ကိုရီးယားနိုင်ငံရဲ့ သရုပ်ဆောင်တော်တော်များများဟာ သရုပ်ဆောင်ကောင်းမှူအပြင် သူတို့ရဲ့ချောမောခန့်ညားတဲ့ ရုပ်ရည်နဲ့ ပုံပန်းသွင်ပြင်တို့ကြောင့်ပါ နာမည်ကျော်ကြားကြသူတွေဖြစ်ပါတယ်။ တချို့ကလည်း ခွဲစိပ်ပြုပြင်မှူအနည်းငယ်ပြုလုပ်ထားကြသလို တချို့ကလည်း ပင်ကိုယ်သဘာဝအတိုင်းကို ဆွဲဆောင်အားကောင်းတဲ့ ရုပ်ရည်ကိုပိုင်ဆိုင်ထားကြပြီး ဘယ်လိုပဲဖြစ်ဖြစ် ကြည့်ရှူသူ ပရိသတ်တွေအတွက် အနုပညာအရမှာရော ရူပကာအရမှာပါ မျက်စေ့ပသာဒကို ပေးစွမ်းနိုင်သူတွေဖြစ်တယ်ဆိုတာတော့ ငြင်းမရတဲ့ အနေအထားပါပဲ။ ဒီလိုချောမောမှူတစ်မျိုးစီကို ကိုယ်စီပိုင်ဆိုင်ထားကြတဲ့ကိုရီးယားနာမည်ကျော်သရုပ်ဆောင်တွေထဲကမှ တချို့သော သရုပ်ဆောင်မင်းသားချောတွေကတော့ အာရှဆန်လွန်းတဲ့ မျက်ရစ်မပါတဲ့ Monolid တွေကို ပိုင်ဆိုင်ထားကြပြီး အဲဒီလို မျက်ဝန်းတွေကပဲ သူတို့ကို ထူးထူးခြားခြားဆွဲဆောင်အားပိုနေစေတာတွေ့ရပါတယ်။ဒါကြောင့်မို့ မျက်ရစ်မပါတဲ့မျက်ဝန်းပိုင်ရှင်တွေထဲကမှ လူသိပိုများတဲ့ Monolid ပိုင်ရှင် မင်းသားချောတချို့ကို ရွေးထုတ်ဖော်ပြပေးထားတာမို့ ဒီထဲမှာ ကိုယ်သဘောကျရတဲ့ မင်းသားများပါမလားဆိုတာ တချက်ကြည့်လိုက်ကြရအောင်။
Park Seo Joon
Park Seo Joon ကတော့ သူ့ရဲ့ သိမ်မွေ့တည်ငြိမ်တဲ့ဟန်ပန်ကြောင့် နွေးထွေးမှူနဲ့ ချောမောခန့်ညားမှူတို့ ဒွန်တွဲနေတဲ့သူတစ်ဦးအဖြစ် ခဏခဏ ညွှန်းဆိုခံရတဲ့သူပါ။ ဒါကိုမှ မျက်ရစ်မပါတဲ့ မျက်ဝန်းလေးတွေနဲ့ သူ့ရဲ့နှစ်လိုဖွယ်အပြုံးတို့ ထပ်ပေါင်းထည့်လိုက်တဲ့အခါ မိန်းကလေးပရိသတ်တွေတော်တော်များများ သဘောကျခဲ့ရတာ ဆန်းတဲ့ကိစ္စတော့မဟုတ်ပါဘူး။ သိပ်မကြာသေးခင်ကထုတ်လွှင့်ပြသခဲ့တဲ့ Itaewon Class ဇာတ်ကားမှာလည်း အသက် ၃၁နှစ်အရွယ်ရှိပြီဖြစ်တဲ့ Park Seo Joon ဟာ မြင်နေကျမဟုတ်တဲ့ ကတုံးကေ ဆံပင်ပုံစံနဲ့ နှုတ်ခမ်းနီမလေးတွေရဲ့ နှလုံးသားကို ကောင်းကောင်းကြီး ညှို့ယူသွားခဲ့ပါသေးတယ်။
Gong Yoo
ကိုရီးယားရဲ့ ဝါရင့်သရုပ်ဆောင်မင်းသားကြီးတစ်ဦးဖြစ်တဲ့ Gong Yoo ကတော့သူ့ရဲ့ အနုပညာမှော်ဝင်တဲ့သရုပ်ဆောင်ချက်တွေအပြင် သူ့ရဲ့မျက်ရစ်မပါတဲ့ မျက်ဝန်းလေးကြောင့်လည်း လူသိများခဲ့တဲ့သူပါ။ မျက်ရစ်မပါပေမဲ့ မျက်လုံးအိမ်ကျယ်ကျယ်ကို ပိုင်ဆိုင်ထားတာကြောင့် တချို့ပရိသတ်တွေက မျက်ရစ်ရှိတဲ့သူလို့ထင်ကြပြီး ကြင်နာတတ်တဲ့ မျက်ဝန်းနဲ့ ယောက်ျားဆန်ဆန်ခန့်ညားမှူတို့ကြောင့် သူ့အသက် ၄၀ ဆိုတာကို အားလုံးက မေ့ထားမိသလောက်ပါပဲ။
Lee Joon Gi
မြန်မာပရိသတ်တွေကြားမှာ K လို့ နာမည်ကျော်ကြားခဲ့တဲ့ မင်းသားချော Lee Joon Gi ကတော့ သူရဲ့ မျက်ရစ်မပါတဲ့မျက်လုံးကြောင့်ပဲ ပရိသတ်တွေကို ထူးထူးခြားခြား ဆွဲဆောင်မှုနိုင်ခဲ့တဲ့သူတစ်ဦးပါ။ တိပစူးရှတဲ့ အကြည့်မျိုးနဲ့ သေသပ်ကျနတဲ့မျက်နှာကျမျိုးကို ပိုင်ဆိုင်တာမို့လည်း ဘယ်ဇာတ်ကောင်စရိုက်ကိုပဲရိုက်ရိုက် ပရိသတ်တွေရဲ့ သည်းသည်းလှုပ်အားပေးခြင်းကို ကောင်းကောင်းရရှိခဲ့တဲ့သူတစ်ဦးပါပဲ။
Lee Jong Suk
Lee Jong Suk ကတော့ သူ့ရဲ့ ချောမောတဲ့ မျက်နှာကျနဲ့ အရမ်းကိုလိုက်ဖက်လွန်းတဲ့ မျက်ရစ်မဲ့မျက်ဝန်းကို ပိုင်ဆိုင်ထားတဲ့သူတစ်ဦးလို့ဆိုရမှာပါ။ ဘယ်ဇာတ်ကောင်အနေနဲ့ပဲသရုပ်ဆောင်သည်ဖြစ်စေ သူ့ရဲ့ အကြည့်စူးစူးတွေနဲ့ ကြည့်လိုက်တဲ့အခါမျိုးမှာ ဘယ်သူမှတင်းမခံထားနိုင်လောက်အောင် ကြွေခဲ့ကြရပါတယ်တဲ့။
Kim Soo Hyun
Kim Soo Hyun ကတော့ Dream High ဇာတ်ကားနဲ့ လူသိများခဲ့ပြီး အခုချိန်မှာတော့ ထိပ်တန်းမင်းသားစာရင်းဝင် သရုပ်ဆောင်တစ်ဦးအဖြစ်ရပ်တည်နေပြီဖြစ်ပါတယ်။ My Love From Another Star , It's Okay to Not Be Okay လို နာမည်ကျော်ဇာတ်လမ်းတွဲတွေနဲ့ မိန်းကလေးပရိသတ်တွေရဲ့ သည်းသည်းလှုပ်အားပေးခြင်းကိုခံခဲ့ရတဲ့ Kim Soo Hyun ဟာ အခုချိန်မှာ အသက် ၃၁နှစ်ရှိနေပြီဖြစ်ပေမယ့် သူ့ရဲ့ ချောမောခန့်ညားတဲ့ရုပ်ရည်နဲ့ မျက်ရစ်မပါတဲ့မျက်ဝန်းတစ်စုံရဲ့ ဆွဲဆောင်အားကောင်းမှူတွေကတော့ လုံးဝရပ်တန့်မသွားဘူးလို့ဆိုရမှာပါပဲ။
Rain
ချစ်စံအိမ်ဇာတ်ကားမှာ မင်းသမီးချောလေး Song Hye Kyo နဲ့ အတွဲညီညီသရုပ်ဆောင်ပြီး အားလုံးရဲ့ရင်ထဲမှာ အချိန်ကာလအတော်ကြာ နေရာတစ်ခုယူနိုင်ခဲ့တဲ့ Rain ကိုတော့ အားလုံးမှတ်မိကြမယ်ထင်ပါတယ်။ အဆိုတော်တစ်ဦးလည်းဖြစ်သလို သရုပ်ဆောင်တစ်ဦးလည်းဖြစ်ခဲ့တဲ့ Rain ဟာ အမိုက်စားခန္ဓာကိုယ်အချိုးအစားနဲ့ ကလေးဆန်ဆန်အပြုံးချိုချိုကိုပိုင်ဆိုင်ထားသလို မျက်ရစ်မပါတဲ့ မျက်ဝန်းတစ်စုံပိုင်ရှင် Korean Actors တွေထဲကတစ်ဦးပါ။
Kwon Sang Woo
အငိုမင်းသားရယ်လို့ နာမည်ကြီးခဲ့ပြီး သရုပ်ဆောင်ပိုင်နိုင်သလို ယောက်ျားပီသတဲ့ရုပ်ရည်နဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားတဲ့ မင်းသားချော Kwon Sang Woo ကိုတော့ သက်လတ်ပိုင်းအရွယ် မိန်းကလေးပရိသတ်အများစု မသိသူရှိမှာမဟုတ်ပါဘူး။ လက်ရှိအသက် ၄၄ နှစ်ရှိနေပြီဖြစ်တဲ့ ကလေးနှစ်ယောက်အဖေ Kwon Sang Woo ကတော့ သူ့ခေတ်သူ့အခါကလည်း မျက်ရစ်မပါတဲ့မျက်ဝန်းရဲ့ညှို့ဓာတ်ပြင်းပြင်း သရုပ်ဆောင်ချက်တွေနဲ့ ဖမ်းစားနိုင်ခဲ့သလို ခုချိန်ထိလည်း ငယ်ရွယ်စဉ်ကအတိုင်း ကြည့်ကောင်းနေဆဲပါပဲ။
Kim Bum
F4 ဇာတ်ကားမှာ အဓိကဇာတ်ဆောင်တစ်ယောက်မဟုတ်ခဲ့တာတောင် ကလေးဆန်တဲ့ ချစ်စရာမျက်နှာချိုချိုလေးကြောင့် မိန်းကလေးအများစုရဲ့ရင်ထဲကို ကောင်းကောင်းရောက်ခဲ့တဲ့ Kim Bum ကလည်း မျက်ရစ်မရှိတဲ့မင်းသားချောလေးပါပဲ။ အခုချိန်မှာတော Tale of the Nine Tailed ဆိုတဲ့ ဇာတ်လမ်းတွဲမှာ ခပ်မိုက်မိုက် မြေခွေးလူသားလေးတစ်ဦးအနေနဲ့ ပရိသတ်ရဲ့ရင်ထဲကို ထပ်ပြီးဝင်ရောက်လာခဲ့ပြန်ပါပြီ။
Photo Credit To The Rightful Owners