×
Tv & Movie

မဖြစ်မနေကြည့်သင့်တဲ့ Lee Joon Gi ရဲ့ အမိုက်စား ရုပ်ရှင် Series မျာ

Childhood Crush လေးကိုတော့မမေ့နိုင်ဘူးမလား မညာပါနဲ့

by May Shoon

September 23, 2020

 K-Drama ကြည့်တဲ့ မိန်းကလေးတိုင်း Lee Joon Gi (K) ကိုမသိတဲ့ မိန်းကလေးမရှိပါဘူး။ အထူးသဖြင့် ၂၀၀၀ ခုနှစ်လောက်တည်းက K-Drama တွေကြည့်လာတဲ့ 90's တွေဆိုရင် Lee Joon Ki ကမိန်းကလေးတိုင်းနီးပါးရဲ့ Childhood Crush ပါ။ မျက်လုံးမှေးမှေးနဲ့ ဆွဲဆောင်မှုအပြည့်ရှိတဲ့ South Korean Actor နဲ့ Singer Lee Joon Gi ကို ၂၀၀၅ ခုနှစ်က The King and the Clown မှာ စပြီးသတိထားမိခဲ့ကြတာပါ။ ပြီးတော့ငယ်ငယ်က TV Channel မှာထုတ်လွှင့်ခဲ့တဲ့ My Girl Drama Series မှာပိုပြီးလူသိများလာတယ်။ Lee Joon Ki ရဲ့အောင်မြင်မှုအရှိန်ကို အားပေးလိုက်တာကတော့ ၂၀၀၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ Time Between Dog and Wolf နဲ့ ၂၀၀၈ ခုနှစ်က မင်းသမီးချော IU နဲ့ သရုပ်ဆောင်ခဲ့တဲ့ Iijimae ဇာတ်လမ်းတွဲတွေပါ။
၂၀၁၀ ကနေ ၂၀၁၂ အထိတော့ Lee က Military Service အတွက်စစ်မှုထမ်းပြီး ၂၀၁၃ မှာတော့ ရုပ်ရှင်တွေပြန်လည်ရိုက်ကူးခဲ့ပါတယ်။ အခုနောက်ဆုံးထွက်ရှိထားတာကတော့ Drama-Thriller ဇာတ်လမ်းတွဲဖြစ်တဲ့ The Flower of Evil ဖြစ်ပြီး Lee ရဲ့ တစ်ကျော့ပြန် Comeback ကလည်း ပရိသတ်ရဲ့ အားပေးမှုတွေတခဲနက်ထပ်ရရှိခဲ့ပြန်ပါတယ်။
အဆိုတင်မကပဲ ကျရာ Character ကိုလည်းပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့ Lee Joon Gi ရဲ့ဇာတ်လမ်းတွဲတွေ၊ ရုပ်ရှင်တွေက K-Drama မိန်းကလေးတွေအတွက် ဘယ်တော့မှ ရိုးနိုင်မှာမဟုတ်ပါဘူး။ အခုလိုအိမ်မှာပဲနေနေရတဲ့ အချိန်ဘာကြည့်ရမလဲစဉ်းစားနေသူတွေအတွက် Childhood Crush လေးရဲ့ အမိုက်စားရုပ်ရှင်တွေကို အောက်မှာ ရွေးချယ်ပေးလိုက်ပါတယ်နော်။ အားလုံးလည်း ကြိုက်နှစ်သက်ကြလိမ့်မယ့်လို့ထင်ပါတယ်။


The King and the Clown (2005)


My Girl (2006)


The Time between Dog and Wolf (2007)


Iijimae (2008)


Arang and the Magistrate (2012)


The Scholar who walks the Night (2015)


Moon Lovers: Scarlet Heart (2016)


Criminal Minds (2017)


Lawless Lawyer (2018)


The Flower of Evil (2020)

 

 

 

, , ,
Tv & Movie

မြန်မာနိုင်ငံမှာ တစ်ခါမှ မပြသဖူးတဲ့ Anime Movie ကို ရုံမှာ ကြည့်ရတော့မှာလား

အခုတည်းက စိတ်တွေခုန်တွေနေပါပြီ

by JN Ja Seng Pan

October 20, 2020

Anime Lover တွေအတွက် သတင်းကောင်းဖြစ်မှာ ကျိန်းသေပါတယ်။ ဒါကဘာလဲဆိုရင် Demon Slayer Muhan Train ကို မြန်မာနိုင်ငံမှာ ပြသမယ်လို့ ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။ Anime Movie ကို မြန်မာနိုင်ငံမှာ ပထမဦးဆုံးအကြိမ် ရုံမှာ ကြည့်ရတော့မှာပါ။

Demon Slayer ဆိုတာက Anime Lover တိုင်း အရူးအမူးကြိုက်ရတဲ့ Manag လည်းဟုတ်သလို အောင်မြင်တဲ့ Anime Series ဆိုလည်း မမှားပါဘူး။ လတ်တလော ပူပူနွေးနွေးထွက်ရှိထားတဲ့ Demon Slayer Mugen Train ရုပ်ရှင်ဟာဆိုရင်လည်း ဂျပန်နိုင်ငံမှာ အရင်ဆုံး ပွဲဦးထွက် ရုံတင်ပြသနေတာပါ။



အောက်တိုဘာ ၁၆ ရက်နေ့က ရုံတင်ခဲ့တာဖြစ်ပြီး ပြသတဲ့ သုံးရက်အတွင်း ဒေါ်လာ (၄၄) သန်း ရရှိခဲ့တာကြောင့် Global Box Office ရဲ့ အမြင့်ဆုံး နေရာမှာတောင် ရပ်တည်နေတာပါ။ ဂျပန်မှာ အမြင့်ဆုံး ရုံဝင်ငွေရရှိထားတဲ့ Frozen 2 ကိုလည်း ကျော်လွန်သွားပြီမို့ ပရိတ်သတ်အားပေးမှုက ကြောက်မခန်းလိလိပါပဲ။




ဒီဇာတ်ကားကို မြန်မာနိုင်ငံမှာလည်း ကြည့်ရတော့မှာဆိုတော့ Slayer Fan တွေအပျော်ကြီး ပျော်ရတော့မှာပါ။ လာမယ့် ဖေဖော်ဝါရီလ (၄) ရက်နေ့ ၂၀၂၁ (နောက်နှစ်ဆိုပေမယ့်..သိပ်မလိုတော့ပါဘူး) မှာ Mega Ace နဲ့ JCGV ရုံတွေမှာ ပြသသွားမယ်လို့ သိရပါတယ်။ ယာယီ သတ်မှတ်ထားတဲ့ ရက်တွေသာဖြစ်တာကြောင့် အပြောင်းအလဲတော့ရှိနိုင်ပါတယ်တဲ့။ အခြား ဘယ်ရုံတွေပြသမလဲဆိုတာကိုလည်း Update တွေထပ်ထွက်လာဦးမှာမို့ ကြည့်ရဖို့ကို အရမ်းတွေ ရင်ခုန်နေပါပြီနော်။


Ref: CBR, Demon Slayer Myanmar

, , , ,

Tv & Movie

နိုင်ငံရပ်ခြားက International Flim Festival မှာ ပြသဖို့ ရွေးချယ်ခံရတဲ့ "မီ" ရုပ်ရှင်ဇာတ်ကားကြီး

ဂုဏ်ယူစရာပါ။

by JN Ja Seng Pan

October 17, 2020

"မီ" ရုပ်ရှင်ကားက ပုံမှန်မြန်မာရုပ်ရှင်ဇာတ်ကားတွေနဲ့ ကွဲထက်ပြီး တော်တော်လေး အဆင့်မှီတယ်လို့ ခံစားရသလို ပရိသတ်တွေရဲ့ အားပေးမှု အပြည့်အဝရထားတဲ့ ရုပ်ရှင်ကားပါ။ ဇာတ်ကားရဲ့ ရိုက်ချက်တွေ၊ အရောင်တွေ၊ ဆက်တင်တွေ၊ နောက်ခံတေးဂီတဖန်တီးမှုတွေက အနုပညာမြောက်နေရုံမက ဇာတ်ကောင်တွေရဲ့ သရုပ်ဖော်နိုင်မှုစွမ်းရည်ကလည်း အင်မတန်မှ ပြောင်မြောက်လှပါတယ်။

မြန်မာရုပ်ရှင်လောကအတွက် ဂုဏ်ယူစရာအနေနဲ့ ဒီရုပ်ရှင်ကားကို UK နဲ့ Spain နိုင်ငံတွေမှာကျင်းပမယ့် ရုပ်ရှင်ပွဲတော်နှစ်ခုမှာ ပြသဖို့အတွက် ရွေးချယ်ခံခဲ့ရပြီဖြစ်ပါတယ်။ ဒီဇာတ်ကားဖြစ်မြောက်ဖို့ အဖက်ဖက်ကကြိုးပမ်းခဲ့တဲ့သူတွေအတွက် အမှတ်တရ အကြီးကြီးဖြစ်စေမှာပါ။ ဗြိတိန်နိုင်ငံမှာ ကျင်းပမယ့် Cardiff International Film Festival နဲ့ စပိန်နိုင်ငံမှာကျင်းပမယ့် Festival International de Cinema de Lleida Visual Art ရုပ်ရှင်ပွဲတော်တွေမှာ ပြသသွားမှာဖြစ်ပါတယ်။ ပွဲတော်နှစ်ခုစလုံးကို Virtual Platform ပုံစံအဖြစ် ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး CIFF ကို အောက်တိုဘာ ၃၁ မှ နိုဝင်ဘာ ၃ ရက်နေ့အထိနဲ့ Festival Lleida ကို အောက်တိုဘာ ၂၉ မှ နိုဝင်ဘာ ၈ ရက်နေ့တွေမှာ ပြုလုပ်သွားမှာပါ။

၂၀၁၉ မှာတုန်းကလည်း လန်ဒန်မြို့မှာကျင်းပခဲ့တဲ့ ASEAN International Film Festival 2019 ပွဲမှာ ဝင်ရောက်ပြသခဲ့ရပြီး ဒါရိုက်တာဏကြီးက Best Director of Photography (အကောင်းဆုံးဓာတ်ပုံဒါရိုက်တာဆု) ကို ရရှိခဲ့ဖူးပါတယ်။

,

Tv & Movie

အားလုံးသိချင်ကြမယ့် Emily in Paris ထဲက ထူးခြားချက်လေးတွေ

Season 2 ကိုအရမ်းကြည့်ချင်နေပြီ

by Randy Win

October 14, 2020

 
           လတ်တလော နာမည်ကြီးနေတဲ့ Netflix Series တစ်ခုဖြစ်တဲ့ Emily in Paris ကိုတော်တော်များများ ကြည့်ပြီးကြပြီလို့ထင်ပါတယ်။ ဒီဇာတ်ကားမှာတော့ အကြောင်းကြောင်းကြောင့် ပြင်သစ်ကိုရောက်ရှိလာတဲ့ Emily ဆိုတဲ့အ‌မေရိကန်မိန်းကလေးတစ်ဦးရဲ့အကြောင်းကို ဇာတ်ကောင်တစ်ဦးချင်းစီရဲ့ မတူညီတဲ့အမူအကျင့် ၊ အလုပ်နဲ့ပတ်သက်တဲ့အတွေးအမြင်တွေနဲ့ အချစ်ဇာတ်လမ်းလေးတွေရောယှက်ပြီး ခပ်သွက်သွက်ပြကွက်တွေနဲ့တင်ဆက်ထားတာမို့ လူငယ်ပရိသတ်တွေကြားမှာအတော်လေး hot ဖြစ်ခဲ့တယ်လို့ဆိုရပါမယ်။ ဒါ့အပြင် ပြင်သစ်မြို့ရဲ့အလှအပတွေနဲ့ Emily ရဲ့ ဖက်ရှင်တွေဟာလည်း လူငယ်မိန်းကလေးတွေကြားမှာ အတော်လေး လူပြောများခဲ့ပါသေးတယ်။ ဒီဇာတ်ကားလေးက ကြည့်ရတဲ့သူတွေအတွက် ၀မ်းနည်းမှူဆိုတာထက် ကြည်နူးမှူကိုပိုပြီးပေးစွမ်းနိုင်တဲ့ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်သလို တကယ့်အပြင်မှာလည်း ဇာတ်ကားနဲ့ပတ်သက်ပြီး လူသိနည်းသေးတဲ့ စိတ်၀င်စားစရာ အချက်လေးတွေရှိတာမို့ Emily in Paris ပရိသတ်လေးတွေအတွက် ဒီစိတ်၀င်စားစရာအချက်ကလေးတွေထဲကတချို့ကို စုစည်းဖော်ပြပေးလိုက်ပါရစေ‌။
 
အဆိုကောင်းသူလေး
Emily in Paris ကိုကြည့်တဲ့သူတိုင်း Mindy ဆိုတဲ့ ကောင်မ‌လေးတစ်ယောက်ကိုသတိထားမိကြမှာပါ။Emily ရဲ့အခင်ဆုံးမိတ်ဆွေတစ်ဦးဖြစ်လာခဲ့တဲ့ Mindy ဟာ ချမ်းသာတဲ့မျိုးရိုးကလာပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ပြင်သစ်မှာ ကလေးထိန်းကိုအလုပ်ကို လုပ်ကိုင်နေရသူတစ်ဦးပါ။ ဒီဇာတ်ကားထဲမှာ Mindy ရဲ့သီချင်းဆိုစွမ်းရည်ကို Emily In Paris ကြည့်ပြီးသူအားလုံးသတိထားမိကြပါလိမ့်မယ်။ ဒါဟာ အသံလုံး၀အစားမထိုးထားတဲ့သူမရဲ့အသံစစ်စစ်ပါပဲ။ Mindy အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Ashley Park ဟာ အပြင်မှာလည်း အဆိုကောင်းသူတစ်ဦးဖြစ်ပြီး Musical ဇာတ်လမ်းတွဲတွေမှာပါ၀င်ခဲ့ဖူးတဲ့အပြင် Mean Girls ဇာတ်ကားမှာလည်း Drama Desk Award ဆန်ကာတင်ရွေးချယ်ခံခဲ့ရဖူးသူတစ်ဦးဖြစ်ပါတယ်။
 
မတတ်ချင်ယောင်ဆောင်
ဇာတ်လမ်းထဲမှာ ပြင်သစ်စကားမတတ်တဲ့ Emily ဆိုတဲ့ကောင်မလေးတစ်ယောက် အကြောင်းကြောင်းကြောင့် ပြင်သစ်ကိုအရောက်သွားတဲ့အခါမှာ ဘာသာစကားအခက်အခဲကြောင့် အလုပ်နဲ့ပတ်သက်လို့ အဆင်မပြေကြုံခဲ့ရပုံတွေနဲ့ ဇာတ်လမ်းဖွဲ့ရိုက်ကူးထားတာတွေ့ရမှာပါ။ဒီဇာတ်ရုပ်ဟာ အပြင်က Lily Collins နဲ့တော့ ဆန့်ကျင်ဘက်ပါပဲ။ ပြင်သစ်စကားကို နေ့ရောညပါလေ့လာခဲ့သူမို့ တော်တော်လေးကျွမ်းကျင်နေတဲ့ Collins ဟာ ဒီဇာတ်ကားရိုက်ကူးတဲ့အခါမှာ ပြင်သစ်စကားလေ့လာမှူကိုခဏရပ်ထားခဲ့ရပါတယ်တဲ့။
 
SATC ရဲ့ အမှတ်တရလေးတွေ
Emily In Paris ဇာတ်ကားကိုကြည့်ပြီး Outfit တချို့ကို အရမ်းရင်းနှီးနေတယ်လို့မခံစားရဘူးလား ။ ဘာကြောင့်လဲဆိုတော့ ဒီ Outfit တချို့ဟာ Legendary Costume Designer တစ်ဦးလို့ဆိုရမယ့် Patricia Field ရဲ့ စိတ်ကူးစိတ်သန်းတွေဖြစ်နေလို့ပါ။ Patricia ဟာ Sex and The City , The Devil Wear Prada လိုဇာတ်ကားတွေက အမိုက်စား Costume တွေကို ဖန်တီးစီစဉ်ပေးခဲ့သူဖြစ်ပြီး Emily ရဲ့ပထမဆုံးအလုပ်ပါတီမှာ၀တ်ခဲ့တဲ့ Outfit ဟာလည်း Sex and The City ဇာတ်လမ်းတွဲထဲမှာ Carrie ၀တ်ဆင်ခဲ့တဲ့ စကတ်ကိုထည့်သွင်း၀တ်ဆင်စေခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
 
Wine စက်ရုံလေး
ဇာတ်ကားအစအဆုံး အကုန်လုံးနီးပါးကိုပြင်သစ်မှာပဲရိုက်ကူးခဲ့တာဖြစ်ပြီး အထင်ကရနေရာတွေကလည်း setting ဆင်ရိုက်တာ တစ်ခုမှ မပါပါဘူးတဲ့။ ပြင်သစ်မှာမဟုတ်ပဲ မြို့အပြင်ဘက်မှာသွားရောက်ရိုက်ကူးခဲ့တဲ့အခန်းဆိုလို့ Emily , Camille နဲ့ Gabriel တို့သုံးဦးသွားရောက်ခဲ့တဲ့ မြို့ပြင်ကဝိုင်ထုတ်လုပ်တဲ့နေရာလေးတစ်ခုပဲရှိတယ်လို့ဆိုပါတယ်။
 
ဖြည့်စွက်မှူ
Mindy ဟာအစကဇာတ်လမ်းထဲမှာ သီချင်းဆိုရမယ်လို့ဇာတ်ညွှန်းမပါခဲ့ပါဘူး။နောက်မှသာ ဇာတ်ညွှန်းနဲ့ထုတ်လုပ်သူ Darren Star က သီချင်းဆိုရမယ်လို့ထည့်သွင်းရေးသားလိုက်တာပါ။ သူက Ashley သီချင်းဆိုတာကို Mean Girls မှာနှစ်ခါတောင်တွေ့ထားဖူးပြီး သူမအသံကိုအရမ်းသဘောကျခဲ့တာမို့ ခုလိုဇာတ်ညွှန်းဖြည့်စွက်လိုက်တာဖြစ်ပြီး ဒါကလည်း Mindy ရဲ့ကာရိုက်တာကိုတမျိုးတမည်အမြင်ပြောင်းသွားစေမှာဖြစ်တယ်လို့ဆိုခဲ့ပါတယ်။
 
Chef တစ်ယောက်တဲ့လား
Emily ရဲ့အိမ်နီးချင်းစားဖိုမှူးချောချောလေး Gabriel ကိုတော့ မိန်းကလေးပရိသတ်တွေတော်တော်များများသိကြမယ်ထင်ပါတယ်။ ဒီစားဖိုမှူး‌လေးဟာ အပြင်မှာလည်း တကယ့် Chef တစ်ယောက်အဖြစ် နှစ်များစွာအလုပ်လုပ်ကိုင်ခဲ့ဖူးတယ်လို့ဆိုပါတယ်။ ဒီ ဇာတ်ညွန်းကိုမြင်လိုက်တဲ့အချိန်မှာ ဒီဇာတ်ကောင်က ငါနဲ့ကွက်တိပဲလို့ တန်းပြီးတွေး‌မိကြောင်းကိုလည်း Lucas Bravo ကဆိုခဲ့ပါတယ်။
 
ချစ်မှူရေးရာအဖြာဖြာ
နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ လာမယ့် Emily in Paris Season- 2 မှာ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းအကြောင်းကိုပိုပြီးအသားပေးသွားလိမ့်မယ်လို့ယူဆရပါတယ်။ Season - 1 မှာ Emily ရဲ့ ဘ၀နဲ့ပတ်သက်တဲ့အတွေးအမြင်နဲ့ လုပ်ရည်ကိုင်ရည်တွေကိုအဓိကဖော်ပြသွားခဲ့တာဖြစ်ပြီး လာမယ့် Season ကတော့ သူမရဲ့ စိတ်၀င်စားဖို့ကောင်းတဲ့ Relationship နဲ့ ထင်မှတ်မထားတဲ့ အချစ်ရေးအချစ်ရာ အလှည့်အပြောင်း အချိုးအကွေ့တွေကို ပိုပြီးများများမြင်ရလိမ့်မယ်လို့ဆိုခဲ့ကြပါတယ်။
 
Photo Credit to the Rightful Owners
, , , , , , ,

Tv & Movie

Horror ကားထဲက ဗီလိန်ကြီးတွေရဲ့ ထင်မထားတဲ့အားနည်းချက်များ

ပေါက်ပေါက်ရှာရှာတွေကြောက်ကြတာပဲ

by Randy Win

October 11, 2020

              Horror ဇာတ်ကားတွေကို ကြိုက်နှစ်သက်ကြတဲ့ ပရိသတ်တွေအနေနဲ့ ကမ္ဘာကျော် Horror ဇာတ်ကားတွေထဲက နာမည်ကျော် Villain ကြီးတွေကိုလည်း တော်တော်များများရင်းနှီးပြီးသားဖြစ်မှာပါ။ ဒီဗီလိန်ကြီးတွေဟာ ရက်စက်ပြီးကြောက်စရာကောင်းသလောက် အဖျက်စွမ်းအားလည်း အတော်လေးကြီးကြတဲ့အပြင် သူတို့ကိုအနိုင်ယူနိုင်ဖို့လည်း တော်တော်လေးခက်ခဲတယ်ဆိုတာ Horror ပရိသတ်တွေတော်တော်များများ သိပြီးဖြစ်ပါတယ် ။ ဒါပေမဲ့ ဒီဗီလိန်ကြီးတွေအားလုံးမှာ လူသားတွေလိုပဲ ဘယ်သူမှမထင်မှတ်ထားတဲ့ အားနည်းချက်လေးတွေကိုယ်စီရှိကြပါတယ်။ ဒီအားနည်းချက်လေးတွေက တချို့ကလည်းထူးဆန်းသလို တချို့ကလည်း အနည်းငယ်ကြောင်တောင်တောင်နိုင်တယ်လို့ဆိုရမှာပါပဲ။ ဘယ်လောက်ပဲအင်အားကြီးတဲ့ အဖျက်သမားတစ်ဦးဖြစ်နေပါစေ ဘာမဟုတ်တဲ့အရာလေးတွေကိုမှ အားနည်းချက်ဖြစ်နေတတ်တာမျိုးပါ။ Horror Movie နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုမှ နှစ်သက်ကြပါတယ်ဆိုတဲ့ ပရိသတ်တွေအတွက် ဒီကမ္ဘာကျော်ဗီလိန်ကြီးတချို့ရဲ့ စိတ်ဝင်စားစရာအားနည်းချက်တွေကို ဗဟုသုတတစ်ခုအနေနဲ့ ရွေးချယ်စုစည်းဖော်ပြပေးလိုက်ပါတယ်။


The Nun

The Nun ရုပ်ရှင်ဇာတ်ကားဟာ ကမ္ဘာနဲ့အဝှမ်းမှာအောင်မြင်မှူတွေရရှိခဲ့တဲ့ သရဲဇာတ်ကားကောင်းတွေထဲမှာ တစ်ကားအပါအဝင်ဖြစ်ပါတယ်။ Warner Bros ကနေ ရိုက်ကူးတင်ဆက်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှာထုတ်လွှင့်ပြသခဲ့တဲ့ ဒီဇာတ်လမ်းထဲမှာတော့ ရိုမေးနီးယားကဘုန်းတော်ကြီးကျောင်းတစ်ခုမှာ နတ်ဆိုးဝင်ပူးနေတဲ့ မယ်သီလရှင်တစ်ဦးထံကနေထွက်လာတဲ့ နတ်ဆိုးတစ္ဆေတစ်ကောင်ရဲ့ လိုက်လံခြောက်လှန့်မှူတွေအကြောင်းကို ထိတ်လန့်ဖွယ်ရာရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားထဲက နတ်ဆိုးတစ္ဆေဟာ စွမ်းအားကြီးမားပြီး အနိုင်ယူဖို့ခက်ခဲသလောက် အားနည်းချက်ကတော့ သူရဲ့နာမည်အရင်းဖြစ်တဲ့ Valak ဆိုတဲ့ နာမည်ကိုအခေါ်မခံနိုင်ပါဘူးတဲ့။

Pennywise

IT ဇာတ်ကားထဲက Pennywise ကိုတော့ လူငယ်တွေကိုဖမ်းစားတဲ့ Clown မိစ္ဆာတစ်ကောင်အဖြစ် အားလုံးသိထားကြပြီးဖြစ်မှာပါ။ ဒီဇာတ်ကားကို ၂၀၁၇ ခုနှစ်ကရုံတင်ပြသခဲ့တာဖြစ်ပြီး တော်တော်လေးလည်းလူကြိုက်များခဲ့တဲ့ Horror ဇာတ်ကားကောင်းတစ်ကားဖြစ်ခဲ့ပါတယ်။ Stephen King ရဲ့ နာမည်ကြီးဝတ္ထုတစ်ပုဒ်ကို ပြန်လည်အသက်သွင်းထားတဲ့ ဒီဇာတ်ကားမှာတော့ နှစ် ၃၀ ခန့်မှာတစ်ခါပေါ်လာပြီး လူတွေကိုဖမ်းဆီးစားသောက်တတ်တဲ့ Pennywise ဟာ လူရွှင်တော်ပုံအသွင်ဆောင်ထားတဲ့ ပင့်ကူသဏ္ဍာန်နဲ့မိစ္ဆာတစ်ကောင်ဖြစ်ပြီး တခြားကမ္ဘာကရောက်ရှိလာတာလို့လည်း မူရင်းဝတ္ထုမှာဖော်ပြထားပါတယ်။ လူတွေရဲ့စိတ်ကိုညှို့ယူဖမ်းစားနိုင်စွမ်းရှိသလို တော်ရုံနဲ့နှိမ်နင်းဖို့ခက်ခဲတဲ့ ဒီကြောက်စရာမိစ္ဆာကောင်ကြီးရဲ့အကြီးမားဆုံး အားနည်းချက်ကတော့ လူသားတွေရဲ့သတ္တိနဲ့ရဲရင့်မှူပါပဲ။

The Mummy


ရှေးအီဂျစ်ဘုရင်တွေရဲ့ ထူးခြားတဲ့ မံမီရုပ်အလောင်းတွေအပေါ်မှာ အခြေခံဇာတ်အိမ်တည်ထားတဲ့ မံမီဇာတ်ကားတွေဟာ ခေတ်အခါအလိုက် အကောင်းဆုံးအောင်မြင်မှူတွေရခဲ့သလို ခုချိန်ထိလည်းလူကြိုက်များနေဆဲပါပဲ။ ဒီဇာတ်ကားတွေထဲကမှ ၁၉၉၉ ခုနှစ်မှာထွက်ရှိခဲ့တဲ့ The Mummy ဇာတ်ကားထဲကဗီလိန်ကြီးကတော့ Imhotep ဆိုတဲ့အီဂျစ်နတ်ဆရာဘုန်းတော်ကြီးတစ်ဦးဖြစ်ပြီး အီဂျစ်ဘုရင်တွေရဲ့ကျိန်စာနဲ့ မံမီအဖြစ်ပြုလုပ်ခံခဲ့ရသူတစ်ဦးပါ။မတော်တဆပြန်လည်နိုးထလာတဲ့အခါမှာတော့ သူရဲ့ဒေါသတွေနဲ့အတူ နတ်ဆိုးတစ်ကောင်ရဲ့မှော်အစွမ်းတွေပါပိုင်ဆိုင်လာပြီး ကမ္ဘာကြီးကို ဖျက်ဆီးသိမ်းပိုက်ဖို့ကြံစည်ခဲ့သလို ဘယ်သူမှလည်းတိုက်ခိုက်တားဆီးဖို့မလွယ်လောက်အောင် စွမ်းအားကြီးမားလွန်းတာကို တွေ့ရမှာပါ။ အဲဒီလို အဖျက်စွမ်းအားကြီးမားတဲ့ ဒီမံမီကြီးရဲ့ အရမ်းကြောက်ရတဲ့ တစ်ခုတည်းသောအားနည်းချက်ကတော့ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော် ကြောင်လေးတွေပဲဖြစ်ပါတယ်တဲ့။အကြောင်းကတော့ ကြောင်တွေဟာ သူတို့ကို ငရဲကိုပို့ဆောင်နိုင်တယ်လို့ အယူရှိတာကြောင့်ပါပဲ။

A Nightmare on Elm Street


၁၉၈၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ A Nightmare on Elm Street ဇာတ်ကားထဲက Freddy လို့ သိကြတဲ့ နာမည်ကြီးဗီလိန်ကြီးကတော့ လူတစ်စုရဲ့မီးရှို့သတ်ခြင်းကိုခံခဲ့ရပြီး အငြိုးတွေပြည့်နေတဲ့ အစွမ်းရှိတစ္ဆေတစ်ကောင်ဖြစ်လာခဲ့ရတာပါ။ လူတွေကို အိပ်မက်တွေထဲမှာ ခြောက်လှန့်ပြီး အပြင်လောကမှာပါ သေဆုံးစေတဲ့အထိ သတ်ဖြတ်ညှင်းပန်းနိုင်တဲ့ အိပ်မက်ဆိုးတစ္ဆေကြီးတစ်ကောင်ဆိုလည်းမမှားပါဘူး။ ဒီလိုအစွမ်းထက်ပြီး ကြောက်စရာကောင်းတဲ့ တစ္ဆေကြီးရဲ့ အားနည်းချက်ကတော့ သုံးခုတောင်ရှိပါတယ်။အဲဒါတွေကတော့ အပြင်လောက ၊ မီးတောက်မီးလျှံ နဲ့ မြင့်မြတ်တဲ့ပစ္စည်းတွေပါပဲ။

Lights Out

2016 ခုနှစ်မှာထွက်ရှိခဲ့တဲ့ ဒီရုပ်ရှင်ဇာတ်ကားကတော့ တော်တန်ရုံအသည်းငယ်တဲ့သူတွေမကြည့်သင့်တဲ့ဇာတ်ကားမျိုးပါ။ ဒီရုပ်ရှင်ဇာတ်ကားထဲမှာ အမှောင်ထုကိုအခွင့်ကောင်းယူပြီး လိုက်လံခြောက်လှန့်တတ်တဲ့ Diana ဆိုတဲ့ မကောင်းဆိုးဝါးမကြီးတစ်ကောင်ပါဝင်ပါတယ်။ အမှောင်ကိုကြောက်တတ်တဲ့သူတွေအတွက်တော့ အရမ်းလည်းစိတ်ခြောက်ခြားစရာကောင်းသလို ဒီဇာတ်ကားကြည့်ပြီးရင် မီးတောင်ပိတ်ပြီးအိပ်ရဲမှာမဟုတ်ပါဘူး။ အဲဒီလောက်ကြောက်စရာကောင်းတဲ့ သရဲမကြီးရဲ့အားနည်းချက်ကရော ဘာဖြစ်မလဲ။ ဟုတ်ပါတယ် Lights Out ဆိုတဲ့နာမည်အတိုင်း မီးပိတ်ထားမှအစွမ်းထက်တဲ့ သရဲမကြီးက အလင်းရောင်တွေကို ကြောက်ပါတယ်တဲ့။ မီးခဏခဏပျက်တဲ့နေရာမှာဆိုရင်တော့ကြမ်းလိုက်မယ့်ဖြစ်ချင်းနော်။

 

Photo Credit To The Rightful Owners

, , , , ,

Tv & Movie

စက္ကန့်ပိုင်းအတွင်းရယ်မောသွားရမယ့် Comedy Youtube Channel များ

သူငယ်ချင်းတွေနဲ့အတူတူထိုင်ကြည့် ခွီနေရမယ်

by May Shoon

October 10, 2020

အားလုံးရော အိမ်မှာပျင်းနေကြပြီလား။ Work-From-Home တွေလုပ်ရလို့ Stress တွေဖြစ်နေပြီလား။ Netflix တွေကြည့်ရတာလည်း များနေပြီဆို ပေါ့ပေါ့ပါးပါး ဟာသ Video လေးတွေပြန်ကြည့်ရအောင်။ သူငယ်ချင်းတွေနဲ့ကြည့်ကြည့်၊ တစ်ယောက်ထဲပဲကြည့်ကြည့် ရယ်နေရမယ့် အမိုက်စား Comedy Youtube Channel လေးတွေကို Selection လုပ်ပေးလိုက်တယ်နော်။ ဒီ Comedy Youtube Channel တွေမှာဆိုရင် Reaction တွေ၊ Skits တွေ၊ Interview တွေအမျိုးအစားအလိုက်အများကြီးရှိပါတယ်။ အားလုံးလည်း စိတ်ညစ်စရာတွေကင်းဝေးပြီး ရယ်မောပျော်ရွှင်နိုင်ပါစေ။


Smosh
Ian Hecox နဲ့ Daniel Padilla တို့သူငယ်ချင်းနှစ်ယောက်ကဒီ Smosh Comedy Channel ကို ၂၀၀၅ တည်းကစခဲ့ကြတာပါ။ အခုချိန်ထိလည်းသူတို့ရဲ့ Channel က 24 Million Subscribers တွေနဲ့ လူကြိုက်များနေဆဲပါ။ Sketch Comedy Video တွေနဲ့ Adult Humor တွေလည်းပါဝင်ပါတယ်။


CollegeHumor
ဒီ Comedy Icon ကို High School Friends နှစ်ယောက်ကစတင်ခဲ့တာဖြစ်ပြီး အခုချိန်မှာတော့ Top Ten Most Viewed and Most Subscribed Channel ထဲမှာပါပါဝင်ခဲ့ပါတယ်။ Original Comedy Video တွေနဲ့ Parody ဆန်ဆန် Content တွေပါပါတယ်။


Funny or Die
Funny or Die ကလည်း Internet မှာနာမည်ကြီးတဲ့ Comedy Platform တွေထဲကတစ်ခုပါ။ ဒီ Channel မှာလည်း အမိုက်စား ဟာသ Video တွေ၊ Comedy Video တွေ နဲ့ Political ဟာသတွေကိုကြည့်ရှုနိုင်ပါတယ်။


PewDiePie
Subscriber 100 Million ကျော်ရှိတဲ့ Swedish Youtuber Felix Arvid ကိုတော့လူအများစုသိကြမယ်ထင်ပါတယ်။ Unique ဖြစ်တဲ့တင်ဆက်ပုံနဲ့စကားပြောစွမ်းရည်တွေ၊ ရယ်ရတဲ့ Reaction တွေ၊ Game Streaming တွေကြောင့်သူ့ Youtube Video တွေက အားလုံးရဲ့ Favourite ဖြစ်ခဲ့ပါတယ်။

 

Liza Koshy
ဒါကတော့ Actress and Comedian Liza ရဲ့ Comedy Channel ပါ။ Subscriber 18 Million ရှိပြီး Video View က 2.3 Billion View ရှိပါတယ်။ Liza ရဲ Video တွေကိုထူးခြားသွားစေတာက သူ့ရဲ့ ပင်ကိုဟာသညဏ်ရယ်၊ သူရဲ့ Vibrant ဖြစ်တဲ့ ဖက်ရှင်အပြင်အဆင်လေးတွေကြောင့်ပါ။


Dolan Twins
Ethan နဲ့ Grayson Dolan တို့ အမွှာညီအကိုနှစ်ယောက်ရဲ့ Youtube Channel မှာတော့ Hilarious ဖြစ်တဲ့ Video Content တွေ၊ တစ်ယောက်ကိုတစ်ယောက်ပြန် Prank ကြတဲ့ Video တွေအများကြီးပါပါတယ်။


Bad Lip Reading
ဒီ Youtube Channel ကတော့ Media တွေ၊ TV Show တွေနဲ့ Fake Polital Ads တွေကို လိုက်လှောင်ပြောင်သရော်တဲ့ နေရာမှာနာမည်ကြီးပါတယ်။ ပြီးတော့ နာမည်ကြီးရုပ်ရှင် Scene တွေကိုဟာသ Dialogue တွေသီချင်းတွေနဲ့အစားထိုးပြီး ပြန် Edit ထားတာတွေလည်းရှိပါတယ်။


Uncle Roger
Nigel Ng လို့လည်းခေါ်တဲ့ Malaysian Comedian Uncle Roger ကို Egg Fried Rice Video ကိုအားရပါးရဝေဖန်ပြီးပြောတာ သတိထားမိကြမယ်ထင်ပါတယ်။ သူ့ Accent ကြောင့်ရောသူ့ရဲ့ ရင်ထဲရှိတဲ့အတိုင်းဟန်မဆောင်ပဲပြောတတ်တဲ့အကျင့်ကြောင့်ရော သူ့ရဲ့ Video တွေကရယ်ရသလို Entertaining လည်းဖြစ်ပါတယ်။

, , ,

Tv & Movie

အမြီးကိုးချောင်းမြေခွေးမလေးအစား မြေခွေးအိုပါးတွေကို တွေ့ရဦးမှာလား

အကုန်လုံးကတော့ အချောလေးတွေချည်းပဲ

by Randy Win

October 3, 2020

            K Series အသစ်တွေကို စောင့်မျှော်နေကြတဲ့ K Drama ချစ်သူတွေအတွက် သိပ်မကြာခင်မှာ Fantasy Drama ဇာတ်လမ်းတွဲအသစ်လေးတစ်ခုကို ကြည့်ရတော့မယ်ဆိုတဲ့ သတင်းကောင်းလေးတစ်ခုကို အသိပေးချင်ပါတယ်။ ဇာတ်လမ်းကတော့ K Series ချစ်သူတွေနဲ့ သိပ်မစိမ်းတဲ့ ဒဏ္ဍာရီလာအမြီးကိုးချောင်းမြေခွေး (ဂူမီဟို) ဇာတ်လမ်းလေးဖြစ်ပြီး ဇာတ်လမ်းတွဲအမည်ကတော့ Tale Of The Nine Tailed ဖြစ်ပါတယ်။ ဒီစီးရီးလေးကို tvN ကနေ လာမယ့် ၂၀၂၀ အောက်တိုဘာလ ၇ ရက်နေ့ကစတင်ပြီး အပတ်စဉ် ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့တိုင်းပြသသွားမယ်လို့ သိရပါတယ်။

          ဒီဇာတ်ကားမှာ အဓိကဇာတ်ဆောင်အနေနဲ့ ပရိသတ်အချစ်တော် မင်းသားချော Lee DongWook နဲ့ မင်းသမီး Jo BoAh တို့ကိုအတွဲညီညီတွေ့မြင်ရမှာဖြစ်ပြီး ငယ်ငယ်ကကြည့်ခဲ့ကြတဲ့ F4 ဇာတ်လမ်းတွဲထဲမှာ မိန်းကလေးပရိသတ် အတော်များများရဲ့ နှလုံးသားကို ဖမ်းစားခဲ့တဲ့ အိုးဖုတ်သမားကောင်ချောလေး Kim Bum ကိုလည်း မတူညီတဲ့ဇာတ်ရုပ်နဲ့ပြန်လည်တွေ့မြင်ရမှာပါ။ ဇာတ်လမ်းထဲမှာတော့ မင်းသားချောဦးဦး Lee DongWook နဲ့ Kim Bum တို့နှစ်ဦးစလုံးဟာ သွေးသားတော်စပ်တဲ့ ဂူမီဟိုမျိုးနွယ်တွေဖြစ်ပြီး Kim Bum ကတော့ ပိုပြီးအန္တရာယ်ရှိတဲ့ ဂူမီဟိုခပ်ဆိုးဆိုးလေးနေရာက သရုပ်ဆောင်သွားမယ်လို့သိရပါတယ်။


          ဒီဇာတ်လမ်းတွဲမှာ အရင်ဂူမီဟိုဇာတ်လမ်းတွဲတွေနဲ့မတူတဲ့အချက်ကတော့ အမြီးကိုးချောင်းမြေခွေးက အမျိုးသမီးဇာတ်ကောင်မဟုတ်ပဲ အမျိုးသားတွေဖြစ်နေတယ်ဆိုတဲ့အချက်ပါပဲ။ ဂူမီဟိုတွေဆိုတာ ကိုရီးယားတွေရဲ့ ဒဏ္ဍာရီအရ လှပတဲ့မိန်းမပျိုလေးအသွင်ဖန်ဆင်းနိုင်တဲ့ မြေခွေးတွေဖြစ်ပြီး လူသားတွေရဲ့အသည်းနှလုံးကို မြူဆွယ်ဖြားယောင်းပြီး စားသောက်တတ်ကြတယ်လို့ အဆိုရှိပါတယ်။ဒါပေမဲ့ ဒီဇာတ်လမ်းထဲမှာတွေ့မြင်ရမယ့် ဂူမီဟိုတွေကတော့ ဒဏ္ဍာရီကနေကွဲထွက်ပြီး ခပ်ချောချောယောက်ျားလေးတွေပါတဲ့။ K Drama တွေကိုကြည့်ရတာနှစ်သက်တဲ့ ပရိသတ်ကြီးအတွက်ကတော့ ဒီဇာတ်လမ်းတွဲဟာ မတူညီတဲ့ ဇာတ်အိမ်ဖွဲ့စည်းမှူ၊ ထူးခြားတဲ့ဇာတ်ရှိန်တွေနဲ့ လက်လွတ်မခံပဲစောင့်ကြည့်ရမယ့် K Drama ဇာတ်လမ်းကောင်းလေးတစ်ခုဖြစ်လာဦးမယ်လို့ မျှော်လင့်ရပါတယ်။


Photo Credit To The Rightful Owners

, , , , , ,

MODA TV 


Tv & Movie

အိမ်တွင်းအောင်းနေရတဲ့အခုလိုအချိန်မှာ မဖြစ်မနေ ကြည့်သင့်တဲ့ Netflix Series တွဲများ

အချိန်တွေကုန်မှန်းမသိ ကုန်သွားလိမ့်မယ်။

by JN Ja Seng Pan

October 3, 2020

ကိုမြင့်နိုင်ကြီးကြောင့် ရန်ကုန်အပါအဝင် အခြားမြို့တော်တော်များများမှာ Stay At Home အစီအစဉ်နဲ့ အားလုံးအိမ်တွင်းအောင်းနေကြရမှာပါ။ အိမ်မှာပဲနေရတာဖြစ်တာကြောင့် တစ်နေကုန် ဖုန်းတွေ၊ TV တွေနဲ့ပဲ ထိတွေ့မှုများနေမှာပါ။ ဒီလိုအချိန်မှာ ရုပ်ရှင်ကြည့်မယ်ဆိုလည်း ရွေးချယ်စရာ ရုပ်ရှင်ဇာတ်ကားတွေက အများကြီးဖြစ်နေမှာပါ။ Netflix Account ရှိတဲ့သူဆိုရင်လည်း တစ်ရက်တစ်ရက် ဇာတ်ကားတွေရွေးရင်းနဲ့ မကြည့်ဖြစ်လိုက်တာများနေမှာပါ။ ဇာတ်ကားတစ်ကားချင်းထက် ခုလိုအချိန်မှာ ဇိမ်ပြေနပြေကြည့်ဖို့ Series တွဲတွေ လိုအပ်နေပြီလား။ အချိန်တွေကုန်မှန်းမသိ ကုန်သွားစေမယ့် Netflix က နာမည်ကြီးလူကြိုက်များနေတဲ့ Series တွဲတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ 

လူငယ်ဟာသကားကြည့်ချင်တဲ့သူဆိုရင်
Sex Education

ဒီ Series အကြောင်း ခဏခဏတွေ့တယ်၊ မကြည့်ရသေးဘူးဆိုရင်တော့ အခုပဲကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ အမေရိကန် အထက်တန်းကျောင်းက ဆယ်ကျော်သက်တွေရဲ့ ချစ်မှုရေးရာအဖြာဖြာနဲ့ လိင်မှုရေးရာအလွဲတွေအကြောင်းကို ပါးစပ်မစေ့နိုင်အောင် ကြည့်ပြီး ရယ်နေရမှာပါ။ ပေါက်ကရလို့ထင်ရပေမယ့် လေ့လာစရာတွေ များလို့ လူငယ်တွေကြည့်ကြည့်ပါ။ နည်းနည်းကြမ်းတဲ့ အခန်းတွေ၊ အသုံးအနှုန်းတွေပါလို့ မိသားစုနဲ့ ကြည့်ဖို့တော့ မသင့်တော်ပါဘူး။

 

Woman Empowerment ကို ထောက်ခံတဲ့သူဆိုရင်
Ratched


ထွက်တာသိပ်မကြာသေးတဲ့ Series ပါ။ ထိပ်ထိပ်ကြဲမင်းသမီး Sarah Paulson ခေါင်းဆောင်ပြီး ပါဝင်တဲ့ ဇာတ်လမ်းတွဲမို့ မကောင်းမှာတော့ စိုးရိမ်စရာမလိုဘူးနော်။ စိတ်ပညာရပ်ဆိုင်ရာအကြောင်းအရာတွေ၊ လိင်တူချစ်သူတွေကို ခွဲခြားဆက်ဆံတာတွေနဲ့ အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ အချိူ့ Scene တွေက နည်းနည်းလေးကြမ်းပြီး Dark ဖြစ်ပေမယ့် ၁၉၄၀ ခုနှစ်က အငွေ့အသက်တွေကို ကောင်းကောင်းကြီးခံစားရမှာမို့ Vintage Lover တွေအတွက် Must Watch ပါ။

 


မိသားစုဝင်တွေနဲ့ အတူကြည့်မယ်ဆိုရင်

Anne with an E


လူကြိုက်များခဲ့တဲ့ Classic Novel ကို ရုပ်ရှင်အဖြစ်ကို ပြောင်းလဲထားတဲ့ Series ပါ။ ဒီ Series က Anti Bullying နဲ့ Female Empowerment ကို ကလေးငယ်တွေပါ နားလည်အောင်ရိုက်ပြထားတာမို့ မိသားစုဝင်တွေနဲ့ အတူကြည့်နိုင်မှာပါ။


Foreign Culture ရုပ်ရှင်တွေ သဘောကျရင်

Money Heist


လူကြိုက်များပြီး တော်တော်လေး အောင်မြင်တဲ့ Series တွဲပါ။ စပိန်ဘာသာစကားပြော ဇာတ်ကားဖြစ်ပြီး ရသအစုံခံစားရမယ့်ကားလေးပါ။ စပိန်က အကြီးဆုံး ဘဏ်ကို ဝင်ဖောက်တဲ့ သူခိုးအဖွဲ့အကြောင်း ဇာတ်အိမ်တည်ထားတာပါ။


Horror ကားကောင်းကောင်းကြည့်ချင်တယ်ဆိုရင်
The Haunting OF Hill House


ကြည့်နေရင်းနဲ့ အလိုလိုကျောချမ်းလာတဲ့ ခံစားမှုကို ပေးမယ့် ကားပါ။ ဒီ Series ကို ကြောက်စရာအကောင်းဆုံး Horror Series တွေထဲက တစ်ခုလို့ သတ်မှတ်ကြပါတယ်။ မိသားစုအရှုပ်တော်ပုံတွေနဲ့ မကောင်းဆိုးဝါးတွေရှိနေတဲ့ အိမ်အကြောင်းကို ဖြဲခြောက်တာတွေမပါပဲ လှလှပပရိုက်ပထားတာပါ။ Horror Fan တွေ လက်မလွတ်သင့်တဲ့ Series ဆိုလည်း မမှားပါဘူး။

 

စိတ်ကို အနားမပေးပဲ တွေးနေစေချင်ရင်
Mindhunter


ခေါင်းဆောင်မင်းသားနဲ့ မင်းသမီးက David Fincher နဲ့ Charlize Theron ဆိုတော့ ဘာများထပ်ညွန်းရအုံးမလဲလေနော်။ အမေရိကားက ကြောက်စရာအကောင်းဆုံးနဲ့ အရက်စက်ဆုံး Serial Killer တွေကို FBI ကနေပြီး စိတ်ပညာကို အသုံးချပြီး ဘယ်လိုဖမ်းလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရမှာပါ။ တကယ့်ဖြစ်ရပ်မှန် အဖြစ်အပျက်တွေလည်း ပါဝင်တာကြောင့် စိတ်ဝင်စားစရာကောင်းမှာပါ။

 

Fashion အကြောင်းလေ့လာချင်တယ်ဆိုရင်
Next in Fashion


နာမည်ကြီး Fashion Designer တွေကို တွေ့ရမှာဖြစ်ပြီး Fashion Industry အကြောင်းကိုပါ လေ့လာရမှာမို့ Fashion ချစ်သူတစ်ယောက်ဆိုရင် ဒီ Reailty Show ကို မဖြစ်မနေကြည့်သင့်ပါတယ်။ Episode 1 စလိုက်တာနဲ့ မရပ်နိုင်အောင် ဆက်ကြည့်ချင်နေမှာပါ။ Host နှစ်ယောက်လုံးကလည်း Fashion လောကက ထိပ်ထိပ်ကြဲ Tan France နဲ့ Alexa Chung မို့ ပိုပြီး စိတ်ဝင်စားသွားပြီမလား။

 

နိုင်ငံရေးနဲ့ Royal Family တွေအကြောင်း ထဲထဲဝင်ဝင် သိချင်ရင်
The Crown


အချိန်တွေဘယ်လောက်ကြာကြာ ကောင်းနေဆဲ Netflix Best Series တွေထဲက တစ်ခုပါ။ နိုဝင်ဘာမှာတောင် Season 4 လာတော့မှာဖြစ်ပါတယ်။ ၂၀ရာစုက Royal Family တွေရဲ့ အရှုပ်တော်ပုံအကြောင်းကို စိတ်ဝင်စားဖွယ်ရာကြည့်ရှုရမှာဖြစ်ပါတယ်။



, ,

Tv & Movie

မဖြစ်မနေစောင့်ကြည့်သင့်တဲ့ အသစ်ထွက်ရှိမယ့် Superhero Movie များ

Marvel Fan တွေရော၊ DC Fan တွေရော Ready ပဲလား

by May Shoon

October 3, 2020

 ၂၀၂၀ မှာတော့ အမျိုးမျိုးသော အကြောင်းတွေကြောင့်တစ်ချို့ရုပ်ရှင်တွေကို ရုံမတင်လိုက်နိုင်ခဲ့ပါဘူး။ အဲ့အတွက်လည်းစိတ်မပူပါနဲ့။ Digital Media တွေ၊ TV Chanel တွေနဲ့ Netflix တို့ကနေလည်း အမိုက်စားရုပ်ရှင်ဇာတ်ကားတွေကို လက်မလွတ်တမ်းကြည့်ရှုနိုင်ပါတယ်။ ရုပ်ရှုင်ချစ်သူတွေအတွက်တော့ Superhero Movies တွေက Imaginary ဖြစ်ပေမယ့် တကယ် Entertaining ဖြစ်ပြီး ရင်ထဲထိတာတော့အမှန်ပဲမလား။
ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်ကြည့်ရမယ့် Marvel နဲ့ DC Universe ကနေ ၂၀၂၁ - ၂၀၂၂ အတွင်းထွက်ရှိလာမယ့် အမိုက်စား Superhero ရုပ်ရှင်တွေကို တစုတစည်း ရွေးချယ်ပေးလိုက်ပါတယ်။ Fan တွေအားလုံး Ready ပဲလား။

The Eternals
New Release: February 12, 2021

Angelina Jolie နဲ့တခြားသရုပ်ဆောင်တွေအများကြီးအားဖြည့်ထားတဲ့ The Eternals ကတော့ လူသားမျိုးနွယ် Civilisations ပုံဖော်ပေး၊ ကာကွယ်ပေးတဲ့ Immortal သူရဲ့ကောင်းတွေစုစည်းထားတာပါ။


Shang-Chi and the Legend of the Ten Rings
New Release: May 7, 2021

Marvel ရဲ့ပထမဦးဆုံး Asian-American Lead Superhero ဖြစ်တဲ့ Shang-Chi အဖြစ်သရုပ်ဆောင် Simu Liu ကပါဝင်ထားပြီး ဘယ်လိုရင်သပ်ရှုမောစရာတွေပါဝင်မလဲဆိုတာကြည့်ရှုရတော့မှာပါ။

 

Doctor Strange in the Multiverse of Madness
New Release: March 25, 2022

Marvel Universe ရဲ့ဆရာကြီးတစ်ပါးဖြစ်တဲ့ Doctor Strange ကို Scarlett Witch နဲ့အတူ “Doctor Strange in the Multiverse of Madness” မှာ ပူးတွဲတွေ့ရဦးမှာမို့ ဘယ်လို အမိုက်စား ဇာတ်အိမ်တွေနဲ့ ဖမ်းစားဦးမလဲဆိုတာ ရင်ခုန်ရဦးမှာပါ။

 

The Batman
New Release: October 1, 2021
မင်းသား Robert Pattinson Batman အဖြစ်ပထမဆုံးသရုပ်ဆောင်ထားတဲ့ DC Universe Movie ဖြစ်ပြီး Batman က ဒီတစ်ခါမှာလည်း Gotham City ကို Riddler နဲ့ Serial Killer တွေရဲ့ အန္တရာယ်တွေကနေကာကွယ်ရမှာပါ။

 

Suicide Squad Sequel
New Release: August 6, 2021
DC Universe ရဲ့စူပါဗီလိန်ကြီးတွေဖြစ်တဲ့ Harley Quinn, Rick Flag နဲ့ အခြားသောအပေါင်းအပါတွေပါဝင်တဲ့ Sucide Squad ကြီးပြန်လည်ပေါင်းစုံကြတဲ့အခါ ဘယ်လို လှည့်ကွက်တွေနဲ့စွန့်စားခန်းတွေရင်ဆိုင်ကြဦးမလဲဆိုတာတော့ The Sucide Squad Sequel မှာစောင့်ကြည့်နော်။

 

Thor: Love and Thunder
New Release: February 11, 2022

Natalie Portman ကို Thor: Love and Thunder မှာ Thor ရဲ့ Hammer ကြီးကိုကူညီကိုင်ဆောင်ပေးမယ့် နတ်ဘုရားမ ဖြစ်လားမလားရှုစားရမှာပါ။ Thor ယခင်ထွက်ရှိထားတဲ့ ရုပ်ရှင်တွေကို ကြိုက်နှစ်သက်ပြီးသားသူဆိုရင်တော့ ဒီဇာတ်ကားကလည်း Special ဖြစ်မှာပါ။

 

Black Panther 2
Release: May 6, 2022

Wakanda ရဲ့ ဘုရင်ကြီး T'Challa ဖြစ်သူ Chadwick Boseman မပါဝင်တော့တဲ့ The Black Panther 2 ကဘယ်လိုဆန်းကြယ်မှုတွေ၊ သရုပ်ဆောင်တွေ၊ Plot တွေနဲ့ချပြမလဲဆိုတာတော့ အားလုံးကသိချင်နေကြပါတယ်။

 

Black Widow
Release: November 6, 2020
Black Widow, Natasha ရဲ့ Avenger အဖွဲ့ဝင်မဖြစ်ခင် သူမရဲ့ Personal Life ဖြစ်တဲ့ Spy တစ်ယောက်ရဲ့ Mission တွေနဲ့ သူစွန့်လွှတ်လိုက်ရတဲ့ Relationship အကြောင်းတွေကို စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာပါ။

 

Wonder Woman 1984'
New Release: December 25, 2020
၂၀၁၇ ကထွက်ရှိထားတဲ့ Wonder Woman Movie ရဲ့ အဆက်ဖြစ်ပြီး မင်းသမီးချော Gal Gadot ကပဲဆက်လက်သရုပ်ဆောင်ထားပါတယ်။ ဒီ Wonder Woman 1984 ကတော့ ၁၉၈၄ခုနစ် Cold War အတွင်း Diana Prince ရဲ့ Maxwell Lord နဲ့ Cheetah တို့ကြားကဆက်လက်တိုက်ခိုက်ရမှာပါ။

 

The Flash
Release: July 7, 2022

DC Comic ရဲ့ Main Character တွေထဲကတစ်ယောက်ဖြစ်တဲ့ Flash ရဲ့တစ်ကိုယ်တော် Movie ကိုတော့ ၂၀၂၂ ဇူလိုင်မှာ ရှုစားရတော့မှာပါ။ Flash အဖြစ်ကိုတော့ မင်းသား Ezra Miller ကပါဝင်သရုပ်ဆောင်ထားပါတယ်။

 

Morbius
New Release: March 18, 2021

Joker ကြီး Jared Leto ကို သွေးစုပ်ဖုတ်ကောင် ဗီလိန်ကြီး Morbius အဖြစ်ထပ်မံမြင်တွေ့ရတော့မှာပါ။ Biochemist တစ်ယောက်ဖြစ်တဲ့ Michael Morbius ကသူ့မှာရှိတဲ့ ရှားပါးတဲ့ Blood Disease ကိုကုသရင်းနဲ့လွဲချော်သွားရာကနေ Vampire တစ်ကောင်အဖြစ်ကိုရောက်သွားတဲ့အခါ…

 

Venom 2
Release: June 24, 2021bat

ဗီလိန်ကြီး Venom Movie ကို ၂၀၁၈ မှာ Release လုပ်ပြီး အောင်မြင်မှုတွေအများကြီးရရှိခဲ့ပါတယ်။ ဒီတခါ Venom 2 ကလည်း သင့်ကိုစိတ်ပျက်စေမှာမဟုတ်ပါဘူး။

 

 

 

 

, , , , ,

Tv & Movie

သင်သာ အမျိူးသမီးတွေရဲ့ အခွင့်အရေးကို လိုလားသူတစ်ယောက်ဆိုရင် မဖြစ်မနေကြည့်သင့်တဲ့ Enola Holmes

ရုပ်ရှင်တစ်ကားဆိုတာထက်ပိုပါတယ်။

by JN Ja Seng Pan

September 26, 2020

ဒီကားလေးက မထွက်ခင်ကတည်းက လူစိတ်ဝင်စားမှုများနေခဲ့တာပါ။ ကမ္ဘာကျော် ရုပ်ရှင် ဇာတ်ကောင် Sherlock Holmes ရဲ့ညီမလေးအကြောင်းဖြစ်တာမို့ လူကြည့်များမှာဖြစ်ပေမယ့် Enola Holmes ကို ကြည့်သင့်တဲ့ အခြားအကြောင်းအရာတွေက ရှိနေပြန်ပါသေးတယ်။

Sherlock Holmes က သူရဲ့ မွေးရပ်ကို စွန့်ပြီး လန်ဒန်မှာ အခြေချနေတဲ့အချိန် သူရဲ့ မိခင်နဲ့ ညီမလေးသာ ကျန်နေခဲ့ရတဲ့အချိန်အပိုင်းအခြားကို ဇာတ်အိမ်တည်ထားတာပါ။ ၁၉ ရာစုနှောင်းပိုင်း အင်္ဂလန်အသိုင်းအဝိုင်းအရ အမျိူးသမီးတွေရဲ့ နေထိုင်မှုပုံစံက အချစ်စာအုပ်တွေသာဖတ်ပြီး ရှက်သွေးဖြာနူးညံ့ကြရတာပါ။ Enola ကတော့ ဒီပုံစံတွေနဲ့ ဆန့်ကျင်ဘက် ကိုယ်ခံပညာရပ်နဲ့ ဖောက်ခွဲရေးပစ္စည်းတီထွင်မှုတွေကို ဝါသနာပါနေခဲ့တာဖြစ်ပါတယ်။ ဒီလိုဖြစ်လာအောင် Feminist တစ်ယောက်ဖြစ်တဲ့ သူမရဲ့ မိခင်ကလည်း အပြည့်အဝထောက်ပံ့နေခဲ့တာပါ။

ဇာတ်အသွားအလာတွေ ခဏထားပြီး ဒီဇာတ်ကားရဲ့ အဓိက Hightlight ကိုပြောပြချင်ပါတယ်။ Hollywood ရုပ်ရှင်တွေအရ အမျိူးသားတွေကိုသာ ဦးစားပေးတဲ့ ရုပ်ရှင်အစား နာမည်ကျော် ရုပ်ရှင်မင်းသားတွေက ဆယ်ကျော်သက်အမျိူးသမီးဇာတ်ကောင်ကို ဇာတ်ပို့ရတဲ့ ကားတစ်ကားဖြစ်ပါတယ်။ အင်္ဂလန်လို နိုင်ငံကြီးမျိူးမှာတောင် အဲ့ဒီခေတ်အခါက အမျိူးသမီးတွေဟာ အဖိနှိပ်ခံ လူတန်းစားတစ်ရပ်သာဖြစ်ပါတယ်။ အတင်းအကျပ်မင်္ဂလာဆောင်ခံရတာ၊ မဲပေးခွင့်မရတာ၊ အမျိူးသမီးဖြစ်လို့ လုပ်ပိုင်ခွင့်တွေမပေးတာ စတာတွေအများကြီးရှိပါတယ်။ သမိုင်းမှာလည်း ၁၉ရာစုမှာ Feminist Movement တွေဖြစ်ပွားခဲ့ပါတယ်။ Enola က ဒီစည်းမျဉ်းစည်းကမ်းတွေ ချိူးဖျက်ပြီး အမျိူးသမီးတွေရဲ့ စွမ်းဆောင်ရည်ကို ပြသတဲ့ ဇာတ်ရုပ်တစ်ခုဖြစ်ပါတယ်။


Director ရဲ့ ဖန်တီးမှုအပိုင်းကော၊ လက်တွေ့ဘဝမှာပါ ရဲရင့်တက်ကြွတဲ့ Millie ရဲ့ သရုပ်ဆောင်ချက်တွေကြောင့် အမျိူးသမီးတွေကို နေရာမပေးတဲ့ အချိန်ကာလက အမျိူးသမီးတွေရဲ့ နေထိုင်မှုကို ကွက်ကွက်ကွင်းကွင်းမြင်သာစေခဲ့ပါတယ်။ ကျား၊ မမခွဲခြားပဲ တန်းတူညီမျှတဲ့အခွင့်အရေးအကြောင်းကို Enola Holmes ဇာတ်ကောင်လေးနဲ့ ဖော်ပြခဲ့တာပါ။


Sherlock Holmes ပရိတ်သတ်တွေ မျှော်လင့်ထားသလောက် မကောင်းခဲ့ပေမယ့် လူဖြူ၊ လူမဲအမျိူးသမီးတွေ ရပိုင်ခွင့်အတွက် လှုပ်ရှားမှုတွေ ချမ်းသာတဲ့ လူဖြူလူတန်းစားရဲ့ အခွင့်ထူးခံအကြောင်းအရာတွေကိုပါ မီးမှောင်းထိုးပြထားတာမို့ Must Watch ပါလို့ ပြောချင်ပါတယ်။

, , ,