×
People

Body Body နဲ့အတူ သဘာဝတရားတွေကို ယူဆောင်လာသူ Opal Aye

“Formulation ကို ဘယ်လောက်အတိအကျထည့်ရမလဲ။ နဲနဲလေးပိုထည့်လိုက်တာနဲ့ အသားအရေအတွက်က အများကြီးပြောင်းလဲနိုင်တာ ရှိတယ်ပေါ့။ အဆီပိုပြန်သွားမလား။ ပိုခြောက်သွားမလားပေါ့။ အဲ့အတွက်ကို Test တွေလဲအများကြီးလုပ်ရတယ်။”

by Lin Lin

September 20, 2019

သာမာန်ဝန်ထမ်းဘဝကနေ ကိုယ်ပိုင် Product တစ်ခုကို ထုတ်လုပ်ဖို့ အရဲစွန့်ကြိုးစားခဲ့တဲ့သူမ ။

Organic skin care ကို မြန်မာပြည်မှာ ထိုးဖောက်နေသူ။ Local Product အတွက် ဂုဏ်ယူတဲ့သူမ ။ စိန်ခေါ်မှုတွေ အခက်အခဲတွေ စိတ်ဓာတ်ကျမှုတွေရဲ့ နောက်မှာ သူမကိုရှေ့ဆက်ဖို့ တွန်းအားပေးနေတဲ့အရာက ဘာဖြစ်မှာလဲ ။ သူမဖြတ်သန်းခဲ့တဲ့အတွေ့အကြုံတွေနဲ့ သူမကိုယ်တိုင်ရော Skin care ၊ အလှအပနဲ့ ဖက်ရှင်ပိုင်းကို ဘယ်လို smart ဖြစ်အောင်နေထိုင်နေလဲ ဆိုတဲ့အကြောင်းကို သိရှိဖို့အတွက် ဒီတစ်လရဲ့ MODA Women ကဏ္ဍမှာ Body Body Myanmar ရဲ့ Founder ဖြစ်သူ မOpal အေး နဲ့ တွေ့ဆုံမှုလေးကို ဖော်ပြပေးလိုက်ပါတယ်။


အစ်မနာမည်နဲ့ Body Body Myanmar မှာ တာဝန်ယူထားရတဲ့အပိုင်းကို မိတ်ဆက်ပေးပါဦး။

အစ်မက Opal ပါ။ Body Body Myanmar ရဲ့ Founder ဖြစ်ပါတယ်။

ဒီနေ့ဝတ်တဲ့ ဝတ်စုံတွေကို မြင်ပြီး အစ်မရဲ့ ခံစားကို ပြောပြပေးပါဦး။

မြန်မာပြည်မှာ တော်ရုံတန်ရုံ ဝတ်စုံက အစ်မရဲ့ size နဲ့ အဆင်မပြေတာများတယ်။ MDS ကကျတော့ အရမ်းအဆင်ပြေတယ်။ ကိုယ့်ရဲ့ ရှိပြီးသားခန္ဓာကိုယ်ပုံစံကိုလည်းပေါ်လွင်စေတယ်ဆိုတော့ အရမ်းသဘောကျပါတယ်။

ကိုယ်တိုင်ကလည်း အလှအပနဲ့ ပတ်သက်တဲ့ Product ထုတ်တဲ့ လူတစ်ယောက်ဖြစ်တဲ့အခါကျတော့ ကိုယ်တိုင်ကရော ဖက်ရှင်ကျလှပအောင် ဘယ်လိုနေထိုင်လဲ ဆိုတာပြောပြပေးပါဦး။

အသက် ၂၅ နှစ်ကျော်လာတဲ့ နောက်ပိုင်းမှာ မိန်းကလေးတွေက ပိုပြီးတော့အဆီများလာတာပေါ့နော်။ အဲ့ဒီအခါ exercise ကတော့ လုပ်ကို လုပ်ရတယ်။ တစ်ပတ်လောက်မလုပ်လိုက်တာနဲ့ကိုပဲ ခန္ဓာကိုယ်က သိသာတယ်။ exercise ကတော့ ပုံမှန်လုပ်ဖြစ်တယ်။ Yoga ကစားတယ်ပေါ့နော်။ Gym လဲ သွားတယ်။ အဓိကက ခန္ဓာကိုယ် in-shape ဖြစ်ဖို့နဲ့ အသားအရေ ကြည်လင်နေဖို့က ပိုပြီးတော့ အရေးကြီးပါတယ်။

အစ်မအနေနဲ့ Fashion က အမျိုးသမီးတွေအတွက် ဘယ်လောက်အရေးပါတယ်လို့ ထင်မိလဲ။

Fashion ကအရမ်းကို အရေးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတစ်ယောက်နဲ့ တစ်ယောက်က သင့်တော်လျှောက်ပတ်တဲ့ အဝတ်အစားတစ်ခုကို သူ့နေရာနဲ့သူဝတ်ဖို့က အရမ်းအရေးပါတယ်။ ကိုယ်က ဖြစ်သလိုဝတ်ရင်ပေါ်လွင်မှာတော့မဟုတ်ဘူး။ ကောင်းကောင်းဝတ်တယ်ဆိုတာလဲ ဈေးကြီးတဲ့အဝတ်အစားတွေ ဝတ်မှမဟုတ်ဘူး။ တစ်ခါတစ်လေကျရင် တီရှပ်လေးနဲ့ ဘောင်းဘီလေးနဲ့ ပေါ့ပေါ့ပါးပါးလေး တီရှပ်ကို အပြင်ထုတ်ပြီးဝတ်တာထက် တီရှပ်လေးကို ဘောင်းဘီထဲထည့်ပြီးဝတ်လိုက်ရင် ပိုပြီးတော့ စတိုင်လ်ကျသွားမယ်ပေါ့နော်။ ပြီးရင် စလစ်ပါလေးပဲ စီးစီး ဒီလိုလေးဆို outfit တွဲတဲ့အခါ သူများနဲ့ မတူပဲနဲ့ ကွဲပြားနေမှာပေါ့နော်။

အသားအရေနဲ့ အလှအပရေးရာ ထိန်းသိမ်းမှုအကြောင်းကို ပြောပြပေးပါဦး။

အသားအရေအတွက်ကတော့ အဓိက အစ်မ အိပ်ရေးဝအောင်အိပ်တယ်။ တစ်နေ့ကို ၈ နာရီလောက်အိပ်တယ်။ အဲ့ဒါမှာ မျက်တွင်းကျတာတွေ မဖြစ်အောင် ။ ပြီးရင် မိတ်ကပ်ကို တတ်နိုင်သလောက်လျှော့ပြီးတော့ လိမ်းတယ်။ မဖြစ်မနေ လိမ်းရတဲ့အခါမျိုးမှလိမ်းတယ်။ ညဘက်အိပ်ခါနီးရင် ဘယ်လောက်ပဲ ပင်ပန်းနေပါစေ.. မိတ်ကပ်ကို အမြဲတမ်း ဖျက်တယ်။ မိတ်ကပ်မဖျက်လိုက်တာနဲ့ နောက်တစ်နေ့မှာ အသားအရေက အရမ်းသိသာတယ်။ ဝက်ခြံထွက်လာတာတွေ ဖြစ်တတ်တယ်ပေါ့နော်။ ပုံမှန်မိတ်ကပ်ဖျက်ပေးတယ်ဆိုရင် ကိုယ့်အသားအရေကတော့ ကောင်းနေမှာပဲ။ ပြီးတော့ ရေများများသောက်ပေးဖို့ လိုတယ်။ ရေတစ်ရက်ကို အနည်းဆုံး ၃ လီတာလောက်သောက်ဖို့ လိုပါတယ်။

အစ်မကိုယ်တိုင်ကလည်း မင်္ဂလာဆောင်တော့မယ့် သတို့သမီးတစ်ယောက်လို့ သိရတယ်။ မင်္ဂလာဆောင်မယ့် သတို့သမီးတစ်ယောက်အနေနဲ့ မင်္ဂလာပွဲမှာ အလှဆုံးဖြစ်အောင် အလှအပဆိုင်ရာ ထိန်းသိမ်းမှုကို ဘယ်လိုလေးတွေ ပြုလုပ်နေလဲဆိုတာကိုလည်း ဝေမျှပေးပါဦး။

အလှအပရေးရာနဲ့ ပတ်သက်လို့ကတော့ ခုနကပြောတဲ့အချက်လေးတွေကို ပုံမှန်လုပ်ဖြစ်တယ်။ အခုနောက်ပိုင်းအသားအရေနဲ့ ပတ်သက်ရင် သဘာဝနဲ့ ပြုလုပ်တဲ့ skin care တွေကိုပဲ သုံးဖြစ်တယ်။ ဈေးကြီးပေးပြီးဝယ်တာထက် ingredient ကိုအရင်ကြည့်တယ်။ အခုနောက်ပိုင်း research လုပ်လေလေ ပိုပြီးသိရတာကကျတော့ ဈေးကြီးတဲ့ Cosmetic Brand တော်တေ်ာများများက Quality ထက် သူတို့ရဲ့ brand ကို ပိုပြီးတော့ရောင်းတာများတယ်ပေါ့နော်။ နောက်ပိုင်း skincare အတွက် ကြည့်တယ်ဆိုရင် ingredient ကို အသေးစိတ်ပိုကြည့်တယ်။ ဒီ ingredient က ဘာကိုအခြေခံပြီး လုပ်တာလဲပေါ့နော်။ အဲ့ဒီ ingredient ကိုမှ ကိုယ့်ပတ်ဝန်းကျင်မှာရနိုင်တယ်ဆိုရင် ကိုယ့်ဘာသာကိုယ်စီစဉ်ပြီးတော့ ဖော်ထုတ်ပြီး သုံးတယ်။ ဖော်ထုတ်တဲ့အခါမှာလဲ လွယ်ကူတဲ့နည်းလမ်းတွေကိုပဲ အသုံးပြုတာများတယ်။

ဒီဝါကျွတ်မှာ မင်္ဂလာဆောင်မယ့် သတို့သမီးလေးတွေအတွက်ကိုလည်း အလှအပရေးရာနဲ့ ပတ်သက်ပြီး ဝေမျှပေးပါဦး။

ခုနတုန်းက အစ်မပြောတဲ့အတိုင်းပဲ သတို့သမီးတွေက မင်္ဂလာပွဲနားနီးလာလေ Stress တွေက ပိုပြီးတော့များလာလေပေါ့နော်။ အစ်မကိုယ်တိုင်လဲ တစ်ခါတစ်လေ ညဘက်အိပ်မပျော်ဘူး။ အဲ့အတွက်ကြောင့်မို့ အိပ်ရေးဝဝအိပ်ပါလို့ ။ ၈ နာရီလောက်ရအောင် အိပ်ပါ အဲ့ဒါကအရေးကြီးတယ်။ ဝက်ခြံတွေ ဘာတွေထွက်ရင်လဲ စိတ်မပူပါနဲ့ ဝက်ခြံတွေက ခနပဲ ထွက်တာပဲ။ နောက်ပြီးရင် ဝက်ခြံတွေဘာတွေထွက်လို့ဆိုပြီး အပေါ်ကနေ အတင်းတွေ ပိတ်ပြီးလိမ်းတာမျိုးမလုပ်ပါနဲ့။ ရေများများသောက်လိုက်ရင် ဝက်ခြံတွေက ပျောက်သွားမှာပဲမို့လေ။ eyecream ပုံမှန်လိမ်းပေါ့နော်။ အသားအရေခြောက်သွေ့တဲ့အခါကျရင် မျက်နှာက ပိုပြီးတော့အဆီပြန်တာတွေ ဖြစ်တတ်တယ်။ ဘာကြောင့်အဆီပြန်တတ်လဲဆိုတော့ အသားအရေခြောက်နေတဲ့အခါကျရင် အသားအရေက Protection မရှိဘူးပေါ့နော်။ Protection မရှိတဲ့ဟာကို အဆီထွက်တယ်ဆိုတာက ကိုယ့်ရဲ့ အသားအရေက သဘာဝအတိုင်း အပေါ်ယံ layer ကို ပြန်ပြီးတော့ Protect လုပ်နေတာဖြစ်တဲ့အတွက် အသားအရေမခြောက်အောင် Moisturizer ကို အမြဲတမ်းလိမ်းတဲ့အခါကျရင် သဘာဝအတိုင်းထွက်တဲ့အဆီကို ပြန်ပြီးတော့ ထိန်းပြီးသားဖြစ်ပြီပေါ့နော်။


အစ်မရဲ့ အလှအပနဲ့ ပတ်သက်ပြီး သိရပြီးပြီးဆိုတော့ Body Body Myanmar Product နဲ့ ပတ်သက်ပြီး ဆက်ပြောကြရအောင်နော်။ အစ်မက အရင် ဝန်ထမ်းလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဝန်ထမ်းဘဝကနေ ကိုယ်ပိုင် Product ထုတ်လုပ်တဲ့အချိန်မှာ အကြီးမားဆုံး စိန်ခေါ်မှုက ဘာဖြစ်မလဲ။

အစ်မ အစကတည်းက ကိုယ်ပိုင်အလုပ်လုပ်ဖို့ အစီအစဉ်ရှိတယ်ပေါ့နော်။ ဒါပေမယ့် ကျောင်းပြီးတဲ့အချိန်မှာကျတော့ ကိုယ်ပိုင်အလုပ်လုပ်ဖို့က ဘာမှလဲ မသိသေးဘူး။ အဲ့တော့ ဝန်ထမ်းလုပ်ပြီး experience ရအောင်ယူရမယ်။ ယူပြီးတဲ့အချိန်မှာ experience အနေအထားတစ်ခုအထိရလာတဲ့အချိန်မှာ ကိုယ်ပိုင်အလုပ်ကို စလုပ်တော့မယ်ဆိုပြီး ဆုံးဖြတ်လိုက်တယ်ပေါ့နော်။ ဆုံးဖြတ်လိုက်တဲ့အချိန်မှာ ဘေးကနေကြည့်လိုက်တဲ့အချိန်မှာ အကုန်လုံးကို လုပ်နိုင်ပြီလို့ ထင်ပြီး တကယ်တမ်းလုပ်ကြည့်တဲ့အချိန်မှာ ကိုယ်ကျွမ်းကျင်တဲ့အပိုင်းရှိသလို ကိုယ်မကျွမ်းကျင်တဲ့အပိုင်းလဲ အများကြီးတွေ့ရတယ်ပေါ့နော်။ အဓိက အဲလိုမျိုး Challenge တွေရှိတယ်။ ကိုယ်က ဒီ Business ကြီးတစ်ခုလုံးကို Back eye view အနေနဲ့ အပေါ်ကနေခြုံပြီးကြည့်ရတယ်ပေါ့နော်။ ဝန်ထမ်းဘဝမှာတုန်းကတော့ ကိုယ်ကိုင်တွယ်ရတဲ့အပိုင်းတစ်ခုကိုပဲ အာရုံစိုက်စရာလိုတယ်ပေါ့နော်။ တခါတလေကျရင် ကိုယ်မလုပ်ဖြစ်ဖူးဆိုရင်တောင်မှ ကိုယ့်ကို Cover လုပ်ပေးမယ့် သူငယ်ချင်းတွေ လုပ်ဖော်ကိုင်ဖက်တွေရှိတယ်။ အခုက ကျတော့ ကိုယ်အလုပ်ကိုယ်လုပ်ရတာဆိုတော့ ကိုယ်မလုပ်ရင် ဒီ business က ဘာမှဖြစ်မှာမဟုတ်ဘူး။ ရှေ့ကိုလည်းရောက်မှာမဟုတ်ဘူးဆိုတော့ ကိုယ်ကိုယ်တိုင်ပဲ အစအဆုံး သိမ်းကြုံးပြီးတော့ ဘယ်လောက်ပင်ပန်း ပင်ပန်းအားစိုက်ထုတ်ပြီးတော့ လုပ်ရတယ်ပေါ့နော်။ ကိုယ်မကျွမ်းကျင်တဲ့အပိုင်းဆိုရင်လဲ အရင်တုန်းက လူကြီးတွေ ကိုယ့်ကိုနည်းလမ်းပြပေးတဲ့ဆရာတွေဆီကို လှမ်းပြီးတော့ သူတို့နဲ့အမြဲတမ်းဆက်သွယ်ချိတ်ဆက်ပြီးတော့ စကားတွေပြော သူတို့ဆီက ဆုံးမတာတွေကို လက်ခံပြန်ယူပေါ့နော်။ အဲ့လိုမျိုးလုပ်ရပါတယ်။

Product အကြောင်းလေးလဲ မိတ်ဆက်ပေးပါဦးအစ်မ။

A : Body Body က ထုတ်တဲ့ Product တွေက Organic and Natural ပေါ့နော်။ Bath & Body Product တွေ များတယ်။ Facial တော့မလုပ်သေးဘူးပေါ့။ Bath & Body Product နဲ့ ပတ်သက်တဲ့ Spa Product တွေ Lotion , Cream , Scrub တို့ ဆပ်ပြာတို့ အဲ့လိုမျိုးတွေ လုပ်တာများတယ်။ အမတို့မှာ Product က ၁၁ မျိုးရှိပါတယ်။

နောက်ပိုင်းမှာရော ဘယ်လို Product မျိုးတွေ ထပ်ထုတ်ဖို့ရှိပါလဲ။

အခုတော့ shower Product တွေသွားမယ်။ နောက်ပိုင်းကျရင်တော့ Skin Care သီးသန့်အနေနဲ့ ထုတ်ဖို့ရှိပါတယ်။ အစ်မတို့ကတော့ Body ကိုပဲ အဓိကသွားချင်တာပေါ့နော်။ အမတို့ဆီမှာ Shower Product ဆိုတာက လူတိုင်းမဖြစ်မနေနေ့တိုင်းသုံးရတဲ့ပစ္စည်းမျိုးပေါ့နော်။ ဒီလိုပစ္စည်းမျိုးကို မြန်မာပြည်မှာ သေသေချာချာ ထဲထဲဝင်ဝင်ထုတ်နေတာက အရမ်းနည်းသေးတယ်ပေါ့နော်။ အဓိကတစ်ချက်က Plastic Bottle တွေကို လျော့ချချင်တယ်။ နောက်တစ်ခုက နိုင်ငံခြားကနေတင်သွင်းနေတာတွေထက် ကိုယ့်နိုင်ငံကထုတ်တဲ့ လူသုံးကုန်ပစ္စည်းတွေကိုပဲ ဈေးကွက်ထဲမှာပိုပြီးတော့ မြင်စေချင်တယ်။ အဲ့ဒီရည်ရွယ်ချက်ကြောင့်မို့ နောက်ပိုင်းလဲ လူသုံးကုန်ပစ္စည်းတွေကို အဓိကထားပြီးထုတ်သွားမှာပေါ့နော်။

ဒီ Product ကို စတင်ထုတ်လုပ်ဖို့ ဘယ်လိုစိတ်ကူးရခဲ့လဲ။

အရင်တုန်းက ခရီးအရမ်းသွားဖြစ်တယ်။ ခရီးသွားတဲ့အခါ ရောက်တဲ့နေရာတိုင်းမှာ အဲ့ဒေသရဲ့ Culture နဲ့ လူတွေရဲ့ နေထိုင်ပုံကို အမြဲတမ်းလေ့လာတယ်။ ( ဒီတိုင်းပဲ ဝါသနာလို့ )။ လေ့လာတဲ့အခါမှာ နေရာတစ်ခုကိုရောက်တော့ အဲ့ဒီမှာ သူတို့က တခြား input ပစ္စည်းတွေမသုံးဘူး။ လူဦးရေကလဲ အရမ်းများတယ်။ Local Product တွေကို ဂုဏ်ယူပြီးတော့ ဒါတွေပဲ သုံးတယ်။ ဒါတွေပဲ Promote လုပ်တယ်။ သူတို့ဆီက Local ပစ္စည်းတွေကလဲ အရမ်းကောင်းတယ်။ ကြည့်လိုက်တာနဲ့ သုံးချင်စရာတွေချည်းပဲပေါ့နော်။ တော်ရုံတန်ရုံ အပြင်က Brand တွေက မထိုးဖောက်နိုင်ဘူး။ အထဲမှာက အရမ်း Strong ဖြစ်တော့လေ။ အဲ့ဒါကိုကြည့်တော့ သူတို့နိုင်ငံမှာတောင်မှ ဒီလိုသဘာဝပစ္စည်းမျိုးကို ထုတ်တာတွေကို လူတွေကသုံးနိုင်တယ်။ ငါတို့နိုင်ငံမှာကျတော့လဲ ကိုယ့်မှာက Resource တွေကလဲ အရမ်းများတယ်။ ဒီလိုမျိုးထုတ်မယ်ဆိုရင် ကိုယ်ကတော့ နည်းပညာစီစဉ်ပေးနိုင်တဲ့အခါကျရင် ဒီလို Quality မှီတဲ့ ပစ္စည်းမျိုးကို ဘာလို့ထုတ်လို့မရမှာလဲ ပေါ့နော်။

ဒီစိတ်ကူးတွေကို အကောင်အထည်ဖော်နိုင်ဖို့အဓိက တွန်းအားက ဘာဖြစ်မလဲ ။

ဒီစိတ်ကူးတွေကို အကောင်အထည်ဖော်နိုင်ဖို့အတွက် အဓိကတွန်းအားကအစ်မရဲ့ လက်တွဲဖော်ပေါ့နော်။ သူက အားမပေးဘူး။ support မပေးဘူးဆိုရင် အစ်မဒါကို လုပ်နိုင်မှာမဟုတ်ဘူး။ သူ့ရဲ့အကူအညီ သူ့ရဲ့ support တွေအများကြီးပါတယ်။ သူက ကိုယ်ဘာပဲ လုပ်ချင်လုပ်ချင်ဘေးကနေအများကြီးပံ့ပိုးပေးတယ်။ ကိုယ်စိတ်ဓာတ်ကျနေရင်တောင်မှသူက motivite လုပ်ပေးတယ်ဆိုတော့ သူ့ကြောင့်မို့အများကြီးပါပါတယ်။

သူကရော အစ်မရဲ့ လုပ်ငန်းအတွက်ရော အစ်မရဲ့ Personal အတွက်မှာရော ဘယ်လောက်အထိ အရေးပါလဲ။

100 % အရေးပါတာပါ။ (ရယ်လျှက် )

ဒီလုပ်ငန်းကို စလုပ်တဲ့အချိန်မှာ အစ်မအတွက် စိတ်ဓာတ်ကျစရာ နောက်ပြန်လှည့်ချင်လောက်အောင်ဖြစ်စေတဲ့ ကိစ္စမျိုးတွေရော ကြုံခဲ့ရလား။

အများကြီးပဲ ကြုံခဲ့ရတယ်။ အခုလက်ရှိလဲ တစ်ခါတစ်လေအများကြီးကြုံရတာပဲ။ တစ်ခါတစ်လေကျရင် ကိုယ့်ဘာသာကိုယ် ယုံကြည်မှုလျော့နည်းလာတဲ့အခါတွေလဲ ရှိတယ်။ ဒီအလုပ်ကို လုပ်နေတာလမ်းကြောင်းရော မှန်ရဲ့လား။ ငါသွားနေတဲ့ ဦးတည်ချက်ကရော မှန်ရဲ့လားပေါ့နော်။ ဘာဖြစ်လို့ ငါအရဲစွန့်ပြီးတော့ လုပ်မိတာလဲ။ အဲ့လိုမျိုးစိတ်ဓာတ်ကျတဲ့နေ့တွေရှိတဲ့အခါကျရင်လဲ သူကအားပေးလိုက်၊ ကိုယ့်ဘာသာကိုယ်ပြန်ပြီးတော့ ဆွဲတင်လိုက်နဲ့ နောက်တစ်နေ့ကျရင်လဲ စိတ်သစ်လူသစ်ပြန်ဖြစ်သွားတာပဲပေါ့နော်။ ကိုယ်ပိုင်အလုပ်လုပ်တဲ့အခါ ဒါတွေကတော့ အမြဲကြုံရမှာပဲပေါ့နော်။ အခက်အခဲကတော့အမြဲရှိနေမှာပါပဲ။

နည်းပညာပိုင်းလေ့လာမှုအပိုင်းကရော ဘယ်လိုမျိုးလေ့လာခဲ့လဲ။ ဘယ်နိုင်ငံရဲ့ နည်းပညာကို အခြေခံပြီး ထုတ်လုပ်တာလဲ။

အစ်မတို့ Cosmetic ထုတ်တဲ့အခါမှာ နည်းပညာဆိုတာထက် Recipe ပေါ့နော်။ Formulation ပေါ့။ အစ်မလေ့လာထားတဲ့ပညာတွေကတော့ အစ်မက UK နဲ့ EU standard ပေါ့။ UK က School က Formula Botanical ဆိုတော့ Organic Skin Care Formulation ပေါ့နော်။ Organic skin science school ပါ ။ အဲ့ကနေပြီးတော့ အမ certificate ယူထားတယ်။ အခုလဲ တစ်ချို့ certificate တွေက ယူနေတုန်းပဲ။ သူက အဆင့်တွေကအများကြီးရှိတယ်။ စပြီးတော့ Formulation လုပ်တဲ့အချိန်ကနေစပြီးတော့ တဆင့်ပြီးတဆင့် ပြီးရင် Hair Care သွားမလား။ အဲ့လိုမျိုး step တွေက အများကြီးရှိတော့ ကိုယ်ကလဲအခု လေ့လာနေဆဲပဲပေါ့။ step တစ်ခုပြီးတစ်ခုပေါ့။ အဲ့ဒါပြီးရင် ခုနကပြောတဲ့ နည်းပညာပေါ့။ ဒီဟာကို ကိုယ်က အခြေခံလေ့လာပြီးသွားပြီ။ ဒါပေမယ့် Recipe တစ်ခုကို create လုပ်တဲ့အခါကျရင် Recipe က ကျတော့ အစ်မအတွက် Art တစ်ခုလိုမျိုးပေါ့နော်။ Recipe တွေကတော့ ရှာလို့ရတယ်။ နေရာတိုင်းမှာ Available ဖြစ်တယ်။ အင်တာနက်မှာလဲ ရှာကြည့်လို့ရတယ်။ ဒါပေမယ့် ဘယ်လိုအချိုးအစားနဲ့ ကိုယ်ထုတ်လုပ်တဲ့ Process ပေါ့နော်။ အဲ့ဒါက အရမ်းအရေးပါတဲ့ပိုင်းပေါ့။ Formulation ကို ဘယ်လောက်အတိအကျထည့်ရမလဲ။ နဲနဲလေးပိုထည့်လိုက်တာနဲ့ အသားအရေအတွက်က အများကြီးပြောင်းလဲနိုင်တာ ရှိတယ်ပေါ့။ အဆီပိုပြန်သွားမလား။ ပိုခြောက်သွားမလားပေါ့။ အဲ့အတွက်ကို Test တွေလဲအများကြီးလုပ်ရတယ်။ Test တွေအများကြီးလုပ်ရတော့ Skin Type မျိုးစုံကို Test လုပ်ရတယ်။ Oily Type ၊ Sensitive Type တို့ပေါ့နော်။ Final Product ထွက်လာတဲ့အခါကျရင် Final Product ကို Customer တွေဆီမှာ Test မလုပ်ခင် ပစ္စည်းရဲ့ Stability က ဘယ်လိုအခြေအနေမျိုးရှိလဲဆိုတာ Temperature မျိုးစုံပေါ့နော်။ နေပူထဲမှာထားကြည့်ရင် ပုံစံပြောင်းသွားလား။ အနံ့ပြောင်းလား။ အရောင်ပြောင်းလား။ ပြီးရင် အေးတဲ့နေရာမှာထားကြည့်ရင်ရော ဘယ်လိုလဲ။ အဲ့လို Test တွေကို လနဲ့ ချီပြီးတော့ လုပ်ရတယ်။ အဲ့ဒါတွေသေချာလုပ်ပြီးတော့မှာ Final Product က ကိုယ်လုံးဝယုံကြည်စိတ်ချရပြီးဆိုတော့မှ Customer တွေဆီကို စိတ်ချလက်ချလဲ ဖြန့်လို့ရတာပေါ့နော်။

ဘယ်လိုကုန်ကြမ်းတွေကို ဘယ်လိုရယူပါလဲ။

ကုန်ကြမ်းကတော့ အစ်မတို့က ဖြစ်နိုင်ရင်လေ Local Product မျိုးကို ပိုပြီးတော့သုံးတာများတယ်။ ခုနတုန်းကပြောတဲ့ Recipe တစ်ခုကို Create လုပ်တဲ့အခါမှာ စစချင်းအစ်မကြည့်တာက ကိုယ့်ပတ်ဝန်းကျင်မှာ ဘယ်လိုမျိုး ingredient တွေ Available ဖြစ်လဲပေါ့။ အစ်မရဲ့ အယူအဆကတော့လေ skin care မှာပေါ့နော်။ စားလို့ရတဲ့ ingredient ဆိုရင် အသားအရေပေါ်ကို ယုံကြည်စိတ်ချစွာနဲ့ တင်လို့ရတယ်ပေါ့နော်။ အဲ့အတွက်ကြောင့်မို့ အစားအသောက်ထဲက ingredient မျိုးကို ပိုပြီးတော့ သုံးဖြစ်တာများတယ်။ ဘယ်လိုမျိုးတွေလဲဆိုတော့ အုန်းဆီတို့ သံလွင်ဆီတို့ သုံးတယ်။ Local ingredient တွေကို အရင်ဆုံးကြည့်တယ်။ ပြီးရင် Certification ကကျတော့ Organic Certify ဖြစ်တဲ့ ingredient မျိုးပေါ့။ အဲ့လိုမျိုးအရင်ကြည့်ပါတယ်။

Body Body Myanmar ကို အသုံးပြုသူတွေအတွက် အာမခံချက်ပေးနိုင်မယ့်အရာက ဘာဖြစ်မလဲ။

Product အနေနဲ့ကတော့ Cosmetic လောကမှာ 100 % အာမခံချက်ဆိုတာတော့ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူတစ်ယောက်နဲ့ တစ်ယောက်က အသားအရေက လုံးဝမတူဘူး။ Skin Type ကို Category အနေနဲ့ပဲ ခွဲလို့ရပေမယ့် skin တစ်ခုနဲ့ တစ်ခုက တူညီတယ်လို့ ယူဆလို့မရဘူးပေါ့နော်။ 7 Billion People ဆိုရင် 7 Billion different skin type ပေါ့နော်။ အစ်မဆီမှာလဲ တစ်ချို့ Customer တွေရှိတယ်။ သဘာဝပစ္စည်းတွေနဲ့ကို မတည့်တာတွေရှိတယ်။ တစ်ချို့ဆို ရှားစောင်းလက်ပက်နဲ့မတည့်ဘူး။ အစ်မဆိုတစ်ခါမှကိုမကြားဖူးဘူး။ ရှားစောင်းလက်ပက်ဆိုတာ မြန်မာပြည်မှာ ထဲထဲဝင်ဝင်ကို သုံးနေတဲ့ အလှကုန်ပစ္စည်း၊ ကုန်ကြမ်းတစ်ခုပေါ့။ ရှားစောင်းလက်ပက်နဲ့ မတည့်ဘူး၊ ပျားရည်နဲ့ မတည့်ဘူး၊ ဗီတာမင် အီး နဲ့ မတည့်ဘူး။ ဒီလိုမျိုး Customer တွေကျရင် အရမ်း Sensitive ဖြစ်တဲ့အတွက် သေချာကို ဂရုစိုက်ရတယ်။ ပစ္စည်းတစ်ခုကို customer လက်ထဲမထည့်ခင်မှာ သူတို့ရဲ့ skin type ကို အရင်ဆုံးမေးကြည့်ရတယ်။ သူတို့ရဲ့ skin type ကို မူတည်ပြီးတော့ ဘယ်ပစ္စည်းနဲ့ဆို အဆင်ပြေမလဲ ဆိုတာမျိုး စဉ်းစားရပါတယ်။ အစ်မအတွက် အာမခံချက်ပေးနိုင်တာကတော့ အစ်မကိုယ်တိုင်လဲ ဒီ Product ကိုပဲ သုံးတာဖြစ်တဲ့အတွက် ingredient Quality ကတော့ အကောင်းဆုံးကို ingredient Quality ကိုပဲ ရွေးသုံးထားတယ်ဆိုတော့ အဲ့လိုမျိုး အာမခံချက်ကတော့ ပေးနိုင်ပါတယ်။

Interviewed by : Lin Lin

, ,
People

Kalayar Zaw ရဲ့ Lifestyle ထဲက Harry's Bar

Customer တိုင်းအတွက် အမြဲတမ်းတူညီတဲ့ ဝန်ဆောင်မှုမျိဴးရအောင် ကလျာတို့ ဖန်တီးထားတယ်။ ဒီနေ့လာပြီး၊ နောက်တစ်လ ဒါမှမဟုတ် နောက်နှစ်မှလာလည်း အဲဒီဝန်ဆောင်မှုနဲ့ ခံစားမှုတွေကို ပြန်ရပြီး တူညီနေရမယ်။

by Min Chit Paing

August 21, 2019

သူမအတွက် သူရဲကောင်းဆိုတာဟာ ကမ္ဘာကျော် ပုဂ္ဂိုလ်တွေမဟုတ်သလို ပုံပြင်တွေထဲက လူစွမ်းကောင်းမင်းသားလေးတွေလည်းမဟုတ်ခဲ့ပါ။ ဒစ္စနေးပုံပြင်တွေထဲက မင်းသမီးလေးတွေလိုလည်း သူမ မဖြစ်ချင်ခဲ့ပါတဲ့။ သူမရဲ့ သူရဲကောင်းဟာ သူမနဲ့ မကြုံဆုံလိုက်ရတဲ့ သူမရဲ့ ဖွားဖွား။ ဖွားဖွားရဲ့ အကြောင်းကို ပုံပြင်လေးတစ်ပုဒ်လို အမြဲတမ်းနားထောင်ချင်ခဲ့ပြီး ဖွားဖွားလို ဖြစ်ချင်တဲ့ စိတ်ကူးအိပ်မက်ဟာ ငယ်ငယ်လေးကတည်း ရှင်သန်ခဲ့တယ်။ သူမ ဖေဖေရဲ့ အမေဖြစ်တဲ့ ဖွားဖွားထူး။ သူမရဲ့ သူရဲကောင်း ဖွားဖွားထူးဟာ တစ်နိုင်တစ်ပိုင် ကိုယ်ပိုင်လုပ်ငန်းလေးတစ်ခုကနေ မြန်မာနိုင်ငံရဲ့ အကြီးဆုံး Group of Companies တွေထဲက တစ်ခုဖြစ်တဲ့ Htoo Group ကို ဖြစ်တည်လာဖို့ အစပျိုးခဲ့တဲ့ Business Woman တစ်ယောက်။ အခုချိန်မှာ Business Sector တိုင်းမှာ Htoo Group ရဲ့ Company တွေထဲက တစ်ခုအဖြစ် F&B Industry ထဲမှာတွေ့ရတဲ့ APEX Hospitality Group ကိုလည်း Htoo Group ရဲ့ Company တွေထဲက တစ်ခုအဖြစ် တွေ့ရမှာ ဖြစ်ပါတယ်။ အောင်မြင်နေတဲ့ Harry's Bar ကိုဖွင့်လှစ်ထားတဲ့ APEX Hospitality Group ကိုဦးဆောင်နေသူကတော့ ဖွားဖွားထူးလို ဖြစ်ချင်တယ်ဆိုတဲ့ မြေးမလေး မကလျာဇော်ပါ။ ဒီသြဂုတ်လမှာ Harry's Bar ရဲ့ တတိယမြောက်ဆိုင်ကို ထပ်မံဖွင့်လှစ်လိုက်တဲ့ APEX Hospitality Group ရဲ့ CEO မကလျာဇော်ကို ၂၀၁၉ သြဂုတ်လအတွက် MODA Woman အဖြစ်ရွေးချယ်ကာ တွေ့ဆုံမေးမြန်းဖြစ်ခဲ့တယ်

မကလျာရဲ့ အကြောင်းကို မိတ်ဆက်ပေးပါဦး။
ကျွန်မ နာမည်က ကလျာဇော်ပါ။ APEX Hospitality Group ရဲ့ CEO ပါ။ ယိုးဒယားမှာ မွေးဖွားခဲ့ပါတယ်။ လေးနှစ်သမီးအရွယ်ရောက်မှ မြန်မာပြည်ကို ပြောင်းလာခဲ့ပါတယ်။ အဖေက မြန်မာ ၊ အမေက ယိုးဒယား။ ဒီကိုပြောင်းလာပြီး ISR မှာ အထက်တန်းပြီးတဲ့ အထိ ဒီမှာနေတယ်။ ပြီးတော့ Macquarie University ၊ Sydney ၊ Austraila မှာ တက္ကသိုလ်တက်ခဲ့တယ်။

APEX Hospitality Group ရဲ့ အကြောင်းလည်း ရှင်းပြပါဦး။
APEX အောက်မှာ Business Sector နှစ်ခုရှိပါတယ်။ Apex Food & Beverage နဲ့ Apex Gourmet Fine Food & Beverage တို့ဖြစ်ပါတယ်။ Apex Food & Beverage ကျတော့ Food & Beverage ဆိုင်တွေကို Operate လုပ်ပြီး ကိုင်တိုင်ဖွင့်တယ်။ အဲဒီထဲမှာ Harry's က Franchise ဖြစ်ပြီး Bamboo Café & Restaurant (Pyin Oo Lwin) ၊ YUSC Café ၊ Too Tea တို့ကတော့ ကိုယ်ပိုင်ဆိုင်တွေပါ။ Apex Gourmet Fine Food & Beverage ကတော့ အသားတွေ၊ ဝိုင်တွေ၊ Gourmet Product တွေကို Import လုပ်ပြီး ဒီနိုင်ငံမှာ ဖြန့်တယ်။ Apex Gourmet အောက်မှာ Apex Gourmet Store ဆိုတဲ့ အသားတွေ၊ ဝိုင်တွေ ဝယ်လို့ရတဲ့ Boutique Store တစ်ခုကို အင်းယားလမ်းမှာ ဖွင့်ထားပါသေးတယ်။

APEX Hospitality Group နဲ့ ချိတ်ဆက်မိသွားတာလဲ။
၂၀၁၃ မှာ Business Administration and Hospitality Management နဲ့ ကျောင်းပြီးသွားတော့ Hospitality နဲ့ ပတ်သက်တာတွေ လုပ်ချင်တယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ်သိလိုက်တယ်။ F&B အလုပ်ကိုလည်း စိတ်ဝင်စားတယ်။ မြန်မာပြည်ကို ပြန်ရောက်လာတော့ အဖေကိုကူပေးရင်း အဖေ့ရုံးမှာထိုင်တယ်။ နှစ်နှစ်လောက် အဖေ့ကို ကူပြီးတဲ့အချိန်၂၀၁၅ လောက်မှာ APEX Hospitality group မှာ Marketing Executive အနေနဲ့ စဝင်ခဲ့တယ်။ နှစ်နှစ်လောက် ကြာပြီးတဲ့အခါ အဲဒီမှာ CEO အနေနဲ့ ပြောင်းလဲ တာဝန်ယူခဲ့တယ်။ စစချင်းမှာတော့ ဘယ်လိုစီမံရမလဲဆိုပြီး စိုးရိမ်တာပေါ့။ Accounting နဲ့လည်း သိပ်ကျွမ်းတဝင် မရှိနေဘူးလေ။ ဝန်ထမ်းတွေလည်း အများကြီးရှိတယ်။ ဒါပေမယ့် ငါလုပ်နိုင်တယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အားပေးရင်း အဲဒီတာဝန်ကို လက်ခံခဲ့တယ်။

APEX Hospitality Group ကိုကောင်းကောင်း လည်ပတ်စေနိုင်တဲ့ အတွေ့အကြုံကောင်းတွေကို ဘယ်ကနေရခဲ့သလဲ။
ကလျာ ကျောင်းတက်ရင်းနဲ့ ဟိုတယ်တစ်ခုမှာ အလုပ်လုပ်ခဲ့တယ်။ ဟိုတယ်မှာ အလုပ်လုပ်တော့ ကိုယ့်အဓိကထား လုပ်ရမယ့် အပိုင်းကို ရွေးခိုင်းတယ်။ အဲဒီမှာ Food အပိုင်းကို ယူလိုက်တယ်။ Food နဲ့ဆိုင်တဲ့ Restaurant ၊ Fine Dinning နဲ့ Bar တွေဘက်မှာ နှစ်နှစ်လောက် အလုပ်လုပ်ခဲ့တယ်။ ဒါကတော့ ကလျာရဲ့ အကောင်းဆုံး အတွေ့အကြုံတွေထဲက တစ်ခုပါ။ ဒီမှာဆိုရင် ဘာဖြစ်လို့ Waiter လုပ်တာလဲ ဆိုပြီး လူတွေက ပြောကြလိမ့်မယ်။ တကယ်တော့ အဲဒီ အတွေ့အကြုံတွေက ကလျာအတွက်တော့ တကယ့်ကို တန်ဖိုးရှိတဲ့ အတွေ့အကြုံတွေပါ။ အဲဒါတွေနဲ့ပတ်သက်ပြီး အများကြီးကို လေ့လာခွင့်ရခဲ့တယ်။

အရင်တုန်းက သင်ယူခဲ့တာတွေ၊ အတွေကြုံတွေနဲ့ အတူ CEO နေရာ ရောက်တဲ့ အချိန်မှာ ကြုံတွေ့ခဲ့ရတဲ့ အခက်ခဲတွေက ဘာတွေများလဲ။
အခက်အခဲ ဆိုရင်တော့ တာဝန်ခွဲဝေပေးခြင်း( Delegation) လုပ်လေ့မရှိတဲ့ ကလျာရဲ့ စတိုင်ကိုပြောရမယ်ထင်တယ်။ ကလျာက ကျောင်းတက်တုန်းကလိုပဲ ဘာမဆို ကိုယ်တိုင်လုပ်ရတာ ယုံကြည်မှုပိုရှိတယ်။ Group Project ဆိုရင်လည်း ကိုယ့်ဘာသာပဲ လုပ်လိုက်တယ်။ တခြားသူတွေ ဝင်ပါလည်းရတယ်။ ကိုယ့်စိတ်ကြိုက်လုပ်ထားတာ ဆိုတော့ ထွက်လာတဲ့ ရလာဒ်ကိုလည်း ကျေနပ်မှုရှိတယ်။ ဒီလို အစအဆုံး ကိုယ့်တစ်ယောက်တည်း လုပ်တတ်တဲ့ အလေ့အထလေးရှိခဲ့တယ်လေ။ ဒီကို ရောက်ခါစကဆို ဘယ်အလုပ်ကိုမဆို ကိုယ်တိုင်ပဲ လုပ်ချင်ပြီး တခြားသူတွေကို တာဝန်တွေခွဲဝေ မပေးချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ထွက်လာတဲ့ ရလာဒ်ကို ကလျာ မကြိုက်မှာ စိုးရိမ်တာကြောင့်လေ။ လုပ်ငန်းတစ်ခုမှာ တာဝန်ခွဲဝေပေးမှုက သိပ်ကိုအရေးကြီးတယ်ဆိုတာ အလုပ်လုပ်ရင်းနဲ့ နားလည်လာခဲ့တယ်။ ကလျာတို့ ရုံးချုပ်မှာရှိတဲ့ ဌာနတိုင်းက အလုပ်တွေကို တစ်ယောက်တည်း အကုန်လုံး လုပ်နိုင်ဖို့ဆို မလွယ်ဘူးလေ။ သက်ဆိုင်ရာဌာနတွေကို တာဝန်ကိုယ်စီ ခွဲဝေပေးထားတော့ လုပ်ငန်းရဲ့ Development တွေကို ပိုအာရုံစိုက်နိုင်ပြီး ရှေ့ဆက်သွားနိုင်တာပေါ့။

Marketing Executive ကနေ CEO ရောက်တဲ့အချိန် လုပ်ငန်းအတွင်း တိုးတက်လာတယ်လို့ ယူဆရတဲ့ ရလာဒ်တစ်ခုက ဘာများဖြစ်မလဲ။
Harry's Bar ရဲ့ အောင်မြင်မှုပဲလေ။ ကလျာတို့ မျှော်လင့်ထားတာထက် ပိုအောင်မြင်ခဲ့တယ်လို့ ဆိုရမှာပေါ့။ နှစ်နှစ်အတွင်းမှာတင် နောက်ဆိုင်ခွဲတစ်ခုကို Junction Square မှာထပ်ဖွင့်နိုင်ခဲ့ပြီး နောက်ဆိုင်တစ်ခုကိုလည်း ၉မိုင်က Royal Sportainment Complex မှာ ဒီလ သြဂုတ်၂ရက်နေ့တွင် ထပ်ဖွင့်ဖို့ ရှိပါတယ်။ Myanmore ကပေးတဲ့ Best Bar of 2018 Award ကို Harry's ကရခဲ့ပြီး ၂၀၁၇ တုန်းကတော့ 1st Runner Up ရခဲ့တာလေ။

Harry's Bar အကြောင်းနည်းနည်း လောက်ပြောပြလို့ရမလား။
Harry's Bar က စကာၤပူ အခြေစိုက်ဖြစ်ပြီး ၁၉၉၂ မှာ စဖွင့်ခဲ့တယ်။ အခုဆိုရင် စကာၤပူမှာ ဆိုင်ခွဲပေါင်း (၂၀) ရှိတယ်။ စကာၤပူမှာလည်း လူသိများပြီး အခြေခိုင်လာပြီဆိုတော့ သူတို့ရဲ့ Franchise ကို အိန္ဒိယဈေးကွက်ကနေ စခဲ့တာ။ နောက်မှ ဒီမြန်မာပြည်ကို ကလျာတို့က Franchise အနေနဲ့ ၂၀၁၅မှာ ယူခဲ့ပြီး Myanmar Plaza မှာ စဖွင့်ခဲ့တယ်။

ဘယ်လိုအားသားချက်တွေကြောင့် Harry’s Bar က လူတွေကို ဆွဲဆောင်နိုင်ခဲ့လဲ။
F&B လုပ်ငန်းမှာ အရေးကြီးဆုံး တစ်ခုက ယုံကြည်မှုပဲဖြစ်တယ်။ အဲဒီ ယုံကြည်မှုက Customer တွေနဲ့ Business ကြားမှာရှိရသလို လုပ်ငန်းခွင်အတွင်း အချင်းချင်းကြားမှာလည်း ရှိရမှာလေ။ အဲဒါမှ အလုပ်ရှင်တွေကနေ ဖန်တီးလိုက်တဲ့ ယုံကြည်မှုဟာ ဝန်ထမ်းတွေက တစ်ဆင့် နောက်ဆုံး စားသုံးသူတွေဆီ ရောက်နိုင်မှာပါ။ Harry's ကတော့ Customer မျှော်လင့်ထားသလို စိတ်ချယုံကြည်ရတဲ့ ဝန်ဆောင်မှုတွေပေးနိုင်တဲ့ Bar တစ်ခုလို့ ကလျာထင်ပါတယ်။ ပြီးတော့ Customer တိုင်းအတွက် အမြဲတမ်း တူညီတဲ့ ဝန်ဆောင်မှုမျိုးရအောင် ကလျာတို့ဖန်တီးထားတယ်။ ဒီနေ့လာပြီး၊ နောက်တစ်လ ဒါမှမဟုတ် နောက်နှစ်မှ လာလည်း အဲဒီဝန်ဆောင်မှုနဲ့ ခံစားမှုတွေကို ပြန်ရပြီး တူညီနေရမယ်။

Harry's Bar ရဲ့ အကောင်းဆုံးတစ်ခုဆိုရင် ဘာဖြစ်လိမ့်မလဲ။
ကလျာအတွက်တော့ သိပ်မဆူညံနေသလို ခပ်မှောင်မှောင်နဲ့ သိပ်တိတ်ဆိပ်တဲ့ ဘားမျိုးမဟုတ်ဘဲ သူငယ်ချင်း၊ မိသားစုတွေကြား စကားကောင်းကောင်းပြောလို့ရတယ်။ အစားအသောက်လည်းကောင်းသလို ဝန်ဆောင်မှုလည်း ကောင်းတဲ့အတွက် အကြာကြီး အချိန်တွေကုန်ဆုံးနိုင်တဲ့ နေရာတစ်ခုလို့ ထင်တယ်။

အလုပ်နဲ့ ကိုယ်ပိုင် ဘဝကြား ဟန်ချက်ညီတယ်လို့ထင်လား။
ကလျာက အပြင်တွေ၊ ဘာတွေထွက်ရတာကြိုက်ပြီး အိမ်ကလည်း ကန့်သတ်ချုပ်ချယ်တာမျိုးမရှိဘူးဆိုတော့ Outdoor Activities တွေ အမြဲလုပ်လေ့ရှိတဲ့သူမျိုးပါ။ အခုချိန်မှာလည်း ကလျာရဲ့ Work Life Balance က သိပ်ဟန်ချက်ညီတယ်လို့ ကလျာ ပြောရဲတယ်။ တခါတလေ ပင်ပန်းတာတွေလည်း ရှိပေမယ့် ကိုယ်လုပ်တာမှန်သမျှဟာ ကိုယ့်ရဲ့ Passion ကြောင့်လုပ်နေတာဆိုတော့ အလုပ်ရယ်လို့ မခံစားရတော့ဘဲ ကလျာရဲ့ Lifestyle ထဲက တစ်စိတ်တစ်ပိုင်း ဖြစ်လို့သွားပြီ။ အခုလိုမျိုး ကိုယ်ပိုင်စားသောက်ဆိုင် ဖွင့်ချင်တာ၊ ဟိုတယ်လေး ဖွင့်ချင်တာ တွေဟာ ငယ်ငယ်ကတည်းကရှိခဲ့တဲ့ ကလျာရဲ့ Passion ပါ။ အလုပ်ရှိနေရင်တော့ အလုပ်ပြီးတဲ့အထိ နောက်ကျမှ အိပ်ပြန်တာတွေရှိသလို အလုပ်စောစောပြီးရင်လည်း ဘောလုံးသွားကန်တယ်။ ဒါမှမဟုတ် လက်ဝှေ့သွားထိုးတယ်။ ဘောလုံးကိုတော့ ငယ်ငယ်ကတည်း ကစားနေကြဖြစ်ပြီး လက်ဝှေ့ထိုးတာကတော့ လေးနှစ်လောက်တော့ ရှိပြီ။

ဘားသွားတဲ့ မိန်းကလေးတွေ အပေါ် အကောင်းမမြင်နိုင်သေးတဲ့ ဒီနိုင်ငံရဲ့ လူတစ်ချို့ အပေါ်ဘယ်လိုများ တုန့်ပြန်လိမ့်မလဲ။
ဒါကတော့ ရှေးရိုးစွဲတဲ့ အတွေးအခေါ်တွေကြောင့်လို့ထင်တယ်။ အရင်ကနဲ့ စာရင် အခုက အမြင်ကျယ်လာကြပေမယ့် ရှေးရိုးစွဲ အယူအဆတွေက ရှိနေဆဲပါ။ သူတို့ဘယ်လို ဝတ်တာလဲ၊ ဘယ်ကိုသွားတာလဲ၊ ဘာစားတာလဲ ဆိုတာတွေကို ကြည့်ပြီး ဒီလိုကတော့ ကောင်းတယ်၊ မကောင်းဘူး ဆုံးဖြတ်လို့မရဘူး။ အဲဒါတွေအတွက် သူတို့မှာ လုပ်ချင်တာ လုပ်ခွင့်ရှိတာပဲလေ။ ဘားသွားတဲ့လူဟာ မကောင်းဘူးလို့ ပြောတာဟာ မှန်ကန်တဲ့ ဝေဖန်ပိုင်းခြားမှု မဟုတ်ဘူးရယ်လို့ ကလျာပြောချင်တယ်။ လူတွေဟာ Open Minded ဖြစ်ပြီး နားလည်လက်ခံနိုင်အောင် ကြိုးစားရင်တော့ အဲလိုမျိုး ဖြစ်မှာမဟုတ်ဘူး။ အခုခေတ်က မိန်းကလေးတွေ၊ ယောက်ျားလေးတွေ ဘားသွားတာဟာ Communication နဲ့ Relax အတွက်ပဲလေ။ မကောင်းတာလုပ်နေကြတာမှ မဟုတ်တာ။

ဒီနိုင်ငံရဲ့ Gender Equality ကိုဘယ်လိုမြင်လဲ။
ကလျာ အမြင်အရဆိုရင် ယောက်ျား၊ မိန်းမ ဟာ တန်းတူညီမျှတဲ့ အခွင့်အရေးတွေ ရသင့်တယ်။ အခု ၂၀၁၉ အထိ Gender Equality အတွက်ပြောနေကြတုန်း၊ လှုပ်ရှားမှုတွေရှိနေတုန်း ဒါပေမယ့် အခုထိ Equal မဖြစ်သေးဘူး။ တစ်ချို့အမျိုးသမီးတွေဟာ တန်းတူညီမျှတဲ့ အခွင့်အရေးတွေရနိုင်ပေမယ့် သူတို့ကိုယ်တိုင် ခွဲခြားနှိမ့်ချမှုတွေကို လုပ်ကြတယ်လို့ထင်တယ်။ အဲဒီလို မျှတမှုတွေအတွက် အမျိုးသမီးတိုင်းဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေပိုရှိရမယ်။ ပိုပြီး Empowerment ဖြစ်ရမယ်။ ငါကတော့ မိန်းကလေးတစ်ယောက် ဖြစ်နေလို့ ဒါတွေမလုပ်သင့်ဘူး၊ ဒါတွေမလုပ်ရဘူး စတာမျိုးတွေ မတွေးနေသင့်ဘူး။ ဒီနိုင်ငံမှာ Gender Equality ရဖို့ဆိုရင် အမျိုးသမီးတွေဟာ သူတို့ကိုယ်တိုင်ကနေ စရမယ်။

လုပ်ငန်းအတွက် ဝန်းထမ်းတွေ ရွေးချယ်တဲ့အခါမှာ ဒီလိုရာထူးမျိုးကတော့ ကျား ဖြစ်ရမယ်။ ဒီနေရာအတွက်ကတော့ မ ဖြစ်ရမယ်ဆိုပြီး သတ်မှတ်ထားတာများရှိလား။
မရှိဘူး။ အမျိုးသားနဲ့ အမျိုးသမီး တန်းတူအခွင့်ရေးပေးတယ်။ လုပ်နိုင်တဲ့သူကတော့ နေရာရမှာပဲ။ ကလျာတို့ ရုံးချုပ်မှာဆို ကျား၊မ ၅၀:၅၀ အချိုးရှိတယ်။ Harry's မှာကျတော့ ဘားဆိုတာ မိန်းကလေးတွေနဲ့ သင့်တော်တဲ့ အလုပ်မဟုတ်ဘူးဆိုတဲ့ တချို့သူတွေရဲ့ ရှေးရိုးစွဲ အမြင်တွေ၊ ဝန်ထမ်းတွေရဲ့ အုပ်ထိန်းသူတွေမှာ ကန့်သတ်မှုတွေရှိနေသေးတော့ အလုပ်နေရာတွေရှိပေမယ့် ယောက်ျားလေးတွေ ပိုများပြီး ၈၀:၂၀ အချိုးပဲရှိပါတယ်။ ဆိုင်မန်နေဂျာဆိုရင် Myanmar Plaza မှာ မိန်းကလေး၊ Junction Square မှာက ယောက်ျားလေး ထားထားတယ်။ အမှန်တကယ် တာဝန်ယူနိုင်တဲ့သူကိုပဲ နေရာချထားတယ်။ ဒီလိုနေရာမျိုးကတော့ ယောက်ျားလေးတွေနဲ့ ပိုသင့်တော်တယ်ဆိုပြီး မခွဲခြားထားဘူး။

အခုအချိန်မှာ အရေးအကြီးဆုံး တစ်စုံတစ်ရာ ဒါမှမဟုတ် တစ်စုံတစ်ယောက်ဆိုရင် ဘာဖြစ်မလဲ။
အရေးအကြီးဆုံး အရာတစ်ခုဆိုရင် Education လို့ ကလျာထင်တယ်။ အပြောင်းအလဲတွေ၊ တိုးတက်မှုတွေကို လုပ်မယ်ဆိုရင် သင်ယူမှုတွေရှိဖို့လိုတယ်။ Harry's မှာဆိုလည်း ဝန်ထမ်းတွေကို သင်တန်း အမြဲပေးသလို၊ ဝန်ထမ်းတွေ ကျောင်းတက်ဖို့၊ သင်တန်းတက်ဖို့အတွက် ကလျာတို့က Support အမြဲလုပ်ပေးတယ်။ Education ရှိမှသာ Good Future ရှိမယ်။

နောက်ထပ်ရော မကလျာကို ဘယ်လိုတွေ့ရဦးမှာလဲ။
Harry's နဲ့ပဲ ကလျာ မပြီးဆုံးသွားချင်ဘူး။ နောက်ထပ် International Brand တွေကို Franchise ယူသွားဖို့ ရှိသလို ကလျာတို့ရဲ့ ကိုယ်ပိုင် Brand တစ်ခုကိုလည်း ဖန်တီးချင်တယ်။

အခုလို မိုးလေးတဖွဲဖွဲကျတဲ့ သြဂုတ်လရဲ့ ရာသီဥတုနဲ့ လိုက်ဖက်တဲ့ Meal တစ်ခုဆိုရင် ဘာကို ရွေးလိမ့်မလဲ။
Steak ကောင်းကောင်းလေးစားပြီး ဝိုင်လေးသောက်ချင်တယ်။ သေချာတာကတော့ အခုလို မိုးအေးအေးလေးဆိုရင်တော့ တစ်ယောက်တည်း မစားချင်ဘူး။ မိသားစု၊ သူငယ်ချင်းတွေနဲ့ စားရင်ပိုကောင်းလိမ့်မယ်။

နောက်ဆုံး မေးခွန်းတစ်ခု အနေနဲ့ အကြိုက်ဆုံး ကော့တေး တစ်ခွက်ဆိုရင်ရော…
ကလျာက ချိုတာတွေ မကြိုက်ဘူး။ အကြိုက်ဆုံးဆိုရင် Whiskey Sour ပါ။ Whiskey Based မှန်သမျှကို ကလျာကြိုက်တယ်။

, , ,

People

နည်းပညာလောက ဟာ အမျိဴးသမီးတွေ လွှမ်းမိုးနိုင်ကြောင်း သက်သေပြခဲ့တဲ့ SANDI SEIN THEIIN

Tech Industry ထဲမှာ အမျိုးသမီးပါဝင်မှုက အရမ်းနည်းတယ်။ မရှိဘူးလို့မဆိုလိုပါဘူး။ ဒါပေမဲ့ role အရ အားနည်းပါတယ်။ ပြီးတော့ ဒီ Industry က အမျိုးသမီးတွေ လွှမ်းမိုးလို့ရတဲ့ Industry ပါဆိုပြီး ပြောပြချင်တယ်။

by Moethae Say

July 25, 2019

နည်းပညာတွေဟာ တစ်နေ့တခြား တိုးတက်လာတာနဲ့အမျှ လူနေမှုဘဝတွေမှာ နည်းပညာဟာ မပါမဖြစ် ပါဝင်လာပါတယ်။ ပြီးတော့ မိန်းကလေးတွေကိုယ်တိုင်ကလည်း နည်းပညာလောကထဲမှာ အမျိုးသမီးနည်းပညာရှင်များ၊ လုပ်ငန်းရှင်များအနေနဲ့ ပါဝင်လာကြတာဟာ မြန်မာနိုင်ငံရဲ့ ကောင်းသော တိုးတက်ပြောင်းလဲလာမှုတစ်ခုလို့လည်း ဆိုလို့ရပါတယ်။ ဒါကြောင့်လည်း ဒီတစ်လရဲ့ MODA Woman ကဏ္ဍလေးမှာတော့ နည်းပညာလောကထဲမှာ အမျိုးသမီးစွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ဦးအနေနဲ့ ရပ်တည်နေတဲ့အပြင် သူမရဲ့ လုပ်ငန်းနဲ့ ပညာရပ်အပေါ်ထားရှိတဲ့ စိတ်အားပြင်းပြမှုကြောင့် ဂုဏ်ပြုဆုတံဆိပ်တွေနဲ့ အသိအမှတ်ပြုမှုတွေကိုလည်း ရရှိခဲ့ပါတယ်။ သူမကတော့ စန္ဒီစိန်သိန်းပါပဲ။

သူမဟာ လက်ရှိမှာတော့ “Digital Kaway” ဆိုတဲ့နာမည်နဲ့ Digital Marketing Agency တစ်ခုကို ထူထောင်ထားပြီး “Geek Girls Myanmar” ဆိုတဲ့ အမျိုးသမီးနည်းပညာရှင်တွေ စုစည်းထားတဲ့အဖွဲ့အစည်းကိုလည်း ဦးဆောင်နေပါတယ်။

“Digital Kaway” ကို မစန္ဒီစိန်သိန်းဟာ ၂၀၁၅ခုနှစ်က စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ သူမဟာ အဲဒီ့အချိန်တုန်းက မြန်မာနိုင်ငံမှာ မကြာခင် တွင်ကျယ်လာတော့မယ့် Social Media နဲ့ Online Marketing လုပ်ငန်းတွေကို မျှော်မှန်းတွက်ဆပြီး “Digital Kaway” ကို တည်ထောင်ခဲ့တာပါ။ လက်ရှိမှာတော့ သူမရဲ့ ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာရှိတဲ့ လုပ်ငန်းတွေရဲ့ Facebook နဲ့သတ်ဆိုင်တာတွေ၊ Online Marketing နဲ့ဆိုင်တာတွေ၊ Translation နဲ့ဆိုင်တာတွေကို ဝန်ဆောင်မှုပေးလျှက်ရှိပါတယ်။ Tech Industry ထဲမှာ အမျိုးသမီးပါဝင်မှုက အရမ်းနည်းတယ်။ မရှိဘူးလို့မဆိုလိုပါဘူး။ ဒါပေမဲ့ role အရ အားနည်းပါတယ်။ ပြီးတော့ ဒီ Industry က အမျိုးသမီးတွေ လွှမ်းမိုးလို့ရတဲ့ Industry ပါဆိုပြီး ပြောပြချင်တယ်။ နည်းပညာလောက ဟာ အမျိူးသမီးတွေ လွှမ်းမိုးနိုင်ကြောင်း သက်သေပြခဲ့တဲ့ Sandi Sein Thein သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။

“ကျွန်မအရင်ကတည်းကလုပ်ခဲ့တဲ့ အလုပ်တွေက Career တစ်လျှောက်လုံး Sales & Marketing ဖြစ်တဲ့အတွက် Marketing person လို့ပြောလို့ရပါတယ်။ ၂၀၁၄ ခုနှစ်ကိုရောက်တော့ Co-Founder တစ်ဦးနဲ့ တွေ့ခဲ့တယ်။ သူကလည်း Digital Marketing ကို စိတ်ဝင်စားနေတဲ့အချိန်၊ ကျွန်မကလည်း လုပ်လာတဲ့ Marketing ကို တစ်မျိုးတစ်ဖုံပြောင်းပြီး လုပ်ကိုင်ချင်နေတဲ့အချိန် လိုအပ်ချက်တွေကိုလည်း မြင်လာတော့ Digital Marketing agency ကို စလုပ်ရင်ကောင်းမယ်ဆိုပြီး စလုပ်ဖြစ်ခဲ့တာပါ။”

သူမ “Digital Kaway” ကို စတင်တည်ထောင်ခဲ့စဉ်တုန်းက မြန်မာနိုင်ငံမှာ Digital Marketing Agency ဆိုတာ ရှားနေခဲ့တဲ့အချိန်ပါပဲ။ ဒါပေမယ့် အခုတော့ အရင်လိုမဟုတ်တော့ပါဘူး။ “Digital Kaway” လိုပဲ တခြားသော Digital Marketing Agency တွေ အများကြီး ပေါ်ပေါက်လာခဲ့ပါပြီ။

“အားလုံးကတော့ တူညီတဲ့ service တွေကို Provide လုပ်ပေးနေတဲ့ Provider တွေချည်းပါပဲ။ Digital Kaway အနေနဲ့ကတော့ ဈေးကွက်အလိုကိုထိရောက်စေတဲ့ Localization ကို အဓိကထားပါတယ်။ Client တွေက နိုင်ငံခြားက ကုမ္ပဏီတွေဖြစ်နိုင်တယ်။ သူတို့ ကုန်ပစ္စည်းကို မြန်မာနိုင်ငံရဲ့ ဈေးကွက်နဲ့စားသုံးသူ အလိုအရ Marketing လုပ်ပေးတာပါ။”

သူမရဲ့ လုပ်ငန်းရှင်ဘဝတစ်လျှောက်လုံးကို ဖြတ်ကျော်ရတဲ့အချိန်ဟာ သူမအတွက် လွယ်လင့်တကူတော့ ဖြတ်ကျော်လာနိုင်ခဲ့မှာ မဟုတ်ပါဘူး။ သူမမှာရော ဘယ်လိုစိန်ခေါ်မှုတွေ၊ အခက်အခဲတွေ ရှိခဲ့မလဲ။

“အဲဒါတွေက မှတ်လည်း မှတ်မိတယ်။ အခုထိလည်း ရှိနေတုန်းပါပဲ။ ပထမဆုံးစိန်ခေါ်မှုကတော့ Clients တွေကို နားလည်အောင်လုပ်ရေးပဲ။ ဒီလုပ်ငန်းက သူတို့အတွက် အရေးကြီးပါတယ်ဆိုတာကို သိအောင် အရင်ဆုံးလုပ်ရတာပေါ့။ အဲဒီ့ကနေ Clients တွေရလာတော့ ဒီပေးနေတဲ့ Service ကို သူတို့ ဆက်တိုက်ယူဖို့ Retain လုပ်ရတာကလည်း အခက်အခဲတစ်ခု။ နောက် သုံး၊ လေးနှစ်နေလာတော့ အားလုံးနားလည်ပြီး အဆင်ပြေသွားတဲ့အချိန် အစ်မတို့လို Service ပေးတဲ့ Supply တွေက အရမ်းများလာတယ်။ အဲဒီ့အချိန်ရောက်တော့ သူများနဲ့မတူအောင် ဘယ်လိုအောင် ဘယ်လိုလုပ်ရမလဲ။ “Digital Kaway” က ဒီလိုစိတ်ချရတယ်ဆိုတာမျိုးဖြစ်အောင် လုပ်နေရတာက အခုအချိန်မှာ အကြီးမားဆုံး Challenge ပါပဲ။”

သူမ ကျောင်းပြီးတဲ့အချိန်မှာ ပထမဦးဆုံး စတင်လုပ်ကိုင်ခဲ့တဲ့အလုပ်ကတော့ ဟိုတယ်တစ်ခုမှာ Telephone Operator အလုပ်ပဲ ဖြစ်ပါတယ်။ ကျောင်းပြီးတာနဲ့ အလုပ်စလုပ်ချင်ခဲ့တဲ့ မစန္ဒီစိန်သိန်းဟာ ဆီဒိုးနားဟိုတယ်မှာ စတင်လုပ်ကိုင်ဖြစ်ခဲ့ပါတယ်။

“ဟိုတယ်တွေမှာက Phone Extension တွေက အရမ်းများတယ်။ ပထမနေ့မှာတင်ပဲ အခက်အခဲက အဲဒီ့ Extension တွေကို အလွတ်ရအောင်ကျက်ရတာ။ အဲဒါကတော့ အမှတ်တရပါပဲ။”

ဒီလိုနဲ့ လုပ်ငန်းခွင်ဝင်ခဲ့တဲ့ မစန္ဒီစိန်သိန်းဟာ ၂၀၁၇ခုနစ်အရောက်မှာတော့ Digital Kaway လုပ်ငန်းနဲ့ Forbes Magazine က ပေးအပ်ခဲ့တဲ့ 30 under 30s, Asia ဆိုတဲ့ အာရှနိုင်ငံက ထူးချွန်တဲ့ အသက်၃၀အောက် အယောက်၃၀ထဲမှာ ပါဝင်ခဲ့ပြီး နိုင်ငံတကာလုပ်ငန်းရှင်များနဲ့ ပညာရှင်များက အသိအမှတ်ပြုမှုကိုရရှိခဲ့ပါတော့တယ်။ သူမဟာ Forbes Magazine က ပေးအပ်တဲ့ ကဏ္ဍတွေထဲမှာမှ ရိုးရာအစဉ်အလာတွေကို ချိုးဖောက်နိုင်ခဲ့တဲ့ အမျိုးသမီးကဏ္ဍနဲ့ Marketing ကဏ္ဍမှာပါ ပါဝင်ခဲ့ရတာပါ။

“ဒီဆုတံဆိပ်ကတော့ ကျွန်မရရှိခဲ့ဖူးတဲ့ Award တွေထဲမှာ အမှတ်တရအဖြစ်ဆုံးလို့ပြောလို့ရပါတယ်။ သူ့ကြောင့်လည်း ကျွန်မနဲ့ ကျွန်မရဲ့လုပ်ငန်းကို လူတွေတွဲသိလာကြတယ်။ သူတို့ဘက်ကလည်း Nomination အဆင့်ဆင့်နဲ့ background check တွေပြီးမှ ပေးခဲ့တာပါ။”

Geek Girls Myanmar ကို စတင်တည်ထောင်စဉ်တုန်းက သူမဟာ အပျော်တမ်း Community တစ်ခုအနေနဲ့သာ တည်ထောင်ခဲ့တာဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ စိတ်ဝင်စားသူတွေများပြားလာပြီး Women Empowerment ကိုတက်ကြွလှုပ်ရှားတဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်လာခဲ့ပါတယ်။

“Tech Industry ထဲမှာ အမျိုးသမီးပါဝင်မှုက အရမ်းနည်းတယ်။ မရှိဘူးလို့မဆိုလိုပါဘူး။ ဒါပေမဲ့ role အရ အားနည်းပါတယ်။ ပြီးတော့ ဒီ Industry က အမျိုးသမီးတွေ လွှမ်းမိုးလို့ရတဲ့ Industry ပါဆိုပြီး ပြောပြချင်တယ်။ အဲဒီ့ပုံစံနဲ့စရင်းကနေ အစ်မတို့ရဲ့ Team Member တွေကလည်း များလာပြီး အခုဆိုရင် မြန်မာပြည် တခြားနေရာက အမျိုးသမီးတွေကိုပါ Digital Literacy နဲ့ပတ်သတ်ပြီး စာသင်ပေးတဲ့အလုပ်တွေပါ လုပ်ဖြစ်ပါတယ်။”

လက်ရှိမှာဆိုရင် Geek Girls Myanmar ဟာ နယ်မြို့တွေမှာ Digital Literacy Workshop တွေကို ကျင်းပပေးနေတဲ့အပြင် Facebook နဲ့ပူးပေါင်းပြီး ဆွေးနွေးပွဲတွေနဲ့ အခမ်းအနားတွေ ဆက်လက်ကျင်းပဖို့ ရှိနေပါတယ်။

သူမရဲ့ စိတ်ဖိစီးမှုဖြေဖျောက်တဲ့နည်းလမ်းကတော့ Yoga ကျင့်ပြီး စာရေးပါတယ်တဲ့။ အရမ်းပင်ပန်းလာတဲ့အချိန်ရောက်ရင် လျှော့ချလို့ရတဲ့လုပ်ငန်းမှန်သမျှကို အတက်နိုင်ဆုံး လျှော့ချလိုက်ပြီး နေလိုက်သူပါတဲ့။

“ကျွန်မကတော့ Personal Life နဲ့ Work Life က ဘယ်တော့မှ Balance ဖြစ်မယ်မထင်ဘူး။ အမြဲတမ်း Work Life က များနေမှာပဲ။ ရှေ့နှစ်တွေတုန်းက လိုတာထပ်ပိုပြီး အရမ်းအားစိုက်တော့ တော်တော်ပင်ပန်းသွားတယ်။”

သူမဟာ အရင်တုန်းကတည်းက ယောက်ျားလေးတွေများတဲ့ နည်းပညာလုပ်ငန်းအသိုက်အဝန်းမှာ နေထိုင်ခဲ့သူဖြစ်ပါတယ်။ ဒီတော့ အမျိုးသမီးတွေနဲ့ အမျိုးသားတွေကြားမှာ အသက်ကြောင့်ပဲဖြစ်ဖြစ်၊ ကျား/မ လိင်ကြောင့်ပဲဖြစ်ဖြစ် ခွဲခြားဆက်ဆံခံရမှုတွေ ရှိခဲ့ဖူးသလားဆိုတာ ကျွန်မ စိတ်ဝင်စားတဲ့အကြောင်းအရာတစ်ခုပါ။ သူမကတော့ အခုလို ပြောပြခဲ့ပါတယ်။

“အရှေ့ပိုင်းတွေတုန်းက ဒီ Industry ထဲမှာ အတူတူလုပ်နေတဲ့သူချင်းအတူတူတောင် အမျိုးသားဖြစ်နေရင် အမျိုးသမီးတွေရဲ့ လုပ်ဆောင်နိုင်မှုကို သိပ်အထင်မကြီးတာရှိတယ်။ နောက်ပြီး Meeting တွေဘာတွေသွားရင်လည်း ကိုယ့်ရဲ့ Boss မပါလာဘူးလားတို့၊ နည်းနည်း ရှေးရိုးဆန်တဲ့ အမျိုးသားကြီးတွေဆိုရင်လည်း ကိုယ့်ရဲ့ Opinion ကို Challenge လုပ်တာမျိုးတွေရှိတယ်။ ပြီးတော့ ယောက်ျားလေးတွေက ပို Gather ဖြစ်တာမျိုးတွေရှိတယ်။”

ဒါ့အပြင် သူမအနေနဲ့ လက်ရှိ Social Media နဲ့ လူတွေရဲ့တစ်ဖက်သတ်အတွေးအမြင်တွေနဲ့ အမုန်းစကားတွေ ဖြန့်ဝေမှုအပေါ်မှာလည်း အခုလို သုံးသပ်ပေးပါသေးတယ်။

“လူတွေက Social Media မှာ သူတို့ရဲ့ Opinion ကို မျှဝေတာက အရမ်း Strong ဖြစ်နေတယ်။ ပြီးရင် လူတစ်ယောက်က ပုံတင်သည်ဖြစ်စေ၊ သူ့ရဲ့ အတွေးအမြင်တွေကို ဝေမျှရင်ပဲဖြစ်စေ မိန်းကလေးတွေက ပိုအပြောခံရတာများတယ်။ အစ်မရဲ့ အမြင်ကတော့ နည်းနည်းလေးတော့ လူတွေ ပြန်ဆင်ခြင်သင့်တယ်လို့ ထင်တယ်။ နောက်တစ်ခုက အခုလို ပြောဆိုနေလုပ်နေတာတွေဟာ အဆင်မပြေဘူးဆိုတာမျိုးလေးကို Campaign လေးတစ်ခုလို ဖြန့်ဝေဖို့ လိုအပ်တယ်လို့ ထင်တယ်။”

မစန္ဒီစိန်သိန်းဟာ ငယ်စဉ်က ရိုးရှင်းတဲ့ဘဝလေးကို တည်ဆောင်ချင်ခဲ့သူတစ်ဦးဖြစ်ခဲ့မယ်ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူမရဲ့ ငယ်အိပ်မက်က မုန့်ဆိုင်ပိုင်ရှင်တစ်ဦးဖြစ်ချင်ခဲ့တာပဲ ဖြစ်ပါတယ်။ သူမရဲ့ ဘဝမှာ လေးစားအားကျရသူကတော့ သူမရဲ့ ဖခင်ပဲဖြစ်ပြီးတော့ သူမ ဖခင်ဖြစ်စေချင်တဲ့ ကိုယ့်ဒူးကိုယ်ချွန်တဲ့အမျိုးသမီးတစ်ဦးအဖြစ် ရပ်တည်နိုင်ဖို့ အမြဲတမ်းကြိုးစားခဲ့သူပါ။ သူမရဲ့ တခြားဝါသနာကတော့ ခရီးသွားရတာ ဖြစ်ပါတယ်။ သူမ အသက် ၄၀အရွယ်ခန့်မှာ သူမရဲ့ ကုမ္ပဏီက ဝန်ထမ်းတွေရဲ့ နာမည်ကိုတောင် မမှတ်မိလောက်တဲ့အထိ ကြီးမားတဲ့ကုမ္ပဏီတစ်ခုကို တည်ဆောင်ချင်ပြီး အသက် ၅၀လောက်ဆိုရင်တော့ အနားယူတော့မယ်လို့ သူမရဲ့ အနာဂတ်စီမံကိန်းကိုလည်း ပြောပြခဲ့ပါသေးတယ်။

“အရင်နှစ်တွေထက် အခုနောက်ပိုင်းမှာ မိန်းကလေးတွေက ပိုပြီး တော်လာကြတယ်။ အစ်မကတော့ မိဘအားကိုးတာ၊ ယောက်ျားအားကိုးတာထက်စာရင် အခုလို Independent တွေ ဖြစ်လာကြတာကို ကြိုက်တယ်။ သူတို့ကိုလည်း အဲဒီလိုမျိုးလေး ဆက်ပြီး ကြိုးစားကြစေချင်တယ်။ နေရာတစ်နေရာရောက်လို့ အရမ်းပင်ပန်းလာတဲ့အခါကျရင်လည်း လုံးဝလက်လျှော့လိုက်တာမျိုးမဟုတ်ဘဲ ပင်ပန်းတိုင်းနားလိုက် ပြီးရင် ပြန်ဆက်လျှောက်လိုက် လုပ်နေပါလို့။”

ဒီတစ်လရဲ့ MODA Woman အစီအစဉ်မှာတော့ နည်းပညာလုပ်ငန်းမှာ ကျင်လည်ရင်း ဘဝကို အကောင်းဆုံး ဖြတ်ကျော်နေတဲ့ မစန္ဒီစိန်သိန်းအကြောင်းကို အခုလို ဖော်ပြပေးလိုက်ပါတယ်။ MODA ရဲ့ ပရိသတ်တွေအားလုံးလည်း သူမ ဖြတ်ကျော်ခဲ့ရတဲ့ ဘဝလမ်းကြောင်းတွေကို ဖတ်ရှုရင်း စိတ်ခွန်အားတွေ တိုးတက်လာကြပါစေလို့ တောင်းဆုပြုလိုက်ပါတယ်နော်။


People

ကိုယ့်မင်္ဂလာဆောင်လို သက်ဝင်ခံစား စီမံပေးတတ်တဲ့ WEDDING PLANNER AYE THIDAR WIN AUNG

မင်္ဂလာဆောင်တော့မယ့် လူနှစ်ယောက်ရဲ့စိတ်ဖိစီးမှုတချို့ကို ဝေမျှယူလိုက်သူ

by Kyaw Ye Lynn

March 14, 2019

Wedding Planner ဆိုတာ သတို့သားနဲ့ သတို့သမီး ဖြစ်ချင်တဲ့ မင်္ဂလာပွဲပုံစံကို သူတို့ သုံးစွဲနိုင်တဲ့ငွေပမာဏအရ 

အကောင်းဆုံးဖြစ်အောင် စီမံပေးရသူပါ။ 

သတို့သားနဲ့ သတို့သမီး လိုချင်၊ ဖြစ်ချင်တဲ့ အသေးစိတ် အချက်အလက်တွေကို တစ်ခုမှ 

ကျန်မနေစေရအောင် ပြောဆိုဆွေးနွေးနိုင်စွမ်းလည်း သူ့မှာ ရှိရပါတယ်။ 

စီမံတယ်ဆိုတာက Photographer, Videographer, Makeup Artist, Designer,

Beautician, Florist, Band, DJ, MC စတဲ့ Partner တွေနဲ့ ညှိနှိုင်းပြီး အသေးစိတ် သေချာအောင် 

ကြိုလုပ်ရတာကို ဆိုလိုတာပါ။ ဒါ့အပြင် ပွဲတက်ရောက်လာမယ့် လူအရေအတွက်ပေါ် မူတည်ပြီး 
အဆင်ပြေမယ့် ဟိုတယ်ကိုလည်း သူပဲ ရွေးချယ်ရပါတယ်။ 

ပွဲအခမ်းအနားပုံစံ ရွေးချယ်မှု၊ ဓာတ်ပုံရိုက်လို့ကောင်းမယ့်နေရာတွေ စီစဉ်ထားရှိမှု၊ အခြေအနေ 
အမျိုးမျိုးကို ကိုင်တွယ်ပြောဆိုတတ်တဲ့ MC ကို ရွေးချယ်တတ်မှု စတာတွေဟာလည်း
Wedding Planner တစ်ယောက်မှာ လိုအပ်တဲ့ အရည်အချင်းတွေပဲ ဖြစ်ပါတယ်။ 



တချို့သော ဘာသာ၊ လူမျိုးတွေရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေအရ မင်္ဂလာပွဲတစ်ခုမှာ ဘာတွေက လုပ်သင့်ပြီး ဘာတွေက ရှောင်ကြည်ရမယ်ဆိုတာကိုလည်း လေ့လာသိရှိထားဖို့ လိုပါသေးတယ်။ 

မျှော်လင့်မထားတဲ့အခြေအနေတွေ ကြုံလာခဲ့ရင် မင်္ဂလာပွဲကို မထိခိုက်အောင် Back-up Plan တွေလည်း သူပဲ ကြိုတင်စီစဉ်ထားရတာပါ။ 

ဆိုရရင် မင်္ဂလာဆောင်တော့မယ့် လူနှစ်ယောက်ရဲ့စိတ်ဖိစီးမှုတချို့ကို ဝေမျှယူလိုက်သူဆိုလည်း မမှားပါဘူး။

ဖေဖော်ဝါရီလဟာ မင်္ဂလာပွဲတွေ အများဆုံး ကျင်းပလေ့ရှိတဲ့ လတစ်လဖြစ်တဲ့အပြင် တချို့ဆို ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ကျရောက်တဲ့ ဗလန်တိုင်းနေ့မှာမှ တကူးတက ရွေးချယ်ကာ မင်္ဂလာဆောင်လေ့ ရှိပါတယ်။ 

ဒါကြောင့်မို့ ဒီလရဲ့ MODA WOMAN ကို Signature Wedding & Event Planning ရဲ့ Founder လည်း ဖြစ်၊ Wedding Planner တစ်ယောက်လည်း ဖြစ်တဲ့ မအေးသီတာဝင်းအောင်ကို ရွေးချယ်ကာ တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတော့တယ်။


ဘယ်လိုအကြောင်းတရားတွေက အစ်မကို Wedding Planner တစ်ယောက် ဖြစ်စေခဲ့တာလဲ။

ငယ်ငယ်ကတည်းကပဲ စပြောရမယ် ထင်တယ်။ ငယ်ငယ်ကပဲ မင်္ဂလာဆောင်တွေ သွားရတာကို သဘောကျတယ်။ သတို့သမီးတွေ သတို့သားတွေ ဝတ်ထားတဲ့ အဝတ်အစားတွေ၊ လက်ဝတ်ရတနာတွေကအစ သေသေချာချာ ကြည့်နေတတ်တယ်။ အရွယ်ရောက်လို့ အလုပ် စလုပ်ဖြစ်ရင် Wedding Planner တစ်ယောက်အဖြစ် လုပ်ဖို့ စဉ်းစားမိခဲ့တယ်။ Jennifer Lopez သရုပ်ဆောင်ထားတဲ့ The Wedding Planner ရုပ်ရှင်ကို ကြိုက်ခဲ့တာလည်း ပါတာပေါ့။

ကျောင်းတက်ခဲ့တာက ဒီအလုပ်ကို အထောက်အကူ ပြုတယ်လို့ ထင်သလား။

ကျောင်းတက်ခဲ့တဲ့ ဘာသာရပ်နဲ့ ဒီအလုပ်က သိပ်မဆိုင်ပေမယ့် လုပ်ရင်းနဲ့ သင်၊ သင်ရင်းနဲ့ လုပ် တတ်သွားတာပါပဲ။ တစ်နှစ်နဲ့ တစ်နှစ် မတူဘဲ ပြောင်းလဲသွားတဲ့ Fashion Trend တွေကိုတော့ အမြဲလိုလို စောင့်ကြည့်ခဲ့ရတာပေါ့။ အတွေ့အကြုံတွေကနေပဲ အများကြီး သင်ယူခဲ့ရတယ်။ အများကြီး စိတ်ရှည်ခဲ့ရတယ်။ စိတ်ထိခိုက်ခဲ့ရတာတွေလည်း အများကြီး ရှိတယ်။

ဒါဆိုရင် ဒီအလုပ်ကို ဆက်မလုပ်ချင်တော့ဘူးဆိုတဲ့အချိန်တွေ ရှိခဲ့သလား။

ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒီ Career က ဝါသနာလည်း ဖြစ်နေတော့  ဘယ်လိုပဲဖြစ်ဖြစ် အားတင်းခဲ့ရပါတယ်။  တစ်ခါတလေကျရင်လည်း  ကိုယ် လုပ်လိုက်လို့ သတို့သမီးအတွက်က  စိတ်ညစ်စရာတစ်ခု ဖြစ်သွားစေခဲ့တယ်ဆိုရင်တောင်  ကိုယ့်ဘာသာကိုယ် စိတ်ထိခိုက်မိတယ်။  နောက်နေ့ကျရင် ဒီအလုပ်ကို ဆက်မလုပ်တော့ဘူးဆိုတဲ့စိတ်တွေလည်း ဖြစ်ခဲ့ဖူးတယ်။ ဒါပေမဲ့ ရက်နည်းနည်း ကြာသွားတဲ့အခါကျ နောက်တစ်ပွဲဆိုရင် ပိုကောင်းအောင် ငါ လုပ်နိုင်တာပဲလို့ တွေးမိတယ်။ ဒီလို စိတ်ဖြေခဲ့ရင်းနဲ့ပဲ ပိုကြိုးစားဖြစ်ခဲ့တယ်။



အသေအချာ ကြိုတင်စီစဉ်ခဲ့ပါလျက်နဲ့ကို ဘယ်လိုအမှားတွေ ကြုံခဲ့ဖူးသေးလဲ။

အလုပ်လုပ်ရင်တော့ အမှား မရှိဘူးဆိုတာ မဖြစ်နိုင်ဘူးလေ။ ဒါပေမဲ့ ရာခိုင်နှုန်းအားဖြင့် ပြောပါဆို ၉၀ ရာခိုင်နှုန်း အောင်မြင်ရင်ကို အစ်မ စိတ်ကျေနပ်မှုရတယ်။

Wedding Planner တစ်ယောက်မှာ ရှိသင့်တဲ့ အရည်အချင်းတွေ ရှိလာအောင် ဘယ်လိုလေ့လာဖြည့်တင်းခဲ့လဲ။ အတွေ့အကြုံတွေကို ဝေမျှပေးပါဦး။

အဓိကကတော့ အတွေ့အကြုံတွေပါပဲ။ အစ်မတို့မှာ Wedding ပွဲတွေ စီစဉ်တဲ့အခါ လွယ်ကူအဆင်ပြေဖို့ To Do Lists ထားပေးတယ်။ Wedding Planner တစ်ယောက်ရဲ့  အရည်အချင်းတွေကတော့  မင်္ဂလာပွဲတွေကို အောင်မြင်အောင်  စီစဉ်ပေးရတာပဲ။  အဓိကကတော့  ယုံကြည်မှုနဲ့ အချိန်ပေးနိုင်ဖို့ပါ။ အစ်မကို ယုံကြည်ပြီး မင်္ဂလာပွဲ စီစဉ်ဖို့ လာအပ်တဲ့ Couple တွေနဲ့ Family တွေကိုလည်း သူတို့ စိတ်မပျက်အောင် အသေးစိတ် အစီအစဉ်တွေ ဆွဲပြီး Wedding Industries တစ်ခုလုံး ပူးပေါင်းဆောင်ရွက်ပေးရတာပေါ့။

ပွဲတွေ အများကြီး စီစဉ်တတ်လျက်သားနဲ့ Event တွေ အစုံ စီစဉ်တဲ့ Planner မလုပ်ဘဲ Wedding Planner အဖြစ် တစ်လိုင်းတည်းကို ဘာလို့ ရွေးချယ်ဖြစ်ခဲ့တာလဲ။

အစ်မ အရှေ့မှာ ဖြေခဲ့သလိုပါပဲ။ Decoration လှလှလေးတွေနဲ့ သတို့သမီးလှလှလေးတွေ မြင်ရင် စိတ်ချမ်းသာတယ်။ သတို့သား သတို့သမီးတွေနဲ့ စကားပြောရတာကိုကျ ကြိုက်တယ်။ အဓိကက သတို့သား သတို့သမီးတွေရဲ့ စိတ်ဖိစီးမှုကို မျှယူပေးလိုက်တဲ့သဘောပါပဲ။
Event တချို့ကိုတော့ အစ်မ စီစဉ်ပေးဖူးတယ်။ အစ်မတို့ကို ယုံကြည်ပြီး ကမ်းလှမ်းလာတဲ့ ကုမ္ပဏီတွေနဲ့ လက်တွဲဖြစ်တယ်။ လာအပ်ရင် အစ်မ လုပ်ပေးနိုင်တဲ့အတိုင်းအတာကို ပြောပြတယ်။ စိတ်တိုင်းကျရင် အစ်မနဲ့ လုပ်ပေါ့။

Signature Wedding & Event Planning လို့ နာမည်ပေးဖြစ်ခဲ့ပုံနဲ့ စဖွင့်ဖြစ်ခဲ့တဲ့ ခုနှစ်ကို သိပါရစေ။

မင်္ဂလာဆောင်တဲ့အခါ Signing လုပ်ရတာမို့ Signature Wedding & Event Planning လို့ နာမည်ပေးဖြစ်ခဲ့တာ။ စဖွင့်ခဲ့တာကတော့ ၂၀၁၂၊ နိုဝင်ဘာလမှာပါ။



အတူတူ လက်တွဲလုပ်ရတဲ့ အဓိက Partner တွေက . . . ။

အဓိက Partner တွေက Photographer, Makeup Artist, Designer, MC, DJ, Band, Installation လုပ်တဲ့လူတွေ၊ Lighting နဲ့ Sound System ကို ကိုင်တဲ့လူတွေပေါ့။ ပြီးရင် အဆင်ပြေမယ့် ဟိုတယ်ကို ရွေးချိတ်ရတယ်။

အလုပ်အများဆုံးလတွေက . . . 

နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီ။

၂၀၁၂ ကနေ ၂၀၁၉ အထိ မင်္ဂလာပွဲပေါင်း ဘယ်နှပွဲအထိ စီစဉ်ပေးခဲ့ဖူးပြီလဲ။

တစ်နှစ်မှာ ပျမ်းမျှအားဖြင့် ပွဲပေါင်း ၂၀ လောက် စီစဉ်ပေးရတယ်။ အခုဆို ပွဲ ၁၀၀ ကျော်ခဲ့ပါပြီ။

စီစဉ်ရတာတွေထဲမှာ စိတ်ချမ်းသာရတဲ့အပိုင်းက ဘယ်အပိုင်းများလဲ။

Decoration ပိုင်းမှာ ပန်းတွေ လိုက်ထိုးပေးရတဲ့အခါ စိတ်ချမ်းသာတယ်။ ဝတ်စုံ စီစဉ်တဲ့အခါ အကြံပေးရတာကိုလည်း ကြိုက်တယ်။

စိန်ခေါ်မှုအမြင့်ဆုံးအပိုင်းဆိုရင်ကော . . . ။

အခုလက်ရှိမှာတော့ ခက်ခဲတယ်ဆိုတာ မရှိတော့ဘူး။ ညှိနှိုင်းပြောဆိုရတာတွေကလည်း လုပ်တာကြာလာတော့ ကောင်းကောင်း လုပ်တတ်သွားပြီ။ မာမီကျော် ပြောဖူးတာ ရှိတယ်။ " Client ကို မဖြစ်နိုင်ဘူးလို့ မပြောနဲ့။ ဒီလိုကတော့ အဖြစ်နိုင်ဆုံး လုပ်လို့ရတယ်လို့သာ ပြောပါ " တဲ့။ တချို့ Client တွေက စိတ်ဆတ်တယ်။ ကိုယ့်ဆီ ရောက်လာပေမယ့် ကိုယ့်ကို မယုံကြည်တာတွေ ရှိတယ်။ အဲဒါကို ယုံကြည်လာအောင် ကိုယ့်အပြောအဆိုနဲ့ လုပ်လို့ရတယ်ဆိုတာမျိုးတွေပေါ့။



ဦးလေးက သင်ပြဖူးတာလည်း ရှိတယ်။ " အောင်မြင်ဖို့က လွယ်တယ်။ အောင်မြင်တာကို ဆက်ထိန်းထားဖို့ကပဲ ခက်တာ " တဲ့။ အဲဒါကြောင့် အစ်မလည်း ကြိုးစားသထက် ပိုပိုပြီး ကြိုးစားနေပါတယ်။

ကိုယ် စီစဉ်ထားသလို ဖြစ်မလာခဲ့ရင်ဆိုပြီး Back-up Plan တွေ လုပ်ထားတတ်သလား။

လုပ်ထားတတ်တယ်။ အဲဒါကို သင်ပေးတဲ့လူလည်း ရှိလို့လေ။ တကယ်လို့ Plan A ဆိုတာက ထင်သလို မဖြစ်ခဲ့ရင် အဆင်ပြေအောင် Plan B ကို လုပ်ကိုလုပ်ထားရတယ်။ MC ကို တစ်ယောက်ပဲ စီစဉ်ပြီးကာမှ သူက ဖျက်လိုက်လို့ နောက်တစ်ယောက်ကို ချက်ချင်းတော့ မရနိုင်ဘူးပေါ့။ ဒါမျိုးကျ သေချာအောင် Booking ကြိုချိတ်ပြီးကို လုပ်ထားရတာ။

တစ်နေ့တည်း တစ်ချိန်တည်းမှာ ပွဲနှစ်ပွဲ သုံးပွဲ စီစဉ်ဖူးတာမျိုး ရှိခဲ့လား။

တစ်နေ့တည်းမှာ နှစ်ပွဲဆိုရင် First Customer ရဲ့ပွဲကို ဦးစားပေးပြီး သွားတယ်။ Second Customer ဆီကိုကျ ရုံးက တခြားလူတွေ သွားတာပေါ့။ တစ်နေ့တည်းပေမယ့် အချိန် မတူရင်တော့ အဆင်ပြေပါတယ်။ အဲဒါမျိုးက သုံးပွဲအထိတောင် စီစဉ်ဖူးတယ်။ လာမယ့် ဇန်နဝါရီ ၁၉ ရက်မှာဆို မနက် ၁၀ နာရီကနေ ၁၂ နာရီအထိက တစ်ပွဲ၊ နေ့လယ် ၁ နာရီကနေ ၃ နာရီအထိက တစ်ပွဲနဲ့ ညနေ ၆ နာရီကနေ ည ၉ နာရီအထိက တစ်ပွဲ။ သုံးပွဲ ဆက်တိုက် ပြီးရင်တော့ နောက်နေ့ကျ အစ်မ တစ်နေကုန် နားပြီလေ။

LGBT တွေ လက်ထပ်တဲ့မင်္ဂလာပွဲမျိုးကော စီစဉ်ပေးခဲ့ဖူးလား။

စီစဉ်ဖူးတယ်။ နာမည်တော့ မပြောတော့ပါဘူး။ အစ်မနဲ့ ခင်နေတာကြောင့် စီစဉ်ပေးဖြစ်ခဲ့တာပါ။ သူတို့ မွေးနေ့ ကျင်းပပေးနေရင်းနဲ့ လက်စွပ်ကို Surprise အဖြစ်လုပ်တာကိုလည်း အစ်မပဲ စီစဉ်ပေးဖြစ်ခဲ့တာ။

မှတ်မှတ်ရရအဖြစ်ဆုံး မင်္ဂလာပွဲဆိုရင်ကော ဘယ်ပွဲကို ရွေးပြောချင်သလဲ။

ရွေးပြောရမှာ ခက်လိုက်တာ။ ဒါပေမဲ့ ပျော်လည်း ပျော်ရ၊ စိတ်ဖိစီးမှုလည်း အများကြီးရ၊ အောင်မြင်ပြီး စိတ်ကျေနပ်မှုလည်း ရတဲ့ ပွဲတစ်ပွဲ ရှိတယ်။ ပွဲတက်လာတဲ့လူတွေကလည်း အရမ်း သဘောကျတယ်လို့ ထုတ်ပြောကြတယ်။ Inya Lake မှာ ကျင်းပတဲ့ Naw Naw နဲ့ Pan Pan တို့ မင်္ဂလာပွဲပေါ့။ သူတို့က အစ်မ အဆင်ပြေသလို အကောင်းဆုံး လုပ်ပေးပါတဲ့။

အဲဒီတုန်းက Dancing Floor ပတ်ပတ်လည်မှာ ပန်းတိုင်ကြီးတွေ ရှိတယ်။ အစ်မက တိုင်တွေမှာ မီးပန်းတွေကို ပြောင်းပြန်တွေ ချထားလိုက်တယ်။ Firework ဆိုတာ အောက်ကမှ အပေါ်ကို တက်တာလေ။ အဲဒါကို ပြောင်းပြန်လုပ်ပစ်လိုက်တာ။ အရင်က Event တချို့မှာ ဒါမျိုး လုပ်ခဲ့ဖူးပေမယ့် မင်္ဂလာပွဲမှာကျ ဒါက ပထမဆုံးအကြိမ် လုပ်ဖူးတာ။ ပွဲတက်လာသူတွေက အရမ်း Surprise ဖြစ်ကြတယ်။



လေးစားအားကျရတဲ့ Wedding Planner တွေကိုလည်း ပြောပြပါဦး။

ATDWA. ရုရှားက Wedding Planner တစ်ယောက်ကို အရမ်းကြိုက်တယ်။ Kseniaa Fan Asyeva တဲ့။ သူက သူ စီစဉ်တဲ့ မင်္ဂလာပွဲမှာ အသားပေးထားတဲ့အရောင်ကို မူတည်ပြီး သူကိုယ်တိုင် သူ့ဝတ်စုံကိုပါ ပြင်ဆင်ဝတ်တတ်တာလေ။

အစ်မကိုယ်တိုင်ကော ပွဲတစ်ပွဲကို တက်ရောက်တော့မယ်ဆိုရင် ဘာတွေကို ဦးစားပေးပြင်ဆင်တတ်သလဲ။

အဝတ်အစားနဲ့ လက်ဝတ်ရတနာကိုပဲ ဦးစားပေးစီစဉ်တတ်တယ်။ လိမ်းခြယ်တာတွေကိုတော့ အစ်မကိုယ်တိုင်ပဲ လုပ်ဖြစ်တယ်။ သိပ်လည်း ထွေထွေထူးထူး မလိမ်းခြယ်တတ်သူဆိုတော့လေ။

စိတ်ဖိစီးမှုတွေ များပြီး စိတ်ဓာတ်ကျတာမျိုးတွေ ဖြစ်တတ်သလား။

အစ်မ စီစဉ်တဲ့ Decoration Design တွေ လွဲမှားမှုမရှိအောင် ဂရုစိုက်ရတယ်။ ပွဲတစ်ပွဲကို တစ်ပတ်လောက် စီစဉ်ရတာဆိုတော့ စိတ်ထဲ အလုပ်အကြောင်းကို အများကြီး တွေးမနေမိတဲ့နေ့ရယ်လို့တောင် မရှိပါဘူး။

အစ်မ ဘယ်နှခုနှစ်မှာ အိမ်ထောင်ကျခဲ့တာလဲ။ မင်္ဂလာပွဲကိုကော တခြားစီစဉ်သူဆီ အပ်ခဲ့တာလား၊ ကိုယ်တိုင်ပဲ စီစဉ်တာလား။

၂၀၁၆ မှာ အစ်မ လက်ထပ်ခဲ့တယ်။ မင်္ဂလာပွဲကို တစ်လတည်းနဲ့ ကိုယ်တိုင် စီစဉ်ခဲ့တာ။ Partner တွေ အကုန်လုံးကလည်း ကူညီကြတယ်လေ။

Wedding Planner ဖြစ်ချင်သူတွေအတွက် အကြံပြုစကားလေး ပြောပေးပါဦး။

ကိုယ့်ကိုယ်ကိုယ် အတော်ဆုံးလို့ သတ်မှတ်မထားပါနဲ့။ ကိုယ်သာလျှင် အတော်ဆုံး၊ ကိုယ်သာလျှင် အကောင်းဆုံးလို့ သတ်မှတ်လိုက်ရင် တကယ်ပြည့်ဝတဲ့လူ ဖြစ်မလာနိုင်တော့ဘူး။ အများ ဝေဖန်ပြောဆိုတဲ့စကားတွေကို နားထောင်ပြီး ပြင်ဆင်ကြိုးစားတတ်သူဖြစ်အောင်လည်း လုပ်စေချင်တယ်။







People

ဇရာကို အန်တုပေးနေသော CLINIC DE NOVO ရဲ့ MANAGING DIRECTOR KHAING MON OO

De Novo ဆိုတာ လက်တင်ကနေ ဆင်းသက်လာတဲ့ ဝေါဟာရတစ်ခုဖြစ်ပြီး အဓိပ္ပာယ်က အသစ်တစ်ဖန် ပြန်လည်မွေးဖွားလာခြင်း

by Aung Lynn Thit

February 6, 2019

လူတိုင်းမှာ ပင်ကိုအလှဆိုတာ ရှိပြီးသား ဖြစ်ပေမယ့် တချို့က မတူညီတဲ့အလှတစ်မျိုးနဲ့ ပိုလှသွားချင်ကြတယ်။

လောကဓံကြောင့် ဖြစ်လာတဲ့ ခန္ဓာကိုယ်ယိုယွင်းမှုတွေ၊ ရာသီဥတုအပြောင်းအလဲတွေကြောင့် ဖြစ်လာတဲ့ အသားအရေပျက်စီးမှုတွေနဲ့ ဇရာကြောင့် ဖြစ်လာတဲ့ ရင့်ရော်မှုတွေကို အန်တုလိုကြတယ်။

စိတ်ရဲ့နုပျိုမှုတွေကိုသာမကဘဲ ခန္ဓာကိုယ်ရဲ့နုပျိုမှုတွေကိုပါ ရေရှည်ထိန်းသိမ်းထားလိုလာကြတဲ့အခါ နေထိုင်စားသောက်မှုပုံစံတွေကို ပြောင်းလဲပစ်ရုံတင်မကတော့ဘဲ Aesthetic ဆေးခန်းတွေအထိပါ သွားရောက်ကာ ဘာတွေ လုပ်သင့်တယ်ဆိုတာကို ဆွေးနွေးတိုင်ပင်ပြီး ပြုပြင်ကုသမှုတွေ ခံယူကြတယ်။

ပြုပြင်ကုသမှုတွေကို တချို့က ပြည်ပအထိ သွားလုပ်ကြပေမယ့် တချို့ကတော့ ပြည်တွင်းမှာတင် လုပ်ကြတယ်လို့ MODA Dream Team ထဲက ကျွန်တော့်ရဲ့လုပ်ဖော်ကိုင်ဖက်ဖြစ်သူ ရဲရင့်ပိုင်ဦးက ပြောပြတယ်။

ဒါဆိုရင် ပြည်တွင်းက ဆေးခန်းတစ်ခုလောက် ပြောပြပါဦးဆိုတော့ သူက Clinic De Novo ရဲ့ Managing Director ဖြစ်သူ မခိုင်မွန်ဦးရဲ့ ဖုန်းနံပါတ်ကိုပါ ပြောပြလာတယ်။

ဆေးခန်းနာမည်က De Novo တဲ့။

De Novo ဆိုတာ လက်တင်ကနေ ဆင်းသက်လာတဲ့ ဝေါဟာရတစ်ခုဖြစ်ပြီး အဓိပ္ပာယ်က အသစ်တစ်ဖန် ပြန်လည်မွေးဖွားလာခြင်းတဲ့။

Aesthetic & Plastic Surgery Center တစ်ခုရဲ့အမည်အနေနဲ့ တကယ်ကို လိုက်ဖက်သင့်တော်တဲ့အမည်မို့ ကျွန်တော် သဘောကျမိသွားတယ်။

နှစ်သစ်ရဲ့ပထမဦးဆုံးလမှာ ထည့်ဖို့က ပိုတောင် အဆင်ပြေမှာမို့ မခိုင်မွန်ဦးကို ဖုန်းဆက်ပြီး အဆင်ပြေမယ့်ရက်ချိန်းကို ယူဖြစ်ခဲ့တယ်။

အင်တာဗျူးမယ့်အခန်းထဲ ကျွန်တော် စာဖတ်နေတုန်းမှာ ကျက်သရေရှိတဲ့အလှတစ်မျိုးနဲ့ အမျိုးသမီးတစ်ဦး ဝင်လာတယ်။

" အစ်မက မခိုင်မွန်ဦးပါ။ မောင်လေးက MODA က Executive Editor ထင်တယ် " ဆိုတော့ ကျွန်တော်လည်း ထပြီးနှုတ်ဆက်ရင်းနဲ့ အစ်မရဲ့အလှအကြောင်းကို စကားလက်ဆုံကျတဲ့အထိ ပြောမိသွားတော့တယ်။

ဘာတစ်ခုမှ မလိမ်းခြယ်ရသေးဘဲ တကယ်ကို ကြည်လင်တဲ့အလှတစ်မျိုးနဲ့ လှနေတာဟာ ပါးစပ်ကနေ ထုတ်ပြောပြီး မချီးမွမ်းဘဲ မနေနိုင်လောက်အောင်ပါ။

အစ်မကလည်း ပြန်ပြောပြပါတယ်။

Aesthetic ပိုင်းဆိုင်ရာ အများစုကို သူ လုပ်ခဲ့ဖူးပြီး နှုတ်ခမ်းနဲ့ မေးစေ့ကို Filler ထိုးထားကြောင်း၊ လေဆာနဲ့ လုပ်ဖူးကြောင်း၊ ကြိုးထိုးဖူးကြောင်း၊ လက်ရှိမှာ သက်သတ်လွတ်စားပြီး ခန္ဓာကိုယ်ထဲ အက်စစ်ဓာတ် မများအောင် လျှော့ချဖြစ်နေကြောင်း၊ အရွက်တွေ များများစားပြီး Clean Protein ကို စားသုံးနေသူဖြစ်ကြောင်း၊ ကိုယ်တိုင်က ကိုယ့်ဆေးခန်းမှာ ပြုပြင်ကုသမှု ခံယူဖူးမှ Customer တွေရဲ့ယုံကြည်စိတ်ချမှုကို ရမှာမို့ ဒီလိုကုသမှုတွေ ခံယူခဲ့တာဖြစ်ကြောင်း စသဖြင့်ပေါ့။

သူ့စကားတွေ နားထောင်နေရင်းနဲ့ ကျွန်တော် အသံဖမ်းစက်ကို ထုတ်ယူလိုက်တယ်။

" အခုကိုပဲ စလိုက်ကြတော့မလား အစ်မ " ဆိုတော့ သူကလည်း မဆိုင်းမတွဘဲ " အဆင်သင့်ပါပဲရှင် " လို့ ယဉ်ကျေးဖော်ရွေစွာ ပြန်ဖြေတယ်။

အဲဒီနောက်တော့ သူ့ကိုယ်သူယုံကြည်မှုအပြည့်ရှိတဲ့အကြည့်တွေနဲ့ ရဲရင့်စွာ စကားဆိုချင်နေတဲ့နှုတ်ခမ်းတွေကနေ စိတ်ဝင်စားစရာ အဖြေတွေ ထွက်ကျလာတော့တယ်။

The Clinic De Novo Aesthetic & Plastic Surgery Center ကို စဖွင့်ဖို့ စဉ်းစားမိခဲ့တာကနေ စလိုက်ကြမယ်နော် အစ်မ။

ဒီအလုပ် မလုပ်ခင်တုန်းက အစ်မ တခြားစီးပွားရေးတွေ လုပ်ခဲ့တယ်။ တခြားစီးပွားရေးနဲ့ပတ်သက်တဲ့ Business Partner တွေထဲမှာ ဆရာဝန်တွေ ရှိတယ်။ ဒါနဲ့ နောက်ထပ် ဘယ်လိုအလုပ်မျိုး ထပ်လုပ်ရင် ကောင်းမလဲလို့ စဉ်းစားကြည့်တော့ အလှအပနဲ့ပတ်သက်ပြီး ပြုပြင်ဖို့ကို နိုင်ငံခြားအထိ သွားလုပ်နေကြသူတွေ ရှိတာ သတိထားမိသွားတယ်။ Business Partner တွေထဲက ဆရာဝန်တွေနဲ့ တိုင်ပင်ကြည့်တော့ သူတို့ကလည်း စိတ်ဝင်စားတယ်။ လွန်ခဲ့တဲ့ သုံးနှစ်ခွဲလောက်တုန်းက နိုင်ငံခြားနဲ့ ရင်ဘောင်တန်းပြီး Service ပေးနိုင်တဲ့ Clinic မျိုး မြန်မာနိုင်ငံမှာ မရှိသေးဘူး။ ဒါကြောင့်ပဲ Clinic De Novo ကို စလုပ်ဖြစ်ခဲ့တာ။

Clinic Denovo ရဲ့ Managing Director တစ်ယောက်အနေနဲ့ ဘယ်လိုတာဝန်ယူခဲ့ရတယ်ဆိုတာတွေလည်း ပြောပြပါဦး။

စတင် အကောင်အထည်ဖော်ကတည်းက MD တစ်ယောက်အနေနဲ့ အစ်မပဲ ဦးစီးပြီး ဘယ်လိုဆေးခန်းမျိုး လုပ်မလဲ၊ ဘယ်နေရာမှာ ဖွင့်မလဲ၊ ဘယ်လိုဝန်ဆောင်မှုတွေ ပေးနိုင်တဲ့အထိ လုပ်မလဲ၊ ပေးမယ့် ဝန်ဆောင်မှုတွေပေါ် မူတည်ပြီး ဘယ်လိုစက်တွေပေါ်မှာ ရင်းနှီးမြှုပ်နှံမလဲဆိုတာတွေအထိ စဉ်းစားခဲ့ရတယ်။ Investment Capital တွက်ခဲ့ရတယ်။ Financial Modelling ဆွဲခဲ့ရတယ်။ စစချင်းမှာ Business Development ပိုင်းကိုပဲ ဦးစားပေး လုပ်ခဲ့တယ်။

တကယ်ကို သေချာပေါက် အကောင်အထည်ဖော်ဖြစ်တော့မယ်ဆိုတော့ နိုင်ငံခြားအထိ သွားပြီး ဝယ်ရမယ့်စက်တွေကို လေ့လာခဲ့တယ်။ နိုင်ငံခြားက အရေပြားအထူးကုဆရာဝန်တွေနဲ့ တွေ့ဆုံမေးမြန်းရတယ်။ ပြီးမှ သူတို့တွေ ထောက်ခံချက်ပေးတဲ့စက်တွေကို Supplier ရှာပြီး ဝယ်ဖြစ်ခဲ့တာ။ သူတို့က နှစ်နဲ့ချီပြီး လုပ်ခဲ့တဲ့ Aesthetic ဆရာဝန်တွေဆိုတော့ သူတို့အကြံပေးတဲ့အတိုင်း အစ်မတို့နိုင်ငံနဲ့ ပိုအဆင်ပြေမယ့် စက်တွေကို ဝယ်ယူဖြစ်ခဲ့တယ်။

Aesthetic ဆေးခန်းတစ်ခုရဲ့အသက်လို့ ပြောနိုင်တာ နှစ်ခု ရှိတယ်။

ပထမတစ်ခုက ဆရာဝန်တွေရဲ့ ကျွမ်းကျင်မှု။ ဒုတိယတစ်ခုကတော့ အဲဒီဆရာဝန်တွေ သုံးတဲ့စက်တွေနဲ့ ဆေးတွေပဲ။ အစ်မတို့က ဒီနှစ်ခုစလုံးကို အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ပြီးမှ စဖွင့်ဖြစ်ခဲ့တာပါ။ စဖွင့်ဖို့ ပြင်ဆင်ခဲ့ချိန်ကကို ရှစ်လ ကြာခဲ့တယ်။ ၂၀၁၆၊ အောက်တိုဘာမှာ Soft Opening လုပ်ဖြစ်ခဲ့တယ်။ Grand Opening ကိုကျ ၂၀၁၇၊ ဇန်နဝါရီမှာမှ လုပ်ဖြစ်ခဲ့တာ။

Clinic De Novo ဆိုတဲ့အမည်ကို ပေးဖြစ်ခဲ့ပုံနဲ့ Logo အကြောင်းကိုလည်း သိပါရစေ။

နာမည်ပေးဖို့အတွက် အဖွဲ့လိုက် စဉ်းစားခဲ့ကြတယ်။ De Novo ဆိုတာ လက်တင်ကနေ ဆင်းသက်လာတဲ့ ဝေါဟာရတစ်လုံးပါ။ အဓိပ္ပာယ်က အသစ်တစ်ဖန် ပြန်လည်မွေးဖွားလာခြင်းတဲ့။ လိုဂိုသငေ်္ကတကိုလည်း Aesthetic နဲ့ဆိုင်တဲ့ လိုဂိုပဲ ရွေးဖြစ်ခဲ့ကြတယ်။ အစ်မတို့ အလုပ်က ဇရာကို အန်တုပေးရတာဆိုတော့ ဆေးခန်းကို ရောက်လာပြီး ပြန်ထွက်သွားတာနဲ့ Customer တွေ လုပ်ချင်တဲ့အပိုင်းတွေမှာ Renew ပြန်ဖြစ်သွားရမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဒီနာမည်ကို ရွေးဖြစ်ခဲ့တာပါပဲ။

အခုလက်ရှိ ဆေးခန်းမှာ ရှိတဲ့ ဆရာဝန်အရေအတွက်နဲ့ ဘယ်သူက ဘယ်အပိုင်းတွေကို တာဝန်ယူ ကုသပြုပြင်ပေးနေတယ်ဆိုတာ ရှင်းပြပေးပါဦး။

လက်ရှိမှာ ဆရာဝန် လေးယောက် ရှိတယ်။ သုံးယောက်က အရေပြားအထူးကုဆရာဝန်တွေပါ။ နောက် အလှအပပိုင်းဆိုင်ရာကို ပြုပြင်ပေးတဲ့ ကျွမ်းကျင်ဆရာဝန်လည်း ရှိတယ်။ Plastic Surgery ပိုင်းပေါ့။ သူက Reconstruction လုပ်ပေးတဲ့ဆရာဝန်ပဲ။ နောက်ထပ် ကျွမ်းကျင်ဆရာဝန်တွေနဲ့ ပူးပေါင်းသွားမယ့် အစီအစဉ်တွေလည်း ရှိပါတယ်။

ဒီမေးခွန်းက အရေးကြီးတယ်။ Clinic De Novo ရဲ့ ပထမဆုံး Customer ဖြစ်ခဲ့သူကို ပြောပြစေလိုတာပါ။

ပထမဆုံး Customer နှစ်ယောက်ကတော့ အမေနဲ့ အဒေါ်ပဲ။ (ရယ်လျက်)

ဒါဆိုရင် ဘယ်လိုစည်းရုံးခဲ့ရသလဲဆိုတာကိုပါ ထပ်မေးရတော့မယ်။

(ရယ်တာကို ရပ်ရင်းနဲ့) အမေတို့က စစချင်း ကြောက်တာ။ အစ်မက ကြောက်စရာမလိုတဲ့အကြောင်း၊ ဘာတွေပဲ လုပ်မှာမို့ စိုးရိမ်စရာကို မရှိတဲ့အကြောင်း ရှင်းပြရတယ်။ အဲဒီတော့လည်း လုပ်ဖြစ်သွားတာပဲ။ အဆင်ကို ပြေလို့။

အစ်မကော ကြောက်တတ်သလား။ ဘာတွေ ကုသပြုပြင်ခဲ့ဖူးသလဲ။

အစ်မလည်း သေချာ မသိခင်တုန်းက ကြောက်တတ်ခဲ့တယ်။ ပထမဆုံး ကြိုးထိုးရမယ်ဆိုတုန်းက နာမှာလား၊ အသားထဲမှာ တစ်ခုခု ဖြစ်မှာလားဆိုပြီး စိုးရိမ်ခဲ့တာ။ တကယ်လုပ်တဲ့အချိန်ကျ ကြိုးထိုးတာတောင် မသိလိုက်ဘူး။ နာလည်း မနာဘူး။ အစ်မကတော့ အနည်းနဲ့အများ ကိုယ်တိုင် လုပ်ကြည့်ခဲ့ရတာပဲ။ အဲဒါမှ Customer တွေကို အစ်မကိုယ်တိုင် ဘာတွေ ပြုပြင်ခဲ့ဖူးတယ်ဆိုတာ ပြောပြနိုင်တာလေ။

Aesthetic ပိုင်းဆိုင်ရာတွေမှာတော့ အကုန်လုံးနီးပါး လုပ်ဖူးတယ်။ လေဆာနဲ့လည်း လုပ်ဖူးတယ်။ ကြိုးထိုးတာလည်း လုပ်ဖူးတယ်။ နှုတ်ခမ်းမှာရော မေးစေ့မှာပါ Filler ထိုးထားတယ်။ ခွဲစိတ်မှုပိုင်းကိုကျ ဘာလုပ်ရင် ကောင်းမလဲလို့ စဉ်းစားနေတုန်းပဲ။ မောင်လေးပဲ အကြံဉာဏ်ပေးကြည့်ပါဦး။

အစ်မက အခုလောက်နဲ့တင် တကယ်ကို လှနေပြီမို့ အကြံမပေးတော့ပါဘူး။ ဆက်ပဲ မေးတော့မယ်။ ဒီမှာ လာရောက်ကုသပြုပြင်ဖူးတဲ့ Customer တွေကကော ဘာတွေကို ကြောက်တတ်ကြသလဲ။

Aesthetic နဲ့ပတ်သက်ရင် လူတော်တော်များများက ဆေးထိုးရမှာ ကြောက်တယ်။ Botox ထိုးတာတို့၊ ကြိုးထိုးတာတို့ဆိုလည်း ကြောက်တတ်ကြတယ်။ အိမ်က မိသားစုတွေကို ပေးမသိဘဲ လာလုပ်တဲ့လူတွေဆိုလည်း မျက်နှာယောင်ကိုင်းပြီး အိမ်က လူတွေ သိသွားမှာ ကြောက်ကြတယ်။ တကယ်က ဘာမှ မဖြစ်ဘူး။ ပြီးသွားတဲ့အခါမှသာ " ဟင် . . . ဒါပဲလား " လို့ ဖြစ်သွားတတ်ကြတာ။ မလုပ်ခင် အများကြီး လျှောက်တွေးပြီး စိုးရိမ်တတ်လွန်းတာကို ကျော်ဖြတ်နိုင်ရင် ကြောက်စရာကို မရှိပါဘူး။

စဖွင့်ဖွင့်ချင်းမှာ ပေးနိုင်ခဲ့တဲ့ ဝန်ဆောင်မှုတွေနဲ့ အခုလက်ရှိအချိန်မှာ ပေးနိုင်နေပြီဖြစ်တဲ့ဝန်ဆောင်မှုတွေကို သိပါရစေ။

Treatment ကို သုံးခု ခွဲခြားထားတယ်။ ပထမဆုံးတစ်ခုက ရိုးရိုး Facial Treatment အပိုင်း။ ဆေးထိုးတာတွေ မပါဘူး။ ဒုတိယတစ်ခုက ဆေးထိုးတာနဲ့ လေဆာသုံးတာတွေ ပါလာပြီ။ တတိယတစ်ခုမှာကျ အသေးစားခွဲစိတ်မှုနဲ့ အကြီးစားခွဲစိတ်မှုဆိုပြီး နှစ်မျိုး ထပ်ခွဲထားတယ်။ ပထမနဲ့ ဒုတိယက ဆေးခန်း စဖွင့်ကတည်းက ရတယ်။ Facial Treatment မှာ မျက်နှာကို Massage လုပ်တာတို့၊ Mask အုပ်ပြီး မျက်နှာပေါင်းတင်တာတို့ ရှိတယ်။ ဒုတိယတစ်ခုကျ စက်တွေပါတယ်။ နုပျိုအောင် Botox ထိုးတာ၊ Filler ထိုးတာနဲ့ အသားအရေ တင်းရင်းနေအောင် ကြိုးထိုးတာတွေ ရှိတယ်။ လေဆာစက်ဆိုရင် အစ်မတို့ဆီမှာ သုံးခု ရှိတယ်။ ဝက်ခြံ၊ မှဲ့ခြောက်တွေ ဖျောက်တာ၊ ကုသတာတွေအထိ ရတယ်။

အသေးစားခွဲစိတ်မှုပိုင်းကို လွန်ခဲ့တဲ့ တစ်နှစ်လောက်ကမှ စလုပ်နိုင်ခဲ့တာ။ မျက်ရစ်ဖော်တာတို့၊ နှာခေါင်းတို့ မေးစေ့တို့မှာ ဆီလီကွန် ထည့်တာတို့နဲ့ မျက်အိတ်ထဲက အဆီထုတ်တာတို့ အထိပေါ့။ မျက်ရစ်ဖော်ရင် နာရီဝက် တစ်နာရီပဲ။ နှာခေါင်းကို ဆီလီကွန် ထည့်ရင် မိနစ် နှစ်ဆယ်ကြာတယ်။ ဒါတွေက လွယ်ကူလို့ အသေးစားထဲ ပါတာ။ ဆေးရုံတက်ပြီး ခွဲစိတ်ပြုပြင်ရတာတွေကျ အကြီးစားခွဲစိတ်မှု ဖြစ်သွားပြီ။ နှာခေါင်း ပြင်တာမျိုးပေါ့။ နှာခေါင်း ပွလွန်းနေတာတို့၊ နှာခေါင်း ကောက်နေတာတို့ကျ ဆီလီကွန်ထည့်လို့ မရဘူး။ သေချာ အချိန်ယူ ခွဲစိတ်ပြုပြင်ဖို့ လိုသွားပြီ။ နောက်ထပ် အကြီးစား ခွဲစိတ်မှုက မျက်နှာကို အဆီပြန်ထည့်တာတွေနဲ့ အဆီထုတ်တာတွေပေါ့။ အသက်ကြီးလာတဲ့အခါ မျက်နှာက ချိုင့်ပြီး အိုစာလာတယ်။ အဲဒီမှာ ခန္ဓာကိုယ်ထဲက အဆီကို ထုတ်ယူပြီး မျက်နှာမှာ ပြန်ဖြည့်ပေးလို့ ရတယ်။

ရင်သားကင်ဆာဖြစ်နေတဲ့အမျိုးသမီးတွေ လာလုပ်တတ်တဲ့ Treatment ကိုလည်း သိပါရစေ။

တချို့ အမျိုးသမီးလေးတွေက အသက်ငယ်ငယ်နဲ့ ရင်သားကင်ဆာဖြစ်လို့ ဖြတ်ထုတ်လိုက်ရတာတွေ ရှိတယ်။ ကင်ဆာ မရှိအောင်ဖြတ်ထုတ်လိုက်ရတဲ့အတွက် သူတို့မှာ ရင်သား မရှိတော့ဘူး။ အဲဒါကို အစ်မတို့က Plastic Surgery နဲ့ Reconstruction လုပ်ပေးတာပေါ့။

Soft Opening လုပ်ပြီးတော့ Customer တွေ ရောက်လာဖို့အတွက် ဘယ်လိုနည်းလမ်းတွေ သုံးခဲ့ရသေးသလဲ။

Soft Opening ကာလအတွင်းမှာတုန်းက ရင်းနှီးတဲ့မိတ်ဆွေတွေနဲ့ အစ်မရဲ့အမျိုးတွေကို လုပ်ပေးခဲ့တယ်။ ပြီးတဲ့အခါ သူတို့က အတွေ့အကြုံတွေ ပြောပြပြီး အကြံဉာဏ်တွေ ပေးတယ်။ အစ်မတို့က Improve ဖြစ်အောင် လုပ်တယ်။ အဲဒီတုန်းက ကြော်ငြာပိုင်းကို သိပ်မလုပ်ခဲ့သေးဘူး။ Soft Opening ပြီးလို့ ရှစ်လလောက်ကြာမှ Novotel Hotel မှာ Grand Opening လုပ်ဖြစ်တယ်။ လူ အယောက် ၅၀၀ ကျော်လောက် လာတယ်။ မီဒီယာတွေကိုလည်း သေသေချာချာ ရှင်းပြပေးနိုင်ခဲ့တယ်။ အဲဒီနောက်ပိုင်းမှ အပြင် Customer တွေ စရလာခဲ့တာ။

Customer တွေဆီက ရတဲ့တုံ့ပြန်မှုတွေအကြောင်းလည်း သိပါရစေ။

အစ်မတို့ဆီမှာ ပြုပြင်ကုသပြီးရင် မြင်သာတဲ့ပြောင်းလဲမှုနဲ့ မမြင်သာတဲ့ ပြောင်းလဲမှုဆိုပြီး နှစ်မျိုး ရှိတယ်။ ဝက်ခြံကို ကုသပြီဆို အချိန်ယူရတယ်။ တစ်ကြိမ် လုပ်လိုက်တာနဲ့ မြင်သာတဲ့ပြောင်းလဲမှုကို ရမှာမဟုတ်ဘူး။ Customer ဘက်က လနဲ့ချီပြီး စိတ်ရှည်ရတယ်။ မြင်သာတဲ့ပြောင်းလဲမှုဆိုတာကတော့ နှာခေါင်းကို ဆီလီကွန်ထည့်တာမျိုးပေါ့။ နေ့ချင်းညချင်းကို သိသိသာသာ ပြောင်းလဲသွားတာ။ ကြိုးထိုးတာလည်း ဒီလိုပဲ။ အစ်မတို့ဆေးခန်းမှာက မြင်သာတဲ့ပြောင်းလဲမှုတွေကို ကုသကြတဲ့သူတွေဆီကနေ Customer's Satisfaction ကို ပိုရတယ်။ သူတို့က ပြုပြင်ကုသမှုခံယူပြီးရင် Facebook ပေါ် တင်တယ်။ သူတို့ရဲ့သူငယ်ချင်းတွေကလည်း ကောင်းတဲ့ Comment တွေ ပေးကြတယ်။ အဲဒီအခါ သူတို့ ပျော်တာပေါ့။ ဆေးခန်းကိုလည်း ကျေးဇူးတင်နေတော့တာပေါ့။

အထက်မှာ ပြောခဲ့သလို Customer ဘက်က စိတ်ရှည်ရမှာတွေကို သေသေချာချာ ရှင်းပြထားပါလက်နဲ့ ပြဿနာဖြစ်ရတာမျိုးတွေကော ရှိခဲ့ဖူးသလား။ မှတ်မှတ်ရရ ဖြစ်ရတာမျိုးပေါ့။

Customer ရဲ့ Expectation က ဆေးခန်းက ပေးနိုင်တဲ့ Expectation ထက် မြင့်နေတဲ့အခါ ဖြေရှင်းရတာတွေ ရှိတယ်။ အဲဒါကြောင့်လည်း Consultation နဲ့ Follow Up ပိုင်းမှာ Over Promise မလုပ်မိဖို့ကို အစ်မတို့ သတိထားတယ်။ အကြီးအကျယ် ပြဿနာဖြစ်ဖူးတာမျိုးတော့ မရှိဘူး။ မှတ်မှတ်ရရဆိုလို့ ဝိတ်ကျအောင် ဆေးထိုးရတာတွေမှာပဲ ရှိတာ။ ဆေးထိုးရင် သတ်မှတ်ပေးထားတဲ့ပမာဏက ကျကိုကျတယ်။ ဒါပေမဲ့ 5 ml ပျော်ကျမယ့် ဆေးထိုးထားပြီး 5 ml ရှိတဲ့ အစားအစာတွေကို ထပ်စားနေရင် မကျတော့သလို ဖြစ်တာပေါ့။ ဝိတ်ချတယ်ဆိုတာ နှစ်ဦးနှစ်ဖက် တာဝန်ယူရတာပါ။ ကိုယ်တိုင်ကလည်း အစား ထိန်းသိမ်းပြီး အားကစားပါ လုပ်ပေးရတာမျိုးလေ။ ဒါမှ ကျရမယ့်အဆီက ကျမှာပေါ့။ ပြီးတော့ တချို့က တစ်ကြိမ် အဆီချပြီးရင် တစ်သက်လုံး အဲဒီအဆီ ကျသွားမယ်လို့ ထင်တတ်တာမျိုးလည်း ရှိသေးတယ်။

Celebrity တွေထဲက လာလုပ်တဲ့သူတွေလည်း ရှိမှာပေါ့။ တချို့က သူတို့ လာလုပ်တာကို သိစေချင်မှာမဟုတ်တာလည်း ကျွန်တော် သဘောပေါက်ပါတယ်။ ဒီတော့ နာမည် ထုတ်ပြောပြလို့ ရနိုင်လောက်မယ့်သူမျိုးဆိုရင် . . . ။

Celebrity အများစုကတော့ နာမည်ထုတ်ပြောတာကို ကြိုက်မှာမဟုတ်ဘူး။ တချို့ကကျ လာလုပ်တာနဲ့ကို Check-in တောင် ဝင်တယ်။ သူတို့ထဲကပဲ ပြောရမယ်ဆိုရင်တော့ ဟိုတစ်နေ့ကမှ Check-in ဝင်ထားတဲ့ မြတ်သူသူဇင်ပဲ။ သရုပ်ဆောင်တွေတင်မကဘဲ မော်ဒယ်လ်တွေနဲ့ Blogger တွေအထိ လာလုပ်ကြပါတယ်။ နာမည်ထည့်ပြောဖို့အတွက်ကျ ခွင့်တောင်းရမှာတွေချည်းပဲ။

အများကြီး ကြိုတင်ပြင်ဆင်ခဲ့ပါလျက်နဲ့ အမြဲလိုလို ခေါင်းခြောက်ရတဲ့ အခက်အခဲက ဘာများဖြစ်မလဲ။

အခက်အခဲဆိုလို့ Man Power ပိုင်းပဲ ရှိတယ်။ Human Resource ပိုင်းပေါ့။ ဒါကလည်း ကုမ္ပဏီ တော်တော်များများ ကြုံနေကြရတဲ့ အခက်အခဲပါပဲ။ ဝန်ထမ်းတွေ ဝင်လိုက် ထွက်လိုက် ဖြစ်နေကြတာတွေပေါ့။ ဝန်ထမ်းအသစ်တစ်ယောက် ဝင်လာတယ်။ အစ်မက တတ်သင့်တာတွေကို လေ့ကျင့်သင်ပြပေးတယ်။ အချိန်တစ်ခုရောက်တော့ ထွက်သွားတယ်။ အသစ်တွေ ထပ်ဝင်လာတော့ ထပ်သင်ရပြန်ရော။ ခေါင်းခြောက်စေတာဆိုလို့ ဒီအခက်အခဲပဲ ရှိတာ။

၂၀၁၉ မှာ Clinic De Novo အနေနဲ့ ဘယ်လိုဝန်ဆောင်မှုအသစ်တွေ ပေးသွားဖို့ အစီအစဉ် ရှိပါသလဲ။

အစ်မတို့အနေနဲ့ အကြီးစား ခွဲစိတ်မှုတွေအထိ လုပ်နိုင်ဖို့ ကြိုးစားနေတယ်။ အခုထိက အကြီးစားခွဲစိတ်မှုတွေကို နိုင်ငံခြားအထိ သွားလုပ်နေကြရသေးတာလေ။ ကုန်ကျစရိတ်က အနည်းဆုံး သိန်းတစ်ရာအထက်ပဲ။ ခရီးသွားရတဲ့အချိန်နဲ့ ဒဏ်ကလည်း ရှိသေးတယ်။ ဒါကြောင့် ကိုယ့်နိုင်ငံထဲမှာပဲ အကြီးစားခွဲစိတ်မှုတွေ လုပ်နိုင်အောင် အစ်မတို့ ကြိုးစားနေတယ်။

မြန်မာပလာဇာမှာ ဖွင့်ထားတဲ့ Heguru Yangon Center ကိုလည်း အစ်မ စလုပ်ခဲ့တာလို့ သိရတယ်။ အဲဒီအကြောင်းလည်း အနည်းငယ် ပြောပြပါဦး။

Heguru က ကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို အဓိထားပြီး လေ့ကျင့်ပေးတဲ့ကျောင်းပါ။ ခြောက်လသားအရွယ်ကနေ ဆယ့်တစ်နှစ်အရွယ်အထိ တက်လို့ရတယ်။ Franchise အနေနဲ့ ယူပြီး ၂၀၁၈၊ ဇန်နဝါရီမှာ စဖွင့်ဖြစ်ခဲ့တဲ့ကျောင်းပါ။

အစ်မရဲ့ Partner တစ်ယောက်က Singaporean ပါ။ သူ့ကလေးက စင်ကာပူမှာ ဖွင့်ထားတဲ့ Heguru ကျောင်းကို တက်နေတာ။ ကလေးက နှစ်နှစ်ပဲ ရှိသေးပေမယ့် တခြားကလေးတွေထက် အရမ်းကို တော်နေတယ်။ သူ့ကလေးတက်တဲ့ကျောင်းမျိုးကို မြန်မာနိုင်ငံမှာ ဖွင့်ချင်တော့ အစ်မကို လာတိုင်ပင်တယ်။ Heguru က ဂျပန်နိုင်ငံရဲ့ပညာရေးပုံစံလေ။ နှစ်ပေါင်း ၃၀ ကျော်ခဲ့ပြီတဲ့။ အစ်မကလည်း ပညာရေးကို စိတ်ဝင်စားလို့ ဂျပန်အထိ လိုက်သွားပြီး လေ့လာကြည့်တယ်။ ဒီပညာရေးပုံစံက အရမ်း ထူးခြားတယ်။ Life Skill ကို ပေးတယ်။ ကလေးတွေက Brain Capacity ပိုမြင့်လာကြတယ်။ မြန်မာနိုင်ငံမှာ ဒီပညာရေးကို စလုပ်လိုက်လို့ နောက် နှစ် ၂၀ ကြာတဲ့အခါ ဒီကလေးတွေဟာ ဦးဆောင်သူတွေ ဖြစ်လာမယ်။ သူတို့ရဲ့လုပ်အားကြောင့် Economic Development ပိုဖြစ်လာမယ်။ ကျောင်းမှာက Academic ပိုင်းရော Sport ပိုင်း၊ Art ပိုင်းပါ ထည့်သွင်းသင်ကြားပေးတာ။ ဒါကြောင့်မို့ အစ်မ စလုပ်ဖြစ်ခဲ့တာပါ။

မိန်းကလေးတစ်ယောက် လှတယ်ဆိုတာကို အစ်မက ဘယ်အချက်တွေနဲ့ တိုင်းတာရှုမြင်တတ်တာလဲ။

မိန်းကလေးတစ်ယောက်နဲ့ သေသေချာချာ တွေ့ဆုံစကားပြောဆိုပြီးမှ လှ မလှကို ဆုံးဖြတ်မှာလား၊ ဒါမှမဟုတ် လျှပ်တစ်ပြက် မြင်လိုက်ရတဲ့အပေါ်မှာ လှ မလှကို ဆုံးဖြတ်မှာလားလို့တော့ စဉ်းစားရမယ်။ လျှပ်တစ်ပြက်နဲ့ ပြောမယ်ဆိုရင်တော့ သူ့ခန္ဓာကိုယ်အချိုးအစားနဲ့ အဝတ်အစားတွေကို ကြည့်ပြီး ဆုံးဖြတ်ကြမှာပေါ့။ ဒါပေမဲ့ သူနဲ့ စကားပြောကြည့်ပြီး သူ့မျက်စိထဲမှာ သူ့ကိုယ်သူ ယုံကြည်မှု ရှိသလား၊ အတွေးအမြင်တွေ ဖလှယ်တတ်တာမျိုး ရှိသလားဆိုတာတွေနဲ့ အစ်မ ပိုဆုံးဖြတ်ချင်တယ်။ အစ်မအတွက်တော့ သူ့ကိုယ်သူ ယုံကြည်မှုအပြည့်နဲ့ စကားပြောတတ်တဲ့မိန်းကလေးတိုင်း လှနေတယ်လို့ ထင်မိတယ်။

အစ်မကိုယ်တိုင် အခုလို လှပနေအောင်နဲ့ ကျန်းကျန်းမာမာဖြစ်နေအောင် နေထိုင်စားသောက်ဖြစ်ပုံတွေကိုလည်း ဝေမျှပေးပါဦး။

အရင်တုန်းက အစ်မရဲ့မျက်နှာမှာ ဝက်ခြံတွေ အများကြီးပဲ။ ဝက်သားတွေလည်း အများကြီး စားခဲ့တယ်။ အဆီတွေလည်း မရှောင်ခဲ့မိဘူး။ Clinic De Novo စဖွင့်တော့ ဝက်ခြံတွေကို ကုသလိုက်တာ လုံးဝ ပျောက်သွားတယ်။ တစ်နှစ်လုံးမှ ဝက်ခြံထွက်ရင် အလွန်ဆုံး သုံးခုလောက်ပဲ ထွက်တော့တယ်။ ပုံမှန် Skin Care လုပ်ရမှာကို သိသွားတာလည်း ပါတာပေါ့။

Lifestyle ပိုင်းမှာကျ ပြောရရင် လွန်ခဲ့တဲ့ တစ်နှစ်ကတည်းက အစ်မ သက်သတ်လွတ် စားခဲ့တယ်။ အသားစားရင် Acid Level များတယ်။ Acidity က လူနဲ့ မတည့်ဘူး။ အစ်မက လွန်ခဲ့တဲ့ ခုနစ်နှစ်ကတည်းက သက်သတ်လွတ် စားချင်ခဲ့ပေမယ့် Social Pressure တွေကြောင့် မစားဖြစ်ခဲ့ဘူး။ Clinic De Novo က Treatment တွေ ယူပြီး အစ်မရဲ့ Lifestyle ကိုပါ ပြောင်းပစ်လိုက်တာကြောင့် အခုလို လှနေတာလို့တော့ ထင်တာပဲ။

သက်သတ်လွတ်စားတဲ့အတွက် မိသားစုတွေ၊ မိတ်ဆွေတွေနဲ့ အတူတူ စားသောက်ရတဲ့အခါ၊ ပွဲလမ်းတွေ သွားတက်ရတဲ့အခါ Social Pressure တွေ ပိုကြုံရမှာပေါ့။ အဲဒါကိုကော ဘယ်လိုဖြေရှင်းသလဲ။

အိမ်က အစ်မအတွက် ထမင်းဘူး ပြင်ဆင်ပေးရင် အခက်အခဲ ဖြစ်တယ်လေ။ ပွဲလမ်းတွေအတွက်ကျတော့ မွေးနေ့ဆိုရင် သက်သတ်လွတ် စားစရာရှိမှ လာမယ်လို့ ကြိုပြောရတာပဲ။ အားနာပေမယ့် ကြိုမပြောထားရင် အစ်မအတွက် အဆင်မပြေဘူးလေ။ မောင်လေး ခုနက ပြောသလိုပေါ့။ တချို့အသက်တွေ ငါ့ကြောင့် မသေတော့ဘူးဆိုတဲ့စိတ်နဲ့ ဒီနေရာမှာ ငါ အားနာနေလို့ မရဘူးဆိုတဲ့စိတ်ကို မွေးလိုက်တာပဲ။ များသောအားဖြင့် သူငယ်ချင်းတွေက စီစဉ်ပေးကြပါတယ်။ မင်္ဂလာဆောင်ဆိုရင်တောင် ကြိုတင်စီစဉ်ပြီး သီးသန့်လုပ်ပေးထားကြတယ်။

Protein ရဖို့အတွက်ကျ အစ်မ ဘာတွေ ပိုစားဖြစ်သလဲ။

ပဲတွေမှာ ပါတဲ့ Protein က အသားတွေမှာ ပါတဲ့ Protein ထက်တောင် ပိုများတယ်လေ။ အသားထဲမှာပါတဲ့ Protein က Complete Protein မဟုတ်ဘူး။ အသားထဲက Protein ဆိုတာ အရွက်စားတဲ့သတ္တဝါဆီက ဖြစ်လာတဲ့ တစ်ဆင့်ခံ Protein ပါ။ ဒီတော့ တစ်ဆင့်ခံ Protein ကို မစားဘဲ အရွက်ကနေ တိုက်ရိုက်လာတဲ့ Clean Protein ကို စားဖြစ်တယ်။ ကျန်းမာရေးအတွက်လည်း ပိုတောင် ကောင်းတယ်လေ။ Broccoli လိုမျိုးပေါ့။

Skin Care ကို ထိန်းသိမ်းတဲ့အထဲမှာ အစ်မအတွက် အရေးအကြီးဆုံး နံပါတ်တစ်အချက်က ဘာများလဲ။

နံပါတ်တစ် အရေးအကြီးဆုံးက မနက်ပိုင်းမှာ မျက်နှာသစ်ပြီးတာနဲ့ Sunblock လိမ်းဖို့ပဲ။ မြန်မာနိုင်ငံက UV Ray အရမ်းကိုများတဲ့အထဲ ပါတယ်။ တော်တော်များများက SPF 30 လိမ်းဖို့ ပြောကြပေမယ့် အစ်မကတော့ SPF 50 အထိ လိမ်းဖို့ အကြံပေးချင်တယ်။ ဒါမှ Ageing ဖြစ်တာ မမြန်မှာလေ။ Sunblock က ချွေးပေါက်တွေကိုပါ ပိတ်စေတာမို့ ညဘက် မအိပ်ခင် မျက်နှာသစ်ဖို့ကိုတော့ မမေ့စေချင်ဘူး။

အစ်မရဲ့ Self-confidence က ခန္ဓာကိုယ်ရဲ့ ဘယ်အချက်ပေါ် မူတည်နေသလဲ။

အစ်မ အခုတောင် Self-confidence နည်းနည်း လျော့နေတယ်လို့ ပြောရမယ်။ မိတ်ကပ်မလိမ်းရသေးတော့ မျက်ခုံးမွေး မဆွဲရသေးဘူးလေ။ အစ်မက မျက်ခုံးမွေး စိတ်ကြိုက် ဆွဲထားရမှ Self-confidence အပြည့် ရှိတာ။

အိမ်ထောင့်တာဝန်က တစ်ဖက်၊ စီးပွားရေးလုပ်ရတာတွေက တစ်ဖက်ဆိုတော့ အချိန်ကို ဘယ်လိုစီမံခန့်ခွဲတတ်တယ်ဆိုတာလည်း သိပါရစေ။

အလုပ်တွေ အရမ်း ရှုပ်လို့ အိမ်က မိသားစုကို အချိန်မပေးနိုင်တာတွေ ပြန်စဉ်းစားကြည့်ရင် ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကိုယ့်လက်အောက်က ဝန်ထမ်းတွေကို တာဝန်ခွဲဝေပေးမှုမှာ ညံ့နေလို့ပဲ။ တစ်ယောက်ချင်းစီ ထူးချွန်တဲ့အပေါ် လိုက်ပြီး အလုပ်ကို ခွဲဝေပေးတတ်ဖို့ အရေးကြီးတယ်။ ပြီးရင် Follow Up တော့ လုပ်ရမှာပေါ့။ အဲဒီအခါ အစ်မအတွက် အချိန်တွေ ပိုထွက်လာတယ်။ တခြားအလုပ်တွေနဲ့ မိသားစုအတွက် အချိန် ပိုပေးနိုင်လာတယ်။ အစ်မက ဒီစီးပွားရေးတစ်ခုတည်းကို လုပ်နေတာမဟုတ်တော့ Job Allocation ကို အရမ်း ဂရုစိုက်ပါတယ်။

စိတ်ဖိစီးမှုတွေ များလာတဲ့အခါ ဘာတွေ လုပ်လေ့ရှိသလဲ။

စိတ်ဖိစီးမှုတွေ များလာရင် အလုပ် ဆက်မလုပ်တော့ဘဲ ခဏနားတယ်။ ဂေါက်ရိုက်တယ်။ တစ်ခါ ဂေါက်သွားရိုက်ပြီဆိုရင် ခုနစ်နာရီလောက် အနည်းဆုံး အချိန်ပေးပြီး ရိုက်ရတာဆိုတော့ အဲဒီထဲမှာပဲ အာရုံအပြည့်အဝ ရောက်နေလို့ စိတ်ချမ်းသာတယ်။ မြက်ခင်းပေါ်မှာ လမ်းလျှောက်နေရတာကိုလည်း ကြိုက်တယ်။ တစ်ခါတစ်ခါဆို နှစ်ရက်၊ သုံးရက်လောက် ဆက်တိုက် ဂေါက်ရိုက်ပစ်တတ်တာ။ ဂေါက်သီးကို အဝေး ရိုက်ထုတ်ပစ်ရတာ အရမ်း ခံစားလို့ ကောင်းတယ်။ အမေနဲ့ အဖေကလည်း ဂေါက်ရိုက်ကြတာဆိုတော့ အစ်မ အသက် ၂၀ လောက်ကတည်းက စရိုက်ဖြစ်ခဲ့တာ။

သာမန်အိမ်ရှင်မတစ်ယောက်နဲ့ Career Women တစ်ယောက်ကြားမှာ ဘယ်လိုခြားနားမှုတွေ ရှိနေမယ်လို့ အစ်မ ထင်သလဲ။

Career Woman က ခေါင်းထဲမှာ အလုပ်တွေ ပိုစဉ်းစားရတယ်။ သူ့ Satisfaction က အလုပ်ကနေ ပြန်ရလာတဲ့အောင်မြင်မှုအပေါ် မူတည်တယ်။ Housewife တစ်ယောက်ဟာလည်း အလုပ်နဲ့ လက် မပြတ်အောင်ကို အိမ်အလုပ်တွေ လုပ်နေရတာပါပဲ။ သူ့ Satisfaction ကကျ မိသားစုတွေဆီကနေ ပြန်ရလာတဲ့ ချစ်ခြင်းမေတ္တာတို့၊ ဂရုစိုက်မှုတို့အပေါ် မူတည်တာပေါ့။

ကျွန်တော်တို့နိုင်ငံမှာ အမျိုးသမီးတွေကို ခွဲခြားဆက်ဆံတာတွေ အခုထိ ရှိနေတယ်။ လှေနံဓားထစ် ဓလေ့ထုံးစံတွေထဲက တစ်ခုကိုသာ အစ်မအနေနဲ့ ပယ်ဖျက်ခွင့် ရှိမယ်ဆိုရင် ဘယ်တစ်ခုကို ဖျက်ပစ်မလဲ။

ဘုရားပေါ်က တချို့နေရာတွေမှာ ' မိန်းမ မဝင်ရ ' လို့ ရေးထားတာတွေကို ဖျက်ပစ်ချင်တယ်။ ငယ်ငယ်ကဆို ခိုးပြီးတောင် ဝင်ခဲ့သေးတယ်။ ခြောက်လှန့်ထားသလို မြေမျိုခံရတာတို့၊ မိုးကြိုးပစ်ခံရတာတို့လည်း မဖြစ်ပါဘူး။ တူမလေးကလည်း ' အမျိုးသမီးတွေ မတက်ရ ' ဆိုတာ တွေ့တော့ အစ်မကို မေးဖူးတယ်။ ဘာဖြစ်လို့လဲတဲ့။ ဘုန်းနိမ့်လို့ဆိုပြီး အစ်မ မဖြေဘူး။ သူတို့ဘာသာ မိန်းမတွေ မတက်စေချင်လို့ ရေးထားတာ၊ သွားတက်ဆိုပြီး တက်ခိုင်းလိုက်သေးတယ်။

အစ်မရဲ့ပညာရေးဖြတ်သန်းမှုတွေကို သိပါရစေ။

အစ်မက တောင်ကြီးဇာတိပါ။ ဒါပေမဲ့ ရန်ကုန်မှာပဲ ကျောင်းတက်ခဲ့တာ။ ဆယ်တန်းကို ပြည်လမ်း TTC ကျောင်းကနေ အောင်ခဲ့တယ်။ ပြီးတော့ စင်ကာပူက Management University တစ်ခုမှာ ဆက်တက်တယ်။ Bachelor of Science of Economics ပေါ့။ Second Major က Marketing ပါ။ အဲဒီက ပြီးတာနဲ့ ရန်ကုန် ပြန်လာပြီး အလုပ် စလုပ်ခဲ့တာပဲ။

အစ်မ လေးစားအားကျရသူတစ်ယောက်ဆိုရင် . . . ။

Ellen Degeneres ပေါ့။ လူအများရှေ့မှာ သူ စကားပြောတဲ့အရည်အချင်းတွေကို အရမ်း သဘောကျတယ်။ ပြီးတော့ လူ့အဖွဲ့အစည်းအပေါ် သူ့ပေးစွမ်းမှုနဲ့ ရက်ရောမှုကလည်း အံ့မခန်းပဲလေ။ သူ့ကို လေးစားအားကျမိတယ်။ စကားပြောတဲ့အခါ သိပ်စိတ်ရှည်တာတို့၊ ဒေါသ မထွက်တတ်တာတို့၊ နှိမ့်ချတာတို့ လုပ်နိုင်တဲ့သူတွေကိုလည်း အစ်မ လေးစားတယ်။ ဟိုတစ်နေ့ကဆို အောင်လအန်ဆန်းနဲ့ တွေ့တယ်။ အရမ်း နာမည်ကြီးနေတဲ့သူဖြစ်ပါလျက်နဲ့ သူ့ကိုယ်သူ နှိမ့်ချပြီး စကားပြောတတ်တယ်။ အစ်မလည်း အခု ရှိနေတာထက် ပိုပြီး Humble ဖြစ်အောင် ကြိုးစားရမယ်ဆိုတဲ့စိတ်တစ်ခု ရခဲ့တယ်။ အခုထက် ယဉ်ကျေးသိမ်မွေ့ပြီး၊ စကားလုံးတွေကို ရွေးပြောတတ်ပြီး၊ နားဝင်ချိုအောင် ပြောတတ်ဖို့ အစ်မ ဆုံးဖြတ်ထားတယ်။

အစ်မ အနှစ်သက်ဆုံး Quote တစ်ခုဆိုရင် . . . ။

အရင်တုန်းက အလုပ် အတူတူ လုပ်ဖူးခဲ့တဲ့အစ်ကိုတစ်ယောက်ပြောတဲ့ စကားတစ်ခွန်းပါ။ " အားနေရင် မှားနေမယ် " တဲ့။ ဒီစကားကို အစ်မ အရမ်းကြိုက်တယ်။ အစ်မ အားနေပြီဆိုရင်၊ ပျင်းနေပြီဆိုရင် တစ်ခုခု လိုနေပြီလို့ကို စဉ်းစားမိတော့တာ။ တွန်းအားတစ်ခုဖြစ်စေတဲ့စကားလို့ကို ထင်တယ်။

 


People

ပန်းတွေရဲ့ဘာသာစကားကို နားလည်သူ EUFLORIA FLORAL BOUTIQUE ပိုင်ရှင် YU NANDAR TUN

ပန်းစည်းတစ်စည်းဟာ နွေးထွေးတဲ့စကားလုံးများစွာ၊ ကြင်နာတဲ့အပြုအမူများစွာနဲ့ မေတ္တာသင်္ကေတများစွာကိုလည်း ဖော်ပြပေးနိုင်တာမို့ ပန်းတွေရဲ့ဘာသာစကားကို နားလည်ဖို့ဟာ သိပ်အရေးကြီးပါတယ်

by Kyaw Ye Lynn

January 15, 2019

တစ်ပွင့်တည်းလည်း လှနေတဲ့ ပန်းကလေးတွေကို တစ်ပေါင်းတည်း စည်းလိုက်တဲ့အခါ ပေါင်းစည်းအလှတစ်မျိုးနဲ့ ပိုလှသွားတယ်။

အမျိုးအစား မတူညီတဲ့ပန်းကလေးတွေကိုပါ ရောထိုးလိုက်ပြန်တော့ မတူတဲ့အရောင်တွေ၊ ပန်းပွင့်ပုံသ႑ာန်တွေနဲ့ ရနံ့တွေကြောင့် ထူးခြားတဲ့ အလှတစ်မျိုး ပုံပေါ်လာပြန်ရော။

ဒီလိုမျိုး ထူးခြားလှပတဲ့ ပန်းစည်းပုံစံသစ်တစ်မျိုးကို ဖန်တီးရတဲ့ Floral Designer ဆိုတာ ပန်းကလေးတွေကို ပုံစံသစ်နဲ့ မွေးဖွားပေးရတဲ့ မိခင်တစ်မျိုးပါပဲ။

ပန်းတွေရဲ့အရေအတွက်အရ၊ ပန်းအမျိုးအစားအလိုက် ဖွင့်ဆိုကြတဲ့အဓိပ္ပာယ်တွေအရ၊ အရောင်တွေပေါ် မူတည်ပြီး အနက်ဖွင့်ဆိုပုံတွေအရ ပန်းစည်းတစ်စည်းကို ဘယ်လို ပုံဖော်ရမလဲဆိုတာ သူက အမျိုးမျိုး စဉ်းစားရတယ်။

နေမကောင်းတဲ့သူကို ပေးမှာလား၊ ခရီးက ပြန်လာသူကို ကြိုဖို့အတွက်လား၊ လုပ်ငန်းတစ်ခု ပြီးမြောက်သွားသူကို ချီးကျူးဂုဏ်ပြုဖို့အတွက်လားဆိုတာတွေလည်း သူ စဉ်းစားရသေးတာပဲ။

ပန်းစည်းတစ်စည်းဟာ နွေးထွေးတဲ့စကားလုံးများစွာ၊ ကြင်နာတဲ့အပြုအမူများစွာနဲ့ မေတ္တာသင်္ကေတများစွာကိုလည်း ဖော်ပြပေးနိုင်တာမို့ ပန်းတွေရဲ့ဘာသာစကားကို နားလည်ဖို့ဟာ သိပ်အရေးကြီးပါတယ်။

ဒါကြောင့်လည်း Eufloria Floral Boutique ကို တည်ထောင်ခဲ့တဲ့ မယုနန္ဒာထွန်းကို ဒီဇင်ဘာလရဲ့ MODA WOMAN အဖြစ် ရွေးချယ်ကာ တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။

Eufloria Floral Boutique ကို စလုပ်ဖို့ စိတ်ကူးရခဲ့ပုံကနေ စကြရအောင်။

အစ်မက ပန်းထိုးတာကို အရမ်းဝါသနာပါတယ်။ ကိုယ့်အိမ်ကို နေချင်စဖွယ်ဖြစ်အောင် အလှဆင်ရတာကိုလည်း ကြိုက်တယ်။ ဒါနဲ့ပဲ အစ်မနဲ့ နီးစပ်တဲ့နေရာတွေမှာ ဖွင့်တဲ့ ပန်းထိုးသင်တန်းတွေကို အရင်ဆုံး လိုက်တက်ခဲ့တယ်။ ဘုရားပန်းအိုး ထိုးတာကအစ နောက်ပိုင်းမှာ သေချာလှအောင် ထိုးတတ်ခဲ့တယ်။

အိမ်ထောင်ကျပြီးနောက်ပိုင်းကျ အိမ်ထဲမှာပဲ နေရတဲ့အချိန်များတယ်။ နောက်ပိုင်း အလုပ်လုပ်ချင်လာတော့ အိမ်ထဲမှာပဲနေပြီး လုပ်လို့ရမယ့်အလုပ်ကို စဉ်းစားတယ်။ ကိုယ်တိုင်က ပန်းထိုးတာ ဝါသနာပါပေမယ့် တစ်ယောက်ယောက်ကို ပန်းစည်းလက်ဆောင်ပေးတော့မယ်ဆိုရင် ပန်းဆိုင်သွားပြီး မှာရတယ်။ အဲဒီကာလတုန်းက Online ကနေ ပန်းစည်းမှာပြီး ပို့ပေးတာမျိုးတွေ သိပ်မရှိသေးဘူး။ ဒါနဲ့ပဲ အစ်မက သင်တန်းတွေလည်း တက်ဖူးခဲ့ပြီးပြီဆိုတော့ Floral Service ကို စလုပ်မယ် ဆုံးဖြတ်ခဲ့တာ။ Online မှာပဲ Page တစ်ခု ထောင်ခဲ့တယ်။ မှာတဲ့နေရာတွေကို စပို့ပြီး စမ်းကြည့်ခဲ့ရတာပေါ့။

ပန်းထိုးသင်တန်းကို ပထမဆုံး စတက်ခဲ့တာ ဘယ်နှခုနှစ်လောက်ကလဲ။

လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကပါ။ ဒါပေမဲ့ ပန်းထိုးတာကို ပထမဆုံး သင်ပေးတာဆိုရင်တော့ အစ်မရဲ့အဒေါ်ပဲ။ အဒေါ်က မြန်မာအမျိုးသမီးများ ပန်းထိုးသင်တန်းမှာ တက်ခဲ့တာ။ သူ့ဆီကနေ အရင်ဆုံး သင်ယူခဲ့တယ်။ အဲဒီတုန်းက အစ်မရဲ့သမီးလေး နှစ်နှစ်အရွယ်လောက် ဖြစ်မယ်။ နောက်တော့ စာအုပ်တွေထဲကနေ လေ့လာတယ်။ အင်တာနက်မှာလည်း ပန်းထိုးနည်း အမျိုးမျိုးကို လေ့လာခဲ့တယ်။

အဲဒီနောက်ကော ဘယ်တွေမှာ ဆက်တက်ဖြစ်သေးလဲ အစ်မ။

မန္တလေးမှာ Catalia က ဖွင့်တဲ့ ပန်းထိုးနည်းသင်တန်းကိုလည်း တက်ခဲ့တယ်။ ပြီးတော့ Clover ဆိုတဲ့ တရုတ်ဆရာမတစ်ယောက်ဆီမှာလည်း Boutique သင်တန်း တက်ခဲ့တယ်။ နောက်ပိုင်း Floral Service လုပ်လာတော့ တခြားလူတွေက သူတို့ကို ပြန်သင်ပေးဖို့ ပြောလာကြတယ်။ သင်တန်းတစ်ခုကို အတူတူ တက်ကြပေမယ့် အစ်မက ဆရာမ သင်တဲ့အတိုင်း အကုန်မလုပ်ဘူး။ အင်တာနက်က ကြည့်ဖူးထားတာတွေထဲက ကြိုက်တဲ့ပုံစံတွေကိုပါ ယူထိုးပစ်တာ။ အဲဒီတော့ အစ်မရဲ့ပန်းစည်းတွေက တစ်မူကွဲထွက်နေတာပေါ့။ Paper တွေကအစ သူများနဲ့ မတူအောင် အစ်မ လုပ်တယ်လေ။

အဲဒီလိုအခြေအနေမှာ ပြန်သင်ပေးပါဆိုတဲ့လူတွေ ရှိလာတယ်။ အစ်မအနေနဲ့ကျ ကိုယ့်ကိုယ်ကိုယ် Professional တစ်ယောက်ဆိုပြီး သတ်မှတ်လို့ မရသေးဘူး။ တခြားသူတွေကို သင်ပေးဖို့အထိကျ လိုအပ်ချက်တွေ ရှိတယ်လို့ ထင်တယ်။ Self-confidence လည်း မရှိသေးဘူး။ ဒါနဲ့ပဲ ဘန်ကောက်မှာ Universal Flower Arrangement ဆိုတဲ့ Professional Course ကို ပြီးတဲ့အထိ တက်ခဲ့တယ်။ အဲဒီက ဆရာမက သူ့ရဲ့ကျောင်းခွဲကို မြန်မာနိုင်ငံမှာ လုပ်ပါဆိုပြီး အစ်မကို ပေးတယ်။

ပန်းစည်းလုပ်ခါနီးမှာ စိတ်တည်ငြိမ်နေအောင်၊ ဈာန်ဝင်စားနေအောင် ဘာတွေ လုပ်တတ်သလဲ။

တိတ်ဆိတ်တဲ့နေရာတွေမှာ လုပ်ရရင် အစ်မအတွက်က အဆင်ပြေတယ်။ အများအားဖြင့်တော့ ပန်းထိုးရမယ်ဆိုတာနဲ့ကို အစ်မက ပျော်နေပြီ။ ဒါပေမဲ့ ဒီဇိုင်းအသစ်တစ်ခု ထွင်ရမယ်ဆိုတဲ့အခါကျ စိတ်အခြေအနေတစ်ခု လိုတယ်။ တစ်ရက်လောက် ခရီးထွက်ချင် ထွက်ပစ်လိုက်တယ်။ မန္တလေးမှာ နေတာမို့ ပြင်ဦးလွင်လောက်တော့ သွားလိုက်တာပဲ။ ကျန်တဲ့အလုပ်တွေ စိတ်ထဲက အကုန်ထုတ်ပြီး ပန်းနဲ့ပတ်သက်တာတွေကိုပဲ လိုက်ကြည့်တယ်။ ခရီးက ပြန်ရောက်ရင် ဒီဇိုင်းအသစ်တစ်ခု လုပ်ရတာ အဆင်ပြေပြီလေ။

အစ်မရဲ့ ပထမဆုံး Customer က . . . ။

စိုးစိုး မုန့်တီ (မန္တလေး) က မခိုင်ပေါ့။ အစ်မနဲ့ သူက ခင်တယ်။ သူက ပန်းခြင်းလေးတစ်ခု အပ်တယ်။ အစ်မကို ယုံကြည်လို့ အပ်တဲ့အတွက် အခကြေးငွေတော့ မယူလိုက်မိဘူး။ လက်ဆောင်အနေနဲ့ပဲ လုပ်ပေးဖြစ်ခဲ့တာ။ အစ်မကို ယုံကြည်ပြီး အပ်ခဲ့တာကိုပဲ ကျေးဇူးတင်တာ။

မှတ်မှတ်ရရ ဖြစ်ရတဲ့ Customer ဆိုရင်ကော . . . ။

အစ်မနဲ့ မသိတဲ့တစ်ယောက်က ည ၁၂ နာရီလောက်မှာ ဖုန်းဆက်လာတယ်။ မနက် ငါးနာရီလောက် ပန်းစည်းလိုချင်လို့ပါတဲ့။ အစ်မရဲ့အမျိုးသားက အချိန်မရတော့တာမို့ မလုပ်ပါနဲ့တော့လို့ ပြောတယ်။ အစ်မက လုပ်ပေးလိုက်ပါမယ်လေဆိုပြီး မရရအောင် လုပ်ပေးလိုက်တယ်။ လာအပ်တာက ကောင်မလေး။ သူ့ကောင်လေးကို လေဆိပ်မှာ မနက်အစောကြီး ကြိုရမှာမို့ပါတဲ့။ သူလည်း လိုချင်တာ ရသွားတော့ အရမ်းပျော်သွားတယ်။ အစ်မလည်း ပီတိဖြစ်ရတယ်။

Customer နဲ့ ကတောက်ကဆဖြစ်ဖူးတာတွေ ရှိလား။

ရှိတယ်။ တချို့က သူတို့ တွေ့တဲ့ပုံကို အစ်မဆီ ပို့ပြီး မှာကြတာ။ ပန်းအမျိုးအစားကိုကျ သူတို့ သိကြတာမဟုတ်ဘူးလေ။ တစ်ယောက်ဆို သူ ပို့လာတဲ့ပုံထဲက ပန်းက ကာနေးရှင်းပန်း။ သူက နှင်းဆီပန်းလို့ ထင်နေတယ်။ အစ်မက သူ့ပုံထဲကအတိုင်း ကာနေးရှင်းပန်းနဲ့ လုပ်ပေးလိုက်တယ်။ လာယူတော့ နှင်းဆီပန်းမဟုတ်လို့ဆိုပြီး စကား ကတောက်ကဆ ဖြစ်ကြရရော။ နောက်တော့လည်း သူ့ပုံကို ပြန်ပြပြီး သေချာ ရှင်းပြလိုက်ရတာပေါ့။

ဒီအလုပ်နဲ့ပတ်သက်ပြီး စိုးရိမ်ရတာတွေက ဘာတွေများလဲ။

အစ်မက အစ်မကြိုက်တဲ့ပုံစံအတိုင်းပဲ လုပ်တာ များတယ်။ သူများပုံစံကို တစ်ထပ်တည်း လိုက်မလုပ်တတ်ဘူး။ ဒီတော့ အစ်မ ကြိုက်တဲ့ပုံစံကို လာဝယ်တဲ့လူက ကြိုက်ပါ့မလားဆိုတဲ့ စိုးရိမ်မှုတော့ ရှိတယ်။ ဒါပေမဲ့ ကြိုက်သွားကြတာ များပါတယ်။ ကြိုက်လို့လည်း နောက်ပိုင်း ထပ်အပ်ကြတယ်လေ။ လုပ်တာ ကြာလာတော့ ဘာအတွက် ပေးမှာလဲ၊ ဘာအရောင်တွေ ကြိုက်တတ်သလဲဆိုတာတွေ မေးတတ်လာတယ်။

ဒီအလုပ်နဲ့ပတ်သက်ပြီး အစ်မ လေးစားအားကျရသူတို့၊ စောင့်ကြည့်နေမိတဲ့ Page တို့ကော ရှိလား။

ရှိတယ်။ ကိုရီးယားက Venus ဆိုတဲ့ Page ကို အစ်မ စောင့်ကြည့်ဖြစ်တယ်။ သူတို့ရဲ့ဒီဇိုင်းတွေကို အစ်မ အရမ်း ကြိုက်တယ်လေ။

ဝန်ထမ်းတွေကိုကျ ကိုယ်တိုင်ပဲ ပြန်သင်ပေးဖြစ်တာလား။ ရန်ကုန်မှာ ဆိုင်ခွဲဖွင့်ဖို့ အစီအစဉ်ကော ရှိလား။

ဝန်ထမ်းတွေကို ကိုယ်တိုင် သင်ပေးဖြစ်တာပဲ။ အစ်မက ရန်ကုန်မှာကျ တစ်လ တစ်ကြိမ် သင်တန်းပေးဖြစ်တယ်။ တစ်နှစ်ကျော်လောက် ရှိပြီ။ ပထမတော့ မန္တလေးမှာ သင်တန်းစပေးတာ။ နောက်ပိုင်းကျ ရန်ကုန်ကပါ တောင်းဆိုလာကြတော့ ဖွင့်ပေးဖြစ်ခဲ့တာပေါ့။ နေရာက တော်ဝင်ဂါးဒင်းဟိုတယ်မှာပဲ။ အနုပညာရှင်တွေလည်း အများကြီး လာတက်ကြတယ်။

နိုင်ငံခြားမှာက ပန်းပေးတယ်ဆိုတာ ပေးတဲ့လူကို အရမ်းတန်ဖိုးထားတယ်ဆိုတာကို ဖော်ပြတာလေ။ ပန်းစည်းပေးတယ်ဆိုတာ Respect ထားတာကို ပြောပြတာပါပဲ။ တခြားပစ္စည်းတွေ ပေးတာနဲ့ ကွာခြားတော့ ဒီပညာကို တတ်ထားတာ ကောင်းပါတယ်။

အစ်မ အနှစ်သက်ဆုံးပန်းတွေက . . . ။

အစ်မက ပန်းကလေးတွေ အကုန် ကြိုက်တယ်။ အကြိုက်ဆုံးဆိုရင်တော့ ကံ့ကော်ပန်းပဲ။

ပရဟိတပွဲတွေမှာ ဆိုင်အနေနဲ့ ပါဝင်ကူညီခဲ့ဖူးတာတွေ ပြောပြပါလား။

တရားပွဲတွေနဲ့ ဘုန်းကြီးဆွမ်းကပ်တဲ့ပွဲတွေမှာ အစ်မ ကူဖြစ်တယ်။ မေတ္တာသင်္ဂဟ (မန္တလေး) အဖွဲ့ဆိုရင် အစ်မအမျိုးသား ဦးဆောင်တာပဲလေ။ မေတ္တာသင်္ဂဟက စစချင်း ရန်ကုန်မှာပဲ ရှိတာ။ ရန်ကုန်မှာတုန်းက အစ်မတို့ဟာ အဖွဲ့ဝင်ပဲ။ နောက်တော့ မန္တလေးမှာလည်း လုပ်ချင်လာတာမို့ အစ်မနဲ့ အစ်မအမျိုးသားတို့ ဦးဆောင် လုပ်ဖြစ်ခဲ့တယ်။

KAY Fashion & Fabric House အကြောင်းလည်း ပြောပြပါဦး။

အဲဒါက ရန်ကုန်မှာ မပုံ့နဲ့ မအိခိုင်တို့ အဓိက လုပ်တာ။ တခြားသူငယ်ချင်းတွေလည်း ပါသေးတယ်။ လုပ်ခဲ့တာတော့ သုံးနှစ်ရှိပြီ။ အစ်မက ဖက်ရှင်အမြင် ရှိတယ်၊ ကွဲပြားတာတွေ လုပ်တတ်တယ်ဆိုပြီး မပုံ့က မန္တလေးမှာ ဆိုင်ဖွင့်ခိုင်းတာ။ ဒီအလုပ်မှာကျ အစ်မ မကျွမ်းကျင်တာတွေ ရှိတော့ အမျိုးသားရဲ့အစ်မ ဒေါက်တာနှင်းနဲ့ အတူ လုပ်ဖြစ်ခဲ့တာ။ ယောက်မကလည်း လုပ်ဖို့ စိတ်ပါတာဆိုတော့ အဆင်ပြေတယ်။ အခုဆို တစ်နှစ်ပြည့်ခဲ့ပြီလေ။

မိသားစုဘဝလေးကိုလည်း ပြောပြပေးပါဦး။

အစ်မက မြင်းခြံဇာတိ။ ကျောင်းက အမက - ၁၆၊ မြင်းခြံမှာ တက်ခဲ့တယ်။ နောက် အထက - ၁ ကနေ ဆယ်တန်းအောင်တယ်။ UFL တက်ပြီး ပြင်သစ်နဲ့ ကျောင်းပြီးခဲ့တယ်။

အစ်မရဲ့အမျိုးသားကလည်း မြင်းခြံကပဲ။ ကိုးတန်းကတည်းက အစ်မတို့က သူငယ်ချင်းတွေ။ ၂၀၀၄ မှာ အိမ်ထောင်ကျတယ်။ ၂၀၀၅ မှာ သမီးလေးကို မွေးတယ်။ အစ်မအမျိုးသားရဲ့မိဘတွေက ဆင်မင်း ဆေးပေါ့လိပ်လုပ်ငန်း လုပ်တာ။ သူ့အဘိုးအဘွားလက်ထက်ကတည်းကပေါ့။ ၁၉၆၂ လောက်ကတည်းက စလုပ်ခဲ့ကြတာ။ နှစ် ၆၀ တောင် ပြည့်တော့မယ်။ သမီးလေး မွေးပြီး သိပ်မကြာခင်မှာပဲ အစ်မအမျိုးသားက ရွှေဆင်မင်းဆေးပေါ့လိပ်ကို လုပ်ပြီး အထက်ဗမာပြည်တစ်ခုလုံးကို ဖြန့်ချိတယ်။ တရုတ်ပြည်အထိလည်း ပို့ရတယ်။ နယ်စပ်တွေကိုလည်း ဖြန့်ရတာပဲ။

အမျိုးသားကတော့ အစ်မဖြစ်ချင်တာတွေကို အမြဲ လိုက်လုပ်ပေးတယ်။ သူ့အလုပ်ကလည်း အရမ်းရှုပ်ပေမယ့် အစ်မကို စိတ်မချတာနဲ့ပဲ ခင်ပွန်းဆိုတာထက် အစ်ကိုလို အဖေလိုကို ဖြစ်နေတော့တာ။ သူ့သမီးကို ဂရုစိုက်သလိုကို အစ်မကို ဂရုစိုက်ပေးတာ။ အခု သမီးလေးက Ayarwaddy International School မှာ Grade 8 တက်နေတယ်။

ဒီနေ့ ဖြေပေးတာတွေအတွက်ကျေးဇူးတင်ပါတယ် အစ်မရေ။

အစ်မကလည်း မောင်လေးနဲ့ MODA အဖွဲ့သားတွေအားလုံးကို ကျေးဇူးတင်ပါတယ်။


People

မီးဖိုချောင်ထဲက ဝံပုလွေမလေး LYNN YANG WOLF

မြန်မာ - ဂျာမန် ကပြားမလေးတစ်ဦး ဖွင့်ထားတဲ့ Wolf Kitchen

by Aung Lynn Thit

December 26, 2018

Yangon Zay ဆိုတာ မြန်မာပြည်အတွင်းသာမက နိုင်ငံခြားက ဝင်လာတဲ့ အစားအသောက်၊ ပစ္စည်းတွေကိုပါ Farmers Market ပုံစံမျိုးနဲ့ ခင်းကျင်းရောင်းချတဲ့ ဈေးရောင်းပွဲတော်တစ်ခုပါ။

Pop Up Store လေးတွေနဲ့ ဈေးဆိုင်အခင်းအကျင်းတွေထဲမှာ ဆိုင်တစ်ဆိုင်ချင်းစီရဲ့ဝန်ထမ်းတွေကလည်း တူညီဝတ်စုံတွေနဲ့ သပ်သပ်ရပ်ရပ် ရှိနေကြတယ်။

ဘန်ကောက်ကနေ လာဖွင့်တဲ့ဆိုင်တွေလည်း ရှိတယ်။

တစ်လမှာ နှစ်ရက်သာ ဖွင့်လှစ်ရောင်းချတဲ့ ဒီဈေးရောင်းပွဲတော်ထဲမှာ Organic Product တွေက တော်တော်စုံတယ်။

ရောင်းချနေကြသူတွေကလည်း သူတို့ရဲ့အစားအသောက်၊ ပစ္စည်းတွေအကြောင်းကို အသေးစိတ် စိတ်ရှည်လက်ရှည် ရှင်းပြနေကြတာ တွေ့ရတယ်။

အဲဒီအထဲမှာ အရင်က တွေ့ဖူးသလို ခံစားမိစေတဲ့ မိန်းကလေးတစ်ယောက်ကို သတိပြုမိလိုက်တယ်။

သူက ဝယ်သူတွေကို စိတ်ရှည်ရှည်နဲ့ ရှင်းပြနေတာ။

ဝယ်သူက ပြန်ပေးတဲ့မှတ်ချက်တွေကိုလည်း ဂရုတစိုက် နားထောင်လို့။

သူ့မျက်လုံးတွေက စူးစူးရှရှ။

စားသုံးသူအနေနဲ့ နှစ်သက်မှု ရှိ မရှိကို စကားလုံးတွေဆီကနေတင်မကဘဲ စိတ်ထဲကနေပါ နှိုက်ထုတ်ယူနေသလား ထင်ရတယ်။

သူ့ဆိုင်နာမည်ကို ကြည့်မိတော့ Wolf Kitchen ဖြစ်နေပါရော။

ဝိုး . . . ဒါ . . . လတ်ဆတ်တဲ့အစားအစာတွေကို ကျန်းမာရေးအတွက် အဓိက ထားပြီး ရောင်းချနေတဲ့ဆိုင်ပါလား။

စိတ်ဝင်စားမိသွားပြီမို့ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ရင်း သူ့အမည်ကိုပါ မေးကြည့်လိုက်တယ်။

Lynn Yang Wolf တဲ့။

စကားစမြည်ဆိုရင်း သူဟာ မြန်မာသွေးပါတဲ့ ဂျာမန်ကပြားမလေးဆိုတာပါ သိလိုက်ရတယ်။

သူ့အဘိုးက စော်ဘွားတစ်ဦးဖြစ်ပြီး နာမည်က Edward Yang တဲ့။

ဒါဆိုရင် Wendy Law-Yone ကို သိသလားဆိုတော့ သူ့အမေရဲ့သူငယ်ချင်းတဲ့လေ။

စကားပြောရင်း ဆိုရင်းနဲ့ပဲ ၂၀၁၃ လောက်တုန်းက စိုင်းစိုင်းခမ်းလှိုင်ရဲ့ ' ဆရာမကြီး ' သီချင်းထဲမှာ ဆရာမကြီးအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Lynn Yang Wolf ပါလားလို့ ပြန်အမှတ်ရမိလာတယ်။

နိုဝင်ဘာလအတွက် MODA WOMAN ကို ကျွန်တော် ရှာတွေ့ခဲ့ပါပြီ။

Wolf Kitchen ကို အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ခဲ့တဲ့ Lynn Yang Wolf ။

မီးဖိုချောင်ထဲက ဝံပုလွေမလေး။

Wolf Kitchen ကို အကောင်အထည်ဖော်ဖို့ စိတ်ကူးရခဲ့ပုံကနေ စလိုက်ကြမယ်။

စူပါမားကတ်တွေမှာ အများအားဖြင့် ကျန်းမာရေးအတွက် မသင့်တော်တဲ့ အစားအစာတွေ များနေတာကို သတိထားမိတယ်။ ဒီခေတ် လူအများစုက အသင့်စားတွေကို တော်တော်စားကြတယ်။ နေ့တိုင်းကို စားနေကြတာ။ ချက်ပြုတ်ဖို့ သေချာ မတတ်တာနဲ့ ချက်ပြုတ်ဖို့ အချိန်မရတာလည်း ပါမှာပေါ့။

ကျွန်မဆို ကိုယ်တိုင်ချက်ပြုတ်ရတာကို အရမ်းကြိုက်တယ်။ ကျွန်မရဲ့မိတ်ဆွေတွေကို ဆိုရင်လည်း ချက်နည်းပြုတ်နည်းတွေ သိပ်တတ်စေချင်တယ်။ ပြီးတော့ စူပါမားကတ်တွေက အသင့်စား အစားအသောက်တွေကို ဝယ်ပြီး စားနေကြတာဟာ ကိုယ်ခန္ဓာအတွက် ဘယ်လိုမှ မကောင်းဘူးဆိုတာ နားလည်လာစေချင်တယ်။ ဥပမာပြောရရင် ဟင်းလျာအတွက် မပါမဖြစ်တဲ့ ဆားပေါ့။ ဆားတိုင်းက ကျန်းမာရေး ကောင်းစေတဲ့ဆား ဟုတ် မဟုတ် မသိကြတာ လုံးဝမကောင်းဘူး။ ဆားကို ဂရုတစိုက် စားသင့်တယ်။

အစားအစာတစ်ခုကို မစားခင်မှာ ဒီအစားအစာဟာ ခန္ဓာကိုယ်အတွက် သင့်တော်ရဲ့လားဆိုတာကို သိထားသင့်တယ်။ စူပါမားကတ်တွေမှာ တင်ထားတိုင်း ကျန်းမာရေးနဲ့ ညီညွတ်တယ်ထင်နေတာမျိုးဟာ မကောင်းပါဘူး။ ဆားဆိုရင်ကိုပဲ Organic Salt တွေ အခု ဝယ်လို့ရနေပြီလေ။ ဒါတွေကြောင့် Wolf Kitchen ကို စခဲ့မိတာလို့ ထင်တယ်။

ဒီက Local Market တွေမှာ ဒါမျိုးတွေ လိုကိုလိုအပ်နေတယ်ထင်လို့ စလုပ်ဖြစ်ခဲ့တာ။ ၂၀၁၆ မှာ စတင် ပြင်ဆင်ခဲ့ပြီး ၂၀၁၇ အစောပိုင်း လတွေထဲမှာပဲ ဈေးကွက်ထဲ စဖြန့်နိုင်ခဲ့တယ်။

ကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေလည်း ပြောပြပါဦး။

စားသုံးသူအများစုက ဘယ်အစားအသောက်တွေဟာ ကျန်းမာရေးကို ထိခိုက်တယ်၊ မထိခိုက်ဘူးဆိုတာ သိပ်မသိကြဘူး။ ကျွန်မက သူတို့ သိလာအောင် ကိုယ်တိုင် ရောင်းရင်း ပြောပြရတယ်။ Packaging ပြဿနာတွေ ကြုံခဲ့ရတာလည်း ရှိတယ်။ Customer တွေက ပြောကြတယ်။ ဘူးတွေက ကြီးတယ်။ အဆင်မပြေဘူး။ နောက်တော့ ဘူးသေးတယ်။ မကြိုက်ဘူး၊ မဝယ်ဘူးတဲ့။ ဒါနဲ့ ဘူးဆိုဒ်တွေ ပြင်ခဲ့ရတယ်။ စားသုံးသူတွေရဲ့မှတ်ချက်တွေကြောင့် ကျွမ်းကျင်ပညာရှင်ဆီကနေ Packaging လုပ်ဖို့ အကြံဉာဏ်တွေ ယူခဲ့ရတယ်။

စစချင်းတော့ စူပါမားကတ်မဟုတ်တဲ့၊ Web Market မဟုတ်တဲ့၊ Farmer's Market မှာ သွားရောင်းတယ်။ ရောင်းနေရင်းနဲ့ အစားအသောက်တွေ အကြောင်း၊ ကျန်းမာရေးအကြောင်းနဲ့၊ ဘာဖြစ်လို့ ဈေးနှုန်းမြင့်ရတယ်ဆိုတဲ့အကြောင်းတွေ ပြောပြရတယ်။ စရောင်းစ တစ်လ နှစ်လမှာ သိပ်မရောင်းရဘူး။ အရသာကို ကြိုက်ကြပေမယ့် ဈေးကြီးလို့တဲ့။ မဝယ်ကြဘူး။ အခုကတော့ တစ်လကို ဘူးပေါင်း သုံးလေးထောင်လောက်အထိ ရောင်းရတယ်။

Target Customer တွေကကော . . . ။

စလုပ်တုန်းက ရည်ရွယ်တဲ့ Target Customer တွေက မြန်မာပြည်ကို ရောက်နေတဲ့ နိုင်ငံခြားသားတွေပဲ။ ဒါပေမဲ့ City Mart တွေက ရလာတဲ့အချက်အလက်တွေအရ တကယ့်ကို စားသုံးနေကြတာက မြန်မာတွေ ဖြစ်နေတယ်။ တိတိကျကျ ပြောရရင် လက်ထပ်ပြီးစ စုံတွဲတွေထဲက အချက်အပြုတ် မတတ်သူတွေနဲ့ ချက်ပြုတ်ဖို့ အချိန်မရသူတွေပေါ့။ သူတို့က အသင့်စားတွေပဲ စားကြတယ်။ အဲဒီမှာ ကျွန်မရဲ့ Product တွေကို တွေ့ပြီး ဒါတွေက ကျန်းမာရေးကို ပိုကောင်းစေတယ်ဆိုတာလည်း သိသွားရော၊ ပုံမှန်ကို စားလာကြတော့တာပဲ။

Wolf Kitchen က ရနိုင်တဲ့ Product တွေကို ပြောပြပါဦး။

လက်ရှိမှာ ဆားကို နှစ်မျိုး ခွဲထုတ်ထားတယ်။ တစ်မျိုးက စားတဲ့ဆား။ နောက်တစ်မျိုးက ရေချိုးရင် သုံးတဲ့ဆား။ ပြီးတော့ ကျွန်မဆီက ထုတ်တဲ့ လက်ဖက်ဟာ အရမ်းကောင်းတယ်။ အုန်းဆီထည့်ထားတာလေ။ သာမန် မန်ကျည်းသီးက ဝမ်းသွားတာမျိုးတွေ ရှိနိုင်ပေမယ့် ကျွန်မဆီက မန်ကျည်းသီးကတော့ ဝမ်းမှန်စေတယ်။

Himalayan Salt ကို မြန်မာတွေက သိပ်မသိကြဘူး။ အရောင်လည်း ကွဲတယ်။ အခဲနဲ့လည်း ဖြစ်နေတာဆိုတော့လေ။ အဲဒီအတွက် ဒီဆားဟာ ကျန်းမာစေတဲ့ဆားဖြစ်တယ်ဆိုတာကို ကိုယ်တိုင် ပြောရောင်းခဲ့ရတယ်။

ပျားရည်ကတော့ သုံးမျိုး ထုတ်ထားတယ်။ ရိုးရိုး ပျားရည် ရှိတယ်။ နေကြာကနေ ထုတ်တယ်။ အရသာကောင်းတယ်။ တစ်မျိုးက နနွင်းနဲ့ ငရုတ်ကောင်း ထည့်ထားတာ။ ဒီအမျိုးအစားကို သက်ကြီးရွယ်အိုတွေက ပိုကြိုက်ကြတယ်။ နောက်ဆုံးတစ်မျိုးကတော့ Ginger Honey ပဲ။

ကျွန်မဆီက ထွက်တဲ့ Product တွေက အရေအတွက် နည်းသေးပေမယ့် အရည်အသွေးတော့ အရမ်း မြင့်ပါတယ်။

ထပ်ထွက်လာမယ့် Product အသစ်တွေကကော . . . ။

အောက်တိုဘာလ တတိယပတ်လောက်အတွင်းမှာ နောက်ထပ် Product အသစ် ခြောက်မျိုး ထွက်လာမယ်။ ပျားရည်ထဲ သစ်ကြံပိုးခေါက် ထည့်ထားတာ ပါမယ်။ ဒီအမျိုးအစားက ပိုပြီး လေလည်စေတယ်။ ရေ အများကြီး သောက်ချင်လာစေတယ်။

နောက်ထပ် ဆားအသစ်တစ်မျိုးလည်း ပါလာဦးမယ်။ Mexican Salt ပေါ့။ Spicy & Chilli Chocolate ဆိုတဲ့ ချောကလက်အသစ်တစ်မျိုးလည်း ပါလာမယ်။ ချောကလက်တွေကို ဒီမှာပဲ လုပ်တာ။ ဘယ်တစ်ခုမှ သကြား၊ သစ်ကြံပိုးခေါက်နဲ့ နို့ မပါဘူး။ ဆီးချို သွေးချိုရှိတဲ့ လူတွေပါ စားလို့ရတဲ့ ချောကလက်မျိုးတွေပါ။

ဒီ Product တွေကို ဘယ်ဆိုင်၊ ဘယ်ဈေးတွေမှာ ဝယ်လို့ရသလဲ။

City Mart တွေမှာ ဝယ်လို့ရတယ်။ နောက် Yangon Zay မှာလည်း ရတယ်။ Yangon Zay က တစ်လမှာ နှစ်ရက်ပဲ ဖွင့်တာလေ။ Exclusive Product တွေကို ရောင်းတဲ့ဈေးလို့ ပြောရမယ်။

ကိုယ်တိုင်ကော ကျန်းမာအောင် ဘယ်လိုနေထိုင်စားသောက်သလဲ။

အရင်က Gym ဆော့ပေမယ့်လည်း ကျွန်မ ကိုယ်ရည်စစ်မလာဘူး။ ပိုဝလာတယ်။ စားတဲ့ပုံစံ မပြောင်းခဲ့တာကြောင့်လည်း ပါမယ်။ အရက်တွေ သောက်တာကြောင့်လည်း ဖြစ်မယ်။ ကယ်လိုရီတွေ အများကြီး တက်ခဲ့တာ။ Cheese တွေလည်း စားတာပဲ။ သကြားပါတာတွေ စားခဲ့မိတာကြောင့်လည်း ဝခဲ့တာ။ နောက်ပိုင်းကျ သကြားပါတာတွေ လုံးဝ ရှောင်လိုက်တယ်။ Bread နဲ့ Pasta ကိုလည်း မစားတော့ဘူး။ Diet စစားကတည်းက ထမင်းလည်း မစားဘူး။ တစ်လအတွင်း ၁၀ ကီလို ကျသွားတယ်။ ပန်းဂေါ်ဖီထမင်းတော့ တစ်ခါတလေ စားဖြစ်တယ်။

သကြားဓာတ်ပါတဲ့ အသီးတွေ အကုန် ရှောင်လိုက်တယ်။ လိမ္မော်သီး၊ ပန်းသီး၊ ဖရဲသီး စတာတွေ အကုန်ရှောင်တယ်။ ထောပတ်သီးနဲ့ စတော်ဘယ်ရီသီးပဲ စားတော့တာ။ ကော်ဖီနဲ့ လက်ဖက်ရည်ကိုကျ သကြားမထည့်ဘဲ သောက်တယ်။ Fruit Juice တွေ Smoothie တွေ ရှောင်တယ်။ မုန့်လာဥလည်း ရှောင်ရတယ်။

Keto အကြောင်းလည်း ဝေမျှပေးပါဦး။

Keto ဆိုတာ Low Carb, High Fat ဆိုတဲ့ Ketogenic Diet ကို ပြောတာပါ။ ဝနေတဲ့လူတွေက သူတို့ရဲ့စားသောက်မှုပုံစံတွေကို ပြင်ပြီး ကျန်းမာတဲ့ ခန္ဓာကိုယ်ဖြစ်အောင် Keto Diet ကို နောက်ပိုင်း စားသောက်လာကြတာ။

ကြာရှည်ခံအောင် လုပ်ထားတဲ့အစားအစာတွေ ရှောင်ရတယ်။ ထမင်းတွေ ခေါက်ဆွဲတွေ ရှောင်ရတယ်။ ဆော်ဒါပါတာတွေ မသောက်ရဘူး။ ကယ်လိုရီလျော့အောင်ဆိုပြီး လျှော့စားနေစရာ သိပ်မလိုဘူး။ အစာအငတ်ခံတာတွေ မလုပ်ရဘူး။ အချိုဓာတ်တွေ ကစီဓာတ်တွေ လျှော့စားရပေမယ့် အသားဓာတ်နဲ့ အဆီဓာတ်ကို လျှော့စားစရာ မလိုဘူး။ အဆီ စာပေးဖို့ လိုတာကြောင့် ဟင်းသီးဟင်းရွက်ဆီကိုတော့ စားကိုစားသင့်တယ်။

အစာအိမ်က Fat ကို Burn လုပ်တာ။ အဲဒီအတွက် Burn လုပ်မယ့်အချိန်မှာ အဆီတွေ စားကိုစားပေးရတယ်။ Keto Diet ဆိုတာကိုက အဆီဓာတ် ပိုစားပြီး အသားဓာတ်တွေ လျှော့စားရတာမျိုးပါ။

မိသားစုအကြောင်းလည်း ပြောပြပါဦး။

ကျွန်မကို ဟောင်ကောင်မှာ မွေးတယ်။ ၁၄ နှစ်မှာမှ မြန်မာနိုင်ငံကို ရောက်တယ်။ အမေက လားရှိုးကပါ။ အမေ့အဖေဖြစ်တဲ့ အဘိုးက ရှမ်းစော်ဘွားပေါ့။ နာမည်က Edward Yang တဲ့။ ကျွန်မအဖေကတော့ ဂျာမန်နိုင်ငံသား စီးပွားရေးသမားတစ်ယောက်ပါ။

တက်ခဲ့တဲ့ကျောင်းတွေလည်း သိပါရစေ။

မြန်မာပြည်ရောက်လာတော့ International School of Myanmar မှာ ကျောင်းတက်တယ်။ နောက် စင်ကာပူက Nanyang Technological University မှာ Digital Filmmaking တက်တယ်။ New York University မှာ Economics တက်ခဲ့တယ်။

Modelling လုပ်တာကကော . . . ။

ကျွန်မအသက် ၁၄ နှစ်ကတည်းက Modelling စလုပ်ခဲ့တာ။ မဂ္ဂဇင်းတွေအတွက်လည်း ရိုက်ခဲ့တယ်။ စင်ကာပူမှာလည်း Model လုပ်ခဲ့တယ်။ အဲဒီတုန်းက ပိန်တယ်။ သိပ်ကျန်းမာတယ်လို့တော့ မထင်ခဲ့မိဘူး။ အခု ကျွန်မအသက်က ၂၉။ ပိုကျန်းမာပြီး နေရထိုင်ရ ပိုကောင်းလာတယ်လို့ ခံစားရတယ်။

၂၀၁၃ လောက်တုန်းက စိုင်းစိုင်းခမ်းလှိုင်ရဲ့ ဆရာမကြီးသီချင်းမှာ သရုပ်ဆောင်ခဲ့သေးတယ်။ ဆရာမကြီး လုပ်ခဲ့ရတာပေါ့။ (ရယ်လျက်)

အချက်အပြုတ်ဝါသနာအပြင် တခြားစိတ်ပါဝင်စားတာတွေကကော . . . ။

Decoration လုပ်ရတာလည်း ကြိုက်တယ်။ အောင်မြင်နေသူတွေ ပညာရှင်တွေ ဟောပြောတဲ့ Talk Show တွေ၊ အင်တာဗျူးတွေကို နားထောင်ရတာ ကြိုက်တယ်။

အကြိုက်ဆုံး မြန်မာအစားအစာတွေက ဘာတွေများလဲ။

ငါးပိရည်နဲ့ ချဉ်ပေါင်ကြော်။

အကြိုက်ဆုံးပွဲတော်ဆိုရင်ကော . . . ။

သင်္ကြန်ပွဲတော်ကို အကြိုက်ဆုံးပဲ။ လျှောက်လည်ရတာ ကြိုက်တယ်။ နားရက် အရှည်ကြီးရတာ ကောင်းတယ်လေ။ စိတ်ဖိစီးမှုတွေ လျော့ကျစေတယ်။

နောက်ထပ် ကြိုက်တဲ့ ပွဲတော်တစ်ခုလည်း ရှိသေးတယ်။ ပွဲတော်နာမည်တော့ မမှတ်မိဘူး။ ကျွန်မမွေးနေ့ မရောက်ခင် တစ်ရက်အလိုမှာ မီးပုံးတွေ ချိတ်ဆွဲပြီး ကျင်းပတဲ့ပွဲတော်တစ်ခု ဟောင်ကောင်မှာ ကျင်းပလေ့ ရှိတယ်။ အသက် ရှစ်နှစ်တုန်းက စကြုံဖူးခဲ့တာ။ အခုထိ နှစ်တိုင်း ရှိတယ်။


MODA TV 


People

MYANMAR IMPERIAL COLLEGE ကို တည်ထောင်သူ မပို့ပို့ကြည်

အခုဆိုရင် Myanmar Imperial University အဖြစ်တောင် ပြောင်းလဲသွားနိုင်ခဲ့ပါပြီ

by Kyaw Ye Lynn

November 29, 2018

အသက် ၁၈ နှစ်အရွယ် မိန်းကလေးတစ်ယောက်ဟာ ကိုယ်တိုင် တက္ကသိုလ်ပညာသင်ယူနေဆဲကာလမှာပဲ ကျောင်းတစ်ကျောင်းကို စတင်တည်ထောင်ဖို့ စိတ်ကူးရခဲ့တယ်။

ရလာတဲ့စိတ်ကူးကို လက်ထဲ ရှိနေတဲ့ မြန်မာငွေ ၁၈ သိန်းနဲ့ အကောင်အထည်ဖော်လိုက်တယ်။

စစချင်း လူအင်အားက သုံးယောက်။ Education Centre သေးသေးလေး။

ငွေကြေးရင်းနှီးမြှုပ်နှံဖို့ အဆင်မပြေသေးလို့ ဆရာတွေ မငှားနိုင်သေးတဲ့အတွက် သူကိုယ်တိုင် သင်ပြပေးခဲ့ရတယ်၊

အခက်အခဲတွေနဲ့ ရှုံးနိမ့်မှုတွေကြောင့် စိတ်ဓာတ်တွေ ကျခဲ့လည်း သူ လျှောက်ချင်တဲ့လမ်းကို ဆက်လျှောက်မြဲ လျှောက်တယ်။

သူ့ရဲ့ဇွဲသန်မှုနဲ့ ပညာကို အဆတ်မပြတ် ဆည်းပူးမှုတွေကြောင့် အောင်မြင်မှုတွေ ရလာတယ်။

ကျောင်းသေးသေးကနေ ကျောင်းကြီးဖြစ်လာတယ်။

ကိုယ်ပိုင်အရည်အချင်းနဲ့ ဘဝကို တည်ဆောက်လိုတဲ့လူငယ်တွေ စဉ်းစားရွေးချယ်ကြတဲ့ကျောင်းတွေထဲက တစ်ကျောင်း ဖြစ်လာတယ်။

Myanmar Imperial College တဲ့။

MIC ဖြစ်လာဖို့ ၁၅ နှစ်တာ အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်ရင်း စတင်တည်ထောင်ခဲ့သူရဲ့အမည်က မပို့ပို့ကြည်တဲ့။

အခုထက်ထိ ပညာကို အငမ်းမရ ဆက်လက်ဆည်းပူးနေတဲ့ သူ့သတင်းတွေကလည်း လူမှုကွန်ရက်မှာ တွေ့တွေ့နေရတယ်။ ဒါနဲ့ပဲ အောက်တိုဘာလရဲ့ MODA WOMAN အဖြစ် မပို့ပို့ကြည်ကို တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတော့တယ်။

MODA. Myanmar Imperial College ကို စတင်တည်ထောင်ဖြစ်ခဲ့ပုံကနေ စလိုက်ရအောင်။

PPK. အသက် ၁၇၊ ၁၈ လောက်မှာ နိုင်ငံခြားထွက်ပြီး ကျောင်းသွားတက်တယ်။ အဲဒီမှာ အခက်အခဲတွေ အရမ်း တွေ့ရတယ်။ အစ်မက စာကျက်ရတာကို မကြိုက်ဘူး။ ငယ်ငယ်ကတည်းက အက်ဆေးတွေ ရေးရင်တောင် ကိုယ်တိုင် ဖွဲ့နွဲ့ရေးရတာမျိုးပဲ ကြိုက်တာ။ ဒါပေမဲ့ ဒီမှာက အက်ဆေးကိုတောင် ကျက်ပြီး စာမေးပွဲဖြေခဲ့ရတာတွေ တကယ် ရှိခဲ့တယ်။ လူတစ်ယောက်အနေနဲ့ Creativity နဲ့ Innovation ကို ချပြနိုင်တဲ့ ပညာရေးမျိုးပဲ အစ်မက ကြိုက်တာ။ ဒါ ငယ်ငယ်ကတည်းက စိတ်ထဲ ရှိနေခဲ့တာပေါ့နော်။

နိုင်ငံခြားမှာ ကျောင်းတက်တုန်းက မြန်မာဆိုရင် အထင်သေးကြတာ များတယ်။ မြန်မာဆိုတာနဲ့ ပညာတတ်တဲ့လူတွေလို့ သူတို့က သိပ်မသတ်မှတ်ကြဘူး။ ဒါကို အစ်မ လုံးဝ မကြိုက်ဘူး။ အစ်မက လူမျိုးကြီးဝါဒီလေ။ မြန်မာဆို တော်တယ်၊ တတ်တယ်၊ ကျွမ်းကျင်တယ်လို့ ချပြချင်တာ။ ဒီစိတ်တစ်ခုတည်းနဲ့ပဲ အသက် ၁၈ နှစ်မှာ Education Centre အသေးလေးကို စတင်တည်ထောင်ဖြစ်ခဲ့တယ်။

မြန်မာငွေ ဆယ်သိန်း၊ ဒေါ်လာဆိုရင် နှစ်ထောင်လောက်ပဲ ရှိတဲ့ငွေနဲ့ စထောင်ဖြစ်ခဲ့တာ။ အဲဒီခေတ်တုန်းက တစ်ဒေါ်လာကို ကိုးရာကျော်ပဲ ရှိသေးတယ်။ စာသင်မယ့်ဆရာတွေ ငှားဖို့အတွက်တောင် ငွေကြေး အဆင်မပြေသေးလို့ ကိုယ်ကိုယ်တိုင် ဆရာလုပ်ခဲ့ရတယ်။ ကျောင်း စထောင်တော့ အစ်မရယ်၊ အစ်မရဲ့အမျိုးသားရယ်၊ ကိုရဲဝင်းထွန်းရယ်၊ သုံးယောက်တည်းနဲ့ စခဲ့တာ။ ရုံးခန်းကလည်း သေးသေးလေးရယ်။ ကိုရဲဝင်းထွန်းက အခုလက်ရှိတော့ IT Manager အဖြစ် တာဝန်ယူထားတယ်။

MODA. MIC ရဲ့ Founder လည်း ဖြစ်၊ MD လည်း ဖြစ်တဲ့ အစ်မအနေနဲ့ အဓိက တာဝန်ယူထားတာတွေက . . . ။

PPK. Management Director အနေနဲ့ကျ အစကနေ အဆုံးအထိ တာဝန်ယူထားရတာပါပဲ။ ဒီအထဲမှာမှ ပိုပြီးအဓိကကျတာဆိုလို့ရှိရင် Quality of Education ကို တာဝန်ယူထားတယ်။ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်ဖို့ပေါ့။ နောက် Brand Department ကိုလည်း အစ်မ ကိုင်တယ်။ Marketing & Branding ကိုလည်း အဓိက တာဝန်ယူထားသေးတယ်။

MODA. ကျောင်းမှာ စာသင်မယ့်ဆရာတွေကို ဘယ်လိုစည်းမျဉ်းစည်းကမ်းတွေ၊ ဘယ်လိုအရည်အချင်းတွေနဲ့ အကဲဖြတ်ရွေးချယ်ခန့်အပ်တယ်ဆိုတာကိုလည်း သိပါရစေ။

PPK. ဒီမှာ ဆရာတွေကို ရွေးချယ်ခန့်အပ်တဲ့ HR ရဲ့ပေါ်လစီက တော်တော် Strict ဖြစ်ပါတယ်။ Filter လေးခုလောက် ခံထားတယ်။ Program Manager နဲ့ အရင်ဆုံး တွေ့ရတယ်။ ပြီးရင် Academic Manager နဲ့ တွေ့ရတယ်။ နောက်ပြီး Mob Session သွားရတယ်။ ကျောင်းသားတွေနဲ့ အဆင်ပြေရဲ့လား၊ ဒီကျောင်းရဲ့ Culture နဲ့ အဆင်ပြေရဲ့လားပေါ့။ နောက်ဆုံးကျ Management Team နဲ့ တွေ့ရတယ်။ အစ်မတို့ သွားချင်တာဟာ နိုင်ငံတကာအဆင့်ထိဆိုတာတွေ တိုင်ပင်ဆွေးနွေးကြည့်တယ်။ စာသင်တတ်တာတစ်ခုတည်းမဟုတ်ဘဲ ကျောင်းသားတွေကို Attitude ပိုင်း ပြောပြပေးနိုင်တဲ့၊ Support လုပ်ပေးနိုင်တဲ့၊ Encourage လုပ်ပေးနိုင်တဲ့ ဆရာမျိုးကို အစ်မတို့ ပိုပြီးဦးစားပေး ရွေးချယ်ပါတယ်။

MODA. အမျိုးသမီးတစ်ယောက်အနေနဲ့ ဒီလို Education Business ကို စတင်တည်ထောင်ခဲ့ရာမှာ ဘယ်လိုအခက်အခဲတွေ ကြုံခဲ့ရသလဲ။

PPK. ဒီ ၁၅ နှစ်တာကာလမှာ အစ်မ ရခဲ့တဲ့သင်ခန်းစာတွေ အတော်များပါတယ်။ ကိုယ့်ကို လက်တွဲတဲ့လူတွေ ရှိသလို တွန်းချတဲ့လူတွေလည်း ရှိခဲ့တယ်။ လက်တွဲတဲ့လူတွေကို အစ်မ အမြဲ ကျေးဇူးတင်တယ်။ တွန်းချတဲ့လူတွေကိုလည်း တစ်ချိန်က စိတ်ဆိုးခဲ့ပေမယ့် အခုတော့ ကျေးဇူးတင်နေမိတယ်။ ဘာလို့ဆို သူတို့ ပေးလိုက်တဲ့ဖိအားတွေက မခံချင်စိတ်ကို အရမ်း ဖြစ်လာစေတယ်။ ပိုကြိုးစားဖြစ်ခဲ့တယ်။ နောက်ပြီး ကိုယ့်ကို ဘယ်သူ စေတနာပျက်ပျက် ကိုယ့်ဘက်က စေတနာမပျက်ဖို့ အရေးကြီးတယ်ဆိုတာကိုလည်း သိခဲ့ရတယ်။

တခြားအခက်အခဲတွေလည်း အများကြီးပါပဲ။ Last Minute ကျမှ Appointment တွေ ဖျက်ချခံလိုက်ရတာမျိုးတွေ၊ ဟာ . . . ပို့ပို့ကြည်က လုပ်နိုင်ပါ့မလားဆိုပြီး ကိုယ့်ကို အထင်သေး လျှော့တွက်တာမျိုးတွေ ခဏခဏ ကြုံခဲ့ရတယ်။ အထင်သေးတာမှ ကိုယ့် Customer က အထင်သေးတာ၊ ကိုယ့် Partner တွေက အထင်သေးတာ၊ ကိုယ့်လက်အောက်ဝန်ထမ်းတွေက အထင်သေးတာ၊ အဲဒီလို အထင်သေးတာ အမျိုးမျိုး ကြုံခဲ့ရတယ်။ ဒါတွေကို အစ်မကတော့ စေတနာမပျက်ဘဲ ကျော်ဖြတ်နိုင်ခဲ့တယ်။ လူငယ်အရွယ်မှာ အစ်မကို ဘယ်သူမှ မယုံကြည်ခဲ့တာ သဘာဝကျပါတယ်။ ဟိုးတုန်းကတော့ ပို့ပို့ကြည် လုပ်နိုင်မယ်လို့ ယုံကြည်ကြမယ်ထင်ခဲ့တာ၊ မှားယွင်းတဲ့မျှော်လင့်ချက်ဖြစ်သွားတယ်။ တကယ်က ကိုယ့်ကို ယုံကြည်ဖို့ မျှော်လင့်နေတာထက် ယုံကြည်အောင် လုပ်ပြနိုင်ဖို့ကသာ အရေးကြီးတာပါ။

MODA. Partner University တွေရဖို့ Link ချိတ်တဲ့အခါမှာကော ဘယ်လိုအခက်အခဲတွေ တွေ့ရတတ်လဲ။

PPK. အခုကတော့ MIC ရဲ့ဖြတ်သန်းမှုတွေလည်း ၁၃ နှစ် ကျော်ခဲ့ပြီ။ ကျောင်းသားတွေလည်း ၁၅၀၀ ကျော်ခဲ့ပြီ။ အခက်အခဲ သိပ်မရှိတော့ဘူး။ Partner လုပ်ဖို့ ပြောလိုက်တာနဲ့ They are willing to support ပဲ ။ အစ်မတို့ရဲ့ Vision, Mission တွေကိုလည်း သူတို့ ကြိုက်ကြတယ်။ ဒါပေမဲ့ ဒီကာလမတိုင်ခင် လွန်ခဲ့တဲ့ ငါးနှစ် ခြောက်နှစ်လောက်အထိကတော့ အခက်အခဲတွေ အရမ်း ကြုံခဲ့ရတယ်။ အစ်မက ငယ်တော့ မယုံကြည်ကြဘူး။ ဒီကျောင်းက ဒီ Team က ဒီ Founder က လုပ်နိုင်ပါ့မလားဆိုတဲ့ မယုံကြည်မှုတွေ ကြုံတွေ့ခဲ့ရတယ်။ ဘယ်လောက်တောင်ဆိုးသလဲဆိုရင် တစ်ခါတုန်းက Partner တစ်ယောက်နဲ့ တွေ့ဖို့ ချိန်းထားလို့ ရောက်သွားတော့ သူက Boss ကို ခေါ်ပေးပါ ပြောတယ်။ အစ်မ ဘာပြန်ပြောရမှန်း မသိခဲ့ဘူး။ သူတို့ဘက်ကကျတော့လည်း မှန်ပါတယ်။ အဲဒါကြောင့်လည်း အစ်မတို့ရဲ့ Main Partner ဖြစ်တဲ့ Northampton နဲ့ Pearson ကို အရမ်း ကျေးဇူးတင်မိတယ်။ အစ်မတို့မှာ ဘာမှမရှိခဲ့တဲ့အချိန်ကတည်းကပဲ သူတို့က Risk ယူပြီး ကူညီခဲ့တာလေ။

အစ်မက စိတ်မာတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်တယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်စိတ်ကပဲ အသက်ရှင်ဖို့နဲ့ အခက်အခဲတွေကို ကျော်လွှားဖို့အတွက် အားဖြစ်စေခဲ့တာပဲ။ အခုလိုမျိုး ကိုယ့်ကိုယ်ကိုယ်ယုံကြည်စိတ် ရှိဖို့ဆိုတာကလည်း ၁၅ နှစ်လောက် ပျိုးထောင်ယူလာခဲ့ရတာ။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိရင် ကျောင်းသားတွေက အစ်မကို ဘယ်ယုံကြည်တော့မလဲ၊ အစ်မရဲ့ Team ကကော အစ်မရဲ့ခေါင်းဆောင်မှုနောက်ကို ဘယ်လိုယုံကြည်ပြီး လိုက်လာမှာလဲ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီ ၁၅ နှစ်အတွင်းမှာ အစ်မ အရမ်း အနှိမ်ခံခဲ့ရတယ်။ လူတချို့ ထင်ကြတာက မိဘတွေ အရမ်း ကျိကျိတက် ချမ်းသာကြလို့၊ ပိုက်ဆံတွေ သိန်း လေးငါးသောင်း ထုတ်ပေးလိုက်လို့ ဒီကျောင်းကြီး ဝုန်းခနဲ ဖြစ်လာတာ၊ အစ်မကိုယ်တိုင် နိုင်ငံတကာမှာ ပညာတွေ သွားသင်နိုင်တာကလည်း ချမ်းသာတဲ့အသိုင်းအဝိုင်း၊ ပညာတတ်တဲ့အသိုင်းအဝိုင်းက လူတစ်ယောက်မို့ ဖြစ်လာတာ၊ ဘာမှမဆန်းဘူး ဘာညာပေါ့။ တကယ်က မိဘဆီက ဘာမှ မတောင်းခဲ့ဘူး။ အစ်မရဲ့ ၁၈ သိန်းနဲ့ပဲ စခဲ့တာ။ နိုင်ငံခြားမှာ ပညာသွားသင်တယ်ဆိုတာကလည်း တကယ့်ကို ပင်ပန်းဆင်းရဲပြီး အခက်အခဲတွေနဲ့ တက်ခဲ့ရတာပါ။

MODA. MIC ကို အခု ဒီနေရာမှာ ဆောက်ဖို့ တော်တော် ရွေးချယ်ခဲ့ရလား။

PPK. ဟုတ်တယ်။ တော်တော်ကြီး စဉ်းစားခဲ့ရတာ။ ဒီကျောင်းကို အဓိက တည်ဆောက်ပေးခဲ့သူက အစ်မအဖေနဲ့ ဦးသိန်းအောင်တို့ပါ။ သူတို့ပဲ ဒီဇိုင်းဆွဲပြီး ဆောက်ပေးခဲ့တာ။ ပိုက်ဆံက သိန်းပေါင်း သုံးသောင်းလောက် ကုန်ကျခဲ့တယ်။ ၂၀၁၂ မှာ စဆောက်ပြီး ၂၀၁၄ မှာ ပြီးတယ်။ ၂၀၁၅ ကျ MIC ကို ဒီနေရာမှာ ပြောင်းဖွင့်ဖြစ်ခဲ့တယ်။

MODA. MIC အခုလိုဖြစ်လာဖို့ အဓိက ကျေးဇူးရှိတဲ့သတွေကို နာမည်ဖော်ပြပြောဆိုလို့ ရမလား။

PPK. ရပါတယ်။ အဓိက ကျေးဇူးရှိတာကတော့ အစ်မရဲ့အဖေနဲ့ အမေပါပဲ။ သူတို့ကို အစ်မ အရမ်းလေးစားတယ်။ သူတို့က နိုင်ငံခြားမှာ တစ်ခါမှ ကျောင်းသွားမတက်ဖူးပေမယ့် အစ်မကိုကျတော့ အင်္ဂလန်မှာ ကျောင်းပြီးတဲ့အထိ ထားပေးတယ်။ Oxford မှာ ကျောင်းတက်နိုင်တဲ့အထိလည်း ပြုစုပျိုးထောင်ပေးခဲ့တယ်။ အစ်မငယ်ငယ်က ခုနစ်တန်း၊ ရှစ်တန်းလောက်အထိ ဆရာမ ခေါ်ပေးတဲ့မြန်မာစာကို လိုက်မရေးနိုင်ခဲ့ဘူး။ အစ်မရဲ့စာအုပ်ထဲမှာ အပေါက်တွေချည်းပဲ။ နေ့လယ် မုန့်စားဆင်းချိန်ဆို အမေက အစ်မဆီ ရောက်လာပြီး သူငယ်ချင်းတွေရဲ့စာအုပ်တွေထဲကနေ စာကူးပေးခဲ့တာ။ အဲဒါကြောင့်လည်း အမေက ပြောတာထင်တယ်။ ငါ့သမီးလေး ဒီလောက်အထိ ပညာတတ်သွားလိမ့်မယ်လို့ မထင်ခဲ့မိဘူးတဲ့။ အဖေနဲ့ အမေက အစ်မရဲ့ Skill တွေကို Judge မလုပ်ဘဲ လွတ်လပ်စွာ ပျံသန်းခွင့်ပေးခဲ့တဲ့အတွက်ကို အရမ်း ကျေးဇူးတင်ရတယ်။

အစ်မရဲ့အမျိုးသားကိုလည်း အရမ်း ကျေးဇူးတင်တယ်။ အစ်မ ဖြစ်ချင်တဲ့အိပ်မက်တွေကို ပါရမီဖြည့်ပြီး သူ လုပ်ပေးခဲ့တာ။ ဘွားလေး ဒေါ်ရီရီမြင့်ကိုလည်း ကျေးဇူးတင်တယ်။ MIC Team ကိုလည်း ကျေးဇူးတင်တယ်။ အစ်မအမျိုးသားရဲ့အဖေနဲ့ အမေကိုလည်း ကျေးဇူးတင်တယ်။ သူတို့က အစ်မကို အရမ်းနားလည်ပေးကြတာ။ ပြီးရင် Academic Director တွေကိုလည်း ကျေးဇူးတင်တာပါပဲ။ ဒေါက်တာ မူမူသိန်း၊ ဒေါက်တာ အောင်ကျော်၊ ဒေါက်တာ အေးသန္တာစိုးနဲ့ ဒေါက်တာ မြင့်မြင့်ကြည်တို့ပေါ့။ ကျေးဇူးတင်ရမယ့်သူတွေက အများကြီးပါပဲ။

MODA. Education Business လုပ်နေသူတစ်ယောက်အနေနဲ့ ပညာရေးဆိုတာကို ဘယ်လိုနားလည်ထားသလဲ။

PPK. အစ်မကို သူငယ်ချင်းတွေနဲ့ Media Professional တွေက မေးတာ ခဏခဏ ကြုံရတယ်။ အစ်မတက်ခဲ့တာက Multi-media Arts ဖြစ်ပြီး အစ်မလုပ်နေတာက Business Related ဘက်ကို ပိုသွားတာမို့ ကိုယ်တက်ခဲ့တာတွေကို ပြန်အသုံးပြုဖြစ်ရဲ့လားပေါ့။ အဲဒါနဲ့ အစ်မလည်း ဒီလို စဉ်းစားမိတယ်။ ပညာရေးဆိုတာ နှစ်မျိုး ရှိတယ်။ တစ်ခုက Context ဖြစ်ပြီး နောက်တစ်ခုက Concept ပေါ့။ ကျောင်းသားတစ်ယောက်က ကျောင်းတစ်ကျောင်းကို သုံးနှစ်တက်လိုက်တယ်ဆိုရင် သူ့အတွေးမှာ A, B, C, D ဆိုတာ ပါသွားတာထက် ဘာဖြစ်လို့ A ဖြစ်လာသလဲ၊ A နဲ့ B ဘာကွာသလဲ၊ A နဲ့ B ပေါင်းလိုက်ရင် ဘာဖြစ်မလဲ တွေးတတ်လာဖို့ လိုတယ်။ ပညာရေးဆိုတာ လူတစ်ယောက်ရဲ့အတွေးအခေါ်ကို ပြောင်းလဲစေတဲ့အရာပဲ။ လောကရဲ့မှန်ခြင်း၊ မှားခြင်းနဲ့ သူရပ်တည်နေတဲ့နေရာရဲ့ မှန်ခြင်း၊ မှားခြင်းကို သိလာမယ်။ တခြားလူတွေကို စာနာနားလည်ပေးတတ်လာမယ်။ ပညာရေးဆိုတာ သိခြင်းနဲ့ မသိခြင်းကြားမှာ မှန်ကန်စွာ ဆုံးဖြတ်တတ်စေတယ်လို့ အစ်မ ယုံကြည်တယ်။

MODA. အစ်မရဲ့ပညာရေးဖြတ်သန်းမှုကိုလည်း သိပါရစေ။

PPK. Northampton University ကနေ BA (Hons) Multi-media Arts နဲ့ ကျောင်းပြီးခဲ့တယ်။ ဒီကို ပြန်လာပြီး ကျောင်းထောင်တယ်။ နောက် Business Diploma သုံးခုလောက် တက်တယ်။ Computer Arts တက်တယ်။ MBA Program ကိုကျ အစ်မရဲ့ကျောင်းမှာပဲ ပြန်တက်တာ။ အစ်မက အင်္ဂလန်ကနေ ဘွဲ့ရခဲ့တော့ MBA ကိုလည်း အင်္ဂလန်က ပေးတာပဲ လိုက်ရှာတာ ဒီမှာ မရှိဘူးဖြစ်နေတယ်။ ဒါနဲ့ အစ်မရဲ့ကျောင်းမှာပဲ စလုပ်ဖြစ်ခဲ့တယ်။ MBA စလုပ်တုန်းက အပြင်ကျောင်းသားတွေကို မှန်းတာထက် ကိုယ့်အသိုင်းအဝိုင်းနဲ့ ကိုယ့် Self-development အတွက် အရင် မှန်းခဲ့တာ။ နောက်တော့ အရမ်း လူသိများသွားခဲ့တယ်။ MBA Program တက်ပြီး အခုကျ Doctorate Program ကို ဆက်တက်တာ Final Year ရောက်နေပြီ။ Leading & Brand ဆိုတဲ့ Topic နဲ့ Final Thesis Paper ကို အစ်မ ရေးနေတယ်။ ပြီးတော့ University of Oxford မှာ Master Level ဖြစ်တဲ့ Diploma in Leadership & Organizational Behaviour တက်နေတယ်။ တစ်နှစ်ခွဲပဲ တက်ရတာ။ ဒီတစ်ခေါက် Oxford ကိုရောက်ရင် Final Exam ဖြေရတော့မယ်။ ကျောင်း တည်ထောင်ပြီးကာမှ အစ်မ အများကြီး ပိုတက်ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အစ်မရဲ့ကျောင်းကို ဒီထက် အရမ်းကောင်းတဲ့ကျောင်း ဖြစ်စေချင်လို့၊ နိုင်ငံအတွက် ဂုဏ်ယူရတဲ့ကျောင်းတစ်ကျောင်းလည်း ဖြစ်စေချင်လို့၊ ကိုယ်ကိုယ်တိုင်ကလည်း Very Well-trained Professional ဆိုတဲ့လူ ဖြစ်ချင်လို့ပါ။

MODA. ဒီခေတ်ရဲ့ ပညာတတ်လူငယ်တွေက Business Knowledge ရှိကြပေမယ့် ကိုယ့်ကျင့်တရားကို ထိန်းသိမ်းတတ်ခြင်း ဆိုတဲ့ Morale Education ပိုင်းမှာ အားနည်းကြတယ်လို့ ဝေဖန်တာတွေ တွေ့ဖူးတယ်။ အဲဒီအပေါ် အစ်မရဲ့အမြင်ကို သိပါရစေ။

PPK. ပြေ ာရင်လည်း အဆဲခံရမှာပဲ။ အစ်မတို့က မသိတာတွေကို သိအောင် လုပ်ပေးရမှာလေ။ အားနည်းနေတာ တွေ့ရင် အားနည်းနေတာပါလားလို့ အစ်မတို့က မြင်ပေးရမယ်။ အဲဒါဟာ လူငယ်တွေကို ရှုတ်ချဖို့အတွက် မဟုတ်ဘူး။ လူငယ်တစ်ယောက် အောင်မြင်ဖို့ဆိုရင် သူ့ပတ်ဝန်းကျင်ကလည်း အရေးကြီးတယ်။ မရှုတ်ချဘဲ ကောင်းတဲ့အပြုအမူတွေကို ကျင့်သုံးတတ်လာအောင် ပြောပြပေးသင့်တယ်။ တချို့လူငယ်တွေကတော့ အပြုအမူကောင်းကို သိပါလျက်နဲ့ သူ အများအားဖြင့် နေထိုင်ရတဲ့ပတ်ဝန်းကျင်မှာ ဒါတွေကို မကျင့်သုံးတဲ့အတွက် သူက ကျင့်သုံးရမှာကို ဝန်လေးနေတာမျိုး၊ ရှက်နေတာမျိုး ရှိတတ်တယ်။ မဝံ့ရဲတာမျိုးပေါ့။ လူငယ်တွေဘက်ကလည်း ကိုယ့်ခေါင်းထဲကို မှန်ကန်တဲ့၊ ယဉ်ကျေးတဲ့အသိတွေ ထည့်ဖို့ လိုပါတယ်။

MODA. ကျွန်တော်တို့ဆီက လူငယ်တွေက မိဘကို သိပ်မှီခိုအားကိုးလွန်းတယ်၊ တွယ်တာလွန်းတယ်၊ ပိုက်ဆံတန်ဖိုးသိတာ နောက်ကျကြတယ်၊ ဒါတွေကြောင့် စွန့်ဦးတီထွင်တဲ့အရေးအရာတွေမှာ နောက်ကျကြတယ်ပေါ့၊ အဲဒီလိုဝေဖန်တာတွေ တွေ့ရတယ်။ အစ်မကော ဘယ်လို ထင်မိသလဲ။

PPK. အဲဒါ ဟုတ်တယ်။ အစ်မ နိုင်ငံခြားမှာ ကျောင်းတက်တုန်းက Part Time တွေ လုပ်ရတယ်။ သူတို့ရဲ့ပညာရေးက ဈေးကြီးတယ်။ အလုပ်လုပ်မှ နေဖို့ထိုင်ဖို့၊ စားဖို့သောက်ဖို့နဲ့ ကျောင်းလခပေးဖို့က အဆင်ပြေတာ။ ပြီးတော့ အဲဒီမှာက အလုပ်လုပ်နေတာကိုက Culture တစ်ခုလို ဖြစ်နေတာ။ အလုပ်မလုပ်ရရင်ကို တစ်မျိုးကြီး ဖြစ်နေတာ။ ကိုယ့်ဘေးမှာ လူအကုန် အလုပ်လုပ်နေတော့ ပတ်ဝန်းကျင်ကလည်း ဖိအားပေးတယ်လို့ ဆိုရမလားပဲ။ အဲဒါကြောင့်လည်း မိဘတွေကို အစ်မတို့ဘက်က Request လုပ်ချင်တာ။ သားသမီးကို ချစ်တာက ကောင်းပေမယ့် ဒီသားသမီးရဲ့တန်ဖိုးဟာ မိဘတွေအတွက်သာ ရှိနေတာလောက်မဟုတ်ဘဲ တခြားလူတွေအတွက်ပါ တန်ဖိုးရှိနေတဲ့လူတစ်ယောက်ဖြစ်စေလိုတဲ့ ချစ်ခြင်းမျိုး ရှိနေစေချင်တာ။ နိုင်ငံအတွက်ပါ အကျိုးရှိတဲ့သားသမီးမျိုးဖြစ်အောင် ပျိုးထောင်ပေးစေချင်တာ။ အလုပ်လုပ်တာကလည်း ပိုက်ဆံရခြင်း မရခြင်းထက် Contribution လုပ်ရတဲ့အဓိပ္ပာယ်ကို သိစေတာပဲ။

ကျောင်းတက်ရင်း အစ်မလုပ်ခဲ့တဲ့အလုပ်က ဓာတ်ပုံရိုက်ပြီး ရောင်းရတာ။ ဝယ်သွားတဲ့လူတွေ ပျော်တာ၊ စိတ်ချမ်းသာတာ မြင်ရတော့ အစ်မ ကြိုက်တယ်။ တခြားလူတွေ ပျော်အောင် လုပ်ပေးရတာကို စွဲလမ်းလာတယ်။ မိဘတွေအနေနဲ့ ကိုယ့်သားသမီးကို အလုပ်ရဲ့တန်ဖိုး သိလာအောင် လုပ်ပေးသင့်တယ်။

MODA. အစ်မရဲ့ဝါသနာတွေက . . .

PPK. အလုပ်လုပ်ရတာကို အစ်မ အရမ်း ဝါသနာပါတယ်။ အလုပ်လုပ်နေရတာကိုပဲ အစ်မ ကြိုက်တယ်။ နောက်ပြီး ပန်းချီဆွဲရတာကို ဝါသနာပါတယ်။ ပန်းချီဆွဲနေရရင်ကို ပျော်နေတာ။

MODA. ငယ်ငယ်က ဖြစ်ချင်ခဲ့တဲ့ရည်မှန်းချက်တွေကကော။

PPK. အစ်မ ငယ်ငယ်က ပန်းချီဆရာဖြစ်ချင်ခဲ့တာ။ အဆိုတော်လည်း ဖြစ်ချင်တယ်။ အင်ဂျင်နီယာလည်း ဖြစ်ချင်ခဲ့တာပဲ။ ပြီးတော့ Gems & Jewellery ကိုလည်း အရမ်း စိတ်ဝင်စားခဲ့တယ်။

ငယ်ငယ်တုန်းကဆို တူတွေ၊ လွှတွေ ယူပြီး ခြောက်ပေပတ်လည်လောက်ရှိတဲ့ အိမ်ကလေးတစ်လုံး ဆောက်ခဲ့တယ်။ ပန်းအိုးကို ပြောင်းပြန်လှန်၊ အထဲမှာ ဖက်ရွက်ကို ထည့်၊ အဲဒီအထဲမှာမှ အချဉ်ထုပ်ကို ထည့်၊ ဒါဆို အေးသွားရော။ အိမ်သေးသေးလေးထဲမှာ အဲဒီလိုလုပ်ထားရတာကို သဘောကျတယ်။ အိမ်ကလေးရှေ့မှာ အပင်တွေ စိုက်တယ်။ အဖေနဲ့ အမေကလည်း လုပ်ချင်တာ လုပ်ပါစေဆိုပြီး လွှတ်ပေးထားတယ်။ လက်တွေဆို ပေါက်ပြဲနေတာပဲ။ အစ်မရဲ့အဘိုးကကျ အင်ဂျီနီယာချုပ်လေ။ သူက အားပေးတယ်။ အဲဒီတုန်းကတည်းက ဝါသနာပါခဲ့လို့ ထင်ရဲ့။ ကျောင်းရဲ့ Interior Decoration ကို အစ်မ အကုန် စိတ်ဝင်စားခဲ့တယ်။ ကျောက်မျက်ရတနာတွေဆိုရင်လည်း အရမ်း စိတ်ဝင်စားခဲ့တာပဲ။ အစ်မက မိုးကုတ်ကဆိုတော့ နွရောသီဆို အဖေတို့နဲ့ မိုးကုတ်ကို အမြဲ ပြန်ရောက်ဖြစ်တယ်။ အဲဒီရောက်ရင် သိပ်ချစ်စရာကောင်းတဲ့ကျောက်တွေကို တွေ့ရ၊ မြင်ရတယ်။

MODA. အမျိုးသမီးတွေနဲ့ပတ်သက်တဲ့ဘက်ကို ဆက်ကြရအောင်။ အခု မြန်မာနိုင်ငံက လုပ်ငန်းခွင် တော်တော်များများမှာ အမျိုးသမီးတွေအနေနဲ့ Equal Opportunity ရနေတယ်လို့ အစ်မ ထင်သလား။

PPK. မထင်ဘူး။ အစ်မတို့ တိုက်ယူနေရတုန်းပဲ။ အမျိုးသမီးတွေလည်း ခေါင်းဆောင်ဖြစ်နိုင်ပါတယ်ဆိုတာကို လုပ်ပြနေရတုန်းပဲ။ အစ်မ ထင်မြင်မိတဲ့ Equal Opportunity ဆိုတာ တခြားလူတွေက ကိုယ့်ကို ဘယ်လိုမြင်တာထက် တခြားလူတွေ ကိုယ့်ကို ဘယ်လိုမြင်အောင် ကိုယ်က လုပ်ပြမလဲ ဆိုတာပဲ။ ကိုယ့်ကို အထင်သေးတဲ့လူတွေ ရှိရင် မသေးအောင် ကိုယ်က လုပ်ပြလိုက်။ အထင်သေးခံရတဲ့အတွက် ဝမ်းနည်းမနေနဲ့။ လူကို လူလို့ သတ်မှတ်ပြီး ကိုယ်လုပ်နိုင်တဲ့အတိုင်းအတာအထိကို အမြင့်ဆုံး လုပ်ပြတာဟာ Equal Opportunity အတွက် အလုပ်ပြသင့်ဆုံးအရာလို့ အစ်မ ယူဆတယ်။

MODA. သာမန်အိမ်ရှင်မတစ်ယောက်နဲ့ Career Woman တစ်ယောက်ကြားမှာ ဘယ်လိုခြားနားချက်တွေ ရှိတယ်လို့ ထင်ပါသလဲ။

PPK. အိမ်ရှင်မအလုပ်နဲ့ ခေါင်းဆောင်မှုဟာ တော်တော် တူတယ်။ အိမ်ရှင်မတွေမှာလည်း Management Skill မြင့်သူတွေ အများကြီးပဲ။ ဥပမာ - အစ်မရဲ့အမေပေါ့။ အစ်မကတော့ နှစ်မျိုးစလုံးကို လေးစားတယ်၊ တန်ဖိုးထားတယ်။ ကွာခြားတာဆိုလို့ တာဝန်ယူရတဲ့ Area လောက်ပဲ ဖြစ်မယ်။ မတူညီတဲ့တန်ဖိုးတွေ ရှိနေတာမို့ နှိုင်းယှဉ်ပြောရတာလည်း သိပ်တော့ မကောင်းဘူး။

MODA. မြန်မာအမျိုးသမီးတစ်ယောက်အနေနဲ့ အိမ်ထောင်ရေးဟာ ဘဝအတွက် ဘယ်လောက်အရေးပါတယ်လို့ ထင်သလဲ။

PPK. အိမ်ထောင်ရေးက အမျိုးသားအတွက်ရော အမျိုးသမီးအတွက်ပါ ၆၀ ရာခိုင်နှုန်း၊ ၇၀ ရာခိုင်နှုန်းလောက်အထိ အရေးပါတယ်။ Life Partner ဆိုတာ လက်တွဲပြီး ဘဝကို အတူတူ တိုက်ပွဲဝင်သူတွေပါ။ ကောင်းတဲ့သူနဲ့ လက်တွဲရင် ဒီတိုက်ပွဲမှာ နိုင်မယ်၊ ဆိုးတဲ့သူနဲ့ လက်တွဲရင် ဒီတိုက်ပွဲမှာ ရှုံးမယ်။ ဘဝမှာ ဘယ်လိုလူနဲ့ လက်တွဲမလဲဆိုတာ သိပ်အရေးကြီးပါတယ်။ နောက်ပြီး ခွဲဝေတာဝန်ယူတတ်မှုကလည်း အိမ်ထောင်ရေးအတွက် အရေးကြီးတယ်။ နားလည်ပေးမှုတွေ လိုတယ်။ ကိုယ် မကြိုက်တာတွေကို သူက ကြိုက်နေရင် သူ ကြိုက်တာဟာ မကောင်းတာ လုပ်တာလား၊ ကိုယ် မကြိုက်ပေမယ့် သူကြိုက်တာပါလားဆိုတာတွေ နားလည်ပေးနိုင်ဖို့ လိုတယ်။ အိမ်ထောင်ဖက်ဆိုတာ ကိုယ့်ဘဝရဲ့ ဒုတိယမိသားစုပဲလေ။ တစ်ဖက်လူနေရာက ဝင်ခံစားပေးတတ်ဖို့ လိုကိုလိုတယ်။ အစ်မဆို အရမ်း ကံကောင်းတယ်။ ဒီအချက်တွေ ရှိတဲ့ အိမ်ထောင်ဖက်ကို အစ်မ လက်ထပ်ခဲ့ရတာလေ။

ပြီးတော့ လူတစ်ယောက်ဟာ အမြဲတမ်း မတ်မနေနိုင်ဘူး။ စိတ်ဓာတ်ကျစရာတွေ ရှိလာတဲ့အခါ အိမ်ထောင်ဖက်က မှီစရာဖြစ်နေတာ ကောင်းတာပေါ့။ နောက်ပြီး အစ်မက ခေါင်းမာသူ၊ တစ်ယူသန်သူဖြစ်လို့ တော်ရုံလူက ထောက်မပြရဲဘူး။ ဒါကြောင့်လည်း အစ်မအမျိုးသားနဲ့ သဘောတူထားကြတယ်။ အစ်မရဲ့အမှားတွေကို ထောက်ပြပေးရမယ်လို့လေ။ ဘွားလေး ဒေါ်ရီရီမြင့်ဆိုလည်း အစ်မရဲ့အမှားတွေကို ထောက်ပြတတ်သူတစ်ယောက်ပါ။ ကျောင်းသေးသေးလေးကို စထောင်ကတည်းကပဲ ဘွားလေးက Mentoring လုပ်ပေးခဲ့တာ။

MODA. အစ်မယုံကြည်လက်ခံထားတဲ့ဆောင်ပုဒ်တစ်ခုခုက . . .

PPK. If there is a will, there should be a way.

 


People

အလှအပတွေ ပေါင်းဆုံရာ BEAUTY VALLEY ရဲ့ ပဲ့ကိုင်ရှင် မ GRACE MYAT NOE

ရန်ကုန်နဲ့ မန္တလေးမှာ Beauty Valley ကို ဆိုင်ခွဲ ခြောက်ဆိုင်အထိ ဖွင့်လှစ်ထားနိုင်ပြီဖြစ်တဲ့အထိ အောင်မြင်နေတဲ့ မ Grace Myat Noe

by Elijah Htang

October 8, 2018

ဒီနေ့ခေတ်မှာ အလှအပဆိုင်ရာ ဝန်ဆောင်မှုမျိုးစုံကို ပေးနိုင်တဲ့ Beauty Salon တွေ မှိုလို ပေါက်လာကြပေမယ့် လူသိများပြီး အချင်းချင်း လက်တို့ညွှန်းရတဲ့ဆိုင်တွေကတော့ လက်ချိုးရေတွက်လို့ ရနိုင်သေးတဲ့အထိ နည်းပါးနေပါသေးတယ်။

Beauty Salon တစ်ခု နာမည်ရလာဖို့ဆိုတာကလည်း ဝန်ဆောင်မှုကောင်းဖို့၊ ပုံမှန်ဖောက်သည်တွေ များလာဖို့၊ Customer တွေရဲ့တောင်းဆိုချက်အရ ဆိုင်ခွဲတွေ ဆက်တိုက်ဖွင့်လာနိုင်ဖို့၊ အရည်အချင်း ပြည့်မီတဲ့ ဝန်ထမ်းကောင်းတွေကို ပျိုးထောင်စုစည်းထားနိုင်ဖို့၊ ပြည်ပမှာ လုပ်နေပြီဖြစ်တဲ့ နောက်ဆုံးပေါ် ဝန်ဆောင်မှုတွေကို ပြည်တွင်းမှာလည်း နောက်ကျကျန်မနေရစေဘဲ ရရှိနိုင်ဖို့ စတဲ့ အချက်တွေအပြင် စတင်တည်ထောင်သူ ပိုင်ရှင်ကိုယ်တိုင်က ဦးဆောင်သူကောင်းတစ်ယောက် ဖြစ်နေဖို့ပါ လိုပါတယ်။

MODA အဖွဲ့သားတွေအနေနဲ့ စက်တင်ဘာလအတွက် MODA WOMAN ကို ရွေးချယ်ကြတဲ့အခါ တိုက်ဆိုင်စွာနဲ့ပဲ အထက်မှာပြောခဲ့တဲ့အချက်တွေနဲ့ ကိုက်ညီတဲ့ အမျိုးသမီးတစ်ယောက်ကို တွေ့ရှိခဲ့ပါတယ်။ သူကတော့ ရန်ကုန်နဲ့ မန္တလေးမှာ Beauty Valley ကို ဆိုင်ခွဲ ခြောက်ဆိုင်အထိ ဖွင့်လှစ်ထားနိုင်ပြီဖြစ်တဲ့အထိ အောင်မြင်နေတဲ့ မ Grace Myat Noe ပါ။ သူနဲ့ ဆုံဖြစ်တဲ့အခိုက် မေးမြန်းပြောဆိုဖြစ်ခဲ့တာတွေကတော့ . . . ။

Beauty Valley ကို စတင်ဖွင့်ဖြစ်ခဲ့ပုံကနေ စလိုက်ကြရအောင်။

လွန်ခဲ့တဲ့ ၁၀ နှစ် လောက်ကတော့ ကျွန်မဟာ ဝန်ထမ်းတစ်ယောက်ပါပဲ။ ပန်းလှိုင်ဆေးရုံမှာ သုံးနှစ်၊ MAI လေကြောင်းလိုင်းမှာ သုံးနှစ် လုပ်ခဲ့တယ်။ နောက်ပိုင်း Career Life ကို ပြောင်းဖို့ စဉ်းစားမိတော့ ကျွန်မလည်း တကယ် ဝါသနာပါတဲ့၊ အလားအလာကောင်းတဲ့ စီးပွားရေးလည်း ဖြစ်တဲ့ beauty salon ဖွင့်ဖို့ကို ရွေးချယ်ဖြစ်ခဲ့တယ်။
ဝန်ထမ်းလုပ်နေဆဲ ကာလကတည်းကကို အလှအပနဲ့ပတ်သက်တဲ့ training တွေ တက်ခဲ့တယ်။ အလုပ်ချိန်ပြင်ပမှာ ရသမျှ လေ့လာခဲ့တယ်။ အဓိကကတော့ ဝါသနာပါလွန်းလို့ ဖွင့်ဖြစ်ခဲ့တာပါ။

Beauty Valley လို့ နာမည်ပေးဖြစ်ခဲ့ပုံကို သိပါရစေ။

ကျွန်မဆီမှာ အလှအပနဲ့ပတ်သက်ပြီး Head to Toe ခေါင်းအစ ခြေအဆုံး လုပ်လို့ရတယ်ဆိုတဲ့ message ကို ပေးချင်တယ်။ အစုအဝေးလေးတစ်ခုထဲမှာ အလှအပဆိုင်ရာ အကုန်လုပ်လို့ရတယ်ဆိုတာကို ဖော်ပြချင်တယ်။ ဒါကြောင့် Beauty Valley ဆိုပြီး နာမည်ပေးဖြစ်ခဲ့တာပါ။

စဖွင့်ဖွင့်ချင်း ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကို ပြောပြပါဦး။

စဖွင့်ဖွင့်ချင်း တကယ့်ကို အခက်အခဲဖြစ်ခဲ့တာကတော့ ဝန်ထမ်းခန့်ရတာပဲ။ ကျွန်မမှာ ဆိုင်တွေ များလာလေလေ၊ အရည်အချင်းပြည့်မှီတဲ့ ဝန်ထမ်းတွေကို ရှာရတာ ပိုခက်လာလေလေပဲ။ ဝန်ထမ်းခေါ်ယူတဲ့အခါ Qualified ဖြစ်ပြီးသား ဝန်ထမ်းရော၊ Qualified မဖြစ်သေးပေမယ့် အလားအလာရှိတဲ့ဝန်ထမ်းတွေပါ စုပြီး ရန်ကုန်မှာသာမက နိုင်ငံရပ်ခြားအထိပါ training အကြိမ်ကြိမ် သွားပေးခဲ့ရတယ်။
သူတို့ Well-trained ဖြစ်တဲ့အခါ သူတို့အချင်းချင်း knowledge sharing လုပ်ကြတယ်။ ကျွန်မကိုယ်တိုင်လည်း training တွေ အများကြီးတက်ပြီး သူတို့ကို sharing ပြန်လုပ်တယ်။ ဒီလိုနည်းနဲ့ပဲ အခက်အခဲတွေကို ကျော်ဖြတ်ခဲ့ပါတယ်။

Beauty Valley က ပေးတဲ့ ဝန်ဆောင်မှုတွေက . . .

အမျိုးသမီးတွေနဲ့ပတ်သက်တဲ့ အလှအပဆိုင်ရာ ဝန်ဆောင်မှုတွေကို ခေါင်းအစ ခြေအဆုံး တော်တော်များများရအောင် လုပ်ပေးထားပါတယ်။ ဆိုင်စစချင်းတုန်းကတော့ ဝန်ဆောင်မှုတွေ နည်းခဲ့တယ်။ နောက်ပိုင်းကျ trend ဖြစ်တဲ့အရာမှန်သမျှ ဆိုင်မှာ ရအောင် လုပ်ပေးထားတယ်။ အခုဆိုရင် နိုင်ငံခြားမှာ မျက်တောင်ဆက်တာတို့၊ strengthing လုပ်တာတို့ အရမ်း လုပ်နေကြတယ်။ ဒါကြောင့်လည်း ကျွန်မတို့ဆိုင်တွေ နောက်ကျကျန်မနေရအောင် အကုန် လုပ်ပေးထားတာပါ။

Customer's Feedback တွေနဲ့ပတ်သက်ပြီးတော့ ပြောပြလို့ရတဲ့ ကိစ္စမျိုးတွေ ရှိသလား။

ဟုတ်ကဲ့၊ ရှိပါတယ်။ ကျွန်မတို့မှာ ရန်ကုန်နဲ့ မန္တလေးပေါင်းပြီး ဆိုင်ခွဲ ခြောက်ဆိုင်ရှိတဲ့အတွက် တစ်လတစ်လမှာ ရောက်လာတဲ့ Customer အရေအတွက်က ထောင်ဂဏန်းရှိပါတယ်။ One Percent က Complain တက်ရင်တောင် လူက ဆယ်ဂဏန်းဖြစ်နေပြီလေ။ အယောက် နှစ်ဆယ်ပေါ့။ Complain ကတော့ လစဉ်လတိုင်း အနည်းနဲ့ အများ ရှိတယ်။ ကောင်းတဲ့ Feedback တွေလည်း အများကြီး ရပါတယ်။ တချို့ဆို အရမ်း ကျေးဇူးတင်လွန်းလို့ဆိုပြီး မုန့်တွေ ဆိုင်အထိ ပို့လာတာမျိုးတောင် လုပ်တယ်။

ပြီးတော့ ကျွန်မတို့ လုပ်ငန်းစတဲ့အချိန်မှာ Foreigner အမျိုးသားတစ်ယောက်က သူ့အမျိုးသမီးအတွက်ဆိုပြီး ပန်းစည်းလေးနဲ့ Package ဝယ်ထားတယ်။ Surprise လုပ်ဖို့အတွက်လေ။ အမျိုးသမီးက သူ့အမျိုးသား Package ဝယ်ထားတာကို လုံးဝ မသိဘဲ ဆိုင်ရောက်လာတယ်။ အားလုံးလုပ်ပြီးကာမှ သိတော့ သူ တော်တော်ပျော်သွားတယ်။ Feedback ကိုလည်း သူ့ Wall ပေါ်မှာ ရေးပေးသေးတယ်။

အဲဒီလိုပဲ စိတ်ဆိုးသွားတဲ့ Customer တွေကိုလည်း ကြုံခဲ့ရဖူးတယ်။ ပန်းစည်းပါ ဝယ်သွားပြီး အိမ်အထိ လိုက်ချော့ခဲ့ရတဲ့ customer တွေလည်း ရှိတယ်။

အခုလက်ရှိ လုပ်နေရတဲ့အလုပ်နဲ့ ငယ်ငယ်က ဖြစ်ချင်ခဲ့တာနဲ့က တစ်ထပ်တည်းပဲလား။

မဟုတ်ဘူးရှင့်။ ကျွန်မ ငယ်ငယ်တုန်းက စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် မဖြစ်ချင်ခဲ့ဘူး။ လေယာဉ်နဲ့ပတ်သက်တဲ့ အလုပ်တစ်ခုခုကိုသာ လုပ်ချင်ခဲ့တာ။ ဒါကြောင့်လည်း MAI မှာ ဝင်လုပ်ဖြစ်ခဲ့တာ။ ဒါပေမဲ့ နောက်ပိုင်းမှာ move on လုပ်မှဖြစ်မယ်ဆိုတာကို သဘောပေါက်လို့ ဒီအလုပ်ထဲ ရောက်ပြီး လုပ်ငန်းရှင်ဖြစ်လာခဲ့တာပါ။

ဝန်ထမ်းဘဝမှာ အထက်လူက ကိုယ့်ကို စီမံခန့်ခွဲတာ ခံခဲ့ရပေမယ့် ကိုယ်တိုင် လုပ်ငန်းရှင်ဖြစ်လာတဲ့အခါကျ ကိုယ်ကပဲ အထက်ကနေ ဝန်ထမ်းတွေကို စီမံခန့်ခွဲရတယ်။ ဒီအခြေအနေနှစ်ခုရဲ့ ကွာခြားမှုတွေကို ပြောပြပါလား။

တော်တော် ကွာခြားသွားတယ်ရှင့်။ အရင်တုန်းက ဝန်ထမ်းဘဝမှာ အထက်က မန်နေဂျာ၊ ဒါရိုက်တာ စသဖြင့် ရှိခဲ့တယ်။ အဲဒီတုန်းက လွှမ်းမိုးခံခဲ့ရတဲ့ သူတို့ရဲ့အပြောအဆို၊ အတွေးအခေါ်တွေ အားလုံးက ကျွန်မ လုပ်ငန်းရှင်တစ်ယောက်ဖြစ်လာတဲ့အခါမှာ တော်တော့်ကို အထောက်အကူ ဖြစ်စေခဲ့တယ်။ အရင်တုန်းက ဝန်ထမ်းဘဝမှာ နားမလည်ခဲ့တဲ့ သူတို့ရဲ့ဆုံးဖြတ်ချက်တွေကို ကိုယ်တိုင် လုပ်ငန်းရှင်ဖြစ်လာပြီးမှ ပိုနားလည်လာခဲ့တယ်။ မပြောချင်ပေမယ့် ပြောလိုက်ရတာတွေ၊ မဆုံးဖြတ်ချင်ပေမယ့် ဆုံးဖြတ်ခဲ့ရတာတွေ၊ ဝန်ထမ်းတစ်ယောက်ကို မထုတ်ချင်ပေမယ့် စည်းကမ်းအရ ထုတ်လိုက်ရတာတွေ စသဖြင့်ပေါ့။



အမျိုးသမီး လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ တွေ့ကြုံခဲ့ရတဲ့စိန်ခေါ်မှုတွေက ဘာတွေများလဲ။

အမျိုးသမီးလုပ်ငန်းရှင်တစ်ယောက်အနေနဲ့ တွေ့ကြုံခဲ့ရတဲ့ စိန်ခေါ်မှုတွေက များပြားတယ်။ အဓိကကတော့ အိမ်ထောင်ရှင်မလည်း ဖြစ်တဲ့အတွက် အိမ်ထောင်ဖက်ကို အချိန်ပေးရတယ်။ သမီးလေးကို အချိန်ပေးရတယ်။ ဝန်ထမ်းတွေအပေါ်မှာလည်း လုပ်ငန်းရှင်ကောင်းဖြစ်အောင်၊ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်အောင်၊ ကိုယ်ကိုယ်တိုင်ကလည်း အရည်အချင်းပြည့်ဝတဲ့ ဆိုင်ရှင်ဖြစ်အောင် ကြိုးစားရတယ်။ ပြီးတော့ ဝန်ထမ်းပြဿနာတွေကို ရင်ဆိုင်ရတယ်။ Financial ပြဿနာတွေကိုလည်း ခေါင်းကိုက်အောင် ဖြေရှင်းရတယ်။

ဒါဆိုရင် သာမန်အိမ်ရှင်မတစ်ယောက်နဲ့ Career Woman တစ်ယောက်ကြားထဲမှာ ဘာတွေကွာခြားတယ်လို့ မြင်မိသလဲ။

အမျိုးသမီးတစ်ယောက် ဖြစ်လာပြီဆိုရင်တော့ အိမ်ထောင်ရှင်မပဲဖြစ်ဖြစ်၊ စီးပွားရေးလုပ်ငန်းရှင်ပဲဖြစ်ဖြစ်၊ နှစ်ခုစလုံးကို တွဲလုပ်နေရတဲ့သူပဲဖြစ်ဖြစ် ကဏ်ဏ္႑တိုင်းမှာ အခက်အခဲတွေ ကိုယ်စီ ရှိကြပါတယ်။ နှစ်ခုစလုံးကို တွဲလုပ်နေရတဲ့အမျိုးသမီးတွေမှာတော့ စိတ်ဖိစီးမှုက ပိုများတာပေါ့။ ဒါပေမဲ့ အိမ်ထောင်မှုကိစ္စတွေကို လုပ်ရင်းနဲ့ သားသမီးကို ပြုစုပျိုးထောင်ပေးနေရတဲ့ မေမေတွေလည်း တကယ် အစွမ်းအစရှိကြပါတယ်။

လုပ်ငန်းခွင်ပြင်ပ မိသားစုဘဝအကြောင်းကိုလည်း နည်းနည်းလောက် ပြောပြပါဦး။

ကျွန်မ အသက် ၂၃၊ ၂၄ လောက်မှာ အိမ်ထောင်ကျခဲ့တယ်။ အမျိုးသားက ဆရာဝန်တစ်ယောက်ပါ။ သမီးလေးတစ်ယောက်လည်း ရှိပါတယ်။ (သမီးလေးအသက် ဖြည့်ထည့်ချင်)

သမီးလေးနဲ့ပတ်သက်ပြီး မျှော်လင့်ထားတာတွေ ရှိသလား။

မိဘတိုင်းကတော့ သားသမီးအပေါ် မျှော်လင့်ထားတာတွေ ရှိပါတယ်။ ကျွန်မမှာလည်း ရှိတယ်လေ။ ကျွန်မမှာ Beauty Valley ခြောက်ဆိုင်အပြင် တခြားလုပ်ငန်းလေးတွေ ရှိသေးတယ်။ သူငယ်ချင်းတွေနဲ့ ပေါင်းလုပ်တာတွေ ရှိတယ်။ ဒါကြောင့်လည်း ကျွန်မတစ်ယောက်တည်း လုပ်ကိုင်တဲ့ Beauty Valley ကိုတော့ သမီးလေးကြီးလာရင် ဦးစီးစေချင်တဲ့ဆန္ဒမျိုး ရှိတယ်။ ဒါပေမဲ့ သူ့ဝါသနာနဲ့ သူ ဘာဖြစ်ချင်သလဲဆိုတာတွေက ရှိသေးတယ်လေ။

ပညာရေးဖြတ်သန်းမှုကို ပြောပြပါဦး။

ဒဂုံတက္ကသိုလ်ကနေ ကျွန်မ အင်္ဂလိပ်စာမေဂျာနဲ့ ဘွဲ့ရထားတယ်။ နောက် YUFL ကနေ Chinese နဲ့ Diploma ရထားတယ်။ လက်ရှိက ICM (Institute of Commercial Management) မှာ Diploma in Business & Marketing Advertising တက်နေတယ်။

သူငယ်ချင်းနဲ့ တွဲလုပ်တယ်ဆိုတဲ့အလုပ်ကို ပြောပြလို့ရသလား။ ထပ်မံတိုးချဲ့သွားချင်တဲ့ တခြားလုပ်ငန်းတွေကော စိတ်ထဲ ရှိနေသလား။

အခုလောလောဆယ် တွဲလုပ်နေတာက Daiwe ဆိုတဲ့ Handmade Bag တွေပါ။ အခု Chrochet Bag တွေ စထုတ်နေပါပြီ။ Launch ကိုလည်း ၂၀၁၈ ထဲမှာပဲ လုပ်ဖြစ်မယ်။ နောက် . . . တကယ်လို့သာ လုပ်ငန်းကို ထပ်ချဲ့ဖြစ်မယ်ဆိုရင်လည်း တစ်ယောက်တည်းပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ ပေါင်းပြီးဖြစ်ဖြစ် Beauty Mall တစ်ခု လုပ်ချင်တယ်။ Mall တစ်ခုတည်းမှာပဲ အလှအပနဲ့ပတ်သက်တာ အကုန်ဝယ်လို့ရတာ၊ အကုန်လုပ်လို့ရတာမျိုးပေါ့။ 24 Hours Mall မျိုးလည်း ဖြစ်ချင်ဖြစ်မယ်။ အဓိကကတော့ ဒီ Mall ထဲ ဝင်လာလိုက်တာနဲ့ အများကြီး ရွေးချယ်စရာရှိတဲ့ Mall မျိုးပေါ့။ Nail နဲ့ပတ်သက်ရင်ကို Brand အစုံ၊ Service အစုံ လုပ်ပေးနိုင်တဲ့ Mall မျိုး။

ရန်ကုန်မှာကျ ဆိုင်တွေ ကပ်သွားရင် မြန်မာတွေက ပြိုင်ဘက်တွေ များတယ်လို့ပဲ တွေးတာ။ ဒါပေမဲ့ ထိုင်းက ဘန်ကပီညဈေးမှာဆိုရင် အစ်ကိုက ဆံပင်ဆက်ချင်တယ်ပဲဆိုပါစို့၊ ဆံပင်ဆက်တဲ့ဆိုင်တွေချည်း တန်းစီနေတဲ့နေရာ သွားလိုက်ရုံပဲ။ နောက်တစ်တန်း ကျော်သွားလိုက်ရင် Nail လုပ်တဲ့ဆိုင်တွေချည်း တန်းစီ ရှိနေတယ်။ အဲဒီဆိုင်တွေရဲ့ ဆိုင်ရှင်တွေကလည်း မတူကြဘူး။ အဓိကက Mall တစ်ခုထဲမှာ ပိုင်ရှင်တွေ အများကြီး အတူတူ စုပြီး အလုပ်လုပ်ကြတာ။ ကိုယ့်ဆိုင်က မိတ်နဲ့ ကိုယ်ပဲလေ။ Customer တစ်ယောက် Mall ထဲ ဝင်လိုက်တာနဲ့ ရွေးစရာဆိုင်တွေ အများကြီး ရှိနေတာ ပျော်စရာပါပဲ။ ဆိုင်တွေလည်း အောင်မြင်ကြတယ်။ လူတွေကို ပြည့်နေကြတာ။ ရန်ကုန်မှာ စလုပ်ရင်လည်း အောင်မြင်မှာပဲ။ နေရာရယ်၊ ရင်းနှီးမြှုပ်နှံဖို့ ငွေရယ်ပဲ လိုတာပေါ့လေ။

ယုံကြည်လက်ခံသုံးစွဲတဲ့ Motto တစ်ခုခုကို သိပါရစေ။

ဒီနေ့ စဉ်းစားပြီး ဒီနေ့ တစ်ခါတည်း လုပ်ပါ။

 


People

စီးပွားရေးကောင်းကင် အမြင့်ပေအထက် ထိုးဖောက်ပျံသန်းဆဲ ဒေါက်တာ ကေသရီကျော်

"ကိုယ့်ရဲ့ အရည်ချင်းသာ ပြည့်စုံမယ်ဆိုရင် ဘယ်သူမှ ဆွဲချလို့ရမှာ မဟုတ်ဘူးလို့" ပြောတဲ့ I love it Woman Fashion ရဲ့ Founder ဒေါက်တာ ကေသရီကျော်

by Moethae Say

October 2, 2018

ဒေါက်တာကေသရီကျော်ဟာ စိန်နဲ့မြမွေ့ရာရဲ့ Managing Director တစ်ဦးဖြစ်သလို Iloveit Woman Fashion ရဲ့ Founder တစ်ဦးဖြစ်ပါတယ်။

မိသားစုအမွေအနှစ် လုပ်ငန်းဖြစ်တဲ့ စိန်နဲ့မြမွေ့ရာလုပ်ငန်းကိုလည်း ကူညီလုပ်ကိုင်ပေးနေ ပြီး သူမရဲ့ ဝါသနာအရင်းခံသော ကိုယ်ပိုင်အမှတ်တံ ဆိပ်လုပ်ငန်းဖြစ်တဲ့ Iloveit အမျိုးသမီးပွဲတက်ဖိနပ်များ ကိုလည်း ထုတ်လုပ်လျှက်ရှိပါတယ်။

၂၀၁၇ခုနစ်ရဲ့ မြန် မာလူငယ် စွန့်ဦးတီထွင်လုပ်ငန်းရှင်ဆုကိုလည်း ရရှိ ထားပြီး London Business Academy ကိုလည်း Co-Founder အဖြစ် တည်ထောင်ထားပါသေးတယ်။

လူမှုအကျိုးပြုလုပ်ငန်းများဖြစ်တဲ့ Myanmar Young Leaders Initiative Program စတဲ့ အကျိုးပြုလုပ် ငန်းတွေကိုလည်း ဆောင်ရွက်နေသလို သူမဟာ ဆရာ ဝန်တစ်ဦးလည်း ဖြစ်ပါတယ်။

ဒါကြောင့် ဩဂုတ်လ အတွက်ကတော့ အားအင်အပြည့်နဲ့ အမြင့်ကြီးကို ထိုး ဖောက်ပျံသန်းနေတဲ့သူမကို MODA Woman အဖြစ် ရွေးချယ်ခဲ့ပါတယ်။

Co-Founder and COO အနေနဲ့ တာဝန်ယူထားတဲ့ London Business Academy ဟာဆိုရင်လည်း လက်ရှိဖြစ်ပေါ်နေတဲ့ စီးပွားရေးရေစီးကြောင်း အရ လူငယ်များကို သင်ကြားပြသပေးနေပြီး Certificate အတန်း၊ Award အတန်းနဲ့ UK Diploma အတန်း၊ ABE and MBA အတန်း စသည်ဖြင့် သင်ယူလေ့လာချင်သူများရဲ့ လိုအပ်ချက်ပေါ်မူတည်ကာ ခွဲခြားသင်ကြားပေးလျှက်ရှိတယ်။ ဒါ့အပြင် လူမှုအကျိုးပြုလုပ်ငန်းတစ်ခု ဖြစ်သော Myanmar Young Leadership Initiative ကလည်း လက်ရှိ မှာ အများအကျိုးဆောင်ရွက်ချင်တဲ့ ခေါင်းဆောင်ကောင်းဖြစ်ချင်တဲ့လူငယ် များအတွက် မကေသရီကျော်က ဦးစီးကာ သင်ကြားပေးနေတာပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ ဒီအစီအစဉ်ကို တစ်နှစ်မှာလေးကြိမ်ပြုလုပ်သင်ကြားပေးနေ ပြီး မန္တလေးမှာနှစ်ကြိမ်၊ ရန်ကုန်မှာနှစ်ကြိမ်လုပ်ပေးဖို့ ကြိုးစားနေပါတယ်။

သူမဟာ ဆေးပညာဘွဲ့ရရှိထားတဲ့သူတစ်ယောက်ပါ။ ဒေါက်တာကေသရီ ကျော်ဆိုတဲ့ဘဝကနေ မြန်မာအမျိုးသမီးစီးပွားရေးလုပ်ငန်းရှင် ဒေါက်တာ ကေသရီကျော်ဆိုတဲ့ဂုဏ်ပုဒ်ကို အရယူနိုင်တယ်ဆိုတာ သူမရဲ့ကြိုးစားမှုနဲ့ အောင်မြင်မှုတွေကို ရုပ်လုံးဖော်နေပါတယ်။သူမဟာ တက္ကသိုလ်ဝင်တန်းကို ထူးထူးချွန်ချွန်အောင်မြင်ခဲ့ပြီးနောက် မြန်မာ နိုင်ငံရဲ့ အမှတ်အမြင့်ဆုံးတက္ကသိုလ်တွေထဲကတစ်ခုဖြစ်တဲ့ ဆေးတက္ကသိုလ် မှာ ပညာသင်ကြားဖြစ်ခဲ့ပါတယ်။ လက်ရှိမှာဆရာဝန်အနေနဲ့ အသက်မွေးဝမ်းကျောင်းမပြုတော့ပေမယ့်လည်း ဒါဟာ သူမဘဝအတွက် ဂုဏ်ယူစရာအမှတ် တရတစ်ခုပါပဲ။

အမျိုး သမီးနဲ့ လူငယ်တွေကိုလည်း သူမလို တက်ကြွပျော်ရွှင်အောင်မြင်နေနိုင်ဖို့အ တွက် သူမရဲ့ အတွေးအမြင်တွေနဲ့ အကြံပေးစကားများကို ဝေမျှပေးဖို့အတွက် Kathrym's Talk ဆိုတဲ့ အစီအစဉ်လေးလည်း လုပ်ပေးထားပါသေးတယ်။ ဖေ့ဘုတ်လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့်လည်း သူမရဲ့ အတွေး အမြင်တွေနဲ့ အကြံဉာဏ်တွေကို လေ့လာနိုင်ပါသေးတယ်။ 

သူမဟာ ဖက်ရှင်ကိုလည်း ဝါသနာပါတယ်ဆိုတာ သူမရဲ့ ဝတ်စားဆင်ယင်မှုကို လေ့လာကြည့်ရင် သိနိုင်ပါတယ်။ သူမရဲ့ သဘောအကျဆုံး ဖက်ရှင် Icon ကတော့ အိန္ဒြာကျော်ဇင် ပဲဖြစ်ပါတယ်။ သူမ ဖက်ရှင်နဲ့ပတ်သက်ရင် အားကျအတုယူရတဲ့ သူလို့ ပြောပါတယ်။

“အစ်မ လူငယ်တွေကို ပြောချင်တာလေးတွေက ကိုယ်အရင်ဆုံးဘဝမှာ ဘာ ဖြစ်ချင်တာလဲ။ အဆုံးသတ်မှာ ဘယ်လောက်ထိအောင်မြင်ချင်တာလဲ။ ဘယ် လိုပုံစံမျိုးနဲ့ အောင်မြင်ချင်တာလဲဆိုတာသိပြီးရင် အဲဒီ အောင်မြင်မှုကိုရရှိစေ မယ့် နည်းလမ်းတွေကိုရှာဖွေပါ။ အဲဒီအောင်မြင်မှုကို အချိန်တိုနဲ့ရောက်ရှိစေမယ့် အရင်းအမြစ်တွေကို ရှာဖွေစုဆောင်းပါ။ ဥပမာ ငွေအရင်းအနှီး၊ ပညာ ဗဟုသုတနဲ့ လုပ်ငန်းအတွေ့အကြုံတွေ။ ငယ်ရွယ်တဲ့အချိန်မှာ အတွေ့အကြုံ ရှာဖွေစုဆောင်းဖို့ကအရမ်းအရေးကြီးပါတယ်။ ရည် မှန်းချက်ပန်းတိုင်တစ်ခုကို သေချာချမှတ်ပြီး မလျော့ သောဇွဲလုံ့လနဲ့ ရှေ့ဆက်သွားမယ်ဆိုရင် ပန်းတိုင်က တစ်နေ့ရောက်မှာပါ”

 

photographed by YE THWAYE / styling by SU YI HTET / hair by THURA MG / makeup by JOSEP SAI NK / interviewed by MOETHAE SAY



Loading More post