


D.O (Exo)

Exo Group ထဲကို Official မဝင်လာခင်ကတည်းက အဆိုပြိုင်ပွဲမှာ အနိုင်ရရှိလာခဲ့တဲ့သူဖြစ်ပါတယ်။ ပွဲဦးထွက်လှုပ်ရှားမှုမှာလည်း အသံပါဝါကောင်းကောင်းနဲ့ အဆိုပိုင်နိုင်မှုကြောင့် ပရိတ်သတ်တွေ သတိပြုခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ အဆိုအပြင် သရုပ်ဆောင်ပိုင်းမှာလည်း ဇာတ်ကောင်နဲ့ လိုက်ပြီး သဘာဝကျကျ၊ ပီပီပြင်ပြင် သရုပ်ဆောင်နိုင်တဲ့ စွမ်းရည်ကြောင့် ပရိတ်သတ်တွေက ချီးကျူးလို့မဆုံးဖြစ်ခဲ့ပါတယ်။

Height: 5 ft 6 in


Nako (IZ*ONE)

ဂျပန်လူမျိုးဖြစ်ပြီး နာမည်ကြီး ဂျပန် Girl Group ဖြစ်တဲ့ HKT 48 က Member တစ်ယောက်လည်းဖြစ်ပါတယ်။ Nako ကိုချစ်စရာကောင်းတဲ့ Idol တစ်ယောက်လို့ သိကြပေမယ့် ထူးချွန်တဲ့ပါရမီရှင်လေးတစ်ဦးပါ။ အရည်အချင်းပြည့်ဝတဲ့ အဆိုတော်တစ်ယောက်က ဘာလဲဆိုတာကို အကြိမ်ပေါင်းများစွာပြသခဲ့ပြီး အကစွမ်းရည်ကြောင့်လည်း လူသိများပါတယ်။ ထူးထူးခြားခြား အရပ်အပုဆုံး Idol လေးလို့လည်း ပြောလို့ရပါတယ်။

Height: 4 ft 9 in

, , , ,

People

ခြားနားတဲ့နယ်ပယ်အလိုက် လုပ်ငန်းခွင်ကို ဦးဆောင်နေကြတဲ့ အမျိုးသမီးများ

အောင်မြင်ဖို့အတွက် သူမတို့ ဘယ်လိုကြိုးစားခဲ့ကြလဲ။

by Lin Lin

May 17, 2020

MODA Magazine ဟာ တစ်လထက်တစ်လ ပရိသတ်ကို ဖန်တီးမှုအသစ်တွေ လေ့လာဖတ်ရှု့စရာအသစ်တွေကို ဖန်တီးပေးလျှက်ရှိပါတယ်။ ကဏ္ဍတိုင်းကိုလည်း တစ်လထက်တစ်လ ပိုမိုကောင်းမွန်အောင် ဖော်ပြပေးလေ့ရှိပါတယ်။ ဒီလို ကဏ္ဍတွေထဲမှာ အမျိုးသမီးတို့အတွက် အတုယူစရာ မိမိတို့ ဝါသနာပါရာ ကိုယ်ပိုင်လုပ်ငန်းတွေမှာ အောင်မြင်နေတဲ့ MODA Woman ကဏ္ဍကလည်း တစ်ခုအပါအဝင်ပါပဲ။ ဒီထဲကမှ လက်ရှိ လုပ်ငန်းခွင်အသီးသီးမှာ အောင်မြင်နေတဲ့ အမျိုးသမီးတွေအကြောင်းကို ဖော်ပြပေးပါမယ်နော်။

Opal Aye
September , 2019


သာမာန်ဝန်ထမ်းဘဝကနေ ကိုယ်ပိုင် Product တစ်ခုကို ထုတ်လုပ်ဖို့ အရဲစွန့်ကြိုးစားခဲ့တဲ့သူမ ။Organic skin care ကို မြန်မာပြည်မှာ ထိုးဖောက်နေသူ။ Local Product အတွက် ဂုဏ်ယူတဲ့သူမ ။ စိန်ခေါ်မှုတွေ အခက်အခဲတွေ စိတ်ဓာတ်ကျမှုတွေရဲ့ နောက်မှာ သူမကိုရှေ့ဆက်ဖို့ တွန်းအားပေးနေတဲ့အရာက ဘာဖြစ်မှာလဲ ။ သူမဖြတ်သန်းခဲ့တဲ့အတွေ့အကြုံတွေနဲ့ သူမကိုယ်တိုင်ရော Skin care ၊ အလှအပနဲ့ ဖက်ရှင်ပိုင်းကို ဘယ်လို smart ဖြစ်အောင်နေထိုင်နေလဲ ဆိုတဲ့အကြောင်းနဲ့ ပတ်သက်ပြီး ပြောပြထားသူကတော့ Body Body Myanmar ရဲ့ Founder မ Opal Aye ပါ။ သူမပြောပြထားတဲ့အကြောင်းကို ပြည့်ပြည့်စုံစုံလေးသိချင်တယ်ဆိုရင်တော့
https://moda.com.mm/culture/people/3390 ဒီ Link လေးမှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်နော်။

Kalayar Zaw
August , 2019


သူမအတွက် သူရဲကောင်းဆိုတာဟာ ကမ္ဘာကျော် ပုဂ္ဂိုလ်တွေမဟုတ်သလို ပုံပြင်တွေထဲက လူစွမ်းကောင်းမင်းသားလေးတွေလည်းမဟုတ်ခဲ့ပါ။ ဒစ္စနေးပုံပြင်တွေထဲက မင်းသမီးလေးတွေလိုလည်း သူမ မဖြစ်ချင်ခဲ့ပါတဲ့။ သူမရဲ့ သူရဲကောင်းဟာ သူမနဲ့ မကြုံဆုံလိုက်ရတဲ့ သူမရဲ့ ဖွားဖွား။ ဖွားဖွားရဲ့ အကြောင်းကို ပုံပြင်လေးတစ်ပုဒ်လို အမြဲတမ်းနားထောင်ချင်ခဲ့ပြီး ဖွားဖွားလို ဖြစ်ချင်တဲ့ စိတ်ကူးအိပ်မက်ဟာ ငယ်ငယ်လေးကတည်း ရှင်သန်ခဲ့တယ်။ သူမ ဖေဖေရဲ့ အမေဖြစ်တဲ့ ဖွားဖွားထူး။ သူမရဲ့ သူရဲကောင်း ဖွားဖွားထူးဟာ တစ်နိုင်တစ်ပိုင် ကိုယ်ပိုင်လုပ်ငန်းလေးတစ်ခုကနေ မြန်မာနိုင်ငံရဲ့ အကြီးဆုံး Group of Companies တွေထဲက တစ်ခုဖြစ်တဲ့ Htoo Group ကို ဖြစ်တည်လာဖို့ အစပျိုးခဲ့တဲ့ Business Woman တစ်ယောက်။ အခုချိန်မှာ Business Sector တိုင်းမှာ Htoo Group ရဲ့ Company တွေထဲက တစ်ခုအဖြစ် F&B Industry ထဲမှာတွေ့ရတဲ့ APEX Hospitality Group ကိုလည်း Htoo Group ရဲ့ Company တွေထဲက တစ်ခုအဖြစ် တွေ့ရမှာ ဖြစ်ပါတယ်။ အောင်မြင်နေတဲ့ Harry's Bar ကိုဖွင့်လှစ်ထားတဲ့ APEX Hospitality Group ကိုဦးဆောင်နေသူကတော့ ဖွားဖွားထူးလို ဖြစ်ချင်တယ်ဆိုတဲ့ မြေးမလေး မကလျာဇော်ပါ။ သူမပြောပြထားတဲ့ သူမရဲ့ အကြောင်းတွေကိုတော့ https://moda.com.mm/culture/people/3316 မှာ ဝင်ရောက်ဖတ်ကြည့်လိုက်ပါနော်။

Poht Poht Kyi
November , 2018


အသက် ၁၈ နှစ်အရွယ် မိန်းကလေးတစ်ယောက်ဟာ ကိုယ်တိုင် တက္ကသိုလ်ပညာသင်ယူနေဆဲကာလမှာပဲ ကျောင်းတစ်ကျောင်းကို စတင်တည်ထောင်ဖို့ စိတ်ကူးရခဲ့တယ်။ ရလာတဲ့စိတ်ကူးကို လက်ထဲ ရှိနေတဲ့ မြန်မာငွေ ၁၈ သိန်းနဲ့ အကောင်အထည်ဖော်လိုက်တယ်။ စစချင်း လူအင်အားက သုံးယောက်။ Education Centre သေးသေးလေး။ငွေကြေးရင်းနှီးမြှုပ်နှံဖို့ အဆင်မပြေသေးလို့ ဆရာတွေ မငှားနိုင်သေးတဲ့အတွက် သူကိုယ်တိုင် သင်ပြပေးခဲ့ရတယ်။ အခက်အခဲတွေနဲ့ ရှုံးနိမ့်မှုတွေကြောင့် စိတ်ဓာတ်တွေ ကျခဲ့လည်း သူ လျှောက်ချင်တဲ့လမ်းကို ဆက်လျှောက်မြဲ လျှောက်တယ်။ သူ့ရဲ့ဇွဲသန်မှုနဲ့ ပညာကို အဆတ်မပြတ် ဆည်းပူးမှုတွေကြောင့် အောင်မြင်မှုတွေ ရလာတယ်။ကျောင်းသေးသေးကနေ ကျောင်းကြီးဖြစ်လာတယ်။ ကိုယ်ပိုင်အရည်အချင်းနဲ့ ဘဝကို တည်ဆောက်လိုတဲ့လူငယ်တွေ စဉ်းစားရွေးချယ်ကြတဲ့ကျောင်းတွေထဲက တစ်ကျောင်း ဖြစ်လာတယ်။ Myanmar Imperial College တဲ့။ သူမ ဘာကြောင့် ဒီလမ်းကြောင်းကို ရွေးချယ်ဖြစ်ခဲ့တာလဲဆိုတဲ့အကြောင်းကိုတော့ https://moda.com.mm/culture/people/3036 ဒီ Link လေးမှာ ပြည့်ပြည့်စုံစုံလေးပြောပြထားပါတယ်နော်။

Dr. Kay Thari Kyaw
October , 2018


သူမဟာ ဆေးပညာဘွဲ့ရရှိထားတဲ့သူတစ်ယောက်ပါ။ ဒေါက်တာကေသရီ ကျော်ဆိုတဲ့ဘဝကနေ မြန်မာအမျိုးသမီးစီးပွားရေးလုပ်ငန်းရှင် ဒေါက်တာ ကေသရီကျော်ဆိုတဲ့ဂုဏ်ပုဒ်ကို အရယူနိုင်တယ်ဆိုတာ သူမရဲ့ကြိုးစားမှုနဲ့ အောင်မြင်မှုတွေကို ရုပ်လုံးဖော်နေပါတယ်။သူမဟာ တက္ကသိုလ်ဝင်တန်းကို ထူးထူးချွန်ချွန်အောင်မြင်ခဲ့ပြီးနောက် မြန်မာ နိုင်ငံရဲ့ အမှတ်အမြင့်ဆုံးတက္ကသိုလ်တွေထဲကတစ်ခုဖြစ်တဲ့ ဆေးတက္ကသိုလ် မှာ ပညာသင်ကြားဖြစ်ခဲ့ပါတယ်။ လက်ရှိမှာဆရာဝန်အနေနဲ့ အသက်မွေးဝမ်းကျောင်းမပြုတော့ပေမယ့်လည်း ဒေါက်တာကေသရီကျော်ဟာ စိန်နဲ့မြမွေ့ရာရဲ့ Managing Director တစ်ဦးဖြစ်သလို Iloveit Woman Fashion ရဲ့ Founder တစ်ဦးဖြစ်ပါတယ်။ မိသားစုအမွေအနှစ် လုပ်ငန်းဖြစ်တဲ့ စိန်နဲ့မြမွေ့ရာလုပ်ငန်းကိုလည်း ကူညီလုပ်ကိုင်ပေးနေ ပြီး သူမရဲ့ ဝါသနာအရင်းခံသော ကိုယ်ပိုင်အမှတ်တံ ဆိပ်လုပ်ငန်းဖြစ်တဲ့ Iloveit အမျိုးသမီးပွဲတက်ဖိနပ်များ ကိုလည်း ထုတ်လုပ်လျှက်ရှိပါတယ်။ ၂၀၁၇ခုနစ်ရဲ့ မြန် မာလူငယ် စွန့်ဦးတီထွင်လုပ်ငန်းရှင်ဆုကိုလည်း ရရှိ ထားပြီး London Business Academy ကိုလည်း Co-Founder အဖြစ် တည်ထောင်ထားပါသေးတယ်။ လူမှုအကျိုးပြုလုပ်ငန်းများဖြစ်တဲ့ Myanmar Young Leaders Initiative Program စတဲ့ အကျိုးပြုလုပ် ငန်းတွေကိုလည်း ဆောင်ရွက်နေသလို သူမဟာ ဆရာ ဝန်တစ်ဦးလည်း ဖြစ်ပါတယ်။ သူမဘာကြောင့် ဆရာဝန်ဘဝကို မရွေးချယ်ဘဲ သူမရဲ့ ဝါသနာပါရာအသက်မွေးဝမ်းကြောင်းအလုပ်ကို ရွေးချယ်ခဲ့လဲ ဆိုတာကတော့ https://moda.com.mm/culture/people/2794 ဒီ Link လေးမှာ သိနိုင်ပါတယ်နော်။

Vivian Myat & Pearl Oo
June , 2018


ဒီတစ်ခါမှာတော့ ထူးထူးခြားခြားအနေနဲ့ Relvon Myanmar ရဲ့ ၂၀၁၈ခုနစ်အတွက် Theme တစ်ခုဖြစ်တဲ့ Live Boldly ရဲ့ အဓိပ္ပာယ်တစ်ခုဖြစ်သော ရဲရင့်ခြင်း၊ ထက်မြတ်ခြင်းတို့ကို ကိုယ်စားပြုထားတဲ့ လှပကျော့ရှင်းပြီး အားကျစရာကောင်းတဲ့ ပူးပေါင်းထားတဲ့ မ Vivian Myat နဲ့ မ Pearl Oo တို့အကြောင်းကို တင်ဆက်ပေးခဲ့ပါတယ်။ သူမတို့နှစ်ဦးဟာ တစ်ဦးနဲ့တစ်ဦး ခင်မင်ရင်းနှီးကြပါတယ်။ လုပ်ငန်းတွေကို အသီးသီးဦးဆောင်နေကြတဲ့ မြန်မာအမျိုးသမီး လုပ်ငန်းရှင်တွေလည်း ဖြစ်ကြပြီး အချိန်ပြည့် လှပကျော့ရှင်းနေကြသူတွေ ဖြစ်တာကြောင့် သူမတို့ရဲ့ အောင်မြင်မှု လျှို့ဝှက်ချက်က ဘာဖြစ်မလဲဆိုတာတော့ အောက်က Link လေးမှာ ဝင်ကြည့်လိုက်ပါနော်။ https://moda.com.mm/culture/people/2620

 

,

MODA TV 


People

လူသားစင်စစ်မဟုတ်တဲ့ ဆယ်လီ မော်ဒယ်လ်မလေး Lil Miquela

ဒီ Artificial Influencer မလေးက Follower တွေအများကြီးပိုင်ဆိုင်ထားတာပါတဲ့

by Randy Win

May 12, 2020

 
               နည်းပညာရဲ့လွှမ်းမိုးမှူက လူသားတွေရဲ့ နေ့စဉ်ဘ၀မှာ တစ်စထက်တစ်စတိုးလို့နေရာယူလာတာကို အားလုံးသိရှိလက်ခံထားပြီးသားဖြစ်မှာပါ။ နေ့စဉ်အသုံးအဆောင်ပစ္စည်းတွေကစလို့ ဖျော်ဖြေရေး ၊ကျန်းမာရေးကဏ္ဍတွေအဆုံး နည်းပညာရဲ့စွမ်းဆောင်မှူဟာ မပါမဖြစ်အရာတစ်ခုလိုဖြစ်လာပါတယ်။ အဲဒီထဲကမှ နည်းပညာလွှမ်းမိုးချဲ့ထွင်မှူရဲ့ နောက်ထပ်ပြယုဂ်တစ်ခုလို့ဆိုရမယ့် အရာတစ်ခုကတော့ Instagramမှာ Follower 2 သန်း ကျော်ပိုင်ဆိုင်ထားတဲ့ Social Influencer လေးတစ်ဦးအကြောင်းပါပဲ။
               သူမရဲ့နာမည်ကတော့ Miquela Sousa သို့မဟုတ် Lil Miquela လို့ခေါ်ပါတယ်။ အဆိုတော်တစ်ဦးအနေနဲ့လည်း MTV အချို့ထွက်ရှိထားသလို Model တစ်ဦးလို့လည်းဆိုနိုင်တဲ့ သူမဟာ လူသားစင်စစ်လုံး၀မဟုတ်တဲ့ CGI character တစ်ခုသာဖြစ်ပါတယ်။ သူမဟာ အသက်အရွယ်အားဖြင့် 19 နှစ်ခန့်ရှိပြီလို့ဆိုထားပြီး သူမရဲ့ အောင်မြင်မှူကတော့ အနောက်တိုင်းရဲ့ Media လောကမှာ အတော်လေးကို ပေါက်ရောက်နေပြီလို့တောင်ဆိုနိုင်ပါတယ်။ သူမကို စတင်ဖန်တီးခဲ့သူတွေကတော့ Trevor McFedries နဲ့ Sara DeCou တို့နှစ်ဦးဖြစ်ပြီး 2016 ခုနှစ်မှာ သူမအတွက်ကိုယ်ပိုင် Instagram profile တစ်ခုနဲ့စတင်ပွဲထုတ်ခဲ့တာပါ။ သူမကိုဖန်တီးခဲ့ရတဲ့အဓိကရည်ရွယ်ချက်ကတော့ Digital Marketing Platform တစ်ခုအနေနဲ့ Brand ပေါင်းစုံ ၊ အထူးသဖြင့် Fashion နဲ့ဆက်နွယ်တဲ့ Brand တွေကို ကိုယ်စားပြုကြော်ငြာပေးနိုင်ဖို့ပဲဖြစ်ပါတယ် ။ သူမရဲ့ထူးခြားတဲ့ဟန်ပန် နဲ့ Unique ဖြစ်တဲ့ မျက်နှာသွင်ပြင်တို့ကြောင့် အချိန်တိုအတွင်းမှာပဲ လူစိတ်၀င်စားမှူအများအပြားရရှိခဲ့ပြီး Streetwear Brand အတော်များများနဲ့အလုပ်လုပ်ခဲ့ရတဲ့အပြင် Calvin Klein တို့ Prada တို့လို့ Luxury Brand တွေနဲ့တောင် ကြော်ငြာတွေရိုက်ကူးရတဲ့အထိအောင်မြင်ခဲ့ပါတယ်။ Calvin Klein ရဲ့ Campaign အသစ်မှာဆိုရင် Super Modelတစ်ဦးဖြစ်တဲ့ Bella Hadid နဲ့အတူ တွဲဖက်ရိုက်ကူးထားရတဲ့အထိပါပဲ။2016မှာ စတင်ခဲ့တဲ့ သူမရဲ့ Instagram ဟာ 2018 ခုနှစ်မှာတင် follower တစ်သန်းကျော်ခဲ့ပြီး 2020 ခုနှစ်အရောက်မှာတော့ follower နှစ်သန်းကျော်ထိရရှိခဲ့ပါတယ်။
               သူမဟာ CGI character ဆိုပေမဲ့ တချို့ Videoတွေမှာတော့ ခန္ဓာကိုယ်ကလူအစစ်မိန်းကလေးတစ်ယောက်ရဲ့ခန္ဓာကိုယ်ဖြစ်ဖို့များပြီး ဦးခေါင်းပိုင်းကိုသာ CGI နဲ့ပေါင်းစပ်ထားသလားလို့မြင်မိလောက်အောင်ကို လက်ရာမြောက်လွန်းပါတယ်။ တကယ်လို့ရှိခဲ့ရင်တောင် အဲဒီမိန်းကလေးဘယ်သူဘယ်ဝါဆိုတာကိုတော့ဘယ်သူမှသိကြမှာမဟုတ်ပါဘူး ။ သူမမှာ Nick ဆိုတဲ့ လူသားချစ်သူတစ်ဦးလည်းရှိပြီး မကြာသေးခင်ကပဲ Broke up ဖြစ်ထားတာပါ။ Miquela ကို အရမ်းချောမောတဲ့အသွင်မျိုးဖန်တီးထားတာမဟုတ်ပဲ မှဲ့ခြောက်လေးတွေ၊ ရှေ့သွားကြဲလေးနဲ့ အညိုရောင်ဆံနွယ်တွေကိုပိုင်ဆိုင်ထားတဲ့ ဖက်ရှင်ခပ်မိုက်မိုက်တွေကို၀တ်ဆင်တတ်သူတစ်ယောက်အဖြစ်ဖန်တီးထားတာကိုက သူမရဲ့ဆွဲဆောင်မှူလို့ဆိုရမှာပါပဲ။ သူမမှာ Instagram account အပြင် Youtubeနဲ့ Tiktok account တွေလည်းရှိပါသေးတယ်။
                 အခုလို နည်းပညာရဲ့ ထူးခြားတဲ့ ထိုးဖောက်မှူတစ်ခုလို့ဆိုရမယ့် Miquela ရဲ့အောင်မြင်ကျော်ကြားလာမှူကြောင့်ပဲ အနာဂါတ်မှာ သူမလို Virtual Influencer တွေထပ်ပြီးထွက်ပေါ်လာမယ့် အလားအလာတွေရှိနေပါတယ်။ အခုဆိုရင် သူမလိုပဲ နောက်ထပ်တစ်ဦးအနေနဲ့ Shudu ဆိုတဲ့ လူမည်းမော်ဒယ်မလေးတစ်ဦးလည်း ထွက်ပေါ်လာတာတွေ့ရပါတယ်။ ဒီလိုသာဆိုရင်တော့ နောက်ပိုင်းဆယ်စုနှစ်တွေမှာ Virtual Celebrity တွေနဲ့ Human Celebrity တွေကြားမှာ ဈေးကွက်အားပြိုင်မှူတစ်ခုတောင်ဖြစ်လာလေမလားဆိုတာကတော့ မေးခွန်းထုတ်စရာ ဖြစ်လာပါပြီ။
 
Photo Credit to the Rightful Owners
, , , , , , , ,

People

ပရိသတ်အားပေးမှူအများဆုံး ထိုင်း BL ဇာတ်လမ်းတွဲ မင်းသားချော(10) ဦး

ကိုယ်သဘောကျတဲ့ Thai Actor များပါနေမလား ကြည့်လိုက်ရအောင်နော်

by Randy Win

May 10, 2020

         ခုလတ်တလောမှာ ရုပ်သံဇာတ်လမ်းတွဲတွေကို လူအတော်များများ အချိန်ပေးကြည့်ရှူလာကြတဲ့နည်းတူ ပရိသတ်တွေ စောင့်ကြည့်ခံရတဲ့ Series တွေလည်း အများကြီးပေါ်ထွက်လာခဲ့ပါတယ်။ ဒီအထဲကမှ ခေတ်ရေစီးရဲ့ပြောင်းလဲအမြင်ကျယ်လာတဲ့နောက်ပိုင်းမှာ လူတော်တော်များများဟာ LGBTQ ကို လက်ခံလာတာနဲ့အမျှ Boy Love Seriesတွေကိုလည်း မိန်းကလေးယောက်ျားလေး အတော်များများရဲ့ အားပေးမှူတွေမြင့်တက်လာတာကိုတွေ့ရပါတယ်။ ဒီလို ပရိသတ်တွေသည်းသည်းလှူပ်ချစ်ခံရတဲ့ BL series actor တွေထဲကမှ အချောဆုံးနဲ့ အလန်းဆုံးလို့ တစ်ညီတစ်ညွတ်တည်းသတ်မှတ်ထားကြတဲ့ ထိပ်တန်း (10)ဦးကို ရွေးချယ်ပြီးဖော်ပြပေးမှာမို့ ကိုယ်သဘောကျတဲ့မင်းသားများပါနေမလားဆိုတာ ဆက်ကြည့်လိုက်ရအောင်နော်။
 
Earth Teerapat (2 Moons S2, S3)
2 Moons ဇာတ်လမ်းတွဲမှာ Wayo ဇာတ်ကောင်နေရာကပါ၀င်ခဲ့ပြီး ပရိသတ်များစွာရဲ့ အားပေးမှူရရှိခဲ့တဲ့အပြင် Wayo ဇာတ်ရုပ်နဲ့ မလိုက်ဖက်ဘူးဆိုတဲ့ အချို့ပရိသတ်တွေရဲ့ဝေဖန်မှုတွေကိုပါခံ‌ခဲ့ရပါတဲ့ Earth ဟာ ဒီဇာတ်ကားနဲ့ပဲ အောင်မြင်မှူမှတ်တိုင်တစ်ခုစိုက်ထူနိုင်ခဲ့တယ်လို့ဆိုရမှာပါ ။ 2 Moons ဇာတ်လမ်းမှာပဲ Earth နဲ့ Benjamin တို့ဟာ အတွဲညီညီနဲ့ လိုက်ဖက်စွာသရုပ်ဆောင်ခဲ့ပြီး Director Aam Anusorn ရဲ့ရွေးချယ်မှူမှန်ကန်တယ်ဆိုတာကို သူ့ရဲ့ ထူးခြားကောင်းမွန်တဲ့ talent တွေနဲ့ သက်သေပြသွားနိုင်ခဲ့ပါတယ်။
 
Billkin Puttiphong ( My Ambulance, BKPP The Series)
ဒီ မင်းသားချောကိုတော့ အခုလက်ရှိ My ambulance ဆိုတဲ့ စီးရီးလေးမှာ အားလုံးသတိထားမိမှာပါ။ အလုပ်သင်ဆရာ၀န်လေးတစ်ဦးနေရာကနေပါ၀င်ထားပြီး ယောက်ျားလေးချင်းမေတ္တာမျှတဲ့ဇာတ်ရုပ်ကနေ ပရိသတ်တွေရဲ့စိတ်ကို ကောင်းကောင်းဖမ်းစားနိုင်ခဲ့ပါတယ်။ သူတို့ဟာ main ဇာတ်ကောင်တွေမဟုတ်ပေမယ့်လည်း ဒီဇာတ်ကားကနေပရိသတ်တွေ တော်တော်ရရှိခဲ့တယ်လို့ဆိုနိုင်ပြီး သူတို့ရဲ့ဇာတ်သိမ်းအတွက်လည်း ပရိသတ်အတော်များများကမကျေနပ်ခဲ့ကြပါဘူး။ ဒါကြောင့်မို့ သူတို့စုံတွဲအနေနဲ့ သီးသန့်ဇာတ်ကားတစ်ကားဖန်တီးပေးဖို့အထိ Production ကဆုံးဖြတ်ခဲ့ကြပြီးBKPP ဆိုတဲ့ စီးရီးလေးမှာ မတူညီတဲ့ Storylineတစ်ခုနဲ့ ထပ်မံတင်ဆက်ပေးသွားမယ်လို့သိရပါတယ်။
 
Win Metawin ( 2Gether the Series )
လက်ရှိ ပြသနေဆဲဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ 2 gether the series ထဲက P'Win ကိုတော့ မသိတဲ့သူတော်တော်ရှားမယ်ထင်ပါတယ်။ ဒီဇာတ်ကားထဲမှာ Win ဟာ လူငယ်နှစ်ဦးကြားက ချစ်ခြင်းမေတ္တာတရားကိုပြသတဲ့ဇာတ်ရုပ်နေရာကနေ Bright နဲ့အတူ အတွဲညီညီ အကောင်းဆုံး သရုပ်ဆောင်သွားတာတွေ့ရမှာပါ။ ချစ်စရာမျက်နှာပေး ကြည်လင်တဲ့ အပြုံးချိုချို လေးတွေနဲ့ ပရိသတ်ကိုဆွဲဆောင်နိုင်ခဲ့တဲ့ Win Metawin ဟာ အနာဂါတ်မှာ ထွန်းတောက်လာမယ့် ကြယ်တစ်ပွင့်ရယ်လို့ ထင်ကြေးအများကြီးပေးခံထားရသူတစ်ဦးလည်းဖြစ်ပါတယ်။
 
Mark Siwat ( Love by Chance S1, S2, The Stranded, I'm Your King S1)
နောက်ထပ် ထိုင်း BLမင်းသားချောစာရင်းမှာပါ၀င်လာသူကတော့ Love By Chance ဇာတ်ကားနဲ့ လူသိများလာခဲ့တဲ့ Mark Siwat ပဲဖြစ်ပါတယ်။ သရုပ်ဆောင်တစ်ယောက်ဖြစ်ဖို့မွေးဖွားလာတယ်လို့ဆိုရ‌လောက်အောင် ပြည့်၀တဲ့အရည်အချင်းတွေနဲ့ Markဟာ ဒီဇာတ်လမ်းတွဲတွေကနေ ပရိသတ်တွေရဲ့ရင်ထဲကနေရာတစ်ခုကို အရယူနိုင်ခဲ့ပါတယ်။ သရုပ်ဆောင်ပိုင်းမှာလည်းတော်သလို အကကောင်းသူတစ်ဦးလည်းဖြစ်တဲ့ Mark ရဲ့အောင်မြင်ခဲ့တဲ့ Love By Chance Series လေးကတော့ နောက်ထပ်ပြီး Season အသစ်လာဖို့ရှိသေးတယ်လို့သိရပါတယ်။
 
Tay Tawan (The KISS Franchise, Our Skyy)
GMM-tv ရဲ့ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ အသက် 28 နှစ်အရွယ် Tay Tawan ဟာ The Kiss ဆိုတဲ့ BL series နဲ့အတူ BL universe ထဲကို၀င်ရောက်လာခဲ့သူတစ်ဦးပါ။ ရုပ်ရည်လည်းချော၊ Talent လည်းရှိသလို၊ သဘောထားလည်းပြည့်၀တဲ့ Tawan ကတော့ ပရိသတ်ချစ် အောင်မြင်တဲ့သရုပ်ဆောင်တစ်ဦးအနေနဲ့ BL ဇာတ်ကားတွေမှာ ဆက်ပြီးမြင်တွေ့ရဦးမယ်လို့ မျှော်လင့်ရပါတယ်။
 
Gulf Kanawut (Tharn Type S1, S2)
မျက်နှာသစ်သရုပ်ဆောင်တွေထဲမှာ ပရိသတ်တွေရဲ့အားပေးမှူအမြင့်ဆုံးကိုရရှိထားတဲ့သူဆိုရင်မမှားပါဘူး။ Tharntype ဇာတ်လမ်းတွဲထဲမှာ လူငယ်နှစ်ဦးကြားကမေတ္တာတရားကို သရုပ်ဆောင်ပိုင်ပိုင်နဲ့ ကောင်းကောင်းပုံဖော်သွားနိုင်တဲ့သူ့ကို Drama ဇာတ်လမ်းမျိုးတွေမှာ ပိုင်နိုင်စွာသရုပ်ဆောင်နိုင်မယ့်သူတစ်ဦးရယ်လို့ ထင်ကြေးပေးထားကြပါတယ် ။ BL ဇာတ်လမ်းတွဲချစ်သူတွေအတွက်သတင်းကောင်းတစ်ခုကတော့ Tharn Type Season 2 ဟာ ပရိသတ်ရှေ့ကိုထပ်ပြီးရောက်ရှိလာဦးမယ်ဆိုတာပါပဲ။
 
Mew Suppasit(What The Duck, Tharn Type S1, S2)
Tharntype ဆိုတဲ့ဇာတ်လမ်းတွဲမှာ ပရိသတ်တွေရဲ့ အားပေးမှူကိုအရယူနိုင်ခဲ့တဲ့ Tharn ကို အားလုံးသိကြမှာပါ။ အဲဒီ ဇာတ်လမ်းတွဲမှာ ကျောင်းသားနှစ်ဦးရဲ့ အချစ်ဇာတ်လမ်းကို ကောင်းကောင်းပုံဖော်နိုင်ခဲ့ပြီး ပရိသတ်များစွာရရှိခဲ့တဲ့အပြင် What The Duck စီးရီးနဲ့လည်း အားပေးမှူအများကြီးရရှိခဲ့ပါသေးတယ်။ အသက်28 နှစ်ရှိပြီဖြစ်ပေမယ့် ဆယ်ကျော်သက်လူငယ်ဇာတ်ရုပ်တွေကနေ ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်နိုင်တာကလည်း Mew ရဲ့အရည်အချင်းတွေထဲကတစ်ခုလို့ဆိုရမှာပါပဲ။
 
Perth Tanapon(Projects: Love by Chance S1, S2, The Stranded, Reminders)
အဆိုတော်တစ်ဦးလည်းဖြစ် မော်ဒယ်လ် လည်းအနေနဲ့ရော သရုပ်ဆောင်တစ်ဦးအနေနဲ့ပါ သိကြတဲ့ Perth ဟာ Love By Chance ဇာတ်လမ်းတွဲထဲက Ae ဆိုတဲ့ ဇာတ်ရုပ်နဲ့ ပရိသတ်များစွာရရှိခဲ့ပါတယ်။ အခုဆိုရင် Mark Siwat နဲ့အတူ Netflix ရဲ့ ဇာတ်လမ်းတစ်ခုဖြစ်တဲ့ The Stranded ဇာတ်ကားမှာလည်း ပါ၀င်ထားပါသေးတယ်။ BL ဇာတ်လမ်းချစ်သူ ပရိသတ်တွေကတော့ Love By Chance ထဲက Ae ဆိုတဲ့ ဇာတ်ကောင်ကိုနောက်တစ်ကြိမ်ထပ်မြင်ရဖို့ မျှော်လင့်နေကြပြီး မကြာခင်မှာပဲ Season 2 အနေနဲ့ ပရိသတ်ရှေ့ကိုရောက်ရှိလာဦးမယ်လို့သိရပါတယ်။
 
Bright Vachiravit(2Gether the series)
ချစ်စရာကောင်းတဲ့မျက်နှာပေး ဆွဲဆောင်မှူရှိတဲ့ရုပ်ရည်တွေကြောင့် ပရိသတ်တွေသည်းသည်းလှုပ်အားပေးမှူကိုခံခဲ့ရတဲ့ Bright ဟာ ခုလက်ရှိ 2Gether ဇာတ်လမ်းတွဲမှာတင် အအောင်မြင်ဆုံးမှတ်တိုင်တစ်ခုစိုက်ထူနိုင်ခဲ့တယ်လို့တောင်ဆိုနိုင်ပါတယ်။ BL ဇာတ်လမ်းတွဲရဲ့ အဓိကဇာတ်ဆောင်နေရာကို အခုလက်ရှိ အသက် 22 နှစ်အရွယ်မှာပိုင်ဆိုင်နိုင်ခဲ့ပြီး အရင်တုန်းကတည်းကသာ သူ့ရဲ့ Producer တွေက ဒီလို Main role နေရာပေးခဲ့မယ်ဆိုရင် အခုထက်ပိုစောပြီး အောင်မြင်နေမယ့်သူတစ်ဦးဖြစ်လာနိုင်ပါတယ် ။ ဘာပဲပြောပြော အခုချိန်မှာတော့ အအောင်မြင်ဆုံးနဲ့ ပရိသတ်အားပေးမှူအများဆုံးဆိုတဲ့ လူမှန်နေရာမှန်မှာ Bright တစ်ယောက် ကောင်းကောင်းရပ်တည်နေနိုင်ပြီလို့ဆိုရမှာပါပဲ။
 
Saint Suppapong (Love by Chance S1, Why RU, Reminders)
BL series လောကမှာတော့ Saint ဟာ ထူးခြားတဲ့စွမ်းရည်ကိုပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင်တစ်ဦးလို့ဆိုရမှာပါပဲ။ Saint လိုသရုပ်ဆောင်မျိုးဟာ ရှာမှရှားတယ်လို့လည်းတချို့ကဆိုကြပါတယ်။ သူရဲ့ သရုပ်ဆောင်ကောင်းမှူအပြင် ပရိသတ်တွေနဲ့ မီဒီယာတွေအပေါ်ကောင်းကောင်းလွှမ်းမိုးနိုင်မှူကလည်း သူ့ရဲ့အရည်အချင်းတွေထဲကတစ်ခုလို့ဆိုရမှာပါ။ ရုပ်ရည်သာမက အရည်အချင်းမှာပါပြည့်၀တဲ့ Saint ဟာ Love by Chance ဇာတ်လမ်းတွဲနဲ့ ကျော်ကြားခဲ့ရုံသာမက နောက်ထပ် Why R U စီးရီးမှာလည်း ပရိသတ်တွေရဲ့ချစ်ခြင်းကို အများကြီးထပ်ပြီးပိုင်ဆိုင်နိုင်ခဲ့ပါသေးတယ်။
Photo Credit to The Rightful Owners
, , , ,

People

Plastic Surgery မလုပ်ပဲသဘာဝအတိုင်းလှနေတဲ့ Korea Idol များ

Natural Beauty တွေကပိုတောင်လှနေပါရောလား

by May Shoon

May 9, 2020


အလှတရားဆိုတာ မွေးကတည်းကလှတဲ့ ပင်ကိုယ်အလှတရားရှိသလို ခေတ်ရဲ့ တိုးတက်တဲ့ နည်းပညာများကြောင့် ပင်ကိုယ်အလှတရားထက်ကျော်လွန်တဲ့ Plastic Surgery နည်းလမ်းတွေနဲ့လည်း အလှတရားတွေကို လုပ်ယူလာကြပါတယ်။ ဒီလို သဘာဝလွန်ပြုပြင်မှုတွေကြောင့်ပိုမိုလှပသွားသူတွေရှိသလို၊ မိမိရှိပြီးသားအလှတရားပါပျောက်ကွယ်သွားသူတွေလည်းရှိပါတယ်။ အထူးသဖြင့် တောင်ကိုရီးယားရဲ့ ရုပ်ရှင် နဲ့ Music Industry မှာလည်း Korea Actor/Actress တွေနဲ့ K-pop Idol တွေအတွက် အလှအပနဲ့သက်ဆိုင်တဲ့ Plastic Surgery ကုထုံးတွေကအရမ်းရေပန်းစားပါတယ်။ Kpop Idol တစ်ချို့ဆိုလျှင်လည်း Surgery ကြီးကြီးမားမား မပြုလုပ်ထားရင်တောင်မှ မျက်ရစ်(Eye-Lids) ဖော်တာ၊ မျက်နှာ V-Shape ပြုလုပ်တာတွေကိုတော့ အနည်းနဲ့အများပြုလုပ်ထားကြပါတယ်။
ဒါဆို ပင်ကိုယ်အလှ Natural Beauty တွေနဲ့ဒိတ်ဒိတ်ကျဲအောင်မြင်နေတဲ့ K-Drama မင်းသမီးတွေ၊ K-Pop Star တွေရောရှိလား။ အများကြီးမှ အများကြီးကို ရှိပါတယ်။ တကယ်တော့ ရုပ်ရည် Apperance ဆိုတာထက်သူတို့ချပြတင်ဆက်တဲ့ အနုပညာအရည်အချင်းတွေကသာ ပရိသတ်ရဲ့နှလုံးသားကို သိမ်းပိုက်နိုင်တာပါ။


အောက်မှာဖော်ပြထားတဲ့ K-Star တွေကတော့ မွေးတည်းကပကတိရှိတဲ့ ရုပ်ရည်လေးနဲ့ပဲ ပရိသတ်အားပေးမှုနဲ့ အောင်မြင်မှုတွေရရှိနေတာပဲဖြစ်ပါတယ်။ သူတို့ရဲ့ ချစ်စရာကောင်းတဲ့ အပြုအမူလေးတွေကြောင့် သူတို့ ရုပ်ရည်အပြစ်အနာအစာတွေရှိတောင် သတိမထားမိတော့ပါဘူး။ Natural Beauty ပိုင်ရှင် K-Star လေးတွေက ဘယ်သူတွေဖြစ်မလဲ ကြည့်လိုက်ရအောင်။

 

Song Hye Kyo
အွန်စော လို့သိကြတဲ့ ကိုယ်တွေငယ်ငယ်ကအသည်းစွဲ “ ဆောင်းဦးရွက်ကြွေ ချစ်သက်သေ” ရဲ့ မင်းသမီးချောလေး ကတော့ အခုချိန်ထိ Plastic Surgery မလုပ်ပဲ ပရိသတ်တွေရဲ့ နှလုံးသားကို သိမ်းပိုက်နိုင်နေဆဲပါ။ နောက်ဆုံးထွက်ရှိထားတဲ့ The Descendants of the Sun ဇာတ်ကားမှာဆိုလည်း Son Hye Kyo ကို အသက် ၃၀ ကျော်လို့ဆိုရင် ဘယ်သူမှတောင်မယုံလောက်အောင် နုပျိုလှပနေလို့ပါ။

 

Hani

EXID အဖွဲ့ဝင် Hani ကိုလည်း ၂၀၁၅ ခုနှစ်က MBC ရုပ်သံလိုင်းရဲ့ Blind Test 180 Degree မှာလူတော်တော်များများက သူမကို Plastic Surgery လုပ်ထားတယ်လို့ ယူဆပြီး ဝေဖန်ခဲ့ကြပါတယ်။ တကယ်တော့ Hani ကဘာမှမပြုပြင်ထားသလို သူမရဲ့ ငယ်ငယ်တုန်းက ဓာတ်ပုံလေးထဲကအတိုင်း မျက်လုံးကြီးကြီး ၊ နှာတံ ပေါ်ပေါ်နဲ့ ကောင်မလေးတစ်ယောက်ဖြစ်နေခဲ့တာပါ။


Sulli
မြန်မာပရိသတ်နဲ့ မစိမ်းသူလေး F(x) အဖွဲ့ဝင် Sulli ကလည်း ပင်ကိုယ်အလှပိုင်ရှင်လေးပါ။ သူ့ရဲ့ ငယ်ရုပ်လေးတောင်မပျောက်တာကို Childhood Photo လေးတွေကြည့်ပြီး သိနိုင်ပါတယ်။ ဒီလို အပြစ်ကင်းစင်သူလေးက အရင်နှစ်ကပဲ ကြွေလွင့်သွားလို့ အားလုံးစိတ်မကောင်းဖြစ်ခဲ့ရပါတယ်။

 

Sandara Park
ကိုရီးယားတွေရဲ့ အလှတရားစံနှုန်းတွေဆိုတာ ကြီးမားလုံးဝိုင်းတဲ့မျက်လုံးတွေ၊ ဖြောင့်စင်းတဲ့ နှာတံတွေနဲ့ ပြစ်မျိုးမှဲ့မထင်တဲ့ ဖြူဖွေးတဲ့ အသားအရေပိုင်ရှင်တွေပါ။ အဲ့လိုဆို 2NE1 ရဲ့ Star လေး Sandara Park က အရင်တည်းကဆုတောင်းကောင်းတဲ့ အလှပိုင်ရှင်လေးလို့ပြောရမှာပါ။ ဘာခွဲစိတ်ပြုပြင်မှုမှလုပ်စရာမလိုပဲ ပြီးပြည့်စုံတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားသူပါ။

 

Sohee
Wonder Girls ရဲ့ Sohee ကလည်း Wonder Girl စပေါ်တည်းကအခုချိန်အထိ သူမရဲ့ မျက်ရစ်မပါတဲ့ Asain မျက်နှာလေးကိုပဲ ခွဲစိတ်မှုတွေမပြုလုပ်ပဲ ယုံကြည်မှုရှိရှိနဲ့ အမြဲ Embrace လုပ်ခဲ့ပါတယ်။ သူ့ရဲ့ ထူးခြားတဲ့ ပင်ကိုမျက်နှာပေါက် သွင်ပြင်လေးက သူမရဲ့ အလှတရားတွေကို မလျော့ပါးသွားစေပါဘူး။



IU
အဆိုတော်လေး IU ကလည်း သူမရဲ့ ကော်ပတ်ရုပ်လိုဖြစ်နေတဲ့ မျက်နှာလေးကြောင့် Plastic Surgery လုပ်ထားတယ်လို့ ထင်မြင်ခြင်းခံခဲ့ရပါတယ်။ ဒါပေမယ့် သူမရဲ့ အရင် ငယ်ရုပ်လေးအတိုင်းပဲ သဘာဝအတိုင်း ချစ်စရာကောင်းနေဆဲပါ။

 

Suzy
Suzy ကလည်း ပြောစရာမလိုလောက်အောင် လှပတဲ့ မျက်နှာနဲ့ သွယ်လျတဲ့ ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားသူပါ။ သူမရဲ့နှာခေါင်းနဲ့ မျက်လုံးလေးတွေကလည်း ပြုပြင်ထားတယ်လို့ထင်ရလောက်အောင်လှလွန်းပါတယ်။ တကယ်တော့ မွေးကတည်းက ဒီပုံစံလေးပါပဲတဲ့။

 

Son Dambi
သီချင်းဆိုတာရော သရုပ်ဆောင်ပိုင်းရော ပိုင်နိုင်တဲ့ Som Dambi ကလည်း သူမရဲ့ မျက်နှာလေးက ပြုပြင်ထားတာ မဟုတ်ဘူးဆိုတာကို သူမကလေးတုန်းက ဓာတ်ပုံလေးတွေနဲ့သက်သေပြခဲ့ပါတယ်။


CL
အားလုံးရဲ့အသည်းကျော် CL ကို 2NE1 အဖွဲ့မှာ စပြီး Debut မလုပ်ခင်အချိန်တုန်းက YG Entertainment က CL ကို Plastic Surgery လုပ်ဖို့ တိုက်တွန်းခဲ့ဖူးပါတယ်။ ဒါပေမယ့် CL ကထိုတောင်းဆိုချက်ကို ငြင်းဆိုခဲ့ပြီး “ ကျွန်မဒါကို လုံးဝမလုပ်ဘူး။ ကျွန်မပြောခဲ့သလိုပဲ ကျွန်မက CL မှန်ပေမယ့် ကျွန်မရဲ့ ပင်ကိုယ်ဖြစ်တည်မှုလေးအတိုင်းပဲ နေချင်တယ်။ သဘာဝတရားက ကျွန်မကိုပေးထားတဲ့ အတိုင်းပဲ ကျွန်မနှစ်သက်ပါတယ်။” လို့ CL ကပြောခဲ့ပါတယ်။


Yoona
အပြုံးပြုံးချိုချိုနဲ့ မင်းသမီးတစ်လဲဖြစ်တဲ့ Girl Generation ရဲ့ Yoona ကလည်း Love Rain၊ The King in Love ဇာတ်လမ်းတွေနဲ့လည်း လူသိများသူလေးပါ။ သူ့ရဲ့ မျက်နှာလေးကလည်း Plastic Surgery မလုပ်ထားတဲ့ ပင်ကိုသဘာဝအလှကိုတွေ့မြင်ရမှာပါ။


Taeyeon
Girls Generation ရဲ့ အဖွဲ့ဝင်ဟောင်းဖြစ်တဲ့ Taeyeon ကတော့ သူမရဲ့ Natural Beauty မျက်နှာလေးအတိုင်းပဲ Beauty Campaign တွေတော်တော်များများ ပါဝင်ခဲ့သူပါ။ သူရဲ့ အနုပညာလောကကို စစဝင်တုန်းကမျက်နှာလေးအတိုင်းပဲ လက်ရှိမှာ လှပနေဆဲပါ။  


Kim Tae Hee
Korea's Most Beautiful Woman စာရင်းဝင်ခဲ့တဲ့ Kim Tae Hee က ဘာမှ ခွဲစိတ်ပြုပြင်မှုတွေမလုပ်တဲ့ သဘာ၀ အလှပိုင်ရှင်လေးပါ။ သူ့ကို ကျောင်းမှာတုန်းကလည်း Seoul University Goddess လို့တင်စားခဲ့ကြပါတယ်တဲ့။ မင်းသာ Rain ရဲ့ ချစ်ဇနီးလေးဆိုလည်း မမှားပါဘူး။


Han Jimin
မင်းသမီး Han Jimin ရဲ့ Beauty Transformation ကတော့သူ့ရဲ့ Elementary ၊ Junior High နဲ့ High School တုန်းက မျက်နှာလေးက အခုချိန်ထိ မပြောင်းလဲပဲ ရှိနေတုန်းပါ။ ကျောင်းတုန်းကနဲ့မတူတာက အရပ်ပိုရှည်လာတာပဲရှိတာပါတဲ့။


Kim So Hyun
အသက် ၇ နှစ်တည်းက ကလေးသရုပ်ဆောင်အဖြစ် အနုပညာလောကထဲကို အခြေချခဲ့တဲ့ Kim So Hyun ကတော့ သူ့ ရဲ့ ရိုးရိုးရှင်းရှင်းပင်ကိုယ်အလှလေးနဲ့ကို ချစ်စရာကောင်းနေသူလေးပါ။


Park Shin Hye
မြန်မာပရိသတ်တွေသူမကို စသိခဲ့တာကတော့ “Stairway to Heaven” ဇာတ်ကားမှာပါ။ အခုချိန်မှာတော့ Park Shin Hye က တောင်ကိုရီးယားရဲ့ အအောင်မြင်ဆုံးမင်းသမီးများထဲကတစ်ဦးပါ။ ၂၀၁၅ မှာ Forbes မှာရွေးချယ်ထားတဲ့ 40 Most Powerful Celebrities in Korea မှာ ပါ ဝင်ထားသူပါ။ သူမရဲ့ Korean Aesthetic ဖြစ်တဲ့ မျက်နှာလေးကလည်း Plastic မပါတဲ့ သဘာဝအလှလေးပါ။


Song Ji Hyo
Running Man Star လေး Song Ji Hyo ကတော့ တောင်ကိုရီးယားရဲ့ လူကြိုက်များတဲ့ မော်ဒယ်၊ မင်းသမီးလေးပါ။ သူမကို Wishing Stairs နဲ့ Princess Hours TV Series မှာလူသိများသလို သူရဲ့ ရင်အေးစေတဲ့ မျက်နှာလေးကလည်း ဘာပြုပြင်မှုမှ မလုပ်ထားတဲ့ မျက်နှာလေးပါ။

, , ,


Loading More post