×
Celebrity News

ကြွေလွင့်သွားပြီဖြစ်တဲ့ Black Panther မင်းသား Chadwick Bosemen

စိတ်မကောင်းစရာ သတင်းပါ။

by JN Ja Seng Pan

August 29, 2020

Marvel Universe က လူကြိုက်များ အောင်မြင်တဲ့ရုပ်ရှင်တစ်ခုဖြစ်တဲ့ Black Panther မင်းသား Chadwick Bosemen က အသက် ၄၃နှစ်မှာ ကင်ဆာရောဂါနဲ့ ဆုံးပါးသွားခဲ့ပြီဖြစ်ပါတယ်။

မိသားစုဝင်တွေက ဒီသတင်းကို ထုတ်ပြန်ကြေငြာခဲ့တာဖြစ်ပြီး သေဆုံးသွားပြီဖြစ်ကြောင်းကို အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။ ၂၀၁၆ကတည်း Colon Cancer အဆင့်သုံးကို ရင်ဆိုင်ခံစားနေခဲ့ရတာဖြစ်ပြီး လေးနှစ်ကြာခဲ့ပြီဖြစ်ပါတယ်။ ဆုံးပါးသွားတဲ့အချိန်မှာ အဆင့်လေးတောင်ရှိနေပြီမို့ တော်တော်လေး ခံစားခဲ့ရမှာပါ။

နေအိမ်မှာပဲ ဆုံးပါးခဲ့တာဖြစ်ပြီး မိသားစုဝင်တွေနဲ့ အတူရှိနေခဲ့တယ်လို့ဆိုပါတယ်။ လူမည်း Super Hero ကို အသက်သွင်းခဲ့တဲ့သူအဖြစ် နာမည်ကြီးခဲ့တာဖြစ်ပြီး Avenger ရုပ်ရှင်တွေရဲ့ တစ်စိတ်တစ်ပိုင်းမို့ Marvel ပရိတ်သတ်တွေအတွက်လည်း ကြေကွဲစရာကောင်းတဲ့ ဆုံးရှုံးမှုတစ်ခုလို့ ပြောရမှာပါ။ နေထိုင်မကောင်းတာကို တော်တော်လေး ပိန်လာကတည်းက ပရိတ်သတ်တွေသတိထားမိခဲ့တာဖြစ်ပြီး ဒီအချိန်မှာတော့ အားလုံးကို နှုတ်ဆက်သွားခဲ့ပြီဖြစ်ပါတယ်။ ငြိမ်းချမ်းစွာ အနားယူပါတော့ Chad ရေ။

Ref: TMZ

, , ,
Celebrity News

Blackpink လာတဲ့ Running Man အပိုင်းမှာ ကစားပုံကြမ်းလို့ ဝေဖန်ခံနေရတဲ့ Jeon Somin

ကစားနေတဲ့အချိန်မှာ ဖြစ်သွားတာပါ..

by JN Ja Seng Pan

October 19, 2020

ခုနောက်ဆုံး ထွက်ထားတဲ့ Running Man အပိုင်းမှာ အားလုံးချစ်ရတဲ့ BlackPink အဖွဲ့က Member လေးယောက်လုံး စုံစုံညီညီနဲ့ Guest အဖြစ် ပြန်လည်ပါဝင်ခဲ့ပါတယ်။


ဆပ်ပြာတိုက်ပွဲ Game ကစားတဲ့ အချိန်မှာ အဖွဲ့သုံးဖွဲ့က မိန်းကလေးသက်သက်၊ ယောင်္ကျားလေးသက်သက် ယှဉ်ပြိုင်ရတာပါ။ Jennie, Jeon Somin တစ်ဖွဲ့၊ Jisoo, Song Ji Hyo က တစ်ဖွဲ့ဖြစ်ပြီး အငယ်ဆုံး Rose နဲ့ Lisa က တစ်သင်းပါ။ YG ကောင်မလေးတွေနဲ့ Running Man Female Member တွေ အကြိတ်အနှယ်ကစားကြတာမို့ စိတ်ဝင်စားစရာကောင်းနေပါတယ်။ Game ရဲ့ စည်းမျဉ်းက တစ်ဖက်အသင်းက လူကို Line အပြင်ဘက် အရင်ဆုံး တွန်းထုတ်နိုင်တဲ့ Team အနိုင်ပါ။


အားကောင်းတဲ့ Rose က အခြားအသင်းရဲ့ မျက်စိကျတာကို ခံရပြီး အရင်ဆုံး ထုတ်ခံလိုက်ရပါတယ်။ ဒါပေမယ့် Rose လေး တော်တော်လေးကို ကြိုးစားပန်းစား ဆော့တာက အားလုံးကို ပွဲကျစေပါတယ်။ Lisa နဲ့ Jennie နဲ့ နှစ်ယောက်သား ဖက်လုံးနေကြတဲ့အချိန် တစ်ဖက်က Rose ကို ထုတ်ဖို့ လုပ်နေရင်း Running Man Member ဖြစ်တဲ့ Somin က ရုတ်တရက်ဝင်လာပြီး အပြင်းအထန် တိုက်ခိုက်ပါတော့တယ်။


ဒါကြောင့် အခြား အသင်းနှစ်သင်းက Plan ပြောင်းသွားပြီး Somin ကို ထုတ်ဖို့ လုပ်ကြပါတယ်။ Ji Hyo ကို ခပ်ကြမ်းကြမ်း တိုက်ခိုက်တာရော၊ Jisoo ကို ရုတ်တရက်ကန်လိုက်တဲ့ Moment တွေက ကြည့်ရှုသူတွေကို စိတ်မကောင်းဖြစ်စေပြီး ဝေဖန်မှုများစေခဲ့ပါတယ်။ Blink တွေကလည်း ဒါကို လက်မခံနိုင်ဘူးဆိုပြီး Social Media မှာ ပြောဆိုလာကြပါတယ်။ ပွဲစစချင်းမှာလည်း Jennie ရဲ့ ခြေထောက်ကို တက်နင်းလိုက်မိကတည်းက Blink တွေက သတိထားမိနေခဲ့တာပါ။ ဒါပေမယ့် ကစားပွဲ ကောင်းကောင်းမွန်မွန် အဆုံးသတ်ခဲ့ပြီး Jisoo အသင်းက အနိုင်ရရှိသွားခဲ့ပါတယ်။

, ,

Celebrity News

M.A.C ရဲ့ Global Ambassador ဖြစ်လာတဲ့ Lisa

အရုပ်လေးအတိုင်းပါပဲ ယူရယ်

by May Shoon

October 19, 2020

   ကမ္ဘာကျော် Cosmetic Brand M.A.C ကသူတို့ရဲ့ Newest Global Ambassador ကို BLACKPINK အဖွဲ့ဝင်လေး Lisa ( Lalisa Manobal ) ကိုခန့်အပ်လိုက်ပြီလို့ ကြေညာလိုက်ပါတယ်။ Lisa ကတော့ ဒီ Iconic Brand ကြီးရဲ့ ပထမဆုံး Global Embassador အဖြစ်ရွေးချယ်ခံရတဲ့ Female K-Pop Star ဖြစ်ပါတယ်။ အရင်ကတော့ EXO အဖွဲ့ရဲ့ Lay Zhang က Global Embassador အဖြစ်ရွေးချယ်ခံရဖူးပါတယ်။
အခုချိန်မှာတော့ BLACKPINK ရဲ့အောင်မြင်မှုတွေကအထွတ်အထိပ်ရောက်နေသလို Jennie၊ Lisa၊ Rosé နဲ့ Jisoo တို့မှာလည်း ကိုယ်ပိုင် Endorse လုပ်ထားတဲ့ Fashion နဲ့ Beauty Brand တွေလည်း အများကြီးရှိပါတယ်။


Instagram မှာလည်း Followers 40 Million ရှိတဲ့ Lisa က နောက်လာမယ့် M.A.C Collection နဲ့ Campaign တွေမှာ New Face အဖြစ်ပါဝင်မှာဖြစ်ပြီး Brand ရဲ့ အသစ်ထွက်ရှိမယ့် New Project တွေမှာလည်း Collab အဖြစ်ပါဝင်လုပ်ဆောင်ပေးသွားမယ်လို့ဆိုပါတယ်။ ဒီ October ကစပြီး Long-Term Partnership အနေနဲ့ M.A.C Makeup Artist တွေနဲ့ပူးပေါင်းပြီး သူမရဲ့ Signature Look တွေ၊ Beauty Tips တွေနဲ့ Skin Care Routines တွေကို Fan တွေအတွက်မျှဝေပေးသွားမယ့် အစီအစဉ်တွေလည်းရှိပါသေးတယ်။
“Lisa ရဲ့ သွက်လက်ပြီး Bold ဖြစ်တဲ့ Personality နဲ့ Talent က M.A.C Cosmetic နဲ့လိုက်ဖက်မှုရှိမယ်လို့လည်းယုံကြည်တယ်။ M.A.C အနေနဲ့လည်း Strong ဖြစ်တဲ့ K-Pop Culture နဲ့ Beauty Industry ကိုပေါင်းစပ်ပြီး ကမ္ဘာတစ်ဝှမ်းကမိန်းလေးတွေအတွက် အသစ်အသစ်တွေချပြသွားမှာပါ” လို့ M.A.C ရဲ့ Vice President နဲ့ Creative Director Drew Elliott ကဆိုပါတယ်။
Lisa ကလည်း M.A.C ရဲ့ Global Ambassador ဖြစ်ခွင့်ရတဲ့အတွက်အရမ်း စိတ်လှုပ်ရှားနေပါတယ်။ ဒီလို Global Cosmetic Brand ရဲ့ Ambassador ဖြစ်ခွင့်ရတဲ့ အတွက်လည်းအရမ်းဂုဏ်ယူသလို ရှေ့ဆက်မယ့် ဒီ Cosmetic Line Journey မှာအတူတူပါဝင်သွားဖို့ အရမ်းလည်း ရင်ခုန်နေပါတယ်တဲ့။ Lisa ကဒီလို Global Embassador မဖြစ်ခင် ဆယ်ကျော်သက်အရွယ်တည်းက M.A.C အလှကုန်တွေကို အရမ်းနှစ်သက်တဲ့ Fan တစ်ယောက်လည်းဖြစ်တာမို့ အခုလိုပါဝင်ခွင်ရတာကသူမအတွက် အိမ်မက်တစ်ခုလိုပါပဲ။
Cosmetic Crazy မမတို့ညီမလေးတို့ရော Lisa နဲ့ M.A.C ရဲ့သတင်းသစ်တွေကိုရင်ခုန်နေပြီလား

, , , , ,

Celebrity News

Blackpink လာတဲ့ Running Man အပိုင်းမှာ ကစားပုံကြမ်းလို့ ဝေဖန်ခံနေရတဲ့ Jeon Somin

ကစားနေတဲ့အချိန်မှာ ဖြစ်သွားတာပါ..

by JN Ja Seng Pan

October 19, 2020

ခုနောက်ဆုံး ထွက်ထားတဲ့ Running Man အပိုင်းမှာ အားလုံးချစ်ရတဲ့ BlackPink အဖွဲ့က Member လေးယောက်လုံး စုံစုံညီညီနဲ့ Guest အဖြစ် ပြန်လည်ပါဝင်ခဲ့ပါတယ်။


ဆပ်ပြာတိုက်ပွဲ Game ကစားတဲ့ အချိန်မှာ အဖွဲ့သုံးဖွဲ့က မိန်းကလေးသက်သက်၊ ယောင်္ကျားလေးသက်သက် ယှဉ်ပြိုင်ရတာပါ။ Jennie, Jeon Somin တစ်ဖွဲ့၊ Jisoo, Song Ji Hyo က တစ်ဖွဲ့ဖြစ်ပြီး အငယ်ဆုံး Rose နဲ့ Lisa က တစ်သင်းပါ။ YG ကောင်မလေးတွေနဲ့ Running Man Female Member တွေ အကြိတ်အနှယ်ကစားကြတာမို့ စိတ်ဝင်စားစရာကောင်းနေပါတယ်။ Game ရဲ့ စည်းမျဉ်းက တစ်ဖက်အသင်းက လူကို Line အပြင်ဘက် အရင်ဆုံး တွန်းထုတ်နိုင်တဲ့ Team အနိုင်ပါ။


အားကောင်းတဲ့ Rose က အခြားအသင်းရဲ့ မျက်စိကျတာကို ခံရပြီး အရင်ဆုံး ထုတ်ခံလိုက်ရပါတယ်။ ဒါပေမယ့် Rose လေး တော်တော်လေးကို ကြိုးစားပန်းစား ဆော့တာက အားလုံးကို ပွဲကျစေပါတယ်။ Lisa နဲ့ Jennie နဲ့ နှစ်ယောက်သား ဖက်လုံးနေကြတဲ့အချိန် တစ်ဖက်က Rose ကို ထုတ်ဖို့ လုပ်နေရင်း Running Man Member ဖြစ်တဲ့ Somin က ရုတ်တရက်ဝင်လာပြီး အပြင်းအထန် တိုက်ခိုက်ပါတော့တယ်။


ဒါကြောင့် အခြား အသင်းနှစ်သင်းက Plan ပြောင်းသွားပြီး Somin ကို ထုတ်ဖို့ လုပ်ကြပါတယ်။ Ji Hyo ကို ခပ်ကြမ်းကြမ်း တိုက်ခိုက်တာရော၊ Jisoo ကို ရုတ်တရက်ကန်လိုက်တဲ့ Moment တွေက ကြည့်ရှုသူတွေကို စိတ်မကောင်းဖြစ်စေပြီး ဝေဖန်မှုများစေခဲ့ပါတယ်။ Blink တွေကလည်း ဒါကို လက်မခံနိုင်ဘူးဆိုပြီး Social Media မှာ ပြောဆိုလာကြပါတယ်။ ပွဲစစချင်းမှာလည်း Jennie ရဲ့ ခြေထောက်ကို တက်နင်းလိုက်မိကတည်းက Blink တွေက သတိထားမိနေခဲ့တာပါ။ ဒါပေမယ့် ကစားပွဲ ကောင်းကောင်းမွန်မွန် အဆုံးသတ်ခဲ့ပြီး Jisoo အသင်းက အနိုင်ရရှိသွားခဲ့ပါတယ်။

, ,

Celebrity News

Asian Academy Creative Awards မှာ ဆန်ကာတင်စာရင်းဝင်ခဲ့ကြတဲ့ မြန်မာအနုပညာရှင်များ

Grand Final ပွဲကြီးကိုတော့ ရင်ခုန်နေပါပြီ

by Randy Win

October 16, 2020

အာရှနိုင်ငံများရဲ့ အနုပညာပိုင်းဆိုင်ရာ ထူးချွန်မှူတွေကို နှစ်စဉ်အကဲဖြတ်အမှတ်ပေးလေ့ရှိတဲ့ Asian Academy Creative Awards ပွဲကြီးမှာ မြန်မာနိုင်ငံက အနုပညာရှင် အတတ်ပညာရှင်များနဲ့ သူတို့ရဲ့ဇာတ်ကားအချို့ဟာ National Winner များအဖြစ် ရွေးချယ်ခံခဲ့ရပြီး Grand Final ကို တက်ရောက်သွားနိုင်ခဲ့ပြီလို့သိရပါတယ်။

ဒီပွဲကြီးမှာ မြန်မာနိုင်ငံမှ National Winner အဖြစ် ရွေးချယ်ခံခဲ့ရတဲ့ဇာတ်ကားတွေကတော့
Canal + နဲ့ Bonanza Production တို့ ပူးပေါင်းတင်ဆက်ထားတဲ့ “လိပ်ပြာ - အမှန်တရားရဲ့ဓားတစ်လက်” ဇာတ်လမ်းတွဲက “The Best Drama Series” ၊
“လိပ်ပြာ”ဇာတ်လမ်းတွဲဖြင့် တေးသံရှင်“ ပန်းရောင်ခြယ်”က “The Best Actress In A Leading Role”၊
“လိပ်ပြာ”ဇာတ်လမ်းတွဲ ဇာတ်ဝင်တေး “Enemies Of You” သီချင်းက“Best Theme Song” ၊
“လိပ်ပြာ”ဇာတ်လမ်းတွဲဖြင့် Wai Yan (Pbe) မှ “The Best Cinematography” တို့ကို လည်းကောင်း၊

Arkar Production နဲ့ Canal+ Myanmar တို့ ပူးပေါင်းတင်ဆက်တဲ့ “လောကကြိုးဝိုင်း - Spirit Of Fight” ဇာတ်ကားဖြင့် သရုပ်ဆောင် “ခါရာ” က “The Best Actor In Leading Role” ကိုလည်းကောင်း ၊

Good Old Days Production မှ ရိုက်ကူးတင်ဆက်ခဲ့တဲ့ “သူစိမ်းအိမ် - Stranger’s House” ရုပ်ရှင်ဇာတ်ကားအနေနှင့် “ The Best Feature Film” ၊
“သူစိမ်းအိမ်” ရုပ်ရှင်ဇာတ်ကားဖြင့် ဒါရိုက်တာ "ထူးပိုင်ဇော်ဦး"က “The Best Director” ၊
“သူစိမ်းအိမ်” ရုပ်ရှင်ဇာတ်ကားဖြင့် "ကူးကူးဇင်အောင်"က “The Best Actress In Supporting Role” တို့ကိုလည်းကောင်း ၊

“Dear Father” ဇာတ်ကားက “The Best Short Film”
“Yuri” ဇာတ်ကားက “ The Best Original Screenplay”
“Creative Mahar Studio”က “The Best Sound”
“WLC: King Of Nine Limbs” က“The Best Sport Programme” စသဖြင့် ဆန်ကာတင်စာရင်းမှာ အသီးသီး ပါဝင်ခဲ့ကြပါတယ်။

Asian Academy Creative Awards ရဲ့ Grand Final ဆုပေးပွဲကြီးကိုတော့ လာမယ့် ဒီဇင်ဘာလအတွင်းမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး National Winner အဖြစ် ရွေးချယ်ခံခဲ့ရသူတွေဟာ ဆန်ကာတင်အနေနဲ့အခြားနိုင်ငံများမှ National Winner များနဲ့အတူ ဆက်လက် ဝင်ရောက်ယှဉ်ပြိုင်သွားရမှာပဲဖြစ်ပါတယ်။

Photo Credit To The Rightful Owners

 

 

 

, , , , , , , , ,

Celebrity News

မတော်တဆလွဲချော်မှူတစ်ခုအပေါ် နားလည်ပေးဖို့ တောင်းပန်ခဲ့တဲ့ Project K

နားလည်မှူလေးတွေလွဲသွားတယ်လို့ဆိုရမှာပါ

by Randy Win

October 14, 2020

               တောင်ကိုရီးယားနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် Asia Song Festival 2020 တွင် Project K အဖွဲ့အနေနှင့် မြန်မာကိုယ်စားပြုသွားရောက်ဖျော်ဖြေရာမှာ ရွှေတိဂုံဘုရားပုံတော်ကို LED ကြမ်းခင်းတွင် ပြသခဲ့သည်ဟုဆိုသော အကြောင်းပြချက်ဖြင့် လူတချို့ရဲ့ ဝေဖန်မှူများစွာကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်။ Project K အဖွဲ့ကတော့ လူငယ်(၇)ဦးနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး လူငယ်ပရိသတ်တွေကြားမှာ အောင်မြင်မှူတစ်နေရာကို ရယူထားနိုင်တဲ့ Boy Band တစ်ခုဆိုလည်းမမှားပါဘူး။


Project K အဖွဲ့ဟာ Asia Song Festival ဖျော်ဖြေပွဲအတွက် စက်တင်ဘာလလယ်လောက်ကတည်းက လေ့ကျင့်မှူများပြုလုပ်ဖို့ တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိနေခဲ့တာဖြစ်ပါတယ် ။ အောက်တိုဘာလ (၉) ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ဖျော်ဖြေပွဲမှာတော့ Display အဖြစ်အသုံးပြုခဲ့တဲ့ ဗီဒီယိုနဲ့ပတ်သက်လို့ ရွှေတိဂုံဘုရားပုံတော်ကို Background မှာသာမကပဲ LED Floor ပေါ်မှာပါ ပြသခဲ့တယ်ဆိုပြီး လူတချို့က ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြတာပါ။ Project K အနေနဲ့တော့ Video Display အပိုင်းနဲ့ပတ်သက်လို့ ပွဲဘက်ကပဲစီစဉ်တာဖြစ်ပြီး သူတို့အနေနဲ့ ဖျော်ဖြေပွဲပြီးမှသာသိရှိခဲ့တဲ့အကြောင်းနဲ့ မတော်တဆဖြစ်ခဲ့တဲ့အမှားအတွက် အနူးအညွတ်တောင်းပန်ကြောင်း တွေကို Facebook ကတဆင့် ရှင်းလင်းပြောကြားခဲ့ပါတယ်။


ဒီကိစ္စနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုကိုးကျွန်းမြို့နယ်ကလွဲလို့ ကျန်မြို့နယ်အားလုံး Stay At Home ထုတ်ပြန်ထားတဲ့ အချိန် အောက်တိုဘာလ (၁၃)ရက်နေ့ညနေပိုင်းမှာတော့ အမျိုးသားရေးတက်ကြွလှုပ်ရှားသူ အယောက်(၁၀၀) နီးပါးဟာ Project K ပြန်လာမယ့် ရန်ကုန်လေဆိပ်အရှေ့မှာ သွားရောက်ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ည(၉) နာရီခန့်မှာတော့ ပြန်လည်လူစုခွဲသွားကြတယ်လို့သိရပါတယ်။ ဒီဆန္ဒထုတ်ဖော်မှူနဲ့ပတ်သက်ပြီး Facebook ပေါ်မှာ မတူညီတဲ့ယူဆချက်များစွာ နဲ့ ဝေဖန်မှူများစွာကွဲလွဲခဲ့တာကို အားလုံးတွေ့မြင်ရမှာပါ။


ဒီဖျော်ဖြေပွဲမှာတော့ Project K အဖွဲ့ဟာ မြန်မာယဉ်ကျေးမှူအနုပညာကို ခေတ်ပေါ်အကနဲ့ပေါင်းစပ်ဖန်တီးပြီး နိုင်ငံတကာနဲ့ရင်ဘောင်တန်းချပြနိုင်ဖို့ ကြိုးစားခဲ့တာပါ။ "နိုင်ငံအတွက်ဆိုတဲ့စိတ်နဲ့ အကောင်းဆုံးကြိုးစားခဲ့ပေမယ့် အခုလို ဖြစ်သွားခဲ့ရတဲ့အတွက် စိတ်မကောင်းကြောင်း ဒီလိုလွဲချော်မှူအတွက်လည်း တောင်းပန်ကြောင်း"ကို Project K အဖွဲ့ဝင်တချို့က Facebook မှတဆင့် ပြောကြားခဲ့တဲ့အပြင် တောင်ကိုရီးယားဘက်မှတာဝန်ရှိသူများကလည်း ပထမတင်ထားသည့် Youtube မှ ဗီဒီယိုဖိုင်ကို ဖြုတ်ချ တောင်းပန်ခဲ့ပြီး အသစ်ပြန်လည်တင်ပေးခဲ့တာကို တွေ့ရပါတယ်။

 

Photo Credit To The Rightful Owners

, , , , , , ,

Celebrity News

၀မ်ရိပေါ်ရဲ့ ဆိုင်ကယ် Accident က ကြိုတင်ကြံစည်မှူတစ်ခုလား

Fan တွေကတော့ တော်တော်ပေါက်ကွဲနေမှာပဲ

by Randy Win

October 9, 2020

              The Untamed ဇာတ်လမ်းတွဲနဲ့ အောင်မြင်မှူတွေရရှိခဲ့တဲ့ မင်းသားချော ဝမ်ရိပေါ်ကို လူငယ်ပရိသတ်တွေအနေနဲ့ မသိတဲ့သူတော်တော်ရှားပါလိမ့်မယ်။ လက်ရှိအချိန်မှာ အသက် ၂၃ နှစ်ရှိပြီဖြစ်တဲ့ ဝမ်ရိပေါ်ဟာ Korean-Chinese Boy Band တစ်ခုဖြစ်တဲ့ UNIQ ရဲ့အဖွဲ့ဝင်တစ်ဦးလည်းဖြစ်တဲ့အပြင် Brand တော်တော်များများရဲ့ Ambassdor , Spokeperson လည်းဖြစ်သလို အနုပညာရှင်တစ်ဦးအနေနဲ့လည်း ဆုတံဆိပ်ပေါင်းများစွာကိုပိုင်ဆိုင်ထားသူတစ်ဦးဖြစ်ပါတယ်။ လတ်တလောမှာတော့ ဝမ်ရိပေါ်ရဲ့ ဆိုင်ကယ် Accident ဖြစ်ရပ်တစ်ခုနဲ့ပတ်သက်ပြီး သူ့ရဲ့ပရိသတ်တွေကြားမှာ တော်တော်လေးကို ဂယက်ရိုက်စေခဲ့တာတွေ့ရပါတယ်။

          ဝမ်ရိပေါ်ဟာ အနုပညာဘက်မှာသာ အောင်မြင်မှုတွေကိုပိုင်ဆိုင်ထားရုံမကပဲ အခြားဝါသနာအနေနဲ့ မော်တော်ဆိုင်ကယ်စီးတာကို အထူးနှစ်သက်သလို ကျွမ်းကျင်တဲ့ Motorcycle Racer တစ်ဦးဆိုတာကို သူ့ရဲ့ပရိသတ်အများစု သိထားကြပြီးဖြစ်မှာပါ။ 2017 မှာ ဆိုင်ကယ်လိုင်စင်စတင်ရရှိခဲ့ပြီး 2019 မှာတော့ Yamaha China Racing Team ရဲ့ တရားဝင် Professional Racer တစ်ဦးဖြစ်လာခဲ့ပါတယ်။ 2019 ခုနှစ်မှာတော့ Yamaha Man Lee Tat Racing ရဲ့ GPGP Competition မှာ Professional တစ်ဦးအနေနဲ့ ပထမဆုံးအကြိမ်စတင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အဲဒီတစ်ခေါက်ကတော့ ဆိုင်ကယ်ချို့ယွင်းမှူကြောင့် ပွဲအဆုံးထိယှဉ်ပြိုင်နိုင်ခြင်းမရှိခဲ့ပေမယ့် နောက်ပိုင်းဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အခြားပွဲစဉ်တွေမှာတော့ Rank ကောင်းကောင်းပိုင်ဆိုင်ခဲ့ဖူးသူတစ်ဦးပါ။ Tracer 85 ရယ်လို့ သိထားကြတဲ့ ဝမ်ရိပေါ်အနေနဲ့ ဒီတစ်ခေါက်မှာလည်း Zhuhai International Circuit မှာကျင်းပတဲ့ ZIC Motorcycle Race မှာ ထပ်မံပါဝင်ယှဉ်ပြိုင်ခဲ့တာတွေ့ရပြီး Practice Round Day 1 မှာရော Day 2 မှာရော စံချိန်ကောင်းကောင်းရရှိခဲ့ပါတယ်။ ဒါပေမဲ့ Actual Race ရဲ့ Last Lap မှာတော့ မထင်မှတ်တဲ့ Accident တစ်ခုဖြစ်ပွားခဲ့တာကြောင့် ဆိုင်ကယ်ချို့ယွင်းသွားပြီး ဆက်လက်ယှဉ်ပြိုင်နိုင်ခြင်းမရှိခဲ့တာကို စိတ်မကောင်းဖွယ်တွေ့မြင်ရမှာပါ။

        ဒီ Accident မဖြစ်ခင်က ဝမ်ရိပေါ်ဟာ ပြေးလမ်းပေါ်မှာ သူ့ Group ရဲ့ ပထမနေရာနဲ့ Group အားလုံးအနေနဲ့တော့ ဒုတိယနေရာကိုရောက်ရှိနေတာဖြစ်ပါတယ်။ ဒါပေမဲ့ Acutal Race နောက်ဆုံး Lapရဲ့ အကွေ့တစ်နေရာမှာတော့ အခြားပြိုင်ပွဲဝင်တစ်ဦးဖြစ်တဲ့ No.18 ,Hu Tongming က ကျော်တက်ဖို့ကြိုးစားတဲ့အခါ အရှိန်ထိန်းနိုင်ခြင်းမရှိပဲ ဝမ်ရိပေါ်ရဲ့ ဆိုင်ကယ်ကို ဖြတ်ဝင်သလိုဖြစ်ပြီး နှစ်ဦးစလုံး လဲကျသွားခဲ့တာပါ။ ကံကောင်းစွာနဲ့ပဲ ထိခိုက်ဒဏ်ရာမရရှိခဲ့ကြပေမယ့် ဝမ်ရိပေါ်ရဲ့ဆိုင်ကယ်ကတော့ ဆက်လက်မောင်းနှင်နိုင်ခြင်းမရှိတော့ပါဘူး။

      ဒီကိစ္စဖြစ်ပွားခဲ့တာနဲ့ပတ်သက်ပြီး ပြိုင်ပွဲတစ်ခုမှာကြုံတွေ့နေကျ မတော်တဆမှူတစ်ခုလို့ အချို့ကဆိုကြပေမယ့် နောက်ပိုင်းမှာ ထွက်ပေါ်လာခဲ့တဲ့ ဗီဒီယိုပုံရိပ်တချို့ကြောင့် ဒါဟာ ကြံစည်မှူတစ်ခုလားဆိုပြီး ဝမ်ရိပေါ်ရဲ့ပရိသတ်တွေက စိတ်ဆိုးဒေါသထွက်ခဲ့ကြပါတယ်။ အကြောင်းကတော့ ဝမ်ရိပေါ်လဲကျသွားတဲ့အချိန်မှာ ဒီ ပြိုင်ပွဲကိုကြည့်နေကြတဲ့ Ducati Racing Team က သူတွေက လက်ခုပ်လက်ဝါးတီးပြီး အောင်ပွဲခံခဲ့ကြတာကြောင့်ပါ။ ဒါတင်မက ဝမ်ရိပေါ်ကို လဲကျစေခဲ့တဲ့ပြိုင်ပွဲဝင်ကစားသမား Hu Tongming က သူ့ရဲ့ Teamates တစ်ဦးနဲ့ လက်ချင်းရိုက်ခဲ့တာကိုလည်း တွေ့ရတဲ့အပြင် အရင်နှစ်ပြိုင်ပွဲမှာလည်း သူဟာအခြားပြိုင်ပွဲဝင်နှစ်ဦးကို ခုလိုပဲတိုက်မိခဲ့ပါသေးတယ်တဲ့။


       ဝမ်ရိပေါ်ကတော့ “ Fan တွေ သူ့အတွက် ဆဲဆိုတာမျိုးမပြုလုပ်ကြဖို့နဲ့ သူကိုယ်တိုင်ဖြေရှင်းသွားမှာဖြစ်တဲ့အကြောင်း ၊ ဆိုင်ကယ်လဲကျတာဟာ ပြိုင်ပွဲဝင်တိုင်းကြုံရမယ့်မတော်တဆဖြစ်ရပ်မို့ သူကံဆိုးသွားတာသာဖြစ်ကြောင်း ၊ဒါပေမဲ့ ခုလိုအားကစားသမားစိတ်ဓာတ်မရှိတာကတော့ မကောင်းဘူးဆိုတဲ့အကြောင်း”ကို ပြောကြားသွားခဲ့ပါတယ်။YIBO-Official ရဲ့ Weiboမှာတော့ အေဂျင်စီဘက်ကနေ “Tracer 85 နဲ့ ပတ်သက်ပြီး စိုးရိမ်ခဲ့ကြသူတိုင်းကိုကျေးဇူးတင်ကြောင်းနဲ့ ရိပေါ်ရဲ့အခြေအနေအားလုံးကောင်းကြောင်း ၊ ဒီကိစ္စနဲ့ပတ်သက်လို့ အထက်ကိုတင်ပြထားပြီး Racing Organization Committee ရဲ့ အဆုံးအဖြတ်ကို သိရတဲ့အခါ ထပ်ပြီးကြေညာပေးမှာဖြစ်တဲ့အကြောင်းနဲ့ အားလုံးကို ကျေးဇူးတင်ကြောင်း” ပြောကြားခဲ့ပါတယ်။

ဒီပြိုင်ပွဲမှာ ဝမ်ရိပေါ်ရဲ့ အခင်ရဆုံးသူငယ်ချင်း အသင်းတူတစ်ဦးဖြစ်တဲ့ Yin Zheng က သူတို့ Group အနေနဲ့ ဗိုလ်စွဲခဲ့ပါတယ်။ သူက ဝမ်ရိပေါ်လဲကျခဲ့မှူနဲ့ပတ်သက်ပြီး အောင်ပွဲခံနေတဲ့ Video အချို့နဲ့ပတ်သက်လို့တော့ “ခင်ဗျားတို့ဘာကို အောင်ပွဲခံနေကြတာလဲ” ဆိုတဲ့ Post တစ်ခုကိုတင်ခဲ့တဲ့အပြင် အဲဒီ post ရဲ့ အောက်မှာလည်း “သူ့ကိုလာရောက်ဂုဏ်ပြုတဲ့စကားမျိုး မရေးကြဖို့နဲ့ ရေးထားရင်လည်းပြန်ဖျက်သွားကြပါ၊ ကျေးဇူးတင်ပါတယ်” ဆိုပြီး သူကိုယ်တိုင်ပဲ ကောမန့်တစ်ခုရေးထားခဲ့ပါသေးတယ်။

 

, , , ,

MODA TV 


Celebrity News

Covid -19 ရောဂါနဲ့ ကိုယ်တွေ့ရင်ဆိုင်ခဲ့ကြရတဲ့ ကမ္ဘာကျော် Celebrity များ

ကမ္ဘာကျော်တွေလည်း ရှောင်လွှဲလို့မရပါလား

by Randy Win

October 7, 2020

              Covid-19 ကပ်ရောဂါဟာ လူသားတွေကြားမှာ ကူးစက်ပြန့်နှံ့ဒုက္ခပေးနေတဲ့ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဆိုးတစ်ခုဆိုတာ အားလုံးနားလည်လက်ခံထားကြတဲ့အတိုင်း လူကြီး၊လူငယ် အရွယ်သုံးပါး မရွေး ၊ ဆင်းရဲ ချမ်းသာ အလွှာစုံကို ဝင်ရောက်ကူးစက် ပြန့်ပွားလျက်ရှိနေတယ်ဆိုတာ သိပြီးဖြစ်မှာပါ။ ဒါကြောင့်လည်း အားလုံးက ကျန်းမာရေးနဲ့ပတ်သက်တဲ့ထုတ်ပြန်ချက် လမ်းညွှန်ချက်တွေကို အစဉ်တစိုက် လိုက်နာကြရင်း ဒီလို ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါကြီးကို ကျော်လွှားနိုင်ဖို့လည်း အတူတကွ ကြိုးပမ်းနေကြဆဲပဲဖြစ်ပါတယ်။ ဒီလိုအားလုံးဂရုတစိုက်ရှိနေတဲ့ကြားမှာမှ မထင်မှတ်ထားတဲ့ အခြေအနေအရပ်ရပ်ကနေ နယ်ပယ်အစုံကို ကူးစက်ပြန်နှံ့လျက်ရှိနေဆဲဖြစ်တဲ့အပြင် ဘယ်လိုလူသိများ ထင်ရှားတဲ့ ပုဂ္ဂိုလ်အသိုင်းအဝိုင်းကမှလည်း ဒီဘေးအန္တရာယ်ကိုရှောင်လွဲှနိုင်ခြင်းမရှိသေးပါဘူး ။ ဒီရောဂါရဲ့ ရိုက်ခတ်မှူဒဏ်တွေကို အနုပညာအသိုင်းအဝိုင်းနဲ့ကမ္ဘာကျော်ပုဂ္ဂိုလ်တချို့ကိုယ်တိုင်လည်း အလုပ်တာဝန်တွေ နောက်ဆုတ်ရွှေ့ဆိုင်းထားရတဲ့အထိ အနှောင့်အယှက်ကြုံ ခံစားခဲ့ရတာတွေကို အားလုံးမျက်မြင်ပါပဲ။ ဒီထဲကမှ Covid-19 ကပ်ရောဂါကို နဖူးတွေ့ဒူးတွေ့ ကိုယ်တိုင်ကူးစက်ခံရပြီး ရင်ဆိုင်ခဲ့ကြရတဲ့ ကမ္ဘာကျော်အချို့အနေနဲ့ သူတို့ဘယ်လိုရင်ဆိုင်ကြုံတွေ့ခဲ့ကြရတယ်ဆိုတဲ့အကြောင်းလေးတွေနဲ့ ဘယ်လိုဖြတ်ကျော်ခဲ့ကြရတယ်ဆိုတဲ့စကားသံလေးတွေကို သူတို့ရဲ့ပရိသတ်တွေကိုယ်တိုင်သိရှိဆင်ခြင်နိုင်ဖို့အတွက် ဗဟုသုတအဖြစ် ရွေးချယ်စုစည်းဖော်ပြပေးလိုက်ပါတယ်။

Robert Pattinson

Twilight ဇာတ်ကားနဲ့ပိုပြီးလူသိများလာခဲ့တဲ့ မင်းသားချော Robert Pattinson ကတော့ အခုနောက်ဆုံးထွက်ရှိလာမယ့် Batman ဇာတ်ကားအတွက် ရိုက်ကူးမှူလုပ်ဆောင်နေစဉ်မှာပဲ Covid-19 Positive ဖြစ်နေတဲ့အကြောင်းကို စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ Warner Brothers Production ကနေပြီး Batman ရုပ်ရှင်အဖွဲ့သားတွေထဲကတစ်ယောက် Positive ဖြစ်နေပြီဆိုတဲ့အကြောင်းနဲ့ သူတို့အနေနဲ့ Quarantine လုပ်ငန်းစဉ်တွေကို ဆက်လက်လုပ်ဆောင်သွားမှာမို့ ဇာတ်ကားရိုက်ကူးမှူကို ခေတ္တဆိုင်းငံ့သွားမှာဖြစ်တဲ့အကြောင်းတွေကို ထုတ်ပြန်ကြေညာထားခဲ့ပါတယ်။

The Rock

Smack Down သမားတစ်ဦးအနေနဲ့ လူသိများခဲ့သလို သရုပ်ဆောင်တစ်ဦးအနေနဲ့လည်း ပရိသတ်များစွာရရှိထားတဲ့ မင်းသားကြီး The Rock ကတော့ သူတို့တစ်မိသားစုလုံး Covid-19 ရောဂါ ကူးစက်ခံနေရပြီဖြစ်တဲ့အကြောင်းကို သူ့ရဲ့Instagram ကနေတဆင့် အသိပေးခဲ့ပါတယ်။ လက်ရှိအချိန်မှာ သမီးလေးနှစ်ဦး ပိုင်ဆိုင်ထားပြီဖြစ်တဲ့ The Rock က ဒီကူးစက်မှူဟာ သူတို့တစ်မိသားစုလုံးအတွက် အရမ်းကိုခက်ခဲတဲ့ စိန်ခေါ်မှူတွေထဲက တစ်ခုဖြစ်လာနိုင်တယ်ဆိုတဲ့အကြောင်း သူတစ်ဦးတည်းသာ ကူးစက်ခံရသူဖြစ်ဖို့မျှော်လင့်ခဲ့ပေမယ့် ဆန္ဒမပြည့်ခဲ့ကြောင်းတွေကို IGTV ကနေ ပြောကြားခဲ့ပါတယ်။ သူ့ရဲ့ပရိသတ်တွေကို ဒီလိုအခြေအနေမျိုးနဲ့ကြုံတွေ့လာရင် မပေါ့ဆကြဖို့နဲ့ တတ်နိုင်သမျှ အမြန်ဆုံး Quarantine ဝင်ကြဖို့ကိုလည်း ထပ်မံတိုက်တွန်းခဲ့ပါသေးတယ်။

Donald Trump


အသက် ၇၄ နှစ်ရှိပြီဖြစ်တဲ့ အမေရိကန်သမ္မတ Donald Trump ကတော့ Covid -19 ကူးစက်ခံနေရပြီဖြစ်ကြောင်းကို အောက်တိုဘာလ (၂)ရက်နေ့က သူ့ရဲ့ Twitter Account ကနေ အသိပေးပြောကြားခဲ့ပါတယ်။Trump နဲ့အတူ သမ္မတကတော် Melania Trump လည်း Covid-19 ကူးစက်ခံနေရတဲ့အကြောင်း ၊ နှစ်ဦးစလုံး Quarantine ဝင်ဖို့နဲ့ Recovery လုပ်ငန်းစဉ်များကို ဆက်လက်လုပ်ဆောင်သွားကြမှာဖြစ်ကြောင်းကို နောက်ဆက်တွဲအနေနဲ့ အိမ်ဖြူတော်ကနေ တရားဝင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။ သိပ်မကြာခင်ရက်ပိုင်းအတွင်းမှာပဲ သမ္မတ Trump က ကျန်းမာရေးအခြေအနေကောင်းမွန်လျက်ရှိကြောင်းနဲ့ ကျန်းမာရေးဝန်ထမ်းတွေအားလုံးကလည်း ဂရုတစိုက်ရှိကြတဲ့အကြောင်းတွေကို Twitter ကနေတဆင့် ထပ်မံပြောကြားခဲ့ပါတယ်။ အောက်တိုဘာလ ၆ ရက်နေ့မှာတော့ သူကုသမှူခံယူသနေတဲ့ Walter Reed ဆေးရုံကနေ ညနေ ၆နာရီခွဲဆင်းမှာဖြစ်တဲ့အကြောင်း Post တစ်ခုထပ်တင်ခဲ့တဲ့အပြင် ဆေးရုံကဆင်းပြီး အိမ်ဖြူတော်ကိုပြန်လာခဲ့ပုံတွေကိုလည်း တခမ်းတနားမှတ်တမ်းတင်ရိုက်ကူးပြီး Social Media ကနေမျှဝေခဲ့ပါသေးတယ်။


Prince Charles


အသက် ၇၁ နှစ်အရွယ် ဗြိတိန်ရဲ့အိမ်ရှေ့မင်းသားကြီး Prince Charles တစ်ယောက်ကတော့ ကူးစက်မှူခံရပြီးနောက်မှာ သိပ်မပြင်းထန်တဲ့ Covid-19 ရဲ့ ရောဂါလက္ခဏာတွေ ခံစားခဲ့ရပါတယ်။ သူတို့ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ Prince Charles နဲ့အတူဇနီး Camilla တို့နှစ်ဦးစလုံး Covid-19 စစ်ဆေးခဲ့ပေမယ့် Camilla ဆီမှာတော့ ကူးစက်ခံရခြင်းမရှိခဲ့ဘူးလို့ဆိုပါတယ်။ ဘာကြောင့် Prince Charles တစ်ဦးတည်း Positive ဖြစ်လည်းဆိုတာကိုတော့ အတိအကျမပြောနိုင်ပေမယ့် လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေက ပြုလုပ်ခဲ့တဲ့ လူထုတွေ့ဆုံပွဲတချို့ကြောင့်ဖြစ်နိုင်တယ် ဆိုတဲ့အကြောင်း ထပ်ပြီးပြောကြားခဲ့ပါတယ်။ လက်ရှိမှာတော့ Prince Charles နဲ့ Camilla တို့နှစ်ဦးစလုံး စကော့တလန်ကအိမ်တော်မှာ Self-isolating နေသွားကြမှာဖြစ်တယ်လု့ိသိရပါတယ်။

 

Antonio Banderas


Desperado ,The Mask Of Zorro , The Skin I Live In ဆိုတဲ့ ဇာတ်ကားတွေနဲ့ လူသိများခဲ့တဲ့ စပိန်မင်းသားကြီး Antonio လည်း သူ့ရဲ့ အသက်ခြောက်ဆယ်ပြည့်မွေးနေ့ကို Covid-19 Positive နဲ့ Quarantine ဝင်နေရင်းသာ ဖြတ်ကျော်ခဲ့ရတယ်လို့ ဆိုခဲ့ပါတယ်။ “ပုံမှန်ထက်နည်းနည်းပိုပြီး မောနေတာကလွဲရင် ကျန်တဲ့အခြေအနေအားလုံးကောင်းပါတယ်”လို့ သူ့ရဲ့Instagram မှာ ပို့စ်တင်ရေးသားခဲ့တဲ့အပြင် သူ့အနေနဲ့ မကြာခင်မှာ ပြန်ကျန်းမာလာဖို့လည်း ယုံကြည်ချက်အပြည့်ရှိနေတာကိုတွေ့ရပါတယ်။

Pink


အသံပါဝါကောင်းကောင်းနဲ့ သီချင်းတွေကိုသီဆိုတတ်တဲ့ ဂရမ်မီဆုရှင်အဆိုတော် Pink တစ်ယောက်လည်း Covid-19 ရောဂါပိုး ကူးစက်ခံခဲ့ရပါတယ်။ သူမနဲ့ သူမရဲ့ သုံးနှစ်အရွယ် သားငယ်လေးတို့ နှစ်ဦးစလုံး Covid-19 ရောဂါပိုးကူးစက်ခံခဲ့ရပေမယ့် ၂ ပတ်ကြာ Quarantine ဝင်ပြီးတဲ့နောက်မှာတော့ ပြန်လည်ကျန်းမာသက်သာလာခဲ့ပြီဆိုတဲ့အကြောင်းကို Instagram ကနေတဆင့် အသိပေးပြောကြားခဲ့ပါတယ်။ အဲဒီလို နေပြန်ကောင်းလာပြီးမကြာခင်မှာပဲ သူမအနေနဲ့ Corona Virus နဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းအချို့ကို ဒေါ်လာ 1 Million ခန့်လှူဒါန်းခဲ့ပါတယ်။


Doja Cat

Boss Bitch, Say So သီချင်းတွေနဲ့ ပရိသတ်တွေရဲ့ရင်ထဲမှာနေရာတစ်နေရာယူထားတဲ့ အဆိုတော်မလေး Doja Cat တစ်ယောက်လည်း Covid -19 ကူးစက်ခံရပြီးနောက် ပြန်လည်သက်သာလာခဲ့ပြီဖြစ်ကြောင်းကို ပြီးခဲ့တဲ့ ဇူလိုင်လ ၂၄ ရက်နေ့က ထုတ်ဖော်ပြောကြားခဲ့ဖူးပါတယ်။ သူမဆီမှာ ဒီရောဂါပိုး ဘယ်ကနေဘယ်လိုကူးစက်ခဲ့တယ်ဆိုတာမသိကြောင်း ၊ Online ကနေပစ္စည်းအော်ဒါမှာတာလောက်ပဲ ရှိဖူးကြောင်း ၊ ဘာကြောင့်မှန်းမသိပေမယ့် သိလိုက်တဲ့အချိန်မှာတော့ ကူးစက်ခံနေရပြီဖြစ်ကြောင်းတွေကို ရင်ဖွင့်ခဲ့ပါတယ်။ ဖြစ်ခါစ လေးရက်လောက်က တော်တော် နေရထိုင်ရခက်ခဲ့ပေမယ့် ခုတော့ အတော်လေးသက်သာသွားပါပြီတဲ့။ Corona ဗိုင်းရပ်စ်ဆိုတာ အဖျားပိုးသာသာလောက်ပဲမို့ သူမအနေနဲ့လုံးဝမကြောက်ဘူးဆိုတဲ့အကြောင်းပြောခဲ့ပြီးသိပ်မကြာခင်မှာပဲ အခုလိုကူးစက်ခံခဲ့ရမှူနဲ့ပတ်သက်တဲ့ သတင်းတက်လာခဲ့တာဖြစ်ပါတယ်။


Tom Hanks


အော်စကာ နစ်ထပ်ကွမ်းဆုရှင်တစ်ဦးဖြစ်တဲ့ မင်းသားကြီး Tom Hanks တစ်ယောက်လည်း ရိုက်ကူးရေးတစ်ခုနဲ့ Australia ကို ရောက်ရှိနေတဲ့အချိန်မှာပဲ သူနဲ့အတူ ဇနီးသည် Rita Wilson တို့နှစ်ဦးစလုံး Corona Virus ကူးစက်ခံနေရပြီဖြစ်ကြောင်းကို စစ်ဆေးတွေ့ရှိခဲ့တာပါ။ Tom Hanks နဲ့သူ့ရဲ့ ဇနီး Rita Wilson တို့ဟာ အနည်းငယ်မောပန်းပြီး အဖျားငွေ့ငွေ့နဲ့ ခန္ဓာကိုယ်ကိုက်ခဲမှူအချို့ကိုခံစားရတာကြောင့် သွားရောက်စစ်ဆေးခဲ့ရာမှာ Positive ဖြစ်နေတာကို သိရှိခဲ့တဲ့အကြောင်းနဲ့ အားလုံးလည်း အစိုးရကျန်းမာရေးအဖွဲ့အစည်းတွေရဲ့ အကြံဉာဏ်နဲ့လမ်းစဉ်တွေအတိုင်း မပျက်မကွက် လိုက်နာလုပ်ဆောင်သင့်တဲ့အကြောင်းတွေကို Twitter ,Instagram တို့ကနေတဆင့် မျှဝေခဲ့ပါတယ်။

Kanye West

Kim Kardashian ကတော့ သူမရဲ့ ခင်ပွန်းဖြစ်သူ Kanye West တစ်ယောက် Covid -19 Positive ဖြစ်နေပြီဆိုတာသိလိုက်ရတဲ့အချိန်မှာ သူမအနေနဲ့ တော်တော်ကို ထိတ်လန့်သွားခဲ့တယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလပိုင်းတုန်းက ဖွင့်ဟပြောကြားခဲ့ပါတယ်။ သူမရဲ့အိမ်မှာ ကလေးငယ်လေး (၄)ယောက်နဲ့သူမသာကျန်ရှိတာမို့ ကူကယ်ရာမဲ့နေသလို အရမ်းကိုထိတ်လန့်တုန်လှုပ်ခဲ့ရပါတယ်တဲ့။ Kanye ကတော့ သူအနေနဲ့ အိမ်မှာ အနားယူ ၊ ရုပ်ရှင်ကြည့်၊ ရေချိုး ၊အိပ်ရာဝင် ဒါတွေလုပ်ရင်း နဲ့ပဲ ဒီရောဂါကြီးကို ဖြတ်ကျော်ဖို့ကြိုးစားရမှာပဲလို့ဆိုခဲ့ပါတယ်။

 

Photo Credit To The Rightful Owners

, , , ,

Celebrity News

Covid 19 ကြောင့် ကြွေလွင့်သွားပြီဖြစ်တဲ့ ကမ္ဘာကျော်ဖက်ရှင် ဒီဇိုင်နာ Kenzo Takada

Covid ရယ်...

by JN Ja Seng Pan

October 5, 2020

၂၀၂၀ ကတော့ တကယ့်ကို Unlucky နှစ်ပါ။ ကမ္ဘာကျော် Japan Fashion Brand ဖြစ်တဲ့ Kenzo ရဲ့ Founder ဟာ ယမန်နေ့ အောက်တိုဘာ လေးရက်နေ့မှာ ပဲရစ်မြို့က ဆေးရုံတစ်ခုမှာ ဆုံးပါးသွားခဲ့ပြီဖြစ်ပါတယ်။

Fashion လောကသားတွေ လေးစားကြည်ညိုရတဲ့ Kenzo Takada ဟာ အသက် ၈၁ မှာ Coronavirus ကြောင့်ဆုံးပါးသွားရတယ်လို့ ဝမ်းနည်းဖွယ် သိရှိရပါတယ်။

Kenzo က သူရဲ့ ထူးခြားပြီး ဆန်းသစ်တဲ့ အရောင်အတွဲအစပ်တွေ၊ ဒီဇိုင်းတွေကြောင့် လူသိများခဲ့ပြီး ပဲရစ် Fashion လောကထိ ထိုးဖောက်နိုင်တဲ့ ပထမဦးဆုံး Japanese Designer တစ်ယောက်လည်းဖြစ်ပါတယ်။ ၁၉၆၀ လောက်မှာ ပြင်သစ်ကို ပြောင်းရွေ့အခြေချပြီး Fashion နဲ့ ပတ်သတ်တဲ့ သူ့ရဲ့ ဝါသနာကို တစိုက်မက်မက်ကြိုးစားခဲ့တာဖြစ်ပါတယ်။ နိုင်ငံတကာကသိတဲ့ Brand တစ်ခုအဖြစ် စွမ်းဆောင်နိုင်ခဲ့သူပါ။

ပဲရစ်မြို့တော်ဝင်ကနေပြီး Twitter မှာ ဒီလို Tribute ရေးသားထားပါတယ်။
“Designer of immense talent, he had given colour and light their place in fashion. Paris is now mourning one of its sons.”

LVMH ရဲ့ CEO ကလည်း “သူ ဒီ Brand ကို စထောင်ကတည်းက ကြိုက်နှစ်သက်ပြီးအားပေးလာခဲ့တာပါ။ သူက တကယ့်ကို Designer ကောင်းတစ်ယောက်ပါ”လို့ ပြောထားပါတယ်။ ဂျပန်လူမျိူးတွေအတွက်လည်း တော်တော်လေး ဝမ်းနည်းပူဆွေးရပြီး Fashion ချစ်သူတွေအတွက်လည်း ကြေကွဲရတဲ့ သတင်းတစ်ခုပါ။

, , ,

Celebrity News

Quarantine ကဖန်တီးပေးလိုက်တဲ့ Celebrity တို့ရဲ့ချစ်ခြင်းများ

Zayn နဲ့ Gigi တို့ဆို သမီးလေးတောင်မွေးသွားရော

by May Shoon

September 29, 2020

  ၂၀၂၀ ကတော့ အထစ်အငေါ့တွေ၊ သဘာဝဘေးအန္တရယ်တွေနဲ့ ကပ်ရောဂါတွေနဲ့ ပြည့်နှက်နေတဲ့နှစ်တစ်နှစ်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက်ကြားမှာဖြစ်ပေါ်လာတဲ့ ချစ်ခြင်းမေတ္တာတရားကိုတော့ ဘယ်အရာကမှ မတားဆီးနိုင်ပါဘူး။ တစ်ခါတစ်လေ အဲ့ အခက်အခဲတွေက အချစ်တွေကို ပိုမိုခိုင်မြဲသွားအောင်တွန်းအားပေးတဲ့ လောင်စာတောင်ဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်။
အရင်တပတ်ကပဲ Italian စုံတွဲတစ်တွဲ COVID-19 Lockdown အတွင်း ဝရန်တာမှာတွေ့ဆုံခဲ့ကြပြီး လက်ထပ်လိုက်ကြပြီဆိုတဲ့ သတင်းကိုတွေ့လိုက်ရတယ်။ သူတို့နှစ်ယောက်ကို ခေတ်သစ် “Romeo နဲ့ Juliet” လိုပဲလို့တောင်ပြောစမှတ်ပြုကြပါတယ်။ ဒီလိုပဲ ဒီ Pandemic အတွင်းမှာပဲ ဖန်တီးပေးလိုက်တဲ့ Celebrity တို့ရဲ့ အချစ်တွေ၊ Engagement တွေ၊ မင်္ဂလာပွဲတွေ နဲ့ New Baby သတင်းတွေ ကတော့ အများကြီးပါပဲ။ ကြည့်ရတာတော့ Lockdown အတွင်း အချစ်တွေပိုခိုင်မြဲသွားကြတယ်ထင်ပါရဲ့။ ကဲဒါဆို Pandemic Lockdown အတွင်းဘယ်သူတွေမမဗိုက်တွေဖြစ်သွားပြီး၊ ဘယ်သူတွေလက်ထပ်ခဲ့ကြလဲဆိုတာ ကြည့်လိုက်ရအောင်။

 

Liam Payne and Maya Henry
ဒီ August လကုန်ပိုင်းကပဲ One Direction အဖွဲ့ဝင်ဟောင်း Liam Payne ကတော့ နှစ်နှစ်ကြာတွဲခဲ့တဲ့ ချစ်သူမော်ဒယ် Maya Henry ကို ဗြိတိန်ပေါင် 3 Million တန်ဖိုးရှိတဲ့လက်စွပ်နဲ့ စေ့စပ်လိုက်ပါတယ်။ Liam ကယခင် အဆိုတော် Cheryl Tweedy နဲ့လက်ထပ်ပြီး သားတစ်ယောက်ရှိပါတယ်။


Ashley Tisdale and Christopher French
High School Musical မင်းသမီး Ashley Tisdale က September 17 ရက်မှာ သူ့ရဲ့ Instagam Newsfeed ပေါ်ကနေ ကိုယ်ဝန်ရှိနေကြောင်း ကိုချစ်စရာ Baby Bump လေးကိုပြပြီး ကြေညာလိုက်ပါတယ်။ သူတို့ Couple ကစက်တင်ဘာ ၂၀၁၄ တည်းကလက်ထပ်ခဲ့ကြတာပါ။


Robin Thicke and April Love Geary
Artist Robin Thicke နဲ့ ဇနီး April Love တို့ကလည်း စက်တင်လာ၂ရက်နေ့က တတိယမြောက်ရင်သွေးလေးရဖို့ ရင်ခုန်နေကြပါတယ် လို့ Media တွေကိုပြောပြခဲ့ပါတယ်။


Rachel McAdams and Jamie Linden
မင်းသမီး Rachel McAdams နဲ့ ခင်ပွန်း Jamie Linden တို့ကလည်း August ၁၉ မှာ ဒုတိယရင်သွေးလေးကိုမျှော်လင့်နေကြပါတယ်။ Rachel ရဲ့ Baby Bump နဲ့ပုံလေးတွေကိုလည်း Page Six မှာမြင်တွေ့ရမှာပါ။


Emma Stone and Dave McCary
မင်းသမီး Emma Stone နဲ့ Writer and Director Dave တို့က ၂၀၁၆ Saturday Night Live မှာ Host လုပ်ရင်းတွေ့ခဲ့ကြတာပါ။ သူတို့နှစ်ယောက်လက်ထပ်လိုက်ပြီဆိုတာကလည်း စက်တင်ဘာလအစပိုင်းတည်းက Rumors တွေထွက်နေတာဖြစ်ပြီး အခုတော့ Emma ကိုယ်တိုင်က Diamond Engagement နဲ့ပုံလေးတင်ပြီးအတည်ပြုလိုက်ပါတယ်။


Zayn Malik and Gigi Hadid
စူပါမော်ဒယ်လေး Gigi နဲ့ Zayn တို့ကတော့ Quarantine ကို အကျိုးရှိရှိအသုံးချလိုက်တယ်ထင်ပါတယ်။ Gigi က April 28 မှာကိုယ်ဝန်ရှိကြောင်းကြေညာပြီး ဒီ September 24 ရက်မှာသမီးလေးကို မွေးဖွားနိုင်ခဲ့ပါတယ်။


Lily Collins and Charlie McDowell
မင်းသမီးချောလေး Lily Collins လည်း Pandemic ကာလမှပဲစေ့စပ်သွားပါပြီ။ Charlie က Lily ကို New Mexico တောင်ကြားတစ်နေရာမှာ Purpose လုပ်ခဲ့တာပါ။ Lily က IG မှာသူ့ရဲ့ Engagement Ring လေးနဲ့ ပုံလေးတွေကို တင်ထားတာကြည့်ပြီး အရမ်းပျော်ရွှင်နေပါတယ်။


Ed Sheeran and Cherry Seaborn
၂၀၂၀ ဇန်နဝါရီ တုန်းကလက်ထပ်ခဲ့ကြတဲ့ Ed နဲ့ Cherry တို့က သမီးလေး Lyra ကို August တုန်းကမွေးဖွားခဲ့ပါတယ်။ Ed က Cherry ကို High School တည်းက Crush နေခဲ့တာဖြစ်ပြီး သူတို့ Couple ရဲ့ချစ်စရာကောင်းတဲ့ Relationship ကို Ed ရဲ့ Music Video “Put It All On Me” မှာတွေ့နိုင်ပါတယ်။


John Legand and Chrissy Teigen
ဒီ Lovebird တွေကတော့ ကလေးတော်တော်ချစ်တတ်ပုံရတယ်။ အခုလည်း Chrissy က တတိယမြောက်ကလေးကိုလွယ်ထားပြီလို့ August ၁၃ ကကြေညာခဲ့ပါတယ်။ သူမကိုယ်ဝန်ရှိနေကြောင်းကို John ရဲ့ “Wild” Music Video မှာပူနေတဲ့ဗိုက်လေးကသက်သေပဲ။


Nicki Minaj and Kenneth Petty
Rapper မမ Nicki ကလည်း July 20 တုန်းကသူ့ Instagram မှာသူမကိုယ်ဝန်ရှိနေပြီဆိုတာကို အမိုက်စား Bikini လေးဝတ်ပြီး ဗိုက်ကလေးကိုကိုင်ပြီးတင်ထားပါတယ်။ Caption ကိုလည်း “အချစ်၊ လက်ထပ်ခြင်း နဲ့ အခုတော့ ရင်သွေးလေးမွေးဖွားဖို့ အရမ်းစိတ်လှုပ်ရှားနေပါတယ်။ ဆုတောင်းစကားတွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။” လို့ရေးထားပါတယ်။


Emma Roberts and Garrett Hedlund
ဒီနှစ်ထဲမှာ သားလေး ကို Expect လုပ်နေတဲ့သူတွေထဲမှာ Emma Roberts နဲ့ boyfriend Garrett Hedlund တို့လည်းပါပါတယ်။ သူတို့နှစ်ယောက်က ၂၀၁၉ တည်းကသူတို့ရဲ့ Relationship ကို Media တွေကိုချပြခဲ့ပါတယ်။ Aunty Julia Robert တော့ ကလေးထိန်းဖို့ Excited ဖြစ်နေပါပြီ။


Joaquin Phoenix and Rooney Mara
Joker ကြီး Joaquin နဲ့ Fianceé Rooney တို့နှစ်ဦးက ဒီ စက်တင်ဘာ ၂၇ ရက်နေ့ကပဲ ပထမဆုံးသားဦးလေးကို မွေးဖွားခဲ့ပါတယ်။ သားလေးရဲ့ အမည်ကိုတော့ River လို့ပေးထားပါတယ်။ တကယ်တော့အဲ့နာမည်က Joaquin ရဲ့ ၁၉၉၃ ခုနှစ်ကဆုံးပါးသွားခဲ့တဲ့ ညီဖြစ်သူ River Phoniex ကိုအဖျားစွတ်ပေးထားတာပါ။


Lily Allen and David Harbour
အဆိုတော် Lily Allen နဲ့ Stranger Things Star David Harbour တို့နှစ်ယောက်က ဒီစက်တင်ဘာ ၉ရက်နေ့ကပဲ Las Vegas မှာပဲမင်္ဂလာပွဲလေးကို ပေါ့ပေါ့ပါးပါး လေးပဲကျင်းပခဲ့ပါတယ်။ Lily ချစ်စရာကောင်းတဲ့ Dior Mini Wedding Dress လေးနဲ့ ၂၀၂၀ ရဲ့သတို့သမီးလေးပါပဲ။


Leign-Anne Pinnock and Andre Gray
Little Mix အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ British အဆိုတော်လေး Leigh-Anne လည်းဒီနှစ်ထဲမှာတော့အစွံထုတ်သွားပါပြီ။ လေးနှစ်ကြာတွဲလာတဲ့ ချစ်သူ Soccer Star Andre Gray ကိုနောက်ဆုံးမှာ “Yes” လို့ပြောလိုက်ပါပြီ။

, , , , ,