×
People

၂၀၁၉ ခုနှစ်ရဲ့ အချမ်းသာဆုံး မင်းသားများ

ကမ္ဘာ့အချမ်းသာဆုံးမင်းသားတွေအကြောင်း

by Lin Lin

September 30, 2019

သရုပ်ဆောင်ဆိုတာ Professional အလုပ်တစ်ခုပါ။ ခက်ခဲကြမ်းတမ်းမှုတွေ နူးညံ့သိမ်မွေ့မှုတွေကြားမှာ သရုပ်ဆောင်ရတယ်ဆိုတာလဲ ခက်ခဲတဲ့ပညာရပ်တစ်ခုဖြစ်လို့ လွယ်ကူတဲ့အလုပ်တစ်ခုတော့ မဟုတ်ပါဘူး။ ဒီလို သရုပ်ဆောင်အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းနေတဲ့ ကမ္ဘာပေါ်က သရုပ်ဆောင်တွေထဲကမှ ၂၀၁၉ ခုနှစ်အတွင်းမှာ ချမ်းသာဆုံး မင်းသားများအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

George Clooney
George Clooney ရဲ့ ပိုင်ဆိုင်မှုဟာ အမေရိကန်ဒေါ်လာ ၅၀၀ မီလီယံရှိပါတယ်။ သူဟာ “Ocean's Eleven ” Three Kings” နဲ့ ” Syriana” အစရှိတဲ့ ရုပ်ရှင်ကားတွေနဲ့ လူသိများခဲ့တာပဲ ဖြစ်ပါတယ်။



Tom Cruise

ကမ္ဘာတစ်ဝှမ်းမှာ ပရိသတ်များစွာရှိတဲ့ Tom Cruise ဟာလည်း သရုပ်ဆောင်ကြေးအမြင့်ဆုံး သရုပ်ဆောင်တွေထဲမှာ ပါဝင်ပါတယ်။ Tom Cruise ရဲ့ ဇာတ်ကားတွေဟာဆိုရင် အများအားဖြင့် သဲထိတ်ရင်ဖိုဇာတ်လမ်းတွေများပါတယ်။ သူဟာ Actor တစ်ယောက်သာမကပဲ Producer တစ်ယောက်လဲ ဖြစ်ပါတယ်။ သူ့ရဲ့ပိုင်ဆိုင်မှုဟာဆိုရင် အမေရိကန်ဒေါ်လာ ၅၇၀ မီလီယံရှိပါတယ်။



Tyler Perry

နောက်ထပ်တစ်ဦးကတော့ American actor Tyler Perry ပဲ ဖြစ်ပါတယ်။ သူကတော့ Actor / Director တစ်ဦးပါ။ သူပါဝင်တဲ့ “Diary of a Mad Black Woman,” “Daddy’s Little Girls,” နဲ့ ” Why Did I Get Married?”ရုပ်ရှင်တွေဟာလည်း အောင်မြင်ခဲ့တဲ့ ဇာတ်လမ်းကောင်းတွေ ဖြစ်ခဲ့ပါတယ်။ သူရဲ့ ပိုင်ဆိုင်မှုကတော့ အမေရိကန်ဒေါ်လာ ၆၀၀ မီလီယံပဲ ဖြစ်ပါတယ်။



Shah Rukh Khan

ဒုတိယနေရာမှာရပ်တည်နေသူကတော့ အားလုံးသိကြတဲ့ India Actor Shah Rukh Khan ပဲ ဖြစ်ပါတယ်။ Khan သူရဲ့ ဇာတိမြေဖြစ်တဲ့ နယူးဒေလီမြို့မှာ “The King of Bollywood” တစ်ဦးလဲ ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားပေါင်း ၈၀ ကျော်ရိုက်ကူးထားပြီး သရုပ်ဆောင်ဆုများစွာရရှိထားတဲ့ Khan ရဲ့ ပိုင်ဆိုင်မှုဟာ အမေရိကန်ဒေါ်လာ ၇၆၀ မီလီယံဖြစ်ပါတယ်။



Jerry Seinfeld

ကမ္ဘာ့ချမ်းသာဆုံး မင်းသားတစ်ဦးကတော့ Jerry Seinfeld ပါ။ သူဟာ “Curb Your Enthusiasm,” “30 Rock” နဲ့ “Louie.” စတဲ့ဇာတ်ကားတွေနဲ့ အောင်မြင်ခဲ့ပါတယ်။ သူရဲ့ ကိုယ်ပိုင်ကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၉၅၀ မီလီယံနဲ့ ကမ္ဘာ့အချမ်းသာဆုံး မင်းသားတစ်ဦးအဖြစ်ရပ်တည်နေပါတယ်။

 

 

, ,
People

Celebrity/Model တွေမဟုတ်တဲ့သူတွေကို Cover Star အဖြစ်ဂုဏ်ပြုလိုက်တဲ့ Vogue Magazine

တကယ် လေးစားထိုက်တဲ့ သူရဲ့ကောင်း တွေပါ

by May Shoon

June 5, 2020


၂၀၂၀ က ကျွန်မတို့ တစ်ကမ္ဘာလုံးအတွက် မမေ့နိုင်တဲ့ နှစ်တစ်နှစ်လို့ပြောရမလိုပါပဲ။ ရာသီဥတုဖောက်ပြန်မှုတွေဖြစ်တယ်။ ကပ်ရောဂါတွေဖြစ်ပွားတယ်။ Tragic ဖြစ်ဖွယ်အဖြစ်အပျက်တွေအများကြီးဖြစ်ပေါ်ခဲ့တယ်။
ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတို့ အားလုံး အတတ်နိုင်ဆုံး ဆက်ပြီး ရှင်သန်အောင်ကြိုးစားကြရမယ်။ ကမ္ဘာမြေကြီး ကိုလည်း ပြန်လည် ဂရုစိုက်ကြရမယ်။ ဒီထက်ဆိုးရွားတာတွေမဖြစ်လာအောင်လည်း လူသားအားလုံးက စည်းစည်းလုံးလုံးနဲ့ တစ်သားတည်း ကာကွယ်စောင့်ရှောက်ကြရမယ်။
နာမည်ကျော် Vogue Magazine ကြီးရဲ့ July Issue ထွက်ရှိလာတဲ့ အခါအရမ်း ကို မင်သက်သွားမိတယ်။ Vogue ရဲ့ ယခုလ July Cover Star တွေကတော့ တကယ် လေးစားစရာကောင်းတဲ့သူတွေပါ။ သူတို့သုံးယောက်ကတော့ အရင် Cover Star တွေလို ဒိတ်ဒိတ်ကျဲ Celebrity လည်း မဟုတ်ပါဘူး။ အရမ်း အထာကျပြီး လှပနေတဲ့ Supermodel တွေလည်း မဟုတ်ပါဘူး။ လူတွေကို လွှမ်းမိုးနိုင်တဲ့ Influencer တွေလည်း မဟုတ်ပါဘူး။
ဒါပေမယ့် သူတို့ရဲ့ သတ္တိတွေ၊ သူတို့ရဲ့ မေတ္တာစေတနာတွေနဲ့ အများအကျိုးကို သယ်ပိုးပေးနိုင်တဲ့ စွမ်းရည်တွေကတော့ အရာအားလုံးထက်သာလွန်ပါတယ်။
သူတို့သုံးယောက်ကတော့ အခုလို ကပ်ရောဂါ Pandemic တွေဖြစ်ပေါ်နေတဲ့အချိန်မှာ United Kingdom ကအများပြည်သူရဲ့ ကျန်းမာရေး၊ လူမှုရေးနဲ့ သယ်ယူပို့ဆောင်ရေးအတွက် Frontline ကနေ တာဝန်ယူပေးနေတဲ့ Key Worker တွေပါ။


“ကျွန်တော်တို့ရဲ့ ဒီလ Cover ကတော့ သမိုင်းတစ်လျှောက်မှာ Magazine Society ရဲ့အပုံမှန်တင်ဆက်နေကြမဟုတ်တဲ့ သမိုင်းတွင်စေမယ့် သာမန်လူသုံးဦးကို Feature လုပ်ထားပါတယ်” British Vogue ရဲ့ Chief Editor Edward Enninful ကဆိုပါတယ်။

Anisa Omar က King's Cross, London မှာရှိတဲ့ Supermarket တစ်ခုမှာ Supermarket Assistant အဖြစ်လုပ်ကိုင်နေသလို တစ်ဖက်ကလည်း တက္က္ကသိုလ်မှာ Business Management ပညာရပ်ကို သင်ကြားနေသူပါ။ “ကျွန်မရဲ့အလုပ်က ဒီ Pandemic ကြီး မဖြစ်ခင်ကတော့ ဘာမှအဲ့လောက်အရေးမကြီးသလိုပါပဲ။ ဒါပေမယ့် အခုလိုဖြစ်လာတဲ့အချိန်မှာ ကျွန်မတို့ အလုပ်ကို အခုထက်ပိုပြီး ဂရုစိုက်ရမယ်။ အပြင်မှာ ဘာတွေဖြစ်နေဖြစ်နေ လူတွေ အဆင်ပြေချောမွေ့စွာ ဈေးဝယ်နိုင်ဖို့ ကျွန်မတို့ အလုပ်လုပ်ရမယ်။” လို့ အသက် ၂၁ နှစ်အရွယ် Anisa ကဆိုပါတယ်။

 

Frontliner တွေထဲမှာ အရေးအပါဆုံး Health Professional တစ်ဦးဖြစ်တဲ့ Rachel Miller ကတော့ Covid-19 Outbreak တွေမဖြစ်ခင်တည်းထဲ Homerton Hospital မှာ သားဖွားဆရာဝန်အဖြစ်လုပ်ကိုင်နေတာပါ။ Rachel ကိုလည်း သူမရဲ့ Work Shif တွေရှိတဲ့ကြားကနေ အတတ်နိုင်ဆုံး Photo အတွက်ရိုက်ကူးခဲ့ကြပါတယ်။ “ ပြည်သူတွေအားလုံးရဲ့ အားပေမှုနဲ့ မေတ္တာတွေကြောင့် ကျွန်မတို့ National Health Service ဖြစ်တဲ့ ကျန်းမာရေး ဝန်ထမ်းတွေအရမ်း ပီတိဖြစ်ရပါတယ်။ ပင်ပန်းတာတွေလည်း အလိုလိုပျောက်ကုန်ရော။” လို့ Rachel က Interview မှာပြောပြပါတယ်။

နောက်ထပ် Key Worker တစ်ယောက်ကတော့ Overground Train Driver တစ်ယောက်ဖြစ်တဲ့ Narguis Horsford ပါ။ Narguis က အများပြည်သူရဲ့ Public Transport အတွက် London Overground ရထားမောင်းသူအဖြစ်လုပ်ကိုင်လာတာ 10 နှစ်လောက်ရှိနေပြီဖြစ်ပြီး သူမကို Feature လုပ်မယ်လို့ကမ်းလှမ်းလာတဲ့အခါမှာ အံ့အားသင့်သွားသူပါ။ “အိမ်ကမိသားစုတွေက စိတ်ပူကြပေမယ့် ကျွန်မဒီလို Key Worker အဖြစ်အများပြည်သူရဲ့လိုအပ်ချက်ကို တစ်ထောင့်တစ်နေရာကနေ ကူညီပေးနိုင်တဲ့ အတွက် Train Driver အလုပ်ကိုလည်း ဂုဏ်ယူပါတယ်။ အခုလိုအချိန်မှာ အားလုံးအချင်းချင်းရိုင်းပင်းကူညီကြဖို့က အရမ်းအရေးကြီးပါတယ်။” လို့လည်း ပြောပြသွားပါတယ်။


အခုလို ကပ်ဘေးတွေကြုံတွေ့နေရတဲ့အချိန်မှာ ပြည်သူတွေဘေးကင်းလုံခြုံရေးအတွက် Frontline ကနေလုပ်ကိုင်နေကြတဲ့ Key Worker တွေအားလုံးကို MODA Team မှ အထူးလေးစား ကျေးဇူးတင်မိပါတယ်။

Photo credit from British Vogue.

, , , , ,

People

Tik Tok ကအချောအလှလေးတွေက ဘယ်သူတွေလဲ

အရမ်းမိုက်တဲ့ ကောင်မလေးတွေရဲ့ နာမည်နဲ့ IG ကို သိချင်နေကြပြီမလား

by May Shoon

June 1, 2020

အခုလို Stay-Home တွေနေလာရတဲ့နောက်ပိုင်း မှာ လူတွေအသုံးပြုတာများလာတာကတော့ Social Media တွေပါ။ အဲ့ Social Media တွေထဲကမှ Tik Tok ကို တော့ လူငယ်တော်တော်များများ အထူးသဖြင့် မိန်းကလေး တွေနဲ့ ဆယ်ကျော်သက်တွေ အသုံးပြုလာကြတာကိုတွေ့ရမှာပါ။ Short Video Clip လေးတွေနဲ့ Upload လုပ်ရတဲ့ Application ပေမယ့် အဲ့ဒီ စက္က္ကန့်ပိုင်းအနည်းငယ်စာ Video လေးတွေကလည်း ကြည့်ရှုသူအတွက်ကို Entertaining ဖြစ်စေပါတယ်။ Lip Syning တွေ၊ Dance Video တွေ၊ Challenge Video တွေကြောင့် Tik Tok ကလည်း အရင်ကထက်စိတ်ဝင်စားစရာကောင်းလာတာတော့ အမှန်ပဲ။
နောက်ပြီး ဒီ့ထက်ပိုစိတ်ဝင်စရာကောင်းတာကတော့ Tik Tok Star အချောအလှလေးတွေ ပါပဲ။ သူတို့ရဲ့ အနုပညာ Talent လေးတွေကို Tik Tok မှာတင်ရင် နာမည်ကျော်သွားတဲ့သူတွေလည်း အများကြီးထွက်ပေါ်လာတယ်။
Tik Tok Star ကောင်မလေးတွေရဲ့ ချစ်စရာကောင်းတဲ့ အပြုအမူလေးတွေ၊ အမိုက်စား Dance Video Clip လေးတွေကို ပြန် Save ပြီး Instagram တို့၊ Facebook တို့မှာပြန် Share ကြတာတောင် အများကြီး ရှိလာပြီလေ။ တစ်ချို့ဆို သူတို့ရဲ့ Video တွေကို Selection လုပ်ပြီး ပြန်တင်တဲ့ Fan Base တွေတောင်ရှိနေကြပြီ။ အဲ့ဒီအချောအလှလေးတွေက ဘယ်သူတွေလည်း ဆိုတာတော့ ကိုယ်တိုင် ကြည့်ကြည့်လိုက်ပါနော်။


Addison Rae

 


Charli D'Amelio

 


Dixie D'Amelio

 


Avani Gregg

 


Loren Gray

 


Riley Hubatka

 


Kristen Hancher

 


Baby Ariel

 


Kiyara Fay

 


Lauren Godwin

 


Havana Winter

Credit to Instagram.

, ,

People

K Industry ရဲ့ စံနှုန်းတွေအရ အရပ်ပုနေပေမယ့် လျော့တွက်လို့မရတဲ့ Idol များ

အရပ်အကြောင်း မပြောကြေး။

by JN Ja Seng Pan

May 27, 2020

တောင်ကိုးရီးယားရဲ့ အလှအပစံနှုန်းတွေအကြောင်းကို ပရိတ်သတ်တွေ တော်တော်များများသိကြမှာပါ။ ရုပ်ရှင်သွင်ပြင်ဦးစားပေးလို့ Platics Surgery ခွဲစိတ်မှုတွေကို့ ရေပန်းစားပြီး လှသထက်လှအောင် ပြင်ဆင်ကြတဲ့နိုင်ငံတစ်နိုင်ငံပါ။ ဒီလိုပဲ အရပ်အတိုင်းအတာကလည်း ကိုးရီးယားတွေအတွက် အလေးထားပြီး ကြည့်တဲ့အရာတစ်ခုဖြစ်နေပါတယ်။ အရပ်ပုတာကို အားနည်းချက်တစ်ခုလို့ သတ်မှတ်ပြီး အကောင်းမမြင်ကြတာများပါတယ်။ Kpop Idol တွေရွေးချယ်တဲ့နေရာမှာလည်း မျက်နျာအသွင်အပြင်ပြည့်စုံရုံတင်မကပဲ အရပ်အမောင်းကိုပါ ထည့်သွင်းစဉ်းစားကြတာပါ။ ဒီလို စံနှုန်းတွေများတဲ့ Industry မှာ စည်းမျဉ်းတွေကို ဖောက်ဖျက်ပြီး အရည်အချင်းက အဓိကဆိုတာကို ပြသသွားတဲ့ K Artist တွေရှိနေပါတယ်။ အကောင်သေးပေမယ့် အဆိပ်ပြင်းတဲ့သူတို့က ဘယ်သူတွေလဲ၊ အပြင်ပန်းပုံစံထက် တကယ့်အရည်အချင်းရှိမှ အောင်မြင်တယ်ဆိုတာကို သူတို့ကိုကြည့်ပြီး သိနိုင်မှာပါ။

Woozi (SEVENTEEN)

Woozi က စွယ်စုံရတဲ့ Idol တစ်ယောက်လို့ ပြောလို့ရပါတယ်။ အဆို၊ အက ကောင်းကောင်းပိုင်နိုင်ပြီး တေးရေးမှာလည်း ထူးချွန်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဒီလိုအရည်အချင်းတွေကြောင့် ပရိတ်သတ်အတွက် ဆွဲဆောင်မှုအပြည့်ဖြစ်စေပြီး သူရဲ့အရပ်ကလည်း ချစ်စရာအသွင်ဖြစ်နေပါတယ်။

Height: 5 ft 3.8 in

 

Taeyang (Bigbang)

Kpop လောကမှာ Taeyang ကို မသိတဲ့သူမရှိသလောက်ပါပဲ။ R&B ကို ပိုင်ပိုင်နိုင်နိုင်ဆိုတတ်ပြီး အကလည်း ကျွမ်းကျင်တာကြောင့် Korea Chris Brown ဆိုပြီးတောင် ခိုင်းနှိုင်းကြတာပါ။ အနုပညာသက်တမ်းတစ်လျှောက် ဆုများစွာရရှိခဲ့ပြီး K Idol တွေရဲ့ အတုယူစရာ အနုပညာရှင်တစ်ယောက်အဖြစ် ရပ်တည်နေပါတယ်။

Height: 5 ft 6.7 in

 

Chaeyoung (Twice)

Twice အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Chaeyoung ကလည်း ခေသူမဟုတ်ပါဘူး။ အရည်အချင်းရှိတဲ့ Chaeyoung က Rap ဆိုတာ ကျွမ်းကျင်ပြီး Melody ဆိုရင်လည်း ပြောစရာမရှိတဲ့သူတစ်ယောက်ပါ။

Height: 5 ft 2 in

 

Taeyeon (Girls' Generation)



Leader ကောင်းတစ်ယောက်လို့ အသိများတဲ့ Taeyeon က အဖွဲ့ထဲမှာ အကောင်သေးသေးနဲ့မို့ Fan တွေရဲ့ အချစ်ဆုံးဖြစ်ခဲ့ပါတယ်။ ထူးခြားကောင်းမွန်တဲ့ အသံစွမ်းရည်ကြောင့် ပရိတ်သတ်အားပေးမှုကို တခဲနက်ပိုင်ဆိုင်ထားပြီး K Pop လောကရဲ့ အကောင်းဆုံးအဆိုတော်ထဲက တစ်ယောက်လို့ သတ်မှတ်ကြပါတယ်။ တစ်ကိုယ်တော် လှုပ်ရှားမှုတွေမှာလည်း ပရိတ်သတ်အားပေးမှုက မလျော့သွားလို့ တကယ့်ကို ပါရမီရှိတဲ့ Idol တစ်ယောက်လို့ ပြောရမှာပါ။

Height: 5 ft 2.5 in

 

Jimin (BTS)

Jimin ရဲ့ အဆိုစွမ်းရည်နဲ့ အကထူးချွန်မှုတွေက အားလုံးကို အံ့သြသင့်စေမှာပါ။ အဖွဲ့ထဲမှာ အရပ်အပုဆုံးမို့ အခြား Member တွေရဲ့ စနောက်ခြင်းကို ခံရလေ့ရှိသူပါ။ သူထက် ပုတဲ့သူတွေ့ရင်လည်း ဝမ်းသာမဆုံးဖြစ်တတ်ပါတယ်တဲ့။ ပရိတ်သတ်အခိုင်အမာနဲ့ အရည်အချင်းပြည့်မှီသူမို့ အရပ်ပုတာက အားနည်းချက်တစ်ခုမဖြစ်စေခဲ့ပါဘူး။

Height: 5 ft 7 in

Irene (Red Velvet)

Irene ကို တချိူ့တွေကတော့ ဘာအရည်အချင်းမှ မရှိဘူးလို့ ဝေဖန်ကြပါတယ်။ ဒါပေမယ့် အဖွဲ့ရဲ့ ခေါင်းဆောင်၊ Lead Dancer နဲ့ Main Rapper ဖြစ်နေတာက အရည်အချင်းဘာမှမရှိပဲနဲ့ မဖြစ်နိုင်ဘူးဆိုတာ သက်သေပြနေပါတယ်။ အကပိုင်းမှာ စနစ်တကျနဲ့ မှန်မှန်ကန်ကန် ကတတ်လို့ ပရိတ်သတ်ရဲ့ အားပေးမှုကိုပိုင်ဆိုင်ထားပြီး Rap ဆိုတဲ့ပိုင်းမှာလည်း အဖွဲ့ထဲမှာ အကောင်းဆုံးလို့ ပြောလို့ရပါတယ်။

Height: 5 ft 2 in


D.O (Exo)

Exo Group ထဲကို Official မဝင်လာခင်ကတည်းက အဆိုပြိုင်ပွဲမှာ အနိုင်ရရှိလာခဲ့တဲ့သူဖြစ်ပါတယ်။ ပွဲဦးထွက်လှုပ်ရှားမှုမှာလည်း အသံပါဝါကောင်းကောင်းနဲ့ အဆိုပိုင်နိုင်မှုကြောင့် ပရိတ်သတ်တွေ သတိပြုခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ အဆိုအပြင် သရုပ်ဆောင်ပိုင်းမှာလည်း ဇာတ်ကောင်နဲ့ လိုက်ပြီး သဘာဝကျကျ၊ ပီပီပြင်ပြင် သရုပ်ဆောင်နိုင်တဲ့ စွမ်းရည်ကြောင့် ပရိတ်သတ်တွေက ချီးကျူးလို့မဆုံးဖြစ်ခဲ့ပါတယ်။

Height: 5 ft 6 in


Nako (IZ*ONE)

ဂျပန်လူမျိုးဖြစ်ပြီး နာမည်ကြီး ဂျပန် Girl Group ဖြစ်တဲ့ HKT 48 က Member တစ်ယောက်လည်းဖြစ်ပါတယ်။ Nako ကိုချစ်စရာကောင်းတဲ့ Idol တစ်ယောက်လို့ သိကြပေမယ့် ထူးချွန်တဲ့ပါရမီရှင်လေးတစ်ဦးပါ။ အရည်အချင်းပြည့်ဝတဲ့ အဆိုတော်တစ်ယောက်က ဘာလဲဆိုတာကို အကြိမ်ပေါင်းများစွာပြသခဲ့ပြီး အကစွမ်းရည်ကြောင့်လည်း လူသိများပါတယ်။ ထူးထူးခြားခြား အရပ်အပုဆုံး Idol လေးလို့လည်း ပြောလို့ရပါတယ်။

Height: 4 ft 9 in

, , , ,

People

ခြားနားတဲ့နယ်ပယ်အလိုက် လုပ်ငန်းခွင်ကို ဦးဆောင်နေကြတဲ့ အမျိုးသမီးများ

အောင်မြင်ဖို့အတွက် သူမတို့ ဘယ်လိုကြိုးစားခဲ့ကြလဲ။

by Lin Lin

May 17, 2020

MODA Magazine ဟာ တစ်လထက်တစ်လ ပရိသတ်ကို ဖန်တီးမှုအသစ်တွေ လေ့လာဖတ်ရှု့စရာအသစ်တွေကို ဖန်တီးပေးလျှက်ရှိပါတယ်။ ကဏ္ဍတိုင်းကိုလည်း တစ်လထက်တစ်လ ပိုမိုကောင်းမွန်အောင် ဖော်ပြပေးလေ့ရှိပါတယ်။ ဒီလို ကဏ္ဍတွေထဲမှာ အမျိုးသမီးတို့အတွက် အတုယူစရာ မိမိတို့ ဝါသနာပါရာ ကိုယ်ပိုင်လုပ်ငန်းတွေမှာ အောင်မြင်နေတဲ့ MODA Woman ကဏ္ဍကလည်း တစ်ခုအပါအဝင်ပါပဲ။ ဒီထဲကမှ လက်ရှိ လုပ်ငန်းခွင်အသီးသီးမှာ အောင်မြင်နေတဲ့ အမျိုးသမီးတွေအကြောင်းကို ဖော်ပြပေးပါမယ်နော်။

Opal Aye
September , 2019


သာမာန်ဝန်ထမ်းဘဝကနေ ကိုယ်ပိုင် Product တစ်ခုကို ထုတ်လုပ်ဖို့ အရဲစွန့်ကြိုးစားခဲ့တဲ့သူမ ။Organic skin care ကို မြန်မာပြည်မှာ ထိုးဖောက်နေသူ။ Local Product အတွက် ဂုဏ်ယူတဲ့သူမ ။ စိန်ခေါ်မှုတွေ အခက်အခဲတွေ စိတ်ဓာတ်ကျမှုတွေရဲ့ နောက်မှာ သူမကိုရှေ့ဆက်ဖို့ တွန်းအားပေးနေတဲ့အရာက ဘာဖြစ်မှာလဲ ။ သူမဖြတ်သန်းခဲ့တဲ့အတွေ့အကြုံတွေနဲ့ သူမကိုယ်တိုင်ရော Skin care ၊ အလှအပနဲ့ ဖက်ရှင်ပိုင်းကို ဘယ်လို smart ဖြစ်အောင်နေထိုင်နေလဲ ဆိုတဲ့အကြောင်းနဲ့ ပတ်သက်ပြီး ပြောပြထားသူကတော့ Body Body Myanmar ရဲ့ Founder မ Opal Aye ပါ။ သူမပြောပြထားတဲ့အကြောင်းကို ပြည့်ပြည့်စုံစုံလေးသိချင်တယ်ဆိုရင်တော့
https://moda.com.mm/culture/people/3390 ဒီ Link လေးမှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်နော်။

Kalayar Zaw
August , 2019


သူမအတွက် သူရဲကောင်းဆိုတာဟာ ကမ္ဘာကျော် ပုဂ္ဂိုလ်တွေမဟုတ်သလို ပုံပြင်တွေထဲက လူစွမ်းကောင်းမင်းသားလေးတွေလည်းမဟုတ်ခဲ့ပါ။ ဒစ္စနေးပုံပြင်တွေထဲက မင်းသမီးလေးတွေလိုလည်း သူမ မဖြစ်ချင်ခဲ့ပါတဲ့။ သူမရဲ့ သူရဲကောင်းဟာ သူမနဲ့ မကြုံဆုံလိုက်ရတဲ့ သူမရဲ့ ဖွားဖွား။ ဖွားဖွားရဲ့ အကြောင်းကို ပုံပြင်လေးတစ်ပုဒ်လို အမြဲတမ်းနားထောင်ချင်ခဲ့ပြီး ဖွားဖွားလို ဖြစ်ချင်တဲ့ စိတ်ကူးအိပ်မက်ဟာ ငယ်ငယ်လေးကတည်း ရှင်သန်ခဲ့တယ်။ သူမ ဖေဖေရဲ့ အမေဖြစ်တဲ့ ဖွားဖွားထူး။ သူမရဲ့ သူရဲကောင်း ဖွားဖွားထူးဟာ တစ်နိုင်တစ်ပိုင် ကိုယ်ပိုင်လုပ်ငန်းလေးတစ်ခုကနေ မြန်မာနိုင်ငံရဲ့ အကြီးဆုံး Group of Companies တွေထဲက တစ်ခုဖြစ်တဲ့ Htoo Group ကို ဖြစ်တည်လာဖို့ အစပျိုးခဲ့တဲ့ Business Woman တစ်ယောက်။ အခုချိန်မှာ Business Sector တိုင်းမှာ Htoo Group ရဲ့ Company တွေထဲက တစ်ခုအဖြစ် F&B Industry ထဲမှာတွေ့ရတဲ့ APEX Hospitality Group ကိုလည်း Htoo Group ရဲ့ Company တွေထဲက တစ်ခုအဖြစ် တွေ့ရမှာ ဖြစ်ပါတယ်။ အောင်မြင်နေတဲ့ Harry's Bar ကိုဖွင့်လှစ်ထားတဲ့ APEX Hospitality Group ကိုဦးဆောင်နေသူကတော့ ဖွားဖွားထူးလို ဖြစ်ချင်တယ်ဆိုတဲ့ မြေးမလေး မကလျာဇော်ပါ။ သူမပြောပြထားတဲ့ သူမရဲ့ အကြောင်းတွေကိုတော့ https://moda.com.mm/culture/people/3316 မှာ ဝင်ရောက်ဖတ်ကြည့်လိုက်ပါနော်။

Poht Poht Kyi
November , 2018


အသက် ၁၈ နှစ်အရွယ် မိန်းကလေးတစ်ယောက်ဟာ ကိုယ်တိုင် တက္ကသိုလ်ပညာသင်ယူနေဆဲကာလမှာပဲ ကျောင်းတစ်ကျောင်းကို စတင်တည်ထောင်ဖို့ စိတ်ကူးရခဲ့တယ်။ ရလာတဲ့စိတ်ကူးကို လက်ထဲ ရှိနေတဲ့ မြန်မာငွေ ၁၈ သိန်းနဲ့ အကောင်အထည်ဖော်လိုက်တယ်။ စစချင်း လူအင်အားက သုံးယောက်။ Education Centre သေးသေးလေး။ငွေကြေးရင်းနှီးမြှုပ်နှံဖို့ အဆင်မပြေသေးလို့ ဆရာတွေ မငှားနိုင်သေးတဲ့အတွက် သူကိုယ်တိုင် သင်ပြပေးခဲ့ရတယ်။ အခက်အခဲတွေနဲ့ ရှုံးနိမ့်မှုတွေကြောင့် စိတ်ဓာတ်တွေ ကျခဲ့လည်း သူ လျှောက်ချင်တဲ့လမ်းကို ဆက်လျှောက်မြဲ လျှောက်တယ်။ သူ့ရဲ့ဇွဲသန်မှုနဲ့ ပညာကို အဆတ်မပြတ် ဆည်းပူးမှုတွေကြောင့် အောင်မြင်မှုတွေ ရလာတယ်။ကျောင်းသေးသေးကနေ ကျောင်းကြီးဖြစ်လာတယ်။ ကိုယ်ပိုင်အရည်အချင်းနဲ့ ဘဝကို တည်ဆောက်လိုတဲ့လူငယ်တွေ စဉ်းစားရွေးချယ်ကြတဲ့ကျောင်းတွေထဲက တစ်ကျောင်း ဖြစ်လာတယ်။ Myanmar Imperial College တဲ့။ သူမ ဘာကြောင့် ဒီလမ်းကြောင်းကို ရွေးချယ်ဖြစ်ခဲ့တာလဲဆိုတဲ့အကြောင်းကိုတော့ https://moda.com.mm/culture/people/3036 ဒီ Link လေးမှာ ပြည့်ပြည့်စုံစုံလေးပြောပြထားပါတယ်နော်။

Dr. Kay Thari Kyaw
October , 2018


သူမဟာ ဆေးပညာဘွဲ့ရရှိထားတဲ့သူတစ်ယောက်ပါ။ ဒေါက်တာကေသရီ ကျော်ဆိုတဲ့ဘဝကနေ မြန်မာအမျိုးသမီးစီးပွားရေးလုပ်ငန်းရှင် ဒေါက်တာ ကေသရီကျော်ဆိုတဲ့ဂုဏ်ပုဒ်ကို အရယူနိုင်တယ်ဆိုတာ သူမရဲ့ကြိုးစားမှုနဲ့ အောင်မြင်မှုတွေကို ရုပ်လုံးဖော်နေပါတယ်။သူမဟာ တက္ကသိုလ်ဝင်တန်းကို ထူးထူးချွန်ချွန်အောင်မြင်ခဲ့ပြီးနောက် မြန်မာ နိုင်ငံရဲ့ အမှတ်အမြင့်ဆုံးတက္ကသိုလ်တွေထဲကတစ်ခုဖြစ်တဲ့ ဆေးတက္ကသိုလ် မှာ ပညာသင်ကြားဖြစ်ခဲ့ပါတယ်။ လက်ရှိမှာဆရာဝန်အနေနဲ့ အသက်မွေးဝမ်းကျောင်းမပြုတော့ပေမယ့်လည်း ဒေါက်တာကေသရီကျော်ဟာ စိန်နဲ့မြမွေ့ရာရဲ့ Managing Director တစ်ဦးဖြစ်သလို Iloveit Woman Fashion ရဲ့ Founder တစ်ဦးဖြစ်ပါတယ်။ မိသားစုအမွေအနှစ် လုပ်ငန်းဖြစ်တဲ့ စိန်နဲ့မြမွေ့ရာလုပ်ငန်းကိုလည်း ကူညီလုပ်ကိုင်ပေးနေ ပြီး သူမရဲ့ ဝါသနာအရင်းခံသော ကိုယ်ပိုင်အမှတ်တံ ဆိပ်လုပ်ငန်းဖြစ်တဲ့ Iloveit အမျိုးသမီးပွဲတက်ဖိနပ်များ ကိုလည်း ထုတ်လုပ်လျှက်ရှိပါတယ်။ ၂၀၁၇ခုနစ်ရဲ့ မြန် မာလူငယ် စွန့်ဦးတီထွင်လုပ်ငန်းရှင်ဆုကိုလည်း ရရှိ ထားပြီး London Business Academy ကိုလည်း Co-Founder အဖြစ် တည်ထောင်ထားပါသေးတယ်။ လူမှုအကျိုးပြုလုပ်ငန်းများဖြစ်တဲ့ Myanmar Young Leaders Initiative Program စတဲ့ အကျိုးပြုလုပ် ငန်းတွေကိုလည်း ဆောင်ရွက်နေသလို သူမဟာ ဆရာ ဝန်တစ်ဦးလည်း ဖြစ်ပါတယ်။ သူမဘာကြောင့် ဆရာဝန်ဘဝကို မရွေးချယ်ဘဲ သူမရဲ့ ဝါသနာပါရာအသက်မွေးဝမ်းကြောင်းအလုပ်ကို ရွေးချယ်ခဲ့လဲ ဆိုတာကတော့ https://moda.com.mm/culture/people/2794 ဒီ Link လေးမှာ သိနိုင်ပါတယ်နော်။

Vivian Myat & Pearl Oo
June , 2018


ဒီတစ်ခါမှာတော့ ထူးထူးခြားခြားအနေနဲ့ Relvon Myanmar ရဲ့ ၂၀၁၈ခုနစ်အတွက် Theme တစ်ခုဖြစ်တဲ့ Live Boldly ရဲ့ အဓိပ္ပာယ်တစ်ခုဖြစ်သော ရဲရင့်ခြင်း၊ ထက်မြတ်ခြင်းတို့ကို ကိုယ်စားပြုထားတဲ့ လှပကျော့ရှင်းပြီး အားကျစရာကောင်းတဲ့ ပူးပေါင်းထားတဲ့ မ Vivian Myat နဲ့ မ Pearl Oo တို့အကြောင်းကို တင်ဆက်ပေးခဲ့ပါတယ်။ သူမတို့နှစ်ဦးဟာ တစ်ဦးနဲ့တစ်ဦး ခင်မင်ရင်းနှီးကြပါတယ်။ လုပ်ငန်းတွေကို အသီးသီးဦးဆောင်နေကြတဲ့ မြန်မာအမျိုးသမီး လုပ်ငန်းရှင်တွေလည်း ဖြစ်ကြပြီး အချိန်ပြည့် လှပကျော့ရှင်းနေကြသူတွေ ဖြစ်တာကြောင့် သူမတို့ရဲ့ အောင်မြင်မှု လျှို့ဝှက်ချက်က ဘာဖြစ်မလဲဆိုတာတော့ အောက်က Link လေးမှာ ဝင်ကြည့်လိုက်ပါနော်။ https://moda.com.mm/culture/people/2620

 

,

People

လူသားစင်စစ်မဟုတ်တဲ့ ဆယ်လီ မော်ဒယ်လ်မလေး Lil Miquela

ဒီ Artificial Influencer မလေးက Follower တွေအများကြီးပိုင်ဆိုင်ထားတာပါတဲ့

by Randy Win

May 12, 2020

 
               နည်းပညာရဲ့လွှမ်းမိုးမှူက လူသားတွေရဲ့ နေ့စဉ်ဘ၀မှာ တစ်စထက်တစ်စတိုးလို့နေရာယူလာတာကို အားလုံးသိရှိလက်ခံထားပြီးသားဖြစ်မှာပါ။ နေ့စဉ်အသုံးအဆောင်ပစ္စည်းတွေကစလို့ ဖျော်ဖြေရေး ၊ကျန်းမာရေးကဏ္ဍတွေအဆုံး နည်းပညာရဲ့စွမ်းဆောင်မှူဟာ မပါမဖြစ်အရာတစ်ခုလိုဖြစ်လာပါတယ်။ အဲဒီထဲကမှ နည်းပညာလွှမ်းမိုးချဲ့ထွင်မှူရဲ့ နောက်ထပ်ပြယုဂ်တစ်ခုလို့ဆိုရမယ့် အရာတစ်ခုကတော့ Instagramမှာ Follower 2 သန်း ကျော်ပိုင်ဆိုင်ထားတဲ့ Social Influencer လေးတစ်ဦးအကြောင်းပါပဲ။
               သူမရဲ့နာမည်ကတော့ Miquela Sousa သို့မဟုတ် Lil Miquela လို့ခေါ်ပါတယ်။ အဆိုတော်တစ်ဦးအနေနဲ့လည်း MTV အချို့ထွက်ရှိထားသလို Model တစ်ဦးလို့လည်းဆိုနိုင်တဲ့ သူမဟာ လူသားစင်စစ်လုံး၀မဟုတ်တဲ့ CGI character တစ်ခုသာဖြစ်ပါတယ်။ သူမဟာ အသက်အရွယ်အားဖြင့် 19 နှစ်ခန့်ရှိပြီလို့ဆိုထားပြီး သူမရဲ့ အောင်မြင်မှူကတော့ အနောက်တိုင်းရဲ့ Media လောကမှာ အတော်လေးကို ပေါက်ရောက်နေပြီလို့တောင်ဆိုနိုင်ပါတယ်။ သူမကို စတင်ဖန်တီးခဲ့သူတွေကတော့ Trevor McFedries နဲ့ Sara DeCou တို့နှစ်ဦးဖြစ်ပြီး 2016 ခုနှစ်မှာ သူမအတွက်ကိုယ်ပိုင် Instagram profile တစ်ခုနဲ့စတင်ပွဲထုတ်ခဲ့တာပါ။ သူမကိုဖန်တီးခဲ့ရတဲ့အဓိကရည်ရွယ်ချက်ကတော့ Digital Marketing Platform တစ်ခုအနေနဲ့ Brand ပေါင်းစုံ ၊ အထူးသဖြင့် Fashion နဲ့ဆက်နွယ်တဲ့ Brand တွေကို ကိုယ်စားပြုကြော်ငြာပေးနိုင်ဖို့ပဲဖြစ်ပါတယ် ။ သူမရဲ့ထူးခြားတဲ့ဟန်ပန် နဲ့ Unique ဖြစ်တဲ့ မျက်နှာသွင်ပြင်တို့ကြောင့် အချိန်တိုအတွင်းမှာပဲ လူစိတ်၀င်စားမှူအများအပြားရရှိခဲ့ပြီး Streetwear Brand အတော်များများနဲ့အလုပ်လုပ်ခဲ့ရတဲ့အပြင် Calvin Klein တို့ Prada တို့လို့ Luxury Brand တွေနဲ့တောင် ကြော်ငြာတွေရိုက်ကူးရတဲ့အထိအောင်မြင်ခဲ့ပါတယ်။ Calvin Klein ရဲ့ Campaign အသစ်မှာဆိုရင် Super Modelတစ်ဦးဖြစ်တဲ့ Bella Hadid နဲ့အတူ တွဲဖက်ရိုက်ကူးထားရတဲ့အထိပါပဲ။2016မှာ စတင်ခဲ့တဲ့ သူမရဲ့ Instagram ဟာ 2018 ခုနှစ်မှာတင် follower တစ်သန်းကျော်ခဲ့ပြီး 2020 ခုနှစ်အရောက်မှာတော့ follower နှစ်သန်းကျော်ထိရရှိခဲ့ပါတယ်။
               သူမဟာ CGI character ဆိုပေမဲ့ တချို့ Videoတွေမှာတော့ ခန္ဓာကိုယ်ကလူအစစ်မိန်းကလေးတစ်ယောက်ရဲ့ခန္ဓာကိုယ်ဖြစ်ဖို့များပြီး ဦးခေါင်းပိုင်းကိုသာ CGI နဲ့ပေါင်းစပ်ထားသလားလို့မြင်မိလောက်အောင်ကို လက်ရာမြောက်လွန်းပါတယ်။ တကယ်လို့ရှိခဲ့ရင်တောင် အဲဒီမိန်းကလေးဘယ်သူဘယ်ဝါဆိုတာကိုတော့ဘယ်သူမှသိကြမှာမဟုတ်ပါဘူး ။ သူမမှာ Nick ဆိုတဲ့ လူသားချစ်သူတစ်ဦးလည်းရှိပြီး မကြာသေးခင်ကပဲ Broke up ဖြစ်ထားတာပါ။ Miquela ကို အရမ်းချောမောတဲ့အသွင်မျိုးဖန်တီးထားတာမဟုတ်ပဲ မှဲ့ခြောက်လေးတွေ၊ ရှေ့သွားကြဲလေးနဲ့ အညိုရောင်ဆံနွယ်တွေကိုပိုင်ဆိုင်ထားတဲ့ ဖက်ရှင်ခပ်မိုက်မိုက်တွေကို၀တ်ဆင်တတ်သူတစ်ယောက်အဖြစ်ဖန်တီးထားတာကိုက သူမရဲ့ဆွဲဆောင်မှူလို့ဆိုရမှာပါပဲ။ သူမမှာ Instagram account အပြင် Youtubeနဲ့ Tiktok account တွေလည်းရှိပါသေးတယ်။
                 အခုလို နည်းပညာရဲ့ ထူးခြားတဲ့ ထိုးဖောက်မှူတစ်ခုလို့ဆိုရမယ့် Miquela ရဲ့အောင်မြင်ကျော်ကြားလာမှူကြောင့်ပဲ အနာဂါတ်မှာ သူမလို Virtual Influencer တွေထပ်ပြီးထွက်ပေါ်လာမယ့် အလားအလာတွေရှိနေပါတယ်။ အခုဆိုရင် သူမလိုပဲ နောက်ထပ်တစ်ဦးအနေနဲ့ Shudu ဆိုတဲ့ လူမည်းမော်ဒယ်မလေးတစ်ဦးလည်း ထွက်ပေါ်လာတာတွေ့ရပါတယ်။ ဒီလိုသာဆိုရင်တော့ နောက်ပိုင်းဆယ်စုနှစ်တွေမှာ Virtual Celebrity တွေနဲ့ Human Celebrity တွေကြားမှာ ဈေးကွက်အားပြိုင်မှူတစ်ခုတောင်ဖြစ်လာလေမလားဆိုတာကတော့ မေးခွန်းထုတ်စရာ ဖြစ်လာပါပြီ။
 
Photo Credit to the Rightful Owners
, , , , , , , ,

People

ပရိသတ်အားပေးမှူအများဆုံး ထိုင်း BL ဇာတ်လမ်းတွဲ မင်းသားချော(10) ဦး

ကိုယ်သဘောကျတဲ့ Thai Actor များပါနေမလား ကြည့်လိုက်ရအောင်နော်

by Randy Win

May 10, 2020

         ခုလတ်တလောမှာ ရုပ်သံဇာတ်လမ်းတွဲတွေကို လူအတော်များများ အချိန်ပေးကြည့်ရှူလာကြတဲ့နည်းတူ ပရိသတ်တွေ စောင့်ကြည့်ခံရတဲ့ Series တွေလည်း အများကြီးပေါ်ထွက်လာခဲ့ပါတယ်။ ဒီအထဲကမှ ခေတ်ရေစီးရဲ့ပြောင်းလဲအမြင်ကျယ်လာတဲ့နောက်ပိုင်းမှာ လူတော်တော်များများဟာ LGBTQ ကို လက်ခံလာတာနဲ့အမျှ Boy Love Seriesတွေကိုလည်း မိန်းကလေးယောက်ျားလေး အတော်များများရဲ့ အားပေးမှူတွေမြင့်တက်လာတာကိုတွေ့ရပါတယ်။ ဒီလို ပရိသတ်တွေသည်းသည်းလှူပ်ချစ်ခံရတဲ့ BL series actor တွေထဲကမှ အချောဆုံးနဲ့ အလန်းဆုံးလို့ တစ်ညီတစ်ညွတ်တည်းသတ်မှတ်ထားကြတဲ့ ထိပ်တန်း (10)ဦးကို ရွေးချယ်ပြီးဖော်ပြပေးမှာမို့ ကိုယ်သဘောကျတဲ့မင်းသားများပါနေမလားဆိုတာ ဆက်ကြည့်လိုက်ရအောင်နော်။
 
Earth Teerapat (2 Moons S2, S3)
2 Moons ဇာတ်လမ်းတွဲမှာ Wayo ဇာတ်ကောင်နေရာကပါ၀င်ခဲ့ပြီး ပရိသတ်များစွာရဲ့ အားပေးမှူရရှိခဲ့တဲ့အပြင် Wayo ဇာတ်ရုပ်နဲ့ မလိုက်ဖက်ဘူးဆိုတဲ့ အချို့ပရိသတ်တွေရဲ့ဝေဖန်မှုတွေကိုပါခံ‌ခဲ့ရပါတဲ့ Earth ဟာ ဒီဇာတ်ကားနဲ့ပဲ အောင်မြင်မှူမှတ်တိုင်တစ်ခုစိုက်ထူနိုင်ခဲ့တယ်လို့ဆိုရမှာပါ ။ 2 Moons ဇာတ်လမ်းမှာပဲ Earth နဲ့ Benjamin တို့ဟာ အတွဲညီညီနဲ့ လိုက်ဖက်စွာသရုပ်ဆောင်ခဲ့ပြီး Director Aam Anusorn ရဲ့ရွေးချယ်မှူမှန်ကန်တယ်ဆိုတာကို သူ့ရဲ့ ထူးခြားကောင်းမွန်တဲ့ talent တွေနဲ့ သက်သေပြသွားနိုင်ခဲ့ပါတယ်။
 
Billkin Puttiphong ( My Ambulance, BKPP The Series)
ဒီ မင်းသားချောကိုတော့ အခုလက်ရှိ My ambulance ဆိုတဲ့ စီးရီးလေးမှာ အားလုံးသတိထားမိမှာပါ။ အလုပ်သင်ဆရာ၀န်လေးတစ်ဦးနေရာကနေပါ၀င်ထားပြီး ယောက်ျားလေးချင်းမေတ္တာမျှတဲ့ဇာတ်ရုပ်ကနေ ပရိသတ်တွေရဲ့စိတ်ကို ကောင်းကောင်းဖမ်းစားနိုင်ခဲ့ပါတယ်။ သူတို့ဟာ main ဇာတ်ကောင်တွေမဟုတ်ပေမယ့်လည်း ဒီဇာတ်ကားကနေပရိသတ်တွေ တော်တော်ရရှိခဲ့တယ်လို့ဆိုနိုင်ပြီး သူတို့ရဲ့ဇာတ်သိမ်းအတွက်လည်း ပရိသတ်အတော်များများကမကျေနပ်ခဲ့ကြပါဘူး။ ဒါကြောင့်မို့ သူတို့စုံတွဲအနေနဲ့ သီးသန့်ဇာတ်ကားတစ်ကားဖန်တီးပေးဖို့အထိ Production ကဆုံးဖြတ်ခဲ့ကြပြီးBKPP ဆိုတဲ့ စီးရီးလေးမှာ မတူညီတဲ့ Storylineတစ်ခုနဲ့ ထပ်မံတင်ဆက်ပေးသွားမယ်လို့သိရပါတယ်။
 
Win Metawin ( 2Gether the Series )
လက်ရှိ ပြသနေဆဲဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ 2 gether the series ထဲက P'Win ကိုတော့ မသိတဲ့သူတော်တော်ရှားမယ်ထင်ပါတယ်။ ဒီဇာတ်ကားထဲမှာ Win ဟာ လူငယ်နှစ်ဦးကြားက ချစ်ခြင်းမေတ္တာတရားကိုပြသတဲ့ဇာတ်ရုပ်နေရာကနေ Bright နဲ့အတူ အတွဲညီညီ အကောင်းဆုံး သရုပ်ဆောင်သွားတာတွေ့ရမှာပါ။ ချစ်စရာမျက်နှာပေး ကြည်လင်တဲ့ အပြုံးချိုချို လေးတွေနဲ့ ပရိသတ်ကိုဆွဲဆောင်နိုင်ခဲ့တဲ့ Win Metawin ဟာ အနာဂါတ်မှာ ထွန်းတောက်လာမယ့် ကြယ်တစ်ပွင့်ရယ်လို့ ထင်ကြေးအများကြီးပေးခံထားရသူတစ်ဦးလည်းဖြစ်ပါတယ်။
 
Mark Siwat ( Love by Chance S1, S2, The Stranded, I'm Your King S1)
နောက်ထပ် ထိုင်း BLမင်းသားချောစာရင်းမှာပါ၀င်လာသူကတော့ Love By Chance ဇာတ်ကားနဲ့ လူသိများလာခဲ့တဲ့ Mark Siwat ပဲဖြစ်ပါတယ်။ သရုပ်ဆောင်တစ်ယောက်ဖြစ်ဖို့မွေးဖွားလာတယ်လို့ဆိုရ‌လောက်အောင် ပြည့်၀တဲ့အရည်အချင်းတွေနဲ့ Markဟာ ဒီဇာတ်လမ်းတွဲတွေကနေ ပရိသတ်တွေရဲ့ရင်ထဲကနေရာတစ်ခုကို အရယူနိုင်ခဲ့ပါတယ်။ သရုပ်ဆောင်ပိုင်းမှာလည်းတော်သလို အကကောင်းသူတစ်ဦးလည်းဖြစ်တဲ့ Mark ရဲ့အောင်မြင်ခဲ့တဲ့ Love By Chance Series လေးကတော့ နောက်ထပ်ပြီး Season အသစ်လာဖို့ရှိသေးတယ်လို့သိရပါတယ်။
 
Tay Tawan (The KISS Franchise, Our Skyy)
GMM-tv ရဲ့ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ အသက် 28 နှစ်အရွယ် Tay Tawan ဟာ The Kiss ဆိုတဲ့ BL series နဲ့အတူ BL universe ထဲကို၀င်ရောက်လာခဲ့သူတစ်ဦးပါ။ ရုပ်ရည်လည်းချော၊ Talent လည်းရှိသလို၊ သဘောထားလည်းပြည့်၀တဲ့ Tawan ကတော့ ပရိသတ်ချစ် အောင်မြင်တဲ့သရုပ်ဆောင်တစ်ဦးအနေနဲ့ BL ဇာတ်ကားတွေမှာ ဆက်ပြီးမြင်တွေ့ရဦးမယ်လို့ မျှော်လင့်ရပါတယ်။
 
Gulf Kanawut (Tharn Type S1, S2)
မျက်နှာသစ်သရုပ်ဆောင်တွေထဲမှာ ပရိသတ်တွေရဲ့အားပေးမှူအမြင့်ဆုံးကိုရရှိထားတဲ့သူဆိုရင်မမှားပါဘူး။ Tharntype ဇာတ်လမ်းတွဲထဲမှာ လူငယ်နှစ်ဦးကြားကမေတ္တာတရားကို သရုပ်ဆောင်ပိုင်ပိုင်နဲ့ ကောင်းကောင်းပုံဖော်သွားနိုင်တဲ့သူ့ကို Drama ဇာတ်လမ်းမျိုးတွေမှာ ပိုင်နိုင်စွာသရုပ်ဆောင်နိုင်မယ့်သူတစ်ဦးရယ်လို့ ထင်ကြေးပေးထားကြပါတယ် ။ BL ဇာတ်လမ်းတွဲချစ်သူတွေအတွက်သတင်းကောင်းတစ်ခုကတော့ Tharn Type Season 2 ဟာ ပရိသတ်ရှေ့ကိုထပ်ပြီးရောက်ရှိလာဦးမယ်ဆိုတာပါပဲ။
 
Mew Suppasit(What The Duck, Tharn Type S1, S2)
Tharntype ဆိုတဲ့ဇာတ်လမ်းတွဲမှာ ပရိသတ်တွေရဲ့ အားပေးမှူကိုအရယူနိုင်ခဲ့တဲ့ Tharn ကို အားလုံးသိကြမှာပါ။ အဲဒီ ဇာတ်လမ်းတွဲမှာ ကျောင်းသားနှစ်ဦးရဲ့ အချစ်ဇာတ်လမ်းကို ကောင်းကောင်းပုံဖော်နိုင်ခဲ့ပြီး ပရိသတ်များစွာရရှိခဲ့တဲ့အပြင် What The Duck စီးရီးနဲ့လည်း အားပေးမှူအများကြီးရရှိခဲ့ပါသေးတယ်။ အသက်28 နှစ်ရှိပြီဖြစ်ပေမယ့် ဆယ်ကျော်သက်လူငယ်ဇာတ်ရုပ်တွေကနေ ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်နိုင်တာကလည်း Mew ရဲ့အရည်အချင်းတွေထဲကတစ်ခုလို့ဆိုရမှာပါပဲ။
 
Perth Tanapon(Projects: Love by Chance S1, S2, The Stranded, Reminders)
အဆိုတော်တစ်ဦးလည်းဖြစ် မော်ဒယ်လ် လည်းအနေနဲ့ရော သရုပ်ဆောင်တစ်ဦးအနေနဲ့ပါ သိကြတဲ့ Perth ဟာ Love By Chance ဇာတ်လမ်းတွဲထဲက Ae ဆိုတဲ့ ဇာတ်ရုပ်နဲ့ ပရိသတ်များစွာရရှိခဲ့ပါတယ်။ အခုဆိုရင် Mark Siwat နဲ့အတူ Netflix ရဲ့ ဇာတ်လမ်းတစ်ခုဖြစ်တဲ့ The Stranded ဇာတ်ကားမှာလည်း ပါ၀င်ထားပါသေးတယ်။ BL ဇာတ်လမ်းချစ်သူ ပရိသတ်တွေကတော့ Love By Chance ထဲက Ae ဆိုတဲ့ ဇာတ်ကောင်ကိုနောက်တစ်ကြိမ်ထပ်မြင်ရဖို့ မျှော်လင့်နေကြပြီး မကြာခင်မှာပဲ Season 2 အနေနဲ့ ပရိသတ်ရှေ့ကိုရောက်ရှိလာဦးမယ်လို့သိရပါတယ်။
 
Bright Vachiravit(2Gether the series)
ချစ်စရာကောင်းတဲ့မျက်နှာပေး ဆွဲဆောင်မှူရှိတဲ့ရုပ်ရည်တွေကြောင့် ပရိသတ်တွေသည်းသည်းလှုပ်အားပေးမှူကိုခံခဲ့ရတဲ့ Bright ဟာ ခုလက်ရှိ 2Gether ဇာတ်လမ်းတွဲမှာတင် အအောင်မြင်ဆုံးမှတ်တိုင်တစ်ခုစိုက်ထူနိုင်ခဲ့တယ်လို့တောင်ဆိုနိုင်ပါတယ်။ BL ဇာတ်လမ်းတွဲရဲ့ အဓိကဇာတ်ဆောင်နေရာကို အခုလက်ရှိ အသက် 22 နှစ်အရွယ်မှာပိုင်ဆိုင်နိုင်ခဲ့ပြီး အရင်တုန်းကတည်းကသာ သူ့ရဲ့ Producer တွေက ဒီလို Main role နေရာပေးခဲ့မယ်ဆိုရင် အခုထက်ပိုစောပြီး အောင်မြင်နေမယ့်သူတစ်ဦးဖြစ်လာနိုင်ပါတယ် ။ ဘာပဲပြောပြော အခုချိန်မှာတော့ အအောင်မြင်ဆုံးနဲ့ ပရိသတ်အားပေးမှူအများဆုံးဆိုတဲ့ လူမှန်နေရာမှန်မှာ Bright တစ်ယောက် ကောင်းကောင်းရပ်တည်နေနိုင်ပြီလို့ဆိုရမှာပါပဲ။
 
Saint Suppapong (Love by Chance S1, Why RU, Reminders)
BL series လောကမှာတော့ Saint ဟာ ထူးခြားတဲ့စွမ်းရည်ကိုပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင်တစ်ဦးလို့ဆိုရမှာပါပဲ။ Saint လိုသရုပ်ဆောင်မျိုးဟာ ရှာမှရှားတယ်လို့လည်းတချို့ကဆိုကြပါတယ်။ သူရဲ့ သရုပ်ဆောင်ကောင်းမှူအပြင် ပရိသတ်တွေနဲ့ မီဒီယာတွေအပေါ်ကောင်းကောင်းလွှမ်းမိုးနိုင်မှူကလည်း သူ့ရဲ့အရည်အချင်းတွေထဲကတစ်ခုလို့ဆိုရမှာပါ။ ရုပ်ရည်သာမက အရည်အချင်းမှာပါပြည့်၀တဲ့ Saint ဟာ Love by Chance ဇာတ်လမ်းတွဲနဲ့ ကျော်ကြားခဲ့ရုံသာမက နောက်ထပ် Why R U စီးရီးမှာလည်း ပရိသတ်တွေရဲ့ချစ်ခြင်းကို အများကြီးထပ်ပြီးပိုင်ဆိုင်နိုင်ခဲ့ပါသေးတယ်။
Photo Credit to The Rightful Owners
, , , ,

MODA TV 


People

Plastic Surgery မလုပ်ပဲသဘာဝအတိုင်းလှနေတဲ့ Korea Idol များ

Natural Beauty တွေကပိုတောင်လှနေပါရောလား

by May Shoon

May 9, 2020


အလှတရားဆိုတာ မွေးကတည်းကလှတဲ့ ပင်ကိုယ်အလှတရားရှိသလို ခေတ်ရဲ့ တိုးတက်တဲ့ နည်းပညာများကြောင့် ပင်ကိုယ်အလှတရားထက်ကျော်လွန်တဲ့ Plastic Surgery နည်းလမ်းတွေနဲ့လည်း အလှတရားတွေကို လုပ်ယူလာကြပါတယ်။ ဒီလို သဘာဝလွန်ပြုပြင်မှုတွေကြောင့်ပိုမိုလှပသွားသူတွေရှိသလို၊ မိမိရှိပြီးသားအလှတရားပါပျောက်ကွယ်သွားသူတွေလည်းရှိပါတယ်။ အထူးသဖြင့် တောင်ကိုရီးယားရဲ့ ရုပ်ရှင် နဲ့ Music Industry မှာလည်း Korea Actor/Actress တွေနဲ့ K-pop Idol တွေအတွက် အလှအပနဲ့သက်ဆိုင်တဲ့ Plastic Surgery ကုထုံးတွေကအရမ်းရေပန်းစားပါတယ်။ Kpop Idol တစ်ချို့ဆိုလျှင်လည်း Surgery ကြီးကြီးမားမား မပြုလုပ်ထားရင်တောင်မှ မျက်ရစ်(Eye-Lids) ဖော်တာ၊ မျက်နှာ V-Shape ပြုလုပ်တာတွေကိုတော့ အနည်းနဲ့အများပြုလုပ်ထားကြပါတယ်။
ဒါဆို ပင်ကိုယ်အလှ Natural Beauty တွေနဲ့ဒိတ်ဒိတ်ကျဲအောင်မြင်နေတဲ့ K-Drama မင်းသမီးတွေ၊ K-Pop Star တွေရောရှိလား။ အများကြီးမှ အများကြီးကို ရှိပါတယ်။ တကယ်တော့ ရုပ်ရည် Apperance ဆိုတာထက်သူတို့ချပြတင်ဆက်တဲ့ အနုပညာအရည်အချင်းတွေကသာ ပရိသတ်ရဲ့နှလုံးသားကို သိမ်းပိုက်နိုင်တာပါ။


အောက်မှာဖော်ပြထားတဲ့ K-Star တွေကတော့ မွေးတည်းကပကတိရှိတဲ့ ရုပ်ရည်လေးနဲ့ပဲ ပရိသတ်အားပေးမှုနဲ့ အောင်မြင်မှုတွေရရှိနေတာပဲဖြစ်ပါတယ်။ သူတို့ရဲ့ ချစ်စရာကောင်းတဲ့ အပြုအမူလေးတွေကြောင့် သူတို့ ရုပ်ရည်အပြစ်အနာအစာတွေရှိတောင် သတိမထားမိတော့ပါဘူး။ Natural Beauty ပိုင်ရှင် K-Star လေးတွေက ဘယ်သူတွေဖြစ်မလဲ ကြည့်လိုက်ရအောင်။

 

Song Hye Kyo
အွန်စော လို့သိကြတဲ့ ကိုယ်တွေငယ်ငယ်ကအသည်းစွဲ “ ဆောင်းဦးရွက်ကြွေ ချစ်သက်သေ” ရဲ့ မင်းသမီးချောလေး ကတော့ အခုချိန်ထိ Plastic Surgery မလုပ်ပဲ ပရိသတ်တွေရဲ့ နှလုံးသားကို သိမ်းပိုက်နိုင်နေဆဲပါ။ နောက်ဆုံးထွက်ရှိထားတဲ့ The Descendants of the Sun ဇာတ်ကားမှာဆိုလည်း Son Hye Kyo ကို အသက် ၃၀ ကျော်လို့ဆိုရင် ဘယ်သူမှတောင်မယုံလောက်အောင် နုပျိုလှပနေလို့ပါ။

 

Hani

EXID အဖွဲ့ဝင် Hani ကိုလည်း ၂၀၁၅ ခုနှစ်က MBC ရုပ်သံလိုင်းရဲ့ Blind Test 180 Degree မှာလူတော်တော်များများက သူမကို Plastic Surgery လုပ်ထားတယ်လို့ ယူဆပြီး ဝေဖန်ခဲ့ကြပါတယ်။ တကယ်တော့ Hani ကဘာမှမပြုပြင်ထားသလို သူမရဲ့ ငယ်ငယ်တုန်းက ဓာတ်ပုံလေးထဲကအတိုင်း မျက်လုံးကြီးကြီး ၊ နှာတံ ပေါ်ပေါ်နဲ့ ကောင်မလေးတစ်ယောက်ဖြစ်နေခဲ့တာပါ။


Sulli
မြန်မာပရိသတ်နဲ့ မစိမ်းသူလေး F(x) အဖွဲ့ဝင် Sulli ကလည်း ပင်ကိုယ်အလှပိုင်ရှင်လေးပါ။ သူ့ရဲ့ ငယ်ရုပ်လေးတောင်မပျောက်တာကို Childhood Photo လေးတွေကြည့်ပြီး သိနိုင်ပါတယ်။ ဒီလို အပြစ်ကင်းစင်သူလေးက အရင်နှစ်ကပဲ ကြွေလွင့်သွားလို့ အားလုံးစိတ်မကောင်းဖြစ်ခဲ့ရပါတယ်။

 

Sandara Park
ကိုရီးယားတွေရဲ့ အလှတရားစံနှုန်းတွေဆိုတာ ကြီးမားလုံးဝိုင်းတဲ့မျက်လုံးတွေ၊ ဖြောင့်စင်းတဲ့ နှာတံတွေနဲ့ ပြစ်မျိုးမှဲ့မထင်တဲ့ ဖြူဖွေးတဲ့ အသားအရေပိုင်ရှင်တွေပါ။ အဲ့လိုဆို 2NE1 ရဲ့ Star လေး Sandara Park က အရင်တည်းကဆုတောင်းကောင်းတဲ့ အလှပိုင်ရှင်လေးလို့ပြောရမှာပါ။ ဘာခွဲစိတ်ပြုပြင်မှုမှလုပ်စရာမလိုပဲ ပြီးပြည့်စုံတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားသူပါ။

 

Sohee
Wonder Girls ရဲ့ Sohee ကလည်း Wonder Girl စပေါ်တည်းကအခုချိန်အထိ သူမရဲ့ မျက်ရစ်မပါတဲ့ Asain မျက်နှာလေးကိုပဲ ခွဲစိတ်မှုတွေမပြုလုပ်ပဲ ယုံကြည်မှုရှိရှိနဲ့ အမြဲ Embrace လုပ်ခဲ့ပါတယ်။ သူ့ရဲ့ ထူးခြားတဲ့ ပင်ကိုမျက်နှာပေါက် သွင်ပြင်လေးက သူမရဲ့ အလှတရားတွေကို မလျော့ပါးသွားစေပါဘူး။



IU
အဆိုတော်လေး IU ကလည်း သူမရဲ့ ကော်ပတ်ရုပ်လိုဖြစ်နေတဲ့ မျက်နှာလေးကြောင့် Plastic Surgery လုပ်ထားတယ်လို့ ထင်မြင်ခြင်းခံခဲ့ရပါတယ်။ ဒါပေမယ့် သူမရဲ့ အရင် ငယ်ရုပ်လေးအတိုင်းပဲ သဘာဝအတိုင်း ချစ်စရာကောင်းနေဆဲပါ။

 

Suzy
Suzy ကလည်း ပြောစရာမလိုလောက်အောင် လှပတဲ့ မျက်နှာနဲ့ သွယ်လျတဲ့ ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားသူပါ။ သူမရဲ့နှာခေါင်းနဲ့ မျက်လုံးလေးတွေကလည်း ပြုပြင်ထားတယ်လို့ထင်ရလောက်အောင်လှလွန်းပါတယ်။ တကယ်တော့ မွေးကတည်းက ဒီပုံစံလေးပါပဲတဲ့။

 

Son Dambi
သီချင်းဆိုတာရော သရုပ်ဆောင်ပိုင်းရော ပိုင်နိုင်တဲ့ Som Dambi ကလည်း သူမရဲ့ မျက်နှာလေးက ပြုပြင်ထားတာ မဟုတ်ဘူးဆိုတာကို သူမကလေးတုန်းက ဓာတ်ပုံလေးတွေနဲ့သက်သေပြခဲ့ပါတယ်။


CL
အားလုံးရဲ့အသည်းကျော် CL ကို 2NE1 အဖွဲ့မှာ စပြီး Debut မလုပ်ခင်အချိန်တုန်းက YG Entertainment က CL ကို Plastic Surgery လုပ်ဖို့ တိုက်တွန်းခဲ့ဖူးပါတယ်။ ဒါပေမယ့် CL ကထိုတောင်းဆိုချက်ကို ငြင်းဆိုခဲ့ပြီး “ ကျွန်မဒါကို လုံးဝမလုပ်ဘူး။ ကျွန်မပြောခဲ့သလိုပဲ ကျွန်မက CL မှန်ပေမယ့် ကျွန်မရဲ့ ပင်ကိုယ်ဖြစ်တည်မှုလေးအတိုင်းပဲ နေချင်တယ်။ သဘာဝတရားက ကျွန်မကိုပေးထားတဲ့ အတိုင်းပဲ ကျွန်မနှစ်သက်ပါတယ်။” လို့ CL ကပြောခဲ့ပါတယ်။


Yoona
အပြုံးပြုံးချိုချိုနဲ့ မင်းသမီးတစ်လဲဖြစ်တဲ့ Girl Generation ရဲ့ Yoona ကလည်း Love Rain၊ The King in Love ဇာတ်လမ်းတွေနဲ့လည်း လူသိများသူလေးပါ။ သူ့ရဲ့ မျက်နှာလေးကလည်း Plastic Surgery မလုပ်ထားတဲ့ ပင်ကိုသဘာဝအလှကိုတွေ့မြင်ရမှာပါ။


Taeyeon
Girls Generation ရဲ့ အဖွဲ့ဝင်ဟောင်းဖြစ်တဲ့ Taeyeon ကတော့ သူမရဲ့ Natural Beauty မျက်နှာလေးအတိုင်းပဲ Beauty Campaign တွေတော်တော်များများ ပါဝင်ခဲ့သူပါ။ သူရဲ့ အနုပညာလောကကို စစဝင်တုန်းကမျက်နှာလေးအတိုင်းပဲ လက်ရှိမှာ လှပနေဆဲပါ။  


Kim Tae Hee
Korea's Most Beautiful Woman စာရင်းဝင်ခဲ့တဲ့ Kim Tae Hee က ဘာမှ ခွဲစိတ်ပြုပြင်မှုတွေမလုပ်တဲ့ သဘာ၀ အလှပိုင်ရှင်လေးပါ။ သူ့ကို ကျောင်းမှာတုန်းကလည်း Seoul University Goddess လို့တင်စားခဲ့ကြပါတယ်တဲ့။ မင်းသာ Rain ရဲ့ ချစ်ဇနီးလေးဆိုလည်း မမှားပါဘူး။


Han Jimin
မင်းသမီး Han Jimin ရဲ့ Beauty Transformation ကတော့သူ့ရဲ့ Elementary ၊ Junior High နဲ့ High School တုန်းက မျက်နှာလေးက အခုချိန်ထိ မပြောင်းလဲပဲ ရှိနေတုန်းပါ။ ကျောင်းတုန်းကနဲ့မတူတာက အရပ်ပိုရှည်လာတာပဲရှိတာပါတဲ့။


Kim So Hyun
အသက် ၇ နှစ်တည်းက ကလေးသရုပ်ဆောင်အဖြစ် အနုပညာလောကထဲကို အခြေချခဲ့တဲ့ Kim So Hyun ကတော့ သူ့ ရဲ့ ရိုးရိုးရှင်းရှင်းပင်ကိုယ်အလှလေးနဲ့ကို ချစ်စရာကောင်းနေသူလေးပါ။


Park Shin Hye
မြန်မာပရိသတ်တွေသူမကို စသိခဲ့တာကတော့ “Stairway to Heaven” ဇာတ်ကားမှာပါ။ အခုချိန်မှာတော့ Park Shin Hye က တောင်ကိုရီးယားရဲ့ အအောင်မြင်ဆုံးမင်းသမီးများထဲကတစ်ဦးပါ။ ၂၀၁၅ မှာ Forbes မှာရွေးချယ်ထားတဲ့ 40 Most Powerful Celebrities in Korea မှာ ပါ ဝင်ထားသူပါ။ သူမရဲ့ Korean Aesthetic ဖြစ်တဲ့ မျက်နှာလေးကလည်း Plastic မပါတဲ့ သဘာဝအလှလေးပါ။


Song Ji Hyo
Running Man Star လေး Song Ji Hyo ကတော့ တောင်ကိုရီးယားရဲ့ လူကြိုက်များတဲ့ မော်ဒယ်၊ မင်းသမီးလေးပါ။ သူမကို Wishing Stairs နဲ့ Princess Hours TV Series မှာလူသိများသလို သူရဲ့ ရင်အေးစေတဲ့ မျက်နှာလေးကလည်း ဘာပြုပြင်မှုမှ မလုပ်ထားတဲ့ မျက်နှာလေးပါ။

, , ,

People

Chinese Drama Series တွေကြည့်ဖို့ Motivation ဖြစ်စေမယ့် ရှောင်ကောကောများ

ကောင်မလေးတွေ ပြောပြောနေတဲ့ အဲ့ဒီမင်းသားလေးတွေက ဘယ်သူတွေဖြစ်မလဲ

by JN Ja Seng Pan

April 30, 2020

အာရှတိုက်မှာကော အနောက်နိုင်ငံတွေမှာပါ ကိုးရီးယား Series တွေက အများကြီး ထိုးဖောက်နေနှင့်ပြီးသားဖြစ်ပေမယ့်လည်း Chinese Series တွေ၊ ရုပ်ရှင်တွေကလည်း ဒီဘက် ၂၀၁၉၊ ၂၀၂၀ နောက်ပိုင်းမှာ ပြန်လည်နေရာယူလာပြီပဲဖြစ်ပါတယ်။ Untamed, Put Your Hand On My Shoulder, Goobye Princess စတဲ့ ဇာတ်လမ်းတွဲတွေက ကြည့်ရှုသူတွေကို ဆွဲဆောင်စေခဲ့တာအမှန်ပါ။ ထုံးစံအတိုင်းပဲ ဒီရုပ်ရှင်တွေထဲက ခပ်ချောချော၊ ခပ်ဖြောင့်ဖြောင့်မင်းသားတွေကလည်း မိန်းကလေးပရိတ်သတ်တွေကြားမှာ တဟုန်ထိုး ရေပန်းစားလာခဲ့တာဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်းမှာ ကောင်းမွန်ကြပြီး အသက်အရွယ်နဲ့ ရုပ်ရည်ပိုင်းမှာလည်း ငယ်ရွယ်ကြည့်ကောင်းကြတဲ့ မင်းသားလေးတွေပါ။ ကောင်မလေးတွေ ပြောပြောနေတဲ့ အဲ့ဒီမင်းသားလေးတွေကဘယ်သူတွေလဲ၊ ဒီ Quarantine ကာလမှာ တရုတ်ကားလေးတွေကြည့်ဖို့ Motivation တွေလိုနေရင်တော့

Xiao Zhan (age 28)



ဒီစာရင်းထဲမှာ အသက်အကြီးဆုံးအနေနဲ့ ပါဝင်နေတာဖြစ်ပေမယ့် ကလေးဆန်တဲ့ အပြုံးချိုချိုတွေကြောင့် ကမ္ဘာတစ်ဝှမ်းက မိန်းကလေးပရိတ်သတ်တွေရဲ့ အားပေးမှုကိုခံရတာဖြစ်ပါတယ်။ X Nine ဆိုတဲ့ Idol Group က Member တစ်ယောက်ဖြစ်ပြီး သူ့ကို လူသိများသွားစေခဲ့တာကတော့ Oh My Emperor နဲ့ မြန်မာပရိတ်သတ်တွေကြားမှာပါ ရေပန်းစားခဲ့တဲ့ The Untamed ဇာတ်လမ်းတွဲတွေပါ။ သူက အနုပညာနဲ့ ပတ်သတ်ပြီး ခေသူတော့ မဟုတ်ပါဘူး။ Graphic Designer နဲ့ Photographer အဖြစ်ပါ လုပ်ကိုင်ခဲ့ဖူးပါတယ်။ Fantasy Historical Drama ဖြစ်တဲ့ The Untamed ကတော့ သူ့ရဲ့ အနုပညာလမ်းကြောင်းကို အမြင့်ဆုံး တွန်းတင်ပေးလိုက်တဲ့ အခိုက်အတန့်ပဲဖြစ်ပါတယ်။ November 15 မှာ စတင်ထုတ်လွှင့်မယ့် The Oath of love မှာလည်း ပါဝင်ထားတာမို့ သူ့ရဲ့ ပရိတ်သတ်တွေ ဆက်လက်စောင့်ကြည့်ရဦးမှာပါ။

Wang Yibo (age 22)



Wang Yibo ကိုလည်း ဒီစာရင်းထဲမှာ မထည့်လို့ ဘယ်ဖြစ်မလဲနော်။ The Untamed ဇာတ်ကားမှာ Lan Wangji အဖြစ် သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ Korean Chinese Boyband ဖြစ်တဲ့ Uniq မှာ Member အဖြစ်ပါဝင်တာမို့ Kpop Fan တွေနဲ့စိမ်းမှာ မဟုတ်ပါဘူး။ သူကို အကပိုင်နိုင်တဲ့သူတစ်ယောက်အဖြစ် သိကြပြီး အဆိုကော၊ သရုပ်ဆောင်ပါရတဲ့သူပါ။ ဒီနှစ်ထဲမှာ ထွက်ရှိမယ့် Legend of Fei အတွက် ရိုက်ကူးမှုတွေ ပြီးသွားပြီလို့ သိရတာကြောင့် Yibo ပရိတ်သတ်တွေ Drama ထွက်လာရင်လည်း အားပေးရဦးမှာပါ။

Zheyuan Chen (age 23)



2020 နှစ်စပိုင်းကတည်းက လူကြိုက်များခဲ့တဲ့ Drama Series တစ်ခုဖြစ်တဲ့ Handsome Sibilings မှာ ပါဝင်သရုပ်ဆောင်ထားတာပါ။ သရုပ်ဆောင်အသစ်ဖြစ်ပေမယ့်လည်း ချစ်စရာကောင်းတဲ့ ရုပ်ရည်သွင်ပြင်ကြောင့် နာမည်ကြီးလာပြီး သူ့ကို သည်းသည်းလှုပ်ကြိုက်ကြတဲ့ Fan တွေမနည်းမနှောပါ။ MR. Bio ဆိုတဲ့ Boyband မှာလည်း လှုပ်ရှားခဲ့ဖူးပြီး သူ့ကို တော်တော်များများ Exo အဖွဲ့ဝင် Luhan နဲ့ Chanyeol ပေါင်းထားတဲ့ရုပ်ဆိုပြီး အပြောများကြပါတယ်။ စာဖတ်သူကော တူတယ်လို့ထင်လား။

Joseph Zeng (age 22)



သရုပ်ဆောင်၊ အဆိုတော်နဲ့ Model အနေနဲ့ Professional လုပ်ကိုင်နေတာပါ။ ကပြားရုပ်သွင်နဲ့ Joseph က အရပ်ခြောက်ပေရှိပြီး ဂစ်တာတီးတာ၊ ပုံဆွဲတာတွေကို ဝါသနာပါပါတယ်။ Fresh Greek ဆိုတဲ့ Boy Group မှာ ပါဝင်ခဲ့ပေမယ့် တစ်ကိုယ်တော်လှုပ်ရှားမှုတွေကြောင့် အဖွဲ့ထဲကနေ ၂၀၁၅မှာ ထွက်ခဲ့တာပါ။ Big Bang အဖွဲ့ဝင် Top သရုပ်ဆောင်ထားတဲ့ German Chinese ရုပ်ရှင် Out of Control မှာလည်း ပါဝင်ထားပါတယ်။ အဓိကဇာတ်ကောင်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Take My Brother Away က သူ့ကို လူတွေပိုပြီး သတိထားမိစေခဲ့ပါတယ်။ သူ့ရဲ့ ရုပ်ရှင်ဇာတ်ကားတွေက ၂၀၂၀ မှာ ထွက်ဖို့ အများကြီးရှိတာကြောင့် Joseph ပရိတ်သတ်တွေကတော့ တဝကြီး အားပေးရဦးမှာပါ။

Lin Yi (age 21)



Model နဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ Lin Yi က အသက် ၂၁ သာရှိပါသေးတယ်။ Put Your Head On My Shoulder က သူ့အတွက် ပထမဆုံး ရုပ်ရှင်ဇာတ်လမ်းတွဲဖြစ်ပေမယ့် ချက်ခြင်းဆိုသလို အောင်မြင်မှုရသွားခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာလည်း ပေါက်သွားတဲ့ Series တစ်ခုဖြစ်ပြီး ကြောင်တောင်တောင်နိုင်တဲ့ Character အဖြစ်နဲ့ သရုပ်ဆောင်ထားတာက ပရိတ်သတ်တွေအတွက် အူယားလို့မဆုံးဖြစ်စေခဲ့ပါတယ်။ တောင်တန်းတွေထက် ပင်လယ်ကိုကြိုက်ပြီး ခွေးနဲ့ ကြောင်နဲ့ဆိုရင် ကြောင်ကို ပဲရွေးချယ်ပါမယ်တဲ့။ ရုပ်ရည်သွင်ပြင်ထက် စိတ်ထားကသာ သူ့အတွက် ပိုအရေးကြီးပါတယ်လို့ ပြောထားပါတယ်။

Chen Xingxu (age 24)



မျက်နှာသစ်သရုပ်ဆောင်ဖြစ်တဲ့ Chen Xingxu ကတော့ နန်းတွင်းကားဖြစ်တဲ့ Goodbye My Princess ဆိုတဲ့ Drama Series နဲ့ နာမည်ကြီးလာခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ ဇာတ်ကောင်ဖြစ်တဲ့ Gu Xiaowu ကာရိုက်တာကို ပီပြင်အောင် သရုပ်ဆောင်နိုင်လို့ ပရိတ်သတ်တွေရဲ့ အားပေးချီးကျူးမှုခံခဲ့ရပါတယ်။ နောက်ထပ်ထွက်ရှိမယ့် ကားတွေအနေနဲ့ The Glory of Youth နဲ့ The Best of times တွေကိုလည်း စောင့်မျှော်အားပေးလို့ရပါတယ်။

Li Xian (age 28)



၂၀၁၉ တုန်းက ထွက်ရှိခဲ့တဲ့ Go Go Squid မှာ သူ့ကို လူပိုသိသွားစေခဲ့တာပါ။ အနုပညာလှုပ်ရှားမှုတွေလုပ်နေတာကြာပြီဆိုပေမယ့်လည်း အရံသရုပ်ဆောင်အနေနဲ့သာ လှုပ်ရှားနေရတာပါ။ Go Go Squid ထွက်လာတဲ့အချိန်မှာတော့ သူ့အတွက် အောင်မြင်မှုအကြီးကြီး ရရှိသွားခဲ့တယ်လို့ ဆိုရမှာပါ။ ယောကျာၤးဆန်တဲ့ တည်တည်ကြည်ကြည်ရုပ်ရည်နဲ့မို့ မိန်းကလေးတော်တော်များများက ချစ်သူတော်ချင်ကြပေမယ့်လည်း သရဲကားကို မကြည့်ရဲသူမို့ Editor ကတော့ရီချင်နေပါပြီနော်။

Jackson Yee (age 19) 



ဒီစာရင်းထဲမှာ အသက်အငယ်ဆုံးလေးဖြစ်ပေမယ့်လည်း လတ်တလောမှာ နာမည်အကြီးဆုံးလို့ပြောရမှာပါ။ ကောင်မလေးတွေ သည်းသည်းလှုပ်အားပေးနေတဲ့ TFBOYS Boy Group ကဖြစ်ပြီး သူ့ရဲ့ အကကျွမ်းကျင်မှုကြောင့် လူသိများပါတယ်။ ဘယ်လောက်တောင် နာမည်ကြီးလဲဆိုရင် သူသုံးတဲ့ Weibo Account မှာ Follower ပေါင်း သန်း၈၀ ကျော်တောင်ရှိပါတယ်။ ကျောင်းတက်နေတုန်းဖြစ်ပြီး ရုပ်ရှင်တွေလည်း လက်ခံရိုက်ကူးနေတာဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားတွေဖြစ်တဲ့ The Longest Day in Cang’an နဲ့ Box office မှာ Hit ဖြစ်ခဲ့တဲ့ Better Days တွေက သူ့ကို ပိုပြီး အောင်မြင်မှုရစေခဲ့တာဖြစ်ပါတယ်။

Song weilong (age 21)



21 သာရှိသေးပေမယ့်လည်း သရုပ်ဆောင်ပိုင်းမှာ အားလုံးကို အံ့သြသင့်စေခဲ့တဲ့ မျက်နှာသစ်မင်းသားလေးပါ။ လတ်တလောမှာ ထွက်ရှိထားတဲ့ Drama Series ဖြစ်တဲ့ Find Yourself, Love The Way You Are နဲ့ မိသားစုဟာသကားလေးဖြစ်တဲ့ Go Head စတဲ့ ကားတွေမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ တရုတ်နိုင်ငံက Entertainment လောကမှာလည်း အမြဲဖော်ပြခြင်းခံနေရသူတစ်ယောက်လည်းဖြစ်ပါတယ်။ Martial Art ကို စိတ်ဝင်တစားနဲ့ လေ့လာနေခဲ့တဲ့သူဖြစ်ပြီး လူကြီးရုပ်လေးနဲ့မို့ အမြဲအသက်ပြောပြတိုင်း မယုံကြည်တာပဲ ခံရပါတယ်တဲ့။

, , ,

People

အမိုက်စား ကိုယ်ပိုင်စတိုင်လ်တွေနဲ့ အောင်မြင်နေတဲ့ လူငယ်လုပ်ငန်းရှင်များ

MODA ကို အမြဲမပြတ်အားပေးနေတဲ့ ပရိသတ်တွေဆိုရင်တော့ သူတို့ကို သိပြီးသားဖြစ်မှာပါ။

by Lin Lin

April 29, 2020

ဒီတစ်ခါမှာတော့ MODA ပရိသတ်ကြီးအတွက် ငယ်ရွယ်ပြီး စတိုင်လ်ကျကျနဲ့ သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်မှာ အောင်မြင်နေတဲ့ လူငယ်လုပ်ငန်းရှင်တွေအကြောင်းကို ဖော်ပြပေးမယ်နော်။ MODA ကို အမြဲမပြတ်အားပေးနေတဲ့ ပရိသတ်တွေဆိုရင်တော့ သူတို့ကို သိပြီးသားဖြစ်မှာပါ။ MODA ရဲ့ ကဏ္ဍတစ်ခုဖြစ်တဲ့ MODA Man ကဏ္ဍမှာ ဖော်ပြခဲ့ဖူးတဲ့ သူတွေပဲ ဖြစ်ပါတယ်။ သူတို့တွေဟာ အမိုက်စားစတိုင်လ်တွေရှိရုံသာမကဘဲ သူတို့ရဲ့ လုပ်ငန်းနယ်ပယ်တွေမှာပါ အောင်မြင်နေသူတွေပဲ ဖြစ်ပါတယ်။ ကဲ ဒီတော့ သူတို့က ဘယ်သူတွေလဲ ကြည့်လိုက်ကြရအောင်နော်။

Johnathan Lim ( The Beer Factory )
August , 2017


ရန်ကုန်မြို့ရဲ့ နာမည်ကြီး Bar တစ်ခုဖြစ်တဲ့ The Beer Factory ကို ဦးဆောင်နေတဲ့ လူငယ်လုပ်ငန်းရှင်တစ်ဦးဖြစ်ပါတယ်။ သူကတော့ ပရိသတ်တွေနဲ့ မစိမ်းတဲ့ Fancy House Hair & Beauty Spa ရဲ့ ပဲ့ကိုင်ရှင် ဆရာမကြီး ဒေါ်ကျင်ပို့ရဲ့ သားတစ်ဦးလည်း ဖြစ်ပါတယ်။ ဘာကြောင့် Bar လုပ်ငန်းကို သူရွေးချယ်ဖြစ်ခဲ့တာလဲ။ ဒီလမ်းကြောင်းပေါ်ရောက်ရှိခဲ့တဲ့အချိန်မှာ သူဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်းကိုလည်း သူကပြောပြထားပါတယ်။ ရွှေတောင်ကြားလမ်းထဲမှာ ဖွင့်လှစ်ထားတယ်ဆိုပေမယ့် The Beer Factory ဟာ ဈေးနှုန်းသင့်တင့်တဲ့ Menu တွေကို ရရှိနိုင်တာကြောင့်လည်း လူငယ်တွေအကြားမှာ ရေပန်းစားနေပါတယ်။ ဈေးနှုန်းနဲ့ ပြန်လည်ရရှိတဲ့ Service ဟာ စိတ်ကျေနပ်မှုအပြည့်အဝရစေတယ်ဆိုတာလည်း သွားဖူးတဲ့လူတိုင်း သိကြမှာအမှန်ပါပဲ။ ဒီလို Bar ကို ဦးဆောင်နေတဲ့ ပဲ့ကိုင်ရှင် Johnathan Lim အကြောင်းကို အပြည့်အစုံကို ဖတ်ရှု့မယ်ဆိုရင်တော့ အောက်က Link လေးကို နှိပ်လိုက်နော်။

Link - https://moda.com.mm/culture/people/1752

Moe Pike Soe ( DIGITAL ARTIST )
February , 2019


၂၀၁၄ တုန်းက Nike Hypersense Exhibition ကို စင်ကာပူက Art & Science Museum မှာ ပြသတော့ နိုင်ငံ ၂၅ ခုက Digital Artist ၂၅ ယောက်ကို ရွေးချယ်ခဲ့မှုမှာ အရှေ့တောင်အာရှဘက်က Digital Artist တစ်ယောက်အဖြစ်နဲ့ သူ့ကို ရွေးချယ်ဖိတ်ခေါ်လို့ ပါဝင်ပြသခဲ့ရသူ ဒါတင်မက ၂၀၁၆ ခုနှစ်တုန်းကလည်း London, UK မှာ ကျင်းပခဲ့တဲ့ Digital Decade IV Exhibition မှာ ပါဝင်ပြသခဲ့သူ …..။ သူကတော့ Digital Artist တစ်ယောက်ဖြစ်တဲ့ မိုးပိုက်စိုးပါ။ လူငယ်တစ်ယောက်ဖြစ်ပြီး ဆန်းသစ်တဲ့ ဖန်တီးမှုလက်ရာတွေကို အမြဲပုံဖော်နေတတ်သူတစ်ဦးပါ။ သူခံယူထားတဲ့ Digital Artist ဆိုတာဘာလဲ။ Digital Artist ကို စိတ်ဝင်စားတဲ့ လူငယ်တွေအတွက် သူဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံနဲ့ ခံယူချက်၊ သူ့လက်ရာတွေအကြောင်းကို ပြည့်ပြည့်စုံစုံဖတ်ရှု့နိုင်ဖို့အတွက် Link လေးကိုပါ ဖော်ပြပေးလိုက်ပါတယ်နော်။

Link - https://moda.com.mm/culture/people/3258

Video Link - https://www.facebook.com/moda.fashion.magazine/videos/792476231112751/

PIERRE MOUNIER ( Creative Director , CITIZENS ID )
July , 2018


Luxury Hospitality ၊ Mix-use Office ၊ Residential Project နဲ့ Product Design စတဲ့ခေါင်းစဉ်တွေနဲ့ ပြည်တွင်း၊ ပြည်ပလုပ်ငန်း ရှင်တွေကို ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Citizens ID ရဲ့ Creative Director ဖြစ်တဲ့ Pierre ဟာ ပြင်သစ်လူမျိုးတစ်ဦးပဲ ဖြစ်ပါတယ်။ လူငယ်တစ်ဦးဖြစ်တာကြောင့် ဆန်းသစ်တဲ့ စိတ်ကူးစိတ်သန်းတွေနဲ့ Design တွေကို ဖန်တီးတတ်သူတစ်ဦးလည်း ဖြစ်ပါတယ်။သူ့အတွက် မြန်မာနိုင်ငံမှာ ရပ်တည်ရတဲ့စိန်ခေါ်မှုတွေက ဘာတွေဖြစ်မလဲ။ Project တစ်ခုကို လုပ်ဆောင်တဲ့အခါ အရေးကြီးဆုံးအချက်က ဘာတွေဖြစ်မလဲ ဆိုတဲ့အကြောင်းတွေကို Interior Design တွေနဲ့ ပတ်သက်ပြီး စိတ်ဝင်စားတဲ့ လူငယ်တွေအတွက် Motivation ရစေမယ့် အကြောင်းအရာတွေကို ဖတ်ရှု့ရမှာပဲ ဖြစ်ပါတယ်။ အောက်က Link လေးကို နှိပ်လိုက်နော်။

Link - https://moda.com.mm/culture/people/2637

Video - https://www.facebook.com/moda.fashion.magazine/videos/1714113478686993/

JUSTIN BRATTON ( HOST , ASIA'S GOT TALENT )
March , 2018


မြန်မာသွေးပါပြီး အသက် ၅ နှစ်ကစပြီး အမေရိကန်နိုင်မှာအခြေချနေထိုင်သူတစ်ဦးဖြစ်တဲ့ JUSTIN BRATTON ဟာ Host တစ်ယောက်အပြင် Model တစ်ယောက်အနေနဲ့ပါ ရပ်တည်နေသူတစ်ဦးဖြစ်ပါတယ်။ သူဟာ တစ်ခါတစ်ရံမှသာ မြန်မာနိုင်ငံကို လာရောက်သူတစ်ဦးလည်း ဖြစ်ပါတယ်။ သူပြောပြထားတဲ့ TV Host တစ်ယောက်အဖြစ် ရပ်တည်နိုင်ဖို့အတွက် လိုအပ်တဲ့ အရည်အချင်းတွေကဘာလဲ။ Host တစ်ယောက်အဖြစ် ရှင်သန်ရပ်တည်နေစဉ်ကာလအတွင်းမှာ သူကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ခဲ့လဲဆိုတဲ့အကြောင်းတွေ အပြင် မြန်မာနိုင်ငံနဲ့ မစိမ်းတဲ့ သူ့အတွက် မြန်မာနိုင်ငံရဲ့ ဘယ်အရာတွေက သူ့ကို ဆွဲဆောင်ထားတာလဲ ဆိုတဲ့အကြောင်းတွေကို သူက ပြောပြထားပါတယ်။ ပြည့်ပြည့်စုံစုံဖတ်ချင်တဲ့ သူတွေအတွက် Link လေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

Link - https://moda.com.mm/culture/people/2458

Zaw Min Aung ( Power House Fitness Club )
January , 2017


Fitness လောကမှာ အောင်မြင်နေတဲ့ Fitness Center တစ်ခုဖြစ်တဲ့ Power House Fitness Club ရဲ့ MD တစ်ဦးဖြစ်တဲ့ ကိုဇော်မင်းအောင် ကိုယ်တိုင်က All in one Commercial Fitness Club မျိုးကို မျှော်လင့်ခဲ့တာကြောင့် သူငယ်ချင်းတွေနဲ့ စုပြီး ဖွင့်ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ သူကိုယ်တိုင်လည်း အားကစားလိုက်စားသူတစ်ဦးဖြစ်တာကြောင့် သူဖွင့်လှစ်ထားတဲ့ GYM မှာ ဒီလိုစိတ်ကူးမျိုးရခဲ့လို့လည်း ဆိုပါတယ်။ သူဖွင့်လှစ်ထားတဲ့ GYM ဟာ Fitness Center တစ်ခုတည်းသာမဟုတ်ဘဲ Kick Boxing Ring ၊ Material Arts ကစားဖို့နေရာတွေနဲ့ ပေ ၈၀ ရှည်လျားတဲ့ Running Track တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ အမိုက်စားဘော်ဒီဖြစ်ဖို့အတွက် Power House အကြောင်းကို လေ့လာချင်တယ်ဆိုရင်တော့ အောက်က Link လေးမှာ ဝင်ကြည့်လိုက်နော်။

Link - https://moda.com.mm/culture/people/793

, ,


Loading More post